သီတဂူစတား

သီတဂူစတား

30 September 2010

မှန်ကန်စွာ စားသောက်နည်း

အစာအဟာရနှင့် မှန်ကန်စွာ စားသောက်နည်း
ယခုအခါတွင် ကမ္ဘာအနှံ့ရှိ နိုင်ငံပေါင်းများစွာတွင် ကျန်းမာရေးအတွက် အထူးကောင်းမွန် သင့်တော်ပြီး အဟာရဓာတ် မျှတစွာ ပါဝင်အောင် စီမံပြုလုပ်ထားသည် ဆိုသည့် အသင့်သုံးစွဲ နိုင်သော အစားအစာထုတ်များ စည်သွပ်ဗူးများ၊ ဖျော်ရည်ပုလင်းများ အမျိုးစုံလင်စွာ ထုတ်လုပ် ရောင်းချလျက် ရှိပါသည်။ ထိုအစားအစာများသည် ကျွန်ုပ်တို့ နိုင်ငံသို့ ယခုအခါ နည်းမျိုးစုံဖြင့် ၀င်ရောက်လာကာ ဈေးဆိုင်ကြီးများ၊ စတိုးဆိုင်ကြီးများ၌ ဈေးနှုန်းများ ကြီးမားလှသော်လည်း ရောင်းမလောက်အောင်ပင် ဖြစ်နေကြောင်း တွေ့ရှိရလေသည်၊ လူအများစုသည် အမြဲတန်းလိုလိုပင် ကျန်းမာနုပျိုစေမည့် အစားအစာများ၊ အိပ်ပျော်စားဝင်စေသည့် အစားအစာများ၊ ခွန်အားတိုးပွားစေသည် ဆိုသည့် အစားအစာအသစ်များကို ငွေကုန်ခံကာ စမ်းသပ်စားသုံးကြည့်ရန် အမြဲတန်း ၀န်မလေးတတ်ကြပေ။ နည်းနည်းသာ စားရပြီး များများခွန်အားဖြစ်စေသည်ဆိုသော အစားအစာများ(ဥပမာ- ငှက်သိုက်၊ ဂျင်စင်းမြစ်)ဆိုလျှင် ငွေကြိုပေးပြီး မှာထားရသည့် အခြေအနေမျိုး၌ပင် ရှိနေသည်ဟု ဆိုပါသည်။

ယခုအခါ ကျွန်ုပ်တို့ နိုင်ငံတွင် အများ သုံးစွဲနေကြသောဟောလစ်၊ အိုဗာတင်း၊ မိုင်လို၊ကွေကာအုပ် မော်တိုဗာ စသည့်ခွန်အားကို တိုးပွားစေသည်ဆိုသည့် ဈေးနှုန်းကြီးမားလှသော အဟာရမှုန့် ဖျော်ရည် ပုလင်းများသည် ပုံမှန် ကျန်းမာနေသူများအဖို့ မလိုအပ်ချေ။ ရောဂါဘယ ဖြစ်ပွားပြီး နာလန်ထစ လူနာများ အသက်အရွယ်ကြီးပြီဖြစ်သော သက်ကြီး ရွယ်အိုများအတွက်သာ အကျိုးရှိနိုင်ပါသည်။
ကျွန်ုပ်တို့ နေ့စဉ်စားသုံးနေသည့် ထမင်း၊ ဟင်း၊ အသား၊ ငါး၊ ငါးပိရည်၊ ဟင်းသီးဟင်းရွက် တို့စရာ စသည့်အဓိက အစားအစာများသည် ကျွန်ုပ်တို့အတွက် လိုအပ်သော ပရိုတင်းခေါ် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်နှင့် ဗိုက်တာမင်ဓာတ်များ ပြည့်စုံလုံလောက်စွာ ပါရှိနေပြီး အကုန်အကျလည်း သက်သာ အဟာရဓာတ်များကိုလည်း ပြည့်စုံညီမျှစွာ ပါရှိစေပါသည်၊ ဈေးကြီး ပေးရသော ခွန်အားကို အမြန်တိုးပွားစေ သည်ဆိုသော မည်သည့် အစားအသောက် ပုလင်းများ၊ အဟာရမှုန့်များကိုမှ အထူးတလည် ၀ယ်ယူစားသောက်ရန် မလိုအပ်ပါ။
အစားအသောက် ကြော်ငြာများတွင် ရေးသား ဖေါ်ပြထားချက် အများစုမှာ အထူးကောင်းကြောင်း အမွှန်းတင်ထားကြပါသည်။ တစ်မျိုးတည်းသော အစားအစာကို စားရုံမျှနှင့် ကျန်းမာရေးကို ပြည့်စုံကောင်းမွန် အားရှိစေသော အာနိသင် ရှိသည်ဆိုသည့် အစားအစာမျိုး မရှိနိုင်ပါ။ ထို့အတူ ကိုယ်အလေးချိန်ကို အထူးလျှော့ကျစေသည်ဆိုသည့် အထူးအစားအစာမျိုးလည်း မရှိနိုင်ပါ။ ကိုယ်အလေးချိန်ကို အမှန်တစ်ကယ်နှင့် ထိထိရောက်ရောက် လျှော့ကျစေသော နည်းလမ်းမှာ အစားအစာကို လျော့စားနိုင်ရန် စိတ်ကိုနိုင်အောင် ထိမ်းထားသောနည်းပင်ဖြစ်သည်။

ကျွန်ုပ်တို့သည် ကျန်းမာရေးနှင့် ပြည့်စုံနေနိုင်ရန် အတွက် လိုအပ်သော အခြေခံအချက်ကြီး လေးခုဖြစ်သည့် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့  အနက် အာဟာရသည် များစွာ အရေးကြီးလှပေသည်။ ကမ္ဘာပေါ်ရှိ သက်ရှိသတ္တ၀ါများ အားလုံးနှင့် ယှဉ်လိုက်ပါက ကျွန်ပ်တို့ လူသားများလောက် အစုံစားသော သတ္တ၀ါဟူ၍ မရှိပါ။ ထိုကဲ့သို့ အစုံစားလေ့ ရှိသည့်အလျောက် အာဟာရဓာတ် မျိုးစုံပါရှိသည့် အစားအသောက်မျိုးစုံကို ရှာဖွေ စားသောက်တတ်ကြသည်။ မည်သည့် အစားအစာသည် ခန္ဓာကိုယ်အတွက် မည်သို့သော အကျိုးကို ရရှိစေသည်ဆိုသည့် အခက်ကိုလည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် လူသားတို့သည် လေ့လာ စူးစမ်း ရှာဖွေခဲ့ကြသည်။ လူမျိုး တစ်မျိုးစီ၌လည်း မိမိတို့ နေထိုင်ရာ ဒေသ၊ ဓလေ့ ထုံးစံများအလိုက် အစွမ်းထက်သည်ဟု ယုံကြည်သော အစားအစာ၊ ဆေးမြစ် ဆေးပင်များ အသီးသီး ရှိတတ်ကြသည်။ အစဉ် အဆက်လည်း ယုံကြည်သော အစားအစာ၊ဆေးမြစ်၊ ဆေးပင်များ အသီးသီး ရှိတတ်ကြသည်။ အစဉ်အဆက်လည်း ယုံကြည် လက်ခံ စားသုံးခဲ့တတ်ကြသည်။

ဥပမာ- ငှက်သိုက်၊ ဂျင်ဆင်းမြစ်၊ သစ်ကြားသီး၊ ကြံချို၊ မျောက်သွေး၊ မရှော့မြစ် စသဖြင့် လူတို၏ ခွန်အားကို အံ့သြဖွယ်ရာ ကောင်းလောက်အောင် တိုးပွားစေကာ ကျန်းမာနုပျို အသက်ရှည်စေသည် ဆိုသည့် စားသောက် ဖွယ်ရာများလည်း အစဉ်အဆက် ယခုခေတ်တိုင်အောင် ယုံကြည် သုံးစွဲနေကြစဲပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ မိမိ စားသောက်သော အဓိက အစားအစာများ၌ အာဟာရဓာတ်များ ပြည့်စုံလုံလောက် မျှတစွာ ပါဝင်ရန် လွန်စွာ အရေးကြီးပါသည်။ ဥပမာအားဖြင့် သစ်ကြားသီးစားက ဥာဏ်ကောင်းသည်ဆိုပြီး နေ့စဉ် သစ်ကြားသီးချည်း ထိုင်စားနေရုံဖြင့် ဥာဏ်ကောင်းလာမည် မဟုတ်ပါ။ ဆရာဝန် မခ်ါရလျှင်ပင် ကံကောင်းလှပေမည်။ ထို့အတူ အားရှိစေသည့် အစားအစာများဟု ဆိုပြီး နေ့စဉ် ကြက်ဥ၊ နွားနို့၊ မြေပဲ၊ ငှက်ပျောသီး စသည်တို့ ချည်းသာ နေ့စဉ်စားသုံးနေ၍လည်း မဖြစ်နိုင်ပေ။
အရေးကြီးသည်မှာ ကျွန်ုပ်တို့ နေ့စဉ် စားသုံးနေသည့် အဓိက အစားအစာများ၌ ပရိုတိန်းခေါ် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗိုက်တာမင်ဓာတ်များနှင့် ရေဓာတ်တို့ အသီးသီး မျှမျှတတ ပါဝင်ရန် အလွန်ပင် အရေးကြီးပါသည်။ထိုသို့ အာဟာရဓာတ်များ မျှတပြည့်စုံစွာ ပါရှိရန်အတွက် ထမင်း၊ အသားမျိုးစုံ၊ ငါး၊ ပဲ ၊ ဟင်းသီးဟင်းရွက် အမျိုးမျိုး၊ ငါးပိရည် တို့စရာ စသည်ဖြင့် အစားအစာများကို မျှမျှတတ အမျိုးစုံလင်အောင် စားသောက်ရပါမည်။ သို့မှာသာ ကျန်းမာရေးနှင့် ညီညွှတ်မှု ရှိစေသော စားသောက်နည်း မည်ပါသည်။

အစားအစာ စားသောက်မှု ပုံစံနှင့် အကြိမ်ပေါင်း
သာမာန်လူလတ်တန်းစား လူအချို့နှင့် ချမ်းသာသူတို့သည် မိမိတို့၏ ကျန်းမာရေး အတွက် တစ်နေ့ လိုအပ်သော အစားအစာ ပမာဏထက် များစွာ ပိုမိုစားသောက် နေလေ့ရှိကြောင်း တွေ့ရှိ ရပါသည်။ အမှန်တကယ်တွင် ထိုသို့ လိုအပ်သည်ထက် ပိုစားမိသော အစားအစာသည်ကြာလာသည်နှင့်အမျှကိုယ်အလေးချိန်ရှိသင့် သည်ထက် ပို၍၀လာစေပြီး မိမိ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။
ကျွန်ုပ်တို့သည် သာမာန်အားဖြင့် နံနက်အိပ်ယာထပြီးနောက် ပဲပြုတ်နှင့်ထမင်း၊ နံပြား၊ အီကြာကွေး၊ပေါင်မုန့်၊ ကော်ဖီ၊လဘက်ရည် စသဖြင့် နံနက်စောစောစာကို ဦးစွာ စားသောက်တတ်လေ့ ရှိကြသည်။ ထို့နောက် နေ့လည်(၁၂)နာရီခန့်တွင် နေ့လည်စာ ထမင်းကို အ၀စားလေ့ ရှိကြသည်။ထို့နောက် ညစာ ထမင်းကို ညနေ(၆)နာရီ(၇)နာရီ ၀န်းကျင်ခန့် တွင်စားသောက်လေ့ ရှိကြသည်။တချို့က နေ့လည်ခင်း (၂)နာရီ (၃)နာရီ ခန့်တွင် ကော်ဖီ၊ လက်ဘက်ရည် တို့ကိုသောက်တတ်ကြသည်။ အထက်ပါ စားသောက်မှု့ ပုံစံသည် ကျွန်ုပ်တို့ မြန်မာ လူမျိုးများအတွက် ကျန်းမာရေးနှင့် ပြည့်စုံစေသည့် စားသောက်မှု့ ပုံစံကောင်း တစ်ခုပင်ဖြစ်သည်။
သို့ရာတွင် အချို့သည် အဓိက ထမင်းချိန်များ ကြားတွင် ကိတ်မုန့် ၊ ပေါင်မုန့်၊ စမူဆာ၊ ပလာတာ၊ မုန့်ဟင်းခါး၊ လက်သုတ်၊ မုန့်တီ၊ ခေါက်ဆွဲ အစရှိသော အစားအစာများကို အ၀ စားသောက်တတ်ကြသည်။ မည်သည့် အခါမှ ဗိုက်ပြည့်အောင် အစားအစာများကို စားသုံးရန်မသင့်ပါ။ ဤကိစ္စသည် ကျန်းမာရေး ကောင်းမွန်နေစေရန်၊ အတွက် အရေးကြီးပါသည်။ အစာမကြေ ဖြစ်စေရန်အတွက်လည်း ထိုသို့ ဗိုက်ကားနေအောင် စားသောက်မှုကို ရှောင်ကြဉ်ရပါမည်။

ကျန်းမာရေးနှင့် အစဉ် ညီညွှတ်နေစေရန် အတွက် အစားအစာများ စားသောက်ရာတွင် တစ်နေ့လျှင် တစ်ခါ နှစ်ခါတည်းဖြင့် ဗိုက်ပြည့်အောင် ထမင်းကို အ၀မစားသင့်ဘဲ တစ်ခါစားလျှင် နည်းနည်း မျှတရုံ စားပြီး အကြိမ် ပိုမိုစားခြင်းက ပိုမို သင့်တော် ကောင်းမွန်ပါသည်။ တစ်နေ့တာအဖို့ အကောင်းဆုံးသော စားသောက်နည်းမှာ နံနက်အိပ်ယာထတွင် အတော်အသင့် စားသောက်ရပါမည်။ ထို့နောက်နေ့လည်( ၁၂)နာရီခန့်တွင် အတန်အသင့်သာ စားသောက်သင့်ပါသည်။ ဆန္ဒရှိပါက နေ့လည်(၃)နာရီလောက်တွင် ဖျော်ရည်(သို့) လက်ဘက်ရည်၊ ကော်ဖီတို့ကို တစ်ခွက်မျှသာ သောက်သုံးသင့်ပါသည်၊ ထို့နောက် ည(၆)နာရီ ခန့်တွင် ညစာ ထမင်းကို ခပ်နည်းနည်းသာ စားသောက်သင့်ပါသည်။ ထို့နောက် ည (၉)နာရီ (၁၀)နာရီခန့်တွင် ဆန္ဒရှိပါက ဖျော်ရည်တစ်မျိုးမျိုးကို တစ်ခွက်မျှ သောက်နိုင်ပါသည်၊ သို့သော် ကော်ဖီ၊လက်ဘက်ရည် နှင့် အစာချေရန် ခက်ခဲသော အစားအစာများကိုမူ အိပ်ယာမ၀င်ခင် စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

မှန်ကန်သော ချက်ပြုတ်နည်း
အိမ်အများစုတွင် အစားအစာများတွင် ပါရှိသည့် တန်ဖိုးရှိလှသော အာဟာရဓာတ်များကို မှန်ကန်စွာ မချက်ပြုတ်တတ်သောကြောင့် ဆုံးရှုံးလျက် ရှိကြောင်း တွေ့ရှိရပါသည်။ ဥပမာ အားဖြင့် အသီးအနှံများကို ရေထဲ့ပြီး ချက်ပြုတ်သည့် ရေကိုသွန်ပစ်တတ်ကြပါသည်။ ထိုရေကို မည်သည့်အခါမှ သွန်မပစ်ရပါ၊ အသီးအနံတို့၏ အာဟာရဓာတ် အများအပြား သည် ထိုရေထဲတွင် ပါဝင်နေသောကြောင့် ဖြစ်ပါသည်။ ထို့အတူပင် ကွန်ပ်တို့သည် ထမင်းကို ရေခန်းချက်ပြုတ် စားသောက် ရပါမည်။ အယ်ကြောင့်ဆိုသော် ထမင်းကို ထမင်းရည် ငှဲ့ပြီးချက်ပါက ထုထမင်းရည်ထဲတွင် ဆန်မှ ရရှိနိုင်မည့် မြောက်များစွာသော အာဟာရဓာတ်များသည် ထိုငှဲ့ပစ်လိုက်သော ထမင်းရည်ထဲတွင် ပါဝင်သွားသောကြောင့် ဖြစ်သည်။

အဆီထုတ်ထားသော နို့
အဆီထုတ်ထားသော နို့သည် ကောင်းမွန်သော အစာတစ်ခု ဖြစ်ပါသည်။ သူ့တွင် ရိုးရိုးနို့ တွင်ပါဝင်သော တန်ဖိုးရှိသည့် အာဟာရဓာတ်များ အားလုံးပါဝင်ပြီး အဆီ တစ်မျိုးတည်းသာ မပါဝင်ခြင်းဖြစ်သည်။ ပုံမှန်ရိုးရိုး နို့ တစ်ခွက် ၌ အာဟာရဓာတ် ပမာဏ(၁၈၀) ကယ်လိုရီခန့် ပါဝင်ပြီး အဆီထုတ်ထားသော နို့ တစ်ခွက်၌မူ (၆၀) ကယ်လိုရီခန့်သာ ပါဝင်ပါသည်။

ဒေါက်တာအောင်မော်၏ ကျန်းမာရေးအတွက် ဆောင်းပါးကို ရေးကူးပေးသော မစပယ်(လှဆန်းယဉ်)အား အထူးကျေးဇူးတင်ပါသည်။

သဗ္ဗရောဂေါ ၀ိနဿန္တု= ရောဂါခပ်သိမ်း အေးငြိမ်းကြပါစေကုန်သတည်း။ အရောဂါ ဒီဃာယုကော ဘ၀- ရောဂါကင်းကွာ အသက်ရှည်ကြပါစေကုန်သတည်း----------။

သီတဂူစတား
၃၀-၉-၂၀၁၀

28 September 2010

အရေးပေါ်

လျပ်တပြက်
၂၇-၉-၂၀၁၀ ညနေပိုင်း သီတဂူဆရာတော်ကြီး အမှူးရှိသော သီတဂူကပ္ပိယ (အောက်မြန်မာပြည်) အဖွဲ့တို့ လျပ်တပြက် အစည်းဝေးတစ်ရပ် ကျင်းပသည်။ သီးတဂူဆရာတော်ကြီးသည် အင်ဒိုနီးရှား ဘုရားထီးတင်ပွဲနှင့် သံဃာတစ်ထောင်ကျော် သံဃာ့အစည်းအရုံးကြီးအတွက် ထိုင်း လာအို ကမ္ဗောဒီယားနှင့် သီရိလင်္ကာနိုင်ငံစသော ဗုဒ္ဓဘာသာနိုင်ငံများမှ အထင်ကရဆရာတော်ကြီးများအား ပင့်ဖိတ်ရန် ကြွရောက်ခဲ့စဉ် အရေးပေါ်အကြောင်းတစ်ရပ် ပေါ်လာပါသည်၊ ထိုအရေးပေါ်နှင့်ပတ်သက်ပြီး အောက်မြန်မာရှိ ကပ္ပိယအဖွဲ့များအား ဆင့်ခေါ်ကာ နောက်လ ၁၆ ရက်နေ့ မန္တလေးမြို့ အကျဉ်းထောင်ရှိ လူပေါင်း ၆၀၀၀ (ခြောင်ထောင်)ကျော်အား အင်းစိန်ထောင်မှာ အလှူအတန်းပြုသလို မေတ္တာကရုဏာတော်အလှူ လုပ်မည့်အကြောင်း၊ သီတဂူသာသနာပြုအဖွဲ့ကြီး သာသနာတော်အတွက် အလုပ်လုပ်ရာ အနှစ် ၃၀ ခရီးပင်ရောက်ရှိကြောင်းနှင့် ယခုဆက်လက်ပြီး တိုးချဲ့မည့် လုပ်ငန်းစဉ်များနှင့် အရေးပေါ် ကယ်ဆယ်ရေးအကြောင်းများနှင့် ပတ်သက်ပြီး အစည်းဝေးတစ်ရပ် ကျင်းပသည်။

အရေးပေါ်
ယခု လောလောဆယ် အရေးပေါ် ကယ်ဆယ်ရေးဟူသည်မှာ သီရိလင်္ကာတွင် ဒုက္ခရောက်နေကြသော မြန်မာ သာမဏေများ၊ သီလရှင်ဆရာလေးများနှင့် ကျောင်းသားများကို မြန်မာနိုင်ငံ ပြန်လည်ပြီး မိဘ ဆွေမျိုးများနှင့် တွေ့နိုင်အောင် လေယာဉ်စရိတ်နှင့်စားစရိတ် လမ်းခရီး ချောချောမွေ့မွေ့နှင့် အမိမြေသို့ ပြန်လာနိုင်အောင် ကယ်ဆယ်ဘို့ပင် ဖြစ်ပါသည်။ ထိုမြန်မာကလေးများကို သီဟိုဠ်နိုင်ငံသား ဒေါက်တာ စန္ဒိမာက မြန်မာပြည်မှ ဧရာဝတီ နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့များဟု အမည်တပ်ကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ တကယ်တော့ ထိုကလေးများသည် ဧရာဝတီက နာဂစ်ဒေသက မဟုတ်သည့်အပြင် မိဘမဲ့ကလေးများလည်းမဟုတ်ကြပါ။ ထို သီဟိုဠ်သား ဒေါက်တာ စန္ဒိမာသည် ထိုင်ဝမ်းနိုင်ငံတွင်နေထိုင်ကာ မြန်မာနိုင်ငံ နာဂစ်ဒုက္ခသည်များအား ကယ်ဆယ်မည်ဟု ထိုင်ဝမ်နိုင်ငံရှိ တရုပ်တွေအား စည်းရုံးကာ အလှူခံသည်။ ကလေးတစ်ယောက်စာအတွက် တစ်လ အမေရိကန် ဒေါ်လာ ၃၅ နှုံးဖြင့် အလှူခံသည်ဟု သိရသည်။

မျောက်ပြ ဆန်တောင်း
ထိုဒေါက်တာကြီးသည် မြန်မာနိုင်ငံမှ ကိုရင် သီလရှင် ကျောင်းသား ၁၀၀ ကျော်တို့အား ကွန်ပြူတာ အင်္ဂလိပ်စာနှင့် ကျောင်းပညာရေးများ သင်ကြားမှု၌ ကူညီမည်ဆိုကာ သီရိလင်္ကာနိုင်ငံသို့ ခေါ်ဆောင်သွားသည်။ ထိုကလေးများအတွက်လည်း ထိုင်ဝမ်ရှိ တရုပ်လူမျိုးများအား အလှူခံသည်။ ထိုကလေးများသည် သီရိလင်္ကာသို့ ရောက်သွားသောအခါ သူတို့ထင်ထားသလို မဟုတ်ဘဲ သူတို့ကို စာသင်မပေး အ၀တ်အစားမပေး မြို့နဲ့ ဝေးရာ တောရွာလေးများဆီသို့ ခွဲထားကာ နေရာချထားပေးသည်။ မြန်မာပညာသင် ရဟန်းတော်များနှင့် ဝေးရာသို့ ပို့ထားသည်ဟို သိရသည်။ ထိုအထဲအတွင် အရွယ်ရောက် အမျိုးသမီးလေးများလဲ ပါနေသည်။ သူတို့လေးတွေရဲ့ သီဟိုဠ်ရှိ မြန်မာသံအမတ်ထံ ပေးစာနှင့် သူတို့မိဘများထံ ပေးစာများကို ဖတ်ပြီး စိတ်မကောင်းဖြစ်ကာ မျက်ရည်များတောင် ကျမိပါသည်။ သူတို့သည် ဘာကိုမှ မငဲ့ကွက်ဘဲ ပညာရေးတစ်ခုကိုသာ အလေးထားပြီး လိုက်သွားကြောင်း၊ ဟိုရောက်တော့ စာလည်း သင်မပေး၊ ၀တ်စရာ၊ ဆပ်ပြာ စသော အသုံးအဆောင်က အစ ကိုယ့်ဘာသာ ၀ယ်ယူရကြောင်း၊ အလုပ်ကြမ်းများ လုပ်ရကြောင်းနှင့် မိန်းကလေးများအတွက် လုံခြုံမှုမရှိကြောင်းတို့ကို ရေးထားသည်၊ ပြီးတော့ သူတို့ကို အမြန်ဆုံး မြန်မာပြည်ပြန်ရောက်အောင် ပို့ပေးရန် အသနားခံထားသည်။ သူတို့လေးတွေကို ကွန်ပျူတာရှေ့တွင် ထိုင်စေကာ ဓာတ်ပုံများရိုက်ပြီး ကွန်ပျူတာများ သင်ပေးနေသည်ဟု ဟန်ပြကာ ၀က်ဘ်ဆိုက်များပေါ်တွင် တင်ကာ အလှူခံသည်။ သူတို့ဘ၀အကြောင်းကို အင်တာနတ်စာမျက်နှာပေါ်တွင် လွန်ခဲ့သော လများစွာကထဲက တွေ့ဖူးပြီးသားဖြစ်ကြပါလိမ့်မည်။

ဝိုင်းဝန်းကူညီ
ထိုကဲသို့သော အခက်အခဲ ကြုံနေရသော မြန်မာကလေးများကို သီရိလင်္ကာတွင် ပညာသင်ကြားနေကြသော ရဟန်းတော်များ အဖွဲ့နှင့် မြန်မာသံအမတ်ကြီးတို့ ပူးပေါင်းကာ သူတို့လေးတွေရဲ့ စာရင်းများရယူကာ သူတို့၏ အခက်အခဲများကို စုံစမ်းပြီး ကယ်ဆယ်ဖို့ ကြိုးစားနေကြသည်မှာ လပင် အတော်ကြာပြီ။ နောက်လ ၁၀ လပိုင်းဆိုရင် ကလေးတွေရဲ့ သီဟိုဠ်ဘ၀သည် ၁ နှစ်ပြည့်ပြီဖြစ်ပါသည်။ သီဟိုဠ်ရှိ မြန်မာစာသင်သားများနှင့် သံအမတ်ကြီးတို့ကလည်း မြန်မာနိုင်ငံရှိ သာသနာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဌာနတို့သို့ အကြောင်းကြားထားပါသော်လည်း တုန့်ပြန်မှုကား ရောက်မလာသေးဟု သိရပါသည်။ ထိုအခက်အခဲများကို သီတဂူဆရာတော်ကြီးအား လျှောက်ထားရာဝယ် ဆရာတော်ကြီးသည် ချက်ချင်းပင် သံအမတ်ကြီးနှင့် သီဟိုဠ်သံဃာ့ရာဇာတို့ တိုင်ပင်ကာ ကလေးတွေရဲ့ ပတ်စပို့များကို ရအောင်ယူနိုင်ခဲ့သည်။ သီတဂူဆရာတော်ကြီးသည် ဘယ်ဌာနကမှ မကယ်နိုင်လျှင် သူကယ်မယ်ဟု သံအမတ်ကြီးအား အားမခံခဲ့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သီတဂူ ကပ္ပိယများအား ဆင့်ခေါ်ကာ သူတို့လေးတွေကို ကယ်ဖို့ရန် ၂၇-၉-၂၀၁၀ နေ့က တိုင်ပင်ဆွေးနေသည်။ သီတဂူသာသပြုအဖွဲ့၏ ကရုဏာအလှူတစ်ခုဟု သက်မှတ်ကာ သီတဂူသာသနာပြုအဖွဲ့မှ ထိုကလေးငယ်များအတွက် လေယာဉ်လက်မှတ်ဝယ်ရန် အလှူငွေများ စုစည်းရသည်။ လောလောဆယ် ကိုရင် ၁၂ပါးနှင့် သီလရှင်ဆရာလေး ၂၄ ပါး စုစုပေါင်း ၃၆ပါးတို့ကို ဦးစွာကယ်တင်မည်။ ထိုကလေးများကို သီတဂူသာသနာပြုအဖွဲ့က လမ်းစရိတ်နှင့် ပြန်နိုင်ဖို့ စီစဉ်ပေးခြင်းဖြစ်သည်၊ ခေါ်ထုတ်သွားခြင်းမျိုးမဟုတ်ဘဲ သူတို့လေးတွေရဲ့ အသနားခံစာများကြောင့်သာ ကယ်တင်ရခြင်းဖြစ်သည်။ သူတို့လေးတွေ သံအမတ်ထံနှင့် မိဘများထံရေးသော စာများနှင့် သူတို့လေးပြောပြသော အသံဖိုင်များ၊ သီတဂူဆရာတော်ကြီးထံ ရေးသော စာများကိုလည်း ဖတ်ရသဖြင့် အတော် စိတ်မကောင်းဖြစ်မိသည်၊ ကိုယ့်လူမျိုးကို ကိုယ်လူမျိုးကမှ မကယ်နိုင်ရင် ဘယ်သူကယ်နိုင်မည်နည်း၊ မျိုးချစ်စိတ်ဓာတ်ဘက်ကပဲ ကြည့်ကြည့် ဘာသာ သာသနာဘက်ကပဲ ကြည့်ကြည့် လူမှုရေးရှု့ထောင့်ကပဲ ကြည့်ကြည့် မဖြစ်မနေ တာဝန်ယူကြရမည် ဖြစ်ပါသည်။ နောက်ထက် ကယ်တင်ဖို့ရန် ကျန်ရှိပါသေးသည်။

အစီအစဉ်
ထိုကဲ့သို့သော ပြည်ချစ်၊ ဘာသာရေး၊ လူမျိုးရေး ကရုဏာစိတ်ဓာတ်များ မွေးမြူကာ သူတို့လေးတွေကို ကယ်တင်ရန်အတွက် သီတဂူကပ္ပိယ ၂ ယောက် သီဟိုဠ်သို့သွားမည်၊ သံအမတ်ကြီးကလည်း အားတက်သရော ကူညီပေးနေသည်ဟု သိရသည်။ သူတို့လေးတွေ၏ မိဘများကို အကြောင်းကြားရန်နှင့် လေဆိပ်မှာ သွားကြိုရန်၊ သီတဂူမှာ နေ့လည်စာများဖြင့် ကျွေးမွေးပြီး မိဘများကို ခေါ်ကာ အပ်နှံပေးမည် ဖြစ်သည်။ ဤကား လောလောဆယ် အစည်းအဝေးမှ ဆုံးဖြတ်ထားသော အစီအစဉ်တည်း။
ဆရာတော်ကြီး၏ သြ၀ါဒအတိုင်း ယနေ့ ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ နှင့် သီတဂူစတားတို့ ကလေးမိဘများထံ ပို့စာများကို အပူတပြင်းရေးကြရပါသည်။ အမြန်ဆုံး ပို့နိုင်အောင် ကြိုးစားနေပါသည်။

မှတ်ချက်။ ။ ကလေးမိဘများထံ အောက်တိုဘာလာ ၁၅ ရက်နေ့ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်သို့ ကိုယ်တိုင် လာရောက် စုံးစမ်းရန်နှင့် ၁၆ ရက်နေ့ အပ်နှင်းပွဲ ပြုလုပ်မည့်အကြောင်းများ သတင်းများပေးပို့ထားသည်။

မေတ္တာကရုဏာ တရား ကိုယ်စီ စီးဖြန်းနိုင်ကြပါစေ

သီတဂူစတား
၂၈-၉၂၀၁၀

25 September 2010

မလေးရှားမှ ပေးစာ

မလေးရှားမှ ပေးစာ

ယခုလျှောက်ထားစာက မလေးရှားမှာ အလုပ်လုပ်နေသော အမျိုးသမီး တစ်ယောက်ဖြစ်ပါတယ်၊ တကယ့်ကိုပဲ ခံစားပြီးရေးတဲ့စာဖြစ်ပါတယ်။ လက်တွေ့ဘ၀မှာ တွေ့ကြုံနေရသော ပျဿနာတစ်ခုဖြစ်တာကြောင့် စိတ်ပါလက်ပါကိုပဲ စာအရှည်ကြီးရေးပြီး လျှောက်ထားတာ ဖြစ်ပါလိမ့်မယ်။ တကယ်လဲ ၀မ်းသာမိပါတယ်။ ဘာသာခြားနိုင်ငံတွေမှာ နေကြရပေမဲ့ ရတနာသုံးပါးကို မမေ့ကြဘဲ စိတ်ကောင်း စေတနာကောင်းတွေ ရှိနေကြတာကို အလွန်ကြည်နူးနေမိပါတယ်။ သူ၏ လက်တွေ့ ဘ၀ အဖြစ်အပျက်များကို သူ၏မူရင်း စာအတိုင်း ဖော်ပြလိုက်ပါတယ်။

ဘုန်းဘုန်းဘုရား….
တပည့်တော်နဲ့ တပည့်တော်သူငယ်ချင်းက အခုလက်ရှိ အတူတူ တစ်အိမ်တည်းနေကြသူများ ဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့က မနက်(၁၀)နာရီ မှ ည(၁၀)နာရီ အထိ အလုပ်လုပ်ကြရပါတယ်။ စတိုးဆိုင် သေးသေးလေးမှာ အရောင်းစာရေး အလုပ်လုပ်ကြပါတယ်ဘုရား။ သူတစ်ဆိုင် တပည့်တော် တစ်ဆိုင်၊ ဆိုင်ချင်းကပ်လျက်ဖြစ်ပါတယ်။
ဆိုင်ဖွင့်ပြီ ဆိုတာနဲ့ တပည့်တော် မုန့်တစ်ခုခုနဲ့ ကော်ဖီနဲ့ ဘုရားကပ်ပါတယ်ဘုရား။ ပြီးတာနဲ့ ပရိတ်ကြီး(၁၁)သုတ်၊ ဓာရဏပရိတ် ရွတ်ပါတယ်ဘုရား။ ပြီးရင် စာအုပ်(သို့)သတင်းစာ ဖတ်ပါတယ်ဘုရား။ တပည့်တော် သူငယ်ချင်းလည်း တရားစာတွေရွတ်၊ ဘုရားစာအုပ်တွေဖတ် ပါတယ်ဘုရား။ အိမ်က ဘုရားမှာလည်းဆွမ်း၊ ပန်း၊ရေချမ်း၊ ဆီမီး ကပ်ပြီးမှ အလုပ်သွားတာပါဘုရား။

ညဘက် အိမ်ပြန်ရောက်တာနဲ့ တပည့်တော်က ဘုရားပန်းအိုးတွေ၊ သောက်တော်ရေခွက်တွေ ဆေးပြီး အဆင်သင့်ပြင်ပေးထားတယ်ဘုရား။ တပည့်တော်ရဲ့အမျိုးသားပြန်လာရင် အဆင်သင့် ပန်း၊ ရေချမ်း၊ ဆီမီး ကပ်ရအောင်ပါဘုရား။ အဲဒီလိုပြင်ပြီးတာနဲ့ တပည့်တော် အိမ်ခန်းရှင်း၊ ညစာနဲ့ နောက်နေ့ ဘုရားဆွမ်းတော်နဲ့ ထမင်းချိုင့်အတွက်ချက်ပါတယ်ဘုရား။ တပည့်တော် သူငယ်ချင်းက ဘေးက ကူလုပ်ပါတယ်ဘုရား။ တပည့်တော် ဟင်းချက်၊ ဟင်းတွေပြင်တိုင်း စားတဲ့သူအားလုံး အရသာရှိရှိနဲ့ ကောင်းကောင်းစားရပါစေဆိုတဲ့ မေတ္တာ၊ စေတနာအပြည့်နဲ့ အမြဲ ချက်ပါတယ်ဘုရား။ ဘေး အခန်းတွေ ကိုလည်းဝေမျှပေးပါတယ်ဘုရား။

အားလုံးစားပြီးရင်လည်း ဆေးကြောသိမ်းဆည်းပြီးမှ တပည့်တော် ရေချိုးပြီး တရားနာပြီး အိပ်ပါတယ်ဘုရား။ ညဘက်တွေမှာတပည့်တော် ဘုရားရှိခိုးဖို့ အချိန် မပေးတာ အမှန်ပါဘဲ ဘုရား။ ဒါပေမယ့် တပည့်တော် လုပ်သမျှ အလုပ်တိုင်းကို စေတနာနဲ့ လုပ်ပါတယ်ဘုရား။ အားလုံးသုံးတဲ့ အိမ်သာ၊ ရေချိုးခန်းတွေကိုလည်း တပည့်တော် အမြဲဆေးပါတယ်ဘုရား။ ဘယ်သူမှ မဆေးပေမယ့် တပည့်တော်ကုသိုလ်ရတယ်ဆိုပြီး စေတနာနဲ့ အမြဲဆေးပေးပါတယ်ဘုရား။ အဲဒီမှာ တပည့်တော်ရဲ့ သူငယ်ချင်းက ပြောပါတယ် ညဘက်ကျရင် ဘုရားစာလည်း မဆိုနိုင်၊ ဘုရားလည်းမရှိခိုးနိုင်နဲ့ အ ကုသိုလ်ပဲရတယ်လို့ ပြောပါတယ်ဘုရား။

မြတ်စွာဘုရား က အဲဒီလို အလုပ်တွေရှုပ်မှာ စိုးလို့ ၀ိကာလဘောဇနာ ဆိုတဲ့ သိက္ခာပုဒ် ကိုစောင့်ခိုင်းတာလို့ ပြောပါတယ်ဘုရား။ သူက ဘုရားရှိခိုးနေ၊ ဘုရားစာဆိုနေမှ ကုသိုလ်ရတယ် လို့ ပြောပါတယ်ဘုရား။ တပည့်တော်ရဲ့ အချိန်တွေ က ချက်တာပြုတ် တာနဲ့ ကုန်နေတယ်၊ တပည့်တော် ချက် လို့ သူလည်းလိုက်ကူလုပ်နေရတာနဲ့ သူ့ရဲ့ ဘုရားရှိခိုးချိန်တွေ ပါထိခိုက်တယ်လို့ ပြောပါတယ်ဘုရား။ တပည့်တော် တစ်ယောက်တည်းလည်း လုပ်နေကျပါဘုရား၊ လာမကူနဲ့ဆိုတော့လည်း သူ့ကို သူများကဲ့ရဲ့မှာစိုးလို့တဲ့။ ပြီးတော့ သူဘုရားရှိခိုးဖို့အတွက် သူ့ရဲ့ အမျိုးသားလေးက ဘုရား ဝေယျာဝစ္စ အားလုံးကိုပြင်ပေးရတယ်။ သူ့ရဲ့ အ၀တ် အစားတွေ လည်းလျှော်ပေးရတယ်ဘုရား၊ သူ့ရဲ့ဝေယျာဝစ္စ မှန်သမျှ သူ့အမျိုးသားလေးက လုပ်ပေးရတယ်ဘုရား။ သူပြောတာ သူက အေးအေးချမ်းချမ်းပဲ နေချင်တယ်တဲ့၊ တပည့်တော်တို့ကိုကြည့်ရတာ ပူလောင်တယ်လို့ လည်းပြောပါတယ်ဘုရား။


သိချင်သောအရာ

တပည့်တော်သိချင်တာက သူအဲဒီလို တပည့်တော်ကို လာကူလုပ်လို့ ဘုရားရှိခိုးပျက်ရင် တပည့်တော်မှာ အပြစ်ရှိလားဘုရား။
တကယ်ပဲ အိမ် အလုပ်တွေ ဘာမှ မလုပ် ပဲ နဲ့ ဘုရားစာဆို၊ ဘုရားရှိခိုးနေမှ ကုသိုလ်ရမှာလား ဘုရား။
တပည့်တော်အနေနဲ့ မချက် မဖြစ်လို့ချက်နေရတာပါဘုရား ဒါပေမယ့် တပည့်တော် သိထားတာက ဘာအလုပ်ကို လုပ်လုပ် စေတနာနဲ့လုပ်ရင် ကုသိုလ် ရတယ် လို့ သိထားပါတယ်ဘုရား။ အလုပ်မလုပ် ပဲ ဘုရား ၇ှိခိုး၊ ပရိတ် ရွတ်မှ ကုသိုလ် ရတာလားဘုရား၊ အလုပ်လုပ် ရင်း စေတနာနဲ့ မေတ္တာ ပို့နေရင် ကုသိုလ် မဖြစ်ဘူးလားဘုရား။

နောက်ပြီး လောကီအမြင်အရ ဆိုရင် တပည့်တော် နေတာမှန်တယ်လို့ထင်တယ်ဘုရား။ ဒါပေမယ့် ဘာသာရေး အရ ဆိုရင် တပည့်တော်ပြင် သင့်လားဘုရား။ တပည့်တော်က တကယ် ပဲ ဘာသာရေးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီလားဘုရား။ သူနေသလိုနေမှ တပည့်တော် ဘ၀ အေးချမ်းမှာလားဘုရား။

ဘာမှမလုပ်ဘဲ မနေတတ်တဲ့ တပည့်တော် ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရမလဲ မသိလို့ပါဘုရား။ အခုရက်ထဲမှာ တပည့်တော် စိတ်တွေထွေပြီး ဒေါသတွေဘဲဖြစ်နေတယ်ဘုရား၊ ဒီအိမ် အလုပ်တွေ ကို ဘယ်လိုမှ မလုပ်ချင်တော့ဘဲ သူ့လိုဘဲ ဘုရားစာတွေပဲ ထိုင်ဆိုနေချင်တယ်ဘုရား၊ ဘာလုပ်ရမှန်း မသိတော့တာဘုရား။

အရင်တုန်းကလို စိတ်ကြည်ကြည်လင်လင်နဲ့လည်း အလုပ်လုပ်လို့မရတော့ဘူးဘုရား။ နေ့လည်ဆိုရင် လည်း စာအုပ်တွေဖတ်လို့ မရတော့ဘူးဘုရား။ တပည့်တော် တကယ်ဘဲ နေ့တိုင်း ကုသိုလ် မရဘဲ အ ကုသိုလ်တွေဘဲ ရနေတာလားဘုရား။ ပရိတ်ရွတ်တော့လည်း အိမ် အလုပ်တွေကို မပြီးတာကိုပဲ မြင်နေ ပါတယ်ဘုရား။ တပည့်တော် ဘယ်လိုပြင်ရမလဲ ဆိုတာကို လမ်းပြပေးပါဘုရား။

ပြီးတော့ တပည့်တော်လုပ်နေကျ အလုပ်တွေကိုလည်း တပည့်တော်ရဲ့ အမျိုးသားကို မခိုင်းချင်ဘူးဘုရား။ ငရဲကြီးမှာကြောက်တယ်ဘုရား။ ယောက်ျားကို အလုပ်တွေလုပ်ခိုင်းပြီး ကိုယ်က ဘုရားစာတွေ ထိုင် ဆိုနေရမှာလည်း စိတ် မလုံဘူးဘုရား။ ပြီးတော့ ယောက်ျားလေးဆိုတော့ သူလုပ်သမျှတွေကို တပည့်တော်က နောက်ကနေ လိုက်ပြီးသိမ်းနေရတာနဲ့ ပိုလည်းပင်ပန်းတယ်၊ အချိန်လည်း ပိုကုန်ပါတယ်ဘုရား။ တပည့်တော်သူငယ်ချင်းတွေကလည်း အရင်အတိုင်းလဲ ဆက်လုပ်နေရင် တပည့်တော်မှန်နေတယ်လို့ ယူဆကြပါတယ်ဘုရား။ အဲဒါဟုတ်ပါသလားဘုရား။

ဒါပေမယ့် ကိုယ့်ကိုယ်ကို အကောင်းမြင်တတ်တဲ့ လူ့သဘာဝအရ တပည့်တော်လည်း ကိုယ့်ကိုယ်ကို အကောင်းမြင်မပြင်မိဘဲ ဆက်မှားသွားမှာလည်းစိုးရိမ်မိပါတယ်ဘုရား။ တပည့်တော် သူငယ်ချင်းရဲ့ အမျိုးသားက ပြောတာတော့ တပည့်တော်တို့က ပျင်းတာနဲ့ အေးချမ်းတာကို မခွဲခြားတတ်တာလို့ ပြောပါတယ်။ ဘယ်လိုစာအုပ်မျိုးကိုဖတ်ရင် ပျင်းတာနဲ့ အေးချမ်းတာ ကိုခွဲခြားတတ်ပါသလဲဘုရား။

အေးချမ်းတဲ့ ဘ၀ကိုတော့ လိုချင်ပါတယ်ဘုရား။ အရမ်းကြီးလည်းမချမ်းသာချင်ဘူး၊ အရမ်းကြီးလည်း မဆင်းရဲချင်ဘူး။ တပည့်တော် အရင်လိုပဲ ပြန်နေရမလား ဒါမှမဟုတ် ဘယ်လိုပြင်ရမလဲသိချင်ပါတယ်ဘုရား။ အမှန်အတိုင်းပြောရရင်တော့ အရင်က တပည့်တော်ရဲ့စိတ်က အခုလိုမျိုးရှုပ်ထွေးမနေပါဘူး၊ အခုက တော်တော်လေးကို စိတ်ထဲမှာရှုပ်နေပြီး အရင်လိုဘဲနေရကောင်းနိုး၊ ပြင်ဘဲပြင်လိုက်ရကောင်းနိုးနဲ့ ဒွိဟ ဖြစ်နေပါတယယ်ဘုရား။ တစ်ခါမှလည်း အခုလောက် စိတ်မရှုပ်ဘူးတော့ တော်တော်လေး စိတ်ညစ်နေရတယ်ဘုရား။ မဖြစ်လို့ လုပ်နေရပေမယ့် အရင်က လိုမျိုးစိတ်မပျော်တော့ဘူး၊ မေတ္တာလည်း ပို့လို့မရတော့ဘူးဖြစ်နေတယ်။ ပရိတ်ရွတ်တော့လည်း အရင်ကလိုမျိုး ကြည်ကြည်လင်လင် မဖြစ်တော့ တပည့်တော်ရွတ်တဲ့ ပရိတ်ကို ဘယ်လိုနတ်တွေ၊ ဘယ်လိုပုဂ္ဂိုလ်တွေက လာနာမလဲနော်။ တပည့်တော်အနေနဲ့ ဘယ်လိုပြုပြင်နေ ထိုင်သင့်တယ်ဆိုတာ ကျေးဇူးပြုပြီး ဘုန်းဘုန်းမှလမ်းညွှန်ပေးပါဘုရား။

ဘုန်းဘုန်းကျန်းမာစွာဖြင့် သာသနာ့အကျိုးသယ်ပိုးနိုင်ပါစေ။


ပြန်စာ

ဒကာမရေ- ပြောပြရရင်တော့ အရှည်ကြီးဖြစ်မှာပါ၊။ လိုရင်းကိုပဲ ဖြေမယ်လေ၊ ဒကာမ သိထားသလိုပဲ ဘာအလုပ်လုပ် စေတနာသာ အဓိကဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ ဗုဒ္ဓစာပေအရ ကိုယ့်ရဲ့ဘ၀ အရည်အသွေးကို ကံက ဆုံးဖြက်ပေးသွားတာပါ၊ ကံဟူသည်မှာ ကိုယ်နှင့်ပြုသော အမှု ကို ကာယကံ၊ နုတ်နှင့်ပြောသော အမှု သည် ၀စီကံနှင့် စိတ်နှင့်တွေးသော အမှုသည် မနောကံမည်၏။ ထိုကံများကိုတော့ လှုံ့ဆော်မှုလို့ခေါ်တဲ့ စေတနာက ပံပိုးလို့ စေတနာဖြစ်ပါတယ်၊ စေတနာ မွန်မြတ်နေရင် ဘယ်အရာမဆို မွန်မြတ်နေပါတယ်။ စေတနာ မပါဘဲ ဘုရားစာတွေကိုပဲ ထိုင်ရွတ်နေရင် လိုသလောက် ခရီးမရောက်၊ လုပ်သလောက် ခရီးမပေါက်ပါဘူး။

အခု ဒကာမတို့လို လူဝတ်ကြောင်တွေရဲ့ မဖြစ်မနေ လုပ်ရတဲ့ အလုပ်မျိုးကိုပင် မွန်မြတ်တဲ့ စေတနာ ထားခြင်းကြောင့် လောကီအမြင်ကပဲ ကြည့်ကြည့် ဘာသာတရား အမြင်ကပဲ ကြည့်ကြည့် ဒကာမရဲ့ အလုပ်သည် မှန်ကန်ပါတယ်၊ မွန်မြတ်ပါတယ်။ ဘုရားလက်ထက်တော်က ကျောင်းအမ ၀ိသာခါတို့ ကျောင်းဒကာကြီး အနာထပိဏ္ဍိကနှင့် သူ၏ သမီးတော်များဖြစ်ကြတဲ့ သုမန၊ စူဠသုဘဒ္ဒါတို့သည် နေ့စဉ် ကိုယ်တိုင်ချက်ပြုတ်ပြီး သံဃာ့ဝေယျာဝေစ္စများပြုသွားကြတာပါ။ သူတို့တတွေရဲ့ သန္တာန်မှာ တကယ့်ကို မွန်မြတ်တဲ့ စေတနာတွေရှိကြပါတယ်၊ ဝေယျာဝေစ္စလုပ်နေတဲ့ အချိန်မှာ သူတို့ရဲ့ စိတ်အစဉ်သည် သံဃာတော်တွေ အစားအဟာရ ပြည့်စုံဖို့၊ မပင်မပန်းစေဘို့ပဲ ဖြစ်ပါတယ်။ မွန်မြတ်တဲ့ မနောကံ (စေတနာ) ကြောင့် မွန်မြတ်တဲ့ ကာယကံ (စေတနာ) တွေ ဖြစ်လာတဲ့အတွက် သူတို့ရဲ့ စိတ်အစဉ်မှာ ပျော်ရွင်မှုတွေပဲ ဖြစ်သလို မွန်မြတ်တဲ့အလုပ်လဲဖြစ်ပါတယ်။ ဘုရားလောင်း၏ ပါရမီ ဖြစ်ပုံမှာ အလုပ်လုပ်တဲ့ နေရာမှာ အဘိရတိဘာဝနာ-- ပျော်ပျော်ကြီး လုပ်ဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒကာမအနေနဲ့ စိတ်မပျက်ဘဲ ဖော်ပြပါ နေ့စဉ် လုပ်နေကြကို စိတ်စေတနာလေး ထားပြီး ဆက်လက် လုပ်ပါ။ ဒါဟာ မွန်မြတ်သော မနောကံကြောင့် ဖြစ်လာတဲ့ မွန်မြတ်တဲ့ ကာယကံ ကုသိုလ်ဖြစ်ပါတယ်။ သူများ အကဲ့ရဲ့ကို ခံရမှာ ကြောက်လို့ လုပ်တာမျိုးဆိုရင်တော့ ဘာပဲလုပ်လုပ် ဘာကုသိုလ်မှ ရမှာ မဟုတ်ပါဘူး၊ လုပ်တဲ့ အလုပ်ကလည်း ကောင်းသော အလုပ်ဖြစ်ပေမဲ့ မွန်မြတ်တဲ့ စေတနာ မပါသောကြောင့် ဖြစ်ပါတယ်။

လူဝတ်ကြောင်ဘ၀မှာ ကိုယ့်ရဲ့ ၀မ်းစာအတွက် မရှိမဖြစ် ရှာရပါတယ်၊ သမ္မာအာဇီဝကျပြီး အလုပ်လုပ်နေရင် ဒကာမတို့ရဲ့ဘ၀ဟာလဲ မျှတပါတယ်။ ရှေးက ပြထားတဲ့ အနာထပိဏ်တို့ ၀ိသာခါတို့လည်း စီးပွားရေးသမားတွေပဲလေ၊ အိမ်ထောင်သည် ဘ၀နဲ့ အိမ်ထောင်သည်တို့၏ အလုပ်တွေကို တာဝန်ကျေပွန်စွာလုပ်ရင်း ရတနာ သုံးပါးကို ပူဇော်နေကြသည်။ ဒကာမလည်းပဲ ထိုနည်းတူစွာ ဘ၀က ပေးတဲ့ တာဝန် ဖြစ်တဲ့ အိမ်ထောင်ဘ၀ရဲ့ အလုပ်တွေကို စေတနာထားပြီး အလုပ်လုပ်ရင်း အားတဲ့ အချိန်လေးတွေပါ ပရိတ်ရွတ်ခြင်း ဘုရားရှိခိုးခြင်း မေတ္တာပို့ခြင်း အစရှိတဲ့ အလုပ်တွေ လုပ်နေခြင်းသည် မွန်မြတ်သော အလုပ်ဖြစ်တာကြောင့် သူများအပြောကြောင့် စိတ် ဒွိဟ မဖြစ်ဘဲ လုပ်နေကျ အလုပ်ကိုပဲ ဆက်လက်လုပ်ပါ။

နောက်တစ်ခုက ဘုရားစာတွေရွတ်တယ်ဆိုတာလဲ ကုသိုလ်တမျိုးဖြစ်ပါတယ်။ ၀စီကံ ကုသိုလ်ပေါ့၊ ဒါလဲ မွန်မြတ်သော စေတနာ ပါရှိဖို့လိုပါတယ်။ သူများအထင်ကြီးအောင် ဘုရားစာရွတ်တာမျိုး မဖြစ်စေနဲ့ပေါ။ ဘုရားစာ ရွတ်နေစဉ်မှာ လောဘ ဒေါသ မောဟ စတဲ့ အကုသိုလ်တွေ မဖြစ်လို့ ကုသိုလ်ရသလို သမထ ဘာဝနာလည်း ဖြစ်ပါတယ်။ စိတ်ကို လောဘ ဒေါသ မောဟ စတဲ့ အကုသိုလ် အပူတွေ ငြိမ်းအောင် ကျင့်တဲ့ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ တို့ ဖြစ်ပါတယ်။ သမာဓိကို အားကောင်းစေသဖြင့် အမှန်တရားကို မြင်ဖို့ရာ အထောက်အကူများစွာလည်းဖြစ်ပါတယ်။

အလုပ်မလုပ်ဘဲ ဘုရားရှိခိုးရင် ကုသိုလ်ရလား ဘုရား

အလုပ်မလုပ်ဘဲ ဘုရားရှိခိုးရင် ကုသိုလ်ရလား ဘုရား ဆိုတဲ့ ဒကာမ၏ မေးခွန်းက စောစောက ဘုန်းဘုန်းပြောသလို ဘုရားဂုဏ်တော်တွေကို အာရုံပြုနေရင် ကုသိုလ်ရပါတယ်။ သူကလည်း အလုပ်တမျိုးဖြစ်ပါတယ်။ ဘုရားရှေ့ သို့မဟုတ် တနေရာရာ(စိတ်ငြိမ်ရာအရပ်)မှာ ဘုရားရှင်၏ကျေးဇူးတရားတွေကို အာရုံပြုပြီး အရိုအသေပေးတာကို ဘုရားရှိခိုးတယ် ခေါ်ပါတယ်၊ အဲဒါကတော့ ကာယကံ ကုသိုလ်ပေါ့။ ပါးစပ်က ဘုရားရှင်၏ ဂုဏ်တော်တွေကို ရွတ်နေရင် ၀စီကံ ကုသိုလ်ဖြစ်ပါတယ်။ အဲဒီအလုပ်တွေထဲမှာ စိတ်ပါလက်ပါ စေတနာ ထည့်လိုက်ရင် မနောကံ ကုသိုလ်လည်း ပါပါတယ်။ ရည်ရွယ်ချက် သို့မဟုတ် ယောနိသော မနသိကာရဟာ အလွန်အရေးကြီးပါတယ်။

ဗုဒ္ဓဘာသာက အလုပ်မလုပ်ဘဲ ဆုမတောင်း

အလုပ်မလုပ်ဘဲ ဘုရားရှေ့ သွားပြီး ဆုတောင်းနေရင်တော့ ဗုဒ္ဓအလိုကျ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာက အခြားဘာသာခြားတွေလို အလုပ်မလုပ်ဘဲ ဆုတောင်းတာမျိုး မရှိပါဘူး၊ အဲလို ဆုတောင်းလို့လဲ ဘယ်သူမှ ဘာမှ ပေးမှာလဲ မဟုတ်ပါဘူး။ အကြောင်း ဗုဒ္ဓဘာသာအလိုရ သတ္တ၀ါတွေဟာ ဘယ်ပုဂ္ဂိုလ် (တံခိုးရှင်)ကိုမှ အမှီပြု၊ အားကိုး၊ လက်အောက်ခံ အညံ့ခံနေတာမျိုးမဟုတ်ပဲ ကိုယ့်အားကိုယ်ကိုး (ကိုယ့်ကံ) တဲ့ ဘာသာတရားဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ဆုတောင်းတာမျိုးကော မရှိဘူးလားဆိုတော့ ရှိပါတယ်။ သို့သော်လည်း အဲဒီဆုတောင်းက ကိုယ့်လုပ်တဲ့ အလုပ်ပေါ်မှာ ကိုယ့်အခွင့်အရေးကို တောင်းဆိုတာဖြစ်ပါတယ်၊ ဆိုလိုတာက ကိုယ့်ရဲ့ ဆန္ဒကို ဖော်ပြတာပေါ့၊ ဒါကိုပဲ ဗုဒ္ဓဘာသာက ဆုတောင်းတယ်လို့ ဆိုလိုပါတယ်။ ဆိုလိုတာက အလုပ်မလုပ်ဘဲ ဆုတောင်းနေရုံဖြင့် ဗုဒ္ဓအလိုကျ မဟုတ်ကြောင်းဖြစ်ပါတယ်။

နောက်တစ်ခုက ကုသိုလ်ကောင်းမှု အလုပ်တွေမှာ ဥပမာ- ဘုရားရှိခိုးခြင်း မေတ္တာပို့ခြင်း၊ အများ စိတ်သက်သာရစေရန် အတွက် အိမ်သာရေဆေးခြင်း စတဲ့ ဒကာမပြောပြခဲ့ ကုသိုလ်အလုပ်တွေကိုတော့ ကိုယ်ကိုတိုင်လည်းလုပ်၊ သူများကိုလည်း လုပ်နိုင်အောင်တိုက်တွန်းနိုင်ပါတယ်၊ ကိုယ့်ရဲ့ အိမ်သားဖြစ်တဲ့ အမျိုးသားကိုလည်း ကုသိုလ်ရပါစေ။ ဒါဟာ သူ့ကို မရိုမသေပြုရာ မရောက်ပါဘူး။ ဒကာမရဲ့ စေတနာသာ ပဓာနဖြစ်ပါတယ်။

နိဂုံးချုပ်


ဒကာမရေ-- ဘုန်းဘုန်း အချုပ်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ဒကာမ နေ့စဉ်လုပ်နေကျဖြစ်တဲ့ ချက်ပြုတ်ချင်း၊ ဘုရားပန်း၊ ဆီးမီး၊ ရေ၊ ဆွမ်းတော် ကပ်လှူခြင်းနှင့် သူများမလုပ်နိုင်တဲ့ အိမ်သာဆေးခြင်းအလုပ်တွေကို စိတ်စေတနာ ပါပါနဲ့ ပျော်ပျော်ကြီး ဆက်လက် လုပ်စေလိုပါတယ်။ လုပ်ပါလို့လဲ တိုက်တွန်းပါတယ်။ တကယ့် မွန်မြတ်တဲ့ အလုပ်တွေ ဖြစ်လို့ တိုက်တွန်းခြင်းဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့ အဖြေသည် ပြည့်စုံလိမ့်မည်မဟုတ် သို့သော လိုရင်းက ဖော်ပြပါ ဒကာမ လုပ်နေကျ အလုပ်သည် မွန်မြတ်တယ်လို့ ဆိုလိုချင်ပါသည်။

အေးချမ်းတဲ့ မိသားစုဘ၀လေး ပိုင်ဆိုင်ပါစေ။
သီတဂူစတား
၆-၉-၂၀၁၀


မှတ်ချက်။
။ ၀မ်းသာစရာတစ်ခုကတော့ မေးခွန်းရှင် အမျိုးသမီးက အရင်လိုပဲ ပြန်နေပါတော့မယ်ဘုရား၊ ကျေးဇူးအထူးတင်ပါတယ် ဘုရားဟူ၍ လျှောက်ထားသည့် စာပြန်လာပါသည်။

22 September 2010

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲများ


ရန်ကုန် သီတဂူဗုဒ္ဓတက္ကသိုလ် တွင် Elementary Level, Intermediate Level နှင့် Advanced Level တို့ ၌ စာဖြေနေကြစဉ်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲများ
ဒီကနေ့ ၂၀-၉-၂၀၁၀ တနင်္လာနေ့ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အသီးသီးတွင် တက်ရောက် ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူများသည် မိမိတို့ တက်ရောက်နေသည့် ပညာသင်နှစ်အတွက် နှစ်ဝက်စာမေးပွဲ Semester Exam များကို တချိန်တည်းမှာပဲ ဖြေဆိုနေကြသည်။

ဒီပလိုမာတန်း ကျောင်းသား ၁၀၇ စာမေးပွဲ ဖြေဆိုစဉ် (သီတဂူဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်)

အတန်းများ။ ။ ဘီအေ B.A အတန်း ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် နှင့် စတုတ္ထနှစ်။
ဒီပလိုမာ Diploma အတန်းအတွက် Elementary Level, Intermediate Level နှင့် Advanced Level တို့ ဖြစ်ကြသည်။

စာမေးပွဲကာလ။ ။ ၂၀၊၂၁၊၂၂၊၂၃၊၂၄၊ ရက်တို့၌ တက္ကသိုလ်ကြီး ၃ခုက တချိန်တည်း တပြိုင်တည်း ကျင်းပပေးသည်။

ဒီပလိုမာတန်း ကျောင်းသား ၁၀၇ စာမေးပွဲ ဖြေဆိုစဉ် (သီတဂူဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်)


ရွှင်လန်းချမ်းမြေ့ကြပါစေ။

သီတဂူစတား
၂၂-၉-၂၀၁၀

19 September 2010

Ph.D. Program (ဒေါက်တာဘွဲ့)




မာတိကာ

၁။ ရည်ရွယ်ချက်
၂။ ခေါင်းစဉ်ရွေးချယ်ခြင်း
၃။ ကျမ်းစာရေးရာ၌ အသုံးပြုရမည့်ဘာသာစကား
၎။ Ph.D. ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း
၅။ ၀င်ခွင့်ရယူခြင်း
၆။ Supervisor ရွေးချယ်ခြင်း
၇။ Ph.D. ကျမ်းစာတင်သွင်းခြင်း
၈။ လူတွေ့စစ်ဆေးခြင်း
၉။ Ph.D. ဘွဲ့ရယူခြင်း
၁၀။ ဘွဲ့အပ်နှင်းခြင်း

၁။ ရည်ရွယ်ချက်
Sitagu International Buddhist Academy သည် ဗုဒ္ဓတရားတော်ကို ထေရ၀ါဒနည်းကျကျဖြန့်ချိရန် ရည်ရွယ်သည်အားလျော်စွာ Ph.D. Program ကိုလည်း ထိုရည်ရွယ်ချက်အတိုင်း ရေးဆွဲအကောင်အထည်ဖော်သည်။

၂။ ခေါင်းစဉ်ရွေးချယ်ခြင်း
ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော် အဋ္ဌကထာ ဋီကာကို အခြေခံ၍ Philosophical, Historical, Psychological, Cultural, Social, Archaeological နှင့် Linguistic အစရှိသော ရှုထောင့်အမျိုးမျိုးမှ ထေရ၀ါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော ခေါင်းစဉ်တစ်ခုခု ဖြစ်ခြင်း။
(သို့မဟုတ်)
ထေရ၀ါဒနှင့် မဟာယာနဗုဒ္ဓဘာသာကို အထက်ဖော်ပြ ပါရှုထောင့်များမှ နှိုင်းယှဉ်လေ့လာသော ခေါင်းစဉ်တစ်ခုခုဖြစ်ခြင်း။
(သို့မဟုတ်)
ထေရ၀ါဒဗုဒ္ဓဘာသာနှင့် Hindu, Christian, Islam, Jainism စသောဘာသာကြီးတို့ကို အထက်ပါရှုထောင့်များမှ နှိုင်း ယှဉ်လေ့လာသော ခေါင်းစဉ်တစ်ခုခုဖြစ်ခြင်း။

၃။ ကျမ်းစာရေးရာ၌ အသုံးပြုရမည့်ဘာသာစကား
ကျမ်းစာရေးရာ၌ အသုံးပြုရမည့်ဘာသာစကားမှာ English (သို့မဟုတ်) ပါဠိဘာသာဖြစ်သည်။

၎။ Ph.D. ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း
(က) S.I.B.A. မှ M.A. ဘွဲ့ရရှိခြင်း၊
(သို့မဟုတ်)
(ခ) ပြည်တွင်းပြည်ပရှိ English Media ဖြင့် သင်ကြားသော တက်္ကသိုလ်ကြီးတစ်ခုခုမှ M.A. ဘွဲ့ကိုရရှိပြီး ပြည်တွင်းပြည်ပတက္ကသိုလ် တစ်ခုခု၌ Philosophical, Historical, Psychological, Cultural, Social, Archaeological နှင့် Linguistic အစရှိ သောဘာသာရပ် တစ်ခုခုကို သုတေသနလုပ်ခြင်း (သို့) သင်ကြားပို့ချခြင်းအတွေ့အကြုံ အနည်းဆုံးနှစ် နှစ်ရှိပြီးနောက် Sitagu International Buddhist Academy က ကျင်းပပေးသော English အရည် အချင်းစစ်စာမေးပွဲ (ရေးဖြေနှင့်လူတွေ့)ကို အောင်မြင်ခြင်း။

၅။ ၀င်ခွင့်ရယူခြင်း
အထက်ပါအရည်အချင်းနှင့်ပြည့်စုံသော Candidate များသည် အောက်ပါအစီအစဉ်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြီးပြည့်စုံစေ၍ ၀င်ခွင့်ရယူရမည်ဖြစ်သည်။

(က) မိမိကို Supervise လုပ်မည့ှ်Supervisor ၏သဘောတူညီမှုကို ရယူခြင်း၊
(ခ) Supervisor ၏ခွင့်ပြုချက်ဖြင့် ခေါင်းစဉ်ရွေးချယ်ကာ တက္ကသိုလ်သို့တင်ပြ၍ သဘောတူညီချက်ရယူခြင်း၊
(ဂ) မိမိရေးသားမည့်ကျမ်းစာမိတ်ဆက်စာတမ်းကို စာမျက်နှာ(၅)မျက်နှာထက်မနည်းစေပဲ ရေးသားတင်ပြ၍ တက္ကသိုလ်၏ ခွင့်ပြုချက်ရယူခြင်း၊

၆။ Supervisor ရွေးချယ်ခြင်း
Ph.D. Candidate တစ်ဦးကို Supervise လုပ်မည့် Supervisor တစ်ဦးသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်။

(က) တက္ကသိုလ်တစ်ခုခုမှ ဗုဒ္ဓစာပေနှင့်ပတ်သက်သော ခေါင်းစဉ်ဖြင့်သောလည်းကောင်း၊ Philosophical, Historical, Psychological, Cultural, Social, Archaeological နှင့် Linguistic အစရှိသော ဘာသာ ရပ်တစ်ခုခုနှင့်ပတ်သက်သော ခေါင်းစဉ်တစ်ခုခု ဖြင့်သော်လည်းကောင်း Ph.D. ဘွဲ့ရရှိထားပြီး ဖြစ်ရမည်၊
(ခ) ထေရ၀ါဒရဟန်းတော်ဖြစ်ရမည်၊
(ဂ) အနည်းဆုံး ဓမ္မာစရိယအောင်ပြီးသူဖြစ်ရမည်၊
(ဃ) S.I.B.A. ၌ လက်ရှိပါမောက္ခရာထူးတာဝန်ကို ထမ်းဆောင်နေဆဲ (သို့မဟုတ်) ထမ်းဆောင်ခဲ့သူ (ပါမောက္ခရာထူး တာဝန်ထမ်းဆောင်စဉ်အတွင်း အဝေးသို့ တာဝန်ထမ်းဆောင်ရန် S.I.B.A. က တာဝန်ပေးစေလွှတ်ခြင်းခံရသူ) ဖြစ်ရမည်၊
(င) S.I.B.A က Supervisor လုပ်နိုင်ခွင့်တာဝန်ကို တရားဝင်ပေးအပ်ထားသူ ဖြစ်ရမည်။

၇။ Ph.D. ကျမ်းစာတင်သွင်းခြင်း
တင်သွင်းသည့်ကျမ်းစာသည် S.I.B.A. က သတ်မှတ်ပေးထားသော စည်းမျဉ်းစည်းကမ်းများနှင့် ညီရမည်။ (စည်းမျဉ်း စည်းကမ်းများကို နောက်ဆက်တွဲအနေဖြင့်ဖော်ပြရန်) ၀င်ခွင့်ရရှိသည့်နေ့မှစ၍ ၃-နှစ်ထက်မစော ၅-နှစ်ထက် နောက်မကျစေပဲ တင်သွင်းနိုင်ရမည်။ (၅-နှစ်ပြည့်သည်အထိ ကျမ်းစာကို မတင်သွင်းနိုင်ပါက နောက်ထပ်အသစ်ထပ်မံ၍ ၀င်ခွင့် ရယူရမည်ဖြစ်သည်။) ရေးသားပြီးသောကျမ်းစာကို ၅ မူကူး၍ S.I.B.A. နှင့် အခြားတက္ကသိုလ်တစ်ခုခု၌ လက်ရှိပါမောက္ခတာဝန် ထမ်းဆောင်နေသော (သို့) ထမ်းဆောင်ခဲ့သော Ph.D. ဘွဲ့တစ်ခုခုရရှိပြီးသော S.I.B.A. က သတ်မှတ်ပေးထားသော ပုဂ်္ဂိုလ်များအနက် တက္ကသိုလ် က ရည်ညွှန်းသည့်ပုဂ္ဂိုလ် ၂- ဦးသို့ တင်ပြပြီး ထောက်ခံချက်ရ ယူရမည်။ ရေးသားပြီးသောကျမ်းစာ ၅ မူအနက် ၃ မူကို Ph.D. Candidate ကိုယ်တိုင်တစ်မူ သိမ်းထားပြီး Supervisor အတွက် တစ်မူ တက်္ကသိုလ်စာကြည့်တိုက်သို့ တစ်မူပေးအပ်ရမည်။

၈။ လူတွေ့စစ်ဆေးခြင်း
တက္ကသိုလ်က သတ်မှတ်ပေးသောရက်၌ တက္ကသိုလ်က ဖိတ်ကြားထားသော ပါမောက္ခများနှင့် တွေ့ဆုံ၍ လူတွေ့စစ်ဆေး ခြင်းခံရမည်။

၉။ Ph.D. ဘွဲ့ရရှိခြင်း
Supervisor ၏ ထောက်ခံချက်ဖြင့် တက္ကသိုလ်သို့တင်ပြလာသော ကျမ်းစာကို Internal and External Examiners များလက်ခံ၍ အဆင့်အတန်းမီကြောင်း ထောက်ခံလက်မှတ်ရေးထိုးပါက လူတွေ့စစ်ဆေးခြင်းကို ခံယူပြီး လူတွေ့စစ်ဆေးသော ပါမောက္ခအားလုံးက စာတမ်းတင်သွင်းသူသည် တင်သွင်းသော စာတမ်းဖြင့် Ph.D. ဘွဲ့ကို ပိုင်ဆိုင်သင့်ကြောင်း တညီတညွတ်တည်း ထောက်ခံချက်ကိုရရှိပါက ကျမ်းစာတင်သွင်းသူသည် ထိုကျမ်းစာဖြင့် Ph.D. ဘွဲ့ကို ပိုင်ဆိုင်သင့်ကြောင်း တက်္ကသိုလ်က အသိအမှတ်ပြုမည်။

၁၀။ ဘွဲ့အပ်နှင်းခြင်း
လူတွေ့အဆင့်အထိအောင်မြင်ပြီးသော ကျမ်းစာတင်သွင်းသူကို ယာယီအောင်လက်မှတ် ထုတ်ပေးထားပြီး တက္ကသိုလ်က နှစ်စဉ်ကျင်းပသော ဘွဲ့နှင်းသဘင်တွင် ဘွဲ့လက်မှတ်ပေးအပ် မည်ဖြစ်သည်။ ဘွဲ့လက်မှတ်ကို ကိုယ်တိုင်သော်လည်းကောင်း၊ အဝေးရောက် စာတိုက်မှတဆင့်သော်လည်းကောင်း ထုတ်ယူနိုင်ပါသည်။


သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ Program များပြီး၏။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၁၉-၉-၂၀၁၀

15 September 2010

ဆီးနှင့်ကျောက်ကပ် ရောဂါ

ဤ ကျန်းမာရေး ပညာပေး ပို့စ်ကို မပန်းစပယ်က ဒေါက်တာအောင်မော်ရဲ့ ကျန်းမာစေကြောင်း နည်းလမ်းကောင်းများစာအုပ် ကို စာဖတ်ပရိသတ်အတွက် ဗဟုသုတ ရစေရန် မိတ်ဆက်ပေးထားပါသည်။ အကျိုးများသည့် ပို့စ်ဖြစ်ပါသည်။

ဆီးနှင့်ကျောက်ကပ် ရောဂါ
ဆီးနှင့်ကျောက်ကပ် ရောဂါ ကင်းဝေးလိုလျှင် ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွင်း ခါးကျောရိုး၏ တစ်ဘက်တစ်ချက်တွင် ရှိသော ကျောက်ကပါတစ်စုံသည် သွေးထဲရှိ ဓာတ်ပစ္စည်းများစွာအနက် လိုအပ်သည်များကို စစ်ယူ သိမ်းဆည်းခြင်းနှင့် မလိုအပ်သည်များကို ဆီးနှင့်အတူ ဖယ်ထုတ်ပစ်ခြင်းတို့ကို တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည့် အင်္ဂါတစ်စုံ ဖြစ်ပါသည်၊ ကျောက်ကပ်တစ်ခုသည် ၅အောင်စခန့်သာ လေးသော်လည်း ၎င်းအတွင်း၌ သွေးများကို သန့်စင် စစ်ထုတ်ပေးသည့် စစ်ထုတ်ပြွန် ကလေးပေါင်း တစ်သန်းကျော် ပါရှိလေသည်။
ကျောက်ကပ် တစ်စုံသည် တစ်နာရီလျှင် ကိုယ်ခန္ဓာရှိ သွေးစုစုပေါင်း၏ နှစ်ဆခန့်(ဂလူးကိုစ့် ပုလင်း ၁၀ပုလင်းခန့်) ကို စစ်ထုတ်သန့်စင်ပေးလျက် ရှိပါသည်၊ ထိုသို့၂၄နာရီပတ်လုံး သွေးများကို စစ်ထုတ် သန့်စင်ပေးပြီး ထွက်ပေါ်လာသည့် ခန္ဓာကိုယ်အတွက် မလိုအပ်သည့် ဓာတ်ပစ္စည်းများကို ဆီးနှင့်အတူ ဆီးအိမ်မှ တဆင့် ပြင်ပသို့ စွန့်ထုတ်ပစ်စေပါသည်။
ခန္ဓာကိုယ်အတွက် လိုအပ်သည့် သကြားဓာတ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်နှင့် မဂ္ဂနီဆီယမ်တို့ကိုမူ ပြန်လည်စစ်ယူပြီး သွေးထဲသို့ ပြန်ပို့ပေးပါသည်၊ ယူရီးယား၊ ယူရစ်အက်စစ်၊ ဆာလဖိတ်နှင့်ဖော့စဖိတ် ဓာတ်များကိုမူ ခန္ဓာကိုယ်အတွက် လိုအပ်သည်ထက် ပိုနေပါက ပိုသည့် ပမာဏကို ဆီးနှင့်အတူ ပြင်ပသို့ စွန့်ထုတ်ပစ်ပါသည်၊ ထို့ပြင် ကိုယ်ခန္ဓာအတွင်း ရှိနေသည့် ရေပမာဏကိုလည်း ကျောက်ကပ်ကပင် လိုအပ်သည့် ပမာဏ အတိုင်းရှိရန် ထိန်းသိမ်းပေးပါသည်၊ အကယ်၍ ရေဓာတ်များ ခန္ဓာကိုယ်အတွင်း လိုသည်ထက်များလာပါက ဆီးများများ ဖြစ်ပေါ်စေပြီး စွန့်ထုတ်ပစ်လိုက်ပါသည်၊ ရေဓာတ်များ ခန္ဓာကိုယ်အတွက် လိုအပ်နေပါမူ ဆီးဖြစ်ပေါ်မှုကို နည်းပါးစေကာ ခန္ဓာကိုယ်အတွင်း လိုအပ်သည့် ပမာဏသို့ ရောက်ရှိစေရန် ထိန်းညှိပေးပါသသည်။ ထိုကဲ့သသော လုပ်ငန်းများကို လုပ်ဆောင်ပေးသည့် ကျောက်ကပ်သည် လုပ်ငန်းများပြည့်ဝစွာ ဆောင်ရွက်နိုင်ရန် အတွက် သွေးများကို ၎င်းထံ ထိထိရောက်ရောက် ပို့ဆောင်ပေးနိုင်မည့် သွေးဖိအားမျိုး ကိုယ်တွင်း၌ ရှိနေရန် လိုအပ်ပါသည်၊ အကယ်၍ သွေးထွက် လွန်ခြင်းကြောင့်သော်၎င်း၊ ရှော့ဖြစ်ခြင်းကြောင့်သော်၎င်း၊ သွေးပေါင်ချိန် အရမ်းကျ ဆင်းသွားပါက ကျောက်ကပ်သည် မိမိ၏ လုပ်ငန်းများကို ပြည့်ဝစွာ ပြုလုပ်ပေးရန် ခက်ခဲလာပြီး ခန္ဓာကိုယ်အတွင်း ဓာတ်ပစ္စည်းများ စုပုံလာ၍ အန္တရာယ် ရှိနိုင်ပါသည်။

တဖန်သွေးပေါင်ချိန် အရမ်းများပြားနေပါကလည်း ကျောက်ကပ်အား တဖြည်းဖြည်း ထိခိုက် ပျက်စီးစေပါသည်၊၎င်းကို သွေးတိုးရောဂါရှိသူများ၌ အမားဆုံးတွေ့ရှိရပြီး အချိန်ကြာလာသည်နှင့်အမျှ သွေးတိုးကြောင့် ကျောက်ကပ်၏ စစ်ထုတ်ပြွန်များ ကျုံ့ပြီး ထိခိုက်ပျက်စီးသွားကာ အမာရွတ်များ ဖြစ်ပေါ်စေပါသည်၊ ထိုအခါ ကျောက်ကပ်သည် တဖြည်းဖြည်း အရွယ်သေးငယ်
လာပြီး နောက်ဆုံးမိမိ၏ လုပ်ငန်းတာဝန်များကို ပြည့်ဝစွာ ထမ်းဆောင်နိုင်ခြင်း မရှိတော့သော အခြေအနေသို့ ရောက်ရှိလာတတ်ပါသည်၊ ထိုကဲ့သို့ ဖြစ်ခြင်းကို Renal Failure ဟုခေါ်ဆိုပြီး ထိုအခြေအနေမျိုး ရောက်ရှိသွားပါက သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိပါသည်။ အမှန်စင်စစ် ကျောက်ကပ်သည် သူ့၌ ရှိသော စစ်ထုတ်ပြွန်များ အားလုံး၏၉၀% ပျက်စီးသွားသည့်တိုင် ကျန်၁၀%သော စစ်ထုတ်ပြွန်များဖြင့် ၎င်း၏ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်၊ ကျောက်ကပ် တစ်စုံ ရှိသာည့်အနက် တစ်ခုကို အကြောင်း အမျိုးမျီူးကြောင့် ခွဲထုတ်ပစ် လိုက်သည့်တိုင်အောင် ကျန်ကျောက်ကပ် တစ်ခုဖြင့် ဆက်လက် အသက်ရှင် နေထိုင်နိုင်ပါသည်။

ဆီးနှင့်ကျောက်ကပ်၌ မည်သည့်ရောဂါများ ဖြစ်ပွားတတ်ပါသနည်း။ ဆီးနှင့်ကျောက်ကပ် ရောဂါများအနက် ကျောက်တည်ခြင်းနှင့် ရောဂါပိုးမွှားများကြောင့် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းရောင်ခြင်းတို့သည် အဖြစ်အများဆုံး ဖြစ်ပါသည်၊

(၁) ကျောက်တည်ခြင်း(Renal Stone)
အပူပိုင်းဒေသများ၌ ပူပြင်းပြီး စိုထိုင်းမှု များတတ်သည့်အလျောက် ချွေးထွက်များလေ့ရှိပါသည်၊ ထိုအခါ ခန္ဓာကိုယ်မှ ရေဓာတ် ဆုံးရှုံးမှုများသဖြင့် ဆီးဖြစ်ပေါ်မှု နည်းပါးတတ်ပါသည်၊ အကယ်၍ ရေကို လုံလောက်အောင် များများ မသောက်ပေးပါက ဆီးပမာဏနှင့် ၎င်းထဲပါသော ဓာတ်ပစ္စည်းများ မမျှမတ ဖြစ်လာတော့သည်၊ ထိုအခါ ဆီးထဲ၌ မပျော်ဝင်နိုင်တော့သော ကယ်လဆီယမ်အောက်ဇဲလိပ်နှင့်ယူရစ်အက်စစ်အမှုန်များ အနယ်ကျလာပြီး နောက်ဆုံး ကျောက်တည်ခြင်း ဖြစ်ပေါ်လာတော့သည်၊ ထို့ပြင် ဆီးလမ်းကြောင်း ရောင်ခြင်းကြောင့်လည်း ကျောက်တည်ခြင်း ဖြစ်ပေါ်လာနိုင်ပါသည်၊ အဖြစ်များသော ကျောက်တည်ခြင်းများမှာ အောက်ခံ လိပ်ကျောက်(Oxalate)၊ ကယ်လဆီယမ်ကျောက်(Calcium)၊နှင့် ယူရစ်အက်စစ်ကျောက် (Uric acid) တို့ဖြစ်ကြပါသည်။

(၂) ကျေက်ကပ်ပြည်တည်ရောင် ရောဂါ(Pyelonephritis)
ဤရောဂါသည် B.Coli ခေါ် ရောဂါပိုး ကျောက်ကပ်ထဲသို့ ၀င်ရောက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါဖြစ်ပါသည်။ ဤရောဂါပိုးများသည် ပုံမှန်အားဖြင့် ကျွန်ုပ်တို့၏ အူအတွင်း၌ သန်းပေါင်းများစွာ ရှိနေပြီး မည်သည့် အန္ထရာယ်မှပေးခြင်း မရှိပေ၊ သို့သော်အကြောင်း တစ်ခုခုကြောင့် ကျောက်ကပ်သို့ ရောက်ရှိသွားပါမူ ကျောက်ကပ်ရောင်ခြင်းကို ဖြစ်ပေါ်စေပါသည်။ အများအားဖြင့် ၀မ်းနုတ်ဆေး မကြာခဏ စားခြင်း မကြာမကြာ ၀မ်းချူခြင်း တို့ကြောင့် ပိုးများကျောက်ကပ်သို့
ရောက်ရှိသွားတတ်ပါသည်။

ဤရောဂါ ဖြစ်ပေါ်လာပါက အပြင်းဖျားခြင်း၊ ခါးတစ်ဖက်တစ်ချက်တွင် အောင့်ခြင်းတို့မှအပ အခြား သိသာ ထင်ရှားသော လက္ခဏာများ မပြတတ်ပေ၊ ခါးတစ်ဖက်တချက်ရှိ ကျောက်ကပ်ရှိသောနေရာကို လက်ဖြင့်ထုပြီး စမ်းသပ်ကြည့်ပါက ရောင်နေသော ကျောက်ကပ်ရှိ သည့်ဘက်၌ အထဲမှ နေ၍ အောင့်ပြီး နာလာလေ့ရှိပါသည်၊ ဆီးစစ် ကြည့်ပါက ပြည်ဆဲလ်များ(Pus cells) တွေ့ရှိရပါသည်၊ ဆီးကိုပိုးမွေးကြည့်ခြင်း(Urine Culture) လုပ်ကြည့် ခြင်းဖြင့် ရောဂါဖြစ်ပွားစေသော ပိုးမွှာများကို အတိအကျ သိရှိနိုင်ပြီး ၎င်းအား ထိရောက်စွာ ကုသနိုင်မည့် ပဋိဇီဝဆေးများကိုလည်း သိရှိနိုင်ပါသည်၊ ဤရောဂါသည် တစ်ခါတစ်ရံတွင် ကာလကြာရှည်စွာ မပျောက်ဘဲ ရှိတတ်သဖြင့် ၃လ မှ ၆လ ခန့်အထိ သေသေချာချာ ဆေးကုသမှု ခံယူရန် လိုပါသည်၊ ဤ ရောဂါ ညဖစ်ပွားပါက ရေများစွာ သောက်ပေးရန်လည်း အထူးအရေးကြီးပါသည်။

(၃) ရုတ်တရက် ကျောက်ကပ်ေ၇ာင်ရောဂါ(Acut Glomerulo nephritis)
ဤရောဂါတွင် အမျိုးအစား (၂)မျိုး ရှိပါသည်၊ ပထမ အမျိုးအစား ကျောက်ကပ်ရောင် ရောဂါသည် အသက်ရှုလမ်းကြောင်း၌ Streptococcus haemolyticus ပိုးမွှား ၀င်ရောက်ခြင်း (ဥပမာ-အာသီးေ၇ာင်ခြင်း) ဖြစ်ပေါ်ပြီးနောက် ၂ပတ် ၃ပတ် အကြာ၌ ဖြစ်ပေါ်လာတတ်ပါသည်၊ ဤ ရောဂါ ဖြစ်ပွား ရခြင်းမှာ ထို Streptococcus ပိုးမွှားများ ကျောက်ကပ်သို့ ရောက်ရှိ ၀င်ေ၇ာက်ခြင်းကြောင့် မဟုတ်ဘဲ၊ ကျောက်ကပ်၏ စစ်ထုတ်ပြွန်ထိပ်ရှိ Glomerulus အတွင်း ထိုပိုးမွှားများမှ ထုတ်သော အဆိပ်ဓာတ် (toxin)များကြောင့် Allergic Reactionခေါ် ဓာတ်မတည့်မှု ဖြစ်ပွားသောကြောင့်ပင် ဖြစ်ပါသည်၊ ဤရောဂါဖြစ်ပွားလာပါက မျက်နှာဖေါရောင်ခြင်း၊ ငွေ့ငွေ့ဖျားခြင်း။ ခါးတစ်ဖက်တစ်ချက်တွင် အောင့်နေခြင်း၊ ဆီး၌ အမှုန်များပါလာ၍ နောက်နေခြင်းတို့ကို တွေ့ရှိရပါသည်၊ ဆီး စစ်ကြည့်ပါက သွေးနီဥများ တွေ့ရှိရသော်လည်း မည်သည့် ပိုးမွှားမှ ပါရှိခြင်း မရှိပါ။

ဤရောဂါသည် ဖြစ်ပွားသူ ၈၅%ခန့်၌ လုံးဝ ပျောက်ကင်းသါားလေ့ရှိပြီး ၁၀- ၁၅%ခန့်မှာ နာတာရှည် ကျောက်ကပ်ရောင် ရောဂါဖြစ်ပွား သွားပါသည်၊ ဤရောဂါကြောင့် သွေးတိုးရောဂါ အပြင်းစား(Malignant Hypertension)နှင့် ကျောက်ကပ် ပျက်စီး ယိုယွင်းသွားခြင်း(Renal Failure) တို့ ဖြစ်ပေါ်တတ်သဖြင့် အထူး ဂရုစိုက် ကုသရမည့် ရောဂါဖြစ်ပါသည်၊ ဒုတိယအမျိုးအစား ကျောက်ကပ်ရောင်ရောဂါကို (Nephrotic Syndrome) ဟုခေါ်သည်၊ ဤရောဂါ ဖြစ်ပွားရဖြင်း အကြောင်းရင်းကို တိကျစွာ မသိရှိရသေးပေ၊ ဤရောဂါ ဖြစ်ပွားလာပါက ခန္ဓာကိုယ်တစ်ခုလုံး ဖေါရောင်ခြင်း၊ ဆီးထဲ၌ ALbumin ခေါ် ပရိုတင်းဓာတ်တစ်မျိုး အများအပြား ပါဝင်လာခြင်းတို့ကို တွေ့ရှိရပါသည်၊ ဤရောဂါသည် နာတာရှည်ဖြတ်တတ်ပြီး နောက်ဆုံး သွေးတိုးရောဂါနှင့်ကျောက်ကပ် ပျက်စီးသွားခြင်းတို့ကိုလည်း ဖြစ်ပွားစေပါသည်။

(၄) ကျောက်ကပ်နှင့်ဆီးရောဂါများအနက် အမျိုးသမီးများ၌ အဖြစ်များပါသည့် ရောဂါတမျိုး ကျောက်ကပ်နှင့်ဆီးရောဂါများအနက် အဖြစ်များသောရောဂါမှာ ဆီးလမ်းကြောင်း ရောင်ခြင်း(Urinary Infection) ဖြစ်ပါသည်၊ ၎င်းရောဂါသည် အမျိုးသမီးများ၌ အဖြစ်များပါသည်။ ကျောက်ကပ်နှင့် ဆီးရောဂါ ကင်းဝေးရအောငါ မည်ကဲ့သို့ စားသောက်နေထိုင် ရမည်နည်း။ ကျွန်ုပ်တို့၏ ခါးဘေး တစ်ဖက်တစ်ချက်တွင် တိတ်ဆိတ်စွာဖြင့် သွေးသန့်စင်ရှင်းလင်းပေးနေသော ကျောက်ကပ်တစ်စုံသည် ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း အသီးသီး၏ လုပ်ငန်းများ ကောင်းမွန်စွာ လုပ်ကိုင်ရန် လိုအပ်သည့် "ရေနှင့် ဓာတ်ပစ္စည်းများ ကိုယ်ခန္ဓာအတွင်း မျှတစွာရှိနေစေရေး" အတွက် များစွာ အေ၇းကြီးလှပေသည်၊ သို့သော်လည်း ကျွန်ုပ်တို့သည် နှလုံး၊
အသည်းနှင့် အစာအိမ်တို့ လောက် ကျောက်ကပ်ကို ဂရုမစိုက်မိပဲ ရှိတတ်ကြသည်၊ရောဂါဖြစ်မှ ကုသရသည်ထက် ဆီးနှင့်ကျောက်ကပ် ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်သည့် အနေဖြင့် အောက်ပါ ဆောင်ရန် ရှောင်ရန် အချက်များကို လိုက်နာ နေထိုင်သင့်ပါသည်။

ဆောင်ရန် ရှောင်ရန်များ

ဆောင်ရန်နှင့် ရှောင်ရန်များမှာ ရေများများသောက်ပေးခြင်း၊ ဆီးအောင့်ထားခြင်းမှ ရှောင်ကျဉ်ခြင်း၊ ဆီးကို မှန်မှန် စစ်ဆေးပေးပါ၊ အာသီးရောင်၊ လည်ပင်းနာလျှင် ဆေးသေချာကုပါ။ အရက် အလွန်အကျွံ မသောက်ပါနှင့်။ အပူ အစပ် အလွန်အမင်း မစားပါနှင့်။ သွေးတိုးရောဂါ ရှိပါက သေချာ ဂရုစိုက် ကုသပါ။

(၁) ရေများများသောက် ပေးပါ။
အပူပိုင်း ဒေသများတွင် ချွေးများစွာ ထွက်တတ်သဖြင့် ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်များ များစွာကုန်ဆုံးလေ့ရှိပါသည်၊ ထိုသို့သော အခြေအနေတွင် ရေသောက်နည်းသဖြင့် ခန္ဓာကိုယ် အတွင်း ရေဓာတ် လုံလောက်စွာ မရရှိပါက ဖြစ်ပေါ်လာသော ဆီးသည် သိပ်သည်းမှု များလေ့ရှိပါသည်၊ ထိုအခါ ကယ်လဆီယမ်။ အောက်ဇလိပ်နှင့် ယူရစ်အက်ဆစ် အနယ်များကျလာပြီး နောက်ဆုံး ကျောက်တည်ခြင်း ဖြစ်တတ်ပါသည်၊ ကျောက်မတည်အောင် ကာကွယ်လိုလျှင် ရေများများ သောက်ပေးရန်လိုပါသည်။ ထို့ပြင် ဆီးလမ်းကြောင်းနှင့်ကျာက်ကပ် ရောဂါများသည်လည်း ရေများများသောက်ပါက ဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ရှိရပါသည်၊ ထို့ကြောင့် ကျောက်ကပ်နှင့် ဆီးရောဂါ ကာကွယ်လိုလျှင် တစ်နေ့ကိုလျှင် ရေ ၁၀ခွက်မှ ၁၂ခွက်ထိ သောက်ပေးရန်လိုပါသည်။

(၂) ဆီးအောင့်မထားပါနှင့်။
ဆီးသွားနေချင်နေသော်လည်း အခွင့်မသာ၍ လည်ကောင်း၊ မအားလပ်၍လည်ကောင်း၊ ဆီးအောင့်ထားခြင်းသည် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းအတွက် အန္ထ္တရာယ် ရှိပါသည်၊ ဆီးများ ဆီးအိမ်အတွင်း၌ ကြာရှည်စွာ ရှိနေခြင်းသည် ရောဂါပိုးများ ပွားများရန်ပို၍ အခွင့် အလမ်း ရှိစေပါသည်။ အထူးသဖြင့် ဆီးနှင့်ကျောက်ကပ်ရောဂါများ ပိုမို ဖြစ်ပွားလေ့ ရှိကြောင်း တွေရှိရပါသည်၊ ဆီးသွားချင်တိုင်း မကြာမကြာသွားပေးခြင်းသည် ကျောက်ကပ်ရောဂါများ မဖြစ်ပွားရအောင် ကာကွယ်ရာရောက်သဖြင့် ဆီးအောင့် မထားရန် အထူးလိုအပ်ပါသည်။

(၃)ဆီးကို မှန်မှန် စစ်ဆေးပေးပါ၊
ဆီးစစ်ပေးခြင်း(Urine Examination)လောက် အလွယ်ကူဆုံး၊ အသက်သာဆုံးနှင့် ရောဂါ အတော်များများ ရှိမရှိ ထင်ရှားစွာ သိစေနိုင်သည့် အခြားသော ရောဂါ ရှာဖွေ စမ်းသပ်နည်း မရှိသေးပါ၊ သို့သော်လည်း လူနာနှင့် ဆရာဝန် နှစ်ဦးစလုံး ဆီးစစ်ဆေးခြင်းကို ဂရုမပြုမိတတ်ကြပေ။ ထို့ကြောင့် ဆီးနှင့် ကျောက်ကပ်ရောဂါ ရှိမရှိကို သိရှိနိုင်ရန် အနည်းဆုံး ၃လ တစ်ခါခန့် စစ်ဆေး ကြည့်သင့်ပါသည်။

(၄) အာသီးရောင်၊ လည်ပင်းနာလျှင် ဆေးသေချာကုပါ။
အာသီးရောင် လည်ပင်းနာခြင်း(Tonsilitis) နှင့် အခြားသော အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားပါက ဆေးဝါးသေချာစွာ ကုသရန် လိုပါသည်၊ အဘယ်ကြောင့် ဆိုသော် အထက်ပါရောဂါများ ဖြစ်စေသည့် STreptococcus hamolyticus ကြောင့် ကျောက်ကပ်ရောဂါ (Acute Glomerulonephritis Type) ဖြစ်ပေါ်စေနိုင် သောကြောင့် ဖြစ်ပါသည်။

(၅) အရက် အလွန်အကျွံ မသောက်ပါနှင့်။ အရက် အလွန်အကျွံ သောက်ခြင်းသည် ကျောက်ကပ်နှင့် ဆီးအိမ်အား ထိခိုက်စေသဖြင့် ရှောင်ရှားသင့်ပါသည်။

(၆) အပူ အစပ် အလွန်အမင်း မစားပါနှင့်။
အချို့သောသူများ၌ ငြုလ်သီး၊ ငြုလ်ကောင်း ကဲ့သို့သော အပူအစပ်များ အလွန်အမင်းစားပါက ကျောက်ကပ်ရောင်ခြင်းများ ဖြစ်ပွားတတ်သဖြင့် အလွန်အမင်း မစားသင့်ပါ။

(၇) သွေးတိုးရောဂါ ရှိပါက သေချာ ဂရုစိုက် ကုသပါ။
ကျောက်ကပ်အား အဓိက ထိခိုက်ပျက်စီးစေသည့် အကြောင်းရင်းမှာ သွေးတိုးရောဂါပင် ဖြစ်ပါသည်၊ ထို့ကြောင့် သွေးတိုးရောဂါ ရှိပါက သချောစွာ ဂရုစိုက် ကုသပါ၊သွေးတိုးရောဂါရှိခြင်း ကြာလာလေ ကျောက်ကပ်အား ထိခိုက်လေ ဖြစ်သဖြင့် သွေးတိုးရောဂါ ရှိပါက သေချာစွာဂရုစိုက် ကုသသင့်ပါသည်။

ဤဆေးပညာနှင့် ရောဂါအကြောင်းအရာများကို ဒေါက်တာအောင်မော်ရဲ့ ကျန်းမာစေကြောင်း နည်းလမ်းကောင်းများ စာအုပ်မှ ကူးယူရိုက်ပေးပြီး ပို့ပေးခြင်းဖြင့် ကာယဒါန ပြုပေးသော မပန်းစပယ် (လှဆန်းယဉ်) အား အထူကျေးဇူးတင်ပါသည်။

အရောဂျံ ပရမံ လာဘံ- အကောင်းဆုံးလာဘ်ကြီး ရရှိနိုင်ကြပါစေ။

သီတဂူစတား
၁၅-၉-၂၀၁၀

13 September 2010

M.A. (အမ်အေ)တန်း Program

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အမ်အေတန်း M.A Program ဖြစ်ပါသည်။ http://www.sitagucenter.org/မှာ ပါရှိပြီး ဖြစ်ပါသည်။

မာတိကာ

၁။ ရည်ရွယ်ချက်
၂။ M.A. ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း၊
၃။ ၀င်ခွင့်ရယူခြင်း၊
၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊
၅။ M.A. ဘွဲ့ရရှိခြင်း၊
၆။ ဘွဲ့အပ်နှင်းခြင်း၊

၁။ ရည်ရွယ်ချက်

Sitagu International Buddhist Academy သည် ဗုဒ္ဓတရားတော်ကို ထေရ၀ါဒနည်းကျကျဖြန့်ချီရန် ရည်ရွယ်သည့်အားလျော်စွာ M.A. Program ကိုလည်း ထိုရည်ရွယ်ချက်အတိုင်း ရေးဆွဲ အကောင်အထည်ဖော်သည်။

၂။ ၀င်ခွင့်ရရန်အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း၊
(က) S.I.B.A. မှ B.A. ဘွဲ့ရရှိခြင်း။
(သို့မဟုတ်)
(ခ) ပြည်တွင်းပြည်ပရှိ တက္ကသိုလ်ကြီးတစ်ခုခုမှ B.A.ဘွဲ့ကို Philosophical, Historical, Psychological, Cultural, Social, Archaeological နှင် Linguistic အစရှိသော အဓိကဘာသာရပ်များဖြင့် အမှတ် (၅၅%) ထက်မနည်း ရရှိအောင်မြင်ပြီး ဗုဒ္ဓကျမ်းစာ (၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာ)နှင့် သက်ဆိုင်သော English-ဘာသာဖြင့်ရေးသားသော စာမျက်နှာ (၂၅)ထက် မနည်းသော ကျမ်းစာတစ်ခုကို ရေးသား၍ တက္ကသိုလ်သို့တင်ပြပြီးရေးသားသော ကျမ်းစာနှင့်ပတ်သက်၍ လူတွေ့စစ်ဆေးခြင်းကို ခံယူကာ M.A. သင်တန်းသို့တက်ရောက်ရန် အရည်အချင်း ပြည့်မီသူသည် သတ်မှတ်ရွေးချယ်ခံရခြင်း။
(သို့မဟုတ်)
(ဂ) ပြည်တွင်းပြည်ပရှိ တက္ကသိုလ်ကြီးတစ်ခုခုမှ အထက်ဖော်ပြပါ အဓိကဘာသာရပ်များမှ အခြား (ဗုဒ္ဓဘာသာနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပတ်သက်ခြင်းမရှိသော ဘာသာရပ်များဖြင့်) B.A. ဘွဲ့ (သို့) B.Sc. ဘွဲ့ကိုရရှိ ပြီး S.I.B.A. မှ ကျင်းပသော ဗုဒ္ဓကျမ်းစာ (၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာ)ဆိုင်ရာ ၀င်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းကို ခံယူကာ M.A. သင်တန်းသို့ တက်ရောက်ရန် အရည် အချင်းပြည့်မီသည်ဟု သတ်မှတ်ရွေးချယ်ခံရခြင်း။

၃။ ၀င်ခွင့်ရယူခြင်း
အထက်ပါပညာအရည်အချင်းနှင့်ပြည့်စုံသော ကျောင်းသား/ကျောင်းသူတို့သည် Registration ရုံးသို့ ကိုယ်တိုင် သွားရောက်၍ အောက်ပါအချက်အလက်များကို ကိုယ်နှင့်တပါတည်း ယူဆောင်လျှက် ပုံစံဖြည့်သွင်းကြရမည်။
(က) B.A., B.Sc. ဘွဲ့လက်မှတ်မူရင်းနှင့် အမှတ်စာရင်း၊
(ခ) သုတေသန (သို့) သင်ကြားပို့ချမှု အတွေ့အကြုံရှိခဲ့လျှင် ၄င်းထောက်ခံစာ၊
(ဂ) Passport Size-ဓာတ်ပုံ (၄)ပုံ၊
(ဃ) သာသနာဝင် (သို့) သာသနာ့နွယ်ဝင် (သို့) နိုင်ငံသားမှတ်ပုံတင် (သို့) Valid Passport and Visa မူရင်း၊

၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊
M.A. သင်တန်းကာလကို ၂-နှစ်သတ်မှတ်ထားသည်။ တစ်နှစ်လျှင် စာသင်ချိန်(၉)လ သတ်မှတ်ထားသည်။ ဤ S.I.B.A. ၌ Supplementary or Re-exam လုံးဝမရှိပါ။ M.A. တန်းအတွက် ပြဌာန်းထားသော Subjects တို့ကို Courses of Study စာအုပ်၌ လွယ်လင့်တကူ ရှာဖွေဖတ်ရှု နိုင်ပါသည်။

၅။ M.A. ဘွဲ့ရရှိခြင်း၊

M.A. Part-I နှင့် Part-II စာမေးပွဲ တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး M.A. ဘွဲ့ကို အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူ ကျောင်းသား/ကျောင်းသူများအား အပ်နှင်းမည်ဖြစ်သည်။
(က) Part-I နှင့် Part-II နှစ်ခုစလုံး၌ ကျောင်းတက်ချိန် ၇၅% အနည်းဆုံးရှိရမည်။
(ခ) Part-I နှင့် Part-II စာမေးပွဲများ၌ ရမှတ်အနည်းဆုံး ၄၅% စီရှိရမည်။
(ဂ) M.A. သင်တန်းမှ ဘာသာရပ်များအတွက် Seminar (သို့) Presentation (သို့) Internal Exam တနှစ်လျှင်သုံးကြိမ်၊ တစ်ကြိမ်လျှင် စုစုပေါင်း အမှတ်(၂၀)စီပေး၍ ကျင်းပပြီး ထိုမှရသော ပျမ်းမျှအမှတ်နှင့် အတန်းတင်စာမေးပွဲကို စုစုပေါင်း အမှတ်(၈၀)ပေး၍ ကျင်းပပြီး ထိုမှရသောရမှတ်ကို ပေါင်းယူကာ စုစုပေါင်းရမှတ် အနည်းဆုံး ၄၅% ကို အောင်မှတ်အဖြစ် သတ်မှတ်သည်။

၆။ ဘွဲ့အပ်နှင်းခြင်း၊
အမှတ်(၅)တွင် ပါဝင်သော အရည်အချင်းများနှင့်ပြည့်စုံသော ကျောင်းသား/ကျောင်းသူများကို M.A. ယာယီအောင်လက်မှတ်နှင့် အမှတ်စာရင်း ထုတ်ပေးထားပြီး တက္ကသိုလ်ကကျင်းပသော ဘွဲ့နှင်း သဘင်၌ ဘွဲ့လက်မှတ်များကို အပ်နှင်းမည်ဖြစ်သည်။ ဘွဲ့လက်မှတ်ကို လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ တဆင့်သော်လည်းကောင်း ထုတ်ယူနိုင်ပါသည်။

Post Graduate Courses (M.A)

The SIBA Master of Arts Degree programme runs a combined course of teaching and research. The course is two years programme, after which the candidate is required to submit a thesis within one year. The programme offers nine major subjects. The area chosen by a candidate must be related with Theravada Buddhism.

Major Subject
(a) Vinaya Pali and Commentary
(b) Suttanta Pali and Commentary
(c) Abhidhamma Pali and Commentary
(d) Visddhimagga of Patisambhidamagga Pali and Commentary
(e) Pali grammar
(f) History of Buddhism (East and West)
(g) Myanmar Arts, Culture and Civilization
(h) Buddhist inscriptions
(i) Buddhist Philosophy and Psychology

Minor Subjects

(a) Research Methodology
(b) A Manual of Research
(c) Thesis and assignment writing

1.Vinaya
An Analytical Study of the Theravada Vinaya Pitaka in the light of modern legal philosophy (pali Commentary Sub-commentary)
This course generally introduces students to the Vinaya canonical and its commentarial texts, focusing particularly on the Parajika, Pacittiya, Mahavagga, Parivara Pali and Commentaries.
This course also looks at some developments of Theravara Vinaya Literature by studying three important extra canonical texts i.e. The Khuddha Sikkha, the Mula Sikkha and the Vinaya Vinicchaya.

2. Suttanta - An analytical study of the Suttanta Pitaka
This course analytically studies the prescribed suttas selected from the entire Suttanta Pitaka with a critical approach.

3. Abhidhamma - An analytical study of the Abhidhamma Pitaka,
This course provides the students with a deeper understanding of Abhidhamma Pitaka, It includes the study of Dhammasangani, Vibhanga, Puggala- pannatti, Kathavatthu Pali and their commentaries.

4. Visuddhimagga - An analytical study of Visuddhimagga,
This course is to study and to practice the Samatha and Vipassana meditation, It covers three sections; Silanidesa, Samadhiniddesa and Pannaniddesa. This course is also to be studied the selective part of Patisambhidamagga and its commentary.

5. Pili Grammar - This course covers Kiccayanasara and Rupasiddhi.

6. History of Buddhism (East and West)
This course deals with the emergence and expression of Buddhism in India and various countries and the emergence of various schools and their different interpretations.

7. Myanmar Art, Culture and Civilization

This course concerns with a systematic understanding and practice of the Value system and the normative foundation of the Buddhist arts, culture and civilization and their manifestations among the people.

8. Buddhist inscriptions

This course aimed to study and understand the inscriptions that are related to Buddhism, The inscriptions such as,
(a) Kalyani inscription
(b) Pagan inscription
(c) Asokan Edicts
(d) Inscriptions in Sri Lanka and
(e) Inscriptions in Thailand are to be studied and understood.

9. Buddhist Philosophy and Psychology
In this courses, students are expected to have a good understanding of the fundamental Philosophy of Buddhism and their application, such as the Four Noble Truths, non-soul theory, criterion of good and bad and causality; philosophy related to liberation and the differences among the major present Buddhist schools on liberation and ways to attain it.

10. Research Methodology (Minor Subject)
This course helps students to understand the procedure and method in carrying out research for writhing a thesis or dissertation.
The course includes: the meaning of research, research and day to day life, (way of progress) study of research methods, research methodology and its stages, detailed study of some significant stages finding the problems, collecting data, forming hypothesis, deducing generalization and theories.

Ph.D Degree on Buddhism (သုတေသန) တန်းတို့၏ Program များကို ဖော်ပြသွားပါမည်။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၂-၉-၂၀၁၀

10 September 2010

မယား သို့မဟုတ် ဇနီး ( ၇ ) မျိုး

ဘယ်မယားမျိုးကို ရွေးချယ်ချင်လဲ၊ ဘယ်လို ဇနီးမျိုး ဖြစ်ချင်ပါသလဲ၊
တနေ့က ဒကာမတစ်ယောက်က သူ၏ လက်ရှိဘ၀ဖြတ်သန်းနေရတဲ့ ဘ၀နှင့် ပတ်သက်ပြီး ပြောပြပါသည်၊ သူ့ဘ၀ကို အားမလို အားမရ ဖြစ်နေသည်၊ တခါတရံ သံသယစိတ်တွေ များနေသည်။ ကိုကိုယ်တိုင်က ဇနီးမယား နေရာမှာ နေရပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု နဲနေသည်၊ တပည့်တော် ဘယ်လို နေပေးရမလဲ ဇနီးကောင်း တစ်ယောက် ဖြစ်အောင် ဘယ်လို နေပေးရမလဲဘုရား ဟူ၍ မေးလာသဖြင့် စာပေလာ ဇနီးကောင်း နှင့် ဇနီးဆိုးတို့ အကြောင်း တင်ပြလိုက်ပါသည်။
ဘယ်လို မယားမျိုးဖြင့် ဘ၀ကိုဖြတ်သန်းသွားမလဲ? သင်ကကော ဘယ်လို မယားမျိုးကို ရွေးမလဲ? ရွေးစရာနှင့် ဖြစ်ချင်စရာ မယားများကို ဗဟုသုတ အဖြစ် တင်ပြလိုက်ပါသည်။

မယား (၇)မျိုး ပေါ်ပေါက်လာပုံ
မြတ်ဗုဒ္ဓလက်ထက်တော်က မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်ကြီး၏ အလှူရှင် ကျောင်းဒကာ အနာထပိဏ်သူဌေး၏ အိမ် ဆွမ်းခံကြွစဉ် ထို ကျောင်းဒကာကြီးအိမ်မှာပဲ အော်ဟစ်ပြီး ရန်ဖြစ်နေကြသည်။ အငြင်းပွားနေကြသည်။ ကျောင်းဒကာကြီး အိမ်မှာ ဘာဖြစ်နေကြတာလဲ? အသံတွေ ကျယ်လိုက်တာ တံငါသည်တွေ ငါးလုနေသလို ဖြစ်နေတယ်။ မှန်ပါဘုရား သုဇာတာဆိုတဲ့ ချွေးမတစ်ယောက်ဘုရား ယောက္ခမကိုလည်း မရိုသေ၊ လင်ကိုလည်း မရိုသေ၊ ဘုရား တရား သံဃာကိုလဲ မရိုသေဖြစ်နေပါတယ်ဘုရား။ ဆိုဆုံးမလို့လည်း မရ ဖြစ်နေပါတယ်ဘုရား။ ကဲ--ဒါဆို သူ့ကို ခေါ်လိုက်ဆိုပြီး ဘုရားထံမှောက် ရောက်လာသော အနာထပိဏ်သူဌေး၏ ကြမ်းထမ်းသော ချွေးမကို ဘုရားရှင်က အောက်ပါ မယား (၇) မျိုးအကြောင်း ဟောကြားလိုက်လေသည်။

ထို မယား အကြောင်းအရာများကို နားလည်သွားသော သုဇာတာသည် ဒီကနေ့စပြီး ဒါသီသမာ ဘရိယာ (ကျွန်နှင့်တူသော) မယား ဖြစ်ပါတော့မယ်ဘုရားဟူ၍ ဘုရားထံ အာမခံသွားသည်။

မယား ( ၇ ) မျိုး

၁ ။ (၀ဓာ ဘရိယာ) ရန်သူနှင့်တူသောမယား

မိမိ လင်ယောကျာ်းအပေါ်၌ အထင်သေး၏၊ အခြား ယောက်ျားတို့အပေါ်၌ တပ်မက်၏၊ မိမိလင် အပေါ်၌ နားလည်မှုမရှိဘဲ အမြဲတစေ စကားကောင်း မပြောတတ်ဘဲ မြည်တွန်တောက်တီး၍ ရန်သူလိုရန်ပြုပြီး ဆဲရေး၏ ။ ဆောင့်အောင့်၏ ။ မိမိလင် အပေါ်၌ အကျိုးမဲ့ကိုပဲ လိုလား၏ ပြုလုပ်တတ်၏။ ထိုမိန်းမသည် ၀ဓာ ဘရိယာ- ရန်သူနှင့်တူသော မယားဖြစ်၏။

၂ ။ (စောရီ ဘရိယာ) သူခိုးနှင့်တူသောမယား

မိမိ လင်ယောကျာ်း မျက်ကွယ်၌ သူခိုးပမာ လင်ယောက်ျား ရှာဖွေစုဆောင်းထားသော အိမ်ရှိပစ္စည်းတို့ကို မိမိ လင်မသိအောင် ခိုးဝှက်ပြီး သုံးဖြုန်းပစ်တတ်၏။ ထိုမိန်းမမျိုးသည် စောရီ ဘရိယာ- သူခိုးနှင့်တူသော မယားမည်၏။

၃ ။ (အယျာ ဘရိယာ) အရှင်နှင့်တူသောမယား

မိမိ လင်သားအပေါ်အာဏာပြတတ်၏ ။ လင်ပြောဆိုသမျှ အကောင်းမထင်ဘဲ မလိုက်နာတတ်ချေ။ အနိုင်အထက်ပြုလုပ်တတ်၏။ ကြမ်းထမ်းသော နုတ်ရှိ၏၊ ကြမ်းကြမ်းထမ်းထမ်း မောက်မောက်မာမာ ပြောတတ်၏၊ အပျင်းကြီး၏၊ နေရာတကာ၌ အရှင်သခင်ကဲ့သို့ ပြုလုပ်တတ်၏။ ထိုမိန်းမသည် အယျာ ဘရိယာ- အရှင်သခင်နှင်တူသော မယားဖြစ်၏။

၎ ။ (မာတာ ဘရိယာ)အမေနှင့်တူသောမယား
အမေသည် သားသမီးတို့အပေါ်ဝယ် မေတ္တာ ၊ စေတနာ အပ်နှင်းသကဲ့သို့ မိမိ၏လင်သားအပေါ် အမေစိတ်မျိုးထားနိုင်သော မိန်းမမျိုးဖြစ်၏၊ ရှာဖွေစုဆောင်းထားသော ပစ္စည်းတွေကိုလည်း သိမ်းဆည်းတက်သော မိန်းမမျိုးသည် မာတာ ဘရိယာ- အမေနှင့်တူသော မယား ဖြစ်၏။

၅ ။ (ဘဂိနီ ဘရိယာ)နှမနှင့်တူသောမယား
နှမသည် အကို ၊ မောင်တို့အပေါ်၌ ချစ်ကြောက်ရိုသေမြတ်နိုးသည့်နည်းတူ မိမိလင်သား၏ စီမံမှုအပေါ် မဖီမဆန် ၊ မငြင်းဆန်ဘဲ ဆောင်ရွက်တတ်သော မိန်းမမျိုးဖြစ်သည်။ အရှက်တရားရှိပြီး လင်၏ အလိုဆန္ဒအတိုင်း လိုက်လျောသော မိန်းမသည် ဘဂိနီ ဘရိယာ- နှမနှင့်တူသော မယား မည်၏။

၆ ။ (သခီ ဘရိယာ) အဆွေခင်ပွန်းနှင့်တူသောမယား

မိတ်ဆွေကောင်းကဲ့သို့ မိမိ လင်သား၏ တိုင်ပင်နှီးနှောသည့် အကြံအစည်တို့ကို သင့် ၊ မသင့် ဝေဖန် ထောက်ပြနိုင်သော မယားကောင်းဖြစ်၏။ အမျိုးကို စောင့်ရှောက်၏၊ အကျင့်သီလ ရှိ၏၊ ထိုမိန်းမသည် သခီ ဘရိယာ- မိတ်ဆွေနှင့်တူသော မယားဖြစ်၏။

၇ ။ (ဒါသီ ဘရိယာ) ကျွန်နှင့်တူသောမယား

မိမိလင် သည် မိမိအပေါ် ခြိမ်းခြောက်သော်လည်း မိမိလင် အပေါ် အမျက်ဒေါသမထွက်၊ မပြစ်မှာဘဲ သည်းခံတတ်၏၊ လင်ယောက်ျား အလိုဆန္ဒအတိုင်း ဖြစ်စေ။ ကျွန်သည်သခင့်ကွယ်ရာတွင် စိတ်မချရသည့်နည်းတူ ပစ္စည်းဥစ္စာတို့၌ ကုန်ခန်းပျောက်ပျက်အောင် နှမြောခြင်းမရှိဘဲ သုံးဖြုန်းပစ်တတ်သော မယားဖြစ်သည် ။ ( တစ်နည်း ) ကျွန်ကောင်းတို့သည် အရှင်သခင်အား ရိုသေတုပ်ကွစွာ လုပ်ကျွေးသကဲ့သို့ လင်ကို ရိုသေစွာလုပ်ကျွေးသော မိန်းမမျိုးဖြစ်၏ ။

အကောင်းဆုံးမယားများ
ထို ( ၇ ) မျိုးသော မယားတို့တွင် နောက်ဆုံး (၄) မျိုးဖြစ်သော အမေနှင်တူသူ၊ မိတ်ဆွေနှင့်တူသူ၊ နှမနှင့်တူသူနှင့် ကျွန်နှင့်တူသူတို့သည် ပေါင်းသင်းထိုက်သူများဖြစ်သည်၊ သီလ၌ကြာမြင့်စွာ ဆောက်တည်သောကြောင့် ထို အမျိုးသမီးတို့သည် ဘ၀ဆက်တိုင်း ကောင်းသောဘ၀ မြင့်မြတ်သော ဘ၀ကို ပိုင်ဆိုင်ကြမည် ဖြစ်သည်။ ပြောင်းပြန်အားဖြင့် ရှေ့ (၄) ခုသော မယားတို့သည် သီလမရှိ ကြမ်းထမ်းသော သဘောရှိ၊ ရိုသေ လေးစားသော သဘောမရှိရကား နောက်ဘ၀ မကောင်းသော ဂတိ (သို့မဟုတ်) ငရဲအထိ ရောက်ရ၏။

ဒကာမရေ-သုဇာတာမည်သော အမျိုးသမီးကတော့ ဒါသီ သမာ ဘရိယာ- ကျွန်နှင့်တူသော မယားအဖြစ်ကို ခံယူသွားပါကြောင်းပါ။ ပြီးတော့ သိင်္ဂါလောဝါဒသုတ်လာ ဇနီးကျင့်ဝတ် ၅ မျိုးလည်းရှိပါသေးသည်။ နောက်တစ်ချိန် ဖော်ပြပေးပါဦးမည်။

ကျမ်းကိုး-- အဂုင်္တ္တရ နိကာယ် သတ္တကနိပါတ၊ ဘရိယာသုတ်ကို ဘာသာပြန်ဆိုသည်။

ဘ၀မှာ ပျော်ရွှင်နိုင်ကြပါစေ။
သီတဂူစတား
၁၀-၉-၂၀၁၀

08 September 2010

B.A. Program (ဘီအေတန်း)


မာတိကာ

၁။ ရည်ရွယ်ချက်၊
၂။ B.A. ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သောပညာအရည်အချင်း၊
၃။ ၀င်ခွင့်ရယူခြင်း၊
၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊
၅။ B.A. ဘွဲ့ရရှိခြင်း၊
၆။ ဘွဲ့အပ်နှင်းခြင်း၊

၁။ ရည်ရွယ်ချက်
Sitagu International Buddhist Academy သည် ဗုဒ္ဓတရားတော်ကို ထေရ၀ါဒနည်းကျကျဖြန့်ချိရန် ရည်ရွယ်သည့်အားလျော်စွာ B.A. Program ကိုလည်း ထိုရည်ရွယ်ချက်အတိုင်း ရေးဆွဲ အကောင်အထည်ဖော်သည်။

၂။ ၀င်ခွင့်ရရန်အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း

(က) အခြေခံပညာအထက်တန်းစာမေးပွဲအောင်မြင် ပြီး၊ S.I.B.A. မှကျင်းပသော English နှင့် ဗုဒ္ဓဓမ္မ Diploma (Advanced) တန်းများကို အောင်မြင်ခြင်း၊
(သို့မဟုတ်)
(ခ) ပထမကြီးတန်းအောင်မြင်ပြီး၊ S.I.B.A. က ကျင်း ပသော English နှင့် ဗုဒ္ဓဓမ္မ Diploma (Advanced) တန်းများကို အောင်မြင်ခြင်း၊
(သို့မဟုတ်)
(ဂ) ဓမ္မာစရိယဘွဲ့ရရှိပြီး၊ S.I.B.A.က ကျင်းပသောအရည် အချင်းစစ်စာမေးပွဲကို အောင်မြင်ခြင်း၊
(ဃ) ပြည်တွင်းပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး၊ S.I.B.A. ကကျင်းပသော ပညာအရည်အချင်းစစ် စာမေးပွဲကို အောင်မြင်ခြင်း၊

၃။ ၀င်ခွင့်ရယူခြင်း၊

အထက်ပါပညာအရည်အချင်းနှင့်ပြည့်စုံသော ကျောင်းသား/ကျောင်းသူတို့သည် Registration ရုံးသို့ ကိုယ်တိုင်သွား ရောက်၍ အောက်ပါ အချက်အလက်များကို ကိုယ်နှင့်တပါတည်း ယူဆောင်လျက် ပုံစံသွင်းကြရမည်။
(က) အမှတ်စဉ်-၂-(က, ခ, ဂ, ဃ)ပါ စာမေးပွဲအောင် လက်မှတ်မူရင်းနှင့် အမှတ်စာရင်း၊
(ခ) Passport Size ဓာတ်ပုံ (၄)ပုံ၊
(ဂ) သာသနာဝင် (သို့) သာသနာ့နွယ်ဝင် (သို့) Valid Passport and Visa မူရင်း၊

၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊

B.A. သင်တန်းကာလကို ၄-နှစ် သတ်မှတ်ထားသည်။ တစ်နှစ်လျှင် စာသင်ချိန်(၉)လ သတ်မှတ်ထားသည်။ ဤ S.I.B.A.၌ Supplementary or Re-exam လုံးဝမရှိပါ။ B.A. တန်းအတွက် ပြဌာန်းထားသော Subjects တို့ကို Courses of Studies စာအုပ်၌ လွယ်လင့်တကူ ရှာဖွေဖတ်ရှုနိုင်ပါသည်။

၅။ B.A. ဘွဲ့ရရှိခြင်း၊
B.A. စာမေးပွဲများကို တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပပြု လုပ်မည်ဖြစ်ပြီး B.A. ဘွဲ့ကို အောက်ပါအရည်အချင်းနှင့်ပြည့်စုံ သူ ကျောင်းသား/ကျောင်းသူများအား အပ်နှင်းမည်ဖြစ်သည်။
(က) နှစ်စဉ်ကျောင်းတက်ချိန် ၇၅% အနည်းဆုံးရှိရမည်။
(ခ) စာမေးပွဲများ၌ ရမှတ်အနည်းဆုံး ၄၅% စီရှိရမည်။
(ဂ) B.A. သင်တန်းမှ ဘာသာရပ်တိုင်းအတွက် Seminar (သို့) Presentation (သို့) Internal Exam တစ်နှစ်လျှင်သုံးကြိမ်၊ တစ်ကြိမ်လျှင် စုစုပေါင်း အမှတ်(၂၀)စီပေး၍ကျင်ပးပြီး ထိုမှရသောပျမ်းမျှ အမှတ်နှင့် အတန်းတင်စာမေးပွဲကို စုစုပေါင်းအမှတ် (၈၀)ပေး၍ ကျင်းပပြီး ထိုမှရသောရမှတ်ကို ပေါင်းယူကာ စုစုပေါင်းရမှတ် အနည်းဆုံး ၄၅% ကို အောင်မှတ်အဖြစ်သတ်မှတ်သည်။

၆။ ဘွဲ့အပ်နှင်းခြင်း၊
အမှတ်(၅)ပါဝင်သော အရည်အချင်းများနှင့် ပြည့်စုံသော ကျောင်းသား/ကျောင်းသူများကို B.A. ယာယီအောင်လက်မှတ်နှင့် အမှတ်စာရင်းထုတ်ပေးထားပြီး တက္ကသိုလ်ကကျင်းပသော ဘွဲ့နှင်းသဘင်၌ ဘွဲ့လက်မှတ်များကို အပ်နှင်းမည်ဖြစ်သည်။ ဘွဲ့လက်မှတ်များကို လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ တဆင့်သော်လည်းကောင်း ထုတ်ယူနိုင်သည်။

Undergraduate B.A Degree on Buddhism
Subjects: The subjects are divided intio two as major and minor.

Major Subjects


(a) Vinaya
(b) Suttanta (selected suttas)
(c) Abhidhamma ( Manual of Abhidhamma)
(d) Patipatti (The path of purification)
(e) Pali (Pali Grammar)
(f) English (High school English Grammar)
Minor Subjects
(a) History of Buddhism (Myanmar, Sirilankar, India etc)
(b) Buddhist Culture and Arts
(c) Buddhist Philosophy (Samayantara) India Philosophy

Note: All subjects are curried out with English. ( ဘာသာရပ် အားလုံးတွက် အင်္ဂလိပ်စာကို မီဒီယာ အဖြစ် အသုံးပြုထားသည်။

Levels


First Year
Second Year
Third Year
Fourth Year

M.A Degree on Buddhism (အမ်အေ) တန်းတို့၏ Program များကို ဖော်ပြသွားပါမည်။
အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။

သီတဂူစတား
၈-၉-၂၀၁၀

05 September 2010

အကြင်နာ ဆေးတစ်ခွက်

ဒီကနေ့ ဘာအတန်းမှ မရှိတာနဲ့ ပူနေးတက္ကသိုလ်တွင် ကျောင်းတက်နေသော သူငယ်ချင်းများ၏ ဘလော့ဂ်များကို ပူနေးအလွမ်းပြေ သွားရောက် လည်ခဲ့သည်။ ကိုကောင်းမွန်၊ အရှင်ဇ၀န၊ မေမေ့လပြည့်ဝန်း၊ အရှင်နာဂ၀ံသာလင်္ကာရ တို့၏ ဆိုဒ်များကို လေ့လာရင်း အရှင်နာဂဆိုက်မှ သီတဂူဆရာတော်ကြီး၏ ဂိလာန အပေါ် ပြုစုပုံကို မြင်လိုက်သဖြင့် အလွန်ဝမ်းသာလွန်းလို့ ကူးယူပြီ တဖန် တင်ပြလိုက်ပါသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် ဝေဇယန္တာဆရာတော် အရှင်မဟောသဓပဏ္ဍိတ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ အုပ်ချုပ်ရေးမှူးဆရာတော်) စာရေးဆရာ စစ်ကိုင်း မင်းရှိန်သည်..မကျန်းမမာဖြစ်နေသည်မှာ ငါးလနီးနီးရှိပါပြီဖြစ်ပါသည်။ လေဖြက်ရောဂါဟု သိရပါသည်။


အကြင်နာ ဆေးတစ်ခွက်

အားဆေးတစ်ခွက်

ကြင်ကြင်နာနာဖြင့် မကျန်းမာနေသူအား စောင့်ရှောက်ခြင်းသည်..နာမကျန်းဖြစ်နေသူအတွက် လွန်စွာမှ တန်းဘိုးဖြတ်မရနိုင်သောအရာဖြစ်ပေသည်....။ချိုသာ နူးညံ့သောအားပေးစကားကို ကြားရသဖြင့်..နာမကျန်းသူအတွက် အားဆေးဖြစ်ရသည်ကို ကိုယ်တိုင်တွေ့ကြုံဘူးကြပေမည်..ကိုယ်၏ စောင့်ရှောက်ခြင်း နုတ်၏စောင်မခြင်းဖြင့် လုနာကို သက်သာရာရစေသည်...ရောဂါနှိပ်စက်သဖြင့် အားငယ်နေရသော လူမမာအတွက်..ကျွန်ုပ်တို့ ကူညီသင့်ကြပေသည်...ထိုကဲသို့ ပြုလုပ်ခြင်းသည်...စိတ်ကောင်းရှိသော သူတို့မှသာ လုပ်နိုင်ပေသည်။


သီတဂူဆရာတော်နှင့် အရှင်မဟောသဓပဏ္ဍိတ
ယခုအခါ သီတဂူဆရာတော်သည်..အမေရိကန်ပြည်ကို ရောက်နေခိုက် လေဖြတ်ရောဂါခံစားနေရသော ဝေဇယန္တာဆရာတော် အရှင်မဟောသဓပဏ္ဍိတ(၀ါရှင်တန်)အား...ကြင်ကြင်နာနာ ဂရုစိုက်နေပုံမှာ ဂိလာန ရဟန်းတွေအတွက် အားဆေးတစ်ခွက်ဖြစ်သလို မြင်ရသူတိုင်းအတွက် ကြည်နူးစရာဖြစ်ရပေသည်။

အရှင်နာဂ၀ံသာလင်္ကာရ (ပူနေး )ဆိုဒ်မှ ကူးယူပြီး ဖော်ပြပါသည်။

အကြင်နာတရား ပွားများနိုင်ကြပါစေ။
သီတဂူစတား
၅-၉-၂၀၁၀

04 September 2010

Diploma Program (ဒီပလိုမာတန်း)

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ပညာရေးနှင့် ကျောင်းဝင်ခွင့် ပုံစံများကို စာဖတ်ပရိသတ်များ တောင်းဆိုမှုအရ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ ယခုအခါ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးသည် ဒီပလိုမာတန်း (Diploma)၊ ဘီအေ (B.A) တန်းနှင့် အမ်အေ(M.A)တန်းတို့ကို ပုံမှန် အရှိန်အဟုန်ဖြင့် လည်ပတ်လျက်ရှိသည်။ ပီအိခ်ျ (Ph.D) သုတေသန တန်းအတွက်လည်း စတင်လည်ပတ်ဖို့ ပြင်ဆင်လျက်ရှိသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ပညာရေးပုံစံများကို တစတန်းစီ တင်ပြသွားပါမည်။

Diploma Program (ဒီပလိုမာတန်း)

မာတိကာ
၁။ ရည်ရွယ်ချက်၊
၂။ Diploma ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သောပညာအရည်အချင်း၊
၃။ ၀င်ခွင့်ရယူခြင်း၊
၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊
၅။ Diploma ဘွဲ့ရရှိခြင်း၊
၆။ ဘွဲ့အပ်နှင်းခြင်း။

၁။ ရည်ရွယ်ချက်
Sitagu International Buddhist Academy သည် ဗုဒ္ဓတရားတော်ကို ထေရ၀ါဒနည်းကျကျဖြန့်ချိရန် ရည်ရွယ်သည့်အားလျော်စွာ Diploma Program ကိုလည်း ထိုရည်ရွယ်ချက်အတိုင်း ရေးဆွဲ အကောင်အထည်ဖော်သည်။

၂။ ၀င်ခွင့်ရရန်အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း
(က) အခြေခံပညာအထက်တန်းစာမေးပွဲအောင်မြင် ပြီး၊ (သို့မဟုတ်)
(ခ) ပထမကြီးတန်းအောင်မြင်ပြီး၊ (သို့မဟုတ်)
(ဂ) ဓမ္မာစရိယဘွဲ့ရရှိပြီး၊
(ဃ) ပြည်တွင်းပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးခြင်း၊ သို့မဟုတ် အထက်အတန်းအဆင့် အောင်မြင်ပြီးဖြစ်ခြင်း။

၃။ ၀င်ခွင့်ရယူခြင်း၊
အထက်ပါပညာအရည်အချင်းနှင့်ပြည့်စုံသော ကျောင်းသား/ကျောင်းသူတို့သည် Registration ရုံးသို့ ကိုယ်တိုင်သွား ရောက်၍ အောက်ပါ အချက်အလက်များကို ကိုယ်နှင့်တပါတည်း ယူဆောင်လျက် ပုံစံသွင်းကြရမည်။
(က) အမှတ်စဉ်-၂-(က, ခ, ဂ, ဃ)ပါ စာမေးပွဲအောင် လက်မှတ်မူရင်းနှင့် အမှတ်စာရင်း၊
(ခ) Passport Size ဓာတ်ပုံ (၄)ပုံ၊
(ဂ) သာသနာဝင် (သို့) သာသနာ့နွယ်ဝင် (သို့) Valid Passport and Visa မူရင်း၊

၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊
Diploma သင်တန်းကာလကို ၃-နှစ် သတ်မှတ်ထားသည်။ တစ်နှစ်လျှင် စာသင်ချိန်(၉)လ သတ်မှတ်ထားသည်။ ဤ S.I.B.A.၌ Supplementary or Re-exam လုံးဝမရှိပါ။ Diploma တန်းအတွက် ပြဌာန်းထားသော Subjects တို့ကို Courses of Studies စာအုပ်၌ လွယ်လင့်တကူ ရှာဖွေဖတ်ရှုနိုင်ပါသည်။
မှတ်ချက်။ ။ ၀င်ခွင့်ဖြေစဉ်က (test placement exam) တုန်းက Advanced level ရောက်ပါက တစ်နှစ် (one year) ဖြင့် ဒီပလိုမာ Diploma လက်မှတ် (certificate) ရနိုင်သည်။

၅။ Diploma ဘွဲ့ရရှိခြင်း၊
Diploma စာမေးပွဲများကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြု လုပ်မည်ဖြစ်ပြီး Diploma ဘွဲ့ကို အောက်ပါအရည်အချင်းနှင့်ပြည့်စုံ သူ ကျောင်းသား/ကျောင်းသူများအား အပ်နှင်းမည်ဖြစ်သည်။
(က) နှစ်စဉ်ကျောင်းတက်ချိန် ၇၅% အနည်းဆုံးရှိရမည်။
(ခ) စာမေးပွဲများ၌ ရမှတ်အနည်းဆုံး ၄၅% စီရှိရမည်။
(ဂ) Diploma သင်တန်းမှ ဘာသာရပ်တိုင်းအတွက် Seminar (သို့) Presentation (သို့) Internal Exam တစ်နှစ်လျှင်သုံးကြိမ်၊ တစ်ကြိမ်လျှင် စုစုပေါင်း အမှတ်(၂၀)စီပေး၍ကျင်ပးပြီး ထိုမှရသောပျမ်းမျှ အမှတ်နှင့် အတန်းတင်စာမေးပွဲကို စုစုပေါင်းအမှတ် (၈၀)ပေး၍ ကျင်းပပြီး ထိုမှရသောရမှတ်ကို ပေါင်းယူကာ စုစုပေါင်းရမှတ် အနည်းဆုံး ၄၅% ကို အောင်မှတ်အဖြစ်သတ်မှတ်သည်။

၆။ ဘွဲ့အပ်နှင်းခြင်း၊
အမှတ်(၅)ပါဝင်သော အရည်အချင်းများနှင့် ပြည့်စုံသော ကျောင်းသား/ကျောင်းသူများကို Diploma ယာယီအောင်လက်မှတ်နှင့် အမှတ်စာရင်းထုတ်ပေးထားပြီး တက္ကသိုလ်က ကျင်းပသော ဘွဲ့နှင်းသဘင်၌ ဘွဲ့လက်မှတ်များကို အပ်နှင်းမည်ဖြစ်သည်။ ဘွဲ့လက်မှတ်များကို လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ တဆင့်သော်လည်းကောင်း ထုတ်ယူနိုင်သည်။

ဒီပလိုမာ (Diploma) တန်းအတွက် ဘာသာရပ် (Subjects) များ
(a) Vinaya (သေခိယ၊ ပါတိမောက် စသည်)
(b) Suttanta (ဓမ္မပဒ စသည်)
(c) Abhidhamma (Manual of Abhidhamma)
(d) Patipatti (meditation) မဟာသတိပဋ္ဌာန်သုတ်စသည်
(e) English (Oxford Progressive English)
(f) Missionary (ကိုးတိုင်းကိုးဌာန သာသနာပြု၊ Buddhism in a Nutshell စသည်

Level အတန်းများ
Elementary Level (one year)
Intermediate Level (one year)
Advanced Level (one year)

အထူးမှာကြားချက်။ ။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ပညာသင်ယူလိုသော သူများသည် အခြေခံအင်္ဂလိပ်စာ ပါလာဘို့ လိုအပ်ပါသည်၊ ဘသာရပ် အားလုံးအတွက် အင်္ဂလိပ်စာ (English) သည် media အဖြစ် အသုံးပြုထားပါသည်။

ဆက်လက်ပြီး Undergraduate B.A Degree on Buddhism (ဘီအေ)နှင် Postgraduate
M.A Degree on Buddhism (အမ်အေ) တန်းတို့၏ Program များကို ဖော်ပြသွားပါမည်။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၃-၉-၂၀၁၀

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes