သီတဂူစတား

သီတဂူစတား

26 February 2016

အင်းမတရားအပြီး လမ်းအတွက် ကျပ်ငါးသိန်းအလှူ

အင်းမတရားအပြီး လမ်းအတွက် ကျပ်ငါးသိန်းအလှူ
******************
 
မနေ့က အင်းမမြို့၊ ဘုရားငါးဆူးဝင်း တရားပွဲ၊ ပလ္လင်ပေါ် ည ၈း၁၅တက်၊ ၈း၃၀မှ တရားပွဲစတင်၊ ည ၁၀ နာရီအတိမှာ တရားပွဲပြီး၊ ချက်ချင်းပြန်လာ။
ရန်ကုန်ကို မနက်စောစော ၃း၀၀ နာရီရောက်၊ ရောက်ရောက်ချင်း အိပ်ယာဝင်။

တရားပွဲမှ ဓမ္မပူဇာ ငါးသိန်း လမ်းအလှူ
---------------
တရားပွဲအသွား သဲကုန်းမြို့နားက ရွာလေးတွေ လိုက်သွား၊ သဲကုန်းမြို့ လမ်းမကြီးမှ ရွာငါးရွာကို ကူးထားတဲ့ သုံးမိုင်ခန့်လောက် မြေလမ်းမှာ လမ်းကျဉ်း၊ ယခုအခါ တံတားလေးတွေဆောက်၊ ကျောက်သဲမြေတွေ ဖို့၊ မိုးရာသီမှာ သဲကုန်းမြို့ပေါ် ကျောင်းတက်နေသည့် ကလေးတွေအတွက် အဆင်ပြေသလို၊ ရွာငါးရွာမှ ရွာသားများအတွက် အဆင်ပြေရန် လမ်းခင်းအလှူအဖြစ် တရားပွဲ ဓမ္မပူဇာမှ ငါးသိန်းကျပ် လှူဒါန်းခဲ့။

ယခုအကြိမ်အထိ လမ်းအလှူမှာ ကျပ်သိန်း (၂၀)ခန့်ရှိ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net
၀၉-၂၅၀ ၇၉၀ ၄၈၃

23 February 2016

သီတဂူစတား ဓမ္မသဘင် (အင်းမ)

သီတဂူစတား ဓမ္မသဘင် (အင်းမ)
*************

ပဲခူးတိုင်း အင်းမမြို့ ဘုရားငါးဆူဂေါပကအဖွဲ့က ကျင်းပသော ဓမ္မသဘင်တွင် တပိုတွဲလပြည့်ကျော် ၂ရက် (25-2-2016)နေ့ည မဟာဂန္ထ၀ါစကပဏ္ဍိတ ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)က တရားတော်များ ဟောကြားမည်ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

သီတဂူနယ်လှည့်ကျန်းမာရေးအဖွဲ့ (ကရင်ပြည်နယ်)



သီတဂူနယ်လှည့်ကျန်းမာရေးအဖွဲ့ (ကရင်ပြည်နယ်)
--------------- 

သီတဂူဆရာတော်ကြီးလမ်းညွှန်မှုဖြင့် မျက်စိပါရဂူဆရာဝန်ကြီး ဒေါက်တာမြအောင်၊ ဒေါက်တာသိန်းမြင့် (အမေရိကန်)တို့ဦးဆောင်သော သီတဂူနယ်လှည့်ကျန်းမာရေးစောင့်ရှောက်အဖွဲ့သည်။ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တွင် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ (၂၁ရက်နေ့မှ ၂၄ရက်နေ့အထိ) မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးလျက်ရှိသည်။

 (၂၂-၂-၂၀၁၆)နေ့ စမ်းသပ်စစ်ဆေးမှုခံယူကြသူပေါင်း (၃၆၆) ယောက်။ ခွဲစိတ်ကုသမှုခံယူကြမည့်သူပေါင်း
(၂၁၂) ယောက်။ (၂၂-၂-၂၀၁၆)နေ့ နေ့ ခွဲစိတ်ကုသ အလင်းရသူပေါင်း (၃၃) ယောက်ဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

22 February 2016

စာမေးပွဲဖြေဆိုရက် ထုတ်ပြန် (သီတဂူ)

စာမေးပွဲဖြေဆိုရက် ထုတ်ပြန် (သီတဂူ)
********************
သီတဂူ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမြို့များရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားနေကြသော ရဟန်း သီလရှင် လူ (၁၀၀၀)ကျော်တို့သည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဒုတိယနှစ်ဝက် စာမေးပွဲဖြေဆိုရက်များကို တချိန်တည်း တပြိုင်တည်း ဖြေဆိုရန် တက္ကသိုလ်အသီးသီးတို့တွင် သင်ကြားစီမံအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)အတွက် အောက်ပါဇယားအတိုင်းဖြစ်သည်။

ဘီအေတန်းနှင့် ဒီပလိုမာတန်းများ
---------------
(၄-၃-၂၀၁၆) မှ (၇-၃-၂၀၁၆)နေ့အထိ နေ့စဉ် နေ့လည် (၂း၀၀နာရီမှ ၅း၀၀)အထိ ဖြစ်သည်။

ဗုဒ္ဓဓမ္မပါဒက အတန်း (လူပုဂ္ဂိုလ်များအတွက် သီးသန့်)
-----------------
(၅-၃-၂၀၁၆) နံနက် ၈း၀၀နာရီမှ ၁၀း၀၀နာရီ အထိ ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.thesitagu.org
www.sitagustar2020.net

20 February 2016

သီတဂူဆရာတော် သီတဂူအာယုဒါနဆေးရုံ ကြည့်ရှု

သီတဂူဆရာတော် သီတဂူအာယုဒါနဆေးရုံ ကြည့်ရှု
*****************
စစ်ကိုင်း ၂၀၁၆ခုနှစ် ဖေဖော်ရီလ (၂၀)

ဒီကနေ့ (၂၀-၂-၂၀၁၆)့ နံနက်ပိုင်းတွင် သီတဂူဆရာတော်သည် စစ်ကိုင်းတောင်ရှိ သီတဂူအာယုဒါနဆေးရုံတွင် မျက်စိကုသပေးနေသော အင်္ဂလန်နိုင်ငံမှ မျက်စိအထူးကုအဖွဲ့ကို တွေ့ဆုံနှုတ်ဆက်သည်။

နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကုသမှုအစီအစဉ်
-------------------
စစ်ကိုင်းတောင်ရိုး သီတဂူအာယုဒါနဆေးရုံတွင် (၂၁-၂-၂၀၁၆) ရက်နေ့မှ စတင်ပြီး ဘယ်လ်ဂျီယံနိုင်ငံမှ နှုတ်ခမ်းခမ်းကွဲ-အာခေါင်ကွဲ အထူးကု ဆရာဝန်အဖွဲ့တို့ လာရောက်ကုသပေးမည်ဖြစ်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

18 February 2016

မင်းဗန္ဓုစေတီ ထီတင်ပူဇော်ပွဲ (တော်ဝင်မိသားစု)

မင်းဗန္ဓုစေတီ ထီတင်ပူဇော်ပွဲ (တော်ဝင်မိသားစု)
**************
၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်

ဒီကနေ့ (၁၈-၂-၂၀၁၆) နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်၊ ၀ါးတရာကျေးရွာတွင် တည်ထားကိုးကွယ်ထားသော မင်းဗန္ဓုစေတီတော်ကို အသစ်တဖန်မွန်းမံ ပြင်ဆင် ထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော် အောင်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ထိုစေတီတော်ဝင်းတွင် ကြီးကျယ်ခမ်းနားသော ဓမ္မာရုံကြီးကိုလည်း လှူဒါန်းထားသည်ကို တွေ့ရသည်။

ထိုထီးတော်တင်လှူပူဇော်ပွဲသို့ သီတဂူဆရာတော်ကြီးအမှူးပြုသော သံဃာတော်များ၊ ဒေသခံသံဃာတော်များ သံဃာတော် (၁၀၀)ကျော်နှင့် အလှူရှင် တော်ဝင်မိသားစုကုမ္ပဏီ ဦးကိုကိုထွေး (ဥက္ကဋ္ဌ)+သီရိသုဓမ္မသိင်္ဂီ ဒေါ်အေးအေးသန်း၊ သမီး-မ၀တ်ရည်ထွေး၊ မသီရိထွေး၊ သား-ကိုမျိုး၊ မြေးဝမကေခိုင်မျိုး၊ မစုသက်မျိုး မိသားစုများနှင့် ဒေသခံပြည်သူများ စည်ကားစွာတက်ရောက် ပူဇော်ကြသည်။

ထိုပွဲတွင် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များဖြစ်ကြသော ဦးရဲအောင်၊ မခိုင်သင်းကြည်၊ မခင်လေးနွယ် စသော အနုပညာရှင်များလည်း တွေ့ရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

11 February 2016

သီတဂူစက္ခုဒါနဆေးရုံ (ကျိုက်ထို)ရောက် သီတဂူဆရာတော်

သီတဂူစက္ခုဒါနဆေးရုံ (ကျိုက်ထို)ရောက် သီတဂူဆရာတော်
************************
၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဓမ္မခရီး ကြွတော်မူသော သီတဂူဆရာတော်သည် ဒီကနေ့ မနက် (၁၁-၂-၂၀၁၆)က ကျိုက်ထိုမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် သီတဂူကျန်းမာရေး စောင့်ရှောက်ရေး နယ်လှည့်အဖွဲ့၏ မျက်စိကုသမှုများကို သွားရောက်အားပေးသည်။

ထိုနေ့ နေ့လည်ပိုင်းတွင် ဘီးလင်းမြို့နယ် မုသင်ကျေးရွာတွင် ရန်ကုန်မြို့ လှည်းတန်း လှဆန်းယဉ်မိသားစု၏ ဓမ္မသဘင် ချီးမြှင့်တော်မူသသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

06 February 2016

သီတဂူဆရာတော် ဗုဒ္ဓတက္ကသိုလ်များ အစည်းဝေး တက်ရောက်



သီတဂူဆရာတော် ဗုဒ္ဓတက္ကသိုလ်များ အစည်းဝေး တက်ရောက်
***************
၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလ (၅)ရက်



ဒီကနေ့ (၅.၂.၂၀၁၆)ည ၈း၀၀နာရီက မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များ (Myanmar Buddhist University Association) အစည်အရုံးကို တောင်ကြီးမြု့ Royal Taung Gyi Hotel တွင် ကျင်းပသည်။

ထိုပွဲသို့ သီတဂူဆရာတော်ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခများ, နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ် ပါချုပ်ဆရာတော်၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဆရာတော်, အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်မှ ပါမောက္ခများ, တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ,  ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် စိတ်ဝင်စားသူများ တက်ရောက်ကြသည်။

သီတဂူဆရာတော်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်၍ ကမ္ဘောဇဗုဒ္ဓတက္ကသိုလ် ဆရာတော် ဒေါက်တာဓမ္မသာမိက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net


ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes