သီတဂူစတား

သီတဂူစတား
Showing posts with label တက္ကသိုလ် ၀င်ခွင့်. Show all posts
Showing posts with label တက္ကသိုလ် ၀င်ခွင့်. Show all posts

24 May 2016

သီတဂူ ဝင်ခွင့် (အရည်အချင်းစစ်) စာမေးပွဲ

သီတဂူ ဝင်ခွင့် (အရည်အချင်းစစ်) စာမေးပွဲ
*******************
သီတဂူ ၂၀၁၆ မေ ၂၄

စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ယူလိုကြသော ကျောင်းသား/ကျောင်းသူ အသစ်များသည် အောက်ပါ အတိုင်း ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြရမည် ဖြစ်ပါသည်။

အဆောင်နေဝင်ခွင့်
++++++++++
အဆောင်နေ၀င်ခွင့်စာမေးပွဲ (ရေးဖြေ) ကို ၁၃၇၈-ခုနှစ် ကဆုန်လပြည့်ကျော် ၁၄ (၀၄/၀၆/၂၀၁၆) ရက်နေ့ နေ့လည် ၂ နာရီအချိန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၏ ဒေဝဒဟဆောင်၌ ဖြေဆိုရန် ဖြစ်သည်။

B.A ပထမနှစ် ၀င်ခွင့်
+++++++++++
B.A ပထမနှစ် ၀င်ခွင့် စာမေးပွဲကို ၁၃၇၈-ခုနှစ် ကဆုန်လပြည့်ကျော် ၁၅ (၀၅/၀၆/၂၀၁၆) ရက်နေ့ နေ့လည် ၂ နာရီအချိန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၏ ဒေဝဒဟဆောင် ကဝိလဝတ္ထုဆောင် လုမ္ဗိနီဆောင်တို့၌ ဖြေဆိုရန် ဖြစ်သည်။

Diploma ၀င်ခွင့်
+++++++++++
Diploma အတန်း ၀င်ခွင့် စာမေးပွဲကို ၁၃၇၈-ခုနှစ် နယုန်လဆန်း ၁ (၀၆/၀၆/၂၀၁၆) ရက်နေ့ နေ့လည် ၂ နာရီအချိန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၏ ဒေဝဒဟဆောင်၊ ကဝိလဝတ္ထုဆောင် လုမ္ဗိနီဆောင်တို့၌ ဖြေဆိုရန် ဖြစ်သည်။

အဆောင်နေ ဝင်ခွင့် လူတွေ့
+++++++++++
အဆောင်နေ၀င်ခွင့် လူတွေ့ စစ်ဆေးမှု ကို ၁၃၇၈-ခုနှစ် နယုန်လဆန်း ၂ (၀၇/၀၆/၂၀၁၆) ရက်နေ့ နံနက် ၇ နာရီမှ စတင်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်း၏ ဂယာဆောင်၌ သီတဂူအဓိပတိဆရာတော်ကိုယ်တိုင် စစ်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ နံနက် ၆ နာရီ မိနစ် ၃၀ အချိန်မီ အရောက်လာကြပါရန် အသိပေးပါသည်။

ဒေါက်တာအရှင်ကုမာရ
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

15 September 2015

ဒီပလိုမာ ၀င်ခွင့်စာမေးပွဲ ကြေညာ

ဒီပလိုမာ ၀င်ခွင့်စာမေးပွဲ ကြေညာ
----------------------

၂၀၁၅-ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဒုတိယ အကြိမ် Buddha-Dhamma Diploma Level ၀င်ခွင့် (Entrance Test) စာမေးပွဲကို အောက်ပါအတိုင်း ကျင်းပမည် ဖြစ်ကြောင်း ၂၀၁၅ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့ ရက်စွဲဖြင့် ကြောညာထားသည်။
နေ့ရက်။ ၁၃၇၇-ခုနှစ်၊ သီတင်းကျွတ်လ္ဆန်း ၁၃-ရက် (၂၆-၁၀-၂၀၁၅)
အချိန်။ နေ့ ၂း၀၀မှ ညနေ ၄း၀၀နာရီအထိ
နေရာ။ ၀ိနယစာသင်ခန်း
မှတ်ချက်။ ဒီပလိုမာဝင်ခွင့်မေးခွန်းသည် အင်္ဂလိပ်စာနှင့် ပိဋကတ်ဆိုင်ရာ အထွေထွေ ဗဟုဿုတ မေးခွန်းဖြစ်သည်။

ဒီပလိုမာဝင်ခွင့်လျောက်လွှာများယူရန်
------------------------
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ပညာရေး ရုံးခန်းနှင့် စာကြည့်တိုက်ရုံးခန်းတို့တွင် ရုံးချိန်အတွင်း လာရောက် ထုတ်ယူနိုင်ပါသည်။
လျှောက်လွှာစတင်ခေါ်ယူမည့်ရက် ၁၃၇၇-ခုနှစ်၊ ၀ါခေါင်လဆန်း(၁၀) ရက် (၂၅-၀၈-၂၀၀၁၅)
လျှောက်လွှာပိတ်မည့်ရက်။
၁၃၇၇-ခုနှစ်၊ တော်သလင်းကွယ် (၁၃-၁၀-၂၀၀၁၅)
ရုံးချိန်။ နံနက် ၈း၀၀ မှ ၁၁း၀၀
နေ့လည် ၂း၀၀မှ ညနေ ၅း၀၀

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်Diploma ၀င်ခွင့်စည်းမျဉ်း
----------------------
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ဒီပလိုမာတန်း လျှောက်လွှာတင်ကြမည့် ကျောင်းသားများသည် အောက်ဖေါ် ပြပါ စဉ်းမျဉ်းသတ်မှတ်ချက်များနှင့် ပြည့်စုံရမည်။
၁။ တက္ကသိုလ်ဝင်တန်းအဆင့်အောင်မြင်ပြီးသူဖြစ်ရမည်။
(သို့မဟုတ်)
အစိုးရပထမကြီးတန်းအောင်မြင်ပြီးသူဖြစ်ရမည်။
၂။ အသက်(၃၀)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
၃။ လျှောက်လွှာနှင့်အတူ ၂လက္မပတ်လည် ရောင်စုံဓါတ်ပုံ(၂)ပုံ။
၎။ သာသနာဝင်ကဒ်မိတ္တူ(သို့)နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ
၅။ ဘွဲ့/အောင်လက်မှတ်မိတ္တူ
၆။ သက်ဆိုင်ရာမိဘ/ ဆရာများ၏ထောက်ခံစာ

သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org

24 August 2015

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကြေညာချက်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊
ပင်လုံလမ်း၊ မြောက်ဒဂုံ၊ ရန်ကုန်
ကြေညာချက်

24-8-2015
-----------------


သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဒုတိယအကြိမ် ဒီပလိုမာဝင်ခွင့်လျောက်လွှာများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ပညာရေး ရုံးခန်းတွင် ရုံးချိန်အတွင်း လာရောက် ထုတ်ယူနိုင်ပါသည်။

လျှောက်လွှာစတင်ခေါ်ယူမည့်ရက်။         ၁၃၇၇-ခုနှစ်၊ ၀ါခေါင်လဆန်း(၁၀) ရက်
(၂၅-၀၈-၂၀၀၁၅)
လျှောက်လွှာပိတ်မည့်ရက်။             ၁၃၇၇-ခုနှစ်၊ တော်သလင်းကွယ်
(၁၃-၁၀-၂၀၀၁၅)
ရုံးချိန်။                        နံနက် ၈း၀၀ မှ ၁၁း၀၀
                            နေ့လည် ၂း၀၀မှ ညနေ ၅း၀၀



သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် Diploma
ဝင်ခွင့်စည်းမျဉ်းသတ်မှတ်ချက်
-----------------------------------


သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ဒီပလိုမာတန်း လျှောက်လွှာတင်ကြမည့် ကျောင်းသားများသည် အောက်ဖေါ်ပြပါ စဉ်းမျဉ်းသတ်မှတ်ချက်များနှင့် ပြည့်စုံရမည်။

၁။    (က) တက္ကသိုလ်ဝင်တန်းအဆင့်အောင်မြင်ပြီးသူဖြစ်ရမည်။
သို့မဟုတ်
(ခ) အစိုးရပထမကြီးတန်းအောင်မြင်ပြီးသူဖြစ်ရမည်။
၂။    အသက်(၃၀)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
၃။    လျှောက်လွှာနှင့်အတူ ၂လက္မပတ်လည် ရောင်စုံဓါတ်ပုံ(၂)ပုံ။
၎။    သာသနာဝင်ကဒ်မိတ္တူ(သို့)နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ
၅။    ဘွဲ့/အောင်လက်မှတ်မိတ္တူ
၆။    သက်ဆိုင်ရာမိဘ/    ဆရာများ၏ထောက်ခံစာ

သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၈-၂၀၁၅
www.sitagustar2020.net

09 June 2015

သီတဂူ ၀င်ခွင့်အောင်ဂေဇာတ် ထုတ်ပြန်

သီတဂူ ၀င်ခွင့်အောင်ဂေဇာတ် ထုတ်ပြန်
-------------------------

၅/၆-၆-၂၀၁၅ နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ၂၀၁၅-၂၀၁၆ ပညာင်သင်နှစ်အတွက် ဘီအေတန်းနှင့် ဒီပလိုမာတန်းများ ၀င်ခွင့်စာမေးပွဲကို ကျင်းပခဲ့ရာ ၇-၆-၂၀၁၅ နေ့က အောင်ဂေဇာတ် ထုတ်ပြန်လိုက်သည်။

ဘီအေတန်းကို နှစ်စဉ် (၁)နှစ် တစ်ကြိမ် ကျင်းပသည်၊ ဒီပလိုမာတန်းဝင်ခွင့်ကိုတော့ (၆)လ တစ်ကြိမ် ကျင်းပပေးသွားမည် ဖြစ်သည်။

(က) ဘီအေတန်း ၀င်ခွင့် ဖြေဆိုခွင့်ရှိသူ မှာ အသက် ၃၀ အောက်ဖြစ်ပြီး ဓမ္မာစရိယဘွဲ့တစ်ခုခု သို့မဟုတ် တက္ကသိုလ်တစ်ခုခုက ဘီအေ စသည့် ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။

(ခ) ဒီပလိုမာတန်း ၀င်ခွင့်ရရှိသူမှာ အသက် ၃၀ အောက်ဖြစ်ပြီး ပထမကြီးတန်း သို့မဟုတ် တက္ကသိုလ်ဝင်တန်း အောင်ပြီးဖြစ်ရမည်။

ယခုနှစ် ဘီအေတန်း (၁)ပါး ၀င်ခွင့်အောင်။ ဘီအေတန်း ၀င်ခွင့်မရသူ (၅)ယောက်ကိုတော့ ဒီပလိုမာတန်းတွင် ပညာသင်ခွင့်ရသည်။

ဒီပလိုမာတန်း တိုက်ရိုက်ဝင်ခွင့်ဖြေဆိုအောင်မြင်သူ (၄၄) ယောက်ဖြစ်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၆-၂၀၁၅
www.thesitagu.org
www.sitagustar2020.net

08 April 2014

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၄-၂၀၁၅ ပညာသင်နှစ် လျှောက်ထားနိုင်သူများ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(ရန်ကုန်)
၂၀၁၄-၂၀၁၅ ပညာသင်နှစ် လျှောက်ထားနိုင်သူများ

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ၁၃၇၅-ခုနှစ် တန်ခူးလဆန်း ၇ ရက် (၆-၄-၂၀၁၄) တနင်္ဂနွေနေ့၊ ပညာရေးကော်မီတီ၏ ပညာရေးဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်အရ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်၌ ပညာသင်ကြားခွင့် လျှောက်နိုင်သူများကို (၂) မျိုး ခွဲခြားထားပါသည်။

(၁) ဗုဒ္ဓဓမ္မဒီပလိုမာတန်း (Diploma in Buddhism)
(၂) ဘီအေတန်း (B.A)

(၁) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ Diploma ၀င်ခွင့် သတ်မှတ်ချက်
ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ Diploma တန်းကို တက်ရောက်သင်ကြားလို၍ လျှောက်လွှာတင်သွင်းသူသည် အောက်ပါ စည်းကမ်းများနှင့် ပြည့်စုံသူ ဖြစ်ရပါမည်။
၁။ (က) တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဖြစ်ရမည်။
(သို့မဟုတ်)
(ခ) ပထမကြီးတန်းကို အောင်မြင်ထားသူ ဖြစ်ရမည်။
၂။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိ စီမံအုပ်ချုပ်ရေးမှူးရုံခန်း (ရန်ကုန်)က ထုတ်ပေးသော လျှောက်လွှာတွင်သာ လိုအပ်သောအချက်အလက်များကို စနစ်တကျဖြည့် သွင်း၍ စီမံအုပ်ချုပ်ရေးမှူးရုံးသို့ တင်သွင်းရမည်။
၃။ အောင်လက်မှတ်မိတ္တူ (မူရင်းကို ပြရုံသာလိုသည်) တင်သွင်းရမည်။
၎။ မိမိ၏ အုပ်ထိန်းသူ/မိဘ/ ဆရာ/ ကျောင်းထိုင်ဆရာတော် (တစ်ဦးဦး) ၏ ခွင့်ပြု ထောက်ခံချက်စာ ပါရမည်။
၅။ ယခုအရွယ် ပတ်စပို့ဓာတ်ပုံ (၂) ပုံ။
၆။ သာသနာဝင်၊ (သို့မဟုတ်) သာသနာ့နွယ်ဝင်၊ သို့မဟုတ် နိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံခြားသားဖြစ်ပါက ပတ်စပို့မိတ္တူ တင်သွင်းရမည်။
၇။ လျှောက်လွှာများတင်သွင်းပြီးနောက် သတ်မှတ်ထားသည့်ရက်တွင် ဒီပလိုမာတန်းအတွက် အရည်အချင်းစစ် စာမေးပွဲ (Placement Test) ကို ဖြေဆိုရမည်။
၈။ လျှောက်ထားသူသည် အထက်ဖေါ်ပြပါ စည်းကမ်းချက်များနှင့် ပြီးပြည့်စုံပြီး အရည်အချင်းစစ် စာမေးပွဲ (Placement Test) ရလဒ်အရ အမှတ်အနည်းအများအလိုက် Elementary, Intermediate နှင့် Advanced Level တို့တွင် မိမိရရှိသော အဆင့်မှ စတင်၍ တက်ရောက် သင်ကြားနိုင်သည်။

(၁) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ B.A တန်း ၀င်ခွင့် သတ်မှတ်ချက်
ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် B.A ဘီအေ အတန်းအတွက် လျှောက်ထားနိုင်ပြီ။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်၏ ဗုဒ္ဓဓမ္မ B.A တန်းကို အောက်ပါ စည်းကမ်းများနှင့် ညီညွတ်ပါက ရဟန်း ရှင်လူ မည်သူမဆို လျှောက်လွှာ တင်သွင်းနိုင်ပြီ ဖြစ်ပါသည်။

၁။ တက္ကသိုလ်တစ်ခုခုမှ B.A, B.Sc ကဲ့သို့ ဘွဲ့တစ်ခုခု ရရှိထားသူ (သို့မဟုတ်) သာသနာဓဇဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ၊ စေတီယင်္ဂဏဓမ္မာစရိယဘွဲ့ တစ်ခုခု ရရှိထားသူ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) တစ်ခုခုမှ ဗုဒ္ဓဒေသနာ ဒီပလိုမာ (Advanced) တန်းကို အောင်မြင်ထားသူ ဖြစ်ရပါမည်။
၂။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိ စီမံအုပ်ချုပ်ရေးမှူးရုံး (ရန်ကုန်)က ထုတ်ပေးသော လျှောက်လွှာတွင်သာ လိုအပ်သောအချက်အလက်များကို စနစ်တကျဖြည့်သွင်း၍ စီမံအုပ်ချုပ်ရေးမှူးရုံး(ရန်ကုန်) သို့ တင်သွင်းရမည်။
၃။ အောင်လက်မှတ်မိတ္တူ (မူရင်းကို ပြရုံသာလိုသည်) တင်သွင်းရမည်။
၎။ မိမိ၏ အုပ်ထိန်းသူ/မိဘ/ ဆရာ/ ကျောင်းထိုင်ဆရာတော် (တစ်ဦးဦး)၏ ခွင့်ပြု ထောက်ခံချက်စာ ပါရမည်။
၅။ ယခုအရွယ် ပတ်စပို့ဓာတ်ပုံ (၂) ပုံ။
၆။ သာသနာဝင်၊ (သို့မဟုတ်) သာသနာ့နွယ်ဝင်၊ သို့မဟုတ် နိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံခြားသားဖြစ်ပါက ပတ်စပို့မိတ္တူ တင်သွင်းရမည်။
၇။ လျှောက်လွှာများတင်သွင်းပြီးနောက် သတ်မှတ်ထားသည့်ရက်တွင် ၀င်ခွင့်စာမေးပွဲ (Entrance Test) ကို လျှောက်ထားသူအားလုံး (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များက ကျင်းပသော ဗုဒ္ဓဒေသနာ ဒီပလိုမာ (Advanced) တန်းကို အောင်မြင်ထားသူမှ အပ) ဖြေဆိုရမည်။
၈။ ၀င်ခွင့်စားမေးပွဲ အောင်မြင်သူများသည်သာ B.A ပထမနှစ်ကို တက်ရောက်သင်ယူခွင့်ရမည် ဖြစ်ပါသည်။


သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်

မှတ်ချက်။ ။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်၊ ၀၁-၅၈၁၈၈၈။ ၀၁-၅၈၁၇၇၇ သို့ စုံစမ်းနိုင်သည်။

၂၀၁၄၂၀၁၅ ပညာသင်နှစ် လျှောက်လွှာများ ထုတ်ယူနိုင်

၂၀၁၄၂၀၁၅ ပညာသင်နှစ် လျှောက်လွှာများ ထုတ်ယူနိုင်

၂၀၁၄၂၀၁၅ ပညာသင်နှစ်အတွက် ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ တက်ရောက်ပညာသင်ယူလိုသော ကျောင်းသား/ ကျောင်းသူများ၏ ၀င်ခွင့်လျှောက်လွှာများကို ဧပြီ (၂၁) တနင်္လာနေ့မှ စ၍ ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပြန်ကြားရေးဌာန၊ စာအုပ်အရောင်းဆိုင်တွင် လာရောက်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

သက်ဆိုင်ရာ အတန်းများအလိုက် လိုအပ်သော အရည်အချင်းနှင့် အချက်အလက်များကို သီးသန့် ဖေါ်ပြသွားပါမည်။

လျှောက်လွှာပိတ်ရက်၊ ၃၁/၀၅/၂၀၁၄ (နယုန်လဆန်း ၃ - ရက်၊ ၁၃၇၆-ခု)

ဝင်ခွင့်ဖြေဆိုချိန်နှင့် နေရာ
ဘီအေအတန်းအတွက် ၀င်ခွင်စာမေးပွဲ ၀၅/၀၆/၂၀၁၄ (နယုန်လဆန်း ၈-ရက် ၁၃၇၆-ခု)
ဒီပလိုမာအတန်းအတွက် ၀င်ခွင့် ၀၆/၀၆/၂၀၁၄ (နယုန်လဆန်း ၉ -ရက် ၁၃၇၆-ခု)
ဌာန- သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်

သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်

14 April 2012

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပညာသင်နှစ်အတွက် ကြေငြာ


သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်)
၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကြေငြာချက် (၀၅/၂၀၁၂)
ကျောင်းသားအသစ်များ လျှောက်လွှာ ခေါ်ယူခြင်း
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) ၂၀၁၂-၂၀၁၃ ခု ပညာသင်နှင်တွင် ပညာဆည်းပူးလိုသူများသည် M.A တန်း၊ B.A တန်းနှင့် Diploma တန်းများအတွက် လျှောက်လွှာ (Form) ပုံစံများကို ၁၃၇၄ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက်၊ (၁၇-၀၄-၂၀၁၂) မှ ၁၃၇၄ ခုနှစ် နယုန်လဆန်း ၁၁ ရက် (၃၁-၀၅-၂၀၁၂) အထိ သတ်မှတ်ထားသည့် ရက်အတွင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်)များရှိ မော်ကွန်းထိန်းရုံးခန်း (သို့မဟုတ်) ပညာရေးဌာနရုံးခန်းများတွင် လာရောက် ထုတ်ယူခြင်း ပြန်လည်တင်သွင်းခြင်း ပြုလုပ်နိုင်ပါပြီ ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။

ကျောင်းဖွင့်ရက်နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)၌ အဆောင်နေခွင့် စာမေးပွဲရက်၊ ပြည့်စုံရမည့်တက္ကသိုလ်ဝင်ခွင့် စည်းကမ်းများကို သက်ဆိုင်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၌ ကြေငြာထားပါသည် သိလိုသော အကြောင်းအရာများကို အောက်ပါ ဖုန်းနံပါတ်များတွင် ဆက်သွယ် စုံးစမ်းနိုင်ပါသည်

ဖုန်းနံပါတ်များ
၀၇၂-၂၁၆၁၁ (စစ်ကိုင်း)
၀၇၂-၂၂၁၆၅ (စစ်ကိုင်း)
၀၂-၇၅၂၇၈ (မန္တလေး)
၀၁-၅၈၁၇၇၇ (ရန်ကုန်)
၀၁-၅၈၁၉၉၉ (ရန်ကုန်)

ဒေါက်တာ အရှင်ကုမာရ
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း
(အသေးစိတ်ကြေငြာဇယား)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖေ့ဘုတ်မှာ ကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၄-၂၀၁၂

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes