သီတဂူစတား

သီတဂူစတား
Showing posts with label စာတမ်း. Show all posts
Showing posts with label စာတမ်း. Show all posts

03 December 2010

သ၀ဏ်လွှာ (၂)

၂၀၁၀-ပြည့်နှစ် အောက်တိုဘာလ ၃၀-ရက်နေ့တွင် ကျင်းပသော
အင်ဒိုနီးရှားနိုင်ငံ ဆုမတြကျွန်းမြောက်ပိုင်း ဘရာစတာဂီမြို့၌ကျင်းပသည့်
ရွှေတိဂုံပုံတူစေတီတော် အနေကဇာတင်ပွဲအခမ်းအနားသို့
အင်ဒိုနီးရှားနိုင်ငံ သာသနာရေးဝန်ကြီး ဒေါက်တာ သူရိယဓမ္မအလီ၏ သ၀ဏ်လွှာ


မိတ်ဆွေနိုင်ငံများမှ သံအမတ်ကြီးများ
ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ သာသနာရေးဝန်ကြီး
အင်ဒိုနီးရှားနိုင်ငံနှင့် မိတ်ဆွေနိုင်ငံများမှ သံဃာတော်များ
တက်ရောက်သူအားလုံးနှင့်မိတ်ဆွေများခင်ဗျား

ဘုရားသခင် ကောင်းချီးပေးပါစေဟု ဆုတောင်းပါတယ်

ယခုကဲ့သို့ အရေးပါသော အခမ်းအနားကြီးတစ်ရပ်ကို ကျင်းပနိုင်အောင် ကောင်းချီးပေးသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးကျူးအပ်ပါတယ်။ အခုကဲ့သို့ ထူးခြားလှသည့် အခမ်းအနားကြီးမှာ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးနှင့် မိတ်ဆွေသံအမတ်ကြီးများ မိတ်ဆွေနိုင်ငံများမှ ဆရာတော် သံဃာ တော်များကို ကြိုဆိုနှုတ်ခွန်းဆက်ပါကြောင်း ပြောကြားလိုပါတယ်။ ယခုလို အခါသမယမျိုးမှာ အင်ဒိုနီးရှား နိုင်ငံရဲ့ အလှအပနှင့် သဘာဝများကို ခံစားနိုင်ကြပါစေလို့ မျှော်လင့်မိပါတယ်။

ရွှေတိဂုံပုံတူစေတီတော်ကြီးကို အောင်မြင်စွာတည်ဆောက်ခဲ့ကြတဲ့ ကုသိုလ်ကောင်းမှုများအတွက် ဗဟိုစည်းရုံးရေးကောင်မတီရဲ့ ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။ ဒီစေတီတော်ကြီးကို ကမ္ဘာလှည့်ခရီးသည်များရဲ့ နယ်မြေမှာတည်ထားတဲ့အတွက် ရေရှည်အကျိုးခံစားခွင့် ရရှိမှာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည် နယ်မြေဒေသတွင် ထင်ရှားကျော်ကြားသော နေရာမှာ ဒီစေတီ တော်ကြီးတည်ထားခြင်းဟာ ၀မ်းမြောက်ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် များအတွက် ဒီစေတီတော်ကြီးဟာ အနာဂတ်ကာလမှာ ဘာသာရေးဆိုင်ရာ ခရီးသွားလုပ်ငန်းရဲ့ အစိတ် အပိုင်းတစ်ခုအဖြစ် တည်ရှိလာတော့မှာဖြစ်ပါတယ်။

ဧည့်သည်တော်များခင်ဗျား
ဒီအခမ်းအနားကြီးမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ကိုးကွယ်မှုဘာသာရေးအခြေအနေကို ပြောကြားလိုပါ တယ်။ အင်ဒိုနီးရှားလူမှုအဖွဲ့အစည်းဟာ ကွဲပြားခြားနားတဲ့ လူမျိုးစုများ ဘာသာစကားများ ယဉ်ကျေးမှု များနှင့် ဘာသာကိုးကွယ်မှုများဖြင့် ဖွဲ့စည်းထားပါတယ်။ အထူးသဖြင့် ဘာသာရေးကိုးကွယ် ယုံကြည်မှုမှာ ငါးမျိုးရှိပါတယ်။ အစ္စလာမ်ဘာသာဝင်ဦးရေ ၈၇.၂ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာဝင်ဦးရေ ၆-ရာခိုင်နှုန်း၊ ကက်သလစ်ဘာသာဝင်ဦးရေ ၃.၆ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင်ဦးရေ ၃.၆ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာဝင်ဦးရေ ၁-ရာခိုင်နှုန်းနှင့် ကွန်ဟုချုနှင့် အခြားဘာသာဝင်ဦးရေ ၀.၃ ရာခိုင်နှုန်းရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကိုးကွယ်မှုဘာသာများ၏ တည်ရှိနေမှုကို အကာအကွယ်ပေးပါတယ်။ ဘာသာရေးယုံကြည်မှု လွတ်လပ်ခွင့်ကို အာမခံချက်ပေးပါတယ်။ ဒီအချက်တွေကို ၁၉၄၅-ခုနှစ်၊ အင်ဒိုနီးရှား နိုင်ငံအခြေခံဥပဒေ အပိုဒ် ၂၉-မှာ သတ်မှတ်ပြဌာန်းထားခဲ့ပါတယ်။ ဘာသာကိုးကွယ်မှုသည် အဓိပ္ပါယ်ပြည့်ဝ ပြီး အရေးကြီးတဲ့ အခန်းကဏ္ဍတွင်ပါဝင်ကြောင်း လူမှုအသိုင်းအ၀ိုင်းနဲ့ အမျိုးသားရေးဘ၀မှ သီးခြား ခွဲထုတ်၍မရနိုင်ကြောင်းကို အခြေခံအချက်အနေနဲ့ ယုံကြည်လက်ခံထားပါတယ်။ ဘာသာယုံကြည်မှုဟာ လူသားများရဲ့ အပြုအမူကို တွန်းအားပေးနိုင်တဲ့ အရင်းအမြစ် တည်ထွင်ဆန်းသစ်မှုကို တွန်းအားပေးနိုင်တဲ့ အရင်းအမြစ်၊ လူမှုဘ၀မှာ လူသားစွမ်းအင်ကို စုစည်းပေးနိုင်တဲ့ အရင်းအမြစ်အဖြစ် အရေးပါပြီး အဓိပ္ပါယ် ပြည့်ဝကြောင်း မှတ်ယူထားပါတယ်။

အခမ်းအနားများ လူမှုရေးဘ၀များ စီးပွါးရေးဘ၀များ၊ နိုင်ငံရေးလုပ်ဆောင်မှုများနှင့် ယဉ်ကျေးမှု ရေးရာ ကိစ္စမှန်သမျှမှာ နေ့စဉ်နေ့တိုင်း ဘာသာရေးကိုးကွယ်မှုဟာ ရောင်ပြန်ဟပ်လျက် ရှိပါတယ်။ ဒီရောင်ပြန်ဟပ်မှုများနှင့်အတူ ဘာသာရေးကိုးကွယ်မှုနှင့် လူ့အဖွဲ့အစည်းဟာ ပတ်ဝန်းကျင်လူမှုဘ၀များ နှင့်အတူ တပေါင်းတစည်းတည်း တည်ရှိလာမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ရောနှောလျက်ရှိသော လူမူအဆောက်အအုံအတွက် ကိုးကွယ်မှုဘာသာရေး ယုံကြည်ချက်သဟဇာတဖြစ်မှုဟာ နိုင်ငံစည်းလုံးရေးအတွက် ရေရှည်ရပ်တည်ရေးအတွက် အရေးကြီးသော ကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ သဟဇာတမျှတညီညွတ်မှုဟာ ဘာသာအယူဝါဒတိုင်း ဘာသာရေးလုပ်ငန်း တာဝန်များ လုပ်ဆောင်တဲ့နေရာမှာ အခြေခံအချက်များကို ညှိနှိုင်းရခြင်းမရှိဘဲနှင့် အတူတကွ ယှဉ်တွဲ နေထိုင်ခွင့်ရှိသော လူမှုပတ်ဝန်းကျင် အခြေအနေတစ်ရပ်အပေါ် တည်မှီလျက်ရှိပါတယ်။

ရောနှောလျက်ရှိတဲ့ လူမှုအဆောက်အအုံတစ်ခုကို ထိန်းကျောင်းရတဲ့အလုပ်ဟာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဘာသာရေး လူ့အဆောက်အအုံတစ်ခုဟာ မျှော်မှန်း ချက်ကို ရယူဖို့နဲ့ ကိုယ်ပိုင်ရပ်တည်ခွင့်ကို ထိန်းကျောင်းရန် ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။ အခြား တဘက်က ကြည့်ပြန်ပါလျင်လည်း နိုင်ငံစည်းလုံးညီညွတ်မှုကို ထိန်းကျောင်းရန်အတွက် လိုအပ်မှာဖြစ်ပါ တယ်။ ဒီလိုလုပ်ဆောင်ရတဲ့အခါ အသိဉာဏ်နဲ့ရင့်ကျက်မှုတို့ဟာ လွန်စွာအရေးကြီးပါတယ်။ ဘာသာရေး လူ့အဖွဲ့အစည်းများအတွင်း အုပ်စုတစ်စုရဲ့ အကျိုးစီးပွါးနှင့် တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွါး ညီမျှမှုကို ထိန်းသိမ်းဖို့ ဒီအသိဉာဏ်နဲ့ ရင့်ကျက်မှုတို့ဟာ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းများကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာမှာ သာသနာရေးဝန်ကြီးဌာနက မျှော်မှန်းချက်တစ်ရပ်ကို ချမှတ်ထားပါ တယ်။ ဒီမျှော်မှန်းချက်ကတော့ ‘အင်ဒိုနီးရှားနိုင်ငံအတွင်း ဘာသာဝင်များအချင်းချင်း အပြန်အလှန် လေးစားမှု အသိဉာဏ်ရှိပြီး တိုးတက်ဖြစ်ထွန်းမှုတို့ကို နားလည်သိရှိထားရန်’ လို့ပဲ ဖြစ်ပါတယ်။

ဒီမျှော်မှန်းချက်ကို ရောက်ရှိဖို့အတွက် သာသနာရေးဝန်ကြီးဌာနဟာ သာသာရေးဆိုင်ရာ လူမှု အဆောက်အအုံအချင်းချင်း သဟဇာတဖြစ်ထွန်းရန် ထိန်းသိမ်းဖို့နဲ့ တိုးတက်အောင် ဆောင်ရွက်ဖို့ မူဝါဒ နှစ်ရပ် ချမှတ်ထားပြီးဖြစ်ပါတယ်။ ပထမအချက်ကတော့ ယေဘုယျအားဖြင့် လူမှုအဆောက်အအုံအတွင်း ဆောင်ရွက်ခွင့် ပေးအပ်ထားခြင်းနှင့် ဘာသာရေးအုပ်စုများ ဘာသာရေးခေါင်းဆောင်များ ဘာသာရေး သဟဇာတဖြစ်ထွန်းမှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မတူကွဲပြားတဲ့ ဘာသာဝင်များအချင်းချင်း ညှိနှိုင်းဆွေးနွေးနိုင်ရန် အားပေးခြင်းမျိုး ဖြစ်ပါတယ်။

သာသနာရေးဝန်ကြီးဌာနက အမျိုးမျိုးသော ဘာသာပေါင်းစုံညှိနှိုင်းဆွေးနွေးပွဲများ ကွဲပြားခြားနားသော ယဉ်ကျေးမှုဆိုင်ရာ အမြင်များ၊ တိုးတက်ဖြစ်ထွန်းစေရန် ဆောင်ရွက်မှုများ ဘာသာရေးဆိုင်ရာ နက်နဲသော အမြင်သဘောထား တူညီမှုများ တူညီသောအမြင်ဖြင့် ဘာသာရေးပညာပေးခြင်းများကို ကူညီအားပေးထောက်ပံ့လျက်ရှိပါတယ်။ အခြေခံ သဘောထားတူညီမှုနှင့် မတူညီမှုများစွာကို ယင်းသို့သောညှိနှိုင်းဆွေးနွေးမှုလုပ်ငန်းစဉ်များဖြင့် သိသာရှင်း လင်းအောင်ဆောင်ရွက်ပြီး ဘာသာရေးသဟဇာတဖြစ်ထွန်းမှုအတွက် တည်ငြိမ်သော မူဝါဒတစ်ရပ် ချမှတ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ ဘာသာရေးသဟဇာတဖြစ်ထွန်းမှုကို ထိန်းညှိရာမှာ လမ်းညွန်မှုများကို ပေးပါတယ်။ ဒီလမ်းညွန်မှုများဟာ ကွဲပြားခြားနားတဲ့ အယူဝါဒကြောင့် မတူညီသော အကျိုးစီးပွါးရရှိနိုင်တဲ့ ပြည်သူပြည်သားတို့ရဲ့ ဘ၀ကို ညီညွတ်မျှတအောင် ထိန်းညှိပေးနိုင်တဲ့ အခြေခံဥပဒေဆိုင်ရာ စည်းမျဉ်း စည်းကမ်းများပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုင်ရာ စည်မျဉ်းစည်းကမ်းများ ဘာသာရေးနှင့် ဘာသာရေးရုပ်သံလွှင့်ဆိုင်ရာ ထိပါးစော်ကားမှုများအတွက် စည်းမျဉ်းစည်းကမ်းများ အင်ဒိုနီးရှားနိုင်ငံအတွင်း ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများအား ပြည်ပနိုင်ငံများမှ အကူအညီပေးခြင်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဘာသာရေးရုံးပိတ်ရက်များအတွင်း ကျင်းပသော ဘာသာရေးအခမ်းအနား ကျင်းပခြင်းဆိုင်ရာ ညွှန်ကြားချက်များ ဘာသာရေးသဟဇာတဖြစ်ထွန်းမှုကို ထိန်းညှိပေးရာ၌ ဒေသဆိုင်ရာ ဘာသာရေးခေါင်းဆောင်များအတွက် လမ်းညွှန်မှုများ ဘာသာရေးညီညွတ်မှုအတွက် ဆွေးနွေးပွဲများ ဆောင်ရွက် လုပ်ကိုင်ခွင့်အပေါ် လမ်းညွှန်ချက်များ၊ ၀တ်ပြုရှိခိုးခြင်းဆိုင်ရာ အဆောက်အဦများ ဆောက်လုပ် ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ ဖြစ်ပါတယ်။

ဧည့်သည်တော်များခင်ဗျား
လူမှုအဆောက်အအုံအတွင်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများရဲ့ တည်ရှိမှုနှင့် အသက်ဝင် မှုဟာ သဟဇာတဖြစ်ထွန်းသော လူမှုဘ၀ကို ထိန်းသိမ်းရာတွင် လွန်စွာအရေးပါလှပါတယ်။ သို့ရာတွင် အရေးကြီးဆုံး အချက်ကတော့ ဘာသာရေးသဟဇာတဖြစ်ထွန်းအောင် ထိန်းသိမ်းကြတဲ့အခါမှာ ဘာသာဝင် အားလုံးက နှလုံးသားအတွင်းက ပေါ်ထွက်လာတဲ့စေတနာနဲ့ ရိုးသားမှုဟာ အရေးတကာ့ အရေးအကြီးဆုံး အချက်ဖြစ်ကြောင်း ပြောကြားပါရစေ။
ဘာသာရေးသဟဇာတဖြစ်ထွန်းမှု တိုးတက်အောင် ဆောင်ရွက်ကြတဲ့အခါမှာ အတူယှဉ်တွဲ ပေါ်ပေါက်လာတတ်တဲ့ ပြဿနာများစွာကို ဘာသာဝင်အသီးသီးရဲ့ ခေါင်းဆောင်များက ဖြူစင်မြင့်မြတ် သော နှလုံးသားဖြင့် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာနိုင်ကြောင်း ပြောကြားလိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ကဲ့သို့သော ဘာသာဝင်အမျိုးမျိုးဖြင့် တည်ဆောက်ထားသည့် နိုင်ငံမျိုးတွင် ညီညွတ်သော လူမှုဘ၀များကို တည်ဆောက်ရာမှာ ဒီအချက်ဟာ လုပ်ငန်းအောင်မြင်ရန် အရေးပါသော အချက်တစ်ချက်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဒီလိုလက်တွေ့ကျတဲ့ အတွေ့အကြုံကို လူ့အဖွဲ့အစည်း တိုးတက်ရေးနှင့် လူ့ဘ၀ တန်ဖိုး ထိန်းကျောင်းနိုင်ရေးအတွက် လေ့လာသင်ယူနိုင်ကြပါစေလို့ မျှော်လင့်တောင့်တဆုတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

အားလုံးကို ကျေးဇူးတင်ပါတယ်။
သာသနာရေးဝန်ကြီး
H. Suryadharma Ali

ဆက်လက်ဖော်ပြပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၂-၂၀၁၀

30 November 2010

သ၀ဏ်လွှာ (၂)

အင်ဒိုနီးရှားသမ္မတနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဆိုရှယ်လစ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး ဗိုလ်ချုပ် (အငြိမ်းစား) နန္ဒာ မော်လ၀ါး ရပ်ခ်ျချီ၏ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ

၂၀၁၀-ခုနှစ် အောက်တိုဘာလ ၃၀-၃၁-ရက်နေ့ ဆုမတြကျွန်းမြောက်ပိုင်း ဘရာဆာဂီမြို့တွင် ကျင်းပမည့် ရွှေတိဂုံပုံတူစေတီတော်ဖွင့်ပွဲအခမ်းအနားနှင့် ဗုဒ္ဓဓမ္မဆွေးနွေးပွဲကျင်းပသည့်အချိန်အခါတွင် ယခုသ၀ဏ်လွှာကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် ပေးပို့လိုက်ပါသည်။

ဗုဒ္ဓသာသနာတော်နှစ်ပေါင်း ၂၆၀၀-ပြည့် အခမ်းအနားအတွက် ကျင်းပရန် ဗုဒ္ဓဘာသာဝင် နိုင်ငံများက ပြင်ဆင်နေချိန် ယခုကဲ့သို့ ၂၀၁၀-ဗုဒ္ဓဓမ္မဆွေးနွေးပွဲကျင်ပခြင်းသည် အလွန်တရာမှ ထူးခြားလှ ပါပေသည်။ အင်ဒိုနီးရှားနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် ရာစုနှစ်ပေါင်းများစွာ ခိုင်မာသော ဗုဒ္ဓယဉ်ကျေးမှု အဆက်အသွယ်ရှိခဲ့ကြသည်။ ထိုအချက်ကို ထင်ရှားစေသည်မှာ ရှေးဟောင်း ဗောရောဗုဓော စေတီတော်ကြီး တည်ထားရန် အသုံးပြုသည့် ကျောက်တုံးများကို သီရိလင်္ကာမှ ကျောက်ဆစ်ပညာရှင် များက ပြုလုပ်ခဲ့ကြောင်း ဗုဒ္ဓကျမ်းစာများတွင်တွေ့ရှိရသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒအရ အင်ဒိုနီးရှားနိုင်ငံသည် ဗုဒ္ဓဘာသာအပါအ၀င် ဘာသာအားလုံး ကို အစဉ်ရိုသေလေးစားသော နိုင်ငံဖြစ်သည်။ ထိုအချက်ကို ထင်ရှားစေသည့် အကြောင်းအရာမှာ ၂၀၀၉-ခုနှစ် ဗောရောဗုဓော စေတီတော်ကြီး၏ခြေတော်ရင်း၌ တောင်အာရှနိုင်ငံမှ ယဉ်ကျေးမှုဝန်ကြီးအားလုံး ဗုဒ္ဓဘာသာရေးအဖွဲ့ဝင်အားလုံးကို ဖိတ်ကြားပြီး ဗုဒ္ဓမွေးနေ့ (ကဆုန်လပြည့်နေ့)ကို ကျင်းပခဲ့ခြင်းပင် ဖြစ်သည်။

ကျွန်ုပ်သတိပြုမိသည့် အချက်မှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်များသည် လွန်ခဲ့သော သုံးနှစ်ကာလ အတွင်း ပဉ္စသီလတရားငါးပါး ဗုဒ္ဓဘာသာတရားများကို ဟောပြောခဲ့သည်သာမက အစဉ်တစိုက်လဲ လိုက်နာ ကျင့်သုံးခဲ့ကြသည်။

ရွှေတိဂုံပုံတူစေတီဖွင့်ပွဲအခမ်းအနားနှင့် ဗုဒ္ဓဓမ္မဆွေးနွေးပွဲတို့ လွန်စွာအောင်မြင်စေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ဗိုလ်ချုပ် (ငြိမ်း) နန္ဒာ မော်လ၀ါချီ
သံအမတ်ကြီး
မှတ်ချက်။ ။ အခြားသူ ဘာသာပြန်ပြီး သ၀ဏ်လွှာကို တင်လိုက်ပါသည်။

ဆက်လက်ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၁၁-၂၀၁၀

24 November 2010

သ၀ဏ်လွှာ (၁)

ဒေါက်တာဘူတီစက်တီယာဝမ်၊ အမ်အက်စ်အေ
ဗုဒ္ဓဘာသာဆိုင်ရာ သာသနာရေးညွှန်ချုပ်
သာသနာရေးဝန်ကြီးဌာန၊ အင်ဒိုနီးရှားနိုင်ငံ၏သ၀ဏ်လွှာ


နမော ဗုဒ္ဓါယ
ဘုရား၏စောင့်ရှောက် ကူညီမှုကြောင့် ကျွန်ုပ်တို့သည် ရွှေတိဂုံပုံတူစေတီဖွင့်ပွဲ အခမ်းအနား အပါအ၀င် အင်ဒိုနီးရှားနိုင်ငံ အဖက်ဖက်မှတိုးတက်ထွန်းကားမှုအတွက် ကျွန်ုပ်တို့ ဆောင်ရွက်နိုင်ပေသည်။
ယခုအခမ်းအနားကြီးဖြစ်မြောက်အောင် တာဝန်ယူဆောင်ရွက်သည့် တာမန်အလမ် လုမ္ဗိနီအဖွဲ့ကြီး ကို ကျွန်ုပ်က ကျေးဇူးတင်ဂုဏ်ပြုလိုက်ပါသည်။

ဗုဒ္ဓဘာသာဝင်များအတွက် အလွန်သန့်စင်မွန်မြတ်သော ဘုရားစေတီတည်ထားရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဘုရားနှင့်ရဟန္တာတို့၏ မွေတော်ဓာတ်တော်များ အသုံးအဆောင်များကို ဌာပနာသွင်းပြီး လူအများကိုးကွယ်ပူဇော်ရန်ဖြစ်သည်။ အလွန်သန့်စင်မွန်မြတ်သော နေရာအဖြစ် ဘုရားစေတီတော် တို့သည် ရှိခိုးပူဇော်သူတို့၏စိတ်တွင် ကြည်ညိုသဒ္ဓါပေါ်ပေါက်စေပြီး ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှုကို ဖြစ်ပေါ် စေပါသည်။

ဘုရားစေတီတို့၏ သန့်စင်မွန်မြတ်မှုကို အနေကဇာတင် မင်္ဂလာအပါအ၀င် နည်းလမ်းမျိုးစုံဖြင့် ထိန်းသိမ်းထားနိုင်သည်။ သန့်စင်မွန်မြတ်မှုကို ထိန်သိမ်းရခြင်းမှာ ပူဇော်ကန်တော့သူတို့၏ ကိုယ်စိတ် အတွင်း ငြိမ်းချမ်းမှုကို ရရှိရန်ဖြစ်သည်။ ထိုကဲ့သို့ အတွင်းငြိမ်းချမ်းမှုကို ရမှသာ ကုသိုလ်တရား ပြုလုပ်လို စိတ်များ ပေါ်ပေါက်လာနိုင်သည်။
ဘုရားစေတီတို့အား အနေကဇာတင်သည့် အခမ်းအနားများကို အဓိပ္ပါယ်မဲ့ တန်ခိုးပြသော အခမ်းအနားများအဖြစ် မမှတ်ယူသင့်ပေ။ ထိုကဲ့သို့ စိတ်ထားပါက ဗုဒ္ဓမြတ်စွာဘုရားနှင့် ဘုရားလောင်း တို့ကို ကိုးကွယ်ကြည်ညိုလိုသော စိတ်ဓာတ်များ လျော့ပါးစေလိမ့်မည်။

ဘာသာရေးဆောင်ရွက်မှုများသည် ခေတ်ပြောင်းလဲသည်နှင့်အမျှ တစ်ချိန်နှင့်တစ်ချိန်မတူဘဲ ပြောင်းလဲလျက်ရှိသည်။ ထို့ကြောင့် တိုင်းပြည်ဖွင့်ဖြိုးရေး အထောက်အကူဖြစ်စေရန် ဘာသာရေး ဆောင်ရွက်မှုများကို အမြဲတမ်း အကောင်းအထည်ဖေါ်သင့်သည်။ ပြောင်းလဲတိုးတက်မှုများကို ကိုင်တွယ် ဖြေရှင်းရန် ကျွန်ုပ်တို့ အမြဲတမ်း အဆင်သင့်အနေအထားတွင် ရှိနေရမည်။

သာသနိကအဆောက်အဦးများ ပြောင်းလဲမှုသည် သိပ္ပံနှင့်နည်းပညာ ပြောင်းလဲမှုများနှင့်အညီ ဖြစ်စေရမည်။ ဆိုလိုသည်မှာ သာသနိက အဆောက်အဦးများသည် ၀တ်ပြုရုံသက်သက်သာမဟုတ်။ စီးပွါးရေးနှင့်အသိဉာဏ် ဖွင့်ဖြိုးတိုးတက်ရေး ဌာနများ ဖြစ်လာစေရမည်။ ထိုသာသနိက အဆောက်အဦးများသည် ဘာသာရေးနှင့်လူမှုရေးလှုပ်ရှားမှုများ ပေါင်းစည်းရာနေရာဖြစ်သည်။ ထို့ကြောင့် ၀တ်ပြုသူများ၏ စိတ်ချမ်းသာမှုအတွက် ထိုသာသနိက အဆောက်အဦးများသည် အဆင်ပြေချောမွတ်စေသော ပစ္စည်းများ၊ ဗိသုကာလက်ရာကောင်းများဖြင့် တန်ဆာဆင်တည်ဆောက်ထားခြင်းဖြစ်သည်။

ထို့ကြောင့် တာမန်အလမ် လုမ္ဗိနီအဖွဲ့နှုင့် စီမံခန့်ခွဲသူများကို ရွှေတိဂုံပုံတူစေတီကြီး တိုးတက် ကောင်းမွန်ရန်အတွက် အောက်ပါအတိုင်း မေတ္တာရပ်ခံလိုပါသည်။
(၁) စေတီတော်ကြီး၊ ဗုဒ္ဓမြတ်စွာဘုရားနှင့်တရားတော်ကို ကြည်ညိုစေရန်၊ ဖန်တီးပေးသော နေရာ အဖြစ် ဆောင်ရွက်ပေးရန်
(၂) ဘုရားကြည်ညိုကန်တော့သောသူများအချင်းချင်း ဆက်ဆံရေးကောင်းမွန်စေရန် စေတီတော် ကြီးကို မဏ္ဍိုင်ပြု၍ဆောင်ရွက်ပေးရန်
(၃) စေတီတော်ကြီးကို အကြောင်းပြု၍ ဆက်ဆံရေးကောင်းမွန်သောစိတ်ထားများ မွေးမြူခြင်းအား ဖြင့် ဘုရားဖူးများ၏ကိုယ်စိတ်အသွင်သဏ္ဍာန်ကို တိုးတက်ဖွင့်ဖြိုးစေရေးဆောင်ရွက်ပေးရန်
(၄) စေတီတော်ကြီးကို အကြောင်းပြု၍ လူမှုအဖွဲ့အစည်းများတွင် လူမှုရေးအသိစိတ်ဓာတ်များ ဖန်တီးပေးရေးဆောင်ရွက်ပေးရန်
အထက်ပါ အချက်များသည် ရွှေတိဂုံပုံတူစေတီတော်ကြီး အနေကဇာတင် အခမ်းအနားအတွက် မိန့်ခွန်းအပြည့်အစုံဖြစ်ပါသည်။ ကျွန်ုပ်တို့အား ဗုဒ္ဓ ဓမ္မ သံဃာတို့က ဦးဆောင်လမ်းပြနိုင်ပါစေ။

ကျေးဇူးတင်ပါသည်
ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာဘူဒီစက်တီယာဝမ်၊ အမ်အက်စ်စီ

သ၀ဏ်လွှာများကို ဆက်လက်ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၁၁-၂၀၁၀

22 November 2010

စာတမ်း (၁)

အင်ဒိုနီးရှားနိုင်ငံ ဆုမတြာကျွန်း ရွှေတိဂုံပုံစံတူစေတီတော် ပူဇော်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးတွင် ဖတ်ကြားတင်သွင်းသော စာတမ်း

သုခါ သံဃဿ သာမဂ္ဂီ
(သံဃာထုကြီး ညီညွတ်ခြင်းသည် ချမ်းသာကြောင်း)

ဆရာတော် သံဃာတော် အရှင်မြတ်တို့ဘုရား
အောက်တိုဘာလ ၃၀၊၃၁ ရက်များတွင် အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းစုမတြာကျွန်း၌ တည်ထားကိုးကွယ်အပ်သော ရွှေတိဂုံဘုရားကြီးအောင်မြင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီးအတွက် သ၀ဏ်လွှာပို့ခွင့်သည့်အတွက် အလွန်ဝမ်းမြောက်ကြေားင်ပါဘုရား။
အင်ဒိုနီးရှားနိုင်ငံ ရွှေကျွန်း (သုဝဏ္ဏဒီပ-the Golden Island) ကြီးမှာ ကမ္ဘာအရပ်ရပ်က သံဃာထုကြီး စုစည်းမိခြင်းသည် အလွန်ကြီးမား တန်ဖိုးကြီးတဲ့ စည်းလုံးညီညွတ်သော သံဃာ့အစည်းအရုံးကြီးဖြစ်ပါတယ်။ တကမ္ဘာလုံး ရှိ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းကြီးအတွက် အလွန်အမင်း ၀မ်းမြောက်စရာဖြစ်ပါတယ် ဘုရား။
သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရသည် ထောင်နှင့်ချီသော သံဃာထု စည်းရုံးနိုင်ရန် အလွန်ကြီးမား ထယ်ဝါသော ခန်းမဆောင်ကြီး ပါရှိသော ရွှေတိဂုံဘုရား ပုံတူဘုရားကြီးတည်ထား ကိုးကွယ်ခွင့်ရတာဟာဖြင့် အလွန်ကံကောင်းလှပါတယ်ဘုရား။ ထိုစေတီတော်ကြီးအတွက် တဦးတည်း အလှူရှင်ဖြစ်သာ အလွန်ရက်ရော သဒ္ဓါအားကောင်းသော မစ္စတာ တွန်ဂါရီယိုဂျို အန်ကာဆာ-အင်ဒိုနီးရှား မိသားစုအားလည်း ကောင်းချီးမင်္ဂလာ ပေးပါတယ်ဘုရား။ အိန္ဒိယနိုင်ငံ ဓမ္မာသောကမင်းကြီးလက်ထက် အခါသမယက နာလန္ဒတက္ကသိုလ်ကြီး၏ ခန်းမဆောင်ကြီးကဲ့သို့ ကြီးကျယ်ခန်းနား ကျက်သရေ ရှိလှပါတယ်ဘုရား။
ဤကဲ့သို့ စေတီတော်ကြီးပူဇော်ပွဲနှင့် သံဃာ့အစည်းအရုံးကြီးသည် သံဃာထုအတွက် အလွန်ဝမ်သာ စရာဖြစ်ရပါသည်ဘုရား။ ယခုလို ခရစ်မတိုင်မီ ထောင်စုနှစ်ကထဲ ထွန်းကားလာသော ဗုဒ္ဓသာသနာတော်ကြီးနှင့် ဗုဒ္ဓမြတ်စွာသာသနာရဲ့သမိုင်းကို ရွှေစာများဖြင့် ဖော်ဆောင်ကာ ချီးမြောက်ခြင်း ဂုဏ်ပြု ပူဇော်ခြင်းသည်လည်း အလွန့်အလွန်ကို ၀မ်းသာမိပါကြောင်းပါဘုရား။
အရှင်းဘုရားများရဲ့ ဗုဒ္ဓမြတ်စွာသာသာတော်ကြီး တိုးတက်စည်ပင်ဖို့ရန် ထက်သန်စွာ အားထုတ်တော်မူရာ၌ ရတနာသုံးပါး၏ဂုဏ်ကျေးဇူးဖြင့် ကောင်းချီးမင်္ဂလာပြုပါတယ်ဘုရား။

ဆရာတော် တိဘတ်တုဝေ၀ သိရီသိဒ္ဓတ္ထသုမင်္ဂလ
မလ်ဝတ္တကျောင်း၊ ကန္ဒီ


အင်ဒိုနီးရှားနိုင်ငံ ဆုမတြာကျွန်း ရွှေတိဂုံပုံစံတူစေတီတော် ပူဇော်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးတွင် ဖတ်ကြားတင်သွင်းသော စာတမ်းများကို မိမိ စွမ်းနိုင်သလောက် ဘာသာပြန်ဆိုပြီး တင်လိုက်ရပါသည်၊ ဆက်လက်ပြီး ထိုအစည်းအဝေးတွင်ဖတ်ကြားသော စာတမ်းများကို တင်သွားပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၁၁-၂၀၁၀

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes