
Friday, December 19, 2014

sitagustar
No comments
၂၈ ခုမြောက် သီတဂူစက္ခုဒါန -ကျွန်းလှမြို့
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊
ကျွန်းလှမြို့ရှိ ၂၈ခုမြောက် သီတဂူစက္ခုဒါနဆေးရုံတော်ကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ
(၂၁)ရက်နေ့တွင် သီတဂူဆရာတော်ကြီးကိုယ်တိုင် ဖွင့်လှစ်ပွဲ အခမ်းအနား ကျင်းပ
ပြုလုပ်ပေးမည်ဖြစ်သည်။
ဒီဇင်ဘာ (၁၉)ရက်နေ့မှ (၂၇)ရက်နေ့အထိ
အင်္ဂလန်ဆရာဝန်ကြီးများ၊ သီတဂူအာယုဒါနဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများက
မျက်စိဝေဒနာရှင်များအား (အခမဲ့) ကြည့်ရှု ခွဲစိပ်ကုသပေးသွားမည် ဖြစ်ပါကြောင်း
သတင်းကောင်းပါးအပ်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၁၂-၂၀၁၄

Sunday, November 30, 2014

sitagustar
No comments
ပဲခူးတိုင်းဒေသကြီးက သီတဂူဆေးရုံ နှစ်ခု
ယခုနှစ် ၂၀၁၄ နောက်ဆုံးဖွင့်လှစ်ခဲ့သော
ပဲခူးတိုင်းဒေသကြီး အုပ်ဖိုမြို့၊ ဥတို သီတဂူစက္ခုဒါနဆေးရုံတွင် (၇)ရက်တိုင်တိုင်
သီတဂူကျန်းမာရေးအဖွဲ့က ကုသခဲ့ရာ စမ်းသပ်လူနာ ( ၃၆၉၀)တို့ကို စမ်းသပ်ပြီး
(၆၂၃)ယောက်တို့ကို ခွဲစိပ်ကုသ အလင်းရောင်များ ပေးနိုင်ခဲ့သည်။
သီတဂူ ရာစုသစ်
ရွှေဥ စက္ခုဒါနဆေးရုံ (သဲကုန်း)
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့၊ သီတဂူ
ရာစုသစ်ရွှေဥ စက္ခုဒါနဆေးရုံ (သဲကုန်း)တွင် ( ၂၈-၁၁-၂၀၁၄)ရက်နေ့က စပြီး
သီတဂူမျက်စိအထူးကု အစဉ်အစဉ်များကို စတင်ခဲ့ပါသည်။
၂၉-၁၁-၂၀၁၄နေ့အထိ နှစ်ရက်စာ
ကုသမှုများကား---
စမ်းသပ်လူနာ (438) ယောက်နှင့် ခွဲစိပ်လူနာ (127) ယောက်တို့ကို
အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပြိးဖြစ်သည်။
ဆရာဝန်ကြီးများအဖွဲ့ များကား--
Dr.
ဦစံအေ (USA)
Dr.J. S.Smith (UK)
Dr.ဦးမြ အောင်
Dr.စ ဂျေ လွင်
Dr.
ဝေနွယ်ဝင်း
Dr. ငုဝါ
Dr.ကျော်နိုင် ထွန်း
Dr.ခိုင်
စုစုလွင်
Dr.သီရိဝေတို့ ဖြစ်ကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu
.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၁၁-၂၀၁၄
www.sitagustar2020.net

Wednesday, November 26, 2014

sitagustar
No comments
၅ ရက်အတွင်း သီတဂူစက္ခုဒါနဆေးရုံ (အုတ်ဖို) အောင်မြင်မှု
ကျပ်သိန်းပေါင်း
တစ်သောင်းကျော် အကုန်ကျခံ ဆောက်လုပ် လှူဒါန်းသော ဆေးရုံ၊ စာသင်ကျောင်း၊ လမ်းများ၏
အလှူရှင် သီတဂူ ဦးမောင်သောင်း (ထရန်စဖော်မာ)+ ဒေါ်ကြည်ဝင်မိသားစုတို့၏
သီတဂူစက္ခုဒါနဆေးရုံ (အုတ်ဖို)တွင် ငါးရက်အတွင်း အောင်မြင်မှုကား--
(က) စမ်းသပ်
စစ်ဆေး လူနာ- ၂၀၄၃
(ခ) ခွဲစိပ်ကုသ အလင်းရ လူနာ-၄၀၇ တို့ဖြစ်ကြောင်း
ဝမ်းမြောက်နုမော် သာဓုခေါ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.orgရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၁၁-၂၀၁၄

Sunday, November 23, 2014

sitagustar
No comments
သီတဂူစက္ခုဒါနဆေးရုံ (အုပ်ဖို) ပထမအကြိမ်
ပဲခူးတိုင်းဒေသကြီး၊ အုပ်ဖိုမြို့နယ်၊
ဥတိုမြို့သစ်တွင် တည်ဆောက် လှူဒါန်းထားသော သီတဂူစက္ခုဒါနဆေးရုံတွင် ၂၀-၁၁-၂၀၁၄
နေ့ကစပြီး မျက်စိဝေဒနာရှင်များကို ပထမဆုံးအကြိမ် လက်ခံစစ်ဆေးသည်။
၂၂-၁၁-၂၀၁၄
နေ့တွင် ပြင်ပစမ်းသပ်လူနာ ၃၂၆ ယောက်ရှိပြီး၊ ခွဲစိပ်လူနာ ၇၇ ယောက်တို့ကို
အောင်မြင်စွာ ကုသနိုင်ခဲ့သည်။ သီတဂူဆရာတော်ကြီးလည်း သွားရောက် အားပေးသည်။
သီတဂူ
ဒေါက်မြအောင် (မျက်စိအထူးကု) ဦးဆောင်သော မျက်စိအထူးကုဆရာဝန်များ၊
သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)မှ မျက်စိဆရာဝန်များ၊ သူနာပြုများ
ပါဝင်ကြသည်။
၂၅-၁၁-၂၀၁၄ နေ့တွင် ထိုဆေးရုံဖွင့်ပွဲ အခမ်းအနားကို
ကျင်းပပြုလုပ်မှာ ဖြစ်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၁-၂၀၁၄

Saturday, November 22, 2014

sitagustar
No comments
သီတဂူစက္ခုဒါနဆေးရုံဖွင့်ပွဲ
(အုပ်ဖို)
ပဲခူးတိုင်း၊ အုပ်ဖိုမြို့နယ်၊
ဥတိုမြို့သစ်၊ သီတဂူစက္ခုဒါနဆေးရုံကို ၂၅-၁၁-၂၀၁၄ ရက်နေ့မှာ ဖွင့်လှစ်
လှူဒါန်းမှာဖြစ်သည်။
အလှူရှင်-အုပ်ဖိုမြို့၊ “ အောင်သောင်း လျပ်စစ်
ထရမ်စမော်ဖာ ကုမ္ပဏီ” ပိုင်ရှင် ဦးမောင်သောင်း+ဒေါ်ကြည်ဝင်း မိသားစုတို့က
ကျပ်သိန်းပေါင်းများစွာ အကုန်ကျခံ ဆောက်လုပ် လှူဒါန်းထားသည်။
၂၀-၁၁-၂၀၁၄
ရက်နေ့ကစပြီး ရပ်ဝေး ရပ်နီးမှ မျက်စိဝေဒနာရှင်များကို သီတဂူကျန်းမာရေး
စောင့်ရှောက်ရေးအဖွဲ့က သွားရောက် ကုသမှုများကို ကုသပေးနေသည်
ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၁၁-၂၀၁၄

Saturday, September 27, 2014

sitagustar
No comments
သီတဂူ မျက်စိအထူးကုအစီအစဉ် (သီပေါမြို့)
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့်
သီပေါဆရာတော် ဦးပညာသိရီ ဦးဆောင်သော မျက်စိအထူးကုအစီအစဉ်ကို
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် (၂၅-၉ -၂၀၁၄)မှ
(၂၈-၉-၀၁၄)ရက်အထိ ဆောင်ရွက်နေပါသည်။
နှစ်ရက်တာကာလအတွင်း
မျက်စိဝေဒနာရှင်(၅၀၂)ယောက်ကို စမ်းသပ်စစ်ဆေးပေးပြီး၊ မျက်စိဝေဒနာရှင် (၆၂)ဦး
ခွဲစိပ်ကုသပြီး ဖြစ်ပါသည်။ စမ်းသပ်စစ်ဆေးခွဲစိပ်ကုသ
ပေးနေဆဲဖြစ်ပါသည်။
သီပေါဆရာတော် ဦးပညာသိရီ ဦးဆောင်သော
သီတဂူသီပေါစက္ခုဒါနအစီအစဉ်သည် (၃)လ (၁)ကြိမ် စီစဉ်ဆောင်ရွက်ခဲ့ရာ (၂၉)ကြိမ်မြောက်အထိ
ရောက်လာပြီဖြစ်သည်။ ယနေ့အထိ မျက်စိဝေဒနာရှင်(၁၄၂၄၇)ယောက်ကို
စမ်းသပ်စစ်ဆေးပေးခဲ့သည်၊ (၂၉၀၆)ဦးကိုတော့ ခွဲစိပ်ကုသပြီး လောကအလင်းများ
ရရှိသွားကြပြီ ဖြစ်သည်။
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ကျောက်မဲ၊ လားရှိုးနှင့်
ပြင်ဦးလွင်မြို့မှ မျက်စိအထူးကု ဆရာဝန်ကြီးများကလည်း လာရောက်ကူညီ ပညာဒါန၊
လုပ်အားဒါနများ ပြုပေးကြပါသည်။
ထို့အပြင် အမေရိကနိုင်ငံ၊ အင်္ဂလန်နိုင်ငံများမှ
မျက်စိအထူးကု ဆရာဝန်ကြီးများကလည်း လာရောက် ပညာဒါန၊
လုပ်အားဒါနပြုကြပါသည်။
သီတဂူစန်းလပမာ
ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရား နေရာတိုင်းမှာ
ထွန်းတောက်ပါစေ..
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Thursday, September 25, 2014

sitagustar
No comments
သီတဂူ မျက်စိအထူးကုအဖွဲ့ ( မြင်းခြံမြို့)
သီတဂူဆရာတော်ဦးဆောင်သော
သီတဂူမျက်စိအထူးကုအဖွဲ့သည် မြင်းခြံမြို့၊ သီတဂူအာယုပါလ မျက်စိအထူးကုဆေးရုံတွင်
(၁၄.၉-၂၀၁၄)မှ (၂၅-၉-၂၀၁၄)ရက်နေ့အထိ မျက်စိဝေဒနာရှင် (၄၅၀၀)ယောက်တို့ကို
စမ်းသပ်စစ်ဆေးပြီးသည်။ စမ်းသပ်ပြီး မျက်စိဝေဒနာရှင် (၄၅၀)ယောက်ကို
ခွဲစိပ်ကုသနိုင်ခဲ့ပြီးဖြစ်သည်။
သီတဂူမျက်စိအထူးကုအဖွဲ့တွင်
မျက်စိအထူးကုဆရာဝန်ကြီး
ပါမောက္ခဒေါက်တာဦးမြအောင်(ငြိမ်း)၊
မျက်စိအထူးကုဆရာဝန်ကြီး
ပါမောက္ခဒေါ်မြင့်ခိုင်(ငြိမ်း)၊
မျက်စိအထူးကုဆရာဝန်ကြီး
ပါမောက္ခဒေါက်တာဒေါ်ရီရီအောင်၊
မျက်စိအထူးကုဆရာဝန်ကြီး
ဒေါက်တာဦးလှမောင်တင်၊
မန္တလေးမျက်စိအထူးကုဆေးရုံမှ
မျက်စိအထူးကု
ဆရာဝန်ဒေါက်တာယဉ်ကြည်ဦး၊
မျက်စိအထူးကု
ဆရာဝန်ဒေါက်တာအိကေသွယ်ဟန်၊
မျက်စိအထူးကုဆရာဝန်
ဒေါက်တာဒေါ်သန္တာအောင်၊
မျက်စိအထူးကု
ဆရာဝန်ဒေါက်တာမောင်မောင်မျိုးဝင်း၊
မျက်စိအထူးကုဆရာဝန်
ဒေါက်တာဒေါ်သန္တာထွန်း၊
မျက်စိအထူးကုဆရာဝန်ဒေါက်တာ
ဒေါ်အေးသီတာမြင့်၊
သီတဂူအာယုဒါနဆေးရုံတော်မှ
ဒေါက်တာဒေါ်မိမိခင်ဦးဆောင်သော
သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)မှ သူနာပြု(၁၀)ဦး၊ မြင်းခြံမြို့
မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေးအဖွဲ့၊ ရိုးမဘဏ်၊ ကမ္ဘောဇဘာဏ်၊ ဆန္ဒတော်ပြည့်မှ
ဝန်ထမ်းများ၊ မြင်းခြံမြို့မှ ရပ်မိရပ်ဖများက ၀ိုင်းဝန်း
လုပ်အားဒါနပြုခဲ့ပါသည်။
သီတဂူစန်းလပမာချမ်းမြသာယာ
ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၉-၂၀၁၄

Monday, September 15, 2014

sitagustar
No comments
သီတဂူစက္ခုဒါနဆေးရုံ (ကလေးမြို့)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ၊
သီတဂူစက္ခုဒါနဆေးရုံတော်ကို ရဟန်းရှင်-လူများ၏ ကောင်းမှုဖြင့် သီတဂူဆရာတော်၊
စကားလှဓမ္မာရုံဆရာတော်၊ နေသာပညာဒါနဆရာတော်၊ မဟာသန္တာရုံဆရာတော်တို့၏ သြ၀ါးကို
ခံယူလျှက် မြန်မာနှစ် ၁၃၇၁ခုနှစ်၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်တွင်
ဖွင့်လှစ်ခဲ့သည်။
ဖွင့်လှစ်ပြီးပြီးချင်းပဲ မျက်စိဝေဒနာရှင်များကို
ကုသပေးခဲ့ရာမှာ--
ပထမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၁၁၅၄။
ခွဲစိပ်လူနာ-၂၄၈
ဒုတိယအကြိမ် ကုသမှု
စမ်းသပ်လူနာ-၇၃၅။
ခွဲစိပ်လူနာ-၁၇၅
တတိယအကြိမ် ကုသမှု
စမ်းသပ်လူနာ-၆၀၅။
ခွဲစိပ်လူနာ-၁၉၆
စတုတ္ထအကြိမ် ကုသမှု
စမ်းသပ်လူနာ-၅၆၂။
ခွဲစိပ်လူနာ-၁၇၁
ပဉ္စမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၆၂၃။
ခွဲစိပ်လူနာ-၁၄၃
ဆဋ္ဌမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၄၈၁။
ခွဲစိပ်လူနာ-၁၃၈
သတ္တမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၈၀၁။
ခွဲစိပ်လူနာ-၁၉၂
အဋ္ဌမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၁၈၅၀။
ခွဲစိပ်လူနာ-၃၀၃
န၀မအကြိမ် ကုသမှု
စမ်းသပ်လူနာ-၁၁၀၁။
ခွဲစိပ်လူနာ-၂၁၄
(၉)ကြိမ်တိုင်တိုင်အထိ စမ်းသပ်လူနာ- (၇၉၁၂)တို့ကို စမ်းသပ်
စစ်ဆေးပြီး၊ (၁၇၈၀)ဦးကိုတော့ ခွဲစိပ်ကုသပြီး မျက်စိအလင်းများ
ပေးနိုင်ခဲ့သည်။
တစ်မိသားစုတည်းမှာ မွေရာပါ မျက်မမြင် လေးယောက်လည်းပါသည်၊
မျက်လုံးနှစ်ခုလုံး အမြင်ရသွားကြသည်အတွက် ထိုမိသားစုတို့သည် အတိုင်းမသိ
ဝမ်းသာသွားကြသည်။
အလှူငွေ၊ သုံးငွေများ----
သီတဂူစက္ခုဒါနဆေးရုံ
(ကလေးမြို့)ကို အနယ်နယ်အရပ်ရပ်မှ လာရောက် ကုသမှုခံယူကြသည်၊ ရပ်ဝေးရပ်နီးမှ
အလှူရှင်များက လာရောက်လှူဒါန်းကြသည်။
ယနေ့အထိ အလှူငွေ--ကျပ်ငွေ
(၃၉,၇၁၃၉၀၀တို့ကို ရရှိသည်။ အသုံးပြုငွေမှာ--ကျပ်ငွေ ၄၀,၉၀၆၆၆၂ ရှိသည်။
ကုန်ကျစိရိတ် အသုံးပြုရာမှာ- ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမှ ဆရာဝန်များ၏
သွားလာစရိတ်၊ စားစရိတ်၊ လူနာများအတွက် ဆေးဝါးစရိတ်၊ မျက်မှန်စသည့်
လိုအိပ်သည်များကို လှူပေးပါသည်။
ယခုအခါ သီတဂူစက္ခုဒါနဆေးရုံတော်ကို
တိုးချဲ့ဆောက်လုပ်နေပြီ ဖြစ်ပါသည်။ စိတ်ပါဝင်စားသူတိုင်း ဆက်သွယ်နိုင်ပါသည်။
လှူဒါန်းနိုင်ပါသည်။
သီတဂူစက္ခုဒါနဆေးရုံတော်
စောင့်ရှောက်ရေးအဖွဲ့
ကလေးမြို့
ဖုန်း-၄၇၀၇
၂၂၂၀၅
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၉-၂၀၁၄

Tuesday, March 25, 2014

sitagustar
No comments
သီတဂူ၏ ခိုလန် (ရှမ်းတောင်) နောက်ဆုံး ကုသမှု အခြေအနေ
ရှမ်းပြည်တောင်ပိုင်း၊
ခိုလန်မြို့၊ သီတဂူမျက်စိအထူးကုအဖွဲ့၏ ၅ ရက်မြောက်နေ့ ၁၈-၃-၂၀၁၄ရက်မှ
၂၂-၃-၂၀၁၄ရက်နေ့အထိ ရပ်ဝေး ရပ်နီးမှ ဒေသခံ တိုင်းရင်းသားများ ဖြစ်ကြသော
မျက်စိဝေဒနာရှင်ပေါင်း (၁၅၅၅)ယောက်ကို စမ်းသပ်စစ်ဆေးခဲ့သည်။ ထိုအထဲမှ (၂၃၄)ယောက်ကို
ခွဲစိပ်ပေးပြီး မျက်စိအလင်း အလှူများ ပြုခဲ့ပါသည်။
သီတဂူ မျက်စိအထူးကုအဖွဲ့တွင်
မျက်စိအထူးကု ဆရာဝန်ကြီးများ
၁။ ပရော်ဖက်ဆာ ဒေါက်တာ ဦးမြအောင်(ငြိမ်း)၊ ၂။
ပရော်ဖက်ဆာ ဒေါက်တာ ဒေါ်မြင့်ခိုင်(ငြိမ်း)၊ ၃။ ဒေါက်တာဒေါ်ခင်အုန်းဟန်၊ ၄။ ဒေါက်တာ
ဒေါ်ခင်အေးသီ၊ ၅။ သူနာပြုဆရာမကြီး ဒေါ်ခင်ကြူ၊ ၆။ လွိုင်လင်မြို့မှ မျက်စိအထူးကု
ဆရာဝန်ကြီး ဒေါက်တာမြအေး၊ ၇။ ဒေါက်တာသော်တာဝင်း၊ ၈။ တောင်ကြီးမြို့မှ
မျက်စိအထူးကုဆရာဝန်ကြီး အောင်မိုးထွန်း၊ ၉။ သီတဂူအာယုဒါနဆေးရုံတော်မှ ဒုဆေးရုံအုပ်
ဒေါက်တာဒေါ်မိမိခင်နှင့် သီတဂူ အထူးသူနာပြု(၁၀)ဦး တို့က
ပါဝင်လုပ်အားဒါနပြုခဲ့ပါသည်။
လိုက်ပါသွားသော သီတဂူသာသနာပြု အဖွဲ့ဝင်
လူကြီးများ
သီတဂူသာသနာပြု အဖွဲ့ဝင် လူကြီးများဖြစ်ကြသော ၁။
ဦးတင်အေး(အတွင်းရေးမှူး(၂))၊ ၂။ ဦးမြင့်အောင်(အတွင်းရေးမှူး(၃))၊ ၃။
ဦးသန်းလွင်(ဘဏ္ဍာရေးမှူး)၊ ၄။ ဦးအောင်သောင်း (ထရန်စဖော်မာ)။
သီတဂူရဲ့
ကျေးဇူးတင်စကား
သီတဂူမျက်စိအထူးကုအဖွဲ့တွင် ပါဝင်ကြသော အထူးကုဆရာဝန်ကြီးများ၊
သူနာပြုများ၊ သီတဂူသာသနာပြုအဖွဲ့ဝင်လူကြီးများနှင့် သီတဂူမျက်စိအထူးကုအဖွဲ့ကို
စားဝတ်နေရေးအတွက် အစစအရာရာလိုလေသေးမရှိ ဆောင်ရွက်ပေးပါသော
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်နှင့် ဇနီး၊
အရာရှိ၊ အရာခံ အကြပ်တပ်သားများ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က လှိုက်လှိုက်လှဲလှဲ
ကျေးဇူးအထူးတင်ရှိပါသည်။
ဆေးရုံကုသရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း
ခိုလန်မြို့၊ ကုတင်(၁၀၀)ဆံပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးယုဝေနှင့်
အထူးကုဆရာဝန်များ၊ သူနာပြု ဆရာ/ဆရာမများ၊ ခိုလန်မြို့၊
အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ပတ်ဝန်းကျင်ဒေသရှိ အဖွဲ့အစည်း များကလည်း
ပါဝင်လုပ်အားဒါနပြုခဲ့သည်ကို သီတဂူမျက်စိအထူးကု အဖွဲ့က လှိုက်လှိုက်လှဲလှဲ
ကျေးဇူးအထူးတင်ရှိပါသည်။
ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်း၊ မျက်စိအထူးကုအစီအစဉ်မှာ
မွေးရာပါ မျက်စိနှစ်ကွင်း အလင်းမရရှာကြသည်ကို ပရော်ဖက်ဆာဒေါက်တာ ဦးမြအောင်
(ငြိမ်း)၏ လမ်းညွှန်ချက်ဖြင့် သီတဂူအဖွဲ့က ခွဲစိပ်ကုသရာ ကလေးငယ်(၂)ဦး မအီနေနှင့်
မသဇင်ထွန်း မျက်စိနှစ်ကွင်း အလင်းရရှိသွားခဲ့ကြလေသည်။
သီတဂူစန်းလပမာ
ချမ်းမြသာယာရှိကြပါစေ။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၃-၂၀၁၄
www.thesitagu.org

Monday, March 24, 2014

sitagustar
No comments
သီတဂူ ကျန်းမာရေးနှင့်
ပညာရေးအလှူတော်
-------------
ပညာရေးအလှူတော်
၂၃-၃-၂၀၁၄ နေ့က
ရှမ်းပြည်တောင်ပိုင်း၊ ခိုလန်မြို့၊ အမှတ် (၂၃) အခြေခံပညာ
မူလတန်းကျောင်းဆောင်သစ်ကို ကျပ်သိန်းပေါင်း ၂၅၀ အကုန်ကျခံ၍ ဆောက်လုပ်
လှူဒါန်းခြင်းအခမ်းအနားကို ပြုလုပ်ခဲ့သည်။
ကျန်းမာရေးအလှူတော်
ထိုနေ့မနက်
အခမ်းအနားမှာပဲ ခိုလန်မြို့ ပြည်သူ့ဆေးရုံအတွက် လိုအပ်သော ဆေးရုံးသုံး
ပစ္စည်းများကိုလည်း လှူဒါန်းခဲ့သည်။
မြို့နယ်ပညာရေးမှူး၊ တပ်ခွဲမှူးနှင့်
ကျောင်းအုပ်ဆရာမကြီးတို့က ၀မ်းသာစကား၊ ကျေးဇူးတင်စကားများ
ပြောကြသည်။
ထို့နောက် ကျောင်းအလှူရှင်များဖြစ်ကြသော သီတဂူသာသနာပြုအဖွဲ့ဝင်
လူကြီးမင်း အလှူရှင်များအား တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်က ဂုဏ်ပြုမှတ်တမ်းများ
ပေးအပ်သည်။
အစီအစဉ်အားလုံးအပြီးမှာ သီတဂူဆရာတော်ကြီးက အလှူရှင်များ၊
ဒေသခံပြည်သူများ၊ အစိုးရလူကြီးမင်းများအား ပညာတန်ဖိုးအကြောင်း
ဟောကြားခဲ့သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”

Saturday, March 22, 2014

sitagustar
No comments
သီတဂူ မျက်စိအလှူ-ခိုလန် (ရှမ်းတောင်)
ရှမ်းပြည်တောင်ပိုင်း၊ ခိုလန်မြို့၊ ကုတင်
(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ သီတဂူဆရာတော်ကြီးနှင့်အဖွဲ့တို့သည်
မျက်စိအလှူတော်များ ပေးဝေနေသည်မှာ ၂၁-၃-၂၀၁၄ ရက်နေ့ဆို ၎
ရက်မြောက်နေ့ဖြစ်ပါသည်။
(၄) ရက်မြောက်နေ့အထိ မျက်စိဝေဒနာရှင်ပေါင်း (၁၃၁၆)ဦးကို
စမ်းသပ်စစ်ဆေးသည်၊ မျက်စိဝေဒနာရှင်ပေါင်း (၁၈၃)ဦးကို ခွဲစိပ်ပေးသည်။
မျက်စိဝေဒနာရှင်များစွာထဲက လွန်ခဲ့တဲ့ (၉)နှစ်လောက်ကထဲက မွေးရာပါ
မျက်လုံးတိမ်ပါလာသူ ပအိုးတိုင်းရင်းသူ မအီနေ၊ အသက် (၁၀)နှစ်၊ မက်မွန်လောင်ရွာ၊
ခိုလန်မြို့သူသည် သီတဂူမျက်စိအထူးကုအဖွဲ့၏ ခွဲစိပ်မှုကို ခံယူပြီး အလင်းရောင်များ၊
ပတ်ဝန်းကျင်ကို မြင်နိုင်သဖြင့် သူမရော သူမ၏အဖေပါ
ဝမ်းသာမဆုံးဖြစ်နေကြသည်။
ဓာတ်ပုံသတင်း-
သီတဂူထိန်လင်း

Friday, March 21, 2014

sitagustar
No comments
သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့ ရှမ်းပြည်တောင်ပိုင်း
ရောက်ရှိ
သီတဂူဆရာတော်ဦးဆောင်သော သီတဂူသာသနာပြု မျက်စိအထူးကုအဖွဲ့သည်
စစ်ကိုင်းမြို့မှ ၁၇-၃-၂၀၁၄ ရက် နံနက် ၆နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း
လွိုင်လင်မြို့သို့ စတင်ထွက်ခွာခဲ့သည်။
ညနေ ၄-၃၀ မိနစ်တွင်
ပင်လုံမြို့သို့ရောက်ရှိသည်၊ ပြည်မ-တောင်တန်း ပူးပေါင်းရေးစာချုပ်အတွက် အမှတ်တရ
ပင်လုံကျောက်တိုင်ကိုလည်း ရောက်ရှိခဲ့သည်။ ထိုနေ့ ညပိုင်းတွင်
မဟာရဋ္ဌာဘိသာမဂ္ဂီစေတီတော်မြတ်ကြီးတွင် တရားတော်များ
ဟောကြားတော်မူခဲ့သည်။
၁၈-၃-၂၀၁၄ နေ့မှာ လွိုင်လင်မြို့တွင် ညအိပ်နားသည်၊ ထိုနေ့
နံနက် ၆ နာရီခွဲတွင် ရှမ်းပြည်တောင်ပိုင်း ခိုလန်မြို့သို့ ခရီးဆက်ကြသည်။
ခိုလန်မြို့တွင် ကမ္ဘောဇဘဏ်မှ ဆောက်လုပ်လှူဒါန်းထားသော ကုတင် (၁၀၀)ဆန့် ဆေးရုံတွင်
မျက်စိခွဲအစီအစဉ်အတွက် ဝေဒနာရှင်များကို စမ်းသပ်
စစ်ဆေးသည်။
မျက်စိကုသမှုအစီအစဉ်တွင် မျက်စိအထူးကု ပါမောက္ခ အငြိမ်းစား သီတဂူ
ဒေါက်မြအောင် ဦးဆောင်ကာ မျက်စိဝေဒနာရှင်ကို စမ်းသပ်စစ်ဆေးပေးခဲ့ရာမှာ ၁၈-၃-၂၀၁၄မှ
၂၀-၃-၂၀၁၄ရက်နေ့အထိ မျက်စိဝေဒနာရှင် (၁၀၄၈)ဦးကို စမ်းသပ်စစ်ဆေးခဲ့သည်၊
ထိုစစ်ဆေးပြီး မျက်စိဝေဒနာရှင်များမှ လူနာပေါင်း ၁၂၂ ယောာက်ကို ခွဲစိပ်သည်၊
အလင်းရောင်များ ရရှိသွားကြသည်။ ထိုမျက်စိဝေဒနာရှင်များတွင် မွေးရာပါ
မျက်လုံးနှစ်လုံး တိမ်စွဲနေသော ဝေဒနာရှင်တစ်ဦး ထူးထူးခြားခြား ပါဝင်သည်။ မျက်လုံး
နှစ်လုံးကို တပြိုင်နက်တည်း ခွဲစိပ်ခဲ့ရပါသည်။
သီတဂူ
အခြေံပညာမူလတန်းကျောင်း
သီတဂူသာသနာပြုအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုအပြင်
ပညာရေးအတွက်ပါ ဆောင်ရွက်လျှက်ရှိသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလန်မြို့မှာပဲ
အခြေခံပညာမူလတန်းကျောင်းကို သီတဂူ သာသနာပြုအဖွဲ့မှ ဦးအောင်သောင်း
(ထရန်စဖော်မာ)နှင့် ဦးကျော်မိုးနိုင် (Krislite) မိသားစုတို့က ကျပ်သိန်း ၂၅၀
မတည် လှူဒါန်း ခဲ့ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

Friday, March 07, 2014

sitagustar
No comments
ဒုတိယအကြိမ် သီတဂူစက္ခုဒါန အလှူတော် (သဲကုန်း)
၂၀၁၄ ဇန္န၀ါရီလ
(၁၃၇၅-တပိုတွဲလပြည့်)နေ့က သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ် စက္ခုဒါနဆေးရုံကို
ဖွင့်လှစ်ပြီး ပထမအကြိမ် မျက်စိကုသမှုများ ပြုလုပ်ခဲ့ရာ စမ်းသပ် လူနာပေါင်း ၅၀၀၀
(ငါးထောင်) ကျော်နှင့် ခွဲစိပ်ပြီး အလင်းရသူများ ၅၉၃ ယောက်ရှိသည်။
ပထမအကြိမ်တွင်
ဆရာဝန်များ အနားပေးခြင်း၊ လူ ၂၀၀၀ကျော် နေ့စဉ်သုံးသည့် ရေချိုးခန်း၊ အိမ်သာများ၊
နေရာများ သန့်ရှင်းရေးအတွက် ပြုလုပ်ခြင်းများ လိုအပ်သည့်အတွက် ပထမအကြိမ် ၅၀၀၀
ကျော်သော လူနာများ စမ်းသပ်ပြီး ဒုတိယအကြိမ်အတွက် ပြင်ဆင်ရန်
အနားပေးကြရသည်။
ဒုတိယအကြိမ်
ဒုတိယအကြိမ်ကို ၄-၃-၂၀၁၄ နေ့က စပြီး ယနေ့အထိ
လူနာပေါင်း ၇၇၉ စမ်းသပ်ပြီး လူနာ ၈၀ ခွဲစိပ်ပြီးဖြစ်သည်၊ မနက်ဖန်တွင် လူနာ ၁၀၀
ကျော် ခွဲစိပ်ဖို့ ပြင်ဆင်ထားသည်။ ၈-၃-၂၀၁၄ နေ့အထိ အထူးကုဆရာဝန်ကြီးများက နေ့မအား
ညမအား စမ်းသပ်ခြင်းများ၊ ခွဲစိပ်ခြင်းများ ပြုလုပ်ပေးနေသည့်အတွက် စမ်းသပ်လူနာပေါင်း
၁၅၀၀ကျော်နှင့် ခွဲစိပ်လူနာ ၄၀၀ ကျော် မျှော်မှန်းထားကြောင်း သီတဂူအာယုဒါန
ဒု-ဆေးရုံအုပ် ဒေါက်တာမိမိခင်က ပြောပါသည်။ နှစ်ကြိမ်ပေါင်း ခွဲစိပ်လူနာ
(မျက်စိအလင်းရသူ) ၁၀၀၀ (တစ်ထောင်) ကျော်နိုင်သည်ဟုလည်း ပြောပါသည်။
ဒုတိယအကြိမ်
မျက်စိအလင်းအလှူများတွင် အငြိမ်းစား ပါမောက္ခ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ
မြအောင်၊ အငြိမ်းစားပါမောက္ခ ဒေါက်တာမြင့်ခိုင်၊ ဒေါက်တာ လှအောင်ဒင်၊ ဒေါက်တာ
စဂျေလွင်၊ ဒေါက်တာပွင့်ဦး၊ ဒေါက်တာ တင့်ဇော်ဦးနှင့် အထူးပြု သူနာပြုများ၊
စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံတော်မှ ဒု-ဆေးရုံအုပ် ဒေါက်တာမိမိခင်နှင့်
သူနာပြုများ၊ ဒေသခံမှ သူနာပြုများက အထူးတာဝန်ယူလုပ်ဆောင်ကြသည်။
သီတဂူအထောက်ကူပြု
အဖွဲ့များ၊ ဒေသခံလုပ်အားပေးအဖွဲ့များ၊ စေတနာရှင်များက အင်တိုက် အားတိုက်
လုပ်အားဒါနပြုကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”

Monday, February 17, 2014

sitagustar
No comments
သီတဂူ ရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော် ဖွင့်လှစ်
ပြည်ခရိုင် သဲကုန်းမြို့တွင်
၁၃၇၅ခုနှစ် တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄)က သီတဂူရွှေဥရာစုသစ် စက္ခုဒါန
ဆေးရုံတော်ဖွင့်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။
ထိုဆေးရုံးဖွင့်ပွဲသို့
သီတဂူအဓိပတိဆရာတော်ကြီးအမှူးပြုသော ပြည်၊ သဲကုန်းဒေသမှ ဆရာတော် သံဃာတော်များ၊
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥိးလှထွန်းအမှူးပြုသော အရာရှိများ၊
ဒေသခံမြို့မှ သီတဂူအထောက်ကူအဖွဲ့များ၊ အထက်-အောက် မြန်မာပြည်ရှိ သီတဂူကပ္ပိယများ၊
ဆေးရုံတော် အလှူရှင် ရွှေဥရာစုသစ် ရတနာရွှေဆိုင်ပိုင်ရှင် ဒေါ်ရွှေဥနှင့်
ဖိတ်ကြားထားအပ်သော ဧည့်သည်တော်များ၊ ဒေသခံပြည်သူ ထောင်ပေါင်းများစွာတို့ စည်းကားစွာ
တက်ရောက်ကြသည်။
ထိုဆေးရုံကြီးဖွင့်ပွဲအခမ်းအနားမှာပဲ သဲကုန်းမြို့
ပြည်သူ့ဆေးရုံအတွက် လိုအပ်သော ဆေးရုံးသုံးပစ္စည်းများကိုလည်း သီတဂူသာသနာပြုအဖွဲ့က
လှူဒါန်းသည်။
ဆေးကုသခြင်း
၁၂-၂-၂၀၁၄ ရက်နေ့မှ ယနေ့ ၁၆-၂-၂၀၁၄ နေ့အထိ
မျက်စိဝေဒနာရှင်ပေါင်း ၂၅၀၀ ကျော်တို့ကို စမ်းသပ် စစ်ဆေးပေးသည်။ ၃၀၀ ကျော်သော
လူနာများကိုတော့ ခွဲစိပ်ကုသပြီး အလင်းရောင်းများ ပေးလှူခဲ့သည်။ ၂၀-၂-၂၀၁၄ နေ့အထိ
ခွဲစိပ်ကုသပေးမည်ဖြစ်သည်။ လူနာရှင်များမှာ ပုတီးကုန်း၊ အင်းမ၊ ရွှေတောင်၊ သက်ပုပ်၊
ပေါင်းတည် စသော အနီးတစ်ဝိုက်မြို့နယ်များ၊ မင်းလှ၊ နတ်တလင်း၊ ဇီးကုန်း၊
ကြို့ပင်ကောက်၊ အုပ်ဖိုစသောမြို့နယ်များအပြင် ရခိုင်၊ သထုံ၊ မကွေး၊ အောင်လံ၊ ရေး၊
အဆင် စသော ဝေးလံသော မြို့နယ်များမှ လူနာများ လာရောက် ကုသကြပါသည်။
သီတဂူစတား
၁၆-၂-၂၀၁၄

Wednesday, February 05, 2014

sitagustar
No comments
သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန ဆေးရုံ ဖွင့်လှစ်ပွဲ ဖိတ်ကြားလွှာ
သီတဂူဆရာတော်ကြီး
မွေးရပ်မြေ၊ ပြည်ခရိုင်၊ သဲကုန်းမြို့တွင် “သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန” ဆေးရုံကို
၁၃၅၇ခုနှစ်၊ တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄)တွင် ဖွင့်လှစ်လှူဒါန်းမည် ဖြစ်သည်။
ထိုဆေးရုံတော်ကို သီတဂူဆရာတော်ကြီးနှင့် ရွှေဥရာစုသစ် ဒေါ်ရွှေဥတို့က
လှူဒါန်းသည်။
ထိုဆေးရုံတော်သည် သီတဂူသာသနာပြုအဖွဲ့က ဆောက်လုပ်လှူဒါန်းပြီး
ဆေးရုံများတွင် ၂၇ ခုမြောက်ဆေးရုံတော်ဖြစ်သည်။
ထိုနေ့မှာပဲ အလှူ့ရှင်
ရွှေဥရာစုသစ် ဒေါ်ရွှေဥကပဲ သီတဂူဆရာတော်ကြီးအား ဆောက်လုပ်ပြီးဖြစ်သော
စံကျောင်းတော်ကိုလည်း လှူဒါန်းမည်ဖြစ်သည်။ ပင့်သံဃာတော် အရှင်မြတ်တို့အား
ဆွမ်းခဲဖွယ်များနှင့် သင်္ကန်းစသော လှူဖွယ်များ လှူဒါန်းပါမည်။
(က)
မျက်စိအထူးကုအစီအစဉ်
ပြည်တွင်း ပြည်ပရှိ မျက်စိအထူးကုဆရာဝန်ကြီးများက (13- 2-
2014)နေ့မှ (19- 2- 2014)နေ့အထိ (၇)ရက်တိုင်တိုင် စမ်းသပ် စစ်ဆေး၊
ခွဲစိပ်ကုသခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။
(ခ) သီတဂူ
အထူးဓမ္မသဘင်
တပိုတွဲလဆန်း (၁၄) ရက်နေ့မှ တပိုတွဲ လပြည့်ကျော် (၅)ရက်နေ့အထိ
သီတဂူဓမ္မကထိကများဖြစ်ကြသော ၁။သီတဂူကြယ်တစ်ပွင့် ၂။ သီတဂူကြာတစ်ပွင့် ၃။ဦးတိက္ခသာရ
၎။ဒေါက်တာ ကိတ္တိဗလ ၅။ဒေါက်တာဣန္ဒက ၆။ဒေါက်တာဣန္ဒာ စရိယ ၇။ ဦးဒေဝိန္ဒာဘိဝံသ တို့က
ညစဉ်ဟောကြားပေးမည်ဖြစ်သည်။
(၈) ဖျော်ဖြေ ရေးအစီအစဉ်
ကြွရောက်လာကြသော
အလှူရှင်များ၊ ဆရာဝန်များ၊ လူနာများ၊ ဒေသခံပြည်သူများအတွက် အောက်ပါ အနုပညာရှင်များက
ဖျော်ဖြေပေးကြမည် ဖြစ်သည်။
(13- 2- 14) နေ့ ည မြန်မာပြည်ကျောက်စိမ်း
ဆိုင်းဝိုင်း
(17- 2- 14) (18- 2- 14) နေ့ (၂) ညတိုင်တိုင်
ဇာတ်မင်းသားဖိုးချစ်ဇာတ်သဘင်
(19- 2- 14)နေ့ည အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့တို့က
တစ်နေ့တစ်မျိုးမရိုးရအောင် ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။
အလှူပွဲသို့ ကြွရောက်
ကုသိုလ်ယူကြပါရန် ဖိတ်ကြားအပ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၂-၂၀၁၄
www.thesitagu.org

Thursday, January 16, 2014

sitagustar
No comments
သီတဂူသာသနာပြုအဖွဲ့၏ နာဂတောင်တန်း ဒေသ ကျန်းမာရေးစောင့်ရှောက်မှု အထူးအစီအစဉ်ဖြင့်
လဟယ်မြို့ ပြည်သူ့ဆေးရုံ၌ ၁၁/၀၁/၂၀၁၄ မှ ၁၃/၀၁/၂၀၁၄ နေ့ အထိ
၁။ မျက်စိအထူးကု
ဆရာဝန်ကြီး ပါမောက္ခဦးမြအောင် ခေါင်းဆောင်သောသီတဂူမျက်စိ အထူးကု အဖွဲ့မှ
ပြင်ပလူနာပေါင်း ၆၆၆ ဦးကို ကြည့်ရှုစစ်ဆေးပြီး မျက်စိဝေဒနာရှင်ပေါင်း ၆၉
ယောက်ကို ခွဲစိတ်ကုသကာ မျက်စိအလင်းဒါန ပြုခဲ့သည်။
၂။ ဘယ်လ်ဂျီယံနိုင်ငံမှ
အထူးကုဆရာဝန်ကြီးဒေါက်တာ ပက်ထရစ်တိုးနက် ဦးဆောင်သောဆရာဝန်/သူနာပြုအဖွဲ့က
နှုတ်ခမ်းကွဲဝေဒနာရှင်ပေါင်း ၄၃ ယောက်ကို ခွဲစိတ်ကုသပေးခဲ့သည်။
၃။ ဒေါက်တာ
ဦးကိုကိုခေါင်းဆောင်သော အင်္ဂလန်နိုင်ငံမှ သွားအထူးကုဆရာဝန်အဖွဲ့က
ပြင်ပလူနာပေါင်း ၃၉၈ ဦးကို ကြည့်ရှုစစ်ဆေးပြီး သွားဝေဒနာရှင်ပေါင်း ၁၂၂ ယောက်ကို
နှုတ်ခြင်း၊ ဖာထေးခြင်း စသည်ဖြင့် ကုသမှုပေးခဲ့သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၁-၂၀၁၄

Saturday, January 11, 2014

sitagustar
No comments
သီတဂူဆရာတော်၏ လက်တွေ့ကျသော အမှန်တရားနှင့် ငြိမ်းချမ်းရေး
၈-၁-၂၀၁၄ နေ့က အသက်
၇၅နှစ်အရွယ်ရှိ ရွာသားလယ်သမားကြီးတစ်ယောက် သူ၏ သားတစ်ယောက်ဖြင့်
သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့ ဟုမ္မလင်းသို့ ရောက်လာခြင်း၊
သီတဂူစက္ခုဒါနဆေးရုံကို ဖွင့်လှစ်ခြင်းတို့ကို ကြားသိရသဖြင့် ထော်လာဂျီဖြင့် ၂
ကြာစီးရသည့် ဟုမ္မလင်းမြို့နယ် ရွာတစ်ရွာမှ လာရသည်။
သူသည်
အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်သည်၊ ဆရာတော်ကြီးသည် ပြတင်းပေါက်ကနေ ထိုသားအဖနှစ်ယောက်
စိတ်ရှည်စွာ မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသည်ကို မြင်တွေ့ရသည်။ ဆရာတော်ကြီးသည်
မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာမြအောင်ကို ခေါ်ပြီး ဒီမွတ်ဆလင်ဒကာကြီးကို
ဒီအခွင့်ရေး လွတ်မသွားစေရန် ညွှန်ကြားတော်မူသည်။ သူ၏ ညာဘက်မျက်လုံးတွင်
ရေတိမ်များကို ဖယ်ရှား ကုသပေးသည်။ ၂၄ နာရီ ခွဲစိပ်ကုသပေးပြီး ထိုမွတ်ဆလင် ဦးသာဖို၏
မျက်ကြည်လွှာမှာ ပင်ကိုယ်ပကတိအတိုင်း ပြန်ဖြစ်သွားသည်။ သူ အမြင်အာရုံတို့သည်လည်း
အလွန်ကောင်မွန်သွားသည်။ ဆရာတော်ကြီးသည် သူ၏ ကုန်ကျစရိတ် အားလုံးကို
လှူဒါန်းလိုက်သည်။
မြဗုဒ္ဓ၏သားတော် ဖြစ်သည့် သီတဂူဆရာတော်ကြီးသည် ဘာသာရေးသည်
ငြိမ်းချမ်းရေးနှင့် အမှန်တရားအတွက် ဖြစ်သည် ဆိုတာကို ပြသလိုက်ခြင်းဖြစ်သည်။
အမှန်တရားနှင့် ငြိမ်းချမ်းရေးတို့သည် အစဉ် ယှဉ်တွဲလျှက်ရှိသည်။ ဗုဒ္ဓဘာသာတစ်ယောက်
မေတ္တာ ကရုဏာ အမှန်တရားတို့သည် လောကကြီးငြိမ်းချမ်းရေးနှင့်
အစဉ်ယှဉ်တွက်လျှက်ရှိနေသည်ကို ဒီကနေ့ စစ်ကိုင်းတိုင်းဒေသကြိး ဟုမ္မလင်းမြို့၊
သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၏ Action Plan ပြလိုက်သည်။
“သီတဂူစန်းလပမာ
ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁-၂၀၁၄

Wednesday, January 08, 2014

sitagustar
No comments
သီတဂူစက္ခုဒါနဆေးရုံ (ဟုမ္မလင်း)ဖွင့်လှစ်
သီတဂူသာသနာပြုအဖွဲ့၏ မြန်မာပြည်အနှံ့
တည်ဆောက်ပြီး ဆေးရုံများတွင် (၂၆)ရုံမြောက် ဆေးရုံးဖြစ်သော
သီတဂူစက္ခုဒါဆေးရုံတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ၂၀၁၄၊ ဇန်န၀ါရီ
(၇)ရက်နေ့၊ နံနက် (၉)နာရီက ဖွင့်လှစ်လှူဒါန်းသည်။
ထိုဆေးရုံဖွင့်ပွဲသို့
သီတဂူအဓိပတိဆရာတော်၊ ယဉ်ကျေးမှု၊ အားကစားနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ သူရ
ဦးအေးမြင့်နှင့်အဖွဲ့၊ သီတဂူအလှူရှင်များ၊ သီတဂူသာသနာပြုအဖွဲ့ဝင်များ၊ သီတဂူဆရာဝန်
ဆရာမများ၊ အင်္ဂလန်၊ ဘယ်လ်ဂျီယံနိုင်ငံများမှ အထူးကုဆရာဝန်များနှင့် ဒေသခံပြည်သူများ
စုစုပေါင်း အင်အား (၅၀၀၀)ကျော် တက်ရောက်သည်။
ဆေးရုံတော်ကြီး၏ကုန်ကျစရိတ်မှာ
ကျပ်သိန်းပေါင်း (၃၀၀၀) သုံးထောင်ရှိပြီး၊ ဆေးရုံးသုံးပစ္စည်းများမှာ
ကျပ်သိန်းပေါင်း (၃၀၀၀) သုံးထောင်ရှိသည်။ သီတဂူဆရာတော်ကြီးနှင့် သီတဂူအလှူရှင်များက
လှူဒါန်းကြသည်။
ဒေသခံပြည်သူများက ရိုးရာယဉ်ကျေးမှု အဆို အကတို့ဖြင့် ဧည့်ခံ
ဖျော်ဖြေကြသည်။
၁-၁-၂၀၁၄မှ ၇-၁-၂၀၁၄ နေ့အထိ သီတဂူမျက်စိအထူးကုအဖွဲ့က
သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်ပေါင်း (၃၄၃)ယောက်ကို
ခွဲစိပ်ကုသပေးပြီးဖြစ်သည်၊ ပြင်ပလူနာ (၁၀၀၀)ကျော်တို့ကိုလည်း
စမ်းသပ်ကုသပေးသည်။
ထို့ပြင် ဟုမ္မလင်း ကုတင် (၁၀၀)ဆန့် ခရိုင်ပြည်သူ့ဆေးရုံတွင်
သီတဂူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အထူးကုအဖွဲ့က လူနာပေါင်း ၁၃၄ ဦးကို
ခွဲစိပ်ကုသပေးပြီးဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၁-၂၀၁၄

Friday, November 08, 2013

sitagustar
No comments
သီတဂူမေတ္တာ စက္ခုဒါန (သံတွဲ) ဆေးရုံ
သီတဂူသာသနာပြုအဖွဲ့နှင့် သံတွဲအဖွဲ့တို့
ပူးပေါင်းပြီး သီတဂူမေတ္တာ စက္ခုဒါန (သံတွဲ) ဆေးရုံကို ၂၀၁၃ခုနှစ် ဒီဇင်ဘာ
(၂၁)ရက်နေ့တွင် ဖွင့်လှစ်မည်။
ထိုဆေးရုံတွင် လူမျိုးမရွေး ဘာသာမရွေး
ကုသမှုခံယူနိုင်ပါသည်။ ထို့ပြင် အောက်ပါ ဆေးရုံများကိုလည်း ဆက်တိုက်ဖွင့်လှစ်မည်။
(က) ဟုမ္မလင်း သီတဂူစက္ခုဒါန ဆေးရုံကို ၂၀၁၄ နှစ်ဦးပိုင်း ဇန္န၀ါရီလ (၄)ရက်နေ့တွင်
လည်းကောင်း၊ (ခ) သဲကုန် သီတဂူအာရောဂျဒါနဆေးရုံကို ယခုနှစ်
တပိုတွဲလပြည့်နေ့တွင်လည်းကောင်း ဖွင့်လှစ်မည် ဖြစ်သည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၁၁-၂၀၁၃

Wednesday, November 06, 2013

sitagustar
No comments
သီတဂူ နှုတ်ခမ်းကွဲအာခေါင်ကွဲ အထူးကုအစီအစဉ်များ (၂၀၁၃)
(၁) အဖွဲ့ Belgium
Team
(၅၊ ၁၊ ၂၀၁၃) မှ (၁၀၊ ၁၊ ၂၀၁၃) နေ့အထိ Prof: De Mey (Belgium Team)
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၄၄) ဦးခွဲစိတ်ဆရာဝန်များ Prof: De Mey မေ့ဆေးဆရာဝန်၊
Dr. Andree De Villeနှင့် သီတဂူအာယုဒါန ဆေးရုံမှ ဆရာဝန်ကြီးများ အထူးသူနာပြုများ
ပါဝင်သည်။
(၂)အဖွဲ့ Belgium Team
(၂၇၊ ၁၊ ၂၀၁၃) မှ (၁၊ ၂၊ ၂၀၁၃) နေ့အထိ Dr.
Nasser Nadjmi (Belgium Team)မှ . Dr. Nasser Nadjmi မေ့ဆေးဆရာဝန်၊ ခွဲစိပ်ဆရာဝန်
Dr. Kris Vermeylen၊ ခွဲစိပ်ဆရာဝန် Dr. David Jules Emiel တို့ ဦးဆောင်သော
သီတဂူဆရာဝန်များအဖွဲ့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၄၅) ဦးကို ကုသပြီး
အလှပြင်ပေးနိုင်ခဲ့သည်။
(၃) အဖွဲ့ Belgium Team
(၁၉၊ ၃၊ ၂၀၁၃) မှ (၂၂၊ ၃၊
၂၀၁၃) နေ့အထိ Dr. Bob De Frene (Belgium Team)မှ ခွဲစိတ်ဆရာဝန် Dr. Bob De Frene၊
Dr. Fabrice မေ့ဆေးဆရာဝန်၊ Dr. Verstraete Rik၊ Dr. Guido Ingels
ဘယ်လ်ဂျီယံဆရာဝန်ကြီးများက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၃၇) ဦးကို
အလှဆင်နိုင်ခဲ့သည်။
(၄) အဖွဲ Belgium Team
(၁၄၊ ၁၀၊ ၂၀၁၃) မှ (၁၈၊ ၁၀၊ ၂၀၁၃)
နေ့အထိ Dr. Julia Berkei (Belgium Team)
ဘယ်လ်ဂျီယံနိုင်ငံမှ ဆရာဝန်ကြီးများက
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၆၆) ဦးကို အလှပြင်ပေးနိုင်ခဲ့သည်။
ပါဝင်သောခွဲစိတ်ဆရာဝန်များ Dr. Julia Berkei 2. Dr. Barun Sarkar 3. Dr. Klaus
Exner 4. Dr. Philipp 5. Dr. Farzin 6. Dr. Naja Bluto 7. Dr. Bianca Baicanနှင့်
မေ့ဆေးဆရာဝန်များဖြစ်ကြသော 1. Dr. Daniel Heise 2. Dr. Martin Bauer 3. Dr. Kunits
Evgenyတို့ဖြစ်သည်။
သီတဂူအထွေထွေခွဲစိတ်ခြင်းနှင့် နှုတ်ခမ်းကွဲ၊
အာခေါင်ကွဲခွဲစိတ်ခြင်းအစီအစဉ်
Hawai U.S.A Team
(၂၊ ၁၁၊ ၂၀၁၃) မှ (၅၊ ၁၁၊
၂၀၁၃) နေ့အထိ Aloha Medical Mission (Hawai
U.S.A Team) အဖွဲ့မှ ခွဲစိတ်ဆရာဝန်
1. Dr. Carl Lum 2. Dr. Dirk Noyes မေ့ဆေးဆရာဝန် 1. Dr. Aung Gyi 2. Dr. Steven
Garon 3. Dr. Jan Birnie အထွေထွေခွဲစိတ်လူနာ (၄၆) ဦးကို ခွဲစိပ်ကုသပေးပြီး
ဖြစ်သည်။ ဆရာဝန်ကြီး Dr. Fergurgurက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၁၅) ဦး
ကို
ခွဲစိပ်ကုသပေးပြီးဖြစ်သည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မ...
-
အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၈) Equanimity ဘဝဆိုတာ ဒီလိုပဲကိုဗျ၊ ဟုတ်လား၊ တစ်ဘက်ကတော့Pushout လုပ်ပြီးတော့၊ တစ်ဘက်ကတော့ Wellcome ေ...