သီတဂူစတား

သီတဂူစတား

28 November 2011

သီတဂူဆရာတော် ဂယာသို့ရောက်

၂၆-၁၁-၂၀၁၁ နေ့ မနက်ပိုင်း ၁၁-၃၀ လောက်က သီတဂူဆရာတော်ကြီးသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခ၊ အုပ်ချုပ်ရေး၊ သင်ကြား ဆရာများနှင့် သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူးများ၊ မန္တလေးသီတဂူကျောင်းအမကြီး ပါဝင်လျှက် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ရောက်ရှိသည်။ ဒီတစ်ခေါက် ထူးခြားသည်မှာ သက်တော် ၉၀ ကျော်ရှိ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး ပါလာခြင်းဖြစ်သည်။
တိပိဋက ပူဇော်ပွဲ အလှူရှင် ဆရာတော်ကြီးအား လာရောက် ကြိုဆို

ဂယာလေဆိပ်
ဂယာလေဆိပ်သည် ပုံမှန်အားဖြင့် ပြည်တွင်း အရေးပေါ်လေယာဉ်ဆင်းသက်ရာဌာန ဖြစ်သလို ပြည်တွင် လေယာဉ်အချို့သာ တခါတရံပဲ ဆင်းသည်ဟု ထင်ပါသည်။ ယခုလို ဆောင်းရာသီ ဘုရားဖူးအချိန်အခါမှာတော့ ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ကြသော မြန်မာ သီရိလင်္ကာ ထိုင်းစတဲ့ နိုင်ငံများက ဘုရားဖူးတွေလာနေတာကြောင့် ထိုလေဆိပ် လေယာဉ်မပြတ်ဘဲ ရှိနေသည်။ လေဆိပ်ဝင်ပေါက်က အစ ခန်းခန်းနားနား မရှိလှ၊ အိမ်ခြံဝင်းတစ်ခုက ၀င်ပေါက်တံခါးများလို တပ်ဆင်ထားသည်။ အ၀င်အထွက်လဲ သိပ်ရှိပုံမရ၊ အမြဲတမ်းပိတ်ထားသည်၊ ကားလာမှ ထိုသံတံခါး ဖွင့်ပေးသည်။ ဒီနေ့ ဆရာတော်တို့အဖွဲ့လာတော့ နီလာ တို့ ဒါနတို့ GL ပို့ဆောင်ရေးတို့က ဘုရားဖူးအဖွဲ့များကိုလဲ တွေ့ရသည်၊ နေ့လည် ၁၁ လောက်ဆင်းလာသည်၊ လေယာဉ်ဆင်းသက်ပြီးဖြစ်နေပေမဲ့ လေကြောင်းအဆင်းအတက် ဆိုင်းဘုတ်မှာတော့ 10-30-Yangon Expected ဟု စာတမ်းထိုးနေဆဲပင်၊ လူအုပ်ကြီးက Immigration ရုံးမှာ ထွက်ဖို့ စုရုံးနေပေမဲ့ ရုံးဝန်ထမ်းက မလာသေး၊ လူတွေက ဆူဆူညံညံနဲ့ အော်ခေါ်မှ တစ်ယောက်ရောက်လာပြီး ရာနဲ့ချီတဲ့ လူအုပ်ကြီးထဲက လူတစ်ယောက်ချင်း၏ ပတ်စပို့များကို လက်ညိုးတစ်ချောင်းတည်းဖြင့် ကွန်ပြူတာထဲ ရိုက်ထည့်နေသည်။ စောင့်နေတဲ့ လူအုပ်ကြီးကိုမှ အားမနာ။ ခရီးသည်တွေကို အလေးမထားတဲ့ သဘောပင်။ ပိုက်ဆံယူဖို့ ဟန်ပြတော့ ကောင်းသည်၊ ဂယာလေဆိပ်ထဲမှာ ဘုရားရုပ်ပွားဆင်းတုတော်ကြီးကို ရှိုး (show) အဖြစ်ပြထားသည်။ အဲဒီနားမှာလဲ အလှူခံပုံးတစ်ပုံးချထားသည်၊ ဗုဒ္ဓဘာသာဆိုတဲ့လူမျိုးတွေကလဲ ဘုရားနဲ့တွေ့ရင် မလှူဘဲ မနေနိုင်၊ ကုလားကတော့ အိပ်ထဲထည့်။ အိန္ဒိယမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး နေရာအတော်များများတွေကို ကြည့်လျှင် ဘုရားရှင်သည် ကုလားတွေကို ယနေ့တိုင်ထိ လုပ်ကျွေးနေဆဲပင်ဖြင်ပေမဲ့ ကုလားကတော့ ဘုရားကို ကျေးဇူးပင်တင်ရကောင်းမှန်း သိမည် မထင်။
သွားရောက်ကြိုဆိုကြသော လက်ရှိ ကျောင်းသားများ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနဲ့အတူ

ကြိုဆို
မြန်မာနိုင်ငံက အထင်ကရ ဆရာတော်ကြီးတွေ ကြွလာမည်ဆိုတော့ ကျောင်းသားကျောင်းရှိ လူကြီး လူငယ်မကျန် အားလုံးက ကျောင်းတော်ကြီးကို သန့်ရှင်းရေးလုပ်ကြရသည်၊ သန့်ရှင်းတာကို နှစ်သက်တော်မူသော ဆရာတော်ကြီးများ စိတ်ချမ်းသာစေရန် ရေဆေးခြင်း၊ မကောင်းသော အနံ့မထွက်အောင် ဆေးရေများဖြင့် ဆေးကြောရသည်၊ ကိုယ့်နိုင်ငံရှိ ဆရာတော်ကြီးများကို အလေးထား အသိအမှတ်ပြုခြင်း၊ လေးစားခြင်းစတဲ့ ဂါရ၀ သင်္ကေတများပင် ဖြစ်သည်။
ဆရာတော်ကြီးများကို ကြိုဆိုရန် ဂယာလေဆိပ်သို့ သွားကြပါပြီ၊ အိန္ဒိယနိုင်ငံ ကျောင်းသားများ ဥက္ကဋ္ဌဟောင်းများ၊ လက်ရှိဥက္ကဋ္ဌနှင့်အတူ သီတဂူဆရာတော်တပည့်များ၊ အပြည်ပြည်ဆိုင်ရာ တိပိဋကရွတ်ဆိုပူဇော်ပွဲကို နှစ်စဉ် စပွန်ဆာပေးသည့် အလှူရှင်၊ ကျောင်းသားကျောင်း၏ ကျောင်းအမနှင့် မဂဓတက္ကသိုလ်ကျောင်းသားအချို့က လေဆိပ်အထိ သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ သွားရောက်ကြိုဆိုကြသည်။ သီတဂူဆရာတော်ကြီးက ၀မ်းပန်းတသာ နုတ်ခွန်းဆက်သည်၊ ၀ါဆိုဆရာတော်ကြီးကို လာကြိုဆိုသော အဖွဲ့၊ အလှူရှင်များနဲ့ မိတ်ဆက်ပေးသည်။ လေဆိပ်မှ ကျောင်းသားများကျောင်းဆာင်သို့ သွားကြသည်၊ နေ့ဆွမ်းဘုန်းပေးကြသည်၊ ထိုနေ့အတွက် တစ်နေ့စာ အလှူကို သီတဂူတပည့်များက ကပ်သည်။

ရွှေကျင်သာသနာပိုင်ဆရာတော်နှင့် သီတဂူဆရာတော်


ကျောင်းသားများအတွက် သိန်း ၃၀၀ အလှူရှင် မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး

ကျောင်းသားများအတွက် အလှူ
သီတဂူဆရာတော်ကြီးက လာရောက်ကန်တော့ကြသော မဂဓကျောင်းသားများအား သြ၀ါဒပေးသည်၊ အိန္ဒိယနိုင်ငံတွင် မြန်မာနိုင်ငံမှ ဗမာ ရှမ်း ကချင် ကရင် ရခိုင် မွန် ကယား ချင်းဟူသော မြန်မာပတ်စပို့ကိုင် ကျောင်းသား ၅၂၈ အတွက် လှူရန် အမေရိကန်ဒေါ်လာ ငါးသောင်း နှစ်ထောင့် ရှစ်ရာ (၅၂၈၀၀) ကို ကျောင်းသားကျောင်း ယခုလက်ရှိ ဥက္ကဋ္ဌထံ အပ်နှံလိုက်သည်၊ ဒီဇင်ဘာ ၁ ရက်နေ့မှ လှူဒါန်းပွဲ ပြုလုပ်မည် ဖြစ်သည်။ ဆရာတော်ကြီးနှင့်အဖွဲ့အတွက် ဟိုတယ် ဘုတ်ကင်လုပ်ထားသော်လည်း ဟိုတယ်မှာ မနေဘဲ မဟာဗောဓိဘုရားသို့ သွားဖူးရန် ဆရာတော် အမိန့်ရှိသဖြင့် ဘုရားသို့ ချီတက်ကြသည်၊ ဘုရားမှာပဲ ဘုရားဖူး ဓာတ်ပုံရိုက်ရင်း ၁ နာရီခွဲလောက်နေပြီဖြစ်သည်၊ ၂-၃၀ မိနစ် ရောက်တာနဲ့ ဆရာတော်ကြီးနဲ့ အဖွဲ့ နယူးဒေလီသို့ ကြွရန် လေဆိပ်သို့သွားကြပြန်သည်။


နယူးဒေလီတွင် အိန္ဒိယအစိုးရ၏ စပွန်ဆာဖြင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံ (Global Buddhist Congregation) ၏ ၂၆ ရက်နေ့ ဖွင့်ပွဲနှင့် ၃၀ ရက်နေ့ဖွင့်ပွဲနှင့်ပိတ်ပွဲကို Ashok Hotel, Diplomatic Enclave, 50-B Chanakayapuri ဟိုတယ်မှာ ကျင်းပမည်။ ၂၇-ရက်နေ့နှင့် ၂၈ ရက်နေ့တွင် ကဏ္ဍ အလိုက် အုပ်စုခွဲ ဆွေးနွေးပွဲများကို နယူးဒေလီရှိ The Lalit New Delhi Hotel, Barakhamba Avenue, Connaught Place, New Delhi 110001 တွင် ကျင်းပမည် ဖြစ်ပါသည်။
ဆရာကြီး မင်းယုဝေ

ဆရာတော်ကြီးများသည် ဒီဇင်ဘာ ၁-၂-၃ ရက်နေ့များတွင် ဗုဒ္ဓဂယာ မဟာဗောဓိဘုရားကြီးဝင်း အတွင်း International Tipitaka Chanting နိုင်ငံတကာ တိပိဋကရွတ်ဆို ပူဇော်ပွဲသို့ ကြွရောက်ပြီး ဟောပြောမည် ဖြစ်သည်။ ထိုရက်များအတွင်း ညပိုင်းတွင် အဆင်ပြေတဲ့အချိန်မှာ မဂဓတက္ကသိုလ်ရှိ ကျောင်းသားများအား သြ၀ါဒပေးရန်လဲ ပါရှိသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၇-၁၁-၂၀၁၁

26 November 2011

ဂယာသို့ အမှတ်တရ


စာမိတ်ဆက်

သီတဂူစတား ခရီးသွားနေသည်။ အိန္ဒိယနိုင်ငံရဲ့ ခရီးအတွေ့ကြုံ၊ စာရေးသူ၏ ခရီးသွားမှတ်တမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ ၂၆-၁၁-၂၀၁၁ နေ့ ဂယာသို့ ကြွလာမည့် သီတဂူဆရာတော်ကြီးကို ကြိုရန် ဂယာသို့ အမှတ်တရ ခရီးသွား ပို့စ်ဖြစ်ပါသည်။ စာရေးသူက ခရီးသွားဝါသနာပါသည်၊ ကင်မရာတစ်လုံးနဲ့ ခရီးသွားနေရရင် ပျော်နေတတ်သည်။ ထက်ထက်မိုးဦးပြောသလို ပိုက်ဆံများရှိလို့ကတော့ ကမ္ဘာပတ်ပြစ်လိုက်မည်၊ စိန်တော့ မစီချင်ပါ။ ခရီးသွားခြင်းဖြင့် အဖိုးမဖြတ်နိုင်တဲ့ လောကအတွေ့အကြုံများစွာ ရသည်၊ လူတွေရဲ့ ဘ၀ စရိတ်ကို လူတွေထဲကပဲ ရနိုင်သည်။ ထို့ကြောင့် လောကကြီးသည် သင်ယူလို့ မကုန်နိုင်တဲ့ ကမ္ဘာ့တက္ကသိုလ်ကြီးဖြစ်သည်။

ရထားကြီးနဲ့စာရေးသူ

၂၀-၁၁-၂၀၁၁ နေ့က တစ်ယောက်တည်း ခရီးမသွားစဖူး သွားခဲ့ရသည်။ အိန္ဒိယနိုင်ငံသည် တခြားတိုင်းပြည်များလို safe သိပ်မဖြစ်ဟု ယုံကြည်ထားသဖြင့် တစ်ယောက်တည်း ခရီးသွားရမှာကို အားငယ်မိသည်။ အိန္ဒိယနိုင်ငံ၏ အရေးပါသော ပို့ဆောင်ရေးအခန်းသည် ရထားပင်ဖြစ်သည်။ ဘက်စကားတိုးစီးရသလို မြို့ပတ်ရထားများ တိုးဝှေ့ပြီးစီးရသည်၊ တခါတရံ တံခါးပေါက်ကနေ တွယ်စီးရသည်။ စာရေးသူသည် ဂယာသို့သွားရန် ကောလိပ်နှင့်အနီးဆုံးဘူတာမှ ဘုံဘေဘူတာကြီးသို့ မြို့ပတ်ရထား အရင်စီးရသည်၊ ထုံးစံအတိုင်း ရထားရောက်လာတာနဲ့ ၁ မိနစ်ခန့်သာ ရပ်သော ရထားကို တိုးဝှေ့ပြီးအတင်းတိုးတက်ရသည်၊ အပေါ်ကလူတွေက အောက်မဆင်းသေး အောက်ကလူတွေက အတင်းတိုးတက်တော့ အပေါက်မှာ မျက်နှာချင်းဆိုင်တိုးဝှေ့နေရသည်၊ စာရေးသူလဲ စိုးရိမ်စိတ်ဖြင့်အတင်းတိုးတက်တော့ ကုလားတစ်ကောင်က ပါးစပ်က ဘာတွေပြောမှန်းမသိ တွတ်ပွတွတ်ပွ လုပ်နေသည်၊ စာရေးသူသူငယ်ချင်းက တွန်းထုတ်လိုက်မှ ထိုကုလားငြိမ်သွားသည်။ ဘူတာကြီးသည် အလွန်ကြီးကျယ်သည်၊ ပလတ်ဖောင်း ၁၈ ခုရှိသည်။ ဘူတာကြီးရောက်တော့ ကိုယ်စီးမည့် ရထားနံပါတ် အတွက် ခုံ စသည်ရှာရသည်၊ သူငယ်ချင်း ၂ ယောက်လိုက်ပို့သဖြင့် အဆင်ပြေသည်။ သူတို့ပြန်သွားတော့မှ ရထားပေါ်တစ်ယောက်တည်း အထီးကျန်နေသည်၊ အားငယ်သလို ခံစားရသည်။ ၁၀ နာရီလဲ ထိုးပြီးဆိုတော့ ပရိတ်ရွတ် မေတ္တာပို့ပြီး အိပ်တော့သည်၊ နှစ်ယောက် အဲယားကွန်း (AC 2) ဆိုတော့ အိပ်ရတာ အဆင်ပြေသည်။

ဇာတ်အမျိုးမျိုး စနစ်အမျိုးမျိုး စရိုတ်အမျိုးမျိုးနဲ့ လူဦးရေ ဒီလောက် ထူထပ်တဲ့ နိုင်ငံမှာ ဒီလောက်အဆင်ပြေတဲ့ ရထားမျိုးစီစဉ်ပေးနိုင်တဲ့ အစိုးရကို မချီးကျူးဘဲ မနေနိုင်။ အလွန်တော်ပါသည်။ ရိုးရိုးအိပ်စဉ်ကတော့ လူဝင်လူထွက်အရမ်းများသည်၊ ဘူတာတစ်ခုရပ်တိုင်း ပိုက်ဆံတောင်းတဲ့သူ၊ အမိုက်လှဲပြီး ပိုက်ဆံတောင်းတဲ့သူ၊ အပြင်ဈေးသည်တွေနဲ့ ရှုပ်ရှက်ခက်နေသည်၊ တွေ့တဲ့ပစ္စည်း အကုန်ယူသည်၊ ဘိနပ်လဲအလွတ်မပေး၊ လူလစ်လစ်သလို အလစ်သုတ်တတ်သည်။ ကုလားဆိုတဲ့ လူမျိုးကလဲ အလွန်ညစ်ပတ်သည်၊ စားပြီးသောက်ပြီး အမှိုက်ကို ကိုယ့်နေရာမှာ ပစ်ထားသည်၊ ဘူတာတိုင်းမှာ အမှိုက်ရှင်းပြီး ပိုက်ဆံတောင်းသည့် ကလေးတွေ မသန်းမစွမ်းတွေ တောင်းရမ်းခြင်း အမျိုးမျိုးနဲ့ တက်လာတတ်သည်၊ သူ့လူနဲ့သူတော့ ဟုတ်နေသည်။ အဲယားကွန်း (AC 2)မှာတော့ ထိုအဖြစ်မျိုးမရှိ၊ ဈေးကလဲကြီးသဖြင့် တက်နိုင်တဲ့သူများသာ စီးနိုင်ကြသည်။ ဘယ်လောက်ပဲ ပိုက်ဆံရှိပေမဲ့ ကုလားဟာ ကုလားပါပဲ။ သူလဲ စည်းမရှိ ကမ်းမရှိ စားပြီး အမှိုက်သရိုက် ပစ်စလက်ခက် ထားသည်။

ဒီလိုနဲ့ ရထားပေါ် ခါးပူ ကျောပူနေအောင် ၂ ညအိပ်ရသည်။ ကာလကတ္တား ရထားဆိုတော့ ဂယာဘူတာသည် လမ်းခရီးမှာပဲ ဖြစ်သဖြင့် မနက် ၃-၅ မိနစ်ရောက်မည်ဟု သိထားရကား အိပ်ပျော်ပြီး တခြားဘူတာအထိ ပါသွားမှာကလဲ စိုးရိမ်ရသေးသည်။ ဖုန်းကို Alarm ပေးထားတာလဲ အဆင်မပြေ၊ စင်္ကာပူက ကလေးမလေးတစ်ယောက်က ၂-၃၃မိနစ် လောက်မှာ Alarm ပေးသဖြင့် အဆင်ပြေသွားသည်။ သို့သော်လည်း စာရင်းဇယားများအရ ၂၀ ရက်နေ့ည ဘုံဘေဘူတာမှ ထွက်သော ရထားသည် ဂယာဘူတာသို့ ၂၂ရက်နေ့မနက် ၃နာရီ ၅ မိနစ်တွင် ရောက်မည်ဟု ဆိုထားပေမဲ့ ၃ နာရီခွဲမှာ ရောက်သည်။ လမ်းဘူတာပေါင်း ၃၇ ခုကို ရပ်ခဲ့သည်။ အမြန်ရထားဖြစ်သဖြင့် ဘူတာတိုင်း မရပ်။ ၃၇ ဘူတာတွင် အများစု ဘူတာတွေမှာ ၂ မိနစ်သာရပ်သည်၊ Junction ပါသော ဗာရာဏသီက Mughal sarai Junction, မဂဓက Gaya Junction ကဲ့သို့သောဘူတာများတွင်တော့ ၁၀ မိနစ်၊ တချို့ ၁၅ မိနစ်နှင့် Allahabad Junction မှာတော့ ၃၃ မိနစ် ရပ်သည်။


ထိုနေ့ညမှာတော့ ကောင်းကောင်း အိပ်မပျော်၊ တစ်ယောက်တည်းလဲ ဖြစ်သဖြင့် စိုးရိမ်စိတ်ကြီးနေသည်၊ ဘူတာရပ်တိုင်း ဘူတာနာမည် လိုက်မှတ်နေရသည်၊ နောက်ဘူတာ ဘာလဲ ဘယ်လဲ၊ ဂယာအနီးဘူတာ နာမည်နဲ့ အချိန်ကို လိုက်မှတ်ရသည့် ဒုက္ခမသေး။ စိုးရိမ်စိတ်နဲ့အတူ ဂယာဘူတာသို့ မနက် ၄ နာရီ ၀န်းကျင်မှာ ရောက်ပါပြီ။ တက္ကစီငှါး၊ ဂယာ အရင်ရောက်နေသော သီတဂူသူငယ်ချင်းစီ ဖုန်းဆက် မရ၊ ဖုန်းပိတ်ထားသည်။ ဂယာရှိ မြန်မာကျောင်းသားကျောင်းက လက်ရှိ ဥက္ကဋ္ဌ ဘုန်းကြီဦးဇ၀နဆီ ဖုန်းဆက်သည်၊ အဆင်ပြေသည်၊ တံခါးလာဖွင့်ပေး၊ နေရာပေး၊ ကျောင်းသားကျောင်းဘုန်းကြီး၏ ကျေးဇူးနဲ့ ထိုနေ့ည အိပ်ရေးပျက်သမျှ ပန်းသမျှ ပူပန်သမျှတွေ ငြိမ်းအေးရတော့သည်။ ဘုန်းကြီးဦးဇ၀နသည် မစိုးရိမ်တိုက်ထွက်ဖြစ်သည်၊ အလွန်သဘောကောင်းသည်၊ ဂရုစိုက်သည်၊ စာပေသမားကြီးဖြစ်သည်။ ဂယာရှိ မြန်မာကျောင်းသားမျာအဆောင်ရောက်တော့လဲ အဆောင်ရှိ မြန်မာကျောင်းသားများကလဲ ဂရုစိုက်သဖြင့် စိတ်ချမ်းသာမှု ရရှိသည်။
မြန်မာကျောင်းသားကျောင်းတော်ကြီး

မြန်မာကျောင်းသားကျောင်း

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ မြန်မာကျောင်းသားများအတွက် ဂယာတွင် ကျောင်းဆောင်းကြီးတစ်ဆောင်ကို ကျောင်းသားဟောင်းကြီးများက ဦးစီးပြီး ဆောက်လုပ်ထားခြင်းဖြစ်သည်။ စာရေးသူတို့ အဝေးကလာတဲ့ ကျောင်းသားများအဖို့ အလွန် အဖိုတန်ပါသည်။ မြန်မာနိုင်ငံမှ မည်သူများအတွက်မဆို အကျိုးများစေသည့် ကျောင်းကြီးဖြစ်သည်။ သူများနိုင်ငံမှာ ကျောချစရာ တစ်နေရာ ရဖို့ မလွယ်။ ထိုကျောင်းကြီးက အခက်အခဲကို ဖြေရှင်းပေးသည်။ စာရေးနေရေး အားလုံးအဆင်ပြေသည်။ အခုချိန် ဆောင်းရာသီဖြစ်သဖြင့် ဘုရားဖူးလာကြတဲ့ ရာသီဖြစ်သည်။ အဆောင်တွေမှာ လူပြည့်သည်။ ကျောင်းဆောင်မှာလဲ မြန်မာဘုရားဖူးများ မပြတ်သဖြင့် မြန်မာပြည်က ငါးပိ ငါးခြောက်ပေါသည်။ အခုလိုရာသီမှာ အလှူရှင်များလဲ ပေါသည်၊ ဒီ ၃ လအတွင်း အလှူရှင်မရှိသော ရက်များတွင် ကျောင်းအမကြီးက ကပ်သည်ဟု သိရသည်၊ ဒီရောက်မှပဲ မြန်မာဟင်း မြန်မာလက်ရာများကို အားပါးတရ စားရတော့သည်၊ စာရေးသူတို့ ဘုံဘေမှာတော့ မြန်မာအစားအစာ ရှားသည်၊ ပြည်မြန်မာက ပြန်လာတဲ့ အရှင်မြတ်တစ်ပါးပါးရောက်လာရင်တော့ ပါလာတဲ့ အခြောက်အခြမ်းလဲ တစ်ပတ်မျှသာ ခံသည်။ ထိုကျောင်းသားကျောင်းဆောင်သည် မဟာဗောဓိဘုရားနဲ့လဲ နီးသဖြင့် မနက်တစ်ကြိမ် ညတစ်ကြိမ် ဘုရားဖူးရောက်ဖြစ်သည်။ စာရေးသူအနေနဲ့ ဘုရားအဖြစ်ကို မွေးဖွားပေးရာ မဟာဗောဓိပင်နှင့်ရွှေပလ္လင်ကို တတိယအကြိမ် ဖူးမျှော်ရပေမဲ့ ရောက်တဲ့အချိန်တိုင်းဟာ အသစ်အဆန်းတွေချည်းပဲ ဖြစ်နေသည်ဟု ခံစားမိသည်။ ဖူးမ၀ ဖြစ်သည်။

ရွှေမြန်မာများ


အသွင်အမျိုးမျိုးနဲ့ယုံကြည်မှု

မဟာဗောဓိဘုရားဝန်းထဲမှာ နိုင်ငံပေါင်းစုံက အသွင်အမျိုးမျိုးနဲ့ လူအမျိုးမျိုးတို့သည် ယုံကြည်မှု အမျိုးမျိုးနဲ့ ဘုရားကို ပူဇော်နေကြသည်မှာ စိတ်ကြည်နူးစရာကောင်းလှသည်။ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာအဖွဲ့တွေကတော့ အဖြူရောင်ဝတ်စုံများ ၀တ်ဆင်သည်၊ မြန်မာများကတော့ agency တံဆိပ်ပါ ယောဂီဝတ်စုံ၊ မဟာယာန တရုပ်အချို့ကတော့ အောက်က ဘောင်းဘီအရှည် အထက်က ရှက်အင်္ကျီလက်ရှည် အ၀ါရောင်များ ၀တ်ဆင်သည်၊ တချို့တရုပ်တွေနဲ့ ဗီယတ်နမ်၊ ဂျပန်၊ စသော မဟာယာနများကတော့ မီးခိုးရောင် ၀မ်းဆက်ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ ကိုယ့်နိုင်ငံသုံးဘာသာစကားတို့ဖြင့် ဘုရားဟော သုတ္တန်များကို ပူဇော်ကြသည်၊ တရုပ်တွေကတော့ တီးလုံးတွေပါ ပါသဖြင့် ဂီတဖြင့်လဲ ပူဇော်ကြသည်၊ မဟာဗောဓိစေတီတော်ကြီးအတွင်း ရုပ်ပွားတော်ကို ဖူးမျှော်လာကြသည် အဖွဲ့လိုက်သော လူအုပ်များကလဲ အလှည့်ကျ ၀င်ရောက် ဘုရားကန်တော့ကြရသည်။ ဘုရားဝန်းထဲရှိ သတ္တသတ္တာဟ (၇ရက် ၇နှစ်လီ) သီတင်းသုံးခဲ့သော နေရာ အသီးအသီးမှာမှာလဲ ပုံစံမျိုးစုံနဲ့ လူတွေကို တွေ့ရသည်၊ အနောက်နိုင်ငံက အ၀တ်ဖြူစင် ၀တ်ပြီး အဖြူရောင် မုတ်ဆိပ်မွှေး အရှည်ကြီးနဲ့ လူကြီးကို တွေ့ရပြန်တော့ ဘုရာလက်ထက်က ဥပက တို့ အာဠာရနှင့် ဥဒက ရသေ့ကြီးတွေကို သွားသတိရမိသည်။ သူ့ကို ကုလားတစ်ယောက် ရှိခိုးနေသည်ကိုလဲ ညပိုင်းမှာ တွေ့ခဲ့ရသည်။ တစ်ယောက်တည်း ကြိတ်ပြီး ပြုံးမိသည်။ မြန်မာကဟုထင်ရသည့် အမျိုးသမီးတစ်ယောက်သည်လည်း အောက်ပိုင်းက ချိတ်ပိုးထည် ထမီးနဲ့ အထက်ပိုင်းက နန်းဝတ် နန်းရတနာများကို ခေါင်းကအစ ခြေဖျားအထိ ဆင်မြန်းထားသည့် အမျိုသမီးကြီးတစ်ယောက်ကိုလဲ တွေ့ရသည်။

ဆောင်းရာသီဆိုတော့ တိဘက်တန်လူမျိုးတွေကလဲ အုံလိုက်ကျင်းလိုက် ဆင်းလာကြသည်။ ဗုဒ္ဓဂယာသည် သူတို့အတွက် နိုင်ငံလေးတစ်နိုင်ငံလို ဖြစ်နေသည်။ သူတို့ရိုးရာ ၀တ်စုံ၊ အစားအသောက် ဈေးတန်းကြီးများဖြင့် စည်ကားလျက်ရှိသည်။ အိန္ဒိယအစိုး၏ ဒလိုင်းလားမားအပေါ် အလေးထားခြင်းပဲဖြစ်သည်။


ဘုရားဝန်းထဲက လေ့ကျင့်ခန်း

တိဘတ်တန်ဘုန်းကြီးများက တိဘတ်တန်ဘာသာဖြင့် ရေးထားသော မဟာယာနဗုဒ္ဓစာပေတွေကို တတွတ်တွတ် ရွတ်ဖတ်နေသည်။ မုံ့လေးစားလိုက် လက်တစ်ဖက်က ကြေးအိုးခွက်ကလေးကို ခေါက်လိုက် စာလေးရွတ်ဖတ်လိုက်နဲ့ ဟန်ကျနေသည်။ စေတီအကြိုအကြားတွေထဲမှာ ၀မ်းလျားမှောက် လေ့ကျင့်နည်းများကို တွေ့ရသည်၊ အောက်က လူတစ်ကိုယ်စာရှိ ပျင်ပြားကြီးကို ခံပြီး အဲဒီအပေါ်မှာပဲ မက်တက်ရပ်လိုက် ၀မ်းလျားထိုးလိုက် အကြိမ်များစွာလုပ်နေသည်၊ ဘုရားဘက်လှည့်ပြီး လုပ်နေသဖြင့် ဘုရားကို ထိခြင်းငါးပါးဖြင့်ရှိခိုးသည်ဟု ထင်ရသည်။ ‘‘လက် ခြေ နဖူး တတောင် ဒူး ငါးဦးထိခြင်းမှတ်’’ ဟုဆိုပေမဲ့ သူတို့ထိနေတာ ငါးမျိုးမက ၆ မျိုး ဖြစ်နေသည် ppppppppp။ လက်မှာ သားရေဘက်ပတ်ထားသည်၊ တချို့ကတော့ အ၀တ်တွေပတ်ထားပြီး ပျင်ပြားအပေါ် ၀မ်းလျားထိုးလိုက် ရပ်လိုက်လုပ်ခြင်းဖြင့် အောက်က ပျင်ပြားလဲ ပွတ်ပါများတော့ ပြောင်ချောနေသည်။ မနက်ပိုင်းမှာ ပိုတွေ့ရသည်၊ ဘုရားဖူးရင်း လိပ်ဥတူးဆိုတာလိုပဲ ဘုရားဝတ်ပြုရင်း လေ့ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခု ဖြစ်ဟန်တူသည်။ သူတို့တတွေသည် ဒီလောက်အေးနေတဲ့ မနက်စောစောမှာ အပေါ်ပိုင်း အ၀တ်တိုလေးနဲ့ နေနိုင်ကြသည်။

တချို့ဗုဒ္ဓဘာသာလိုလို ဟိန္ဒူလိုလို ဟိုမရောက် ဒီမရောက်တွေကတော့ ထိုဘုရားဝန်းထဲရှိ ရှီဝကြီးကိုလဲ သွားကန်တော့လိုက်သေးသည်။ ပုံစံအမျိုးမျိုးကို တွေ့ရပြန်တော့ ဘုရားလက်ထက်က ဘုရားနဲ့ ခေတ်ပြိုင် ဘာသာရေးခေါင်းဆောင်တို့၏ တပည့်တပန်းတွေကို သတိရမိသည်။

ညပိုင်း

ညပိုင်းမှာလဲ အသွင်တမျိုးနဲ့ မဟာဗောဓိဘုရားကြိးက သပ္ပါယ်နေပြန်သည်။ ဘုရားပုရ၀ုဏ်အတွင်း လှည့်ပတ်ပြီး ပရိတ်ရွတ် ပဋ္ဌာန်းရွတ် မေတ္တာပို့ရင်း အကြိမ်များစွာ လျှောက်ပတ်ခဲ့သည်။ စာရေးသူလိုပဲ ဘုရားကို လက်ျာလှည့်ပြီး ပါးစပ်က တတွတ်တွတ် ရွတ်နေသူတွေလဲ မနဲလှပါ။ တချို့လဲ ပုတီးကြီး တွဲလောင်းချပြီး ဖြည်းဖြည်းချင်း လျှောက်နေကြသည်။ တချို့ကျပြန်တော့ မီးခွက်လေးနဲ့ စာဖတ်နေကြသည်။ တချို့ကတော့ တစ်ယောက်ထိုင် ခြင်ထောင်ဖြင့် တရားထိုင်နေကြသည်။ ဘုရားအတွင်းမှာ အဲဒီလိုခြင်ထောင်ဖြင့် ပိုက်ဆံ ရူပီး၂၀၀ ပေးပြီး တစ်ညလုံးနေနိုင်သည်ဟု သိရသည်။ ၈ နာရီအထိ လူစည်ကားဆဲဖြစ်သည်၊ ၅-၆ နာရီဝန်းကျင်မှာတော့ လူများသဖြင့် ဘုရားဖူးရန် နေရာရဖို့ စောင့်ရသည်။ ဘုရားပြင်ဘက် ဈေးတန်းတွေမှာလဲ စည်ကားလျက်ရှိသည်။
ခြင်ထောင်လေးနဲ့ တရားထိုင်

တူညီသော ယုံကြည်ချက်

ဘုရားသို့ ရောက်လာကြတဲ့ ဒေသအသီးသီးမှ သူတွေမှာ အသွင်မတူ ပုံစံမတူပေမဲ့ သူတို့အားလုံးရဲ့ တူညီတဲ့ ယုံကြည်ချက်တစ်ခုကတော့ ‘‘ငါတို့ အားထား ကိုးကွယ်ဆည်းကပ်သည့် ဘုရားသည် ဤနေရာမှာပဲ ဘုရားအဖြစ်သို့ ရောက်ရှိသည်၊ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည်၊ (The Buddha was born here)’’ ဟုပင်ဖြစ်သည်။

ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၆-၁၁-၂၀၁၁

20 November 2011

သီတဂူစတား ခရီးသွားနေသည်

သီတဂူစတား ခရီးသွားနေသည်
သီတဂူစတား ၂၀-၁၁-၂၀၁၁ တနင်္ဂနွေနေ့ ညပိုင်း ရထားဖြင့် အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ဘုံဘေမြို့မှ အရှေ့ပိုင်းရှိ ဗုဒ္ဓဂယာဘက်သို့ သွားသည်။ ကီလိုမီတာ ၁၇၁၉ ရှိသဖြင့် ရထားပေါ်မှာပဲ ၂ ညအိပ် ၃ရက်ရှိနေမည်။

(၂၀၀၉ ခုနှစ် ပူနေးတက္ကသိုလ်မှာ ဆရာတော်ကြီးမိန့်ခွန်းပြောအပြီး ပူနေးတက္ကသိုလ် ပါဠိဌာနမှဆရာများ၊ ဖီလိုဆိုဖီဌာနမှ ဆရာမများ၊ ဆန်စခရစ်ဌာနမှ ဆရာ ဆရာမများနှင့် အမှတ်တရ)

သီတဂူဆရာတော်ကြီး

သီတဂူဆရာတော်ကြီး ၂၆-၁၁-၂၀၁၁ တွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ စတင်ရောက်ရှိမည်ဖြစ်သည်။ ဆရာတော်ကြီးသည် နှစ်စဉ်နီးပါး၊ တစ်ခါတရံ ၂ ကြိမ် အိန္ဒိယနိုင်ငံသို့ ဘာသာရေး၊ လှုမှုရေး၊ စသည့်ကိစ္စတွေကြောင့် ကြွလေ့ရှိသည်။ ယခုနှစ်မှာလဲ အစီအစဉ်သုံးရပ်ဖြင့် ကြွလာခြင်း ဖြစ်သည်။

၁။ ဆရာတော်ကြီးသည် ယခုနှစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၂၀၁၁-ခုနှစ် နိုဝင်ဘာ ၂၆-ရက်မှ နိုဝင်ဘာ ၃၀ ရက်နေ့ အထိ ကျင်းပမည့် Global Buddhist Congregation ကို တက်ရောက်မည်ဖြစ်သည်။

၂။ ဆရာတော်ကြီးသည် ၂-၁၂-၂၀၁၁ နေ့တွင် ဗုဒ္ဓဂယာရှိ တိပိဋက ရွတ်ဘာသ်ပူဇော်ပွဲတွင် ဖွင့်ပွဲ မိန့်ခွန်း ပြောကြားမည်။ ညနေတွင် တရားဓမ္မဟောကြားမည်ဖြစ်ပါသည်။

၃။ အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနေသော ရဟန်း သာမဏေ သီလရှင် ၅၀၀ ၀န်းကျင်တို့အား လှူနေကြအတိုင်း တစ်ပါးလျှင် အမေရိကန် ဒေါ်လာ ၁၀၀ လှူဒါန်းနိုင်ရန် အစီအစဉ်လဲ ပါသည်ဟု သိရသည်။

သီတဂူဆရာတော်ကြီးနှင့်အတူ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခ၊ သင်ကြားစီမံ၊ အုပ်ချုပ်ရေး ဆရာတော်များ၊ သီတဂူသာသနာပြုအဖွဲ့၏ အတွင်းရေးမှူးများနှင့် စာရေးဆရာများ၊ ဗီဒီယို-ကင်မရာဆရာများလဲ လိုက်ပါလာမည် ဖြစ်သည်။

ဆရာတော်ကြီး၏ တပည့်ဖြစ်တဲ့ သီတဂူစတားသည်လည်း ဆရာတော်ကြီးအား ဖူးမျှော်ရန် ဗုဒ္ဓဂယာဘက်သို့ ခရီးသွားခြင်းဖြစ်သည်။ ခန့်မှန်းခြေ သတင်း ၂ ပတ်လောက် ကြာနိုင်သည်။

ခရီးသွားဂါထာ
ဘ၀သောတံ ဘေ၀၀ါ ဟံ၊ တိဏ္ဏော ပါရင်္ဂတော အဟု။
ဧတေန သစ္စ၀စ္စေန၊ ဂမနံ မေ သမိဇ္ဈတု။
ဤဂါထားကို ငယ်ငယ်ကထဲက နှုတ်တတ်ရနေသည်၊ သီတဂူစတားငယ်ငယ်က တောင်မြို့ မဟာဂန္ဓာရုံ ယခုလက်ရှိ နာယကချုပ်ဆရာတော် ဂျပန်၊ စင်္ကာပူ၊ မလေ၊ ဘာမင်ဂန်တို့ကို သွားတုန်းက ခရီးသွားရင်း အဆင်ပြေ ချောမွေ့စေရန် ရွတ်ဆိုခဲ့သော ဂါထာဖြစ်သည်။ ကျောင်းပြန်ရောက်တော့ ဆရာတော်က ခရီးစဉ်အကြောင်းနှင့် ဒီဂါထာကို အကြောင်းကို ပြောပြစဉ်က ရခဲ့ဖူးသော ဂါထာဖြစ်သည်။ ခရီးသွားရင် ရွတ်ဆိုနိုင်ရန် အမှတ်တရ တင်လိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၁၁-၂၀၁၁

18 November 2011

ကုမုဒြာတွေပွင့်တဲ့ည အပိုင်း (၈)



ကုမုဒြာတွေပွင့်တဲ့ည နောက်ဆုံးပိုင်း


ဖခင်သက်ကို သတ်မိ၍ တောင်းပန်သူ
ရတနာသုံးရပ်ကို ဆည်းကပ်ကိုးကွယ်သူပါဘုရားလို့ ကြေညာလိုက်တယ် ပရိသတ်ရေ၊ ''ဥပါသကတ္ထ ပဋိဝေဒနာ'' အဲဒီလိုရတနာသုံးပါးဆည်း ကပ်သူရယ်လို့ ကြေညာလည်းပြီးရော ဆက်ပြီးတော့ ဘာပြောသလဲဆိုတော့ ''အစ္စယော မံ ဘန္တေ အစ္စဂမာ ယထာဗာလံ ယထာမူဠှံ ယထာအကုသလံ'' စသည်ဖြင့် သူလျှောက်ပြန်တယ်။
သာသနာတော်ကိုကျေးဇူးများတဲ့ ဖခင်သောတာပန်မင်းတရား သတ်မိတဲ့အတွက်ကြောင့် ''အစ္စယော မံ ဘန္တေ အစ္စဂမာ'' တပည့်တော် အပေါ်မှာအပြစ်တွေ ဖိစီလွှမ်းမိုးနေပါတယ်၊ ဘာဖြစ်လို့ ဒီအပြစ်တွေရောက် သလဲ၊ ''ယထာဗာလံ ယထာမူဠှံ'' မသိလို့ ''ယထာအကုသလံ'' မလိမ္မာလို့ အဲဒါ ဖခင်ကိုသတ်မိတဲ့အတွက် တပည့်တော်အပြစ်ကြီးစွာရောက်ပါတယ်၊ အဲဒီအပြစ်တွေကို - တဿ မေ ဘန္တေ ဘဂဝါ အစ္စယံ အစ္စယတော ပဋိဂ္ဂ ဏှာတု အာယတိံ သံဝရာယ'' ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အဲဒီ ဘုရားတပည့်တော်ပြစ်မှားထားမိတဲ့ အပြစ်မှန်သမျှကို အပြစ်အတိုင်း သည်းခံစေကြောင်း ခွင့်လွှတ်ဖို့ရာ သနားတောင်းပန်ပါတယ် မြတ်စွာဘုရား။ ''အာယတိံ သံဝရာမိ'' နောက် ဒီအပြစ်မျိုးကို မလွန်ကျူးမိအောင် တပည့် တော်စောင့်ရှောက်ပါမည်။ ဒါမှ သိပ်ချစ်ဖို့ကောင်းသွားတယ်၊ အပြစ်တွေ ကို ကျူးလွန်တော့ ကျူးလွန်မိပါပြီ၊ သည်းခံပါ၊ သူ့မှာအပြစ်ရှိတယ်ဆိုတော့ အဲဒါတစ်ပိုင်း။

အာယတိံ သံဝရ ဆိုတာနောင် မလွန်ကျူးမိအောင် စောင့်ရှောက်ပါမယ်၊ ဒါကတစ်ပိုင်း၊ ဒီကနေ့ ဘုန်းကြီးတို့ ပရိသတ်အများစု အပြစ်တွေ လွန်ကျူးမိပါတယ်၊ အဲဒါကို သည်းခံစေကြောင်းခွင့်တောင်းပါတယ်၊ အဲဒီမှာ ရပ်ရပ်သွားတယ်။ နောင်မလွန်ကျူးမိအောင် စောင့်ရှောက်ပါ့မယ်ဆိုတဲ့ ကတိဝန်ခံချက်မပါကြတာ များတယ်ဗျာ၊ အဲဒါလည်း အဇာတသတ်မင်းရဲ့ ကျင့်ထုံးက ချစ်စရာကြည်ညိုစရာကောင်းလွန်းလို့ ပရိသတ်တွေ လိုက်နာကျင့်သုံးဖို့ကောင်းတယ်။

လွန်ကျူးမိတဲ့အပြစ်ကို ဝန်ခံပြီးရင် နောင်မလွန်ကျူးမိအောင် ဘာလုပ်ရမလဲ၊ စောင့်ရှောက်ပါ့မယ်တဲ့၊ ဒါလေးတော့ထည့်လိုက်ကြနော်။
မှန်ပါ့ဘုရား။

သြကာသ သြကာသ ဆိုတဲ့ကန်တော့ကျိုး နေ့တိုင်းသြကာသနဲ့ ကန်တော့ရင် နောက်တစ်ခါ အပြစ်မရအောင် စောင့်ရှောက်ပါ့မယ်လို့ ဒါလေးနောက်ကထည့်ထားရင် ဟုတ်လား၊ ပိုပြီးတော့ ကိုယ့်စိတ်ကိုယ်ထိန်းပြီးသားဖြစ်တယ်။

လူလိမ္မာအစစ်
အဲဒီတော့ ဒီမှာဘာဖြစ်သလဲဆိုတော့ -
ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ဝါပိ တေန သော။
လူတစ်ယောက်ဟာ ကိုယ်မိုက်တာကို မိုက်မှန်းသိလို့ မိုက်မိပါပြီ လို့ပြောလိုက်တဲ့အချိန်မှာ အဲဒီပြောလိုက်တဲ့စကားကြောင့်ပဲတဲ့ သူသည် ပဏ္ဍိတပြန်ဖြစ်တယ်တဲ့၊ နားလည်ရဲ့လား။
နားလည်ပါတယ်ဘုရား။
ဗာလ ဆိုတဲ့ပုဂ္ဂိုလ်သည် မိုက်ပြစ်တွေကို လွန်ကျူးမိလို့ သူမိုက်မိ ပါတယ်၊ လွန်ကျူးမိပါတယ်၊ နောင်မလွန်ကျူးတော့ပါဘူးလို့ ဒီလိုကြေညာ လိုက်လို့ရှိရင် အဲဒီပုဂ္ဂိုလ် ဗာလအဖြစ်က လွတ်ပြီးတော့ ဘာလဲ ပဏ္ဍိတ နော်၊ လူမိုက်စာရင်းကနေ လွတ်ထွက်သွားပြီးတော့ သူတော်ကောင်းစာရင်း သူဝင်သွားတယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ကိုယ်ကဗာလဖြစ်နေလျက်နဲ့ကိုယ့် ကိုယ်ကို ပဏ္ဍိတလို့ထင်နေလို့ရှိရင်တဲ့၊ အဲဒီပုဂ္ဂိုလ်က ပိုပြီးတော့ မိုက်ဦးမယ်တဲ့၊ ပရိသတ်ရေ ဒါနားလည်ရဲ့လား။
နားလည်ပါတယ်ဘုရား။

ဗာလနဲ့ပဏ္ဍိတ ဗာလဆိုတာ လူမိုက်၊ ပဏ္ဍိတဆိုတာက သူတော်ကောင်း ကိုယ်လူမိုက်ဖြစ်ရင် မိုက်မိရင် မိုက်ပြစ်ရှိရင် မှတ်မိပါတယ်၊ အပြစ်ရှိပါတယ်၊ သည်းခံကြပါ၊ နောင်ဒီအမိုက်မျိုးကို ထပ်မမိုက်တော့ပါဘူးလို့ဆိုရင် သူဘာဖြစ်လဲ ပဏ္ဍိတ ပညာရှိသူတော်ကောင်းဖြစ်တယ်။ မိုက်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က မိုက်တာလေးကိုဖုံးထားပြီးတော့ ကိုယ့်ကိုယ်ကို ပညာ ရှိသူတော်ကောင်းလို့ထင်နေရင် ပညာရှိသူတော်ကောင်းယောင်ဆောင်နေ ရင် ဒီပုဂ္ဂိုလ်ဟာ ပိုပြီးတော့မိုက်တာတဲ့ ပရိသတ်ရေ။

ရိုးသားသူ

ဒါဟာ Honesty လို့ခေါ်တယ်၊ ရိုးသားတာ၊ မေတ္တသုတ်ကိုဖတ် ကြည့်ပေါ့၊ ''သက္ကော ဥဇု စ သုဟုဇု စ'' ဟုတ်လား၊ ဥဇုဆိုတာ ဖြောင့်မတ်တယ်၊ သုဟုဇုဆိုတာ ကောင်းကောင်းကြီးဖြောင့်မတ်တယ်၊ ကိုယ်နဲ့နှုတ် ဖြောင့်မတ်တယ်၊ စိတ်ပါဖြောင့်မတ်တယ်၊ သုဟုဇု အဇာတသတ်မင်းတရား သုဟုဇု ဖြောင့်မတ်တယ်၊ အဲဒီတော့ ဘုန်းကြီးတို့ပရိသတ် အဲဒီရာဇဂြိုဟ် မြို့ရဲ့အနောက်နားက ဂင်္ဂါမြစ်ကမ်းမှာ သခွတ်ပင်တွေ ပေါက်နေတဲ့ရွာက လေးတစ်ရွာရှိတယ်၊ အဲဒီသခွတ်တောကြီးကို ရှင်းလင်းပြီးတော့ မြို့ကြီးတစ် မြို့တည်ခဲ့တယ်၊ အဇာတသတ်ဟာ အဲဒီမြို့က ပါဋလိဆိုတဲ့ရွာကိုမြို့တည်တာမို့လို့၊ ဒီမြို့ဟာနောင်သောအခါ ပါဋလိပုတ်ဆိုတာဖြစ်လာတယ်။
အဲဒီပါဋလိပုတ်ဆိုတဲ့ အဇာတသတ်မင်း တည်ဆောက်ခဲ့တဲ့ဒီမြို့ဟာ ဘုရားပရိနိဗ္ဗာန်စံပြီး နှစ်နှစ်ရာ့တစ်ဆယ်ရှစ်နှစ် ကြာတဲ့အခါမှာ သီရိဓမ္မာအသောကမင်း နန်းစိုက်ခဲ့တာ၊ ပါဋလိပုတ်မှာပဲ သီရိဓမ္မာအသောကဆိုရင် တတိယသင်္ဂါယနာတင်ပြီး ကျောင်းပေါင်းရှစ်သောင်းလေးထောင်၊ စေတီ ပေါင်းရှစ်သောင်းလေးထောင်၊ ကိုးတိုင်းကိုးဌာန သာသနာပြုတွေစေလွှတ်တော့ သာသနာ့သမိုင်းမှာ သိပ်ကျေးဇူးကြီးတဲ့မင်းတစ်ပါး။ အဲဒီအသောက မင်းတရားသည် သူနန်းစိုက်၍သွားခဲ့တဲ့ ပါဋလိပုတ်မြို့ဟာ ဘယ်သူတည် ဆောက်ပေးခဲ့သလဲဆိုရင် အဇာတသတ်မင်းကြီး တည်ဆောက်ပေးခဲ့တာတဲ့၊ ကျေးဇူးအဆက်ဆက် ပရိသတ်ရေ ဒီလိုကြီးတယ်နော်။
မှန်ပါ့ဘုရား။

ပြီးတော့ အဇာတသတ်မင်းတရားက မြတ်စွာဘုရားကို ယခုလို ရှိခိုးပြီးတဲ့အခါ သရဏဂုံဆောက်တည်ပြီးတဲ့အခါ ငါးပါးသီလဆောက်တည် ပြီးတဲ့အခါ၊ ဥပါသကာအဖြစ် ကြော်ငြာပြီးတဲ့အခါ၊ အပြစ်တွေကိုဝန်ချ တောင်းပန်ပြီးတဲ့အခါ စိတ်ထဲမှာ အစဉ်ထာဝရ ကြည်နူးသွားတဲ့အတွက် ပုထုဇဉ် ရှင်ဘုရင်တွေထဲမှာတော့တဲ့၊ မြတ်စွာဘုရားအပေါ်မှာ ချစ်တဲ့ကြည်ညိုတဲ့အထဲမှာ အဇာတသတ်မင်းလောက် ချစ်သော ကြည်ညိုသော မင်းဟာ တခြားမရှိဘူးတဲ့။

မြတ်စွာဘုရားပရိနိဗ္ဗာန်စံတဲ့နေ့တုန်းက ပရိနိဗ္ဗာန်စံပြီဆိုတဲ့ သတင်းကို သူ့ကို ချက်ချင်းမပြောရဲဘူး၊ ရွှေတလားကြီးတွေထဲမှာ ပရိသတ်ရေ ထောပတ်တွေအပြည့်ထည့်ထားတယ်၊ ရွှေတလားသုံးလုံး အဇာတသတ် မင်းကြီးကို ပြောတော့မယ်ကြံတော့ အဆင်သင့်ပြင်ထားပြီးတော့၊ မင်းကြီး မြတ်စွာဘုရားပရိနိဗ္ဗာန်စံပါပြီလို့ သူ့ကိုသွားပြောတာ၊ ဟာ သောကတွေ ဖြစ်လွန်းလို့ တစ်ကိုယ်လုံး ပူလိုက်တာ ရှိန်ရှိန်နဲ့ မီးလောင်သလိုပူတာ၊ မင်းတရားကြီးကိုယ်ကိုပွေ့ချီပြီးတော့ ခုနက ထောပတ်တလားထဲကို ထည့်လိုက်တယ်။
ထောပတ်တွေက ရှဲကနဲဆိုအကုန်အရည်ပျော်သွားတယ်၊ ပြီးတော့မှ ထောပတ်တလားတစ်ခုစီ တစ်ခုစီ ပြောင်းတော့မှ တဖြည်းဖြည်း သူ့ရင်ထဲကအေးသွားတယ်၊ ဒီလောက် ဘုရားအပေါ်မှာချစ်တဲ့ ကြည်ညိုတဲ့ မင်းဟာ အဇာတသတ်မင်းဖြစ်တယ်၊ အဲဒါကြောင့် မြတ်စွာဘုရားပရိနိဗ္ဗာန် စံပြီးသုံးလအကြာ ရာဇဂြိုဟ်ဝေဘာရတောင်ခြေရင်းမှာ အရှင်မဟာကဿ ပခေါင်းဆောင်တဲ့ သံဃာတော်အရှင်မြတ်ငါးရာတို့က သင်္ဂါယနာတင်မယ် ဆိုတော့ ပစ္စည်းလေးပါး ဒါယကာဟာ ဒီမင်းတရားပဲ၊ မဟုတ်လား။
မှန်ပါဘုရား။

သင်္ဂါယနာတင်ပွဲ ဆင်နွှဲကြတဲ့ သံဃာတော်အရှင်မြတ်တို့ ချမ်းသာ စွာနေဖို့ ကျောင်း ဆွမ်း သင်္ကန်း ဆေး လေးပါးသောပစ္စည်းထောက်ပြီး တော့သင်္ဂါယနာတင်ပွဲကြီး အထောက်အကူပေးခဲ့တာ ဒီအဇာတသတ်မင်းတရားဖြစ်တယ်။ နောင်သောအခါ နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာတဲ့အခါ ဘယ်လောက်ကြာမလဲ။
နှစ်အသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါဘုရား။

အဇာတသတ် ပစ္စေကဗုဒ္ဓါ ဖြစ်မည်

ဝိဇီတာဝီ ဆိုတဲ့ ပစ္စေကဗုဒ္ဓါအဖြစ်နဲ့ နိဗ္ဗာန်ဝင်မယ်တဲ့။ အဇာတသတ်ဟာ ပစ္စေကဗုဒ္ဓါအလောင်းမဟုတ်လား။
မှန်ပါဘုရား။
မိတ်ကောင်းတစ်ယောက်ရဲ့ကျေးဇူးဟာ လမ်းကြောင်းဖြောင့်သွား တယ်နော်။
မှန်ပါ့ဘုရား။
မိတ်ကောင်းတစ်ယောက်ရဲ့ကျေးဇူးကြောင့် အဝီစိဆင်းမယ့်ပုဂ္ဂိုလ်သည် အဝီစိမသွားဘဲနဲ့ လောဟကုမ္ဘိငရဲလောက်မှာပဲနေရတယ်၊ လောဟကုမ္ဘိငရဲမှာ အနှစ်ခြောက်သောင်းခံပြီးလို့ လွတ်တဲ့အခါမှာ ပစ္စေကဗုဒ္ဓါအကျင့်ကိုကျင့်ပြီးတော့ ဘာ ပစ္စေဗုဒ္ဓါဖြစ်မလဲ၊ ဝိဇီတာဝိ ဒီလိုဖြစ်ဦး မယ်တဲ့။

ဆရာဇီဝကရဲ့ကျေးဇူးတွေက ဆပ်လို့မကုန်အောင်ကြီးပါတယ်၊ ဟုတ်လား၊ အဲဒါကြောင့် မိတ်ကောင်းတစ်ယောက်၊ စိတ်ကောင်းကောင်းနဲ့ စောင့်ရှောက်မယ်ဆိုလို့ရှိရင် ဘဝလမ်းကြောင်းဟာ ဒီလိုဖြောင့်တယ်။ အေး မိတ်ဆွေယုတ်တို့ရဲ့နောက်ကို ယုတ်မာတဲ့စိတ်နဲ့လိုက်မိပြီဆိုလို့ရှိရင်လည်းပဲ အဇာတသတ်ရဲ့ဘဝခရီးကိုသာ ကြည့်တော့ ဟုတ်လား။
အဲဒါကြောင့် မင်္ဂလသုတ္တန်ဟာ ဘယ်လောက်ကျေးဇူးကြီးလဲ ''အသေဝနာ စ ဗာလာနံ'' ဗာလကိုပေါင်းသင်းက ဘဝတစ်ခုလုံး ဆုံးရှုံး နိုင်တယ်တဲ့၊ ''ပဏ္ဍိတာနဉ္စ သေဝနာ'' ပဏ္ဍိတပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံ ရင် ဘဝလမ်းကြောင်း ဘာဖြစ်လဲ ဖြောင့်မှန်လာလိမ့်မယ်၊ ဒီလိုမဟုတ်လား။
မှန်ပါ့ဘုရား။
ဒီတော့ ကောမုဒိယာ - ကုမုဒြာကြာတွေပွင့်ပြီးတော့နေတဲ့။ စာတု မာသိနိယာ - မိုးလေးလကုန်ဆုံးလို့နေနေတဲ့။ ပုဏ္ဏာယ - မိုးဥတုပြည့်တဲ့။ ပုဏ္ဏမာယ - လပြည့်ဝန်းလည်းပြည့်ပြည့်ဝန်းဝန်း ထွန်းလင်းလို့နေနေတဲ့ ယခုလို တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းကာလမှာ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ်ကို ဘုရားရှင်ကိုယ်တော်မြတ်က ဘာသုတ္တန်ဟောတုံးဆိုလို့ရှိရင် ပရိသတ်ရေ သာမညဖလသုတ္တန်၊ ဘာသုတ္တန်လဲ။
သာမညဖလသုတ္တန်ပါဘုရား။
ဒါကြောင့် ဒီကနေ့ကိုခေါ်တယ်၊ သာမညဖလအခါတော်နေ့ ဘာ နေ့ခေါ်သလဲ။
သာမညဖလအခါတော်နေ့ပါဘုရား။
ဘန္တေ - ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား။ အဇ္ဇတဂ္ဂေ ပါဏုပေတံ - ဒီကနေ့မှစ၍ အသက်ရှည်နေသမျှကာလပတ်လုံး။ ရတနတ္တ ယံ - ဘုရား တရား သံဃာရတနာသုံးပါးကို။ သရဏံ သရဏံဣတိ - ကိုး ကွယ်ရာဟူ၍။ ဂစ္ဆာမိ - ဘုရားတပည့်တော် ယုံကြည်သိမှတ် ဆည်းကပ်ပါ ပြီ မြတ်စွာဘုရား။ ဘဂဝတော - ဘုရားရှင်ကိုယ်တော်မြတ်ရဲ့။ ဓမ္မံ - တရားတော်သည်။ နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ - မှောက်ထားတဲ့အိုးကိုလှန် ပြသလိုပါပဲ။ ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ - ဖုံးလွှမ်းထားတာတွေကို ဖွင့်ပြသလို ပါပဲ။ မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ - လမ်းမှားလျှောက်နေတဲ့လူတစ်ယောက် ကို လက်ကိုကိုင်ဆွဲ ဒီလမ်းကိုသွားလို့ သေသေချာချာ ညွှန်ကြားလိုက်သလို ပါပဲ။ အန္ဓကာရေ ဝါ တေလပဇ္ဇေတံ ဓာရေယျ စက္ခုမန္တေ ရူပါနိ ဒက္ခန္တတီ တိ - ညအမှောင်ကြီးထဲမှာ မျက်စိကောင်းတဲ့သူတို့အတွက် ဆီမီတန်ဆောင် တွေကို ညှိထွန်းထောင်ပြသလိုပါပဲ။ ဧဝမေဝ - အဲဒီနည်းအတိုင်း။ ဘဂဝ တော - ဘုရားရှင်ကိုယ်တော်မြတ်သည်။ အဟံ - တပည့်တော်အဇာတ သတ်ကို။ အနေကပရိယာယေန - နည်းပေါင်းများစွာနဲ့။ ဓမ္မော ပကာသိ တော - တရားတွေကို ပြလိုက်ပါတော့သည်မြတ်စွာဘုရား။
ဘန္တေ ဘဂဝါ - ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား။ အဟံ တပည့်တော်သည်။ အဇ္ဇတဂ္ဂေ ပါဏုပေတံ - ဒီကနေ့မှစ၍အသက်ရှင်နေ သမျှကာလပတ်လုံး။ ရတနတ္တယံ - ရတနာသုံးပါးကို။ သရဏံ သရဏံဣတိ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမ - ဆည်းကပ်ပါ၏။ ဘဂဝါ - ဘုရားရှင်ကိုယ် တော်မြတ်ကလည်း။ မံ - တပည့်တော်ကို။ ရတနတ္တယံ သရဂတံ - ရတနာ သုံးပါးကို ဆည်းကပ်နေတဲ့။ ဥပါသကန္တိ - ဥပါသကာယောက်ျားတစ်ယောက် ရယ်လို့။ ဓာရေတု - အသိအမှတ်ပြုတော်မူပါမြတ်စွာဘုရားလို့။ ဘဂဝန္တံ ဘုန်းတော်ခြောက်ပါးသခင် ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကို။ အဝေါစ - ရွှေနားတော်ကြားအောင်လျှောက်ထားရှာလေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

သြော် ကုမုဒြာတွေပွင့်တဲ့ည
ပရိသတ်ကြီးပြီးသွားပြီနော်၊ ဒီတရားနားကြားတဲ့သူတော်ကောင်း တွေ မိမိတို့၏ဘဝခရီးဖြောင့်ဖြူစေဖို့ ရေရှည်သတိပြုစရာအချက်နှစ်ခုက တော့ Association and Environment အပေါင်းအသင်းနှင့်ပတ်ဝန်းကျင် ကောင်းစွာသတိပြုပြီးတော့ ဘဝလမ်းကြောင်းအားလုံးဖြောင့်ဖြူအောင် နိဗ္ဗာန်အထိလျှောက်နိုင်ကြပါစေလို့ ဆုတောင်းပြီးတော့ နိဂုံးချုပ်ပါတယ်။
ကိုင်း အားလုံး အမျှဝေဖို့လိုက်၍ဆိုလိုက်ကြ။
ဣဒံ မေ ပုညံ ဗောဓိÓဏဿ ပစ္စယော ဟောတု။
အရှင်ဘုရား ဘုရားတပည့်တော်တို့၏ ဓမ္မဒါန ဓမ္မပူဇာ ဓမ္မဿ ဝန ဓမ္မဒေသနာ ဤကောင်းမှုသည် သစ္စာလေးတန် တရားမှန်ကို ပိုင်းခြား ထင်ထင် သိမြင်နိုင်သော ဗောဓိÓဏ်၏ အထောက်အပံ့ဖြစ်ပါစေသတည်း ဤကောင်းမှု ကုသိုလ်အဖို့ကို ကြွရောက်လာသော ပရိသတ်ကိုအစပြု၍ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်များစွာ သတ္တဝါအနန္တတို့အား အညီအမျှ ဝေငှပါ ကုန်၏။ ထိုထိုများစွာ သတ္တဝါတို့သည် ဤကောင်းမှုအဖို့ကို ကြားသိကြ၍ အမျှရ၍ ဝမ်းသာကြသည် ချမ်းသာကြသည် ဖြစ်ပါစေသော်။
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော
သာဓု သာဓု သာဓု ပါဘုရား။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၁၈-၁၁-၂၀၁၀

17 November 2011

ဘုန်းဘုန်းထံပေးစာ (၁၂)

ဘုန်းဘုန်းထံပေးစာ
ဆရာတော်ကြီးနဲ့အတူ လိုက်ပါသွားသော ကျောင်းအမတစ်ယောက်၏ ၁၂ စောင်မြောက် ပေးစာဖြစ်သည်။ ပေးစာများကို ဖတ်ရခြင်း သဒ္ဓါ ပီတိ မုဒိတာ များဖြစ်မိမှာ အမှန်ပင်ဖြစ်သည်။ ထိုကျောင်းအမ ပို့လိုက်သော ဓာတ်ပုံများကိုတော့ သီတဂူအာရောဂျဒါန (မြိုင်ကြီးငူ) ဆေးရုံ ပို့စ်တွင် တင်ပြီးဖြစ်သည်။
++++++++

‘‘နာမကျန်းသူတို့အား ပြုစုစောင့်ရှောက်ခြင်းသည် ငါဘုရားရှင်အား ပြုစုစောင့်ရှောက်ခြင်းမည်သည်’’ ဟူသော ဘုရားရှင်၏ ဆုံးမစကားနဲ့အညီ သီတဂူဆရာတော်ကြီးဦးဆောင်မှု့ဖြင့် သီတဂူသာသနာပြု အဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းဖြစ်သော စက္ခုဒါနနှင့် အာရောဂျဒါနဆိုတဲ့ လုပ်ဆောင်နေမှု့ကို တင်ပြပေးချင်ပါသည်ဘုရား။

ပြည်နယ်နှင့်တိုင်းဒေသများတွင် သီတဂူအာရောဂျဒါနနှင့် သီတဂူစက္ခုဒါန အမည်တပ်ကာ ဆေးရုံတွေ ဖွင့်လှစ်ပြီး ဖွင့်လှစ်ဆဲဖြစ်ပါသည်ဘုရား။ ဤနည်းအားဖြင့် ကျန်းမာရေး စောင့်ရှောက်မှု့တွေကို ပြုလုပ်ပေးနေသည်မှာ အခုဆိုလျှင် မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်း အသီးသီးတိုံတွင် သီတဂူဆေးရုံပေါင်း (၁၄)ရုံထိ ဖွင့်လှစ် နိုင်ခဲ့ပါသည်၊

ယ္ခုဆေးရုံ (၁၄) ရုံမြောက် သီတဂူအာရောဂျဒါနဆေးရုံကို ကရင်ပြည်နယ် မြိုင်ကြီးငူ အထူးဒေသ စုံနံ့သာမြိုင်ရွှေမြို့တော်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ(၁၄) ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
မနက်ခင်း အေးမြတဲ့ လေအေးအေးနဲ့ အတူ ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသရှိ DKBA တပ်ဖွဲ့ဆေးရုံရှေ့ဘက်ရှိ မြေကွက်လပ်ကြီးတွင် တည်ဆောက်ပြီးစီထားပြီဖြစ်သော သီတဂူ-မြိုင်ကြီးငူ အာရောဂျ ဒါန ဆေးရုံကြီး ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပရန်အတွက် သီတဂူဆရာတော်ကြီး အမှုးပြုသော သံဃာတော်များ၊ မြိုင်ကြီးငူ အထူးဒေသမှ မြိုင်ကြီးငူ ဆရာတော် အမှုးပြုသော ဆရာတော် များ သီတဂူသာသနာပြုအဖွဲ့ဝင်များ၊ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်နယ် အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ မြိုင်ကြီးငူ အထူးဒေသမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ၊ ဘာသာခြား ကိုယ်စားလှယ်တော်များ အလှု့ရှင်များ ရောက်ရှိ နေကြပါသည်၊ အခမ်းးအနား မစတင်မီ ဒေသခံ ကရင်ရိုးရာ ဒုံယိမ်းအကများဖြင့် ဧည်သည်တော်များကို ဧည့်ခံနေပါသည်။

အစီအစဉ် ပထမပိုင်း
ပထမပိုင်း အစီအစဉ်ကို စတင်ရာ မနက် (၈)နာရီတွင် ဖွင့်ပွဲ အခမ်းအနားကျင်းပရာ မဏ္ဍပ်တွင်း၌ နေရာယူကြပြီး သီတဂူဆရာတော်ကြီး ကြွရောက်လာသောအခါ နမောတဿ (၃) ကြိမ်ရွတ် ဘုရားရှစ်ခိုးကာ အခမ်းအနားကို စတင်သည်။ သီတဂူ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူကြသည်။ ကြွရောက်လာကြသော သံဃာတော်များက မေတ္တာသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ပုဗ္ဗဏှသုတ်များ ရွတ်ဆိုကြသည်။ မြိုင်ကြီးငူ-ဓမ္မစင်္ကြာ အဖွဲ့သူများက ဓမ္မဂီတတေးကဗျာကို ရွတ်ဆိုပူဇော်ကြပါသည်။ ထို့နောက် ဓမ္မစင်္ကြာအဖွဲ့ဝင် တစ်ဦးဖြစ်သူက သီတဂူ-မြိုင်ကြီးငူ-အာရောဂျဒါနဆေးရုံတော် တေးထပ်ကို သီဆိုပူဇော်ပါသည်၊ သံဃာတော်များကို လှူဖွယ်များ ဆက်ကပ်လှူဒါန်းပြီး သီတဂူ ဆရာတော်ကြီးမှ အနုမောဒနာ တရားချီးမြှင့်ပါသည်၊
ဆရာတော်ဟောကြား မြတ်တရား
ဆရာတော်ချီးမြှင့်သော တရားတော်မှာ တတိယရွှေကျင်သာသနာပိုင် ဒီပဲရင်းဆရာတော်ကြီးရဲ့ အဘိဓမ္မာအဖွင့်ကျမ်း တစ်ခုဖြစ်တဲ့ ပဌမတ္တစက္ခုဆိုကျမ်းထဲက ဂါထားလေးတစ်ပုဒ်နဲ့ ဘုန်းကြီး ရဟန်း (၃)၀ါထဲက ဆုတောင်းခဲ့သည်။ ‘‘ငါသည် သူတစ်ပါး အကျိုးစီးပွားကို ဆောင်ရွက်နိုင်ရပါလို့၏။ ငါ၏ အကျိုးစီးပွားကို သူတစ်ပါးကလဲ ဆောင်ရွက်ရပါလို၏။ ငါသည် ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ပါရစေနဲ့။ ငါ့ကို ဒုက္ခရောက်အောင်လည်း ဘယ်သူကမှ မလုပ်ပါစေနဲ့’’။ နောက်ထပ် ဆုတောင်းတွေလဲ ဘုန်းကြီးမှာ ရှိသေးတယ်၊ အဲဒီဆုတောင်းတွေကို ငယ်ငယ်လေးထဲက တောင်းနေခဲ့တာ။ အသက်တော်လေးကြီးပြီး ဒီနေ့ အချိန်ထိ တော်တော် တန်တန်လေး ပြည့်လာခဲ့သည်။

ဘာကြောင့် ပြည့်ရသလဲပြောရင် ဘုန်းကြီးတို့ သီတဂူဆေးရုံပေါင်း ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဒီကနေ့ဖွင့်လှစ်တဲ့ သီတဂူ-မြိုင်ကြီးငူ အာရောဂျဒါနဆေးရုံ အပါအ၀င် ဆေးရုံပေါင်း(၁၄) ရုံကိုဖွင့်လှစ်နိုင်ခဲ့ပါသည်။ (၁၃) ခုမြောက်ဆေးရုံကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်ပြီး တောင်တန်းသာသနာပြု ဆေးရုံအဖြစ် လှူထားခဲ့သည်၊ တောင်ပေါ်ဒေသ ၁၀မိုင် ၁၅မိုင် ၂၀မိုင် ၃၀မိုင်လောက် ဝေးတဲ့ တောကြိုတောင်ကြားတွေက ကုန်းကြောင်းလျှောက်ပြီး လာကြတဲ့ သွေးချင်းသားချင်း ညီအစ်ကိုမောင်နှမတွေမှာ မြန်မာစကားကို လူ၁၀ယောက်လာလျှင် ၃ယောက်လောက်သာ ပြောနိုင်ကြတယ်။ တောင်ပေါ်က ဆင်းလာကြတဲ့ သူတွေထဲမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ သူကလဲ ၁၀ယောက် တစ်ယောက်ပါဖို့ ခဲယဉ်းတယ်၊ အဲဒီလူတွေ အားလုံးလူပေါင်း(၄၀၀၀)ကျော်ပါတယ်၊ ထပ်မံ စစ်ဆေးမှု့တွေ လုပ်ကာ ကုသပေးခဲ့ကြပါသည်။

ခရစ်ယာန် မျက်မမြင်ကျောင်းက ကလေးများကိုလဲ သွားရောက် စစ်ဆေးပေးတဲ့ အခါမှာ ကလေး(၁၀)ယောက်လောက်က မျက်စိမြင်ဖို့ အလားအလာရှိတယ်လို့ မျက်စိဆရာဝန်ကြီးများက စစ်ဆေးချက်အရ အဲဒီကလေး(၁၀)ကို လေယာဉ်ပျံ စရိတ်ပေးပြီး စစ်ကိုင်းမှာပဲ မျက်စိခွဲတာ (၇)ယောက် မျက်စိမြင်သွားတယ်။ စစ်ကိုင်းဆေးရုံကိုလာတုန်းက ကြိုးလေးတွေနဲ့ တန်းစီ တွဲပြီး ခေါ်လာကြရတဲ့ ကလေးတွေ ခွဲစိပ်ကုသလို့လဲ ပြီးရော ကလေးတွေ ကိုယ့်လမ်းကိုယ် လျှောက်ပြီး ထမင်းစားခန်း သွားတာတို့၊ လေယာဉ်ပေါ်တက်တာကိုပါ ကိုယ့်ဘာသာ ကိုယ်သွားနိုင် လျှောက်နိုင်ကြသွားသည်၊ ဘုန်းကြီးတို့၏ အကျိုးကျေးဇူးက ဤမျှပဲ၊ သူတစ်ပါးတို့ အကျိုးစီးပွား ရသွားရင် ၀မ်းသာတယ်၊ ဘုန်းကြီးတို့ သီတဂူ တဖွဲ့လုံးရဲ့ မျှော်လင့်ချက်က သူတစ်ပါးတို့ရရှိသော အကျိုး ကျေးဇူးကိုကြည့်ပြီး မိမိတို့ကိုယ်တိုင် ၀မ်းသာခြင်း၊ ချမ်းသာခြင်းဖြစ်ပါတယ်လို့ ဒါလေးယုံကြည် ထားပါသည်၊ ဒီပဲရင်းဆရာတော်ကြီးရဲ့ ကျမ်းဂန်ထဲက ဆုတောင်း ဒီကနေ့ အတော်အတန် ပြည့်လာတယ်လို့ ဆရာတော် မိန့်ဆိုသွားပါသည်။

ဒီဆုတောင်းတွေကို ဆက်လက်ဆုတောင်းနေဆဲပါ၊ ဒီထက်တိုးပြီးတော့ ဆောင်ရွက် နေရအောင် ဆုတောင်းတွေကို တိုးပြီး တောင်းနေရမှာပါ။နောက်ထပ်လဲ သီတဂူ အာရောဂျဒါနဆေးရုံတွေ ကိုလဲ တိုးတိုးပြီး ဖွင့်လှစ်သွား နိုင်အောင်ကြိုးစားမယ်ဆိုတာရယ်၊ ‘‘ငါသည် သူတစ်ပါးအကျိုး စီးပွားကို ဖြစ်နိုင်သလောက် တတ်နိုင်သလောက် လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ဓါတ်လေးတွေကို မွေးမြူကြပါ’’လို့ မိန့်ဆိုသွားပါသည်။
မြိုင်ကြီးငူဆရာတော်ကြီး၏ ရွှေပြည်ဝင် တပည့်များဖြစ်ကြတဲ့ DKBA ဒကာ/မများက ပေါင်းစုပြီး ဆေးရုံ အဆောက်အဦး အတွက် ကုန်ကျငွေ သိန်းပေါင်း(၃၀၀၀)ကျော်နှင့် သီတဂူဆရာတော်ကြီး နှင့် သီတဂူ သာသနာပြု အဖွဲ့က ဆေးရုံ အတွက် သိန်ပေါင်း (၃၅၀၀)ကျော် တန်ဘိုးရှိ ဆရာဝန်သုံး၊ လူနာသုံး၊ အသုံးအဆောင် ပစ္စည်းများနှင့် ရောဂါ စမ်းသပ်ကုသရေးဆိုင်ရာ စက်ပစ္စည်းများ၊ ဓါတ်မှန်စက်များ၊အထွေထွေ ခွဲစိပ်ခန်းနှင့် မျက်စိခွဲစိပ်ခန်း နှစ်ခန်းအတွက်ပါ ပစ္စည်းကိရိယာ အပြည့်အစ၊ုံ 100-KVA အားရှိ Cummis- အမျိုးအစား လျှပ်စစ် ဓါတ်အားပေးစက် အသစ်ကိုလည်းတပ်ဆင်မောင်းနှင်နေပြီး တိကျပြည့်ဝသော လျှပ်စစ် ဓါတ်အားကိုရရှိစေပါသည်၊စုစုပေါင်း သိန်း(၆၅၀၀)ကျော်တန်ဘိုးရှိ သီတဂူ-မြိုင်ကြီးငူ အာရောဂျဒါနဆေးရုံ နှင့် ပစ္စည်းအားလုံးကို သီတဂူဆရာတော်ကြီးနှင့် မြိုင်ကြီးငူ ဆရာတော်တို့က ကျန်းမာရေးဝန်ကြီး ဌာနသို့ လွဲပြောင်း အပ်နှံ လှူဒါန်းလိုက်ကြောင်းကိုပါ သီတဂူဆရာတော်ကြီးက ရေစက်ချတရား ဟောရင်းမိန့်ဆိုသွားပါသည်။

အစီအစဉ် ဒုတိယပိုင်း
ဒုတိယပိုင်း အစီအစဉ်ကို ဆေးရုံရှေ့ မျက်နှာစာတွင်ကျင်းပရာ ပြည်နယ်သံဃာနာယက ဥက္ကဌဆရာတော်၊ ပြည်နယ်သာသနာရေးဝန်ကြီး၊DKBA ,BGF ခေါင်းဆောင်၊အင်္ဂလိကန်နယ်စည်းသာသနာပိုင်၊ ရွှေဂွန်းအောက်ဗလီဆရာ တို့က ဖဲကြိုးဖြတ် ဖွင့် လှစ်ပေးပြီး။ ကရင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်က ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပါသည်၊ ထိုအချိန်တွင် DKBA,BGF အဖွဲ့မှ အမြှောက်(၉)ချက် ပစ်ဖောက်၍ ဂုဏ်ပြုပါသည်၊ ကျန်းမာရေးဝန်ကြီးဌာနသို့ ဆေးရုံနှင့် ပတ်သက်သော စာရွက်စာတန်းများကို သီတဂူ ဆရာတော်ကြီးကိုယ်တိုင် ပြည်နယ်ဝန်ကြီးချုပ်ကို လွှဲပြောင်းပေးအပ်ပါသည်။

သီတဂူကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေးမှ အလှုငွေ သိန်း(၁၀၀)၊ သီတဂူ သာသနာပြုအဖွဲ့မှ လှုဒါန်းငွေ (၆၅)သိန်းတို့ကို ပေးအပ် လှူဒါန်းကြပါသည်။ သီတဂူဆရာတော်ကြီးနှင့် အမှတ်(၁၀၂၂) နယ်ခြားစောင့်တပ်ရင်းမှ တပ်မှူး ဗိုလ်မှူးမုတ်သုံ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့မှ ၀မ်းမြောက်စကားများ ပြန်လည်ပြောကြားကြပါသည်။ ဧည့်သည်တော်များအား ဖွင့်ပွဲ အထိမ်းအမှတ်အလံနှင့် ရိုးရာလက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဆေးရုံတွင်းလှည့်လည်ကြည့်ရှုကာ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

နိဂုံး
ကျမတို့လည်း ဆရာတော်ကြီးကို သွားရောက် ဂါရ၀ပြု နုတ်ဆက်ပြီး ရန်ကုန်သို့ ပြန်လာကြပါသည်။ အပြန်လမ်းပေါ်တွင် အတွေးဝင်လာသည်မှာ အခုလို ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးရဲ့ တပည့်တစ်ယောက် အနေနှင့် ဆရာတော်ကြီး လုပ်ဆောင်နေသော သာသနာပြုလုပ်ငန်းများတွင် အုတ်တစ်ချပ် သဲတစ်ပွင့်မျှ ပါဝင်ခွင်ရသည့် ကျမသည်လည်း ဆရာတော်ကြီး ဆုတောင်းသကဲ့သို့ ဆုတောင်းနေမိပါသည်။ ဆရာတော်ကြီးရဲ့ အရိပ်အောက်တွင် သာသနာပြုလုပ်ငန်းများကို မိမိ စွမ်းအားရှိသလောက် ကူညီလုပ်ဆောင်နိုင်ရန် သန္ဒိဋ္ဌာန်ချလိုက်ပါသည်။

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ပန်းစပယ်(လှဆန်းယဉ်)
+++++++
ပေးစာများ ပို့ပေးသော ကျောင်းအမအား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၁-၂၀၁၁

16 November 2011

ထပ်ဆင့်အလှူ

ထပ်ဆင့်အလှူ
ဘုရားလက်ထက်တော်ကထဲက အနာထပိဏ်သူဋ္ဌေးတို့ ၀ိသာခါတို့သည် သူတို့ရှာဖွေလို့ရလာတဲ့ စီးစိမ်ဥစ္စာများကို ကိုယ်ချည်းပဲ မသုံးဘဲ သာသနာတော်အတွက်ပါ ဝေစားမျှစား လုပ်တတ်သူ ဖြစ်သည်။ ယခုလဲ စင်္ကာပူမှ ဒကာမလေးတစ်ယောက်သည် သူမ၏ ချွေးနဲ့စာဖြင့် တတိယအကြိမ် သွေးလှူတဲ့ အထိမ်းအမှတ်ဖြင့် ဘုံဘေမြို့ စောမယကောလိပ်ရှိ Ph.D မြန်မာကျောင်းသား (၂၀) တို့အတွက် ဆွမ်းအလှူအဖြစ် လှူဒါန်းသည်။ အရင်တစ်ခါလဲ အလှူကြီးတစ်ခုလုပ်ခဲ့ပြီး ဖြစ်သည်။

ဒီကနေ့အလှူသည် မိမိ၏ အသက် အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ သွေးအလှူအပေါ် ထပ်လောင်းပြီး သံဃိကဒါန အလှူပါ လှူတဲ့ ထပ်ဆင့်အလှူဖြစ်သည်။ အလှူရှင်ကပြောသေးတယ်၊ လှူတာကတော့ ဘယ်မှာလှူလှူ ဖြစ်ပေမဲ့ အရှင်ဘုရားတို့လို ပုဂ္ဂိုလ်မျိုးတွေ တစ်စုတဝေးတည်း လှူခွင့်ရဖို့ဆိုတာ မလွယ်ဘူးဘုရားတဲ့။

အလှူရှင်ရေးလိုက်သော ‘စာ’
ဘုန်းဘုန်း မင်္ဂလာနံနက်ခင်းပါ
ဘုန်းဘုန်းကို အလုပ်ပိုပေးလိုက်ပြန်ပြီ။ ဘုန်းဘုန်း ရိုရိုသေသေ လေးလေးစားစား အကူညီတောင်းပါတယ်။ ဘုန်းဘုန်းတို့ကို ဆွမ်းကပ်ချင်လို့ အခုအလှူငွေလွှဲလိုက်ပါတယ်။ သမီးကိုယ်တိုင် ကိုယ်ထိလက်ယောက် ကပ်လှူချင်ပေမယ့် ဘုန်းဘုန်းတို့ဆီကို မလာနိုင်လို့ ဘုန်းဘုန်းအကူညီလိုအပ်ပါတယ်။ ဒီနေ့လှူတာက သမီးရဲ့ တတိယအကြိမ် သွေးလှူတဲ့ အမှတ်တရပါ၊ မပြောပလောက်အသေးအဖွဲလေးကို ဖြစ်မြောက်အောင်ကူညီပေးတဲ့အတွက် လေးလေးနက်နက် ရှစ်ခိုးကန်တော့လိုက်ပါတယ်ဘုန်းဘုန်း။
ဘုန်းဘုန်း နာမည်နဲ့ လွှဲလိုက်တယ်။
ရိုသေလေးစားစွာဖြင့်
စင်္ကာပူ ဒကာမ
=======================
သာဓု သာဓု သာဓု
ယနေ့အလှူရော ရှေးရှေးက အလှူတွေအတွက်ပါ သာဓု ခေါ်ပါသည်၊ ကျေးဇူးလဲ အထူးတင်ပါသည်။ စာရေးသူအား ဝေယျာဝစ္စကုသိုလ်တွေ ပေးတဲ့ အတွက်လဲ များစွာ ကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၁၁-၂၀၁၁

15 November 2011

သီတဂူအာရောဂျဒါန ဆေးရုံ (မြိုင်ကြီးငူ)



ဆေးရုံတော်ကြီး မြင်ကွင်း
သီတဂူအာရောဂျဒါန ဆေးရုံ (မြိုင်ကြီးငူ)

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသရှိ ပြည်သူများအတွက် ရောက်လာပါပြီ သီတဂူ။ သီတဂူဆရာတော်ကြီးသည် မြန်မာပြည်တ၀ှမ်းလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝေးလံခေါင်သော နေရာများကို သွားရောက်၍ သီတဂူဆေးရုံတော်များ ဆောက်လုပ်လှူဒါန်းသည်။ မျက်စိအထူးကုဆေးရုံများနှင့် အထွေထွေ ဆေးရုံတော် များဖြစ်သည်။

ယခုနှစ် ၂၀၁၁၊ နိုဝင်ဘာ (၁၄) ရက်နေ့တွင် ကရင်ပြည်နယ် မြိုင်ကြီးငူဒေသအတွက် အမှတ်စဉ် (၁၄) သီတဂူအာရောဂျဒါန (အထွေထွေဆေးရုံ) ဆေးရုံတော်ကြီးကို သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာ ဒကာမများ သွားရောက် ဖွင့်လှစ်ခဲ့သည်။

ဆေးရုံဖွင့်ပွဲအခမ်းအနား
ထိုဆေးရုံဖွင့်ပွဲ အခမ်းအနားကို DKBA ဌာနက လက်ခံ ကျင်းပပေးသည်။ သီတဂူဆရာတော်ကြီးနှင့် အတူ လိုက်ပါလာသော အလှူရှင် သီတဂူဒကာ ဒကာမများအား DKBA မှ ကရင်ဝတ်စုံများကို လက်ဆောင်ပေးသည်။ ထိုဝတ်စုံများ ၀တ်ဆင်ကာ အခမ်းအနား ဖွင့်ပွဲကို တက်ရောက်ကြရသည်။


ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၁၅-၁၁-၂၀၁၁

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes