
Monday, February 22, 2016

sitagustar
No comments
စာမေးပွဲဖြေဆိုရက် ထုတ်ပြန် (သီတဂူ)
သီတဂူ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမြို့များရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားနေကြသော ရဟန်း သီလရှင် လူ (၁၀၀၀)ကျော်တို့သည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဒုတိယနှစ်ဝက် စာမေးပွဲဖြေဆိုရက်များကို တချိန်တည်း တပြိုင်တည်း ဖြေဆိုရန် တက္ကသိုလ်အသီးသီးတို့တွင် သင်ကြားစီမံအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)အတွက် အောက်ပါဇယားအတိုင်းဖြစ်သည်။
ဘီအေတန်းနှင့် ဒီပလိုမာတန်းများ
(၄-၃-၂၀၁၆) မှ (၇-၃-၂၀၁၆)နေ့အထိ နေ့စဉ် နေ့လည် (၂း၀၀နာရီမှ ၅း၀၀)အထိ ဖြစ်သည်။
ဗုဒ္ဓဓမ္မပါဒက အတန်း (လူပုဂ္ဂိုလ်များအတွက် သီးသန့်)
(၅-၃-၂၀၁၆) နံနက် ၈း၀၀နာရီမှ ၁၀း၀၀နာရီ အထိ ဖြစ်သည်။

Tuesday, October 27, 2015

sitagustar
No comments
ဒီပလိုမာ ၀င်ခွင့်စာမေးပွဲကျင်းပ
------------
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်
မနေ့ (၂၆-၁၀-၂၀၁၅)နေ့က စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် ၂၀၁၅၊ ၂၀၁၆ ပညာသင်နှစ်၊ ဒုတိယအကြိမ် ဒီပလိုမာ ၀င်ခွင့်စာမေးပွဲများကို တစ်ပြိုင်တည်း တစ်ချိန်တည်း ကျင်းပသည်။
ဒီပလိုမာဝင်ခွင့်စာမေးပွဲကို (၆)လ တစ်ကြိမ်ကျင်းပပေးလျက်ရှိသည်။
အလားတူ မနေ့က ၂၀၁၅-၂၀၁၆ နှစ်ဝက်စာမေးပွဲများ ဘီအေတန်း နောက်ဆုံးဘာသာရပ်များ ကျင်းပပြီးစီးဖြစ်သည်။
ဒီပလိုမာဝင်ခွင့်ဖြေဆိုလိုသူများအတွက် ဗဟုသုတအဖြစ် လေ့လာရန် ယခုအကြိမ် မေးခွန်းကိုပါ တွဲလျက်တင်ပေးလိုက်ပါသည်။
ဝင်ခွင့်ရသူများသည် အသက် (၃၀)ထက် မကြီးစေဘဲ အနည်းဆုံး ပထမကြီးတန်း၊ သို့မဟုတ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဖြစ်ရမည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် စာဖြေနေကြစဉ်)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁၀-၂၀၁၅
www.sitagustar2020.net

Friday, October 23, 2015

sitagustar
No comments
စာမေးပွဲကျင်းပ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ)
-----------------
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်
ယနေ့ (၂၃-၁၀-၂၀၁၅)နေ့က စပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမြို့များရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲများတစ်ပြိုင်တည်း၊ တစ်ချိန်တည်း ကျင်းပလျက်ရှိသည်။
ထိုတက္ကသိုလ်သုံးခုလုံးတွင် ဘီအေတန်း၊ ဒီပလိုမာတန်းများ၏ စာမေးပွဲများကို ၀င်ရောက်ဖြေဆိုသူ (၉၀၀) ခန့်ရှိသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ထိုစာမေးပွဲများကို ၂၅၀ကျော် ၀င်ရောက် ဖြေဆိုနေကြစဉ်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သင်ကြားစီမံအဖွဲ့ (ရန်ကုန်)
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၀-၂၀၁၅
www.sitagustar2020.net

Sunday, October 18, 2015

sitagustar
No comments
ဗုဒ္ဓဓမ္မပါဒက စာမေးပွဲကျင်းပ
--------------
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ဗုဒ္ဓဓမ္မပါဒက
(လူဝတ်ကြောင်များသီးသန့်) ပထမနှစ်ဝက် စာမေးပွဲကို ဒီကနေ့ (၁၈-၁၀-၂၀၁၅)နေ့
မနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ကျင်းပပြုလုပ်သည်။
စာမေးပွဲ ၀င်ရောက်ဖြေဆိုသူ ၂၅၀ ယောက် ၀န်းကျင် ဖြေဆိုကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သင်ကြား စီမံအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၁၀-၂၀၁၅

Wednesday, September 09, 2015

sitagustar
No comments
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲရက် ကြေညာ
---------------------------
၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၉ ရက်
စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်မြို့များရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ဘီအေ၊ ဒီပလိုမာတန်းနှင့် ဗုဒ္ဓဓမ္မပါဒက (လူဝတ်ကြောင်များသီးသန့်)အတန်းများ၏ ပထမနှစ်ဝက်စာမေးပွဲများကို ကျင်းပရန် ဘာသာရပ်အလိုက် နေ့ရက်၊ အချိန်များနှင့်တကွ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားစီမံအဖွဲ့က ဒီကနေ့ရက်စွဲဖြင့် အောက်ပါအတိုင်း ကြေညာသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၅-၁၆ ပညာသင်နှစ်၊ ဘီအေတန်း၊ ဗုဒ္ဓဓမ္မဒီပလိုမာ တန်းနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ ဗုဒ္ဓဓမ္မပါဒကသင်တန်းများ၏ ပထမနှစ်ဝက်စာမေးပွဲကို အောက်ပါ နေ့ရက်နှင့် အချိန်စာရင်းအတိုင်း ကျင်းပသွားမည်။
ဘီအေတန်း
--------
၁၃၇၇-နှစ်၊ သီတင်းကျွတ်လ္ဆန်း ၁၀-မှ-၁၃ ရက်၊ (၂၃-၁၀-၂၀၁၅ မှ ၂၆-၁၀-၂၀၁၅)ရက်။
အချိန်--
နေ့လည် ၂း၀၀ မှ-၄း၀၀(အင်္ဂလိပ်ဘာသာရပ်သည် ၂း၀၀ မှ ၅း၀၀)
ဒီပလိုမာတန်း
-------------
၁၃၇၇-နှစ်၊ သီတင်းကျွတ်လ္ဆန်း ၁၀-မှ-၁၂ ရက်၊ (၂၃-၁၀-၂၀၁၅ မှ ၂၅-၁၀-၂၀၁၅)
အချိန်-- နေ့လည် ၂း၀၀ မှ-၄း၀၀ (အင်္ဂလိပ်ဘာသာရပ်သည် ၂း၀၀ မှ ၅း၀၀)
ဗုဒ္ဓဓမ္မပါဒကတန်း
-----------------
၁၃၇၇-နှစ်၊ သီတင်းကျွတ်လ္ဆန်း (၅)ရက်၊ (၁၈-၁၀-၂၀၁၅ ) တနင်္ဂနွေနေ့
အချိန်--နံနက်၈း၀၀မှ ၁၀း၀၀
မှတ်ချက်။ ဘာသာရပ်နှင့်အချိန်ဇယားကို တက္ကသိုလ်ကြေညာသင်ပုန်းမှာ သီးခြားကြော်ငြာ ထားသည်။
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၉-၂၀၁၅
www.sitagustar2020.net

Friday, June 05, 2015

sitagustar
No comments
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၀င်ခွင့်စာမေးပွဲ ကျင်းပ ---------------------------
ဒီကနေ့ (၅-၆-၂၀၁၅)နေ့လည် ၂း၀၀ နာရီက ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဘီအေ
(B.A)တန်းအတွက် ၀င်ခွင့်စာမေးပွဲကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းရှိ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် တပြိုင်တည်းကျင်းပသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာတော့ (ဘီအေတန်း ၀င်ခွင့်စာမေးပွဲ) ရဟန်း၊ သီလရှင်ဆရာလေး စုစုပေါင်း (၁၅)ပါး ၀င်ရောက်ဖြေဆိုသည်။
မနက်ဖန် (၆-၆-၂၀၁၅)နေ့မှာတော့ ဒီပလိုမာတန်း ၀င်ခွင့်စာမေးပွဲကို တက္ကသိုလ်ကြီး ၃ ခုမှာ တချိန်တည်း တပြိုင်တည်း ကျင်းပမည် ဖြစ်ပါသည်။
ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဒီပလိုမာတန်း ၀င်ခွင့်ဖြေဆိုရန် စာရင်းပေးထားသူ (၆၃)ယောက်ရှိသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၆-၂၀၁၅
www.thesitagu.org www.sitagustar2020.net

Saturday, February 14, 2015

sitagustar
No comments
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ
စာမေးပွဲကျင်းပ-------------------------
၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက်
နောက်ဆုံးအကြိမ် စာမေးပွဲများကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းရှိ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် ၁၃-၂-၂၀၁၅ နေ့လည် (၂)နာရီက စပြီး တပြိုင်တည်း
ကျင်းပသည်။ ၁၇-၂-၂၀၁၅ နေ့အထိ ကျင်းပမည် ဖြစ်သည်။
ထိုစာမေးပွဲများကို
တက္ကသိုလ် (၃)ခုရှိ ကျောင်းသား ကျောင်းသူ (၈၀၀) ခန့်က
ဝင်ရောက်ဖြေဆိုကြသည်။
ဒီပလိုမာတန်း-----------------------
(က)
Elementary Level
(ခ) Intermediate Level
(ဂ) Advanced
Level
ဘီအေတန်း-------------------------
ပထမနှစ်၊ ဒုတိယနှစ်၊
တတိယနှစ်၊ စတုတ္ထနှစ်များ
(မှတ်ချက်။ ။ ရန်ကုန်နှင့် မန္တလေးတွင်
တတိယနှစ်အထိသာ)
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.orgရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၂-၂၀၁၅

Saturday, January 10, 2015

sitagustar
No comments
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲရက် ထုတ်ပြန်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၂၀၁၄-၂၀၁၅ ပညာသင်နှစ် နောက်ဆုံး (ဒုတိယနှစ်ဝက်) စာမေးပွဲ ရက်များကို အချိန်နှင့်တကွ
အောက်ပါအတိုင်း ဒီကနေ့ (၁၀-၁-၂၀၁၅) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
၁။ Fundamental
Buddhism ပထမနှစ်၊ ဒုတိယနှစ်
-------------------------------------
၁၃၇၆ ခုနှစ် တပိုတွဲလဆန်း (၁၃)ရက် (၁-၂-၂၀၁၅) နံနက်
(၈း၀၀ မှာ ၁၀း ၀၀ အထိ)
၂။ ဘီအေတန်းနှင့် ဒီပလိုမာတန်း
----------------------------------
၁၃၇၆ ခုနှစ်
တပိုတွဲလပြည့်ကျော် (၁၀ရက်မှ ၁၄)ရက်အထိ၊ ( ၂၀၁၅ ဖေဖော်ဝါရီလ ၁၃-၁၄-၁၅-၁၆-၁၇)
ရက်များ နေ့လည် ၂း၀၀ မှ ၄း၀၀ အထိ။
စာမေးပွဲဖြေဆိုရမည့် အတန်းအလိုက်
စာသင်ခန်းများကို တက္ကသိုလ်၏ ကြော်ငြာဘုတ်တွင်
ကြေညာထားပြီးဖြစ်သည်။
ဘီအေတန်းနှင့် ဒီပလိုမာတန်း ရက်နှင့် အချိန်တို့သည်
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုံးခုလုံး၏ တစ်ချိန်တည်း
တစ်ရက်တည်းပင် ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၁-၂၀၁၅

Saturday, October 04, 2014

sitagustar
No comments
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် နှစ်ဝက်စာမေးပွဲကျင်းပ
၃-၁၀-၂၀၁၄မှ ၇-၁၀-၂၀၁၄ နေ့အထိ ၅
ရက်တိုင်တိုင် စစ်ကိုင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် နှစ်ဝက်စာမေးပွဲကို မန္တလေး၊
ရန်ကုန်မြို့ကြီးများရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အသီးအသီး၌ တပြိုင်းတည်း
ကျင်းပသည်။
ထိုစာမေးပွဲများတွင် ဘီအေးတန်း၊ ဒီပလိုမာတန်း ကျောင်းသား ကျောင်းသူ
၉၀၀နီးပါး ၀င်ရောက် ဖြေဆိုကြသည်။

Monday, February 24, 2014

sitagustar
No comments
သီတဂူ နောက်ဆုံးစာမေးပွဲကျင်းပ (၂၀၁၃-၂၀၁၄ ပညာသင်နှစ်)
ရန်ကုန်၊ မန္တလေး၊
စစ်ကိုင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် နောက်ဆုံး
စာမေးပွဲများ ကျင်းပ။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အသီးအသီးတွင် ပညာသင်ကြားနေကြသော
ဘီအေ၊ ဒီပလိုမာ ကျောင်းသား ကျောင်းသူများ ၈၀၀ ကျော်တို့ တစ်ချိန်တည်း၊
တစ်ပြိုင်တည်း စာဖြေဆိုကြရသည်။ ထိုစာမေးပွဲများကို၂၄-၂-၂၀၁၄ မှ ၂၈-၂-၂၀၁၄ အထိ ၅
ရက်တိုင်တိုင်ကျင်းပသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

Sunday, February 16, 2014

sitagustar
No comments
ဗုဒ္ဓ၀ါဒအခြေခံ နောက်ဆုံး စာမေးပွဲကျင်းပ
Diploma in Fundamental
Buddhism
၁၆-၂-၂၀၁၄ နေ့ နံနက် ၈နာရီမှာ ၁၀နာရီအထိ Diploma in Fundamental
Buddhism တန်းကို တက်ရောင်သင်ယူနေကြသော လူဝတ်ကြောင်များအတွက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၏
နောက်ဆုံးအကြိမ်စာမေးပွဲကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင်
ကျင်းပသည်။
ထိုအတန်းများကို ကျောင်းသား ကျောင်းသူပေါင်း ၃၀၀ ကျော်
ဖြေဆိုကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”

Saturday, February 01, 2014

sitagustar
No comments
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲရက် ထုတ်ပြန်
အထက်မြန်မာ၊ အောက်မြန်မာပြည်ရှိ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ဘီအေတန်း၊
ဒီပလိုမာတန်းနှင့် ဗုဒ္ဓ၀ါဒအခြေခံတန်းများ၏ နောက်ဆုံးအတန်းတင် စာမေးပွဲများကို
တချိန်တည်း တပြိုင်တည်း ကျင်းပသွားမည် ဖြစ်သည်။
ကျင်းပရက်များ--
၁။
ဘီအေတန်းများ (၂၄-၂၅-၂၆-၂၇-၂၈-၂-၂၀၁၄၊ နေ့လည် ၂ နာရီမှ ၄နာရီအထိ) ၅
ရက်တိုင်တိုင်။
၂။ ဒီပလိုမာတန်းများ (၂၄-၂၅-၂၆-၂၇-၂၈-၂-၂၀၁၄၊ နေ့လည် ၂ နာရီမှ
၎နာရီအထိ) ၅ ရက်တိုင်တိုင်။
၃။ ဗုဒ္ဓ၀ါဒအခြေခံတန်း (လူဝတ်ကြောင်များအတွက်)
(၁၆-၂-၂၀၁၄၊ နံက် ၈နာရီမှ ၁၀ နာရီအထိ)
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”

Friday, November 15, 2013

sitagustar
1 comment
ရန်ကုန်မြို့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရဟန်း သီလရှင်များအတွက် ဘီအေတန်း၊ ဒီပလိုမာတန်းများ အပြင်
လူဝတ်ကြောင်များအတွက် ဗုဒ္ဓဓမ္မဒီပလိုမာအတန်းများကိုလည်း
သင်ကြားပေးလျက်ရှိသည်။
လူဝတ်ကြောင်များအတွက် ကိုယ်နှုတ် နှစ်ပါးကို ထိန်းသည့်
နည်းဥပဒေများဖြစ်သည့် ၀ိနည်း၊ ကိုယ်နှုတ်စိတ် သုံးပါးလုံးကို ထိန်းသည့် သုတ္တန်၊ လောက
သဘာဝဓမ္မပါဝင်သည့် အဘိဓမ္မာ၊ သံသရာလွတ်လမ်းကို ပေးသည့် ၀ိသုဒ္ဓိမဂ် အစရှိသည့်
ဗုဒ္ဓစာပေများကို သဒ္ဓါတရား၊ အသိပညာ ဗဟုသုတများ တိုးပွားရေးကို ရည်စိတ်သန်လျက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားပေးလျက်ရှိသည်။
ယခုအခါ ၆
လလုံးသင်ကြားထားသည့် ဗုဒ္ဓစာပေများကို ပထမ ၆ လပတ် (နှစ်သက်) စာမေးပွဲအဖြစ်
ဖြေဆိုကြရသည်။ ကျောင်းသား ကျောင်းသူ ၃၀၀ (သုံးရာ) ကျော် ၀င်ရောက်
ဖြေဆိုကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁၁-၂၀၁၃
www.thesitagu.org
www.sitagustar2020.net

Friday, September 14, 2012

sitagustar
No comments
စာမေးပွဲ ကြော်ငြာ(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်)
၂၀၁၂-၂၀၁၃ ပညာသင်နှစ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သင်ကြားစီမံအဖွဲ့၏ ဆုံးဖြတ်ချက်အရ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ပထမအစမ်း (First Tutorial Test) များကို စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပသွားမည် ဖြစ်သည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) စာဖြေနေစဉ်)
တက္ကသိုလ်ကျောင်းသား ကျောင်းသူအားလုံးအထူးဂရုပြုရသည်မှာ
၁။ ကျောင်းသားကဒ်ပါရှိရခြင်း၊
၂။ ဖြေဆိုရမည့် ရက်၊ ဌာနများကို သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးက ကြေငြာမည်ဖြစ်သည်။
၃။ ထိုသက်ဆိုင်ရာတက္ကသိုလ်၏ ကြော်ငြာဘုတ်တွင် သွားရောက်ကြည့်ရန်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) စာဖြေနေစဉ်)
ဘီအေ (B.A) တန်း
(က) ဘီအေ (B.A) တန်း ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် အတန်းများကို ၂၂-၀၉-၂၀၁၂ မှ ၂၅-၀၉-၂၀၁၂ အထိ ကျင်းပမည်ဖြစ်သည်။
ဒီပလိုမာ (Diploma)တန်း
(ခ) ဒီပလိုမာ (Diploma)တန်း အတန်းသုံးတန်းကိုတော့ ၂၆-၀၉-၂၀၁၂ မှ ၃၀-၀၉-၂၀၁၂ နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာဖြေနေစဉ်)
ဒေါက်တာအရှင်ကုမာရ၊ သင်ကြားစီမံအဖွဲ့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၏ ကြော်ငြာချက် (ပညာရေး) အမှတ် (၁၀/၂၀၁၂)ကို ကိုးကားဖော်ပြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၀၉-၂၀၁၂
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မ...
-
အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၈) Equanimity ဘဝဆိုတာ ဒီလိုပဲကိုဗျ၊ ဟုတ်လား၊ တစ်ဘက်ကတော့Pushout လုပ်ပြီးတော့၊ တစ်ဘက်ကတော့ Wellcome ေ...