သီတဂူစတား

သီတဂူစတား

25 November 2013

သီတဂူဆရာတော်ကြီး ဘာသာရေးနှင့် ငြိမ်းချမ်းရေး အကြောင်း မိန့်ခွန်းပြော

သီတဂူဆရာတော်ကြီး ဘာသာရေးနှင့် ငြိမ်းချမ်းရေး အကြောင်း မိန့်ခွန်းပြော

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ (Austria Vienna) (၂၀-၁၁-၂၀၁၃)မှ (၂၃-၁၁-၂၀၁၃)ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ညီလာခံတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့၏ ပဓာနဥသျှောင် သီတဂူဆရာတော်ကြီးသည် ဘာသာရေးနှင့် ငြိမ်းချမ်းရေး အကြောင်း မိန့်ခွန်းပြော၊ ၀င်ရောက် ဆွေးနွေးခဲ့သည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၁၁-၂၀၁၃
www.thesitagu.org

21 November 2013

အဇာတသတ်ကို လေးစားသူ

တိုက်တိုက်ဆိုင်ဆိုင် တန်ဆောင်တိုင် သာမညဖလ
(သီတဂူစတား စာတို ပေတို)

တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ သာမညဖလ အခါတော်လမှာပဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဘီအေ ပထမနှစ်တန်း (ဒုတိယနှစ်ဝက်)အတွက် သာမညဖလသုတ်ကို သင်ပေးနေသည်။ ဥတု၏ပြည့်ခြင်း၊ လ၏ ပြည့်ခြင်း၊ နှစ်၏ပြည့်ခြင်းတို့ ပြည့်စုံတဲ့ တန်ဆောင်မုန်းလပြည့်နေ့၊ မြတ်ဗုဒ္ဓ သာမညဖလသုတ် ဟောတဲ့အချိန်မှာတော့ သာမညဖလသုတ် သင်ပေးနေတာ တစ်ဝက်ကျော်လာပါပြီ။

သာမညဖလသုတ် ဖြစ်ပေါ်လာပုံ၊ သာမညဖလ- ရဟန်းဘ၀၏ လက်တွေ့ဘ၀ အခွင့်လန်းများကို မြတ်ဗုဒ္ဓက တိတိကျကျ ကွက်တိ ဖြေဆိုထားသည့်အပြင် ထိုခေတ်က ဘုရားဟု ထင်ရှား ကျော်ကြားနေကြသော တိတ္ထိဆရာကြီး (အယူဝါဒကို စတင်တည်ထောင်သူ)များ၏ တလွဲတချော် အဖြေများ အတွေးများကိုလဲ လေ့လာရသည်။ သူတို့၏ ထူးဆန်းသော အတွေးအခေါ်များကိုလည်း ဗဟုသုတအဖြစ် လေ့လာခဲ့ကြသည်။

သာမညဖလသုတ်ကို လေ့လာလိုက်သည့်အခါ----------
ဖခင်ကို သတ်ခဲ့သည့် အပြစ်ကြီးကို ကျူးလွန်ခဲ့သော အဇာတသတ်တစ်ယောက် သာမညဖလသုတ်ကို နာကြားရလိုက်သဖြင့် အ၀ီစိငရဲအထိ မကျတော့ဘဲ နှစ်များ လျှော့ရက်များနှင့်အတူ ငရဲအသေးတစ်ခုမှာပဲ ကျရတော့သည်။ အကယ်၍သာ သူသည် အဖေကို သတ်ခဲ့တဲ့ အပြစ်ကြီး မရှိဘူးဆိုရင် ထိုနေရာမှာပဲ သောတာပန် အရိယာ ဖြစ်သွားနိုင်သည်။

ယခုအခါ အဖေကို သတ်ခဲ့သော အဇာတသတ်သည် သာမညဖလသုတ်တော်ကို နားကြားရသဖြင့် ငရဲ လျှော့ရက်များနှင့် နောင်တချိန် ပစ္စေကဗုဒ္ဓါဖြစ်မည်ဟု သေချာသော ကတိ၊ ဗျာဒိတ်၊ နိယတိဂတိ၊ ပန်းတိုင်တစ်ခုကို ရရှိပြီးဖြစ်သည်။

စာရေးသူတို့ဗုဒ္ဓဘာသာဝင်တွေ အများစု အပြစ်တစ်ခု ကျူးလွန်လျှင် အဇာတသတ်၊ အဇာတသတ်ဂိုဏ်းဟု အပြစ်ပြောလေ့ရှိသည်။ တကယ်တန်းစဉ်းစားကြည့်လျှင် သူသည် စာရေးသူတို့အထက် သာလွန်သော အချက် များစွာ ရှိနေသည်။

၁။ ဘုရားရှင်အား ကိုယ်တိုင်ကိုယ်ကျ ဖူးမျှော်ခွင့်ရရှိခြင်း၊ (စာရေးသူတို့ ဖူးခွင့်ရခဲ့သလား တတ်အပ် မပြောနိုင်)

၂။ ထူးခြားတဲ့ သာမညဖလသုတ်ကို ဘုရားထံမှ နားခွင့်ရခြင်း (စာရေးသူတို့ ဘုရားရှင်ထံမှာ ဘာတရားများ နာခွင့်ရကြသနည်း)

၃။ မြတ်ဗုဒ္ဓသာသနာ့ဒါယကာ (ပထမ သင်္ဂါယနာတင် ဒါယကာ)အဖြစ် သာသနာ့မှတ်တိုင် ကျန်ရှိနေခြင်း (စာရေးသူတို့ သူ့လို ဘာများ ကျန်ရှိခဲ့သနည်း)

၎။ နောင်တချိန်မှာ ပစ္စေကဗောဓိဥာဏ် ရရှိပြီး ဘ၀ဇာတ်ပြတ်မည်ဟူသော ပန်းတိုင် ရရှိပြီး (စာရေးသူတို့ဘ၀ သံသရာ ဘယ်လောက်ထိ နေရအုံးမလဲ မသိနိုင်သေး)

၅။ အဖေအပေါ် အပြစ်ကြီးကျူးလွန်မိခြင်းကြောင့် ဒီလို အပြစ်မျိုးခံရမည်ဟု သမိုင်းသက်သေ ပြသခဲ့နိုင်ခြင်း၊ (စာရေးသူ၏ ကြံဖန်ပြီး ဂုဏ်တင်ခြင်း)

၆။ သာမညဖလသုတ်ကိုနာကြားပြီး မြတ်ဗုဒ္ဓသာသနာအပေါ် အသက်ကိုအပ်နှင်းပြီး ပုံအောပြိး ကြည်ညိုနိုင်ခဲ့ခြင်းကြောင့် ဒီလိုအကျိုးများ ရရှိတယ်ဆိုတာကိုလဲ ဘုရင် အဇာတသတ် ပြသွားသည်။ (စာရေးသူတို့ သူ့လောက် ဘာတွေ လုပ်နိုင်ခဲ့သနည်း)

ဤကဲ့သို့ဆိုလျှင် သာမညဖလသုတ်သည် အလွန်ထူးခြားသည့် သုတ် တစ်ခုဖြစ်သည်ကို ကြည်ညိုမိသည်။ ထိုနေ့ ထိုအခါ တန်ဆောင်မုန်းလရောက်တိုင်း ဤသုတ်တော်ကို အမှတ်ရကြသည်အတွက် မြတ်ဗုဒ္ဓကို ကြည်ညိုမိမှာ အမှန်ပင်ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၁-၂၀၁၃

17 November 2013

သီတဂူဆရာတော်ကြီး ကမ္ဘာ့ဘာသာရေးခေါင်းဆောင် ထိပ်သီးအစည်းဝေး တက်ရောက် မိန့်ခွန်းပြော

သီတဂူဆရာတော်ကြီး ကမ္ဘာ့ဘာသာရေးခေါင်းဆောင်
ထိပ်သီးအစည်းဝေး တက်ရောက် မိန့်ခွန်းပြော
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့၏ ပဓာနဥသျှောင် သီတဂူဆရာတော်ကြီးသည် (၁၈-၁၁-၂၀၁၃) ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွါပြီး (၁၉-၁၁-၂၀၁၃)ရက်နေ့တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ (Austria Vienna) သို့ ရောက်ရှိကာ (၂၀-၁၁-၂၀၁၃)မှ (၂၃-၁၁-၂၀၁၃)ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပမည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ငြိမ်းချမ်းရေး ညီလာခံတွင် ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး စကားပြောကြားမည် ဖြစ်သည်။

အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း (၁၀၀)ကျော်၊ အဖွဲ့အစည်းပေါင်း (၉၀)ကျော်နှင့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင် (၇၀၀)ကျော်တို့ တက်ရောက်ကြမည် ဖြစ်သည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၁-၂၀၁၃
www.thesitagu.org

15 November 2013

သီတဂူ ဗုဒ္ဓဓမ္မဒီပလိုမာ စာမေးပွဲ ကျင်းပ (ရန်ကုန်)

ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရဟန်း သီလရှင်များအတွက် ဘီအေတန်း၊ ဒီပလိုမာတန်းများ အပြင် လူဝတ်ကြောင်များအတွက် ဗုဒ္ဓဓမ္မဒီပလိုမာအတန်းများကိုလည်း သင်ကြားပေးလျက်ရှိသည်။
 လူဝတ်ကြောင်များအတွက် ကိုယ်နှုတ် နှစ်ပါးကို ထိန်းသည့် နည်းဥပဒေများဖြစ်သည့် ၀ိနည်း၊ ကိုယ်နှုတ်စိတ် သုံးပါးလုံးကို ထိန်းသည့် သုတ္တန်၊ လောက သဘာဝဓမ္မပါဝင်သည့် အဘိဓမ္မာ၊ သံသရာလွတ်လမ်းကို ပေးသည့် ၀ိသုဒ္ဓိမဂ် အစရှိသည့် ဗုဒ္ဓစာပေများကို သဒ္ဓါတရား၊ အသိပညာ ဗဟုသုတများ တိုးပွားရေးကို ရည်စိတ်သန်လျက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားပေးလျက်ရှိသည်။

ယခုအခါ ၆ လလုံးသင်ကြားထားသည့် ဗုဒ္ဓစာပေများကို ပထမ ၆ လပတ် (နှစ်သက်) စာမေးပွဲအဖြစ် ဖြေဆိုကြရသည်။ ကျောင်းသား ကျောင်းသူ ၃၀၀ (သုံးရာ) ကျော် ၀င်ရောက် ဖြေဆိုကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁၁-၂၀၁၃

www.thesitagu.org
www.sitagustar2020.net

14 November 2013

ကျောင်းသားစာစောင် စာမူဖိတ်ခေါ်ခြင်း

သံဃာ့အသံ (The Voice Of Samgh) 
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး၏ မွေးနေ့တိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ပညာသင်ယူနေကြသော ကျောင်းသား ကျောင်းသူတို့၏ အတွေးအခေါ်၊ ကလောင်သွား၊ စားသားများ ထက်မြတ်၊ သွက်လတ်စေရန် ရည်စိတ်သန်၍ တက္ကသိုလ်ကြီး (၃)ခုမှ ဗုဒ္ဓအသံမဂ္ဂဇင်း၊ ဓမ္မအသံမဂ္ဂဇင်းနှင့် သံဃာ့အသံမဂ္ဂဇင်း သုံးခုကို ထုတ်ဝေလျှက်ရှိသည်။ 

ယခုနှစ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ နှစ်လည် (၅)ကြိမ်မြောက် “သံဃာ့အသံ” (The Voice of Samgha) မဂ္ဂဇင်းအတွက် စာမူများကို နတ္တော်လပြည့် (ဒီဇင်ဘာ ၁၇ရက်နေ့) နောက်ဆုံးထား ပို့ပေးရန် ဖိတ်ခေါ်ပါသည်။ 

၁။ လေးမျက်နှာထက် မကျော်လွန်သော 
(က) ဆောင်းပါး (ခ) ၀တ္ထု 
မှတ်ချက်။ ။ အင်္ဂလိပ်၊ မြန်မာ ကြိုက်နှစ်ရာ 

၂။ တစ်မျက်နှာထက် မကျော်လွန်သော 
(က) ကဗျာ (ခ) ဟာသ၊ ကာတွန်း 

၃။ စည်းမျည်းများ 
(က) မည့်သည့် ဌာနကမှ ထည့်သွင်းထားခြင်း မရှိခြင်း 
(ခ) ကိုယ်ပိုင်မူ ဖြစ်ခြင်း 
(ဂ) သဒ္ဓါတရား၊ စာပေအသိ၊ အထွေထွေဗဟုသုတများကို တိုးပွားစေခြင်းတို့ကို ရည်ရွယ်ပါသည်။ မှတ်ချက်။ ။ ဆောင်းပါးများကို Soft Copy/ Hard Copyနှင့် မိမိတို့ဆောင်းပါးနှင့် သင့်တော်သည့် ဓာတ်ပုံများ ထည့်လိုက တပါးတည်း “နတ္တော်လပြည့် (ဒီဇင်ဘာ ၁၇ရက်နေ့) နောက်ဆုံးထား” ပို့ပေးရန်။ 

ပို့ပေးရန်ဌာန----------- 
မဂ္ဂဇင်းဖြစ်မြောက်ရေးအဖွဲ့= ကွန်ပြူတာခန်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန် 
အီးမေးလ် sitagustar2010@gmail.com/ thesitagu@gmail.com 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁၁-၂၀၁၃
www.thesitagu.org

12 November 2013

ဧရာဝတီတိုင်း သီတဂူမျက်စိအလှူတော်

ဧရာဝတီတိုင်း သီတဂူမျက်စိအလှူတော်
သီတဂူ မော်လမြိုင်ကျွန်း မျက်စိအထူးကု ခရီး
သီတဂူဆရာတော်နှင့် ပစ္ဆိမာရုံဆရာတော်တို့ တွဲဖက်ဦးဆောင်၍ တည်ဆောက်ထားသော မော်လမြိုင်ကျွန်းမြို့ရှိ သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံတော်၌ ဒုတိယအကြိမ် အခမဲ့ မျက်စိခွဲစိပ်ခြင်း စက္ခုဒါန အစီအစဉ်ကို (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ ဆောင်ရွက်ခဲ့သည်။
သီတဂူမိုဘိုင်လ် Eye Clinic အဖွဲ့တွင် ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်၊ ဒေါက်တာ ဒေါ်ခင်အုံးဟန်၊ ဒေါက်တာ စဂျေလွင်နှင့် သီတဂူအာယုဒါနဆေးရုံမှ ဒေါက်တာ မိမိခင် ဦးဆောင် သူနာပြုဝန်ထမ်းများ ပါဝင်ခဲ့သည်။

မော်လမြိုင်ကျွန်း ပြည်သူ့ဆေးရုံမှ ဆရာဝန်၊ ဆရာမများ လုပ်အားဒါနကုသိုလ် ပါဝင်ခဲ့ကြသည်။ (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ (၅)ရက်အတွက် လာရောက် စမ်းသပ်စစ်ဆေးကုသခြင်း ခံယူကြသော အပြင်ပလူနာပေါင်း (၆၉၄)ဦး၊ ခွဲစိပ်ကုသခြင်းခံယူပြီး မျက်စိအလင်းရသွားသူ လူနာပေါင်း (၂၄၅)ဦးတို့ ဖြစ်ကြသည်။
 ကဒုံကနိ၊ ပြင်စလူကျွန်း သီတဂူမျက်စိအလှူတော်
ပြင်စလူကျွန်း၊ မော်လမြိုင်ကျွန်းတို့မှ ဆက်၍ သီတဂူဆရာတော်နှင့် အဖွဲ့သည် ရွှေစင်ကြယ်သင်္ဘောဖြင့် ကဒုံကနိကျွန်းသို့ ဆက်လက်၍ ကြွရောက်တော်မူသည်။ ကဒုံကနိကျွန်းပေါ်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ တိုက်နယ်ဆေးရုံ၌ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီး၏ ကူညီစောင့်ရှောက်မှုဖြင့် ကုသိုလ်ဖြစ် အခမဲ့မျက်စိခွဲစိပ် ကုသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ခွဲစိပ်ကုသခြင်း စက္ခုဒါနအစီအစဉ်ကို (၂၈-၁၀-၂၀၁၃)မှ (၃၁-၁၀-၂၀၁၃)အထိ ဆောင်ရွက်ခဲ့သည်။
စမ်းသပ်စစ်ဆေး၍ အပြင်လူနာအဖြစ်ခံယူ ကုသမှုခံယူသွားကြသူပေါင်း (၆၂၀)၊ ခွဲစိပ်ကုသမှုခံယူပြီး မျက်စိအလင်းရရှိသွားကြသော လူနာပေါင်း (၁၆၅)ဦးတို့ ရှိခဲ့သည်။
အလှူရှင်များ
မော်လမြိုင်ကျွန်း ခွဲစိပ် စက္ခုဒါနအလှူတော်ကို သီတဂူ ဦးမြင့်စိန်+ဒေါ်လှလှအေး (လှဆန်းယဉ်)နှင့် သား သီတဂူဦးမြင့်အောင်+ဒေါ်စိုးမိုးကြည် မိသားစုမှလည်းကောင်း၊ ကဒုံကနိစက္ခုဒါန အလှူတော်ကို သီတဂူ ဦးမောင်သောင်း+ဒေါ်-------နှင့် သီတဂူဦးတင်အေး+ဒေါ်သန်းသန်းအေး မိသားစုတို့မှ အလှူဒါနပြုကြသည်။

မော်လမြိုင်ကျွန်းနှင့် ကဒုံကနိကျွန်းတို့ပေါ်၌ တညတာစီ တရားဓမ္မချီးမြှင့်၍ အမျှအတန်းပေးဝေခဲ့သည်။ မကြာခင်အချိန်၌ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းသို့ သီတဂူစက္ခုဒါနခရီးစဉ်ကို ကြွချီရန် စီစဉ်လျှက်ရှိသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၁-၂၀၁၃

www.thesitagu.org
www.sitagustar2020.ent

10 November 2013

သီတဂူ နာဂတောင်တန်း သာသနာပြုခရီး

သီတဂူ နာဂတောင်တန်း သာသနာပြုခရီး
 ၂၀၁၄ခုနှစ် နှစ်ဦး ဇန္န၀ါရီ (၁၀)ရက်နေ့တွင် သီတဂူသာသနာပြု အဖွဲ့နှင့် ဘယ်လ်ဂျီယံနိုင်ငံမှ ဆရာဝန် (၃၀)ပါသော အဖွဲ့တို့ ကျန်းမာရေးနှင့် ပညာရေးအတွက် အထူးခရီးစဉ်အဖြစ် နာဂတောင်တန်းသို့ သွားရောက်ကြမည်ဖြစ်သည်။

သီတဂူစန်းလပမာ ချမ်းမြ သာယာ ရှိကြပါစေ
 www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၁၁-၂၀၁၃
 

08 November 2013

သီတဂူမေတ္တာ စက္ခုဒါန (သံတွဲ) ဆေးရုံ

သီတဂူမေတ္တာ စက္ခုဒါန (သံတွဲ) ဆေးရုံ 

သီတဂူသာသနာပြုအဖွဲ့နှင့် သံတွဲအဖွဲ့တို့ ပူးပေါင်းပြီး သီတဂူမေတ္တာ စက္ခုဒါန (သံတွဲ) ဆေးရုံကို ၂၀၁၃ခုနှစ် ဒီဇင်ဘာ (၂၁)ရက်နေ့တွင် ဖွင့်လှစ်မည်။ 

ထိုဆေးရုံတွင် လူမျိုးမရွေး ဘာသာမရွေး ကုသမှုခံယူနိုင်ပါသည်။ ထို့ပြင် အောက်ပါ ဆေးရုံများကိုလည်း ဆက်တိုက်ဖွင့်လှစ်မည်။

 (က) ဟုမ္မလင်း သီတဂူစက္ခုဒါန ဆေးရုံကို ၂၀၁၄ နှစ်ဦးပိုင်း ဇန္န၀ါရီလ (၄)ရက်နေ့တွင် လည်းကောင်း၊ (ခ) သဲကုန် သီတဂူအာရောဂျဒါနဆေးရုံကို ယခုနှစ် တပိုတွဲလပြည့်နေ့တွင်လည်းကောင်း ဖွင့်လှစ်မည် ဖြစ်သည်။ 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၁၁-၂၀၁၃

06 November 2013

သီတဂူ နှုတ်ခမ်းကွဲအာခေါင်ကွဲ အထူးကုအစီအစဉ်များ (၂၀၁၃)

သီတဂူ နှုတ်ခမ်းကွဲအာခေါင်ကွဲ အထူးကုအစီအစဉ်များ (၂၀၁၃)

(၁) အဖွဲ့ Belgium Team
(၅၊ ၁၊ ၂၀၁၃) မှ (၁၀၊ ၁၊ ၂၀၁၃) နေ့အထိ Prof: De Mey (Belgium Team) နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၄၄) ဦးခွဲစိတ်ဆရာဝန်များ Prof: De Mey မေ့ဆေးဆရာဝန်၊ Dr. Andree De Villeနှင့် သီတဂူအာယုဒါန ဆေးရုံမှ ဆရာဝန်ကြီးများ အထူးသူနာပြုများ ပါဝင်သည်။

(၂)အဖွဲ့ Belgium Team
(၂၇၊ ၁၊ ၂၀၁၃) မှ (၁၊ ၂၊ ၂၀၁၃) နေ့အထိ Dr. Nasser Nadjmi (Belgium Team)မှ . Dr. Nasser Nadjmi မေ့ဆေးဆရာဝန်၊ ခွဲစိပ်ဆရာဝန် Dr. Kris Vermeylen၊ ခွဲစိပ်ဆရာဝန် Dr. David Jules Emiel တို့ ဦးဆောင်သော သီတဂူဆရာဝန်များအဖွဲ့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၄၅) ဦးကို ကုသပြီး အလှပြင်ပေးနိုင်ခဲ့သည်။

(၃) အဖွဲ့ Belgium Team
(၁၉၊ ၃၊ ၂၀၁၃) မှ (၂၂၊ ၃၊ ၂၀၁၃) နေ့အထိ Dr. Bob De Frene (Belgium Team)မှ ခွဲစိတ်ဆရာဝန် Dr. Bob De Frene၊ Dr. Fabrice မေ့ဆေးဆရာဝန်၊ Dr. Verstraete Rik၊ Dr. Guido Ingels ဘယ်လ်ဂျီယံဆရာဝန်ကြီးများက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၃၇) ဦးကို အလှဆင်နိုင်ခဲ့သည်။

(၄) အဖွဲ Belgium Team
(၁၄၊ ၁၀၊ ၂၀၁၃) မှ (၁၈၊ ၁၀၊ ၂၀၁၃) နေ့အထိ Dr. Julia Berkei (Belgium Team)
ဘယ်လ်ဂျီယံနိုင်ငံမှ ဆရာဝန်ကြီးများက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၆၆) ဦးကို အလှပြင်ပေးနိုင်ခဲ့သည်။ ပါဝင်သောခွဲစိတ်ဆရာဝန်များ Dr. Julia Berkei 2. Dr. Barun Sarkar 3. Dr. Klaus Exner 4. Dr. Philipp 5. Dr. Farzin 6. Dr. Naja Bluto 7. Dr. Bianca Baicanနှင့် မေ့ဆေးဆရာဝန်များဖြစ်ကြသော 1. Dr. Daniel Heise 2. Dr. Martin Bauer 3. Dr. Kunits Evgenyတို့ဖြစ်သည်။
သီတဂူအထွေထွေခွဲစိတ်ခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခွဲစိတ်ခြင်းအစီအစဉ်
Hawai U.S.A Team
(၂၊ ၁၁၊ ၂၀၁၃) မှ (၅၊ ၁၁၊ ၂၀၁၃) နေ့အထိ Aloha Medical Mission (Hawai
U.S.A Team) အဖွဲ့မှ ခွဲစိတ်ဆရာဝန် 1. Dr. Carl Lum 2. Dr. Dirk Noyes မေ့ဆေးဆရာဝန် 1. Dr. Aung Gyi 2. Dr. Steven Garon 3. Dr. Jan Birnie အထွေထွေခွဲစိတ်လူနာ (၄၆) ဦးကို ခွဲစိပ်ကုသပေးပြီး ဖြစ်သည်။ ဆရာဝန်ကြီး Dr. Fergurgurက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၁၅) ဦး
ကို ခွဲစိပ်ကုသပေးပြီးဖြစ်သည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၆-၁၁-၂၀၁၃
www.thesitagu.org
www.sitagustar2020.net

05 November 2013

သီတဂူမျက်စိအထူးကု အစီစဉ် (၂၀၁၃)

၂၀၁၃နှစ် သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)တွင် ပြည်ပမှ မျက်စိအထူးကုအဖွဲ့၊ နှုတ်ခမ်းကွဲအဖွဲ့များ ပါဝင်သော အဖွဲ့ (၅)ဖွဲ့ ရောက်ရှိလာပြီး ဖြစ်သည်။

(၁)အဖွဲ့ Lion Club Team (U.S.A)

(22-1-2013) မှ (25-1-2013)နေ့အထိ Lion Club Team (U.S.A) အဖွဲ့မှ 1. Dr. Robert Sullivan 2. Dr. Arvind Saini 3. Dr. Kevin Wienkers ဆရာဝန်ကြီးများနှင့် သီတဂူအာယုဒါနဆေးရုံ ဆရာဝန်ကြီးများ၊ အထူးသူနာပြုများက မျက်စိဝေဒနာရှင် (၅၃) ဦး ခွဲစိပ်ပြီး အလင်းရောင်ပေးလှူနိုင်ခဲ့သည်။

(၂) အဖွဲ့ U.S.A
(၂၆-၁-၂၀၁၃) မှ (၂၇-၁-၂၀၁၃) နေ့အထိ တစ်ရက်အတွင်း Dr. San Aye (U.S.A) အဖွဲ့ မျက်စိဝေဒနာရှင် (၁၂) ဦးကို ခွဲစိပ် လှူဒါန်းနိုင်ခဲ့သည်။

(၃)အဖွဲ့ U.K
(၂၈၊ ၁၊ ၂၀၁၃) မှ (၃၁၊ ၁၊ ၂၀၁၃) နေ့အထိ မျက်စိခွဲစိတ်လူနာ (၇၇) ဦး အောင်မြင်စွာ ကုသနိုင်ခဲ့သည်။ Daw Khin May Htwe Team (U.K) အဖွဲ့မှ မျက်စိဆရာဝန်များဖြစ်ကြသော 1. Dr. Rolf Raimann 2. Dr. Rene Moya 3. Dr. Rene Rodrigo 4. Dr. Steven Harsum တို့ဖြစ်ပြီး သီတဂူအာယုဒါနဆေးရုံမှ ဆရာဝန်ကြီးများ အထူးသူနာပြုများက ၀ိုင်းဝန်းပံ့ပိုးသည်။

(၄) အဖွဲ့ Belgium Team
(၄-၂-၂၀၁၃)မှ (၁၀-၂-၂၀၁၃) နေ့အထိ Belgium Team အဖွဲ့မှ 1. Dr. Paul Jonckheere 2. Dr. Bleyen Isabel 3. Dr. Leysen တို့ ဦးဆောင်ပြီး သီတဂူအာယုဒါနဆေးရုံတော်မှာ ဆရာဝန်ကြီးများ အထူးသူနာပြုများ ပါဝင်လျှက် လူနာ (၄၇) ဦးကို မျက်စိခွဲစိပ်ပြီး အလင်းပေးနိုင်ခဲ့သည်။

(၅) အဖွဲ့ Dr. San Aye Team
(၁၅-၈-၂၀၁၃) မှ (၂၀-၈-၂၀၁၃) နေ့အထိ Dr. San Aye Team အဖွဲ့မှ 1. Dr. San Aye2. Dr. Erik Tu တို့က မျက်စိဝေဒနာရှင် (၃၅) ဦးကို ခွဲစိပ်လှူဒါန်းပေးခဲ့သည်။

အာခေါင်ကွဲ နှုတ်ခမ်းကွဲ ကုသမှု အစီအစဉ်များကို ဆက်လက် ဖော်ပြမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၁၁-၂၀၁၃

www.thesitagu.org
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes