သီတဂူစတား

သီတဂူစတား

21 December 2015

သီတဂူစတား လှည်းတန်း တရားပွဲ

သီတဂူစတား လှည်းတန်း တရားပွဲ
--------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်

မနေ့ (၂၀-၁၂-၂၀၁၅)ည ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ ကမာရွတ်၊ ရန်ကုန်မှာ သီတဂူဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) တရားချီးမြှင့်သည်။
ဒီကနေ့ည (၂၁-၁၂-၂၀၁၅) ထိုနေရာမှာပဲ သီတဂူဆရာတော်ကြီး တရားချီးမြှင့်မည် ဖြစ်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

17 December 2015

သီတဂူဓမ္မသဘင် (လှည်းတန်း)

သီတဂူဓမ္မသဘင် (လှည်းတန်း)
-----------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ( ၁၇)

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉၊၂၀၊ ၂၁ ရက်များတွင် သီတဂူဆရာတော်ကြီးနှင့် သီတဂူတပည့်များက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ဦးထွန်းလင်းခြံလမ်းသွယ်ရှိ မိသားစုတို့၏ ဓမ္မသဘင်တွင် တရားဓမ္မများ ဟောကြားမည်ဖြစ်ပါသည်။

၁၉ ရက်နေ့= သီတဂူဒေါက်တာအရှင်ဣန္ဒာစရိယ
၂၀ ရက်နေ့= သီတဂူ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)
၂၁ ရက်နေ့= သီတဂူဆရာတော်ကြီး

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

16 December 2015

သီတဂူဆရာတော် ထိုင်းသံဃာ့ရာဇာ ဈာပနပွဲတက်

သီတဂူဆရာတော် ထိုင်းသံဃာ့ရာဇာ ဈာပနပွဲတက်
-------------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်

ယနေ့ (၁၆-၁၂-၂၀၁၅)မနက်စောစောက သီတဂူဆရာတော်ကြီးသည် ထိုင်းနိုင်ငံသို့ကြွရောက်သည်။

သီတဂူဆရာတော်ကြီးသည် အထူးပင့်ထားသော နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ဆရာတော်ကြီး ၁၉ ပါး၊ မြန်မာနိုင်ငံမှ ဗန်းမော်ဆရာတော်နှင့် အတူ ထိုင်းနိုင်ငံသံဃရာဇာ ဆရာတော်ဘုရားကြီး၏ ဈာပန အခမ်းအနားသို့ တက်ရောက်သည်။

ဆရာတော်ကြီးများအား ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့်အဖွဲ့က နေ့ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းများပြုလုပ်သည်။

ထိုင်းသံဃာ့ရာဇာဆရာတော်ကြီး၏ ဈာပနအခမ်းအနားကို ထိုင်းစံတော်ချိန် ညနေ ၃:၀၀နာရီတွင် ပြုလုပ်သ“ည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

15 December 2015

သီတဂူဆရာတော် ခရစ်ယာန်ဘုန်းတော်ကြီးမွေးနေ့ တရားချီးမြှင့်

သီတဂူဆရာတော် ခရစ်ယာန်ဘုန်းတော်ကြီးမွေးနေ့ တရားချီးမြှင့်
--------------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်
ဒီကနေ့ (၁၅-၁၂-၂၀၁၅) ညနေပိုင်းက သီတဂူဆရာတော်ကြီးသည် ခရစ်ယာန် ကက်သလစ် သာသနာ ( မြန်မာနိုင်ငံ) ပထမဦးဆုံး ရဟန်းမင်းအမတ် ကာဒီနယ်ချားလ်ဘို (ရန်ကုန်ဂိုဏ်းချုပ်ကြီး) သိက္ခာ၂၅ဝါပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက် တရားတော်များ ဟောကြားသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitaguster2020.net

09 December 2015

ရှေးဟောင်းအမွှေတစ်ခု ပြပွဲသို့ ဖိတ်ပါသည်

ရှေးဟောင်းအမွှေတစ်ခု ပြပွဲသို့ ဖိတ်ပါသည်
----------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်

မနက်ဖန် (၁၀-၁၂-၂၀၁၅)နေ့ (နံနက်၇း၀၀နာရီမှ ညနေ ၃း၃၀အထိ) တွင် ရှေးဟောင်းအမွှေအနှစ်တစ်ခုကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတခန်းမဆောင်တွင် ပြသသွားမည်ဖြစ်ပါသည်။

မည်သူမဆို လာရောက်လေ့လာနိုင်ပါသည်။ အထူးသဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ပညာသင်ကြားနေကြသော ဘီအေ၊ ဒီပလိုမာကျောင်းသားများနှင့် ဗုဒ္ဓဓမ္မပါဒက ကျောင်းတော်သူကျောင်းတော်သား အားလုံး တက်ရောက် လေ့လာကြပါရန် နှိုးဆော်အပ်သည်။

ရှေးဟောင်းအမွှေနှစ်ဟူသည်
----------------
အေဒီ (၁၀၀)လောက်က ပါကစ္စတန်မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့သည် ဗုဒ္ဓနိုင်ငံတော်များဖြစ်ခဲ့ကြသည်။ ဆုန်ဂမင်းဆက်ဖြစ်သည့် Kanishka ဘုရင်၏အထောက်အပံ့ဖြင့် အိန္ဒိယနိုင်ငံတွင် ဆန်စခရစ်အက္ခရာများဖြင့် ပါဠိပိဋကတော်တွေကို စတုတ္ထသံဂါယနာတင်ပွဲကျင်းပခဲ့သည်။

ထိုသံဂါယနာမှ အိန္ဒိယအင်ပါယာဖြစ်သော ပါကစ္စတန်မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့ဆီသို့ ဗုဒ္ဓသာသနာပြန့်ပွားခဲ့သည်။ သာသနာထွန်းကားခဲ့ရာ ထိုဒေသသည် ဂန္ဓာရတိုင်းဟုထင်ရှားခဲ့ပြီး ဗုဒ္ဓဆင်းတုတော်စသော ရုပ်ထုပညာ ပန်းပုပညာ ထွန်းကားခဲ့သော နိုင်ငံလည်းဖြစ်သည်။

ထို သာသနာထွန်းကားချိန်က တည်ထားကိုးကွယ်ခဲ့ကြသော စေတီတော်များ၊ ရုပ်ပွားဆင်းတုတော်များ၊ ဘုရားကျောင်းတော်များကို ဘာသာရေးအစွန်းရောက်တို့၏လက်ချက်ဖြင့် အဖျက်ဆီးခံခဲ့ရသည်။
အဖျက်ဆီးခံ ပိဋကတ်တော်တိုက်ထဲက ပေစာများကို လေမှုတ်စက်များဖြင့် မှုတ်ထုတ်ကာ မီးရှို့ခဲ့ကြသည်၊ ထိုမှုတ်ထုတ်လိုက်သော ပေစာ အပိုင်းအစများကို ဗုဒ္ဓစာပေကိုမြတ်နိုးသော ရှေးဟောင်းအမွှေအနှစ်များကို တန်ဖိုးထားတတ်သော လူ့ပညာရှိတို့က ရသမျှစုစည်း သိမ်းထားကြသဖြင့် ယနေ့ ပါကစ္စတန်မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့သည် ဗုဒ္ဓနိုင်ငံတော်ဖြစ်ခဲ့ကြောင်း အထောက်အထား အခိုင်းအမာရရှိကြသည်။

သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

04 December 2015

ဥပဒေဖြင့် ဘာသာရေးကို တည်ဆောက်အံ့

ဥပဒေဖြင့် ဘာသာရေးကို တည်ဆောက်အံ့
---------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်

ဒီကနေ့ (၄-၁၂-၂၀၁၅) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)နှင့် Institute for Global Engagement, USA တို့ ပူးပေါင်းပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် ၅ရက်မြောက်နေ့ ဖြစ်သည်။

မနက်ပိုင်း ပထမပိုင်းသင်တန်းတွင် ၁ နာရီကြာသင်တန်းပေးပြီး ထိုသင်တန်း၏အနှစ်ချုပ်မေးခွန်းနှစ်ခုကို ၅ယောက် သို့မဟုတ် ၆ ယောက် အုပ်စုဖွဲ့၍ ဘာသာဝင်ပေါင်းစု၍ ဆွေးနွေးအဖြေထုတ်ကြသည်။

ထိုအဖြေများကို ဗုဒ္ဓဘာသာ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာဝင် အသီးသီးတို့က မိမိတို့ဘာသာ အမြင်ရှုထောင့်ကနေ ဖြေဆိုကြသည်။

အတုစရာတစ်ခုက သင်တန်းပို့ချအပြီး ချက်ချင်းဆိုသလို သင်တန်းသားများကို အုပ်စုဖွဲ့၍ အဖြေထုတ်သည့်နည်းပင်ဖြစ်သည်၊ သင်တန်းသားများထံမှ အတွေးအခေါ်နှင့် အယူဆများကို နှိပ်ယူခြင်းဖြစ်သည်။

မေးခွန်း ၂ခု---
၁။ What does your faith/ religion say about religious freedom?
၂။ Is there any value in forcing people to convert?

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၁၂-၂၀၁၅
www.sitagustar2020.net

03 December 2015

သီတဂူစက္ခုဒါနဆေးရုံ (မြစ်ကြီးနား)

သီတဂူစက္ခုဒါနဆေးရုံ (မြစ်ကြီးနား)
---------------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်

၂၉-၁၁-၂၀၁၅ ရက်နေ့ကစပြီး ကချင်းပြည်နယ်၊ မြစ်ကြီးမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံတွင် သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့၏ မျက်စိကုသမှု အစီအစဉ်ကို စတင်ခဲ့သည်။

ထိုအစီအစဉ်မှာ သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့၊ သီတဂူမျက်စိအထူးကုအဖွဲ့နှင့် သူနာပြုအဖွဲ့များလိုက်ပါ ကုသိုလ်ပြုကြသည်။

လေးရက်မြောက်နေ့အဖြစ် ပေးလျက်ရှိရာ
ပြင်ပလူနာပေါင်း (၁၆၁၂) ယောက်ကို စမ်းသပ်စစ်ဆေးပေးသည်။
ခွဲစိပ်ပေးပြီးလူနာပေါင်း ( ၂၆၈)ယောက်ရှိပြီး၊ ဆက်လက်ခွဲစိပ်ပေးရန် စစ်ဆေးပြီးလူနာပေါင်း ၈၃ယောက် ကျန်ပါသေးသည်။

“သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၂-၂၀၁၅
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes