သီတဂူစတား

သီတဂူစတား

30 January 2012

၁၈ နှစ်ပြည့် မွေးနေ့အလှူ


မယဉ်သူဇာကျော် မွေးနေ့

ကောင်းမှုဆိုတာ အကြောင်းရှာ ပြုတတ်ရသည်
‘‘နာနာရမ္မဏံ အာရဗ္ဘ ဒဇ္ဇေ ဒါနံ မလာဘိဘူ’’ ဆိုတဲ့ စာပိုဒ်လေးသည် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေစဉ်က နံနက်ခင်း သြ၀ဒမှာ နာယကချုပ်ဆရာတော်၏ အလှူရှင်များအား ပြောလေ့ရှိသည့် စကားဖြစ်သည်။ စာလုံး အနည်းငယ် မှားချင်မှားလိမ့်မယ်၊ အဓိပ္ပါယ်ကတော့ အတူတူပင် ဖြစ်သည်။ ‘‘အလှူဒါန ကောင်းမှုဆိုတာ အကြောင်းရှာပြီး ပြုတတ်ရတယ်၊ သဒ္ဓါရှိသူတို့ကလည်း ကောင်းမှုကို အကြောင်းမျိုးမျိုးပြပြီး ပြုလေ့ရှိကြသည်’’ တဲ့။
အလှူရှင် မိသားစုက ဆွမ်းဟင်းများ ကပ်

ယနေ့ (၂၉-၁-၂၀၁၂)လည်း ထုံးစံအတိုင်းပဲ သမီးဖြစ်သူ မယဉ်သူဇာကျော်၏ အသက် ၁၈ နှစ်ပြည့် မွေးနေ့ကို အကြောင်းပြုပြီး ဒကာဦးကျော်ဆွေး+ဒကာမ ဒေါ်သန်းသန်းဌေး သမီး မွေးနေ့ရှင် မယဉ်သူဇာကျော်တို့က ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D ကျောင်းသား ၂၀ တို့၏ မျက်မှောက်မှာ မွေးနေ့ အလှူလာလုပ်ကြပါတယ်။ မွေးနေ့က မြန်မာလို မွေးနေ့ပါတဲ့။ ဒီကနေ့ အလှူသည် ၁၅ ကြိမ်မြောက်ဟု ထင်ပါသည်။

အစာအာဟာရအလှူအနေနဲ့ စောမယကောလိပ် Ph.D ကျောင်းသားရဟန်းတော်များ ဘုန်းပေးရခဲတဲ့ ကောက်ညှင်း၊ ငါးဟင်း၊ ၀က်သားဟင်း၊ ကြက်သား+ဗူးသီး အသားပြွန်းဟင်းချို၊ ပဲတီ အသားတု ကြော်၊ ၀က်-ကြက်အူချောင်း၊ ရေခဲမုံ့၊ ကိတ်မုံ့၊ ဆန်၊ ဆီ များ။ ဆေးပစ္စည်းအတွက် အဖျော်ရည်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ အ၀တ်အထည်အလှူအတွက် မျက်နှာသုပ်ပ၀ါ တဘက်အကြီး စသည်ဖြင့် သံဃာတော်အရှင်မြတ်များအား လှူဒါန်းကြသည်။

ဒါနသူရဲကောင်း
တခါက သီဟစစ်သူကြီးက ဘုရားထံရောက်လာပြီး မေးခွန်းတစ်ခု မေးဖူးတယ်။ အရှင်ဘုရား-- ဒါနပြုတဲ့ပုဂ္ဂိုလ်တွေရဲ့ မျက်မှောက်မြင်နိုင်တဲ့ အကျိုးကို ပြောပြနိုင်ပါသလား? သီဟစစ်သူကြီးသည်လည်း ဒါနသူရဲကောင်း ဒါယကဂုဏ်၊ အလှူ၏ အရှင်သခင် ဒါနပတိ ဂုဏ်၊ သံဃာကို ပြုစုစောင့်ရှောက်တတ်သော သံဃုပဋ္ဌာကဂုဏ်တို့ဖြင့် ကျော်ကြားသူဖြစ်သည်။

ဘုရားရှင်ရဲ့ အဖြေမှာတော့- စစ်သူကြီး-- ငါ့ဘုရား ပြောပြနိုင်တာပေါ့ဟု ဖြေဆိုသည်၊ ဒါန၏ မျက်မှောက်မြင်နိုင်သော အကျိုး ၄ မျိုးနှင့် မမြင်နိုင်သော သံသရာအကျိုးတို့ကို ဟောပြပါတယ်။ သို့သော်လည်း ဒါပြုသူ၏ အရည်အချင်းကိုလဲ စကားလုံး ၂ လုံးနဲ့ ထုတ်ဖော်ပြထားသေးတယ်။ ဒါယကနှင့် ဒါနပတိ ဟုပင်ဖြစ်သည်။


၁။ ယုံကြည်ယုံ သဒ္ဓါတရားရှိနေရုံနှင့် မလုံလောက်ဘူး၊ ပေးကမ်းရဲ၊ စွန့်လွတ်ရဲတဲ့ သူရ သတ္တိလို့ ခေါ်တဲ့ ဒါယကဂုဏ်ရှိရမည်။ တချို့က ယုံကြည်ချက် သဒ္ဓါရှိကာမျှသာ ဖြစ်သည်၊ ပေးရဲ ကမ်းရဲ စွန့်လွတ်ရဲတဲ့ သတ္တိမျိုးကား မရှိ၍ အလှူတစ်ခု မအောင်မြင်ဘဲ ရှိတတ်၏။ ထို့ကြောင့် ဒါန သူရဲကောင်းဖြစ်ဖို့ ဒါယကဂုဏ် လိုသည်။

၂။ ကိုယ်စားသလို၊ သို့မဟုတ် ကိုယ်မစားနိုင်တဲ့ အညံ့စားမျိုးကို ပေးလှူ စွန့်လွတ်ခြင်းမျိုး မဟုတ်ဘဲ ကိုယ်စားနေ သုံးနေတာထက် ပိုမွန်မြတ်တဲ့အရာကို ပေးကမ်းရဲ စွန့်လွတ်ရဲတဲ့ ဒါနပတိဂုဏ် လည်းရှိရမသည်။ ဒီနေရာမှာ ဒါန အဆင့်အတန်း သုံးမျိုး သိဖို့လိုသည်။


ဒါန ၃ မျိုး--
၁။ ကိုယ်တောင် မသုံးနိုင် မစားနိုင်တဲ့ အညံ့စားများကို ပေးကမ်းခြင်းသည် ဒါနဒါသဟု ခေါ်သည်၊ အစေခံ အလုပ်သမားများအား ပေးကမ်း ကျွေးသလိုမျိုး အနိမ့်စား အလှူမျိုးကို ဆိုလိုသည်။

၂။ ကိုယ်စားသည့် ကိုယ်သုံးနေသည့် အရာကို ကိုယ်နဲ့ တန်းတူထားပြီး ပေးကမ်းခြင်း စွန့်လွတ်သည့် အလှူသည် ဒါနသဟာယ ဟုခေါ်သည်၊ ကိုယ်စားသလို ကိုယ်သုံးသလို မိတ်ဆွေများကို ပေးသည့် အလှူမျိုးကို ဆိုလိုသည်။

၃။ ကိုယ်တိုင်လည်း မသုံးရက် မစားရက်ဘဲ သူတပါးအား မွန်မြတ်သည့် အလှူကို ပေးလှူခြင်းသည် ဒါနပတိဟုခေါ်သည်။ ကိုယ်ကတော့ ရှိတာလေးနဲ့ တင့်တိမ် ရောင်ရဲ မျှမျှတတ နေသည်၊ သူများကိုတော့ အကောင်းစား အမြင့်စားတွေပဲ ပေးတတ်သူကို ဒါနပတိ ဟုဆို၏။ ဒါနကို အကြီးအမှူး အရှင်သခင်အဖြစ် ပေးလှူတတ်သောကြောင့် အလှူ့ရှင်, အလှူ၏ အရှင်သခင် (ဒါနပတိ) မည်သည်။

ထိုဒါန သုံးမျိုးထဲက ဒါနသူရဲကောင်းဆိုတာ နောက်ဆုံး အလှူမျိုးကို ဆိုလိုသည်၊ ထိုနောက်ဆုံး အမြတ်စား အမြင့်စား ဒါနပတိ အလှူရှင်မျိုးသည်သာ ဘုရားပြောသော မျက်မှောက် မြင်တွေ့ရသည့် အကျိုးခံစားခွင့်နှင့် မျက်မှောက်မမြင်နိုင်သော သံသရာ အကျိုးခံစားခွင့်ကို ရမှာ ဖြစ်သည်။ ထို အကျိုးများကား--

မျက်မှောက်ဒါနအကျိုး
၁။ လောကမှာ ပေးရဲ ကမ်းရဲ စွန့်ကြဲရဲတတ်သူကို လူတိုင်းက ချစ်ကြသည်၊ လူတိုင်းက လေစားကြသည်။ လူတိုင်းရဲ့ ချစ်ခင်ခြင်း လေးစားခြင်းကို ရခြင်းသည် မျက်မှောက် ဒါနအကျိုးဖြစ်သည်။

၂။ သူတော်ကောင်းတွေက ပေးရဲကမ်းရဲ စွန့်လွတ်ရဲတဲ့ ဒါနပတိကို ဆည်းကပ်ကြသည်၊ အပေါင်းသင်း မိတ်ဖွဲ့ကြသည်၊ အလေးထား ဆက်ဆံကြသည်။ ထိုကဲ့သို့ အခြံအရံ ပရိသတ်များရခြင်း မိတ်ကောင်းဆွေကောင်း ရခြင်းသည်လည်း မျက်မှောက်ဒါနအကျိုးပင်ဖြစ်သည်။

၃။ သူတော်သတင်း ပျံ့နှံ့သည်။ ပန်းရနံ့တို့သည် လေညာသို့သာ သွားသည်၊ လေယူရာ ပါကြသည်၊ ပေးကမ်းရဲသော ဒါနပတိ အလှူရှင်တို့၏ ဂုဏ်ရနံ့က လေစုန် လေညာ အထက်အောက် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သည်။ ဤကဲ့သို့ မိမိ၏ ကောင်းသတင်း ဂုဏ်သတင်းသည်လည်း မျက်မှောက် ဒါနအကျိုးဖြစ်သည်။

၎။ ဒါနသူရဲကောင်းတို့သည် ပရိသတ်အလည် လွန်တင့်တယ်၏၊ ရဟန်းပရိသ်တ်၊ မင်းပရိသတ်၊ ဂုဏ်သရေရှိပရိသတ် မည်သည့်ပရိသတ်ကြားမဆို ရဲရင့်၏၊ သြဇာပါဝါရှိ၏၊ ၀မ်းမြောက်စွာ နေနိုင်၏။ ဒါနမရှိခဲ့ ဒါနမရှိတဲ့သူတွေကတော့ မျက်မှောက်မှာရော သံသရာမှာပါ မျက်နှာငယ်ရသည်၊ ပရိသတ်ကြားမှာလဲ အားငယ်နေတတ်သည်။ ဘယ်နေရာမဆို အပေးအကမ်းလေးနဲ့ ၀င်ထွက်ရင် ပြေလည်တတ်သည်၊ မျက်နှာမငယ်ရ။ ‘‘ဒါန မပါ သံသရာ မျက်နှာ ငယ်တတ်သည်’’ ဒါနပါမှ နောင်ဘ၀ ခေါင်က နေရမည်’’ ဟု ငယ်ငယ်က နာခဲ့ဖူးသော နံနက်ခင်း ဒါနကဗျာလေးဖြစ်သည်။ ဤသို့အားဖြင့် မျက်မှောက်ဒါနအကျိုး ၄ မျိုးကို ပြထားသည့်အပြင် မျက်မှောက်မှာ မမြင်နိုင်သော သံသရာအကျိုးတစ်ခုပါ ရနိုင်သေးကြောင့် ဘုရားရှင် မိန့်သည်။ ထိုအကျိုးကား---

သံသရာဒါနအကျိုး
ဒါနပတိ ဒါန သူရဲကောင်းတို့သည် ဒါနစေတနာအစွမ်းကြောင့် သုဂတိဘုံဘ၀သို့ ရောက်ရ၏။ ဤကား သီဟစစ်သူကြီးအား ဘုရားဟောသော ဒါနသူရဲကောင်းတို့၏ ဒါနအကျိုးဖြစ်သည်။ ထို့ကြောင့် အသိလိမ္မာရှိသူ သူတော်ကောင်းများက မစ္ဆေရအညစ်ကြေးကို ဒါနစေတနာဖြင့် ဆေးကြောကာ ထိုထိုသော ချမ်းသာသုခကို ရှာမှီးကြကုန်၏။ (တသ္မာ ဟိ ဒါနာနိ ဒဒန္တိ ပဏ္ဍိတာ၊ ၀ိနေယျ မစ္ဆေရမလံ သုခေသိနော။)
(မွေးနေ့ရှင် လှူဖွယ်ကပ်)

မွေ့နေ့ရှင်အတွက် ဆုမွန်
‘‘ယနေ့ မွေ့နေ့မှသည် နှစ်များစွာ ဒီ ဖေဖေ ဒီမေမေ ဒီ ညီအစ်ကို မောင်နှမ ဆွေမျိုးများနှင့်အတူ ကျန်းမာပျော်ရွှင်လျှက် သာသနာအကျိုး လောကအကျိုး မိသားစုအကျိုးစီပွားများ ဆောင်ရွက်နိုင်သော အတိဇာတပုတ္တ ခေါ် အဖေ့ထက်သာသော သမီးရတနာ ဖြစ်ပါစေ’’လို့ စောမယကောလိပ် Ph.D ကျောင်းသား ရဟန်းတော်များကား ဆုတောင်းပေးလျှက်ဖြစ်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၉-၁-၂၀၁၂

26 January 2012

သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့်အတွက် စာပေပန်းကုံး (၂)


သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့်အတွက် စာပေပန်းကုံး (၂)

တပည့်တော် ဆက်လက်ပူဇော်ချင်တာကတော့ ဆရာတော်ဘုရားကြီးရေးသားခဲ့သော
စာများအကြောင်းပင် ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးကို တပည့်တော် နာဂစ်အလှူပြုသွားမှသာ အနီးကပ်မြင်ဖူး၊ ဖူးခဲ့ရပါသည်။ တပည့်တော်တို့ သွားရောက်လှူဒါန်းခဲ့စဉ်က ကားတန်းစီပြီး စောင့်နေတုန်းအချိန်တွင် ဘေးချင်းကပ်ကားမှ ဆရာတော်ကြီးသာသနာပြုအဖွဲ့နဲ့အတူ ဦးဆောင်လာခဲ့စဉ်က ဖူးမြော်ခဲ့ရပါသည်။ လှူသောနေရာ မတူညားလည်း အလှူတရားလက်ကိုင်ထားလို့ လမ်းကြောင်းကတော့ တစ်ကြောင်းတည်းပဲလို့ စိတ်ဝယ်မှတ်သား ပီတိဖြစ်ခဲ့ရပါသည်။ နောက်တစ်ချိန်
ပြန်ဆုံချိန်ကတော့ ရေအလှူသွားလှူစဉ်ကပင် ဖြစ်ပြန်ပါသည်။ တပည့်တော်သည်
မိသားစုစီးပွားရေးအခြေအနေအရ အလှူအတန်းကို ဇောက်ချမလုပ်နိုင်သည့်တိုင်အောင် အဖွဲ့လေးများဖြင့် ကြိုကြား ကြိုကြား ပရဟိတအလုပ်မှာ တတ်နိုင်သလောက်သာ ပါဝင်နိုင်ခဲ့သဖြင့် ကိုယ်တိုင် အားမလိုအားမရဖြစ်မိခဲ့ပါသည်။ ဒါပေမယ့် အများအတွက် နှမ်းတစ်စေ့နဲ့ ဆီမဖြစ်မှန်းသိပေမယ့်လည်း နှမ်းစေ့တစ်စေ့နဲ့ အာသာပြေ လှူဒါန်းနိုင်အောင် ကြိုးစားခဲ့ပါသည်။ ဆရာတော်ကြီးရဲ့ သာသနာအလှူ၊ ကျောင်းတွေအလှူ၊ နောက် ဆေးရုံကျန်းမာရေးအတွက် အလှူဒါနများကို အဝေးကနေ သာဓုခေါ်ဆောင်နေမိပါသည်။
(ဤဓာတ်ပုံကတော့ တာချီလိတ် မြေငလျင်ဒဏ် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းတဲ့ အခမ်းအနား)

ဆရာတော်ကြီးရဲ့တရားတော်များကိုလည်း အစဉ်အမြဲ နာကြား မှတ်သားထားခဲ့ပါသည်။ ဆရာတော်ကြီးရဲ့ ဟောပြသွန်သင်ချက်ထဲက နောင်လာနောင်သားများအတွက်ကော ခုလက်ရှိဘာသာဝင်တွေပါ လေ့လာသိမှတ်ပြင်ဆင်စရာများကို တပည့်တော် သိသလောက် ပြန်လည်း မျှဝေပါရစေ။ ငယ်ငယ်တုန်းကတော့ ဗုဒ္ဓဘာသာဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။ မိဘက ဗုဒ္ဓဘာသာမို့
ဗုဒ္ဓဘာသာဖြစ်နေခဲ့မိပါတယ်။ နောက်စာပေဗဟုသုတ လေ့လာလိုက်စားခဲ့မှသာ သိစရာ
မြင်စရာ လေ့လာစရာ လိုက်နာစရာများ တွေ့ရှိမှတ်သားလာရပါတယ်။ စိတ်ဝယ်မှတ်မိနေတာကတော့
နယူးဒေလီမြို့မှာ သီတဂူဆရာတော်ကြီး၏ တစ်ခုသော တရားပွဲမှာ မေးတဲ့
မေးခွန်းကို ဆရာတော်ကြီးက ပြန်လည်ဖြေကြားခဲ့မှသာ ဗုဒ္ဓဘာသာကို ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ပါတယ်။
အဲဒီထဲကမှ အနည်းငယ် ကောက်နုတ်တင်ပြချင်ပါတယ်။ မေးခွန်းကတော့ ဗုဒ္ဓ၀ါဒသည်
Religion လား ဆိုတဲ့မေးခွန်းလေးပါပဲ။ အဲဒီမှာ ဆရာတော်ကြီး ပြန်လည်ဖြေကြားခဲ့တာကတော့
ဗုဒ္ဓ၀ါဒသည် ဘာကို အခြေခံသလဲ ယနေ့ ကမ္ဘာလောကမှာ Religion ဆိုတဲ့စကားကို လူတိုင်းသုံးစွဲပြောဆိုနေကြပါတယ်။ သူတို့ပြောဆိုနေကြတဲ့ အဓိပ္ပာယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရား အားလုံးဟာ Religion လို့ ဆိုနေကြတာပါ။

အများပြောကြတဲ့အတိုင်းဆိုလျှင် ဗုဒ္ဓ၀ါဒလည်း Religion အထဲ ပါဝင်နေပါလိမ့်မယ်။ ဗုဒ္ဓ၀ါဒ Religion မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ပြီးတော့ ယုံကြည်မှု၊ မျှော်လင့်တောင့်တမှုထားပြီး ကိုးကွယ်နေရတဲ့ စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ဗုဒ္ဓ၀ါဒသည် တစ်စုံတစ်ယောက်သော တန်ခိုးရှင်ကို မျက်စိမှိတ်ယုံကြည်ပြီး မှီခိုနေရတဲ့ဝါဒမျိုးလည်း မဟုတ်ပါဘူး။

အသိဥာဏ်နှင့် အကျင့်မပါဘဲ ယုံကြည်မှု(သဒ္ဓါ)မျိုးကို ဗုဒ္ဓ၀ါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု(သဒ္ဓါ)ဆိုတာဟာ အသိဥာဏ်ပေါ်မှာ အခြေခံရပါတယ်။ အသိဥာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု (သဒ္ဓါ)ဟာ အကျင့်တရားပါတယ်။ အကျင့်တရားပါမှ ချမ်းသာစစ် ချမ်းသာမှန်ကို ရနိုင်ပါတယ်။ ဗုဒ္ဓရဲ့အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဥာဏ်တော်တွေကို အလွန်အမင်းကြည်ညိုပြီး ဗုဒ္ဓအနားမှ မခွာနိုင်အောင် ဖြစ်နေတဲ့ ၀က္ကလိရဟန်းတော်ကို ဗုဒ္ဓက- "အို ၀က္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်နေတဲ့ ကိုယ်ကြီး)ကို ကြည်ညို၍ နေခြင်းဟာ ဘာအကျိုးရှိမည်နည်း၊ သွားလော့၊ ကျင့်လော့" ဟု နှင်ထုတ်ခဲ့ဖူးပါတယ်။ ၀က္ကလိရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့်အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်တဲ့။ ဗုဒ္ဓလက်ခံခဲ့တဲ့ ယုံကြည်ကိုးကွယ်မှု ဗုဒ္ဓရှင်တော်ကလည်း မိမိရဲ့သာဝကတွေကို မိမိကျင့်သလို ကျင့်စေချင်တယ်။ မိမိကို အတုယူစေချင်တယ်။ ဗုဒ္ဓရဲ့ ပုံတော်ရှေ့မှောက်မှာထိုင်၍ ဗုဒ္ဓကို အာရုံပြုပြီး ပူဇော်လိုက်တဲ့အခါ ဗုဒ္ဓနဲ့အတူ နေရတယ်လို့ စိတ်မှာ ၀င်စားလာတတ်ပါတယ်။ ဗုဒ္ဓနဲ့အတူတူနေရတဲ့ ပုဂ္ဂိုလ်ဟာ မကောင်းသော အကျင့်တွေကို ကျင့်လို့ ဘယ်ဖြစ်တော့မလဲ။ တဖြည်းဖြည်း ဗုဒ္ဓဓာတ်ကူးလာနိုင်ပါတယ်။ ဒါကြောင့် ဗုဒ္ဓကလည်း ပညာဥာဏ်ကို အရင်းခံသော ယုံကြည်မှုဖြင့် ကိုးကွယ်ဆည်းကပ်သည်ကို လက်ခံပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီရည်ရွယ်ချက်ဖြင့် ဗုဒ္ဓပုံတော်ကို ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။ ညောင်ပင်ဟာ ဗောဓိဥာဏ်ရဲ့ အထိမ်းအမှတ်တစ်ခု ဖြစ်ပါတယ်။ ဒီညောင်ပင်မှာ ဗောဓိဥာဏ်ရလို့ ဒီညောင်ပင်ကို "ဗောဓိပင်" လို့ ခေါ်ကြပါတယ်။

ဗုဒ္ဓဘာသာရဲ့ ပဓာနလုပ်ငန်းတစ်ခု
ရုပ်တု၊ ဆင်းတု၊ ညောင်ပင် စသည်ကို ပူဇော်ခြင်းတွေဟာ ဗုဒ္ဓဘာသာမှာ အရေးကြီးတဲ့အချက်တွေတော့ မဟုတ်ပါဘူး။ အဓိက ပဓာနလုပ်ငန်းများလည်း မဟုတ်ပါဘူး။ သို့သော် သမာဓိကောင်းစွာ ရရှိနိုင်တဲ့အတွက် လုပ်ထိုက်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် အသိဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်များဟာ အတုမဲ့မဟာပုရိသဖြစ်တော်မူတဲ့ ဗုဒ္ဓရဲ့ပုံတော်ကို သူတို့စိတ်ထဲမှာ ထင်ထင်ရှားရှား ထည့်သွင်းထားပြီး ဗောဓိဓာတ်ကိုရအောင် ယူကြတယ်။ စိတ်ကြည်လင်မှု၊ ချမ်းသာမှုကို ရှာဖွေကြတယ်။
သို့သော် ဗုဒ္ဓဘာသာဝင်တွေက ကျေးဇူးတော်ရှင်မြတ်ဗုဒ္ဓကို ရှိခိုးပူဇော်ကြခြင်းထက် မြတ်ဗုဒ္ဓကဲ့သို့ သစ္စာတရားတို့ကိုသိအောင် အားထုတ်ခြင်း၊ သိက္ခာသုံးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပါရမီဆယ်ပါးတို့ကို အားထုတ်ခြင်းသာလျှင် ပိုမြတ်ပါတယ်။ ဗုဒ္ဓကလည်း တပည့်သာဝကတို့ရဲ့ ပူဇော်ခြင်းထက် မိမိကျင့်သလို အကျင့်မြတ်တွေ ကျင့်ကြံလိုက်နာခြင်းကိုသာ မျှော်လင့်ပါတယ်။ ကျင့်ဖို့ချည်း တိုက်တွန်းနှိုးဆော်ပါတယ်။

ဗုဒ္ဓဘာသာသည်
ဗုဒ္ဓဘာသာသည် ဘာသာအားလုံးတို့ရဲ့ဘာသာ အကယ်၍ ဗုဒ္ဓ၀ါဒကို Religion လို့ဆိုရင်တော့ အခြား အခြားသော Religion မျိုးမဟုတ်ပါဘူးလို့ ဆိုချင်ပါတယ်။

Buddhist Religion သည် (၁) အလွန်လေးနက်သော ဘ၀အမြင်ကို ကောင်းစွာ သင်ပြပေးသော Religion တစ်ခုဖြစ်ပါတယ်(၂) ထိုလေးနက်သော ဘ၀အမြင်ကို အခြေခံ၍ ဘ၀လွတ်မြောက်ရေးအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့ လမ်းညွှန်ပေးသော Religion တစ်ခုလည်း ဖြစ်ပါတယ်။ (၃) ကိုယ်တိုင် ပိုင်ပိုင် အသိဥာဏ်ဖြင့် အားထုတ်သည့် အလျောက် အသိဥာဏ်များ တောက်ပြောင်ပွင့်လင်းလာအောင် သင်ပြပေးသော Religion လည်း ဖြစ်ပါတယ်။ (၄) လူသားတို့ရဲ့ တန်ခိုးထက်လှစွာသော စိတ်၊ စေတသိက်ကို စနစ်တကျ အသုံးချခွင့်ပေးသော Religion လည်း ဖြစ်ပါတယ်။ (၅) ဘ၀နှင့် သေမင်းကို ရင်မဆိုင်ရဲသော သတ္တ၀ါတို့အား ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရဲအောင် သင်ပြပေးသော Religion လည်း ဖြစ်ပါတယ်။
ဗုဒ္ဓ၀ါဒသည် ဘ၀ဒုက္ခအားလုံးတို့ကို ပယ်ဖျောက်ပစ်ဖို့၊ ဘ၀ဒုက္ခမှ လွတ်မြောက်ဖို့ ကျင့်ရမည့်၊ အားထုတ်ရမည့် စနစ်ကျသော ကျင့်စဉ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓ၀ါဒကို Religion လို့ဆိုရင်တော့ Religion of all religions လို့ ဆိုချင်ပါတော့တယ်လို့ ဟောပြ ညွှန်ကြားဆုံးမတော်မူခဲ့ပါတယ်အရှင်ဘုရား။
တကယ်လည်း လိုက်နာမှတ်သား ကျင့်ကြံနေထိုင်သွားနိုင်ဖို့ ကြိုးစားနေပါတယ်။ နောက် ဆရာတော်ဘုရားကြီး ဆုပေးတာလေးတစ်ခုလည်း ရှိသေးတယ်...

"တရားကျင့်မူ ခပ်သိမ်းသူ သီတဂူသို့ အေးပါစေ"
ဆိုတဲ့ စကားလေးတစ်ခွန်းကတော့ နားမှာ အမြဲ ပဲ့တင်ထပ်နေမိပါတော့တယ်။ ဆရာတော်ကြီး ဆုံးမစာတွေကတော့ ရေးရမယ်ဆိုရင် ရေးမကုန်နိုင်အောင် များပြားလှသလို လိုက်နာကျင့်ကြံစရာ နည်းနာကောင်းတွေပါပဲ။ ဗုဒ္ဓရဲ့ အဆုံးအမနဲ့လည်း ကိုက်ညီလှပါတယ်။ ဘယ်အရာမဆို ကိုယ်ကိုယ်တိုင် ကျင့်ကြံအားထုတ်မှ မြတ်နိဗ္ဗာန်ကို တက်လှမ်းနိုင်မယ်လို့ တပည့်တော် ယုံကြည်နေမိပါတယ်ဘုရား... ဒီစာစုလေးဖြင့် သီတဂူဆရာတော်ကြီးရဲ့ သက်တော် ၇၅ နှစ်ပြည့်ကို ပူဇော်ကန်တော့လိုက်ရပါသည်ဘုရား....

၁၇.၁.၂၀၁၂ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်တွင် မနောဖြူလေးခံစားရေးဖွဲ့သီကုံးသည်။
(www.manawphyu.net)


မည်သူမဆို ကလောင်ဖြင့် ပူဇော်နိုင်သည်၊ အောက်ပါမေးလ်များကို ပေးပို့နိုင်ပါသည်။
sitagustar.0073@gmail.com
sitagustar2010@gmail.com

ကျေးဇူးတင်ပါသည်
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၁-၂၀၁၂

22 January 2012

နဖူးတိုက်ခါဦးခိုက်ပါရသည်

၂၀၁၂ ခု၊ မတ်လ ၇ ရက်နေ့မှာ ကျရောက် သီတဂူဆရာတော်ကြီး၏ (၇၅)နှစ်ပြည့် မွေးနေ့ကို ပူဇော်သည်

နဖူးတိုက်ခါဦးခိုက်ပါရသည်...
ဗုဒ္ဓမွေနှစ်သားတော်စစ်
'သီ' လသမာဓိ စွမ်းအင်ရှိသမျှထူးတင့်လှစွာ
''ရားစစ်အမှန်ကို
'ဂူ'တွင်းရင်မှ ဖွင့်ဆိုပြသည် ဓမ္မပန်းများ
လူတိုင်းရင်မှာ ပွင့်လန်းစေသူ
ချမ်းမြေ့ ကြည်ဖြူ
'သီတဂူ'.....

ရေအလှူတော်ကြောင့်
ချမ်းမြေ့ ပါ၏ အရှင်ဘုရား
သာယာပါ၏ အရှင်ဘုရား
ရှေ့အဆက်ဆက် တပေါက်ရေအတွက်
သောက်ရေ သုံးရေ ခက်ခဲဝန်တာ
ဆင်းရဲရာမှ ချမ်းသာရောက်ခါ

လွတ်မြောက်ခဲ့ရပါပြီ အရှင်ဘုရား ။


မမြင်ရ၍ မြင်ခြင်းတရား
တန်ဖိုးထားသော တပည့်ဒါယိကာ ဒါယိကာမ

စက္ခု နှစ်ကွင်း လင်းခြင်းပသာဒ
ပီတိအာဟာရသည် နှိုင်းစရာမရှိ

အသိနှင့်အမြင်နှိုင်းယှဉ်တိကျ
ဖြစ်လာသမျှသည်
လိုအပ်နေမှုအစုစုအတွက်

ပြည့်ဝစေခဲ့ပါပြီ အရှင်ဘုရား ။

ဖြစ်ခြင်း ၊ ပြောင်လဲခြင်း ၊
ပျက်ခြင်း ဒုက္ခ
ကျော်လွှားရအောင်
တရားပြလာ
ကမ္ဘာ့ အရှေ့မှ...အနောက်သို့ တိုင်
ပြန့် ပွားစည်ပင် ကျိုးစားထွင်ခဲ့
ဗုဒ္ဓမျိုးစေ့ ကမ္ဘာ့ဓလေ့အပေါ်

ပျိုးချဖြန့် ခင်း သာသနာ့အလင်း

ထွန်းကားတောက်ပစေခဲ့ပါပြီ အရှင်ဘုရား ။


ဂုဏ်ရည်များစွာ ရေတွက်၍မကုန်
ကြယ်စင်စုံအလား လပြည့်ဝန်းပမာ
ဤကမ္ဘာမြေအပေါ် တရားတော်ဖြင့်
အလင်းစင်ဖြန်းချ တုပမရဂုဏ်ကြီးမြင့်ပုံသည်
စိတ်မှာထာဝရ ကြည်ညိုမဝ
ကျေးဇူးတော်သည်
မြင့်မြတ်လှပါ၏ အရှင်ဘုရား ။

သီလ ၊သမာဓိ ၊ပညာ
ထိရဂုဏ်များစွာဖြင့် ပြည့်စုံတော်မူပါသော
ပီယစက္ခုတို့ ၏ ဆရာသခင် အရှင်ဘုရား၏
ခြေတော်အစုံကြာပဒုမ်ကို

သံသရာအလည် ဆုံတွေ့ ရခိုက် လုံ့ လစိုက်၍

နဖူးတိုက်ခါဦးခိုက်လိုက်ရပါတော့သည်
အရှင်မြတ် ဘုရား ။
ရှင်မိုး (ရန်ကုန်တက္ကသိုလ်) ပူဇော်သည်။


ပူဇော်ပေးသော ရှင်မိုးအား အထူးကျေးဇူးတင်ပါသည်။
မွေးနေ့အတွက် ကလောင်ဖြင့် ပူဇော်နိုင်ပါကြောင်း ထပ်လောင်း သတင်းကောင်းပါးပါသည်။

ပို့ရန်-
sitagustar2010@gmail.com
sitagustar.0073@gmail.com

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၁-၂၀၁၂

19 January 2012

သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့်အတွက် စာပေပန်းကုံး

သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့်အတွက် စာပေပန်းကုံး
စာမိတ်ဆက်
သီတဂူဆရာတော်ကြီးသည် ယခုနှစ် ၂၀၁၂ မတ်လ (၇) တပေါင်းလပြည့်နေ့မှာ ၇၅ နှစ် ပြည့်မည်လို့ ဘုန်းဘုန်းသီတဂူစတားက ပြောလာပါသည်။ တပည့်တော်သည် ဘုန်းဘုန်း သီတဂူဆရာတော်ကြီးရဲ့ ဂုဏ်အင်တွေကို ဖွဲ့ဆိုနိုင်ဖို့ငြား အတတ်ပညာ အသိပညာမရှိပါမူလည်း တပည့်တော်ရဲ့ စာပေပန်းကုံးဖြင့် ဘုန်ဘုန်းသီတဂူဆရာတော်ရဲ့ မွေးနေ့တွင် အလှူအဖြင့် ပါဝင်ကုသိုလ်ပြုခွင့်ပေးဖို့ ဘုန်းဘုန်းသီတဂူစတားကို ခွင့်ပန်ခဲ့ပါသည်။ သို့ပေသည့်ငြား သာသနာရေးတင်မက လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ပရဟိတ လုပ်ငန်းတွေကိုပါ
အင်တိုက်အားတိုက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်သာနာပြုနေသော ဘုန်းဘုန်းသီတဂူဆရာတော်ကြီးအတွက်
စာပန်းကုံးသီရေးဖို့ရန် လက်တွန့်နေခဲ့ပါသည်။ အမှန်ပြောရလျှင် တပည့်တော် ဘာရေးလို့ ရေးရမှန်းမသိအောင် ဖြစ်မိပါသည်ဘုရား။

ရေးစရာမရှိလို့တော့မဟုတ်ပါဘူး။ ရေးမယ်ဆိုတော့ ဆရာတော်ကြီးရဲ့ ကုသိုလ်တရားတွေ ဒါန၊ သီလ၊ ဘာဝနာတွေ အလွန်များပြားနေသဖြင့် ဘယ်ကနေစမှန်းမသိဖြစ်နေမိပါသည်။ တပည့်တော် အမှားများ ပါသွားမှာလည်း အလွန်စိုးရိမ်မိပါသည်။ ဘုန်းဘုန်းသီတဂူစတားကတော့ ပြောပါသည်။ အဆင်ပြေသလိုသာ ရေးပေးပါတဲ့။ တပည့်တော် စာပေဖြင့် ကန်တော့ပန်းဆင်ချင်လွန်းသဖြင့် အမှားများ ပါခဲ့သည်ရှိသော် ဒီနေရာလေးမှ လက်ဆယ်ဖြာ ဦးထိပ်မိုးလျှက် ကန်တော့အပ်ပါသည်ဘုရား။
၂၀၀၆ ခုနှစ် ဘန်ကောက် နိုင်ငံတကာ ဗုဒ္ဓဘာသာ ထိပ်သီးအစည်းဝေးမှာ ထိုင်းနိုင်ငံ ဘုရင့်သမီးတော် သီရိဒုံ က သီတဂူဆရာတော်ကြီးအား လက်ဆောင်ပေးနေစဉ်။ သီတဂူစတားလဲ ထိုပွဲ တက်ခွင့်ရခဲ့။

သည်မှာ ဘုရား၊ သည်တရားပင်
သည်ကား သံဃာ၊ သည်မှာ မိဘ
ဂုဏ်ကိုပြ၍ သည်က ဆရာ
လင်္ကာပန်းစုံ သီကုံးပုံသည်
သီတဂူဆရာတော်ကြီး လက်ရာတည်း။
ငါးပါးအနန္တ ဦးခိုက်ကြသော်
သာသနာရေး ရှေ့က ဦးဆောင်
နိုးကြားတက်ကြွ ဆော်သြကာဖြင့်
သီတဂူသာသနာပြုအဖွဲ့ကြီး ဖြစ်တည်ခဲ့သည်။
သီတဂူအရေး တို့အရေးဟု
ဝင့်ကြွားဂုဏ်ရောင် ပညာရောင်ဖြင့်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပေါ်ပေါက်ခဲ့သည်။
သာလိမ့်ကျက်သရေ တက်ဖြိုးဝေဟု
စာပေဆော်သြ ဘုရားဟောနှင့်
ပုတ္တောဝါဒ ဆုံးမစာဖြင့်
ဘာသာအရေး ပြန့်ပွားစေခဲ့သည်။
လူ့ဘောင်သာသစ်၊ တရားချစ်ကြ
တားမြစ်မရ၊ အိုကြရလိမ့်.....
တားမြစ်မရ၊ နာကြရလိမ့်....
တားမြစ်မရ၊ သေကြရလိမ့်....
ဘ၀မငြိမ် ခန္ဓာအိမ်ကို
အချိန်နှင့် ဆောက်၊ အပျောက်နှင့်ရှု
အပြုနှင့် ပြင်၊ အလှဆင်လော့
အိုလူသားတို့.... နိုးဆော်ရင်းဖြင့်
ဘာသာ သာသနာ
လူမှု ပညာ၊ ကျန်းမာရေးကို
အစဉ်ကုသိုလ်ပြုဖို့အရေး
သက်တော် ၇၅ နှစ်မှ
နောင် ၁၂၀ တိုင်စေသော်
သက်တော် တည်တံ့စေဖို့
တပည့်တော် စာပန်းကုံးဖြင့်
လက်ဆယ်ဖြာချီ ထိပ်ဆီအုပ်မိုး
ရှိခိုးပူဇော်လိုက်ပါသည်ဘုရား.....

၁၇.၁.၂၀၁၂ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်တွင် မနောဖြူလေးခံစားရေးဖွဲ့သီကုံးသည်။
(www.manawphyu.net)

မနောဖြူ စာလဲ အလွန်ကောင်း၊ ကျေးဇူးလည်း အထူးတင်ပါတယ်။ အပိုင်း (၂) ကို ဆက်လက်တင်ပေးပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၉-၁-၂၀၁၂

15 January 2012

ကိုကောင်းမွန်ပြောသော ပူနေးအလှူရှင်မိသားစု

စာမိတ်ဆက်
အောက်ပါ ကိုကောင်းမွန်ပို့စ်ထဲက စာပိုက်လေး ဖတ်ပြီး ခရီးသွား မှတ်တမ်း အပိုင်းအစလေး တစ်ပုဒ် ရေးလိုက်ရသည်။ ကိုကောင်းမွန်ရေ-- အထူးကျေးဇူးတင်ပါတယ်။

ဒီမှာ မနက်က ဦးကောဝိဒ ဒကာကြီး မိသားစု လှူသွားတဲ့ ၀တ္ထုငွေ (၁၀၀၀)

ဦးဇ၀န အခန်းထဲဝင်လာပြီး ရူပီးငွေ (၁၀၀၀) လာပေးတယ်။ အင်တာနက်ကြေး (၂၅၀) နှုတ်လိုက်တော့ (၇၅၀) ပဲရတော့တယ်။ ဟုတ်တယ် နံက်က ဘုံဘေတက္ကသိုလ်မှာ ဒေါက်တာဘွဲ့လုပ်နေတဲ့ သီတဂူစတား လို့ နာမည်ကျော်တဲ့ ဦးကောဝိဒသီရိနှင့် သူရဲ့ ဒကာကြီးများမိသားစု ပူနေးကို sightseeing ထွက်လာရင်း ကျောင်းသားဆောင်ကိုလာပြီး မြန်မာရဟန်းတော် (၁၀) ပါးအတွက် ရူးပီးငွေ တစ်သောင်းကျပ် လှူဒါန်း သွားတယ်။ အဆောင်ကို ရောက်ရောက်ချင်း ဒကာမကြီးက သူသိဘူးတဲ့ ဦးဇင်းတစ်ပါးအထင်နဲ့ ‘ ဦးဇင်းက စကားဝဲတယ်နော်’ လို့မေးလာတယ်။ ‘ မ၀ဲပါဘူး၊ ကျုပ်က ရွှေဘိုသားပဲ အုတ်စာ’ လို့ချက်ချင်းပဲ ပြန်ဖြေ လိုက်တယ်။ အားတော့နာပါရဲ့ မြန်မာသွေးစစ်ပုံကို အထင်းသားသိစေချင်တဲ့သဘောနဲ့ ဇာတိကို ထည့်ပြော လိုက်ရတာပါ။ အလှူရှင် ဒကာကြီးမိသားစုက ရန်ကုန်ကဖြစ်ပြီး လေကြောင်း အင်ဂျင်နီယာတာဝန်နဲ့ အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှာနေကြတယ်လို့သိရတယ်။ မြန်မာပီပီ ရတနာသုံးပါးနဲ့ကင်းပြီး မနေတတ်ကြောင့် ဘုန်းကြီး သံဃာတွေရှိတဲ့ နေရာတွေကို အရောက်သွားပြီး လိုအပ်ရာရာတွေကို အထောက်အပံ့ပြုပေးနေတဲ့ တကယ့် စေတနာရှင် မိသားစုဖြစ်တယ်ဆိုတာကို စတားရဲ့ website ကို ကြည့်ရင်သိလိမ့်မယ်။ နတ်တမာန် စေညွှန်းလိုက်လေရော့သလားမသိ။ ဘွဲ့နှင်းသဘင် ကျင်းပတဲ့နေ့မှာ ဒီအလှူရှင်မိသားစု ပူနေးကိုအရောက် လာပြီး ဘွဲ့ယူမြန်မာရဟန်းတော်များအား ဆုတော်ငွေလှူဒါန်းသလိုဖြစ်နေတယ်။ ဘာပဲဖြစ်နေနေ စာရေး သူကတော့ ဒီနေ့ ရလာတဲ့ငွေ (၁၀၀၀) ကို စာမေးပွဲအောင်လို့ ရတဲ့ ဆုအဖြစ် မှတ်ယူလိုက်ပါတယ်။ အလှူရှင်မိသားစု ဘေးဘယာ ဝေးကွာပါစေ ။
http://kaungmon2010.blogspot.com/2012/01/blog-post_15.html

ကောင်းမွန်
၁၄-၁-၂၀၁၂
++++++++++++++

ပူနေး အလည်တစ်ခေါက်
ကိုကောင်းမွန် ဆိုက်ထဲက တွေ့လို့ ပူနေးတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်နှင့်ဆု ဆိုတဲ့ ပို့စ်ထဲက စာတစ်ပိုဒ်ကူးပြီး တင်ထားတာ ဖြစ်ပါတယ်။

မှန်ပါတယ်၊ ကိုကောင်းမွန် ပြောသလိုပဲ စာရေးသူနဲ့ ဒကာကြီး ဦးကျော်ဆွေ+ ဒကာမကြီး ဒေါ်သန်းသန်းဌေး သမီး- မယဉ်သူဇာတျော်တို့ စနေနေ့ ရုံးပိတ်ရက်လဲ ဖြစ်တော့ ပူနေးကို အလည်သွားကြတယ်။

ဒကာကြီးမိသားစုကတော့ ပူနေးကို ရောက်ဖူးရုံသက်သက်ပဲ ဖြစ်တယ်။ သူတို့ကလဲ စာရေးသူကို အားကိုးတကြီးနဲ့ ပူနေးမြို့ကို လည်မယ်ပေါ့၊ စာရေးသူလဲ တွေးပြီး ကိုယ့်ကိုယ်ကိုတောင်ရှက်မိသေးတယ်။ ပူနေးမြို့ထဲဝင်ကထဲက မျက်စိလည်နေပြီ၊ ပူနေးတက္ကသိုလ်အပေါက်ရောက်ကာမှ ဟ---ရောက်ပြီဟလို့ ပြောနိုင်တယ်၊ ပူနေးမြို့ ပူနေးတက္ကသိုလ်မှာ M.A (အမ်အေ)တန်းတက်စဉ်က ၂ နှစ်တိတိ နေခဲ့တာတောင် ပူနေးမြို့ထဲ ဘယ်လိုသွားရမှန်းမသိ၊ နေစဉ်ကတော့ ကိုယ်သွားချင်တဲ့ နေရာကို ဥပမာ-MG road တို့လိုနေရာကို တက္ကစီသမား ပြောလိုက်ရင် ဘယ်ကမောင်းမောင်း ရောက်သွားရော၊ အခုတော့ ကားသမားက ဘုံဘေက သူကလဲ ပူနေးဘယ်နား ဘာရှိတယ်ဆိုတာ မသိတော့ ကိုယ်က guide လုပ်ရပြီပေါ့၊ အဲဒီမှာ အခက်တွေ့ပြီ၊ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဖြစ်နေသည်။ စာရေးသူလဲ ကျောင်းတက်စဉ်ကရော အခု ဘုံဘေမြို့မှာ နေတဲ့ အခိုက်ကော အခန်းအပြင်က သိပ်မထွက်တော့ ဘယ်နား ဘာရှိတယ်ဆိုတာ မသိဖြစ်နေတယ်။ ပူနေးမြို့ထဲက Pune center မှာဝင်ပြီး နေ့လည်စာကို ဒကာကြီး မိသားစုက ကပ်တယ်၊ အဲဒီကနေပဲ ကာလ လှိုဏ်ဂူဘက်ကို သွားပြီး ဘုံဘေကို ပြန်ခဲ့ရတယ်၊ ဘယ်မှာမှ ကောင်းကောင်း မရောက်ခဲ့ဘူး။

ပူနေးတက္ကသိုလ် ဘွဲ့နှင်းသဘင်နှင့်ကြုံ
စာရေးသူတို့ ပူနေးတက္ကသိုလ်ရောက်သွားတော့ ပူနေးတက္ကသိုလ်ရဲ့ နှစ်စဉ်ဘွဲ့နှင်းသဘင် အခမ်းအနားနဲ့တိုးတော့ လမ်းတွေပိတ်၊ လူတွေများတော့ သွားဖို့လာဖို့အဆင်မပြေ၊ တက္ကသိုလ်ထဲလဲ ရောက်တယ်ဆိုရုံပဲ လှည်လည် မကြည့်ခဲ့ရ။ ပူနေးတက္ကသိုလ်နှင့် affiliate လုပ်ထားတဲ့ ကောလိပ်ပေါင်း ၈၀ ကျော်ရှိတယ်လို့ သိရတယ်၊ အဲဒီကောလိပ်တွေကအောင်တဲ့ Bachelor ကျောင်းသားတွေရော ပူနေးတက္ကသိုလ်ကြီးက Mastar နှင့် Ph.D ကျောင်းသားတွေရော တပြိုင်တည်း တနေ့တည်း ဘွဲ့လက်မှတ်ပေးသည် ဖြစ်သဖြင့် ၂၀၁၀ ခုနှစ်က ဘွဲ့နှင်းသဘင်ကျောင်းသား ဦးရေ ငါး (၅) သောင်းရှိသည်၊ (၂) နှစ်သောင်း ပျက်ကွက်ဟု တွေ့ရသည်၊ စာရေးသူ၏ ဆိုက်ထဲတွင် အဲဒီနှစ်က ဘွဲ့နှင်းသဘင်အကြောင်း ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ တင်ခဲ့သည်။

အလှူရှင်မိသားစု
ပူနေးတက္ကသိုလ်ထဲ ရောက်တုန်း ဒကာကြီး ဦးကျော်ဆွေ+ဒကာမကြီး ဒေါ်သန်းသန်းဌေးမိသားစုတို့က ပူနေးတက္ကသိုလ် M.A ကျောင်းသား၊ M.Phil ကျောင်းသား၊ Ph.D ကျောင်းသား စုစုပေါင်း ၁၀ ပါးတို့အား အိန္ဒိယရူပီးငွေ (၁,၀၀၀၀=US 200) လှူဒါန်းခဲ့သေးသည်။ ကိုကောင်းမွန်ပြောသလို ဘုန်းကြီးရဟန်း မြင်လျှင် မလှူဘဲ မနေနိုင်တဲ့ မိသားစုဖြစ်သည်၊ ဘုံဘေမြို့ စောမယကောလိပ် Ph.D ကျောင်းသားများအား စနေ တစ်ပတ်ခြားတိုင်း လာရောက် ဆွမ်းဟင်းများကို ကပ်လေ့ရှိသည်။ ရောက်တဲ့နေရာ တာဝန်ကျတဲ့ နေရာ နီးစပ်ရာ ဘုန်းကြီးရဟန်းများကို လှူလေ့ရှိသည်။ ဒကာကြီးမိသားစုကလဲ ဘုန်းဘုန်းပါလို့ ပူနေးကျောင်းသားများကို ဆွမ်းစရိတ်လှူခွင့်ရတာဆိုပြီး ကျေးဇူးတောင် တင်နေတယ်။

သာဓု သာဓု သာဓု
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁-၂၀၁၂

13 January 2012

သီတဂူစတား စာမူပို့စ် ဖိတ်ခေါ်ခြင်း

အမေရိကရှိ ပြတိုက်တစ်ခုတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်များ ဓာတ်ပုံရှေ့တွင် ဆရာတော်ကို ဖူးမျှော်ခြင်း

ကလောင်သွေးလိုသော
ကလောင်စမ်းသပ်လိုသော
ဆရာတော်ကြီးကို ကြည်ညိုလေးစားသော
မည်သူမဆို အားလုံးကို ဖိတ်ခေါ်ပါသည်။

သီတဂူဆရာတော်ကြီးသည် ယခုနှစ် ၂၀၁၂ မတ်လ (၇) တပေါင်းလပြည့်နေ့မှာ ၇၅ နှစ် ပြည့်မည် ဖြစ်ပါသည်။ ထိုမွေးနေ့အတွက် မိမိ ဥာဏ်အား စေတနာ ဆန္ဒတို့အလျောက် စာပေကလောင်သွားဖြင့် ပူဇော်နိုင်ရန် သီတဂူးစတား ဆိုက်က ဖိတ်မန်ပါသည်။ သီတဂူစတားဆိုက်တွင် တင်ပေးမည်ဖြစ်ပါသည်။
စာရေးနိုင်ရန် ဆရာတော်ကြီးနဲ့ ပတ်သက်သော အောက်ပါအကြောင်းအရာများကို သီတဂူစတား၏ဆိုက်တွင်၎င်း၊ သီတဂူစတား ဆိုက်တွင် လင့်ခ်ထားသော သီတဂူဆိုက်များတွင်၎င်း လေ့လာနိုင်ပါသည်။

ဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြု အဖွဲ့၏ လုပ်ငန်းစဉ် အကြမ်းပျင်းများ
၁။ သီတဂူရေအလှူတော် (စစ်ကိုင်းတောင်)
၂။ သီတဂူအာယုဒါန ဆေးရုံ (စစ်ကိုင်း)
၃။ သီတဂူဆေးရုံတော်များ (မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများ ယနေ့အထိ အမှတ်စဉ် ၁၅ ခု ဖွင့်လှစ်ပြီး)
၎။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်)
၅။ သီတဂူကျောင်းတော်များ (အမေရိက)
၆။ သီတဂူကျောင်းတော်များ (မြန်မာပြည်)
၇။ လူမှုကယ်ဆယ်ရေး (နာဂစ်ကဲ့သို့သော သဘာဝဘေဒဏ်များ၊ သီဟိုဠ်ရောက်မြန်မာ ကိုရင် သီလရှင်၊ ကဲ့သို့သော ကယ်ဆယ်ရေး၊)
၈။ ပညာရေးအလှူတော်များ (အိန္ဒိယရောက် မြန်မာရဟန်းတော်များ၊ သီတဂူတပည့်များ)
စသည်စသည်အားဖြင့် သာသနာရေးတင်မက လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ပရဟိတ လုပ်ငန်းတွေကိုပါ အင်တိုက်အားတိုက် လှုပ်ဆောင်နေခြင်း ဖြစ်သည်။

စာရေးနိုင်ရန်မှာ
သီတဂူဘာသာရေး၊ သီတဂူပညာရေး၊ သီတဂူကျန်းမာရေး သီတဂူလူမှုရေးတင်မက အခြားခြား အကျိုးပြုနှင့်ဆက်စပ်သော ပို့စ် ၊ စောင်းပါး၊ ကဗျာ၊ ၀တ္တု ပုံစံမျိုးစံနဲ့ ရေးနိုင်ပါသည်၊ ၇၅ နှစ်ပြည့် ဆရာတော်ကြီး၏ မွေးနေ့ပူဇော်ပွဲကိုပဲ ရည်ညွှန်းရန် ဖြစ်သည်။
ဆက်သွယ်ရန်
သီတဂူစတား
Sitagustar.0073@gmail.com
Sitagustar2010@gmail.com
တို့တွင် ဆက်သွယ် ပေးပို့နိုင်ပါသည်၊ တပေါင်းလပြည့်နေ့ (မတ်-၇) အထိ ရေးနိုင်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၂-၁-၂၀၁၂

11 January 2012

စာမူများဖိတ်ခေါ်ခြင်း

စာမိတ်ဆက်
ဓားမ,ဟာ မသွေး မခုတ်ဘဲ ပစ်ထားလျှင် သံချေးတက်၍ အသုံးမ၀င်သော ဓားတုံးပဲ ဖြစ်မည်၊ မိမိ ဦးနှောက်၊ အတွေး၊ အသိပညာများကို အသုံးမချဘဲ ပစ်ထားလျှင် သီတဂူဆရာတော်ကြီးပြောသလို Idea to Action မဖြစ်ဘူးဆိုလျှင် ဦးနှောက် ချေးတက်သွားနိုင်သည်၊ စမ်းရေ ချောင်းရေတို့သည် တသွင်သွင် စီးလျှက် လှုပ်ရှားနေမှသာလျှင် ကြည်လင်သော ရေဖြစ်နိုင်မည်၊ အလားတူပင် များများတွေး များများ ရေးပြီး ဦးနှောက်ကို များများ အလုပ် ပေးနေမှသာလျှင် အသိပညာများလည်း ကြည်လင်ပြတ်သားပြီး အတွေးသစ် အမြင်သစ်များ တီထွင် ဖန်တီးနိုင်မှာ ဖြစ်သည်။ ထို့ကြောင့် မိမိ၏ ကလောင်ဓားကို သွေးလိုသော မိမိ၏ ဦးနှောက်ကို လှုပ်ရှားမှုများ ပေးလိုသော ကလောင်ရှင်များကို အောက်ပါ စာစောင်ဖြစ်မြောက်ရေးအဖွဲ့က ကြိုဆိုနေပါသည်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မြန်မာကျောင်းသားများ ကျောင်းဆောင်


စာစောင်ဖြစ်မြာက်ရေး
အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ MMWAI (Myanmar Monk’ students Welfare Association of India)၏ ဒွါဒသမ (၁၂ကြိမ်မြောက်)နှစ်၊ နှစ်ပတ်လည် အထိမ်းအမှတ်စာစောင် ဖြစ်မြောက်ရေးအဖွဲ့

ဆက်သွယ်လိပ်စာများ
မြန်မာစ/English စာမူ= info@mmwai.org
မြန်မာစာမူ = vicittajoti@gmail.com
English စာမူ = အရှင်ဇ၀န yebawgyi.masoeyein@gmail.com

နောက်ဆုံးထားပို့ပေးရန်
စာမူများကို မတ်လ (March) ၁၅-ရက် နောက်ဆုံးထားပြီး အထက် အီးမေးလ် Email သို့ ရေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၁-၁-၂၀၁၂

09 January 2012

မွေးနေ့မင်္ဂလာ


မွေးနေ့မင်္ဂလာ
ဒီကနေ့ (၈-၁-၂၀၁၂) တနင်္ဂနွေမှာ စာရေးသူတို့ အဆောင် (စောမယကောလိပ်၊ ဘုံဘေ) ရှိ Ph.D ကျောင်းသား ရဟန်းတော်များကို ထုံးစံအပြင် မထုံးစံပါ လာရောက် အလှူဒါန ပြုသည်။
ထုံးစံဆိုတာ- ဘုံဘေရှိ မြန်မာမိသားစုတစ်စု ဖြစ်ကြသော ဒကာဦးကျော်ဆွေ+ဒကာမဒေါ်သန်းသန်းဌေး သမီး မယဉ်သူဇာကျော်တို့က စနေနေ့တိုင်း တစ်ပတ်ခြား၍ နေ့ဆွမ်းကပ်လေ့ ထုံးစံရှိသည်။ ယခုဆို အကြိမ်ပေါင်း ၁၄ ကြိမ်ကျော်ပြီထင်သည်၊ စာရေးသူပင် ကောင်းကောင်း မမှတ်မိတော့။
မထုံးစံ- ထုံးစံအတိုင်း မဟုတ်ဘဲ တခါတရံ ကြိုကြားအလှူမျိုးဖြစ်သည်၊ ယခုလည်း မြန်မာနိုင်ငံမှာ ရှိနေသည့် သားဖြစ်သူ မောင် ရဲကျော်ဖြိုး၏ (၂၂)နှစ်ပြည့် မွေးနေ့အဖြစ် စာရေးသူတို့ အဆောင်ရောက်လာကာ နေ့ဆွမ်းအလှူ ပြုလုပ်သည်။ သားတော်မောင်အတွက် မွေးနေ့မင်္ဂလာ ပြုလုပ်ပေးသည်။

မင်္ဂလာ
မင်္ဂလာဆိုတာ စာရေးသူတို့ ငယ်ငယ်က သိထားသည့် လောကီ မင်္ဂလာ ၁၂ ခန်း ဆိုတာ ရှိသည်။ မွေးနေ့မင်္ဂလာ၊ မွေးသည့်နောက် ၇ ရက် ဆံရိပ်မင်္ဂလာ၊ အမည်ပေးမင်္ဂလာ၊ ရက်တစ်ရာပြည့်မင်္ဂလာ၊ ပုခက်တင်မင်္ဂလာ၊ ထမင်းခွန့်မင်္ဂလာ၊ ထိန်းမြှားမင်္ဂလာ စသည်ဖြင့် ၁၂ ခုရှိသည်ဟု ကြားဖူးသည်။ ထိုမင်္ဂလာများသည် လောကီ မင်္ဂလာများပင် ဖြစ်သည်။ ဘုရားရှင် မပွင့်ခင်ကထဲက ထိုမင်္ဂလာများကို ပြုလုပ်လေ့ရှိကြသည်။ ဘုရားရှင်လက်ထက်ရောက်လာတော့ ထိုလောကီမင်္ဂလာ များကို အကြောင်းပြုပြီး လောကုတ္တရာမင်္ဂလာတွေ ပြုကြသည်။

မင်္ဂလာစစ်စစ်
ထိုလောကီမင်္ဂလာပွဲတွေမှာပဲ ဘုရားအမှူးရှိ သံဃာတော်များကို ပင့်ဖိတ်၍ မင်္ဂလသုတ်လာ လောကုတ္တရာမင်္ဂလာများ ရယူကြသည်။

မင်္ဂံ ပါပံ လုနာတိ ဆိန္ဒတီတိ မင်္ဂလာဟု အဆိုရှိသည်နှင့်အညီ မကောင်းတာ ရှောင် ကောင်းတာ ဆောင်ခြင်းကို မင်္ဂလာဟုဆိုသည်။

အများစုသိကြတဲ့ အတိုင်း အနောက်တိုင်းလူများရော အရှေ့တိုင်းလူမျိုးများပါ နှုတ်ဆက်သည့် စကားရှိသည်၊ Good morning တို့ Good afternoon တို့ Good evening တို့ ဖြစ်သည်။ အချိန်အလိုက် နှုတ်ဆက်သည့် ယဉ်ကျေးမှု စကားလုံး (Just greeting) သာဖြစ်သည်၊ တကယ့် မင်္ဂလာ အစစ်တော့ မဟုတ်။
တကယ့်မင်္ဂလာ စစ်စစ်ကတော့ အထက်မှာ ပြဆိုသည့် အတိုင်း အကျဉ်းအားဖြင့် မကောင်းမှုမှန်သမျှ ရှောင် ကောင်းမှုမှန်သမျှ ဆောင်ခြင်းပင် ဖြစ်သည်။ အင်္ဂုတ္တရနိကာယ် ပုဗ္ဗဏှသုတ်မှာကား ‘‘ သတ္တာ ပုဗ္ဗဏှသမယံ ကာယေန သုစရိတံ စရန္တိ၊ ၀ါစာယ သုစရိတံ စရန္တိ၊ မနသာ သုစရိတံ စရန္တိ၊ သုပုဗ္ဗဏှော တေသံ သတ္တာနံ’’ ဟု ပြဆိုထားသည်။ ဆိုလိုသည်မှာ- နံနက် မိုးလင်းလို့ အိပ်ယာထ ချိန်ကစပြီး ကောင်းတဲ့အလုပ်၊ ကောင်းတဲ့စကား၊ ကောင်းတဲ့ အတွေးနဲ့ အစပြုလျင် သုပုဗ္ဗဏှ (Good morning) တကယ့် မင်္ဂလာရှိသော နံနက်ခင်းဖြစ်သည်။
အလားတူ နေ့လည်အခါမှာ ကောင်းတဲ့အလုပ် ကောင်းတဲ့ အပြော၊ ကောင်းတဲ့ အတွေးဖြင့် နေလျင် သုမဇ္ဈနိက (Good afternoon) တကယ့် မင်္ဂလာရှိသော နေ့လည်ခင်းဖြစ်သည်။ ညနေခင်း အချိန်မှာလဲ ထိုနည်းတူစွာပဲ နေမည်ဆိုပါက သုသာယနှ (Good evening) တကယ့်မင်္ဂလာရှိသော ညနေခင်း ဖြစ်သည်။ စာထဲမှာ မပါသော ကောင်းသော မင်္ဂလာရှိသော ညခင်းကိုတော့ ညချမ်း အိပ်ယာဝင်ချိန်မှာ အနန္တောအနန္တငါးပါးကို ရှိခိုး မေတ္တာပွားများ အိပ်ခြင်းစသော ကောင်းတာလုပ် ကောင်းတာဆို ကောင်းတာတွေးခြင်းသည် တကယ့်မင်္ဂလာရှိသော နေ့၏ နောက်ဆုံး သုရတ္တိံ (Good night) ဖြစ်သည်ဟုပင် ပြောရမည်ထင်။

မင်္ဂလာစစ်စစ်ကို ရယူနိုင်ခြင်း
ဒီကနေ့ သားတော်မောင် မွေးနေ့အတွက် ရောက်လာကြတဲ့ မိသားစုများသည် သားအတွက်ရော မိမိတို့အတွက်ပါ တကယ့်မင်္ဂလာ စစ်စစ်ကို ရအောင် ယူလိုက်ကြခြင်းဖြစ်သည်။ မနက် နေ့လည် ညနေပိုင်း အချိန်သုံးချိန်းလုံးမှာ သံဃာတော်များ ဆွမ်းဟင်းများကပ်ဖို့ ၀ယ်ကြခြမ်းကြ၊ ချက်ကြပြုတ်ကြ၊ သွားရလာရခြင်း စတဲ့ ကာယကံမြောက် ကောင်းတဲ့အမှုကို ပြုကြခြင်းဖြင့် မင်္ဂလာစစ်စစ် ယူကြသည်၊ သားလေးမွေးနေ့အတွက် သံဃာတော်များကို ဆွမ်းကပ်မယ်ဆိုတဲ့ ကောင်းတဲ့ အတွေးများ တွေးကြခြင်းဖြင့်လည်း မင်္ဂလာစစ်စစ် ယူကြသည်၊ ထို အလှူမင်္ဂလာနဲ့ ပတ်သက်ပြီး ပြောကြ ဆိုကြခြင်းဖြင့်လည်း မင်္ဂလာ စစ်စစ် ယူကြသည်။
ဤသို့အားဖြင့် မင်္ဂလာရှိအောင် မင်္ဂလာတွေ ပြုနေကြသူတို့ မြတ်ဗုဒ္ဓ၏ သာသနာတော်မှာ ကောင်းကျိုး ချမ်းသာများ ရကြသည်။ ထို အလှူရှင်အပေါင်းတို့သည် ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့နှင့်တကွ ရောဂါကင်းရှင်း ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း။။။

‘‘ တေ အတ္ထလဒ္ဓါ သုခိတာ၊ ၀ိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဥာတိဘိ။’’ (ပုဗ္ဗဏှသုတ်)

စာရေးသူတို့အတွက် အကောင်းဆုံးမင်္ဂလာကတော့ ဒီကနေ့ အလှူရှင်များကပ်တဲ့ ဘဲပေါင်း၊ ပုဇွန်ချက်၊ ပြည်ကြီးငါး၊ အသီးစုံချဉ်ရည်များနှင့် စားရခဲ့မျှ မုံ့လုံးရေပေါ်၊ အဖျော်ရည်၊ စသည် စသည်တို့ကို မြိန်ရည်လျှက်ရည် ဘုန်းပေးလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။ (ppppppppp)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၁-၂၀၁၂

07 January 2012

ချက်တင်စကားဝိုင်း (၃) မလေးရှား


ဒီအမေး အဖြေ ပို့စ်လေးက အတော်ကို ကြာနေပါပြီး မနေ့က ဟိုရှာ ဒီရှာရင်းနဲ့ ပြန်တွေ့လို့ တင်လိုက်ပါသည်။

မလေးရှားမှာ အလုပ်လုပ်နေတဲ့ ဒကာလေးတစ်ယောက်က မလေးမှာ မြန်မာတွေရဲ့ ဘ၀ကို ပြောပြတယ်၊ မလေးမှာ ဖြစ်နေတဲ့ လူမှုရေးစရိုက်အကြောင်းတွေကို ပြောပြတယ်၊ အထူးသဖြင့် ကိုယ့်လူမျိုးတွေရဲ့ စရိုတ်တွေဖြစ်တယ်။ လူတွေရဲ့ ပင်ကိုယ်စိတ်ကိုက မကောင်းတဲ့ဘက်မှာ ပျော်မွေ့တတ်တာ သဘာဝဖြစ်ပါတယ်။ (ပါပသ္မိံ ရမတိ မနော)။ သို့သော်လည်း ဒါကိုပဲ လွဲချပြီး ကိုယ့်စိတ်ကို အလိုလိုက်နေမယ်ဆိုရင် လူမှုရေးပျက်ပြားမှုတွေ စီးပွားရေပျက်ပြားမှုတွေ ကျန်းမားရေး ပျက်ပြားမှုတွေ ပညာရေးပျက်ပြားမှုတွေ စသည်ဖြင့် အပျက်ပေါင်း များစွား ကြုံတွေ့လာနိုင်ပါတယ်။ ဓမ္မစကြ်ာတရားတော်အရ ပြောရမယ်ဆိုရင် အစွန်းရောက်မှုပဲ။ ကာမသုခလ္လိကာနုယောဂ ပေါ့။


ဒကာတော် (မလေး): အရှင်ဘုရား တစ်ခုလောက် မေးလျောက်ပါရစေ။
သီတဂူစတား: အေးအေး၊ မေးပါ၊ တစ်ခုမက မေးနိုင်ပါတယ်။

ဒကာတော် (မလေး): ဒီမှာလေဘုရား ယောက်ျားလေးရော မိန်းခလေးတွေ ကိုယ်ကျင့်တရား သိပ်မထိမ်းသိမ်းတော့ဘူးဘုရား။ တချို့ဆို မြန်မာပြည်မှာ အိမ်ထောင်ရှိတယ်ဘုရား၊ အဲဒါဘာကြောင့်လဲ ဘုရား။ ဒီမှာ ဖြစ်ချင်တိုင်းဖြစ်နေကြတယ်ဘုရား။
သီတဂူစတား မလေးမှာလား
ဒကာတော် (မလေး): တင်ပါး မလေးမှာဘုရား။

သီတဂူစတား ဒါက လူတွေရဲ့ ပတ်ဝန်းကျင်နဲ့ နေရာကြောင့် ပါသလို ကိုယ့်စိတ်ကိုကလဲ အပျော်အပါးဘက် ညွှတ်ကိုင်းနေလို့ပဲ။ စာလိုပြောရရင် သပ္ပုရိသနိဿျတို့ ပဋိရူပဒေသ၀ါသ တို့ မဟုတ်တဲ့ နေရာဖြစ်နေတော့ တံငါနားနီးတော့ တံငါ၊ မုဆိုးနာနီး မုဆိုး ဆိုတာလို ဖြစ်နေတာပါ။ မလေးမှာမှ မဟုတ်ပါဘူး ဘယ်နိုင်ငံမှာ မဆိုဖြစ်တတ်ပါတယ်။ လူတွေရဲ့ စိတ်ကိုက မကောင်းတဲ့ဘက်မှာ ယိုင်နေတော့ အဲဒီလို နေရာမျိုးတွေ ရောက်နေတော့ ပျက်စီးဖို့ ပိုအခွင့်သာသွားတယ်။ ဒါမျိုးနေရာမျိုးဆိုတာ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်၊ ကိုယ်ကိုယ်တိုင်က မစောင့်ရှောက်နိုင်ရင် ဒီလိုပဲ ပျက်စီးတတ်ပါတယ်။ ကိုယ့်မြေ ကိုယ့်ပြည် ကိုယ့်ရပ်ရွာမှာကား ပတ်ဝန်းကျင်ကောင်းလို့ ပဋိရူပဒေသ လို့ပြောလို့ရတယ်။ ထိုပတ်ဝန်းကျင်ကို ငဲ့ပြီး ကိုယ့်ကိုယ်ကို ထိန်းဖြစ်သွားတယ်။

ဘုန်းဘုန်းကြားဖူးတယ်၊ ပြည်ပရောက်နေတဲ့ တချို့ ဘုန်းဘုန်းတို့လူမျိုးတွေက တခြားနိုင်ငံတွေရဲ့ စရိုတ်တွေ ကူးစက်လာတယ်၊ သူတို့က ပြောသေးတယ် ‘‘ ကိုယ့်လူမျိုးတွေနဲ့ မတွဲချင်ဘူး၊ ကိုယ့်လူမျိုးနဲ့တွဲရင် ကိုယ့်အကြောင်း ကိုယ့်နိုင်ငံကလူတွေ သိမယ်၊ အထင်သေးမယ်၊ နိုင်ငံခြားသားနဲ့ တွဲရင် ဘယ်သူမှ မသိဘူး’’တဲ့။ ဒါပေမဲ့ ကိုယ့်ကိုယ်တော့ သိနေမှာပါ၊ ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကိုတော့ အထင်းသေးနေရင် သူများက ပိုပြီး အထင်သေး အမြင်သေးလိမ့်မည်ကိုကား သူမသိ။ ဘုန်းဘုန်းတို့ အိန္ဒိယ ဟိုက်ဒရာဘက်မှာလဲ မြန်မာ အမျိုးသမီးတစ်ယောက် စကောလရှ်နဲ့ ကျောင်းလာတက်နေတာ ရှိတယ်။ တိုင်းရင်းသူတစ်ယောက်ပဲ။ သူဆိုရင် နိုင်ငံခြားသားနဲ့ တွဲနေတာပဲ။ မြန်မာကျောင်းမှာလာပြီး သူ့ကောင်နဲ့ ထမင်းပုဂံတစ်လုံးတည်း အတူစားနေသည်တဲ့၊ အမြင်မကောင်းလို့ ဘုန်းကြီးက ပြောလွတ်လိုက်ရသည်တဲ့။ လူတွေရဲ့ သဘောကိုက လွတ်လပ်တဲ့ နေရာ ရောက်သွားရင် ပင်ကိုယ် အပျော်ဘက် ညွှတ်ကိုင်းတဲ့ စိတ်အတွက် မထိန်းနိုင်တော့ဘဲ အခွင့်ရေးတွေ ပေးလိုက်ကြသည်၊ ကိုယ့်ပြည်ရှိ မိဘ ဆွေမျိုး၊ ဇနီး မယား စသည်ကို မေ့သွားတတ်သည်။ နိုင်ငံခြား လူမျိုးခြား ဘာသာခြား အထင်ကြီးသူတွေ အတွက် သားမယားများစွာ ရှိသော သူနဲ့ တွေ့ပြီး ဒုက္ခရောက်နေသူတွေလဲ မနဲလှပေ။ မိဘတွေကတော့ ကိုယ့် သမီး ကိုယ့်သား ပညာသင်နေတာပဲဆိုပြီး ရှိသမျှ ထုခွဲပြီး ထောင့်ပံ့ရေးတွေ ပို့ပေးနေရသည်၊ ဒါပေမဲ့ သူကတော့ ဒီမှာ ပျော်လို့ မိဘတောင် သတိရမယ် မထင်။

ဒကာတော် (မလေး): သူတို့တွေ အပြစ်မသိလို့လား မကြောက်တာလား မသိတော့ပါဘုရား။
သီတဂူစတား: တချို့လဲ အပြစ်ဆိုတာသိတယ်၊ အပြစ်ရှိတယ်ဆိုတာ သိလျှက်နဲ့ ကျူးလွန်းတာ များပါတယ်။ အရင်က နေလာတာက ကိုယ့်မိဘ အသိုင်းအ၀ိုင်း၊ ဆွေမျိုး ပတ်ဝန်းကျင် အားလုံးက ကိုယ့်ကို ထိန်းသိန်းပေးနေပေမဲ့၊ ထိုပတ်ဝန်းကျင်ကနေ လွတ်လပ်သော ယဉ်ကျေးမှုမတူသော ဘာသာမတူသော နေရာသို့ ရောက်လာတဲ့အခါ ပတ်ဝန်းကျင်ကိုလဲ ကြောက်စရာ ရှက်စရာမလိုတော့၊ ကိုယ့်စိတ်ကိုယ်တိုင်ကလဲ ထိုပတ်ဝန်းကျင်ကြောင့် ထိန်းချုပ်ထားစရာမလိုတော့ စိတ်ရှိတိုင်း စိတ်ပါတိုင်း ကာယကံမြောက် ကျူးလွန်းမိကြတာ ဖြစ်ပါတယ်၊ အထူးသဖြင့် ကာမဂုံကိစ္စတွေမှာ ပိုဆိုးတာပေါ့။ နောက်တစ်ခုက အပြစ်ဆိုတာထက် အပြစ်ကြောင့်ဖြစ်လာမည့်ဆိုးကျိုးတွေကိုလည်း မေ့ထားပါတယ်။

ဒကာတော် (မလေး): တင်ပါးဘုရား။
သီတဂူစတား: ပတ်ဝန်းကျင်က ကိုယ့်ပတ်ဝန်းကျင် မဟုတ်တော့ဘူးလေ၊ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး ရှက်စရာ မလိုဘူး ဖြစ်သွားတယ်။
ဒကာတော် (မလေး): တခါတခါ တပည့်တော်လေ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အိမ်ထောင်ဘက်တွေကို သနားတယ်၊ သူတို့လဲ စောင့်ထိမ်းတဲ့သူတွေဆိုရင်ပေါ့လေ။
သီတဂူစတား: ဟုတ်တယ်၊ အမှန်ပဲ။

ဒကာတော် (မလေး): ဒီမှာက စည်းကမ်းမဲ့တွေ တွေ့နေရတော့ တဘက်ကသူအပေါ် ကိုယ်ချင်းစာမိတယ်၊ တချို့ဆို သမီးရည်းစားဘဝမှာ တစ်ယောက်က ကောင်းတယ်၊ နောက်တစ်ယောက်က ပွေတယ် ရှုပ်တယ်။ တစ်ယောက်က ဘာမှမသိဘူး။ အဲ့ဒီလိုတွေမှာရော အပြစ်ဖြစ်ပါသလားဘုရား။ သူတို့ကိုပြောတော့ လက်မှမထပ်ရသေးတာတဲ့။
သီတဂူစတား: သမီးရည်စားဘ၀မှာ ကာမပိုင်မရှိသေးပါဘူး၊ ဒါပေမဲ့ မိဘ အုပ်ထိန်းမှုအောက်မှာရှိတယ်၊ မပြစ်မှားကောင်းသော မိန်းမ ၂၀ ထဲမှာ မာတုရက္ခိတာ-အမေ၏စောင့်ရှောက်မှုအောက်မှာ ရှိသောမိန်းမ၊ ပိတုရက္ခိတာ- အဖေ၏စောင့်ရှောက်မှုအောက်မှာ ရှိသောမိန်းမ၊ ဘာတုရက္ခိတာ- အစ်ကို၏စောင့်ရှောက်မှုအောက်မှာ ရှိသောမိန်းမ စသည်တို့ကို ပြစ်မှားမိရင် အပြစ်ဖြစ်သည်။ သူတို့က သဘောမတူရင် အပြစ်ဖြစ်တာပေါ့။

ဒကာတော် (မလေး): ဒါပေမယ့် လက်ထပ်ဘို့ ဆုံးဖြတ်ထားတယ်ဘုရား။ ကာမဂုံမှာ သစ္စာမဲ့သူဟာ နောင်လဲ မဲ့တတ်ပါသလားဘုရား။
သီတဂူစတား:လက်ထပ်ဘို့ ရည်ရွယ်ထားတဲ့သူတွေဟာ တရားဝင် လက်မထပ်ရသေးခင်မှာ နှစ်ယောက်လုံးက သတိထားပြီး စောင့်ထိန်းသင့်ပါတယ်။ ကိုယ့်ချစ်သူအပေါ် တကယ် ချစ်တဲ့သူတွေက တရားမ၀င်သေးဘဲ မကျူးလွန်မိအောင် စောင့်ထိန်းကြပါတယ်၊ သစ္စာလဲ ရှိကြပါတယ်။ တကယ် မချစ်သူတွေကတော့ သစ္စာမဲ့တတ်ပါတယ်။ နောက်ပြီး သစ္စာမဲ့တဲ့သူက သစ္စာ ဘယ်တော့ ရှိလာမှာ မဟုတ်ဘူး။ တစ်ခါ သစ္စာမဲ့ဖူးသူဟာ နောင် ညာဖို့ လိမ်ဖို့ သစ္စာမဲ့ဖို့ဆိုတာ သူ့အတွက် အလွယ်လေး။
မကောင်းမှုဟာ အစမလုပ်မိဖို့ အရေးကြီးတယ်၊ တစ်ခါ လုပ်ဖူးရင် နောက်တစ်ခါ လုပ်ဖို့ မခဲရင်းတော့ဘူ။ တစ်ခါမှ မကောင်းမှု မလုပ်ဖူးသူဟာ အပြစ်တစ်ခု ကျူးလွန်မှာကို ကြောက်သည်၊ သူများသိမှာကိုလဲ ရှက်သည်၊ တစ်ခါလောက် အစမ်းလုပ်ကြည့်လိုက်တော့ ဘာမှ မဖြစ်၊ ဘယ်သူမှ မသိဘူးဟ ဆိုပြီး နောက်ထပ် ဆက်တိုက် ကျူးလွန်မိတော့သည်။

ဘုန်းဘုန်းရဲ့ ကိုယ်တွေ့တစ်ခုပြောပြမယ်၊ စာသင်တိုက်ကို စရောက်တုန်းက ကလေးပဲ ရှိပါသေးတယ်၊ အပေါင်းအသင်းတွေက ရုပ်ရှင်သွားကြည့်ဘို့ ခဏခဏ ခေါ်တယ်။ အဲဒီတုန်း အလွန် စည်းကမ်းကြီးတဲ့ တိုက်ကြီးထဲမှာ အဲဒီလို ရုပ်ရှင် ခိုးကြည့်ရမှာကို အလွန်ကြောက်တယ်။ ဆရာသမားတွေကိုလဲ ကြောက်တယ်၊ ပတ်ဝန်းကျင်ကိုလဲ ရှက်နေတယ်၊ ဒါပေမဲ့ သူငယ်ချင်းတွေက ခဏခဏ ခေါ်တော့ တစ်ခါ ပါသွားတယ်။ အဲဒီတစ်ခါတည်း နောင် ခဏခဏ သွားဖို့ ဖြစ်လာတော့တာပဲ။ ဘာမှ မဖြစ်ဘူးဟ ဆိုပြီး သတ္တိတွေတောင် ဖြစ်လာသေးတယ်။ ဒါ့ကြောင့် မကောင်းမှုဆိုတာ တစ်ခါလေးတောင် မကျူးလွန်မိဘို့ သတိထားရပါတယ်။

ဒကာတော် (မလေး): သမီးရည်းစားဘဝတည်းက တဘက်အပေါ်သစ္စာစောင့်ခဲ့တယ်၊ ဒါပေမယ့် သစ္စာမဲ့နဲ့ တွေ့ရတယ်ဘုရား။...အဲဒါ ဝဋ်ကြွေလားဘုရား။
သီတဂူစတား: ၀ဋ်ကြွေးချည်း လွဲချလို့ မရပါဘူး၊ ကိုယ်နဲ့ ရေစက်မပါခဲ့လို့ပဲ မှတ်ရမှာပေါ့။ ဘုရားလက်ထက်က ဘုရားရှင်၏ မယ်တော် ခမည်းတော် ဘ၀ ၅၀၀၊ ဦးလေး ဦးကြီး ဒေါ်လေး ဒေါ်ကြီးဘ၀ ၅၀၀ ဖြစ်ခဲ့ဖူးတဲ့ နကုလာပိတာနှင့် နကုလမာတာတို့သည် ဘ၀ပေါင်း ထောင်ချီပြီး တစ်ဦးအပေါ် တစ်ဦး သစ္စာရှိခဲ့ကြသည်။ ရှေး ရေစက်ကြောင့်ပင် ဖြစ်သည်။ ရှေးဘ၀များစွာကထဲက သူတို့နှစ်ဦးသည် တူညီသော ယုံကြည်မှု၊ တူညီသော ကိုယ်ကျင့်တရား၊ တူညီသော အသိဥာဏ်နှင့် တူညီသော ပေးကမ်း စွန့်ကြဲမှုများ ရှိခဲ့ကြသည်။ ဒါကိုပဲ ပုဗ္ဗေ၀ါ သန္နိဝါသေန ဟုဆိုသည်။ ရှေးရေစက်ပေါ့။
ဒကာတော် (မလေး): ဒါပေမယ့် ညားတယ်ဘုရား၊ ကွဲသွားကြမလားတော့ မပြောတတ်ဘူဘုရား။
သီတဂူစတား: အဲဒါတော့ ကိုယ့်အပေါ် သစ္စာမဲ့မှန်း သိရက်နဲ့ ယူလိုက်တာတော့ ခံရမှာပေါ့ ကိုယ်ညံ့လို့ပဲ၊ နေရာတိုင်းမှာ ၀ဋ်ကြွေးလို့ အတိတ်ကံတို့ကိုပဲ လွဲမချသင့်ဘူး၊ လက်ရှိဘ၀ရဲ့ ကံ ဥာဏ် ၀ီရိယ ကိုလဲ အားကိုးသင့်တယ်။ အတိတ်ကံကိုပဲ အားမကိုးနဲ့ ပစ္စုပ္ပန်ကံကို အားကိုး။ ကံဆိုတာ အလုပ် ၀ီရိယပေါ့။ ချစ်လို့ ယူထားကြတာပဲ၊ ကွဲမယ် မကွဲဘူးဆိုတာကတော့ တစ်ယောက်နှင့်တစ်ယောက် တာဝန်ကျေမှု မကျေမှုတွေ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိမှု မရှိမှုအပေါ်မှာ မူတည်ပါတယ်။ ရေစက်မပါဘဲ မေတ္တာ သစ္စာမရှိဘဲ ယူထားလျှင်တော့ ကွဲဖို့ အလားအလာ ပိုများတယ်၊ တစ်ယောက်အပေါ် သစ္စာ မေတ္တာမှ မရှိတာ ဘယ်လိုလုပ်ပြီး ရေရှည် လက်တွဲနိုင်ကြမလဲ၊ ကာမအလိုဆန္ဒပြည့်ဖို့ သက်သက်ဆိုရင်တော့ တဒင်္ဂ ခဏတာမျှသာ ဖြစ်ကြပါလိမ့်မည်။

ဒကာတော် (မလေး): တချို့က ပြောကြသေးတယ်ဘုရား။ နေချင်သလိုနေပြီးမှ ကံပါလာလို့တဲ့။
သီတဂူစတား: အတိတ်ကံကိုချည်း အပြစ်ပုံချတာ လူညံ့ပဲလေ။

ဒကာတော် (မလေး): ဖေါက်ပြန်တာတို့ အိမ်ထောင်ရေးပြိုကွဲတာတို့က ကံနဲ့ဆိုင်ပါသလားဘုရား။
သီတဂူစတား: ဘုန်းဘုန်း အထက်မှာ ပြောပြီးပြီလေ၊ ကံဆိုတာ အလုပ်လေ၊ အိမ်ထောင်ရေးတစ်ခုမှာ ဇနီးမောင်နှံတို့၏ ကိုယ်စီတာဝန်တွေ ရှိကြတယ်လေ၊ ဒါကိုပဲ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ် ခေါ်တာပေါ့။ တာဝန်တွေ အလုပ်တွေ ကျင့်ဝတ်တွေဆိုတာ ကိုယ်လုပ်ရမည့် ကံတွေပဲ၊ အဲဒီကံတွေ ချို့ယွင်းနေရင် အိမ်ထောင်ရေး ပြိုကွဲမှာပဲ။ ဖောက်ပြန်မှုတွေလဲ ဖြစ်ဖို့ များစွာ အခွင့်လမ်းရှိလာမယ်။ တချို့က ပင်ကိုယ်ဗီဇကထဲက လောလီမှုတွေလွန်ကဲတော့ အလိုမပြည့် ဖြစ်တတ်တယ်၊ အဲဒီအလိုမပြည့်မှုတွေရဲ့ အလိုကို လိုက်နေရင် အိမ်ထောင်ရေး ပြိုကွဲမှာ အမှန်ပင်၊ ကိုယ့်မိသားစုအပေါ် ချစ်တယ်ဆိုရင် ကိုယ့်အိမ်ထောင်ရေး သာယာချင်တယ်ဆိုရင်တော့ သတိနဲ့ ကိုယ့်ရဲ့ အလိုမပြည့်တဲ့ ဆန္ဒတွေကို ထိန်းနိုင်ရမှာပေါ့၊ အဲဒီလို ထိန်းနိုင်ခြင်းသည်လည်း ကံခေါ်တာပါပဲ။ ယခုဘ၀မှာ နှစ်ဦးလုံးရဲ့ အလုပ်ကြောင့်
ကွဲနိုင်သလို အဆင်လဲပြေနိုင်တယ်။ ကွဲနိုင်တဲ့ အလုပ် (ကံ)တွေလုပ်နေရင် ကွဲမှာပဲ၊ ပြေလည်စေတဲ့ အလုပ်ကို လုပ်ကြရင်တော့ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေး ဖြစ်မှာပဲ။


ဒကာတော် (မလေး): တင်ပါဘုရား။ အိမ်ထောင်ရေးဖေါက်ပြန်ကြသူတွေမှာ ဘယ်လိုအပြစ်မျိုးတွေ ရနိုင်ပါသလဲဘုရား။
သီတဂူစတား: အလွယ်ဆုံးပြောရရင် ကာမေသု မိစ္ဆာစာရကံပေါ့။ ကာမေသု မိစ္ဆာစာရ အပြစ်တွေ ခံရမှာပေါ့။
ဒကာတော် (မလေး):: တင်ပါဘုရား။

သီတဂူစတား:ဒကာတော်ရေ-တစ်ခုတည်းကိုပဲ ထိန်းနိုင်ရင် အောင်မြင်ပါတယ်။ ထိုတစ်ခုတည်းကို ထိန်းနိုင်တဲ့သူဟာ လူစွမ်းကောင်းပါပဲ။ အဲဒီတစ်ခုဆိုတာကတော့ စိတ် ပါပဲ။ ကိုယ့်ဂုဏ် ကိုယ့်နိုင်ငံ၊ ကိုယ့်လူ့မျိုး၊ ကိုယ့်ဆွေမျိုး စသည်စသည်တို့ကို သတိရကာ အထိန်းရအခက်ဆုံး ကိုယ့်စိတ်လေးတစ်ခုကိုပဲ ထိန်းနိုင်ရင် အားလုံး သာယာ ၀ပြော အဆင်ပြေပါလိမ့်မည်။ (စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ) (ဓမ္မပဒ)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၀-၁၁-၂၀၁၁

03 January 2012

သီတဂူဆရာတော်သြ၀ါဒ (ဂယာ-အပိုင်း-၂)

သီတဂူဆရာတော်သြ၀ါဒ (အပိုင်း-၂)
နေရာ-ဗုဒ္ဓဂယာ မြန်မာကျောင်းသားများကျောင်း
အချိန်- ၁-၁၂-၂၀၁၁၊ ည ၈ နာရီ

တက်ရောက်နာကြားသူ- အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်အသီးသီးရှိ မြန်မာရဟန်းတော်များ၏ ကိုယ်စား မဂဓတက္ကသိုလ်ကျောင်းသားများ။

၂။ နောက်တစ်ခုက ဘာပြောလဲဆိုတော့ အပေါ်ယံ အ၀တ်တွေရဲ့ အရောင်အသွေးတယ်ပဲ။ အင်္ကျီဝတ်တာတွေ ဘောင်းဘီဝတ်တာတွေ၊ အပြာရောင်တွေ အ၀ါရောင်တွေ အနီအရောင်တွေ အညိုရောင်တွေ၊ ခေါင်းဆောင်းတာတွေ ခေါင်းမဆောင်းတာတွေ၊ အဲဒီအပေါ်အယံက အသွင်အပြင်တွေ လျှောက်ပြောတယ်၊ ဒါတွေက Outer-shell အကာတွေပဲ၊ inner-core ကွ၊ အတွင်းပိုင်းက အနှစ်သာရ ဘာလဲ၊ သီလ သမာဓိ ပညာပါပဲ။ သီလ သမာဓိ ပညာဖြင့် အတွင်းပိုင်းကို ငြိမ်းချမ်းအောင် မလုပ်နိုင်သေးသမျှ ကာလပတ်လုံး ဒီသာသနာမှာ ဘယ်ယာနမှာပဲ နေနေ ဒီပုဂ္ဂိုလ်ရဲ့ဘ၀ဟာ မပြီး မပြည့်စုံဘူးတဲ့၊ သူ့လူတွေကိုလဲ ဒီအတိုင်းပြောတာ၊ အဲဒီတော့ သီလ သမာဓိ ပညာကို မကျင့်ဘဲနဲ့ ဘာယာနတွေပဲ ထောင်ထားထား၊ ဘာအ၀တ်တွေပဲ ၀တ်ထားထား ဒီပုဂ္ဂိုလ်ရဲ့ ဘ၀ဟာ သာသနာတော်ထဲကို ရောက်သည် မမည်ဘူး။ ဒလိုင်းလားမား ပြောတာ၊ မင်းတို့ကို ငါ ဒါလေးပြန်ပြီးတော့ ကမ်းလှမ်းတယ်။
အဲတော့ အဲဒီမှတ်စုလေးတွေကို မှတ်ရင်း မှတ်ရင်းနဲ့ ဘယ်တုန်းကမှတ်ထားမှန်းမသိသော ငါ့မှတ်စုလေးတွေ ငါ့စာအုပ်ထဲမှာ သွားတွေ့တာ၊ အဲဒါလေးတွေ ဖတ်ပြပြီးရင် ဒီကနေ့ည မင်းတို့အတွက် စကားလက်ဆောင်ပေါ့နော်။

သင်ကြားရုံမျှနဲ့မပြည့်စုံ
အသက်ရှင်နေသမျှ ဘာလုပ်ကြရမှာလဲ? (သင်နေရမှာ- သံဃာများ ဖြေ)၊ သင်နေသမျှ ဘာဖြစ်ကြမှာလဲ? (အသက်ရှင်နေရမှာ-သံဃာများ ဖြေ)။ သင်နေရင်တော့ အသက်ရှင်နေအုန်းမှာ မသင်ရင်တော့- သေမှာ။ အားလုံး သေအောင် မခေါ်ကြပါနဲ့အုန်း။ (သံဃာများ ရယ်သံ)။ သင်ကြားကြအုန်းပေါ့ ဟုတ်လား။ သာသနာတော်အတွက် သင်ကြားကြရမှာနော်၊ အဲဒီတော့ မှတ်တမ်းလေးတွေ ငါ့ဘာငါ ကြုံသလိုရေးထားတာ မနဲ ပြန်ဖတ်ယူရတယ်၊ Learning alone would not make a man to be a wise. ဘာတဲ့လဲ? (ရဟန်းအချို့ဖြေ၊ မရှင်လင်း)။ သင်ကြားနေရုံမျှနဲ့၊ ဆရာတော်ကြီးမိန့်ကြားသွားတာ ပရိယတ်နဲ့ ပဋိပတ်ပဲမဟုတ်လား၊ သင်ကြားတာ ပရိယတ်၊ ပရိယတ်တစ်ခုတည်းကို သင်ကြားရုံမျှဖြင့် မင်းတို့ငါတို့ ဘာမဖြစ်နိုင်ဘူးလဲ? (ပညာရှိ မဖြစ်နိုင်-သံဃာများ ဖြေ)။ would not be a man to be a wise. ပညာရှိမဖြစ်နိုင်ဘူး။ သင်နေရုံနဲ့ ဘယ်လောက်ပဲ သင်သင် ပညာရှိ တကယ် မဖြစ်သေးဘူး၊ သင်တယ်ဆိုတာ ဘာလုပ်တာလဲ? Collection of information ပဲမဟုတ်လား၊ reading and collecting many books ဒီလို မဟုတ်လား၊ စာအုပ်တွေဖတ်ပြီး ဟိုကဖတ် ဒီကဖတ် အကြောင်းအရာတွေကို စုတာပဲ မဟုတ်လား၊ Ph.D ဆိုလို့ရှိရင် စုတယ်လေ၊ ဟိုစာအုပ်က ဖတ်၊ ဒီစာအုပ်ကဖတ် သူများရေးပြီးသားတွေ စု၊ စုပြီးတော့ ပြန်စီတယ်လေ၊ အဲဒါ ဒို့ professor ဒေါက်တာ ခင်မောင်ညွှန့်က ပြောတယ်၊ ‘‘ခိုးချတဲ့ စာစု ကျမ်းကြီး ဖြစ်မှာပဲ’’တဲ့။ (ရယ်သံ) သူများစာတွေ ခိုးချပြီးတော့ ကိုယ့်စာ လုပ်တာပဲ။ ဒေါက်တာ ခင်မောင်ညွှန့်က ဒို့တက္ကသိုလ်မှာ Ph.Dနှင့် M.A ကျောင်းသားတွေကို စာသင်ရင်းနဲ့ အဲဒါ ပြောတာ။

အဲဒီတော့ ဒီမှာ Learning alone would not make a man to be a wise. သင်ကြားနေရုံမျှဖြင့်တော့ မင်းတို့ ငါတို့ ပညာရှိ တစ်ယောက် မဖြစ်နိုင်။ သင်ရင် ဒို့ဘာရလဲဆိုတော့။ Just collection of knowledge ပေါ့။ Knowledge နဲ့ Wisdom မတူဘူးနော်၊ Knowledge ကို ဒို့က ဗဟုသုတလို့ ပြောရမှာ၊ Wisdom ကို ဘာပြောလဲ၊ ပညာလို့ပြောတယ်၊ ဗဟုသုတဆိုတာ ဟိုဟာဖတ်တာ ဒီဟာဖတ်တာ ဟိုဟာကြည့်တာ ဒီဟာကြည့်တာ၊ နဲနဲနဲ့ သိတယ်၊ အရေးကြီးတာက Knowledge comes but wisdom lingers. အဲဒီလို စာတွေ အများကြီး ဖတ်ဖတ်ပြီးတော့ မှတ်မှတ်ထားလို့ရှိရင်တော့ general knowledge ဗဟုသုတတွေတော့ ရမှာပေါ့၊ wisdom lingers ပညာကတော့ မလာသေးဘူး၊ ရဖို့ ကြာလိမ့်အုန်းမယ်။
ကျောင်းသားကျောင်းဆောင် သြ၀ါဒ အခမ်းအနား


တတ်သည့်ပညာနဲ့ကိုယ်နဲ့တစ်သားတည်း
ဟေ့-who learns the rules and wisdom ပညာတွေ နည်းစနစ်တွေ အချက်အလက်တွေ အများကြီးသင်ထားတယ်၊ without confirming to them and this life. အဲဒီ သင်ကြားထားတာတွေ လူနဲ့ တစ်ထပ်တည်း ဖြစ်အောင် မလုပ်နိုင်သေးဘူးဆိုရင်။ In the life a man who plot his filed but does not sow လယ်သာ ထွန်းတက်ပြီး လက်မစိုက်တတ်တဲ့သူနဲ့ တူတယ်၊ သင်ကြားထားလို့ မှတ်သားထားလို့ စာတွေ တတ်ထားတယ်၊ အများကြီးကို ဖတ်ထားတယ်၊ တကိုယ်လုံး encyclopedia ကြီးလိုကို ဖြစ်နေတာ။ Britannica encyclopedia ကို မျိုထားသလိုပဲ။ ဟိုဟာလဲ သိတယ် ဒါလဲသိတယ်၊ အဲဒီတတ်ထားတဲ့ စာတွေ ပညာတွေ ကိုယ်နဲ့ နှုတ်နဲ့ စိတ်နဲ့ တစ်ထပ်တည်းဖြစ်အောင် မကျင့်နိုင်သေးသမျှတော့ အဲဒီပုဂ္ဂိုလ်ဟာ ဘာနဲ့တူလဲ? လယ်ကို ထွန်ရုံသာ ထွန်ပြီးတော့ မစိုက်ပျိုးတဲ့ လယ်သမားလို ဖြစ်မယ်။ ကြားလား အားလုံး လယ်ကို ထွန်လဲ ထွန်ကြပါ၊ စိုက်လည်း စိုက်ပျိုးကြပါ၊ To think is easy. တွေးတာတော့ လွယ်တာပေါ့၊ To act is hard. လုပ်ဖို့ကတော့ ခက်လိမ့်မယ်၊ Ph.D အောင်ရင် ငါ ဘာတွေ လုပ်လိုက်မယ်ပေါ့လေ၊ တွေးတော့ တွေးတယ်၊ တကယ်လုပ်ရင်တော့ သိပ်တော့ မလွယ်ဘူး။

တက္ကသိုလ်တည်ထောင်လိုစိတ်
ငါ Ph.D ဘယ်တက္ကသိုလ်ကမှ မအောင်ခဲ့ဘူး၊ ဒါပေမဲ့ တက္ကသိုလ်တည်ထောင်ချင်တဲ့ စိတ်က တော်တော် ဖြစ်တယ်။ ဖြစ်ချင်ဆုံးနှစ်ကို ငါပြောရမယ်ဆိုရင် ၁၉၆၂။ ၁၉၆၂ ဆိုတာ မင်းတို့ သိလား၊ နိုင်ငံတော်ရဲ့ အကြီးအကျယ် ပြောင်းတဲ့နှစ်လေ။ ဓမ္မာစရိယအောင်တာ ၁၉၆၁ ကွ၊ ၁၉၆၂ မှာ ကမ္ဘာအေး သံဃာ့တက္ကသိုလ်သွားတာ၊ သံဃာ့တက္ကသိုလ် ဧပြီလ စာရင်းသွင်းထားတယ်၊ အဲ ဆောရီး ဖေဖော်ဝါရီလကထဲက စာရင်းသွင်းထားတယ်၊ မတ်လကျတော့ ဘာဖြစ်လဲ? ၆၂ မတ်လ ၂ ရက်နေ့ ဘာဖြစ်တာလဲ? ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းတာလေ။ အာဏာသိမ်းတော့ ပါလီမန် ဒီမိုကရေစီအစိုးရကို တည်ဆောက်ခဲ့တဲ့၊ ဦးနုတို့လက်ထက်က တည်ထောင်ခဲ့တဲ့ ဓမ္မာစရိယ အဒ်ဥပဒေ၊ ပါဠိပထမပြန် အဒ်ဥပဒေ၊ ၀ိနိစ္ဆယအဒ်ဥပဒေ၊ အဒ်တွေ အများကြီးပဲ၊ ဗုဒ္ဓသာသနာအဖွဲ့ အဒ်ဥပဒေ၊ ပါဠိတက္ကသိုလ် အဒ်ဥပဒေ။
နောက်ပြီး ကမ္ဘာအေးမှာ ရှိသေးတယ်၊ International Institute for Advanced Buddhist Study ဆိုပြီးတော့၊ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိတယ်၊ အဲဒီအောက်မှာ သံဃာ့တက္ကသိုလ်ရှိတယ်၊ အဲဒါတွေ အကုန်ဖျက်ပြစ်တာ။ ကျောင်းစဖွင့်မှာက မေ၊ ကဆုန်လပြည့်ကျော် ဂျွန်လဆန်းလောက်မှ စဖွင့်တာ၊ မတ်လမှာ သာသနာနှင့်ဆိုင်တဲ့ အဒ်တွ ဥပဒေတွေ အကုန်လုံး ပျက်ကုန်ပြီမဟုတ်လား။ အဲတော့ ငါ ဘာနဲ့တူလဲဆိုတော့ သေမည့်နေ့ စစ်ထဲလိုက်သလို ဖြစ်သွားတယ်၊ (သံဃာများ ရယ်သံ)။ အဲဒီနေ့ သံဃာ့တက္ကသိုလ် ကျောင်းစ တက်ရတာကွ။

ဘာ့ကြောင့် သံဃာ့တက္ကသိုလ်တက်လဲ ဆိုတော့--
၁။ ကမ္ဘာအရပ်ရပ်မှာ သာသနာ၊ ခရစ်ယာန်ဘုန်းကြီးတွေ ကမ္ဘာအရပ်ရပ်က ဒို့တိုင်းပြည် လာလုပ်ကြတာ အများကြီးပဲ။ ဒို့တိုင်းပြည်က ဘုန်းကြီးတွေ ကမ္ဘာလှည့်ပြီးတော့ ခရစ်ယာန်တွေလို ဘယ်သူတွေများလုပ်ကြသလို ရှားရှားပါးပါး ရှာဖွေကြည့်တော့ အရှင်သေဋ္ဌိလပဲတွေ့တယ်၊ နောက် အရှင်အရိယဓမ္မဆိုတဲ့ တောင်တွင်းကြီးက ဆရာတော်တစ်ပါးတွေ့တယ်၊ ပြင်သစ်မှာ ကားတိုက်လို့ ကွယ်လွန်တော်မူရှာတယ်၊ နောက်တစ်ခုက သီဟိုဠ်ကျွန်းမှာ ဘုန်းကြီးထောင်တဲ့ တက္ကသိုလ်တွေ အများကြီးရှိတယ် အိန္ဒိယမှာလဲ တက္ကသိုလ်တွေ အများကြီးရှိတယ်၊ ဒို့တိုင်းပြည်မှာ ဘုန်းကြီးထောင်တဲ့ တက္ကသိုလ်မရှိဘူးကွ၊ ငါလဲပဲ တက္ကသိုလ်တော့ ထောင်ဦးမယ်ဆိုပြီး အဲဒီကထဲက စိတ်ကလေး ဖြစ်လာတာ။ ၁၉၆၂ ခုနှစ်က စိတ်ကူးဟာ ၆၃-၆၄-၆၅ ဘယ်နှစ်နှစ်လောက် စိတ်ကူးယူရလဲ မင်းတို့ စဉ်းစားကြည့်။ ငါ စစ်ကိုင်း တက္ကသိုလ်ထောင်တာ အခုမှ ၁၅ နှစ်လောက်ရှိသေးတယ်။

လူစွမ်းကောင်းဆိုတာ
အဲတော့ ဘုရားလောင်းရဲ့ ဘုရားဖြစ်ဖို့ ဆုပန်တာတွေရဲ့ ရှေ့နားက စိန္တိတံ သတ္တသံဟိတံ စာလေး ဒို့ ရထားဖူးတယ်နော်၊ ကြံစီတွေးတော့ခဲ့တာ ဘယ်လောက်ကြာလဲ? သိပ်ကြာတဲ့ပေါ့ကွာ။ အဲဒီမှာ To think is easy. တွေးတာတော့ လွယ်တာပေါ့၊ To act is hard. လုပ်တဲ့အခါမှာတော့ ခက်တယ်တဲ့။ အဲဒါကို ကြောက်ရင် မင်းတို့ ဘာမှ လုပ်ဖြစ်မှာ မဟုတ်ဘူး၊ To act according to one’s thinking is hard. အတွေးနဲ့ အလုပ် တစ်ထပ်တည်းဖြစ်အောင် လုပ်ဖို့ဆိုတာကတော့ ခက်ခဲဆုံးပဲတဲ့။ တွေးထားတဲ့အတိုင်း တစ်ထပ်တည်းကျအောင် လုပ်ဖို့ဆိုတာ ကမ္ဘာမှာ အခက်ဆုံးပဲ။ အခက်ဆုံးအလုပ်ကို လုပ်နိုင်ရင် မင်းတို့ လူစွမ်းကောင်းပဲ။ အဲဒါသိစေချင်ပါတယ်။

Sitagu International Buddhist Academy (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) ဒို့ ၃ ခုတော့ အခု လုပ်ထားပြီးပြီ၊ အဲဒီတော့ Learning is not merely acquisition of information. သင်ကြားနေတယ်ဆိုတာဟာ အချက်အလက် စုဆောင်းနေရုံမျှမဟုတ်ဘူး၊ Learning is lifelong continuous process. သင်ကြားတယ်ဆိုတဲ့ ကိစ္စဟာ အသက်ရှင်နေသမျှကာလပတ်လုံး ဆက်ပြီးအလုပ်လုပ်နေရမှာ၊ အဲဒါလေး မမေ့ကြနဲ့။ သင်ကြားနေတဲ့ဆိုတာနဲ့ တပြိုင်နက်ထဲမှာ တစ်သက်လုံး အလုပ် လုပ်နေရမယ်။
ဗုဒ္ဓရှင်တော်ရဲ့ဘ၀ကို ပြန်သုံးသပ်ရင်-- အလုပ်လုပ်ရင်း ဘ၀ခရီးဆုံးသွားတာပဲ၊ နောက်ဆုံး ဗုဒ္ဓရှင်တော်ရဲ့ ဆောင်ရွက်ချက်ဟာ သုဘဒ္ဒဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဘ၀ခရီးထဲကနေ ကယ်သွားသေးတယ် မဟုတ်လား၊ အဲဒါကြောင့် တပည့်တွေအားလုံး As long as we live, we must learn. As long as we learn, we must live. အဲဒီတော့ Learning ဆိုတဲ့ ဥစ္စာကို အနဲ့ငယ် detail လေး ပြောရမယ်ဆိုရင် Learning ထဲမှာ ဘာပါလဲ၊ Idea ပါတယ်၊ ဘာပါလဲ? (သံဃာများ ဖြေသံ)၊ ကျက်မှတ်ထားရုံနဲ့ မပြီးဘူး၊ ခုနက ဒလိုင်းလားမား ဆရာကြီးပြောတဲ့ စကားဟာနော်၊ နောက်ဆုံး ပြောသွားတာ ဘာလဲ? အ--ဲ နောက်ဆုံး ပြောသွားတဲ့ စကား တစ်လုံးကျန်သေးတယ်။

ငြိမ်းချမ်းရေးဆိုတာ
၃။ ကမ္ဘာ့ငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေး ပြောနေကြတယ်။ everyone is talking world peace but they don’t have any peace within their heart, any minimum amount of peace within their heart. ကမ္ဘာလုံးငြိမ်းချမ်းရေးလုပ်မည်ဆိုတဲ့ လူတွေရဲ့ နှလုံးသားထဲမှာ ငြိမ်းချမ်းရေးလေးဟာ နဲနဲလေးမှတောင် မရှိဘူး။ Without individual peace, we would not contribute the peace to the world. မိမိကိုယ်တွင်း ငြိမ်းချမ်းရေးမရှိဘဲ တကမ္ဘာလုံး ငြိမ်းချမ်းရေး ဘယ်လိုလုပ် လုပ်ပေးနိုင်မှာလဲ၊ အဲလိုမို့လား၊ အဲဒါပါပဲ၊ အဲတော့ မင်းတို့နှလုံးသားထဲမှာ Knowledge လောက်နဲ့ ကျေနပ်မနေကြနဲ့၊ ဘာလုပ်ရမလဲ? Wisdom အထိ လုပ်ရမယ်၊ wisdom ဆိုလို့ရှိရင် ဘယ်လိုလုပ်ရမလဲဆိုတော့ လယ်ကို ထွန်လဲထွန်ပါ စိုက်လဲစိုက်ပါ။ ထွန်တာလဲ ခက်ပါတယ်၊ စိုက်တာလဲ ခက်ပါတယ်၊ ခက်တဲ့ အလုပ်ကို လုပ်နိုင်တဲ့သူသည် ဘာတဲ့လဲ? လူစွမ်းကောင်း၊ အဲတော့ Idea ဟုတ်လား၊ ဒလိုင်းလားမား ပြောတဲ့ စကားသည်ပင် မင်းတို့ ငါတို့အတွက် Idea ပဲ။

Idea မှ Action
သင်ကြားနေရုံမျှဖြင့် မင်းတို့ ငါတို့နှလုံးသားထဲ peace ကို ဘယ်လိုလုပ် ရမလဲ၊ သင်ရုံနဲ့တော့ peace မရဘူး၊ ဘယ်တော့မှ ရလဲ? ကျင့်မှရတယ်၊ အဲတော့ ဒို့သာသနာပိုင်ဆရာတော်ကြီး ခုနက ပြောသွားတယ်၊ နံပါတ် ၁- Idea၊ အဲဒီ Idea ကို Idea အတိုင်း မထားနဲ့၊ Action ဖြစ်အောင်လုပ်၊ အဲဒီ Action က မိမိရဲ့ Attitude ကို ပြောင်းနိုင်တာ။

ဝိသာခ ဆိုတဲ့ သူဌေး မြတ်စွားဘုရားကျောင်းတော် သွားပြီး တရားနာတယ်၊ တရားနာပြီးလို့ ပြန်လာတယ်၊ အိမ်ပေါက်ကနေ ဓမ္မဒိန္နာက ဆီးကြိုတယ်လေ၊ အလှပြင်ပြီးတော့ မိန်းမက ယောက်ျားကို ဆီးကြိုတာလေ၊ ပွေ့တောမလိုလို၊ ဖတ်တော့မလိုလို၊ နမ်းရှုပ်တော့မလိုလို ဒီလို မဟုတ်လား၊ ဟိုလူက ဘယ်လိုပြန်လာလဲ သိလား? မျက်လွှာချပြီး ခေါင်းငိုက်စိုက်ကျလို့ အိမ်ဘက်လဲ မကြည့်ဘူး၊ မိန်းမက ဆီးကြိုတာလဲ သူ Welcome မလုပ်တော့ဘူး၊ ဘာဖြစ်သွားတာလဲ? Attitude ပြောင်းသွားတာ၊ ဘုရားထံမှာ သင်ရုံသာ သင်လာတာ မဟုတ်ဘူး၊ နာရုံသာ နာလာတာမဟုတ်ဘူး၊ wisdom ကို နှလုံးသားထဲမှာ ထည့်ပြီးပြီလေ။ အနာဂါမိမဂ်နှင့် ယှဉ်သော wisdom မဟုတ်လားကွ၊ မှန်ပါဘုရား.(သံဃာများအသံ)။ ဘာနဲ့ဘာကို ပယ်လိုက်လဲ? (သံဃာဖြေသံ)၊ ကာမရာဂနှင့်ဗျာပါဒကို အနာဂါမိမဂ်က ပယ်ပြီးပြီဆိုတော့ မိန်းမက ဖတ်ရမ်း နမ်းရှုပ်မလို့ လုပ်တာ၊ သူက ဒါကို လက်မခံဘူး၊ Attitude က ပြောင်းသွားပြီ။

အဲတော့ ဆိုလိုချင်တာက ပညာတတ်ရင် အမူအရာတွေ attitude တွေ ဘာဖြစ်သွားလဲ? ပြောင်းသွားတယ်။ ဘယ်လိုပြောင်းသွားလဲ? Stability ပေါ့၊ ဘ၀က တည်ငြိမ်ပြီးတော့ ဣနြေ္ဒရသွားတယ်၊ တစ် Idea နှစ် Action သုံး attitude လေးကတော့ way-နည်းလမ်းတွေ၊ Idea ရပြီ Action ရှိပြီ၊ Attitude ရှိပြီ၊ ဘာလုပ်မလဲ? အဲဒီအထဲ နည်းလမ်းရှာ၊ How to establish a University? How to establish a fundamental Buddhist School? Primary School in Villages? ပေါ့။ ဟုတ်လား၊ ရွာတွေမှာ ဗုဒ္ဓဘာသာ အခြေခံကျောင်းတွေ ဘယ်လို တည်ထောင်မလဲ? ကြည့်လေ ခရစ်ယာန်တွေ ဘယ်လိုလုပ်လဲ? အစ္စလာမ်တွေ ဘယ်လိုလုပ်လဲ? ဟိန္ဒူတွေ ဘယ်လိုလုပ်လဲ? နည်းနော်၊ Way of life ကို အဲဒီမှာ ရှာရမယ်။
အဲဒါကြောင့် Idea ရမယ်၊ အဲဒီ Idea ကို action ဖြစ်အောင် သရုပ်ဖော်ရမယ်၊ အဲမှာ နည်းလမ်းတွေရမယ်၊ မိမိရဲ့ဝဘကလဲ ပညာတွေ တက်လာလေလေ ဘ၀ရဲ့ အမူရာအရာတွေကလဲ ငြိမ်သွားမယ်။ အိန္ဒိယမှာ မာစတာ (Master) သင်တုန်းကလဲ ဘိုင်စကယ်လေးနဲ့ ဂျုတ်ဂျုတ်နဲ့သွား၊ Ph.D ရပြီးတော့ မြန်မာပြည်ပြန်သွား ဘိုင်စကယ်လေးနဲ့ဆိုတော့ ဟန်မကျသေးဘူး။ အဲလိုအဲလို ဘ၀က attitude တွေ အကုန်ပြောင်းပြစ်ရမှာ။
နောက်ပြီးတော့ မင်းတို့ ငါတို့မှာ Initiative power ရှိရမည်။ လုပ်နိုင်စွမ်းရှိရမည်၊ အဲဒီသင်ကြားတဲ့ အထဲက Initiative power တွေ ရအောင် လုပ်ယူရမှာ။ Initiative power ရှိလာလို့ရှိရင် နောက်ထက် Creative power တကယ်လုပ်သည်။ အဲဒါပါပဲ။ Idea, Acts, Attitude, way, Initiative power, Creative power. လုပ်နိုင်စွမ်းလဲရှိတယ်၊ Creative power တကယ်လဲ လုပ်လိုက်ကြပြီ။

Ph.D inflation မဖြစ်အောင်
ဒီကနေ့ ဒို့လှူတဲ့ ၁၀၀ ကို အလှူခံတဲ့ ရဟန်းတော် သီလရှင်တွေ ၅၂၈ ပါးပဲ အကုန်လုံး Ph.D အောင်ကြည့်စမ်းပါ၊ စိတ်မဆိုးနဲ့ Ph.D inflation ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ အဲဒီတော့ inflation မဖြစ်အောင် Idea ရအောင်သင်၊ Action မြောက်အောင် လုပ်၊ Attitude တွေပြောင်း၊ way of action- လုပ်ရမည့် နည်းလမ်းတွေရှာ၊ Initiative power ကို ရအောင် စုဆောင်း၊ ပြီးတော့ တကယ် တိုင်းပြည်နဲ့ နိုင်ငံ သာသနာကို မင်းတို့ Creat လုပ်ပါ။ ဘာလုပ်မလဲ? တောက Primary school လေးကို International school ဖြစ်အောင် မင်းတို့ ဘယ်လို creat လုပ်မလဲ? Creative power ရအောင် ဆက်ကြိုးစားရမည်။ အဲဒါ ပြောချင်တာပဲနော်။

နိဂုံး
အဲတော့ ငါ့မှတ်စုလေးတွေ အကုန်မဖတ်ပါဘူးကွာ၊ ဒီတော့၊ နိဂုံးတော့ ငါဘာပြောမလဲဆိုတော့၊ They say that if you want to change society, if you want to change country ပေါ့၊ if you want to change Sasana လား အများကြီးပဲ။ if you want to change Myanmar education system. ပြောင်းချင်တယ်ဆိုတာတွေ မြန်မာပြည်မှာ သိပ်ပြောနေကြတယ်လေ၊ ပြောင်းချင်တယ် ပြောင်းချင်တယ် သိပ်ပြောတယ်၊ နိုင်ငံရေးမပြောပါဘူး၊ ဘာပြောင်းချင်တာလဲ? ပါဠိပထမပြန် စာမေးပွဲထဲမှာ အင်္ဂလိပ်စာ ထည့်သင်ရင်ကောင်းမယ်၊ ခေတ်မီမီစနစ်အတိုင်း၊ change သိပ်လုပ်ချင်တယ်။

အိုဘာမားရဲ့ Changing
အမေရိကန်သမ္မတ အိုဘားမားလေ သူပေါ်လစီက တစ်လုံးတည်း၊ We need to change. ရွေးကောက်ပွဲဝင် ဟာ--အမေရိကန် စီးပွားရေးစနစ်၊ အလုပ်လက်မဲ့စနစ်၊ George export စနစ်၊ George export စနစ်ဆိုတာ သိလား? စက်ရုံ အလုပ်ရုံတွေ အကုန်လုံး နိုင်ငံခြား ရောင်းစားပြစ်တာလေ၊ တရုပ်ပြည်က အကုန်ဝယ်သွားတယ်၊ မင်းတို့သိလား? (မသိပါဘုရား-သံဃာများဖြေသံ)။ အမေရိကန်က စက်ရုံအလုပ်ရုံ အကြီးကြီးတွေ အကုန်လုံး ၈၀ ရာခိုင်နှုံး တရုပ်ပြည်ရောက်သွားတာ။ အဲဒါ George export ခေါ်တယ်။ အဲတော့ ဘာဖြစ်ကုန်လဲ? စက်ရုံတစ်ရုံ တစ်ရုံရဲ့ အလုပ်သမားအရေအတွက် ဘယ်လောက်ရှိမလဲနော်၊ စက်ရုံကြီးတွေ တရုပ်ပြည်ထဲ ပြောင်းသွားရော၊ စက်ရုံတစ်ရုံမှာ အလုပ်သမား ၁၀၀၀ (တစ်ထောင်) ရှိတယ်ထား၊ တရုပ်တစ်ထောင် အလုပ်ရသွားပြီး အမေရိကန် ၁၀၀၀ ဘာဖြစ်သွားလဲ? အလုပ်လက်မဲ့ဖြစ် (သံဃာများ ဖြေ)၊ အဲဒါပဲကွနော်။ သူကတော့ ဟုတ်မလားဆိုပြီး လုပ်လိုက်တာ သူ့တိုင်းပြည် အလုပ်လက်မဲ့ကြီး ဖြစ်သွားတာ။ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တော့ အဲဒီအလုပ်လက်မဲ့တွေကို ဘယ်လို ထမင်းကျွေးမလဲ? ဒို့တိုင်းပြည်လို မဟုတ်ဘူး၊ ကိုယ့်ဘာသာ ရှာစား တောင်းစား၊ ဟိုမှာ အဲလိုမဟုတ်ဘူး၊ အလုပ်လက်မဲ့အတွက် အလုပ်လုပ်နေတဲ့သူတွေဆီက အခွန်ကောက်ပြီး ထမင်းကျွေးတာ၊ Social security system ဆိုတာ ဟိုမှာ တော်တော်စနစ်တကျ လုပ်ထားတာ။ အလုပ်မလုပ်တဲ့ လူတွေရဲ့ ထမင်းကို ဘယ်သူက ရှာပေးရလဲ? (အလုပ်လုပ်တဲ့သူက ရှာပေး-သံဃာများဖြေသံ)။ အလုပ်လုပ်တဲ့သူတွေက ရှာပေးတာ၊ အလုပ်လုပ်တဲ့သူတွေအပေါ်မှာ အခွန်ထုပ်က အခွန်က ၂ဆ ၃ဆ တက်မသွားဘူးလား။ အလုပ်လက်မဲ့ များလာလေလေ အခွန်တွေတက်လာလေလေ ဒီလို ဖြစ်ကုန်တာ။ အဲတော့ အမေရိကန် စီးပွားရေးကျဆိုတာ အဲဒါကွ။ ငါဟာ စီးပွားရေးသမား နိုင်ငံရေးသမားတော့ မဟုတ်ဘူး Learn ကွနော် သင်ထားတာ၊ လျှောက်ကြည့်ထားတာ ဘာဖြစ်ကုန်ပြီလဲ။
အဲဒီတော့ တရုပ်ပြည် စက်ရုံကြီးသွားထောင်တော့ မြေကြီးဘယ်ကရလဲ? တရုပ်ဆီက ၀ယ်ရတာပဲ မဟုတ်လား? ချက်ချင်းမ၀ယ်နိုင်တော့ အကြွေး၊ ချက်ချင်း ပိုက်ဆံပေးမ၀ယ်နိုင်တော့ အကြွေး၊ ဒီစက်ရုံတွေက အမေရိကန်စက်ရုံတွေ တရုပ်မှာထောင်တော့ အမေရိကန်စက်ရုံတွေ အပေါ်မှာ တရုပ်က အခွန်ထုပ် မကောက်ဘဲ နေမလား? အခွန်ထုပ်ကိုလဲ ပေးရအုန်းမယ်၊ မြေကြီးလဲ ဘာဖြစ်လဲ အကြွေး၊ အကြွေးဆိုတော့ အတိုးကော မတက်ဘူးလား? အမေရိကန်အပေါ်မှာ တရုပ်အကြွးဟာ ဒေါ်လာ ၁၅ Trillion တရုပ်အကြွေးက အမေရိကန်အပေါ်ရောက်နေပြီ၊ လောကကြီးက ပြောင်းပြန်ကြီးဖြစ်သွားပြီ။

အဲဒါကြောင့် မင်းတို့ ငါတို့တတွေ သူ့ရဲ့ စလောဂန် (slogan) လေး ဘာတဲ့လဲ we need to change. အမေရိကန်က ပြောင်းပြစ်မယ်၊ ပြောင်းမယ်ဆိုတဲ့ကောင်က ဘာပြောင်းလဲ? အဖြူသမ္မတကနေ အမည်းသမ္မတဖြစ်တာ၊ ဒါပဲပြောင်းတာ၊ ကျန်တာ ဘာမှ မပြောင်းဘူး၊ အီရန် အီရက် အာဖဂန် တိုက်မြဲတိုက်မြဲပဲ၊ ကျူးကျော်မြဲ ကျူးကျော်မြဲပဲ၊

ဒီအတိုင်းပါပဲဒီအတိုင်းပဲ
အဲဒီတော့ မင်းတို့ငါတို့တတွေ ခေတ်မီ ပညာတွေ သင်ပြီးတော့ နိုင်ငံတော်ရဲ့ ကျေးလက်ပညာရေး စနစ်တွေ၊ ပါဠိပထမပြန်ပညာရေး စနစ်တွေ၊ High school, Primary School, College, University ပညာရေးစနစ်တွေကို ပြောင်းမယ်လို့ဆိုရင် You want to change society လူ့အဖွဲ့အစည်းကြီးကို မင်းတို့ ပြောင်းချင်တယ်ဆိုရင်၊ You have to change yourself first. မင်းတို့ ငါတို့ ကိုယ်တိုင် ရှေးဦးစွာ ပြောင်းရမယ်၊ သူများကို ပြောင်းမယ်ကြံရင် ကိုယ်ကိုယ်တိုင် ဘာလုပ်ရမလဲ? ပြောင်းပါ။ ကိုယ်ကတော့ ဒီအတိုင်းပါပဲ ဒီအတိုင်းပဲ (သီချင်းလေသံဖြင့် ဆိုပြ)။ ကောင်းလေးတွေ ဆိုတဲ့ သီချင်းလေ ငါတခါတခါ ဆိုပြတယ်။
မန္တလေးက တရားပွဲအပြန် ၁၀-၁၁ ခွဲလောက် ပြန်လာတယ်၊ တခါတလေ မိုးလေးက ဖွဲဖွဲနဲ့ ဓာတ်မီးတိုင်အောက်မှာ ကောင်လေးတွေ ဂီတာတီးနေတာ၊ ကောင်းလေး ၄-၅ ယောက် ဂီတာတီးနေတာ၊ ဘိန်းမူးနေတဲ့ ကောင်လေးတွေပါ၊ ဖြည်းဖြည်း ကားလျှော့မောင်းခိုင်းတယ်၊ ဟေး-မော်တော်ကားမောင်းတဲ့ သူ ၀င်းဇော် လျှော့ကွာ လျှော့ကွာ၊ ဓာတ်တိုင်နားကျ ဖြည်းဖြည်းလေး မောင်းတာ၊ မှန်တံခါးလေးဖွင့်ကြည့်လိုက်တော့--ဟာ--သီတဂူဆရာတော်ကြီးဟေ့ဆိုပြီး အကုန် ကုန်းဦးချတယ်၊ ဟေ့ကောင်တွေ ဆက်တီးကွာ- ငါ နားထောင်ချင်လို့ပါ၊ အားပါးတရ တီးတယ်ဟေ့ ဆရာတော်က မြောက်ပေးတယ်ဆိုတော့၊ ဘာတီးတယ်အောင့်မေ့လဲ? ဘာပဲ ပြောပြော--ဒီအတိုင်းပဲ၊ (သံဃာများ ရယ်သံ)၊ ပါပဲလုပ်လုပ် ဒီအတိုင်းပဲ--ဒီအတိုင်းပါပဲ ဒီအတိုင်းပဲ (သံဃာများ ရယ်သံ)။ ပထမပြန်အောင်လဲ ဒီအတိုင်းပဲ-ဓမ္မာစရိယအောင်လဲ ဒီအတိုင်းပဲ၊ Ph.D အောင်လဲ ဒီအတိုင်းပဲ၊ ဒီအတိုင်းပါပဲ ဒီအတိုင်းပဲ (ရယ်သံ)။
အေး---နိုင်ငံတော်ကို ပြောင်းချင်ရင် မင်းတို့ကိုယ်တိုင် အရင်ပြောင်းကြပါကွာ၊ Learning into Action. Learning into Practice. ဟုတ်လား၊ သင်ကြားခြင်းမှ ကျင့်သုံးခြင်းသို့၊ အဲဒါပြောပြီးတော့ ဒို့များရဲ့စကားလက်ဆောင် ဒီမှာ နဂုံးချုပ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

(သာဓု သံများ)

ထို့နောက် မန္တလေးသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွန့်ညွန့်အေးက တက္ကသိုလ်အသီးသီးရှိ ရဟန်း သီလရှင် ၅၂၈ ပါး၏ ကိုယ်စားလှယ်များအား အမေရိကန်ဒေါ်လာ ၅ သောင်း ၂ ထောင် ၈ ရာ (၅၂၈၀၀) တိတိကို လှူဒါန်းပြီး ရေစက်ချ အမျှဝေသည်။

ဝန်ခံချက်။ ။ အသံဖိုင်မှ စားသားအဖြစ် သီတဂူစတား တည်းဖြတ်သည်၊ အသံဖိုင်မှ ကူးယူရသဖြင့် သက်ပုံ ၀ါကျနှင့် အထူးသဖြင့် အင်္ဂလိပ်စာများ အမှား ပါနေပါက စာရေးသူ၏ အမှားသာ ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၃၁-၁၂-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes