သီတဂူစတား

သီတဂူစတား

26 February 2011

ဘိုကလေးသို့ အမှတ်တရ

သိမ်နုတ် သိမ်သမုတ်ရန် ကြွလာသော သံဃာများသိမ်နုတ် သိမ်သမုတ်ရန် ကြွလာသော သံဃာများ
စာသင်သားသံဃာများက ကြိုဆို
သိမ်နုတ်နေစဉ်
သိမ်နုတ်နေစဉ်

၂၄-၂-၂၀၁၁ နေ့ နံနက်စောစော အိပ်ယာထ ဘိုကလေးသို့ သွားဖို့ပြင်ဆင်ရသည်။ ဘိုကလေးမြို့သည် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းအထိခံရသည့် မြို့တစ်မြို့ဖြစ်သည်။ ထိုဒေသသို့သွားချင်နေသည်မှာ ကြာပြီဖြစ်သည်။ နာဂစ်မုန်တိုင်းထိ ပြည်သူတွေ ကယ်ဆယ်ရေးလုပ်စဉ်က သီတဂူဆရာတော်ကြီးနှင့် ပြည်တွင်းပြည်ပ အလှူရှင်များက အများဆုံးနှင့် အထိအရောက်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ခဲ့သည်ဖြစ်သည်။ ထိုအချိန်က စာရေးသူက ထိုကယ်ဆယ်ရေးတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပြီး မလုပ်နိုင်ခဲ့။ ပြည်ပပညာတော်သင်သွားဖို့ ပြင်ဆင်နေချိန်ဖြစ်သည်။ သို့သော် ကျောင်းကနေပဲ ၀ိုင်းဝန်းလုပ်ပေးနိုင်ခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါသွားသော သူငယ်ချင်းများက အားပါးတရ ပြောပြကြသဖြင့် ထိုဒေသရှိပြည်သူများအား ကရုဏာစိတ် ပို၍၀င်ကာ သွားချင်စိတ်များ ဖြစ်ခဲ့သည်။ ခုတော့ ထိုဒေသသို့ တကယ်ပဲ ရောက်ခဲ့ပါပြီ။

သိမ်နုတ် သိမ်သမုတ်

ဘိုကလေးမြို့သည် ပင်လယ်ဒေသနှင့်အလွန်နီးရကား ငါးပိ ငါးခြောက် ပုဇွန် ပေါသည့် နေရာဖြစ်သလို စပါးခင်းကြီးများကလည်း လမ်းဘေးဝဲယာ တမျော်တခေါ် ကော်ဇောအစိမ်းကြီးများ ခင်းထားသည့်အလား သိပ်ကို လှပပါသည်။ ရန်ကုန်မှ မှန်လုံးအကောင်းစာ ကားသည်ပင် ၆ နာရီကြာ ချောင်းတွေမြောင်းတွေ ဖြတ်ကျော်ပြီးမှ ဘိုကလေးသို့ ရောက်ရသည်။ ကမ္ဘာအေးမှ ၅ နာရီစထွက်ရာ ဘိုကလေးမြို့သို့ ၁၁ နာရီ ဆွမ်းစားအမီရောက်သည်။ ဘိုကလေးမြို့မှ လူတစ်ခေါ်သာမျှသော တဖတ်ကမ်းဘက်သို့ စက်လေများဖြင့် သီတဂူဓမ္မ၀ိဟာရစာသင်တိုက်သို့သွားရသည်။ ကမ်းတဖတ်သို့ ရောက်ရောက်ချင်းပဲ စာသင်သား ကိုရင် ဖိုးသူတော်နှင့် အလှူရှင်များက တန်းစီပြီး ကြိုဆိုကြသည်။ ပါလာသည့်လက်စွဲအိတ်များ ကိုယ်နေရမည့် ကုဋီတွင် ထားပြီး ရေချိုးသည်။ ဆွမ်းစားလာပင့်သည်။ ဘိုကလေးမှ အလှူရှင်များသည် အလွန်စေတနာ သဒ္ဓါတရားကောင်းကြသည်။ ရဟန်းသံဃာတွေအပေါ် ရိုရိုသေသေ လေးလေးစား ပြုစုကြသည်ကို ကြည့်ပြီး ပီတိဖြစ်မိသည်၊ ထိုဒေသရှိ ရဟန်းတော်များကိုလည်း တဆက်တည်း ချီးကြူးမိသည်၊ ကျေးဇူးလည်းတင်မိသည်။ ထိုရဟန်းတော်များ၏ ဟောပြော ဆုံးမ သွန်သင်မှုကြောင့်ပင်ဖြစ်သည်။

နေ့လည်ပိုင်းအနားယူသည်၊ နေအရမ်းပူနေသည်။ ညနေပိုင်း နေကျချိန် ၅-၃၀ လောက်မှ စပြီး ရန်ကုန်က သံဃာ ၄၀ လောက်နှင့် ဂေါစဂါမ်ရှိ သံဃာ ၂၀ သံဃာအင်အား ၆၀ လောက် သိမ်သမုတ်ခြင်း အစီအစဉ် ပါတော့သည်၊ သိမ်ဧရိယာသည် ပေ ၁၀၀ ပေ ၂၀၀ ကျယ်ဝန်းသည်ဖြစ်၍ ည ၈-၃၀ အထိ အပြီးမသတ်နိုင်ဘဲရှိသည်။ နောက်နေ့တစ်မနက်စာ ချန်ထားခဲ့ရသည်။ သံဃာတွေလဲ ၄ နာရီလောက် Non stop မရပ်ဘဲ တောက်လျှောက် သမုတ်ကြသည်၊ ပေါင်ကြောတွေ ခြေသလုံတွေလဲ တောင့်တင်းပြီး လှဲတော့မတတ် ဖြစ်ကြသည်၊ အသံတွေလည်း ပျော့လာသည်။ ထိုင်ပြီးတလှည့် ရပ်ပြီးတလှည့် သမုတ်ကြရသည်။ ထိုပွဲကို မဟာသိမ်တော်ကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကုမာရကဆောင်ရွက်သည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မှ ဆရာများ၊ မဟာသိမ်တော်ကြီးကျောင်းတိုက်မှ သံဃာများနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဆရာများ ပါဝင်ကြသည်။

မှတ်ချက်။ ။သီတဂူဓမ္မ၀ိဟာရ စာသင်တိုက်သည် နာဂစ်မုန်တိုင်းကယ်ဆယ်ရေး စခန်းချရာ နေရာဖြစ်ခဲ့သည်။ ကျောင်းတိုက်က ဘိုးကလေးတစ်ဝိုက်တွင် နာမည်ကျော် ပေါ်တော်မူဘုရားကို ငုံထားသည်။ စာသင်သံဃာ ဖိုးသူတော်များဖြင့် စည်ကားပြီး သန့်ရှင်းသပ်ရပ် လှပသော ကျောင်းတိုက်ဖြစ်သည်။ မြစ်ကမ်းနဘေးတွင် တည်ရှိရကား လေကောင်းလေသန့်ရသည်၊ ကမ္မဋ္ဌာန်းတရား အားထုတ်ချင်သူတွေအတွက် အလွန်သင့်တော်သော နေရာဖြစ်သည်။ ကျောင်းထိုင်ဆရာတော်သည် အရှင်အဂ္ဂ၀ရ သာသနဓဇဓမ္မာစရိယနှင့် လက်ထောက်နာယကဆရာတော်သည် အရှင်ပုညာနန္ဒာလင်္ကာရ သာသနဓဇဓမ္မာစရိယ သာမဏေကျော်တို့ဖြစ်သည်။ ဘိုကလေးရောက်ရင် ထိုနေရာသို့ ရောက်ဖြစ်အောင်ကို သွားလိုက်ကြပါ။

ဘိုကလေး လမ်း

ရန်ကုန်မှ စထွက်လာရာ ပုသိမ် မအူပင်လမ်းခွဲအထိ လမ်းကောင်းသည်။ ထိုလမ်းစုံမှ မအူပင်မြို့အထိ ကတ္တရာလမ်း အနည်းငယ်သာ ရှိသေးသည်၊ ရှိပြီးသား ကတ္တရာလမ်းများကား မိုးများသောဒေသဖြစ်၍လား ဒါမှမဟုတ် ကတ္တရာပဲ ပုလင်းခေါင်းမူးအောင် ဆီစမ်းသလို စမ်းပြီး ခင်းထားလို့လား မပြောတတ် ခင်းပြီးကတ္တရာများ ပျောက်နေသည်။ ကတ္တရာများမရှိ ဖုံအတိပြီးသော လမ်းဖြစ်နေသည်။ မှန်လုံကား မဟုတ်ရင်တော့ လူတကိုယ်လုံး မြင်ရတော့မည်မဟုတ်။ နှင်းတွေရော ဖုံတွေရော လုံးထွေးနေသဖြင့် ဘာမှမမြင်ရ၊ ကားသမားများ အထူးဂရုစိုက် မောင်းနေရသည်။ နှင်းတွေကြောင့် ကားမှန်တွေမှာ စိုရွဲနေသည်၊ ဖုံးလုံးများ ထပ်လောင်းပြီး ပံ့ပိုးလိုက်တော့ ကားတစ်စီးလုံးလဲ ဗွတ်ထနေတော့သည်။ သောက်ရေသန့်ဗူးဖြင့် ရေဖြန်းမောင်းနေရသည်။

အခုတော့ ကျောက်တွေချ သဲတွေဖြူး ရေတွေဖြန်းပြီး စက်ကြီးများဖြင့် ကြိတ်နေသည်မှာ ထိုဒေသအတွက် ၀မ်းသာရဦးမှာပေါ့။ မအူပင်တံတားကြီးလည်း လှပါသည်။ မအူပင်မြို့က အထွက် ကျိုက်လတ်မြို့အထိ ထိုနည်းတူစွာ လမ်းကောင်းတချက် မကောင်းတချက်ဖြစ်သည်။ ကျိုက်လတ်မှ ဖျာပုံအထိ လမ်းနဲနဲ ကောင်းလာသည်။ ဖျာပုံမြို့သည် ခရိုင်မြို့ဖြစ်သည်အလျောက် ဘိုကလေး ကျိုက်လတ်မြို့များထက် ပိုစည်ကားသည်၊ စီးပွားရေးလဲ ပိုကောင်းသည်။ ဖျာပုံမြို့အထိ ချောင်းကူးတံတားများသည် ကွန်ကရစ်တမျိုး သံကူတံတားတမျိုး ဖြစ်ပေမဲ့ ဖျာပုံကအထွက် ဘိုကလေးအထိ ချောင်းကူးတံတားများ ဖြတ်ကူးတိုင်း ရင်တုံနေရသည်၊ ပရိတ်ပဋ္ဌာန်းတွေလဲ တံတားဖြတ်တိုင်း ရွတ်နေရတော့သည်။ တံတားတစ်ခုဆို သေမင်းတမာန်တံတားဟု ခေါ်ကြသည်။ ဒေသခံတစ်ယောက်က ပြောပြသဖြင့် အပြန် ပိုကြောက်သွားသည်။ ဘယ်သူတွေ ကံဆိုးမလဲ မသိ။ ဖျာပုံ ဘိုကလေးအကြားရှိ တံတားအများစုက သစ်သားဖြင့် ပြုလုပ်ထားသည်။ အချို့လဲ ဟောင်းနွမ်း ပျက်ဆီးနေသဖြင့် စိုးရိမ်ရသည်။ ဘိုကလေးမြို့ဝင် လမ်းမကြီးသည် ပြုလုပ်ဆဲဖြစ်သည်၊ လမ်းကောင်းသည် ကားရှင်းသည်၊ သို့သော် လမ်းများက မပြီးသေး။

ရာသီဥတုသည် ကောင်းသည်။ မိုးများမည်ထင်သည်၊ အေးမည်ထင်၍ အနွေးထည်များယူသွားသေးသည်၊ မထင်မှတ်ဘဲ နေ့လည်မှာတော့ နွေရာသီ နီးပါး ပူနေသည်။

အပြန်လမ်း

နောက်တနေ့ မနက်စာစားပြီး ကျန်နေသေးသော အကွက်များကို ဆက်လက်ပြီး သိမ်နုတ်ကြပြန်သည်။ ၁-၃၀ လောက်ကြာသည်။ ခဏနားစဉ် သိမ်သမုတ်မည့်နေရာ မဏ္ဍပ်တည်ဆောက်နေသည်။ ထိုအပြီး သိမ်သမုတ်ပွဲ စပါတော့သည်၊ သိမ်သည် ကျောက်နိမိတ်သိမ်ဖြစ်သည်။ တဆက်တည်း သိမ်ကျောင်းဒကာများက ရဟန်းဝတ်ကြသဖြင့် သိမ်သမုတ်အပြီး ရဟန်း ၇ ပါး သိမ်ဝင်ရန်ပြင်ဆင်ကြသည်။ အချိန်ကား ၁၀-၄၅ လောက်ရှိပြီး ပထမအသုပ် ရဟန်းလောင်း ၃ ပါး ရဟန်းခံပြီး ၁၁-၃၀ ရောက်နေပြီး ကျန် ၂ သုပ် ပါ ဆက်လက်ကံဆောင် နေဦးမယ်ဆိုရင် အဲဒီနေ့ နေ့လည်စာ ငက်ကြလိမ့်မည်။ နောက် ၄ ပါးအတွက် ရပ်ထားပြီး ချက်ချင်း ဆွမ်းစားကျောင်း ပြေးရတော့သည်။ နေကပူပူ ချွေးတလုံးလုံးနဲ့ ရေတောင်မချိုးနိုင်ဘဲ အချိန်မီ ဆွမ်းစားကြရသည်။ ဆွမ်းစားအပြီး အများစုက ခဏအနားယူနေစဉ် ဂေါစဂါမ်ရှိ ရဟန်းတော်များက ကျန်ရဟန်းလောင်းများကို သိမ်ဝင်ပေးကြသည်၊ သိမ်းဆင်းလောင်းလှူအပြီး ရန်ကုန်ပြန်ဖို့ ပြင်ဆင်ကြတော့သည်။ အားလုံးက အတော်ပြန်ချင်ပုံပဲ ချက်ချင်း လှေဆိပ်သို့ဆင်းလာကြသည်။ လူစောင့်ရင်း ၂-၃၀ မှ ပြန်ထွက်ဖြစ်ကြသည်။

အပြန်လမ်းမှာတော့ မင်းသမီးမဆင့်မွေးနေ့ ပါရမီရှင် အငြိမ့်၏ လူရွှင်တော်တွေရဲ့ ပြတ်လုံးတွေ မင်းသမီးလေးတွေရဲ့ အကအလှနှင့် တ၀ါးဝါးနဲ့ ပါးရိုး နားရိုးတွေနာအောင် ရယ်ကြရင်း တ၀ုန်းဝုန်းစောင့်နေတဲ့ ကား၊ ပူထူနေတဲ့ ခါးတွေ တင်တွေ မူးနေက်နေတဲ့ ခေါင်းတွေလဲ မေ့ပျောက်ခဲ့ရသည်။ ကျောင်းရောက်တော့ ည ၈-၃၀ခွဲပြီ။ ရေချိုးအနားယူ အင်တာနက်ဖွင့်ကြည့်၊ ရောက်လာတဲ့ မေးလ်ဖွင့်ကြည့်၊ တစ်နေ့တာ အနားယူလိုက်သည်။ ဘိုကလေးအမှတ်တရ ဤတွင်ပြီးဆုံးပါပြီ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၂-၂၀၁၁

23 February 2011

ကျွန်မမှတ်မိနေသော ဓမ္မကထိက ဦးဇင်းလေး


စာမိတ်ဆက်

ကမ္ဘာ့သာသနာပြု အကျော်အမော် သီတဂူ ဆရာတော်ကြီးသည် ယခုနှစ် ၁၃၇၂ တပေါင်းလပြည့်နေ့ (၁၉-၃-၂၀၁၁) နေ့တွင် သက်တော်(၇၄) နှစ်ပြည့်သည်၊ ထိုမွေးနေ့ပွဲအတွက် ဘုန်းဘုန်းသီတဂူစတားက ဆရာတော်ကြီးအား စာပေများဖြင့် ပူဇော်ကြမည်ဟု သူ၏အင်တာနက်စာမျက်နှာတွင် ကြော်ငြာထားသည်ကို တွေ့ရပါသည်။ မွေးနေ့ပွဲကို တပည့်တွေက စာပေတွေနဲ့ သူတို့နည်း သူတို့ဟန်တွေနဲ့ ပူဇော်ကြမည်၊ ဆရာတော်ကြီးရဲ့ တပည့်အရင်း ကျွန်မကလဲ တတ်သလောက်မှတ်သလောက်လေးနဲ့ ဆရာတော်ကြီးကို ပူဇော်ကန်တော့လိုပါသည်။ ဘုန်းဘုန်းသီတဂူစတားကလဲ ပူဇော်ပေးပါရန် တိုက်တွန်းပါသည်၊ အားပေးပါသည်။ ကျွန်မ၏ဆန္ဒနှင့် ဘုန်းဘုန်းသီတဂူစတား၏ အားပေးမှုတို့ကြောင့် မွေးနေ့ပူဇာပို့စ်ကို ရေးသားပူဇော်ခွင့် ရလိုက်သည်အတွက် အထူး ပီတိဖြစ်မိသည်။

ဓမ္မကထိက ဦးဇင်းလေး

ငယ်စဉ် ကလေးဘ၀တုန်းက အသံကြည်လင်ပြတ်သားပြီး တရားဟော အလွန့်အလွန်ကောင်းသော ဦးဇင်းတစ်ပါးရဲ့ တရားခွေကို အဖေနဲ့အမေတို့သည် နာကြားလိုက်ရသည်ဆိုလျှင်ဘဲ အသံရှင် ဦးဇင်းလေးကို ကိုယ်တိုင်ဖူးမျှော်လိုသည်။ လိုက်လံရှာဖွေ ကိုးကွယ်ခဲ့ကြသည်။ ကျွန်မရဲ့ အဖေနဲ့အမေတို့က တရားခွေကိုနာကြားရပြီး အသံကိုသာကြားကြရပြီး အသံရှင်ကို အရမ်းကြည်ညိုသောကြောင့် အသံရှင်ကိုလိုက်လံ စုံစမ်းမေးမြန်းသောအခါ ဘယ်သူမှ မသိကြဘဲ နောင် (၆) လခန့်ကြာသောအခါ တရားအသံရှင် ဦးဇင်းလေးကို ကင်းဘဲလ်လမ်း (ငါးထပ်ကြီး သုရားလမ်း) ရှိ ထူးကြီးဆရာတော်ကျောင်းတွင် ဖူးမျှော်ခွင့်ရသည်။ အသံရှင် ဦးဇင်းလေးသည် ထိုကျောင်းတိုက်တွင် ခေတ္တ သီတင်းသုံးနေသည်။ တွေ့ချင် ဖူးမျှော်ချင်သောကြောင့် လိုက်လံရှာဖွေကြရသည်။ တည်းခိုသည့် ကျောင်းကိုတွေ့တော့မှ ကျွန်မတို့မိသားစုတွေ အရမ်းဝမ်းသာသွားကြပြီး အသံရှင်ဦးဇင်းကို ဖူးမျှော်ကန်တော့ရန် ကျောင်းအတွင်းသို့ ၀င်သွားလိုက်သောအခါ အသံရှင်ဦးဇင်းလေးက ငါးထပ်ကြီးဘုရားကို ဘုရားဖူးရန်ကြွသွားနေသည်။ အချိန်ကြာအောင် စောင့်ရလိမ့်မယ်ဟု လူတစ်ယောက်က ပြောသည်။ ကျွန်မတို့ မိသားစုကလဲ အချိန်ဘယ်လောက်စောင့်ရ စောင့်ရ စောင့်မည်။ အသံရှင်ဦးဇင်းကို မဖူးမရခြင်း မပြန်ဘူးဆိုတဲ့ ဇွဲလေးနဲ့ စောင့်နေကြသည်။ တစ်နာရီကျော်ကျော်ကြာတော့ အရပ်ရှည်ရှည် အသားခပ်လတ်လတ် နဲ့ မျက်နှာကြည်လင်လင် ဥပဓိရုပ်ကောင်းကောင်း အသံရှင်ကိုယ်တော်ချောကို ဖူးတွေ့ခွင့်ရလိုက်သည်။ ကျွန်မတို့အားလုံးရဲ့ ရင်ထဲမှာ ပီတိတွေဖြစ်ကာ မိသားစု သုံးယောက်လုံး အရမ်းပျော်သွားသည်။ ဦးဇင်းလေးရဲ့ ဘွဲ့ကိုမေးကြည့်လိုက်တော့ အရှင်ဥာဏိဿရတဲ့။ ယခုအခါ သဲကုန်းဆရာတော်ဟူ၍၎င်း၊ သပိတ်အိုင်တောရဆရာတော်ဟူ၍၎င်း၊ နောက်ပိုင်းတွင် ကမ္ဘာ့သာသနာပြု သီတဂူဆရာတော်ဟူ၍၎င်း ထင်ရှား ကျော်ကြားကာ ပြည်တွင်းပြည်ပ တက္ကသိုလ်များမှ ချီးမြင့်သော ဒေါက်တာဘွဲ့များနှင့် ဒေါက်တာ အရှင်ဥာဏိဿရ ဟု လူအသိများလာသည်။

ဆရာတော်၏တပည့် ဖြစ်ခွင့်ရ

ကျွန်မတို့ မိသားစုက သီတဂူဆရာတော်ရယ်လို့ နာမည်မရှိသေးခင်ကထဲက သဲကုန်း သပိတ်အိုင် ဆရာတော်ရဲ့ ဟောပြီး ထွက်သမျှသော တရားခွေများကို ၀ယ်ယူကာ တရားဓမ္မဒါန ပြုလုပ် ကုသိုလ် ယူခဲ့ပါသည်။ ဆရာတော်၏တရားပွဲရှိသည့် နေရာများကိုလဲ လိုက်လံနာယူကြပါသည်။ ကျွန်မတို့ရပ်ကွက် တရားပွဲများကိုလည်း အဖေအမေတို့မှ ဦးဆောင်ကျင်းပလေ့ရှိသည်။ ဆရာတော်၏ဓမ္မပူဇာအတွက်လည်း ကျွန်မတို့မိသားစုက ဓမ္မဒါနကုသိုလ်အမြဲယူခဲ့ကြသည်။ နောက်ပိုင်းတွင် ဆရာတော်နှင့်တွေ့ပါများ၊ ဆရာတော်၏ ရေအလှူတော် ဆေးအလှူတော်များကို တစ်ဖက်တစ်လှမ်းမှ ကိုယ်နိုင်သမျှ လှူဒါန်းရင်း ဆရာတော်၏ တပည့်အရင်း ဒကာအရင်းတွေဖြစ်လာကြသည်။

ရေအလှူတော်စတင်

ဆရာတော်ကြီးသည် မလွန်ဆန်လှူအသင်းအတွက် နေ့မအား ညမနား နယ်တကာ ခြေဆန့်ပြီး လှေတစ်တန် လှည်းတစ်ဖုံ ဆိုက်ကားတစ်မျိုး ယာဉ်အမျိုးမျိုးစီးကာ တရားဟောရင်း စစ်ကိုင်းတောင်ရိုး သဒ္ဒမ္မသီတဂူချောင်ကို စတင်တည်ထောင်ပြီး ထိုချောင်မှာပဲ သီတင်းသုံးနေခဲ့သည်။ မိုးရေကိုသာ အားထားသုံးနေကြရတဲ့ အညာနွေပူပူမှာ ရေ အခက်အခဲနဲ့ ရင်ဆိုင်နေကြတဲ့ တောင်တန်းပျော် သူတော်စင်တွေအတွက် ရေအခက်အခဲလေးကို ဖြေရှင်းနိုင်ရန် ‘‘တောင်စစ်ကိုင်း ချောင်တိုင်းဝေမယ်’’ ဆိုတဲ့ သံန္နိဋ္ဌာန်နဲ့ သီတဂူရေအလှူစီမံကိန်းကြီးကို စတင်ကာ အကောင်အထည်ဖေါ်ခဲ့သည်။

ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ညှိနှိုင်း တိုင်ပင်ပြီး ဧရာဝတီမြစ်ကြီးမှ မြစ်ရေများကို ရေစုပ်စက်ကြီးများနှင့် စုပ်ယူကာ တောင်ရိုးတွေပေါ်တွင် တည်ဆောက်ထားသော ရေလှောင်ကန်ကြီးများသို့ ပို့ပြီး ထိုမှတဆင့် သူတော်စင်များနေထိုင်ရာ ချောင်များသို့ ရေကုသိုလ်ပြုနိုင်ခဲ့ကြပါသည်။ ထိုနေ့မှ စ၍ သူတော်သူ့မြတ်တို့ နေရာ စစ်ကိုင်းတောင်ကြီးသည်လည်း စိမ်းလန်းစိုပြည်လာသည်၊ သူတော်စင်များလဲ မိုးဘယ်လောက် ခေါင်ခေါင် မမှုတော့ပေ၊ မပူပင်ရတော့ပေ။ (ယခုအခါ သောက်ရေသန့်စက်ကြီးများဖြင့် ရေသန့်ကာ စစ်ကိုင်းတောင်ပျော် သူတော်စင်တို့သည် ရေသန့်ကို သုံးနိုင်တော့သည်။)

ထိုကဲ့သို့ စိမံကိန်းကြီး များလည်ပတ်နိုင်အောင် ဆရာတော်သည် နေ့ညမနားဘဲ စေတနာရှင်တို့ ရှိရာ ပြည်တွင်းပြည်ပ နေရာအနံ့အပြား အရောက်သွားကာ ရှာရဖွေရသည်။ ကျွန်မ သိသလောက်ဆိုရင်ဘဲ တစ်နေ့လျှင် တခါတရံ ညပွဲ၊ တခါတရံ ဆည်းဆာပွဲနှင့် ညပွဲ၊ တစ်ခါတရံဆို နေ့ပွဲပါသဖြင့် သုံးပွဲ လောက် ဟောရပြောရသည်။ ယခုလို အသက်အရွယ်နှင့်မမျှ အလုပ်လုပ်နေသည်မှာ တကယ့်ကို ကြည်ညိုလေးစားရပါတယ်။ ဤကဲ့သို့သာသနာပြုလုပ်ငန်းတွေ အောင်မြင်နေခြင်းသည် ကြိုးစားခြင်း ရိုးသားခြင်း၊ မှန်ကန်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုလျင် ဘယ်သူမှ မငြင်းနိုင်ပါဘူးရှင်။

ဆေးရုံစတင်

စီမံကိန်းတစ်ခု အထိုင်ကျသွားပြီနောက်မကြာမီမှာပင် စီမံကိန်းအသစ်တစ်ခုကိုလဲ စတင်လိုက်ပါသည်။ ‘‘သူအိုသူနာများကို စောင့်ရှောက်ခြင်းသည် ငါ့ဘုရားကိုလည်း စောင့်ရှောက်ရာရောက်၏’’ ဟူသော မြတ်ဗုဒ္ဓ၏စကားတော်အရ သီတဂူအာယုဒါနဆေးရုံတော် စီမံကိန်းကြီးကို အကောင်အထည်ဖေါ်သည်။ ထိုဆေးရုံတော်ကြီးက သာသနာ့နွယ်ဝင် ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် ဖိုးသူတော် ယောဂီသူတော်စင်များကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများပေးသည်။ လူဝတ်ကြောင်တို့ထံမှရရှိသော ဆေးကုသစရိတ်များသည် ထိုရဟန်းသာမဏေ သီလရှင် ယောဂီတို့၏ ဆေးအလှူဖြစ်သွားသည်။

တိုးချဲ့ဆေးရုံများ

ယ္ခုအခါတွင် မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသ အသီးသီးတွင် သီတဂူစက္ခူဒါနှင့် အာရောဂျဒါန ဆေးရုံ ၁၁ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိနေသေးသော ဆေးရုံ ၇ ခုကို တည်ဆောက်ဆဲဖြစ်သည်။ ထိုဆေးရုံများမှ ပြည်တွင်ပြည်ပရှိ ဆရာဝန်ကြီးများက မျက်စိဝေဒနာရှင် ထောင်ပေါင်းများစွာကိုလဲ မျက်စိအလင်း ပေးပြီး အသက်များစွာကိုလည်း ကယ်တင်နိုင်ခဲ့သည်။ သီတဂူအာယုဒါနဆေးရုံမှ နွေးထွေးစွာ ပြုစု ကုသပေးမှု့ကြောင့် တောင်ရိုးတခွင် ဓူရနှစ်ဖြာ သာသနာ့တာဝန်တွေကို ထမ်းဆောင်နေကြသော သူတော်စင်တို့ ကျန်းမာပျော်ရွှင်စွာ လုပ်ဆောင်နိုင်နေကြပါသည်။

အော်စတင်ကသီတဂူ

ထို့အပြင် ဆရာတော်သည် ပြည်ပသာသနာပြု လုပ်ငန်းအနေဖြင့် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့တွင် သီတဂူဗုဒ္ဓ၀ိဟာရကျောင်းကို တည်ထောင်ထားပါသည်။ ပြည်ပနိုင်ငံများတွင် ဗုဒ္ဓသာသနာ ထွန်းကားစေရန် ရည်သန်လျက် ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့စည်းကို ထိုဒေသမှာပင် တည်ထောင်ထားသည်။ ထိုကျောင်းတော်အတွင်း မြန်မာ့ရှေးဟောင်းလက်ရာ ရွှေစည်းခုံစေတီပုံတူကို တည်ထားကိုးကွယ်ရန် ယခုခါ အတော်အတန် ပြီးစီးနေပါသည်။

အဆင်မြင့်တက္ကသိုလ်များ

ဆရာတော်ကြီးသည် ဗုဒ္ဓသာသနာတော်ကို ကမ္ဘာသို့ ပြန့်စေရန်မှာ ရှေးဟောင်းမပျက်သော ခေတ်နှင့်လျော်ညီသော ပညာရေးသည် အခိုင်အမာ ဖြစ်ဖို့လိုအပ်သည်ဟု ယူဆကာ သီတဂူကမ္ဘာ့ဗူဒ္ဓ တက္ကသိုလ်ကြီးကို စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေးတို့တွင် နိုင်ငံတကာတက္ကသိုလ် အင်္ဂါရပ်များနှင့်အညီ တည်ဆောက်ထားသည်။ ထိုတက္ကသိုလ်ကြီးများက ဒီပလိုမာ ကျောင်းသား ဘီအေနှင့် အမ်အေ အောင် ကျောင်းသား ရဟန်း၊ သီလရှင် များစွာကိုလဲ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ မိမိတက္ကသိုလ်ကြီးတွင်အခိုင်အမာ ရပ်တည်နိုင်ရန် အလွန်တော်သည့် တပည့်များကို ရွေးချယ်ကာ အိန္ဒိယနိုင်ငံရှိ ပူနေးတက္ကသိုလ်၊ ဟိုက်ဒရာဘက်တက္ကသိုလ်၊ ဒေလီတက္ကသိုလ်၊ ဘုံဘေတက္ကသိုလ်၊ ပန်ဂျပ်တက္ကသိုလ်၊ ဟိန္ဒူဗာရာဏသီတက္ကသိုလ်၊ နာဂဇုနတက္ကသိုလ်နှင့် အခြားတက္ကသိုလ်များ။ အမေရိကန်နိုင်ငံ ဟာဝိုင်ယီတက္ကသိုလ်၊ အင်္ဂလန်တက္ကသိုလ်၊ ထိုင်းနိုင်ငံ Assumption တက္ကသိုလ် နှင့်အခြားနိုင်ငံများရှိ တက္ကသိုလ်များသို့ စေလွတ်ကာ အမ်အေဘွဲ့နှင့် ဒေါက်တာဘွဲ့များကို ရယူစေခဲ့သည်။ ထိုတက္ကသိုလ်ကြီးများမှ ဌာနမှူးများက ဆရာတော်ကြီးကို ရံဖန်ရံခါ Lecture များပေးရန် ပင့်ဖိတ်သဖြင့် ကြွခဲ့ရသည်။ စာပေများကို ဆရာတော် ကိုယ်တိုင် အားလပ်ချိန်များတွင် ပြည်တွင်း/ပ တပည့်ရဟန်းများကို မမောနိုင်မပန်းနိုင် ပို့ချပေးပါသည်။ ရခဲတဲ့ လူ့ဘ၀မှာ အချိန်ကို တန်ဘိုးရှိရှိ အသုံးချတဲ့ ဆရာတော်ရဲ့ ပင်ကိုအလေ့ကျင့်လေးများကို ကြည်ညိုလို့ မဆုံးဖြစ်ရပါသည်။

နိုင်ငံတကာ ၀ိပဿနာဌာနကြီး

လူ့လောကကြီးတွင် ချမ်းသာခြင်းအစစ်ကို လူသားတိုင်း လိုချင်ကြသည် ရှာဖွေနေကြပါသည်။ ထိုချမ်းသာအစစ်ကို ရနိုင်တဲ့နည်းလမ်းသည် ၀ိပဿနာကမ္မဌာန်း အားထုတ်ခြင်းဖြစ်ပါသည်။ ထို စိတ်ချမ်းသာမှု့တွေကိုပေးနိုင်တဲ့ တရားလိုလားကြတဲ့ ချမ်းသာအစစ်ကို ရှာဖွေနေကြတဲ့ သူတွေအတွက် အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာကမ္မဌာန်းဌာနကြီးကို ဖွင့်လှစ်နိုင်ရန် အင်တိုက်အားတိုက် စတင်အကောင်အထည်ဖော်နေပါသည်။ ထိုဌာနကြီးသည် စစ်ကိုင်းတောင်တွင် တည်ရှိသည်။ ဆရာတော်၏ မေတ္တာ ကရုဏာ ဥာဏ်အမျှော်အမြင်ကြီးမားစွာ လုပ်ဆောင်နေသော သာသနာပြုလုပ်ငန်းတစ်ခုဖြစ်ပါသည်။

လူမှုရေးများ

၂၀၀၈နှစ် မေလတွင် အောက်မြန်မာပြည်ဘက် ဧရာဝတီတိုင်းတွင် နာဂတ်စ် မုန်တိုင်းတိုက်ခတ် မှု့ကြောင့် သိန်းနဲ့ချီသော လူအသက်တွေ ဆုံးရှုံးခဲ့ရသည်။ အသက်ရှင် ကျန်ရစ်သောလူသန်းပေါင်းများစွာ မိမဲ့ ဖမဲ့ ဖြစ်ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဆရာတော်ကြီးဦးဆောင်မှုဖြင့် သီတဂူသာသနာပြုအဖွဲ့ဝင်အားလုံးက ထိုဒေသသို့ သွားရောက်ကာ ကယ်ဆယ်ရေးများကို တိကျ မှန်ကန် ထိရောက်စွာ ကယ်တင်စောင့်ရှောက်နိုင်ခဲ့ကြသည်။ ဆရာတော်ကြီးသည် ပြည်တွင်းပြည်ပ တပည့် ဒကာ/ဒကာမများရဲ့ လှူဒါန်းမှု့တွေကို စနစ်တကျ စုစည်းသည်။ ၈.၈ ဘီလျံကျော်သော အလှူငွေများနှင့် အ၀တ်အထည်အမျိုးမျိုးနှင့် စားစရာများစွာကို လှူဒါန်းနိုင်ခဲ့သည်။

ဆရာတော်ကြီးသည် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ နေရာဒေသတွေဆီသို့ လှေငယ်၊ သင်္ဘော၊ ထော်လာဂျီတွေနဲ့ မိုးထဲ လေထဲ ချောင်းတွေ မြောင်းတွေကို ကျော်ဖြတ်ပြီး ကိုယ်တိုင်သွားရောက်ခဲ့သည်။ ဆရာတော်ကြီးသည် မိမိ၏ခန္ဓာကို မငဲ့ကွက် မိမိ၏ အသက်အရွယ်ကို မေ့ကာ လူမှူ့ရေး လုပ်ငန်းတွေကို အင်တိုက် အားတိုက် လုပ်ဆောင်နေတာကို ကျွန်မတို့ မျက်မြင် ကိုယ်တွေ့ဖြစ်ပါသည်။ ကျွန်မတို့ကိုယ်တိုင် ဆရာတော်ကြီးနှင့်အတူလိုက်ပါပြီး ဆရာတော်ကြီး၏ မျိုးချစ်ပြည်ချစ် ဘာသာချစ်စိတ်တွေကို တွေ့လိုက်ရတော့ ကျွန်မ အတွေးတစ်ခုဝင်လာသည်။ ဘာလဲဆိုတော့ ဆရာတော်ကြီးက ပြည်တွင်း ပြည်ပ မြို့ကြီးပြကြီးတွေမှာ နောက်ဆုံးပေါ် ပါဂျဲဒိုး၊ လင့်ခရိုဇာကားကြီးတွေစီးပြီး ဇိမ်နဲ့ နေနိုင်ရဲ့သားနဲ့ အခုလိုဆင်းရဲတဲ့နေရာတွေဆီကို ကိုယ်တိုင်သွားရောက်ကာ မေတ္တာ ကရုဏာတွေ ပေးနေတဲ့အကြောင်း တွေးမိလေလေ ပိုပြီးပိုပြီး တိုးကာတိုးကာကြည်ညိုမိပါတော့သည်။

နိဗ္ဗာန်မလိုချင်သော ဆရာတော်

ငါ နိဗ္ဗာန်မရောက်ချင်သေးဘူး ငါ့လုပ်ငန်းတွေ မပြီးသေးဘူးဟု မကြာမကြာ မိန့်လေရှိသည်။ ဆရာတော်ကြီးက နိဗ္ဗာန်ရောက်ဖို့ထက် ဒုက္ခရောက်နေသူကို ကယ်တင်စောင့်ရှောက်ခြင်း ဆိုတဲ့ မေတ္တာ၊ကရုဏာ စိတ်တွေနဲ့ သာသနာပြု လုပ်ငန်းတွေကို အသက်ရှင်နေသ၍ လုပ်ဆောင်ချင်သေးတယ်လို့ဆိုပါတယ်။ ကျွန်မတို့မိသားစုကလဲ ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်း လုပ်ငန်းတွေမှာ တစ်တတ်တစ်အား ပါဝင်ပြီး ကုသိုလ်ယူနိုင်ရပါ လို၏လို့ အမြဲ ဆုတောင်းနေရပါသည်။

ကျွန်မမှတ်မိနေသော ဦးဇင်းလေးက ယခုဆို ကမ္ဘာသိဆရာတော်ကြီးတစ်ပါးဖြစ်နေပါပြီ။ သူ၏ သာသနာပြုစိတ်ဓာတ်နှင့် သာသနာပြု လုပ်ငန်းတွေကတော့ အလွန်ကြီးကျယ် ခန်းနားလှပါတယ်။ နာမည်မကျော်ကြားခင် ဦးဇင်းလေးဘ၀ကထဲက ကြည်ညိုခဲ့ရသော ဆရာတော်ကြီးသည် ယခုနှစ်ဆို ၇၄ နှစ်တောင်ပြည့်ပါပြီ။ တပေါင်းလပြည့်နေ့တွင်ကျရောက်မည့် ကျေးဇူးရှင် ကျွန်မမှတ်မိနေသော ဦးဇင်းလေးမှ သည်--သီတဂူဆရာတော်ကြီးရဲ့ သက်တော်(၇၄) နှစ်ပြည့် မွေးနေ့ရက်မြတ်တွင် ဤပို့စ်ဖြင် ပူဇော်ကန်တော့လိုက်ပါသည်ဘုရား။

ကျေးဇူးရှင်ဆရာတော် အသက်ရာကျော်ရှည်ပြီး ပြည်တွင်းပြည်ပ သာသနာပြု လုပ်ငန်းတွေကို ဆထက်တပိုး ထမ်းဆောင်နိုင်တဲ့ ကျန်းမာ သက်တော်ရှည် ဆရာတော်ကြီး ဖြစ်ပါစေလို့ အကြိမ်ကြိမ် ဆုတောင်းနေမိ ပါတော့သတည်း။။။။။။။။

ဤပို့စ်ဖြင့် ကျေးဇူးရှင်သီတဂူဆရာတော်ကြီး၏ (၇၄)နှစ်ပြည့် မွေးနေ့ပူဇာအဖြစ် ပူဇော်ပါသည်။


သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ပန်းစပယ်(လှဆန်းယဉ်

xxxxxxxxxxxxxxxxx

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၂-၂၀၁၁

21 February 2011

ကြီးကျယ်ခမ်းနားသော မွေးနေ့



၁၃၇၂ နှစ် တပေါင်းလပြည့် (၁၉-၃-၂၀၁၁) နေ့ သည် သီတဂူဆရာတော်ကြီး၏ သက်တော် (၇၄) ပြည့်ဖြစ်သည်။ ထိုနေ့ကို နှစ်စဉ်နှစ်တိုင်း ပြည်တွင်းပြည်ပ အနယ်အနယ် အရပ်အရပ်ရှိ သီတဂူတပည့်များကား စည်းကားသိုက်မြိုက်စွာ ပူဇော်ကြသည်။ ယခုနှစ်မှာလည်း အလွန်ကြီးကျယ်သော အလှူဒါနပွဲကြီးများ ပြုလုပ်ကာ ဆရာတော်ကြီး၏မွေးနေ့ပွဲကို ပါဝင် ပူဇော်ကြမည်။ ဆရာတော်ကြီးသည် အလှူဒါပြုရာဝယ် မွေ့လျော်သူဖြစ်ရာကား တပည့်များကလည်း ဆရာတော်ကြီးအကြိုက်ကိုသိသည့်အားလျော်စွာ အောက်ပါ အလှူဒါန အမျိုးမျိုးပြုလုပ်ကာ ပူဇော်ကြမည်ဖြစ်သည်။

လှူဒါန်းမှုအစီအစဉ်များ

၁။ တပေါင်းလ္ဆန်း( ၁၃)ရက် ( ၁၇-၃-၂၀၁၁)

နံနက် ၅ နာရီအချိန်မှစ၍ သီလရှင် (၁၀၀၀) ကျော်တို့အား မုန့်ဟင်းခါးကျွေးမွေးပြီး အ၀တ်စုံများနှင့် လှူဖွယ်များ လှူဒါန်းမည်။

ထိုလှူဒါန်းစဉ် အဆိုတော် ဒေါ်ရီရီသန့်နှင့်အဖွဲ့က ဓမ္မဂီတဖြင့် သီဆိုပူဇော်မည်။

ထိုနေ့အလှူရှင်များ

နံနက်မုံ့ဟင်းခါးကို ဗိုလ်စိန်မှန်သီတဂူအထောက်ကူပြုအဖွဲ့ ရန်ကုန်မှ လှူဒါန်း။
နေ့ဆွမ်းကို ကျည်တောက်ပေါက်ကျေးရွာ သီတဂူအထောက်ကူပြုအဖွဲ့ စဉ့်ကူး၊ မန္တလေးမှလှူဒါန်း။
သီလရှင်အ၀တ်စုံ (၁၀၀၀) ကို ကျောင်းအမကြီး သီတဂူဒေါ်ညွန့်ညွန့်အေး မန္တလေးမှ လှူဒါန်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၂။ တပေါင်းလ္ဆန်း( ၁၄)ရက် ( ၁၈-၃-၂၀၁၁)

နံနက် ၅ နာရီအချိန်မှစ၍ ပင့်သံဃာ (၁၂၀၀) တို့အား သင်္ကန်း၊ သပိတ်၊ ဆွမ်းဟင်းအပြည့်စုံနှင့် အခြားလှူဖွယ်မျိုးစုံတို့ကို လှူဒါန်းမည်။

ထိုလှူဒါန်းစဉ် အဆိုတော် ဒေါ်ရီရီသန့်နှင့်အဖွဲ့က ဓမ္မဂီတဖြင့် သီဆိုပူဇော်မည်။

ထိုနေ့အလှူရှင်များ

နံနက်အရုဏ် ရွှေတောင်ခေါက်ဆွဲဆွမ်းကို သီတဂူဦးဟန်နှင့် သီတဂူဒေါက်တာမြတ်သူ ရန်ကုန်မှ လှူဒါန်း။
နေ့ဆွမ်းကို ဦးဆန်းဝင်းအောင်+ဒေါ်လှလှဝင်း ကျောက်ပန်းတောင်း၊ မန္တလေးမှလှူဒါန်း။
သင်္ကန်းအစုံ (၁၂၀၀) ကို သီတဂူဆရာတော်ကြီးကလှူဒါန်း။
သပိတ်အလုံး (၁၂၀၀)ကို မန္တလေးသီတဂူကျောင်းအမများက လှူဒါန်း။
ငါးသလောက်များကို (ဦးတီတိုး)+ ဒေါ်နန်းအိစံ မိသားစု ရန်ကုန်မှ လှူဒါန်း။
ဘဲဥအလှူများကို သနပ္ပင်မြို့ သီတဂူတပည့်များက လှူဒါန်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၃။ တပေါင်းလ္ဆန်း( ၁၅)ရက် ( ၁၉-၃-၂၀၁၁) လပြည့်နေ့

နံနက် ၅ နာရီအချိန်မှစ၍ ဆွမ်းဦးပုညရှင်စေတီတော်ရင်ပြင်တော်တွင် ပင့်သံဃာ (၅၀၀)တို့အား သပိတ် သင်္ကန်း ဆွမ်းဘောဇဉ်တို့ဖြင့် ဆွမ်းကြီးလောင်းလှူခြင်း။ ကြွရောက်လာသော ပရိသတ်အားလုံးကို ခိုတောင်မုံ့တီဖြင့် ကျွေးမွေးပြုစုမည်။

ထိုလှူဒါန်းစဉ် အဆိုတော် ဒေါ်ရီရီသန့်နှင့်အဖွဲ့က ဓမ္မဂီတဖြင့် သီဆိုပူဇော်မည်။

ထိုနေ့အလှူရှင်များ

အရုဏ်ခိုတောင်မုံ့တီဆွမ်းကို သီတဂူဦးကံတင်+ဒေါ်ဋ္ဌေးဋ္ဌေးမိသားစု မန္တလေးမှ လှူဒါန်း။
နေ့ဆွမ်းကို ဦးတင်းထွန်း+ဒေါ်မော် မိသားစု မြေနဲရွာ၊ မုံရွာ၊ စစ်ကိုင်းမှ လှူဒါန်း။
သင်္ကန်းအစုံ (၅၀၀) ကို သီတဂူဦးတင်ဦး+ဒေါ်လှလှမြင့် (ရွှေစင်ရတနာရွှေဆိုင်) မိသားစု ရန်ကုန်မှ လှူဒါန်း။

စာတုဒိသာအလှူ

၁။ အရပ် လေး မျက်နှာမှ ကြွရောက်လာသော ပရိသတ်အပေါင်းတို့အား စတော်ဘယ်ရီဖာလူဒါ ကို ကျောင်းအမ သီတဂူဒေါ်ညွန့်ညွှန့်အေး မန္တလေးမှ လှူဒါန်း။
၂။ မုန့်ပြားသလပ်များကို မန္တလေးကျောင်းအမများက လှူဒါန်းကြမည်။
၃။ ဘူးသီးကြော်များကို ဘိုကလေးမြို့မှ သီတဂူတပည့်များက ကျွေးမွေးမည်။
၎။ ထန်းသီးမုန့်များကို ရေစကြိုမြို့မှ သီတဂူတပည့်များက ကျွေးမွေးကြမည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဖျော်ဖြေရေးအစီအစဉ်များ

၁။ နေ့စဉ်နံနက်တိုင်း သီတဂူဂီတဉ္ဇလီအဖွဲ့မှ ဓမ္မတေးများဖြင့် သီဆိုပူဇော်ကြပါမည်။
၃။ တပေါင်းလ္ဆန်း( ၁၄)ရက် ( ၁၈-၃-၂၀၁၁) ညတွင် မြို့မတေးဂီတအဖွဲ့က ဇေယျာကွက်သစ် အားကစားကွင်း၌ ဓမ္မတေးများဖြင့် အထူးဖျော်ဖြေမည်။
၂။ တပေါင်းလ္ဆန်း( ၁၅)ရက် ( ၁၉-၃-၂၀၁၁) ညတွင် သီတဂူဂီတဉ္ဇလီအဖွဲ့မှ ဓမ္မတေးများဖြင့် အထူး သီဆိုပူဇော်ကြပါမည်။ (ဇေယျာကွက်သစ် အားကစားကွင်း)

အားလုံးအားလုံးသော သီတဂူချစ်ခင် ဓမ္မမိတ်အပေါင်းတို့---- သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်းသို့ ထိုနေ့ ထိုနေရာမှာ ထိုအလှူပွဲကြီးမှာ အတူစုံပြီး ထိုထိုသော စားဖွယ်သောက်ဖွယ်များနှင့် ဖျော်ဖြေရေးများဖြင့် ဧည့်ခံပြုစုမှာ ဖြစ်လို့ ကြွရောက်အားပေးကြပါလို့ ဖိတ်မန်လိုက်ပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၂-၂၀၁၁



19 February 2011

ထူးခြားတဲ့အိမ်တက်မင်္ဂလာ

၁၃၃၇ ခုနှစ် သပိတ်အိုင်တောရဆောက်တည်စဉ်က သီတဂူဆရာတော်
အလှူရှင်၏ အိမ်အသစ်နှင့် အဆိုအမိန့်များ

ဒီပို့စ်လေးက အိမ်တက်ဆိုတော့ မထူးဆန်းဘူးဟု ထင်ရပေမဲ့ တကယ်ထူးဆန်းသည့် အိမ်တက်အကြောင်းလေးဖြစ်ပါသည်။ အထူးသဖြင့် လက်ကမ်းစာစောင်လေးမှာ ပါသည့် ဆုံးမစာတွေက မှတ်လောက် သားလောက်သည့် ပြောင်မြောက်သော အတွေးခေါ်များဖြစ်၍ ဝေငှလိုသောဆန္ဒဖြင့် တင်လိုက်ရပါသည်။

ဒီကနေ့ တပိုတွဲလပြည့်ကျော် (၁) ရက်နေ့ (၁၉-၂-၂၀၁၁) သီတဂူ ဦးသန်းလွင်+ဒေါ်ခင်သိန်းမိသားစုတို့က မိမိတို့၏ အိမ်အသစ်ဆောက်လုပ်ပြီး အထိမ်းအမှတ်အဖြစ် အိမ်တက်မင်္ဂလာပြုလုပ်သည်။

အစီအစဉ်များ

၁။ နံက်စောစော ပင့်သံဃာများက အိမ်အသစ်တွင် တည်ထားကိုးကွယ်ထားသော မြတ်ဗုဒ္ဓရုပ်ပွားတော်အား ဗုဒ္ဓါဘိသေက (အနေကဇာ)တင်မင်္ဂလာပြုလုပ်သည်၊ ပရိသတ်များက ပရိတ်တရားတော်များ နာယူကြသည်။
၂။ အိမ်အသစ်တက်မင်္ဂလာကို အကြောင်းပြုပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အလှူတော်အတွက် ကျပ် ၅၀၀,၀၀၀၀၀ (သိန်းငါးရာ) တို့ကို ရက်ရက်ရောရော စွန့်လွတ်လှူဒါန်းခြင်း။
၃။ သီတဂူဆရာတော်ကြီးနှင့် တပည့် ၁၀ ပါးတို့အား မိမိတို့ အိမ်အသစ်၌ ပင့်ဖိတ်၍ မွန်မြတ်သော ဆွမ်း ခဲဖွယ်တို့ဖြင့် ဆက်ကပ်ခြင်း၊ ပင့် သံဃာ ၁၀ ပါးတို့အား တပါးလျင် ၁၀၀၀၀၀ (တစ်သိန်း)ကျပ်စီ လှူဒါန်းခြင်းများ ပြုလုပ်သည်။
၎။ ဖိတ်မန္တကပြုထားသော ဧည့်ပရိသတ်အပေါင်းတို့အား ရွှေတောင်ခေါက်ဆွဲဖြင့် ကျွေးမွေးဧည့်ခံကြသည်။

ထူးဆန်းသော ဖိတ်စာ

အိမ်အသစ်ကြီးက လှပထယ်ဝါသည်။ ကျက်သရေရှိသော ဘုရားခန်းနှင့် လှပသော လူနေခန်း ဧည့်ခန်းများနှင့် နားနေခန်းများဖြင့် တန်ဆာဆင်ထားသည်။ ထိုအိမ်တက်မင်္ဂလာအတွက် ဖိတ်စာကလေးတစ်ခု ရရှိသည်၊ အလွန်လှပပြီး သက်သက်ရပ်ရပ် ရှိသည်။ ၁၃၃၇ ခုနှစ် သပိတ်အိုင်တောရ တောရဆောက်တည်စဉ်က သီတဂူဆရာတော်ကြီး၏ အမှတ်တရဓာတ်ပုံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ ဘွဲ့နှင်းသဘင်ခန်းမဆောင်ပုံ၊ အလှူရှင်၏ အိမ်အသစ်ပုံများပါပြီး သီတဂူဆရာတော်ကြီး၏ ပြောင်မြောက်သော မှတ်သားစရာ ဆုံးမစာများဖြင့် ဝေေ၀ဆာဆာ တံဆာဆင်ထားသည်မှာ ပသာဒဖြစ်လှသည်၊ အဓိပ္ပါယ်ရှိလှသည်။ ထိုဆုံးမစာများကို ဖော်ပြလိုက်ပါသည်။

ဆုံမစာများ (ဖိတ်စာရှိ)

၁။ ကောင်းသောဘဝ

ကောင်းမှု မကောင်းမှုကို သိတတ်သောဘ၀။
ကောင်းမှုသည် ကောင်းကျိုးပေးတတ်၏။
မကောင်းမှုသည် မကောင်းကျိုးပေးသည်ဟု
သိတတ်သောဘ၀။
သူတပါးအား ဒုက္ခမပေးတတ်။
သူတပါးတို့၏ ကောင်းကျိုးကိုသာ ဆောင်ရွက်လိုစိတ်ရှိသော ဘ၀သည်
ဘ၀ကောင်း တစ်ခုဖြစ်သည်။

၂။ ဘ၀ကောင်းကို မြင့်တင်

လက်ရှိရထားသော ဘ၀ကောင်းဟု
ယုံကြည်လျှင် ဘ၀ကောင်းတစ်ခု
မပျက်စီးရအောင် ကောင်းမှုကို ဆက်လက်လုပ်ပါ။
ကောင်းမှုအရှိန်အဟုန်ရှိနေမှ ဘ၀ကောင်းတစ်ခု ခိုင်မြဲမည်။
ထို့ပြင် ဘ၀တစ်ခုသည်
ကောင်းသည်ထက် ကောင်း၍
တိုးတက်ခြင်း မြင့်သည်ထက် မြင့်တက်ခြင်းတို့ကို
ရရှိကြမည်ဖြစ်သည်။

၃။ ဘ၀ကို ဖျက်ဆီးခြင်း

ကောင်းမှုပေါင်းများစွာတို့ဖြင့် တည်ဆောက်
ထားသော ဘ၀ကို မကောင်းမှုတစ်စုံတစ်ခုကို
ပြုခြင်းဖြင့် မပျက်စီးသင့်ပေ။
မိမိ၏ ဘ၀ကို ဖျက်စီးသူသည် မိမိ၏
မကောင်းမှုသာ ဖြစ်သည်။
-------------------------------------

*သံချေးသည် သံကိုဖျက်၏။
*၀ါးသီးသည် ၀ါးပင်ကို သတ်၏။
*ငှက်ပျောသီးသည် ငှက်ပျောပင်ကို သတ်၏။
ထို့ကြောင့် မိမိ၏ အမှု၊ အပြု၊ အပြော၊ အကြံ တို့ကို စစ်ဆေးပါ။ မိမိ၏ အမှု (ကောင်း+မကောင်း) မိမိ၏ မိတ်များ ရန်များပင် ဖြစ်ကုန်၏။

၎။ မြင့်မြတ်သော စိတ်နှင့် နေ့စဉ် ဆုတောင်းပါ

*မေတ္တာဟူသည် သူတပါး၏ကောင်းကျိုးကို ဆောင်လိုသောစိတ်။
ငါသည် သူတစ်ပါးတို့ကို ဒုက္ခမပေးပါရစေနှင့်။
သူတပါးတို့၏ အကျိုးစီးပွားကိုသာ ဆောင်ရွက်ပါစေဟု နေ့စဉ်ဆုတောင်းပါ။
* ကရုဏာဟူသည် သူတပါးတို့၏ ဒုက္ခကို ခံစားတတ်သော စိတ်။
သူတပါးဒုက္ခကို ပယ်ရှားပေးလိုသောစိတ်။
ငါသည် မည်သူ ဒုက္ခရောက်ရောက် သူ့ဒုက္ခကို ပယ်ဖျောက် စောင့်ရှောက်နိုင်ရပါလို၏ဟု နေ့စဉ် ဆုတောင်းပါ။
* မုဒိတာ ဟူသည် မိမိထက် စီးပွားဥစ္စာ၊ ရာထူး၊ အာဏာ ဂုဏ်ပါဝါ သာလွန်သော မည်သည့်ပုဂ္ဂိုလ်တို့ကိုမဆို မြင်လျှင်ကြားလျှင် ၀မ်းမြောက် ကျေနပ်သော စိတ်ဖြစ်သည်။ ထိုသူတို့ကို တုပပြိုင်မည့်အစား လက်တွဲဆောင်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
ငါသည် ငါ့ထက်သာလွန်သူတို့ကို မည်သည့်အခါမျှ တုပတိုက်ခိုက်ခြင်း မပြုပါရစေနှင့်။ ၀မ်းမြောက်စွာ လက်တွဲနိုင်ရပါလို၏ဟု ဆုတောင်းပါ။

၅။ ဥပေက္ခာဟူသည်

မြေကြီးနှင့်တူသော အကျင့်ဖြစ်သည်။
မြေပေါ်၌ နေ့စဉ်အညစ်အကြေးစွန့်ကြဲကုန်၏။
မြေကြီးသည် ဘယ်သောအခါမျှ စိတ်မပျက်။
No Depress, No Reject
ထိုသူတို့ပင် သစ်ပင် ပန်းပင် စိုက်၍ မြေကြီးကို အလှပြင်ကြကုန်၏။
မြေကြီးကား-မသာယာ၊ မမက်မော၊ မသိမ်းပိုက်။
Not Attach, No Accept
ငါသည်သာယာလှပခြင်းကိုလည်း မမက်မောပါရစေနှင့်။
ဆိုးသွမ်းယုတ်ညံ့သည်တို့ကို
စိတ်ပျက်ညည်းညူခြင်းမရှိပါရစေနှင့်။
ဤအစွန်းနှစ်ဖက်ကို လွတ်အောင် ရောက်ရပါလို၏ဟု
နေ့စဉ်ဆုတောင်းပါ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၉-၂-၂၀၁၁


16 February 2011

ဘုန်းဘုန်းထံ ပေးစာ (၉)




(ဒီစာလေးကတော့ သီတဂူဆရာတော်ကြီးနှင့်အတူ ပါသွားသော ကျောင်းအမတစ်ယောက်၏ ခရီးသွား မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ ထားဝယ်မြို့ သီတဂူအာရောဂျဒါနဆေးရုံ ဖွင့်ပွဲ အခမ်းအနားခရီးစဉ် မှတ်တမ်းဆိုလည်း မမှားပါဘူ။)

ဘုန်းဘုန်းဘုရား

အလွန်သာယာအေးမြတဲ့ ဆောင်းရာသီရဲ့ နေ့တစ်နေ့ဖြစ်ပါတယ်ဘုရား။ (၁၁-၂-၂၀၁၁) မနက်စောစော မင်္ဂလာဒုံလေဆိပ်တွင် အောက်မြန်မာပြည် သီတဂူသာသနာပြုအဖွဲ့ဝင်အချို့ စုရုံးရောက်ရှိနေကြပါသည်၊ သီတဂူဆရာတော်ဘုရားရဲ့ လမ်းညွှန်မှု့နဲ့ သီတဂူသာသနာပြုအဖွဲ့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု့ပတ်သက်ပြီး လူမှုရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ သီတဂူအာရောဂျဒါနဆေးရုံတော် ဖွင့်ပွဲကို သွားရောက်ရန် စုရုံးရောက်နေကြပါသည်ဘုရား။

သီတဂူဆရာတော်ကြီးအမှူးပြုသော သီတဂူသာသနာပြုအဖွဲ့ဝင်တချို့နှင့် ဘယ်လဂျီယန်မှ ဆရာဝန်ကြီးများ၊ အင်္ဂလန်မှ ဒေါက်တာ ဦးသိန်းမြင့်နှင့် ရန်ကုန်မှ မျက်စိအထူးကု ဆရာဝန်ကြီး ဦးမြအောင် ဦးဆောင်သော အဖွဲ့ဝင်တွေကတော့ (၁၀-၂-၂၀၁၁)နေ့ မနက်စောစော လေယာဉ်နဲ့ ထားဝယ်ကို ကြိုပြီးသွားရောက် ကြပါတယ်ဘုရား။

ဆရာတော်ကြီး၏ စစ်ကိုင်းသီတဂူ အာယုဒါနဆေးရုံမှ ဆေးရုံအုပ်ကြီးနဲ့ မျက်စိဌာန ဒုဆေးရုံအုပ် ဒေါက်တာဒေါ်မိမိခင်တို့ အဖွဲ့တွေကတော့ (၈-၂-၂၀၁၁)နေ့ထဲက ကြိုသွားရောက်ပြီး သီတဂူထားဝယ်ဆေးရုံမှာ ထားဝယ်ဒေသ အနီးအနားမှာရှိကြတဲ့ မျက်စိဝေဒနာရှင်တွေကို အကြိုစစ်ဆေးမှု့တွေကို ပြုလုပ်ထားကြရပါတယ်ဘုရား။ နောက်ရက်တွေမှာတော့ မျက်စိဝေဒနာရှင်တွေကို ခွဲစိတ်ရန်လိုအပ်သော ဝေဒနာရှင်များကို ခွဲစိတ်ကုသပေးနေကြတယ်ဘုရား။

တပည့်တော်တို့ အဖွဲ့ကတော့ ဆေးရုံဖွင့်ပွဲ အခမ်းအနား တက်ရောက်ရန် မင်္ဂလာဒုံလေဆိပ်မှ မနက် ၈နာရီ တွင် ထွက်ခွာကြပါတယ်ဘုရား၊ ၉နာရီကျော်ကျော်ခန့်မှာ သီတဂူသာသနာပြုအဖွဲ့ဝင်တွေ လိုက် ပါလာတဲ့လေယာဉ်ကြီးသည် ထားဝယ်လေဆိပ်ကို ဆင်းသက်ပါတယ်ဘုရား။ ထားဝယ်မှ မြို့မိ/ဖ သီတဂူအထောက်အကူပြု အဖွဲ့ဝင် တချို့ လေဆိပ်မှာ လာကြိုတယ်ဘုရား၊ တပည့်တော်တို့တွေကို ထားဝယ် သီတဂူ အာရောဂျဒါနဆေးရုံတည်ရှိရာ ထားဝယ်မိုးကုတ်ဝိပဿနာ ကျောင်းသို့ ခေါ်ဆောင်သွားကြပါတယ်။ ကျောင်းဝန်းကြီးက တော်တော်လေး ကျယ်ဝန်းတယ်ဘုရား၊ ကျောင်းကမြို့ပြင်မှာ တည်ရှိပါတယ်ဘုရား။

တပည့်တော်တို့ ကားပေါ်ကနေမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ရင်ထဲတော်တော်လေး အေးချမ်းသွားတယ်ဘုရား ဘာလို့လဲဆိုတော့ ကျောင်းဝန်းကြီး အကျယ်ကြီးမှာ သီတဂူ အာရောဂျဒါန ဆေးရုံကြီးက ထည်ထည်ဝါ၀ါကြီးနဲ့ တည်ရှိနေတာကို မြင်လိုက်ရရင်ဘဲ ရင်ထဲအေးမြသွား၇ယ်လေဘုရား။ ဆေးရုံနေရာကိုရောက်တော့ ဆရာတော်က ဆေးရုံကြီး၏အတွင်းအပြင်တွေကို လှည့်လည် စစ်ဆေးနေပါတယ်ဘုရား။ ဆေးရုံရှေ့မှာ တပည့်တော်တို့နဲ့ ဆုံကြပြီး ဆရာတော့်ကို ဂါရ၀ပြုပြီး ဆရာတော်က မနက်စာစားကြဖို့ နဲ့ ဆေးရုံထဲကို လိုက်လံ ကြည့်ရှု့ကြဖို့ တိုက်တွန်းလိုက်တာကြောင့် တပည့်တော်တို့လဲ ထားဝယ်ရဲ့ ရိုးရာအစားစာနှင့် ဒေသအစားအစာတွေကို စားသုံးရန် ထမင်းစားခန်းသို့ သွားရောက်ကြပါတယ်ဘုရား။ ထားဝယ်မှ ဆရာတော်၏ တပည့်ဒကာ၊ ဒကာမများက မနက်စာကို ဘူဖေးစနစ်နဲ့ ဧည့်ခံကျွေးမွေးပါတယ်ဘုရား။ စားသောက်ပြီး ဆေးရုံကို လှည့်လည်ကြည့်ရှု့ကြတယ်ဘုရား၊ ဆေးရုံမှာတော့ မျက်စိဝေဒနာရှင်တွေ မြောက်များစွားကိုတွေ့ ကြရတယ်ဘုရား၊ မျက်စိအလင်းရသွားကြတဲ့ ဝေဒနာရှင်တွေရဲ့ ပီတိတွေကိုလဲ တပည့်တော်တို့ မျက်ဝါးထင်ထင်တွေ့ရှိ ခံစားကြရတယ်ဘုရား၊ ဆေးရုံအဆောက်အဦးထဲကနေ ထွက်ခွာလာကြပြီး ဆရာတော်ကြီးအတွက် တည်ဆောက်လှူဒါန်းထားတဲ့ ထေရာဝါသကျောင်းဆောင်ကို ဖူးမျှောရန် ရောက်သွားကြပါတယ်ဘုရား။ ဆရာတော့်ကို ၀တ်ပြုကြပြီး ဆရာတော်မိန့်မှာချက်များကို နာခံကြပါတယ်ဘုရား။ ဆရာတော်က ထားဝယ်မြို့မှ ထင်ရှားသော ရှင်ကိုးရှင်ဘုရားများကို သွားရောက်ဖူးမျှော်ရန်နှင့် နောက်နေ့ မနက်ပိုင်း အခမ်းအနားကို မပျက်မကွက် တက်ရောက်ပြီး စုပေါင်းဓါတ်ပုံရိုက်ကြဖို့ မိန့်မှာလိုက်ပါတယ်၊ တပည့်တော်တို့လဲ ဆရာတော်ကို ကန်တော့ကြပြီး တည်ခိုးရာ ဟော်တယ်တွင် ခေတ္တခဏ အနားယူကြပြီး ထားဝယ်မှာရှိသော တန်ခိုးကြီး ဘုရားများကို လိုက်လံဖူးမျှော်ကြပါတယ်ဘုရား။ ညပိုင်းမှာတော့ ဆရာတော်ကြီးက ထားဝယ်မြို့သူ မြို့သားများအား တရားရေးအေး တိုက်ကြွေးပါတယ်ဘုရား။

နောက်တစ်နေ့ (၁၂-၂-၂၀၁၁) နေ့မှာတော့ သီတဂူအာရောဂျဒါန (ထားဝယ်) ဆေးရုံဖွင့်ပွဲ အခန်းအနားကို စတင်ပါတယ်၊ ထားဝယ်မြို့မှ ဆရာတော်ကြီးများနဲ့ ထားဝယ်မြို့မှ တာဝန်ရှိသူတွေက ကျေးဇူးတင် ၀မ်းမြောက်ကြောင်းစကားများ ပြောကြားကြပြီး သီတဂူဆရာတော်က ထားဝယ်သူ ထားဝယ်သားတွေအတွက် သမိုင်းမှတ်တိုင်အသစ် စိုက်နိုင်ကြောင်းနှင့် မပျောက်မပျက်အောင် ထိန်းသိမ်းကြဖို့၊ ထားဝယ်မြို့မှ စေတနာရှင်များက အဆောက်အဦးအတွက် အလှူငွေ သိန်း ၆၀၀၀ကျော် အကုန်အကျခံ လှူနိုင်ခဲ့သလို သီတဂူဆရာတော်ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့မှ ဆေးရုံသုံး စက်ကရိယာများနှင့် မျက်စိအထူးကု ပစ္စည်းတွေ စုစုပေါင်း သိန်း၂၀၀၀ ကျော် ဖိုးခန့်ကို လှူဒါန်း နိုင်ခဲ့ကြပါတယ်။

အားလုံးပရိသတ်က သဒ္ဓါ ၊သီလ၊ စာဂ၊ ပညာရယ် ပေါင်းစပ်ပြီး စုပေါင်းလှူဒါန်းနိုင်ခဲ့ကြသောကြောင့် အားလုံးစုပေါင်းကောင်းမှု့ တစ်ခုကိုပြုလုပ်နိုင်ကြပါတယ်။ တိုင်းဒသေကြီးများနဲ့ ပြည်နယ်ဒေသကြီးတွေမှာလဲ သီတဂူသာသနာပြုအဖွဲ့ရဲ့ သီတဂူ စက္ခူဒါနနဲ့ အာရောဂျ ဒါနဆေးရုံတွေကို ဆက်ပြီး ဖွင့်လှစ်သွားနိုင်အောင် လုပ်ဆောင်နေကြောင်းကိုပါ မိန့်မှာ သွားပါတယ်ဘုရား။ ဆရာတော်နဲ့ အခုလို သာသနာပြု လုပ်ငန်းတွေကို တပည့်တော်တို့မိသားစုက သီတဂူသာသနာပြုအဖွဲ့မှာ အသက်ရှင်နေမရွှေ့ ကိုယ်စွမ်းရှိသလောက် ဆက်ပြီးလုပ်ဆောင် နေပါ့မယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်ဘုရား။

ထားဝယ်သူတွေ ပြုံးပျော်ပျော်

ထားဝယ်မြို့ အနီး တ၀ိုက်ရှိ ပြည်သူတွေက ဆရာတော်ကြီး အခုလို မျက်စိဝေဒနာရှင် ၁၅၀၀ ကျော် စမ်းသပ်စစ်ဆေးပြီး ၃၁၈ ယောက်သော ဝေဒနာရှင်များကို မျက်စိအလင်းတွေပေးနေတာကို အရမ်းကျေးဇူးတင်ကြပါတယ်ဘုရား။ သူတို့ရဲ့ ဘ၀တစ်လျှာက်လုံး အလင်းမရတော့ဘူး ထင်နေကြပြီး အားငယ်နေကြတဲ့ အချိန်မှာ သူတို့ဘ၀မှာ ဘယ်လိုမှ မထင်မှတ်ထားတဲ့ မျက်စိအလင်းကို ကုသိုလ်ဖြစ် ကုသပေးမဲ့ သီတဂူဆရာတော်ကြီးနဲ့ သီတဂူသာသနာပြုအဖွဲ့ဝင်တွေ စုပေါင်းလုပ်ဆောင် လှူဒါန်းလိုက်ကြတဲ့ မျက်စိခွဲ့စိတ်မှု့ ဒါနလေးကို သူတို့ လက်တွေ့ ခံစားနေကြတာတွေ့ရလို့ အရမ်းကိုပီတိတွေ ဖြစ်ရပါတယ်ဘုရား။ သူတို့တတွေရဲ့ ခံစားမှူ့ ပီတိလေးတွေက တပည့်တော်တို့ကို ရောင်ပြန်ဟတ်ကာ သူတို့နဲ့ အတူ ထပ်တူခံစားခဲ့ကြရပါတယ်ဘုရား။

တပည့်တော်တို့လဲ ဖွင့်ပွဲ အခန်းအနားအပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြပြီး မြို့သူမြို့သားတွေ ဧည့်ခဲတဲ့ နေ့လည်စာ ထမင်းစားပြီး ဆရာတော်ကြီးကို ဂါရ၀ပြုကြတယ်လေ၊ ဆရာတော်က ညနေ လေယာဉ်နဲ့ ရန်ကုန်မြို့ကိုပြန်မကြွခင် တပည့်တော်တို့ကို မောင်းမကန်နဲ့ မျှော်ရစ်တို့ကို သွားပို့ပေးရန် မြို့ခံ တပည့် ဒကာ ဒကာမတွေကို မှာကြားလိုက်ပါတယ်၊ ဆရာတော်ကြီးရဲ့တပည့် မြို့ခံ ဒကာဒကာမများကလဲ ဧည့်ဝတ်ကျေလွန်းလို့ တပည့်တော်တို့တောင် တော်တော်လေး အားနာရပါသေးတယ်။

နောက်ထက် သတင်းကောင်းတစ်ခုက ဆရာတော်ရဲ့ရည်မှန်းချက်တွေဖြစ်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ သီတဂူဆေးရုံတွေကို ဖွင့်လှစ်နိုင်အောင်ကြိုးပမ်းတဲ့ အထဲက ပဲခူးတိုင်းအတွက် ဆရာတော်ကြီး၏ မွေးရပ်ဇာတိ သဲကုန်းသီတဂူကျောင်းမှာ သီတဂူဆေးရုံ ဖွင့်မယ်ဆိုတဲ့စီမံကိန်း ပါပဲဘုရား။ ထိုဆေးရုံကို အမြန်ဆုံး အကောင်အထည်ပေါ်လာအောင် ကြိုးစားမဲ့အကြောင်းနဲ့ ရန်ကုန်တိုင်းအတွက်တော့ သီတဂူရွှေပြည်ဟိန်း စက္ခူဒါနဆေးရုံ ကို ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့ မှာ ဖွင့်လှစ်မယ်လို့လည်း မိန့်မှာသွားပါတယ်ဘုရား။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

ပန်းစပယ် (လှဆန်းယဉ်)

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၆-၂-၂၀၁၁



13 February 2011

သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်)

သီတဂူဆရာတော်ကြီးက သီတဂူအာရောဂျဒါန ဆေးရုံတော်ကို ဖွင့်ရန်
သီတဂူဆရာတော်ကြီးကို ဖူးမျှော်ရန် ထားဝယ်သူ ထားဝယ်သားများ ကြိတ်ကြိတ်တိုးနေစဉ်
သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီးရှေ့တွင် ဆရာတော်ကြီးအား ၀န်းရံလျက် ဆရာဝန်များ သူနာပြုများနှင့် အမှတ်တရ
ဆရာတော်ကြီးက ခွဲစိပ်ပြီး အဖွားအား ဟာသနော၍ မေးမြန်းနေစဉ်
ဆရာတော်ကြီးက အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ယောက်အား ကြည့်ရှုပေးနေစဉ်
ဆရာတော်ကြီးက လူမျိးမရွေး ဘာသာမရွေး အားပေးနေစဉ်
ဆရာတော်ကြီးက အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ယောက်အား အားပေးစကား ပြောကြား
သီတဂူအာရောဂျဒါန ဆေးရုံတော်အတွင်း ခွဲစိပ်ပြီး မျက်စိဝေဒနာရှင်များ
ခွဲစိပ်ကုသရန် အဆင်သင့်ဖြစ်နေသော မျက်စိဝေဒနာရှင်များ
ဆေးရုံတော်ရှေ့တွင် ဆရာတော်ကြီးနှင့် သီတဂူသာသနာပြုအဖွဲ့ အမှတ်တရ
သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်) ၏ ပုံပြည့်မြင်ကွင်း


၁၃၇၂ ခုနှစ် တပိုတွဲလဆန်း(၉)ရက်၊ (12-2-2011) ပြည်ထောင်စုနေ့တွင် တနင်္သာရီတိုင်း ထားဝယ်မြို့၌ သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်) ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံအဆောက်ဦးကြီးကို ထားဝယ်မြို့သူ မြို့သားများက ဆောက်လုပ်လှူဒါန်းပြီး ဆေးရုံသုံးပစ္စည်းအားလုံးနှင့်လူနာသုံး ပစ္စည်းများကို သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းသည်။

ပြည်ထောင်စုနေ့တွင် သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ပြီး စစ်ဆေးခြင်း၊ လိုအပ်သည်များကို ဖြည့်စွပ်ခြင်းများကို ပြုလုပ်ပြီး ဖွင့်လှစ်ပေးခဲ့သည်။ သီတဂူအာရောဂျဒါန (ထားဝယ်) ဆေးရုံသည် သီတဂူဆေးရုံများ၏ ၁၀ ခုမြောက်ဖြစ်သည်။

ဆေးရုံဖွင့်ပွဲအခမ်းအနားမတိုင်မီ စစ်ကိုင်းမြို့ သီတဂူအာယုဒါနဆေးရုံမှ ဆေးရုံးအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့်အဖွဲ့ ကြိုတင်ပြင်ဆင်မှုနှင့် လိုအပ်သည်များကို ဖြည့်ဆည်းသည်။ ထို့နောက် စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံ မျက်စိအထူးကုဌာနမှ ဆေးရုံအုပ် ဒေါက်တာမိမိခင်နှင့်သူနာပြုများ လိုက်ပါပြီး မျက်စိဝေဒနာရှင်များကို လူမျိုးမရွေး ဘာသာမခွဲခြားဘဲ ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ပေးသည်။ ခွဲရမည့်လူနာနှင့် ခွဲစရာမလိုဘဲ ဆေးစားရမည့် မျက်စိဝေဒနာရှင်များကို စနစ်တကျ စစ်ဆေးသည်။

ပညာဒါန လုပ်အားဒါနပြုကြသော မျက်စိအထူးကု ဆရာဝန်ကြီးများမှာ---

၁။ ဒေါက်တာ မြအောင်

၂။ ဒေါက်တာ သိန်းမြင့် (အင်္ဂလန်)

၃။ ဒေါက်တာ စဂျေလွင်

၎။ ဒေါက်တာ ပွင့်ဦး

၅။ ဒေါက်တာ တင့်ဇော်ဦး

၆။ ဒေါက်တာမင်းသန်းနိုင်ဦး (ထားဝယ် မျက်စိဆေးရုံ) နှင့်သူနာပြုများ၊ တက္ကသိုလ် ကောလိပ်မှ ဆရာ ဆရာများ၊ သီတဂူအာယုဒါနမှ ဆေးရုံအုပ်ကြီး၊ မျက်စိဌာနမှ ဆေးရုံအုပ် နှင့် အထူးသူနာပြု ဆရာ ဆရာမတို့ ဖြစ်ကြသည်။

၈-၂-၂၀၁၁ နေ့မှ ၁၃-၂-၂၀၁၁ အထိ မနားမနေ စစ်ဆေးခြင်းနှင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရာ ယနေ့ ၁၂ ရက်နေ့အထိ ၃၀၅ ယောက် ခွဲစိတ်ပြီးဖြစ်သည်။ ကျန်လူနာများကို ယနေ့ ၁၃ ရက်နေ့ အပြီးသက် ခွဲစိတ်မည်ဟုသိရသည်။
စမ်းသပ်စစ်ဆေး- လူနာ ၁၅၀၀ (တစ်ထောင်ငါးရာ)ကျော် နှင့် ခွဲစိတ်ပြီး- မျက်စိ ဝေဒနာရှင် ၃၁၈ ယောက်ကို မျက်စိအလင်း ပေးနိုင်ခဲ့ပါသည်။

ဆရာတော်ကြီး၏ စီမံညွန်ကြားချက်အတိုင်း သီတဂူသာသနာပြုအဖွဲ့၏ ဘာသာရေး လူမှုရေးလုပ်ငန်းများကို ပါဝင်ပြီး ကာယဒါန ပြုကြသော ထားဝယ်မြို့သူမြို့သားများ၊ ဓနဒါန အလှူငွေများနှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းကြသော ထားဝယ်သူ ထားဝယ်သားများနှင့် အနယ်နယ်အရပ်ရပ်ရှိ အလှူရှင်များ၊ ဥာဏဒါန- မိမိတို့အတက်ပညာဖြင့် လုပ်အားပေးကြသော အနယ်နယ် အရပ်ရပ်ရှိ မျက်စိအထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် အခြားကုသိုလ်ရှင်များ အားလုံးကို ဤပို့စ်ဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

နှိုးဆော်

ဤသို့အားဖြင့် သီတဂူသာသနာပြုအဖွဲ့၏ အင်တိုက်အားတိုက် အဆက်မပြတ် ဘာသာရေး၊ လူမှုရေး ဆောင်ရွက်မှုများတွင် ကိုယ်စွမ်းသလောက် ဥာဏ်စွမ်းရှိသလောက် မည်သူမဆို ပါဝင်နိုင်ပါကြောင်းလည်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၃-၂-၂၀၁၁


11 February 2011

တပေါင်းလပြည့်နေ့ ပိုစ့် ဖိတ်ခေါ်


တပေါင်းလပြည့်နေ့ ပိုစ့် ဖိတ်ခေါ်

၁၃၇၂ခုနှစ် တပေါင်းလပြည့်နေ့ ( ၁၉-၃-၂၀၁၁) သီတဂူဆရာတော်ကြီး၏ သက်တော် (၇၄) နှစ်ပြည့်မွေးနေ့ပွဲကို စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး အတွင်းမှာပဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။


မွေးနေ့---- တပေါင်းလပြည့်နေ့ ( ၁၉-၃-၂၀၁၁)


အစီအစဉ်

မွေးနေ့ပွဲက ရိုးရိုးရှင်းရှင်းလေးနဲ့ အလွန်ခန်းနားထယ်ဝါစွာ ကျင်းပမည်ဖြစ်သည်။ နှစ်စဉ်ကျင်းပမြဲအတိုင်းပဲ သံဃာ ၁၀၀၀ သီလရှင်ဆရာလေး အပါး ၁၀၀၀ တို့အား သင်္ကန်း စသည့်လှူပွဲများနှင့် ဆွမ်းဟင်းများ လောင်းလှူကြခြင်းဖြစ်သည်။


၁။ တပေါင်းလဆန်ုး (၁၂) (၁၆-၃-၂၀၁၁) ရက်နေ့

သီလရှင်ဆရာလေး (၁၀၀၀) တစ်ထောင်တို့အား သီလရှင် အ၀တ်အစုံ၊ အခြားလှူဖွယ်များလှူဒါန်းပြီး မုန့်ဟင်းခါးဆွမ်းဖြင့် ဆက်ကပ်ပါမည်။


၂။ တပေါင်းလဆန်း (၁၃) (၁၇-၃-၂၀၁၁) ရက်နေ့

သံဃာတော် အပါး (၁၀၀၀) တစ်ထောင် တို့အား သပိတ် သင်္ကန်း၊ ဆွမ်းခဲဖွယ်များနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို လောင်းလှူပါမည်။


တပေါင်းလဆန်း (၁၄) (၁၈-၃-၂၀၁၀) ရက်နေ့

ဆရာတော်ကြီးသည် စစ်ကိုင်းတိုင်းမှူး၏ အကူအညီဖြင့် ပျက်စီးယိုယွင်းပြီး ချုံတွေဖြင့် ပိတ်ဖုံးနေသော မဟာစည်းခုံစေတီတော်ကြီးကို ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိရာ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပွဲကြီး ကျင်းပပါမည်။


တပေါင်းလဆန်း (၁၅) ၁၉-၃-၂၀၁၁) ရက်နေ့

မဟာစည်ခုံစေတီတော်ကြီး အောင်မြင်ခြင်းအထိမ်းအမှတ် ရေစက်ချ အခမ်းအနား ကျင်းပပါမည်။


နှိုးဆော်

ဆရာတော်ကြီး၏ လူမျိုး ဘာသာ သာသနာပြုစိတ်ဓာတ်တို့ကို အာရုံပြု၍ ဂါထာ၊ ဆောင်ပုဒ်၊ ကဗျာ၊ ဆောင်းပါးနှင့် ပို့စ်များကို ရေးသား ပူဇော်နိုင်ပါသည်။ ကိုယ်ပိုင် ၀က်ဘဆိုက်၊ ဘလော့ဂ်ရှိလျှင် ကိုယ့်ဆိုက်မှာပဲ တင်နိုင်ပါသည်၊ အကယ်၍ ကိုယ်ပိုင် ဘလော့ဂ်၊ ၀က်ဘဆိုက် မရှိပါက သီတဂူစတားဆိုက်တွင် တင်ပြီး ပူဇော်ပေးပါမည်။


Sitagustar.0073@gmail.com

Sitagustar2010@gmail.com

မေးလ်များသို့ ပေးပို့နိုင်ပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၁၁-၂၀၁၀

06 February 2011

သီတဂူဆေးရုံတော်များ

သီတဂူအာယုဒါနဆေးရုံ စစ်ကိုင်း
သီတဂူစက္ခုဒါနဆေးရုံ သီပေါမြို့၊ ရှမ်းပြည်နယ်
သီတဂူစက္ခုဒါနဆေးရုံ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသ
သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ မင်းတပ်မြို့၊ ချင်းပြည်နယ်
သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ
ဆားတောင်၊ စစ်ကိုင်း
သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
နတ်မောက်မြို့၊ မကွေးတိုင်းဒေသ

သီတဂူဆရာတော်ကြီး ဦးဆောင်ပဓာနပြုလျက် သီတဂူသာသနာပြုအဖွဲ့ကြီး၏ အဓိက စီမံကိန်းများဖြစ်သော စစ်ကိုင်းတောင် ရေအလှူတော် (1982 ခုနှစ်)၊ သီတဂူအာယုဒါန ဆေးရုံအလှူတော် (1989)နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အလှူ ဟူသော စီမံကိန်းကြီး ၃ ရပ်ကို ပင်မထားကာ ဘာသာရေး လူမှူကယ်ဆယ်ရေးနှင့် အခြားသော လူမှုအကျိုးပြုလုပ်ငန်းများကို မနားမနေ အင်တိုက်အားတိုက် ဆောင်ရွက်လာရာ အလွန်အောင်မြင်လာခဲ့သည်။

သီတဂူသာသနာပြုအဖွဲ့ကြီးကို ၁၉၈၀ ကဆုန်လပြည့်နေ့တွင် တည်ထောင်သည်။ ထိုအဖွဲ့ကြီးကို သာသနာတော်တွင် အလေးဂရုပြုအပ်သော ဆရာတော်ကြီးများ၏ သြ၀ါဒကိုခံယူကာ ဦးဆောင်ပဓာနအဖြစ် သီတဂူဆရာတော်ကြီးက ဆောင်ရွက်ပြီး ထိုအဖွဲ့ကြီးတွင် senate ဆရာတော်များအဖြစ် ဆရာတော်ကြီး လေးပါးက ဆောင်ရွက်လျက် သီတဂူဝန်ဆောင်သံဃာ့အဖွဲ့နှင့် အထက်/အောက်မြန်မာပြည် ကပ္ပိယကာရအဖွဲ့တို့ဖြင့် စနစ်တကျ ဖွဲ့စည်းထားသည်။

သီတဂူဆေးရုံများ

ယခုအခါ စစ်ကိုင်းတောင် သီတဂူအာယုဒါနဆေးရုံအပြင် မြန်မာနိုင်ငံ တိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ်ကြီး (၇)ပြည်တို့၌ သီတဂူအရောဂျဒါဆေးရုံ၊ သီတဂူစက္ခုဒါနဆေးရုံအမည်ရှိ ၁၆ ခုကို တိုးချဲ့ တည်ဆောက်လျက်ရှိသည်။

ဖွင့်လှစ်ပြီးဆေးရုံးများ

၁။ သီတဂူအာယုဒါနဆေးရုံ
စစ်ကိုင်းတောင်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းဒေသ
၁၉၈၉ ခုနှစ် ဖွင့်လှစ်သည်။

၂။ သီတဂူမြမေတ္တာ စက္ခုဒါန ဆေးရုံ
ပန်းတနော်၊ ဧရာဝတီတိုင်းဒေသ
၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်သည်။

၃။ သီတဂူစက္ခုဒါနဆေးရုံ
သီပေါမြို့၊ ရှမ်းပြည်နယ်
၂၀၀၈ နှစ်တွင် ဖွင့်လှစ်သည်။

၎။ သီတဂူစက္ခုဒါနဆေးရုံ
ကလေးမြို့။ စစ်ကိုင်းတိုင်း
၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်သည်။

၅။ သီတဂူအာရောဂျဒါနဆေးရုံ
စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၊ မန္တလေးတိုင်းဒေသ
၂၀၁၁ နှစ်တွင် ဖွင့်လှစ်သည်။

၆။ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
နတ်မောင်မြို့၊ မကွေးတိုင်းဒေသ
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။

၇။ သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ
ဆားတောင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။

၈ ။ သီတဂူအာရောဂျဒါနဆေးရုံ
ရင်းငြိမ်၊ မွန်ပြည်နယ်။
၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။

၉။ သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ
မင်းတပ်မြို့၊ ချင်းပြည်နယ်။
၂၇-၁၂-၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်သည်။

၁၀။ သီတဂူအာရောဂျဒါနဆေးရုံ
ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသ
၁၂-၂-၂၀၁၁ နေ့ ဖွင့်လှစ်သည်။

၁၁။ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ
ရန်ကုန်။
ဧပြီလ (၂၇) ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်သည်။

တည်ဆောက်ဆဲဆေးရုံးများ

၁၂။ သီတဂူအာရောဂျဒါနဆေးရုံ
မြိုင်ကြီးငူဒေသ၊ ကရင်ပြည်နယ်

၁၃။ သီတဂူစက္ခုဒါနဆေးရုံ
လွိုင်ကော်မြို့၊ ကယားပြည်နယ်

၁၄။ သီတဂူစက္ခုဒါနဆေးရုံ
မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်

၁၅။ သီတဂူမေတ္တာဆေးရုံ
အင်းလေးဒေသ၊ ဟဲယားရွာမ၊ ရှမ်းပြည်နယ်။

၁၆။ သီတဂူစက္ခုဒါနဆေးရုံ
သံတွဲမြို့၊ ရခိုင်ပြည်နယ်။

မှတ်ချတ်။ ။ ဓာတ်ပုံများမစုံသေးသဖြင့် ရောက်ရှိလာပြီးသော ဓာတ်ပုံများကိုသာ တင်လိုက်ရပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

၆-၂-၂၀၁၁



ခင်ပွန်းကြီး ဆယ်ပါး

စာမိတ်ဆက်

စီဘောက်ကနေ မေးလာတဲ့ မေးခွန်း ဖြစ်ပါတယ်၊ အမှန်တကယ်တော့ မေးလာတဲ့မေးခွန်းတွေကို ဖြေလေ့ ဖြေထ မရှိခဲ့ပါဘူး၊ မဖြေချင်တာထက် အချိန်သိပ်မပေးနိုင်လို့ ပြောရင် ပိုမှန်ပါတယ်။ သို့သော်လည်း မိမိကိုယ်တိုင်က ခင်ပွန်းကြီးဆယ်ပါးကို ဖတ်ကြည့်ချင်နေတာ အမှန်ပါ၊ လွန်ခဲ့သော ၈ နှစ် လောက်ကဖြစ်မယ်ထင်တယ်၊ ညောင်ရွှေမြို့ ရွှေကျင်သာသနာပိုင် ညောင်ရွှေဆရာတော် ကြီးကျောင်းတိုက်မှာ ၁၅ ကြိမ်မြောက် ဂိုဏ်းလုံးကျွတ်အစည်းအဝေးကြီး ကျင်းပခဲ့တယ်၊ စာရေးသူတို့လည်း သီတဂူဆရာတော်ကြီးက ခေါ်သဖြင့် လိုက်ပါခွင့်ရသည်၊ အဲဒီအစည်းအဝေးမှာ စာရေးသူတို့အဖွဲ့က ပြန်ကြားရေး တာဝန်ယူရခြင်းဖြစ်ပါတယ်။ မှတ်မိပါသေးသည် သီတဂူဆရာတော်ကြီး၊ ယောဆရာတော်ကြီးနှင့် မြစင်္ကြာဆရာတော်ကြီးများက ညစဉ် အလှည့်ကျ တရားတော်များ ဟောကြားခဲ့ကြသဖြင့် တစ်နေရာတည်းမှာ ကမ္ဘာကျော်ဆရာတော်ကြီးများ၏ တရားတော်များကို နာကြားခွင့် ရခဲ့သည်။ ထိုတရားပွဲ တစ်နေ့မှာ မြစင်္ကြာဆရာတော်ကြီးက ခင်ပွန်းကြီးဆယ်ပါးအကြောင်း အကျယ်တ၀န့် ဟောခဲ့သည်။ အဲနေ့ကစပြီး ခင်ပွန်းကြီးဆယ်ပါးဆိုတာ ဘယ်စာအုပ် ဘယ်ကျမ်းစာထဲမှာ ပါသလဲ? ဆိုတဲ့ မေးခွန်း ကိုယ့်ကိုယ်ကို မေးခဲ့ဖူးသည် သို့သော် ရှာမဖတ်ဖြစ်ခဲ့။ အခုတော့ မောင်မောင်လွင်က ခင်မွန်ကြီး ၁၀ ပါးအကြောင်း သိချင်လိုပါ အရှင်ဘုရားဟု ဆိုလာသဖြင့် ပြန်လည် အမှတ်ရမိသည်။ ဒီတစ်ခါတော့ ငါ ရအောင်ရှာမယ်ဟု စိတ်ဆုံးဖြတ်ဖြင့် ပို့စ်တစ်ခု အနေဖြင့် တင်ဖြစ်လိုက်ရပါသည်။

ခင်ပွန်းကြီး ဆယ်ပါး

ကျေးဇူးလည်းမမေ့အပ် မပြစ်မှားအပ် မပြစ်မှားထိုက်သော မိတ်ဆွေကောင်းကြိး ဆယ်ယောက်ရှိသည်။ ထိုမိတ်ဆွေကောင်းကြီးများကို ခင်ပွန်းကြီးဟုလည်း ခေါ်ကြသည်။ သမံ ခမတီတိ သမီးခင်မွန်း။ တစ်ယောက်ကို တစ်ယောက် သီးခံခွင့်လွတ် နားလည်ပေးခြင်း၊ အညီအမျှ ခွင့်လွတ် နားလည်ပေးကြခြင်းကြောင့် သမီးခင်မွန်းဟု ခေါ်ဆိုသည်။ လင်နှင့်မယားကို ရည်ညွှန်းသည်။ ဤနေရာ၌ ခင်ပွန်းကြီးသည် မိမိလင် ခင်ပွန်းထက် မြင့်မြတ်သော ပုဂ္ဂိုလ်ဖြစ်ရာကား ‘‘ကြီး’’ ဟု မွန်မွန်မြတ်မြတ် လေးလေးစား ဂုဏ်ပြုပြီး ခင်ပွန်းကြီးဟူ၍ ဆိုလိုဟန် တူပါသည်။

ခင်ပွန်းကြီး ၁၀ ယောက်ရှိသည်ဟု စာပေမှာတွေ့ရပါသည်။ သရုပ်ပြအဘိဓာန်တွင် ထိုခင်ပွန်းကြီး ၁၀ ယောက်ကို အောက်ပါအတိုင်း ပြဆိုထားပြီး တေမိယဇာတက ပါဠိတော်,ဒု-၁၅၀ မှာပါရှိဟုပြထားသည်။ သို့သော်လည်း ထိုပါဠိတော် အဋ္ဌကထာမှာတော့ ဒသ မိတ္တပူဇဂါထာ အာရဘိ ဟုပြဆိုထားသည်၊ မိတ်ဆွေကောင်း ဆယ်ပါးကို ပူဇော်တဲ့ ဂါထာများဖြစ်သည်ဟု ဆိုသည်။ ထိုဆယ်ပါးသရုပ်ကိုကား ပြမထား၊ မိတ္တာနံ-ဗုဒ္ဓါဒီနံ ကလျာဏမိတ္တာနံ- ဘုရားစသော မိတ်ဆွေကောင်း ဆယ်ယောက်ဟုသာ ဆိုထားသည်။ သို့ပေမဲ့ သရုပ်ပြ အဘိဓာန်မှာတော့ သရုပ်ပြအဘိဓာန်ဆိုသည့်အတိုင်း ထိုဇာတကပါဠိတော်ကို ကိုးကားပြီး ထို ၁၀ ပါးကို သရုပ်ပြထားသည်။

ထို ၁၀ ပါးကား--

၁။ ဗုဒ္ဓ-သဗ္ဗညူတ ဘုရားရှင်
၂။ ပစ္စေကဗုဒ္ဓ- ဘုရားငယ်ဟုခေါ်သော ပစ္စေကဗုဒ္ဓ (သာသနာပ-သာသနာမထွန်းကားရာအချိန်၌ ပေါ်ထွန်းလာသော ဘုရားငယ်)။
၃။ ပကတိသာဝက ( ရဟန္တာ- ကိလေသာ, စိတ်အညစ်အကြေး လုံးဝကုန်ပြီးသော ရဟန္တာ)။
၎။ အဂ္ဂသာဝက- ဘုရားရှင်၏ လက်ျာရံ၊ လက်ဝဲရံ ဟူဆိုအပ်သော လက်ရုံးတော် သာဝက ၂ပါး။ (အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် ကဲ့သို့)။
၅။ မာတာ-မွေးသမိခင် ကျေးဇူးရှင်။
၆။ ပိတာ- မွေးသဖခင် ကျေးဇူးရှင်။
၇။ ၀ုဒ္ဓါပစာယန- အသက်, သိက္ခာ, ဂုဏ်ဝါ, သီလ, အာစာအကျင့် စသော ဂုဏ်တို့ဖြင့် မိမိထက် သာသူ မြတ်သူများ။
၈။ အာစရိယ- သွန်သင်ဆုံးမ, ပညာသင်ပေးသော ဆရာသခင် ကျေးဇူးရှင်။
၉။ ဟိတကရ- စားဖွယ်, သောက်ဖွယ်, နေစရာ, အ၀တ်အစား စသည့် တစ်ခုခုဖြင့် ပေးကမ်းဖူးသော ကျေးဇူးရှင် (အလှူရှင်)
၁၀။ ဓမ္မကထိက- ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ၊ တရားဟောဆရာ။

မှတ်ချက်။ ။ အချို့စာအုပ်တွေမှာ နံပါတ် ၄ အဂ္ဂသာဝက ၂ ပါးကို တစ်ပါးစီ ရေတွက်ပြီး နံပါတ် ၇ ၀ုဒ္ဓါပစာယန ကို ချန်လှပ်ထားပြီး ၁၀ ယောက် ရေတွက်ထားသည်ကို တွေ့ရသည်။
ဘယ်လိုပဲ မူကွဲပြားစေကာမူ ထိုခင်ပွန်းကြီး ၁၀ ပါးကို မပြစ်မှားအပ်၊ ပူဇော်အပ်၏။ ထိုသို့ပူဇော်ခြင်း၊ မပြစ်မှားခြင်းတို့ကြောင့် ကောင်းကျိုးများ ရနိုင်သည်။

ခင်ပွန်းကြီးများပူဇော်ထိုက်ခြင်း

၁။ တခြားသော နေရာ၊ အရပ်တပါးသို့ ရောက်ငြားသော်လည်း အစားအစာ ကျွေးမွေးမည့်သူ ပေါများခြင်း။
၂။ အခြားတစ်ပါးသော အရပ်သို့ ရောက်သော်လည်း အောက်တန်းမကျခြင်း၊ လာဘ်လာဘ ပူဇော်သက္ကာရများ ပေါများခြင်း။
၃။ မီးဘေး၊ သူခိုးဓားပြနှင့် ညှင်းပန်းနှိပ်စက်တတ်သူများနှင့် မတွေ့ကြုံရခြင်း။ ချမ်းသာစွာ နေရခြင်း။
၎။ ကြယ်တာရာ ၀န်းရံသော လပြည့်ဝန်းကဲ့သို့ လူသူပရိသတ်အလယ်တွင် တင့်တယ်စွာ နေရခြင်း။
၅။ ရဲရင့်တည်ကြည်သော ဂုဏ်ကျေးဇူးတို့၏ တည်ရာဖြစ်ခြင်း။
၆။ ကောင်းသတင်း ကျော်ဇောခြင်း၊ ပျံ့နှံ့ခြင်း။
၇။ အခြံအရံ ပရိသတ်တို့နှင့် အမြဲမကွာ တင့်တယ်စွာ နေရခြင်း။
၈။ ဆင်၊ မြင်း၊ ကျွဲ၊ နွား နှင့် လယ်ယာ အသီးအနှံ၊ ဆန်ရေ စပါးများ ပေါကြွယ်ဝခြင်း။
၉။ တောင်ထိပ် အဆောက်အဦးကဲ့သို့သော အမြင့်မှ မတော်တဆ ပြုတ်ကျသော်လည်း ကယ်တင်မည့်သူပေါ်ပေါက်သဖြင့် အသက်ဘေးမှ လွတ်ခြင်း။
၁၀။ သား သမီး မြေးမြစ် တို့နှင့် အသက်ဆုံးတိုင် ပျော်ရွှင်စွာ နေနိုင်ခြင်း။
၁၁။ တနေ့တခြား တက်နေအလားသို့၎င်း အကိုင်းအခက်ပြည့်စုံသော ပင်ညောင်ကြီးကဲ့သို့ တိုးပွားစည်ပင်ခြင်း ဟူသော ကောင်းကျိုးများ ရနိုင်ကြောင်း တေမိယဇာတ်တော်တွင် တွေ့နိုင်ပါသည်။
အကယ်၍ ထိုခင်ပွန်းကြီး ၁၀ ပါးတွင် တပါးပါးကို ပြစ်မှားမိပါက အောက်ပါ မကောင်းကျိုးများ၊ ဆိုးကျိုး ၁၀ မျိုး ရနိုင်သည်ကို သတိပြုသင့်သည်။

ဆိုးကျိုးများကား

၁။ ဆင်းရဲဝေဒနာ ပြင်းစွာ ခံစားရခြင်း
၂။ ပစ္စည်းဥစ္စာ ကုန်ခန်း ပျက်စီးခြင်း
၃။ အသက်ဆုံးရှုံးရခြင်း
၎။ နူနာ ရောဂါစွဲကပ်ခြင်း
၅။ စိတ်မနှံ့ဖြစ်ရခြင်း
၆။ ရာထူးဌာနန်မှ ဖယ်ရှားခံရခြင်း(မင်းပစ် မင်းဒဏ် သင့်ခြင်း)
၇။ စည်းပွားဥစ္စာ ပျက်စီးခြင်း
၈။ သူတပါး မတရား စွပ်စွဲခံရခြင်း
၉။ ဆွေမျိုးများ ပျက်စီးခြင်း
၁၀။ မိမိနေအိမ် မီးအလောင်ခံရခြင်း ဟူသော အပြစ် ၁၀ မျိုး ခံစားတတ်သည်။

ထို့ကြောင့် ခင်ပွန်းကြီး ၁၀ ယောက်ကို မပြစ်မှားမိအောင် ရှောင်ကြဉ်ဖို့လိုသည့်အပြင် ကောင်းကျိုးများ ရနိုင်ရန်အတွက် ထိုခင်ပွန်းကြီး ၁၀ ယောက်ကို ရိုသေနိုင်အောင် ကန်တော့နိုင်အောင် ပူဇော်နိုင်အောင် ကြိုးစားကြပါကုန်လေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ
သီတဂူစတား
၁-၂-၂၀၁၁


02 February 2011

ဘုန်းဘုန်းထံ ပေးစာ (၈)




ဒီစာလေးက သီတဂူစတားထံ ရောက်လာတဲ့ စာတစ်စောင်ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပရှိ သီတဂူ သာသနာပြု စီမံကိန်းကြီးကို စိတ်ဝင်စားသူများ ကြည်ညို သဒ္ဓါပွားနိုင်စေရန် တရားပွဲ ဖြစ်မြောက်ရေးအတွက် အားကြိုးမာန်နဲ့ ဆောင်ရွက်နေသော သီတဂူလှဆန်းယဉ်မိသားစု၏ ပေးစာကို ပို့စ်အဖြစ်တင်ပြီး share လိုက်ပါသည်။

ဘုန်းဘုန်းစတား

ဘုန်းဘုန်းတို့ကို ၀မ်းသာသတင်း ပြောရဦးမယ်ဘုရား။ မနေ့ညက (၃၁-၁-၂၀၁၀)က မစပယ်တို့လမ်း (ဦးထွန်းခြံလမ်း) မှာ သီတဂူဆရာတော်ကြီးတရားပွဲ ကျင်းပပါတယ်ဘုရား။

တရားပွဲ၏ ရည်ရွယ်ချက်က သီတဂူစီမံကိန်းများစွာထဲက တစ်ခုအပါအ၀င် ဖြစ်တဲ့ သီတဂူ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာကမ္မဌာန်းဌာနအလှူတော်အတွက် ကျင်းပခြင်းဖြစ်ပါသည်။ (ထိုကမ္မဋ္ဌာန်းဌာနကြီးကို စစ်ကိုင်းတောင်တွင် အင်တိုက်အားတိုက် တည်ဆောက်လျက်ရှိသည်။)

တပည့်တော်မတို့ ရပ်ကွက်သူ ရပ်ကွက်သားများက တက်ညီလက်ညီ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းတွေကို အရမ်းကြည်ညို လွန်းလို့ ယခုလို ပျော်ပျော်ရွှင်ရွင်နဲ့ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်ဘုရား။

တရားပွဲမှာ လူတွေ အရမ်းစည်ကားလိုက်တာဘဲဘုရား။ ဒါတောင် မိုးနဲနဲ ရွာလိုက်သေးတယ်ဘုရား။ တပည့်တော်တို့လည်း မိုးရွာမှာကို အရမ်းစိုးရိမ် နေကြတယ်ဘုရား။ (၂) ရက်ဆက်တိုက် မိုးရွားသွန်းထားတာဆိုတော့ ဒီနေ့လဲ မိုးက တဖွဲဖွဲနဲ့လေဘုရား ပိုပြီး စိတ်ပူမိကြတယ်ဘုရား။ စိတ်ပူမိတာနဲ့ ဘုန်းဘုန်းဆီ ဖုန်းဆက်ပြီး လျှောက်လိုက်မိသေးတယ်။ ဘုန်းဘုန်းက ပြောလိုက်သေးတယ် စိတ်မပူပါနဲ့ ‘‘သူတော်သွားလမ်း မိုးကြီးဖြန်းသို့’’ သူတော်ကောင်းအလုပ် လုပ်နေသူတွေအတွက် မိုးက ကြိုပြီး သန့်ရှင်းရေး လုပ်ပေးတာပဲတဲ့။ ဘုန်းဘုန်းစကား ကြားရတော့မှ နဲနဲ စိတ်ထဲ သက်သာသွားတယ်။ ဘုန်းဘုန်း ပြောသလိုပါပဲ။ တရားပွဲမစမီ မိုးလေး တစ်ပြောက်ပြောက်လောက်ပဲ ကျတော့တယ်ဘုရား၊ တရားနာရန် လူထုကြီးကလည်း ထီးဆောင်းကာ ဆရာတော်ကြီး တရားပွဲ လာရောက် နာယူကြတာဖြင့် ကြက်သီးထလောက်တယ်ဘုရား။ အရှင်ဘုရားပြောသလိုပါပဲ တရားပွဲကျင်းပချိန်မှာ မိုးက ချက်ချင်းရပ်သွားတယ်ဘုရား၊ ၀မ်းသာလို့မဆုံးပါပဲဘုရား။

ဒီနေ့ညမှာ ဆရာတော်ကလဲ တက်တက်ကြွကြွ ရှိလိုက်တာဘုရား၊ သက်တော် ၇၄ နှစ်ဆိုတာ ထင်တောင် မထင်ရဘူးဘုရား။ ဟောကောင်းကောင်းနဲ့ ဟောလိုက်တာ ၁၀နာရီကျော်မှ တရားပွဲ ပြီးသွားတယ်ဘုရား။

တပည့်တော်တို့ တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့က တရားပွဲအတွက်လာရောက် လှူဒါန်းကြသော အလှူငွေများထဲက ကမ္မဌာန်းဌာနအတွက် အလှူငွေက သိန်း(၁၅၀)၊ အမေရိကန်ဒေါ်လာ (၂၅၀) ကို လှူဒါန်းပြီး သိန်း (၅၆) သိန်းနဲ့ ဒေါ်လာ (၂၂၀) နှင့် ကျန်ထိုင်း ဘတ်၊ အက်အီးစီ၊ မလေးပိုက်ဆံများကိုတော့
ဆရာတော် လိုအပ်ရာရာ သုံးစွဲနိုင်အတွက် န၀ကမ္မအလှုငွေအတွက် ရည်မှန်းထားကြပါတယ်ဘုရား။

အလှူငွေများကို စနစ်တကျ အသုံးချ

သို့သော် ဆရာတော်က တရားမဟောခင်ကထဲက ဒီလမ်းတရားပွဲက ရရှိမည့် အလှူငွေကို ကမ္မဌာန်းဌာနမှာ လမ်းမီးတိုင်ကြီး (၂)ခုအတွက် အသုံးပြုမယ်လို့ တရားဟောပလ္လင်ပေါ်ကနေပြောပါတယ်ဘုရား။ တရားပွဲပြီးလို့ စင်အောက်လဲရောက်တော့ တပည့်တော်တို့ကို မိန့်သွားသေးတယ် ‘‘အလှူငွေ ၂ခုပေါင်း သိန်း(၂၀၆)သိန်းနဲ့ ဒေါ်လာ (၄၇၀) ကျော်တို့ အားလုံးကို ဓါတ်မီးတိုင်ကြီးတွေအတွက် အသုံးပြုလိုက်မယ်’’ လို့ မိန့်ခဲ့တယ်ဘုရား။ ဆရာတော်ကြီးဆန္ဒက ဦးမြင့်စိန်(လှဆန်းယဉ်) မိသားစုတို့က ရေလှောင်ကန်တွေ လှူထားတဲ့အတွက် လှဆန်းယဉ်မိသားစု ဦးစီး ကျင်းပတဲ့ ဒီတရားပွဲမှရတဲ့ အလှူငွေတွေကိုလည်း တရားပွဲကျင်းပရာ လမ်းနာမည် (ဦးထွန်းလင်းလမ်း) နဲ့လဲ ကိုက်ညီအောင် မီးတိုင်ကြီးတွေ ထွန်းလင်းမယ်။ ရေနဲ့မီး ကိုက်ညီအောင်ဆိုပြီး အသုံးပြုတဲ့အကြောင်းပါ ထည့်ဟောသွားပါသေးတယ်ဘုရား။

ဆရာတော်လည်း သူ့သာသနာပြုအတွက် များစွာအထောက်ကူတွေရလို့ တော်တော်လေး ၀မ်းသာနေတယ် ထင်ပါတယ်ဘုရား။ ဆရာတော်ကြီးက တရားပွဲထဲမှာ သီတဂူသာသနာပြုလုပ်ငန်းတွင် ကျန်းမာရေးအခန်းကဏ္ဍ အတွက်လဲ လုပ်ဆောင်နေပါတယ်၊ တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ်ကြီး ၇ ခုတို့မှာ သီတဂူဆေးရုံအခွဲတွေ တည်ဆောက်နေပါတယ်ဆိုတဲ့ အကြောင်း မိန့်သွားပါတယ်ဘုရား။

တရားနာပရိသတ်များကလည်း ဆရာတော်ကြီးက သာသနာတော်အတွက် စနစ်တကျဆောင်ရွက်နေတာကို ကြားရ မြင်ရတော့ ၀မ်းသာလို့ မဆုံးပါပဲဘုရား။
ထိုကဲ့သို့ ဆရာတော်ကြီး၏ ပညာရေးအလှူ, ကျန်းမာရေးအလှူ, ကမ္မဋ္ဌာန်းဌာနအလှူ, ရေ အလှူ, အခြား လူမှုရေးအလှူများတွင် ကိုယ်စိတ်ပါဝင်စားရာ အလှူဌာနတို့၌ လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက် ပါသည်။
အားလုံးကျန်းမာ ချမ်းသာစွာနဲ့ သာသနာ့ အကျိုးသည်ပိုးနိုင်ကြပါစေ။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။


ပန်းစပယ် (လှဆန်းယဉ်)

ရွှ့င်လမ်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၂-၂-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes