သီတဂူစတား

သီတဂူစတား

05 February 2021

သီတဂူစတား ဆရာတော် အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ

&nb...

06 November 2016

သီတဂူ Study Tour အင်ဒိုနီးရှား

သီတဂူ Study Tour အင်ဒိုနီးရှား**********သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင့် တပည့် ကပ္ဗိယကာရက အဖွဲ့တို့သည် အင်ဒိုနီးရှာနိုင်ငံ၌ ကျင်းပမည့် ဗုဒ္ဓဘာသာအစည်းဝေးတက်ရောက်ရန်နှင့် လေ့လာရေး ခရီးအဖြစ် သွားရောက်မည်။ အင်ဒိုနီးရှားနိုင်ငံ Borobudur Temple in Magelang ၌ စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်များ၏ (IATBU International Theravada Buddhist Universties)  အစည်းဝေးများကို နိုဝင်ဘာ ၁၁ မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ထိုအဖွဲ့၏ ဥက္ကဖြစ်တော်မူသော သီတဂူတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့် စာချကထိများနှင့် သီတဂူကပ္ဗိယ ကာရက တပည့်များကို ခေါ်ဆောင်ကာ အစည်းဝေးတက်ရောက်ပြီး၊ တပည့် စာချကထိများကို တစ်ချိန်က ဗုဒ္ဓဘာသာမြေဖြစ်ခဲ့သည် အင်ဒိုနီရှားရှိ အထင်ကရနေရာများနှင့် သမိုင်းဝင် နေရာများကို...

04 October 2016

ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား

ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၃၇၈ခုနှစ်၊ သီတင်းကျွတ်လ္ဆန်း-၃ ရက် (၄-၁၀-၂၀၁၆) ရက်နေ့၊ နံနက် ၈:၃၀ နာရီအချိန်တွင် မန္တလေးတောင်ခြေရှိ သီတဂူ ဗုဒ္ဓတက္ကသိုလ်၏ "သဒ္ဓမ္မဇောတိကာ သန္တိမဟာ" ဘွဲ့နှင်းသဘင် ခန်းမဆောင် တည်ဆောက်ရန်အတွက် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို တက်ရောက် ချီးမြှင့်တော်ပေးမူခဲ့ပါသည်။ "သဒ္ဓမ္မဇောတိကာ သန္တိမဟာ" ဘွဲ့နှင်းသဘင် ခန်းမဆောင်ကို ရန်ကုန်မြို့၊ တော်ဝင်မိသားစုကုမ္ပဏီက တည်ဆောက်၊ လှူဒါန်းခြင်းဖြစ်ပါသည်။ “သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ” သီတဂူသာသနာပြုအဖွဲ့ www.thesitagu.org ရွှင်လန်းချမ်းမြေ့ပါစေ ...

29 September 2016

“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ

“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရာတော်ကြီး ပို့ချခဲ့သည့် “ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ။ ထိုစာအုပ်သည် စာမျက်နှာ ၃၅၀ ပါ၍ ဆိုက်ကြီးဖြစ်သည်၊ ခေါင်းစဉ် (ပို့ချချက်)ပေါင်း ၂၂ ခုပါဝင်သည်။ ကိုးကွယ်ခြင်းဘာသာများ စတင်ပေါ်ပေါက်လာပုံ၊ အလွန်ရှေးကျသော ဇိုရိုစတာ (Zoroasterism)၊ အီရန်နိုင်ငံနှင့်ကိုးကွယ်သော ဘာသာ၊ ဘာသာရေးခေါင်းဆောင်တို့ နိုင်ငံ၏ အကြီးအကဲဖြစ်ပုံ၊ ဗုဒ္ဓနှင့်ခေတ်ပြိုင် ဂျိန်းဘာသာ၊ ခရစ်ယန်ဘာသာ စတင်လာပုံ၊ အစ္စလာမ်ဘာသာ ပေါ်ထွန်းလာပုံ၊ အစ္စလာမ်တို့၏ကိုရ်ကျမ်းနှင့် ဂျီဟက်၊ အစ္စလာမ်တမာန်တော်နှင့် ဂိုဏ်းကွဲများ၊...

26 September 2016

ဒီနေ့ သင်တန်းစတင်ပိတ်

ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီးသီးသို့ ပညာဆက်လက်သင်ယူရန်၊ သာသနာပြုရန် ခွဲခွါသွားကြတော့မည်။ သာသနာပြုစွမ်းရည်တွေနှင့်အတူ အကျော်အမော်တွေ ဖြစ်ကြပါစေ။ ရွှင်လန်းချမ်းမြေ့ပါစေ သီတဂူစတား ၂၆-၉-၂၀၁...

13 September 2016

သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ

သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံးမှ သီတဂူဆရာတော်ကြီးနှင့်အတူ (၈)နိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်များကို အစ္စရေးနိုင်ငံဝန်ကြီးချုပ်ရုံးသို့ ပင့်ဆောင်ပြီး ၀န်ကြီးချုပ် ဗန်ဂျာမင် နေတန်ဉာဟု ၏ သီးခြားဧည့်ခန်းတွင် တွေ့ဆုံနှုတ်ဆက်သည်။ တွေ့ဆုံပွဲတွင် အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံး လူမှုဆက်ဆံရေးအမျိုးသမီးအရာရှိ ဆီမိုနာက ဘာသာရေးခေါင်းဆောင်များတစ်ဦးချင်းကို ၀န်ကြီးချုပ်နှင့် မိတ်ဆက်ပေးသည်။ ၀န်ကြီးချုပ်က ကျေးဇူးတင်စကား၊ ဆုတောင်းစကားများကို ပြောကြားသည်။ ထို့နောက် ဘာသာရေးခေါင်းဆောင်တစ်ဦးချင်း၏ နိုင်ငံအသီးသီးရှိ ဘာသာရေးအခြေအနေများကို...

သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း

သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies Dhamma Friends Ladies and Gentlemen Good morning, It gives me great pleasure to be invited to this Summit Meeting of Israel-Asia Faith Leadership organized by Israel's Ministry of Foreign Affairs and the American Jewish Committee in collaboration with World Council of Religious Leaders with the noble theme to create better understanding and relationship between religious, intellectual and political leaders of Israel and Asia. I sincerely believe that frequent meetings of this kind would be highly conducive...

အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ

အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးသည် ၁၂-၉-၂၀၁၆ ရက်နေ့၊ Israel နိုင်ငံ Jerusalem မြို့ တွင် Israel နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ယူ၍ World Council of Religious Leaders မှ September လ 11th - 15th 2016 ရက်နေ့ အတွင်း ကြီး မှူး ကျင်းပသော Israel-Asia Ancient Traditions Contemporary Realities Inter Faith Leaders Meeting သို့ တက်ရောက်ပါသည်။ ယနေ့ ၁၂ ရက်နေ့ မနက်ပိုင်းတွင် Israel နိုင်ငံ သမ္မတ HE Reuven Rubi Rivlin ၏ နေအိမ်၌ Conference ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ပါသည်။ ယခု conference တွင် Israel, India, China, Taiwan, South...

29 August 2016

တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည်

တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မည်။ ၁။ ဦးအောင်ခိုင်+ ဒေါ်ခင်နွဲ့ မိသားစု မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာ ၁၀,၀၀၀၀ ကျပ် ၂။ ဦးဘိုနီ+ဒေါ်ခင်စောငွေ မိသားစု မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာ ၁၀,၀၀၀၀ ကျပ် ၃။ ကိုဆွေထွန်းနောင်+မသန်းသန်းလှ သမီး အင်ကြင်းမွှေး မိသားစု အင်းစိန်၊ အောင်ဆန်း ၅,၀၀၀၀ ကျပ် ၄။ ဦးဆန်းမောင်+ဒေါ်တင်ရေ မိသားစု၊ ရေဦးမြို့နယ်၊ မင်းမောင်းကုန်းရွာ ၅,၀၀၀၀ ၅။ မိဘနှစ်ပါးကို အမှူးထား၍ ဒေါ်စပယ် (လှဆန်းယဉ်) လှည်းတန်း၊ ကမာရွတ်မြို့၊ ရန်ကုန် ၅,၀၀၀၀ ကျပ် ဓာတ်ပုံ စင်္ကာပူဓမ္မသဘင် (ဒုတိယအကြိမ်) ...

21 August 2016

ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး

ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ထိပ်တန်းအရာရှိကြီးများသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးကို ၂၁-၁-၂၀၁၆ ရက်နေ့၊ နံနက်ခင်း ၉း၃၀ နာရီအချိန် လာရောက်ဖူးမျှော်ကြည်ညိုကြပါသည်။ တပ်ချုပ်ကြီးနှင့်အဖွဲ့ကို သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ (စစ်ကိုင်း) တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ရွှေစည်းခုံစေတီတော်အတွင်းရှိ ဆင်းတုတော်များနှင့် ဓမ္မာရုံကြီးအတွင်းသို့ သီတဂူဆရာတော်ကြီး ကိုယ်တော်တိုင် လိုက်လံပြသပေးတော်မူပါသည်။ ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ရှိ သိမ်တော်ကြီးအတွင်း...
Page 1 of 22412345Next

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes