သီတဂူစတား

သီတဂူစတား

22 January 2014

သီတဂူစတား တရားဟောပြီ

သီတဂူစတား တရားဟောပြီ
 ၁၇-၁-၂၀၁၄ နေ့က မြောက်ဒဂုံ၊ ၃၄ ရက်ကွက်မှာ ဟောသည်။ နယ်တွေမှာ အကြိမ်များစွာ ဟောခဲ့ဖူးပေမဲ့ ရန်ကုန်မြို့မှာတော့ ပထမဆုံးပဲ ဖြစ်သည်။ 

 အသံနှင့် ဗီဒီယိုဖိုင် တင်မရဖြစ်နေသည်၊ ဓာတ်ပုံတွေပဲ တင်လိုက်ရပါသည်။ မြန်မာပြည်ရဲ့ အင်တာနက်က ဓာတ်ပုံတောင် resolution အောက်ဆုံးထိ လျှော့တင်ရင်တောင် တစ်နာရီ အနဲဆုံးတင်ရသည်။ ဒါတောင် မိုးရွာ မိုးအုံ့ရင် လိုင်းတောင် တက်မလာတော့။

“ဓာတ်ပုံလေးတွေနဲ့ပဲ ကြည်ညို အားရ ကျေနပ်တော်မူကြပါကုန်။”

ဆက်သွယ်ရန်
www.sitagustar2020.net
Facebook = သီတဂူစတား
ဖုန်း-၀၉-၃၁-၆၆၆၁၁၁
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၂၀၁၄

20 January 2014

ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေး

ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေး
၁၉-၁-၂၀၁၄ ရက်နေ့က “အပြန်အလှန် ယုံကြည်မှုနှင့် မျက်နှာချင်းဆိုင် စကားပြောခြင်း၊ ဘာသာရေးသည် လူမှုကွန်ယက်ရဲ့ ညီညွတ်မှုဖြစ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် Park Royal Hotel, Yangon တွင် ဘာသာကြီး ၄ဘာသာမှ ဘာသာရေး ခေါင်းဆောင်များ စာတမ်းဖတ်ခြင်း၊ ဆွေးနွေခြင်းများ ပြုလုပ်သည်။

ထိုပွဲကို အမမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်၊ လူ့အခွင့်ရေးဆိုင်ရာဌာနနှင့် မြန်မာနိုင်ငံ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အစ္စလာမ်အဖွဲု့မြန်မာ၊ Myanmar Institute of Theology, Judson Research Centre တို့ ပူးပေါင်း ပြုလုပ်ကြသည်။ တက်ရောက်သူ ကိုယ်စားလှယ် ၇၀ ခန့်ရှိပြီး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခ Robert A.F Thurman, အလာဟာဂျီ ဦးအေးလွင်၊ ဒေါက်တာ စောလှိုင်ဘွား စာတမ်းဖတ် ဦးဆောင်ဆွေးနွေးသည်။
 
ရဟန်းတော်များမှ မန္တလေး မစိုးရိမ်တိုက်သစ်မှ အရှင်ဝိစိတ္တာဘိဝံသ (၀ီရသူ)၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) မှ ဒေါက်တာအရှင်ဝေဠုရိယာလင်္ကာရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) မှ အရှင်ဥက္ကံသ (M.A ဟာဝိုင်ယီ)၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)၊ အရှင်ဝိသုတ (M.A Philosophy) နှင့် သီးခြားပင့်ထားသော ဒေါက်တာ အရှင်ဓမ္မပိယ (ထေရ၀ါဒတက္ကသိုလ်) နှင့် ဒေါက်တာအရှင်ဝိစိတ္တသာရ (ဓမ္မဂင်္ဂါ)နှင့်သူ၏သူငယ်ချင်းတို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲကို နေ့လည် (၁)နာရီမှစသည်၊ ညနေ (၆)နာရီတွင်ပြီးဆုံ၊ (၇)နာရီတွင် ပူးတွဲ ကြေညာချက်ထုတ်ခြင်းများ ပြုလုပ်သည်။

သီတဂူဆရာတော်ကြီး၏ မိန့်ခွန်းကို သီခြား ဖော်ပြပါမည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၁-၂၀၁၄
www.thesitagu.org
www.sitagustar2020.net

16 January 2014

လဟယ်မြို့ ပြည်သူ့ဆေးရုံမှ သီတဂူကျန်းမာရေးအဖွဲ့

သီတဂူသာသနာပြုအဖွဲ့၏ နာဂတောင်တန်း ဒေသ ကျန်းမာရေးစောင့်ရှောက်မှု အထူးအစီအစဉ်ဖြင့် လဟယ်မြို့ ပြည်သူ့ဆေးရုံ၌ ၁၁/၀၁/၂၀၁၄ မှ ၁၃/၀၁/၂၀၁၄ နေ့ အထိ

၁။ မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးမြအောင် ခေါင်းဆောင်သောသီတဂူမျက်စိ အထူးကု အဖွဲ့မှ ပြင်ပလူနာပေါင်း ၆၆၆ ဦးကို ကြည့်ရှုစစ်ဆေးပြီး မျက်စိဝေဒနာရှင်ပေါင်း ၆၉ ယောက်ကို ခွဲစိတ်ကုသကာ မျက်စိအလင်းဒါန ပြုခဲ့သည်။

၂။ ဘယ်လ်ဂျီယံနိုင်ငံမှ အထူးကုဆရာဝန်ကြီးဒေါက်တာ ပက်ထရစ်တိုးနက် ဦးဆောင်သောဆရာဝန်/သူနာပြုအဖွဲ့က နှုတ်ခမ်းကွဲဝေဒနာရှင်ပေါင်း ၄၃ ယောက်ကို ခွဲစိတ်ကုသပေးခဲ့သည်။

၃။ ဒေါက်တာ ဦးကိုကိုခေါင်းဆောင်သော အင်္ဂလန်နိုင်ငံမှ သွားအထူးကုဆရာဝန်အဖွဲ့က ပြင်ပလူနာပေါင်း ၃၉၈ ဦးကို ကြည့်ရှုစစ်ဆေးပြီး သွားဝေဒနာရှင်ပေါင်း ၁၂၂ ယောက်ကို နှုတ်ခြင်း၊ ဖာထေးခြင်း စသည်ဖြင့် ကုသမှုပေးခဲ့သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၁-၂၀၁၄

11 January 2014

သီတဂူဆရာတော်၏ လက်တွေ့ကျသော အမှန်တရားနှင့် ငြိမ်းချမ်းရေး

သီတဂူဆရာတော်၏ လက်တွေ့ကျသော အမှန်တရားနှင့် ငြိမ်းချမ်းရေး
၈-၁-၂၀၁၄ နေ့က အသက် ၇၅နှစ်အရွယ်ရှိ ရွာသားလယ်သမားကြီးတစ်ယောက် သူ၏ သားတစ်ယောက်ဖြင့် သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့ ဟုမ္မလင်းသို့ ရောက်လာခြင်း၊ သီတဂူစက္ခုဒါနဆေးရုံကို ဖွင့်လှစ်ခြင်းတို့ကို ကြားသိရသဖြင့် ထော်လာဂျီဖြင့် ၂ ကြာစီးရသည့် ဟုမ္မလင်းမြို့နယ် ရွာတစ်ရွာမှ လာရသည်။

သူသည် အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်သည်၊ ဆရာတော်ကြီးသည် ပြတင်းပေါက်ကနေ ထိုသားအဖနှစ်ယောက် စိတ်ရှည်စွာ မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသည်ကို မြင်တွေ့ရသည်။ ဆရာတော်ကြီးသည် မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာမြအောင်ကို ခေါ်ပြီး ဒီမွတ်ဆလင်ဒကာကြီးကို ဒီအခွင့်ရေး လွတ်မသွားစေရန် ညွှန်ကြားတော်မူသည်။ သူ၏ ညာဘက်မျက်လုံးတွင် ရေတိမ်များကို ဖယ်ရှား ကုသပေးသည်။ ၂၄ နာရီ ခွဲစိပ်ကုသပေးပြီး ထိုမွတ်ဆလင် ဦးသာဖို၏ မျက်ကြည်လွှာမှာ ပင်ကိုယ်ပကတိအတိုင်း ပြန်ဖြစ်သွားသည်။ သူ အမြင်အာရုံတို့သည်လည်း အလွန်ကောင်မွန်သွားသည်။ ဆရာတော်ကြီးသည် သူ၏ ကုန်ကျစရိတ် အားလုံးကို လှူဒါန်းလိုက်သည်။

မြဗုဒ္ဓ၏သားတော် ဖြစ်သည့် သီတဂူဆရာတော်ကြီးသည် ဘာသာရေးသည် ငြိမ်းချမ်းရေးနှင့် အမှန်တရားအတွက် ဖြစ်သည် ဆိုတာကို ပြသလိုက်ခြင်းဖြစ်သည်။ အမှန်တရားနှင့် ငြိမ်းချမ်းရေးတို့သည် အစဉ် ယှဉ်တွဲလျှက်ရှိသည်။ ဗုဒ္ဓဘာသာတစ်ယောက် မေတ္တာ ကရုဏာ အမှန်တရားတို့သည် လောကကြီးငြိမ်းချမ်းရေးနှင့် အစဉ်ယှဉ်တွက်လျှက်ရှိနေသည်ကို ဒီကနေ့ စစ်ကိုင်းတိုင်းဒေသကြိး ဟုမ္မလင်းမြို့၊ သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၏ Action Plan ပြလိုက်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁-၂၀၁၄

08 January 2014

သီတဂူစက္ခုဒါနဆေးရုံ (ဟုမ္မလင်း)ဖွင့်လှစ်

သီတဂူစက္ခုဒါနဆေးရုံ (ဟုမ္မလင်း)ဖွင့်လှစ်

သီတဂူသာသနာပြုအဖွဲ့၏ မြန်မာပြည်အနှံ့ တည်ဆောက်ပြီး ဆေးရုံများတွင် (၂၆)ရုံမြောက် ဆေးရုံးဖြစ်သော သီတဂူစက္ခုဒါဆေးရုံတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ၂၀၁၄၊ ဇန်န၀ါရီ (၇)ရက်နေ့၊ နံနက် (၉)နာရီက ဖွင့်လှစ်လှူဒါန်းသည်။

ထိုဆေးရုံဖွင့်ပွဲသို့ သီတဂူအဓိပတိဆရာတော်၊ ယဉ်ကျေးမှု၊ အားကစားနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်နှင့်အဖွဲ့၊ သီတဂူအလှူရှင်များ၊ သီတဂူသာသနာပြုအဖွဲ့ဝင်များ၊ သီတဂူဆရာဝန် ဆရာမများ၊ အင်္ဂလန်၊ ဘယ်လ်ဂျီယံနိုင်ငံများမှ အထူးကုဆရာဝန်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၅၀၀၀)ကျော် တက်ရောက်သည်။

ဆေးရုံတော်ကြီး၏ကုန်ကျစရိတ်မှာ ကျပ်သိန်းပေါင်း (၃၀၀၀) သုံးထောင်ရှိပြီး၊ ဆေးရုံးသုံးပစ္စည်းများမှာ ကျပ်သိန်းပေါင်း (၃၀၀၀) သုံးထောင်ရှိသည်။ သီတဂူဆရာတော်ကြီးနှင့် သီတဂူအလှူရှင်များက လှူဒါန်းကြသည်။

ဒေသခံပြည်သူများက ရိုးရာယဉ်ကျေးမှု အဆို အကတို့ဖြင့် ဧည့်ခံ ဖျော်ဖြေကြသည်။
၁-၁-၂၀၁၄မှ ၇-၁-၂၀၁၄ နေ့အထိ သီတဂူမျက်စိအထူးကုအဖွဲ့က သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်ပေါင်း (၃၄၃)ယောက်ကို ခွဲစိပ်ကုသပေးပြီးဖြစ်သည်၊ ပြင်ပလူနာ (၁၀၀၀)ကျော်တို့ကိုလည်း စမ်းသပ်ကုသပေးသည်။

ထို့ပြင် ဟုမ္မလင်း ကုတင် (၁၀၀)ဆန့် ခရိုင်ပြည်သူ့ဆေးရုံတွင် သီတဂူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အထူးကုအဖွဲ့က လူနာပေါင်း ၁၃၄ ဦးကို ခွဲစိပ်ကုသပေးပြီးဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၁-၂၀၁၄

05 January 2014

သီတဂူစတားစာစဉ် (၂) ထွက်ရှိ

 
ဓမ္မမိတ်ဆွေ အပေါင်းတို့------
သီတဂူစတား ၏ ဒုတိယမြောက် သီတဂူစတားစာစဉ် (၂) ထွက်ရှိလာပြန်ပါပြီ၊ “ဗုဒ္ဓဘာသာတစ်ယောက်၏ ရင်တွင်းစကား”ဟု အမည်ပေးထားပါသည်။ ဤစာအုပ်ကို ဖတ်လိုက်ရခြင်းဖြင့် ဗုဒ္ဓဘာသာတစ်ယောက်၏ စိတ်နေသဘောထားများကို အမြင်ရှင်းရှင်း သိနိုင်ပါလိမ့်မည်။ စာမျက်နှာ ၁၉၅ ရှိသည်၊ ဓမ္မဒါနပြုနိုင်ပါသည်။

ပထမအကြိမ် ထွက်ရှိပြီး “အွန်လိုင်းဓမ္မရသစာစု” စာအုပ်ကိုလည်း ဒုတိယအကြိမ် ထပ်မံရိုက်ရှိထားပါသည်။

၁။ “ဗုဒ္ဓဘာသာတစ်ယောက်၏ ရင်တွင်းစကား”
၂။ “အွန်လိုင်းဓမ္မရသစာစု” (ဒု-အကြိမ်ရိုက်) ဓမ္မဒါန-တရားအလှူများ ပြုလုပ်နိုင်ပါသည်။

ရနိုင်သော ဌာနများ
၁။ မသီသီဆွေ မြိတ်မြို့၊ ဈေးတန်းရပ်၊ ဖုန်း-၀၉-၅၆၄၀၂၆၁
၂။ ကိုထွန်းမြင့်၊ အမရပူရမြို့၊ ဒန်တပင်ရပ်။ ဖုန်း-၀၉-၄၃၁၇၄၇၂၅။ ကိုကျော်ဆန်း ဖုန်း-၀၉- ၄၀၂၇၉၁၁၃၇
၃။ မထွေးထွေးခိုင်၊ စစ်ကိုင်း၊ အာလောင်ရွာ၊ ဖုန်း-၀၉-၂၅၆၀၅၈၈၁၄
၎။ ဒေါက်တာအရှင်ကောဝိဒသိရီ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖုန်း ၀၉-၃၁၆၆၆၁၁၁

ကျန်ရှိနေသေးသော ပို့စ်များကို စာအုပ်အဖြစ် ဓမ္မဒါန ပြုလုပ်နိုင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၂-၂၀၁၃

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes