သီတဂူစတား

သီတဂူစတား
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

06 November 2016

သီတဂူ Study Tour အင်ဒိုနီးရှား

သီတဂူ Study Tour အင်ဒိုနီးရှား
**********
သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆

သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင့် တပည့် ကပ္ဗိယကာရက အဖွဲ့တို့သည် အင်ဒိုနီးရှာနိုင်ငံ၌ ကျင်းပမည့် ဗုဒ္ဓဘာသာအစည်းဝေးတက်ရောက်ရန်နှင့် လေ့လာရေး ခရီးအဖြစ် သွားရောက်မည်။

အင်ဒိုနီးရှားနိုင်ငံ Borobudur Temple in Magelang ၌ စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်များ၏ (IATBU International Theravada Buddhist Universties)  အစည်းဝေးများကို နိုဝင်ဘာ ၁၁ မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ထိုအဖွဲ့၏ ဥက္ကဖြစ်တော်မူသော သီတဂူတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့် စာချကထိများနှင့် သီတဂူကပ္ဗိယ ကာရက တပည့်များကို ခေါ်ဆောင်ကာ အစည်းဝေးတက်ရောက်ပြီး၊ တပည့် စာချကထိများကို တစ်ချိန်က ဗုဒ္ဓဘာသာမြေဖြစ်ခဲ့သည် အင်ဒိုနီရှားရှိ အထင်ကရနေရာများနှင့် သမိုင်းဝင် နေရာများကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့မှာဖြစ်ပြီး၊ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် အခြားမှတ်သားဖွယ်ရာများကို ကိုယ်တိုင်ကိုယ်ကျ တပည့်များကို ရှင်ပြမှာဖြစ်သည်။

IATBU (International Association of Theravada Buddhist Universities ဆိုတဲ့ အဖွဲ့ကြီး နိုင်ငံတကာရှိ ထေရဝါဒ ဗုဒ္ဓတ္ကသိုလ်များအကြား ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းတိုးတက်အောင်၊ သင်ကြားရေးဆိုင်ရာ၊ ကျောင်းသား၊ ဆရာများ အပြန်အလှန် ထိတွေ့ဆက်ဆံမှုရအောင်၊ လဲလှယ်နိုင်အောင်၊ ဗုဒ္ဓဒေသနာတော်များ ကမ္ဘာသို့ ပိုမိုဖြန့်ကျက်နိုင်အောင် စသည့် ရွယ်ရည်ချက်များဖြင့် ၂၀၀၆ ခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာမကုဋ တက္ကသိုလ်မှာ ဖွဲ့စည်းခဲ့ပြီး၊ ထိုအဖွဲ့၏ အကြီးအကဲ ဥက္ကဋ္ဌအဖြစ်ကိုလည်း သီတဂူဆရာတော်ကြီးကို တင်မြှောက်ခဲ့ပါတယ်။

သီတဂူဆရာတော်ကြီး ဦးဆောင်းပြီး IATBU အဖွဲ့အစည်းကြီး၏ ပထမဦးဆုံး အစည်းဝေးကို 2007 မြန်မာနိုင်ငံ ပုပ္ဗါးတောင်၊ Puppa Mountain Resort မှာ ကျင်ပခဲ့ပါတယ်၊ နိုင်ငံတကာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်မျာမှ တတ်သိ ကျွမ်းကျ ပညာရှင်များက သုတေသန စာတမ်းများဖတ်ကြားခြင်း၊ အမြင်ဖလှယ်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒုတိယအကြိမ်မြောက် IATBU အစည်းဝေးကြီးကို ၂၀၀၉  ခုနှစ် စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးမှာ ကျင်ပခဲ့ပြီး၊ ဆိုင်ရာကဏ္ဍအသီးသီးလိုက် စာတမ်းများ ဖတ်ကြားတင်သွင်းခဲ့ပြီး၊  ပါဠိစာပေ ပိုမိုရှင်သန်ဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတကာ ပါဠိစာတမ်းများဖတ်ကြားခြင်း ပွဲတော်ကို ထည့်သွင်းပြုလုပ်နိုင်ခဲပါတယ်။

တတိယအကြိမ်အဖြစ် IATBU အသင်ကြီး၏ အစည်းဝေးကြီးကို ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံ မဟာမကုဋ တက္ကသိုလ်မှာ ကျင်းပခဲ့ပြီး၊ ဥက္ကဋ္ဌဖြစ်တော်မူသော သီတဂူအဓိပတိ ဆရာတော်ဘုရားကြီးသည် ငွေအင်အား၊ လူအင်အား၊ အကြံအဥာဏ်ပေးပြီး ဦးဆောင် ကျင်းပပေးနိုင်ခဲ့ပါတယ်။

ယ္ခု  IATBU အသင်းကြီး၏ စတုတ္ထအကြိမ်မြောက် အစည်းဝေးကြီးကို တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကား တောက်ပခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ Borobudur Temple မှာ ကျင်းပမှာဖြစ်ပြီး၊ အစည်းဝေးကြီး အဓိက ဆွေးနွေးမည့် ခေါင်းစဉ်ကလို့ အောက်ပါ အတိုင်း အမည်ပေးထားပါတယ်၊၊၊၊

BUDDHISM IN CONTEMPORARY WORLD:
CHALLENGES AND OPPORTUNITIES

ယ္ခုအကြိမ် အစည်းဝေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကိုလည်း၊ အင်ဒိုနီးရှားနိုင်ငံ၌ ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန်ရေး၊ ရှိပြီးသား ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ်များ၊ ဘုရား၊ ကျောင်းကန် စေတီပုထိုးများ မပျောက်ပျက်ရေး၊ ဗုဒ္ဓစာပေများ ပိုမိုထွန်းကားရေးတို့ကို ရှေ့ရှူး ရည်သန်ပြီး သီတဂူတက္ကသိုလ်များအဓိပတိ၊ IATBU အသင်းကြီး၏ ဥက္ကဋ္ဌ သီတဂူဆရာတော်ကြီးက အဘက်ဘက်မှ အစွမ်းကုန် ထောက်ပံ့ပေးထားပါသည်။။

အသင်းကြီး၏ လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်၊ အစည်းဝေးအခမ်းအနားများကို သိရှိလိုပါက အောင်ပါ အင်တာနက် လင့်ခ်တွင် ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါသည်။ http://atbu.org
 သတင်း= အရှင်ဝိသုတ

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

04 October 2016

ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား


ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား
************
သီတဂူ ၂၀၁၆ အောက်တိုဘာ ၎

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၃၇၈ခုနှစ်၊ သီတင်းကျွတ်လ္ဆန်း-၃ ရက် (၄-၁၀-၂၀၁၆) ရက်နေ့၊ နံနက် ၈:၃၀ နာရီအချိန်တွင် မန္တလေးတောင်ခြေရှိ သီတဂူ ဗုဒ္ဓတက္ကသိုလ်၏ "သဒ္ဓမ္မဇောတိကာ သန္တိမဟာ" ဘွဲ့နှင်းသဘင် ခန်းမဆောင် တည်ဆောက်ရန်အတွက် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို တက်ရောက် ချီးမြှင့်တော်ပေးမူခဲ့ပါသည်။

"သဒ္ဓမ္မဇောတိကာ သန္တိမဟာ" ဘွဲ့နှင်းသဘင် ခန်းမဆောင်ကို ရန်ကုန်မြို့၊ တော်ဝင်မိသားစုကုမ္ပဏီက တည်ဆောက်၊ လှူဒါန်းခြင်းဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

29 September 2016

“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ

“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ
************************
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရာတော်ကြီး ပို့ချခဲ့သည့် “ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ။

ထိုစာအုပ်သည် စာမျက်နှာ ၃၅၀ ပါ၍ ဆိုက်ကြီးဖြစ်သည်၊
ခေါင်းစဉ် (ပို့ချချက်)ပေါင်း ၂၂ ခုပါဝင်သည်။

ကိုးကွယ်ခြင်းဘာသာများ စတင်ပေါ်ပေါက်လာပုံ၊ အလွန်ရှေးကျသော ဇိုရိုစတာ (Zoroasterism)၊ အီရန်နိုင်ငံနှင့်ကိုးကွယ်သော ဘာသာ၊ ဘာသာရေးခေါင်းဆောင်တို့ နိုင်ငံ၏ အကြီးအကဲဖြစ်ပုံ၊ ဗုဒ္ဓနှင့်ခေတ်ပြိုင် ဂျိန်းဘာသာ၊ ခရစ်ယန်ဘာသာ စတင်လာပုံ၊ အစ္စလာမ်ဘာသာ ပေါ်ထွန်းလာပုံ၊ အစ္စလာမ်တို့၏ကိုရ်ကျမ်းနှင့် ဂျီဟက်၊ အစ္စလာမ်တမာန်တော်နှင့် ဂိုဏ်းကွဲများ၊ ဘေဘီလုံနှင့် ဟီဘရူးဘာသာအကြောင်း၊ ဂျူး။ ခရစ်ယန်နှင့် အစ္စလာမ်တို့ရဲ့ စံပြ အေဗရာဟန်၊ ဂျေးစက် မွေးဖွာရာ၊ အသက်ခံရာနေရာ၊ ဂျေးစက် အမေ စိန့်မေရီ ပျိုစစ်စစ်လား၊ ခရစ်ယန်တို့ သမ္မာကျမ်းစာ ကျမ်းသစ် ကျမ်းဟောင်းတို့အကြောင်း၊ ဂျေးစက်၏ တပည့်ကြီး ၁၂ ယောက်နှင့် အရေးပါသော တပည့်ကြီး စိန့်ပီတာ၊ ခရစ်ယန်တို့၏ ပညတ်တော် ၁၀ချက်အကြောင်းတို့ကို သမိုင်းရှုထောင့်၊ ပထ၀ီဝင်ရှုထောင့်၊ စာပေရှုထောင့်၊ အတွေးခေါ်ရှုထောင့်စသည်ဖြင့် ထောင့်ပေါင်းစုံမှ ပို့ချထားပါသည်။ ထို့ပြင် ဘာသာတရားအားလုံးတို့ကို မြတ်ဗုဒ္ဓ၏ဓမ္မ (ပိဋကတ်တော်)ဖြင့် နှိုင်းယှဉ် လေ့လာထားသည်မှာလည်း ပို၍ပို၍ စိတ်ဝင်စားစရာ ကောင်းလှပါသည်။

စာပေနှင့် အကြားအမြင် ဗဟုသုတတို့ကို လေ့လာဆည်းပူးတို့အတွက် လက်ကိုင်ထားသင့်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ကြောင်း အာမခံပါသည်။

ရနိုင်သောဌာန
***********
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ဖုန်း။ ။ ၀၁ ၅၈၁ ၇၇၇၊ ၀၁ ၅၈၁ ၈၈၈

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၉-၂၀၁၆


13 September 2016

သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ

သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ
********
သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃

မနေ့က (12-9-2016)
အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံးမှ သီတဂူဆရာတော်ကြီးနှင့်အတူ (၈)နိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်များကို အစ္စရေးနိုင်ငံဝန်ကြီးချုပ်ရုံးသို့ ပင့်ဆောင်ပြီး ၀န်ကြီးချုပ် ဗန်ဂျာမင် နေတန်ဉာဟု ၏ သီးခြားဧည့်ခန်းတွင် တွေ့ဆုံနှုတ်ဆက်သည်။

တွေ့ဆုံပွဲတွင် အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံး လူမှုဆက်ဆံရေးအမျိုးသမီးအရာရှိ ဆီမိုနာက ဘာသာရေးခေါင်းဆောင်များတစ်ဦးချင်းကို ၀န်ကြီးချုပ်နှင့် မိတ်ဆက်ပေးသည်။ ၀န်ကြီးချုပ်က ကျေးဇူးတင်စကား၊ ဆုတောင်းစကားများကို ပြောကြားသည်။
ထို့နောက် ဘာသာရေးခေါင်းဆောင်တစ်ဦးချင်း၏ နိုင်ငံအသီးသီးရှိ ဘာသာရေးအခြေအနေများကို အနည်းငယ်စီပြောကြားရန် ၀န်ကြီးချုပ်ကတိုက်တွန်းသည်။

ဘာသာရေးခေါင်းဆောင်အချို့က ၄င်းတို့ယူဆောင်လာသော လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။
သီတဂူဆရာတော်ကြီးက မြန်မာနိုင်ငံတော်ရှိ ဗုဒ္ဓဘာသာသံဃာတော်(၅)သိန်းတို့၏ကိုယ်စား တက်ရောက်လာကြောင်း၊ ဆရာတော်ကြီးပြောကြားမည့် မိန့်ခွန်းသည် သံဃာတော် (၅)သိန်းတို့၏ မိန့်ခွန်းဖြစ်သည်ဟုမိန့်၍ ပြောကြားသည့် မိန့်ခွန်းစာရွက်(၄)မျက်နှာရှိ မိန့်ခွန်းစာရွက်ကို လက်ဆောင်ပေးလိုက်သည်။ ဆရာတော်ကြီးက ၀န်ကြီးချုပ်အား Spiritual Present (စိတ်ဓာတ်ရေးရာလက်ဆောင်)ဟု ပြောကြားလိုက်သည်။ ၀န်ကြီးချုပ်က သီတဂူဆရာတော်ကြီးအား မိမိကိုယ်တိုင်ဖတ်မည်ဟု ပြောသွားသည်။

ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးပြီးသောအခါ နေ့လည် (၂း၃၀)တွင် အစည်းအဝေးကို ဆက်လက်ကျင်းပသည်။ နေ့လည်ပိုင်းအစည်းအဝေး၌ နိုင်ငံပေါင်းစုံမှဘာသာရေးခေါင်းဆောင်များ (၁၅)ယောက်ခန့်စကားပြောကြသည်။ ထိုနေ့လည်ခင်းအစည်းအဝေး၌ သီတဂူဆရာတော်ကြီးက Power of Mind for World Peace= ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိတ်၏စွမ်းအားဟူသော ခေါင်းစဉ်ဖြင့် မိနစ်၂၀ခန့် မိန့်ကြားခဲ့သည်။ မိန့်ခွန်းအပြည့်အစုံကို အင်တာနက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။

မှတ်ချက် ။ ။ ထိုနေ့နေ့လည်ဆွမ်းကို ဂျေရုစလင်မြို့၊ နိုင်ငံခြားရေးရုံးသီးခြားအခန်းတစ်ခု၌ မြန်မာ့သံရုံးမိသားစုက အချိန်မီ ဆက်ကပ်ကြသည်။ အစည်းအဝေးက ပုံမှန်ပေးသော နေ့လည်စာမှာ နေ့လည် (၁း၃၀)ခန့်ဖြစ်သည်။
ယနေ့အစည်းအဝေး ညနေ(၇း၃၀)တွင် အစည်းအဝေးပြီးဆုံးပြီး၊ ၀န်ကြီးချုပ်က ဧည်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ တတိယနေ့အစည်းအဝေးကို ဂျေရုစလင်မြို့ရှိ The Hebrew University (ဂျူးတက္ကသိုလ်)တွင် ဆက်လက်ကျင်းပမည်။
စက်တင်ဘာလ (၁၄)ရက် စတုတ္ထနေ့၊ ဂျေရုစလင်မြို့တွင် အရေးကြီးသော ဘာသာရေးဌာနများကို လိုက်လံပြသမည်။

စက်တင်ဘာလ (၁၅)ရက်နေ့ နောက်ဆုံးနေ့တွင် အစ္စရေးနိုင်ငံမြောက်ပိုင်း Haifa မြို့တွင် အစ္စရေးနိုင်ငံဘာသာရေး ကောင်စီခေါင်းဆောင်များနှင့် ဆက်လက်တွေ့ဆုံမည်။
ပထမအကြိမ် Israel – Asia, Ancient Tradition Contemporary Realities, Faith Leader Meeting များပြီးဆုံးသည်။

သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ

အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ
***********
သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂

အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးသည် ၁၂-၉-၂၀၁၆ ရက်နေ့၊ Israel နိုင်ငံ Jerusalem မြို့ တွင် Israel နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ယူ၍ World Council of Religious Leaders မှ September လ 11th - 15th 2016 ရက်နေ့ အတွင်း ကြီး မှူး ကျင်းပသော Israel-Asia Ancient Traditions Contemporary Realities Inter Faith Leaders Meeting သို့ တက်ရောက်ပါသည်။

ယနေ့ ၁၂ ရက်နေ့ မနက်ပိုင်းတွင် Israel နိုင်ငံ သမ္မတ HE Reuven Rubi Rivlin ၏ နေအိမ်၌ Conference ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ပါသည်။ ယခု conference တွင် Israel, India, China, Taiwan, South Korea, Japan, Canada, USA နိုင်ငံတို့ မှ ဘာသာရေးခေါင်းဆောင်များနှင့် မိမိတို့  မြန်မာနိုင်ငံမှ သီတဂူဆရာတော်ကြီးတို့  တက်ရောက်လာကြပါသည်။ သမ္မတအိမ်တော်တွင် ကျင်းပသော အစည်းအဝေးဖွင့်ပွဲအပြီးတွင် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ကြွရောက်ပါသည်။
သီတဂူဆရာတော်ကြီးနှင့်အတူ မြန်မာနိုင်ငံမှ သီတဂူအရှင်ဥက္ကံသ၊ သီတဂူဦးကျော်မိုးနိုင်၊ သီတဂူကိုအောင်သန်းဝင်းတို့က လိုက်ပါသွားကြပါသည်။ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းနှင့်ဇနီးဦးဆောင်သော မြန်မာသံရုံးမိသားစုဝင်များက နေ့ဆွမ်း အလုပ်အကျွေးပြုစုကြပြီး အစ္စရေးနိုင်ငံဆိုင်ရာ ဒုတိယစစ်သံမှူး ဗိုလ်မှူးအောင်ကိုကိုဦးက ဆရာတော်ကြီး၏ PSO အဖြစ် လိုက်ပါဆောင်ရွက်ပေးပါသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

29 August 2016

တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည်


တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည်
**********
အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မည်။

၁။ ဦးအောင်ခိုင်+ ဒေါ်ခင်နွဲ့ မိသားစု မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာ ၁၀,၀၀၀၀ ကျပ်

၂။ ဦးဘိုနီ+ဒေါ်ခင်စောငွေ မိသားစု မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာ ၁၀,၀၀၀၀ ကျပ်

၃။ ကိုဆွေထွန်းနောင်+မသန်းသန်းလှ သမီး အင်ကြင်းမွှေး မိသားစု အင်းစိန်၊ အောင်ဆန်း ၅,၀၀၀၀ ကျပ်

၎။ ဦးဆန်းမောင်+ဒေါ်တင်ရေ မိသားစု၊ ရေဦးမြို့နယ်၊ မင်းမောင်းကုန်းရွာ ၅,၀၀၀၀

၅။ မိဘနှစ်ပါးကို အမှူးထား၍ ဒေါ်စပယ် (လှဆန်းယဉ်) လှည်းတန်း၊ ကမာရွတ်မြို့၊ ရန်ကုန် ၅,၀၀၀၀ ကျပ်

ဓာတ်ပုံ စင်္ကာပူဓမ္မသဘင် (ဒုတိယအကြိမ်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

21 August 2016

ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး

ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး
**********
သီတဂူ ၂၀၁၆ သြဂုတ် ၂၁

မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ထိပ်တန်းအရာရှိကြီးများသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးကို ၂၁-၁-၂၀၁၆ ရက်နေ့၊ နံနက်ခင်း ၉း၃၀ နာရီအချိန် လာရောက်ဖူးမျှော်ကြည်ညိုကြပါသည်။

တပ်ချုပ်ကြီးနှင့်အဖွဲ့ကို သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ (စစ်ကိုင်း) တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ရွှေစည်းခုံစေတီတော်အတွင်းရှိ ဆင်းတုတော်များနှင့် ဓမ္မာရုံကြီးအတွင်းသို့ သီတဂူဆရာတော်ကြီး ကိုယ်တော်တိုင် လိုက်လံပြသပေးတော်မူပါသည်။

ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ရှိ သိမ်တော်ကြီးအတွင်း သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး သီတဂူဆရာတော်ကြီးက ရေစက်ချအနုမောဒနာတရား ချီးမြှင့်ပေးတော်မူခဲ့ပါသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

19 August 2016

MRTV4 အင်တာဗျူး

MRTV4 အင်တာဗျူး
******

ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမိန့်ရှိပေးပါဆိုလို့ မိန့်ကြားပေးလိုက်ပါတယ်။

အရဟတ္တဓဇဖြစ်ပုံ
နိဗဒ္ဓပုညဖြစ်၍ နိဗဒ္ဓဂတိဖြစ်ပုံ
ဝါဆိုသင်္ကန်းဖြစ်လာပုံတို့ကို ၅မိနစ်စာ ချုပ်၍ ပေးလိုက်ပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
19-8-2016

17 August 2016

တွေ့ဆုံးမေးမြန်း ဓမ္မလမ်း

တွေ့ဆုံးမေးမြန်း ဓမ္မလမ်း
*******
ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) နှင့် အပ္ပမာဒမဂ္ဂဇင်းတိုက် အတိုင်ပင်ခံ အယ်ဒီတာ စာရေးဆရာမ မိုးမိုးစောဝင်းတို့ တွေ့ဆုံ မေးမြန်း (ဓမ္မအင်တာဗျူး) ကို ၂၀၁၆ စက်တင်ဘာလထုတ် အပ္ပမာဒမဂ္ဂဇင်းမှာ ပါလာပါပြီ၊ တွေ့ဆုံးမေးမြန်းခန်းအပြင် “ပရဟိတစိတ်” အမည်ရှိ ပို့စ်တစ်ခုလဲ ထိုလထုတ် မဂ္ဂဇင်းမှာပဲ ပါလာပါပြီ။

 
အားပေးလိုက်ကြပါအုံး၊ ရနိုင်သည့် လိပ်စာပါ ထည့်ပေးထားပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား


14 August 2016

စာပေပညာရှင်များအား ဖိတ်ခေါ်ပါသည်
**********

သီတဂူ ၂၀၁၆ သြဂုတ် ၁၄
၁၃၇၈ ခုနှစ်၊ တပေါင်းလပြည့်နေ့ သီတဂူဆရာတော်ကြီး၏ သက်တော် ၈၀ ပြည့် မွေးနေ့ဖြစ်ပါသည်။ ယခုနှစ် သက်တော် (၈၀)ပြည့်ပူဇော်ပွဲကို အထူးအစီအစဉ်များစွာထဲက တစ်ရပ်အနေနဲ့ ၈၀ပြည့်အထူးထုတ်မဂ္ဂဇင်း တစ်စောင် ထုတ်ဝေ၍ တပည့်များက ပူဇော်လိုကြပါသည်။ သို့ဖြစ်ပါ၍ စာပေပညာရှင်များ အားလုံးကို အထူးဖိတ်ကြားပါသည်။

(က) တိုင်းကျိုးပြည်ကျိုး ဘာသာ သာသနာအကျိုးများကို ထွန်းချွန်စွာဆောင်ရွက်တော်မူသော ပုဂ္ဂိုလ်တို့သည် တစ်ခေတ်တစ်ခါ ပေါ်ပေါက်ခဲလှပါသည်။

(ခ) တစ်သက်မှာ တစ်ခါသာ ကြုံခွင့်ရသည့် အထူးအခွင့်ရေးကို လက်မလွတ်စေဘဲ ရသစာပေ၊ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းစသည်တို့ဖြင့် မိမိတို့ စွမ်းရာဘက်က ပူဇော်နိုင်ပါသည်။

(ဃ) Soft-copy များကို ၃၀-၁၁-၂၀၁၆ (၁၃၇၈၊ နတ်တော်လဆန်း ၁ ရက်)နေ့ နောက်ဆုံးထား၍ ပို့ပေးပါရန်၊ Hard-copy များကိုတော့ ၂၅-၁၁-၂၀၁၆ (၁၃၇၈၊ တန်ဆောင်မုန်းလဆုတ် ၁၁ရက်)နေ့ နောက်ဆုံးထား၍ ပို့ပေးပါရန်။

စာမူများကို ပို့ရန်
-----------------
အီးမေးလ် thesitagu@gmail.com/ သို့မဟုတ် အောက်ပါ နီးစပ်ရာတက္ကသိုလ်တို့သို့ ပို့နိုင်ပါသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ၀၉၂၅၆၂၀၁၅၄၁၊ ၀၉၂၁၁၁၂၄၂
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ၀၉၂၁၃၂၀၆၆
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၀၁-၅၈၁၈၈၈/ ၀၁ ၅၈၁၅၈၂

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
စီမံအုပ်ချုပ်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

08 August 2016

သီတဂူ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး အထောက်ကူပြု

သီတဂူ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး အထောက်ကူပြု
*************
သီတဂူ ၂၀၁၆ သြဂုတ် ၈

သီတဂူဆရာတော်ကြီး ဦးစီးသော သီတဂူသာသနာပြုအဖွဲ့ကြီးသည် မြန်မာနိုင်ငံ အနှံ့အပြား ကျန်းမာရေး စောင့်ရှောက်မှုများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး လုပ်ငန်းများကို အစဉ်တစိုက် ပြုလုပ်ခဲ့သည်မှာ နာဂစ်မုန်တိုင်းကထဲကစ၍ နှစ်များစွာ ပြုလုပ်ခဲ့သည်၊ ပြည်တွင်းသာမကဘဲ နီပေါလ် မြေငလျင်၊ ပါကစ္စတန် ရေဘေးကဲ့သို့ ပြည်ပနိုင်ငံတွေမှာလည်း အထောက်ကူပြုမှုများ ပါဝင်ခဲ့သည်။

ယခုနှစ် (၂၀၁၆)မှာလည်း မြန်မာနိုင်ငံအထက်ပိုင်း အောက်ပိုင်း ရေဘေးများဖြစ်လျက်ရှိသည်ကိုတွေ့ရပါသည်။ ထိုအတွက်များစွာ စိတ်မသက်မသာဖြစ်ကြရပါသည်။ ဒီနှစ်မှာတော့ အခြေခံစားသုံးကုန် ထောက်ပံ့ရေးအစား ပြန်လည် ထူထောင်ရေးအတွက် ပါဝင်မည်ဖြစ်ပါသည်။ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသော စာသင်ကျောင်းများ၊ ဆေးရုံများအတွက် ပါဝင် ကူညီသွားမည်ဖြစ်ပါသည်။

ယခုလောလောဆယ်မှာ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စာသင်ကျောင်း (၂) ကျောင်း၊ ရှမ်းပြည်နယ် အရှေ့တောင်ပိုင် ခိုလန်ဒေသမှာ အထက်တန်းကျောင်း၊ ချင်းပြည်နယ် တောင်ပေါ်ဒေသ မင်းတပ်မှာ စာသင်ကျောင်းများ ဆောက်လုပ် လှူဒါန်းလျက်ရှိပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

21 June 2016

မော်စကို ရဟန်းခံပွဲ

မော်စကို ရဟန်းခံပွဲ
********
သီတဂူ ၂၀၁၆ ဇွန် ၂၁


ဒီကနေ့ (၂၁-၆-၂၀၁၆) ရုရှားနိုင်ငံ မောစကိုရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာ ၈း၃၀ နာရီ အချိန်မှ စတင်ကာ သီတဂူဆရာတော်ကြီးကို ဥပဇ္ဈာယ်ရှပြု ရှင်ပြု-ရဟန်းခံ မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

၂၀၁၆ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်ကာလ၊ ဒုတိယအကြိမ် ဒုလ္လဘရဟန်းပြုခြင်းအစီစဉ်အဖြစ် ရဟန်းဒါယကာ၊ ဒါယိကာမများဖြစ်ကြသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ယုနှင့် ဇနီးဒေါ်ခင်မာမာလင်းတို့၏ ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းမှုဖြင့် စုစုပေါင်း ရဟန်းလောင်း (၁၁၄) ပါးတို့က မြန်မာထေရ၀ါဒဗုဒ္ဓစင်တာ (မော်စကို) တွင် ဒုလ္လဘရဟန်းပြုကြမည်ဖြစ်ပါသည်။

မြန်မာ အမျိုးသား ခြောက်ဦးတို့သည် သီတဂူဆရာတော်ကို ဥပဇ္ဈာယ်နံပြုလျက် နံနက် ၉း၀၀ နာရီအချိန်တွင် မြင့်မြတ်သော ရဟန်းဘဝသို့ ရောက်ရှိကြပါသည်။ 

ယခုအကြိမ် ဒုလ္လဘရဟန်းခံမင်္ဂလာပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ယု ကိုယ်တိုင် ဒုလ္လဘရဟန်းခံခြင်း၊ သံအမတ်ကြီးဇနီး ဒေါ်ခင်မာမာလင်းသည်လည်း သာသနာ့အနွယ်ဝင် သီလရှင်အဖြစ် သာသနာ့အမွေကိုခံယူကြပါသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

25 May 2016

သီတဂူဆရာတော် ဗုဒ္ဓနေ့အခမ်းအနားတက် (ဘန်ကောက်)

သီတဂူဆရာတော် ဗုဒ္ဓနေ့အခမ်းအနားတက် (ဘန်ကောက်)
***********
သီတဂူ ၂၀၁၆ မေ ၂၃


ဒီကနေ့ (၂၃-၅-၂၀၁၆) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကုလသမဂ္ဂအဆောက်ဦးမှာ ကျင်းပသည့် ဗုဒ္ဓနေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောသည်။
ထိုပွဲသို့ နိုင်ကာတကာမှ ဗုဒ္ဓဘာသာအသိုင်းဝိုင်းတို့ တက်ရောက်ကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

20 May 2016

သီတဂူဗုဒ္ဓနေ့ပူဇာ ဖိတ်ကြားခြင်း

သီတဂူဗုဒ္ဓနေ့ပူဇာ ဖိတ်ကြားခြင်း
***********
မနက်ဖန် သာသနာနှစ် ၂၆၀၀ မြန်မာနှစ် ၁၃၇၈ ကဆုန်လပြည့်နေ့ (၂၁-၅-၂၀၁၆)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၌ ဗုဒ္ဓနေ့ပူဇာ အခမ်းအနားကို နံနက် ၈:၀၀နာရီမှ စတင်မည်ဖြစ်ပါသည်။
အခမ်းအနားကို သီတဂူဆရာတော်ကြီး ကိုယ်တိုင် ဦးစီးမည်ဖြစ်ပါသည်။ အခမ်းအနားအပြီး ဗောဓိပင်အား ရေသွန်းလောင်း၍ပူဇော်ကြမည်။ အစာအာဟာရဖြင့် ကျွေးမွေးသည့်အစီအစဉ်လည်းပါသည်။

ညပိုင်း
~~~~~~~
ည ၇:၀၀နာရီအချိန်မှာ သီတဂူဆရာတော်ကြီးက တရားတော်များ ဟောကြားမည်ဖြစ်ပါကြောင်း အကျိုးမျှော်၍ အသိပေးအပ်ပါသည်။
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

သီတဂူဆရာတော်ထံ မြေကွက်လှူဒါန်းခြင်း

သီတဂူဆရာတော်ထံ မြေကွက်လှူဒါန်းခြင်း
************
သီတဂူ ၂၀၁၆ မေလ ၁၉

၁၉-၅-၂၀၁၆ ရက်နေ့၊ ညနေပိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၌ သာသနာ့မြေလှူဒါန်းပွဲကျင်းပသည်။
ထိုပွဲသို့ သီတဂူဆရာတော်နှင့် သီတဂူကပ္ပိယကာရကများ အလှူရှင်များ တက်ရောက်ကြသည်။
အလှူရှင် ရကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နေ ဦးစိန်ထွန်းရီ မိသားစုက သီတဂူဆရာတော်ကြီး ဆောင်ရွက်နေသော လုပ်ငန်းကြီးလေးရပ်အတွက် လိုအပ်သလို အသုံးပြုနိုင်ရန် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းနှင့် သုနန္ဒာလမ်းထောင့်ရှိ မြေအကျယ်- ၁ ဧကရှိသော မြေကွက်နှင့် အကျိုးခံစားခွင့်အဝဝကို စွန့်လွှတ်လှူဒါန်းသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

14 May 2016

ဒီည လမ်းမတော် ဓမ္မသဘင်

ဒီည လမ်းမတော် ဓမ္မသဘင်
***********

ဒီကနေ့(၁၄-၅-၂၀၁၆) စနေနေ့ည ရန်ကုန် လမ်းမတော်မြို့နယ် (၅)လမ်း မိသားစုတို့၏ ဓမ္မသဘင်၌ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) မဟာဂန္ထဝါစကပဏ္ဍိတ အရှင်မြတ်က တရားချီးမြင့်မည်ဖြစ်ပါသည်။

၁၆-၅-၂၀၁၆ ညမှာ သီတဂူဆရာတော်ကြီးက တရားချီးမြင့်မည်ဖြစ်ပါသည်။

တရားချစ်ခင် သူတော်စင်တို့အား ဖိတ်မန္တကပြုပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၀၉ ၂၅၀ ၇၉၀ ၄၈၃

02 May 2016

သီတဂူဆရာတော် ရာပြည့်အခမ်းအနားတက်ရောက်

သီတဂူဆရာတော် ရာပြည့်အခမ်းအနားတက်ရောက်
*************
သီတဂူ ၂၀၁၆ မေလ (၂)ရက်

ဒီကနေ့ (၂-၅-၂၀၁၆) မနက်ပိုင်းက သီတဂူဆရာတော်သည် မန္တလေးမြို့ မဟာဝိသူဒ္ဓါရုံရွှေကျင်တိုက်တွင် ကျင်းပသော ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး၏ သက်တော် ရာပြည့်ပူဇော်ပွဲ အခမ်းအနားကို တက်ရောက်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

11 April 2016

သီတဂူ သင်္ကြန် အထူးတရားပွဲ (ရန်ကုန်)

သီတဂူ သင်္ကြန် အထူးတရားပွဲ (ရန်ကုန်)
*****************
 
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) (၂၀၁၆ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှ ၁၇ရက်နေ့အထိ ညစဉ် (၇း၃၀နာရီမှာ) သီတဂူကထိကများကတရားဓမ္မများ ဟောကြားမည်ဖြစ်ပါသည်။
******************
၁။ ဒေါက်တာအရှင်သုတာစာရာလင်္ကာရ ၁၃၇၇ခုနှစ် တန်ခူးလဆန်း (၅)၊
(၁၂-၄-၂၀၁၆) သင်္ကြန်အကြိုနေ့

၂။ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) ၁၃၇၇ခုနှစ် တန်ခူးလဆန်း (၆)၊ (၁၃-၄-၂၀၁၆) သင်္ကြန်အကျနေ့

၃။ ဒေါက်တာ အရှင်ကိတ္တိဗလ ၁၃၇၇ခုနှစ် တန်ခူးလဆန်း (၇)၊
(၁၄-၄-၂၀၁၆) သင်္ကြန်အကြတ်နေ့

၎။ ဒေါက်တာ အရှင်ဣန္ဒာစရိယ ၁၃၇၇ခုနှစ် တန်ခူးလဆန်း (၈)၊ (၁၅-၄-၂၀၁၆) သင်္ကြန်အကြတ်နေ့

၅။ အရှင်ဒေ၀ိန္ဒာဘိဝံသ ၁၃၇၇ခုနှစ် တန်ခူးလဆန်း (၉)၊
(၁၆-၄-၂၀၁၆) သင်္ကြန်အတက်နေ့

၆။ အရှင်ခေမာသိရီလင်္ကာရ (ရွှေပြည်ဟိန်းဆရာတော်) ၁၃၇၇ခုနှစ် တန်ခူးလဆန်း (၁၀)၊(၁၇-၄-၂၀၁၆) နှစ်ဆန်း (၁)ရက်နေ့

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၀၉ ၂၅၀ ၇၉၀ ၄၈၃

16 March 2016

ထူပါရုံစေတီကြီး စိန်ဖူးတော်ပူဇော်ပွဲ အောင်မြင်စွာပြီးစီး

ထူပါရုံစေတီကြီး စိန်ဖူးတော်ပူဇော်ပွဲ အောင်မြင်စွာပြီးစီး
***********
သီတဂူ ၂၀၁၆ခု၊ မတ်လ (၁၆)

ဒီနေ့ ၁၆ ၃ ၂၀၁၆ နံနက် ၈း၀၀နာရိမှာ စစ်ကိုင်း ထူပါရုံစေတီတော်ကြီး စိန်ဖူးတော်အထွဋ်တင်လှူပွဲ အခမ်းအနား၏ အစအဆုံးကို စကိုင်းနက် ဗုဒ္ဓလိုင်းမှ တိုက်ရုက်လွှင့်သွားပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးယိုယွင်း၍ ရှေးမြန်မာ မင်းနှင့်ပြည်သူအဆက်ဆက်တို့ ပြုပြင်ကောင်းမှုဖြစ်သော ထူပါရုံစေတီကြီးဖြစ်ပါသည်။

၁၃၇၃ခုနှစ် မြေငလျင်ကြောင့် စေတီကိုယ်လုံးတော် အက်ကွဲသွားခြင်းကြောင့် သီတဂူဆရာတော်ကြီးဦးစီးပြီး မင်းနှင့်ပြည်သူတို့ ကျက်သိန်းပေါင်း တစ်သောင်း ငါးထောင်ကျော် အကုန်ကျခံပြန်လည်ပြုပြင်ထားပါသည်။

၃နှစ်တိုင်တိုင် ပြုပြင်ပြုလုပ်ခဲ့သော ယခုအခါအားလုံး ပြီးဆုံးသည်ဖြစ်၍ ထိုထူပါရုံစေတီတော်ကြီးကို စိန်ဖူးတော်အထွဋ်တင် ပူဇော်ပွဲ အခမ်းအနားကို ခမ်းနားစွာ ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့် သံဃာတော်များ၊ သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီးများ, တိုင်းဒေသ၀န်ကြီးများ၊ အလှူရှင်များ၊ သီတဂူကပ္ပိယကာရအဖွဲ့များ တက်ရောက်ကြသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitgau.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

09 March 2016

သီတဂူဆရာတော် စေတီတော်ထီတင်ပွဲ (နာဂဒေသ)

သီတဂူဆရာတော် စေတီတော်ထီတင်ပွဲ (နာဂဒေသ)
****************
သီတဂူ၊ ၂၀၁၆၊ မတ်လ (၉)

မနေ့ (၈-၃-၂၀၁၆) နံနက်ပိုင်း ၁၀:၀၀ နာရီအချိန်တွင် သီတဂူဆရာတော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်ရှိ ရွှေတိဂုံ ပုံတူ သန္တိကရ စေတီတော်ထီးတင်၊ စိန်ဖူးတော်၊ ငှက်မြတ်နား၊ စိန်ဖူးတော်တင်ခြင်းနှင့် ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်း အခမ်းအနားသို့ ကြွရောက်တော်မူသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net




ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes