သီတဂူစတား

သီတဂူစတား
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

08 December 2014

သီတဂူစတား ကံထပ်နှင့် ဓမ္မသဘင်

သီတဂူစတား ကံထပ်နှင့် ဓမ္မသဘင်

ပဲခူးတိုင်းဒေသ၊ မင်းလှမြို့နယ်၊ ငှက်ကြီးသိုက်ကျေးရွာ ရဟန်းဒကာ ဦးတင်မောင်လတ်၊ ရဟန်းအမ ဒေါ်မိုးမိုး၊ သား ဗိုလ်ကြီးစည်သူအောင် (ရုရှား)၊ သမီး မစုသက်အောင်တို့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ပါမောက္ခ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)အား ရှစ်ပါးပရိက္ခရာဖြင့် ၇-၁၂-၂၀၁၄ရက်နေ့က ကံထပ်မင်္ဂလာပြုခြင်းနှင့် ရုရှားရောက် ပညာတော်သင် စစ်သည်တော်များနှင့် ရဟန်းဒကာဒကာမများ၏ အလှူတော် သားကောင်းစစ်သည်သိမ်တော် ရေစက်ချပွဲအလှူတော်မင်္ဂလာ အကြိုအဖြစ် ၆-၁၂-၂၀၁၄ နတ္တော်လပြည့်နေ့ ည ဓမ္မသဘင်ဆင်ယင် ကျင့်ပခြင်း ဖြစ်ပါသည်။



ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၁၂-၂၀၁၄

07 June 2012

စိန်ဖူးတော်တင်လှူပူဇော်ပွဲ (အမေရိက)

(ရွှေစည်းခုံစေတီတော်ကြီးအား ပူဇော်ရန် စိန်ဖူးတော်ကြီး)

(ရွှေစည်းခုံစေတီတော်ကြီး မှောင်ရီပျိုးစအချိန်နှင့် ညအချိန်)

သီတဂူဗုဒ္ဓ၀ိဟာရသို့ရောက်
သီတဂူသာသနာပြုအဖွဲ့၏အဓိပတိ သီတဂူဆရာတော်ကြီးသည် ၂-၆-၂၀၁၂ စနေနေ့ နေ့လည်(၂) နာရီ အချိန်တွင် အမေရိကန်နိုင်ငံ ဟူစတင်လေဆိပ်သို့ ဆိုက်ရောက်တော်မူသည်။ အမေရိကရှိ တပည့်များက သိုက်သိုက်ဝန်းဝန်း ကြိုဆိုကြပြီး တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရှိ သီတဂူဗုဒ္ဓ၀ိဟာရသို့ ပင့်ဆောင်လာခဲ့ကြသည်။
(စေတီတော်ကြီး၏ ပြီးစီးမှုများကို ဆွေးနွေး)
(အမေရိကန်ဗုဒ္ဓဘာသာဝင်များ)
(စေတီတော်ကြီး၏ အတွင်းပိုင်းတွင် ညွှန်ကြားစဉ်)
တည်ဆောက်မှုအခြေအနေကို ကြည့်ရှု
ဆရာတော်ကြီးသည် သက်တော် ၇၅ နှစ်ကျော်လာပေမဲ့ ခရီးရှည်ကြီး လေယာဉ်၊ ကားများ စီးလာခဲ့သော်လည်း ပင်ပန်းသည်ဟု တစ်ခါတလေမျှ မငြီး၊ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ရှိလှသည်။ အော်စတင်မြို့ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းသို့ ရောက်သည်နှင့် ဆရာတော်ကြီးသည် ရွှေစည်းခုံစေတီတော်နှင့် ဓမ္မဗိမာန်တော် တည်ဆောက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ နယုန်လပြည့် တနင်္လာနေ့ စိန်ဖူးတော်တင်ရာတွင် လုပ်ဆောင်ရမည့် ကိစ္စများကို ညွှန်ကြားကာ တာဝန်အသီးသီး ချမှတ်တော်မူသည်။
(သီတဂူဓမ္မသဘာထဲတွင် ဘုရားဝတ်ပြုနေကြသော အမေရိကရှိ ဗုဒ္ဓဘာသာဝင်များ)

စိန်ဖူးတော်တင်လှူခြင်း
သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက၊ တက္ကဆက်ပြည်နယ်၊ အော်စတင်)ရှိ တည်ထားကိုးကွယ်အပ်သော ရွှေစည်းခုံစေတီတော်ကြီး လုံးဝ ပြီးစီးသွားပြီဖြစ်၍ ၁၃၇၄ ခုနှစ် နယုလပြည့်နေ့ (၅-၆-၂၀၁၂) က သီတဂူဆရာတော်ကြီး ဦးဆောင်သော အမေရိကရှိ သံဃာတော်များ၊ အမေရိကရှိ သီတဂူတပည့်ဒကာ ဒကာမများက စည်ကားသိုက်မြိုက်စွာ စိန်ဖူးတော်ကြီးကို တင်လှူပူဇော်ခဲ့သည်။
(စိန်ဖူးတော်တင်အခမ်းအနားတွင်)
(မြန်မာဝတ်စုံနှင့် အမေရိကန်လူကြီးမင်း)

အောင်ပွဲအခမ်းအနား
အောင်ပွဲအခမ်းအနားအနေဖြင့် ရွှေစည်းခုံ စေတီတော်ကြီးဖွင့်ပွဲနှင့် အနေကဇာတင်ပွဲတော်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (တန်ဆောင်မုန်းလပြည့်နေ့)တွင် ကျင်းပရန် အမိန့်ရှိတော်မူသည်။

(Dear All,
You all are warmly invited to Final International Great Grand Opening Ceremony of Sitagu Shwe Si Khom Pagoda on Saturday & Sunday, November 24 & 25, 2012, 8 am to 9 pm.) ဤနေရာ နှင့် သီတဂူဗုဒ္ဓ၀ိဟာရ တာဝန်ခံဆရာတော် ဒေါက်တာ အရိယဓမ္မတို့ အီးမေးလ် မှ ကိုးကား၍ ဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၇-၆-၂၀၁၂

01 May 2012

သီတဂူ ရက် ၄၀ နွေရာသီ ဗုဒ္ဓဓမ္မသင်တန်း



(ကျောင်းသားများလက်ခံစဉ်)

သီတဂူ ရက် ၄၀ နွေရာသီ ဓမ္မသင်တန်း
သီတဂူသာသနာပြုအဖွဲ့အောက်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ပညာရေးကဏ္ဍတွင် လူဝတ်ကြောင်အများအတွက် အထူး ဗုဒ္ဓဓမ္မသင်တန်းလည်း စစ်ကိုင်းမှ စတင်ကာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူသာသနာပြုအဖွဲ့အောက်ရှိ သီတဂူကျောင်းများတွင်လဲ နွေရာသီဗုဒ္ဓဓမ္မသင်တန်းတွေကို ဖွင့်လှစ်သင်ကြားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုနှစ်မှာတော့ ၂၀၁၁/၂၀၁၂ ပညာသင်နှစ်က စပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် လူဝတ်ကြောင်များအတွက် အထူးသင်တန်းများ စတင်ခဲ့သည်၊ သီတဂူဆရာတော်ကြီး ကိုယ်တိုင် အချိန်ရသလောက် ၀င်ရောက် သင်ကြားပေးခဲ့သည်။ သီတဂူတပည့် ဒေါက်တာအရှင်မြတ်များကလဲ ဘာသာရပ်အလိုက် တာဝန်ယူကာ ၀င်ရောက် ပို့ချသည်ဟု ကြားသိရသည်။

ယခုနှစ်မှာလဲ တိုးချဲ့ပြီး နွေရာသီ ဗုဒ္ဓဓမ္မသင်တန်းများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် စတင်ပို့ချနေပြီ ဖြစ်ပါသည်။ စာရေးသူသည် ထိုသင်တန်းနှင့်ပတ်သက်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် ပညာရေးတာဝန်ခံ ဖြစ်သော ဒေါက်တာအရှင်ပညာသီဟာလင်္ကာရအား မေးလျှောက်ခဲ့သည်။ သူက အောက်ပါအတိုင်း စနစ်တကျအစီအစဉ်များကို ပြောပြသည်။
(စာသင်ခန်းထဲဝင်ရန် စောင့်ဆိုင်းနေကြသော ကျောင်းသား ကျောင်းသူလေးများ)

ဗုဒ္ဓဓမ္မသင်တန်း ရည်ရွယ်ချက်
သီတဂူ နွေရာသီဗုဒ္ဓဓမ္မသင်တန်းကို အောက်ပါရည်ရွယ်ချက်တွေနဲ့ ၁၃၇၄-ခုနှစ်၊ တကူးလကွယ်၊ သောကြာနေ့၊ (ဧပြီလ ၂၀-ရက်၊ ၂၀၁၂-ခုနှစ်၊) နေ့လည်-၁-နာရီအချိန်မှာ ၄၀-ရက်သင်တန်း ဖွင့်ခဲ့ပါတယ်ဘုရား။
၁။ အခြေခံလူ့ကျင့်ဝတ်စည်းကမ်းကို နားလည်လိုက်နာစေခြင်း၊
၂။ ဘာသာကြီးလေးရပ်တို့ကို နားလည်သဘောပေါက်စေခြင်း၊
၃။ ခေတ်အဆက်ဆက်က ပညာရှင်တို့၏အဆိုအမိန့်များကို ပြန်လည်သုံးသပ်ဝေဘန်တတ်စေလိုခြင်း၊
၎။ တကိုယ်ရေတကာယ သန့်ရှင်းစေပြီး ကျန်းမာရေးကို ဂရုစိုက်တတ်စေလိုခြင်း၊
၅။ မူးယစ်ဆေးဝါးများနှင့်မှုခင်းများအကြောင်းကို နားလည်စေပြီးရှောင်ရှားတတ်စေလိုခြင်း၊
၆။ လူမှုရေး၊ ဘာသာရေး၊ ပညာရေးပိုင်းတို့ကို လေ့လာရေးခရီးထွက်ပြီး လေ့လာဆည်းပူးစေလိုခြင်း၊
၇။ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေလိုခြင်း-တို့ဖြစ်ပါတယ်ဘုရား။
(သင်တန်းအတွင်းက ကျောင်းသား ကျောင်းသူလေးများ)

အတန်းလိုက် သင်တန်းများ
ကလေးများကို ငါးတန်းကနေ ဘွဲ့ရပြီးသည်အထိ လက်ခံပါတယ်။ စာသင်ခန်းများကိုတော့ အခန်းခြောက်ခန်းခွဲပြီးသင်ပေးပါတယ်
က) ငါးတန်းတစ်ခန်း
ခ) ခြောက်တန်းတစ်ခန်း
ဂ) ခုနှစ်တန်းတစ်ခန်း
ဃ) ရှစ်တန်းတစ်ခန်း
င) ကိုးတန်း-ဆယ်တန်း-ဘွဲ့ရတစ်ခန်း
စ) ဘုန်းကြီးများအတွက်တစ်ခန်း
အခုလာမည့် ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ စာစီစာကုံးပြိုင်ပွဲနဲ့ ပန်းချီပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပပေးမှာဖြစ်ပါတယ်ဘုရား။
ကလေးများရဲ့ သင်တန်းမှတ်တမ်းကို တစ်ပတ်တစ်ခါ သူတို့ရဲ့ မိဘများထံ ပို့ပေးပါတယ်။ မိဘတွေ့ လက်မှတ်ထိုးပြီး ပြန်ပို့ပေးရတယ်ဘုရား။ လိုအပ်ရင် မိဘတွေနဲ့တွေ့ပြီး ကလေးအတွက် ဆွေးနွေးပေးပါတယ်ဘုရား။
(သင်တန်းမြင်ကွင်းတချို့)

အမှတ်ပေးစည်းမျဉ်းကိုတော့
၁။ အတန်းတက်မှန်ခြင်း - ၁၀-မှတ်
၂။ စာရိတ္တကောင်းခြင်း - ၁၀-မှတ်
၃။ အိမ်စာပြုလုပ်ခြင်း၊ အတန်းထဲတွင်ပါဝင်ဆွေးနွေးခြင်းတို့အတွက် - ၁၀-မှတ်
၎။ စာစီစာကုံးနှင့်ပန်းချီအတွက် - ၁၀-မှတ်
၅။ တကိုယ်ရေတကာယသန့်ရှင်းခြင်း၊ စည်းကမ်းလိုက်နာခြင်းအတွက် - ၁၀-မှတ်
၆။ အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ်၊ နားထောင်နိုင်ခြင်းအတွက်-၁၀-မှတ်။
၇။ နောက်ဆုံးစာမေးပွဲ၌ပေးမှတ်-၄၀-
စုစုပေါင်း ၁၀၀-မှတ်သတ်မှတ်ထားပါတယ်ဘုရား။
စုစုပေါင်းကျောင်းသားကျောင်းသူဦးရေ ၂၅၀-ရှိပါတယ်ဘုရား။
(ကျောင်းသားများအားလုံး လည်ဆွဲကဒ်များပါမှ သီတဂူမှလက်ဆွဲအိတ်များပါမှ အတန်းထဲမှာ သင်ယူခွင့်ရပါသည်။)

ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ ပေးပို့သော သတင်းအတိုင်းဖြစ်ပါသည်။ စာရေးသူလဲ အလွန်ဝမ်းသာမိသည်။ သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တပည့်ဒေါက်တာများက စိတ်ပါဝင်စားစွာ သင်ကြားပေးနေသည်ကို ၀မ်းသာ ပီတိဖြစ်မိသည်။ တချိန်က စာရေးသူလဲ ဓမ္မစကူးလ် (Dhamma School) ဆန်းဒေ စကူးလ် (Sunday School) သင်တန်းမျိုးကို မျှော်လင့်နေမိခဲ့သည်။ ယခုအခါ မိမိတို့ တက္ကသိုလ်က အထူးသင်တန်းတစ်ရပ်အနေနဲ့ အစီအစဉ်များရေးဆွဲပြီး ဆောင်ရွက်နေသည်အတွက် ၀မ်းသာ ပီတိဖြစ်ရပါတော့သတည်းးးးးးးးးးးးးးးးးးးးးးး။
(ရဟန်းတော်များအတွက် သီးသန့်သင်တန်း)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁-၅-၂၀၁၂

15 October 2011

မြန်မာ့သာသနာ အနောက်သို့ထွန်းခြင်း

သီတဂူနှင့်အမေရိက
ယနေ့ခေတ် မြန်မာ့သာသနာသည်လည်း တဖြည်းဖြည်းနဲ့ အနောက်ဆီသို့ ရွေ့လျားလာသည် ပြောမလား၊ ပြန့်ပွားလာသည်ပြောမလား၊ ဘယ်လိုပဲ ဖြစ်ဖြစ် သေချာတာကတော့ မြန်မာ့သာသနာ အနောက်ဆီသို့ ရောက်လာတာတော့ အမှန်ဖြစ်သည်။
ဆောက်လုပ်ဆဲ 80’X80’X54’ ဥာဏ်တော် ပမာဏရှိ ရွှေစည်းခုံစေတီတော်ကြီးနှင့်တွဲလျက် ဓမ္မသဘာ ပုံစံငယ်
သီတဂူဆရာတော်ကြီးသည် သီတဂူသာသနာ့ပြုအဖွဲ့များပါဝင်စေလျှက် အမေရိကန်ပြည်ထောင်စုတွင် သီတဂူဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကြီးနှင့် ထေရ၀ါဒဓမ္မအသင်း (Theravada Dhamma Society America) (အမေရိကန်)တို့ကို ၁၉၉၆ခုနှစ်မှစတင် တည်ထောင်လာခဲ့ရာ အလွန်အောင်မြင်လျှက်ရှိသည်။ ယခုအခါ ထိုနိုင်ငံ ထိုပြည်နယ်ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများရော ဗုဒ္ဓဘာသာကိုစိတ်ဝင်စားသူအားလုံးအတွက်ပါ ဗုဒ္ဓတရားတော်များကို စနစ်တကျလေ့လာခွင့်ရခြင်း၊ စနစ်တကျ အားထုတ်နိုင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ မြန်မာပြည်ဗုဒ္ဓတရားတော်များကို ကမ္ဘာ့အင်အားအကြီးဆုံး အနောက်နိုင်ငံသို့ရောက်အောင် ပို့ဆောင်နိုင်ကြသည်မှာ ထိုနိုင်ငံရှိ ပြည်သူများ၊ မြန်မာ့တိုင်းရင်းသားများနှင့် မြန်မာပြည်ရှိ အလှူရှင်များပင်ဖြစ်ပါသည်။
သီတဂူဆရာတော်ကြီး မြန်မာ့ဗိသုကာပညာရှင် တမ္ပ၀တီ ဦးဝင်မောင်နှင့်အဖွဲ့အား ညွှန်ကြားနေစဉ်

အမေရိကရှိအလှူရှင်များ၊ အခြားနိုင်ငံများရှိ အလှူရှင်များနှင့် မြန်မာပြည်ရှိအလှူရှင်များ၏ ကောင်းမှုကြောင့် သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်ကြီး အမေရိကတွင် ပေါ်ပေါက်လာသည် ဖြစ်ပါသည်။ ယခုအခါ ထိုသီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်သည် ရွှေစည်ခုံစေတီတော်ကြီးနှင့် ယောဂီသူတော်စင်များ ချမ်းသာစွာ ကမ္မဋ္ဌာန်းတရားတော်များ အားထုတ်နိုင်ခြင်းနှင့် မြတ်ဗုဒ္ဓ၏ဓမ္မများကို ပို့ချခြင်း သင်ယူလေ့လာခြင်းများ ပြုလုပ်နိုင်ရန် ဓမ္မသဘာအဆောင်ကြီးနှင့် သီလ,သမာဓိ, ပညာ, သစ္စာယ မေတ္တာ, ဗလ, သတိပဋ္ဌာန် စသော နာမည်များနှင့် ဆွမ်းစားကျောင်းဆောင်တို့ဖြင့် အဆောင်ပေါင်း ၃၇ ဆောင်တို့ဖြင့် တံဆာဆင်ထားသော ကျောင်းတိုက်ကြီးဖြစ်သည်။ ယခုအခါ တချို့လဲ ဆောက်လုပ်ပြီးဖြစ်သလို ဆောက်လုပ်ဆဲကျောင်းများစွာလဲ ကျန်ပါသေးသည်။
ဆောက်လုပ်ပြီး ကမ္မဋ္ဌာန်းကျောင်းဆောင်များ


ရွှေစည်းခုံစေတီတော်

အမေရိကန်နိုင်ငံ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်အတွင်း မြန်မာမှုမြန်မာ့ဟန်များဖြင့် (80’X80’X54’) ဥာဏ်တော် ပမာဏရှိ ရွှေစည်းခုံစေတီတော်ကြီးကို TDSA Group (Theravada Dhamma Society America) က အမေရိကန် ဒေါ်လာ ၆၀,၀၀၀၀ (ခြောက်သိန်း) အကုန်ခံပြီး ပူဇော်နေလျှက်ရှိသည်။ ထိုစေတီတော်ကြီးကို ၂၀၁၂ ဇန်န၀ါရီ ၁၅ ရက်နေ့ လုံးဝ အပြီး ခန့်မှန်းထားသည်။

စေတီတော်ကြီးဆောက်လုပ်ရေးလုပ်ငန်းခွင်မှ သီတဂူမန်နေဂျာ ဦးစိုးဝင်း

ဆောက်လုပ်ပြီး၊ဆဲ ကျောင်းဆောင်များနှင့် အလှူရှင်များ
၁။ သီလ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဒေါ်စန္ဒပဘာက လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၂။ သမာဓိ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ U David က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၃။ ပညာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဒေါက်တာဝင်းမြင့်က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၎။ သစ္စာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ အရှင်သစ္စ၀ံသ က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၅။ မေတ္တာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဒေါက်တာအောင်ခိုင် က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၆။ ကရုဏာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၇။ ဗလ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးမောင်လှ က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၈။ မုဒိတာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးတင်မောင်ဝင်း က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၉။ ဥပေက္ခာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးခင်မောင်သိန်း က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၁၀။ ဒါန ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးဣန္ဒက က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၁၁။ ခေမာ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ TDSA Group က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၁၂။ ဣန္ဒြိယ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးမောင်လှ က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၁၃။ ဗောဇ္ဈင်္ဂ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဒေါက်တာစောနောင် က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၁၄။ မဂ္ဂင်္ဂ ကမ္မဋ္ဌာန်းကျောင်းဆောင် (12’X12’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးထီးညို က လူဒါန်း ဆောက်လုပ်ပြီးဖြစ်သည်။
၁၅။ သတိပဋ္ဌာန ကမ္မဋ္ဌာန်းကျောင်းဆောင် (16’X12’) နှင့် Restroom အတွက် အမေရိကန်ဒေါ်လာ ၁,၈၀၀၀ မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွန့်ညွှန့်အေး က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၁၆။ သမ္မပ္ပဓာန ကမ္မဋ္ဌာန်းကျောင်းဆောင် (16’X12’) နှင့် Restroom အတွက် အမေရိကန်ဒေါ်လာ ၁,၈၀၀၀ ဦးကျော်ဝေ က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၁၇။ Reception (ပြန်ကြားရေး) ဆောင် (32’X24’) အတွက် အမေရိကန်ဒေါ်လာ ၆,၀၀၀၀ TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၁၈။ Water House ဆောင် (16’X8’) အတွက် အမေရိကန်ဒေါ်လာ ၃၀၀၀ TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၁၉။ Small Storage ဆောင် (8’X8’) အတွက် TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၂၀။ Big Storage ဆောင် (16’X8’) အတွက် TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၂၁။ Mobile Home 1 ဆောင် (48’X13’) အတွက် အမေရိကန်ဒေါ်လာ ၁,၅၀၀၀ Japan (Myanmar Group) က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၂၂။ Mobile Home II ဆောင် (75’X13’) အတွက် TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၂၃။ Deck ဆောင် (55’X50’) အတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀၀ TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၂၄။ Public Restoroom ဆောင် (40’X24’) အတွက် အမေရိကန်ဒေါ်လာ ၉,၀၀၀၀ TDSA Group က လူဒါန်းဆောက်လုပ်ပြီးဖြစ်သည်။
၂၅။ သန္တိပထ Restroom ဆောင် (37’X27’) အတွက် အမေရိကန်ဒေါ်လာ ၄,၀၀၀၀ မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွန့်ညွန့်အေး က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၂၆။ စာကြည့်တိုက် Library ဆောင် (32’X32’) အတွက် အမေရိကန်ဒေါ်လာ ၃,၀၀၀၀ ဒေါက်တာခင်မောင်ဇော် က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၂၇။ Work Shop ဆောင် (32’X24’) အတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀၀ TDSA Group က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၂၈။ နေက္ခမ္မ ကမ္မဋ္ဌာန်းဆောင် (12’X10’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ သီတဂူဦးသန်းလွင် က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၂၉။ ၀ီရိယ ကမ္မဋ္ဌာန်းဆောင် (12’X10’) အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ ဦးမောင်လှ က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၃၀။ ဣဒ္ဓိပါဒ ကမ္မဋ္ဌာန်းဆောင်နှင့် Restroom(25’X25’) အတွက် အမေရိကန်ဒေါ်လာ ၂,၀၀၀၀ ဦးထွန်းစိန် က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၃၁။ ခန္တီ ကမ္မဋ္ဌာန်းဆောင် (16’X12’) အတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀၀ သီတဂူဦးခင်မောင်ဝင်း က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၃၂။ အဓိဋ္ဌာန ကမ္မဋ္ဌာန်းဆောင် (16’X12’) အတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀၀ သီတဂူဒေါက်တာမြတ်သူ က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၃၃။ ၃၄။ ၃၅။ ၃၆။ ကမ္မဋ္ဌာန်းဆောင် (30’X16’) Restroom အပါဝင် ၄ဆောင် အသီးအသီးအတွက် အမေရိကန်ဒေါ်လာ ၂,၀၀၀၀ စီကို ဦးကျော်ဝေ က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။
၃၇။ ဓမ္မသဘာ ခမ်းမဆောင်ကြီး (60’X30’) အတွက် အမေရိကန်ဒေါ်လာ ၁၀,၀၀၀၀ TDSA Group က လူဒါန်းပြီး ဆောက်လုပ်ဆဲဖြစ်သည်။

ဓာတ်ပုံနှင့်သတင်းအချက်အလက်များကို သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက)ရှိ ဆရာတော် ဒေါက်တာအရှင်အရိယဓမ္မ၏ အီးမေးလ်နှင့် ကိုခွန်သီရိ အမေရိကတို့ထံမှ ရရှိပါသည်။


ဆက်သွယ်နိုင်ရန်--
Sitagu Buddhist Vihara
TDSA
9001 Honeycomb Dr
Austin, TX 78737
Telefax: (512) 301-3968
http://www.sitagu.org/

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၁၀-၂၀၁၁

14 May 2011

နို့နှစ်လုံးဖိုးကျေသူများ


စာမိတ်ဆက်
တနေ့က မနက် ၃ နာရီမှ အိပ်ဖြစ်တယ်၊ ဘုံဘေရောက်ကာမှ အိပ်ချိန်တွေ ပြောင်းပြန်ဖြစ်နေတယ်။ ပူနေးမှာ ကျောင်းတက်စဉ်ကတော့ မြန်မာပြည်မှာတုန်းကလို ပုံမှန် အလုပ်လုပ်၊ စားချိန် အိပ်ချိန် မှန်လေ့ရှိတယ်၊ အထူးသဖြင့် အိပ်ချိန် သိပ်မှန်တာ၊ pppppp။ အိန္ဒိယသည် မြန်မာပြည်ထက် ၁ နာရီမျှသာ နောက်ကျသည်။ ဘုံဘေမြို့မှာ ရာသီဥတုက ပူတော့ အိပ်မပျော်တာလဲပါသည်။ အဲနေ့ည နို့နှစ်လုံးဖိုးကျေပါစေ ဆိုတဲ့ဇာတ်ကား အစအဆုံး ကြည့်ဖြစ်လိုက်တယ်။ အစပိုင်း ရယ်စရာ ဟာသတွေနဲ့ ဖွဲ့စည်းထားပေမဲ့ နောက်ပိုင်း ဘိုးတော် ဘွားတော်ကို ကိုးကွယ်မှုနှင့် နတ်လမ်းဓာတ်လမ်းကို လျှောက်နေကြသော မိဘများကို ၀ိပဿနာလမ်း ရတနာသုံးပါး လမ်းမှန်သို့ ရောက်အောင် ဟာသနှောကာ ပို့ပေးတဲ့ အကောင်းဆုံး မိဘကျေးဇူးဆပ်နည်း ဇာတ်ကားကောင်း တစ်ခုဖြစ်ပါသည်။
နိုင်းနိုင်းနှင့် ပန်းဖြူ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်၊ နိုင်းနိုင်း ပြောတဲ့ မိစ္ဆာဒိဋ္ဌိ ၆၂ ပါးကို သမ္မာဒိဋ္ဌိ ၆၂ ပါးဟူ၍၎င်း ကိလေသာ ၁၀ ပါးကို ၈ ပါးဟု မှား ပြောလိုက်မိခြင်းကလွဲ၍၎င်း အားလုံးကောင်းသည်။ ချစ်သူ ရီးစားစကား ပြောတာသည်ပင် ဓာတ်သံ ပရမတ်သံတွေ ပါနေသဖြင့် ပညာပေး ဟာသဇာတ်ကားကောင်း တစ်ခု ဖြစ်၍ မိဘ ကျေးဇူးအထူးဆပ်လိုသူများ ကြည့်သင့်ပါကြောင်း မိတ်ဆက်လိုက်ပါသည်။
မိဘကျေးဇူး ကြီးမားပုံ ရေးဖွဲ့ထားသည့် စာပေ များစွာရှိပါသည်။ စာရေးသူကိုယ်တိုင်ပင် မိဘကျေးဇူးအကြောင်း ပို့စ်တစ်ခု တင်ခဲ့ဖူးသေးသည်၊ မမှတ်မိတော့ပါ။ သို့ပေမဲ့ ကိုယ်ကိုယ်တိုင်ကလဲ အဖေကို ကောင်းကောင်း မမှတ်မိလိုက်၊ ရှိနေသော အမေအိုတစ်ယောက်ကိုလည်း ယနေ့အချိန်ထိ ကောင်းကောင်း မပြုစုနိုင်ခဲ့သေး။ ထို့ကြောင့် မိဘကျေးဇူးနှင့်ပတ်သက်တာလေးတွေ ရေးချင်စိတ်ဖြစ်မိသည်။ မိဘကျေးဇူးကို အမွှန်းတင်လွန်းပြီး ဘုရားရှင်တောင်မှ အမေ့နို့နှစ်လုံးဖိုး မကြေဟု ပြောကြ ရေးနေကြသည်ကိုလည်း တွေ့နေရသည်။ အမွန်းတင်ခြင်းက မမှားပေမဲ့ အစွန်းရောက်သွားရင် ဘယ်ဟာမဆို မှားနိုင်သည်။
မိဘကျေးဇူးကြီးမားခြင်း
အင်္ဂုတ္တိုရ်ပါဠိတော်တွင် ‘‘ဗြဟ္မာတိ မာတာပိတရော ပုဗ္ဗာစရိယာတိ ၀ုစ္စရေ’’ ဟု အဆိုရှိသည်။ ဆိုလိုသည်မှာ- အမေနှင့် အဖေသည် ---
(၁) ဗြဟ္မာကြီးနှင့်တူ၏၊ ဗြဟ္မာကြီးများသည် မေတ္တာ,ကရုဏာ, မုဒိတာ, ဥပေက္ခာ ဟိုဆိုအပ်သော သူတော်ကောင်းတို့၏ အကျင့်မြတ် ၄ ပါးဖြင့် နေကြသည်။ အမေနှင့် အဖေ ၂ ယောက်တို့၏ နှလုံးသားထဲတွင်လည်း သားသမီးတို့ အပေါ် ထို ၄ပါးလုံး အကြွင်းအကျန်မရှိ တည်ရှိနေသည့်အတွက်ကြောင့် ဗြဟ္မာကြီးများ ဖြစ်ကြသည်။ မေတ္တာသုတ် ပွားရာသည်ပင် လောကကြီးကို အမေ့မေတ္တာမျိုးထား ပွားရမည် (မာတာ ယထာ နိယံပုတ္တ, မာယုသာ ဧကပုတ္တ မနုရက္ခေ) ဟုပင် ဆိုထားသည်။ အမေသည် တစ်ဦးတည်းသော သားကို အသက်ဖြင့် ပေးဆပ်၍ပင် စောင့်ရှောက်သည်။ ထိုမေတ္တာမျိုးသည် လူသားပင်မဟုတ် တိရစ္ဆာန်များသည်လည်း ရှိကြသည်။ ထိုသို့သော ကြီးမားသော မေတ္တာကြောင့် နီရဲသော သွေးသည်ပင် သားသမီးအတွက် ဖြူဖွေးသော နို့ရည် ဖြစ်လာရသည်။
(၂) လက်ဦးဆရာများ ဖြစ်ကြသည့် အမေ အဖေတို့သည် မိမိ ရင်သွေးငယ်ကလေးများကို ထိုသို့ အသက်ပေးကာ မေတ္တာဖြင့်စောင့်ရှောက်ရုံသာမက လူတစ်လုံး သူတစ်လုံးဖြစ်အောင် အတတ်ပညာများ သင်ပေးရသည်။ ရှေးဦးစွာ ထနိုင်အောင် လမ်းလျှောက်နိုင်အောင် စားနိုင်အောင် ပြောနိုင်အောင် သင်ပေးကြသည်။ ဒါက အဖေ, ဒါက အမေ, သူကကတော့ ဦးလေးလို့ခေါ်တယ်ကွဲ့ ဟိုဟာကတော့ ဦးကြီး ဒေါ်လေး အကို အမ လို့ ခေါ်ရသည်ဟု စသည်ဖြင့် ခေါ်တတ်အောင် ပြောတတ်အောင် သင်ပေးကြသည်။ ပညာသင်ချိန်ရောက်တော့ ပညာသင်ပေးရသည်၊ အိမ်ထောင်တစ်ခု တည်ထောင်နိုင်သည်အထိ ပါဝင်ကြရသည်၊ ထို့ပြင် စီးပွားရေးကအစ ဖန်တီးပေးကြရသည် ဟူ၍ ပြော၍ ရေး၍ မကုန်နိုင်လောက်အောင် များပြားသော မေတ္တာတွေ၊ တိုင်းတာလို့ မရသော ကြီးမားသော မေတ္တာတွေ ပေးကြသည့်အတွက် မိဘများသည် လက်ဦးဆရာများ ဖြစ်ကြသည်။ ထို့ကြောင့် မိဘတို့သည် အာဟုနေယျ- သားသမီးတို့၏ အပူဇော်ခံထိုက်သော အလှူခံထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည့် အားလျော်စွာ ပူဇော်ကြပါ အရိုသေပေးကြပါ၊ နမေဿယျ- ရှိခိုးကြပါဟူသတည်း။
ကျေးဇူး သိတတ်သူများ
ဘုရားရှင်က လောကမှာ သူတော်ကောင်း ဟူသည် ကျေးဇူးကို သိတတ်သူ (ကတညူ)နှင့် ကျေးဇူးကို ဆပ်သူ (ကတ ဝေဒီ) များဖြစ်ကြသည်။ မိဘများ၏ ကျေးဇူးကို မဆပ်နိုင်သေးစေကာမူ သိတတ်နေရင်ပဲ သူတော်ကောင်း ဖြစ်နေသည်။ ထို့ထက် တတ်နိုင်ပါက ထိုကျေးဇူးကို သိသည့်အတိုင်း ပြုသူဖြစ်က ပိုတော်သော သူတော်ကောင်း ဖြစ်သည်။ (သမစိတ္တ၀ဂ်၊ အင်္ဂုတ္တရနိကာယ)
ထိုသူတော်ကောင်းသည် မိဘကို ကျေးဇူးဆပ်မည်ဟု ဆုံးဖြတ်ချက်ချကာ အမေကို လက်ျာပုခုံးပေါ်မှာထား၊ အဖေကိုတော့ လက်ဝဲပုခုံးပေါ်မှာ တင်ထားပြီး အသက်ထက်ဆုံး ပြုစုသည်။ ထိုမိမိ ပုခုံးပေါ်မှာပဲ ခြေလက်သုပ်သင်သမှုပြု၊ ကျင်ကြီး ကျင်ငယ်စွန့်စေကာ၊ သက်တမ်းရှိသလောက် ပြုစုစေကာမူ မိဘကျေးဇူး မကျေနိုင်ဟု ဆိုသည်။ ဤကဲ့သို့ ဆပ်ပေမဲ့ အကျေ မဆပ်နိုင်စေကာမူ သူတော်ကောင်း တစ်ယောက်ဖြစ်သည်၊ ပညာရှိများ ချီးမွမ်းကြသည်၊ ပြုစု စောင့်ရှောက်လိုက်ရသဖြင့် စိတ်၏ ကြည်လင် အေးချမ်းခြင်းကို ရသည်၊ နတ်ပြည် နတ်ရွာ ရောက်နိုင်သည်။
ဤနေရာတွင် စကားစပ်၍ အမေနှင့် အဖေ၊ အဖေနှင့် အမေဟူ၍ အသုံးအနှုံးရှိကြသည်၊ အများစုကတော့ အဖေ အမေဟု အဖေကို ရှေ့ကထား ဆိုပေမဲ့ ပါဠိသဒ္ဒါကျမ်းတွေမှာ မာတာပိတု၊ မာတာပိတရော (မာတာ စ ပိတာ စ) ဟု အမေက ဂုဏ်ရည်အားဖြင့် ပိုမြတ်သဖြင့် ရှေ့ကထားရသည်ဟု ဆိုသည်။
နို့နှစ်လုံးဖိုးကျေသူများ
ဘယ်ပုံဘယ်နည်းဖြင့် ဆပ်က မိဘ ကျေးဇူး ကျေနိုင်မည်နည်း?
(၁) သဒ္ဓါတရားမရှိသူကို သဒ္ဓါတရား ရှိလာအောင် ပြုစုပေးခြင်း။ ကျောင်းကန် ဘုရား မသွားနိုင်သော မိဘများကို ရောက်အောင် ပို့ပေးခြင်း၊ သူတော်ကောင်းတရားများ နာယူနိုင်အောင် ဆောင်ရွက်ပေးခြင်း ဘုရားတရား သံဃာနှင့်ဝေးနေသော မိဘများကို နီးစပ်အောင် ဖန်တီးပေးခြင်း စသည့် သူတော်ကောင်း အလုပ်များ လုပ်နိုင်အောင် ဖန်တီးပေးခြင်းတို့ဖြစ်သည်။
သာသနာဝယ် ဘုရားရှင် အားကိုးရဆုံးသော တပည့်ကြီး ပထမအဂ္ဂသာဝက အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ပရိနိဗ္ဗာန်စံခါနီး မိဘကျေးဇူးဆပ်လိုသည်။ သူ၏ ကျေးဇူးကြောင့် ဘာသာခြားအယူဝါဒများ လွမ်းမိုးခံရသော ညီအမများဖြစ်သော စာလာ ဥပစာလာ သီသူပစာ ညီမသုံးယောက်၊ ညီတော်များ ဖြစ်သော စုန္ဒနှင့် ရေ၀တတို့ အားလုံးကို သာသနာ့ဘောင် ရောက်အောင် ဆွဲခေါ်ယူနိုင်ပြီး ရဟန္တာပုဂ္ဂိုလ်ကြီးများ ဖြစ်စေနိုင်ခဲ့သည်။ နောက်ဆုံးကျန်ရှိသူမှာ မိခင်ကြီးဖြစ်သည်။ သားသမီးများကို ဆွဲခေါ်သွားသော သားဖြစ်သူ အရှင်သာရိပုတ္တရာ အား အမျက်မပြေသေးဘဲ ရှိနေသေးသည်။ သို့သော်လည်း မထေရ်ကြီးသည် မိခင်ကြီးကို ကျေးဇူးဆပ်လိုလှသည်ဖြစ်၍ နောက်ဆုံး မိမိ ပရိနိဗ္ဗာန်ပြုမည့် အချိန်ကလေးမှာပင် မယ်တော်ကြီးအား ဘာသာခြားအယူမှ ရတနာသုံးပါး ကြည်ညိုတတ်သော ဥပါသိကာမကြီး ဖြစ်အောင် အားထုတ်နိုင်ခဲ့ပြီး နောက်ဆုံး အပါယ်ဘုံဘ၀မှ လုံးဝလွတ် သောတာပန်ဘ၀သို့ရောက်အောင် ပို့နိုင်သဖြင့် အမေ့နိုးဖိုး အကျေဆပ်နိုင်ခဲ့သည်။
တောင်မြို့ဂန္ဓာရုံဆရာတော်ကြီး၏ တပည့်များဖြစ်သော မဟာနာယကဆရာတော်ကြီးတစ်ပါးသည် မိမိ၏ မယ်တော်ကြီး ကျောင်းမှာခေါ်ထားပြီး ပြုစုသည်၊ သီတဂူဆရာတော်ကြီးသည် မိမိမယ်တော်ကြီးကို စစ်ကိုင်းမှာ ခြံနှင့်အိမ်တစ်လုံးတို့ကို ပေးကာ အနီးအနားမှာ ခေါ်၍ပြုစုခြင်းပင်ဖြစ်သည်။
ထိုနည်းတူစွာ မလုပ်နိုင်ပေမဲ့ ရဟန်းတော်များသည် ရဟန်းဘ၀မှာ ကောင်းကောင်း နေပြခြင်းဖြင့် မိဘအား အလိုလို ကျေးဇူးဆပ်ရာ ရောက်သည်။ မိမိသားရဟန်းကို အကြောင်းပြုပြီး ရဟန်းခမည်းတော် မယ်တော် ဆိုသည့် ဂုဏ်ပုဒ်နှင့် အညီ နေပြကြရသည့်အတွက် ကောင်းရာကောင်းကြောင်းများ လုပ်ဖြစ်သည်၊ မကောင်းသော အလုပ်ဟု သက်မှတ်ထားသော အမှုများကိုလည်း ရှောင်ကျဉ်ဖြစ်သည်။
(၂) ပညာနဲသော မိဘများကို ပညာ အသိပညာများ ရရှိအောင် သူတော်ကောင်းတရားများကို များများ နားယူနိုင်အောင် ဖန်တီးပေးခြင်း၊ မုဓပ္ပသန္န-အကျိုးမဲ့တွေ ယုံကြည်နေကြသော၊ နတ်လမ်း ဓာတ်လမ်းတွေကို ယုံကြည်နေကြသော မိဘများကို အသိပညာများ ပေးခြင်းဖြင့် ကျေးဇူးဆပ်နိုင်သည်။
ဘုရားရှင်သည် မွေးဖွားပြီး ၇ ရက်မှာ နတ်ရွာစံသွားသော မယ်တော် မာယာဒေ၀ီမှ သန္တုသိတ နတ်သားဖြစ်သော မယ်တော်ကို အဘိဓမ္မာတရားတော်များ ဟောကြားခြင်းဖြင့် သောတာပန်တည်စေပြီး ကျေးဇူးတရား အကျေဆပ်နိုင်ခဲ့သည်။
(၃) သီလမရှိသော မိဘများ သီလရှိလာအောင်၊ ဥပုသ်သီတင်းများ ဆောက်တည်နိုင်အောင် ဖန်တီးပေးခြင်းဖြင့် ကျေးဇူးဆပ်နိုင်သည်။ သီလယူနေကျ မိဘများကို မပင်မပန်းဆောက်တည်နိုင်စေရန် ဖန်တီးပေးခြင်းဖြင့်လည်း ဆပ်နိုင်သည်။
(၄) စွန့်ကြဲပေးကမ်းမှု နဲနေသော၊ မစ္ဆရိယတရား အလွန်များနေသော မိဘများကို လှူတတ် ပေးတတ် ကမ်းတတ် စွန့်ကြဲတတ်အောင် နည်းလမ်းအမျိုမျိုးပေး၍ ဖန်တီပေးခြင်းဖြင့် ကျေးဇူးဆပ်နိုင်သည်။ ဤသို့အားဖြင့် သူတော်ကောင်းတရားများ နှလုံးသားဝယ် တည်နိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် မိဘကျေးဇူးများ ဆပ်နိုင်ပါသည်။
ဘုရားရှင်တောင် နို့တစ်လုံးဖိုး ကျေ မကျေ ပြဿနာ
ဘုရားရှင်က အမေ့ကျေးဇူးဆပ်နည်းတွေတော့ ဟောထားတယ် သူကိုယ်တိုင်က အမေ့နို့ဖိုး တစ်လုံးတောင် အကျေမဆပ်နိုင်ခဲ့ဟု စာထဲမှာ ဖတ်ရပါသည်ဘုရား၊ အဲဒါ ဟုတ်ပါသလားဘုရားဟု လူငယ်တစ်ယောက်က စာရေးသူအား မေးဖူးသည်။ လွန်ခဲ့သော ၂ လကျော်လောက်က ဖြစ်ပါသည်။ အိန္ဒိယပြန်သွားဖို့ ပြင်ဆင်နေရချိန်ဖြစ်၍ ပြန်မဖြေလိုက်မိခဲ့။ ထိုဇာတ်ကားလေး ကြည့်လိုက်မှ ထိုအဖြေပေးဖို့ သတိပြန်ရလာသည်။
အမေရင်းဖြစ်သူ သန္တုသိတ နတ်သားအား အဘိဓမ္မာတရားများ ဟောကြားခြင်းဖြင့် အပါယ်တံခါးပိတ်စေပြီး ထိုမှ အဆင့်ဆင့် အထက်မဂ်ဖိုလ်များ ရသွားနိုင်ပြီး ဘ၀ဒုက္ခ သံသရာဆင်းရဲမှ လွတ်စေနိုင်သည်ဖြစ်ရကား အမေ့နို့ဖိုး လုံးဝအကျေ ဆပ်နိုင်ခဲ့ပါသည်။
ဘုရားလောင်းကို မွေးဖွားပြီး ၇ရက်အကြာ ဘုရားလောင်း၏ မယ်တော်ရင်း နတ်ရွာစံပြီးချိန်က စပြီး နို့ချိုတိုက်ကျွေး ကျွေးမွေးစောင့်ရှောက်ခဲ့သော အဒေါ်ဖြစ်သူ မိထွေးတော် ဂေါတမီကိုလည်း ဘုရားရှင်သည် ကျေးဇူးများကို အကျေဆပ်နိုင်ခဲ့သည်။ မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန်မပြုမီ သားတော်ဘုရားအား နောက်ဆုံးလျှောက်ထားသော စကားများကလည်း စိတ်ဝင်စားစရာကောင်းပါသည်။ 
ရဟန္တာ (ကျား) များ ပရိနိဗ္ဗာန်ပြုခါနီး ဂါထာများဖြင့် လျှောက်ထားသော စကားများကို ထေရအပါဒါန်ဟု ခေါ်သည်၊ ရဟန္တာ (မ) များ လျှောက်ထားသော ဂါထားများကိုတော့ ထေရီအပါဒါန်ဟု ခေါ်သည်။
ထိုထေရီအပါဒါန်တွင် မိထွေးတော်ဂေါတမီက ဤကဲ့သို့အောက်ပါအတိုင်း လျှောက်ထားသည်ကို တွေ့ရပါသည်။
  အဟံ သုဂတ တေ မာတာ၊ တွဉ္စ ၀ီရ ပိတာ မမ။
  သဒ္ဓမ္မသုခဒ နာထ၊ တယာ ဇာတာမှိ ဂေါတမ။
  သံဝဒ်္ဓိတောယံ သုဂတ၊ ရူပကာယော မယာ တ၀။
“မြတ်စွာဘုရား … အရှင်ဘုရားကို တပည့်တော်က သဘာဝ (လောက) နို့ရည် တိုက်ကျွေးခြင်းဖြင့် အရှင်ဘုရားရဲ့ ရုပ်ခန္ဓာ ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက် တပည့်တော်မဟာ အရှင်ဘုရားရဲ့ မိခင် ဖြစ်ပါတယ် ဘုရား။”
 အနိန်္ဒိတော ဓမ္မကာယော မမ သံဝဒ်္ဓိတော တယာ။
 မုဟုတ်္တံ တဏှာသမဏံ၊ ခီရံ တွံ ပါယိတော မယာ။
 တယာဟံ သန္တမစ္စန္တံ၊ ဓမ္မခီရဥှိ ပါယိတာ။
“တပည့်တော်ကို အရှင်ဘုရားက တရားနို့ရည် (ဓမ္မ ခီရ) တိုက်ကျွေးခြင်းဖြင့် တပည့်တော်မရဲ့ အေးချမ်း တည်ငြိမ်သော တရားကိုယ်ထည် (ဓမ္မကာယ) ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက်ကြောင့် အရှင်ဘုရားဟာ တပည့်တော်ရဲ့ ဖခင် ဖြစ်ပါတယ် ဘုရား။”
 ဗန္ဓနာရက္ခနေ မယှံ၊ အဏဏော တွံ မဟာမုနေ။
ပုတ္တကာမာ ထိယော ယာစံ၊ လဘန်္တိ တာဒိသံ သုတံ။
“အရှင်ဘုရားဟာ တပည့်တော်ကို ကိလေသာအနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်အောင် စောင့်ရှောက်ကယ်တင်နိုင်ခဲ့တဲ့အတွက်ကြောင့် (ဗန္ဓနာရက္ခနေ) တပည့်တော်အပေါ်မှာ အရှင်ဘုရားနို့ဖိုးကြွေး (အဏဏော) လုံးဝမကျန်တော့ပါဘုရား။ မိခင်ရဲ့ နို့နှစ်လုံးဖိုး လုံးဝအကျေ ဆပ်နိုင်ခဲ့ပြီးပါပြီဘုရား။”

ထိုဇာတ်ကားလင့်ခ် (http://www.youtube.com/watch?v=B2UGZIUE3N8&feature=related) အပိုင်း (၁-မှ-၁၂ ထိ) ရှိသည်ထင်သည်၊ ယခုအခါ အပိုင်း ၁ ကိုဖွင့်ကြည့်တာနဲ့ ကျန်လင့်များ ပေါ်လာပါလိမ့်မည်၊ မြန်မာပြည် တွင် youtube ဖွင့်မရ၊ လိုင်းမကောင်းသဖြင့် ကြည့်ရလိမ့်မည် မထင်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၅-၂၀၁၁

11 November 2010

Consecration of Shwe Dagon Pagoda

Consecration of Shwe Dagon Pagoda

at Lumbini Natural Park, Brastagi - North Sumatera

30 - 31 October 2010


Consecration of Shwe Dagon Pagoda was held for two days at Lumbini Natural Park, Brastagi - North Sumatera, Indonesia, morning 8:00 am to 10:30, then offering lunch to the monks, and afternoon 1:00 to 5:30 pm.

In the First-day morning section, there was Opening Ceremony, Welcoming of five sangha-rajas - (Myanmar, Thai, Laos, Srilanka, and Indonesia), Candle Lighting Ceremony, Welcome Speech, reading of Congratulatory Messages from different countries, Chanting of Buddha-puja (country by country), Souvenir Hand Over to HE Mr. Surydharma Ali, Minister of Religious Affairs of Indonesia by Mr. Tongariodjo Angkasa, SE, MBA, MM (Chairman of Central Organizing Committee) and Accepting Award from Indonesia's Museum of Record by Mr. Tongariodjo Angkasa.

In the First-day afternoon section, there was Group-photo Documentation Session, Keynote Speech by Sitagu Sayadaw, reading of Congratulatory Messages from different countries, Chanting of Buddha-puja (country by country), paper reading session - 'The Anscentrial Stupas of Shwe Dagon' by U Win Mg (Tampavati, Mandalay), 'The Significance of Stupas in Buddhism' by Dr. Dhammapiya (Professor of International Theravada Buddhist Missionary University).

In the Second-day morning section, reading of Congratulatory Messages from different countries, Chanting of Buddha-puja (country by country), and paper reading session - 'Buddhism in South East Asia' by Ven. Anil Sakya Sugandho, 'Borobudur-Paths to Enlightenment' by Dr. Titus Leber, 'Initiative of Theravada Buddhism in Indonesia' by Mahasi Sayadaw of Myanmar, read by U Aung Thein Nyunt, and 'Building a Common Platform to Live Harmoniously in Society where People have different Religion' by Jan Spalek, read by Dr. Nandapala.

In the Second-day afternoon section
, paper reading session - Buddhism and the World Wide Web by Ven. Pannavaro, panel discussion, led by Ven. Anil Sakay Sugando (Summery of the papers), Chairman (Dr. Guna Ratana, USA), and Co-charimen (Ven. Sugandho, Dr. Satyapala) and panel members (Ven. Pannavaro, U Sai Aung Tun, U Aung Thein Nyunt, Dr. Dhammapiya, U Win Maung, and Dr. Titus Leber, then Concluding Remarks by Dr. Satyapala (President of India Sangha Council), Vote of Thanks by HE Drs. Budi Setiawan, MSc (Director General of Buddhist Community Guidance) and Closing Speech by Sitagu Sayadaw followed by reciting of three verses of Bhavatu Sabba Mangalam.

In conclusion, this great gathering of 1500 monks, Theravada and Mahayana from different countries, was marked as historic event in Indonesia and given thanks to all the members of the Central Organizing Committee, members of Taman Alam Lumbini and Members of Metta Center, who had made the participants felt comfortable.

May the Buddha Dhamma prevail in its pristine purity in the world.

မစ္စတာ တွန်ဂါရီယိုဂျို အန်ကာဆာ-မိသားစု၏ ရက်ရက်ရောရော သာသနာတော်အား ချီးမြှောက်ထောက်ပံ့မှုကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ မီဒန်ပြည်နယ်ရှိ၊ ဘရာစတာဂီမြို့မြို့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား (ရွှေတိဂုံစေတီပွါး) နိုင်ငံပေါင်း ၂၅-နိုင်ငံမှ ထေရ၀ါဒ၊ မဟာယာန၊ ၀ဇိရာယာနစသည့် သံဃာတော်ပေါင်း ၁၅၀၀-တို့ဖြင့် ခမ်းနားထည်ဝါစွာ ဗုဒ္ဓါဘိသေကပူဇာ အနေကဇာတင်ပွဲတော်ကြီးကို ခြိမ့်ခြိမ့်သဲ ပူဇော်ခဲ့ကြသည်။

ထိုပူဇော်ပွဲကြီး၌ သံဃာတော်အရှင်မြတ် အသီးသီးတို့က နိုင်ငံအလိုက် ဗုဒ္ဓပူဇာ-အနေကဇာတင်ခြင်း မင်္ဂလာကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံအသီးသီးမှ အင်ဒိုနီးရှားနိုင်ငံသို့ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်များ၏ စုဝေးရာ မဟာသံဃာသန္နိပါတ-အခါဝယ် ပညာရှင်အသီးသီးတို့၏ သမိုင်းတွင်ရစ်မည့် စာတမ်းဖတ်ပွဲကိုလည်း အံ့သြဘနန်း ထူးဆန်းစွာ ဆင်ယင် ကျင်းပခဲ့ကြသည်။ (၂၀၁၀-ခုနှစ်၊ အောက်တိုဘာလ ၃၀-နှင့် ၃၁-ရက်နေ့)

ဤဆိုက်မှ ကူးယူ ဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၁-၂၀၁၀

11 October 2010

အံ့ဖွယ် ထူးခြား အင်ဒိုနီးရှား


ရွှေနှလုံးသားပိုင်ရှင်၏
ရွှေမြေပေါ်မှ ရွှေတိဂုံစေတီပွါး အခမ်းအနား


ဆုမတြာကျွန်းကို သုမိတြကျွန်းဟု ပါဠိ၊ သက္ကဋစကားဖြင့် ခေါ်ဝေါ်ခဲ့ဘူးသည်။ အိန္ဒိယတောင်ပိုင်း ပလ္လ၀အရပ်မှ သုမိတ္တ (သုမိတြ) အမည်ရှိ ကုန်သည်ကြီး ခေါင်းဆောင်၍ အိန္ဒိယသားတို့ အခြေချခဲ့ကြသည်။ ခန့်မှန်း B.C. 4 ရာစုဟု ယူဆရသောခေတ်က ဟိန္ဒူဘာသာဝင် အိန္ဒိယလူမျိုးတို့ (ဟိန္ဒူတို့) နေခဲ့ကြသည်။ A.D. 4 ရာစုခန့်လောက်တွင် တရုတ်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဖာဟီယန် (Faxian)တို့ ရောက်ခဲ့ကြသည်။
ဤသို့လျှင် အိန္ဒိယတလှည့် တရုတ်တလှည့် ဘာသာရေးခေါင်းဆောင်များနှင့် ကုန်သည်များ ရောက်ရှိခဲ့ကြရာ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာတို့လည်း ရောက်ရှိခဲ့ကြ သည်ဟု ဆိုရမည်ဖြစ်သည်။
[မှတ်ချက်။ ။ထိုနေရာကို အင်ဒိုချိုင်းနားဟုခေါ်စမှတ်ရှိသည်။]


ရာမာယဏဇာတ်တော်တွင်လာရှိသည့် အမည်များကိုသုံး၍ မဟာဝိဇယအမည်ရှိသည့် မင်းဆွေမင်းမျိုးများလည်း ရောက်ရှိခဲ့ကြသည်။ သူတို့တည်ထောင်သောမြို့သည် ၀ိဇယပုရ-ဖြစ်သည်။ မဟာဝိဇယဟူသော အောင်တော်မူမင်းများ၊ သေလိန္ဒရ-ဟူသော ကျောက်နိုင် မင်းများက မုဆိုး၊ တံငါအလုပ်ဖြင့် အသက်မွေးကြကုန်သော barbarian တို့ကို တိုက်ခိုက်နှိမ်နင်း အောင်မြင်ခြင်းကို အထိမ်းအမှတ်ပြု၍ မြို့ပြပြည်ရွာ တည်ထောင်ကြရာ သူတို့၏အောင်မြို့ကို ဇယကရ-ဟုခေါ်ခဲ့ကြသည်။ ယနေ့တော့ ဂျကာတာ-ဟု ခေါ်ကြသည်။

အိန္ဒိယပြည်မှ လာကြကုန်သော မင်းဆွေမင်းမျိုးများ၊ အိန္ဒိယပင်လယ် တရုတ်ပင်လယ်တွင် သွားလာကြသော သင်္ဘောကုန်သည်များက ရိက္ခာအဖြစ် ဂျုံမျိုးစေ့တို့ကို သယ်ဆောင်လာခဲ့ကြပြီး စိုက်ပျိုးကြရာ ဂျုံများအလွန့်အလွန် အောင်မြင်ဖြစ်ထွန်းသဖြင့် ထိုကျွန်းကို ဂျာဗားကျွန်းဟုခေါ်ဆိုကြလေသည်။
မှတ်ချက်။ ။ ဂျာဗားဟူသည် ယ၀-ဟူသော ပါဠိပုဒ်မှ ဆင်းသက်လာသည်။ ယ၀-ပါဠိပုဒ်သည် ဂျုံမုယော-ဟု အဓိပ္ပါယ်ရသည်။ ဣန္ဒနိဿယ (အိန္ဒနိသျ-အိန္ဒိယလူမျိုးတို့နေရာဒေသ၊ (သို့) သိကြားမင်း၏ နေရာဒေသ) မှ အင်ဒိုနီးရှား [အိန္ဒနိသျ (ရှ)] ဟု ဖြစ်လာရသည်။


တောင်အာရှနှင့် အရှေ့တောင်အာရှတစ်ခွင်လုံးသို့ အာဏာစက်ဖြန့်ကြက်ခဲ့သော အသောကခေတ်တွင် အရှေ့တောင်အာရှနယ်မြေ (မြန်မာအရှေ့တောင်ပိုင်း၊ ထိုင်းအနောက်တောင်ပိုင်း၊ မလေးကျွန်းစု၊ ဆုမတြာကျွန်းစု) တစ်ခုလုံးကို သုဝဏ္ဏဘူမိ-ဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ဤရွှေမြေ၌ အသောက၏ ဓမ္မဒူတအဖွဲ့များ ရောက်ခဲ့ဖူးသည်။
A.D. 8 ရာစုခန့်တွင် သေလိန္ဒရမင်းတို့ တည်ဆောက်ခဲ့သော ၀ရဗုဒ္ဓစေတီတော်ကြီး (သို့) ၀ိဟာရဗုဒ္ဓစေတီတော်ကြီး ဗောရောဗုဓော (Borobudur) က ဗုဒ္ဓသာသနာ ထွန်းကားခဲ့ရာ သုဝဏ္ဏဘူမိ ရွှေမြေ၏ အမှတ်လက္ခဏာ (Landmark of Golden Land) ပင်ဖြစ်သည်။

ယခုအခါ ဤရွှေမြေပေါ်၌ ရွှေတိဂုံစေတီပွါး ပေ-၁၇၀-ခန့်မြင့်သည့် ရွှေတိဂုံစေတီတော်ကို ရွှေနှလုံးသားပိုင်ရှင် သူဌေးတစ်ဦးက ရက်ရက်ရောရော စွန့်လွှတ်၍ တည်ဆောက်ခဲ့ပြီးဖြစ်သည်။ ထိုရွှေမြေပေါ်က မြတ်ဘုရားရွှေတိဂုံ၏ စေတီပွါးကို သံဃာတော်ပေါင်း ၁၅၀၀-ခန့်တို့ဖြင့် ဗုဒ္ဓါဘိသေကဗုဒ္ဓ-ဟူသော အနေကဇာတင်၍ ပူဇော်တော်မူကြမည်ဖြစ်သည်။
သုဝဏ္ဏစေတီတော်၏ စေတိယပူဇာပွဲကျင်းပရာ သုဝဏ္ဏဘူမိသို့ မြန်မာနိုင်ငံမှ သံဃာတော်-၆၀၀၊ ထိုင်းနိုင်ငံမှ သံဃာတော်-၄၀၀၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော်-၄၀၊ ကဗ္ဘောဒီးယားနိုင်ငံမှ သံဃာတော်-၂၀၊ လာအိုနိုင်ငံမှ သံဃာတော်-၁၀၊ နီပေါ-အိန္ဒိယ-တိဗက်-တရုတ်-ကိုရီးယား-ဂျပန်-မက္ကစီကို-အမေရိက-ပြင်သစ်-အင်္ဂလန်-ဂျမေကာ-ဒိန်းမတ်-ယုဂန္ဓာနိုင်ငံတို့မှ သံဃာတော်များနှင့်ပေါင်းလျှင် သံဃာတော်ပေါင်း ၁၅၀၀-တို့၏ မဟာသံဃသန္နိပါတ၊ မဟာစေတိယပူဇာပွဲကြီးကို ဆင်နွှဲကြမည်ဖြစ်သည်။

အစီအစဉ်

၁။ ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇာ စေတိယပူဇာပွဲ
၁၃၇၂-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၇)ရက် (30th Oct. 2010)

၂။ မဟာသံဃသန္နိပါတ အစည်းအဝေး၊ တရားဆွေးနွေးခြင်း၊
၁၃၇၂-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၈)ရက် (31st Oct. 2010)

၃။ သာဂရ ရေသောက်မြစ် သိမ်သမုတ်ခြင်း
၁၃၇၂-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၉)ရက် (1st Nov. 2010)

ဘာသယေ ဇောတယေ ဓမ္မံ၊ ပဂ္ဂဏှေ ဣသိနံ ဓဇံ။
သုဘာသိတဒ္ဓဇာ ဣသယော၊ ဓမ္မော ဟိ ဣသိနံ ဓဇော။

ဓမ္မံ-လောကုတ္တရာတရား မြတ်ကိုးပါးကို (၀ါ) သစ္စာလေးပါး မြတ်တရားကို၊ ဘာသယေ-ဟောပြောပြသပို့ချရာ၏၊ ဇောတယေ-ပြောင်ပြောင်ဝင်းဝင်း ထိန်လင်းရာ၏၊ ဣသိနံ-ရသေ့ရဟန်းတို့၏၊ ဓဇံ-တရားတည်းဟူသော အောင်လံကို၊ ပဂ္ဂဏှေ-စိုက်ထောင်မြင့်မြင့် စွင့်စွင့်လူလူ လွှင့်ထူရာ၏၊ ဣသယော-ရသေ့ရဟန်းတို့သည်၊ သုဘာသိတဒ္ဓဇာ-ကောင်းစွာစိုက်ထောင်အပ်ပြီးသော တရားအောင်လံရှိတော်မူကြကုန်၏၊ ဟိ-မှန်၏၊ ဓမ္မော-တရားတော်သည်၊ ဣသိနံ-ရသေ့ရဟန်းတို့၏၊ ဓဇော-အောင်လံတစ်ဆူ ဖြစ်ပါပေ၏။

Preach, glorify the Truth, and
Lift the Sage's flag on high,
Emblem of saints is goodly speech,
Truth is the flag they fly.

သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေသတည်း။
May the Sublime Dhamma prevail in its pristine purity in every corner of the world.

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
May all beings be well, happy and peaceful as a full-moon.

သီတဂူဆရာတော်ကြီး၏ သြ၀ါဒမှ ဖော်ပြသည်။

သီတဂူစတား
၁၁-၁၀-၂၀၁၀

28 April 2010

သီတဂူ ညောင်ရေသွန်း


ဗိမာန်တော်ကြီးဖွင့်စဉ်က အမှတ်တရ စိုက်ပျိုးပူဇော်ထားသော ဗောဓိပင်


ဒေါက်တာအရှင်အဂ္ဂဓမ္မ နှင့် ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ တရားချီးမြင့်



သီတဂူ ညောင်ရေသွန်း
ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖြစ်ရပ်များနှင့် စပ်လျင်းပြီး လမြတ်ကဆုန်ဟူ၍ အသိအမှတ်ပြုကာ မြန်မာနိုင်ငံတ၀ှမ်းလုံးသာမက ကမ္ဘာတ၀ှမ်းက ဗုဒ္ဓဘာသာဝင်များ အားလုံးက နှစ်စဉ် ဤလ ဤနေ့ ဤအချိန်ရောက်တိုင်း နေရာအနှံ့အပြားမှာ ပုံစံမျိုးစုံနှင့် မြတ်ဗုဒ္ဓအား ပူဇော်ကြသည်။



အလားတူ အောက်မြန်မာပြည်ရှိ သီတဂူမိသားစုတွေများကလည်း ရန်ကုန်မြို့ရှိ သီတဂူ အပြည်ပြည်ဆိုင်ရာသာသနာပြု ဗိမာန်တော်ကြီးသို့ စုဝေးကာ ပေါင်းစု၍ ကောင်းမှုပြုကြသည်။

သီတဂူဗိမာန်တော်ကြီး ရှေ့တွင်


ဗိမာန်အတွင်း ဘုရားခန်း

ဓာတ်ပုံများ ပေးပို့ ကျောင်းအမ မပန်းစပယ် (လှဆန်းယဉ်)အား ကျေးဇူးတင်ပါသည်။

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူစတား
၂၈-၄-၂၀၁၀


31 March 2010

ဆုံးရှုံးမှုကြီးတစ်ရပ်


၂၀၀၉ မတ်လက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးတွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များ ညီလာခံတွင် ကြွရောက် ချီးမြင့်ခဲ့စဉ်

ဆုံးရှုံးမှုကြီးတစ်ရပ်
မတ်လ ၂၉ ရက်နေ့က သာသနာနှင့် မြန်မာနိုင်ငံအတွက် ၀မ်းနဲစရာနှင့် ဆုံးရှုံးမှု သတင်းတစ်ရပ် ကြားသိရပါသည်၊ မကွေးမှ ညီမတစ်ယောက်က သတင်းပို့ပါသည်။
နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဋ္ဌဖြစ်တော်မူသော မကွေးဆရာတော် ဘဒ္ဒန္တကုမာရ သည် မတ်လ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် က လွန်တော်မူသွားပါကြောင်း။ ဆရာတော်ကြီးသည် လာဘ်လာဘ မငဲ၊့ ရာထူးဂုဏ်တွေကို အလေးမထား၊ သာသနာအတွက်သာ ငဲ့ကွက် နိုင်ငံတော်အတွက် အလေးထားတော်မူသောကြောင့် သံဃာထုနှင့် ပြည်သူလူထုရဲ့ အလေးထားခြင်း မေတ္တာထားခြင်းကို အပြည့်အ၀ ရရှိတော်မူသွားသည်။ ယခုအခါ သာသနာနှင့်ပြည်သူအတွက် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ရပါသည်။

မကွေးဆရာတော်ဘုရားကြီး၏ အန္တိမဈာပန

နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မကွေးတိုင်း မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်ကြီး၊ သက်တော်(၈၈)နှစ်၊ သိက္ခာတော်(၆၈)၀ါရှိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒ န္တ ကုမာရ ဆရာတော်ကြီး၏ ရုပ်ကလပ်ကို(၃၀-၃-၂၀၁၀)နေ့ မနက် ၁၁နာရီ ၅၀မိနစ်က ရန်ကုန်မြို့မှ ရဟတ်ယာဉ်ဖြင့် မကွေးမြို့သို့ သယ်ယူဆောင်သွားကြောင်း။
ဆရာတော့်ကြီးရဲ့ အန္တိမဈာပန ပူဇော်ပွဲကို (၁၃၇၁ ခု၊တန်ခူးလကွယ်နေ့၊ ၁၂-၄-၂၀၁၀) နေ့တွင် ကျင်းပပြုလုပ်ပါမည်။ (၄-၄-၂၀၁၀) မှစ၍ ညစဉ်ညတိုင်း တရားပွဲများကို ပူဇော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိခဲ့ပါသည်။
အနယ်နယ် အရပ်ရပ်မှ တပည့်သံဃာတော်များ၊ ဒါယကာ၊ ဒါယိကာမများနှင့် အလှူရှင်များအနေဖြင့် အသေးစိတ် သိရှိ လှူဒါန်းဆက်သွယ်လိုပါလျှင် မကွေးမြို့၊ မဟာဝိသုတာရာမတိုက်သစ်၊ ဖုန်းနံပါတ်( ၀၆၃-၂၃၇၅၅ နှင့် ၀၆၃-၂၆၈၈၁ )သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြပါကြောင်း ဆရာတော်ဦးသာသန ထံမှ သတင်းအတည်ပြုရရှိခဲ့ပါသည်။

မှတ်ချက်။ ။မကွေးဆရာတော်ကြီး၏ သံဃာ့အစည်းအဝေးတွေမှာ မိန့်ကြားချက်များကို သီတဂူစတားဆိုက်မှာ ၂၀၀၉ နှစ်ပိုင်းက တင်ပြီးဖြစ်ပါသည်။ ပြန်လည် ကြည်ညိုနိုင်ပါကြောင်း။

သီတဂူစတား
၃၁-၃-၂၀၁၀



ဝမ်းနဲကြောင်းမှတ်တမ်းများ
ကောင်းမွန်: အာဇာနည် သူရဲကောင်းတစ်ယောက် တာဝန်ကျေစွာနဲ့ လောကထဲက ထွက်ခွာသွားပြန်ပြီ မောင်ကောရေ.

မင်းလှသားလေး: မကွေးဆရာတော်ဘုရားကြီး ဘ၀နတ်ထံပျံလွန်တော်မူသည့်အတွက် ၀မ်းနည်းမိပါကြောင်း။

flowerpoem: သာသနာ့အာဇာနည်တစ်ပါး ဆုံးရှုံးမှုအတွက် ၀မ်းနည်းမိပါတယ် ဘုရား။

အိမွန်: သာသနာတော် နှင့် မကွေးမြို့ကြှီး အတွက် ပြန်လည် အစားမထိုးနိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်ပါဘဲ။

aytoo, မြန်မာ့နိုင်ငံသာသနာ၏ အဓိက အမိအဘ သာသနာအတွက် ညှိုးနွမ်းစွာဝမ်းနည်းရပါသည်ဘုရား၊ အစားမထိုးနိုင်တဲ့ နေမင်းတမျှကြီးမားသော ဆုံးရှုံးခြင်းခံစားရပါသည်ဘုရား

ရိုသေမြတ်နိုးစွာရှိခိုးပူဇော်လိုက်ပါသည်ဘုရား။

ဇေယျာ - မကွေး။

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes