သီတဂူစတား

သီတဂူစတား

27 October 2014

သီတဂူ (ရန်ကုန်) ဆရာကန်တော့ပွဲ

သီတဂူ (ရန်ကုန်) ဆရာကန်တော့ပွဲ

မနေ့ (၂၆-၁၀-၂၀၁၄) တနင်္ဂနွေနေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ တက်ရောက် ပညာသင်ယူနေကြသော Fundamental Buddhism ဗုဒ္ဓပါဒက အတန်းသူ အတန်းသားများက သင်ကြားစီမံဆရာတော် (၁၂)ပါးတို့အား ပူဇော်ကန်တော့ပွဲ ကျင်းပခဲ့။

အစီအစဉ်-

၁။ နမောတဿ မဟာပဏာမဖြင့် အခမ်းအနားဖွင့်ခြင်း
၂။ ဒေါက်တာ အရှင်ပညောဘာသ ထံမှ ကျောင်းတော်သူ ကျောင်းတော်သားများက ငါးပါးသီလယူခြင်း
၃။ ဒေါက်တာ အရှင်ကောဝိဒ (သီတဂူစတား) ဒေါက်တာ အရှင်ဣန္ဒက၊ ဒေါက်တာ အရှင်သုတာစာရာလင်္ကာရတို့က သြ၀ါဒစကား ပြောကြားခြင်း။
၎။ သီတဂူ အဓိဋ္ဌာန်ဖြင့် အခမ်းအနားကို ရုတ်သိမ်းကြသည်။
၅။ စုပေါင်း ဓာတ်ပုံရိုက်

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁၀-၂၀၁၄

23 October 2014

မိတ်ဆွေကောင်းတစ်ယောက်၏ အရည်အချင်း (၁)

မိတ်ဆွေကောင်းတစ်ယောက်၏ အရည်အချင်း (၁)

ကျေးဇူးပြုတတ်သော သူ
မိမိတို့တတွေသည် လောကအလယ်မှာ မိမိတစ်ယောက်တည်း နေရသည့်မဟုတ်၊ အသိုင်းအ၀ိုင်း၊ အပေါင်းအသင်းနှင့် နေကြရသည်။ ထိုသို့နေကြရာဝယ် မိတ်ကောင်းဆွေကောင်းသည် မိမိတို့အတွက် လောကမှာ အလိုအပ်ဆုံးအရာဖြစ်သည်။ မိတ်ဆွေဟူသည် သူတစ်ပါး၏အကျိုးစီးပွားကို တကယ်လိုလားသူဖြစ်သည်၊ တချို့က အပြောအဆို မချိုသာသဖြင့် နားဝင်ဆိုးစေပေမဲ့ အကျိုးစီးပွားအတွက်ဆို စိတ်ပါလက်ပါ ရှိလှသည့်အတွက် မိတ္တမည်သည်။ မိတ္တလည်းမည် အပြောလည်းနားဝင်ချိုစေမယ်ဆိုလျှင်တော့ မိတ္တသုဟဇ္ဇမည်သည်၊ ချစ်စရာကောင်းသော မိတ်ဆွေဖြစ်သည်။ သာသနာ့နွယ်ဝင် ရဟန်းဘ၀မှာရော လူ့ဘောင်လူဘ၀မှာပါ မိတ်ကောင်းဆွေကောင်းတွေ ရှိကြသည်။ မိတ်ကောင်းဆွေကောင်း၏ အမှတ်အသားများကို ဆက်လက် လေ့လာကြမည်။

မိတ်ကောင်းဆွေကောင်း (သုဟဒမိတ္တ) ဟူသည်
(၁) ဥပကာရ=ကျေးဇူးပြုတတ်သော သူသည် ကောင်းသောနှလုံးပိုင်ရှင်ဖြစ်သည်။
(၂) သမာနသုခဒုက္ခ=လောကဓံကို အတူမျှဝေခံစားပေးသူသည် မိတ်ကောင်းဆွေကောင်းတို့၏ အရည်အချင်းတစ်ရပ်ဖြစ်သည်။
(၃) အတ္ထက္ခာယီ= မိတ်ဆွေ၏အကျိုးကိုသာ ပြောပြတတ်သော သူသည်လည်း မိတ်ကောင်းဆွေကောင်းပင်ဖြစ်သည်။
(၄) အနုကမ္ပက= ကရုဏာတရားကို နှလုံးသားအရည်အချင်းအဖြစ် ခံယူထားသူသည်လည်း မိတ်ကောင်း ဆွေကောင်းပင်ဖြစ်သည်။

ဥပကာရ=ကျေးဇူးပြုတတ်သော သူ၏ နှလုံးသားအရည်အချင်း (၄)မျိုး

(က) ပမတ္တံ ရက္ခတိ-မေ့လျှော့နေသူ၊ မူးယဇ်နေသူကို စောင့်ရှောက်တတ်သူ (ခ) ပမတ္တဿ သာပတေယျံ ရက္ခတိ-အရပ်တစ်ပါးသို့သွားနေသော မိတ်ဆွေ၊ သေရည်သောက် မှောက်နေသော မိတ်ဆွေ၏ အိုးအိမ်တို့ကို စောင့်ရှောက်ပေးတတ်သူ (ဂ) ဘီတဿ သရဏံ- အကြောက်တရား၊ အရှုံးတရား၊ စိုးရိမ်မှုတွေနှင့် ရင်ဆိုင်နေသော မိတ်ဆွေကို ဖေးမကူညီ၊ အားကိုးရာအဖြစ်ရပ်တည်ပေးတတ်သူ (ဃ) တဒ္ဒိဂုဏံ ဘောဂံ- တိုင်းရေးပြည်ရေးကိစ္စ၊ လူမှုရေးကိစ္စ၊ မိသားစုကိစ္စစသော အမှုတို့မှာ ငွေကြေးမလုံလောက်သော် မိတ်ဆွေအား လိုသည်ထက် တစ်ဆပိုပေးတတ်သူ။

(က) ပမတ္တံ ရက္ခတိ-မေ့လျှော့နေသူ၊ မူးယဇ်နေသူကို စောင့်ရှောက်တတ်သူ

ဥပကာရကို နဲနဲလေးတိုးပြီး (Enlarge) လေ့လာကြမည်ဆိုလျှင် (က) ပမတ္တံ ရက္ခတိ-မေ့လျှော့နေသူ၊ မူးယဇ်နေသူကို စောင့်ရှောက်တတ်သူသည် ကျေးဇူးကိုပြုတတ်သဖြင့် သုဟဒမိတ္တ-စိတ်နှလုံးကောင်း အရည်အချင်းရှိသူမည်သည်။

မူးယဇ်သော မိတ်ဆွေကို စောင့်ရှောက်တတ်၏။ မြတ်ဗုဒ္ဓသည် အံ့သြစရာကောင်းလောက်အောင်ကို ဒေါင့်စေ့တော်မူသည်။ 

မိတ်ကောင်းဆွေကောင်းဆိုသည်ကို သေရည်အရက်ကြူးသူတို့အတွက်ပင် စဉ်းစားပေးထားသည်။ သေရည်အရက်ကြူးသူတို့သည် မိမိ ခါးဝတ်ပုဆိုးကိုပင် မနိုင်ဖြစ်ရသည်၊ အရှက်တရားတွေ ပျောက်ကုန်သည်၊ အကြောက်တရားတွေ ပျောက်ကုန်သည်၊ ပင်ကိုယ်စိတ်ကောင်းတွေ ပျောက်ကုန်သည်။ လူသူသွားလာ များသော လမ်းဘေးတို့၌လည်း မူးယဇ်ပြီး အသိစိတ်ပျောက် မှောက်နေတတ်သည်၊ ရွာတံခါး၊ အရပ်တံခါး၊ အိမ်တံခါးဝတို့မှာလည်း မေ့မျောနေတတ်သည်။ ကြည့်၊ မြင်သွားသည့် ပုဂ္ဂိုလ်အများစုက နှာခေါင်းရှုံ့ကြသည်၊ ရွံကြသည်၊ ကြောက်ရွံ့ကြသည်၊ လူကောင်းတစ်ယောက်ဟူ၍ မည်သူကမျှ မှတ်ချက်ပေးသွားကြမည် မဟုတ်။ ထိုသို့အခြေအနေမျိုးမှာ မည်ကဲ့သို့သောသူက သူ၏မိတ်ဆွေအဖြစ် ရပ်တည်နိုင်မည်နည်း။ “တံငါနားနီးတော့ တံငါ”ဆိုတာလို မိမိလည်း “ဒီပုပ်ထဲက ဒီပဲ” ပါပဲဟု မှတ်ချက်ပြုသွားကြမည်ကို လူတိုင်း စိုးရိမ်ကြသည်။ အများသူငါ ကဲ့ရဲ့ရှုံ့ချမည်ကို ရှက်-ကြောက်နေသည်ကိုက အသိစိတ်ရှိနေသေးသည်၊ သို့မဟုတ် သူတော်ကောင်းစိတ်လေး ရှိနေသေးသည်ဟု ဆိုရမည်။

မိမိကိုယ်ကို ထိုကဲ့သို့ အထင်ခံရမည်ကို မလိုလားသော သောက်ဖော်သောက်ဖက်တို့သည် အသိစိတ်လေး၊ ရှက်စိတ်လေး၊ ကြောက်စိတ်လေးများ ရှိနေသေးသည့်အတွက် အသိစိတ်ပျောက် မှောက်နေသော မိတ်ဆွေကို စွန့်ခွါသွားကြလိမ့်မည်။ အကြောင်းက သူ့အတ္ထထက် မိမိအတ္တကို ပိုချစ်နေသောကြောင့်ပင်ဖြစ်သည်။

သို့သော် မိတ်ဆွေအပေါ် မျက်နှာလွှဲခဲပစ် ပစ်ပစ်ခါခါ မစွန့်ရက်သော သူတို့သည်ကား အသိစိတ်ပျောက် မှောက်နေသော မိတ်ဆွေအနားပါပဲ ရပ်တည်ပေးကြလိမ့်မည်။ မိတ်ဆွေ သတိရလာသည့်အခါ ထမ်းခေါ်သွားမည်၊ လက်တွဲခေါ်သွားမည်၊ အသိစိတ်ပျောက် မှောက်နေသော မိတ်ဆွေအပေါ်မှာရှိသည့် တန်ဖိုးရှိပစ္စည်းကို ကာကွယ်ပေးရင်း၊ မိမိ၏အတ္တကို ဘေးဖယ်ထားခြင်းဖြင့် မိတ်ဆွေအပေါ်မှာ ဥပကာရ-ကျေးဇူးကို ပြုတတ်ကြသည်။ ထိုသူကို သုဟဒမိတ္တ-စိတ်ကောင်းနှလုံးကောင်း အရည်အချင်းရှိသည့် မိတ်ဆွေဟု ဆိုသည်။

မိတ်ဆွေအတုကို အစစ်ထင်သူ
တချို့က ဒင်းမရှိရင်နေ ဒင်းရှိနေရင် ဘ၀တစ်သက်တာအတွက် လုံလောက်ပြီလို့ ယူဆပြီး သေစေတတ်သည့် အရည် (သေရည်)ကို မိတ်ဖက်ပြီး နေလေ့ရှိသူလည်း လက်ညိုးညွှန်ရာတိုင်းမှာ ရှိနေသည်။ မိတ်ဆွေတစ်ယောက် သူ၏မိတ်ဆွေအိမ်ကို ကိစ္စတစ်ခုနဲ့ ဟိုဝင် ဒီထွက် တွေ့သမျှလူကို မေး၍ လာရရှာသည်။ လမ်းညွှန်သူက “မိတ်ဆွေ- ဟိုမှာ အရက်ဆိုင်တွေ့တယ်မလား၊ အဲဒီကနေ တည့်တည့်သွားရင် အရက်ဆိုင် တစ်ဆိုင်တွေ့လိမ့်မည်၊ အဲဒီအရက်ဆိုင်ကနေ ဘယ်ဘက်ချိုးလိုက်ရင် အရက်ဆိုင်တစ်ဆိုင် ထပ်တွေ့လိမ့်အုံးမည်၊ သူ့ကို နဲနဲကျော်လိုက်ရင် ဘီယာဆိုင်တစ်ဆိုင်တွေ့မယ်၊ အဲဒီဆိုင်ကနေ ညာဘက်ချိုးလိုက်၊ အမိန့်ရ အရက်ဆိုင်တွေ့လိမ့်မည်၊ အေး--မိတ်ဆွေ ရှာနေတဲ့ အိမ်က အဲဒီအရက်ဆိုင်နဲ့ ဘေးချင်းကပ် ထန်းရည်၊ ဘီယာ၊ အရက်အမျိုးစုံ ဖြန့်တဲ့ အိမ်ကပဲ”ဆိုတော့ တစ်ရပ်ကွက်လုံး အရက်ဆိုင်က နေရာ အများယူထားသလိုဖြစ်နေတယ်။ အဲဒီလိုနဲ့ စိတ်ညစ်စရာကြုံတိုင်း အရက်ကို မိတ်ပြု၊ စိတ်ပျော်တိုင်းလည်း အရက်ကို မိတ်ပြု၊ သူ့ဘ၀ အရက်ရဲ့ ကျေးကျွန်ဘ၀နဲ့ပဲ အဆုံးသတ်လိုက်ရသည်၊ လူမှုရေး၊ မိသားစုအရေး၊ ကုသိုလ်ရေးတွေ မိတ်ကောင်းဆွေကောင်းပြုရမည့်အစား အရက်ကိုပဲ မိတ်ဆွေပြုသွားကြသည့် လူ့ဘ၀တောင် ပီပီသသမရလိုက်သေးပဲ ဘ၀တစ်ခု အဆုံးသပ်သွားသူတွေ နေ့စဉ် ရေတွက်၍တောင် မကုန်နိုင်။ သူဘာယူသွားနိုင်လဲ၊ ဘာတွေ ထားခဲ့သလဲ၊ မိသားစုအတွက် အရှက်တရားတွေ၊ သောကတွေ၊ ဒုက္ခတွေကိုပဲ ထားသွားနိုင်သည်။ သူယူသွားနိုင်သည်ကား သုရာမေရယကံနှင့် ထိုမှပေါက်ဖွားလာသော အကုသိုလ်ကံတွေပဲ ဖြစ်သည်။

(ခ) ပမတ္တဿ သာပတေယျံ ရက္ခတိ-အရပ်တစ်ပါးသို့သွားနေသော မိတ်ဆွေ၊ သေရည်သောက် မှောက်နေသော မိတ်ဆွေ၏ အိုးအိမ်တို့ကို စောင့်ရှောက်ပေးတတ်သူ

မိတ်ဆွေအပေါ်မှာ မုဒိတာစိတ် အရည်အချင်းမရှိသူတို့သည် မိတ်ဆွေအပေါ်မှာ ဣဿာစိတ် (မနာလိုစိတ်)ရှိတတ်ကြသည်။ မိမိထက် အရာရာ အထက်တန်းကျနေသူကို စိတ်ထဲက ၀မ်းမသာဘဲ ကြိတ်ပြီး ပူလောင်နေတတ်သည်၊ အလိုလိုနေရင်း မိတ်ဆွေအပေါ် ကြည့်မရဖြစ်တတ်သည်၊ မျက်နှာလွဲနေတတ်သည်။ မိတ်ဆွေတစ်ယောက် အရပ်တစ်ပါးသို့ ခရီးထွက်သော် အိမ်ကိုပစ်၍ သွားရသည်။ မီးပဲလောင်လောင်၊ သူခိုးပဲခိုးခိုး၊ ရေပဲမျောမျော၊ ဓားမြပဲတိုက်တိုက် အိမ်နီးနားချင်းပီသစွာ စိတ်မပူတတ်၊ ကြောင့်ကြမစိုက်တတ်၊ မျက်နှာလွဲနေနိုင်သည်။ ယနေ့ခေတ် စာရေးသူတို့ ဗုဒ္ဓဘာသာနိုင်ငံ မြို့ကြီးပြကြီး အချို့နေရာတွေမှာ အိမ်နီးနားချင်းကပ်နေပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မသိကြ၊ အမှုမဲ့အမှတ်မဲ့ နေတတ်ကြသည်။

စာရေးသူအသက် ၉နှစ်ရွယ်ဝန်းကျင်လောက်မှာထင်သည်၊ အဖေရယ် ကိုယ်ဝန်ရင့်မာကြီးနဲ့ အမေရယ်၊ အိမ်နီးနားချင်း မိတ်ဆွေတွေရယ် မြို့တက်ပြီး လယ်ယာကိုင်းကျွန်းမှ ထွက်သော အသီးအနှံတွေရောင်း၊ မြို့မှ ဆန်၊ ဆီ၊ ဆား စသည့် မြို့ထွက်ပစ္စည်းများ ၀ယ်ရန် သွားလေ့ရှိသည်။ တစ်နေ့တော့ မနက်စောစော ဝေလီဝေလင်း (အရုဏ်မတိုင်ခင်)ကထဲက အဖေနဲ့ အမေတို့ မြို့တက်သွားကြသည်။ တဲမှာ (ကျွန်းထဲမှာ တဲထိုးပြီးနေကြ) အမရယ်၊ စာရေးသူရယ် ညီလေးရယ်၊ ညီမငယ်ရယ် ကလေးငယ်လေး လေးယောက်သာ နွားတွေနဲ့ကျန်ခဲ့သည်။ နေ၀င်ရီအချိန်လေးမှာ အိမ်နီးနားချင်းတွေ ပြန်လာပေမယ့် အဖေနဲ့အမေ မလာသေး၊ ကလေးငယ်လေးတွေ အဖေနဲ့ အမေအလာကို မျှော်နေကြသည်။ အမေက မြို့ရောက်တော့ အရီးအိမ်မှာ မီးဖွားနေသည်ဟု သတင်းရသဖြင့် ဒီညအဖေရောအမေပါ ပြန်မလာနိုင်ကြ။ ကံဆိုးချင်တော့ ထိုညမှာပဲ လေကြီးမိုးကြီး အကြီးအကျယ် ရွာသွန်းချသည်။ စာရေးသူအပါဝင် ကလေး လေးယောက် အော်ငိုရုံနေကလွဲ ဘာမှ မတတ်နိုင်ခဲ့။

သို့သော် အိမ်နီးနားချင်း၊ မိတ်ကောင်းဆွေကောင်းတွေ ရှိကြသည်၊ အိမ်နားက အဖွားတစ်ယောက်က အိမ်လာပြီး ညအိပ်ပေးသည်၊ တချို့က နွားတွေ မိုးထဲက အိမ်ထဲရွှေ့ပေးကြသည်၊ မိုးထဲလေထဲမှာ ရှိနေသည့် အသီးအနှံတွေ တဲထဲရွှေ့ပေးကြသည်။ စာရေးသူတို့တောရွာမှာတော့ အိမ်မှာ လူမရှိပေမဲ့ မပူရ မပန်ရ၊ အိမ်နီးနားချင်းတွေက စောင့်ရှောက်ပေးကြသည်။ မိတ်ကောင်းဆွေကောင်းတို့သည် တောရပ်တောဒေသမှာ များများစားစား တွေ့နိုင်မည်ထင်ပါသည်။ သုဟဒမိတ္တ-မိတ်ကောင်း ဆွေကောင်းဆိုသည်မှာ မိတ်ဆွေအပေါ် မျက်နှာလွဲခဲပစ် မဖြစ်ဘဲ ကြောင်းကြောင်းကြကြ စောင့်ရှောက်တတ်ကြသည်။ ဣဿာမရှိဘဲ မိတ်ဆွေအပေါ်ကူညီတတ်ကြသည်၊ ကရုဏာစိတ်ထားကြသည်။

စာရေးသူတို့လို သာမန်လူသားတွေသည် အလွန်မေ့တတ်သည်၊ နမော်နမဲ့နိုင်တတ်သည်၊ သတိသည် ကမ္မဋ္ဌာန်းအားထုတ်ရာမှာသာ အသုံးဝင်နေသည်မဟုတ်၊ မိမိတို့ နေ့စဉ်ဘ၀ လှုပ်ရှားရုန်းကန်နေချိန်တွင်လည်း သတိဟာ အလွန်ရေးကြီးနေသည်။ သတိတစ်ချက်လွတ်သွားတာနဲ့ အရာအရာကို ဆုံးရှုံးသွားနိုင်သည်။ ပမာဒေါ မစ္စုနော ပဒံ- မေ့လျော့ခြင်း၊ သတိလွတ်သွားသည့်အချိန်သည် သေတာနဲ့ အတူတူပဲဖြစ်သည်၊ ဆိုလိုသည်မှာ အရာရာကို ဆုံးရှုံးသွားသည်။ ကားသမားတစ်ယောက် သတိလေးတစ်ချက်လွတ်လိုက်သည်နှင့် တပြိုင်တည်း အသက်ပေါင်းများစွာ ဆုံးရှုံးရသည်။ ထို့ကြောင့် မမေ့တတ်အောင် လေ့ကျင့်ကြဖို့လိုသည်။ သို့သော် မေ့တတ်တဲ့သူမျိုးက မေ့ကိုမေ့လိုက်ရမှ သူနဲ့တူသည်ဖြစ်တော့သည်။ မေ့လျော့ခြင်းကြောင့် အသေးစား အကျိုးလည်းရှိသေးသည်။ မိမိပစ္စည်း ပါလို့ပါမှန်းမသိခြင်းပင်ဖြစ်သည်။ မေ့တတ်ခြင်းက မိမိသည်သာ ဆုံးရှုံးသည် မဟုတ်၊ မိမိမေ့ကျန်သော ပစ္စည်းကိုတွေ့ရှိသော သူအတွက် စိတ်၏အရည်အချင်းတွေ ဆုံးရှုံးစေနိုင်သည်။ လူဆိုတာက လောဘမျိုးဖြစ်နေသည်။ ထိုလောဘဖြစ်နေမှန်း မသိပါက သို့မဟုတ် မေ့နေပါက နဂိုရှိနေသော စိတ်၏အရည်အချင်းတွေ ဆုံးရှုံးသွားနိုင်သည်။

စာရေးသူတို့လောကမှာ မြင်နေကျ တွေ့နေကျ ဖြစ်အပျက်များစွာရှိသည်။ လူတစ်ယောက် တန်ဖိုးရှိသော စာရွက်စာတမ်း၊ ငွေကြေး၊ ရတနာ တစ်ခုခု မေ့ကျန်ရစ်သော်လည်းကောင်း၊ ကျပျောက်သွားသော်လည်းကောင်း တွေ့ရှိသောသူက ပိုင်ရှင်၊ သို့မဟုတ် သက်ဆိုင်ရာဌာနသို့ ပြန်ပေးတတ်တာတွေလည်း တွေ့ရသလို မပေးဘဲ အသာလေး သိုဝှက်ထားတာတွေလည်း တွေ့ရတတ်သည်။ စာရေးသူ သူငယ်ချင်းတစ်ပါး အမေရိကတက္ကသိုလ်တစ်ခုမှ ပညာသင်ပြန်အလာ နောက်ထပ် တက္ကသိုလ်တစ်ခုတက်ရန်အတွက် ပတ်စပို့ဗီဇာများ၊ လက်ပတော့ကွန်ပြူတာ၊ ဒေါ်လာအနည်းငယ်နှင့် ကျပ်ငွေ ငါးသိန်းလောက် တက္ကစီကားပေါ်မေ့ကျန်ရစ်ခဲ့သည်၊ သတင်းစာ၊ FMရေဒီယိုလိုင်းများ၊ အင်တာနက်မီဒီယာကနေ မေ့ကျန်ရစ်ခဲ့ကြောင်း ကြေညာ အသိပေးခဲ့သော်လည်း တွေ့ရှိသူဟာ အသိစိတ်နဲ့ ပြန်လာမပို့ခဲ့။ ဒီလို လူမှုရေးစိတ်ဓာတ် မေတ္တာစိတ်ဓာတ် မေ့ကျန်ရစ်သူများ ဘယ်လောက်များ သောကရောက်နေမလဲဆိုတာ စာနာတတ်သော ကရုဏာစိတ်ဓာတ် ကင်းသော သူများလည်း လောကမှာ များစွာတွေ့နေရသည်။

သို့သော်လည်း ရှားပါးသော မိတ်ကောင်းဆွေကောင်းတွေလည်း တွေ့ရတတ်သည်။ တနေ့က အင်တာနက်စာမျက်နှာအပေါ်မှာ အလွန်နာမည်ကြီးသွားသည့် ရန်ကုန်ပြည်သူ့ဆေးရုံ ခွဲခန်းက ၀န်ထမ်းတစ်ယောက်၊ ဟိန္ဒူ အိန္ဒိယနွယ်ဖွားတစ်ယောက်၊ လူနာရှင်တွေ ကျန်ရစ်သော တန်ဖိုးရှိရွှေ ငွေ၊ နာရီများကို မကြာခဏ ပိုင်ရှင်ကို ပြန်ပေးခြင်းဘဲဖြစ်သည်။
“အူမတောင့်မှ သီလစောင့်”ဆိုတဲ့ သီလမစောင့်နိုင်သည့်သူများ၏ ဆင်ခြေကို အိန္ဒိယနွယ် မြန်မာပြည်သားက တော်လှန်နိုင်ခဲ့သည်။ သူသည် ငွေကြေးအားဖြင့် မပြည့်စုံပေမဲ့ ခွဲစိပ်ခန်း လူနာတွေကို စိတ်ရှည်လက်ရှည် ပြုစုသည့်အပြင် မေ့ကျန်ရစ်သော မည်သည့်ပစ္စည်း မည်သူ့ကိုမဆို ရောက်အောင် ပေးလေ့ရှိသည်။ ဤသည်ပင် သူ၏မိတ်ဆွေကောင်းတစ်ယောက်၏ အရည်အချင်းပင်ဖြစ်သည်။

ဤကဲ့သို့ မိတ်ဆွေကောင်းတစ်ယောက်၏ အရည်အချင်းရှိသော သူတို့ကိုလည်း မြောက်မြားစွာ တွေ့မြင်ရ၊ ကြားသိရပါသည်။ တချို့တချို့သော တက္ကစီကားသမားများလည်း မိမိတို့ ယာဉ်ပေါ်မှာ မေ့ကျန်ရစ်သော တန်ဖိုးရှိ၊ မရှိ ပစ္စည်းများကို ခရီးသည်ဆီရောက်အောင် စုံစမ်း ပို့ပေးလေ့ရှိသည်၊ မကြာမကြာ ကြားသိနေရသည်။ တစ်ဘ၀တစ်နပ်စာထက် ဘ၀သံသရာ အရှည်ကို ကြည့်တတ်သော မိတ်ဆွေကောင်း၊ တစ်ဝမ်းစာမျှကို မကြည့်ဘဲ မိမိ၏ စိတ်နှလုံးအရည်အချင်းကို တန်ဖိုးထားသူတို့လည်း များစွာရှိကြသည်။ ထို့ကြောင့် ပမတ္တဿ သာပတေယျံ ရက္ခတိ ဆိုတဲ့ မိတ်ဆွေကောင်း၏ အရည်အချင်းဆိုသည်မှာ အရပ်တစ်ပါးသို့သွားနေသော မိတ်ဆွေ၏ အိုးအိမ်စည်းစိမ်၊ သေရည်သောက် မှောက်နေသော မိတ်ဆွေ၏ အိုးခွက်မှာစ ရွှေငွေကျအောင် များလှသိုမှီး ပစ္စည်းအစုစုတို့ကို စောင့်ရှောက်ပေးတတ်သူပင် ဖြစ်တော့သည်။ နောက် မိတ်ကောင်းဆွေကောင်း၏ အရည်ချင်းကား- ဘီတဿ သရဏံ ဟောတိ။

အပိုင်း (၂) လာပါဦးမည်။
မှတ်ချ။ ။ ကျောင်းနှစ်ဝက်ပိတ် ရာသီမှာ မိတ်ကောင်းဆွေကောင်း တစ်ယောက်၏ အရည်အချင်းကို အတွဲလိုက် ရေးမိသည်။ 
ဓာတ်ပုံ- စင်္ကာပူ ဓမ္မမောင်နှမများ ဓမ္မသဘင်

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၀-၂၀၁၄

21 October 2014

မတူညီသော ပေါင်းစည်း ညီညွတ်မှု

မတူညီသော ပေါင်းစည်း ညီညွတ်မှု 

လောကမှာ အယူအဆအမျိုးမျိုး၊ ၀ါဒ အဖုံဖုံတို့ဖြင့် “သူ့ အယူအဆ မှန်သည်၊ ငါ့ အယူအဆ မှန်သည်” စသည်ဖြင့် ငြင်းခုံနေကြလေသည်၊ မတူညီသော ငြင်းခုံမှုတွေထဲတွင် တူညီသော အဖြေ ရှိတတ်စမြဲဖြစ်ပါသည်၊ ထို့ကြောင့် သီတဂူ ဆရာတော်ဘုရားကြီး မကြာခဏ မိန့်မှာသော စကား တခွန်း ရှိပါသည်၊ ထို စကားတခွန်းကား “လောကမှာ မတူညီတာတွေအပေါ်မှာ ငြင်းခုံမှု ပြုမနေကြဘဲနှင့် တူညီမှုတွေ အပေါ်မှာ ၀ိုင်းပြီး အတူလက်တွဲလျှောက်လှမ်းကြဖို့” ဖြစ်ပါသည်၊ (Common Platform) ဘုံလမ်းကို အတူတူ လျှောက်လှမ်းဖို့ တိုက်တွန်း အားပေးတော်မူပါသည်။

မှန်ပေသည်၊ ထို ရည်ရွယ်ချက်ဖြင့် သီတဂူဆရာတော်ဘုရားကြီးသည် လောက၌ လူမျိုး၊ ဘာသာ ခွဲခြားမှု မပြုဘဲ လောကအကျိုး၊ သာသနာအကျိုးကို နေ့မအား ညမနားဘဲ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျှက် ရှိသည်မှာ ကမ္ဘာတလွှား ဆရာတော်ဘုရားကြီး၏ များစွာသော လုပ်ငန်းစဉ်များက သက်သေခံလျှက် ရှိပါသည်၊ များစွာသော လူမှုရေး လုပ်ငန်းစဉ်များဖြစ်သော သီတဂူ ရေအလှူတော် စီမံကိန်း၊ သီတဂူဆေးရုံအလှူ စီမံကိန်း၊ ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်း၊ ပညာရေးအလှူ စီမံကိန်း စသည်တို့တွင် တခုအပါအ၀င်ဖြစ်သော ပညာရေး အလှူ စီမံကိန်းတွင် သီတဂူဆရာတော်ဘုရားကြီး၏ ရည်ရွယ်ချက်ကို အထင်သား တွေ့မြင်ရပေမည်၊ ထိုရည်ရွယ်ချက်ကား “အ၀ိဇ္ဖာ ဖုံးလွှမ်းသော အကမ်းကမ္ဘာကို ဓမ္မအလင်းရောင် ပညာတန်ဆောင်ဖြင့် လောကကို အလှဆင် အလင်းပေးဖို့” ရည်ရွယ်ချက် ဖြစ်ပါသည်၊ ထိုရည်ရွယ်ချက်ဖြင့် သီတဂူဆရာတော်ဘုရားကြီးသည် ပညာတော်သင် စာသင်သားများစွာကို နိုင်ငံတကာသို့ စေလွှတ်ပြီး ပညာသင်ကြားရေးတွင် စာသင်သားများအတွက် လိုအပ်မှု တစုံတရာ မရှိအောင် အစစအရာရာ အားပေး ထောက်ပံ့ တော်မူပါသည်။

သီတဂူဆရာတော်ဘုရားကြီး၏ ပညာရေးအထောက်အပံ့ဖြင့် ကမ္ဘာတလွှား ပညာသင်ယူ နေကြသော တပည့်များစွာတို့တွင် ထိုင်းနိုင်ငံ Assumption တက္ကသိုလ်တွင် M.A နှင့် Ph.D ပညာသင်ယူနေကြသော ရဟန်းတော် (၇) ပါးတို့လည်း အပါအ၀င်ဖြစ်ပါသည်၊ ၂၀၀၇ ခုနှစ် နာဂစ် မုန်းတိုင်းခံ မြန်မာပြည်သားများအတွက် ဆရာတော်ဘုရားကြီးသည် မေတ္တာ၊ ကရုဏာကြီးမားစွာဖြင့် နာဂစ် မုန်းတိုင်းခံ ပြည်သူများအတွက် ကူညီထောက်ပံ့မှု များစွာကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်၊ နာဂစ်ဒေသခံ ပြည်သူများအတွက် ကူညီထောက်ပံ့မှုတွင် သီတဂူဆရာတော်ကြီးနှင့်အတူ ထိုင်းနိုင်ငံ Assumption တက္ကသိုလ်မှ ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် အတူလက်တွဲပြီး နာဂစ်ပြည်သူများ၏ သောကနှင့် ဒုက္ခကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

မတူညီသော ဘာသာနှစ်ခု၏ တူညီသော ရည်ရွယ်ချက်ကား လောကသားတို့၏ ဆင်းရဲမှန်သမျှကို ပယ်ဖျောက်ပေးပြီး သောကကို ပယ်ဖျောက်ပေးဖို့ဖြစ်ပါသည်၊ တူညီသော ရည်ရွယ်ချက်ဖြင့် သီတဂူဆရာတော်ဘုရားကြီးနှင့်အတူ ထိုင်းနိုင်ငံ Assumption တက္ကသိုလ်မှ ခရစ်ယာန်ဘုန်းတော်ကြီးများ၏ အတူလက်တွဲ ဆောင်ရွက်မှုကြောင့် ယခုဆိုလျှင် အေဘက် တက္ကသိုလ်တွင် ပညာဆည်းပူးလျှက်ရှိသော ရဟန်းတော်များပင် ဘွဲ့များ အသီးသီး ရရှိခဲ့လေပြီ၊ ဘွဲ့ရရှိသော ရဟန်းတော်များ၏ ရရှိသော ဘွဲ့နှင့် ခုနှစ်အချက်အလက်တချို့ကို အောက်ပါတွင် ဖတ်ရှုနိုင်ပါသည်။

စဉ် ဘွဲ့တော် အမည် ရရှိသော ဘွဲ့ ကျောင်းသား ID ခုနှစ်
၁ အရှင်ကိတ္တိသာရ M.A(Religious studies) 531 9512 2014
၂ အရှင် ၀ိသာဒရ M.A(Religious studies) 531 951 thesis
၃ အရှင် ပဏ္ဍိတဓဇာလင်္ကာရ M.A(Educational Admi) 541 9517 2014
၎ အရှင် သူရိယ M.A(Religious studies) 531 951 2013
၅ အရှင် နန္ဒာစာရာလင်္ကာရ M.A(Religious studies) 531 9513 2014
၆ အရှင် ဇဋိလ M.A(Educational Admi) 541 9516 2014
၇ အရှင် ခေမာသာရ Ph.D(Educational Leadership) 551 9848 Thesis

၂၃.၁၁.၂၀၁၄ နေ့တွင် သီတဂူဆရာတော်ဘုရားကြီးမှ မြန်မာနိုင်ငံ ရိုမန်ကက်သလစ် ခရစ်ယာန် နှစ် ၅၀၀ ပြည့်အထိမ်းအမှတ်နေ့တွင် တက်ရောက်ပြီး မိန့်ခွန်း ပြောကြားပေးမှာဖြစ်ပါသည်။ ဤသည်ကား မတူညီသော ဘာသာတရားနှစ်ခု၏ တူညီသောလမ်းပေါ် အတူတူ လျှောက်လှမ်းခြင်း၏ အသီးအပွင့် အကျိုးကျေးဇူးများ ဖြစ်ပါသည်၊ နိဂုံးချုပ်အနေဖြင့် ဆရာတော်ဘုရားကြီး၏ လူမှုရေး၊ ဘာသာရေး လုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်အောင် ပါဝင် ကူညီနိုင်ကြပညာသင်ကြားပြီးသော ဘွဲ့တဆိပ်တော် ရရှိပြီးသော သံဃာတော်များလည်း မိမိတို့ တတ်စွမ်းသမျှ ပညာရေး အသီးအပွင့်များကို မိမိတို့ အမိဌာနေ တက္ကသိုလ်ကြီးဖြစ်တဲ့ သီတဂူ အဓိပတိဆရာတော်ဘုရားကြီး တည်ထောင်ပေးတော်မူခဲ့သော စစ်ကိုင်း၊ မန္တလေးနှင့် ရန်ကုန် (၃) ဌာနတို့မှာ နောင်လာ နောက်သား အနာဂတ်သာသနာ့ကြယ်ပွင့်လေးများ ထွန်းပေါက်လာအောင် ပညာရေးစီမံကိန်းတွေမှာ ပါဝင်လုပ်ဆောင်သွားဖို့ ဆရာတော်ကြီး၏ လမ်းညွန်ချက်ဖြင့် မိမိတို့ စွမ်းနိုင်သမျှ လောကအကျိုး၊ လူမှုရေးအကျိုး၊ သာသနာအကျိုး မျှော်ကိုးကာ အနာဂတ်သာသနာ အတွက် ဆက်လက် ကြိုးစားသွားဖို့ရန် ဆန္ဒပြုလိုက်ပါသည်။

သီတဂူ စမ်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူဆရာတော်ဘုရားကြီး၏ တပည့်
အရှင်ကိတ္တိသာရ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၁၀-၂၀၁၄

13 October 2014

သီတဂူဆရာတော် နီပေါလ်နိုင်ငံသို့ ကြွခြင်း

သီတဂူဆရာတော် နီပေါလ်နိုင်ငံသို့ ကြွခြင်း

မြတ်ဗုဒ္ဓဖွားရာဒေသ လုမ္ဗိနီသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည်၊ ယခုအခါ ကာကွယ်စောင့်ရှောက်ဖို့လိုအပ်သည့် အချိန်ဖြစ်သည်။ မြတ်ဗုဒ္ဓဖွားရာ နယ်နိမိတ်အတွင်း စီးပွားရေးဇုန်များ၊ တခြားယဉ်ကျေးမှုများ၊ ဘာသာများက တိုးဝှေ့နေရာယူလျက်ရှိသည်၊ ထိုအရေးကို နိုင်ငံတကာရဲ့အမွေအနှစ်ဖြစ်သည့်အားလျော်စွာ တကမ္ဘာလုံးကတာဝန်ရှိကြောင်း ပြသဖို့လိုသည်။

သီတဂူဆရာတော်ကြီးသည် နီပေါလ်နိုင်ငံ ဒေါက်တာ အရှင်ဥာဏပုဏ္ဏိကထေရ်နှင့်ပူးပေါင်း၍ နိုင်ငံတကာ ဗုဒ္ဓဘာသာ ထိပ်သီးအစည်းဝေးကို ကျင်းပနိုင်ရန် လူအင်အား (Man Power) ငွေအင်အား (Money Power) ပစ္စည်းအင်အား (Material Power) စိတ်ဓာတ်အင်အား (Mind Power) များ စိုက်ထုတ်လျက်ရှိသည်။

၁။ ဗုဒ္ဓအမွေအနှစ် တိုးတက်ပြန့်ပွားရေး (Promotion of Buddhist Cultural Heritage)
၂။ ဗုဒ္ဓအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး (Preservation of Buddhist Cultural Heritage)
၃။ ဗုဒ္ဓအမွေအနှစ် ကာကွယ် စောင့်ရှောက်ရေး (Protection of Buddhist Cultural Heritage) ခေါင်းစဉ်တို့ဖြင့် စာတမ်းများတင်သွင်းကြမည် ဖြစ်သည်။

ထိုအစည်းအဝေးကြီး မကျင်းပမီ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရန် နီပေါလ်သို့ အချိန်လု၍ ကြွလေ့ရှိသည်။ အောက်တိုဘာလ ၁၀-၁၁-၁၂-ရက်များ နီပေါလ်၊ လုမ္ဗိနီကြွရောက်၍ အစည်းဝေးကျင်းပရာ နေရာ၊ နိုင်ငံတကာမှ ကိုယ်စားလှယ်များ တည်းခိုရာ နေရာ၊ ဟိုတယ် စသည်များကို သွားရောက် စစ်ဆေးသည်။

ဆရာတော်ကြီးသည် တကမ္ဘာလုံးအေးချမ်းစေရန် ခိုစာများလည်း ကျွေးခဲ့သေးသည်။

၁၂ရက်နေ့ညက ရန်ကုန်မြို့သို့ ပြန်ကြွလာ၍ ၁၃ရက်နေ့ ညပိုင်း ကိုရီးယားလေကြောင်းဖြင့် ကနေဒါနိုင်ငံသို့ ကြွရောက်မည် ဖြစ်ပါသည်။

နိုင်ငံတကာ အစည်းဝေးရက်များ--၂၀၁၄၊ နိုဝင်ဘာလ-၁၅-၁၆-၁၇ ရက်များဖြစ်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၁၀-၂၉၁၄

12 October 2014

ရောက်ခဲ့သည့် ငါးတစ်ပိုင်း ခြင်္သေ့တစ်ပိုင်းမြို့

  ရောက်ခဲ့သည့် ငါးတစ်ပိုင်း ခြင်္သေ့တစ်ပိုင်းမြို့

ခြင်္သေ့ဦးခေါင်းနှင့်တူသော တံငါကုန်းပေါ်မှာ တည်ထားသည့် မြို့၊ ငါးတစ်ပိုင်း ခြင်္သေ့တစ်ပိုင်းသင်္ကေတဖြင့် ပုံဖော်ထားသော မြို့သည် သို့မဟုတ် နိုင်ငံသည် စင်္ကာပူနိုင်ငံပဲဖြစ်သည်။ အလွန်သန့်ရှင်း သပ်ရပ်သော မြို့ဖြစ်သည်။ စည်းကမ်း စနစ်များ အလွန်ကောင်းသည်။ မြို့ဧရိယာကျဉ်းသဖြင့်လည်း စင်္ကာပူအစိုးရက ဘက်ပေါင်းစုံက ပြည့်စုံအောင် ပြုလုပ်နိုင်သည်။ သူ့နိုင်ငံမှာ သယံဇာတ၊ အသီးအနှံကအစ ဘာမျှမထွက်ပေမဲ့ တကမ္ဘာလုံးက ထွက်သည့် ရေထွက်၊ ကုန်းထွက် ပစ္စည်း အကုန်ရှိအောင် ဖန်တီးနိုင်သည်။

နိုင်ငံတစ်နိုင်ငံလုံးသည် ရှော့ပင်းစင်တာများ၊ ဟိုတယ်များ၊ အရောင်းပြခန်းများ၊ ပျော်ရွှင်စရာ အပန်းဖြေစခန်းများဖြင့် ပြည့်နေသည်၊ တကမ္ဘာလုံးက စီးပွားရေးသမား၊ သူဌေးသူကြွယ်များ၊ ပညာရှင်များကို ရအောင်ခေါ်နိုင်သည်။ ထိုသည်ပင် သူ့နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်ဟန်တူသည်။

နာမည်ကြီးလှသည့် ထိုမြို့သို့ ရောက်ခဲ့ပါပြီ
မိမိသည် ကမ္ဘာ၏အရှေ့ချမ်း သြစတေးလျ၊ ကိုရီးယားနှင့် အနောက်ချမ်း ဂျာမနီ၊ ဆွစ်ဆာလန်၊ ပြင်သစ်၊ ရုရှားနှင့် အိမ်နီးချင်းနိုင်ငံအချို့သို့ ရောက်ခဲ့ပြီးဖြစ်သည်။ သို့သော် အာရှမှာ အလွန်နာမည်ကြီးသည့် ထိုမြို့ကို ရောက်ချင်နေသည်မှာ ကြာပြီ ဖြစ်သည်၊ တစ်ချိန်ချိန်တော့ ရောက်မှာပဲဟု တွေးတောမိသည်။ မိမိ၏ မိတ်ဆွေအများစုတို့သည် ရောက်ဖူးနှင့်ပြီး ဖြစ်ကြသည်။ ကျေးဇူးကြီးမားသည့် မိမိ၏ဆရာနှင့် စင်္ကာပူရောက် မြန်မာမိသားစုကျေးဇူးကြောင့် ဆန္ဒပြည့်သွားသည်။

စင်္ကာပူတရားပွဲများ
၃-၁၀-၂၀၁၄ နေ့ ည စင်္ကာပူရောက်၊ ၄-၅ရက်များမှာ စင်္ကာပူရောက် ဓမ္မမောင်နှမများ၊ မြန်မာမိသားစု၏ ဓမ္မပူဇာပွဲတွင် သီတဂူဆရာတော်ကြီး တရားချီးမြင့်သည်၊ ၂ရက်လုံး ခန်းမဆောင်ကြီး ၂ထပ်လုံးအပြည့် လာရောက် တရားနာယူကြသည်။ ထူးခြားသည်မှာ တရားနာသူအများစုတို့သည် လူငယ်များသာ ဖြစ်ကြသည်၊ တရားပွဲ ဖြစ်မြောက်ရေးအတွက် ဝေယျာဝေစ္စအဖွဲ့များသည်လည်း လူငယ်တွေချည်းပဲ ဖြစ်သည်။ စုပေါင်း ညီညီညာ တက်တက်ကြွကြွ လုပ်ဆောင်နေကြတာကို မြင်ရသဖြင့် ကျက်သရေမင်္ဂလာ ရှိလှသည်။

၆-၁၀-၂၀၁၄ နေ့မှာတော့ အစီအစဉ်မရှိဘဲ တရားပွဲ ကျင်းပသည်၊ ထိုနေ့အတွက် အစ်နေ့ကိုတောင် ကျေးဇူးတင်ရပါလိမ့်မည်။ စနေ တနင်္ဂနွေ အလုပ်ပိတ်ရက်မှာ ဆရာတော်ကြီး၏ တရားဓမ္မများကို နာယူခွင့်ရကြသည်။ ပုံမှန်အားဖြင့် တနင်္လာနေ့သည် စင်္ကာပူနိုင်ငံရှိ အားလုံးတို့သည် အိပ်ချိန်မှပဲ အိမ်ပြန်ရောက်ရသည့် နေ့ဖြစ်သည်၊ အလုပ်များကြသည်။ အစ်နေ့ အားလပ်ရက် ဖြစ်သဖြင့် မိမိအား ဓမ္မပလ္လင်ပေါ်တင်လိုက်ခြင်းဖြစ်သည်။ ထိုအထွက် သုံးရက်ဆက်တိုက် အပင်ပန်းခံ တရားပွဲသို့ အားခဲရောက်လာကြသည့် စင်္ကာပူရောက် ဓမ္မမောင်နှမများနှင့် တရားချစ်ခင်သူတော်စင်တို့အား အထူးကျေးဇူတင်ပါသည်။

အထူးကျေးဇူးတင်ရှိခြင်း
စင်္ကာပူရောက်ခိုက် နံနက်ပိုင်း နံနက်စာဆွမ်းကို ဟိုတယ်မှာပဲ စားသည်၊ နားချိန်များတွင် ဟိုတယ်အနီးတ၀ိုက် လျှောက်ကြည့်ဖြစ်သည်။ နေ့လည်စာဆွမ်းကိုတော့ မြန်မာမိသားစုများအိမ်သို့ သွားစားကြသည်။ နေ့ဆွမ်းပြီးတိုင်း စင်္ကာပူမြို့ အထင်ကရနေရာများကို လိုက်ပို့ပေးသော ဒကာကြီး ဦးတင်မောင်ဝင်းနှင့်အဖွဲ့အား အထူးပင် ကျေးဇူးတင်ပါသည်။ မိမိ၏ တရားပွဲပြီးပြီးချင်း MRT စီးဖူးအောင်လည်း ဆောင်ရွက်ပေးကြသည်။ အထူးအားဖြင့် မိမိအား ဓမ္မာသန (တရားပလ္လင်)ပေါ်သို့ အရောက်ပို့ပေးသူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁၀-၂၀၁၄

11 October 2014

သီတဂူဆေးအလှူတော် ဖိတ်မန်ခြင်း

သီတဂူဆေးအလှူတော် ဖိတ်မန်ခြင်း

သီတဂူအာယုဒါနဆေးရုံ (အထွေထွေဆေးရုံ)၊ (စစ်ကိုင်း)ကို မြန်မာသက္ကရာဇ် ၁၃၄၇ ခုနှစ် စတင်တည်ဆောက်၍ ၁၃၅၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

စတင်ခဲ့စဉ်က
ထိုဆေးရုံတော်ကို ကုဋင် ၁၆၊ ၀န်ထမ်း ၂၀ ယောက်ဖြင့် စတင်ခဲ့သည်။ ထိုအချိန်က စစ်ကိုင်းတောင်တော်တွင် ချောင်ပေါင်း ကျောင်းပေါင်း ၄၀၀ (လေးရာ)နှင့် ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ သီလရှင်၊ သူတော်စင်ပေါင်း ၄၀၀၀ (လေးထောင်) သာရှိခဲ့သည်။

ယနေ့ သီတဂူအာယုဒါနဆေးရုံ
ယခုအခါ ချောင်ပေါင်း ကျောင်းပေါင်း ၁၁၇၀နှင့် ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ သီလရှင်၊ သူတော်စင်ပေါင်း ၁၇၀၀၀ (တစ်သောင်း ခုနှစ်ထောင်) ထိ ရောက်လာသည်။
သို့ဖြစ်ခြင်းကြောင့် ဆေးရုံတော်ကို ၁၆ ကုဋင်မှ ကုဋင် ၁၀၀ အထိတိုးချဲ့ခြင်း၊ ၀န်ထမ်းများကိုလည်း အယောက် (၁၀၀) အထိ တိုးချဲ့ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

ထို့ပြင်ပြင် မျက်စိဌာနကိုလည်း သီးခြားဖွင့်လှစ်ခဲ့ရသည်၊ ယခုအခါ နှလုံးအထူးကုဌာနကိုပါ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်။

ဆေးရုံ၏ကုန်ကျစရိတ်

ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ သီလရှင်၊ သူတော်စင်အပေါင်းတို့ကို အခမဲ့ဆေးကုသပေးခြင်း၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်းများကပ်လှူ ကုသိုလ်ပြုပါသည်။
အိမ်နေသူ (ဃရာဝါသ) လူတို့မှာတော့ အနည်းငယ်မျှ ဘဏ္ဍာစားပေးရပါသည်။
ဝန်းထမ်း (၁၀၀)အတွက် လစာပေးခြင်း၊ ဆေးဖိုး၊ ဆွမ်းကျွေးစရိတ်တို့သည် တစ်လလျှင် ကျပ်သိန်းပေါင်း (၁၀၀ မှ၁၅၀) အထိ ကုန်ကျပါသည်။

သီတဂူ ဒေသအသီးသီးမှ ဆေးရုံ
နယ်ဆေးရုံတော်များကို ပြည်တွင်း ပြည်ပ မျက်စိအထူးကု ဆရာဝန်ကြီးများ၊ နှုတ်ခမ်းကွဲ အာခေါင်ကွဲ အထူးကု ဆရာဝန်ကြီးများ၊ လည်ပင်းကြီးရောဂါအထူးကု ဆရာဝန်များဖြင့် သွားရောက် ကုသ ကုသိုလ်ပြုပါသည်။

ထိုသို့ကုသိုလ်ပြုရာတွင် မျက်စိတစ်ခါခွဲလျှင် (၇၅)သိန်းမှ သိန်း (၁၀၀) အထိကုန်ကျပါသည်။

သို့ဖြစ်ခြင်းကြောင့်
သီတဂူအာယုဒါနဆေးရုံတော် (စစ်ကိုင်း)အတွက် ဆေးအလှူတော်ကို တစ်လ ကျပ်သိန်း ၁၀၀ မှ ၁၅၀ တစ်နှစ်စာ (၁၂-လ) အလှူရှင် ၁၂ ဦးခန့်အလိုရှိပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
www.sitagustar2020.net 

ဆက်သွယ်ရန် ဖုန်းများ
---------------------------

ပြည်ပ--
အမေရိကန်နိုင်ငံ- ဒေါက်တာ အရှင်အရိယဓမ္မ ဖုန်း--- 512 301 3968
စင်္ကာပူနိုင်ငံ--- ဦးတင်မောင်ဝင်းး ဖုန်း---+၆၅-၉၃၈ ၆၆၈၄၀
အင်္ဂလန်နိုင်ငံ-ဒေါက်တာ ဦးကိုကို ဖုန်း---+၄၄၇၉၇၃ ၁၈၁၈၅၄/ +၄၄၂၀၈၇ ၆၃၉၈၀၆
ပြင်တွင်း--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဖုန်း ၀၇၂-၂၁၆၁၁
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ဖုန်း ၀၂-၇၅၂၇၈
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖုန်း ၀၁-၅၈၁ ၇၇၇၊ ၀၁-၅၈၁ ၈၈၈

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၁၀-၂၀၁၄

09 October 2014

သီတဂူရေအလှူတော် ဖိတ်မန်ခြင်း

သီတဂူရေအလှူတော် ဖိတ်မန်ခြင်း

သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့ကြီးက စီမံကိန်းများဖြစ်သော ရေအလှူတော်စီမံကိန်း၊ ဆေးရုံစီမံကိန်း၊ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ စီမံကိန်းနှင့် ပြည်တွင်းပြည်ပ သာသနာပြု ကျောင်းများစီမံကိန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ--

သီတဂူရေအလှူတော် စီမံကိန်းကြီးကို မြန်မာသက္ကရာဇ် (၁၃၄၂) ခုနှစ်မှ စတင် တည်ထောင်ခဲ့သည်။

စတင်သော စက်ရုံများ

-----------------------------------

(က) ထုံးဘိုစက်ရုံနှင့် သဒ္ဓမ္မသီတဂူစက်ရုံ ၂ ရုံဖြင့်စတင်ခဲ့သည်။

(ခ)မြင်းအကောင်ရေ ၂၅ မော်တာ တပ်ဆင်သော ရေစက်နှင့် မြင်းကောင်ရေ ၁၅ တပ်ဆင်သော ရေစက် ၅ လုံးတို့ဖြင့် စတင်ခဲ့သည်။

စတင်သော ရေကန်ကြီးများ

-------------------------

(၁) ရှင်ပင်နန်ကိုင်းတောင်ထိပ်ရှိ ဂါလံ (၃သိန်းဆန့်) လသာရေကန်ကြီး

(၂) ကိန္နရာတောင်ထိပ်ရှိ ဂါလံ (၁ သိန်းဆန့်) ပန်ပဲတန်း ရေကန်ကြီး

(၃) ဥမင် ကိုးဆယ် တောင်ထိပ်ရှိ ဂါလံ (၅ သောင်းဆန့်) ဝေနေယျသုခ ရေချမ်းစင် ရေကန်ကြီး

(၄) သဒ္ဓမ္မသီတဂူချောင်ရှိ ဒေါ်မြမြ ရေကန်တော်

(၅) အောင်မြေသာစည်ချောင်ရှိ ငွေဆယ် ရေကန်တော် ဟူ၍ ထိုရေကန်ကြီး ၅ လုံးတို့ဖြင့် စတင်ခဲ့သည်။




စတင်သော ချောင်ပေါင်း၊ သူတော်စင်ပေါင်း

---------------------------

သီတဂူရေအလှူတော်စတင်စဉ်က စစ်ကိုင်းတောင်ရိုး၌ ချောင်ပေါင်း ကျောင်းပေါင်း ၄၀၀ (လေးရာ)ရှိခဲ့သည်။

ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ သီလရှင်၊ သူတော်စင်ပေါင်း ၄၀၀၀ (လေးထောင်) သာရှိခဲ့သည်။

ယနေ့ သီတဂူ ရေအလှူတော်

----------------------------------

ယနေ့ စစ်ကိုင်းတောင်တော်၌ ချောင်ပေါင်း ကျောင်းပေါင်း ၁၁၇၀ ရှိနေသည်။

ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ သီလရှင်၊ သူတော်စင်ပေါင်း ၁၇၀၀၀ (တစ်သောင်း ခုနှစ်ထောင်) ထိ ရောက်လာသည်။

တိုးချဲ့စက်ရုံများ------------
သို့ဖြစ်ခြင်းကြောင့် ယနေ့ သီတဂူရေအလှူတော်ကို အပြင်းအထန် တိုးချဲ့ဆောက်လုပ်လျက်ရှိရာ------

(၁) စက်ရုံသုံးရုံ (၄၀)မြင်ကောင်ရေအားရှိ မော်တာနှင့်တွဲဖက် ရေစက်ပေါင်း (၁၅)လုံးတို့ဖြင့် အလှည့်ကျ မောင်းနှင်လျက်ရှိသည်။

(၂) ရေပိုက်လိုင်းပေး (၄)သိန်းကျော် သွယ်တန်းပြီး ဖြစ်ပါသည်။

(၃) ဂါလံ ၅ သောင်းနှင့် ဂါလံ ၁ သိန်း၊ ဂါလံ ၃ သိန်း သိုလောင်နိုင်သည့် ရေကန်ကြီး (၂၅)လုံး တည်ဆောက်ပြီး ဖြစ်သည်။

(၄) ယနေ့ ဂါလံ ၅ သိန်းမှ ၇ သိန်းအထိ ကုသိုလ်ပြု ပေးလှူလျက်ရှိပါသည်။

(၅) သူတော်စင်ပေါင်း ၁ သောင်း (တစ်သောင်း)ကျော်တို့အား ဂါလံ ၅ သိန်းခန့် ရေအလှူတော်၊ လျှပ်စစ်ဓာတ်အားခ တစ်လ ကျပ်သိန်း (၁၀၀မှ ၁၅၀) အထိ ကုန်ကျပါသည်။

မှတ်ချက်။ ။ ဓာတ်အားပြတ်လျှင် ဒီဇယ်ဆီဖြင့်မောင်းရပါသည်။

နှိုးဆော်ခြင်း

------------------------

သို့ဖြစ်ခြင်းကြောင့်-----

တစ်နှစ်စာ (၁၂-လ) အတွက် ကျပ်သိန်းပေါင်း ၁၀၀ အလှူရှင် ၁၂ ဦးခန့် အလိုရှိပါသည်။


“တောင်စစ်ကိုင်း ချောင်တိုင်းဝေမည်

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

သီတဂူသာသနာပြုအဖွဲ့

www.thesitagu.org

www.sitagustar2020.net 
ဆက်သွယ်ရန် ဖုန်းများ

---------------------------


ပြည်ပ--

အမေရိကန်နိုင်ငံ- ဒေါက်တာ အရှင်အရိယဓမ္မ ဖုန်း--- 512 301 3968

စင်္ကာပူနိုင်ငံ--- ဦးတင်မောင်ဝင်းး ဖုန်း---+၆၅-၉၃၈ ၆၆၈၄၀

အင်္ဂလန်နိုင်ငံ-ဒေါက်တာ ဦးကိုကို ဖုန်း---

ပြင်တွင်း--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဖုန်း ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ဖုန်း ၀၂-၇၅၂၇၈

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖုန်း ၀၁-၅၈၁ ၇၇၇၊ ၀၁-၅၈၁ ၈၈၈



ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၉-၁၀-၂၀၁၄

05 October 2014

သီတဂူစတား စင်္ကာပူတရားပွဲ

သီတဂူစတား စင်္ကာပူတရားပွဲ 

၆-၁၀-၂၀၁၄ တနင်္လာနေ့တွင် သီတဂူစတားသည်  စင်္ကာပူရောက် မြန်မာမိသားစုများအား တရားတော်များ ဟောကြားမည် ဖြစ်သည်။

နေရာ။ ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၁၀-၂၀၁၄

04 October 2014

သီတဂူဆရာတော် စင်္ကာပူတရားပွဲ ပထမည

သီတဂူဆရာတော် စင်္ကာပူတရားပွဲ ပထမည
၎-၁၀-၂၀၁၄ ည ၇နာရီမှာ သီတဂူဆရာတော်ကြီးသည် စင်္ကာပူရောက်မြန်မာမိသားစုများနှင့် ဗုဒ္ဓတရားတော်များကို စိတ်ဝင်စားကြသော သူတော်ကောင်းအပေါင်းတို့အား အပ္ပမာဒတရာတော်ကို ဟောကြားတော်မူသည်။

ပရိသတ်အပေါင်း အံ့သြလောက်အောင် များပြားသည်၊ ကြီးကျယ်သော ဓမ္မသာလာကြီးတစ်ခုလုံး ပြည့်လျှံသွားသည်။

ထူးခြားသည်မှာ တရားနာပရိသတ် ၉၀ ရာခိုင်းနှုန်းသည် လူငယ်များသာ ဖြစ်ကြသည်။
မနက်ဖန် ညနေ (၆)နာရီမှ စတင်ဟောကြားမည်ဖြစ်သည်။

နေရာ။ ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၁၀-၂၀၁၄

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် နှစ်ဝက်စာမေးပွဲကျင်းပ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် နှစ်ဝက်စာမေးပွဲကျင်းပ

၃-၁၀-၂၀၁၄မှ ၇-၁၀-၂၀၁၄ နေ့အထိ ၅ ရက်တိုင်တိုင် စစ်ကိုင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် နှစ်ဝက်စာမေးပွဲကို မန္တလေး၊ ရန်ကုန်မြို့ကြီးများရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အသီးအသီး၌ တပြိုင်းတည်း ကျင်းပသည်။

ထိုစာမေးပွဲများတွင် ဘီအေးတန်း၊ ဒီပလိုမာတန်း ကျောင်းသား ကျောင်းသူ ၉၀၀နီးပါး ၀င်ရောက် ဖြေဆိုကြသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၁၀-၂၀၁၄
www.thesitagu.org
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes