ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး
**********
သီတဂူ ၂၀၁၆ သြဂုတ် ၂၁
မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ထိပ်တန်းအရာရှိကြီးများသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးကို ၂၁-၁-၂၀၁၆ ရက်နေ့၊ နံနက်ခင်း ၉း၃၀ နာရီအချိန် လာရောက်ဖူးမျှော်ကြည်ညိုကြပါသည်။

တပ်ချုပ်ကြီးနှင့်အဖွဲ့ကို သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ
(စစ်ကိုင်း) တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ရွှေစည်းခုံစေတီတော်အတွင်းရှိ
ဆင်းတုတော်များနှင့် ဓမ္မာရုံကြီးအတွင်းသို့ သီတဂူဆရာတော်ကြီး
ကိုယ်တော်တိုင် လိုက်လံပြသပေးတော်မူပါသည်။
ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ရှိ သိမ်တော်ကြီးအတွင်း သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး သီတဂူဆရာတော်ကြီးက ရေစက်ချအနုမောဒနာတရား ချီးမြှင့်ပေးတော်မူခဲ့ပါသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

Sunday, August 21, 2016
sitagustar

Posted in:
0 comments:
Post a Comment