သီတဂူစတား

သီတဂူစတား

27 February 2014

၂၀၁၃-၂၀၁၄ နှစ်လည် ကျောင်းသားမဂ္ဂဇင်း (သံဃာ့အသံ) စာအုပ်ထွက်ပြီ

၂၀၁၃-၂၀၁၄ နှစ်လည် ကျောင်းသားမဂ္ဂဇင်း (သံဃာ့အသံ)
စာအုပ်ထွက်ပြီ
နိုင်ငံတကာတွင် ဟောကြားအပ်သော သီတဂူဆရာတော်ကြီး၏ မိန့်ခွန်းများ၊ သုတေသန စာတမ်းများ၊ သီတဂူသာသနာပြုအဖွဲ့၏ သာသနာပြုလုပ်ငန်းများ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းသား ကျောင်းသူများ၏ ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ၀တ္ထုတို့ဖြင့် ဝေေ၀ဆာဆာ တန်ဆာစဉ်ထားသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သံဃာ့အသံ (နှစ်ပတ်လည်) ကျောင်းသားမဂ္ဂဇင်းစာအုပ် ထွက်ရှိလာပါပြီ။
ရနိုင်သော ဌာန- ပြန်ကြားရေးရုံး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်
တန်ဖိုး- ၃၀၀၀ (သုံးထောင်)ကျပ်
စာမျက်နှာ- ၂၅၈၊ Art Paperနှင့် စာရွက်ကောင်းများဖြင့် ထုတ်ဝေထားသည်။

မှတ်ချက်။ ။ ထိုမဂ္ဂဇင်းတွင် ပါဝင်ရေးသားကြသော စာရေးသူများသည် စီမံအုပ်ချုပ်ရေး ရုံးခန်းတွင် တစ်အုပ် အလှူခံနိုင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၂-၂၀၁၄

24 February 2014

သီတဂူ နောက်ဆုံးစာမေးပွဲကျင်းပ (၂၀၁၃-၂၀၁၄ ပညာသင်နှစ်)

သီတဂူ နောက်ဆုံးစာမေးပွဲကျင်းပ (၂၀၁၃-၂၀၁၄ ပညာသင်နှစ်)
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် နောက်ဆုံး စာမေးပွဲများ ကျင်းပ။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အသီးအသီးတွင် ပညာသင်ကြားနေကြသော ဘီအေ၊ ဒီပလိုမာ ကျောင်းသား ကျောင်းသူများ ၈၀၀ ကျော်တို့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း စာဖြေဆိုကြရသည်။ ထိုစာမေးပွဲများကို၂၄-၂-၂၀၁၄ မှ ၂၈-၂-၂၀၁၄ အထိ ၅ ရက်တိုင်တိုင်ကျင်းပသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

20 February 2014

သီတဂူဆရာတော် အင်္ဂလန်-အာဖရိက ခရီးစဉ်ဖျက်

သီတဂူဆရာတော် အင်္ဂလန်-အာဖရိက ခရီးစဉ်ဖျက်
သဲကုန် သီတဂူရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတွင် ပထမအကြိမ် လူ ၂၀၀ သာ ခွဲစိပ်ဖို့ မျှော်မှန်းထားသော်လည်း လူ ၂၀၀၀ (နှစ်ထောင်) ကျော် ခွဲစိပ်ဖို့ လာရောက်ကြသဖြင့် ဒုတိယအကြိမ် မတ်လ (၄)နေ့ကို ထပ်မံစီစဉ်လိုက်ရပါသည်။

၂၀၁၄ မတ်လ (၄) ရက်နေ့မှ စပြီး သဲကုန်းမြို့ သီတဂူစက္ခုဒါနဆေးရုံတော်တွင် မျက်စိဝေဒနာရှင်များ လာရောက် စစ်ဆေးမှုများ ခံယူနိုင်ပါသည်။

ယခင် ၂၀၁၄ မတ်လ အင်္ဂလန်နိုင်ငံနှင့် အာဖရိကနိုင်ငံများသို့ အစည်းအဝေးများ ဓမ္မဒူတခရီးစဉ် ကြွဖို့ အစီအစဉ်ဆွဲထားသော်လည်း၊ ပြည်ခရိုင် သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတွင် ဒုတိယအကြိမ် မျက်စိပ် အလင်းအလှူများ ပြုလုပ်ရန်ရှိသောကြောင့် အင်္ဂလန်-အာဖရိက ခရီးစဉ်ကိုလည်း ဖျက်လိုက်ရပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၂-၂၀၁၄
www.thesitagu.org

17 February 2014

သီတဂူ ရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော် ဖွင့်လှစ်ပွဲကြီး

သီတဂူ ရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော် ဖွင့်လှစ်
ပြည်ခရိုင် သဲကုန်းမြို့တွင် ၁၃၇၅ခုနှစ် တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄)က သီတဂူရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော်ဖွင့်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။

ထိုဆေးရုံးဖွင့်ပွဲသို့ သီတဂူအဓိပတိဆရာတော်ကြီးအမှူးပြုသော ပြည်၊ သဲကုန်းဒေသမှ ဆရာတော် သံဃာတော်များ၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥိးလှထွန်းအမှူးပြုသော အရာရှိများ၊ ဒေသခံမြို့မှ သီတဂူအထောက်ကူအဖွဲ့များ၊ အထက်-အောက် မြန်မာပြည်ရှိ သီတဂူကပ္ပိယများ၊ ဆေးရုံတော် အလှူရှင် ရွှေဥရာစုသစ် ရတနာရွှေဆိုင်ပိုင်ရှင် ဒေါ်ရွှေဥနှင့် ဖိတ်ကြားထားအပ်သော ဧည့်သည်တော်များ၊ ဒေသခံပြည်သူ ထောင်ပေါင်းများစွာတို့ စည်းကားစွာ တက်ရောက်ကြသည်။

ထိုဆေးရုံကြီးဖွင့်ပွဲအခမ်းအနားမှာပဲ သဲကုန်းမြို့ ပြည်သူ့ဆေးရုံအတွက် လိုအပ်သော ဆေးရုံးသုံးပစ္စည်းများကိုလည်း သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းသည်။
ဆေးကုသခြင်း
၁၂-၂-၂၀၁၄ ရက်နေ့မှ ယနေ့ ၁၆-၂-၂၀၁၄ နေ့အထိ မျက်စိဝေဒနာရှင်ပေါင်း ၂၅၀၀ ကျော်တို့ကို စမ်းသပ် စစ်ဆေးပေးသည်။ ၃၀၀ ကျော်သော လူနာများကိုတော့ ခွဲစိပ်ကုသပြီး အလင်းရောင်းများ ပေးလှူခဲ့သည်။ ၂၀-၂-၂၀၁၄ နေ့အထိ ခွဲစိပ်ကုသပေးမည်ဖြစ်သည်။ လူနာရှင်များမှာ ပုတီးကုန်း၊ အင်းမ၊ ရွှေတောင်၊ သက်ပုပ်၊ ပေါင်းတည် စသော အနီးတစ်ဝိုက်မြို့နယ်များ၊ မင်းလှ၊ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုပ်ဖိုစသောမြို့နယ်များအပြင် ရခိုင်၊ သထုံ၊ မကွေး၊ အောင်လံ၊ ရေး၊ အဆင် စသော ဝေးလံသော မြို့နယ်များမှ လူနာများ လာရောက် ကုသကြပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၂-၂၀၁၄

16 February 2014

ဗုဒ္ဓ၀ါဒအခြေခံ နောက်ဆုံး စာမေးပွဲကျင်းပ

ဗုဒ္ဓ၀ါဒအခြေခံ နောက်ဆုံး စာမေးပွဲကျင်းပ
Diploma in Fundamental Buddhism
 ၁၆-၂-၂၀၁၄ နေ့ နံနက် ၈နာရီမှာ ၁၀နာရီအထိ Diploma in Fundamental Buddhism တန်းကို တက်ရောင်သင်ယူနေကြသော လူဝတ်ကြောင်များအတွက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၏ နောက်ဆုံးအကြိမ်စာမေးပွဲကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် ကျင်းပသည်။

ထိုအတန်းများကို ကျောင်းသား ကျောင်းသူပေါင်း ၃၀၀ ကျော် ဖြေဆိုကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.thesitagu.org

05 February 2014

သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန ဆေးရုံ ဖွင့်လှစ်ပွဲ ဖိတ်ကြားလွှာ

သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန ဆေးရုံ ဖွင့်လှစ်ပွဲ ဖိတ်ကြားလွှာ
သီတဂူဆရာတော်ကြီး မွေးရပ်မြေ၊ ပြည်ခရိုင်၊ သဲကုန်းမြို့တွင် “သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန” ဆေးရုံကို ၁၃၅၇ခုနှစ်၊ တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄)တွင် ဖွင့်လှစ်လှူဒါန်းမည် ဖြစ်သည်။ ထိုဆေးရုံတော်ကို သီတဂူဆရာတော်ကြီးနှင့် ရွှေဥရာစုသစ် ဒေါ်ရွှေဥတို့က လှူဒါန်းသည်။
ထိုဆေးရုံတော်သည် သီတဂူသာသနာပြုအဖွဲ့က ဆောက်လုပ်လှူဒါန်းပြီး ဆေးရုံများတွင် ၂၇ ခုမြောက်ဆေးရုံတော်ဖြစ်သည်။

ထိုနေ့မှာပဲ အလှူ့ရှင် ရွှေဥရာစုသစ် ဒေါ်ရွှေဥကပဲ သီတဂူဆရာတော်ကြီးအား ဆောက်လုပ်ပြီးဖြစ်သော စံကျောင်းတော်ကိုလည်း လှူဒါန်းမည်ဖြစ်သည်။ ပင့်သံဃာတော် အရှင်မြတ်တို့အား ဆွမ်းခဲဖွယ်များနှင့် သင်္ကန်းစသော လှူဖွယ်များ လှူဒါန်းပါမည်။
 (က) မျက်စိအထူးကုအစီအစဉ်
ပြည်တွင်း ပြည်ပရှိ မျက်စိအထူးကုဆရာဝန်ကြီးများက (13- 2- 2014)နေ့မှ (19- 2- 2014)နေ့အထိ (၇)ရက်တိုင်တိုင် စမ်းသပ် စစ်ဆေး၊ ခွဲစိပ်ကုသခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။

(ခ) သီတဂူ အထူးဓမ္မသဘင်
တပိုတွဲလဆန်း (၁၄) ရက်နေ့မှ တပိုတွဲ လပြည့်ကျော် (၅)ရက်နေ့အထိ သီတဂူဓမ္မကထိကများဖြစ်ကြသော ၁။သီတဂူကြယ်တစ်ပွင့် ၂။ သီတဂူကြာတစ်ပွင့် ၃။ဦးတိက္ခသာရ ၄။ဒေါက်တာ ကိတ္တိဗလ ၅။ဒေါက်တာဣန္ဒက ၆။ဒေါက်တာဣန္ဒာ စရိယ ၇။ ဦးဒေဝိန္ဒာဘိဝံသ တို့က ညစဉ်ဟောကြားပေးမည်ဖြစ်သည်။

(၈) ဖျော်ဖြေ ရေးအစီအစဉ်
ကြွရောက်လာကြသော အလှူရှင်များ၊ ဆရာဝန်များ၊ လူနာများ၊ ဒေသခံပြည်သူများအတွက် အောက်ပါ အနုပညာရှင်များက ဖျော်ဖြေပေးကြမည် ဖြစ်သည်။

(13- 2- 14) နေ့ ည မြန်မာပြည်ကျောက်စိမ်း ဆိုင်းဝိုင်း
(17- 2- 14) (18- 2- 14) နေ့ (၂) ညတိုင်တိုင် ဇာတ်မင်းသားဖိုးချစ်ဇာတ်သဘင်
(19- 2- 14)နေ့ည အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့တို့က တစ်နေ့တစ်မျိုးမရိုးရအောင် ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။

အလှူပွဲသို့ ကြွရောက် ကုသိုလ်ယူကြပါရန် ဖိတ်ကြားအပ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၂-၂၀၁၄
www.thesitagu.org

03 February 2014

မျက်လုံးနှစ်ဖက်နဲ့ လူ

မျက်လုံးနှစ်ဖက်နဲ့ လူ
 စာမိတ်ဆက်
စာဖတ်ပါများ၊ ဖတ်ပြီးသားစာ ထပ်တလဲလဲ ဖတ်၊ အတွေးအသစ် အမြင်သစ်များပေါ်လာမည်၊ နာဖူး ကြားဖူးသည်ကို အကြိမ်ဖန်များစွာ နာ၊ ကြားပြန်တော့ အတွေးထူး အမြင်ထူးများ တိုးလာသည်၊ ဖတ်ဖူး၊ နာဖူး ကြားဖူးသည်များကို တွေးပါများ ကြံပါများတော့လည်း အတွေးသစ်၊ အမြင်သစ်များ ရလာသည်။ သို့အတွက် ဖတ်ပြီး နာနာဖတ်၊ နာဖူး ကြားဖူးလည်း နာဖူးထပ်မံ၊ ကြားဖူးထပ်မံ၊ စိတ်ကို အလကားမထားဘဲ အချိန်ရတိုင်း စိတ်ကို အလုပ်ပေး၊ တွေး၊ ကြံ သင့်လှသည်။

စာရေးသူသည် အသက် ၁၅-၂၀ နှစ်အရွယ်က အင်္ဂုတ္တရနိကာယ် ၁၁ကျမ်းလုံးကို သင်ယူဖူးသည်၊ ထိုအထဲတွင် တိကနိပါတ်မှ အန္ဓသုတ်ကို သာမဏေကျော်တန်းအတွက် သင်ယူဖူးသည်။ စာမေးပွဲအတွက်သာ လေ့လာခြင်း၊ အရွယ်ကလည်း ငယ်ရွယ်ခြင်းတို့ကြောင့် လေ့လာမှုစနစ်သည်လည်း စာထဲပါသည်မျှသာ၊ အရှိအတိုင်းသာ တွေးတတ်၊ မှတ်တတ်သည်၊ ထို့ထက်မပိုဘဲ လျှော့ရုံပဲရှိသည်။ စာသင်တိုက်မှာ နေစဉ်ကထဲကလည်း ဆွမ်းကပ်လာ အလှူရှင်များအား ဆရာတော်ကြီးများက ထိုသုတ်တော်ဖြင့် တရားချီးမြင့်သည်ကိုလည်း အကြိမ်ဖန်များစွာ နာခဲ့ဖူးသည်၊ နာတုန်းအခိုက်၊ ကြားတုန်းအခိုက်တော့ ထိုဆရာတော်၏ အတွေးများ ရရှိခဲ့ဖူးသည်။

မကြာသေးမီက လစဉ် အရုဏ်ဆွမ်းလာကပ်သည့် အလှူရှင်တစ်ဦးက စာရေးသူအခန်းထဲရောက်လာပြီး ဆုံးမစကားလေး ချီးမြင့်ပေးပါရန် လျှောက်ထားသဖြင့် ထိုအန္ဓသုတ်ကိုပဲ အတွေးထဲ ဘယ်လိုဝင်လာလည်း မသိ ကောက်ကာ ငင်ကာ ဆွဲယူဟောပေးမိသည်။ ထိုသုတ်တော်လာ မြတ်ဗုဒ္ဓ၏ အဆုံးအမလေးကို မှတ်တမ်းကျန်ရန် ရည်ရွယ်၍ စာတစ်ပုဒ် ရေးလိုက်ရခြင်းဖြစ်သည်။

လူသုံးမျိုးနှင့် အမြင်သုံးမျိုး

ဤလောကကြီးတွင် မှီတင်းနေထိုင်ကြသည့် သတ်ရှိသတ္တ၀ါတို့ကို ထိုအန္ဓသုတ်တော်ဖြင့် မြင်ကြည့်ပါက အုပ်စု သုံးမျိုးသာ ထွက်လာသည်။ “(၁) လောကမျက်လုံး၊ ဓမ္မမျက်လုံး စုံလုံးကန်းနေသော၊ အမြင်နှစ်ဖက် ချို့တဲ့နေသော (အန္ဓစက္ခု) ပုဂ္ဂိုလ် တစ်စု။ (၂) လောကမျက်လုံး အလင်းသာရှိ၊ ဓမ္မမျက်လုံး အလင်းမရှိသော၊ ၀ါ- တစ်ဖက်မြင် တစ်ဖက် မလင်းသော (ဧကစက္ခု) ပုဂ္ဂိုလ် တစ်စု။ (၃) လောကမျက်လုံးကော ဓမ္မမျက်လုံးပါ အလင်းနှစ်ဖက်ရှိသော၊ ၀ါ- နှစ်ဖက်မြင် နှစ်ဖက်လင်းရှိသော (ဒွိစက္ခု) ပုဂ္ဂိုလ် တစ်စု။”ဟု ပုဂ္ဂိုလ် သုံးမျိုးရှိသည်။ (တယောမေ ဘိက္ခဝေ သန္တော သံဝိဇ္ဇမာနော လောကသ္မိံ။ အံ-၁-၁၂၆) ဤသုတ်တော်သည် လူတန်းစား သုံးမျိုး၊ အဆင့်သုံးမျိုး ခွဲခြားပေးလိုက်ခြင်းဖြစ်သည်။

(၁) အန္ဓစက္ခု-စုံလုံးကန်း၊ အလင်းနှစ်ဖက်မရသော ပုဂ္ဂိုလ်

လောကကြီးပွားရေးအတွက် ဥာဏ်အမျှော်အမြင် မရှိသူ၊ သံသရာကြီးပွားရေးအတွက် ဥာဏ်ပညာ မရှိသူကို စုံလုံးကန်းနေသူ၊ အလင်းနှစ်ဖက် မရသူဟု ဆိုသည်။ ထိုသူသည် လက်ရှိဘ၀မှာလည်း ပြည့်စုံမှု မရနိုင်၊ စိတ်ချမ်းသာမှု မရနိုင်။ လောကလူသားတို့သည် ပတ်ဝန်းကျင်နှင့် နေကြရသည်၊ အသိုင်းအ၀န်းနှင့် နေကြရသည်ဖြစ်ရကား ကိုယ့်ရဲ့ စားဝတ် နေရေးအပြင် ရပ်ရေး၊ ရွာရေး၊ တိုင်းရေး ပြည်ရေး ကိစ္စတွေ၊ အနီးပတ်ဝန်းကျင်၏ သာရေး နာရေး ကိစ္စတွေ ရှိကြသည်။ ထိုကဲ့သို့ ကိစ္စများမြောင် လူတို့ဘောင်မှာကား မရှိမဖြစ် လိုအပ်နေသည်ကား ထိုကဲ့သို့သော လူ့ပတ်ဝန်းကျင်နှင့်အဆင်ပြေအောင်၊ လိုက်လျှော ညီထွေရှိအောင် နေတတ်ဖို့ဆိုသည်မှာ လောက မျက်လုံး၊ လူမှုရေး အမြင်၊ စီးပွားရေးအမြင် အလွန်လိုအပ်လှပါသည်။

စီးပွားရေးမှာ တိုးတက်လာအောင်၊ ရရှိနေပြီးသည်ထက် ပိုရလာအောင် စွမ်းနိုင်သည့် စူးရှသည့် လောကမျက်လုံး၊ ရရှိပြီးသားတွေကို ကျ မသွားအောင် ထိန်းထားနိုင်သည့် အမျှော်အမြင်များ အတွေးအခေါ်များ လိုအပ်သည်။ ထိုကဲ့သို့ လောကမျက်လုံး မရှိသူသည် “အူမတောင့်မှ သီလစောင့်” ဆိုသကဲ့သို့ စားစရာ နေစရာ ရှားပါးနေသူများ၊ မရှိသူများမှာ နေစရာအတွက် စားစရာအတွက် တစ်ဘ၀လုံး အချိန်ပေးနေရသည့်အတွက် လောကမျက်လုံးမရှိနိုင်၊ လောကမျက်လုံး မရှိသောသူသည် ဓမ္မမျက်လုံး၊ ဓမ္မအမြင်များ ရရှိနိုင်ဖို့ အလွန်ခက်ခဲသွားသည်။ လောကမျက်လုံး မရှိသောသူသည် သံသရာအတွက် မစဉ်းစားနိုင်ဘဲ ရှိနေသည်၊ လက်ရှိဘ၀ ခက်ခဲနေသူသည် နောင်ရေးအတွက် မျှော်လင့် တောင်းတနေမည်မဟုတ်။ သို့အတွက် သံသရာကြီးပွားရေးအတွက် ဓမ္မမျက်လုံးကို ပိုင်ဆိုင်နိုင်ဖို့ဆိုသည်မှာ အလွန်လွန်ကို ခက်ခဲသွားတော့သည်။

မြတ်ဗုဒ္ဓလက်ထက်တော်အခါ ကုဋေရှစ်ဆယ် ကြွယ်ဝသည့် သူဌေးသားတစ်ယောက်သည် ငယ်စဉ်ကတည်းက ဘာပညာမှ မသင်၊ မိဘများသည်လည်း “သူတို့ပိုင်ဆိုင်ထားသည့်စည်းစိမ်များသည် သူတို့သားလေးတစ်သက် မကုန်နိုင်”ဟု ယူဆထားခြင်းကြောင့်နှင့် သားလေးကို ချစ်လွန်း၍ ပညာသင်လျှင် သား ပင်ပန်းမည်ဟုသော သားအပေါ်ထားရှိသည့် ကရုဏများကြောင့် သူတို့မျက်စိအောက်မှာ သားလေးကို ပညာသင်ခွင့်မပေးခဲ့။ မိဘများ၏ သားအပေါ် ထားရှိသည့် မဟာအမှား တစ်ခုဖြစ်သည်။ ကရုဏာ ပညာ ဟန်ချက်ညီအောင် ထားနိုင်ခြင်း မရှိသည့် မိဘများ၏ အမှားကြောင့် သားလေးတစ်ယောက် ပညာမဲ့လူတန်းစား တစ်ယောက်ဖြစ်ရသည်။ မိဘများ ကွယ်လွန်သည့်အခါ ထို ပညာမဲ့ သူဌေးသားလေးသည် တစ်ယောက်တည်း ကျန်ရစ်သည်။ မိဘများ ရှာဖွေထားသည့် ကုဋေရှစ်ဆယ်ပစ္စည်းများကို မိမိလက်ထက်မှာ တိုးပွားလာအောင် စွမ်းဆောင်နိုင်သည့် ပညာမရှိ၊ ထိုရှစ်ဆယ်သော ကုဋေမှ လျှော့ကျ မသွားအောင် ထိန်းထားနိုင်သည် လောကမျက်လုံးလည်း မရှိ၊ ပေါင်းသင်းထိုက်သူ မပေါင်းသင်းထိုက်သူများကို ခွဲခြားသိမြင်သော လူမှုရေးပညာ၊ ကောင်း၏ မကောင်း၏၊ အပြစ်ရှိ အပြစ်မရှိ၊ လုပ်သင့် မလုပ်သင့်သည်များကိုလဲ ခွဲခြားသိမြင်းသော ဓမ္မမျက်လုံးလည်း မရှိ၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်သည်အတွက် လူလိမ်လူညာများ၊ အမူးသမား အရူးသမား၊ အပျော်ကျူး၊ အလောင်းကစားကျူးသူများနှင့်ပေါင်းမိကာ ရှိသမျှပစ္စည်းတွေလည်းကုန်၊ နေစရာ အိမ်ပါ မကျန်တော့သဖြင့် ထိုလူမိုက်များနှင့်ပေါင်းကား သူခိုး ဓားပြဘ၀သို့ ရောက်သွားလေတော့သည်။

အကယ်၍သာ ပထမအရွယ်၊ သို့မဟုတ် ဒုတိယ အရွယ်၊ သို့မဟုတ် တတိယအရွယ် တစ်ခုခုမှာ လောကမျက်လုံးရှိခဲ့ရင် သူဌေးကြီး၊ သူဌေးလတ်၊ သူဌေးငယ် တစ်ခုခု ဖြစ်နိုင်ခွင့် ရှိသေးသည်။ အလားတူပင် ထိုအရွယ်သုံးပါ တစ်ပါးပါးတွင် ဓမ္မမျက်လုံး အလင်းရှိခဲ့ပါက ထို တစ်ရွယ်ရွယ်တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာမဂ်အဆင့်ထိ တစ်ဆင့်ဆင့်သို့ ရောက်နိုင်မည်။ သို့သော် နှစ်ဖက်ကန်း၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်နေသောကြောင့် ထို လောကအခွင့်ရေး ဓမ္မအခွင့်ရေးနှစ်ခုလုံး ဆုံးရှုံးကာ လက်ရှိဘ၀မှာလဲ ဆင်းရဲပေါင်းများစွာဖြင့် လူလုံးမလှ အပူလုံးကြွကာ၊ နောင်ဘ၀အသစ်မှာတော့ အပါယ်လေးပါးလားရတော့သည်။

(၂) ဧကစက္ခုက-တစ်ဖက်လင်း၊ တစ်ဖက် မမြင်
လောကမျက်လုံး အလင်းသာရှိ၊ ဓမ္မမျက်လုံး အလင်းမရှိသော (၀ါ) တစ်ဖက်မြင် တစ်ဖက် မလင်းသော ပုဂ္ဂိုလ်ကို ဧကစက္ခုက ပုဂ္ဂိုလ်ဟု ဆိုသည်။ ထိုကဲ့သော ပုဂ္ဂိုလ်မျိုးတွေ လောကတွင် အမြောက်အများ ရှိသည်။ စီးပွားရေး အမြင်ရှိသည်၊ ငွေ ရွှေ ဘယ်လိုဝင်လာအောင်၊ ဘယ်လိုတိုးလားအောင် နည်းလမ်းပေါင်းစုံ ကျွမ်းကျင်သည်။ လောကစီးပွားရေး အတွက် လောကမျက်လုံးပဲရှိ၊ ဓမ္မမျက်လုံးကိုကား မရှိသောကြောင့် ဘယ်သူသေသေ ငတေ ချမ်းသာ ပြီးရောဆိုတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်သည်။ တစ်ဖက်အစွန်းရောက်နေသော လောကမျက်လုံးကို ထိန်းညှိပေးသည့် ဓမ္မမျက်လုံး မရှိသည်အတွက် ၀ိသမနည်းလမ်းတွေဖြင့်လည်း ရအောင် အားထုတ်သည်။ လောကကောင်းကျိုးမပြုသည့် အရောင်းအ၀ယ်၊ လောကအကျိုးမဲ့စေသည့် အရောင်းများဖြစ်သည့် လက်နက်အရောင်းဝယ်၊ လူကုန်ကူးမှု၊ မူးယဇ်ဆေးဝါး အရောင်းအ၀ယ်စတဲ့ လူသားအကျိုးမဲ့ စီပွားရေးများကို ငွေ၊ ရွှေ ရပြီးရောဆိုပြီး ရှာဖွေနိုင်သည့် လောကမျက်လုံးကားရှိသည်။ ဓမ္မမျက်လုံး အလင်းကား မရရှာသဖြင့် အလိုဣစ္ဆာကြီးသူသည် လောကကောင်းကျိုး၊ လောက မကောင်းကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်သော ဥာဏ်မျက်လုံးမရှိ။
မြတ်ဗုဒ္ဓလက်ထက်တော်အခါက စုံလုံးကန်းနေသည့် လူတစ်ယောက်အကြောင်း၊ အနည်းစပ်ဆုံး၊ လူအသိများဆုံး ဇာတ်လမ်းတစ်ပုဒ်ရှိသည်။ ထိုသူသည် နှစ်ပေါင်း ၅၅နှစ်တိုင်တိုင်၊ သူသေသိတိုင်အောင် သားသတ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်။ ထိုသူကား စုန္ဒ ဖြစ်သည်။ ၀က်သတ်၍ စီးပွားရှာသဖြင့် သူ့ကို စုန္ဒသူကရိကဟု လူအသိများသည်။ နှစ်ပေါင်း ၅၅ တိုင် ၀က်များကို တိုင်မှာချည်နှောင်၊ တူ၊ ဒုတ်၊ ဓားစသည့်လက်နက်များဖြင့် ထုရိုက်သတ်ပြီး၊ မသေမရှင်၊ အရှင်လတ်လတ် ရေနွေးပူဖြင့်လောင်း၊ အမွှေးများနှုတ်၊ အသားပြုလုပ်၍ လက်လီလက္ကားအရောင်းအ၀ယ်ဖြင့် စီးပွားတော့ ဖြစ်နေသည်။ ထိုအလုပ်သည် ဓမ္မမျက်လုံးရှိသူအတွက် အလွန်အပြစ်ကြီးသည့် အလုပ်ဖြစ်နေသည်။ ဓမ္မမျက်လုံးရှိနေသူ မည်သူမဆို ထိုအလုပ်မျိုး မလုပ်နိုင်။ သူကတော့ ၅၅ နှစ်တိုင် ထိုအစီးအပွားဖြင့် အဆင်ပြေနေခဲ့သည်။ သို့သော်လည်း သေခါနီးအချိန် ၀က်လိုအော်၊ အခုတ်အသတ်ခံ၊ ရေနွေးအပူခံ၍ ၀က်များအော်သလို (၇)ရက်တိုင် အော်ပြီး သေသွားရှာသည်။ နောင်ဘ၀လားသော် ငရဲအထိ ဆင်းရတော့သည်။

လောကမျက်းလုံး ဓမ္မမျက်လုံး (balance) ညီမျှနေဖို့လိုသည်။ လောကမျက်လုံးသာ ရှိသူသည် အစွန်းရောက်တတ်သည်၊ ထိုသို့ အစွန်းမရောက်အောင် စဉ်စားဆင်ခြင် သုံးသပ်နိုင်သည့် ဓမ္မမျက်လုံးရှိရမည်၊ ဓမ္မမျက်လုံး မရှိပါက အကောင်းအဆိုး၊ လုပ်သင့် မလုပ်သင့်၊ အပြစ်မရှိ အပြစ်ရှိသည်ကို ခွဲမခြားနိုင်၊ အစွန်းရောက်သွားတတ်သည်။ ဓမ္မမျက်လုံးဖြင့် လောကမျက်လုံးကို ထိန်းညှိပေးရသည်။ အလားတူပင် ဓမ္မမျက်လုံးသာ ရှိ၍ ဓမ္မမျက်လုံး မရှိသော ဧကစက္ခု ပုဂ္ဂိုလ်လည်း ရှိသေးသည်၊ ထိုပုဂ္ဂိုလ်မျိုးကို မြတ်ဗုဒ္ဓက ထည့်သွင်းပြီး ဟောထားခြင်းမရှိသော်လည်း၊ မှန်းဆ၊ တွေးတော၊ နှိုင်းချိန်ပြီး အနုလုံ ပဋိလုံ နားလည်ရမည်ဖြစ်သည်။

စာရေးသူတို့ အားလုံး သတ်ရှိသတ္တ၀ါများ ဖြစ်ကြသည်၊ ထို့ကြောင့် နေစရာ၊ စားစရာ၊ ၀တ်စရာ၊ ကျန်းမာရေး စသည်အားဖြင့် ဘ၀အသက်ရှင်ရေးအတွက် လိုအပ်ချက်များစွာ ရှိပါသည်။ ထိုလိုအပ်ချက်များကို ရှာနိုင်သည့် လောကမျက်လုံးက ရှိဖို့လိုသည်။ အူမတောင့်မှ သီလစောင့် ဆိုတာလို ဘ၀ကား အဆင်ပြေနေမှ ဓမ္မမျက်လုံးကို ရဖို့ ကြိုးစားရမည်၊ ဓမ္မမျက်လုံးသာ ရှိနေလျှင် လောကမျက်လုံး မရှိပြန်လျှင်လည်း လူမှုရေးကျင့်ဝတ်တွေ လူမှုဆက်ဆံရေးတွေ အားနဲသွားနိုင်သည်။ ထိုကြောင့် မြတ်ဗုဒ္ဓက ထိုနှစ်ခု ညီမျှနေဖို့လိုသည်အတွက်ကြောင့် ဒွိစက္ခု-နှစ်ဖက်မြင် နှစ်ဖက်လင်း ပုဂ္ဂိုလ်ကို ဆက်လက်ဟောကြားသည်။

ဒွိစက္ခုက-နှစ်ဖက်မြင် နှစ်ဖက်လင်း
လောကမျက်လုံး အလင်းလည်းရှိ၊ ဓမ္မမျက်လုံးလင်းလည်းရှိသူကို ဒွိစက္ခုကဟုခေါ်သည်၊ နှစ်ဖက်အမြင်၊ နှစ်ဖက်အလင်းရှိသူဖြစ်သည်။ လောကကြီးပွားရေး အမြင်လည်းရှိသည်၊ သံသရာ ကြီးပွားရေး အမြင်လည်းရှိသည်။ လောကီ လောကုတ် နှစ်မြာအလုပ်ကို လုပ်စွမ်းနိုင်သည့် အမြင်ရှိသူ ဖြစ်သည်။ လောကီနယ်ပယ်မှာ နေသူများပဲ ဖြစ်ဖြစ် လောကုတ္တရာနယ်ပယ်မှာပဲ ဖြစ်ဖြစ် ဘ၀အသက်ရှင်ရေးအတွက် ရှာရ ဖွေရမည်၊ ထိုသို့ ရှာဖွေတတ်သည့် အမြင်များ ရှိဖို့လိုသည်။ ဇေတ၀န်ကျောင်းဒကာ အနာထပိဏ်သူဌေးတို့၊ ပုဗ္ဗာရုံကျောင်းအမ ၀ိသာခါတို့လို လူ့လောက၀ယ် သို့မဟုတ် လောကီနယ်ပယ်တွင် စီးပွားရေး အမြင်ရှိသူများ ဖြစ်ကြသည်။ ထိုခေတ် ထိုကာလက သူတို့သည် တိုင်းပြည်မင်းလုပ် အုပ်ချုပ်ရေးနေသူများအတွက် အားကိုး အားထားရာလည်း ဖြစ်သည်၊ တိုင်းပြည်၊ မြို့၊ ရပ်ရွာတွေအတွက်လည်း အားကိုးရာဖြစ်သည့် သူဌေးများ ဖြစ်ကြသည်။ ဓမ္မမျက်လုံး၊ သံသရာကြီးပွားရေး အမြင်များ ရှိသူလည်းဖြစ်ကြသည့်အားလျှော်စွာ သူတို့ ရှာဖွေစုဆောင်းထားသည့် စည်းစိမ်ဥစ္စာတို့သည် ဓမ္မိယလဒ္ဓဖြစ်သည်၊ သန့်သန့်ရှင်းရှင်းဖြင့် ရရှိထားသည့် စီးပွားရေးလုပ်ငန်းများဖြစ်သည်။ ထိုစီးပွားရေးမှ ရရှိလာသည့် အကျိုးအမြတ်တို့သည် လူမှုရေးအပြင် တိုင်းရေး ပြည်ရေးအတွက်ပါ အကျိုးပြုသည်၊ ထိုစီးပွားရေးမှ ဖြစ်ထွန်းလာသော အကျိုးအမြတ်အစွန်းတို့သည် သာသနာတော်အတွက်လည်း ဖြစ်လာသည်။ သူတို့သည် လောကမျက်လုံး အမြင်ရှိသူများ ဖြစ်ကြသည့်အားလျှော်စွာ စီးပွားရေးလောကတွင် ထိပ်ထိပ်ကြဲ သူဌေးများ ဖြစ်ကြသည်။ ထိုစီးပွားရေးအမြင်ကို ဓမ္မမျက်လုံးဖြင့် ထိန်းကျောင်းထားနိုင်သဖြင့်လည်း တိုင်းပြည်နှင့်လူမျိုး၊ ဘာသာသာသနာအတွက်ပါ အကျိုးများစွာ ဖြစ်သည်။

လောကမျက်လုံးရှိသူ စီးပွားရေးသမားသည် စီးပွားရှာရာမှာ လောဘရှိရမည်၊ လောဘရှိမှ စီးပွားဖြစ်မည်၊ သို့သော် ထိုလောဘသည့် ရှိသင့်ရှိထိုက်သော လောဘဖြစ်သည်။ လောဘဟူသည် သေ၀ိတဗ္ဗလောဘ- ရှိသင့်ရှိထိုက်သောလောဘနှင့် အသေ၀ိတဗ္ဗ- မရှိသင့်မရှိထိုက်သော လောဘဟု နှစ်မျိုးရှိသည်။ လုပ်အား အားလျှော်စွာ ရသင့်ရထိုက်သည့် အကျိုးအမြတ်အတွက် လောဘသည် ရှိသင့်သော လောဘဖြစ်သည်၊ လိမ်ညာခြင်း၊ လှည့်ပတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ စသည်ဖြင့် သူတပါး ဒုက္ခဖြစ်စေသည့် စီးပွားရေးသည် အသေ၀ိတဗ္ဗလောဘ-မရှိသင့်သော လောဘဖြစ်သည်၊ ရသင့်တာ ပိုလိုချင်သည့် လောဘဖြစ်သည်၊ ထို့အပြင် လက်နက်၊ မူးယဇ်ဆေးဝါး၊ လူကုန်ကူးခြင်းစတဲ့ တပါးသူများ ဆင်းရဲစေမည့် အလုပ်တို့သည် ၀ိသမလောဘများ ဖြစ်ရကား အသေ၀ိတဗ္ဗလောဘပင် ဖြစ်သည်။ ထိုအသေ၀ိတဗ္ဗလောဘသည် မရှိသင့်ဟု မြင်နိုင်စွမ်းသည်ကား ဓမ္မမျက်လုံးဖြစ်သည်၊ ရှိသင့်သော လောဘ၊ မရှိသင့်သောလောဘဟု ခွဲခြားသိမြင်ခြင်းသည်လည်း ဓမ္မမျက်လုံးဖြစ်သည်၊ ထိုဓမ္မမျက်လုံးဖြင့် လောကမျက်လုံးကို ထိန်းကျောင်းခြင်းသည်ပင် လောကမျက်လုံး ဓမ္မမျက်လုံးတို့ ဟန်ချက်ညီနေကြခြင်းဖြစ်သည်။ အထက်ဖော်ပြပါ ကျောင်းဒကာ ကျောင်းအမကြီးများကဲ့သို့ လောကမျက်လုံး ဓမ္မမျက်လုံးဟန်ချက် ညီနေမှ လောက သံသရာနှစ်ဖြာ ချမ်းသာမည်၊ နှစ်ဖက်မြင် နှစ်ဖက်အလင်းရှိနေပါမှ ဘ၀သံသရာ ၀ဋ်မှ လွတ်မည်။

နိဂုံး
ဤသုတ်တော်လာ လူတန်းစား သုံးမျိုး အဆင့်အတန်းသုံးမျိုးတွင် စာရေးသူတို့ မည်သည့်အဆင့်တွင်ပါဝင်နေသနည်း?၊ မည်သည့် အုပ်စုတွင်ပါဝင်နေသနည်း?၊ ဆင်ခြင်သုံးသပ်ရမည် ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားခဲ့သည့် တရားတော်များသည် ကြေးမှုံ မှန်နှင့် တူသည်။ မှန်သည် ကြည့်ဖို့ ဖြစ်သည်၊ မျက်နှာမှာ အစွန်းအထင်း၊ မှဲ့၊ အကွက် စသည့် အဆင်မပြေသည့်အရာများကို မြင်နိုင်ရန် ကြည့်မှန် ဖြစ်သည်၊ ကြည့်ပြီး ပြင်သင့်တာ ပြင်ရသည်။ အလားတူပင် ဓမ္မကြေးမှုံသည်လည်း ကိုယ်ဘာလဲ ဆိုတာ ပြန်ကြည့်နိုင်ရန် မှန်တစ်ချပ်ဖြစ်သည်။ ထိုမှန်ကို ကြည့်ပြီး အန္ဓလား၊ ဧကစက္ခုလား၊ ဒွိစက္ခုလား၊ ကိုယ့်သန္တာန်မှာ ဘာအပြစ်အနာဆာတွေ ရှိနေသနည်း ထိုမှန်ကို ကြည့်ပြီး ပယ်သင့်တာပယ်၊ ဖယ်သင့်တာ ဖယ်၊ ဖြည့်သင့်တာ ဖြည့်ရမည် ဖြစ်သည်။ မလိုအပ်တာ ဖယ်၊ လိုအပ်နေသေးသည့် ကောင်းသည့်အရာမှန်သမျှ ဖြည့်ရမည်သာတည်။ နှစ်ဖက်လုံးကန်းနေလျှင် ဘာမှ မဖြင်နိုင်၊ တစ်ဖက်သာ အမြင်ရှိသူကတော့ ဝေေ၀၀ါးဝါး မြင်နိုင်သေးသည်၊ နှစ်ဖက်မြင်သူကတော့ အလင်းအားပိုကောင်းသဖြင့် အရာအားလုံးကို မြင်နိုင်တော့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁-၂၀၁၄

01 February 2014

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲရက် ထုတ်ပြန်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲရက် ထုတ်ပြန်
အထက်မြန်မာ၊ အောက်မြန်မာပြည်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ဘီအေတန်း၊ ဒီပလိုမာတန်းနှင့် ဗုဒ္ဓ၀ါဒအခြေခံတန်းများ၏ နောက်ဆုံးအတန်းတင် စာမေးပွဲများကို တချိန်တည်း တပြိုင်တည်း ကျင်းပသွားမည် ဖြစ်သည်။
ကျင်းပရက်များ--
၁။ ဘီအေတန်းများ (၂၄-၂၅-၂၆-၂၇-၂၈-၂-၂၀၁၄၊ နေ့လည် ၂ နာရီမှ ၄နာရီအထိ) ၅ ရက်တိုင်တိုင်။
၂။ ဒီပလိုမာတန်းများ (၂၄-၂၅-၂၆-၂၇-၂၈-၂-၂၀၁၄၊ နေ့လည် ၂ နာရီမှ ၄နာရီအထိ) ၅ ရက်တိုင်တိုင်။
၃။ ဗုဒ္ဓ၀ါဒအခြေခံတန်း (လူဝတ်ကြောင်များအတွက်) (၁၆-၂-၂၀၁၄၊ နံက် ၈နာရီမှ ၁၀ နာရီအထိ)

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၂-၂၀၁၄

www.thesitagu.org

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes