သီတဂူစတား

သီတဂူစတား

28 April 2010

သီတဂူ ညောင်ရေသွန်း


ဗိမာန်တော်ကြီးဖွင့်စဉ်က အမှတ်တရ စိုက်ပျိုးပူဇော်ထားသော ဗောဓိပင်


ဒေါက်တာအရှင်အဂ္ဂဓမ္မ နှင့် ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ တရားချီးမြင့်



သီတဂူ ညောင်ရေသွန်း
ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖြစ်ရပ်များနှင့် စပ်လျင်းပြီး လမြတ်ကဆုန်ဟူ၍ အသိအမှတ်ပြုကာ မြန်မာနိုင်ငံတ၀ှမ်းလုံးသာမက ကမ္ဘာတ၀ှမ်းက ဗုဒ္ဓဘာသာဝင်များ အားလုံးက နှစ်စဉ် ဤလ ဤနေ့ ဤအချိန်ရောက်တိုင်း နေရာအနှံ့အပြားမှာ ပုံစံမျိုးစုံနှင့် မြတ်ဗုဒ္ဓအား ပူဇော်ကြသည်။



အလားတူ အောက်မြန်မာပြည်ရှိ သီတဂူမိသားစုတွေများကလည်း ရန်ကုန်မြို့ရှိ သီတဂူ အပြည်ပြည်ဆိုင်ရာသာသနာပြု ဗိမာန်တော်ကြီးသို့ စုဝေးကာ ပေါင်းစု၍ ကောင်းမှုပြုကြသည်။

သီတဂူဗိမာန်တော်ကြီး ရှေ့တွင်


ဗိမာန်အတွင်း ဘုရားခန်း

ဓာတ်ပုံများ ပေးပို့ ကျောင်းအမ မပန်းစပယ် (လှဆန်းယဉ်)အား ကျေးဇူးတင်ပါသည်။

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူစတား
၂၈-၄-၂၀၁၀


27 April 2010

ကဆုန်လနှင့် ဗုဒ္ဓဘာသာ



သီတဂူစတား မိတ်ဆက်
ကဆုန်လနှင့် ဗုဒ္ဓဘာသာ အမည်ရှိ ဤပို့စ်လေးကို ကာတာနိုင်ငံတွင် အလုပ်လုပ်နေသော မောင်အောင်ကျော်တိုး စုစည်းတင်ပြသည်။ လူငယ်လေးတွေ ဘာသာရေးနှင့် ယဉ်ကျေးမှုကို စိတ်ဝင်စားနေတယ်ဆိုတဲ့ ပြယုဂ်တစ်ခု ဖြစ်တာကြောင့် လပြည့်နေ့အမီ အစောတလျင် တင်လိုက်ရပါသည်။ အိန္ဒိယနိုင်ငံရဲ့ ကဆုန်လပြည့်နေ့က ၂၈ ရက်နေ့မှဖြစ်သည်။

သီတဂူစတားသည် ၂၀၀၄ ခုနှစ်က သီတဂူဆရာတော်ကြီးနှင့် အတူ အိန္ဒိယဘုရားဖူးအစီအစဉ်ပါလာခဲ့သည်။ ခရီးစဉ်အားလုံးပြီးတော့ ကဆုန်လပြည့်နေ့ ရောက်လုနီးဖြစ်နေသည်။ ဆရာတော်ကြီးက အရင်ပြန်နှင့်သည်။ မင်းတို့တတွေ ကဆုန်လပြည့်နေ့ မဟာဗောဓိပင်အောက်မှာ ဘုရားရှိခိုး မေတ္တာပို့ အလုပ်တွေ လုပ်ရစ်ကြ၊ ပြန်မလာကြသေးနဲ့ဦးဟု အမိန့်အရ သီတဂူစတားတို့ ညီနောင်တစ်စု ကဆုန်လပြည့်နေ့မှာ မဟာဗောဓိပင်အောင်မှာ ရှိနေခဲ့သည်။ မှတ်မှတ်ရရဖြစ်ရသည်မှာ ကဆုန်လပြည့်နေ့သည် မြန်မာပြည်ထက် တစ်ရက် နောက်ကျခြင်းဖြစ်သည်၊ ကဆုန်လပြည့်မှာ နိုင်ငံတကာဗုဒ္ဓဘာသာများသည် မဟာဗောဓိပင်ကြီးအောက်မှာ စုစည်းကာ ဗုဒ္ဓဇယန္တိပွဲ ကျင်းပကြသည်။ အဲဒီနေ့က ယခု နာလန္ဒတက္ကသိုလ် အဓိပတိ ဒေါက်တာပန့်တ် တက်ရောက်ကာ အမှာစကားပြောသွားခဲ့သေးသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံရဲ့ ကဆုန်လပြည့်နေ့သည် ၂၀၀၄ ခုနှစ်က မြန်မာထက် တစ်ရက် နောက်ကျသဖြင့် ဒီနှစ်လဲ ၂၈ ရက် ဖြစ်မည်။

မျှဝေ
ကဆုန်လ ကိုရောက်တော့ ဗုဒ္ဓဝါဒ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ညောင်ရေသွန်းတဲ့ပွဲတော်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်မြတ်ထားရာ လမြတ်ဟူ၍လည်း သတ်မှတ်ထားပါတယ်။ ညောင်ရေသွန်းတယ်ဆိုတော့ ဘာရည်ရွယ်ချက်နှင့် ညောင်ရေသွန်းကြသလဲ? ဘာကြောင့်ညောင်ရေသွန်းတယ်ဆိုတာလေးကို မှတ်သားသင့်ပါတယ်။ သိပြီးသားလဲ ဖြစ်ပါလိမ့်မယ်၊ သိပြီးကြားဖူးသူတွေအတွက် နားဖူးထက်မှန်၊ မသိသေး မကြားဘူးသေးသော သူတွေအတွက် အသစ်စကားလေးတွေပေါ့၊ ဗဟုသုတလေးတွေပေါ့။ မြတ်စွာဘုရားရှင်နှင့်ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ကျွန်တော့လို ဗဟုသုတ ရှာဖွေနေသူတွေအတွက် မျှဝေလိုတဲ့ ဆန္ဒတစ်ခုတည်းနဲ့ ပင်ပန်းတာ အိပ်ရေးပျက်တာတွေ အပထားကာ လပြည့်နေ့ အမီရေးချင်တာနဲ့ ခက်သုတ်သုတ် ရှာဖွေစုဆောင်း တင်ပြလိုက်ရပါသည်။


ကဆုန်လမှာ ဘာတွေလုပ်?
ကဆုန်လမှာညောင်ရေသွန်းတယ်ဆိုတာ...ကဆုန် (ခ) ကဆိန် ဟူ၍ခေါ်ပါသည်။ သဗ္ဗညုမြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ မှီရာဖြစ်သော ပရိဘောဂစေတီတစ်ဆူဖြစ်တော်မူသော မဟာဗောဓီပင်ကြီးကို ရေသွန်းလောင်းခြင်းဖြစ်သည်။ ထို့ကြောင့် ရေပြတ်တဲ့လမှာ ဗောဓိပင်လည်း အသက်ဆက်စေတော့၊ဗောဓိပူဇာလည်း ဖြစ်စေတယ်၊ တစ်နည်းအားဖြင့်ပရိဘောဂစေတီ
ကိုလဲ ရေပူဇော်ရာရောက်တယ် ဆိုပြီး ကဆုန်လမှာ ညောင်ရေသွန်းလောင်ခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရားကိုပူဇော်ခြင်း၊ တစ်နည်းအားဖြင့် မဟာဗောဓိပင်ကြီးကို ပူဇော်ခြင်း၊ နောက်တစ်မျိုးအတိအကျပြောရရင် ပရိဘောဂစေတီကို ရေပူဇော်တဲ့လ၊ ပရိဘောဂစေတီထိုက်တဲ့ ညောင်ပင်ကို ပူဇော်တဲ့လဖြစ်ပါတယ်။ ဒီလရဲ့လပြည့်နေဆိုတာ
ဝိသာခါနက္ခတ်နဲ့ လပြည့်ဝန်းကြီးက ကောင်းကင်မှာတည့်တည့်ထွန်းလင်းနေပြီး ကဆုန်လပြည့်ဆိုတဲ့ အရာကိုဖော်ညွန်းနေပါတယ်။

လမြတ်ကဆုန်
ကဆုန်လတွင် မြတ်ဗုဒ္ဓနဲ့ပတ်သက်သည့် အဓိက အချက်(၅)ခု ကိုရှာဖွေးတွေ့ရှိရပါသည်။ ထိုအရာတွေကတော့------
လေးသင်္ချေကိန်း၊ တစ်သိန်းကပ်ကြုံ၊ သုမေဓာလောင်း ညွတ်ပျောင်းဗွက်အုံ၊ ဒီပင်ထံပါး ဝမ်းလျားမှောက်ခုံ၊ ဆုပန်နေ့ လပြည့် နွေကဆုန်။

ကဆုန်လပြည့်နေ့နှင့် တိုက်ဆိုင်တဲ့ မြတ်ဗုဒ္ဓရဲ့ဖြစ်စဉ် (၅)ချက်ဖြစ်ပါတယ်။ သုမေဓာ ရှင်ရသေ့ဘဝတုန်းက ဒီပင်္ကရာမြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာ ဘုရားဆုပန်ခဲ့တာဟာ ကဆုန်လပြည့်နေ့မှာပဲဖြစ်ပါတယ်။ အဲဒီနေ့မှာ ဝိသာခါနက္ခတ်နဲ့ လဆန်းတို့
မွန်းတည့်အပြိုင်ပြုပြီးတော့ ကောင်းကင်းမှာ မွန်တည့်တဲ့ ဝိသာခါပုဏ္ဏမဒိဝသ...ဝိသာခါနက္ခတ်နဲ့ သန့်ရှင်းပြီးတော့လပြည့်တဲ့နေ့ဟာ ကဆုန်လပြည့်နေပါဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်များက ကဆုန်လကို လမြတ်ဟူ၍ သက်မှတ်ခဲ့ကြသည်။

လွန်ခဲ့တဲ့ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းမှာ ကဆုန်လပြည့်နေဆိုတာ၇ှိလားလို့ ကတ်ကတ်သတ်သတ် (ကပ်သီးကပ်သက်) မေးလာခဲ့ရင် ကဆုန်လပြည့်နေ့ဆိုတာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းမှာ၇ှိ၇ှိ မ၇ှိ၇ှိ ရေပြတ်တဲ့လ ဆိုတာတော့ရှိခဲ့ပါတယ်။
အဲဒါမှမဟုတ်ရင် ဝိသာခါနက္ခတ်နဲ့ လနှစ်ခုပြိုင်ပြီးတော့ မွန်းတည့်ဆိုတဲ့အချိန်မှာ သုမေဓာရသေ့ဟာ ဒီပင်္ကရာဘုရားရဲ. ခြေတော်ရင်းမှာ ဆုပန်ခဲ့တယ်ဆိုရင် ငြင်းစရာ လိုမယ် မထင်ပါဘူး။
အဲဒီတော့ လွန်လေးပြီးသော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလမှာ အမရ၀တီနေပြည်တော်မှာ သုမေဓာခေါ်တဲ့ သူဌေးသားဟာ မိဘနှစ်ပါး ကွယ်လွန်သွားပြီး ကျန်ရစ်တဲ့ကုဋေရှစ်ဆယ်သော ပစ္စည်းတွေကို အကုန်စွန့်လွှတ်ပြီး ဘုရားမပွင့်ခင် ကြိုတင်၍ ရသေ့လုပ်နေတယ်။ မြတ်စွာဘုရားပွင့်တော်မူမယ်ဆိုတဲ့သတင်း ကတော့ကြိုပြီးသိနေပြီး။

အဲဒီ ဒီပင်္ကရာဘုရားရှင် ပွင့်တော်မူတဲ့ ကပ်ကမ္ဘာမှာ ဒီပင်္ကရာဘုရားရှင်ရှေ့က တဏှင်္ကရာ၊ မေတင်္ကရာ၊ သရဏင်္ကရာရယ်လို့ဘုရား(၃)ဆူပွင့်တော်မူခဲ့ပြီးဖြစ်ပါသည်၊ စတုတ္ထမြှောက်ဖြစ်တဲ့ ဒီပင်္ကရာဘုရားရှေ့မှောက်မှာ သုမေဓာက ဆုလာပန်ခြင်းဖြစ်သည်။ ကြိုတင်ပြီးတွက်ဖြစ်တာက လေးသင်္ချေကမ္ဘာတစ်သိန်းမှာ မြတ်စွာဘုရားပေါင်း (၂၈)ဆူပွင့်တော်မူခဲ့ပါတယ်။ ပွင့်တော်မူသောဘုရားတွေထဲမှာ ဂေါတမဗုဒ္ဓသည် (၂၄)ဆူသောဘုရားတို့ထံမှ ဗျာဒိတ်ရခဲ့သည်။ တနင်္ကရာ၊ မေတင်္ကရာ၊သရနင်္ကရာ ဘုရားသုံးဆူ လွန်သွားပြီး ဒီပင်္ကရာဘုရားကျမှ ဗျာဒိတ်တော့ခံယူခဲ့ပါသည်။

ဤဘဒ္ဒကမ္ဘာမှာ ကကုဿဏ်၊ ဂေါဏဂုဏ်၊ ကဿပဘုရားများအထိ ၂ ကျိပ် ၄ ဆူ မှာ ဗျာဒိတ်ရခဲ့တယ်၊ မိမိကိုယ်တိုင် ဆိုလို့ရတဲ့ဂေါတမဗုဒ္ဓ အပါအဝင်ဘုရားပေါင်း (၂၈)ဆူဖြစ်ပါတယ်။ ဂေါတမ မြတ်စွားဘုရားကိုချန်ထား လွန်လေပြီးသောဘုရား (၃ ) ဆူ ကိုပါ ချန်ထားရင် အားလုံး ဗျာဒိတ်ခံယူတာဟာ ၂ ကျိပ် နှင့် ၄ ဆူ ထူး ထူး ခြား ခြား ဖြစ်ပါတယ်။

ပဗ္ဗဇိတဒုလ္လဘ
နောက်ထူးခြားတာလေးကို ပြောရအုံးမယ်ဆိုရင်၊ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းမှာ ၂ ကျိပ် ၄ ဆူ သော ဘုရားတို့ထံ ဗျာဒိတ်ခံယူပြီးတော့မှ ရဟန်းဘဝ စုစုပေါင်းရခဲ့တာဟာ လေးအသင်္ချေမှာ ၉ ဘဝဖြစ်ခဲ့ပါတယ်။ ဗျာဒိတ်ရခဲ့တာ ဘုရားပေါင်း ၂ ကျိပ် ၄ ဆူ၊ ရဟန်းဖြစ်တာ ၉ ဆူ သောဘုရားတို့ထံမှာ ၉ ဘဝရခဲ့ပါတယ်။ ပဗ္ဗဇိတဒုလ္လဘ စိတ်ဝင်းစားတဲ့သူတွေ
အတွက်မှတ်သားစရာအချက်ဖြစ်တယ်။ ဘယ်ဘုရားလက်ထက်မှာ ရဟန်းဖြစ်တယ်ဆိုတာကိုတော့ ထည့်မပြောတော့ပါဘူး။
ဒီပင်္ကရာဘုရားမပွင့်ခင်က ပစ္စည်းတွေစွန့်လွှတ်ပြီးတောထွက် ရသေ့လုပ်နေသော သုမေဓာ ဟာ ဒီပင်္ကရာဘုရားပွင့်လို့ သံဃာတော် ၂ သိန်းကျော်တို့နဲ. အမရဝတီဆိုတဲ့ ရွှေမြို.တော်သို့ ဆွမ်းခံကြွမယ်လို့ သတင်းရတော့မြို.သူမြို.သားတွေက ဘုရားကြွမည့်လမ်းမှာ မိုးဦးကျ ကဆုန်လဆိုတော့ မိုးကရွာပြီး၇ွှံတွေဗွက်တွေဖြစ်နေတာကို လမ်းခင်းသူကခင်းကြ၊ သန့်ရှင်းသူ
ကရှင်းနဲ.မြို.သူမြို.သားတွေလမ်းတွေကို ပြုပြင်နေကျတဲ့အချိန်မှာတော့ မြှို.ကိုဆွမ်းခံကြွတဲ့ရသေ့က ဘာလုပ်နေတာလဲမေးတော့ ဘုရားကြွမှာမို့ လမ်းကိုပြုပြင်နေတာပါလို့ ပြောကြရော...ရသေ့က သူလဲဝေယျာဝေစ္စလုပ်မယ်ဆိုပြီး ရွှံဗွတ်အထူဆုံးနေရာကိုယူသတဲ့။

အခက်ခဲဆုံးကိုမှ လုပ်ချင်သူ
ရသေ့ကြီးဖြစ်ချင်တာက အခက်အခဲဆုံးနေရာမှာ အခက်အခဲဆုံးအလုပ် ကိုလုပ်ချင်တယ်ထင်ပါရဲ့၊ မြတ်စွာဘုရားနှင့်သံဃာတော် ၂သိန်းကျော်ကြွလာချိန် လမ်းကပြင်လို.မပြီးသေးပါဘူး၊ ဒီအချိန်မှာမြတ်စွာဘုရားကြွလာတဲ့ တည့်တည့် လေးတောင်မျှလောက် ဝေးကွာနေတဲ့ ရွှံဗွတ်အထူးဆုံး
လမ်းနေရာမှာ ဝမ်းလျှာမှောက်လျက် အရှင်ဘုရားတစ်ပည့်တော်ရဲ. ကိုယ်လုံးကို တံတားခင်လှူပါတယ်ဘုရားဟု လျောက်လေသည်။

ဘုရားဆုပန်
သုမေဓာရှင်ရသေ့ဟာ ဘုရားမြတ်စွားရဲ.ခြေတော်ရင်းမှာ သမ္မာသမ္ဗောဓိဆုကို ပန်ယူခဲ့တယ်။ ပေးတဲ့ဆန္ဒ၊ ဝီရိယတွေက အလွန်ပြင်းထန်ခြင်းကြောင့် အဲဒီဘဝမှာ သူဟာမဂ်ဖိုလ်ကို ရနိုင်တဲ့ယောင်္ကျားပဲ...သူရဲ့လက်တစ်ကမ်းရနိုင်တဲ့ မဂ်ဖိုလ်ကို မယူဘဲ ဘာ့ကြောင့်ဘုရားဆုကို ပန်တာလဲဆိုတော့ သူ့မှာ ရည်ရွယ်ချက်တွေ၇ှိတယ်။

ရည်ရွယ်ချက် ၈မျိုး
တိဏ္ဏော တာရေယျံ ၊ မုတ္တော မောစေယျံ ၊ ဒန္တော ဒမေယျံ၊ သန္တော သမေယျံ၊ အသေဿာ အသေဿယျံ။
ဗုဒ္ဓေါ ဗောဓေယျံ။ သုဒ္ဓေါ သောဓေယျံ၊ ပရိနိဗ္ဗုတော သုပရိနိဗ္ဗေယျံ ဆိုတဲ့ရည်ရွယ်ချက် ၈ ပါး ၇ှိခဲ့ပါတယ်။
ဆိုလိုတာကတော့----
၁။ တိဏ္ဏော တာရေယျံ - ငါသည် ဘဝသံသရာ ခရီးခဲ့ကို ကူးမြောက်နိုင်ခဲ့ရင် သတ္တဝါတွေလဲ ဒီဘဝသံသသရာခရီးခဲကို ကူးမြှောက်နိုင်စေရမယ်။
၂။ မုတ္တော မောစေယျံ -ငါသည် ကိလေသာ အနှောင်အဖွဲ.သံသရာမှ လွတ်မြှောက်နိုင်ပြီးခဲ့ရင် သတ္တဝါတွေကိုလဲလွတ် မြှောက်အောင်ကယ်တင်မယ်။
၃။ ဒန္တော ဒမေယျံ- ငါကိုယ်တိုင် ကိုယ်ရောနှုတ်ရော ယဉ်ကျေးခဲ့ပြီးဆိုရင် သတ္တဝါတွေကို ယဉ်ကျေးအောင်ဆုံးမမယ်။
၎။ သန္တော သမေယျံ- ငါကိုယ်တိုင်ငြိမ်းချမ်းပြီးရင် သတ္တဝါတွေကိုငြိမ်းချမ်းအောင်ဆောင်ရွက်မယ်။
၅။ အသေဿာ အသေဿယျံ-ငါကိုယ်တိုင် သက်သာစေပြီးရင် သတ္တဝါတွေကို...ကာယိကဒုက္ခ စေတသိကဒုက္ခ၊ ကာမဝဋ်၊ ကိလေသာဝဋ၊ ၀ိပါကဝဋ် သုံးပါးမှ သက်သာစေအောင်ဆောင်ရွက်မယ်။
၆။ သုဒ္ဓေါ သောဓေယျံ- ငါကိုယ်တိုင်ကိလေသာ အညစ်အကြေးတွေကို သန့်၇ှုင်း စင်ကြယ်ပြီး၇င် သတ္တဝါတွေကိုသန်.ရှင်း စင်ကြယ်အောင်လုပ်မယ်။
၇။ ဗုဒ္ဓေါ ဗောဓေယျံ-ငါကိုယ်တိုင်ဗောဓိဥာဏ်ကို ရပြီးရင် ငါရတဲ့ဗောဓိဥာဏ်ကိုဝေငှမယ်။
၈။ ပ၇ိနိဗ္ဗုတော သုပရိနိဗ္ဗေယျံ-ငါကိုယ်တိုင် (၁၁)ပါးသော မီးတွေငြိမ်းပြီ်းဆိုရင် သတ္တဝါတွေကိုလည် ငြိမ်းစေရမယ်။
ရည်ရွယ်ချက်(၈)ပါးကို ကောက်ချက်ချလိုက်ရင် လောကတ္ထစရိယကိုေ၇ှ.တန်းတင်ထားခြင်းဖြစ်တယ်။ လောကတ္ထစရိယဆိုတာ မည်သူ့ကိုမဆို ကောင်းကျိုးကို ဆောင်ရွက်ခြင်းကိုဆိုလိုပါတယ်။

ဗောဓိဥာဏ်
ဗုဒ္ဓေါ ဗောဓေယျံ..ဗောဓိဥာဏ်ရပြီးရင်ဗောဓိဥာဏ်ဝေငှမယ်..ဗောဓိဥာဏ်ဆိုတာ ဥာဏ်တကာ့ဥာဏ်တွေထဲမှာ အမြင့်ဆုံးဥာဏ်ဖြစ်ပါတယ်။ အနိမ့်ဆုံးဥာဏ်က စပြီးအမြင့်ဆုံးဥာဏ်ကို ဝေငှမယ်ဆိုတာ လောကတ္ထစရိယဖြစ်တယ်။
သုမေဓာရသေ့ဟာ ဒီပင်္ကရာဘု၇ားရှင်းခြေတော်ရင်းမှာ ဘုရားတစ်ပည့်တော် လက်တစ်ကမ်းရောက်နေတဲ့
ဗောဓိဥာဏ်၊ သာဝကဗောဓိဥာဏ်ကိုမယူပဘဲ သမ္မာသမ္ဗောဓိဆုကို ပန်ဆင်တော်မူခဲ့တယ်၊ သမ္မာသမ္ဗောဓိက ပန်ဆင်တော်မူခဲ့တာဟာ ဝိသာခါနက္ခတ်နဲ.လပြည့်ပြိုင်ပြီးတော့ မွန်းတည့်တဲ့နေ့ပဲ၊ အဲဒါကို ဒီကနေ့ ပြန်လှန်
ရေတွက်တာ လေးသင်္ချေနဲ.ကမ္ဘာတစ်သိန်း ကာလ အမရဝတီနေပြည်တော်မှာ ကဆုန်လပြည့်နေ့နှင့်လာပြီး
တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လို့ ကဆုန်လပြည့် ဆုပန်နေ့လို့ ထူးထူးမြတ်မြတ် သတ်မှတ်ပြီး ပူဇော်ခဲ့တာဖြစ်ပါသည်။

တရားဓမ္မစာပေကို တက်သလောက် ဝေငှခြင်းဖြစ်ပ်ါတယ်၊ ပါဠိပါဌ်သားတွေ အမှားပါနေပါက နားလည်ခွင့်ပေးတော်မူကြပါရန် မေတ္တာရပ်ခံပါတယ်။

အောင်ကျော်တိုး ခေတ္တ....ကာတာ...ဒိုဟာမြို.

မောင်အောင်ကျော်တိုးရေ- အထူးကျေးဇူးတင်ပါတယ်။ အကျိုးများပြီး ဗဟုသုတတွေ တိုးပွားစေပါတယ်။

သီတဂူစတား
၂၇-၄-၂၀၁၀


22 April 2010

ဧရာဝတီဒိုင်ယာရီမှ မှတ်တမ်းတစ်ပုဒ်




နာဂစ်ကယ်ဆယ်ရေးမှ ဓာတ်ပုံအချို့ ကို နာဂစ်နှစ်ပတ်လည်အတွက် ပြန်လည် အောင့်မေ့နိုင်ဖွယ် တင်ပြခြင်းဖြစ်ပါသည်။

ဧရာဝတီဒိုင်ယာရီမှ မှတ်တမ်းတစ်ပုဒ်
သီတဂူဆရာတော်ကြီးဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဘာသာရေး လူမှုရေးလှုပ်ရှားမှုများကို လက်လှမ်းမီသလောက် စုဆောင်းပြီး တင်ပြထားခြင်းဖြစ်ပါသည်။ ပြည့်စုံသည်မဟုတ်ပါ။ ဓာတ်ပုံများကို facebook မှရပါသည်။ ထို့ကြောင့် သီတဂူသာသနာပြု အဖွဲ့ကြီး၏ ဧရာဝတီဒိုင်ယာရီထဲမှ မှတ်တမ်းတစ်ပုဒ်မျှသာဖြစ်ပါသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ပင်လုံလမ်း ၊မြောက်/ဒဂုံ၊ ရန်ကုန်
အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြု အဖွဲ့ကို ၁၉၇၈-ခုနှစ်ကထဲက စတင်တည်ထောင်ခဲ့ပါသည်။ သီတဂူသာသနာပြု ၏ သာသနာရေး လူမှုရေးဆောင်ရွက်ချက်များမှာ----

ရေအလှူ
၁။ စစ်ကိုင်းတောင်တန်းကြီးတစ်ခုလုံးရှိ ချောင်ပေါင်း (ကျောင်းပေါင်း) တစ်ထောင် (၁၀၀၀) ကျော်၊ ရဟန်း သာမဏေ သီလရှင် ယောဂီ တစ်သောင်း (၁၀၀၀၀) ကျော်တို့အား သောက်ရေ၊ သုံးရေများ ပေးဝေလှူဒါန်းခြင်းများကို အကောင်အထည်ဖော်လာခဲ့ရာ ၁၉၈၀ ခုနှစ်တွင် လုံးဝအောင်မြင်ခဲ့သည်။

ဆေးရုံအလှူများ
၂။ ကုတင် ၁၀၀-ဆန့် မျက်စိအထူးကုနှင့် အထွေထွေ ရောဂါကု သီတဂူအာယုဒါန ဆေးရုံတော်ကြီးကို တည်ဆောက်ကာ ရဟန်း သာမဏေ သီလရှင် ယောဂီတို့အား ဘေသဇ္ဇဒါန၊ အာရောဂျဒါန၊ စက္ခုဒါန များပြုလုပ်ဆောင်ရွက်ခဲ့ရာ ၁၉၈၅-ခုနှစ်တွင် ပြီးစီးအောင်မြင်မှုများရခဲ့ပါသည်။
တိုးချဲ့ ဆေးရုံတော်များ-
၁။ ပန်းတနော် မျက်စိကုဆေးရုံတစ်ရုံ
၂။ သီတဂူစက္ခုဒါနဆေးရုံတော်၊ သီပေါမြို့ (၂၀၀၈)ခုနှစ်ဖွင့်ပြီး
၃။ သီတဂူစက္ခုဒါနဆေးရုံတော်၊ ကလေးမြို့ (၂၀၀၉)ခုနှစ်ဖွင့်ပြီး
၎။ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံတော်၊ နတ်မောက်မြို့ (၂၀၁၀) ခုနှစ်ဖွင့်ပြီး
၅။ သီတဂူဗြဟ္မာယု အထွေထွေရောဂါကုဆေးရုံတော်ကြီး၊ ဆားတောင်ရွာ၊ စစ်ကိုင်းခရိုင်၊ (၂၀၁၀)ခုနှစ် ဖွင့်ပြီး
၆။ ချင်းပြည်နယ် မင်းတပ်တွင် မျက်စိဆေးရုံ ဖွင့်လှစ်နိုင်ရန် တည်ဆောက်ဆဲ
အခြားဆေးရုံများ--
ထို့အပြင် သီတဂူသာသနာပြု အဖွဲ့ကြီး၏ အခြားသော လူမှုရေးဆောင်ရွက်မှုများကို အကျဉ်းချုပ်ဖော်ပြရပါလျင် မြန်မာပြည်တ၀ှမ်းလုံးတွင် နိုင်ငံတော်အစိုးရ၏ (၄၀) ကျော်သော ဆေးရုံများသို့ ဆေးရုံသုံးပစ္စည်းများလှူဒါန်းခဲ့ပါသည်။
အထူးသဖြင့် ဧရာဝတီတိုင်းတွင် ဆေးရုံပေါင်း ၁၂ ခုသို့ ကျပ်သိန်းပေါင်း (၅၀၀) ကျော်ဘိုး ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။

စာသင်ကျောင်းများ
ဧရာဝတီတိုင်းတွင် နာဂစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော မူလတန်း၊ အလယ်တန်း အထက်တန်း (၂၇) ကျောင်းတို့ကိုလည်း သီတဂူသာသနာပြုအဖွဲ့ကြီးက အသစ်ဆောက်လုပ် လှူဒါန်းခဲ့သည်။


၇-၄-၂၀၀၉ နှစ်ကဖွင့်ပွဲ


၂၀-၄-၂၀၀၉ နေ့တွင် ဖွင့်ပွဲများပြုလုပ်ခဲ့သည်။





၂၂-၄-၂၀၀၉ နေ့တွင် ဖွင့်ပွဲများပြုလုပ်ခဲ့သည်။
ဓာတ်ပုံများကို http://www.facebook.com/profile.php?id=1528440601 နေရာမှ ကူးယူဖော်ပြပါသည်။

စေတီပုထိုများ
မုန်တိုင်းကြောင့် ပြိုကျပျက်စီးသွားသော စေတီတော်ပေါင်း ၁၇၁ ဆူတို့ကို ပြုပြင် မွန်းမံပြီး ရွှေထီးတော်များတင်လှူခဲ့ပါသည်။ ဘုန်းတော်ကြီးကျောင်းများအား သွပ်အမိုးများလှူဒါန်းသည့် အပြင် အသက်ရှင်ကျန်သူတို့အား အ၀တ်အစား စသည်များကိုလဲ ထောက်ပံ့နိုင်ခဲ့ကြသည်။

ဧရာဝတီ အလှူတော်မှာ
သီတဂူသာသနာပြု အဖွဲ့ကြီးက လှူဒါန်းခဲ့သော ဧရာဝတီအလှူမှာ ၈.၈ ဘီလျံ (ကျပ်သန်းပေါင်း ရှစ်ထောင်) ကျော်တို့ကို လှူဒါန်းနိုင်ခဲ့ကြောင်းမှတ်တမ်းအရ သိရပါသည်။ ယခုအခါ ဆရာတော်ကြီးကို ကမ္ဘာက မြန်မာနိုင်ငံတွင် သာသနာရေးနှင့် လူမှုရေးဆောင်ရွက်မှုများ စနစ်တကျဆောင်ရွက်သည့်ပုဂ္ဂိုလ်ထူး ဟူ၍ အသိအမှတ်ပြုလာကြသည်။
ဧရာဝတီဒိုင်ယာရီမှ အနှစ်ထုတ်၍ ဖော်ပြလိုက်ရသည်။

သူတောင်ကောင်းဓာတ် တရားမြတ် လွမ်းပတ်ကမ္ဘာ တည်စေသော်။

May the Sublime Dhamma prevail in its pristine purity
in every corner of the world!

သတင်းအချက်အလက်များကို စုစည်းပေးသော ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ (သင်ကြားစီမံ၊ ရန်ကုန်) အား အထူးကျေးဇူးတင်ပါသည်။

သီတဂူစတား
၂၂-၄-၂၀၁၀



21 April 2010

ကျေးဇူးတင်ပါသည်

ကံသည် အကျိုးပေး၏၊ ကံဟူသည် အလုပ်၊ ဘာလုပ်လို့ ဘာတွေ အကျိုးပေးသနည်း ဟူမူကား၊ ကျောင်းသားများရဲ့ ကျိုးစားမှု (အလုပ်) ကြောင့် ရလာဒ်ကောင်းများ (အကျိုးများ)ရရှိသည်။ မနေ့က ရေအခက်အခဲကြောင့် ကျောင်းသားများရဲ့ လှုပ်ရှားမှုတစ်ရပ်သည် အတော်လေးထိရောက်သည်၊ အကျိုးသက်ရောက်မှုရှိလှသည်။
ပူနေးသတင်းမှာ နိုင်ငံခြားကျောင်းသား အဆောင်နှင့်ပတ်သက်ပြီး လိုအပ်ချက်များ အကုန်ပါလာသည်၊ ရေပြဿနာ၊ ရေခဲသေတ္တာအခက်ခဲ၊ သောက်ရေသန့်အခက်ခဲ စသည့်များ ပါလာသည်။

ချက်ချင်းပဲ ၂၄ နာရီ ရေချိုးခန်း အိမ်သာ အားလုံး ရေရသည်။ ကျေးဇူးကြီးမားလှပါသည်၊ အိန္ဒိယနိုင်ငံတွင် ကျောင်းသားများက (သို့မဟုတ်) ပြည်သူများက ကိုယ့်မှာ ဘာအခက်ခဲရှိသလဲ၊ ထိုအခက်အခဲအတွက် ပြောဆိုပိုင်ခွင့်ရှိသည်၊ တောင်းဆိုခွင့်ရှိသည်၊ နေရာအနံ့အပြားမှာ အခက်အခဲများကို တောင်းဆိုနေကြသည်ကို တွေ့နိုင်ပါသည်၊ ဒါကိုပဲ ဆန္ဒပြသည်ဟူ၍ခေါ်ကြသည်။ ဆန္ဒပြသည်ဟူသည်မှာ ၀ရုန်းသုန်းကား အကြမ်းဖက်မှုမျိုး မဟုတ်ဘဲ ငြိမ်းချမ်းစွာ လိုအပ်ချက်များကို တောင်းဆိုခြင်းမျှသာ ဖြစ်ပါသည်။ ထိုသို့ ဆန္ဒပြခြင်းကြောင့် မည်သည့်အာဏာပိုင်များကမှ အနှောက်အယှက် မပေးသည့်အပြင် အစောင့်အရှောက်ပင် ပေးလိုက်သေးသည်။ ထိုသို့ဆန္ဒပြမှသာလျင် ပြည်သူတွေရဲ့လိုအပ်ချက်၊ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို အစိုးရကသိပါလိမ့်မည်၊ လုပ်ငန်းကြီးများစွာ အလုပ်လုပ်နေရသော အစိုးရသည် နေရာတိုင်းရဲ့ လိုအပ်ချက်တွေကို မသိနိုင်ပါ၊ ထိုသို့ တောင်းဆိုမှသာလျင် အစိုးရက သိသည်။ ဘာမှ မတောင်းဘဲ ဘာမှ ပေးမည်မဟုတ်၊ ထိုသို့တောင်းဆိုခြင်းကြောင့်သာ အစိုးရသည် ပြဿနာကို ချက်ချင်းပြေလည်အောင် ဖြေရှင်းပေးလေ့ရှိသည်ကို တွေ့ရသည်။ အစိုးရနှင့် ပြည်သူတို့၏အကြားသည် မိသားစုသဖွယ် အချင်းချင်း နားလည်မှုတွေ ပေးကာ ဟန်ချက်ညီညီ ရှေ့သို့ချီတက်ကြလေသည်။ ဤသည်ပင် မေတ္တာ ကရုဏာ အငွေ့အသက်လေးတွေပဲ ဖြစ်ပါသည်။

ယခု နိုင်ငံခြားကျောင်း(အမျိုးသား၊ အမျိုးသမီး)ဆောင်တို့၌ လိုအပ်ချက်များကို ကျောင်းသားခေါင်းဆောင်များက ကျောင်းသားအသီးသီး၏ လက်မှတ်များကို ဦးစွာရယူသည်၊ ထိုလက်မှတ်ထိုးစာနှင့်အတူ မေတ္တာအသနားခံလွှာခေါ် စာတမ်းတစ်စောင်ကို ပူးတွဲပြီး vice-chancellor နှင့် ဒါရိုက်တာတို့အထံ တင်ရသည်။ ထို့နောက် ကျောင်းသားအားလုံး စုစည်းကာ ရုံးတော်သို့ ချီတက်ခါ လိုအပ်ချက်များ အသနားခံ တောင်းဆိုသည်။ ထိုအကြောင်းအရာများကို သတင်းစာများတွင်လဲ ဖော်ပြသည်။ အာဏာရှိသူများသည် အုပ်ချုပ်ခံ ပြည်သူ၊ ကျောင်းသားများအား သားသမီးသဖွယ် သဘောထားကာ ချက်ချင်း တာဝန်ရှိသူများအား ညွှန်ကြားစေကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနေသည်မှာ အလွန်ကြည်ညိုစရာ ချစ်စရာကောင်းလှပါသည်။
အတ္တအလွန်ကြီးမားသည့် အိန္ဒိယနိုင်ငံသည်ပင် သူများအတွက် စဉ်းစားပေး၊ ကြည့်ပေးသေးတာပဲ၊ ကျွန်ုပ်တို့တတွေက ဘုရားသားတော် သမီးတော်များဟု ၀န်ခံထားပြီး ဘာဖြစ်လို့ သူများအတွက် စဉ်စားမပေးနိုင်ရမှာလဲဟု တွေးစရာပင်ဖြစ်နေသည်။

ဤသည်ပင် နိုင်ငံရေးမဟုတ်ပါ၊ ပူနေးတက္ကသိုလ်ရဲ့ ပုံရိပ်ကလေးတွေထဲက တစ်ခုအပါအ၀င်မျှသာ ဖြစ်လေတော့သတည်း။

သီတဂူစတား
၁၉-၄-၂၀၁၀



19 April 2010

ပူနေးတက္ကသိုလ် ပုံရိပ် (၂)

ပူနေးတက္ကသိုလ်ရဲ့ အဖြစ်အပျက် အကောင်း အဆိုး သတင်း information အဖြစ် ပူနေးတက္ကသိုလ်ကို စိတ်ဝင်စားသူတွေအတွက် ပူနေးတက္ကသိုလ်ရဲ့ ပုံရိပ်ကလေးတွေကို အလျင်းသင့်သလို ဖော်ပြသွားပါမည်။

၁၉-၄-၂၀၁၀ တနင်္လာနေ့
မနေ့ညက ပူနေးတက္ကသိုလ် နိုင်ငံခြားသားအဆောင် (အမျိုးသား)တွင် ကျောင်းသားများ အစည်းအဝေးတရပ်ကျင်းပခဲ့၊ အကြောင်းရင်းက အခုတလော ၃ ရက်လောက် ဆက်တိုက် ရေပြဿနာဖြစ်နေသည်။ ကျောင်းသာ ၉၆ ယောက် နေသည့်အမျိုးသားအဆောင်တွင် ရေချိုးခန်း ၁၈ အိမ်သာ ၁၈ ခန်းရှိသည်၊ တနေ့လုံးမှ တစ်နာရီ နီးပါးလောက် ရေချိုးခန်း ၆ ခန်းမှာသာ ရေလာသည်။ ဒီကျောင်းသားအရေအတွက်နှင့် ဘယ်လိုမှ မဖြစ်နိုင် အပြင်မှာ သူငယ်ချင်းတွေ အိမ်မှာ ရေသွားချိုးကြရသည်။ ရေလာတဲ့အခါ ရေချိုးခန်း နေရာလုနေရသည်၊ ချက်ဘို့ ပြုတ်ဘို့အတွက်လဲ ရေလှောင်ထားရသည်၊ ၃ ရက်လောက် ဆက်တိုက်ဖြစ်နေတော့ အဆင်မပြေမှုတွေဖြစ်လာသည်။ သီတဂူစတားလဲ သီတင်းသုံးဖော်များ ချက်ဘို့ ဆေးကြောဘို့အတွက် ရေလှောင်ထားပေးသဖြင့် နေ့တိုင်း ရေအကျိုးဆယ်ပါး ကုသိုလ်တွေ ရနေလေရဲ့။


ကျောင်းသားအစည်းအဝေး

ထိုသို့သော အခက်ခဲတွေကြောင့် ကျောင်းသားများ မနေ့ညက တိုင်ပင်ဆွေးနွေးကြသည်။ Vice Chancellor Offic မှာ ချီတက်ပြီး အခက်အခဲကို ဖြေရှင်းကြမည်ဖြစ်သည်။ အရေးထဲ အချို့ကျောင်းသားတွေက ကတ်ဖဲ့ကတ်ဖဲ့လုပ်ကာ ကျောင်းသားအစည်းအရုံးတွင် မပါဝင်လိုကြ၊ အထူးသဖြင့် ဗီယတ်နမ်ကျောင်းသားများဖြစ်သည်။ စွာကျယ်စွာကျယ် အာဖရိကကျောင်းသား (စီနီယာကျောင်းသား) က မလိုက်တဲ့ ကျောင်းသားများကို ကျောင်းသားအားလုံးက ပြန်လည် ဆန္ဒပြမယ်ဆိုတော့မှ ဗိယတ်နမ်ကျောင်းသားတွေ လျှိုလျှိုနဲ့ ထွက်လာကြသည်။ ဒီလိုတော့လဲ ကြောက်သားပဲ၊ မကြောက်လို့လဲ မရဘူးလေ၊ အဖွဲ့အစည်းတရပ်နဲ့ နေလာတော့ အများရဲ့ ဆန္ဒအတိုင်း လိုက်လျော်ညီထွေ ဖြစ်အောင် နေပေးရသည်။

မနက်ပိုင်း

မနက်ပိုင်း ၁၁-၃၀က ကျောင်းသားအားလုံး Vice Chancellor Office သို့ ချီတက်ကြသည်၊ သီတဂူစတားတော့ မနက်ပိုင်း မဆင်နွဲနိုင်ခဲ့၊ သီတဂူစတားတို့ ဒဿနိကဗေဒဌာနမှာ viva နှုတ်ဖြေ စာမေးပွဲရှိ၍ သွားဖြေလိုက်ရတော့ ထိုချီတက်ပွဲနှင့်လွဲသွားခဲ့သည်။ ကံမကောင်းစွာနဲ့ဘဲ ကျောင်းသားအားလုံး Vice Chancellor သူ့ရုံးမှာ မရှိ၍ ပြန်လှည့်လာခဲ့ကြသည်။ ညနေမှ လာခဲ့ဟု တာဝန်ရှိသူများက ပြောလိုက်သတဲ့။

ရုံးပေါက် ဆိုင်းဘုတ်

ညနေပိုင်း
ညနေပိုင်း ၄နာရီ ပြန်လည်ချီတက်ကြပြန်သည်။ ဒီတခါတော့ သီတဂူစတားလဲ စပ်စပ်စုစု ပါဝင်လိုက်သေးသည်၊ ပထမဆုံး International Student Centre နိုင်ငံခြားကျောင်းသားရေးရာဌာနချုပ်မှာ ဒါရိုက်တာနှင့် ကျောင်းသားခေါင်းဆောင်အချို့ ၀င်တွေ့ကာ ဆွေးနွေးခဲ့သည်။ အရေးထဲ တစ်ယောက်တစ်ပေါက်နဲ့ အာဖရိကန် နှင့်ကညာ ကျောင်းသား နားလည်မှုလွဲကာ စကားများကြပြန်၊ ကျောင်းသား ၃ ယောက်သာ ဒါရိုက်တာနှင့်ဆွေးနွေးနေခဲ့သော်လည်း ကျန်ကျောင်းသားအားလုံးက Vice Chancellor Offic သို့ ချီတက်ကြသည်။ Vice Chancellor နှင့်တွေ့ဘို့အရေး တစ်နာရီလောက် ရုံးအပေါက်ကနေ စောင့်ရသည်၊ ဘင်္ဂလားဒေးရှ်ကျောင်းသား၊ နီပေါကျောင်းသားနှင့် အာဖရိကန်ကျောင်းသား သုံးယောက် ရုံးခန်းထဲ ၀င်သွားခဲ့သော်လည်း Vice Chancellor နှင့် တွေ့ခွင့်မရ၊ ဒုတိယ ဒါရိုက်တာလဲ ရောက်နေသည်၊ သူက အမျိုးသမီးဖြစ်သည်၊ တော်တော် စိတ်ဆိုးနေသည်၊ ဒါရိုက်တာနဲ့ဆွေးနွေးပြီးရင် ကိစ္စပြီးရက်သားနဲ့ Vice Chancellor Offic နှင့်လာတွေ့ရကောင်းလားဆိုပြီး ကျောင်းခေါင်းဆောင်များကို ငေါက်လိုက်သေးသည်တဲ့။

ဒီလိုနဲ့ အပေါက်ဝမှာ အတော်ကြာကြာလေး စောင့်ပြီးတော့ အချို့သော ကျောင်းသားက ပြန်မယ် တကဲကဲလုပ်နေပြန်သည်။ သတင်းထောက် တစ်ယောက်က မင်းတို့ ဒီအပေါက်က မစောင့်နဲ့ ဟိုဘက်အပေါက်က စောင့်တဲ့၊ သူက အဲဒီဘက်ကနေ ထွက်သွားလိမ့်မယ်တဲ့၊ Vice Chancellor နှင့် တွေ့ဘို့ သိပ်မလွယ်လှပါ၊ လုံခြုံရေးအမြဲရှိသည်။ ရုံးဝန်းထဲကိုပင် ၀င်ဘို့မလွယ်။

ရောက်လာပါပြီ Vice Chancellor

သတင်းထောက်ပြောတဲ့အတိုင်းပဲ အပေါက်ကထွက်ဘို့ ကားပြင်ထားသည်၊ ကျောင်းသားအားလုံးအပေါက်ကို ပိတ်ရပ်လိုက်ကြသည်၊ အဲဒီတော့မှ Vice Chancellor က ပြုံးပြုံးနဲ့ မင်းတို့ ဘာအခက်အခဲရှိလဲ ပြောဆိုတော့ ခေါင်းဆောင်ကျောင်းသားတွေက ဘယ်ချောင်ရောက်နေမှန်းမသိ၊ အခြားကျောင်းသားတွေက တစ်ယောက်တစ်ပေါက်နဲ့ စွတ်ပြောနေကြသည်။ Vice Chancellor သည် သဘောကောင်းမည့်ပုံပေါ်သည်၊ ဒီ ရေအခက်ခဲက အင်ဂျင်နီယာတွေ ရေပိုက်တွေ ပြင်နေကြတယ်၊ ပြီးတော့ ဒီက အခက်အခဲကို သတင်းစာထဲ မပါသရွေ့ ကြာနေဦးမယ်ဟုပြောသည်။ သတင်းစာလွတ်လပ်ခွင့် နိုင်ငံဖြစ်သည့်အတွက် ဖြစ်ရပ်မှန်များကို တိတိကျကျ ရေးပိုင်ခွင့်ရှိသည်၊ ပြောဆိုပိုင်ခွင့်ရှိသည်၊ သတင်းစာထဲ ဖော်ပြနိုင်ဘို့ အရေးကြီးတယ်ဟူ၍လဲ ပြောသွားသည်။ အကြမ်းဖတ်မှုတော့ မလုပ်ကြပါနဲ့၊ မိဘနှင့် သားသမီးဆက်ဆံရေးကဲ့သို့ ပြုလုပ်ကြတာပေါ့ဟု ပြောလိုက်သဖြင့် ကျောင်းသားများက ကျေးဇူးတင်ပါတယ်ဟု ၀မ်းမြောက်စွာပဲ ပြောကြသည်။
ရေပြဿနာ အဆင်ပြေမလားဆိုတာကိုတော့ နောက်နေ့ စောင့်ကြည့်ဦးမှာပေါ့။ ပူနေးမြို့သည် တောင်ပေါ်မြို့ဖြစ်၍ မိုးရေကိုအဓိက အသုံးပြုကြရသည်၊ လူဦးရေ ထူထပ်လာတာနဲ့အမျှ ရေအခက်အခဲတွေ တနှစ်ထက်တနှစ် ပိုမိုဆိုးဝါးလာသည်။ ပူနေးရဲ့ ပုံရိပ်ကလေးတွေ အဖြစ် အကောင်းအဆိုး ပူနေးဗဟုသုတလေးတွေ ရစေရန် ဖော်ပြလိုက်ရပါသည်။

သီတဂူစတား
၁၉-၄-၂၀၁၀



17 April 2010

မရေးချင်သောအကြောင်းအရာများ

မိတ်ဆက်
သီတဂူစတားသည် နိုင်ငံရေးသမားမဟုတ်ပါ၊ သို့သော် စာနာတတ်သူ၊ ပြည်သူအတွက် နားလည်ပေးသူဖြစ်သည်၊ ပြည်သူသည် ထမင်းရှင်ဖြစ်သည်။ နိုင်ငံရေးနှင့်ပတ်သက်သည့် အကြောင်းများ ရေးမည့်မဟုတ်ပါ။ အခု ဖော်ပြထားသည့် ပို့စ် သည် သီတဂူစတားသင်ယူခဲ့ရသည့် သင်ခန်းစာများနှင့် လတ်တလော ဖြစ်ရပ်မှန်များကို အခြေခံပြီး အသေးစား နှိုင်းယှဉ်ခြင်းမျှသာဖြစ်ပါသည်။

မရေးချင်သောအကြောင်းအရာများ
ဒီကနေ့ဟာ ဧပြီလ ၁၇ ရက် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါသည်။ နှစ်ဆန်း (နှစ်သစ်ကူးပို့စ်)လေးတင်ဘို့ စိတ်ကူးမိပါသေးသည်၊ သို့သော်--မရေးချင်ပါဘူးဆိုနေမှ ရေးမိသွားပြန်တယ်။ သူငယ်ချင်းတွေက နှစ်သစ်ကူးနှင့်ပတ်သက်ပြီး new post တင်ပါဦးတဲ့၊ အထူးသဖြင့် ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီးတင်စေချင်တယ်၊ နာမည်ကြီး ဘလော့ဂ်တွေမှာ တွေ့နေရပြီး သီတဂူစတား ဘလော့ဂ်မှာပဲ ကျန်တော့တယ်တဲ့။
ကဲ- ပရိသတ်တို့ရေ- နှစ်သစ်မင်္ဂလာမှာ မင်္ဂလာအကြောင်းလေးရေးဘို့ စိတ်ကူးမိပေမဲ့ ပရိသတ်က တောင်းဆိုလာတော့ မရေးချင်ပေမဲ့ ရေးရဦးမည်ပေါ့။

နှစ်ဟောင်းကုန်ကြူး နှစ်သစ်ကူး၍ နှစ်ဦးမင်္ဂလာတွေ ဖြစ်စေမည့် မင်္ဂလာစကားလေးရေးရမည့်အစား နှစ်သစ်မှာ မင်္ဂလာယူကြရမည့် မေတ္တာပွားရမည့်အစား ဒေါသမီးတွေတောက်လောင်နေမိတယ်၊ ထိုဒေါသမီးကြောင့် တင်လိုက်ရင်လဲ နိုင်ငံရေးအကြောင်းကပါလာမည် ဆိုတော့ သူငယ်ချင်းရာ မတင်ပါရစေနဲ့ တင်လဲမတင်ရဲပါဘူးလို့ ပြောလိုက်ရတယ်၊ ဘာလို့လဲ ဆိုတော့ ဘာသာရေးဘလော့ဂ်ဆိုတော့ နိုင်ငံရေးနှင့်ဆက်နွယ်သော ပို့စ် တင်လို့ မကောင်းဘူးဟု ထင်မိတယ်လို့ ပြန်လိုက်ရပါသည်။ ဒါပေမဲ့ ရှုံ့ချတာလောက်တော့ တင်သင့်ပါတယ်တဲ့။ မှန်ပါတယ်။ သီတဂူစတားမှ မဟုတ်ပါဘူး ပြည်သူတရပ်လုံးက လူသားမဆန်တဲ့ အကြမ်းဖက်မှုကိုတော့ လုံးဝ ရှုံ့ချကြပါတယ်၊ စပ်ဆုပ်ရွံရှာကြပါတယ်၊ လူသားတွေကို ခြင်၊ ကြမ်းပိုး၊ ပုရွက်ဆိတ်လေးတွေလောက် တန်ဘိုးထားပြီး သတ်ဖြတ်ချေမှုန်းခြင်းကို--နိုင်ငံတိုင်း ပြည်သူတိုင်းက လက်မခံ။
ဗုံးပေါက်ခြင်းနှင့်ပတ်သက်ပြီး ဒဏ်ရာရသူတွေ မနည်းပါဘူး၊ ဘာမှကို မသိလိုက်ရရှာဘဲ အသက်ဆုံးရှုံးသွားတဲ့ အပြစ်မဲ့ ပြည်သူတွေလဲ မနဲပါဘူး၊ တကယ့်ကို ရင်ထဲ မချိအောင်ခံစားရပါတယ်၊ သီတဂူစတားနည်းတူ တပြည်တ၀ှမ်းလုံးက ၀မ်းနဲကြမည်မှာ အသေအခြာပင်ဖြစ်သည်။ ဘလော့ဂ်တွေမှာ ဘယ်သူလက်ချက် ဘယ်ဝါလက်ချက်ဆိုပြီး အမျိုးမျိုးဝေဖန်ထားတာတွေလဲ တွေ့ရပါတယ်၊ ကိုယ့်အတွေး ကိုယ့်အမြင်နဲ့တော့ ဟုတ်နေကြပါတယ်။ ဘယ်သူ့ကိုမှ လွဲမချကြစေလို၊ ဒါဆို တရားခံက ဘယ်သူလဲဗျ?။ ဆက်ဖတ်လေ အဖြေပေါ်လေပဲ။

အတ္တသမား (self-interest)
ဗုဒ္ဓဘာသာထွန်းကားရာတဲ့ နိုင်ငံမှာ ဤကဲ့သို့ အကြမ်းဖက်ဝါဒတွေ ရှိနေတာကိုက အလွန်ရှက်ဖွယ်ကောင်းလှပါတယ်။ ဗုဒ္ဓတရားတော်က လူသားတိုင်းသည် လူသားတစ်ယောက်နှင့် တစ်ယောက်၏ တန်ဘိုးသည် တန်းတူမှာရှိနေသည်ဖြစ်ရကား အခွင့်အရေးသည်လည်း တန်းတူတူရှိနေရမည်ဖြစ်၏ ဟုဆို။ လူ့အဖွဲ့အစည်းကြီး မပေါ်လာခင်ကထဲက လူသားတွေသည် natural law (ဓမ္ဓ ) State of Natural system နှင့် နေလာကြ၍ တဦးအပေါ် တဦးကို အလေးထားတံဖိုးထား လာခဲ့ကြသည်။ လူ့ဘောင် အဖွဲ့အစည်းပေါ်ပေါက်လာတာနဲ့ အမျှ လူတွေဟာ Division of labor တာဝန် အလုပ်တွေ ခွဲခြားလာကြသည်၊ အဲဒီအချိန်မှာပဲ တရားမျှတရေးအတွက် အစိုးရတရပ် ကို ပြည်သူတွေကပဲ ဖန်တီးလိုက်ကြတယ်၊ ထိုမှတဖန် နေရာရရေးအတွက် ယှဉ်ပြိုင်မှုတွေ ပေါ်ပေါက်လာသည်၊ တဦးအပေါ်တဦး မေတ္တာတရား ခေါင်းပါးလာကာ ခေါင်းပုံဖြတ်စနစ်ကို ဖန်တီးလာခဲ့ကြတယ်။ အစိုးနှင့်ပတ်သက်ပြီး စနစ်များစွာ ပေါ်ပေါက်လာခဲ့တယ်။ ဒါတွေ ထားလိုက်ကြစို့ ပြောရင်းနဲ့ နိုင်ငံရေးဘက်ရောက်သွားလိမ့်မယ်။

နောက်ပိုင်း လူသားတွေဟာ တရားမျှတမှုတွေလဲ မရှိတော့ဘူး၊ အမြတ်ကြီးစားခြင်း ခေါင်ပုံဖြတ်ခြင်း၊ စသော မညီမမျှတာလေးတွေ ပေါ်ပေါက်လာရခြင်းသည် self-interest ကိုယ့်ကျိုးသမားတွေကြောင့်ပဲ ဖြစ်သသည်ဟု ဆိုသည်။ ကိုယ့်အတွက်သာကြည့်သည့် စနစ်ကြီးကြောင့်ဖြစ်သည်ဟု ဆိုသည်။ ကိုယ်ကျိုးစီးပွား (self-interest) ကို မစွန့်သေးနိုင်သေးသမျှ မျှတမှု (justice) ဆိုတာမရနိုင်ဘူးတဲ့။

လူသားဘ၀တန်ဘိုး
The principle of Sanctity of life အရ အသက်၊ လိင်၊ အမျိုးနွယ်၊ လူမျိုး၊ ဇာတ် ခွဲခြားခြင်းမရှိ တန်းတူတံဖိုးရှိ၏၊ ထိုအဆိုအရ ဘယ်လိုအကြောင်းပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ကိုယ့်အသက်နှင့် ရင်ဆိုင်လာရသည်တိုင်အောင် ဘယ်သူ၏ အသက်ကိုမှ စတေးခွင့်မပြု။ သို့သော် ထိုစည်းကမ်းကို လိုက်နာစွမ်းမရှိ၍ ယခုလို အပြစ်မဲ့ ပြည်သူတွေ အသက်စတေးခံလိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်ရသည်။ Utilitarianism အရ ရုပ်ကြမ်းဝါဒ အကျိုးဘက်ကိုသာကြည့်သည့် ၀ါဒတွေ လွမ်းမိုးနေသည်ဟုထင်။ ထိုဝါဒအရ လူလူချင်းတံဘိုးဖျက် (ခွဲခြား)ကာ လူ့လောက (society) အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေသူများကို ရှင်းပစ်သည့်ဝါဒဖြစ်သည်။ မြတ်ဗုဒ္ဓ၏ ဓမ္မ သည်ကား morality (ကိုကျင့်)တရားများကို ခြေခံသည့်ဝါဒဖြစ်၍ မည်သို့သော အကြောင်းကြောင့် မည်သည့်အသက်ကိုမျှ ဖျက်ဆီးခြင်း၊ စတေးခြင်းကို လုံးဝကန့်ကွက်ထားသည်။ ချွင်းချက်မရှိ ကန့်ကွက်ထားသည်။

နောက်ဆုံးတော့
နောက်ဆုံး ကျွနိုပ်တို့ခံစားလိုက်ရသည်ကား အရာဝတ္ထုတခု သို့မဟုတ် စွမ်းအင် တစ်ခုကို မက်မောမိတဲ့ (attachment power, craving power) အတွက်ကြောင့်ပဲ ကိုယ်ကျိုး (အတ္တ) သမားတွေဖြစ်လာကြတယ်။ လူသား၏တန်ဘိုးတွေ ဖျက်ဆီးလာတယ်ဟု ခံစားမိပါသည်။ ယခု လောလောလတ်လတ် ဖြစ်ပေါ်ခဲ့သည့် အသရေမဲ့သည့် အရေးအခင်းသည် ကိုယ်ကျိုးသမား၊ အတ္တသမား (self-interest) တွေရဲ့ လက်ချက်ဖြစ်ကြောင်း နားလည်မိပါသည်။ ဒါဆို တရားခံက သူပဲပေါ့။

Remedy ဖြေဆေး

မြတ်ဗုဒ္ဓသည် အတ္တ self-interest ၏ဆန့်ကျင်ဘက် မေတ္တာတရား ကရုဏာတရားများနှင့်ပတ်သက်ပြီး များစွာ ဟောထားသည်။ ထိုများစွာထဲမှ--

န ဟိ ဝေရေန ဝေရာနိ၊သမ္မန္တီဓ ကုဒါစနံ၊
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

အကြမ်းဖတ်မှုကို မေတ္တာတရားဖြင့် အနိုင်ယူရာ၏။
အကြမ်းဖတ်မှုကို အကြမ်းဖတ်မှုဖြင့် တုန့်ပြန်က ဘယ်သောအခါမျှ ငြိမ်းချမ်းတဲ့ဘ၀ ရနိုင်မည်မဟုတ်။ ဤသည်ကား သဘာဝတရား (natural law) ပင်တည်း။

လူသားတိုင်း (individual) ကိုယ်စီကိုယ်စီ အတ္တတရားတွေ နဲနိုင်သမျှနဲပြီး မေတ္တာတရားတွေ များနိုင်သမျှ ပွားများကာ အေးချမ်းသောဘ၀ဆီသို့ အမြန်ဆုံးရောက်နိုင်ကြပါစေ။

အသက်ဆုံးရှုံးသွားကြသော ပြည်သူများ၊ ဒဏ်ရာရသွားကြသော ပြည်သူများနှင့် ထိုသူတို့၏ မိဘဆွေးမျိုးများနှင့်အတူ ထပ်တူဝမ်းနဲမိပါကြောင်း။ အကြမ်းဖက်ဝါဒကို ပြည်သူများနှင့်ထပ်တူ ရှုံ့ချပါကြောင်း----။

သီတဂူစတား
၁၇-၄-၂၀၁၀



10 April 2010

မြန်မာ့နှစ်သစ်ကူး ပုံရိပ်များ


နှစ်သစ်ကူး (happy new year)
နိုင်ငံတိုင်းနီးပါး သူတို့၏နှစ်သစ်မင်္ဂလာကို သူတို့နည်းသူတို့ဟန်ဖြင့် သူတို့ ပါတီပွဲလေးများ၊ သူတို့ရဲ့ ပျော်ပွဲရွှင်ပွဲလေးများဖြင့် သူတို့လေးတွေ ပျော်ကြသည်။

ရိုးရာ မပျောက်စေချင်
မြန်မာပြည်ဖွား တိုင်းရင်သား ညီအစ်ကိုမောင်နှစ်မတွေကလဲ မြန်မ့ာနည်းမြန်မာ့ဟန်ဖြင့် နှစ်သစ်ကိုပျော်ရွှင်ကြသည်။
မြန်မာ့ရိုးရာ အလှ အတီး အက အခုံတို့ဖြင့်လဲ ရိုးရာမပျက် ပျော်ကြသလို ရိုးရာကို ပုံတူကူးကာ အနောက်တိုင်း ဟစ်ဟော့တွေဖြင့် ဖန်တီးကာတဖုံ၊ ရိုးရာကို အပထား အနောက်တိုင်းပုံစံကို လုံးလုံးလျားလျား သွတ်သွင်းကာ အသံသေး အသံကြောင်တို့ဖြင့် အသံကုန်ဟစ်ကြွေးလို့ မလုံတလုံအက အခုံတွေ၊ ချက်ဖော်၊ ပေါင်ဖော်၊ ဖော်လို့ရတာ အကုန်ဖော်။ ဒါတင်ပြီးရောလား? အပျော်လွန်ကာ ရန်တွေဖြစ်၊ မူရူးပြီးတော့လဲ စွဲလားယမ်းလား၊ သက်ကြပုတ်ကြ။ ဟော်တယ်တွေမှာ လူတွေပြည့် ယာယီအခန်းများ အလွတ်မရှိတဲ့၊ ဖြစ်ချင်တိုင်းဖြစ်။ ရိုးရာ အနှစ်ဆိုတာ ဘယ်မှာရှိ။ ဒါကိုပဲ ဆန်းစစ်လာတယ် တိုးတက်လာတယ်လို့ဆိုကြမလား ဆိုတဲ့ အတွေးကလေးတွေ ဖြစ်လာပါတယ်။


တက္ကိက၀ါဒ (metaphysics)တို့အဆိုအရ ရှေးဟောင်းကို အကုန်ဖျက် မဆုံးနိုင်သော အသစ်သစ်တွေကို ဖန်းတီး။ ရုပ်ဝါဒတို့အရ (Marx) ကတော့ ရှေးဟောင်းကို နည်းယူကာ အသစ်သစ်တွေကို ဖန်တီးခြင်းကို တိုးတက်လာတယ်လို့ဆိုတယ်။ ဒါကိုပဲ the law of negation of negation လို့ အမည်ပေးထားတယ်။ ရုပ်ဝါဒတွေပါ၊ ဖြစ်လာတဲ့ အကျိုးဆက်ကတော့ natural and traditional sources တွေ ပျောက်ကုန်တယ်လို့ ခံစားမိပါတယ်။ နိုင်ငံရေး စီးပွားရေး လူမှုရေး အတွက် ဖန်တီးထားတဲ့ Dialectic နည်းလို့လဲ ခေါ်ပါတယ်။ အဲဒီတော့ ရှေးဟောင်းရိုးရာကို အကုန်ဖျက်ပြီး ခေတ်သစ်ကို လှမ်းကြမလား၊ ဒါမှ မဟုတ် ရှေးဟောင်းကို နည်းယူကာ ခေတ်သစ်ကို ဖန်တီးကြမလား၊ ဒီလိုမဟုတ်ရင်လဲ ရှေးဟောင်းရိုးရာကို အစဉ်မပျက် ထိမ်းသိမ်းကြမလား။ တွေးစရာတွေပါ။ ခေတ်က တောင်းဆိုလာကြပြီဆိုတော့ တစ်ခုခုတော့ ရွေးရပါလိမ်မည်။



စောင့်ရှောက် ကာကွယ်သင့်
ဘာသာရေးနှင့် ယဉ်ကျေးမှုကိုတော့ ရိုးရာမပျက်စေဘဲ မြန်မာ့အလှနှင့် အယဉ်လေးတွေကို ထိမ်းသိမ်းထားဘို့ လိုပါတယ်လို့တော့ အကြံပြုချင်ပါတယ်။။ ဘာသာရေး၊ ယဉ်ကျေးမှု နှင့် ရိုးရာဓလေ့တို့၏ ခွဲခြားမရခြင်းသည် မြတ်ဗုဒ္ဓ၏ အဆုံးအမတော်အတိုင်း လိုက်နာကြခြင်းတို့ကြောင့်ပေတည်။ မြန်မာပြည်ကြီး ဘာ့ကြောင့်လှ? ယဉ်ကျေးမှုတွေ ချမ်းသာလို့လှ။ ပြည်ပသားများက ဂုဏ်ပြုထားကြသလို မြန်မာပြည်ကြီးသားတို့ကလဲ ဂုဏ်ယူဝင့်ကြွားဖြစ်ကြရတယ်။ ဘာ့ကြောင့် ယဉ်ကျေးမှု ချမ်းသာလဲ? မြတ်ဗုဒ္ဓ၏ အဆုံးမဖြင့် ဘ၀ကို ရပ်တည်နေကြခြင်းတို့ကြောင့်ဖြစ်၏။ ဒါ့ကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမများဖြင့် မြန်မာနှင့် ရိုးရာအလှ၊ မြန်မာ့အလှလေးတွေကိုတော့ မြန်မာပြည်ကြီးသား ပီပီ မြန်မာပြည်သူ ပြည်သားတိုင်းက တစ်ယောက်ချင်း အသိနှင့် စောင့်ရှောက်ကြမယ်ဆိုရင် ဟော့ဟော့ ရမ်းရမ်းခေတ်ကို ဘယ်တော့မှ ရောက်လာမည် မဟုတ်။ ပရိသတ်တို့ရေ--တနှစ်တခါမှ ပျော်ရတဲ့ပွဲလေးအတွက် အဟန့်အတားမဖြစ်စေဘဲ စိတ်လက် ပေါ့ပါးစွာ ယဉ်ယဉ်ကျေးကျေး ပြည်ကြီးသား ပီပီ ပျော်နိုင်ကြပါစေ။၊


ရိုးရာအလှ
တကယ့် ရိုးရာအနှစ်ဆိုတာ လူအနဲစုမှာရှိနေသည်တဲ့၊ သင်္ကြန်ရောက်ပြီ၊ အဘိုးအဖွား အဖေ အမေ၊ အကိုကြီး အမကြီး၊ ဦးကြီး ဦးလေး အဒေါ်ကြီး ဒေါ်လေးတို့အား ကန်တော့မယ်၊ ပူဇော်မယ်။ ကျောင်းသွားမယ်၊ အလှူလုပ်မယ်၊ ရဟန်းဝတ်မယ်၊ သီလရှင်ဝတ်မယ်၊ ရိပ်သာဝင် ယောဂီဘ၀နှင့် နှစ်သစ်ကို ကူးကြမယ်ဆိုတဲ့ ညီငယ် ညီမငယ်လေးတို့ရဲ့ ယဉ်ကျေးသိမ်မွေ့လှတဲ့ အပြောအဆို အပြုအမူလေးတွေကလဲ မြန်မာကို မြန်မာဟု ပီသစေပါသည်။

မအူပင်က ညီမတွေနှင့် ပုသိမ်က ညီမတစ်ယောက်က တပည့်တော်တို့ ရုံးပိတ်ပြီဘုရား၊ မနက်ဖန်ခါက စပြီး တရားစခန်းဝင်တော့မယ် ဘုရာ။ တရားစခန်းဝင်လာတာ နှစ်ပေါင်း ၁၀ နှစ်ကျော်ပြီတဲ့၊ အသက် ၂၀ ကထဲက နှစ်စဉ်မပျက် တရားစခန်းဝင်ခဲ့ကြတယ်ဘုရားတဲ့။ အချို့ကတော့ တပည့်တော်တို့ ဒီနှစ် ရန်ကုန်မှာ သက်ြန်ကျမယ်၊ အချို့ကတော့ ရွှေမန်းမှာတဲ့၊ ပျော်ကြမယ်ပေါ့။ ကဲ--ပရိသတ်တို့ရေ-- မတူတဲ့လူတွေအကြောင်းပြောပြီး ပရိသတ်ကြီးကကော ဘယ်လိုသက်ြန်ကျကြမလဲ၊ ဘယ်လို နှစ်သစ်ကူးကြမလဲ? အပူကိုကြိုက်သလား အအေးကို ကြိုက်သလား?


လူအမျိုးမျိုး
အချို့က အပူကို ကြိုက်သည်၊ အချို့က အအေးကို ကြိုက်သည်၊ အသက်ရွယ်ပင်ကြီးလင့်ကစား ပူလောင်တဲ့ဘ၀ (situation) ကိုကြိုက်သည်၊ အချို့ကတော့ အသက်ငယ်ငယ်ရွယ်ရွယ်ပေမဲ့ အေးချမ်းတဲ့ဘ၀ကို တခဏလေးပဲဖြစ်ဖြစ် အချိန်ရတုန်း ယူလိုက်ချင်သည်။ အမေ အဖေလဲ စိတ်ချမ်းသာ၊ သားလိမ္မာ သမီးအလိမ္မာလေးတွေ မွေးထားတော့ ကုသိုလ်တောင် ရလိုက်သေး။ အပူကြိုက်သူတွေကို မွေးထားတဲ့ အဖေအမေတွေကတော့ ပူရပြီ။ အပူဟတ်ပြီပေါ့။ ရန်ပွဲဖြစ်မလား၊ မူးရူးပြီး တခုခုဖြစ်မလား ဆိုတဲ့ အပူသောကတွေကလဲ မသေးလှ သလို သူတို့လေးတွေရဲ့ဘ၀ဟာလဲ မလုံခြုံ။
သားလိမ္မာ သမီးအလိမ္မာလေးတို့ရေ-- အမေ အဖေတို့ကို အပူမဟတ်စေနဲ့ အပူအပင်တွေ မပေးကြနဲ့နော်-- အေးချမ်းတဲ့ဘ၀လေးဖြင့် အမေ အဖေတို့ကို ပြုစုကြ။

နှစ်သစ်မှသည် နှစ်ပေါင်းများစွာ အေးချမ်းတဲ့ဘ၀ကို ဖန်တီးနိုင်ကြပါစေ။


သီတဂူစတား
၁၀-၄-၂၀၁၀




06 April 2010

သီတဂူစတား Exam


ဒဿနိကဗေဒ ဌာနမှ စာမေးပွဲ အချိန်ဇယား

ပရိသတ်တို့ရေ--

သီတဂူစတားတို့ ဒဿနိကဗေဒ (Philosophy) ဌာန၏ စာမေးပွဲများကို ဧပြီလ (၂၉)ရက်နေ့မှ မေလ (၈)ရက်နေ့အထိ ကျင်းပမည် ဖြစ်ပါသည်။ ပူနေးတက္ကသိုလ်၏ စာမေးပွဲများသည် ဌာနအားလျော်စွာ စာမေးပွဲရက်တွေလဲ မတူကြ ပေမဲ့ အများစုက အခုပြဆိုထားသည့် ရက်ပိုင်းဝန်းကျင်မှာပဲဖြစ်ပါသည်။

သီတဂူစတား ဖြေဆိုရမည့်ရက်များမှာ မေ (၃)ရက်မှ မေ (၇)ရက်နေ့အထိပဲ ဖြစ်ပါသည်။

Fourth Semester အတွက် သီတဂူစတား ဖြေဆိုရမည့်ဘာသာရက်များနှင့် ရက်များ
၁။ မေလ (၃)ရက်။ ။
Philosophical Language (Western and Indian)
၂။ မေလ (၄)ရက်။ ။
Social and Political Philosophy (Western)
၃။ မေလ (၆)ရက်။ ။
Bio-Ethic (Western)
၎။ မေလ (၇)ရက်။
Nagarjuna Philosophy (Indian)။

မှတ်ချက်။ ။ (၁)နှင့် (၂) ဘာသာရက်များသည် compulsory ဘာသာရပ်များဖြစ်သည့်အတွက် (ဒုတိယနှစ်)ကျောင်းသားအားလုံးဖြေဆိုရမည်။ (၃)နှင့် (၄)ဘာသာရပ်များကိုတော့ ကိုယ်ကြိုက်တာယူထားသည့် option ဘာသာရပ်များဖြစ်သည်။ option ဘာသာရပ်များစွာအနက် ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်သော်လည်း အနဲဆုံးကျောင်းသား ၃ ယောက်ကရွေးချယ်မှသာ ထိုဘာသာရပ်ကို အတည်ပြုသင်ပေးသည်။ ကျောင်းသား ၃ ယောက်မရှိသော ဘာသာရပ်များကိုတော့ cancel လုပ်ပြီး ဌာနက သင့်လျော်သည်ဟု ထင်၍ ပေးသော ဘာသာရပ်နှင့် ကျေနပ်ရပါလိမ့်မည်။

ယခုအချိန်မှာတော့
ပူနေးတက္ကသိုလ်၏ စည်းမျဉ်းအရ- ဌာနတိုင်းရှိ ကျောင်းသားတိုင်းသည် Term papers, Presentation, Viva (Oral test)များဖြင့် လုံးချာလိုက်နေကြလေရဲ့။

သို့ဖြစ်ပါသောကြောင့် ပို့စ်များကို ခက်ကျဲကျဲပဲ တင်နိုင်ပါတော့မည်ထင်။

သီတဂူစတား
၆-၄-၂၀၁၀



04 April 2010

ဘုံဘေ ကမ်းခြေ အမှတ်တရ


ညနေဆည်းဆာ (နေရောင် ပြင်းပြင်း)

ကိုယ်တိုင်ကြွား ပင်လယ်ကမ်းခြေ
သူများတွေတော့ ချောင်းသာသွားလိုက် ငွေဆောင် ကမ်းခြေသွားလိုက်နဲ့ ပုဇွန်ကြော်၊ ငါးအမျိုးမျိုးကြော်တွေ စားလိုက်၊ ပင်လယ်ရေ ကစားလိုက် အုန်းရေလေး တက်သောက်လိုက်နဲ့ ပျော်နေလိုက်ကြတာ မနာလိုစရာပင်။ ဒို့လဲ ကြွားဦးမှ ဖြစ်မယ် အားကျမခံပေါ့၊ ဘုံဘေ ကမ်းခြေ မိနစ်ပိုင်းလေး ပြေးကြည့်လိုက်တာလေးတော့ ကြွားဦးမှပဲ။

ဧပြီလ (၂) ရက်နေ့က ဘုံဘေမြို့ သွားဖြစ်ကြသည်၊ ပူနေးမှ သီတဂူညီအကိုတစ်စုသည် ဆရာတော်ကြီးအားဖူးရန် နေ့လည် ၂-၃၀ ကထွက်ခဲ့ကြရာ ဘုံဘေမြို့ ဆရာတော်တို့ တည်ခိုးရာ ဘုံဘေကမ်းခြေအနီးရှိ Emerald Hotel သို့ရောက်ခဲ့ကြသည်၊ ဆရာတော်နှင့် အဖွဲ့က တစ်ချိန်က ဗုဒ္ဓဘာသာ ထွန်းကားခဲ့ရာနေရာများ လှိုဏ်ဂူများကို လေ့လာ မှတ်တမ်းတင်နေကြသည်ဖြစ်၍ ဟိုတယ်သို့ ၈ နာရီထိုးခါနီးမှ ပြန်ရောက်လာကြသည်။



ဆရာတော်မရောက်မီ ၁-၃၀လောက် အချိန်ရသဖြင့် ကောင်မွန်နှင့် ဘုံဘေကမ်းခြေသွားပြီ လေသန့် သွားရူလိုက်ရသေးသည်၊ ကားမူးသဖြင့် ခေါင်းတွေကလဲခဲနေသည်၊ ဘုံဘေမြို့သည် လူဦးရေ အလွန်ထူထပ်သည့် မြို့ကြီးဖြစ်သည်၊ အိန္ဒိယနိုင်ငံ၏ ဒုတိယမြို့တော်ဆိုပေမဲ့ လူဦးရေ ထူထပ်ဆုံးမြို့ဖြစ်သည်၊ လူဦးရေ ၁၈သန်းကျော်နေပြီ၊ ပထမမြို့တော် ဒေလီမြို့သည် ၁၅ သန်းရှိသည်ဟု သိရသည်။ ဘုံဘေမြို့ထဲဝင်လိုက်တာနဲ့ မသက်မသာ အနံ့ဆိုးက နှာခေါင်းလာမိတ်ဆက်တော့သည်၊ ပူနေးမြို့သည် လူဦးရေ ဘုံဘေလောက်မထူထပ်၊ တောင်ပေါ်မြို့ ဖြစ်သည့်အားလျော်စွာ သစ်ပင်သစ်ရိပ် မျှတတဲ့ ရာသီဥတုတို့ကြောင့် လတ်ဆက်သော လေရှိသည်။
ကောင်းမွန်

ပူနေးမြို့သား သီတဂူစတားတို့အဖွဲ့သည် ဘုံဘေမြို့ရဲ့ အနံ့အသက်နှင့် အငွေ့သက်တွေ မရင်းနီးသေး၍ ခေါင်းတွေတောင် မူးလာသည်။ သူငယ်ချင်းတွေ ဟိုတယ်ဧည့်ခန်းမကြီးထဲမှာ အနားယူ စကားပြောနေခိုက် ကိုကောင်းမွန်နှင့် အတူ ဘုံဘေကမ်းခြေရဲ့ အလှနှင့် အိန္ဒိယသူတွေ အလှအပကို သွားငေးမိသည်၊ သို့သော် ကိုယ်က မငေးရဘဲ သူတို့က ကိုယ့်ကို ပြန်ငေးနေကြသည်၊ ထူးဆန်းသည့် အသွင်ပြင် ယူနီဖောင်းတွေကြောင့်ထင်ပါရဲ့၊ ချောလို့တော့ ဟုတ်မယ် မထင်။
ခက်သုတ်သုပ်လေး ဓာတ်ပုံရိုက်ဘို့လုပ်ရှားလိုက်ရသည်၊ ဆရာတော်ကြီး ဟိုတယ်ရောက်နေပြီလား ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် ကမ်းခြေရဲ့အလှလဲ အားရပါးရ မခံစားခဲ့ရ။ လူဦးရေထူထပ်တဲ့မြို့ကြီး၏ ပင်လယ်ကမ်းခြေသည်။ နိုင်ငံခြားသားမရှိ သူ့လူနဲ့သူပဲ ပြည့်နေသည်။ ကမ်းရဲ့ သဘာဝအလှကို အိန္ဒိယပြည်သူတွေ တန်ဘိုးရှိအောင် အသုံးမချနိုင်ခဲ့၊ ဘုံဘေမြို့ကမ်းခြေသည် မြန်မာနိုင်ငံ ချောင်းသာကမ်းခြေ၊ ငပလီကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ နှင့်ကျိုက္ခမီ စက်စဲ ကမ်းခြေတို့ရဲ့ အလှကိုမမီ။
ဘုံဘေ ကမ်းခြေ

ခက်သုတ်သုတ်

ခက်သုတ်သုတ် ဓာတ်ပုံရိုက်ပြီး ဟိုတယ်သို့ ပြန်လာခဲ့ကြသည်၊ ကိုကောင်းမွန်နှင့် သီတဂူစတားတို့သည် သူများတွေထက် ပိုသွပ်သည်သည်ထင်ရသည်၊ သူငယ်ချင်းတွေတော့ ပင်ပန်း၍ထင် အနီးအနားရှိကမ်းခြေရဲ့ အလှကို မရှုသားနိုင်၊ ရောက်တုန်းရောက်ခိုက် သွားလေ့လာသင့်သည်ထင်၍ ဟိုတယ်နှင့် ၁၀ မိနစ်ကျော်ကျော်မျှ သွက်သွက်ကလေး လမ်းလျှောက်လိုက်ရသည်။ ဘုံဘေမြို့ရဲ့ ရာသီဥတုသည် ယခုအချိန် ပူစပ်စပ်ရှိသည်၊ မိုးရာသီဆိုရင်တော့ ကမ်းခြေမြို့ဖြစ်၍ မိုးများသည်၊ သို့သော် အညစ်အကြေးအနံ့ကလဲ အတော်ပြင်းထန်ထန် တိုက်ခိုက်တော့သည်။ မြန်မာပြည်ကြီးသား ပီပီ သီတဂူစတားတို့တော့ ခန္တီပါရမီ ဖြည့်ခဲ့ကြရသည်။ ဟိုတယ်ရောက်တော့ ဆရာတော်လဲ မရောက်သေး၍ shopping ထွက်ခဲ့ကြပြန်သည်။ ဟိုတယ်များစွာ စုဝေးရာ နေရာဖြစ်၍ထင် Market ကြီးကြီး မရှိလှ၊ စတိုးဆိုင် သေးသေးလဲပဲရှိသည်။ ဟိုငေး ဒီငေးရင်း သူငယ်ချင်းက ဦးကောရေ- ဆိုပြီးဖုန်းဆက်ပြီး ပစ္စည်းများမှာ၍ ရှာဝယ်ပေးလိုက်ရသေးသည်။
ကမ်းခြေအလှ

ဟိုတယ်ရောက်
ဟိုတယ်ပြန်ရောက် ၁၅ မိနစ်လောက် အကြာတွင် ဆရာတော်နှင့် အဖွဲ့ရောက်လာကြပါပြီ၊ ဟေ့ကောင်တွေ ဘယ်ကကောင်တွေလဲ ကွ ဟူ၍ သားတပည့်တွေအား နှုတ်ဆက်လေသည်။ တပည့်များလဲ ပြုံးပြကာ ဧည့်ခန်းမှာပဲ ကြိုဆိုနုတ်ဆက် ကန်တော့လိုက်ကြသည်။ ဆရာတော်ကြီးသည် အသက်ရွယ် ၇၃ နှစ်ပြည့်ပြီးဖြစ်ပေမဲ့ အလွန်တက်ကြွနေသည်။

သြ၀ါဒပေး
ဆရာတော်ကြီးက စစချင်းပဲ မြန်မာနိုင်ငံက လူ့အဖိုးတန် ဆရာတော်ကြီးတွေလဲ ကုန်ပြီဟူ၍ စိတ်မကောင်းစွာ ပြောလေသည်၊ မကွေးဆရာတော်ကြီး လွန်တော်မူသွားခြင်းကို ရည်ရွယ်၍ ပြောပါသည်။ မင်းတို့တတွေလဲ လူ့အဖိုးတံတွေ ဖြစ်အောင် ကြိုးစားကြ။ ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်လူမျိုးနှင့် ကိုယ့်ဘာသာအတွက် အဖိုးတံတွေဖြစ်အောင် ကြိုးစားကြကွာ။
အခုမြန်မာနိုင်ငံမှာ သာသနာ့ဝန်ထမ်း ၄ သိန်းကျော်နေပြီ၊ သာသနာတော်၏ တာဝန်ကို ထမ်းဆောင်သူက နဲပြီး သာသနာက သူတို့ကို ပြန်ထမ်းနေတာက များနေတယ်၊ သာသနာ့ဝန်စီးတွေ များနေတယ်လို့ ဆိုလိုခြင်းပင်ဖြစ်ပါသည်။ သာသနာနှင့် နိုင်ငံအတွက် အလုပ်မလုပ်ဘဲ စားနေရင် မောဃံ ရဋ္ဌပိဏ္ဍံ- တိုင်းပြည်ရဲ့ အစားအစာကို အချီးအနီးစားနေခြင်းပဲ။


အရောင်မပြောင်း
အချို့ သောရဟန်းတွေ အရောင်ပြောင်းကုန်ကြပြီးကွ။ ထေရ၀ါဒ အသွင်အပြင်နှင့် မနေနိုင်တဲ့သူတွေ ထေရ၀ါဒ ၀ိနည်းစည်းကမ်းတွေ မလိုက်နာနိုင်တော့ အရောင်တွေ ပြောင်းကြတယ်။ သီဟိုဠ်က ဘုန်းကြီးတစ်ပါး ဂျပန်မှာ နေရင်းက မဟာယာနတွေနဲ့ ပေါင်းပြီး မဟာယာနအသွင်ဖြစ်သွားတယ်၊ သရေအရက်သောက်ချင်တာနဲ့ ပြောင်းလိုက်တာ၊ ပြင်သစ်က ဘုန်းကြီးတပါးလဲ ထို့အတူပဲ မနက်ပိုင်း အခန်းအနားရှိရင် ထေရ၀ါဒအသွင်၊ ညပိုင်းရောက်တော့ ညစာ စားချင်တာနဲ့ အရောင်တွေ ပြောင်းကြတယ်။

ဖားကန့်၊ မိုးကောင်းတို့က ကျောက်ဟာ အစိမ်းရောင်ပဲ၊ ဘယ်နေရာရောက် သူ့ရဲ့ အရောင် မပြောင်းဘူး၊ သူ့ရဲ့ အရည်သွေး ရော့မသွားဘူး၊ မိုးကုတ်က ပတ္တမြားကတော့ အနီရောင်ပဲ။ သူလဲ ဘယ်နိုင်ငံရောက်ရောက်၊ ဘယ်ဒေသ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အရောင်မပြောင်းဘူး၊ သူရဲ့အရည်အချင်း အရည်သွေးတွေ ကျမသွားဘူး။
အေး--မင်းတို့တတွေလဲ ဘယ်ရောက်ရောက်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အရောင်မပြောင်းကြနဲ့၊ ကိုယ့်ရဲ့အရည်အချင်း အရည်သွေးတွေ လျော့ကျ မသွားစေနဲ့။ sustainable development-ဆိုတာ မူရင်း အနှစ်သာရတွေကို မပျောက်ပျက်အောင် ထိမ်းထားကြခြင်းပဲ။

ကောင်းမွန်

နိဂုံး
ကဲကဲ မင်းတို့တတွေလဲ ပူနေးကို ပြန်ရမှာဆိုတော့ မိုးချုပ်နေပြီ ပြန်ကြတော့။ ငါက မင်းတို့ ဒီမှာ အိပ်မယ်ထင်နေတာ။ မင်းတို့အတွက် သီတဂူ သူငယ်ချင်းများက လှူလိုက်သော ငါးပိ၊ ငါးခြောက်၊ ပဲကြော်၊ ကော်ဖီမစ်များနှင့် ဟိုက ဒီက ပို့လိုက်သော နေကြာစေ့၊ အချဉ်ပေါင်းများ၊ ငါ့မွေးနေ့က သင်္ကန်းနှင့် လွယ်အိပ်လဲ ပါလာတယ်။ အဲဒါတွေ သယ်သွားကြကွာ၊ ဘုံဘေနှင့် ပူနေး ဝေယူကြကွာ ဟူ၍ မိန့်သည်။ ဆရာတော်အား ကန်တော့ပြီး ဆရာတော်နှင့်ပါလာသော သူငယ်ချင်းတွေ အားလုံးနုတ်ဆက်ကာ ပူနေးသို့ ပြန်ခဲ့ကြသည်။
အချိန်က ည ၉ နာရီရှိနေပြီ။ ညဆိုတော့ ကားလမ်းတွေ ပိတ်သည်၊ လမ်းကြပ်သည်ဖြစ်၍ ဘုံဘေမြို့ထဲမှာပဲ တစ်နာရီကျော်လောက် အချိန်ကုန်သွားသည်၊ ဘုံဘေမြို့ပြင်ကနေ ပူနေးအထိ ကား ၃ နာရီ ၀န်းကျင်လောက် စီးရဦးမယ်၊ ခရီးကတော့ အပြန်အသွား ၈ နာရီလောက်စီးလိုက်ရတာဆိုတော့ အတော်လေး ပန်းသွားသည်။

အိမ်အပြန်
အဆောင်ပြန်ရောက်တော့ နောက်နေ့မနက် အင်တာနတ်ဖွင့်လိုက်တော့ မင်္ဂလာသတင်း ၀မ်းသာသတင်းကြားရပြန်၊ ကာတာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မောင်အောင်ကျော်တိုးက သတင်းကောင်းပါးသည်၊ ဘုန်းဘုန်း ၀မ်းသာသတင်း ပြောရဦးမယ်ဘုရားတဲ့၊ ဘုန်းဘုန်းက ၀မ်းသာရမှာလားဆိုတော့၊ အင်းပေါ့။ သူသည် အွန်လိုင်းက မိတ်ဆွေတစ်ယောက်ဖြစ်ပါသည်။ တစ်ခါမှလဲ မတွေ့ဘူး မမြင်ဘူးသူတဲ့သူပါ။ ဘာသတင်းလဲ? ၀မ်းသာသတင်းဆို မြန်မြန်ကြားချင်သဗျာ ဆိုတော့ ဘုန်ဘုန်းအတွက် ငွေပို့လိုက်တယ်ဘုရားတဲ့၊ ဟားးးးးးး၊ ကဲဗျာ အဲဒီထက် ၀မ်းသာစရာ ဘာရှိသေးလဲ။ ဆွေမတော် မျိုးမတော် တခါမှ မမြင်ဘူးဘဲ လှူနိုင်တဲ့ သဒ္ဓါတရား ဖြစ်ဘို့ဆိုတာ သိပ်မလွယ်ကူလှပေ။ ရူပီး ၃၆၂၂ တဲ့။ မနေ့ညက ခရီး ပင်ပန်းသမျှတွေ လုံးဝပျောက်သွားလေတော့ သတည်း။
မောင်အောင်ကျော်တိုးရေ- ကျေးဇူးအထူးတင်ပါတယ်။

သီတဂူစတား
၃-၄-၂၀၁၀



02 April 2010

စူစန်ဟတ် အမေး အပိုင်း (၂)


မကာအိုအမှတ်တရ ပုံလေးပါ

မေး။ ။ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ လူတွေအတွက် မင်္ဂလာဆောင်ပေးခြင်း၊ လင်မယားကွာရှင်း ပြတ်စဲခြင်း၊ သေသူအတွက် ဆုတောင်းခြင်းများ ပြုလုပ်မပေးဘူးလား?

ဖြေ။ ။ ဒို့ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးများကတော့ အဲဒီကိစ္စတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး။ မင်္ဂလာဆောင်သူတွေက မင်္ဂလာဦးအလှူ၊ ကျန်ရစ်သူဆွေမျိုးတွေက သေသူအတွက် ကောင်းမှုဖြစ် ဘို့ လှူတဲ့အလှူမျိုးကို အလှူခံတာလောက်ပဲ ရှိပါတယ်။ မင်္ဂလာဆောင်ခြင်း လင်မယားကွာရှင်း ပြတ်စဲခြင်း၊ သေဆုံးခြင်းကိစ္စတွေမှာ ထေရ၀ါဒ ၀ိနည်း ဥပဒေအရ ဘာတာဝန်မှ မရှိပါဘူး။

မေး။ ။ ဗုဒ္ဓဘာသာမှာ ဂိုဏ်းကွဲတွေများကော ရှိပါသေးသလား?


ဖြေ။ ။ ရှိပါတယ်၊ အဓိကအားဖြင့် ဗုဒ္ဓဘာသာဂိုဏ်းကြီး နှစ်ဂိုဏ်းရှိပါတယ်။ မဟာယာန ဗုဒ္ဓဘာသာ ဂိုဏ်းနှင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဂိုဏ်းလို့ နှစ်ဂိုဏ်းရှိပါတယ်။

မေး။ ။အဲ့ဒါ နည်းနည်းလောက်ရှင်းပြပေးပါ။

ဖြေ။ ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဆိုတာ ဗုဒ္ဓအသက်ထင်ရှားရှိစဉ်က မြတ်ဗုဒ္ဓကိုယ်တိုင် ဟောခဲ့တဲ့ ဓမ္မ ၀ိနယကို မြတ်ဗုဒ္ဓဟောထားတဲ့မူရင်းအတိုင်း မပြုမပြင် မပြောင်းလဲဘဲ ထိန်းသိမ်းစောင့်ရှောက် လိုက်နာကျင့်သုံးခဲ့ကြသော မြတ်ဗုဒ္ဓ၏ တပည့်ကြီးအဆက်ဆက်တို့ရဲ့ ၀ါဒကို ထေရ၀ါဒလို့ ခေါ်ပါတယ်။ အဲဒီထေရ၀ါဒ ဗုဒ္ဓဘာသာဟာ ဒီကနေ့ အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြတဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့မှာ ထွန်းကားကျင့်သုံးလျက် ရှိနေကြတယ်။
မဟာယာန ဗုဒ္ဓဘာသာဆိုတာကတော့ မြတ်ဗုဒ္ဓဟောကြားတဲ့ ဓမ္မ ၀ိနယတို့မှ အယူအဆ အဆုံးအမတွေကို တဖြေးဖြေးခြင်း ထုတ်ပယ်၍ နောက်ပေါ်ပညာရှင်တွေရဲ့ အယူအဆသစ်များကို သွတ်သွင်းကာ ပြင်ဆင်ပြောင်းလဲ တိုးတက်လာသော ၀ါဒဖြစ်ပါတယ်။ အဲဒီပြုပြင်တိုးတက်လာတဲ့ မဟာယာန ဗုဒ္ဓဘာသာဟာ ဟိမ၀န္တာရဲ့ မြောက်ဘက် တိဗက်မှစပြီး တရုတ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ဂျပန်နိုင်ငံများအထိ ပြန့်နှံလျက်ရှိပါတယ်။

မေး။ ။အဲဒီလို ဂိုဏ်းတွေကွဲတာ နှစ်ပေါင်းဘယ်လောက် ကြာသွားပါပြီလဲ?


ဖြေ။ ။မြတ်ဗုဒ္ဓဖွားတော်မူတာ ခရစ်တော်ထက် (၆၂၃-) နှစ်စောပါတယ်၊ ဗုဒ္ဓ အဖြစ်ရောက်တော့ သက်တော် သုံးဆဲ့ငါးနှစ် (ဘီစီ ၅၈၈-) ဖြစ်ပါတယ်။ ဗုဒ္ဓကွယ်လွန်တော့ သက်တော်ရှစ်ဆယ်(ဘီစီ ၅၄၃-)ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓလွန်တော်မူပြီးနောက် နှစ်တစ်ရာအတွင်းမှာ ဗုဒ္ဓဘာသာဂိုဏ်းကွဲ မရှိသေး ပါဘူး။ နှစ်တစ်ရာနောက်ပိုင်းကျမှ လွတ်လပ်ခြင်းနှင့် တိုးတက်ခြင်းကို လိုလားကြတဲ့ လစ်ဗရယ် လစ်ဇင်ဝါဒကို ကြိုက်ကြတဲ့ ရဟန်းတချို့က ၀ိနည်းစည်းကမ်းတချို့ကို ပြုပြင်ရာကစပြီး ကွဲကြတာ ဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေဟာ ဘီစီ ၄၄၃- လောက်စတင်ပေါ်ပေါက် ခဲ့တယ်လို့ ဆိုရမှာပါ။ အဲဒီအချိန်မှာ ခရစ်စယန်ဘာသာတို့ အစ္စလာမ်ဘာသာတို့ မပေါ်ပေါက်သေးပါဘူး။ ( “အား...ဒါဆို ဗုဒ္ဓဘာသာ ပေါ်ပေါက်တာ နှစ်ပေါင်းနှစ်ထောင့်ငါးရာ ကျော်ပြီဘဲ” ဟု အားလုံးက တအံ့တသြ ပြောကြသည်။ )
ဆရာတော်ပြော။ ။ “နှစ်ထောင့်ငါးရာ ဘယ်ကမလဲ၊ နှစ်ထောင့်ငါးရာ ရှစ်ဆယ့်ရှစ်တောင်ရှိနေပြီ” (မှတ်ချက်။ ။ ၂၅၄၃+၄၅=၂၅၈၈။)

ဆရာတော်ပြန်မေး။ ။မင်းတို့ ခရစ်စယန်ဘာသာမှာကော ဂိုဏ်းကွဲတွေ ရှိသလား၊ ဘယ်တုန်းက စ ကွဲကြသလဲ?
သူတို့ဖြေ။ ။ အား....၊ဂိုဏ်းကွဲတွေ အများကြီးရှိပါတယ်။ ဘယ်တုန်းက စကွဲမှန်းတောင် မသိဘူး။ ရိုမန်ကက်သလစ်ခ်ဂိုဏ်း၊ မက်သတ်ဒစ်စ်ထ်ဂိုဏ်း၊ ဘတ်ပ်တစ်စ်ထ်ဂိုဏ်း၊ ပရိုတက်စ်တင့်ထ်ဂိုဏ်း.... အများကြီးပါဘဲ။

ဆရာတော်မေး။ ။မရိုတက်စ်တင့်ထ်အကြောင်း နည်းနည်းပြောပြပါ။
သူတို့အဖြေ။ ။ ပရိုတက်စ်တင့်ထ်ဆိုတာ ဂျေးဇပ်ခရိုက် ဟောသွားတဲ့ ရှေးဟောင်းဟောပြောချက် အဆုံးအမ စည်းကမ်းတွေကို ပြင်ဆင်လိုတဲ့ ပြုပြင်ပြောင်းလွဲလိုတဲ့ ဂိုဏ်းပါဘဲ။
ဆရာတော်ပြော။ ။ အေး..၊ မဟာယာနဆိုတာ အဲဒီ ပရိုတက်စ်တင့်ထ်လိုပါဘဲ။

အပိုင်း (၃) ဆက်ရန်ရှိပါသေးသည်။
မောင်အောင်ထက်ရေ- အထူးကျေးဇူးတင်ပါတယ်။

သီတဂူစတား
၂-၄-၂၀၁၀



ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes