
Friday, July 31, 2015

sitagustar
No comments
ဝါဆိုသင်္ကန်းပွဲနှင့် ရေဘေးအလှူတော်--------------
ဒီကနေ့ (၃၁-၇-၂၀၁၅) ၀ါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့မှာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာချ စာသင် သံဃာတော်အရှင်မြတ် အပါး (၃၀၀)တို့အား “ကျော်” အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး မိသားစု ၀ါဆိုသင်္ကန်းကပ်သည်။
ထိုပွဲသို့ ပင့်သံဃာတော်များ စာချ စာသင်ဆရာတော်များ၊ အလှူရှင်များ သီတဂူသာသနာပြုအဖွဲ့ဝင်လူကြီးများ၊ အထူးဖိတ်ကြားသည့် ဧည့်သည်တော်ကြီးများ (၁၀၀၀)ခန့် တက်ရောက်ကြသည်။
ထိုပရိသတ်အပေါင်းတို့အား သီတဂူဆရာတော်ကြီး ၀ါဆိုသင်္ကန်းဖြစ်ပေါ်လာပုံ ပြောကြားအပြီး အထူးကြေညာချက် ၃ ခုထုတ်ပြော--
(၁) သီတဂူပညာရေး အလှူတော် အကြောင်း
(၂) အမေရိကရှိ သီတဂူဓမ္မ၀ိဟာရကျောင်းတွင် ရွှေတိဂုံပုံတူ စေတီတည်မည့် အကြောင်း၊ သီတဂူသံဃ၀ိဟာရတွင် လောကနန္ဒာစေတီ ပုံတူ တည်မည့် အကြောင်း။
(၃) ရေးဘေးကယ်ဆယ်ရေး အထောက်ကူအတွက် သွားလှူမည့်အကြောင်း မိန့်ကြားသည်။
ယနေ့ အလှူရှင်မိသားစုနှင့် ဆွေမျိုးအပေါင်းတို့က လှူဒါန်းသော ဓမ္မပူဇာ သိန်း (၁၀၀)ကို ရေဘေးအတွက် လှူမည့်အကြောင်း၊ ကျန်ပုဂ္ဂိုလ်များလည်း လှူဒါန်းနိုင်ကြောင်း၊ ရရှိလာသော အလှူအားလုံးကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ်ချုပ်ရေးအဖွဲ့က သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း မိန့်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၇-၂၀၁၅
www.sitagustar2020.net

Thursday, July 30, 2015

sitagustar
No comments
ရေဘေးအတွက် အလှူတော်
-------------
ယခုနှစ် (၂၀၁၅) တွင်
မြန်မာနိုင်ငံ နေရာအနှံ့အပြား မိုးကြီးသဖြင့် ရေဘေးသင့်များ
ကြုံတွေ့နေရပါသည်။ ထိုနေရာများသို့ သီတဂူသာသနာပြုအဖွဲ့က
သွားရောက်လှူဒါန်းမည် ဖြစ်ရာ ဘာသာတရားတိုင်းမှာရှိတဲ့ ကရုဏာတရားဖြင့်
ဒုက္ခကြုံတွေ့နေရသူများကို မိမိတို့မုန့်ဖိုးထဲမှ လှူဒါန်းနိုင်ပါသည်။
လှူဒါန်းရန်ဋ္ဌာန-
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ၇၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်ခြေ
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Tuesday, July 28, 2015

sitagustar
No comments
ဝါဆိုသင်္ကန်းကပ် အလှူ ဖိတ်ကြားခြင်း--------------------
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားစီမံဆရာတော်များ၊ စာသင်သားသံဃာနှင့် သီလရှင်ဆရာလေး စုစုပေါင်း အပါး (၃၀၀)တို့အား “ကျော်”အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး မိသားစုများ ဖြစ်ကြသော ဦးတင်မောင်+ ဒေါ်တင်တင် မိသားစုတို့က ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြမည် ဖြစ်ပါသည်။
သို့ပါသောကြောင့် သီတဂူကပ္ပိယကာရကအဖွဲ့ လူကြီးမင်းများ၊ သီတဂူကို ချစ်ခင်ကြည်ညိုကြသော သူတော်စင်အပေါင်းတို့အား အလှူရှင်မိသားစုတို့က ဖိတ်ကြားအပ်ပါသည်။
နေရက်= ၁၃၇၇-ခုနှစ် ဒုတိယ၀ါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့ (၃၁-၇-၂၀၁၅) သောကြာနေ့ နံနက် (၇း၀၀)မှ စတင်၍ သီတဂူဆရာတော်ကြီးက တရားချီးမြှင့်မည်။
နေရာ= သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ဒဂုံမြို့ (မြောက်ပိုင်း) ပါရမီလမ်း-ပင်လုံလမ်းထိပ်၊ ဘေလီတံတား။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၇-၂၀၁၅
www.sitagustar2020.net

Sunday, July 26, 2015

sitagustar
No comments
စစ်ကိုင်းမြို့တည် နှစ်-၇၀၀ပြည့်ပွဲကျင်းပ
ဒီကနေ့ (၂၆-၇-၂၀၁၅) တနင်္ဂနွေနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့တည် နှစ် (၇၀၀)ပြည့်အထိမ်းအမှတ်အဖြစ် နန်းမြို့တည် အသင်္ခယာစောယွမ်းမင်း၏ ကြေးရုပ်ထုဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ထိုအခမ်းအနားသို့ သီတဂူဆရာတော်ကြီး၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ မင်းကွန်း တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ အမှူးပြုသော ဆရာတော်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်သာအေးနှင့် အစိုးရတာဝန်ရှိသူများတက်ရောက်ကြသည်။
မှတ်ချက်။ ။ ရုပ်ထုကို သီတဂူဆရာတော်ကြီးက လှူဒါန်းသည်၊ ဆရာတော်ကြီး၏ ညွှန်ကြားချက်ဖြင့် တမ္ပ၀တီ ဦးဝင်းမောင်က ထုလုပ်လသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၇-၂၀၁၅

Sunday, July 26, 2015

sitagustar
No comments
မဂ္ဂဇင်းအတွက် စာမူ ဖိတ်ခေါ်ခြင်းစစ်ကိုင်းတောင်ရိုး၊ အာလောင်ရွာ၊ ရှစ်မျက်နှာကျောင်းတိုက်၏ ဆရာတော်သည် လာမည့်နှစ် ၁၃၇၈ ခုနှစ် ၀ါဆိုလတွင် (၇၅)နှစ်ပြည့်မည် ဖြစ်ပါသည်။ ဆရာဘုန်းကြိး၏ ၇၅ နှစ် စိန်ရတုမင်္ဂလာ ပူဇော်ပွဲကို အနယ်နယ်အရပ်ရပ်မှ တပည့်များက စုပေါင်း ပူဇော်လိုကြသည် ဖြစ်သည်။
၂၂-၇-၂၀၁၅ နေ့က ဆရာဘုန်းကြီးကျောင်း (ရှစ်မျက်နှာကျောင်း)မှာ ဆရာဘုန်းကြီးအပါဝင် တပည့်တွေ စုဝေးတိုင်ပင်ဖြစ်သည်။
ဆရာဘုန်းကြီးက “မိမိမှာ ကျပ်သိန်း ၂၀၀ ကျော်လောက် ဘဏ်မှာထည့်ထားတယ်၊ စာသင်တိုက်သို့ပို့ထားတဲ့ တပည့်တွေ ဘွဲ့တွေရပြီးလျှင် ဒီနေရာမှာ စာသင်တိုက်ကလေး အဖြစ်ဖန်တီးပြီး ထောက်ပံ့ပေးချင်ကြောင်း၊ ယခုတော့ စာသင်တိုက်ဖြစ်ဖို့က အလှမ်းဝေးနေတဲ့အတွက် ဒီ ၂၀၀ ကျော်ထဲကနေ ၂၅ သိန်းလောက်ကို မွေးနေ့အမှတ်တရ မဂ္ဂဇင်းတစ်အုပ်အတွက် အသုံးပြုရန်နှင့် ကျန်ငွေများကို ကျောင်းကနေ စစ်ကိုင်း-မင်းကွန်းလမ်းအထိ ကွန်ကရစ်လမ်းခင်ရာဝယ် အသုံးပြုလိုကြောင်း” ဟု မိန့်သည်။
သို့ဖြစ်ခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ တည့်အပေါင်းတို့သည် ၁၃၇၇ ခုနှစ်၊ တပေါင်းလ နောက်ဆုံးထား၍ အောက်ပါတို့ကို အောက်ပါလိပ်အတိုင်း ပို့ပေးရန်--
(က) ရှစ်မျက်နှာဆရာတော်၏ တပည့်များသည် မိမိတို့၏ အတ္ထုပ္ပတ္တိကို ဓာတ်ပုံတစ်ပုံနှင့်အတူ ပို့ပေးရန်
(ခ) မည်သူမဆို မွေးနေ့ ပူဇာအတွက် ဆောင်းပါး၊ အမှတ်တရ စကားလက်ဆောင်များ၊ ကဗျာ၊ ဂါထာ၊ တေးထပ်၊ ရတုများ ပေးပို့ရန်
လိပ်မူရန်--(က) ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)၊ အီမေးလ်-sitagustar2010@gmail.com/ No 09-250790483
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၇-၂၀၁၇
www.sitagustar2020.net

Monday, July 13, 2015

sitagustar
No comments
သီတဂူ ရွှေဥ၏ ကျပ်သိန်းပေါင်း ၃၃၀၀ ကျော် အလှူပွဲကြီး
-------------------------
ဒီကနေ့ (၁၂-၇-၂၀၁၅) လှည်းကူးမြို့၊ မဇ္ဈိမဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာမှာ
သီတဂူ ဒေါ်ရွှေဥ (ရွှေဥရာစုသစ် ရတနာရွှေဆိုင်)ရဲ့ သိန်းပေါင်း ၃၃၀၀
ကျော်အကုန်ကျခံ ဆောက်လုပ်လှူဒါန်းသော သုံးထပ်ကျောင်းဆောင်
ကျောင်းလွတ်ပူဇော်ပွဲအခမ်းအနား ကျင်းပသည်။
ထိုပွဲသို့
အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် မဘသ ဥက္ကဋ္ဌဆရာတော်ကြီးနှင့်တကွ ပင့်သံဃာ ၆၇
ပါး၊ နိုင်ငံတော် ဒု-သမ္မတ ဒေါက်တာ စိုင်းမောင်ခမ်း၏ ဇနီး၊
အလှူရှင်မိသားစုနှင့် ဖိတ်ကြားထားသော အထ
ူးဧည့်သည်တော်များ တက်ရောက်ကြသည်။
သိန်းပေါင်း ၃၃၀၀ ကျပ်ကျော် ကျောင်းလွတ်ပူဇာ၌
------------------------
ပင့်သံဃာ ၆၇ ပါး သင်္ကန်းဒွိစုံနှင့် န၀ကမ္မ တစ်သိန်းကျပ်စီ
ကျောင်းနေ စာသင်သား ၉၂ ပါးတို့အား သင်္ကန်းဒွိစုံနှင့် န၀ကမ္မ ၂ သောင်းကျပ်စီ လှူဒါန်းသည်။
များစွာ အလှူ
------------------------
ထို့ပြင် အလှူရှင် ဒေါ်ရွှေဥသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူအာယုဒါနဆေးရုံ
ပစ္စည်း၊ သဲကုန်းသီတဂူအာယုဒါန ဆေးရုံ၊ ရခိုင်ပြည်
ဆေးရုံသုံးပစ္စည်းများအပါဝင် ရန်ကုန်၊ ပဲခူး၊ သံလျှင်၊ လှည်းကူး စသော
မြို့များရှိ ပရိယတ္တိစာသင်တိုက်၊ ကမ္မဋ္ဌာန်းရိပ်သာနှင့် လူမှုရေးအသင်းတို့အား
လှူခဲ့ပြီးသည်မှာ ကျပ်ငွေ သိန်းပေါင်း ၂ သောင်းကျော်ရှိသွားသည်ဟုလည်း
သိရပါသည်။
နိုင်ငံနှင့် လူမျိုး၊ အမျိုးဘာသာ သာသနာအတွက်
များစွာအားကိုးရသော ကျောင်းအမကြီးသည် သက်ရှည်ကျန်းမာ စိတ်ချမ်းသာစွာ ဆက်လက်
ကောင်းမှုပါရမီများ ဆောင်ရွက်နိုင်ပါစေ။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၇-၂၀၁၅
www.sitagustar2020.net

Saturday, July 11, 2015

sitagustar
No comments
စစ်ကိုင်းဘုရင်နှင့် နှစ်(၇၀၀)ပြည့်
------------------------
မြန်မာသက္က ရာဇ် ၆၇၇ ခုနှစ်တွင် အသင်္ခယာ စောယွမ်းမင်း တည်ထားခဲ့သော စစ်ကိုင်းမြို့သည် ယခုအခါ နှစ်ပေါင်း (၇၀၀) ရှိပြီ ဖြစ်ပါသည်။
နှစ် (၇၀၀)ပြည့်အထိမ်းအမှတ်အဖြစ် သီတဂူဆရာတော်ကြီး၏လမ်းညွှန်မှုဖြင့်
မြေငလျှင်ဒဏ်ထိထားသော စစ်ကိုင်းမြို့ထဲက ရှေးဟောင်း ထူပါရုံစေတီတော်ကြီး
ပြုပြင်ပြီး ထီးတော် စိန်ဖူးတော်တင်လှူပွဲ၊ ဘုရားအနေကဇာတင်လှူပွဲ၊
သံဃာတော်များအား သံဃဒါနအလှူပွဲများ၊ အပြင် ဇူလှိုင် ၂၅-၂၆-၂၇-၂၈
ရက်များတွင် ပွဲတော်များ ကျင်းပမည်
ဖြစ်သည်။
မကြာသေးမီက ကြေးပိဿာချိန် (၁၀၀၀)ကျော် အလေးချိန်ရှိသည့် အသင်္ခယာ
စောယွမ်းမင်း ၏ ရုပ်ထုကို သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့်
တမ္ပ၀တီဦးဝင်းမောင်က ထုလုပ်သည်၊ ဆရာတော်ကြီး၏ ကုသိုလ်ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၇-၂၀၁၅
www.sitagustar2020.net

Sunday, July 05, 2015

sitagustar
No comments
သီတဂူအာရောဂျဒါနဆေးရုံ (ရပ်စောက်မြို့)----------------------
ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့၊ သီတဂူအာရောဂျဒါနဆေးရုံတွင် သီတဂူဆရာတော်ကြီး၏ ညွှန်ကြားမှုဖြင့် မျက်စိကုသမှုများ စတင်ဆောင်ရွက်ခဲ့ရာ ယခုဆိုရင် သုံးရက်မြောက်နေ့ဖြစ်သည်။
ဒေါက်တာမြအောင် ဦးဆောင်သော သီတဂူစက္ခုဒါနအဖွဲ့၊ ညောင်ရွှေမြို့၊ အင်းလေး သီတဂူမျက်စိအထူးကုအဖွဲ့နှင့် ရပ်စောက်မှ ဆရာဆရာများ၊ စေတနာ့ဝန်ထမ်းများက မျက်စိကုသမှုများကို ဆောင်ရွက်ကြသည်။
စမ်းသပ်လူနာ- ၄၈၈ ယောက်
ခွဲစိပ်ပြီးလူနာ-၆၃ ယောက်ရှိပြီး၊ ဆက်လက်ပြီး ခွဲစိပ်မှုများဆောင်ရွက်လျှက်ရှိပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြု အဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၇-၂၀၁၅
www.sitagustar2020.net

Friday, July 03, 2015

sitagustar
No comments
ရုရှားနိုင်ငံထဲက ကမ္ဘာကျော် မြန်မာ့ပုံရိပ်တစ်ခု ------------------
၂၀၁၅-ခု ဇူလိုင် ၂ ရက် နေ့သည် သမိုင်းဝင်သည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ သီတဂူဆရာတော် ဦးဆောင်သော သံဃာတော်များက
ယင်းနေ့တွင် ကမ္ဘာ့ မှတ်ဥာဏ်အကောင်းဆုံးအဖြစ် ဂင်းနစ် မှတ်တမ်းဝင်ခဲ့သည့်
တိပိဋက မင်းကွန်း ဆရာတော်ဘုရားကြီး၏ ရုပ်တုကို ဖွင့်လှစ်ခဲ့သောကြောင့်ပင်
ဖြစ်ပါသည်။
သီတဂူဆရာတော်ဘုရားကြီးနှင့် တိပိဋကဓရ ဦးဂန္ဓမာလာလင်္ကာရ (မြင်းခြံဆရာတော်) ဦးဆောင်သော တပည့်သံဃာ (၁၄)ပါး၊ မြန်မာသံအမတ်ကြီး ဦးတင်ယု
ဦးဆောင်သော
မြန်မာဒကာ ဒကာမ (၅၅) ဦးတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ
မော်စကိုမြို့မှ ကီလိုမီတာ ၁၅၀ ခန့်ဝေးကွာသည့် အက်နားမီယာအရပ်
ကာလုကာမြို့ရှိ ကမ္ဘာ့ယဉ်ကျေးမှု ရွာတွင် မင်းကွန်းဆရာတော်ဘုရားကြီး
ရုပ်တုတော်ဖွင့် ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သောအဖွဲ့သည် မော်စကို မြို့မှ
နေ့လည်ဆွမ်းစားပြီး (၁၂) နာရီခန့်တွင် မြန်မာထေရ၀ါဒ ဗုဒ္ဓ၀ိဟာရမှ
ထွက်ခွါခဲ့ပြီး ကမ္ဘာ့ယဉ်ကျေးမှု ကျေးရွာသို့ ဒေသစံတော်ချိန် နေ့လည်၂ နာရီ ၃၀
မိနစ်ခန့် ရောက်ရှိခဲ့ကြသည်။
သီတဂူဆရာတော်ဘုရားကြီး
ဦးဆောင်သောအဖွဲ့ကို ရုရှားမြန်မာ ချစ်ကြည်ရေးအဖွဲ့မှ ရိုးရာယဉ်ကျေးမှု ဓလေ့
အဆိုအတီး၊ အစား အစာတို့ဖြင့် နွေးထွေးစွာကြိုဆိုခဲ့ကြသည်။
ထိုနောက် သီတဂူဆရာတော်ဘုရားကြီးသည် မြန်မာပြည်မှ စေတီပုထိုးများနှင့်
မြန်မာ့ရိုးရာဓလေ့များကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများကို ပြသထားသည့်
ပြခန်းကို ကြည့်ရှုခဲ့ပြီး မင်းကွန်းဆရာတော်ဘုရားကြီး ရုပ်တု ဖွင့်လှစ်မည့်
အခန်းသို့ ကြွရောက်တော်မူပါသည်။
ထိုပြခန်းထဲ၌ ကမ္ဘာပေါ်တွင်
ထင်းရှားကျော်ကြားသည့် စာပေ ပညာရှင်များ၊ ထူးချွန်ထက်မြက်သည့်
အတွေးအခေါ်ပညာရှင်များ၊ ကိုးကွယ်ရာ ဘာသာတရားကို တည်ထောင်ခဲ့ကြသည့် ဘာသာရေး
ခေါင်းဆောင် များ၏ ရုပ်တုများကို (မြတ်ဗုဒ္ဓ၏ ရုပ်ပွါးတော်၊ မဟတ္တမဂန္ဓီ
ရုပ်တု) အစရှိသော ရုပ်တုပေါင်းငါးဆယ်ကျော်ခန့်ကို စုဆောင်းပြီး
ပြသထားပါသည်။
မင်းကွန်းဆရာတော်ဘုရားကြီး၏ ရုပ်တု ဖွင့်လှစ်ပွဲ ----------------------------
ထိုပြခန်းမှာပင် မင်းကွန်းဆရာတော်ဘုရားကြီး၏ ရုပ်တု ဖွင့်လှစ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ခြင်းပင် ဖြစ်ပါသည်။
ထိုအခမ်းအနားတွင် ရှေးဦးစွာ ပြခန်းထဲရှိ ရုပ်တုများကို ထုလုပ်ခဲ့သည့်
ပန်းပုဆရာ Mr. Aleksey Leonov က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ သည်။
ထို့နောက် ကျေးဇူးရှင် သီတဂူဆရာတော်ကြီးက ၀မ်းမြောက် ကြောင်းစကား
မြွက်ကြားတော်မူခဲ့ပါသည်။
သီတဂူဆရာတော်
မိန့်ကြားတော်မူပြီးသည့်နောက် ရုရှားမြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဌ
Mr.Dmetry Malov က ကျေးဇူးတင် ၀မ်းမြောက်စကား ပြောကြားပြီး၊ သီတဂူဆရာတော်
ဘုရားကြီးနှင့် သံအမတ်ကြီး ဦးတင်ယု၊ ပန်းပုဆရာ Mr. Aleksey Leonov တို့က
ဖဲကြိးဖြတ်၍ ဖွင့်လှစ်ခဲ့ပါသည်။
ထိုမှတစ်ဆင့် ဧည့်သည်တော်
မှတ်တမ်းစာအုပ်တွင် သီတဂူ ဆရာတော်ဘုရားကြီးက မှတ်တမ်းရေးသားခဲ့ပြီး
ကမ္ဘာ့ယဉ်ကျေးမှု ကျေးရွာကို ကားဖြင့် လှည့်လည်ကြည့်ရှုခဲ့ပါသည်။
ကျေဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ ရုပ်တုတော် ဖွင့်ပွဲသို့
သီတဂူဆရာတော်ဘုရားကြီး တက်ရောက်ဖွင့်လှစ်နိုင် ခြင်းသည် မြန်မာနိုင်ငံအတွက်
အလွန်ဂုဏ်ယူဖွယ်ကောင်းသည့် သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးလိုက်ခြင်းပင်
ဖြစ်ပေတော့သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
Posted by သီတဂူဒေါက်တာ အရှင်သုန္ဒရ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၇-၂၀၁၅

Thursday, July 02, 2015

sitagustar
No comments
အမေရိကန်လွတ်လပ်ရေးနေ့ပွဲတက်--------------------
ဒီကနေ့ (၂-၇-၂၀၁၅) ညနေ ၆း၃၀နာရီ က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအိမ်တွင် (၂၃၉)နှစ်မြောက် အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ခဲ့သည်။
ထိုအခမ်းအနားသို့ မိမိတို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ကထိက ဆရာများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဒုသမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး၊ သမ္မတအကြံပေး ၀န်ကြီး ဦးစိုးသိန်း၊ NLD မှ နာယကကြီး ဦးတင်ဦးနှင့် နိုင်ငံတကာ သံတမန်များ၊ အထူးဧည့်သည်တော်များ တက်ရောက်ကြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၇-၂၀၁၅
www.sitagustar2020.net

Wednesday, July 01, 2015

sitagustar
No comments
ရုရှား မြန်မာထေရ၀ါဒဗုဒ္ဓစင်တာ ကျောင်းတော်ဖွင့်ပွဲ
------------------------
ဒီကနေ့ (၁-၇-၂၀၁၅) ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ စွမ်းအင်တက္ကသိုလ်မှာ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ဖွင့်လှစ်ပွဲ၊ ကျောင်းလွတ်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပနိုင်ခဲ့ပါသည်။
ထိုဖွင့်ပွဲ အခမ်းအနားသို့ သီတဂူဆရာတော်ကြီးဦဆောင်သော ဒေါက်တာ အရှင်ဆေကိန္ဒ၊ တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရနှင့် မြန်မာ၊ ကိုရီးယား၊ အမေရိကန်၊ အင်္ဂလန်မှ ဆရာတော်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူုးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှမိသားစု၊ စစ်ရေးချုပ်ဗိုလ်ချုပ်ဆန်းဦးနှင့်ဇနီး၊ ရုရှားဖက်ဒရေးရှင်းနိင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော် သံအမတ်ကြီးဦးတင်ယုနှင့် ဇနီး အပါအဝင် ရုရှားနိင်ငံရောက် ပညာတော်သင် သင်တန်းသားများ အားလုံးက ညီညာဖြဖြ တက်ရောက်ကြသည်။
ထိုကျောင်းတော်ကြီးဖြစ်မြောက်အောင် သီတဂူဆရာတော်ကြီး၊ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ၊ ပြည်ထောင်စုမြန်မာနိုင်ငံမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မိသားစု၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နေပြည်တော် တပ်မတော်ကာကွယ်ရေးမှ မိသားစုများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှ အလှူရှင်များ၊ ပြည်ပမှ အလှူရှင်များ၊ ရုရှားနိုင်ငံရှိ မြန်မာကျောင်းသားများတို့က စုပေါင်းလှူဒါန်းကြပါသည်။
ဓာတ်ပုံ-TarYar
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၇-၂၀၁၅
www.sitagustar2020.net

Wednesday, July 01, 2015

sitagustar
No comments
မော်စကို မြန်မာကျောင်း ဖွင့်ပွဲ ပြင်ဆင်မှု
------------------
၃၀-၆-၂၀၁၅ နေ့က သီတဂူဆရာတော် ဦးဆောင်သော မြန်မာဆရာတော်များ၊
ရုရှားနိုင်ဆိုင်ရာ မြန်မာသံရုံး မိသားစုများ၊ ရုရှားရောက်
မြန်မာကျောင်းသားများက ၁-၇-၂၀၁၅ နေ့ ကျောင်းတော်ကြီး ဖွင့်ပွဲအတွက်
ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ ဘုရားအနေကဇာတင်ခြင်းများ ပြုလုပ်ခြင်းတို့ကို
တပျော်တပါးကြီး ဆောင်ရွက်ကြပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၇-၂၀၁၅
www.sitagustar2020.net
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂