သီတဂူစတား

သီတဂူစတား

27 June 2012

မောင်မယ်သစ်လွင် ကြိုဆိုပွဲ (ရန်ကုန်)

မောင်မယ်သစ်လွင် ကြိုဆိုပွဲ (ရန်ကုန်)
၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဒီပလိုမာ Diploma) ကျောင်းသား-ကျောင်းသူ။ ဘီအေ (B.A) ကျောင်းသား-ကျောင်းသူများ၏ Fresher-welcome (မောင်မယ်သစ်လွင်ကြိုဆို)ပွဲကို ၂၀၁၂ ဇွန်လ ၂၆ နေ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ ဘွဲ့နှင်းသဘင်ခမ်းမဆောင်ကြီးတွင် ကျင်းပခဲ့သည်။
(အခမ်းအနား မြင်ကွင်းဓာတ်ပုံများ)

ထိုအခမ်းအနားပွဲသို့ နိုင်ငံတော်သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရာဘိဝံသ တက်ရောက်ချီးမြောက်ခဲ့သည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
(ခန်းမဆောင်ကြီးအတွင်းမှ ဆရာတပည့်များ စုပေါင်း)
(မန္တလေးသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေးက စာသင်သားများအား စာရေးကိရိယာများ လှူဒါန်းခြင်း)

သီတဂူပညာရေးမှုးဆရာတော် ဒေါက်တာပညာသီဟာလင်္ကာရက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ အကြောင်းနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ကျောင်းသားစာရင်နှင့် သင်တန်းများအကြောင်းကို ဖတ်ကြား လျှောက်ထားသည်သိရသည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ သင်တန်းများ)

သတင်းနှင့်ဓာတ်ပုံများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖေ့ဘုတ်ခ်မှ ကူးယူဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၆-၂၀၁၂

21 June 2012

ရခိုင်ပြည်နယ်ပဋိပက္ခနှင့်ပတ်သက်၍ သံဃာ့ဆန္ဒကို ကြေငြာချက် ထုတ်ပြန်ခြင်း

ရခိုင်ပြည်နယ်ပဋိပက္ခနှင့်ပတ်သက်၍

သံဃာ့ဆန္ဒကို ကြေငြာချက် ထုတ်ပြန်ခြင်း

--------

စစ်ကိုင်းတောင်ရိုး၌ သီတင်းသုံးနေထိုင်လျက် ရှိကုန်သော သံဃာတော်အရှင်မြတ်များသည် ယနေ့ ဖြစ်ပေါ်လျက်ရှိသည့် ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ သံဃာ့ဆန္ဒ၊ သံဃာ့ သဘောထားကို အတိအလင်း ထုတ်ပြန်ကြေငြာလိုက်သည်။ မြန်မာနိုင်ငံရှိ သံဃာတော်အရှင်မြတ်များသည် အမျိုး ဘာသာ သာသနာအတွက်ဆိုလျှင် သွေး အေးအေး မနေတတ်ပါ။ အရေးကြီးက သွေးနီသည့်စိတ်ဓာတ် အပြည့်အ၀ ရှိပါကြပါသည်။ အမျိုးဘာသာ သာသနာကို ဖျက်စီးနေသော၊ မြန်မာ့တိုင်းရင်းသားများကို အနိုင်ကျင့်၍ လူမဆန်စွာ မီးရှို့သတ်ဖြတ်နေသော မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဥပဒေဘောင်အတွင်းမှ ကန့်ကွက်တားဆီးသွားမည် ဖြစ်ပေသည်။

ယင်းသို့ သံဃာ့ဆန္ဒကို ထုတ်ပြန်ကြေငြာခြင်းသည် လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းကို ဖြစ်စေ လိုသောကြောင့် မဟုတ်ပါ။ ပုဂံခေတ်ကကဲ့သို့ ရှမ်း ဗမာ ကချင် ကရင် ကယား မွန် ရခိုင်စသည့် မြန်မာ့တိုင်းရင်းသား လူမျိုးအချင်းချင်း လက်တွဲကာ အေးချမ်းစွာ နေလိုသောကြောင့် ဖြစ်ပါသည်။ ယင်းထုတ်ပြန်ကြေငြာချက်ကိုလည်း လွှတ်တော် ၂-ရပ်လုံးသို့ တင်သွင်းမည်ဖြစ်ပါသည်။

ယင်းကြေငြာချက်မှာ အချက် (၅)ချက် ဖြစ်ပါသည်။

ယင်း (၅)ချက်မှာ . . .

(၁)၂၀၁၂-ခုနှစ်၊ မေ ၂၈-ရက်နေ့သည် မြန်မာတစ်မျိုးသားလုံးအတွက် မမေ့နိုင်သော နေ့ တစ်နေ့ဖြစ်သည်။ ထိုနေ့သည် အနာဂတ်မြန်မာနိုင်ငံ၏ “သွေးချောင်းစီးပြီး နိုင်ငံပြိုကွဲနိုင်သော အန္တရာယ်”ကို ထင်ထင်ရှားရှား မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။ ထိုနေ့တွင် လူမျိုးခြား ဖြစ်သော ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိးများ၏ ရက်စက်မှု၊ စော်ကားမှု၊ ဗိုလ်ကျမှု၊ အနိုင်ကျင့်မှုကို မြန်မာတစ်မျိုးသားလုံး ခံလိုက်ရသည့်နေ့ ဖြစ်၏။ ထို့ကြောင့် မေ ၂၈-ရက်နေ့သည် မြန်မာတစ်မျိုးသားလုံးကို တပ်လှန့်ခြင်း၊ သတိပေးနှိုးဆော်ခြင်းပင် ဖြစ်သောကြောင့် ထိုနေ့ကို “ကျောက်နီမော်ရဲ့ ခေါင်းလောင်းသံနေ့” အဖြစ်သတ်မှတ်ပါသည်။

ထို မေ ၂၈-ရက်နေ့၌ ရခိုင်ပြည်နယ်၊ ကျောက်နီမော်ရွာနေ မြန်မာ့တိုင်းရင်းသူ ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသမီး မသီတာထွေးကို လူမျိုးခြားဖြစ်သည့် ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုး သုံးယောက်က မုဒိန်းကျင့်၍ သတ်ဖြတ်လိုက်၏။ ဘင်္ဂါလီလူမျိုးသုံးယောက်သည် မြန်မာမြေပေါ်မှာနေ၊ မြန်မာ့ရေကိုသောက်၊ မြန်မာ့ဆန်ကိုစား၍ မြန်မာ့တိုင်းရင်းသူ ရခိုင် အမျိုးသမီးလေးကို လူမဆန်စွာ သတ်ဖြတ်လိုက်ခြင်းသည် “ယာရှင်ကို မျောက်တွေကမောင်း” ဆိုသကဲ့သို့ အိမ်ရှင်မြန်မာတိုင်းရင်းသားများကို ဗြောင်ကျကျ ဗိုလ်ကျခြင်းပင် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်မြန်မာ့ တိုင်းရင်းသား အားလုံးကို ဤနယ်မြေ၌ မနေရဲအောင် ကြိုတင်စီမံချက်ဖြင့် ရည်ရွယ်ချက်ရှိရှိ စော်ကားခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော အကြမ်းဖက်သမား ဘင်္ဂါလီအုပ်စုများကို အများပြည်သူ ရှေ့မှောက်၌ ထိရောက်စွာ အရေးယူ ပေးပါရန်။

(၂) ရခိုင်ပြည်နယ်အရေးအခင်း (သို့မဟုတ်) ကျောက်နီမော်အရေးအခင်း၏ ဖြစ်ရခြင်း၏ လက်သည် တရားခံကို ရှာဖွေရပေမည်။ လှုံ့ဆော်သူ၊ တိုက်တွန်းသူမရှိလျှင် ဤမျှလောက် လုပ်ရက်စရာ အကြောင်းမရှိ။ ရခိုင်အမျိုးသမီးလေးကို မုဒိန်းကျင့်ပြီး သတ်ဖြတ်သူများမှာ မွတ်စလင်ဘာသာဝင် ဘင်္ဂါလီလူမျိုး ၃-ယောက် ဖြစ်သော်လည်း သူတို့၏ နောက်ကွယ်မှ ကြိုးကိုင်နေသူ၊ လှုံ့ဆော်နေသူ ရှိပေသည်။ ထိုသူများသည်သာ အဓိကတရားခံ ဖြစ်ပေသည်။ “အရင်းစစ်လျှင် အမြစ်မြေက”ဆိုသကဲ့သို့ ယခုလို လူသတ်၊ မုဒိန်းကျင့်၊ မီးရှို့စသဖြင့် အတင့်ရဲစွာ ပြုလုပ်ခြင်းသည် မွတ်စလင်ဘာသာဝင် ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးများ၏ သွေးထိုးမှု၊ လှုံ့ဆော်မှုတို့ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ရခိုင်ပဋိပက္ခ (သို့မဟုတ်) ကျောက်နီမော် အရေးအခင်း၏ အဓိကတရားခံမှာ “မွတ်စလင်ဘာသာဝင် ဘင်္ဂါလီလူမျိုးများ” ဖြစ်ကြောင်း ကမ္ဘာသိ ကြေငြာပေးရန်။

(၃) ၁၈၂၅-တွင် ရခိုင်ပြည်နယ်၌ မွတ်စလင် ဘင်္ဂါလီလူဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀- ခုနှစ်တွင် ဘင်္ဂါလီလူဦးရေ ၂၁၇၈၀၀-ထိ တိုးပွားလာပါသည်။ ဗြိတိသျှအစိုးရက မွတ်စလင် ဘင်္ဂါလီ လူဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉-ခု ၌ စုံစမ်းရေး ကော်မရှင် တခု ဖွဲ့စည်းပေးခဲ့ရသည်အထိ ဖြစ်ခဲ့ရပါသည်။ သို့သော် ထိထိရောက်ရောက် မလုပ်ဖြစ်ခဲ့ပါ။

ထိုကဲ့သို့ တဖြေးဖြေးနှင့် ဘင်္ဂါလီလူဦးရေ တိုးပွားလာခဲ့ရာ ယခုအချိန်မှာတော့ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီလူဦးရေမှာ ၁-သန်း ကျော် ရှိနေပြီ ဖြစ်၏။ အဘယ့်ကြောင့် ထိုမျှလောက် မြန်မြန်ဆန်ဆန် တိုးပွားလာသနည်း။ မွတ်စလင်အုပ်စုဝင် မှောင်ခိုဂိုဏ်းကြီးတစ်ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီကုလားများကို ခိုးသွင်းခြင်း၊ မြန်မာ့တိုင်းရင်းသူများကို မွတ်စလင်ဘာသာဝင်ဖြစ်အောင် သိမ်းပိုက်ခြင်း၊ ဇနီးများများယူခြင်း၊ သားသမီးများများ မွေးထုတ်ပေးခြင်း၊ စသည်ဖြင့် မတရားသဖြင့် ကြိုးစားသောကြောင့်ပင်တည်း။

အစိုးရအဆက်ဆက်သည် မွတ်စလင်အုပ်စုဝင် မှောင်ခိုဂိုဏ်းကြီးအကြောင်း မသိကြပါ။ ယင်းမှောင်ခိုဂိုဏ်းကြီးသည် တစ်ဘက်နိုင်ငံမှ ဘင်္ဂါလီလူမျိုးများကို မြန်မာနိုင်ငံ၌ နေထိုင်ခွင့်ရအောင် လိမ်ညာ၍ မှတ်ပုံတင်များရအောင် စီစဉ်ပေးခြင်း၊ မှတ်ပုံတင်အတုများ ပြုလုပ်ပေး ခြင်း၊ ထိုသို့မှ မရလျှင် နိုင်ငံတကာ၏ ထောက်ခံမှုရအောင် ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးများသည် “မြန်မာ့တိုင်းရင်းသား” ဖြစ်ကြောင်း ကမ္ဘာ့မီဒီယာများမှ တဆင့် လူသိထင်ရှား ထုတ်ဖေါ်ပြော ခိုင်းခြင်းစသည်ဖြင့် လုပ်ဆောင်လျက် ရှိပါသည်။ ထို့ကြောင့် ပြဿနာပေါင်း သုံးခြောက်ထောင်ကို မီးမွှေးနေသော မွတ်စလင်အုပ်စုဝင် ယင်းမှောင်ခိုဂိုဏ်းကြီးကို စိစစ်ဖေါ်ထုတ်၍ ပြင်းပြင်းထန်ထန် အရေးယူပေးရန်။

(၄) ဖဆပလခေတ် အစိုးရမှသည် ယခုအစိုးရမတိုင်မီအထိ ယခင်အစိုးရလက်ထက်က ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီလူမျိုးများ မြန်မာနိုင်ငံထဲသို့ ခိုးဝင်လာသောကြောင့် နဂါးမင်းစစ်ဆင်ရေး၊ ဟင်္သာစစ်ဆင်ရေး ပြုလုပ်ပြီး ဘင်္ဂါလီလူမျိုးများကို မောင်းထုတ်ခဲ့ဖူးပါသည်။ ယခု အချိန်မှာလည်း မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂါလီလူမျိုးများ ၀င်လာမဆဲတသဲသဲပင်။ ထို့ကြောင့် တရားမ၀င်နေထိုင်လျက် ရှိသည့် ဘင်္ဂါလီလူမျိုးများကို မြန်မာနိုင်ငံမှ အပြီးပိုင်ထွက်ခွာသွားရေးအတွက် နဂါးမင်းစစ်ဆင်ရေး ဟင်္သာစစ်ဆင်ရေးကဲ့သို့ စစ်ဆင်ရေးများ ပြန်လည် ပြုလုပ်ပြီး တိုင်းတပါးသား ဘင်္ဂါလီလူမျိုးများကို အမိမြန်မာပြည်မှ နှင်ထုတ်ပေးရန်။

(၅) ယနေ့မျက်မှောက်ခေတ်၌ ကမ္ဘာ့လူသားများကို မီးလောင်တိုက်သွင်းနေသည့် မွတ်စလင်အုပ်စုဝင် “အယ်လ်ကိုင်ဒါ” အဖွဲ့ကို နိုင်ငံတကာက“အကြမ်းဖက်အဖွဲ့” အဖြစ် အတိအလင်း သတ်မှတ်ထားပါသည်။ ယင်း အကြမ်းဖက်အဖွဲ့ကြီးသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသော အဖွဲ့ကြီးဖြစ်ပေသည်။ တချို့ ဘင်္ဂါလီလူမျိုးများသည် ယင်းအယ်လ်ကိုင်ဒါအဖွဲ့နှင့် ဆက်သွယ်ကာ အကြမ်းဖက် လုပ်ရပ် များလုပ်ဖို့ ရေတိုရေရှည် စီမံကိန်း ရေးဆွဲထားပေသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အရေးအခင်းသည် တခဏချင်း ကြီးထွားလာခြင်းဖြစ်ပါသည်။ ဇွန် ၁၃-ရက်နေ့အထိ နောက်ဆုံးသတင်းအရ အိမ်ခြေပေါင်း ၂၅၂၈ - မှာ မီးရှို့ခံလိုက် ရ၏။ မြန်မာ့တိုင်းရင်းသား ၂၉-ယောက် အသတ်ခံလိုက်ရ၏။ တစ်ရွာသား၏ ဗိုလ်ကျခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်ပါသည်။ ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးဆိုသည်မှာ ၁၈၂၄-နောက်ပိုင်း မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ၀င်ရောက် လာသော မွတ်ဆလင်ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်တန်းနေ ဘင်္ဂါလီလူမျိုးများပင် ဖြစ်သည်။ အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများအဖြစ် ရောက်လာကြသူများပင်တည်း။ ဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင်များက သူတို့ကို သနားသဖြင့် အမှတ်မထင် လက်ခံထားခဲ့ရာမှ တဖြေးဖြေး တိုးပွားလာခြင်း ဖြစ်ပေသည်။ လူမျိုးခြား၊ ဘာသာခြားကို သနားခြင်း၏ ဆိုးကျိုးပင်တည်း။ အားနာက ခါးပါရသည် မဟုတ်ပါလော။

၁၉၂၁- ခုနှစ်တွင် အင်္ဂလိပ်အစိုးရမှ ရခိုင်ပြည်နယ်မှာ ရှိနေသည့် မွတ်ဆလင် ဘာသာဝင် ဘင်္ဂါလီလူမျိုး အားလုံးကို အိန္ဒိယတိုင်းရင်းသားများအဖြစ် မှတ်တမ်းတင်ခဲ့သည်။ မြန်မာ့တိုင်းရင်းသားဟု ဘယ်တုံးကမှ မသတ်မှတ်ခဲ့ပါ။ ယခုရခိုင်ပြည်နယ် ပဋိပက္ခ၌ ယင်းဘင်္ဂါလီလူမျိုးများက မြန်မာ့တိုင်းရင်းသားလူမျိုးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်း၊ ပစ္စည်းများကို လုယက်ခြင်းသည် လူမဆန်သည့် လုပ်ရပ်ဖြစ်ပါသည်။ ယင်းသို့ လူမဆန်သောလုပ်ရပ်များကို လုပ်နေသော ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးများသည် “မြန်မာ့ တိုင်းရင်းသား” လုံးဝ မဟုတ်ပါ။

ထို့ကြောင့် တိုင်းပြည်ရှိ သံဃမဟာနာယကဆရာတော်များ၊ လူထုခေါင်းဆောင်၊ ပါတီခေါင်းဆောင်၊ ကျောင်းသား ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခကြီးများ၊ စာရေးဆရာများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အလုပ်သမားသမဂ္ဂ တို့မှ ရိုဟင်ဂျာခေါ် ဘင်္ဂါလီများသည် တိုင်းရင်းသား မဟုတ်ကြောင်း ကမ္ဘာသိ ကြေငြာပေးရန်။ ဘုရင်အနော်ရထာသည် အရှင်အရဟံကို ဆရာတင်၍ မြန်မာနိုင်ငံကြီးကို ဘက်ပေါင်းစုံမှ တိုးတက် အောင် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ခဲ့၏။ အရှင်အရဟံကလည်း ဘုရားသားတော်ပီပီ တိုင်းသူ ပြည်သား လူအများအား ဓမ္မကို ဟောပြောပို့ချ၍ ဂုဏ်သရေရှိသော မြန်မာ့ယဉ်ကျေးမှုကို ဖန်ဆင်းခဲ့ပါသည်။

ထိုကဲ့သို့ ဆရာဒကာလက်တွဲ၍ ကြိုးစားအားထုတ်ခဲ့သောကြောင့် မြန်မာ့ယဉ်ကျေးမှုသည် ဘုန်းမီး နေလတောက်ခဲ့၏။ အမျိုးဘာသာ သာသနာသည် တိုးတက်ခဲ့၏။ ထို့ကြောင့် မြန်မာတိုင်းရင်းသားများအတွက် အရှင်အရဟံနှင့် ဘုရင်အနော်ရထာ၏ ကျေးဇူးတို့ကား ဆပ်၍ မကုန်နိုင်လောက်အောင် ကြီးမား လှပေသည်။ ထိုကျေးဇူးတရားဆပ်သောအားဖြင့် ဆရာဒကာလက်တွဲကာ လူမျိုးခြား ဘာသာခြား တိုင်းတပါးသားများကို ဥပဒေဘောင်အတွင်းက တားဆီးကာကွယ်သွားရမည် ဖြစ်ပေသည်။

စစ်ကိုင်းတောင်ရိုးမှ သံဃာတော်များ

(၂၀၁၂-ခု၊ ဇွန် ၁၆-ရက်၊ စနေနေ့)

အထက်ပါစာသည် စစ်ကိုင်းတောင်မှ ရခိုင်အရေးအတွက် စိတ်မအေးသူ စာရေးသူ၏ သူငယ်ချင်းက သီတဂူစတား ဆိုက်တွင် တင်ပေးကပါရန် ၂၀-၆-၂၀၁၂ နေ့ညတွင် ပေးပို့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၂၀-၆-၂၀၁၂

18 June 2012

မွေးနေ့အမှတ်တရ အလှူ

(မွေးနေ့ရှင်အတွက် ပြုလုပ်ပေးထားသော မွေးနေ့ကိတ်)
မွေးနေ့အမှတ်တရ အလှူ
ဒီကနေ့ ဘုံဘေမြို့ တက္ကသိုလ် အသီးသီးတွင် Ph.D စာတမ်းအတွက် စားတမ်းပြုစုနေကြသော ဒေါက်တာ အလောင်းအလျာ ၂၀ ကျော်တို့အား ၄၃နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် မွေးနေ့ရှင် တစ်ဦးက တနေ့စာအလှူ ပြုလုပ်သည်။ မွေးနေ့ရှင်က စာဆိုတော် ဓမ္မကထိက အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) ဖြစ်သည်။ ဘုံဘေ မြန်မာ ရဟန်းတော်များအား အမေရိကန် ဒေါ်လာ ၂၀၀ လှမ်းလှူပြီး တစ်နေ့စာ ဆွမ်းအလှူ ဖြစ်စေသည်။
တစ်သက်စာ အမှတ်တရဖြစ်စေရမည့် ၃ ခုတွင် မွေးနေ့သည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။

ထိုမွေးနေ့ရှင်က ဒေါက်တာအလောင်းအလျာ ၂၀ ကျော်တို့အား ဆွမ်းအလှူ လှူခြင်းဖြင့် သူ၏မွေးနေ့ကို ပုံဖော်သည်။ တစ်သက်စာ အမှတ်တရဖြစ်စေသည်။ တစ်သက်စာ အမှတ်ရမည့် ၃ ခု ကို စာရေးသူ၏ ဆိုက်တွင် ကြည်ညိုသဒ္ဓါပွားနိုင်ပါသည်။


ထို့မွေးနေ့အရှင်အထံ “လူမျိုး၊ ဘာသာ၊ သာသနာ အတွက် အသက်ထက်ဆုံး ကျန်းမာ ချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေ” ဟူ၍ မေတ္တာပို့သ ပါသည်။ ဆုတောင်းမှုများ ပြုလုပ်ပေးပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၆-၂၀၁၂

17 June 2012

မြန်မာတိုင်းရင်းသားများ စုစည်းမှု

မြန်မာတိုင်းရင်းသားများ

ကျွန်တော်တော့ မြန်မာနိုင်ငံသားဖြစ်ပြီးတော့ မြန်မာလူမျိုး (၁၃၅) မျိုးရှိတယ်လို့ပဲ သိထားတာ။ ဘာလူမျိုးတွေလဲ ပြောပြပါ့လားဆိုရင်ပြောပြနိုင်ဘူး။ အဲလိုမျိုးမသိသေးသော သူများအတွက်ဖော်ပြလိုက်ပါတယ်။

မြန်မာတိုင်းရင်းသားလူမျိုး - အဓိက ကတော့
ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှုမ်း ၊ ဆိုပြီး ( ၈ မျိုး ) ရှိပါတယ် ။

ကချင်မှာ လူမျိုးစု စုစုပေါင်း ၁၂ မျိုး
(၁) ကချင် Kachin (၂) တရုမ်းTaron Taron (၃) ဒလောင် Dalaung (၄) ဂျိန်းဖော Jinghpaw (၅) ဂေါ်ရီ Guari (၆) ခခူ Hkahku (၇) ဒူးလန်း Duleng (၈) မရူ (လော်ဝေါ်) Maru (Lawgore) (9) ရ၀မ် Rawang (၁၀) လရှီ (လချိတ်) Lashi (La Chit) (၁၁) အဇီး Atsi (၁၂) လီဆူး Lisu

ကယားမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး
(၁၃) ကယား Kayah (၁၄) ဇယိမ်း Zayein (၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung) (၁၆) ကဲ့ခို Gheko (၁၇) ဂေဘား Kebar (၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw) (၁၉) မနုမနော Manu Manaw (၂၀) ယင်းတလဲ Yin Talai (၂၁) ယင်းဘော် Yin $%#w
ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး
(၂၂) ကရင် Kayin (၂၃)ကရင်ဖြူ Kayinpyu (၂၄) ပလေကီး Pa-Le-Chi (၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu) (၂၆) စကော Sgaw (၂၇) တာလှေပွား Ta-Lay-Pwa (၂၈) ပကူး Paku (၂၉) ဘွဲ Bwe (၃၀) မော်နေပွား Monnepwa (၃၁) မိုးပွား Monpwa (၃၂) ရှူး (ပိုး) Shu (Pwo)

ချင်းမှာ လူမျိုးစု စုစုပေါင်း ၅၃ မျိုး
(၃၃) ချင်း (ဇိုမီး) Chin (Zomi) (၃၄) မေ့ထေး (ကသည်း) Meithei (Kathe) (၃၅) ဆလိုင်း Saline (၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay) (၃၇) ခမီ Khami (၃၈) အ၀ခမီ Awa Khami (၃၉) ခေါနိုး Khawno (၄၀) ခေါင်စို Kaungso (၄၁) ခေါင်စိုင်ချင်း Kaung Saing Chin (၄၂) ခွာဆင်းမ် Kwelshin (၄၃) ခွန်လီ (ဆင်) Kwangli (Sim) (၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente) (၄၅) ဂွေးတဲ Gwete (၄၆) ငွန်း Ngorn (၄၇) ဆီစာန် Zizan (၄၈) ဆင်တန် Sentang (၄၉) ဆိုင်းဇန် Saing Zan (၅၀) ဇာဟောင် Za-How (၅၁) ဇိုတုံး Zotung (၅၂) ဇိုဖေ Zo-Pe (၅၃) ဇို Zo (၅၄) ဇန်ညှပ် Zahnyet (Zanniet) (၅၅) တပေါင်Tapong (၅၆) တီးတိန် Tiddim (Hai-Dim) (၅၇) တေဇန် Tay-Zan (၅၈) တိုင်ချွန်း Taishon (၅၉) သဒို Thado (၆၀) တောရ် Torr (၆၁) ဒမ် Dim (၆၂) ဒိုင် (ယင်ဒူး) Dai (Yindu) (၆၃) နာဂ Naga (၆၄) Tanghkul (၆၅) Malin (၆၆) Panun (၆၇) Magun (၆၈) Matu (၆၉) Miram (Mara) (၇၀) Mi-er (၇၁) Mgan (၇၂) လူရှိုင်း (လူရှေ) Lushei (Lushay) (၇၃) Laymyo (၇၄) Lyente (၇၅) လောက်တူ Lawhtu (၇၆) လိုင် Lai (၇၇) လိုင်ဇို Laizao (၇၈) ၀ါကင်းမ် Wakim (Mro) (၇၉) Haulngo (၈၀) အနူး Anu (၈၁) အနန် Anun (၈၂) Oo-Pu (၈၃) လင်းဘု Lhinbu (၈၄) အရှိုAsho (Plain) (၈၅) Rongtu

ဗမာမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး
(၈၆) ဗမာ Bamar (၈၇) ထားဝယ် Dawei (၈၈) မြိတ် Beik (၈၉) ယော Yaw (၉၀) ယဗိန်း Yabein (၉၁) ကဒူး Kadu (၉၂) ကနန်း Ganan (၉၃) ဆလုံ Salon (၉၄) ဖွန် Hpon

မွန်မှာ လူမျိုးစု စုစုပေါင်း ၁ မျိုး
(၉၅) မွန် Mon


ရခိုင်မှာ လူမျိုးစု စုစုပေါင်း ၇ မျိုး
(၉၆) ရခိုင် Rakhine (၉၇) ကမန်လူမျိုး Kamein (၉၈) ခမွီး Kwe Myi (၉၉) ဒိုင်းနက် Daingnet (၁၀၀) မရမာကြီး Maramagyi (၁၀၁) မြို Mro (၁၀၂) သက် Thet

ရှမ်းမှာ လူမျိုးစု စုစုပေါင်း ၃၃ မျိုး
(၁၀၃) ရှမ်း Shan (၁၀၄) ယွန်း (လော) Yun (Lao) (၁၀၅) ကွီ Kwi (၁၀၆) ဖျင် Pyin (၁၀၇) ယောင် Yao (၁၀၈) ဓနော Danaw (၁၀၉) ပလေး Pale (၁၁၀) အင် Eng (၁၁၁) စုံ Son (၁၁၂) ခမူ Khamu (၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw) (၁၁၄) ကိုးကန့် Kokant (၁၁၅) ခန္တီးရှမ်း Khamti Shan (၁၁၆) ဂုံရှမ်း Hkun (၁၁၇) တောင်ရိုး Taungyo (၁၁၈) ဓနု Danu (၁၁၉) ပလောင် Palaung (၁၂၀) မြောင်ဇီး Man Zi (၁၂၁) ယင်းကျား Yin Kya (၁၂၂) ယင်းနက် Yin Net (၁၂၃) ရှမ်းကလေး Shan Gale (၁၂၄) ရှမ်းကြီး Shan Gyi (၁၂၅) လားဟူ Lahu (၁၂၆) အင်းသား Intha (၁၂၇) အိုက်ဆွယ် Eik-swair (၁၂၈) ပအိုဝ်း Pa-O (၁၂၉) တိုင်းလွယ် Tai-Loi (၁၃၀) တိုင်းလျမ် Tai-Lem (၁၃၁) တိုင်းလုံ Tai-Lon (၁၃၂) တိုင်းလေ့ Tai-Lay (၁၃၃) မိုင်းသာ Maingtha (၁၃၄) မောရှမ်း Maw Shan (၁၃၅)၀ Wa
ဟူ၍ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများမှာ မျိုးနွယ်စု ၁၃၅ ရှိကြောင်းဗဟုသုတအဖြစ် အလွယ်တကူ မှတ်သားထားနိုင်ရန် ဤဆိုက်မှ ကူးယူဖော်ပြပါသည်။

၁။ ကချင်မှာ လူမျိုးစု စုစုပေါင်း ၁၂ မျိုး
၂။ ကယားမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး
၃။ ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး
၎။ ချင်းမှာ လူမျိုးစု စုစုပေါင်း ၅၃ မျိုး
၅။ ဗမာမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး
၆။ မွန်မှာ လူမျိုးစု စုစုပေါင်း ၁ မျိုး
၇။ ရခိုင်မှာ လူမျိုးစု စုစုပေါင်း ၇ မျိုး
၈။ ရှမ်းမှာ လူမျိုးစု စုစုပေါင်း ၃၃ မျိုး ဟူသော
အုပ်စုကြီး ၈ ခုမှ မျိုးနွယ်စုပွားများ စုစုပေါင်း (၁၃၅) ရှိကြောင်း မှတ်တမ်းတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၈-၂၀၁၂

14 June 2012

Fresher-welcome (မောင်မယ်သစ်လွင်ကြိုဆို)ပွဲ


Fresher-welcome (မောင်မယ်သစ်လွင်ကြိုဆို)ပွဲ
သီတဂူကမ္ဘာ့တက္ကသိုလ် (ရန်ကုန်) ၂၀၁၂/ ၂၀၁၃ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဒီပလိုမာ Diploma) ကျောင်းသား-ကျောင်းသူ။ ဘီအေ (B.A) ကျောင်းသား-ကျောင်းသူများအတွက် Fresher-welcome (မောင်မယ်သစ်လွင်ကြိုဆို)ပွဲကို ဇွန်လ ၂၆ နေ့ တွင်ကျင်ပမည်ဖြစ်ပါသည်။

ပုံမှန် သင်ပေးနေသော အတန်းများကို ဇွန်လ ၁၅ ရက်နေ့တွင် စတင်သင်ကြားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ ကျောင်းသူ ကျောင်းသားများသည် မိမိတက်ရောက်မည့်အတန်းနှင့် အချိန်များကို သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ပညာရေးမှုးရုံးတွင် စုံစမ်းနိုင်ပါသည်။ Noticed-Board တွင်လဲ ကြော်ငြာပေးထားမည်ဖြစ်ပါသည်။

အချိန်-အတန်း-ဘာသာရပ်များနှင့် ဆရာများ စာရင်း အသေးစိတ်ကိုလဲ မကြာမီ ဖေ့စ်ဘွတ်ပေါ်မှာ တင်ပေးမည်ဖြစ်ပါကြောင် အသိပေးအပ်ပါသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ ဖေ့ဘုတ်ကို ကိုးကား၍ ဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၆-၂၀၁၂

13 June 2012

ဘီပိုးကို နိုင်တဲ့ဆေး

ဘီပိုးကို နိုင်တဲ့ဆေး
(ဗိုက်ကလေး)

ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။ ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (Atistolochia indica) သာမည ဣဿရီ တဲ့။ ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။

အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။ အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။

ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။ စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။ သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။ နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။ ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။

နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု သူကျန်းကျန်းမာမာပါပဲ။ *ဆေးသုံးစွဲနည်း* (၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။

ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။ ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။ *သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . * မေတ္တာဖြင့် တောင်တန်းသာသနာပြုဆရာတော် စ၀်ဆုခမ်း (တန့်ယန်း)
BY ရဲရင့်(ကနေဒါ) ... 5/25/2012
ဤဆိုက်မှ ကူးယူဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၆-၂၀၁၂

07 June 2012

စိန်ဖူးတော်တင်လှူပူဇော်ပွဲ (အမေရိက)

(ရွှေစည်းခုံစေတီတော်ကြီးအား ပူဇော်ရန် စိန်ဖူးတော်ကြီး)

(ရွှေစည်းခုံစေတီတော်ကြီး မှောင်ရီပျိုးစအချိန်နှင့် ညအချိန်)

သီတဂူဗုဒ္ဓ၀ိဟာရသို့ရောက်
သီတဂူသာသနာပြုအဖွဲ့၏အဓိပတိ သီတဂူဆရာတော်ကြီးသည် ၂-၆-၂၀၁၂ စနေနေ့ နေ့လည်(၂) နာရီ အချိန်တွင် အမေရိကန်နိုင်ငံ ဟူစတင်လေဆိပ်သို့ ဆိုက်ရောက်တော်မူသည်။ အမေရိကရှိ တပည့်များက သိုက်သိုက်ဝန်းဝန်း ကြိုဆိုကြပြီး တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရှိ သီတဂူဗုဒ္ဓ၀ိဟာရသို့ ပင့်ဆောင်လာခဲ့ကြသည်။
(စေတီတော်ကြီး၏ ပြီးစီးမှုများကို ဆွေးနွေး)
(အမေရိကန်ဗုဒ္ဓဘာသာဝင်များ)
(စေတီတော်ကြီး၏ အတွင်းပိုင်းတွင် ညွှန်ကြားစဉ်)
တည်ဆောက်မှုအခြေအနေကို ကြည့်ရှု
ဆရာတော်ကြီးသည် သက်တော် ၇၅ နှစ်ကျော်လာပေမဲ့ ခရီးရှည်ကြီး လေယာဉ်၊ ကားများ စီးလာခဲ့သော်လည်း ပင်ပန်းသည်ဟု တစ်ခါတလေမျှ မငြီး၊ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ရှိလှသည်။ အော်စတင်မြို့ သီတဂူဗုဒ္ဓ၀ိဟာရကျောင်းသို့ ရောက်သည်နှင့် ဆရာတော်ကြီးသည် ရွှေစည်းခုံစေတီတော်နှင့် ဓမ္မဗိမာန်တော် တည်ဆောက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ နယုန်လပြည့် တနင်္လာနေ့ စိန်ဖူးတော်တင်ရာတွင် လုပ်ဆောင်ရမည့် ကိစ္စများကို ညွှန်ကြားကာ တာဝန်အသီးသီး ချမှတ်တော်မူသည်။
(သီတဂူဓမ္မသဘာထဲတွင် ဘုရားဝတ်ပြုနေကြသော အမေရိကရှိ ဗုဒ္ဓဘာသာဝင်များ)

စိန်ဖူးတော်တင်လှူခြင်း
သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက၊ တက္ကဆက်ပြည်နယ်၊ အော်စတင်)ရှိ တည်ထားကိုးကွယ်အပ်သော ရွှေစည်းခုံစေတီတော်ကြီး လုံးဝ ပြီးစီးသွားပြီဖြစ်၍ ၁၃၇၄ ခုနှစ် နယုလပြည့်နေ့ (၅-၆-၂၀၁၂) က သီတဂူဆရာတော်ကြီး ဦးဆောင်သော အမေရိကရှိ သံဃာတော်များ၊ အမေရိကရှိ သီတဂူတပည့်ဒကာ ဒကာမများက စည်ကားသိုက်မြိုက်စွာ စိန်ဖူးတော်ကြီးကို တင်လှူပူဇော်ခဲ့သည်။
(စိန်ဖူးတော်တင်အခမ်းအနားတွင်)
(မြန်မာဝတ်စုံနှင့် အမေရိကန်လူကြီးမင်း)

အောင်ပွဲအခမ်းအနား
အောင်ပွဲအခမ်းအနားအနေဖြင့် ရွှေစည်းခုံ စေတီတော်ကြီးဖွင့်ပွဲနှင့် အနေကဇာတင်ပွဲတော်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (တန်ဆောင်မုန်းလပြည့်နေ့)တွင် ကျင်းပရန် အမိန့်ရှိတော်မူသည်။

(Dear All,
You all are warmly invited to Final International Great Grand Opening Ceremony of Sitagu Shwe Si Khom Pagoda on Saturday & Sunday, November 24 & 25, 2012, 8 am to 9 pm.) ဤနေရာ နှင့် သီတဂူဗုဒ္ဓ၀ိဟာရ တာဝန်ခံဆရာတော် ဒေါက်တာ အရိယဓမ္မတို့ အီးမေးလ် မှ ကိုးကား၍ ဖော်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၇-၆-၂၀၁၂

02 June 2012

လေဖြတ်ခြင်း မဖြစ်အောင် ကာကွယ်နည်းများ


လေဖြတ်ခြင်း မဖြစ်အောင် ကာကွယ်နိုင် သည့် နည်းလမ်း ခြောက်သွယ်

၁။ ငါးစားပါ
တစ်ပတ် ကို တစ်ကြိမ် ပင်လယ် စာ စား တာကြောင့် လေဖြတ် နိုင်ခြေ ၅၀ ရာ ခိုင်နှုန်း လျှော့ချနိုင်တယ် လို့ ဟားဗတ်မှ သုတေသီတွေက ဆိုပါတယ်။ ငါးမှာ ပါဝင် တဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ်တွေက သွေးကြောတွေကို ပျက်စီးစေတဲ့ရောင် ရမ်းမှုကို လျှော့ချနိုင်လို့ပါ။ သွေးကြော တွေမှာ ရောင်ရမ်းမှုဖြစ်လာရင် သွေးတွေ ပျစ်ခဲပြီး သွေးခဲတုံးဖြစ်လာနိုင်လို့ပါ။

၂။ ရေများများသောက်ပါ
နေ့စဉ် ရေ ခြောက်ခွက်သောက် တာကြောင့် လေဖြတ်နိုင်ခြေ ၅၀ ရာခိုင် နှုန်း လျှော့ချနိုင်ပါတယ်။ ရေကြောင့် သွေးကျဲသွားနိုင်ပြီး သွေးခဲတုံးဖြစ်နိုင်ခြေ လျော့သွားတာကြောင့် ဦးနှောက်တွင်းထဲ သွေးခဲပိတ်ဆို့မှုတွေ မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

၃။ အမျှင်ဓာတ်ပြေွါကယ်ဝတဲ့ ပြောင်း ဖူးပေါက်ပေါက်စားပါ
ပြောင်းဖူးပေါက်ပေါက်ကို နေ့စဉ် တစ်ခွက်လောက် စားသုံးတာကြောင့် လေဖြတ်နိုင်ခြေ ၄၃ ရာခိုင်နှုန်းလျှော့ချ နိုင်တယ်လို့ ဘော့စတွန်မှ သူနာပြုတွေရဲ့ လေ့လာမှုအရ သိရပါတယ်။ ပြောင်းဖူး ပေါက်ပေါက်မှာ ပါဝင်တဲ့ အမျှင်ဓာတ် တွေက မကောင်းတဲ့ကိုလက်စထရော အဆင့်တွေ ကျဆင်းနိုင်ပြီး သွေးကြော တွေကို သန့်စင်စေကာ သွေးခဲမှုမဖြစ် အောင် ကာကွယ်နိုင်လို့ပါ။

၎။ စပျစ်သီးခြောက် စားပါ
ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ် သီးခြောက် ဒါမှမဟုတ် တခြားသစ်သီး ခြောက်တွေကို နေ့စဉ် ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ စားသုံးတာကြောင့် လေ ဖြတ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် ဒါထက်ပိုပြီး လျှော့ချနိုင်ပါတယ်။ ပိုတက် စီယမ်ဟာ သွေးကြောတွေကို ပျက်စီး နိုင်တဲ့ သွေးဖိအားမြင့်တက်မှုမှ ကာကွယ် နိုင်လို့ပါ။

၅။ လမ်းလျှောက်ပါ
မကြာခင်က အမျိုးသမီးပေါင်း ၃၅၀ဝ၀ ကို လေ့လာမှုအရ တစ်နေ့ကို ၁၇ မိနစ်ခန့် လမ်းလျှောက်သူတွေဟာ လေဖြတ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း လျှော့ချ နိုင်တယ်လို့ သိရပါတယ်။ စကားတပြော ပြောနဲ့ လမ်းလျှောက်နိုင်ပါတယ်။ အပြေး အလွှားလမ်းလျှောက်တာလိုမျိုး မိမိကိုယ် ကို တွန်းအားပေးတဲ့ အမျိုးသမီးတွေ အနေနဲ့ ဒီလိုမျိုး လေဖြတ်တာကို ကာ ကွယ်မှုမရနိုင်ဘူးလို့ ဆိုပါတယ်။

၆။ Dandelion လက်ဖက်ရည် သောက်ပါ
ဒီလက်ဖက်ရည်ကို နေ့စဉ် နှစ်ခွက် သောက်တာကြောင့် ခန္ဓာကိုယ်မှ ပိုလျှံ တဲ့အရည် ငါးပေါင်ခန့် ထွက်သွားနိုင်ပြီး သွေးဖိအားလည်း ကျဆင်းနိုင်တယ်လို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး

“အာရောဂျံ ပရမံ လာဘံ” အတွက် ကျန်းမာရေးဗဟုသုတကို ဤနေရာမှ ကူးယူဖော်ပြလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၆-၂၀၁၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes