သီတဂူစတား

သီတဂူစတား

25 June 2015

သီတဂူဆရာတော် အမေရိကန်ဒေါ်လာ သုံးသာင်း လှူ (နီပေါလ်မြေငလျင်)

သီတဂူဆရာတော် အမေရိကန်ဒေါ်လာ သုံးသာင်း လှူ (နီပေါလ်မြေငလျင်)
---------------------------------------

ဒီကနေ့ (၂၅-၆-၂၀၁၅) နေ့လည်ပိုင်းက သီတဂူဆရာတော်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်သံရုံးသို့ ကြွတော်မူသည်။ ပြီးခဲ့တဲ့ ( ၂၅-၄-၂၀၁၅)က လှုပ်ခက်သွားသော နီးပေါလ်နိုင်ငံ မြေငလျင်ကြောင့် လူပေါင်း ၈၈၀၀ ကျော် အသက်ဆုံးရှုံးရပြီး၊ သိန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ရပါသည်။

သီတဂူဆရာတော်ကြီးက လူသားချင်းစာနာထောက်ထားသောအားဖြင့် ထိုမြေလျင်ဒဏ်ခံများ ပြန်လည်ထူထောင်ရေးအတွက် အထောက်ကူဖြစ်စေရန် အမေရိကန်ဒေါ်လာ သုံးသောင်း (၃၀၀၀၀)တို့ကို မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်သံအမတ်ကြီးအား ပေးလှူခဲ့သည်။ 

သီတဂူဆရာတော်ကြီးက အလှူပမာဏဟာ သေးငယ်ပေမဲ့ နှလုံးသားမှ လာသော မေတ္တာ ကရုဏာတွေဖြစ်ကြောင်း မိန့်သည်။

သီတဂူဆရာတော်ကြီးကို သံရုံးမိသားစုများက ၀မ်းပန်းတသာ ကြိုဆိုကြသည်
(အလားတူ ပြီးခဲ့တဲ့နှစ်က ပါကစ္စတန်ရေဘေးအတွက် ပါကစ္စတန်သံရုံးသို့သွား၍ အမေရိကန်ဒေါ်လာ တစ်သောင်း လှူခဲ့ဖူးသည်)

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၅

သီတဂူ စကာၤပူ အထူးတရားပြဲ

သီတဂူ စကာၤပူ အထူးတရားပြဲ
-----------------

သီတဂူဆရာတော်ကြီးသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ မြန်မာထေရ၀ဒါဗုဒ္ဓဘာသာ ကျောင်းတော်ကြီးဖွင့်ပွဲသို့ မကြွမီ စင်္ကာပူသို့ ခေတ္တ၀င်မည် ဖြစ်ပါသည်။

စင်္ကာပူရောက်ခိုက် (၂၇-၆-၂၀၁၅) စနေနေ့ စင်္ကာပူစံတော်ချိန် ညနေ (၆း၃၀) စင်္ကာပူရောက် မြန်မာပြည်သူများအား တရားတော်များ ချီးမြင့်မည် ဖြစ်ပါသည်။

နေရာ= The Arena Country Club, 511 Upper Jurong Road, Singapore 638366, Neare Joo Koon MRT

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၅
www.sitagustar2020.net

23 June 2015

ကျောင်းသားသစ်ကြိုဆိုပွဲကျင်းပ (မန္တလေး)

ကျောင်းသားသစ်ကြိုဆိုပွဲကျင်းပ (မန္တလေး)
-------------------------------

ဒီကနေ့ (၂၃-၆-၂၀၁၅) နံနက်ပိုင်း၊ မန္တလေးတောင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းသားအသစ် ကြိုဆိုပွဲကျင်းပသည်။

ထိုပွဲသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ သင်ကြားစီမံဆရာများ၊ ကျောင်းသား ကျောင်းသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

(၂၀-၆-၂၀၁၅ ရက်နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
(၂၂-၆-၂၀၁၅)နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တို့မှာ ကျောင်းသားအသစ်ကြိုဆိုပွဲများ ကျင်းပပြီးခဲ့ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၆-၂၀၁၅
www.sitagustar2020.net

22 June 2015

သီတဂူကျောင်းသားသစ်ကြိုဆိုပွဲ (စစ်ကိုင်း)

သီတဂူကျောင်းသားသစ်ကြိုဆိုပွဲ (စစ်ကိုင်း)
-----------------------

ဒီကနေ့ (၂၂-၆-၂၀၁၅) နံနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်မးဆောင်ကြီးတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းသားသစ်ကြိုဆိုပွဲ ကို ကျင်းပပြုလုပ်သည်။

ထိုအခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ ဝေဇယန္တာဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မော်ကွန်းထိန်းဆရာတော်၊ သင်ကြားစီမံဆရာတော်များ၊ ကျောင်းသား ကျောင်းသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဝေဇယန္တာဆရာတော်က သြ၀ါဒပေးသည်။ အဓိပတိဆရာတော်က ကျောင်းသားသစ်ကြိုဆိုသောအားဖြင့် သြ၀ါဒစကား ပြောကြားသည်။ ဒေါက်တာ သဇ္ဇနက ကျောင်းသားစာရင်းများ ပြောသည်။ ဒေါက်တာ ကုမာရမှ ကျောင်းသားစည်းကမ်းများ ပြောသည်။

၎င်းနောက် ကျောင်းသားကဒ်အသီးသီးကို မော်ကွန်းထိန်းဆရာတော် ဒေါက်တာပဏ္ဍိတ၀ရာဘိဝံသက ပေးအပ်သည်။
အလှူရှင်များက ကျောင်းသားသစ်များကို လှူဖွယ်များ လောင်းလှူပြီး နေဆွမ်းကပ်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၆-၂၀၁၅
www.sitagustar2020.net
ဓာတ်ပုံ-သီတဂူကထိက အရှင်သူရိယ (စစ်ကိုင်း)

20 June 2015

သီတဂူ အောင်လက်မှတ်ပေးပွဲ (ရန်ကုန်)

သီတဂူ အောင်လက်မှတ်ပေးပွဲ (ရန်ကုန်)
-------------------

ဒီကနေ့ (၂၀-၆-၂၀၁၅)နေ့ နံနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ သန္နိပါတခန်းမဆောင်ကြီးအတွင်းမှာ ဗုဒ္ဓဓမ္မဒီပလိုမာနှင့် ဗုဒ္ဓဓမ္မပါဒက အောင်လက်မှတ် ပေးပွဲ၊ ကျောင်းသားအသစ် ကြိုဆိုပွဲ အခမ်းတို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီး၊ ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌ (ရွှေကျင်)၊ ကထိကဆရာများ၊ ဘွဲ့ခံကျောင်းသား (၃၀၀)ကျော်၊ ကျောင်းသားအသစ်များ၊ အလှူရှင်များ၊ သီတဂူကပ္ပိယကာရကအဖွဲ့များ တက်ရောက်ကြသည်။

စာအောင်ကျောင်းသားအားလုံးအား အဓိပတိ ဆရာတော်ကြီးကိုယ်တိုင် အောင်လက်မှတ်များ ချီးမြှင့်ပေးသည်။

လူ (၁၂၀၀)ကျော်အတွက် အကျွေးအမွေးနှင့် ကြွရောက်လာသော သံဃာတော်များ လှူဒါန်းမှုတို့ကို ရွှေသံလွှင်မိသားစုက ပြုလုပ်သည်၊ စာအုပ်စာတမ်းကို စိန်မြှားမိသားစု၊ ပိုင်ကုမ္ပဏီမိသားစုတို့က အသီးအသီးလှူဒါန်းကြသည်။

“သီတစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၆-၂၀၁၅
www.sitagustar2020.net

18 June 2015

ဘွဲ့ခံအစမ်းလေ့ကျင့် (Rehearsal) ပြုလုပ်

ဘွဲ့ခံအစမ်းလေ့ကျင့် (Rehearsal) ပြုလုပ်
------------------
၂၀-၆-၂၀၁၅ ရက်နေ့ ဘွဲ့လက်မှတ် ခံယူကြမည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းတော်သူ ကျောင်းတော်သားများ (၂၀၁၃-၄ ပညာသင်နှစ်နှင့် ၂၀၁၄-၅ ပညာသင်နှစ်) သည် ဒီကနေ့ (၁၈-၆-၂၀၁၅) နေ့လည် ၁း၀၀ နာရီက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတခန်းမဆောင်၌ ဘွဲ့ယူပုံ အကြိုလေ့ကျင့်မှု ပြုလုပ်သည်။

ကျောင်းသား (၃၀၀)ကျော်လောက်ကို ဘွဲ့လက်မှတ်များ ချီးမြင့်မည် ဖြစ်သည်။ ထို့ပြင် ကျောင်းသားအသစ် (၄၀၀)၀န်းကျင်တို့ကို ကြိုဆိုသည့်ပွဲလည်း ဖြစ်သဖြင့် အချိန်နှင့် နေရာ အဆင်ပြေစေရန် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်။

နေရာချပုံများ
--------------------
(က) ဘုရားခန်း သံဃာစင်မြင့်ပေါ်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီးနှင့် ရန်ကုန်တိုင်းဥက္ကဋ္ဌ (ရွှေကျင်) ဆရာတော်ကြီး နှစ်ပါးနေရာ၊ စင်မြင့်မှာပဲ တက္ကသိုလ် အဓိပတိဆရာတော်ကြီးက ဘွဲ့လက်မှတ်များများ ချီးမြင့်မည်။

(ခ) သံဃာစင်မြင့်အောက်
----------------------------

၁။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ

၂။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ

၃။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာ ကျောင်းသား အသစ်များ

၎။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဗုဒ္ဓဓမ္မပါဒက ဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ

၅။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဗုဒ္ဓဓမ္မပါဒက ဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ

၆။ အလှူရှင်များ၊ ကပ္ပိယကာရကအဖွဲ့များ

၇။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဗုဒ္ဓဓမ္မပါဒက ကျောင်းသား အသစ်များ
တက်ရောက်မည့် ဘွဲ့ခံပုဂ္ဂိုလ်များ

မှတ်ချက်။ ဘွဲ့ခံယူမည့် ရဟန်းတော်များသည် တူညီသော အုဋ္ဌ်ခဲရောင် သင်္ကန်းအ၀ါကို ၀တ်ရုံပြီး ကြွရန်

ဗုဒ္ဓဓမ္မပါဒကဘွဲ့ယူမည့် ကျောင်းတော်သူ ကျောင်းတော်သားများကလည်း တူညီသော ယူနီဖောင်းဝတ်စုံနှင့် စလွယ်တို့ကို သေသပ်စွာ ၀တ်ဆင်ကြရန်

သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၆-၂၀၁၅
www.sitagustar2020.net

17 June 2015

ဘွဲ့ခံကျောင်းသားများသို့ အသိပေးခြင်း

ဘွဲ့ခံကျောင်းသားများသို့ အသိပေးခြင်း
------------------
၂၀-၆-၂၀၁၅ နေ့တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတ ခန်းမဆောင်၌ ကျင်းပမည့် အောင်လက်မှတ် ပေးပွဲတွင် ဘွဲ့ယူကြမည့်---
(က) ဗုဒ္ဓဓမ္မဒီပလိုမာတန်း Diploma in Buddha dhamma ဘွဲ့ရ (၈၀)ဦး (၂၀၁၃-၂၀၁၄၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်)
(ခ) ဗုဒ္ဓဓမ္မပါဒက ဘွဲ့ရ (၂၉၁) ဦး၊ (၂၀၁၃-၄၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်) တို့သည်
၁၈-၆-၂၀၁၅ နေ့ နေ့လည် (၁း၀၀) နာရီတွင် ဘွဲ့ယူပုံ အစမ်းလေ့ကျင့်(Rehearsal) ရန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတ ခန်းမဆောင်သို့ မပျက်မကွက် ကြွရောက်ကြပါရန် အသိပေးအပ်ပါသည်။
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၆-၂၀၁၅
www.sitagustar2020.net

16 June 2015

မော်စကို ကျောင်းအလှူတော်

မော်စကို ကျောင်းအလှူတော်
-------------------------
၁-၇-၂၀၁၅နေ့ ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်မည့် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ မြန်မာထေရ၀ါဒဗုဒ္ဓစင်တာ ကျောင်းတော်ကြီး အလှူတော်အတွက် သီတဂူဆရာတော်ကြီး စပ်ဆိုသည်။

ဒို့များ “ညီ”တူ၊ ကျောင်းအလှူကား
သောင်းဆူစကြာဝဠာ၊ နတ်ဗြဟ္မာတို့
ဖရဏာပီတိ၊ ဂွမ်းဆီထိသို့
ပီတိသဉ္စနန၊ ၀မ်းမြောက်ရအံ့။


ရခဲစွာလှ၊ လူ့ဘ၀၌
သဒ္ဓမ္မသုံးဖြာ၊ သာသနာ၏
အခွင့်သုံးဝ၊ ဆုံးရှူံးကြသည့်
ပစ္စန္တဗိုလ်၊ လူထိုထိုတို့
သင်ဘို့ ကျင့်ဘို့၊ အားထုတ်ကြဘို့
ငါတို့ပေါင်းစု၊ ကောင်းစွာပြုသည်
သောင်းထုစကြာဝဠာကျော်၊ ဤကျောင်းတော်သည်
ရေရှားဘေးခ၊ ကန္တာရကြမ်း၊ ခရီးလမ်းဝယ်၊
ပင်ပန်းစွာလှ၊ သွားလာကြ၍၊
ဓမ္မသီတာရေ၊ မွတ်သိပ်နေသည့်
ဝေနေယျခပင်း၊ ထိုလူတသင်းတို့အတွက်
အိုအေစစ်လား၊ ကန္တာရမိုးလား?
လား၊ လား၊ လေး၊ လေး
တွေးရပလောက်၊ ကန္တာရမှာ
ကြာပေါက်လေပြီ၊ ကောင်းချီးသီလျှက်
နတ်ပြည်၊ မဟဂ္ဂုတ်၊ ဘ၀ဂ်လှုပ်အောင်
အုတ်အုတ်ကျက်ကျက်၊ ဓမ္မစက်သံ
မိုးသို့ညံသည်၊ ဓမ္မအောင်လံ ထူခဲ့ပြီတကား။ ။
သီတဂူဆရာတော်

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၆-၂၀၁၅
www.sitagustar2020.net

15 June 2015

သီတဂူသာသနာပြုအဖွဲ့ (အောက်မြန်မာပြည်) အစည်းအဝေးကျင်းပ

သီတဂူသာသနာပြုအဖွဲ့ (အောက်မြန်မာပြည်) အစည်းအဝေးကျင်းပ
-----------------------------------------
ဒီကနေ့ (၁၄-၆-၂၀၁၅) ညနေ (၃း၃၀)က သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်၊ အစည်းအဝေးခန်းမဆောင်တွင် တွေ့ဆုံပွဲတစ်ရပ် ကျင်းပသည်။
ထိုတွေ့ဆုံပွဲသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားစီမံအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူးဆရာတော်များနှင့် သီတဂူကပ္ပိယကာရက အဖွဲ့တို့ တက်ရောက်ကြသည်။

အကြောင်းအရာများ
----------------------------
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ကျောင်းသားအသစ်ကြိုဆို တွေ့ဆုံပွဲ (Fresher-Welcome)ကို (၂၀-၆-၂၀၁၅) နေ့ နံနက် ၇း၀၀ နာရီက စတင်ပြီး ကျင်းပမည်ဖြစ်ကြောင်း၊ ထိုကျောင်းအသစ်ကြိုဆိုပွဲသို့ ယခုနှစ်တက်ရောက် ပညာသင်ကြားကြမည့် (က)ဘီအေတန်း၊ (ခ) ဒီပလိုမာတန်း၊ (ဂ) ဗုဒ္ဓဓမ္မပါဒကအတန်း စုစုပေါင်း ကျောင်းသား (၅၆၀) ယောက်နှင့် ဒီပလိုမာတန်းနှင့် ဗုဒ္ဓဓမ္မပါဒကအတန်းတွင် ဘွဲ့ခံကျောင်းသား (၂၀၀)ကျော်၊ စုစုပေါင်း (၈၀၀) ၀န်းကျင်သော ကျောင်းသားများ တက်ရောက်ကြရမည် ဖြစ်ကြောင်း အစည်းဝေးပြုလုပ်ကြသည်။
ထိုပွဲအတွက် ကျောင်းသားများအား စာအုပ်စာတန်းများ လှူဒါန်းခြင်း၊ ဘွဲ့ခံပုဂ္ဂိုလ်များအား ဘွဲ့လက်မှတ်များ ပေးအပ်နှင်းခြင်း၊ အထူးဆုများ ပေးခြင်း၊ ကျွေးမွေးဧည့်ခံခြင်း၊ အထူးဧည့်သည်များ ဖိတ်ကြားခြင်း စသည့် ကျောင်းသားအသစ်ကြိုဆိုပွဲနှင့် စပ်သော အကြောင်းအရာများကို တိုင်ပင် ညှိနှိုင်းခြင်း၊ တာဝန်ကိုယ်စီ ခွဲဝေကြခြင်းများပြုလုပ်ကြသည်။ ထို့ပြင် သီတဂူသာသနာပြုဆိုင်ရာများ အကြောင်းကိုလည်း ထည့်သွင်း တိုင်ပင်ကြသည်။

ဖိတ်ကြားခြင်း
----------------------
သို့ဖြစ်ပါ၍ ယခုနှစ် တက်ရောက်ကြမည့် ကျောင်းတော်သူ ကျောင်းတော်သားများ၊ ဘွဲ့လက်မှတ်ခံယူကြမည့် ကျောင်းတော်သူ ကျောင်းတော်သားများ၊ သီတဂူကပ္ပိယကာရကအဖွဲ့ဝင်အားလုံးနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၆-၂၀၁၅
www.sitagustar2020.net

13 June 2015

သီတဂူ ကျောင်းသား ဆရာတွေ့ဆုံပွဲ (၁)

သီတဂူ ကျောင်းသား ဆရာတွေ့ဆုံပွဲ (၁)

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် သင်ကြားစီမံအဖွဲ့နှင့် ဗုဒ္ဓဓမ္မပါဒကအတန်း (လူဝတ်ကြောင်များအတွက် သီးသန့်) ကျောင်းသူ ကျောင်းသားများတွေ့ဆုံ မိတ်ဆက်ပွဲကို ဒီကနေ့ နံနက် (၈း၀၀)နာရီက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ သန္နိပါတခန်းမဆောင်၌ ကျင်းပသည်။

သင်ကြားစီမံအဖွဲ့က ဆရာများက ကျောင်းစီးကမ်းများ၊ သြ၀ါဒများ ပြောကြား၊ ပေးကြသည်။
နေ့လည်ပိုင်း (၁း၃၀)တွင်လည်း ဘီအေတန်းနှင့် ဒီပလိုမာ ကျောင်းသား ကျောင်းသူများနဲ့ တွေ့ဆုံပွဲ ရှိပါသေးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၆-၂၀၁၅
www.sitagustar2020.net

12 June 2015

မြန်မာ+ကိုရီးယား တက္ကသိုလ်နှစ်ခု လက်မှတ်ထိုး

မြန်မာ+ကိုရီးယား တက္ကသိုလ်နှစ်ခု လက်မှတ်ထိုး
--------------------------

တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော သီတဂူဆရာတော်ကြီးသည် ၁၂-၆-၂၀၁၅ နေ့က Gyeongji မြို့ Dongguk တက္ကသိုလ်နှင့် သီတဂူတက္ကသိုလ်တို့အကြား  ဆရာ၊ ကျောင်းသားနှင့် ပိဋကတ်တော်များ လှဲလှယ်ရေး နားလည်မှုစာချွန်လွှာ (MOU)အတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိနှင့် ဒွန်ဂူးတက္ကသိုလ် ပါမောက္ခချုပ်တို့က လက်မှတ် ရေးထိုးခဲ့ပါသည်။

The Chancellor of Sitagu International Buddhist, Sagaing, Myanmar and the Rector of Dongguk University (Gyeongju Campus) of institute of Buddhist studies signed the MOU to explore the areas of exchanging Students and teachers and Tipitaka Material between two universities.

Posted by သီတဂူသတင်း
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၆-၂၀၁၅
www.sitagustar2020.net

10 June 2015

သီတဂူမျက်စိအလှူတော် (နမ့်ခမ်းမြို့)

သီတဂူမျက်စိအလှူတော် (နမ့်ခမ်းမြို့)
----------------------------

သီတဂူဆရာတော်ဘုရားကြီး၏ ညွှန်ကြားမှုဖြင့် တည်ထောင်ထားသော ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ သီတဂူစက္ခုဒါနဆေးရုံ၌ သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တို့သည် ၈-၆-၂၀၁၅ နေ့က စတင်၍ မျက်လုံးအလှူတော်များ စတင်ခဲ့သည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) အုပ်ချုပ်ရေးမှူး ဘုန်းကြီးဦးကောဝိဒ၊ အာယုဒါနဆေးရုံ အုပ်ချုပ်ရေးမှူး ဘုန်းကြီးဒေါက်တာ အရှင်သေဋ္ဌိလ၊ သီတဂူကပ္ပိယကာရက ဒု-ဥက္ကဋ္ဌ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာမြအောင်နှင့် သီတဂူဆရာ၊ ဆရာမများ၊ သူနာပြုများ၊ ဒေသခံများက ၀ိုင်းဝန်းလုပ်အားပေးကြသည်။

ကုသမှုပြီးစီးမှု
ယနေ့အထိ စမ်းသပ်ပြီးစီးမှု=၂၃၂
ခွဲစိပ်ကုသမှု=၁၀ ဦးတို့ကို စတင်  ခွဲစိပ်ကုသမှုများ ပြုလုပ်ကြပါသည်။

၁၃-၆-၂၀၁၅ နေ့အထိ စမ်းသပ် ကုသပေးမည် ဖြစ်သည်။

သတင်းဓာတ်ပုံ=ဘုန်းကြီး ဦးကောဝိဒ၊ ဦးသေဋ္ဌိလ

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၆-၂၀၁၅
www.sitagustar2020.net

09 June 2015

သီတဂူ ၀င်ခွင့်အောင်ဂေဇာတ် ထုတ်ပြန်

သီတဂူ ၀င်ခွင့်အောင်ဂေဇာတ် ထုတ်ပြန်
-------------------------

၅/၆-၆-၂၀၁၅ နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ၂၀၁၅-၂၀၁၆ ပညာင်သင်နှစ်အတွက် ဘီအေတန်းနှင့် ဒီပလိုမာတန်းများ ၀င်ခွင့်စာမေးပွဲကို ကျင်းပခဲ့ရာ ၇-၆-၂၀၁၅ နေ့က အောင်ဂေဇာတ် ထုတ်ပြန်လိုက်သည်။

ဘီအေတန်းကို နှစ်စဉ် (၁)နှစ် တစ်ကြိမ် ကျင်းပသည်၊ ဒီပလိုမာတန်းဝင်ခွင့်ကိုတော့ (၆)လ တစ်ကြိမ် ကျင်းပပေးသွားမည် ဖြစ်သည်။

(က) ဘီအေတန်း ၀င်ခွင့် ဖြေဆိုခွင့်ရှိသူ မှာ အသက် ၃၀ အောက်ဖြစ်ပြီး ဓမ္မာစရိယဘွဲ့တစ်ခုခု သို့မဟုတ် တက္ကသိုလ်တစ်ခုခုက ဘီအေ စသည့် ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။

(ခ) ဒီပလိုမာတန်း ၀င်ခွင့်ရရှိသူမှာ အသက် ၃၀ အောက်ဖြစ်ပြီး ပထမကြီးတန်း သို့မဟုတ် တက္ကသိုလ်ဝင်တန်း အောင်ပြီးဖြစ်ရမည်။

ယခုနှစ် ဘီအေတန်း (၁)ပါး ၀င်ခွင့်အောင်။ ဘီအေတန်း ၀င်ခွင့်မရသူ (၅)ယောက်ကိုတော့ ဒီပလိုမာတန်းတွင် ပညာသင်ခွင့်ရသည်။

ဒီပလိုမာတန်း တိုက်ရိုက်ဝင်ခွင့်ဖြေဆိုအောင်မြင်သူ (၄၄) ယောက်ဖြစ်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၆-၂၀၁၅
www.thesitagu.org
www.sitagustar2020.net

08 June 2015

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းစတင်ဖွင့်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းစတင်ဖွင့်
----------------------------

သင်ကြားစီမံအဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ၁၃-၆-၂၀၁၅ (စနေ)နေ့က စပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမြို့များရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ပြန်လည်ဖွင့်မည် ဖြစ်သည်။
ရန်ကုန်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သင်တန်းများ
----------------------------------------
(က) ဘီအေတန်း ကျောင်းသား ဦးရေ ( ၁၀၁)

(ခ) ဒီပလိုမာတန်း ကျောင်းသား ဦးရေ (၁၄၅ )
(ဂ) ဗုဒ္ဓဓမ္မပါဒကအတန်း (လူဝတ်ကြောင်များအတွက်) ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား ဦးရေ (၂၅၄ )
(ဃ) အင်္ဂလိပ်စာ သီးသန့်တန်း
စုစုပေါင်း (၅၀၀)ယောက်တို့ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ပညာသင်ကြားကြမည် ဖြစ်သည်။
(ဂ) ဗုဒ္ဓဓမ္မပါဒကအတန်း လူဝတ်ကြောင်များအတွက် စနေ၊ တနင်္ဂနွေ နေ့တိုင်း၊ နံနက် (၈း၀၀)နာရီမှ (၁၁း၀၀)နာရီအထိ ဖြစ်သည်။
သင်တန်းဆရာနှင့် ဘာသာရပ်များကို အချိန်နှင့်တကွ ကြေညာဘုတ်တွင် ကြည့်ရှုနိုင်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၆-၂၀၁၅
www.sitagustar2020.net

07 June 2015

ကိုရီးယားရောက် သီတဂူဆရာတော်ကြီး

ကိုရီးယားရောက် သီတဂူဆရာတော်ကြီး
------------------------------


တောင်ကိုရီးယားနိုင်ငံရှိ မြန်မာမိသားစုများ ပင့်ဖိတ်ချက်အရ သီတဂူဆရာတော်ကြီးသည် ၃-၆-၂၀၁၅နေ့ မနက်ပိုင်းတွင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်တော်မူသည်။

(က) ကိုရီးယားနိုင်ငံရောက်ခိုက် မြန်မာရဟန်းတော်များနှင့် မြန်မာမိသားစုများက ကြိုဆိုဂါရ၀ပြုကြသည်။

(ခ) ကိုရီးယားနိုင်ငံတွင် ထင်ရှားကျော်ကြားသည့် မဟာယာနဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ပင့်ဖိတ်ချက်အရ ရှေးဟောင်း ကိုရီးယားဗုဒ္ဓဘာသာကျောင်းတော်များသို့ ကြွရောက် နှုတ်ခွန်းဆက်သည်။

(ဂ) ထို့ပြင် ကိုရီယားနိုင်ငံ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများတည်ထောင်သည့် (Dongguk University)ကို ကြွရောက်၍ တက္ကသိုလ်အဓိပတိဆရာတော်နှစ်ပါးက အပြန်အလှန် ကျောင်းသား၊ ဆရာ လဲလှယ်သင်ကြားရေးစနစ်ကိုလည်း ဆွေးနွေးခဲ့သည်။

(ဃ) ကိုရီးယားနိုင်ငံရောက် မြန်မာမိသားစုများ၊ ကိုရီးယားနိုင်ငံသားများအားလည်း တရားတော်များ ချီးမြင့်တော်မူသည်။

(င) ကိုးရီးယားနိုင်ငံသို့ ရောက်ရှိနေသော ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးသည် ၇-၆-၂၀၁၅ ညနေပိုင်းတွင် ဆင်ဖြူတော် ဖေါင်ဒေးရှင်း ပဓာနဦးဆောင် ကိုးရီးယားဆရာတော်နှင့် တွေ့ဆုံခဲ့ပါသည်။

ဆင်ဖြူတော်ဖေါင်းဒေးရှင်းဆရာတော်သည် ယခင်ကတည်းက သီတဂူဆရာတော်နှင့်အတူ လက်တွဲကာ ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

ယခုအကြိမ်တွေ့ဆုံမှုတွင် ဆင်ဖြူတော်ဖေါင်းဒေးရှင်းဆရာတော်မှ သီတဂူသာသနာပြုအဖွဲ့မှ ဆောင်ရွက်နေသော နာဂတောင်တန်းဒေသ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု စီမံကိန်းတွင် ပညာရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ရန်အတွက် စာသင်ကျောင်းတစ်ဆောင် ပါဝင် ဆောက်လုပ်လှူဒါန်းပေးမည်ဟု ကတိပေးထားသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၆-၂၀၁၅
www.sitagustar2020.net

05 June 2015

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၀င်ခွင့်စာမေးပွဲ ကျင်းပ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၀င်ခွင့်စာမေးပွဲ ကျင်းပ
---------------------------

ဒီကနေ့ (၅-၆-၂၀၁၅)နေ့လည် ၂း၀၀ နာရီက ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဘီအေ (B.A)တန်းအတွက် ၀င်ခွင့်စာမေးပွဲကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် တပြိုင်တည်းကျင်းပသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာတော့ (ဘီအေတန်း ၀င်ခွင့်စာမေးပွဲ) ရဟန်း၊ သီလရှင်ဆရာလေး စုစုပေါင်း (၁၅)ပါး ၀င်ရောက်ဖြေဆိုသည်။

မနက်ဖန် (၆-၆-၂၀၁၅)နေ့မှာတော့ ဒီပလိုမာတန်း ၀င်ခွင့်စာမေးပွဲကို တက္ကသိုလ်ကြီး ၃ ခုမှာ တချိန်တည်း တပြိုင်တည်း ကျင်းပမည် ဖြစ်ပါသည်။

ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဒီပလိုမာတန်း ၀င်ခွင့်ဖြေဆိုရန် စာရင်းပေးထားသူ (၆၃)ယောက်ရှိသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၆-၂၀၁၅
www.thesitagu.org
www.sitagustar2020.net

02 June 2015

သီတဂူဆရာတော်ကြီး ဖားအောက်တော်ရဆရာတော်နှင့် တွေ့

သီတဂူဆရာတော်ကြီး ဖားအောက်တော်ရဆရာတော်နှင့် တွေ့
--------------------------------

ဒီကနေ့ မနက် (၂-၆-၂၀၁၅) ပိုင်းက သီတဂူဆရာတော်ကြီးသည် အာရှတော်ဝင်ဆေးရုံတွင် ဆေးစစ်မှုခံယူနေသော ဖားအောက်တောရ ဆရာတော်ကြီးအား သွားရောက်တွေ့ဆုံ သတင်းမေးသည်။

ဖားအောက်တော်ရ ဆရာတော်ကြီးသည်လည်း ကျန်းမာရေး အထူးကောင်းမွန်ကြောင်း သိရသည်။
သီတဂူဆရာတော်ကြီးနှင့်အတူ သီတဂူကပ္ပိယကာရက ဆရာဝန်ကြီးများ၊ အာရှတော်ဝန်ဆေးခန်းမှ တာဝန်ရှိသူများနှင့် ဖားအောက်တောရ ကပ္ပိယအဖွဲ့များ တွေ့ဆုံကြသည်။

posted by သီတဂူသတင်း
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.thesitagu.org
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes