သီတဂူစတား

သီတဂူစတား

29 May 2012

မမေ့သင့်ရာ

နှစ်လည်အထိမ်းအမှတ် အလှူ
စာမိတ်ဆက်

ဒီနေ့သည် ၂၀-၅-၂၀၁၂ တနင်္ဂနွေနေ့ ဖြစ်သည်။ လာလှူနေကျ မိသားစုအတွက် ပို့စ် မရေးဖြစ်တာ ကြာပြီ၊ လာလှူကြတဲ့ မိသားစုရဲ့ စေတနာ မေတ္တာ အလှူတွေကလဲ ပြောလို့ မကုန်နိုင်အောင်ပါပဲ။ ဘာလုပ်လုပ် ဘုန်းကြီးရဟန်းတွေ အတွက်ပဲ စဉ်းစားတတ်တဲ့ မိသားစုဖြစ်ပါသည်။ ဘယ်သွားသွား ပြန်လာရင် ဘုန်းကြီး ရဟန်းတွေအတွက် လှူဖို့ တနင့်တပိုးကြီး သယ်လာတတ်သည်။ ကောင်းမှုကုသိုလ်ကိုလဲ အကြောင်း အမျိုးမျိုးရှာပြီး ပြုလေ့ရှိသည်။ ဒါဟာလဲ သဒ္ဓါတရားရှိသူတွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲလို့ ပြောရမှာ ဖြစ်သည်။ စာရေးသူတို့ ဘုံဘေမြို့ စောမယကောလိပ် သုတေသနဌာနတွင် Ph.D အတွက် သုတေသန စာတမ်းရေးနေကြတဲ့ မြန်မာရဟန်းတော် ၂၀ ၀န်းကျင်တို့အား တစ်ပတ်ခြား ဆွမ်းဟင်းများ၊ စားစရာများ၊ ဆန်များ စသည်တို့ကို လာရောက် လှူလေ့ရှိသည်။ ယခုအခါလဲ အကြိမ်အရေတွက်လဲ မမှတ်မိတော့ပြီ၊ တနှစ်လဲပြည့်သွားပြီ၊ တစ်လ ၂ ကြိမ် လာရောက်လှူလေ့ရှိသည့် မိသားစုအတွက် ဂုဏ်ပြုပို့စ်အဖြစ် ရေးချင်စိတ်ပေါက်လာတာနဲ့ ရေးလိုက်ရပါသည်။ မိသားစုထဲက တစ်ယောက်ယောက်၏ မွေးနေ့အတွက် လာလှူလိုက်၊ သူငယ်ချင်းမွေးနွေ့အတွက် လာလှူလိုက်နဲ့ အကြိမ်လဲ မရေမတွက်နိုင်အောင်ပါပဲ။ ကနေ့တော့ လွန်ခဲ့တဲ့ ၂၄ နှစ်က ကွယ်လွန်သွားတဲ့ အဖေဖြစ်သူ ဒကာကြီး ဦးတင်လှအတွက် အထူးအလှူဖြစ်ပါသည်။ ထိုမိသားစုအတွက် အလှူဒါနသည် သံသရာ အတွက် လမ်းဖြောင့်စေသည့် ဓမ္မဒါနပို့စ်ဖြင့် ဂုဏ်ပြုလိုက်ရပါသည်။
(ဒေါက်တာ အရှင်သိရိန္ဒ (အလည် သင်္ကန်းအ၀ါ) နှုတ်ဆက်ပွဲလို့လဲ ဆိုရမည်)
သေရမည်ကို အမှတ်ရစေ
စာရေးသူ၏ ဘလော့ဂ်တွင် ဘလော့ဂါတစ်ယောက်၏မွေးနေ့မှာ တစ်သက်တာအမှတ်ရစေမည့် အရာများကို ရေးခဲ့ဖူးသည်။ ထိုထဲတွင် သတ္တ၀ါအားလုံးသေရမည်ဆိုတာ အမှတ်တရဖြစ်စေရမည် ဆိုတာလဲပဲ ဖြစ်သည်။ ထိုပို့စ်ထဲတွင် လူတွေက ကိုယ့်ရဲ့ မွေးနေ့ကို ပုံစံအမျိုးမျိုးနဲ့ ပုံဖော်ပြီး မွေးနေ့ကို အမှတ်တရဖြစ်စေကြသည် ဆိုတဲ့အကြောင်း ရေးခဲ့ဖူးသည်။ သို့သော်လည်း သေရမည့်အရေးကိုတော့ အမှတ်တရဖြစ်စေမည့် ပုံရိပ်ကိုတော့ ပုံဖော်၍ လုပ်လေ့ရှိသူ အနဲအကျဉ်းတော့ရှိကြမည်။ “လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”

သတ္တ၀ါတွေသည် နှစ်တစ်ရာအတွင်း သေရမည်ဆိုတာကို လွန်ခဲ့သော ၂၄နှစ်က ဆုံးသွားသော ဒကာဦးလှထွန်းက ပြောပြသွားသည်။ ဒီကနေ့ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေး သမီး မယဉ်သူဇာကျော်တို့က သေရမည်ဆိုတာကို မမေ့ကြ၊ ထိုသို့မမေ့အောင်လဲ စောမယကောလိပ်ရှိ ဒေါက်တာအလောင်းအလျာတို့အား ဆွမ်းအစရှိသော လှူဖွယ်တို့ဖြင့်ဆက်ကပ်ခြင်း သီလယူခြင်း ပရိတ်တရားများနာယူခြင်း ၃၁ ဘုံသားတို့အား ကောင်းမှုအစုစုတို့ကို ဝေငှခြင်းစတဲ့ ကောင်းမှုတို့ဖြင့် ဖခင်ဖြစ်သူရဲ့ ၂၄ နှစ်မြောက် သေနေ့ကို အမှတ်တရဖြစ်စေသည်။ ဒါကိုပဲ မရဏဿတိ ဘာဝနာကို ပွားများပြီးဖြစ်သည်။ ထိုမရဏဿတိ- သေခြင်းသဘောတရားကို အမှတ်ရခြင်းသည် သေခြင်းကို ရင်ဆိုင်ရာဝယ် လက်နက်ကောင်း တစ်ခု ဖြစ်သည်။ ရှောင်လွဲလို့ မရတဲ့ လမ်းကျဉ်းလေးမှာ လက်နက်မပါ သော ယောက်ျားတစ်ယောက် အဆိပ်ပြင်းမြွေနဲ့ ရင်ဆိုင်ရသလို ချွေစီးချွေပေါက်များကျလျက် ကြောက်ဒူးတုန်နေသလို မရဏဿတိတည်းဟုသော ဘာဝနာလက်နက်မပါလာပါက သေမင်းနဲ့ ရင်ဆိုင်ရသော် အကြောက်တရားကြောင့် ယောင်ယောင်ကမ်းကမ်း ဖြစ်တတ်သည်။ ထိုဘာဝနာ လက်နက်ပါသူမှာကား သေခြင်းသဘောတရားကို အကြောက်တရားကင်းစွာ ကောင်းကောင်း ရင်ဆိုင်နိုင်သည်။ ဒီကနေ့ အလှူရှင်များက ထိုသေခြင်းတရားကို အလှူဒါနပြုခြင်း သီလဆောက်တည်ခြင်း စသော ကောင်းမှုများဖြင့် ပုံဖော်အမှတ်ရစေသည်မှာ အကြောက်တရားကင်းစွာ သေခြင်းကို ရင်ဆိုင်နိုင်တဲ့ လက်နက်ကောင်းတစ်ခု ရယူလိုက်ခြင်းဖြစ်သည်။

လမ်းဖြောင့်စေသော ဒါန
ဘ၀သံသရာ ကျင်လည်ကြရာဝယ် ပေးကမ်းခြင်း (ဒါန)သည် ဘယ်အတိုင်းအတာအထိ အရေးပါသနည်းဆိုတာ စဉ်းစားဖို့လိုအပ်သည်။ တကယ်တော့ စာရေးသူ၏ဆိုက်ထဲမှာ တော်တော်များများ ရေးခဲ့ပြီးပြီဖြစ်သည်။ သံသရာကို ရှည်စေတဲ့ ဒါန သံသရာကိုပျက်စေတဲ့ သို့မဟုတ် တိုစေတဲ့ ဒါန အကြောင်းကို ၀ဋ္ဋနိဿိတကုသိုလ် ၀ိဝဋ္ဋနိဿိတ ကုသိုလ်ဖြင့် ရေးထားပြီး ဖြစ်သည်။

ပေးကမ်းခြင်းက လမ်းဖြောင့်စေတယ်ဆိုတာလဲ အမှန်ဖြစ်သည် (ဒါနံ ဥဇုဂတံ မဂ္ဂံ)။ သတ္တ၀ါတွေဆိုတာ ပေးကမ်းရင် ကြိုက်ကြသည်၊ ချစ်ကြသည်။ နေရာ အတော်များများမှာ ပေးကမ်းပြီး သွားရင် ကိုယ်သွားချင်တဲ့ လမ်းကြောင်း ဖြောင့်နေတတ်သည်။ အတားအဆီး အပိတ်အပင်နေရာတွေမှာလဲ ပေးကမ်းလိုက်ရင် လမ်းကြောင်းက ပွင့်သွားသည်။ လူမှုရေး စီးပွားရေး နိုင်ငံရေးတွေမှာ ထိုနည်းသည် အကောင်းဆုံးဖြစ်သည်။
စာရေးသူတို့အဆောင်မှာကား လုံခြုံရေးတင်းကျပ်သည်၊ သူစိမ်းဧည့်သည် ၀င်ထွက်လို့ မလွယ်ကူ၊ အဆောင်သည် ၇ ထပ်အဆောင်ဖြစ်သည်၊ အောက်ဆုံး မြေညီထပ်မှာကား Mess ထမင်းစားဆောင်နှင့် ရုံးခန်းရှိသည်၊ ပထမထပ်နှင့်ဒုတိယထပ်မှာကား အမျိုးသမီးကျောင်းသူလေးများသာ ဖြစ်သည်၊ ကျန်အပေါ်ထပ်များသည် အမျိုးသားကျောင်းသားအတွက်ဖြစ်သည်၊ ထိုအဆောင်တစ်ခုတည်းမှာပင် ကျောင်းသား ၃၀၀ နီးပါးရှိမည်။ အသား ငါး မချက်ရ၊ ကွမ်းမစားရ၊ အရက်သေရည် မသောက်ရ၊ ဆေးလိပ်မသောက်ရဆိုတဲ့ စည်းကမ်းကလဲ အလွန်တင်းကြပ်သည်။ စာရေးသူတို့အဖွဲ့မှာ တစ်ရက်ခြား အသားဟင်းများ ချက်စားလေ့ရှိသည်၊ တခါက အမှတ်တမဲ့နဲ့ ငါးအရိုးတွေ အများသုံး အမှိုက်ပုံထဲ ထည့်မိရာက ပြဿနာ အကြီးအကျယ်ဖြစ်ဖူးသည်။ ဒါရိုက်တာတွေထိ ရောက်သွားသည်။ သို့သော်လည်း အထက်က နိုင်ငံခြားသားဖြစ်နေ၍ သိပ်ပြီး မတင်းကြပ်ပဲ ခက်လျှော့လျှော့တော့ ပြောသည်၊ အိန္ဒိယ ကျောင်းသားများကို တင်းကြပ်စွာ သက်မှတ်ထားသည်၊ တခါတရံ အခန်းတွေ ၀င်စစ်တတ်သလို အဆောင်အ၀င်မှာ အိပ်တွေ ဖွင့်ပြခိုင်းတတ်သည်။ ထိုအခက်ခဲတွေ အဆင်ပြေအောင် လုံခြုံရေးနှင့် သန့်ရှင်းရေးသမားကို စားစရာလေးတွေ ပေးကမ်းရသည်။ ဒါလဲ လမ်းဖြောင့်စေသည်။ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေးတို့မိသားစုက တစ်ပတ်ခြား အဆောင်ကို လာလေ့ရှိသည်၊ လာရင် အသားဟင်း ၃ ခွက်လောက် အပါး ၂၀ စာ ပါလာသည်။ လမ်းဖြောင့်အောင် အဆောင် လုံခြုံရေးကို မုံ့ထုတ်လေးတွေ ပေးတော့ လမ်းကို ဖြောင့်လို့နေတာပဲ။ ဒါလဲ ပေးသူ၏ စေတနာနဲ့ တာဝန်ရှိသူတို့ စေတနာ အပြန်အလှန် နားလည်ပေးလိုက်ခြင်းပဲ ဖြစ်သည်။

အဆောင်၏အပေါက်မှာသာ လုံခြုံရေး ရှိသည်မဟုတ်သေး ကောလိပ်တစ်ခုလုံးရဲ့ ၀င်ပေါက်ထွက်ပေါက်တွေမှာ လုံခြုံရေးတွေရှိသည်၊ ကျောင်းသားမဟုတ်ရင် ကောလိပ်ထဲ ၀င်ခွင့်မရှိ၊ အိန္ဒိယကျောင်းသားတွေဆို စစ်ဆေးလေ့ရှိသည်၊ ကျောင်းသားကဒ် အမြဲဆောင်ထားရသည်။ သို့သော် စာရေးသူတို့မှာက အဲဒီအခွင့်ရေးရပြန်သည်၊ ကားပေါ်ကနေ ခေါင်းလေးထုတ်ပြပြီး လက်ပြလိုက်ရင် လုံခြုံရေးက ဘယ်အချိန်မဆို တံခါးဖွင့်ပေးသည်။ ဤကား စာရေးသူတို့အဖွဲ့ရဲ့ တခါတရံ ငှက်ပျောသီးများ ၀ယ်ပြီး ပေးကမ်းတတ်တဲ့ အစွမ်းကြောင့်ပင်ဖြစ်သည်။ ပေးသူ လက်ခံသူတို့၏ အပြန်အလှန် စေတနာတွေကြောင့် လမ်းဖြောင့်သည်။ ထိုနည်းတူစွာ နေရာတိုင်းမှာလဲ ပေးကမ်းရင် လမ်းဖြောင့်နေတာတော့ အမှန်ပင်ဖြစ်သည်။

သံသရာတကွေ့မှာလဲ ထို့အတူပဲ ပေးကမ်းသူတွေအတွက် သံသရာမှာ ဘာအနှောက်အယှက်မရှိဘဲ ကိုယ်လိုချင်တဲ့ ပန်းတိုင်သို့ ဖြောင့်မတ်စွာ ရောက်နိုင်သည်။ ဒါနံ သဂ္ဂဿ သောပါနိံ- ပေးကမ်းခြင်းသည် ကောင်းမြတ်တဲ့ဘုံဘ၀အတွက် အဆင်သင့်တက်နိုင်ဖို့ရန် လှေခါးပဲ ဖြစ်သည်။ ပေးကမ်းမှုမရှိသည့်အတွက် မပြည့်စုံ မလုံလောက်တဲ့ ဘ၀ကိုရရှိ၊ အူမတောင့်မှ သီလစောင့်ဆိုတာလို မပြည့်စုံ မလုံလောက်နေသူအတွက် သီလမစောင့်နိုင်၊ စားဝတ်နေရေးအတွက် တိုက်ရသည်၊ ခိုးရသည်၊ လိမ်ညာရသည်၊ အသိဥာဏ်မဲ့တဲ့ ဘ၀ကိုရောက်ပြီး မကောင်းတာမှန်သမျှ အကုန်လုပ်ဖြစ်တော့သည်။ ထိုဘ၀မှာကား သူ့အတွက် လမ်းက မဖြောင့်၊ ကြမ်းတမ်း၏။ နောက်ဘ၀ရောက်သော် ကောင်းသော ဂတိရောက်ဖို့ဆိုတာ မလွယ်ကူ၊ အပါယ် ၄ ဘုံရောက်သော ပုဂ္ဂိုလ်တစ်ယောက် အပေါ် ပြန်တတ်နိုင်ဖို့ဆိုတာ အလွန်ခက်ခဲပြန်သည်။ ထိုသူအတွက် ဘ၀သံသရာ လွတ်မြောက်ရေးအတွက် မဂ်ဖိုလ်ဆိုတာ ဝေး၍ ပန်းတိုင်မှ လုံးဝသွေဖယ်ရတော့သည်။ ပေးကမ်းခြင်းမရှိသည်အတွက် ဘ၀ကား ဤမျှ အဟန့်အတားများကြုံရတတ်သည်။ ပန်းတိုင်ရောက်ဖို့ရန် လမ်းက အလွန်ဝေးသည့်အပြင် ကောက်ကွေ့လှ၏။ ထို့ကြောင့် ပေးကမ်းခြင်း ဒါနသည် ဤဘ၀ထိုဘ၀နှင့် ဘ၀ပန်းတိုင်တို့အတွက် လမ်းဖြောင့်စေသည်ကား သေချာသွားတော့သည်။

ဒီကနေ့ ကောင်းမှုလာပြုကြတဲ့ ဒကာ ဦးကျော်ဆွေ+ဒကာမ ဒေါ်သန်းသန်းဌေးတို့ မိသားစုက မိမိတို့၏ ဖခင်အတွက်ရော မိမိတို့အတွက်ပါ ဘ၀သံသရာမှာ ဘာအဟန့်အတားမှ မရှိစေဘဲ ပန်းတိုင်သို့ လမ်ဖြောင့်လမ်းမှန်ဖြင့် ရောက်ဖို့ရန် ကောင်းမှုပါရမီများ ပြုလုပ်ကြခြင်း ဖြစ်သည်။
(သီတဂူစတားနှင့် ဒကာဦးကျော်ဆွေ+ဒကာမဒေါ်သန်းသန်းဌေးတို့ မိသားစု အမှတ်တရ)

တခါက ကောသလ မင်းကြီး၏ သမီးတော်လေး သုမန ဘုရားထံရောက်လာသည်။ မေးခွန်းတစ်ခု လာမေးဖို့ ရောက်လာခြင်းဖြစ်သည်၊ ဘုရားရှင်သာ ဖြေဆိုနိုင်မည့် မေးခွန်းဖြစ်နေသည်။ မွေးကင်းစ သူမ၏ မောင်လေး မွေးနေ့ တစ်နေ့မှာ စိန်စီပုခက်ပေါ်အိပ်နေတဲ့ သူ့မမောင်လေးက ဘေးနားမှယှဉ်လျှက်ရှိသော အိမ်က အလုပ်သမားရဲ့ သားပုခက်ထဲက ကလေးကို လှမ်းစကားပြောသတဲ့။ “သူငယ်ချင်း- ကြည့်စမ်း အခုတော့ ကောင်းကြသေးရဲ့လား၊ အရင်တုန်းက လှူပါဟဲ့လို့ တိုက်တွန်းခဲ့တုန်းက မလိုပါဘူးလို့ ပြောခဲ့တယ်၊ အခုတော့ ကြည့်စမ်း၊ ငါ့မှာက စိန်စီပုခက်၊ မင်းမှာက အသားပုခက်” ဟုပြောလိုက်တော့ တစ်ဖတ်က ကလေးကလဲ “ဘာထူးလဲကွာ-- မင်းပုခက်ရော ငါ့ပုခက်ပါ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာ၊ အတူတူပါပဲကွ” ဆိုတော့ သုမန မင်းသမီးလေးက မွေးကင်းစ ကလေးနှစ်ယောက် စကားပြောတာကို ကြားလိုက်ရသည်၊ စကားက သာမန်စကားမျိုး မဟုတ်ဘဲ ဓာတ်သံ ပရမတ်သံတွေနဲ့၊ ဧကန္တ- ဘုန်းကြီးဝင်စားဖြစ်ရမယ်၊ ခမည်းတော် မယ်တော်တို့ကို ပြောပြရင်လဲ ယုံမှာမဟုတ်၊ ဘီလူးလေးတွေပဲဆိုပြီး သုသာန်ထုတ် သတ်မှာ စိုး၊ ဘုရားမှပဲ ကောင်းကောင်းသိလိမ့်မယ်ဟူသော ယုံကြည်ချက်ဖြင့် ဘုရားထံရောက်။

အဲဒီမှာပဲ ဘုရားက ပေးကမ်းခြင်း ဒါနအလေ့ရှိတဲ့ ပုဂ္ဂိုလ်က နတ်ပဲ ဖြစ်ဖြစ် လူပဲ ဖြစ် အသက်ရှည်ခြင်း အဆင်းလှခြင်း၊ ချမ်းသာခြင်း အချွေရံ ပရိသတ်ပေါများခြင်းနှင့် သြဇာအာဏာ ပါဝါ ပိုသာလွန်ခြင်းဆိုတဲ့ အကြောင်းဟောကြားသည်။ ပေးကမ်းတဲ့သူကို လူတိုင်းက ချစ်ကြသည်၊ မြတ်နိုးကြသည်။ ပေးကမ်းတတ်သူဆီမှာ တပည့်ခံချင်ကြသည်၊ အလုပ်လုပ်ချင်ကြသည်၊ မိတ်ဆွေတော်ချင်ကြသည်။ သူ့စကားသည်လည်း အရေးပါ အရာရောက်သည်။ ပေးကမ်းသူ၏စကားကို ယုံကြည်ကြသည်။
ဇေတ၀န်ကျောင်းဒကာ အနာထပိဏ်သူဋ္ဌေးကြီးနှင့် ပုဗ္ဗာရုံကျောင်းအမ ၀ိသာခါတို့သည် သာသနာတော်အတွက် ပေးကမ်းလှူဒါန်းသူများထဲတွင် အများဆုံးဖြစ်မည်။ သံဃာ့မေတ္တာ ရရှိသူများထဲတွင် ထိပ်ဆုံးကပဲဖြစ်မည်။ သာသနာမှာ လူဝတ်ကြောင်များတွင် အရှိန်အ၀ါ သြဇာအရှိဆုံး လူဝတ်ကြောင်များ ဖြစ်နိုင်သည်။ တခါက ကောဏ္ဍဓာန မထေရ်သည် ဆွမ်းခံသွားတိုင်း ၀ဋ်ကြွေးကြောင့် နောက်က မိန်းမတစ်ယောက် လိုက်ပါလေ့ရှိသည်ကို ပတ်ဝန်းကျင်က မြင်သည်၊ သူကားမမြင်။ ရဟန်းတွေက ဒီကျောင်းမှာ သီလမရှိတဲ့ ဒီလို ပုဂ္ဂိုလ် မထားသင့်ဘူးဆိုပြီး ကျောင်းဒကာ အနာထပိဏ်သူဋ္ဌေးကြီးနှင့် ကျောင်းအမ ၀ိသာခါတို့ထံ သွားပြီး သတင်းပို့သည်။ ဤကျောင်းတိုက်မှ နှင်ထုတ်ပေးရန် တိုင်တန်းသည်။ သာသနာအတွက် လိုလေသေးမရှိ ပေးကမ်း လှူဒါန်းသည့် ဒါနအရှိန်သည် သာသနာတော်မှာ သြဇာအာဏာဖြစ်လာသည်။ ဒါနကား ဤမျှမကာ စွမ်းအားကြီးလှပါသည်။

ရဟန်းဖြစ်တော့လဲ ရဟန်းဘ၀မှာ ၀တ်စရာ၊ စားစရာ၊ နေစရာ၊ ကျန်းမာရေးအတွက် ဆေးပစ္စည်းဆိုတဲ့ သာသနာသုံးပစ္စည်း ၄ ရပ် ကို မတောင်းဘဲ မတဘဲ ရနိုင်ပေမဲ့ ဒါနမပါခဲ့သူကတော့ ထိုအတွက် အလှူခံထွက်ရသည်။ ဒါနပါခဲ့သူကတော့ သူငယ်ချင်း မိတ်ဆွေတွေရဲ့ မေတ္တာကို သူများထက် ပိုရရှိသည်။
မြန်မာပြည်သူပြည်သားတွေ သီတဂူဆရာတော်ကြီးကို အဘယ့်ကြောင့် သူများထက် လေးစားကြည်ညိုသနည်း၊ သူများထက် အဘယ့်ကြောင့် ပြည်သူ့ထံမှ ပိုမေတ္တာရရှိသနည်း၊ မေတ္တာ စေတနာဖြင့် ပေးကမ်းခြင်းကြောင့်ကား ၇၅ ရာခိုင်နှုန်းပါမည် ထင်သည်။ ဆရာတော်ကြီးသည် ရသမျှကို အကုန်ပေးသည်။ ဆေးရုံများစွာဆောက်ပြီး ပေးသည်။ ဆေးရုံသုံးပစ္စည်းတွေ ပေးသည်။ တက္ကသိုလ်တွေ ဆောက်၍ပေးသည်။ စာသင်ကျောင်းတွေ ဆောက်ပေးသည်။ ကွန်ပြူတာစသည့် ပညာရေး အထောက်ကူပြု ပစ္စည်းများ ပေးသည်။ သောက်ရေ သုံးရေအတွက် ပေးသည်။ သာသနာတော်အတွက်သာမက လူမှုရေးအတွက်ပါ ပေးကမ်းခြင်းကြောင့် သူများထက် ပိုပြီး မေတ္တာရရှိသည်။ အလားတူ နာရေးကူညီမှုအသင်းအဖွဲ့လိုမျိုး သူတပါးအား ပေးကမ်းသူများက သူတပါးထက် ပိုပြီး မေတ္တာတွေ ရရှိကြသည်။ ထို့ကြောင့် ပေးကမ်းခြင်းသည် သူတပါးထက် ပိုပြီး မေတ္တာရရှိသည်။

နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အရတ္တမဂ် အရဟတ္တဖိုလ်ကိုတော့ သဒ္ဓါ သီလ ပညာ ရှိသူတိုင်း အတူရောက်နိုင်သည်။ ဒါနကား သက်သောင့်သက်သာ ရောက်ခြင်းနှင့် ပင်ပန်းကြီးစွာရောက်ခြင်းသာ ကွာခြားသွားစေသည်။

ဘ၀ရိက္ခာ သို့မဟုတ် လမ်းစရိတ်
ခရီးသွားသူတစ်ယောက် ပိုက်ဆံအိပ် ပါးနေရင် စိတ်ပူရ၊ ခရီးသွားရင်း သူများဝယ်စားသလို မစားနိုင်၊ စိတ်အားငယ်ရသည်။ ပိုက်ဆံ မရှိဘဲ ကား၊ ရထားမစီးနိုင်၊ စီးပြန်နိုင်ရင်လဲ အဆင့်တန်းမြင့်မြင့် မစီးနိုင်ရကား မျက်နှာငယ်ရပြန်သည်၊ “ဒါန မပါ သံသရာ မျက်နှာ ငယ်ရသည်”တဲ့။ အိပ်ဖောင်းနေသူအတွက်ကတော့ အဆင့်တန်းမြင့်မြင့် စားနိုင်၊ အဆင့်တန်းမြင့်မြင့် စီးနိုင်သည်၊ အဆင့်တန်းမြင့်မြင့် သွားနိုင်သည်၊ ရဲရဲရင့်ရင့် သွားနိုင်သည်။ အလားတူပဲ သံသရာ ခရီးသွားသူများ သံသရာစရိတ် ဒါန မပါခဲ့ပါက မျက်နှာငယ်စွာ နေရတတ်သည်၊ ဒါနပါခဲ့မှသာ ပြီးပြည့်စုံတဲ့ ဘ၀သမ္ပတ္တိကို ရရှိမည်၊ သံသရာမှာ မျက်နှာမငယ်ရ၊ ရွာရိုးကိုးပေါက် ထီးထမ်းလျှောက်လျက် ယောင်လည်လည်ဘ၀မျိုး မကြုံရ၊ မော်မော်ကြွားကြွား မော်တော်ကားဖြင့် အငြိမ့်စား အပြန်စား သွားနိုင် လာနိုင်မည်။ “ဒါနပါမှ နောင်ဘ၀ ခေါင်က နေရမည်“ တဲ့။ ခေါင်က ထိပ်က နေချင်သူများ အတွက် ဒါနသည်သာ အကောင်းဆုံး ဖြစ်သည်။ ဒါ့ပြင် ဒါနံ ပါထေယျ မုတ္တမံ- သံသရာ ရိက္ခာအတွက် သို့မဟုတ် သံသရာခရီးစရိတ်အတွက် ဒါနသည် အကောင်းဆုံးဟု ဆိုရမည်။

ပေးကမ်းခြင်းသည် လမ်းဖြောင့်သည်၊ ပေးကမ်းခြင်းသည် အထက်ထက်သို့တက်ရန် လေးခါးဖြစ်သည်၊ ပေးကမ်းခြင်းသည် လူချစ်လူခင် ပေါသည်၊ ပေးကမ်းခြင်းသည် လူကြည်ညို လူလေးစားခံရသည်။ ပေးကမ်းခြင်းသည် မျက်နှာမငယ်ရ။ ပေးကမ်းခြင်းသည် ခေါင်အထိပ်က နေရမည်၊ ပေးကမ်းခြင်းသည် အကောင်းဆုံး ဘ၀ရိက္ခာဖြစ်သည်။” ထို့ကြောင့် ဘ၀သံသရာမှာ မျက်နှာမငယ်ရလေအောင် အကောင်းဆုံး ဘ၀စရိတ်ပါအောင် ပေးကမ်းခြင်းဖြင့် ပျော်မွေ့နိုင်ကြပါစေသတည်းးးးးးးးး။။။။။။။။။။
++++++++++++++

ဒီနှစ်လည်အတွက် ပို့စ်လေးက ပြီးခဲ့တဲ့ တနင်္ဂနွေ- ကဆုန်လကွယ်နေ့က ဖခင်ဖြစ်သူအတွက် လာလူတဲ့နေ့ကို ရည်ရွယ်ပြီးရေးထားတာ ဖြစ်ပေမဲ့ ရေးပြီးမတင်ဖြစ်ခဲ့ဘူး၊ တစ်ပတ်တောင် ကြာသွားပြီ၊ အခုလဲ ထိုမိသားစုကပဲ ပြီးတဲ့တစ်ပတ်က “ဘုန်းဘုန်းများကို မြန်မာပြည် အလွမ်းပြေ ကြာဇံဟင်းကပ်ချင်ပါတယ်”ဟုသော ကတိအတိုင်း ဒီတစ်ပတ် (၂၆-၅-၂၀၁၂) စနေနေ့ မှာ ရောက်လာပြန်ပါပြီ။ ကြာဇံဟင်းများ၊ ကြာဇံမကြိုက်တဲ့သူတွေ အတွက် ပုဇွန်နဲ့ အသီးစုံ ထမင်းကြော်၊ အဖျော်ရည်များ လာကပ်သွားသည်။ နှစ်ပတ်စာ အလှူအတွက် ဂုဏ်ပြု ပို့စ်ဖြစ်သွားပါတော့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၁-၅-၂၀၁၂

24 May 2012

အမေရိကန်ရွှေစည်းခုံ အကြိုထီးတင်ပွဲ

(အမေရိကန် သီတဂူ ရွှေစည်းခုံစေတီတော်ကြီးကို ဤကဲ့သို့ ဖူးမျှောရစဉ်)

သီတဂူရွှေစည်းခုံစေတီတော်ကြီး အကြိုထီးတင်ပွဲ
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့ရှိ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတွင် တည်ထားကိုးကွယ် ပူဇော်နေသော ရွှေစည်းခုံစေတီတော်မြတ်ကြီး ၉၅ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်သည်။ နောက်ဆုံးစိန်ဖူးတော် မတင်မီ အကြိုထီးတော်အဆင့်ဆင့်တို့ကိုလည်း တင်လှူပူဇော်ပြီး ဖြစ်သည်။
နောက်ဆုံး စိန်ဖူးတော်တင်လှူပွဲကိုတော့ ၁၃၇၄ခုနှစ် နယုန်လပြည့်နေ့ (၀၄-၀၆-၂၀၁၂) နံက် ၉နာရီမှ နေ့လည် ၂ နာရီအထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါသည်။ ထိုပွဲကို သီတဂူဆရာတော်ကြီး ဦးဆောင်တဲ့ ဆရာတော် ၆ ပါးတို့က ဦးဆောင် ပူဇော်ကြမှာ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ စိတ်ပါဝင်စားသူတိုင်း တက်ရောက် ကြည်ညို သဒ္ဓါပွားနိုင်ပါကြောင်း နှိုးဆော်လိုက်ပါသည်။

၀၁-၀၆-၂၀၁၂-ရက်နေ့တွင် စင်ကာပူသို့ ကြွရောက်ပါမည်။ စင်ကာပူမှာ တရားချီးမြှင့်မည်ဟု သိရသည်။ စင်ကာပူမှတဆင့် အမေရိကသို့ ဓမ္မဒူတခရီးကြွရောက်ကာ တည်ထားပူဇော်လျက်ရှိသော ရွှေစည်းဂုံစေတီတော်အား အချိန်မှီ ပြီးစီးပူဇော်နိုင်ရန် အနီးကပ်ညွှန်ကြားမှုများ ပြုလုပ်ပါမည်ဟု
သိရပါမည်။ သီတဂူဆရာတော်သည် အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့၊ သီတဂူဗုဒ္ဓ၀ိဟာရတွင် တည်ထားပူဇော်လျက်ရှိသော ရွှေစည်းဂုံစေတီတော်အား ယခုနှစ် သီတင်းလပြည့်နေ့တွင် အပြီးတည်ထားပူဇော်ရန် ရည်ရွယ်ထားပါသည်” ဟု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖေ့ဘုတ်မှ တွေ့ရပါသည်။
(အမေရိကမြန်မာများ ထီးတော်ကြီး ပင့်ဆောင်လာကြစဉ်)

အမေရိကန် သီတဂူဗုဒ္ဓ၀ိဟာရ တာဝန်ခံဆရာတော် ဒေါက်တာအရိယဓမ္မ၏ ဖိတ်စာအရ နောက်ဆုံး စိန်ဖူးတော်တင်လှူပွဲသည် ယခုနှစ်နယုန်လပြည့် ဖြစ်သည်။ ဒီလ ဒီသီတင်းမှာဟု ဆိုဟန်တူသည်။ သို့သော် ဓမ္မသာလာစသည့် ထေရာဝါသ၊ ကမ္မဋ္ဌာန်းကျောင်းဆောင်များ အပ်နှင်းပွဲ ရေစက်ချပွဲကိုတော့ သီတင်းကျွတ်လပြည့်အတွင်း ဖြစ်နိုင်ပါသည်။ ထို့အတွက် ကျောင်းဆောင်များ မြန်မြန် ပြီးစီးနိုင်ရန်အတွက် သီတဂူဆရာတော်ကြီးသည် အမေရိကနှင့်မြန်မာ ခေါက်တုံ့ခေါက်ပြန် သွားနေရသည်။
(ဤကဲ့သို့ထီးတော်ကြီးတင်လှူစဉ်)

(You all are warmly invited to Final Diamond Bud Set Up Ceremony on Monday June 4, 2012. Full Moon Day of Nayon, 9:00 a.m to 2: 00 p.m. Headed by Sitagu Sayadawgyi and 6 monks.)
(စေတီတော်ကြီးအပေါ်မှ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတော်ကြီးကို ဖူးမြင်ရစဉ်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၅-၂၀၁၂

20 May 2012

အားလုံးမှာတာဝန်ရှိသည်

အားလုံးမှာတာဝန်ရှိသည်
-------------
မဟာဂန္ဓာရုံဆရာတော်ကြီးသည် အမိမြန်မာနိုင်ငံကြီး လွပ်လပ်ရေးရခါနီးတွင် နိုင်ငံတော်ကြီးကို အဘက်ဘက်က ပြုပြင်စေလိုသည့်အတွက် အနာဂတ်သာသနာရေးကျမ်းစာကို ရေး၍ နိုင်ငံသူနိုင်ငံသားအားလုံးအား တပ်လှန့်ခဲ့ပါသည်။ ဆရာတော်ကြီးသည် တိုင်းပြည်နှင့်သာသနာကိုလည်း ကမ္ဘာ့အလယ်မှာ တင့်တယ်ထည်ဝါစေချင်၏။ ထို့ကြောင့် ဘာသာထိရင် မချိအောင်နာတတ်ဖို့အတွက် “ဘာသာသွေး” စသော ကျမ်းစာအုပ်များကိုလည်း ရေးတော်မူ ခဲ့ပြန်ပါသည်။
တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသနာကို ချစ်မြတ်နိုးသည့်စိတ်ကို အမျိုးသားရေးစိတ်ဓာတ် ဟုခေါ်၏။ မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ အမျိုးသားရေးစိတ်ဓာတ်ကား အံ့မခန်းပင်။ ဆရာတော်ကြီးသည် အမျိုးသားရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ သာသနာ ရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ ရဟန်း သံဃာတော်များ သွေးအေးအေးနေသည်ကို သဘောကျတော်မမူ။ သံဃာတော်များသည် ကမ္ဘာ့အခြေအနေကိုလည်း စိတ်မ၀င်စား၊ တိုင်းပြည်၏အခြေအနေကိုလည်း ကောင်းကောင်း နားမလည်ဘဲ ရိုးရိုးအေးအေးနေကြလျှင် ခေတ်ပညာတတ် လူပုဂ္ဂိုလ်များ၏ အထင်သေးမှုကို ခံရမည်ဖြစ်ကြောင်းကိုလည်း သတိပေးတော်မူခဲ့ပါသည်။ ထို့ကြောင့် သံဃာတော်အရှင်များသည် မဟာဂန္ဓာရုံဆရာတော် ညွှန်ပြထားသကဲ့သို့ အမျိုးသားရေးစိတ်ဓာတ် ရှိသင့်၏။

ယခုအချိန်၌လည်း နိုင်ငံတော်ကြီးသည် ခေတ်သစ်စနစ်သစ်ဖြင့် ချီတက်လျက်ရှိသောကြောင့် ဖွံဖြိုးတိုးတက်ဖို့ အတွက် အညွန့်တလူလူ တက်လျက်ရှိ၏။ မကြာခင်သောအချိန်ဝယ် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ လာရောက်ကျပေတော့မည်။ ထိုအခါ ကျွဲကူးရေပါဆိုသကဲ့သို့ တိုင်းတပါးယဉ်ကျေးမှု ဓလေ့စရိုက်များသည်လည်း ရောထွေးယှက်တင် ပါလာတော့မည်ဖြစ်သည်။
သို့ဖြစ်က အမျိုးသားရေး စိတ်ဓာတ်အားနည်းသော တိုင်းရင်းသား လူငယ်လေးများအား ရေခြားမြေခြား ယဉ်ကျေးမှု ဓလေ့စရိုက်များ ကူးစက်ခံရပေလိမ့်မည်။ ယင်းသို့ကူးစက်ခံရလျှင် အမျိုးဘာသာ သာသနာသည် ခြစားခံရ သော အိမ်တိုင်ကဲ့သို့ ပြိုလဲသွား နိုင်ပေသည်။ ထို့ကြောင့် ယခုကတဲကစပြီး ကြိုတင်၍ လူငယ်များ အမျိုးသားရေး စိတ်ဓာတ် ရှင်သန်ထက်မြက်စေဖို့ ကြိးစားရမည် ဖြစ်၏။

အဆိုတစ်ခုရှိ၏။ ``လူမျိုး၏အသက်သည် ယဉ်ကျေးမှု၊ ယဉ်ကျေးမှု၏ အသက်သည် စာပေ`` ဟူသတတ်။ တန်ဖိုး မဖြတ် နိုင်သော ဆိုရိုးတစ်ခုပင်။ ထိုသို့ဖြစ်လျှင် မြန်မာလူမျိုး၏အသက် မြန်မာယဉ်ကျေးမှု၊ မြန်မာ့ယဉ်ကျေးမှု၏ အသက်သည် ပိဋကတ် စာပေဖြစ်၏ဟု ဆိုရချိမ့်မည်။ ထိုစကားဆိုသင့်စွာ့။ ပထမမြန်မာနိုင်ငံတော်သည် ပုဂံခေတ်မှာ ဖြစ်ပေါ်လာ၏။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှု ဆိုသည်မှာ ပုဂံယဉ်ကျေးမှုပင် ဖြစ်ပေသည်။ ပုဂံယဉ်ကျေးမှုသည်လည်း ပိဋကတ်စာပေ (ဗုဒ္ဓစာပေ)မှာ မြစ်ဖျားခံ၏။ ဘာ့ကြောင့်နည်း၊ “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း၊ စာကြည့်တိုက်အစ ပိဋကတ်တိုက်က” ဆိုသည့်အတိုင်း ပုဂံခေတ်တွင် ပိဋကတ်စာပေကို အထူးလေ့လာသင်ယူကြ၏။ လူနေမှုစနစ်တစ်ခုလုံးကိုလည်း ပိဋကတ်စာပေနှင့်အညီ ပြုပြင်ပြောင်းလဲလိုက်၏။ ထို့ကြောင့် ပုဂံ ယဉ်ကျေးမှု၏ အသက်သည် ပိဋကတ်စာပေပင် ဖြစ်ပေသည်။

ချဲ့ဦးအံ့။ ဘုရင်အနော်ရထာသည် အရှင်အရဟံကို ဆရာတင်၍ ပုဂံမြို့ကြီးကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ သာသနာရေးစသဖြင့် ဘက်ပေါင်းစုံမှ တိုးတက်အောင် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ခဲ့၏။ ဆရာသခင် အရှင်အရဟံက လည်း ဘုရားသားတော်ပီပီ တိုင်းသူပြည်သားလူအများအား သမ္ပဒါတရား၊ လောကပါလတရား၊ အရိဟာနိယ တရား၊ မင်းကျင့်တရား၊ သင်္ဂဟတရား၊ သိင်္ဂါလောဝါဒတို့ကို ပို့ချဟောပြကာ ထည်ဝါသော၊ ဂုဏ်သရေရှိသော ပုဂံယဉ်ကျေးမှုကို အကောင် အထည်ဖေါ်ခဲ့ ပေသည်။

ထိုကဲ့သို့ ဆရာဒကာလက်တွဲ၍ ကြိုးစားအားထုတ်ခဲ့သောကြောင့် မြန်မာနှင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနှင့် မြန်မာ ခွဲခြား၍ မရလောက်အောင် ပုဂံယဉ်ကျေးမှုသည် ဘုန်းမီးနေလတောက်ခဲ့၏။ ထိုကိုဂုဏ်ယူသောအားဖြင့် “သာကီမျိုးဟေ့၊ တို့ဗမာ”ဟုပင် ကြွေးကြော်ခဲ့ကြပေသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများကလည်း “ဘုရင်အနော်ရထာ”ဆိုလျှင် ဖိန့်ဖိန့်တုန်အောင် လေးစားခဲ့ကြ၏။ ထို့ကြောင့် မြန်မာလူမျိုးများအတွက် အရှင်အရဟံနှင့် ဘုရင်အနော်ရထာ၏ ကျေးဇူးတို့ကား ဆပ်၍မကုန်နိုင်လောက်အောင် ကြီးမား လှပေသည်။
“မြန်မာ”ဆိုသည့် စကားလုံးသည် ပုဂံမှ အစပြုကာ ကမ္ဘာ့မြေပုံပေါ်၌ ထင်ရှားပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုမှတဖန် ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သော ဘုရင့်နောင်နှင့် တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းဘုရားတို့ ကလည်း ဘုရင်အနော်ရထာ၏ ခြေရာကို နင်းခဲ့ကြပြန်သောကြောင့် မြန်မာ့ယဉ်ကျေးမှုသည် ဆက်လက်၍ အားကောင်း မောင်းသန် ရှင်သန်ခဲ့ရပေသည်။
ထို့ထက် ပို၍ထင်ရှားသည်ကား ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတရားကြီးတည်း။ ထိုမင်းတရားကြီးသည် သာသနာ တော်ကို အလွန်ကြည်ညို၏။ ဘုန်းကြီးကျောင်းတိုက်ပေါင်း မြောက်များစွာ တည်ဆောက်လှူဒါန်းခဲ့၏။ ထိုကျောင်းတိုက်ကြီး များသည် ယနေ့ခေတ်အခေါ်အရ ပြောလျှင် ဗုဒ္ဓကောလိပ်၊ ဗုဒ္ဓတက္ကသိုလ်ကြီးများပင်တည်း။

ထိုမင်းတရားကြီးသည်ကား ပဉ္စမသင်္ဂါယနာတင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ဆင်နွဲကာ ဘုရားမြတ်စွာဟောကြားခဲ့သည် ပိဋကတ်စာပေကို ကျောက်ထက်အက္ခရာထိုးခဲ့သဖြင့် မြန်မာ့ယဉ်ကျေးမှုသည် ပိဋကတ်စာပေနှင့် တထပ်တည်းဖြစ်ကြောင်း ကမ္ဘာသိ ကြေငြာ လိုက်ပြန်တော့သည်။ ပိဋကတ်သုံးပုံကို မှတ်တမ်းတင်ထားသော ယင်းကျောက်စာချပ်များသည်ကား “ကမ္ဘာ့အကြီးဆုံး စာအုပ်” ဟု ကမ္ဘာ့ဂန္ထ၀င်၌ မှတ်တမ်းဝင်သွားလေတော့၏။
ထို့နောက် အမိမြန်မာနိုင်ငံကြီးသည် အင်္ဂလိပ်လက်အောက် ရောက်သွားသဖြင့် မြန်မာ့ယဉ်ကျေးမှုသည် မှေးမှိန် ခဲ့ရပြန်သည်။ အုပ်ချုပ်သူအင်္ဂလိပ်များက တိုင်းတပါးမှ ဘာသာခြားလူမျိုးခြားများကို နေရာပေးကြ၏။ သူတို့စိတ်ကြိုက်ပုံ ဖေါ်နိုင်ဖို့ အတွက် နယ်စပ် ဒေသရှိ အလွန်ရိုးစင်းသော တိုင်းရင်းသားများအား သူတို့စာပေ၊ ဘာသာ၊ ယဉ်ကျေးမှုကို ရိုက်သွင်း ပေးလိုက်တော့၏။ မြန်မာ့ဇာတိသွေး ဇာတိမာန်တို့ကို ချိုးနှိမ်ခဲ့၏။
ယင်းသို့လျှင် ဘာသာခြား လူမျိုးခြားများ၏ လက်အောက်၌ နေရခြင်းကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် အနှိမ်ခံနင်းပြားဘ၀သို့ မရှုမလှ ရောက်ခဲ့ရပေသည်။ ထို့ကြောင့် သူ့ကျွန်မခံလိုသောစိတ်ဖြင့် တိုင်းပြည်လွပ်လပ်ရေး ရဖို့အတွက် တစ်မျိုးသားလုံး ကြိုးစားခဲ့ရပေသည်။ လွပ်လပ်ရေးလည်း ရခဲ့ပါ၏။ သို့သော် စစ်အတွင်းက မရုန်းထွက်နိုင်ခဲ့။ နယ်ချဲ့သမားတို့၏ အရောင်ဆိုးခြင်းခံလိုက်ရသော တိုင်းရင်းသားများက တော်လှန်ပုန်ကန်ကြသဖြင့် “တိုင်း ပြည်ကနုနု၊ မုန်တိုင်းကထန်ထန်”ဆိုရ လောက်အောင် ပြည်တွင်းစစ်ဖြစ်ကြပြန်၏။ ယခုအချိန်၌ ပြည်တွင်းစစ်ဖြစ်နေခြင်းသည် ယင်းနယ်ချဲ့သမားတို့ လက်ချက်ကြောင့်တည်း။

ယင်းသို့ပင် အခြေအနေအမျိုးမျိုးဖြင့် ရင်ဆိုင်နေရစေကာမူ. . . မြန်မာနိုင်ငံကြီး လွပ်လပ်ရေးရပြီးနောက်တွင် သမ္မတ၊ ၀န်ကြီးချုပ်အမှူးရှိသော နိုင်ငံအကြီးအကဲများက ရှေးရှေး သာသနာပြုမင်းများကို နှလုံးမူကာ အမျိုး ဘာသာ သာသနာ မတိမ်ကောစေဖို့အတွက် ပထမပြန် စာမေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ ပါဠိတက္ကသိုလ်များကို ဖွဲ့စည်းပေးခြင်း၊ ဆွမ်းဆန်တော်နှင့် န၀ကမ္မအလှူငွေများ ထောက်ပံ့ခြင်း၊ ပဋိပတ်ရိပ်သာများ တည်ထောင်ဖွင့်လှစ်ခြင်း၊ တိပိဋကစာမေးပွဲ များ ကျင်းပခြင်း၊ ဘွဲ့ တံဆိပ်တော်များ ဆက်ကပ်ခြင်း စသော ကြီးကျယ်သော သာသနာ့ အလုပ်များကို အစဉ်အလာ မပျက် ကျင်းပပြုလုပ်ခဲ့ကြပေသည်။
ထိုမှတပါး ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကိုလည်း ပြည်ပနိုင်ငံများကိုပါ ဖိတ်ကြား၍ တခန်းတနားဆင်နွှဲခဲ့ကြပြန် ပါသည်။ ထိုကဲ့သို့ သာသနာပြုအလုပ်များကို ပြုလုပ်ကြခြင်းသည် မြန်မာ့အသက်ဖြစ်သော ပိဋကတ်စာပေကို မကွယ် ပျောက်ဖို့နှင့် အမျိုးသားရေး လက္ခဏာများ မတိမ်ကောစေဖို့ ဖြစ်ပေသည်။

နိုင်ငံတော်အကြီးအကဲများသည် ထိုမျှလောက်နဲ့အားမရသဖြင့် “သာသနာရေး ၀န်ကြီးဋ္ဌာန”ဟု ၀န်ကြီးဋ္ဌာနတစ်ခု ဖွဲ့စည်း ပေးခဲ့ပါသည်။ ထို့ကြောင့် သာသနာရေးဝန်ကြီးဋ္ဌာနဟူသည် မြန်မာလူမျိုးတို့၏ အသက်ဖြစ်သော “ပိဋကတ် စာပေကို ထိန်းသိမ်းသော ၀န်ကြီးဋ္ဌာန” ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ ဟိန္ဒူဘာသာ အစ္စလာမ် ဘာသာ စသော ဘာသာတိုင်းနှင့် သက်ဆိုင်သော “ဘာသာရေးဝန်ကြီးဋ္ဌာန” မဟုတ်ပါ။ ဤသည်ကို ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်ပေသည်။
ရှင်းပါဦးအံ့။ “သာသနာ (သာသန)”ဟူသော စကားသည် ပါဠိစကားဖြစ်၏။ “ဘုရားအဆုံးအမဖြစ်သော ပိဋကတ်စာပေ” ဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် မည်သည့်ဘာသာနှင့်မျှမဆိုင်။ ဗုဒ္ဓသာသနာတော်နှင့်သာ သက်ဆိုင်သော စကားလုံးဖြစ်၏။ တချို့ ဘာသာများကား ထို“သာသနာ”ဆိုသော စကားလုံးကိုပင် အတုယူထားကြ၏။ ဥပမာ- အစ္စလာမ် သာသနာ။ ယင်းကဲသို့ သာသနာဟူသော စကားလုံးကို ယူထားခြင်းသည် ဗုဒ္ဓသာသနာကို ဝေါဟာရဖြင့် ပူးသတ်ခြင်း ပင်တည်း။ ထိုအသုံးအနှုံးမျိုး မသုံးနှုန်းဖို့ရန် ကန့်ကွက်ရပေမည်။ ထို့ကြောင့် “သာသနာရေးဝန်ကြီးဋ္ဌာန ဆိုသည်မှာ ပိဋကတ်စာပေကို ထိန်းသိမ်းသော ၀န်ကြီးဋ္ဌာနဖြစ်ကြောင်းကိုလည်းကောင်း၊ သာသနာဟူသောစကားလုံး ဝေါဟာရမှာ ဗုဒ္ဓသာသနာနှင့်သာ သက်ဆိုင်သော စကားလုံး ဝေါဟာရ ဖြစ်ကြောင်းကိုလည်းကောင်း” ကို လွှတ်တော်ထဲရောက်အောင် တင်သွင်းရပေမည်။

လွှတ်တော်ဆိုသည်မှာ တစ်တိုင်းပြည်လုံးနှင့်သက်ဆိုင်သော စည်းကမ်းဥပဒေများကို အကြံပေးခြင်း၊ ရေးဆွဲခြင်း၊ အတည် ပြုခြင်း၊ ထုတ်ပြန်ခြင်းစသည်ဖြင့် ဥပဒေပြုအာဏာကို ချုပ်ကိုင်သောဋ္ဌာနချုပ်ကြီး တစ်ခုပင်တည်း။ ထို့ကြောင့် အသက်တမျှ အရေးကြီး လှ၏။ ယင်းသို့ အသက်တမျှ အရေးကြီးသော လွှတ်တော်ထဲ၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီး၏ သာသနာရေးနှင့် ပတ်သက်သော အကြောင်းအရာများကို တိုက်ရိုက် တင်သွင်းခွင့်၊ ညွှန်ကြားခွင့် ရပါ၏လော။ (သို့မဟုတ်) အမျိုး ဘာသာ သာသနာကို မှေးမှိန်စေသာ တခြားသူများ၏ အဆိုပြုလွှာများကို ကန့်ကွက်ခွင့် ရှိပါ၏လော။ စဉ်းစားသင့်၏။
တချို့ဘာသာခြားလွှတ်တော်အမတ်များက ကိုးကွယ်မှုဘာသာ၊ လူမျိုးရေးနှင့် ပတ်သက်သော အကြောင်းအရာ များကို အဆိုတင်သွင်းကြ၏။ ဥပမာ- ဘူးသီးတောင် မောင်းတောမှ ဘင်္ဂါလီလူမျိုးများကို ပြည်မကြီးထဲ၌ တံခါးမရှိဓားမရှိ သွားလာနိုင်ဖို့အတွက် အဆိုတင်သွင်းခြင်း၊ ဘူးသီးတောင် တခွင်မှာ ဘာသာစကား အခက်အခဲကြောင့် မြန်မာလူမျိုးစစ်စစ် ဖြစ်သော ဆရာ ဆရာမများကို မခန့်ဘဲ ဘင်္ဂါလီလူမျိုးဖြစ်သည့် ဆရာ ဆရာမများကို ခန့်အပ်ဖို့အတွက် အဆိုတင် သွင်းခြင်း၊ စသည်စသည်တို့ဖြစ်ပါသည်။

မြန်မာနိုင်ငံဖြစ်ပါလျက် မြန်မာစကားသည် သူတို့အတွက် ခက်ခဲနေသတဲ့။ အလွန်ကန့်ကွက်သင့်သော အဆိုပြု လွှာတည်း။ ပြည်ထောင်စုဝန်ကြီးကလည်း လက်မခံပါ။ ဘာသာခြားတို့၏ အဆိုပြုလွှာကို ထောက်ဆပါက ဘာသာခြား လူမျိုးခြားတို့သည် မြန်မာ စကားကို ပစ်ပယ်လိုခြင်း၊ မြန်မာ့ယဉ်ကျေးမှုကို ဖျောက်ဖျက်လိုခြင်း၊ သူတို့ ဘင်္ဂါလီစကားကိုသာ သုံးနှုံးလိုခြင်း၊ သူတို့ယဉ်ကျေးမှု သူတို့ ဘာသာကိုသာ တွင်ကျယ်စေလိုခြင်း စသော သူတို့၏ သဘောထား ဆန္ဒကို မှန်းဆနိုင်ပေသည်။ ထိုဆန္ဒမှာ . . .စာပေစကားဖြင့် ပြောလျှင် “ပါပိစ္ဆာ”ဟု ပြောရပေမည်။ “ပါပိစ္ဆာ”ဟူသည် အမျိုးဘာသာ သာသနာကို ဖျက်ဆီးလိုသော အလိုဆိုးတည်း။
ထိုအဆိုပြုလွှာများကို ကန့်ကွက်ဖို့အတွက် မိမိတို့ သံဃာတော်များက တာဝန်ယူရပေမည်။ ထိုမျှလောက်မျှ လုပ်ပိုင်ခွင့် မရှိလျှင် သံဃာ့အဖွဲ့အစည်းကြီးတစ်ခုလုံးသည် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းပင် ဖြစ်ပေ၏။ ယနေ့ သံဃာ့အဖွဲ့အစည်းကြီးသည် ယင်းသို့သော “လူ့အခွင့်အရေး” ရပါ၏လော။ စစ်ကြောသင့်၏။ အားလုံးစုပေါင်း၍ ဥပဒေ ဘောင်အတွင်းက တောင်းဆိုဖို့ လိုအပ်ပေသည်။ တစ်သာသနာလုံးနှင့် သက်ဆိုင်သောကြောင့် ညီညီ ညွတ်ညွတ်နဲ့ အရေးဆိုဖို့ လိုအပ်လှပေသည်။

အမျိုးသားရေးစိတ်ဓာတ် ထက်သန်သော နိုင်ငံတော် သံဃမဟာနာယကဆရာတော်တစ်ပါးက ပြောဖူး၏။ “သက်ဆိုင်ရာ ဋ္ဌာနကို အမျိုးဘာသာ သာသနာနှင့် ပတ်သက်သည့်ကိစ္စမှန်သမျှ အကြံပြုစရာရှိလျှင် အကြံပြုမည်၊ တိုက် တွန်း စရာရှိလျှင် တိုက်တွန်းမည်၊ ကန့်ကွက်စရာကန့်ကွက်မည်ဆိုပြီး သက်ဆိုင်ရာကို အဆိုတင်သွင်းတယ်၊ ညွှန်ကြား တယ်၊ ဒါပေမဲ့ သဲထဲရေသွန်သလိုပဲ ဘာမှ မထိရောက်ခဲ့ဘူး”ဟု အမိန့်ရှိဖူး၏။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် တစ်ပါးဖြစ်ပါလျက် ထိုဆရာတော်၏အရှိန်သြဇာသည် သက်ဆိုင်သော ဋ္ဌာနသို့ ဘာ့ကြောင့် မသက်ရောက်သနည်း။ နိုင်ငံတော်၏ အခြေခံ “စည်းမျဉ်းဥပဒေ၊ မူဝါဒ” အားနည်း သောကြောင့် ဖြစ်ပေသည်။ ယင်းကဲ့သို့ အားနည်းခြင်းသည် သံဃမဟာနာယက အဖွဲ့တစ်ခုတည်းနှင့် မသက်ဆိုင်ပေ။ တစ်သာသနာလုံးနှင့် သက်ဆိုင်၏။ တစ်မျိုးသားလုံးနှင့် သက်ဆိုင်၏။
ထို့ကြောင့် အမျိုးဘာသာ သာသနာနှင့်သက်ဆိုင်သော “မူဝါဒ”ကို သံဃာထုတစ်ရပ်လုံးကို ကိုယ်စားပြုသော အဖွဲ့အစည်း တစ်ခုခု (ဥပမာ- နိုင်ငံတော်သံဃမဟာနာယက၊ နိုင်ငံတော် ၀ိနည်းဓိုရ်အဖွဲ့၊ ပညာရေးအဖွဲ့၊ တိုင်း သံဃနာယက၊ မြို့နယ် သံဃနာယကစသည်) က လွှတ်တော်ထဲမှာ တင်သွင်းခွင့်၊ ညွှန်ကြားခွင့် ရှိရပေမည်။
သီရိလင်္ကာနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ ထေရ၀ါဒဗုဒ္ဓသာသနာကို ကိုးကွယ်သော ဒီမိုကရေစီနိုင်ငံပင်ဖြစ်၏။ သို့သော် ထိုနိုင်ငံသည် ဗုဒ္ဓသာသနာကို အထူး အားပေး၏။ နိုင်ငံတော်သမ္မတသည်ပင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို သည့်နေ့၌ သူတို့နိုင်ငံရှိ စွယ်တော်ကိုလည်းကောင်း၊ သံဃမဟာနာယက ဆရာတော်များကိုလည်းကောင်း သွားရောက်၍ ဦးတိုက်ရ၏။ ထိုမှတပါး၊ လွှတ်တော်ထဲ၌ သာသနာရေးကိစ္စများကို ဆောင်ရွက်နိုင်ဖို့အတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို လွှတ်တော်အမတ်အဖြစ် တက်ရောက်ခွင့် ပြုထား၏။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာကဲ့သို့ ဖြစ်နေရကား ထိုအခွင့်အရေးပေးထားခြင်း ဖြစ်၏။ ဘာသာခြားများကိုကား ထိုကဲ့သို့ အခွင့်အရေး မပေးပါ။ မြန်မာနိုင်ငံမှာ ကော ထိုကဲ့သို့ မဖြစ်သင့်ပေဘူးလား။

ဒီမိုကရေစီနိုင်ငံဖြစ်ဖြစ်၊ ဆိုရှယ်လစ်နိုင်ငံဖြစ်ဖြစ်၊ ကွန်မြူနစ်နိုင်ငံဖြစ်ဖြစ်၊ မည်သည့်နိုင်ငံမှာမဆို ကိုယ့်ဘာသာကို တန်ဖိုးထား ကြသည်မှာ ထုံးစံပင်တည်း။ အီရန်နိုင်ငံ၏ လူဦးရေ အများစုသည် မွတ်စလင်ဘာသာဝင်များ ဖြစ်၏။ ထို့ကြောင့် သမ္မတမှအစ နိုင်ငံအုပ်ချုပ်ရေးပိုင်းကို မွတ်စလင်ဘာသာဝင်များသာ တာဝန်ယူထားကြပါသည်။ အပြစ် မဆိုသာပေ။ မွတ်စလင် ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမေနီ၏ အရှိန်သြဇာသည် အီရန်သမ္မတ အပေါ်မှာပင် တိုက်ရိုက် သက်ရောက်လျှက် ရှိပေ၏။ မိမိတို့ဘာသာကို တန်ဖိုးထားသည့် ထိုကဲ့သို့သော နိုင်ငံများကို အတုယူ၍ မြန်မာ နိုင်ငံသည်လည်း ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော နိုင်ငံဖြစ်သောကြောင့် မိမိတို့ ဗုဒ္ဓ သာသနာကို ရှေးဘုရင် များကဲ့သို့ အထူးတလည် အားပေးသင့်လှ၏။
သံဃာ့အဖွဲ့အစည်းကြီးသည် မြန်မာလူမျိုးတို့၏အသက်ဖြစ်သော ပိဋကတ်စာပေကို သင်ယူပို့ချနေကြရကား အနော်ရထာ အစထား ရှေးရှေးသောဘုရင်တို့သည် သံဃာ့အဖွဲ့အစည်းကြီးကို အလွန်အားကိုးကြ၏။ ထိုကဲ့သို့ အားကိုးခဲ့ သောကြောင့်လည်း ယနေ့ အချိန်၌ မြန်မာယဉ်ကျေးမှုသည် မတိမ်ကော မပျောက်ကွယ်ခြင်း ဖြစ်ပေသည်။

လွှတ်တော်မရှိသော ပုဂံခေတ်ကဆိုလျှင် အရှင်အရဟံသည် ဘုရင်အနော်ရထာကို တိုင်းသူပြည်သား လူအများ အား မင်းကျင့်တရားနှင့်အညီအုပ်ချုပ်ဖို့ ဆုံးမ၏။ တိုက်တွန်း၏။ ဒုစရိုက်တရားများကို မလုပ်ဖို့ တားမြစ်၏။ ထို့ ကြောင့် ပုဂံနေပြည်တော်သည် ကမ္ဘာက လေးစားရသည့်အနေအထား ရောက်ရှိခဲ့ခြင်း ဖြစ်၏။
“ပုဂံခေတ်သာ ယခုခေတ်ကဲ့သို့ လွှတ်တော်ရှိလျှင် လွှတ်တော်အဓိပတိသည် ဆရာတော်သံဃာတော် များပင် ဖြစ်လောက် စရာရှိ၏” ဟု တွေးမိပေသည်။ ဘာ့ကြောင့်နည်း၊ သံဃာတော်အရှင်မြတ်များသည် သက်ဦးဆံပိုင် ဘုရင် ဧကရာဇ်များကိုပင် ချုပ်ကိုင်နိုင် သောကြောင့်တည်း။ မြန်မာ့စာပေ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာအုပ်ချုပ်ရေးနှင့် ပတ်သက်၍ သံဃာအဖွဲ့အစည်းကြီးသည် မည်မျှလောက် အရေးပါသည်ဆိုသည်ကို သမိုင်းဆရာများ ကောင်းကောင်းကြီး သိရှိကြပါ၏။

ရှေးခေတ်သံဃာတော်များသည် ဘုရင်ကို ဆုံးမသွန်သင်နိုင်သည့် အခွင့်အာဏာ၊ အမိန့်သြဇာ ရှိသေးသည် ဆိုလျှင် ယနေ့ ခေတ် သံဃာတော်များသည် လွှတ်တော်ထဲ၌ တစုံတစ်ခုသော လုပ်ပိုင်ခွင့်အာဏာ ရှိသင့်သည်သာ။ မြန်မာနိုင်ငံ၌ သံဃာတော် အရေအတွက်သည် ၅၀၀၀၀၀ (ငါးသိန်း) ၀န်းကျင်ရှိ၏။ ထိုမျှလောက်များပြားသော သံဃာ့ အဖွဲ့အစည်း ကြီးသည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အောက်မှာ ရှိ၏။ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ၏ သာသနာရေးနှင့် ပတ်သက်သော ညွှန်ကြားလွှာများသည် လွှတ်တော်ထဲ၌ သက်ရောက်မှုရှိကို ရှိစေရ မည်။ ရှိလည်း ရှိသင့် ပေသည်။
ဗုဒ္ဓစာပေတည်တံ့မှ ပုဂံယဉ်ကျေးမှုတည်တံ့မည်ဖြစ်သောကြောင့် မြန်မာကိုချစ်သော မြန်မာလူမျိုးမှန်သမျှသည် ဗုဒ္ဓစာပေကို အသက်တမျှ တန်ဖိုးထားရပေမည်။ ဗုဒ္ဓစာပေကွယ်ပျောက်လျှင် ပုဂံယဉ်ကျေးမှု ကွယ်ပျောက်သွားပေမည်။ ပုဂံယဉ်ကျေးမှု ကွယ်ပျောက်လျှင် မြန်မာ့ယဉ်ကျေးမှုလည်း ကွယ်ပျောက်သွားပေမည်။ မြန်မာ့ယဉ်ကျေးမှုကွယ်ပျောက် သွားလျှင် မြန်မာလူမျိုး ဆိုသည်မှာလည်း ကွယ်ပျောက်သွားမည်ဖြစ်၏။ သို့ဖြစ်ရကား အမျိုးဘာသာသာသနာ မကွယ်ပျောက်ဖို့ အတွက် တက်ညီလက်ညီ ကြိုးစားသင့်ပေသည်တကား။
သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ (စစ်ကိုင်း)

စာရေးသူ၏ဘလော့ဂ်စတင်ရေးခဲ့စဉ်က အရှင်ဒေ၀ိန္ဒာဘိဝံသ၏ ဆောင်းပါးများဖြင့် စတင်ခဲ့သည်။ သူ၏ဆောင်းပါးများသည် များသောအားဖြင့် ပြုပြင်ရေးဆောင်းပါးများဖြစ်သဖြင့် အလွန်တန်ဖိုးရှိသည်။ လူကြိုက်များသော ဆန်းဒေးစကူးလ် (Sunday School) ကဲ့သို့သော ဆောင်းပါးများစွာ တင်ခဲ့ဖူးသည်။ သူ၏ဆောင်းပါးများ မတင်ခဲ့ဖြစ်သည်မှာ အလွန်ကြာပြီ ဖြစ်သည်။ စာရေးသူသည် ကြာမြင့်စွာက ရောက်ရှိလာသော သူ၏ဆောင်းပါးကို မတင်ဖြစ်ခဲ့။ ယနေ့တော့ သူ၏ ကျေးဇူးများလှသည့် ဆောင်းပါးတစ်ပုဒ်ကို တင်လိုက်ရပါတော့သတည်းးးး။

ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၅-၂၀၁၂

16 May 2012

May 16 မွေးနေ့

(မေ-၁၆ရက်နေ့မွေးဖွားသူများအတွက် အမှတ်ရ မွေးနေ့လက်ဆောင်)

အသက်ထက်ဆုံး မမေ့ကောင်းရာ
စာမိတ်ဆက်
ဧရာဝတီစာကြည့်တိုက်၏ ဘလော့ဂါ စာရေးဆရာ (May16) တစ်ယောက်က မေလ ၁၆ ရက်နေ့ဟာ သူမရဲ့ မွေးနေ့ဖြစ်ပါတယ်၊ မွေးနေ့အတွက် ဆုံးမစာလေးတစ်ပုဒ်လောက် ရေးပေးပါဟု လျှောက်ထားလာသည်၊ စာရေးသူလဲ ဘာရေးရမှန်းမသိ၊ ဒီလိုနဲ့ ညနေပိုင်း အလုပ်အားချိန်လေး စာလေးတွေ လျှောက်ဖတ်ရင်းက သူ့အတွက် မွေးနေ့ပို့စ်လေးတစ်ပုဒ် အစောတလျင် ဖန်တီးလိုက်ရသည်၊ မနက်ဖန်ဆို မေ ၁၆ ရက် ဖြစ်နေတာကိုးး။ လောကမှာ လူတွေ အများစုက ကိုယ့်ရဲ့ မွေးနေ့ကို အမှတ်ရစမြဲ ဖြစ်ကြပါတယ်။ ဘယ်ပုံ ဘယ်လိုနည်းတွေနဲ့ အမှတ်ရနေသင့်သနည်း?????? လောကမှာ အမြဲတမ်း အမှတ်ရထိုက်တဲ့ နေရာ သုံးနေရာရှိတယ်ဆိုတာလေးနဲ့ပဲ May16အတွက် မွေးနေ့ပိုစ်လေးကို အစပြုလိုက်ပါသည်။

တိုင်းပြည်ဘုရင်၏ တစ်သက်တာမှတ်တမ်း
(၁) တိုင်းပြည်မင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်သည်သူ၏ မွေးဖွားရာ အချိန်ကို ဘယ်တော့မှ မမေ့သင့်ပါဘူး ဘယ်နေ့ ဘယ်အချိန် ဘယ်နက္ခတ်နဲ့ ယှဉ်ပြီးမွေးခဲ့တယ်ဆိုတာ မမေ့သင့် မမေ့အပ်၊ အမြဲတမ်း အမှတ်ရနေရမည်။ မွေးနေ့ မွေးရက်သည် ပထမ အချက်အနေနဲ့ တစ်သက်တာမှတ်တမ်း ဖြစ်နေရမည်။ (၂) ဒုတိယအချက်အနေနဲ့ ဘယ်နေ့ ဘယ်အချိန်မှာ တိုင်းပြည်ရဲ့ အာဏာကို လက်ခံပြီး ဘုရင်အဖြစ် ခံယူသလဲဆိုတာကိုလဲ တစ်သက်တာ မှတ်တမ်းအဖြစ် ရှိနေရပါမည်။ (၃) တတိယ အချက်ကတော့ ဘုရင့်ရဲ့ အောင်ပွဲခံတဲ့နေ့ဖြစ်ပါတယ်၊ ရန်သူကို တွန်းလှန်နိုင်တဲ့ နေ့ကို တစ်သက်တာ မှတ်တမ်းအဖြစ် ရှိနေရပါမည်။

ရဟန်းတော်၏ တစ်သက်တာမှတ်တမ်း
ထိုနည်းတူစွာ ရဟန်းတော်တွေမှာလဲ တစ်သက်တာမှတ်တမ်းအဖြစ် ရှိနေရမည်မှာ--(၁) ရဟန်းတော်များသည် ဘယ်နေ့ ဘယ်အချိန် ဘယ်မှာ ရဟန်းဖြစ်တယ်ဆိုတာကို တစ်သက်တာမှတ်တမ်း (ရဟန်း ရက်ချုပ်) ရှိနေရမည်၊ ဘယ်တော့မှ ရဟန်းဖြစ်သည့် နေ့ ရက်တို့ကို မမေ့အပ်။ (၂) အသိဥာဏ် အထူး ရသည့်အချိန်သည် ရဟန်းတော်များအတွက် တစ်သက်တာ မှတ်တမ်းဖြစ်သည်။ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ငါ သစ္စာ (အမှန်) တရားကို သိပြီဆိုတာကို မမေ့အပ်။ (၃) အလားတူပဲ ဘယ်အချိန် ဘယ်နေရာမှာ စိတ်ညစ် စိတ်ရိုင်း (ကိလေသာ) တွေ အားလုံး ရှင်းသွားပြီဆိုတာသည် တတိယအနေနဲ့ ရဟန်းတော်တွေအတွက် တစ်သက်တာ မှတ်တမ်းဖြစ်သည်။

သာမန်လူသားများ တစ်သက်တာ မှတ်တမ်း
(၁) ထိုနည်းတူစွာ စာရေးသူတို့လို သာမန် လူသားတွေလဲ တစ်သက်တာ မှတ်မိနေရမည့် အချက်များ ရှိပါသည်။ နံပတ် (၁)က ကိုယ့်ရဲ့ မွေးနေ့ပါပဲ၊ လူတိုင်းက ကိုယ့်ရဲ့ မွေးနေ့ မွေးရက် မွေးလကို တသက်တာမှတ်တမ်းအဖြစ် မှတ်ထားကြစမြဲဖြစ်ပါသည်။ ကိုယ့်ရဲ့မွေးနေ့ကို ပုံစံအမျိုးမျိုး ပုံဖော် မှတ်မိစေခဲ့ကြသည်။ တချို့ကတော့ မွေးနေ့အတွက် ပါတီပွဲတွေ ပြုလုပ်ပြီး ပုံဖော် အမှတ်ရစေကြပါတယ်၊ တချို့ကတော့ မွေးနေ့ပွဲကို သူငယ်ချင်းတွေ စုစည်းပြီး ပါတီပွဲလေးလုပ်ပြီး အမှတ်ရစေကြပါတယ်။ တချို့ကြတော့ ရိုးရာဓလေ့လေးတွေနဲ့ မွေးပွဲကို ဆင်နွဲ အမှတ်ရစေကြပါတယ်။ တချို့ကြပြန်တော့ ပေးကမ်းခြင်း စွန့်လွတ်ခြင်းတွေနဲ့ မွေးနေ့ပွဲကို အမှတ်ရစေကြပါတယ်၊ ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းကပ်မယ်၊ မနက်စောစော သံဃာတွေ ဆွမ်းလောင်းမယ်၊ ဘိုးဘွားရိပ်သာ သွားပြီး အဘိုးအဘွားတွေကို ပြုစုမယ် လှူမယ်၊ ခိုကိုးရာမဲ့ မိဘမဲ့ဂေဟာတွေမှာ သွားပြီး အလှူပေးမယ်၊ ဆင်းရဲနွမ်းပါးတဲ့ သူတွေကို ပေးကမ်းမယ်။ တချို့ကြတော့ ဘုရားသွားပြီး အဓိဌာန်ပုတီးစိပ်တာတို့ ပရိတ်ရွတ်တာတို့ ပဋ္ဌာန်းရွတ်တာတို့ ဘုရားသန့်ရှင်းရေးလုပ်တာတို့ ဘုရားရှင်အား ပန်း ရေ မီး လှူတာတို့ ပြုလုပ်လေ့ရှိကြတယ်၊ တချို့ကြတော့ ငှက်ကလေးတွေကို အသက်စေ့ဝယ်ပြီး လွတ်ကြတယ်၊ တချို့ကတော့ ငါးကန်သွားပြီး ငါးလွတ်ကြတယ်၊ ဤနည်းအားဖြင့် ပုံစံအမျိုးမျိုးနဲ့ မိမိရဲ့ မွေးနေ့ကို ပုံဖော် အမှတ်တရ ဖြစ်စေကြသည်။ တချို့ကတော့ ကြာကြာစံရအောင် ကြာဇံတောင် တိုက်ကြသေးတယ်။ ဘလော့ဂါ စာရေးဆရာကိုယ်တိုင်က May16 ဆိုတဲ့ ကလောင်ကို အသုံးပြုပြီး သူ၏ မေ ၁၆ရက် မွေးနေ့ကို ပုံဖော် အမှတ်တရဖြစ်စေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့မွေးနေ့လေးကို အရက်ဝိုင်း၊ ကေတီဗီ (KTV) တွေ ညကလပ် (Night-club) တွေမှာ သွားပြီး အပျော်အပါးတွေနဲ့ မွေးနေ့ပွဲကို ဆင်နွဲမဲ့အစား မိမိရဲ့စိတ်ကလေးတွေ အေးချမ်းပြီး ကိလေသာကင်းတဲ့ စိတ်နဲ့ ကောင်းမှု ကုသိုလ်များဖြင့် မွေးနေ့ပွဲကို အမှတ်တရ ဖြစ်စေတာ အကောင်းဆုံး ဖြစ်ပါတယ်။

(၂) နောက် ဒုတိယတစ်ခုက သာရဏီဓမ္မလို့ ခေါ်တဲ့ တစ်သက်တာ အမှတ်ရစေရမည့် အလုပ်တွေကို အမှတ်ရဖို့လိုသည်။ ထိုအလုပ်တွေဆိုတာ ကာယကံ ၀စီကံ မနောကံတို့ဖြင့် ပြုလုပ်အပ်သော ကောင်းမှုများပင်ဖြစ်သည်။ စာပေက သာရဏီယ-တစ်သက်တာအမှတ်ရစေရမည့် အရာများကို ဤသို့ဆိုတယ်။ (က) မိတ်ဆွေ အပေါင်းအသင်းတွေ အပေါ် ကာယကံမေတ္တာ ထားခြင်း၊ ကိုယ့်အိမ်ရောက်လာတဲ့ ရဟန်းသဃာပဲ ဖြစ်ဖြစ်၊ ခရီးသွားဧည့်သည်ပဲ ဖြစ်ဖြစ် မေတ္တာရှေ့ရှုပြီး နွေးထွေးစွာ ကြိုဆို၊ နေရာထိုင်ခင်းပေး၊ ရေပူ ရေအေးပေး စသည်ဖြင့် ကိုယ်နဲ့ပြုလုပ်ရမည့် အလုပ်မှန်သမျှကို မေတ္တာဖြင့် ၀န်ဆောင်မှုပေးခြင်းသည် တစ်သက်တာ အမှတ်ရစေရမည့် (သာရဏီယဓမ္မ) အလုပ်ဖြစ်သည်၊ (ခ) မေတ္တာဖြင့် သူတော်ကောင်းစကား ပြောဆိုခြင်း၊ ဘုရားသွားမယ် ကျောင်းသွားမယ်၊ ကောင်းမှုပြုမယ် သီလဆောက်တည်မယ် စသည်ဖြင့် နှုတ်ဝစီဖြင့် ပြောဆိုခြင်းမျိုးကို တစ်သက်တာ အမှတ်ရစေမည့် တရားဖြစ်သည်။ အရက်ဆိုင်သွားမယ် ကေတီဗီသွားမယ် နှိုက်ကလပ်သွားမယ် ဆိုတဲ့ စကားမျိုးကား ထိုသာရဏီယ၏ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ (ခ) မေတ္တာစိတ် နှလုံးသွင်းခြင်းသည်လည်း ဘ၀မှာ တစ်သက်စာ အမှတ်ရစေမည့် တရားဖြစ်သည်။ အားလုံးသော သတ္တ၀ါတွေ ကျန်းမာပါစေ ချမ်းသာပါစေ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ကင်းဝေကြပါစေဆိုတဲ့ စိတ်ဖြင့်ပွားများသည့် အလုပ်သည် တစ်သက်စာ အမှတ်ရစေမည့် သာရဏီယဓမ္မဖြစ်သည်။ (ဂ) ရလာတဲ့ စည်းစိမ်ဥစ္စာများကိုလဲ ကိုယ်တစ်ယောက်တည်း မသုံးဘဲ သူတပါးထံမှ ဘာမှ မျှော်လင့်ချက်မထားဘဲ မျှဝေသုံးစွဲသည့် စာဂ-စွန့်ကြဲဝေငှခြင်းသည်လည်း တစ်သက်စာ အမှတ်ရစေမည့် တရားဖြစ်သည်။ (ဃ) ကိုယ့်ရဲ့ မကျိုး မပေါက်သည့် သီလသည်လည်း ဘ၀အတွက် အမှတ်တရ ဖြစ်စေမည့် တရားဖြစ်သည်။ (စ) ဂုဏ်ပကာသနတွေကြောင့် တစ်ယောက်နှင့် တစ်ယောက် အထင်သေး အမြင်သေးခြင်းမရှိဘဲ တန်းတူညီမျှ ပေါင်းသင်း ဆက်ဆံခြင်းသည်လည်း တစ်သက် အမှတ်ရစေမည့် အမှတ်တရ ဖြစ်သည်။

(၃) သတ္တ၀ါ အားလုံး မွေးပြီးရင် သေကြရမည်ဆိုတာကို သိပြီး လူအချင်းချင်း မာန်မာနကင်း ဣဿာရှင်းပြီး မေတ္တာ မုဒိတာ ကရုဏာစိတ်များ သွင်းကြရမည် ဖြစ်သည်။ ထို့ကြောင့် တတိယအနေနဲ့ တစ်သက်တာ အမှတ်ရစေရမည် အရာသည် သေခြင်းတရားပဲ ဖြစ်သည်။ သတ္တ၀ါတွေဟာ မွေးပြီး မုချသေရမည်၊ သူတို့ရဲ့ အသက်ရှင်တည်နေမှုဆိုတာ မမြဲ (မရဏံ မေ ဘ၀ိဿတိ၊ ဇီဝိတံ မေ အဒ္ဓုဝံ) ဟုသော မရဏဿတိ ဘာဝနာသည်လည်း ဘ၀မှာ တတိယ အနေနဲ့ အမှတ်ရစေရမှာ ဖြစ်သည်။ ထိုသို့ အမှတ်ရနေမှသာလျှင် လူလူချင်း စာနာ စိတ်ရှိပြီး မေတ္တာစိတ်ဖြင့် အချင်းချင်း ကူညီရိုင်းပင်ကြမည် ဖြစ်သည်။ သတ္တ၀ါတွေသည် သေရမည်ဆိုတာကို မေ့နေကြပြီး ဂုဏ်တူဂုဏ်ပြိုင် မာနတွေ၊ တစ်ယောက်၏ ကြီးပွားမှု အောင်မြင်မှု ပြည့်စုံမှုတွေကို မလိုလား မနှစ်သက် ဖျက်ဆီးသည့် ဣဿာတွေ ဖြစ်နေကြသည်။

နိဂုံး
ထို့ကြောင့် အားလုံးသော မွေးနေ့ရှင်တို့သည် မိမိတို့၏ မွေးနေ့ကို အမှတ်တရဖြစ်စေပြီး ကောင်းမှုကုသိုလ်များဖြင့် မွေးနေ့ကို ပုံဖော် အမှတ်တရ ဖြစ်စေနိုင်ကြပါစေ။ သာရဏီယတရားဟု ခေါ်ဆိုသည့် ကာယကံ မေတ္တာ ၀စီကံမေတ္တာ မနောကံ မေတ္တာ သီလစတဲ့ ကောင်းမှုများကိုလည်း အမှတ်တရဖြစ်စေဖို့လိုပါသည်။ နောက်ဆုံး ငါသည် နှစ်တစ်ရာအတွင်း သေရမှာပါလားဆိုတဲ့ အသိစိတ်ဖြင့် တိုတောင်းလှတဲ့ အသက်ရှင်နေသမျှကာလလေးမှာ ကောင်းမှုပါရမီများ ပြုလုပ်ပြီး ဘ၀ရဲ့ အစ အဆုံးကို အမှတ်တရ ဖြစ်နိုင်ကြပါစေကုန်သတည်းးးးးးးးးးးးးးးးး

မွေးနေ့ရှင် May16 သည် “မေလ ၁၆ ရက်နေ့” ရာပေါင်းများစွာ ပိုင်ဆိုင်ပါစေ။
ယနေ့မှ သည် နှစ်များစွာ ပျော်ရွှင် ချမ်းမြေ့ပါစေ၊
“ဟတ်ပီး ဘာ့သဒေး တူ ယူ” ဟူ၍ မြန်မာအသံနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၅-၅-၂၀၁၂

10 May 2012

သီတဂူဆရာတော်ကြီး မိန့်ခွန်းပြောသည့် ရွှေမင်းသား ဖောင်ဒေးရှင်း

(သီတဂူဆရာတော်ကြီး ကြွရောက် ချီးမြင့်)

ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက်နှစ်ပတ်လည်ပွဲ
(သီတဂူဆရာတော်ကြီး တက်ရောက် မိန့်ခွန်းပြော)


တာရာဝေယံ၊
ရန်ကုန်

မေလ ၉၊ ၂၀၁၂

ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက်နှစ်ပတ်လည်ပွဲကို ဒီနေ့နံနက် ၉း ၀၀ နာရီက ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ UMFCCI (စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်) ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို သီတဂူဆရာတော် ရှင်ဉာဏိဿရ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး၊ အနုပညာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ အနယ်နယ်အရပ်မှ မသန်မစွမ်းသူများ၊ အလှူရှင်များ ပရိသတ်စုစုပေါင်း တထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။
အပြည့်အစုံကို ဤနေရာတွင် ကြည့်နိုင်ပါသည်။
(ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု မိန့်ခွန်းစကားပြော)
သတင်းဓာတ်ပုံအားလုံးကို ဤနေရာမှ ကူးယူဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁၀-၅-၂၀၁၂


07 May 2012

ဗုဒ္ဓပူနိမာ (Buddha Purnima)

ဗုဒ္ဓပူနိမာ (Buddha Purnima)
စာမိတ်ဆက်

ဒီနေ့ ကဆုန်လပြည့်ကျော် (၁) ရက် တနင်္ဂနွေနေ့ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေမြတ် ဖြစ်သလို National Holiday တနိုင်ငံလုံး ရုံးပိတ်ရက်လဲဖြစ်သည်။ အိန္ဒိယမှာတော့ ဒီကနေ့ကို ဗုဒ္ဓပူနိမာ (Buddha Purnima) နေ့ဟု ခေါ်သည်။ ဝေသာခ နေ့ ဟုလဲ ခေါ်သည်။
ဒီကနေ့မှာပဲ ဘုံဘေမြို့ရှိ ဆရာကြီး ဂိုအင်္ကာ၏ ရွှေတိဂုံပုံစံတူဘုရားကြီးမှာ လူပေါင်း ၃၀၀၀ (သုံးထောင်) ဗုဒ္ဓပူဇနိပွဲ ကျင်းပမည်ဟု ကြားသိရသည်။ ထိုပွဲသို့မသွားမီ ဆရာကြီး ဂိုအင်္ကာ၏ တပည့် ဒကာ ၄ ယောက် စာရေးသူတို့ အဆောင် ရောက်လာကြသည်။ အဆောင်ရှိ မြန်မာရဟန်းတော် ၂၀ ပါးအတွက် ဆွမ်းဗူးများ၊ ဟင်းများ၊ သရက်သီးများ၊ ဆေးပစ္စည်းများ စသည် လာလှူသွားသေးသည်။
(အိန္ဒိယအစားအစာများဖြင့် နေ့ဆွမ်းကပ်ခြင်း၊ တရားဆွေးနွေးခြင်း)

စာရေးသူတို့လဲ ၈ ပါးသီလပေးပြီး ပရိတ်တရားများ ချီးမြင့်ပေးလိုက်သည်။ ထိုဒကာများသည် စာရေးသူ ဘုံဘေသို့ ရောက်ပြီး နှစ်ဝက်လောက်မှာပဲ သူ၏အိမ်သို့ မြန်မာရဟန်းတော်များကို အလှည့်ကျ ပင့်ပြီး တရားဆွေးနွေးခြင်း၊ ဆွမ်းကပ်ခြင်း၊ သင်္ကန်းများ လှူခြင်း စသည့် ကောင်းမှုအလုပ်များကို လုပ်ခဲ့ဖူးသည်။ ထိုစဉ်က အိန္ဒိလူမျိုးများ အတ္တကြီး ဇာတ်စနစ်ကြီးသည်ဟုထင်ခဲ့သော စာရေးသူမှာ ယခုလို စာရေးသူတို့ ရဟန်းတော်များကို တရိုတသေ ဝေယျာဝေစ္စပြုနေတာကို မြင်ပြီး အံ့သြမိခဲ့သေးသည်။ တကယ်တော့ ဒီမိသားစုသည် ပညာတတ်၊ ဥစ္စာပေါ၊ မျိုးရိုးမြင့်မားသူများ ဖြစ်ကြသည်။ သို့ပေမဲ့ အိမ်သို့ ကြွလာတဲ့ သံဃာတွေကို ခြေဆေးပေးခြင်း၊ ခြေသုတ်ပေးခြင်းများကို တရိုတသေ ကျကျနနကို ပြုလုပ်ပေးနေသည်မှာ အံ့သြမိသည်၊ စာရေးသူတို့ နိုင်ငံမှာတောင် အဲဒီလောက် လုပ်လေ့မရှိ၊ စာရေးသူတို့ နိုင်ငံမှာတော့ အိမ်ပေါက်ကနေ အ၀တ် တခုခုဖြင့် ခြေသုတ်ပေးလေ့ရှိသည်ကိုတော့ တွေ့ရသည်။

မြတ်ဗုဒ္ဓကြွလာသော် သို့မဟုတ် မထေရ်ကြီးတစ်ပါးပါး ကြွလာသော် ရဟန်းတော်များက ခရီးဦးကြိုဆိုကြသည်၊ ခြေဆေးခြင်း ခြေသုတ်ပေးခြင်း၊ ခြေဆုပ်လက်နယ် ပြုပေးခြင်းများကို ပြုလေ့ရှိသည်။ ယနေ့ သံဃာတော်များကို ခြေဆေးပေးခြင်း၊ ခြေသုတ်ပေးခြင်း စတဲ့ နိဝါတမင်္ဂလာ၊ ဝေယျာဝေစ္စကုသိုလ်တွေ ပြုနေခြင်းမှာလဲ အိန္ဒိယနိုင်ငံက အစပြုခဲ့သည်။ ထိုအိန္ဒိယပြည်ကြီးမှာပဲ ပျောက်ကွယ်လုဖြစ်သော ထိုဗုဒ္ဓလက်ထက်က အလေ့အထလေးတွေ ပြန်မြင်ရတော့ မည်သူမဆို ပီတိဖြစ်မိသည်မှာ အမှန်ပင်။
ထူးခြားသောနေ့နှင့် ထူးခြားသော ကောင်းမှုပြုသူတို့အတွက် ဂုဏ်ပြုသောအားဖြင့် မှတ်စုကလေး ရေးဖြစ်လိုက်သည်။
(ဗုဒ္ဓပူနိမာနေ့ ရောက်လာသော အိန္ဒိယဗုဒ္ဓဘာသာ သီလယူ ပရိတ်တရားနာ)
(သီလယူ၊ ပရိတ်တရားနာယူစဉ်)

မြန်မာ့ဗုဒ္ဓနေ့
စာရေးသူတို့ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ အားလုံးကတော့ ကဆုန်လပြည့်နေ့ကိုပဲ “ဗျာ ဖွား ပွင့် စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့”၊ “လပြည့်နေ့ ဗုဒ္ဓနွေကဆုန်“ စသည်အားဖြင့် ကဆုန်လပြည့်နေ့ကို ပဲ ဗုဒ္ဓနေ့ဟု သက်မှတ်ကြသည်။ ထိုနေ့အတွက် မြန်မာပြည်သူတွေအတွက် National Holiday ပဲ ဖြစ်ပါသည်။
၁။ မြတ်ဗုဒ္ဓအလောင်း ဒီပင်္ကရာ မြတ်စွာဘုရားထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟုသော ဗျာဒိတ်ရခဲ့သည်မှာလဲ ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။
၂။ လွန်ခဲ့သော ၂၆၃၅ ခုနှစ်က ခမည်းတော် သုဒ္ဓေါဓန မယ်တော် မဟာမာယာတို့မှ မြတ်ဗုဒ္ဓ ဖွားမြင်ခဲ့သည်မှာလဲ ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။
၃။ လွန်ခဲ့သော ၂၆၀၀ ခုနှစ်က မြတ်ဗုဒ္ဓ သဗ္ဗညုတဥာဏ်ရ ဘုရားအဖြစ်သို့ ရောက်သည်မှာလဲ ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။
၎။ လွန်ခဲ့သော ၂၅၅၅ ခုနှစ်က မြတ်ဗုဒ္ဓ ဘ၀ဇာတ်သိမ်း၍ ခန္ဓာချုပ်ငြိမ်းရာ နေ့သည်လဲ ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။

ထို့ကြောင့် မြတ်ဗုဒ္ဓ၏ ထူးခြားဖြစ်စဉ် ၄ ရပ်တို့သည် ကဆုန်လပြည့်နေ့မှာ ဖြစ်သောကြောင့် ထိုလ ထိုနေ့ ထိုရက်ကို Holy Day မြတ်သောနေ့ သို့မဟုတ် ဗုဒ္ဓနေ့ဟု သက်မှတ်ခဲ့ကြသည်။ ထိုနေ့လေးတွေကို အမှတ်ရ ကြည်ညိုပြီး ဗုဒ္ဓါနုဿတိဖြစ်အောင်နှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာဝင်တို့၏ ကဆုန်လပြည့်ကျော် (၁) ရက်မှာ ပြုလုပ်သည့် ဗုဒ္ဓပူနိမာသည် ထိုလေးရက်ကို ပူဇော်သည်ဟု ဗဟုသုတအဖြစ် ထပ်မံ မှတ်သားလိုက်ရပါသည်။

International Holiday ကမ္ဘာ့အားလပ်ရက်နေ့
ကမ္ဘာမှာ အင်အားကြီးဘာသာများရဲ့ နေ့ထူးတွေကိုတော့ International Holiday ကမ္ဘာ့အားလပ်ရက်နေ့ဟု သက်မှတ်ပေးထားသည့်အတွက် ကိုယ့်နိုင်ငံမှာ မပြောပါးလောက်တဲ့ ထိုဘာသာလေးတွေအတွက် ထိုနေ့ ထိုရက်အတွက် အားလပ်ရက်တွေ ပေးခဲ့ရသည်။ ကိုယ့်နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းသော ပြည်သူတွေရဲ့ ကိုးကွယ်ရာ ဘာသာ၊ ထိုင်း၊ သီဟိုဠ်၊ လာအို၊ ကမ္ဗောဒီယားစသော ထေရ၀ါဒဗုဒ္ဓဘာသာပြည်သူတွေအတွက်ကား National Holiday ကိုယ့်ပြည်တွင်းလောက်မှာသာ ရုံးပိတ်ရက်အဖြစ် သက်မှတ်ထားသည်ကို တွေ့ရသည်။
မြန်မာ၊ ထိုင်း၊ သီဟိုဠ်၊ လာအို၊ ကမ္ဗောဒီယားသော ထေရ၀ါဒဗုဒ္ဓဘာသာပြည်သူတွေနှင့် တရုပ်၊ ဂျပန်၊ ကိုရီးယား၊ အနောက်နိုင်ငံစတဲ့ နိုင်ငံတွေမှာရှိတဲ့ မဟာယာနဗုဒ္ဓဘာသာပြည်သူတွေ၊ ဤမျှလောက် ဗုဒ္ဓဘာသာ လူဦးရေများပြားပါလျှက် International Holiday ကမ္ဘာ့အားလပ်ရက်နေ့အဖြစ် မသက်မှတ်ပေးသနည်း? ဟု ဗုဒ္ဓဘာသာများအတွက် စဉ်းစားစရာဖြစ်သည်။ နိုင်ငံတကာ ပေါက်ရောက်သည့် ဗုဒ္ဓဘာသာ ဆရာတော်များနှင့် လူပညာရှိ အချို့က ကဆုန်လပြည့်နေ့ကို International Holiday ကမ္ဘာ့အားလပ်ရက်နေ့အဖြစ် သက်မှတ်ဖို့ တောင်းဆိုးထားသည်ဟုလဲ ကြားဖူးနေသည်။ ထိုနေ့ကို တကမ္ဘာလုံး အသိအမှတ်ပြုနိုင်အောင် ပြုလုပ်ဖို့ရန်ကား ဗုဒ္ဓဘာသာတိုင်းမှာ တာဝန်ရှိသည်။ သက်ဆိုင်ရာသို့ အလျှင်အမြန် တွန်းအားပေးသင့်သည်။
(ပထမဆုံးအကြိမ် အိမ်မှာ ပင့်ပြီး သင်္ကန်းများ ကပ်လှူစဉ်)

နိုင်ငံတကာ ဗုဒ္ဓနေ့
နိုင်ငံအလိုက် ကဆုန်လပြည့်နေ့ကို အောက်အတိုင်း ထူးခြားစွာ နာမည်ပေး ပူဇော်ကြသည်ကို တွေ့ရသည်။
၁။ ဘင်္ဂလာဒေ့ရှ်မှာတော့ ဗုဒ္ဓေါပူညိမ (Buddho Purnyima) ဟူ၍၎င်း၊ ဗုဒ္ဓေါဇောယန္တိ (Buddho Joyonti)
၂။ ကမ္ဗောဒီယားမှာတော့ ဝေဆက် ဘောဆ (Vesak Bochea)
၃။ တရုပ်မှာတော့ စကားပြောဟန်အနေနဲ့ ဖာ့တ် ဒါန် (Fat Daahn)
၎။ အင်ဒိုနီးရှားမှာ ဝေဆက် (Waisak)
၅။ ဂျပန်မှာ ဟန်မက်ဆုရိ ( Hanmatsuri)
၆။ ကိုရီးယားမှာ ဆီယိုက္က တန်ရှင်-အိ (Seakka Tanshin-il)
၇။ လာအို့စ်မှာ ၀ိဆက်ခ ဘောစ(Vixakha Bouxa)
၈။ မလေးရှားမှာ ဟာရိ ဝေဆက်ခ (Hari Vesak)
၉။ မြန်မာမှာ ကဆုန်လပြည့်နေ့ (Kason Full Moon Day)
၁၀။ သီရိလင်္ကာမှာ ဝေဆက်ခ (Wesak)
၁၁။ ထိုင်းနိုင်ငံမှာ ၀ိသာခ ပူဇ သို့မဟုတ် ဝေဆက် ပူဇ (Wisakkha Bucha or Viskah Puja)
၁၂။ တိဘက်မှာ သာဂဒ၀ (Saga Dawa)
၁၃။ ဗိယက်နမ် မှာ ဖတ်ဒန် (Phat Dan)
၁၄။ အိန္ဒိယမှာတော့ ဗုဒ္ဓပူနိမာ (Buddha Purnima) ဗုဒ္ဓဇယန္တိ (Buddha Jayanti)
၁၅။ နီပေါနိုင်ငံမှာ ဗုဒ္ဓပူနိမာ (Buddha Purnima) ဗုဒ္ဓဇယန္တိ (Buddha Jayanti)ဟု အမျိုးမျိုး ခေါ်သည်။ အများစုကတော့ ပါဠိစကားလုံ ဝေသာခ (ကဆုန်လ) ကို ယူ၍ မိမိတို့နိုင်ငံသုံးဘာသားစကားဖြင့် မွေးစားသုံးထားကြသည်၊ တချို့ကတော့ ကိုယ့်နိုင်ငံ၏ဘာသာစကားဖြင့် သုံးထားကြသည်ကို တွေ့ရသည်။
http://en.wikipedia.org/wiki/Vesak မှ ကူးယူထားသည်။ အပြည့်စုံကို ထိုလင့်ခ်တွင် ကြည့်နိုင်ပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၆-၅-၂၀၁၂

06 May 2012

အမေရိကန် ရွှေစည်းခုံစေတီနှင့် သီတဂူဗုဒ္ဓ၀ိဟာရ


(ရွှေစည်းခုံစေတီတော်ကြီးနှင့် ဓမ္မာရုံ)


အမေရိကန် ရွှေစည်းခုံစေတီနှင့် သီတဂူဗုဒ္ဓ၀ိဟာရ
သီတဂူဗုဒ္ဓ၀ိဟာရ

သီတဂူဗုဒ္ဓ၀ိဟာရ သည် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင် အနောက်တောင်ပိုင်းမှာ တည်ရှိသည်။ ၁၆ ဧက အကျယ်ရှိသည်။ အော်စတင်မှာတော့ အကြီးဆုံးဗုဒ္ဓဘာသာ ကျောင်းတိုက်ကြီး ဖြစ်မည်။ တောအုပ်ကြီးသဖွယ် ကမ္မဋ္ဌာန်းကျောင်းကြီး ဖြစ်သဖြင့် သား ငှက် တိရစ္ဆာန်များ၏ စားကျက် နားခိုရာဖြစ်သလို ကမ္မဋ္ဌာန်းတရားအားထုတ်လိုသူများအတွက် အလွန်တိတ်ဆိပ် အေးချမ်းသည့် တောရကျောင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးပွဲ ပြုလုပ်ရာ နေရာလည်းဖြစ်သည်၊ ထိုကျောင်းတိုက်ကြီးသည် ၁၉၉၆ ခုနှစ်ကထဲက အမေရိကန်ရှိ ဓမ္မကို စိတ်ဝင်စားသူများအတွက် ထေရရ၀ါဒဗုဒ္ဓဘာသာ သင်တန်းများနှင့် လက်တွေ့အားထုတ်သူတို့အတွက် ဌာနကြီးတစ်ခု ဖြစ်လာသည်။ ထိုကျောင်းတိုက်ကြီးကို စေတီ ဓမ္မာရုံ၊ ထေရာဝါသ၊ ကထိက၊ ရုံးခန်း၊ ထမင်းစားခန်း၊ စာကြည့်တိုက်၊ ကမ္မဋ္ဌာန်ဆောင် စသည်ဖြင့် အဆောင် ပေါင် ၄၀ ကျော်တို့ဖြင့် တံဆာ ဆင်ထားသည်။
(စေတီတော်ကြီး တည်ဆောက်နေပုံ)
ရွေစည်ခုံ စေတီတော်ကြီး
မြန်မာနိုင်ငံမှ ရွှေစည်ခုံစေတီတော်ကြီး၏ ပုံတူ ဥာစ်တော် အမြင့် ၅၄ ပေရှိ အမေရိကန် ရွေစည်ခုံ စေတီတော်ကြီးကို ဓမ္မသဘာအဆောင်နှင့် တွဲဖတ်ပြီး အမေရိကန်ဒေါ်လာ သိန်း ၂၀ ကျော် ကုန်ကျခံပြီး တည်ဆောက် ပူဇော်သည်။ တသီးပုဂ္ဂလ ကုသိုလ်ရှင်များနှင့် အသင်းအဖွဲ့များ၏ ကုသိုလ်များဖြင့် တည်ဆောက်သည်။ ထိုစေတီတော်ကြီသည် ယခုအခါ ပြီးလုနီးပါး ဖြစ်နေသည်။

ထိုစေတီအတွက် ရှေ့ဆက်မည့် အစီးအစဉ်များကိုလည်း တာဝန်ခံဆရာတော်ထံမှ သိရသည်။
၁။ ၂၀၁၂ မေလ (၅) ရက် နံနက် ၉ နာရီအချိန်တွင် အထက် ပစ္စယံ ဌာပနာပိတ်ပွဲ ကျင်းပမည် ဖြစ်ရာ ဘုရားရှင်၏ ဓာတု စေတီ၊ ဥဒ္ဒိဿ စေတီ၊ ပရိဘောဂ စေတီ၊ ဓမ္မစေတီများနှင့် အနှိုင်းမဲ့မြတ်ဗုဒ္ဓကို ပူဇော်ရန် ရွှေ ငွေ ကျောက်တန် ပတ္တမြားကို သွားရောက် ပူဇော်နိုင်ပါသည်။
၂။ ၂၀၁၂ ဇွန်လ (၃) တနင်္ဂနွေနေ့တွင် ရတနာ စီခြယ်ထားသော ရွှေထီးတော် တင်လှူပွဲ ကျင်းပမည် ဖြစ်သည်။
၃။ ၂၀၁၂ အောက်တိုဘာလ (၂၇-၂၈) ရက်နေ့များတွင် ရွှေစည်ခုံစေတီတော်ကြီး အောင်မြင်ကြောင်း ပူဇော်များကို ခန်းနားစွာ ကျင်းပမည် ဖြစ်သည်။

(May 5, 12 - 9:00 a.m Upper Level Enshrinement Ceremony for Sitagu Shwezigon Pagoda relics, valuables, sacred texts and other sacred objects.
Jun 3, 12 - Sunday Umbrella Setting Up Ceremony for Sitagu Shwezigon Pagoda
Oct 27-28, 12 Final Inauguration Ceremony for Sitagu Shwezigon Pagoda)
(ယောဂီဆောင်များ)

ကျောင်းဆောင်များ
ယခုအခါ ထိုသီတဂူဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကြီးကို--၁၊ ရွှေစည်ခုံစေတီကြီး ၂၊ ဓမ္မသဘာ စုပေါင်း ကမ္မဋ္ဌာန်းအားထုတ်ရာ ပင်မအဆောင်ကြီး ၃၊ ဆရာတော်ကြီး သီတင်းသုံးရာ ထေရာဝါသအဆောင်၊ ၄။ လက်ထောက် ကျောင်းထိုင်းဆရာတော် အဆောင်၊ ၅။ ဆရာ ကထိကများအဆောင်၊ ၆။ စာကြည့်တိုက်၊ ၇။ အမျိုးသား ယောဂီအဆောင် အကြီး ၄ နှင့် အဆောင်ငယ် ၈ဆောင်။ ၈။ အမျိုးသမီးယောဂီအဆောင် အကြီး ၄ နှင့် အဆောင်ငယ် ၈ ခု၊ ၉။ ထမင်းစားဆောင်၊ ၁၀။ မီးဖိုအဆောင်၊ ၁၁။ရေချိုခန်း အိမ်သာများစသည်ဖြင့် အဆောင်ပေါင်း ၄၀ ကျော်တို့ဖြင် တံဆာဆင်ဆဲ ဖြစ်သည်။ တကမ္ဘာလုံးရှိ ကုသိုလ်ရှင်လဲ အသီးအသီး တာဝန်ယူကြပြီး ဖြစ်သည်။

ကျောင်းဆောင်များကို နာမည်ပေးရာမှာ အမျိုးသားယောဂီဆောင်များကို ဘုရားရှင်၏ တပည့်ကြီးများဖြစ်ကြသော အရှင်မဟာကဿပ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန် အရှင်အာနန္ဒ စသော မထေရ်တို့ကို ပူဇော် ဂုဏ်ပြုသောအားဖြင့် ထိုမထေရ်တို့၏ ဘွဲ့တော်များကို ကျောင်းဆောင်အမည်ပေးထားခြင်း၊ အမျိုးသမီးယောဂီဆောင်များကိုလဲ ဘုရားရှင်၏တပည့် အမျိုးသမီး အာဇာနည်များကို ဂုဏ်ပြုသောအားဖြင့် ခေမာ၊ ဥပ္ပလ၀ဏ်၊ ပဋာစာရီ၊ ဓမ္မဒိန္နာ စသည်ဖြင့် အမည်ပေးထားခြင်း၊ ဘုရားရှင်လက်ထက်တော်မှ စ၍ ယနေ့အထိ သာသနာတွင် အထင်ရှားဆုံး ကျောင်းတိုက်ကြီးများဖြစ်ကြသော ဇေတ၀န်၊ ပုဗ္ဗာရုံ၊ ဝေဠုဝန်၊ မဂဒါဝုန် စသည်တို့ကို ဂုဏ်ပြု ပူဇော်သောအားဖြင့် လက်ထောက်ဆောင် ကထိကအဆောင်များကို ထိုနာမည်များ ပေးထားသည်မှာ အလွန့်လွန်ကိုပဲ ကြည်နူးဖွယ်ကောင်းလှသည်။
(ဒေါက်တာဂုဏရတန သက်တော်ရှည် အမေရိကန် သီရိလင်္ကာဆရာတော် လာရောက် အားပေး)

At the Sitagu Buddhist Vihara in Austin Texas, the monestary is building a duplicate Shwe Zi Gon Pagoda 1/3 scale along with a meditation center, library, hall and monks quarters. It is not only a massive construction project but it is also a challenging artistic feat. To accomplish this task master craftsmen from both Burma and the US have converged on this monestary and are duplicating every detail including sculptures, shrines, and tiles that adorn the original temple.
This pagoda is literally being handcrafted from scratch and when it is completed it will truly be a work of art since the artists are using temple building skills that were handed down from one generation to the next. And they are doing it all out of kindness and consideration for fellow Buddhists.
(တမ္မ၀တီ ဦးဝင်းမောင်၏ လက်ရာများ)

For more information:
ဆက်သွယ်ရန်--
Ariyadhamma, Ashin, Dr.
Assistant of Sitagu Sayadaw
In Charge of Sitagu Missionary Association in USA
Theravada Dhamma Society of America
Sitagu Buddhist Vihara
9001 Honeycomb Dr.
Austin, TX 78737
(ကျောင်းဒကာ ဒကာမများ၊ ကျောင်းတော်ကြီးတည်ဆောက်သူများ အမှတ်တရ)

အမေရိကန်ရောက်ရင် ထိုသေသပ်လှပ သာယာသော ကျောင်းတိုက်ကြီးကို ရောက်ဖြစ်အောင် သွားလိုက်ကြပါကုန်သတည်းးးးးးးးးးးးးးးးးးးး

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၃-၅-၂၀၁၂

01 May 2012

သီတဂူ ရက် ၄၀ နွေရာသီ ဗုဒ္ဓဓမ္မသင်တန်း



(ကျောင်းသားများလက်ခံစဉ်)

သီတဂူ ရက် ၄၀ နွေရာသီ ဓမ္မသင်တန်း
သီတဂူသာသနာပြုအဖွဲ့အောက်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ပညာရေးကဏ္ဍတွင် လူဝတ်ကြောင်အများအတွက် အထူး ဗုဒ္ဓဓမ္မသင်တန်းလည်း စစ်ကိုင်းမှ စတင်ကာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူသာသနာပြုအဖွဲ့အောက်ရှိ သီတဂူကျောင်းများတွင်လဲ နွေရာသီဗုဒ္ဓဓမ္မသင်တန်းတွေကို ဖွင့်လှစ်သင်ကြားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုနှစ်မှာတော့ ၂၀၁၁/၂၀၁၂ ပညာသင်နှစ်က စပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် လူဝတ်ကြောင်များအတွက် အထူးသင်တန်းများ စတင်ခဲ့သည်၊ သီတဂူဆရာတော်ကြီး ကိုယ်တိုင် အချိန်ရသလောက် ၀င်ရောက် သင်ကြားပေးခဲ့သည်။ သီတဂူတပည့် ဒေါက်တာအရှင်မြတ်များကလဲ ဘာသာရပ်အလိုက် တာဝန်ယူကာ ၀င်ရောက် ပို့ချသည်ဟု ကြားသိရသည်။

ယခုနှစ်မှာလဲ တိုးချဲ့ပြီး နွေရာသီ ဗုဒ္ဓဓမ္မသင်တန်းများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် စတင်ပို့ချနေပြီ ဖြစ်ပါသည်။ စာရေးသူသည် ထိုသင်တန်းနှင့်ပတ်သက်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် ပညာရေးတာဝန်ခံ ဖြစ်သော ဒေါက်တာအရှင်ပညာသီဟာလင်္ကာရအား မေးလျှောက်ခဲ့သည်။ သူက အောက်ပါအတိုင်း စနစ်တကျအစီအစဉ်များကို ပြောပြသည်။
(စာသင်ခန်းထဲဝင်ရန် စောင့်ဆိုင်းနေကြသော ကျောင်းသား ကျောင်းသူလေးများ)

ဗုဒ္ဓဓမ္မသင်တန်း ရည်ရွယ်ချက်
သီတဂူ နွေရာသီဗုဒ္ဓဓမ္မသင်တန်းကို အောက်ပါရည်ရွယ်ချက်တွေနဲ့ ၁၃၇၄-ခုနှစ်၊ တကူးလကွယ်၊ သောကြာနေ့၊ (ဧပြီလ ၂၀-ရက်၊ ၂၀၁၂-ခုနှစ်၊) နေ့လည်-၁-နာရီအချိန်မှာ ၄၀-ရက်သင်တန်း ဖွင့်ခဲ့ပါတယ်ဘုရား။
၁။ အခြေခံလူ့ကျင့်ဝတ်စည်းကမ်းကို နားလည်လိုက်နာစေခြင်း၊
၂။ ဘာသာကြီးလေးရပ်တို့ကို နားလည်သဘောပေါက်စေခြင်း၊
၃။ ခေတ်အဆက်ဆက်က ပညာရှင်တို့၏အဆိုအမိန့်များကို ပြန်လည်သုံးသပ်ဝေဘန်တတ်စေလိုခြင်း၊
၎။ တကိုယ်ရေတကာယ သန့်ရှင်းစေပြီး ကျန်းမာရေးကို ဂရုစိုက်တတ်စေလိုခြင်း၊
၅။ မူးယစ်ဆေးဝါးများနှင့်မှုခင်းများအကြောင်းကို နားလည်စေပြီးရှောင်ရှားတတ်စေလိုခြင်း၊
၆။ လူမှုရေး၊ ဘာသာရေး၊ ပညာရေးပိုင်းတို့ကို လေ့လာရေးခရီးထွက်ပြီး လေ့လာဆည်းပူးစေလိုခြင်း၊
၇။ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေလိုခြင်း-တို့ဖြစ်ပါတယ်ဘုရား။
(သင်တန်းအတွင်းက ကျောင်းသား ကျောင်းသူလေးများ)

အတန်းလိုက် သင်တန်းများ
ကလေးများကို ငါးတန်းကနေ ဘွဲ့ရပြီးသည်အထိ လက်ခံပါတယ်။ စာသင်ခန်းများကိုတော့ အခန်းခြောက်ခန်းခွဲပြီးသင်ပေးပါတယ်
က) ငါးတန်းတစ်ခန်း
ခ) ခြောက်တန်းတစ်ခန်း
ဂ) ခုနှစ်တန်းတစ်ခန်း
ဃ) ရှစ်တန်းတစ်ခန်း
င) ကိုးတန်း-ဆယ်တန်း-ဘွဲ့ရတစ်ခန်း
စ) ဘုန်းကြီးများအတွက်တစ်ခန်း
အခုလာမည့် ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ စာစီစာကုံးပြိုင်ပွဲနဲ့ ပန်းချီပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပပေးမှာဖြစ်ပါတယ်ဘုရား။
ကလေးများရဲ့ သင်တန်းမှတ်တမ်းကို တစ်ပတ်တစ်ခါ သူတို့ရဲ့ မိဘများထံ ပို့ပေးပါတယ်။ မိဘတွေ့ လက်မှတ်ထိုးပြီး ပြန်ပို့ပေးရတယ်ဘုရား။ လိုအပ်ရင် မိဘတွေနဲ့တွေ့ပြီး ကလေးအတွက် ဆွေးနွေးပေးပါတယ်ဘုရား။
(သင်တန်းမြင်ကွင်းတချို့)

အမှတ်ပေးစည်းမျဉ်းကိုတော့
၁။ အတန်းတက်မှန်ခြင်း - ၁၀-မှတ်
၂။ စာရိတ္တကောင်းခြင်း - ၁၀-မှတ်
၃။ အိမ်စာပြုလုပ်ခြင်း၊ အတန်းထဲတွင်ပါဝင်ဆွေးနွေးခြင်းတို့အတွက် - ၁၀-မှတ်
၎။ စာစီစာကုံးနှင့်ပန်းချီအတွက် - ၁၀-မှတ်
၅။ တကိုယ်ရေတကာယသန့်ရှင်းခြင်း၊ စည်းကမ်းလိုက်နာခြင်းအတွက် - ၁၀-မှတ်
၆။ အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ်၊ နားထောင်နိုင်ခြင်းအတွက်-၁၀-မှတ်။
၇။ နောက်ဆုံးစာမေးပွဲ၌ပေးမှတ်-၄၀-
စုစုပေါင်း ၁၀၀-မှတ်သတ်မှတ်ထားပါတယ်ဘုရား။
စုစုပေါင်းကျောင်းသားကျောင်းသူဦးရေ ၂၅၀-ရှိပါတယ်ဘုရား။
(ကျောင်းသားများအားလုံး လည်ဆွဲကဒ်များပါမှ သီတဂူမှလက်ဆွဲအိတ်များပါမှ အတန်းထဲမှာ သင်ယူခွင့်ရပါသည်။)

ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ ပေးပို့သော သတင်းအတိုင်းဖြစ်ပါသည်။ စာရေးသူလဲ အလွန်ဝမ်းသာမိသည်။ သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တပည့်ဒေါက်တာများက စိတ်ပါဝင်စားစွာ သင်ကြားပေးနေသည်ကို ၀မ်းသာ ပီတိဖြစ်မိသည်။ တချိန်က စာရေးသူလဲ ဓမ္မစကူးလ် (Dhamma School) ဆန်းဒေ စကူးလ် (Sunday School) သင်တန်းမျိုးကို မျှော်လင့်နေမိခဲ့သည်။ ယခုအခါ မိမိတို့ တက္ကသိုလ်က အထူးသင်တန်းတစ်ရပ်အနေနဲ့ အစီအစဉ်များရေးဆွဲပြီး ဆောင်ရွက်နေသည်အတွက် ၀မ်းသာ ပီတိဖြစ်ရပါတော့သတည်းးးးးးးးးးးးးးးးးးးးးးး။
(ရဟန်းတော်များအတွက် သီးသန့်သင်တန်း)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၁-၅-၂၀၁၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes