သီတဂူစတား

သီတဂူစတား

16 March 2016

ထူပါရုံစေတီကြီး စိန်ဖူးတော်ပူဇော်ပွဲ အောင်မြင်စွာပြီးစီး

ထူပါရုံစေတီကြီး စိန်ဖူးတော်ပူဇော်ပွဲ အောင်မြင်စွာပြီးစီး
***********
သီတဂူ ၂၀၁၆ခု၊ မတ်လ (၁၆)

ဒီနေ့ ၁၆ ၃ ၂၀၁၆ နံနက် ၈း၀၀နာရိမှာ စစ်ကိုင်း ထူပါရုံစေတီတော်ကြီး စိန်ဖူးတော်အထွဋ်တင်လှူပွဲ အခမ်းအနား၏ အစအဆုံးကို စကိုင်းနက် ဗုဒ္ဓလိုင်းမှ တိုက်ရုက်လွှင့်သွားပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးယိုယွင်း၍ ရှေးမြန်မာ မင်းနှင့်ပြည်သူအဆက်ဆက်တို့ ပြုပြင်ကောင်းမှုဖြစ်သော ထူပါရုံစေတီကြီးဖြစ်ပါသည်။

၁၃၇၃ခုနှစ် မြေငလျင်ကြောင့် စေတီကိုယ်လုံးတော် အက်ကွဲသွားခြင်းကြောင့် သီတဂူဆရာတော်ကြီးဦးစီးပြီး မင်းနှင့်ပြည်သူတို့ ကျက်သိန်းပေါင်း တစ်သောင်း ငါးထောင်ကျော် အကုန်ကျခံပြန်လည်ပြုပြင်ထားပါသည်။

၃နှစ်တိုင်တိုင် ပြုပြင်ပြုလုပ်ခဲ့သော ယခုအခါအားလုံး ပြီးဆုံးသည်ဖြစ်၍ ထိုထူပါရုံစေတီတော်ကြီးကို စိန်ဖူးတော်အထွဋ်တင် ပူဇော်ပွဲ အခမ်းအနားကို ခမ်းနားစွာ ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့် သံဃာတော်များ၊ သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီးများ, တိုင်းဒေသ၀န်ကြီးများ၊ အလှူရှင်များ၊ သီတဂူကပ္ပိယကာရအဖွဲ့များ တက်ရောက်ကြသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitgau.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

09 March 2016

သီတဂူစတား စင်္ကာပူဓမ္မသဘင်

သီတဂူစတား စင်္ကာပူဓမ္မသဘင်
*********
၆-၃-၂၀၁၆ တနင်္ဂနွေနေ့ည စင်္ကာပူ တရားပွဲ ည ၉နာရီတွင် ပြီးဆုံး။
စင်္ကာပူရောက် ဓမ္မမောင်နှမအဖွဲ၏ ဓမ္မဒါနအပြီး ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန် အဆင်ပြေစွာ ရောက်ရှိ။
ဓမ္မမောင်နှမအဖွဲ့နှင့် မော်တော်ယာဉ်အကြိုအပို့ ယာနဒါနအလှူရှင်, နံနက်ဆွမ်း, နေ့ဆွမ်းအလှူရှင်များအား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

သီတဂူဆရာတော် စေတီတော်ထီတင်ပွဲ (နာဂဒေသ)

သီတဂူဆရာတော် စေတီတော်ထီတင်ပွဲ (နာဂဒေသ)
****************
သီတဂူ၊ ၂၀၁၆၊ မတ်လ (၉)

မနေ့ (၈-၃-၂၀၁၆) နံနက်ပိုင်း ၁၀:၀၀ နာရီအချိန်တွင် သီတဂူဆရာတော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်ရှိ ရွှေတိဂုံ ပုံတူ သန္တိကရ စေတီတော်ထီးတင်၊ စိန်ဖူးတော်၊ ငှက်မြတ်နား၊ စိန်ဖူးတော်တင်ခြင်းနှင့် ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်း အခမ်းအနားသို့ ကြွရောက်တော်မူသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net




04 March 2016

သီတဂူဆရာတော် (၇၉)နှစ်ပြည့် မွေးနေ့ ဖိတ်ကြားခြင်း

သီတဂူဆရာတော် (၇၉)နှစ်ပြည့် မွေးနေ့ ဖိတ်ကြားခြင်း
****************

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ သီတဂူဆရာတော်၏ သက်တော်(၇၉)နှစ်ပြည့် မွေးနေ့အလှူတော်ကို အောက်ပါအစီအစဉ်
အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ကြွရောက်ကြည်ညိုနိုင်
ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

(က) ၁၃၇၇-ခု တပေါင်းလဆန်း(၁၄) ရက်နေ့တွင် သီလရှင်အပါး
(၁၀၀၀) တို့အား သင်္ကန်းစသောပစ္စည်းများဖြင့် ဆွမ်းကြီးလောင်းလှူဒါန်းခြင်း။

(ခ) တပေါင်းလပြည့်နေ့တွင် သံဃာအပါး(၁၀၀၀) တို့အား သင်္ကန်းစေသာ ပစ္စည်းများဖြင့် ဆွမ်းကြီးလောင်းလှူဒါန်းခြင်း။

(ဂ) တပေါင်းလပြည့်ကျော်(၁) ရက်နေ့တွင် ထူပါရုံစေတီတော်ကြီး
ရွှေထီးတော်, စိန်ဖူးတော်, ငှက်မြတ်နားတော် အထွဋ်တင်လှူ
ပူဇော်ခြင်းအောင်ပွဲအထိမ်းအမှတ်နှင့် သီတဂူဆရာတော်(၇၉)
နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ထူပါရုံစေတီတော်မြတ်ကြီးအ
တွင်း သံဃာအပါး(၁၀၀၀) တို့အား ဆွမ်းကြီးလောင်းလှူခြင်း
အစရှိသော ကုသိုလ်ထူးများကို ဆည်းပူးကြမည်ဖြစ်ပါသည်။
သီတဂူဆရာတော်၏သက်တော်(၇၉) နှစ်ပြည့် မွေးနေ့အလှူ
တော်ပွဲသို့ကြွရောက်ကြပါရန် မေတ္တာရှေ့ထားဖိတ်ကြားအပ်
ပါသည်။

စီမံအုပ်ချုပ်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်းတောင်ရိုး၊စစ်ကိုင်းမြို့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

01 March 2016

သီတဂူစတား ဓမ္မသဘင် (စင်္ကာပူ)

သီတဂူစတား ဓမ္မသဘင် (စင်္ကာပူ)
*************
 
ဖိတ်မန္တက ပြုပါသည်-----------။
မဟာဂန္ထ၀ါစကပဏ္ဍိတ သီတဂူ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)သည် ၂၀၁၆ခုနှစ် မတ်လ (၆)ရက်၊ တနင်္ဂနွေနေ့ည စင်္ကာပူနိုင်ငံတွင် တရားဓမ္မများ ဟောကြားမည် ဖြစ်ပါသည်။

အချိန်= ၀၆-၃-၂၀၁၆၊ (၀၆း၀၀ နာရီမှ ၀၈း၀၀ နာရီအထိ)

နေရာ=The Arena Country Club, 511 Upper Jurong Road, S'638366

ဆက်သွယ်ရန်= မနီလာအောင် (၉၆၉၉၄၇၉၅)၊ ကိုထွန်းထွန်း (၉၄၅၁၈၂၆၃)၊ မဇာခြည်သန်းထွန်း (၉၆၈၀၇၀၈၁)။ မခိုင်ရည်မွန် (၈၁၁၃၀၆၅၉)၊ ကိုသန့်အောင်မင်း (၈၆၁၂၆၈၉၆)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes