သီတဂူစတား

သီတဂူစတား

31 December 2014

အီရန်နိုင်ငံ၊ သီတဂူဆရာတော်ဘုရားကြီး (၂)

အီရန်နိုင်ငံ၊ သီတဂူဆရာတော်ဘုရားကြီး (၂)

အီရန်နိုင်ငံရောက် သီတဂူဆရာတော်ကြီးကို၂၉-၁၂-၂၀၁၄နေ့ ညနေပိုင်းတွင် အီရန်သမ္မတ အတွင်းရေးမှူးနှင့် အကြံပေးအရာရှိများက ပင့်ဖိတ်၍ နှစ်နိုင်ငံ အချင်းချင်း ရင်းနှီးမှုနှင့် နားလည်းခြင်း၊ လေးစားခြင်းတို့ ပိုမိုတိုးပွားလာစေရန် ဆွေးနွေးကြသည်။

ထို့နောက် ဆရာတော်ကြီးသည် Hossein Anvari (Head of imam Khomeini, Relief Foundation) ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့၏ အယူအဆများကို အပြန်အလှန် ဆွေးနွေးကြသည်။

At Evening secession, Sitagu Sayadawgyi met with H.I Younesi, Adviser and secretary to President of Iran, Dr. Roo Hani and discussed on promotion of mutual friendship, understanding and respect.

As final meeting of today, Sitagu Sayadawgyi met with Hossein Anvari, Head of imam Khomeini, Relief Foundation and exchanged the views on the commonality of between Buddhism and Islam.

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ“
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၁၂-၂၀၁၄

30 December 2014

အီရန်နိုင်ငံရောက် သီတဂူဆရာတော်ကြီး

အီရန်နိုင်ငံရောက် သီတဂူဆရာတော်ကြီး

သီတဂူဆရာတော်ကြီး ၂၀၁၄ ဒီဇင်ဘာ ၂၉နေ့က အီရန်နိုင်ငံ Teheran မြို့သို့ ရောက်ရှိခဲ့သည်။ အစ္စလာမ် ယဉ်ကျေးမှုနှင့် အီရန်အစိုးရ ပင့်ဖိတ်ချက်အရ ကြွရောက်ခြင်းဖြစ်သည်။ 

ထိုနေ့မှာပဲ ဆရာတော်ကြီးက ဗုဒ္ဓဘာသာ ခေါင်းဆောင်များနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်တို့ ယဉ်ကျေးမှုနှင့်ဘာသာရေး အပြန်အလှန် ဆွေးနွေးပွဲမှာ သော့ချက်မိန့်ခွန်းကို ပြောကြားခဲ့သည်။

ထို့နောက် အီရန်နိုင်ငံ ရုပ်သံဌာနများနှင့် သတင်းထောက်များက ဆရာတော်ကြီးကို အင်တာဗျူးကြသည်။
Sitagu Sayadawgyi has arrived at Teheran, Iran at the invitation of Islamic Culture and Relation Organization of Iran government for the purpose of exchanging views between Buddhism and Islam last night. Today, Dec 29, the meeting between Buddhist leaders and Islamic Leaders met at the head quarter of Islamic Culture center and Sitagu Sayadawgyi delivered a keynote speech on regarding multilateral dialogue between Buddhism and Islam. After morning secession, Sitagu Sayadawgyi was interviewed by several Iranian Television Networks.

သတင်းဓာတ်ပုံ အရှင်ဝိသုတ

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၁၂-၂၀၁၄
www.sitagustar2020.net

29 December 2014

သီတဂူဆရာတော် အီရန်နိုင်ငံသို့ ကြွခြင်း

သီတဂူဆရာတော် အီရန်နိုင်ငံသို့ ကြွုခြင်း

ဒီကနေ့ (၂၉-၁၂-၂၀၁၄) မနက် ၇-၅၅ နာရီ လေကြောင်းဖြင့် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့် ရဟန်းနှစ်ပါး၊ ကပ္ပိယနှင့်အတူ အီရန်နိုင်ငံ Teheran မြို့သို့ ကြွသွားပြီဖြစ်သည်။

အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ အီရန်နိုင်ငံမှ သံတမန်တာဝန်ရှိသူများနှင့် သီတဂူကပ္ပိယကာရကအဖွဲ့များက ရန်ကုန် နိုင်ငံတကာ လေဆိပ်သို့ လိုက်ပါ ပို့ဆောင်ကြသည်။

၂၀၁၄ ဒီဇင်ဘာလ ၂၉-၃၀-၃၁ ရက်များတွင် အီရန်နိုင်ငံ Teheran မြို့၌ Inter-religious Dialogue ဘာသာရေးဆိုင် အပြန်အလှန်နှီးနှောဖလှယ်ပွဲကို အီရန်နိုင်ငံနှင့် မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ ဗုဒ္ဓဘာသာခေါင်းဆောင်များက ပြုလုပ်ခြင်းဖြစ်သည်။

“သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

မှတ်ချက်။ ။ ဓာတ်ပုံသည် ၆-၉-၂၀၁၄ နေ့က ပါကစ္စတန်နိုင်ငံ ရေဘေးအတွက် အမေရိကန်ဒေါ်လာ တစ်သောင်း (၁၀၀၀၀) လှူစဉ်က ပုံဖြစ်ပါသည်။

28 December 2014

၂၀၁၅-ခု သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း) အထူးကုအစီအစဉ်များ

၂၀၁၅-ခု သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း) အထူးကုအစီအစဉ်များ

၂၀၁၅-ခုနှစ်အတွက် သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)တွင် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကို အောက်ပါအတိုင်း ကြိုတင်ထွက်ရှိထားခြင်းဖြစ်သည်။

၁။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ (5-1-15) မှ (9-1-15) အထိ Belgium ဆရာဝန်ကြီးများ။
၂။ မျက်စိအထူးကု (11-1-15) မှ (18-1-15) အထိ မလေးရှား ဆရာဝန်ကြီးများ။
၃။ မျက်စိအထူးကု (25-2-15) မှ (5-3-15) အထိ U K ဆရာ ဝန်ကြီးများ။
၎။ မျက်စိအထူးကု (12-3-15) မှ (23-3-15) အထိ မလေးရှား ဆရာဝန်ကြီးများ။
၅။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ Last week of March ဘယ်လ်ဂျီယံဆရာ ဝန်ကြီးများ
၆။ မျက်စိအထူးကု (7-4-15)မှ (11-4-15) အထိ U K ဆရာဝန်ကြီးများ။
၇။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ (25-6-15)မှ (30-6-15) အထိမလေးရှား ဆရာဝန်ကြီးများ။
၈။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ (29-9-15)မှ (3-10-15)အထိ ဂျာမနီ ဆရာဝန်ကြီးများ။
၉။ အထွေထွေခွဲစိတ်အထူးကုနှင့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ (25-10-15 မှ (30-10-15) အထိ U.S.A
ဆရာဝန်ကြီးများ။
၁၀။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ (18-11-15) မှ (24-11-15) အထိ ဘယ်လ်ဂျီယံဆရာဝန်ကြီးများ။

အထက်ပါ အစီအစဉ်များအတိုင်း နှစ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်လျှက်ရှိသည်။ ၂၀၁၅-ခုနှစ်မှာလည်း ထိုအစီအစဉ်အတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြိုတင်သတင်းပေးအပ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၁၂-၂၀၁၄

25 December 2014

တပည့်ဟောင်းများ လာကန်တော့ကြ

တပည့်ဟောင်းများ လာကန်တော့ကြ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် Fundamental Buddhism အတန်း ပြီးဆုံးသွားသော တပည့်ဟောင်းများက ဒီကနေ့ ၂၂-၁၂-၂၀၁၄ ရက်နေ့က လာရောက်ကန်တော့ကြသည်။

ကတညူ ကတဝေဒီ ဆိုတဲ့ သူတော်ကောင်းတို့ အမှတ်အသားအကြောင်း သြ၀ါဒစကား ပြောကြားလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၁၂-၂၀၁၄

20 December 2014

သီတဂူဆရာတော် မြန်မာ၊ တရုပ်၊ အိန္ဒိယ ဗုဒ္ဓဓမ္မဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်

သီတဂူဆရာတော် မြန်မာ၊ တရုပ်၊ အိန္ဒိယ ဗုဒ္ဓဓမ္မဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်

၂၀၁၄ခုနှစ် ဒီဇင်ဘာလ၊ ၁၆-၁၇-၁၈နေ့များတွင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမှာ (China-India-Myanmar Buddha Dhamma Forum) မြန်မာ၊ တရုပ်၊ အိန္ဒိယတို့ ပူးပေါင်း ကျင်းပသည့် ဗုဒ္ဓဓမ္မဆိုင်ရာ ဆွေးနွေးပွဲမှာ သီတဂူဆရာတော်ကြီး သော့ချက်မိန့်ခွန်းပြောကြားတော်မူသည်။

ဗုဒ္ဓဘာသာနှင့် ကမ္ဘာ့အခြေအနေဆက်နွယ်နေမှု
(Buddhism and it’s Relevance to the World situation)
--------------------------------------------------
တိုင်းပြည်အသီးသီးက နိုင်ငံရေး၊ ဘာသာရေးနှင့် လူမှုရေး ခေါင်းဆောင်များအားလုံး၊ ကမ္ဘာသူ/ကမ္ဘာသားအားလုံးတို့နှင့် ယနေ့အစည်းအဝေးသို့ ကြွရောက်လာကြသော မြန်မာ၊ တရုတ်၊ အိနိ္ဒယ အိမ်နီးချင်း သုံးနိုင်ငံတို့က လူကြီးမင်းများ ငြိမ်းချမ်းစွာ ညီညွတ်စွာ လုံခြုံစွာ ချမ်းသာစွာ နေနိုင်ကြပါစေ။ အိပ်စက်နိုင်ကြပါစေဟု ရှေးဦးစွာ ဆုတောင်း၍ နှုတ်ခွန်းဆက်ပါတယ်။

ယနေ့ ကျွန်ုပ်တို့အနေနဲ့ ဗုဒ္ဓဘာသာ ပိုမိုထွန်းကားပြန့်ပွားစေရန် လက်တွဲကြိုးပမ်းခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းမှုကို ကူညီလုပ်ဆောင်ပေးကြမယ်ဆိုတဲ့ တူညီသော ဦးတည်ချက်နဲ့ ယနေ့ဒီအစည်းအဝေးကြီးမှာ အတူစုရုံးရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်များနှင့် ကမ္ဘာသူယ ကမ္ဘာသားအားလုံးတို့သည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကြိုးကြိုးစားစား ရှာဖွေဆောင်ရွက်နေကြသည်ဟု ယုံကြပါတယ်။ သို့သော် မျှော်လင့်ထားသော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုကား မည်သည့် တိုင်းပြည်မျှ အပြည့်အ၀ ရရှိထားကြသည်ကို မတွေ့ရသေးပါ။ စစ်မက်ရေးရာရှုထောင့်ကကြည့်လို့ ငြိမ်းချမ်းလုံခြုံသည်ဟု ဆိုနိုင်သော်လည်း စီးပွားရေးရှုထောင့်ကဖြစ်စေ၊ လူမှုရေးရှုထောင့်ကဖြစ်စေ မလုံခြုံ၊ မငြိမ်းချမ်းသော နိုင်ငံများစွာရှိနေပါတယ်။

ယနေ့မျက်မှောက်ခေတ်မှာ ပို၍စိုးရွံ့ဖွယ်ကောင်းစွာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို နှောင့်ယှက် လာသော အကြောင်းတစ်ခုမှာ ဘာသာရေးအစွန်းရောက်တို့၏ အနှောင့်အယှက်ပင် ဖြစ်ပါတယ်။ တကယ်စင်စစ်တော့ လူသားတို့ကိုးကွယ်ရာ ဘာသာတရားတိုင်းသည် လူသားတို့၏ စိတ်ရိုင်းများကို ယဉ်ကျေးသောစိတ်များ ဖြစ်လာအောင် ပြုလုပ်နိုင်လိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်ပါတယ်။ ပူလောင်နေသော လူသားတို့၏ စိတ်နှလုံးကို အေးချမ်းလာအောင် ဆုံးမနိုင်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါတယ်။ လူသားတို့ ကိုးကွယ်ရာ ဘာသာတရားများသည် လူသားတို့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ဖြစ်ဖို့ကောင်းပါတယ်။
ဤယနေ့ကျင်းပသော အစည်းအဝေးကြီးသည် ၁၉၅၄ ခုနှစ် ဧပြီလက Ceylon, Srilanka နိုင်ငံ ကိုလံဘိုမြို့မှာ ကျင်းပတဲ့ ငါးနိုင်ငံဝန်ကြီးချုပ်များ အစည်းအဝေးက မူဝါဒတစ်ရပ်အနေနဲ့ ချမှတ်ပြီး ဆုံးဖြတ်အတည်ပြုထားခဲ့သော Five Principles (Panca Sila) ပဉ္စသီလ၏ နှစ်ခြောက်ဆယ်မြောက် အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ်-အိနိ္ဒယ အိမ်နီးချင်း သုံးနိုင်ငံတို့အကြား ကျင်းပတဲ့ အစည်းအဝေးကြီးဖြစ်ပါတယ်။

ထိုပဉ္စသီလ Five Principles (Panca Sila) ကို အိနိ္ဒယနိုင်ငံ၏ ၀န်ကြီးချုပ် ဂျဝါဟာလာ နေရူး (Jawaharla Nehru)က ဦးဆောင်ရေးဆွဲ၍ ကိုလံဘိုအစည်းအဝေးမတိုင်မီ တရုတ်ပြည်သို့ သွားရောက်ကာ တရုတ်ဝန်ကြီးချုပ် Zhou Enlai နှင့် ရှေးဦးစွာ သဘောတူညီချက် ယူပြီး ချူအင်လိုင်းနှင့် နေရူးတို့ ရှေးဦးစွာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ထို့နောက် ၀န်ကြီးချုပ်နေရူးက ကိုလံဘိုမှာကျင်းပတဲ့  ငါးနိုင်ငံဝန်ကြီးချုပ်များ အစည်းအဝေး၌ တင်ပြဆွေးနွေး၍ ကိုလံဘို Declaration အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၁၉၅၄ ခုနှစ် ဧပြီလ ကိုလံဘိုဝန်ကြီးချုပ်များ အစည်းအဝေးက ကြေညာခဲ့သော Five Principles (သို့မဟုတ်) ကိုလံဘို ပဉ္စသီလ ငါးပါးသီလသည် ယခုအခါ နှစ်ပေါင်း ခြောက်ဆယ် ရှိခဲ့ပြီး ဖြစ်ပါတယ်။

Five Principles ပဉ္စသီလမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
(၁) နိုင်ငံတစ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစားရန်။
(၂) အပြန်အလှန်ကျူးကျော်မှု မပြုရန်။
(၃) နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ၀င်ရောက်စွက်ဖက်ခြင်း မပြုရန်။
(၄) အပြန်အလှန်အကျိုးစီးပွားအတွက် သာတူညီမျှမှုရှိရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုရန်။
(၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားရန်။

ထို့ပြင် ၁၉၅၅ ခုနှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ Bandung မြို့မှာ Asian-African Conference တစ်ရပ်ကိုလည်း ကျင်းပခဲ့ရာ ထို Conferenceသို့ ကိုလိုနီဘ၀မှ လွတ်မြောက်ပြီးကာစ အာရှ-အာဖရိကနိုင်ငံပေါင်း (၂၉)နိုင်ငံတို့ တက်ရောက်ခဲ့ကြပါတယ်။
ထိုအာရှ-အာဖရိကအစည်းအဝေးကြီးကို အင်ဒိုနီးရှားသမ္မတကြီး ဒေါက်တာ ဆူကာနိုက ခေါင်းဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၊ အိနိ္ဒယ၀န်ကြီးချုပ်နေရူး၊ မြန်မာဝန်ကြီးချုပ် ဦးနုတို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

 ထိုအာရှ-အာဖရိက Bandung Conference ကြီးက Five Principles သာမက Ten Principles ဒသသီလကိုပင် ချမှတ်ခဲ့ကြပါတယ်။ Bandung Conference မှ ချမှတ်ခဲ့သော ဒသသီလမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်-
(၁) အခြေခံလူ့အခွင့်ရေးများကို လေးစားရန်နှင့် ကုလသမဂ္ဂပဋိဥာဉ်စာတမ်းပါ ပြဌာန်းချက်များအား လေးစားလိုက်နာရန်။
(၂) နိုင်ငံအားလုံး၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားရန်။
(၃) ကမ္ဘာ့နိုင်ငံအားလုံးနှင့် လူမျိုးအားလုံးတို့၏ သာတူညီမျှမှုကို အသိအမှတ်ပြုရန်။
(၄) အခြားနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်း မပြုရန်။
(၅) ကုလသမဂ္ဂပဋိဥာဉ်စာတမ်းနှင့်အညီ နိုင်ငံတစ်နိုင်ငံစီ၏ ခုခံကာကွယ်ခွင့်ကို လေးစားရန်။
(၆) အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားအတွက် စုပေါင်းကာကွယ်ရေး အစီအမံများ အသုံးပြုခြင်းကို ရှောင်ကြဉ်ရန်။
(၇) နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးလွတ်လပ်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိပါးသည့် ခြိမ်းခြောက်မှုနှင့် အင်အားအသုံးပြုခြင်းကို ရှောင်ကြဉ်ရန်။
(၈) နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ကုလသမဂ္ဂပဋိဥာဉ် စာတမ်းနှင့်အညီ စေ့စပ်ဆွေးနွေးခြင်း၊ ခုံရုံးဖွဲ့စစ်ဆေးခြင်း၊ ဥပဒေကြောင်းအရ ဆုံးဖြတ်ဖြေရှင်းခြင်းစသည့်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းများအပြင် သက်ဆိုင်ရာနိုင်ငံ၏ဆန်္ဒနှင့်အညီ အခြားသောငြိမ်းချမ်းစွာ ဖြေရှင်းနည်းတို့ကို အသုံးပြုပြီး ဖြေရှင်းရန်။
(၉) အပြန်အလှန်အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန်။
(၁၀) တရားမျှတမှုနှင့် နိုင်ငံတကာကျင့်ဝတ်များအား လေးစားလိုက်နာရန်။

အာရှတိုက်၏ ထူးခြားချက်
ယနေ့ကျွန်ုပ်တို့နေထိုင်ရာ အာရှတိုက်ကြီးဟာ အခြားတိုက်ကြီးများထက် အလွန်ထူးခြားသော တိုက်ကြီးတစ်ခုဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် လွန်လေပြီးသော နှစ်ထောင်ပေါင်း များစွာကတည်းက ဥရောပမှာ သိပ္ပံပညာရှင်တွေ မပေါ်ပေါက်မီကတည်းကပင် ဘာသာရေး ခေါင်းဆောင်များစွာ၊ လူမှုရေးနှင့် စိတ်ဓါတ်ရေး ခေါင်းဆောင်များစွာတို့ ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။ ဘာသာရေးခေါင်းဆောင်များစွာရဲ့ ပေါ်ပေါက်ရာနေရာဟာ အိန်္ဒိယပြည်ကြီးပါပဲ။ ဥပမာ- မြတ်ဗုဒ္ဓထက် နှစ်လေးဆယ်ခန့် စောနိုင်သည်ဟု ခန့်မှန်းရသော မဟာဝီရ (ဂျိန) ပုဂိ္ဂုလ်ထူးတစ်ယောက် ရှိပါတယ်။ သူ့ရဲ့အပြောင်မြောက်ဆုံး (Philosophy) ဖီလော်ဆော်ဖီကတော့ “အဟိံသ၀ါဒ” ဖြစ်ပါတယ်။ အဟိံသဆိုတာ Non-Violence ပါပဲ၊ အကြမ်းဖက်မှုတွေ လုပ်ကြံသတ်ဖြတ်မှုတွေ တိုက်ခိုက်မှုတွေ အလွန်ထူပြောနေတဲ့ ယနေ့မျက်မှောက်ခေတ်မှာ မဟာဝီရ ဆရာကြီးရဲ့ အဟိံသ၀ါဒဟာ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံး၊ ဘာသာရေးခေါင်းဆောင်တွေ အားလုံး၊ လူသားတစ်ရပ်လုံး လိုက်နာကျင့်သုံးရမည့် Common-Platform ဖြစ်ပါတယ်။

Jesus Christ ရဲ့ဟောပြောချက်တွေကိုကြည့်ပြန်တော့လည်း--
(၁) သတ္တလောကကြီး၏ ဆင်းရဲဒုက္ခကို သိမြင်၍ စိတ်နှလုံးတုန်လှုပ်စွာ ခံစားရခြင်း၊
(၂) သတ္တလောကကြီး၏ ဆင်းရဲ ဒုက္ခကို အစဉ်မပြတ် စောင့်ကြည့်ခြင်း၊
(၃) သတ္တ၀ါတို့၏ ဆင်းရဲဒုက္ခကို ဖယ်ရှားပေးလိုသောစိတ်ကို မွေးမြူခြင်းဆိုတဲ့ မြတ်ဗုဒ္ဓ၏ ကရုဏာဝါဒနှင့် ထပ်တူညီမျှရှိနေတာတွေ့ရပါတယ်။ သိဒ္ဓတ္ထဂေါတမမြတ်ဗုဒ္ဓကို BC ၆၂၃ မှာ ကျွန်ုပ်တို့ နီပေါလ်နိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကရုဏာရှင် Jesus Christ ကိုလည်း ကျွန်ုပ်တို့ အာရှတိုက်ထဲက အစ္စရေးနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ကြားညှပ်၍ အနည်းငယ်ပြောရမယ်ဆိုလျှင် အ၀ိဇ္ဇာနှင့် တဏှာ Ignorance နှင့် Craving အမှန်တရားကို မသိခြင်းနှင့် စည်းစိမ်ဥစ္စာ အာဏာမက်မောခြင်းတို့ဟာ ဆင်းရဲဒုက္ခအားလုံးတို့ရဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ကရုဏာရှင် Jesus ကဲ့သို့သော အဖိုးတန်ပုဂိ္ဂုလ်တစ်ယောက် အသတ်ခံလိုက်ရခြင်းဟာ အ၀ိဇ္ဇာဖုံးသော လူသားအချို့၏ အာဏာမက်မောခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

ထို့ပြင် အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်ကလည်း ဆော်ဒီအာရေးဗီးယား နိုင်ငံ မက္ကာမြို့မှာ မွေးဖွားတာဖြစ်လို့ သူလည်း အာရှတိုက်သားပါပဲ။ ၀ိသမလောဘသမားတွေကို တိုက်ဖျက်ရေးဆိုတဲ့ မိုဟာမက်ရဲ့ Theory တစ်ခုဟာလည်း Economic Unbalance စီးပွားရေးမညီမျှမှုတွေ အလွန်များနေတဲ့ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးအတွက် များစွာအထောက် အကူပြုတဲ့ ၀ါဒတစ်ခုပါပဲ။
မိုဟာမက်သခင်က ငွေတိုးချ၊ အပေါင်ခံ၊ အမြတ်ကြီးစား၊ အိမ်သိမ်း၊ လယ်သိမ်း၊ လူသိမ်း၊ ဆိုတဲ့ ၀ိသမလောဘသမားတွေကို ရှုတ်ချပြစ်တင်ထားတာလည်း တွေ့ရပါတယ်၊ ၎င်း ၀ိသမလောဘသားတွေအနေနဲ့ လောဘကို စည်းကမ်းသတ်ကြဖို့ဖြစ်ပါတယ်။ ပြီးတော့ မိုဟာမက်က ပြောခဲ့တဲ့ ကြွယ်ဝချမ်းသာသူတို့က ဆင်းရဲမွဲတေသူတို့အား ဝေပေးရမယ်ဆိုတဲ့ စကားတစ်ရပ်လည်း ရှိပါတယ်။ အဲဒီဝါဒဟာလည်း မြတ်ဗုဒ္ဓမိန့်ကြားတော်မူလေ့ရှိတဲ့ ဒါနသံဝိဘာဂရတော -ပေးကမ်း ဝေငှခြင်း၌ လူတိုင်းပျော်ပိုက်ရမည်ဟူသော ဆုံးမချက်နဲ့ ထပ်တူဖြစ်နေသည်ကို တွေ့ရပါတယ်။ ကြွယ်ဝခြင်းနှင့် မွဲတေခြင်း (Richness and Poverty) ကို ဟန်ချက်ညီစေတဲ့ အဆုံးအမများ ဖြစ်ပါတယ်။

ထို့ပြင် B.C ၅၅၁ တရုတ်ပြည်မှာ မွေးဖွားတဲ့ Confucius ဆိုတဲ့ ဆရာကြီးဟာ အလွန်တရာ ချစ်ခင်ကြည်ညိုဖို့ ကောင်းပါတယ်။ သူဟာ မိသားစု ငြိမ်းချမ်းရေးအတွက် မိဘနှစ်ပါးနှင့် သားသမီးတို့ အပြန်အလှန်စောင့်ရှောက် ထိန်းသိမ်းရတဲ့ ကျင့်ဝတ်တွေကို များစွာ ဟောခဲ့ပါတယ်။ မြတ်ဗုဒ္ဓေ ဟာကြားတော်မူထားတဲ့ သိင်္ဂါလောဝါဒ သုတ္တန်မှာ သားသမီးကျင့်ဝတ်ငါးပါး (Five Principles for Children)၊ မိဘတို့က သားသမီးတို့အပေါ်မှာ ကျင့်ရတဲ့ ကျင့်ဝတ်ငါးပါး (Five Principles for Parents) ဆိုတဲ့ အချက်တွေကို ကြည့်လျှင် Confucius ရဲ့ မိဘနဲ့ သားသမီး ငြိမ်းချမ်းရေးဝါဒဟာ အံ့သြစရာကောင်းပါတယ်။ အဲဒါတွေဟာ Panca Sila ပဉ္စသီလ- ပုတ္တဓီတာနံ ပဉ္စသီလ၊ မာတာပိတူနံ ပဉ္စသီလတွေပဲဖြစ်ပါတယ်။

ပြီးတော့ Confucius ဆရာကြီးက နိုင်ငံရေးခေါင်းဆောင်တွေ အကျင့်ပျက်ရင် တိုင်းပြည် ပျက်စီးတာနဲ့ အတူတူဘဲ၊ နိုင်ငံရေးခေါင်းဆောင်တွေ ပညာမတတ်လျှင် တစ်တိုင်းပြည်လုံး ပညာ မတတ်တော့ဘူး၊ ကန်းပြီလို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးအတတ် ပညာဟာ သီလနဲ့ ပညာ ဤနှစ်ဖြာပဲလို့ ဆိုခဲ့ပါတယ်။ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ သောဏဒဏ္ဍ သုတ္တန်မှာ သီလပညာ ဤနှစ်ဖြာသည် လူ့လောကကြီးတစ်ခုလုံး၏ အမြတ်ဆုံးဥစ္စာဖြစ်သည်ဟု ဟောထားတော်မူခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်ုပ်ပြောကြားချင်တာက- သီလဆိုတာ လူသားတို့၏ ခြေထောက်၊ ပညာဆိုတာ လူသားတို့၏ မျက်လုံး၊ အကျင့်ပျက်လျှင် အားလုံးခြေထောက်ပြတ်နေပြီး ဘယ်လိုလုပ် ရှေ့သို့ ချီတက်နိုင်ကြတော့မှာလဲ၊ ခြေပြတ်တဲ့သူသည် ဘယ်လမ်းကိုမှ လျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ခြေထောက်ကောင်းသော်လည်း မျက်စိကန်းနေလျှင် ဘယ်လမ်းစဉ်ကို ဘယ်လို ရွေးနိုင်ကြတော့မှာလဲ။ ပညာမျက်လုံးကန်းတဲ့ ခေါင်းဆောင်တွေရဲ့ လမ်းစဉ်တွေဟာ လမ်းစဉ်အမှားတွေချည်း ဖြစ်နေမှာပေါ့။

ဒါ့ကြောင့် ယနေ့ နိုင်ငံတိုင်းက နိုင်ငံခေါင်းဆောင်တွေအားလုံး ခြေမပြတ်ဖို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် မျက်စိမကန်းဖို့လည်း အရေးကြီးပါတယ်။ အားလုံးအကျင့်ကောင်းကြပါစေ။ အားလုံး ပညာတတ်ကြပါစေ။
အကျင့်ကောင်းသူတွေဟာ ပညာလည်းပြည့်စုံတတ်တယ်။ ပညာကောင်းသူတွေဟာလည်း အကျင့်ကောင်းနဲ့ ပြည့်စုံတတ်ပါတယ်။ သီလသည် လူ့ခြေထောက်၊ ပညာသည် လူ့မျက်လုံး (Character and Education) သီလနှင့် ပညာသည် အပြန်အလှန်မှီခိုနေသော အရာများဖြစ်ပါတယ်။ ဤသီလနှင့် ပညာသည် လူသားတစ်ယောက်၏ သို့မဟုတ် တိုင်းပြည်တစ်ခု၏ အရင်းအနှီးလည်း ဖြစ်ပါတယ်။ သဘာဝအရင်းအမြစ် Natural Sources တွေ မည်မျှပင် ဆင်းရဲစေကာမူ သီလနှင့် ပညာ (Character and Education) ပြည့်စုံတဲ့ တိုင်းပြည်တွေဟာ ဒီကနေ့ ဖွံ့ဖြိုးတိုးတက်နေတာကို မျက်မှောက်ကမ္ဘာမှာ တွေ့မြင်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်ဤနေရာမှာ ပြောခြင်းဖြစ်ပါတယ်။ Character and Wisdom are Poor men’s Capital.
ကျွန်ုပ်တို့ရဲ့ အာရှတိုက်ကြီးဟာ အထက်မှာ ဖေါ်ပြထားခဲ့တဲ့အတိုင်း ဂျိန(ဇိန)-မဟာဝိရယ သိဒ္ဓတ္တဂေါတမဗုဒ္ဓ၊ Jesus Christ, မိုဟာမက်, Confucius အစရှိတဲ့ ဘာသာရေးခေါင်းဆောင်များအားလုံး မွေးဖွားရာ တိုက်ကြီးဖြစ်ပါတယ်။ အနောက်တိုင်းမှာ Science နဲ့ Technology တွေဟာ အေဒီ (၁၄) ရာစုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့ကြတာ ဖြစ်ပါတယ်။ (၁၄) ရာစုနှစ်ဆိုတာ ခရစ်တော်မွေးဖွားပြီး နှစ်ပေါင်းတစ်ထောင့်လေးရာ ကြာပြီးနောက်ကို ဆိုလိုတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓပွင့်တော်မူပြီးနောက် နှစ်နှစ်ထောင်ခန့်ကြာမှ သိပ္ပံပညာတွေ စတင်ပေါ်ပေါက် ထွန်းကားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ထူးခြားတဲ့ အချက်ကို ကျွန်ုပ်ပြောချင်တာက- ကျွန်ုပ်တို့ အာရှတိုက်သားတွေဟာ ဘာသာရေး အဆုံးအမတွေကို သိပ္ပံပညာမထွန်းကားမီ နှစ်ပေါင်းထောင်နှင့်ချီ၍ စောစီးစွာက ရရှိထားခဲ့ကြပြီးဖြစ်တာကို ကျွန်ုပ်တို့ အရှေ့တိုင်းသားတွေဟာ အနောက်တိုင်းသားတွေထက် နှစ်ပေါင်းများစွာ စော၍ ယဉ်ကျေးနှင့်ကြပြီဟု ဆိုချင်ပါတယ်။ တစ်နည်းဆိုရရင် အနောက်တိုင်းက သူတွေအားလုံးဟာ ကျွန်ုပ်တို့ အရှေ့တိုင်းကို ရှိခိုးနေကြတာပါဟု ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောချင် ပါတယ်။

ပဉ္စသီလ (ငါးပါးသီလ)
ငြိမ်းချမ်းလုံခြုံသော မိသားစုတစ်ခု၊ ငြိမ်းချမ်းလုံခြုံသော အဖွဲ့အစည်းတစ်ခု၊ ငြိမ်းချမ်းလုံခြုံသော တိုင်းပြည်တစ်ခု တည်ဆောက်မည်ဆိုလျှင် မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒ Principle of peaceful co-existence တွေဟာ များစွာရှိပါတယ်။ လင်နဲ့မယား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမှာလည်း ယောက်ျားဘက်က မူ (၅)ချက်၊ မိန်းမဘက်ကလည်း မူ (၅)ချက် ရှိပါတယ်။
ဆရာနဲ့တပည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမှာလည်း ဆရာဘက်က ငါးပါးသီလ၊ တပည့်ဘက်ကလည်း ငါးပါးသီလ ဆရာ-တပည့် နှစ်ဦးကြားမှာလည်း (၁၀)ပါးသော သီလတွေ ရှိပါတယ်။
အလုပ်သမားနဲ့ အလုပ်ရှင်တို့ကြားမှာလဲ ငြိမ်းချမ်းစွာလက်တွဲအလုပ်လုပ်ကြဖို့ အလုပ်ရှင်တို့ လိုက်နာရန် ငါးပါးသီလ၊ အလုပ်သမားတို့ လိုက်နာရန် ငါးပါးသီလဆိုတဲ့ Principles တွေကို မြတ်ဗုဒ္ဓဟောကြားထားပြီး ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ဒေသနာဟာ ပြည့်စုံသောဒေသနာတစ်ခုဖြစ် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးခေါင်းဆောင်များက ဘာသာရေးနောက်လိုက်များ အပေါ်မှာ ကျင့်သုံးရန် ကျင့်ဝတ် ခြောက်ပါးဆိုတာကိုလဲ ဟောထားတာရှိပါတယ်။

ဆသီလ (ခြောက်ပါးသီလ) 
ဘာသာရေးခေါင်းဆောင်တို့၏ ဘာသာရေးတပည့်များအပေါ် ကျင့်သုံးရမည့်ကျင့်ဝတ်(၆)ပါး ရှိပါတယ်။ သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တို့သည် ၎င်းင်းတို့၏ဘာသာရေး နောက်လိုက်များအပေါ်၌ ဤကျင့်ဝတ်များကို လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။
(၁) မကောင်းမှုများကို တားမြစ်ပေးရမယ်။
(၂) ကောင်းသောလမ်းကြောင်းများကို ညွှန်ပြပေးရမယ်။
(၃) ဘာသာရေးတရားကိုလည်း အသစ်အသစ်ဟောပေးရမယ်။
(၄) ဟောပြောချက်အဟောင်းများကို ပြန်လည်ဟောပြောပေးရမယ်။
(၅) အကြမ်းဖက်မှုနှင့်ပဋိပက်္ခများမှ ကင်းဝေးရာ နတ်ပြည်နှင့် နိဗ္ဗာန်ရောက်ကြောင်း လမ်းကြောင်းတို့ကို ဟောပြောညွှန်ပြပေးရမယ်။
(၆) ဘာသာရေးခေါင်းဆောင်များ အားလုံးအနေဖြင့် သတ္တ၀ါများအားလုံးအပေါ်တွင် မေတ္တာပွားလျက် ခြောက်ပါးသီလကို လိုက်နာစောင့်ထိန်းရမည်။ 

ဒသသီလ (ဆယ်ပါးသီလ) 

မြတ်ဗုဒ်္ဓသည် ကမ်္ဘာ့လူသားအားလုံးအတွက် ကရုဏာမျက်လုံး၊ ပညာမျက်လုံးဖြင့် ကြည့်ရှု့ တော်မူ၍ ဟောကြားထားတော်မူခဲ့သည်မှာ အံ့သြချီးကျူးဖွယ်ကောင်းလှပါတယ်။ ဘုရင်များယ အစိုးရများယ နိုင်ငံရေးခေါင်းဆောင်များအတွက် သီလကို ငါးပါးယ ခြောက်ပါးဖြင့် လုံလောက် လိမ့်မည်ဟု ယူဆဟန်မတူပေ။

အဘယ်ကြောင့်ဆိုသော် မင်းတို့ရဲ့သီလကို ဆယ်ပါးဟောထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ပါဠိစာပေမှာ (ဒသရာဇဓမ္မ) မင်းကျင့်တရားဆယ်ပါး (Ten Condes of Kings and Government) ကို ပိဋကတ်တော်၌ နေရာပေါင်းများစွာတွင် ဟောထားတော်မူထားပါတယ်။

(၁) ဒါန (Charity)
အစိုးရမင်းတွေဟာ အလှူဒါနပြုရမယ်။ အလှူဒါနမှာ Religious Donation and Social Donation ဟူ၍ နှစ်မျိုးရှိပါတယ်။ ဘာသာရေးပွဲ အခမ်းအနားများမှာ ပြုသော အလှူဒါနသည် သက်ဆိုင်ရာ မိမိတို့ ကိုးကွယ်သည့် ဘာသာအတွက်သာ အထောက်အကူပြုမည် ဖြစ်ပါတယ်။ သို့သော် လေဘေး၊ ရေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ စစ်ဘေး၊ ငတ်မွတ်ခေါင်းပါး သည့်ဘေး၊ ထိုကဲ့သို့သော သဘာဝဘေးဒဏ်များ ဖြစ်ပေါ်သည့်အခါ လူမျိုးမရွေး၊ ဘာသာမရွေး ဒုက္ခရောက်ကြသည့်အတွက် ထိုသို့သော သဘာဝဘေးဒဏ်များ သင့်သည့်အခါ လှူဒါန်းသော အလှူများက ပို၍အရေးတကြီး လိုအပ်ပါတယ်။
(၂) သီလ (Morality)
ဤနေရာမှာ အစိုးရမင်းတို့အတွက် သီလကို ကိုယ်၊ နှုတ်၊ စိတ် သုံးပါး၌ အပြစ်ကင်းအောင် စောင့်ထိန်းသည့် Disciplineများကို ဆိုချင်ပါတယ်။ ပို၍ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေဟာ နိုင်ငံပစ္စည်း အလွဲသုံးစားလုပ်ခြင်း၊ ကိုယ်ကျိုးရှာခြင်း၊ လာဘ်စားခြင်းဆိုတဲ့ (Corruption) တွေကင်းဖို့ လိုပါတယ်။ ဤသို့သော အစိုးရ မျိုးကို Good Government လို့ဆိုရမှာပါ။

(၃) ပရိစ်္စာဂ (စွန့်လွတ်ခြင်း) Renunciation
တိုင်းသားပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်ရွက်သော အစိုးရများသည် မိမိတို့၏ အကျိုးစီးပွားကို စွန့်လွှတ်နိုင်ရမည်။ ထို့အပြင်မိမိတို့၏ ဇနီးမယား၊ သမီးသားတို့ကို စွန့်လွှတ်၍ တိုင်းပြည်အကျိုးကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရှောင်လွှဲလို့မရနိုင်သော အကြပ်အတည်းများ၌ အသက်ခန္ဓာကိုပင်လျှင် စွန့်လွှတ်၍ တိုင်းပြည်အကျိုးကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဘုရားလောင်းများဟာ သတ္တလောက၏ အကျိုးကို ဆောင်ရွက်ရာ၌ ငါးမျိုးသော စွန့်လွှတ်ခြင်းတို့ကို ရက်ရက်ရဲရဲ စွန့်လွှတ်၍ ဆောင်ရွက်ခဲ့ပါတယ်။ ထို့ကြောင့် နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံတော်အစိုးရ အဖွဲ့ဝင်များဟာ ဘုရားလောင်းစိတ်ဓါတ်မွေး၍ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းသာ ဆောင်ရွက်ကြလျှင် သူတို့တွေဟာ ဘုရားလောင်းတွေပါပဲ။

(၄) အဇ္ဇ၀ (ရိုးသားဖြောင့်မတ်ခြင်း) Honesty

နိုင်ငံရေးခေါင်းဆောင်များနှုင့် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များဟာ ရိုးသားတဲ့ ဂုဏ်ရှိရမယ်။ ဖြောင့်မတ်သော စိတ်ဓါတ်ရှိရမယ်။ ကောက်ကျစ်စဉ်းလဲခြင်း ကင်းရမယ်။

(၅) မဒ္ဒ၀ (နူးညံ့ခြင်း) Delicacy
နိုင်ငံရေးခေါင်းဆောင်များနှုင့် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များဟာ ကိုယ်၊ နှုတ်၊ စိတ် သုံးရပ်လုံး နူးညံ့သိမ့်မွေ့ရမှာ ဖြစ်ပါတယ်။ ကျားလို၊ ခြင်္သေ့လို ရက်စက်ကြမ်းကြုတ်တဲ့ ခေါင်းဆောင်တွေဟာ တိုင်းပြည်အတွက် အန္တရာယ် အလွန်များပါတယ်။ နွားလိုသည်းခံ၍ သမင်လို နူးညံ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ ခေါင်းဆောင်တို့ရဲ့ ဂုဏ်အရည်အချင်းတစ်ရပ်ပါ။

(၆) တပ (ခြိုးခံခြင်း) Austerity
နိုင်ငံရေးခေါင်းဆောင်များနှုင့် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များဟာ ခြိုးခြံသော အကျင့်ကို ကျင့်နိုင်ရမယ်။ ၀ါကြွားသော အကျင့်ကို ရှောင်ရမယ်။ ခြိုးခြိုးခြံခြံ ကျင့်သုံးခြင်းဟာ နိုင်ငံဘဏ္ဍာကို စောင့်ရှောက်ရာ ရောက်ပါတယ်။ မခြိုးမခြံ မရောင့်ရဲသော ခေါင်းဆောင်တွေဟာ တိုင်းပြည်ပစ္စည်းကို အချီးအနှီး ဖြုံးနေကြတာနဲ့ တူပါတယ်။

(၇) အက္ကောဓ (အမြတ်မထွက်ခြင်း) Non-Aggressiveness
နိုင်ငံရေးခေါင်းဆောင်များနဲ့ အစိုးရမင်းများဟာ တိုင်းသူပြည်သားတို့အပေါ် အမျက်မထွက်ရဘူး။ မေတ္တထားရမယ်။ ဒီနေရာမှာ မေတ္တာဆိုတာ တဏှာနဲ့ချစ်တာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ တိုင်းပြည်အကျိုးကို လိုလားတဲ့စိတ်ဓါတ်၊ တိုင်းသူပြည်သားတို့အပေါ်မှာ အကောင်းဘက်က ကြည့်၍ ခွင့်လွှတ်သောစိတ်ဓါတ်၊ ရန်ငြိုးမထားဘဲ ထိုရန်ငြိုးကို ဖြေသော စိတ်ဓါတ်ကို မေတ္တာလို့ ဆိုချင်ပါတယ်။

(၈) အ၀ိဟိံသ (မညှင်းဆဲမနှိပ်စက်ခြင်း) Non-Violence
နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံတော်အစိုးရတို့သည် တိုင်းသူပြည်သားများကို နှိပ်စက် ညှင်းဆဲခြင်းမပြုရပါဘူး။ ရက်စက်ကြမ်းကြုတ်ခြင်းမှ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

(၉) ခန်္တီ (သည်းခံခြင်း) Patience
နိုင်ငံတော်အစိုးရတို့သည် တိုင်းသူပြည်သားတို့အပေါ်မှာ သည်းခံရမယ်။ ခွင့်လွှတ်ရမယ်။ မေတ္တာဆိုသည်ကား ရေနှင့်တူပါတယ်။ လူကောင်းလူဆိုးအားလုံးတို့ကို တစ်ညီထဲ အေးချမ်းစေပါတယ်။ ခန်္တီဆိုတာကတော့ မြေကြီးနဲ့တူတဲ့ အကျင့်ဖြစ်ပါတယ်။ မြေကြီးပေါ်မှာနေကြတဲ့ လူတွေဟာ ထိုမြေကြီးပေါ်မှာပဲ မစင်အညစ်အကြေးတွေကို စွန့်ကြတယ်။ ဒါပေမဲ့ မြေကြီးသည် ထိုလူတွေကို တုန့်ပြန်ခြင်းလည်းမပြုခဲ့ပါဘူး။ အညစ်အကြေးတွေကို ငြင်းပယ်ခြင်းလဲ မပြုခဲ့ပါဘူး။ အရှိအရှိတိုင်းလက်ခံထားခဲ့ပါတယ်။
ထို့ကြောင့် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင်များအားလုံး ပြည်သူတို့ အေးချမ်းအောင် ရေနဲ့တူတဲ့ မေတ္တာကိုလည်း ကျင့်ပါ။ တိုင်းသူပြည်သားအားလုံးတို့ကို ကျေနပ်အောင် မြေကြီးနဲ့တူသော ခန်္တီကိုလည်း ကျင့်သုံးကြပါ။

(၁၀) အ၀ိရောဓန (ပြည်သူတို့အလိုဆန်္ဒနှင့် ဆန့်ကျင်ဘက်မလုပ်ခြင်း) Non-Conflict
ဤနံပါတ် (၁၀)သီလဟာ အစိုးရမင်းများသည် တိုင်းသူပြည်သားအားလုံးတို့ လိုလား တောင့်တသည်ကို လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ကလည်း လိုချင်တဲ့ဆန္ဒကို ထုတ်ဖော်ပိုင်ခွင့်ရှိပါတယ်။ တိုင်းပြည်ကထုတ်ဖော်လာတဲ့ လိုအင်ဆန္ဒကို နိုင်ငံခေါင်းဆောင်များနဲ့ အစိုးရများသည် မဖြစ်မနေ အကောင်အထည်ဖေါ်ပေးရမှာ ဖြစ်ပါတယ်။ တိုင်းသူပြည်သားများက အရှေ့အရပ်သို့ (သို့) ရှေ့သို့ သွားလိုသည်ဆိုလျှင် အစိုးရမင်းသည် (ခေါင်းဆောင်များသည်) အရှေ့သို့ပင် ဦးဆောင်သွားရမှာဖြစ်ပါတယ်။ အနောက်ဘက်ဆီသို့ ပြန်မလှည့်ရပါဘူး။ တိုင်းပြည်က အနောက်သို့သွားလိုတယ်ဆိုလျှင် နိုင်ငံခေါင်းဆောင်များသည် အရှေ့သို့ သွားလို့မရပါ။ အနောက်ဘဲ လှည့်ရမှာပါ။ တိုင်းပြည်ရဲ့ လိုအင်ဆန္ဒနှင့် မင်းတို့ လုပ်ချင်တာ ဆန့်ကျင်ဘက်ဖြစ်နေလျှင် ပဋိပက္ခ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်လာပြန်လျှင်လည်း ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းကင်း၍ သည်းမခံသော၊ ခွင့်မလွှတ်သော၊ ကြမ်းတမ်းသော ဘုရင်များနဲ့ အစိုးရများဟာ ရက်စက်ကြမ်းကြုတ်ခြင်းများဆီသို့ ဦးတည်သွားတတ်ပါတယ်။

ထို့ကြောင့် ငြိမ်းချမ်းသာယာသော၊ ၀ပြောစည်ပင်သော၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခု တည်ဆောက်ဖို့ရန် မြတ်စွာဘုရားကိုယ်တော်မြတ်က ဤမင်းကျင့်တရားဆယ်ပါး Dasa Raja Dhamma (Ten Principles for the Kings and Government) ဆိုတာကို ဟောကြား တော်မူခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် ကျွန်ုပ် လေ့လာမိသလောက် Bandung Conference ကြီးမှာ ချမှတ် ခဲ့သော ဒသသီလ၊ ကိုလံဘို Conference မှာ ချမှတ်ခဲ့သော ပဉ္စသီလ၊ အင်ဒိုနီးရှား နိုင်ငံတော်အတွက် အင်ဒိုနီးရှားသမ္မတကြီး ဒေါက်တာဆူကာနိုချမှတ်ခဲ့တဲ့ ပဉ္စသီလဆိုတဲ့ ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်ရေးမူစနစ်တွေကို လေ့လာခဲ့ပြီး မြတ်ဗုဒ္ဓဒေသနာတော်မှာ လူသားအချင်းချင်း ငြိမ်းချမ်းလုံခြုံစွာ အတူယှဉ်တွဲနေထိုင်ရေး ဘာတွေရှိသလဲဆိုတာကို သုတေသနပြု ရှာဖွေရာမှာဖော်ပြပါ Principles များကို တွေ့ရှိရတဲ့အတွက် ဤယနေ့ အစည်းအဝေးကြီးမှာ တင်ပြလိုက်ပါတယ်။

ကျွန်ုပ်စဉ်းစားမိတာ တစ်ခုပြောပြချင်ပါတယ်- “ရေ” ဆိုတာဟာ ဘယ်တိုင်းပြည်က၊ ဘယ်လူမျိုးကထုတ်တဲ့ ဘယ်ရေမဆို သောက်ရင် အေးပါတယ်။ ဆာလောင်မှုပြေပါတယ်။ ချိုးလျှင်လည်း အေးရုံမက လူကိုသန့်ရှင်းစေပါတယ်။ “မီး”ဆိုတာလည်း ထိုနည်းအတိုင်းပါပဲ။ ဘယ်တိုင်းပြည်က ဘယ်သူရှို့တဲ့ “မီး”ပဲဖြစ်ဖြစ် ပူတာ၊ လောင်တာ အတူတူပါပဲ။ ရေသန့်ပုလင်းတွေ၊ မီးခြစ်တွေအပေါ်မှာ ကပ်ထားတဲ့ Lable တွေကြောင့် အမည်အမျိုးမျိုး ကွဲပြားနေကြတာဖြစ်မှာပါ။ူဘေနူ တွေကို ခွာချပြီး အတွင်းမှာရှိတဲ့ အရှိကို အမှန်အတိုင်း သိအောင်ယ မြင်အောင်ကြည့်ဖို့ လိုပါတယ်။ အတွင်းထဲရှိတဲ့ အရှိနှင့် အမှန်ကို ကြည်နိုင်လျှင်တော့ အေးတာနဲ့ ပူတာ ဒီနှစ်ခု တွေ့ကြမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ၊ ဂျူးဘာသာ၊ ဆစ်ခ်ဘာသာယ ကွန်ဖြူးရှပ်ဘာသာတို့ဟာ ဒီဘာသာတရားတွေမှာ အပေါ်ယံအကာ (Outer Shell) ဆိုတာနှင့် အတွင်းအနှစ်သာရ(Inner Core)ဆိုတာရှိပါတယ်။ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ဓလေ့ထုံးစံ၊ ဆုတောင်းပုံနှင့် အခမ်းအနားကျင်းပခြင်းတွေဟာ ဘာသာတရား အားလုံးရဲ့ အပေါ်ယံအကာတွေပါပဲ။ အဲဒီအပေါ်ယံအကာတွေက ဘာသာတရား တစ်ခုနဲ့တစ်ခု ခြားနားကွဲပြားအောင် ပြုလုပ်ကြတာ ဖြစ်ပါတယ်။
ဒါန၊ သီလ၊ သမာဓိ၊ ပညာယသစ်္စာဆိုတဲ့ အနှစ်သာရဟာ ဘာသာတရားတိုင်းမှာ ရှိပါတယ်။ အဲဒီ Charity, Morality, Balance of mind, Insight ဆိုတဲ့ Inner Core တွေဟာ လူသားထုတစ်ရပ်လုံးရဲ့ ဘ၀အနှစ်သာရတွေပါပဲ။ ဒါတင်မက ဘာသာတရားအားလုံးရဲ့ အနှစ်သာရဖြစ်တဲ့ ဒါန၊ သီလ၊ သမာဓိ၊ ပညာ၊ သစ္စာ တရားတွေဟာ ကျွန်ုပ်တို့ လူသားအားလုံး လက်တွဲ၍ ငြိမ်းချမ်းစွာ နေကြရမည့် - Common Ground ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ - အာရှ Principle, အာဖရိက Principle, ဥရောပ Principle, လောက်ပဲ မဟုတ်ဘဲ - Global Principle တစ်ခုပြောပြချင်ပါတယ်။ အဲဒါက ဗုဒ္ဓကျမ်းစာ တွေမှာ ဖော်ပြထားတဲ့ ငါးပါးသီလပါပဲ-
(၁) သက်ရှိသတ္တ၀ါတို့ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
(၂) ပိုင်ရှင်မပေးသော ပစ္စည်းကို ရယူခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း။
(၃) လွဲမှားသော မေထုန်အကျင့်တို့မှ ရှောင်ကြဉ်ခြင်း။
(၄) မဟုတ်မမှန်သော စကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။
(၅) အရက်နှင့် အခြားသော မူးယစ်စေသည့်အရာများ သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း။
အဲဒီ ငါးပါးကို ဗုဒ္ဓကျမ်းစာတွေမှာ ဂရုဓမ္မသီလလို့ဟောပါတယ်။ Highly Respected Sila လို့ ဟောပါတယ်။ အဲဒီငါးပါးသီလ ပျက်စီးခြင်းကို Sila by assama broken out of Character လို့ခေါ်ပါတယ်။ အကျင့်ပျက်ခြင်းဟာ ဘ၀ပျက်တာပါပဲ။

နောက်တစ်မျိုး မြတ်ဗုဒ္ဓဟောတာရှိပါတယ်။ ပဉ္စဝေရဘယ ဆိုတာပါပဲ။ ရန်မျိုးငါးပါး။ ဘေးမျိုး ငါးပါး။ ကမ္ဘာလောက ရန်သူတွေဆိုတာဟာ တစ်ခြားမဟုတ်ပါဘူး။ အဲဒီပဉ္စသီလကို ကျူးလွန် ဖျက်ဆီးသူတွေဟာ ကမ္ဘာ့လူသားအားလုံးရဲ့ ရန်သူတွေပါပဲ။ ပဉ္စသီလ ပျက်ခြင်းဟာ အာရှမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ ဘေးအန္တရာယ် ကျရောက်ခြင်းဖြစ်ပါတယ်။

ပဉ္စသီလယ ဒသသီလတွေကို ကျူးလွန်သူတွေ ဖောက်ဖျက်သူတွေဟာ လူ့ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ရန်ပြုသူတွေလို့ ပဉ္စဝေရဘယသုတ်္တန်မှာ မြတ်ဗုဒ္ဓဟောထားပါတယ်။ တကယ်စင်စစ်တော့ ပြဿနာအားလုံးရဲ့အကြောင်းရင်းဟာ အ၀ိဇ္ဇာနှင့်တဏှာ= Delusion and Desire ဖြစ်ပါတယ်။ တင်းမာမှု၊ စိုးရိမ်မှု၊ ပူပန်မှု၊ ငြင်းခုံမှုနှင့် ဆင်းရဲဒုက်္ခအားလုံး၊ ပြဿနာအားလုံးရဲ့ ဇစ်မြစ်ဟာ အ၀ိဇ္ဇာနှင့် တဏှာပါပဲ။ ဒီအကြောင်းအကျိုးနှစ်ပါး သစ္စာတရားဟာ Common Core of all Religions ဖြစ်ပါတယ်။ သစ္စာတရား မတွေ့သေးသမျှ ပြဿနာအားလုံးတို့ဟာ ဖြေရှင်းလို့ ရနိုင်မယ်မဟုတ်ကြပါဘူး။

ဒီနေ့-ဒီအခါမှာ- ကျွန်ုပ်ဆုတောင်းပါတယ်-
(၁) လူသားအားလုံး ငါးပါးသီလကို အလေးအမြတ်စောင့်ထိန်းနိုင်ကြပါစေ။
(၂) လူသားအားလုံး သစ္စာတရားကို လက်ကိုင်ထား၍ ဘ၀ပြဿနာအားလုံးကို ဖြေရှင်း နိုင်ကြပါစေ။

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၁၂-၂၀၁၄

19 December 2014

၂၈ ခုမြောက် သီတဂူစက္ခုဒါန -ကျွန်းလှမြို့

၂၈ ခုမြောက် သီတဂူစက္ခုဒါန -ကျွန်းလှမြို့

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကျွန်းလှမြို့ရှိ ၂၈ခုမြောက် သီတဂူစက္ခုဒါနဆေးရုံတော်ကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် သီတဂူဆရာတော်ကြီးကိုယ်တိုင် ဖွင့်လှစ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ပေးမည်ဖြစ်သည်။

ဒီဇင်ဘာ (၁၉)ရက်နေ့မှ (၂၇)ရက်နေ့အထိ အင်္ဂလန်ဆရာဝန်ကြီးများ၊ သီတဂူအာယုဒါနဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများက မျက်စိဝေဒနာရှင်များအား (အခမဲ့) ကြည့်ရှု ခွဲစိပ်ကုသပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၁၂-၂၀၁၄

15 December 2014

ရွှေကျင်ဂိုဏ်းလုံးကျွတ် အကြိုအစည်းအဝေး တက်ရောက်

ရွှေကျင်ဂိုဏ်းလုံးကျွတ် အကြိုအစည်းအဝေး တက်ရောက်
၁၄-၁၂-၂၀၁၄ နေ့ မနက်ပိုင်းက မှော်ဘီမြို့ ဓမ္မဒူတကျောင်းတိုက်သို့ ၁၃၇၆ခုနှစ် တပိုတွဲလဆန်း (၈-၉-၁၀) ၂၀၁၅ခုနှစ် ဇန္န၀ါရီလ (၂၇-၂၈-၂၉)ရက်များတွင် ကျင်းပမည့် (၁၉)ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံးကျွတ်၏ အကြိုအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

စာရေးသူသည် ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ ၁၅ ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံးကျွတ် အကြိုအစည်းအဝေးတက်ရောက်ပြီး ထိုအစည်းအဝေးကြီးနဲ့ အလှမ်းကွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
ယခုတစ်ကြိမ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကိုယ်စား ဒေါက်တာအရှင်ဝေဠုရိယဥာဏာလင်္ကာရနှင့် အတူတက်ရောက်ခဲ့သည်။ တောင်မြို့မဟာဂန္ဓာရုံမှာနေခဲ့စဉ်က စာချဆရာများကိုလည်း ဖူးမျှော်ခဲ့ရသည်။
အကြိုအစည်းအဝေးသို့ ရွှေကျင်ဂိုဏ်းကြီး၏ အထက်မြန်မာပြည် အောက်မြန်မာပြည် ဥပဥက္ကဋ္ဌဆရာတော်များ အလုပ်အမှုဆောင်ဆရာတော်များ တက်ရောက် ဆွေးနွေးကြသည်ကို ဖူးမျှော်ခဲ့ရသည်။
အစီအစဉ်အရ-၀ိဇ္ဇောတာရုံဆရာတော်က အဖွင့်သြ၀ါဒနှင့် အပိတ်သြ၀ါဒမိန့်ကြားသည်။ (၁၉)ကြိမ်မြှောက် ရွှေကျင်ဂိုဏ်းလုံးကျွတ်အစည်းအဝေး၏ အစီအစဉ်များ (၁၈)ကြိမ်မြှောက်က အစီအစဉ်အတိုင်းပဲ သဘောတူကြသည်။ ပင့်သံဃာများကို ပင့်ရာဝယ် ရန်ကုန်တိုင်းနှင့် ပြည်ပမှ ရွှေကျင်ဂိုဏ်းဝင် သံဃာတော် (၄၀၀) သက်မှတ်ပြီး ကျန် ၆၀၀ပါး စုစုပေါင်း ပင့်သံဃာ (၁၀၀၀)ပါး သက်မှတ်ကြသည်။ ပြည်ပသံဃာများကိုပင့်ရာ ယခုအကြိမ်အတွက် ဂျာမနီနှင့် ရုရှားနိုင်ငံများရှိ ရွှေကျင်သံဃာများကို တိုးပင့်မည်။ ပြည်ပသံဃာ ပင့်ဆောင်ရေးအတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က တာဝန်ယူသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁၂-၂၀၁၄

14 December 2014

သီတဂူဆရာတော် ရာဇဂြိုဟ် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေး တက်ရောက်

သီတဂူဆရာတော် ရာဇဂြိုဟ် ပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေး

သီတဂူဆရာတော်ကြီးသည် အိန္ဒိယနိုင်ငံ၊ ရာဇဂြိုဟ်မြို့ (12-12-2014) နေ့ မနက်ပိုင်းက International Convention Centre မှာ ကျင်းပသည့် နိုင်ငံတကာ ဗုဒ္ဓဘာသာ ဆွေးနွေးပွဲသို့ တက်ရာက် မိန့်ခွန်းပြောခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

ထိုနေ့ ညနေပိုင်းမှာတော့ မဟာဗောဓိပင်အောက်က အပြည်ပြည်ဆိုင်ရာ တိပိဋက ပူဇော်ပွဲအခမ်းအနား ပိတ်ပွဲတွင်လည်း အောင်ပွဲမိန့်ခွန်းပြောကြားခဲ့သည်။

ဒီကနေ့ညတော့ မန္တလေးတောင်၊ သာသနာ ၂၆၀၂နှစ်ပြည့် ဓမ္မသဘင် ညတရားချီးမြင့်ရန် ကြွသွားပြီ ဖြစ်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁၂-၂၀၁၄
www.thesitagu.org
www.sitagustar2020.net

12 December 2014

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ Ph.D ပြီး ရဟန်းတော်များ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ Ph.D ပြီး ရဟန်းတော်များ

၁။ ဒေါက်တာ အရိယဓမ္မ (M.A ဘုံဘေတက္ကသိုလ်၊ Ph.Dဘုံဘေ-စောမယကောလိပ်)
၂။ ဒေါက်တာ စန္ဒာသိရီ (M.A ဟိုက်ဒရာဘက်တက္ကသိုလ်၊ Ph.D ဘုံဘေတက္ကသိုလ်)
၃။ ဒေါက်တာကုမာရ (M.A ဒေလီတက္ကသိုလ်၊ Ph.D ဒေလီတက္ကသိုလ်)
၎။ ဒေါက်တာသာသန (M.A ဗာရာဏသီ BHU တက္ကသိုလ်၊ Ph.D ဗာရာဏသီ BHU တက္ကသိုလ်၊)
၅။ ဒေါက်တာ သုန္ဒရ (M.A ပူနေးတက္ကသိုလ်၊ Ph.D ပူနေးတက္ကသိုလ်)
၆။ ဒေါက်တာ သဇ္ဖန (M.A ဗာရာဏသီ BHU တက္ကသိုလ်၊ Ph.D ဗာရာဏသီ BHU တက္ကသိုလ်၊)
၇။ ဒေါက်တာ ဣန္ဒက (M.A ဗာရာဏသီ BHU တက္ကသိုလ်၊ Ph.D ဗာရာဏသီ BHU တက္ကသိုလ်၊)
၈။ ဒေါက်တာ ပညောဘာသ (M.A ပူနေးတက္ကသိုလ်၊ Ph.D ပူနေးတက္ကသိုလ်)
၉။ ဒေါက်တာ ကောဝိဒ (သီတဂူစတား) (B.A သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ M.A ပူနေးတက္ကသိုလ်၊ Ph.D ဘုံဘေ-စောမယကောလိပ်)
၁၀။ ဒေါက်တာ က၀ိဓဇ (M.A ဒေလီတက္ကသိုလ်၊ Ph.D ပူနေးတက္ကသိုလ်)
၁၁။ ဒေါက်တာသုတာစာရာလင်္ကာရ (M.A သီရိလင်္ကာ၊ Ph.D နာလန္ဒာတက္ကသိုလ်)
၁၂။ ဒေါက်တာ သုစရိတ (M.A ဒေလီတက္ကသိုလ်၊ Ph.D ပူနေးတက္ကသိုလ်)
၁၃။ ဒေါက်တာ ကိတ္တိဗလ (M.A ဟိုက်ဒရာဘက်တက္ကသိုလ်၊ Ph.D ပူနေးတက္ကသိုလ်)
၁၄။ ဒေါက်တာ ဣန္ဒာစရိယ (M.A ပူနေးတက္ကသိုလ်၊ Ph.D ပူနေးတက္ကသိုလ်)
၁၅။ ဒေါက်တာမေဓာနန္ဒ (M.A ပန်ဂျပ်တက္ကသိုလ်၊ Ph.D ဘုံဘေတက္ကသိုလ်)
၁၆။ ဒေါက်တာဝေဠုရိယဥာဏာလင်္ကာရ (M.A သီရိလင်္ကာ၊ Ph.D ဘုံဘေတက္ကသိုလ်)
၁၇။ ဒေါက်တာသြသဓသာရ (M.A မဂဓ တက္ကသိုလ်၊ Ph.D မဂဓတက္ကသိုလ်)
၁၈။ ဒေါက်တာ ကုဏ္ဍလ (M.A သီရိလင်္ကာ၊ Ph.D ဗာရာဏသီ BHU တက္ကသိုလ်၊)
၁၉။ ဒေါက်တာသြသဓာလင်္ကာရ (B.A သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ M.A သီရိလင်္ကာ၊ Ph.D ဘုံဘေ စောမယကောလိပ်)
၂၀။ ဒေါက်တာပညာသီဟာလင်္ကာရ (M.A ဟိုက်ဒရာဘက်၊ Ph.D ပူနေးတက္ကသိုလ်၊)
၂၁။ ဒေါက်တာသီဟဥာဏာလင်္ကာရ (M.A ဒေလီတက္ကသိုလ်၊ Ph.D နာဂဇုန)
၂၂။ ဒေါက်တာ ၀ိမလ (M.A သီရိလင်္ကာ၊ Ph.D နာဂဇုန)
၂၃။ ဒေါက်တာ အစ္ဆရိယ M.A သီရိလင်္ကာ၊ Ph.D ဗာရာဏသီ BHU တက္ကသိုလ်၊)
၂၄။ ဒေါက်တာ ပညာသေဋ္ဌာလင်္ကာရ (M.A ဒေလီတက္ကသိုလ်၊ Ph.D ပူနေးတက္ကသိုလ်၊)
၂၅။ ဒေါက်တာ အဂ္ဂဓမ္မ (M.A,  Ph.D ဗာရာဏသီ BHU တက္ကသိုလ်၊)
၂၆။ ဒေါက်တာ သစ္စဥာဏ  (M.A ပူနေးတက္ကသိုလ်၊ Ph.D ဘုံဘေ-စောမယကောလိပ်)
၂၇။ ဒေါက်တာ သေဋ္ဌိလ (M.A ဒေလီ တက္ကသိုလ်၊ Ph.D ဗာရာဏသီ BHU တက္ကသိုလ်၊) 
၂၈။ ဒေါက်တာ ကေ၀လ (M.A ပူနေးတက္ကသိုလ်၊ Ph.D ပူနေးတက္ကသိုလ်) ပျံလွန်တော်မူ
၂၉။ ဒေါက်တာ ပုဏ္ဏောဘာသ (M.A ဘုံဘေတက္ကသိုလ်၊ Ph.Dဘုံဘေ-စောမယကောလိပ်) လူထွက်
၃၀။ ဒေါက်တာ ပညာဇောတ (M.A ဗာရာဏသ ဆန်စခရစ်တက္ကသိုလ်၊ Ph.D ဗာရာဏသီ BHU တက္ကသိုလ်၊) လူထွက်

စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုံးခုနှင့် အမေရိကရှိ သီတဂူသာသနာပြုကျောင်းများတွင် ဒေါက်တာဘွဲ့ရ (၃၀)ပါးမှ (၂၇) ပါးတို့သည် ကထိက၊ ပါမောက္ခ၊ ကျောင်းအုပ်တာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။ အများစုက သီတဂူဆရာတော်ကြီး၏ အထောက်ပံ့ဖြင့် ပြည်ပမှ ကျောင်းပြီးကြခြင်းဖြစ်သည်။

M.A ပြီး၊ B.A ပြီး ရဟန်းတော်များစွာလည်း ရှိပါသေးသည်၊ ဒေါက်တာများစွာ ပေါ်ပေါက်လာလိမ့်အုံးမည်။

မှတ်ချက်။ ။ ကွန်မန့်ဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ Ph.D ပြီး ရဟန်းတော်များကို တက္ကသိုလ်များနှင့်တွဲဖော်ပြပါဆိုလာသဖြင့် ဖော်ပြလိုက်ပါသည်။ ဘာများ လှူချင်လို့ပါလိမ့်????????????

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၂-၂၀၁၄

08 December 2014

အမှတ်တရ ရှိနေဆဲပါ

အမှတ်တရ ရှိနေဆဲပါ 

ဒီကနေ့ဆို နတ္တော်လပြည့်ကျော် (၂)ရက်၊ စာရေးသူအတွက် အကြီးမားဆုံး အလေးထားရဆုံး နေ့တစ်တစ်နေ့ဖြစ်ပါတယ်။

တောင်မြို့၊ မဟာဂန္ဓာကျောင်းတိုက်မှာ ၁၅ နှစ်လောက် တောင်မြို့ဆရာတော်ကြီး၏ တပည့်ကြီးများအောက်ဝယ် ဘ၀အတွက် အဆင့်တန်းမြင့်မြင့် နေနည်းထိုင်နည်းများ၊ ဘ၀အတွက် မကုန်ခမ်းနိုင်တဲ့ ပညာများ လေ့လာခဲ့ရပါတယ်။ ကျေးဇူးကြီးမားလှတဲ့ ဆရာသခင်ကျေးဇူးးရှင်များ ဖြစ်ပါသည်။

နှစ်စဉ် နတ္တော်လပြည့်ကျော် (၂)ရက်နေ့ ရောက်တိုင်း ကျမ်းအပြုအကျော် ဆရာတော်ကြီး၏နှစ်ပတ်လည် မိခင်တိုက်သို့ ရပ်ဝေးရပ်နီးက ရောက်လာကြသည့် ဆရာတော်ကြီး၏ တပည့်ကြီးများကို ဆွမ်းဝေယျာဝစ္စပြုခဲ့ရသည်ကိုလည်း အထူးအမှတ်တရရှိလှသည်၊ ကြည်နူးမိပါသည်။

အမရပူမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်မှ ဆရာတော်ကြီးနှင့် ဆရာသခင် ကျေးဇူးရှင်များအား အဝေးကနေပဲ ငါးပါးထိခြင်းဖြင့် ပူဇော်ကန်တော့ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၁၂-၂၀၁၄

သီတဂူစတား ကံထပ်နှင့် ဓမ္မသဘင်

သီတဂူစတား ကံထပ်နှင့် ဓမ္မသဘင်

ပဲခူးတိုင်းဒေသ၊ မင်းလှမြို့နယ်၊ ငှက်ကြီးသိုက်ကျေးရွာ ရဟန်းဒကာ ဦးတင်မောင်လတ်၊ ရဟန်းအမ ဒေါ်မိုးမိုး၊ သား ဗိုလ်ကြီးစည်သူအောင် (ရုရှား)၊ သမီး မစုသက်အောင်တို့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ပါမောက္ခ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)အား ရှစ်ပါးပရိက္ခရာဖြင့် ၇-၁၂-၂၀၁၄ရက်နေ့က ကံထပ်မင်္ဂလာပြုခြင်းနှင့် ရုရှားရောက် ပညာတော်သင် စစ်သည်တော်များနှင့် ရဟန်းဒကာဒကာမများ၏ အလှူတော် သားကောင်းစစ်သည်သိမ်တော် ရေစက်ချပွဲအလှူတော်မင်္ဂလာ အကြိုအဖြစ် ၆-၁၂-၂၀၁၄ နတ္တော်လပြည့်နေ့ ည ဓမ္မသဘင်ဆင်ယင် ကျင့်ပခြင်း ဖြစ်ပါသည်။



ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၁၂-၂၀၁၄

05 December 2014

နာလန္ဒာရောက် သီတဂူဆရာတော်

နာလန္ဒာရောက် သီတဂူဆရာတော်


အိန္ဒိယနိုင်ငံရောက် သီတဂူဆရာတော်ကြီးသည် မြတ်ဗုဒ္ဓ သဗ္ဗညုတဥာဏ်တော် ရရှိရာ မဟာဗောဓိပင်အောက် အပြည်ပြည်ဆိုင်ရာ တိပိဋကသုံးပုံ ပူဇောတ်ပွဲသို့ ကြွရောက် ချီးမြောက်သည်၊ ညပိုင်း မဟာဗောဓိပင်ရင်းဝယ် တရားဓမ္မများ ဟောကြားတော်မူသည်။


၎-၁၂-၂၀၁၄ ရက်နေ့ မနက်ပိုင်းတွင် သီတဂူဆရာတော်ကြီးသည် နာလန္ဒာတက္ကသိုလ်ရှိ Vice President Dr.Punk ၏ဖိတ်ကြားမှု့ဖြင့် ရာဇဂြိုဟ်မြို့နှင့် ဘုန်းတော်ကြီဟူရင်စန် Memorial သွားရောက်လည်ပတ်ခဲ့ပါသည်။

ထိုနေ့ နေ့လည်ပိုင်းတွင် နာလန္ဒာတက္ကသိုလ်ရှိ ဆရာများ၊ ကျောင်းသား/ကျောင်းသူများကို သြ၀ါဒစကားချီးမြှင့်ခဲ့သည်။


ထိုနေ့ ညနေပိုင်းတွင် မြတ်ဗုဒ္ဓ၏လက်ဝံရန် အဂ္ဂသာဝကကြီး၏ဇာတိ ကောလိတရွာ၊ မောဂ္ဂလာန်စေတီတော်ဟောင်းကြီးကို သွားရောက်လေ့လာကြည့်ရှူဖူးမြော်ခဲ့ကာ ညနေပိုင်းတွင် ဗုဒ္ဓဂယာသို့ ပြန်လာခဲ့ပါသည်။

သတင်းဓာတ်ပုံ ထိန်လင်း

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၁၂-၂၀၁၃
www.sitagustar2020.net

03 December 2014

သီတဂူ အာရောဂျဒါနဆေးရုံတော် (ထားဝယ်)

သီတဂူ အာရောဂျဒါနဆေးရုံတော် (ထားဝယ်) 

ထားဝယ်မြို့ သီတဂူ အာရောဂျဒါနဆေးရုံတော်၏ (၇)ကြိမ်မြောက် အာရောဂျဒါနအလှူတော် အစီအစဉ် (11-1-2015 နေ့မှ 15-1-2015 နေ့အထိ)



သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင် လမ်းညွှန်းမှုဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်အရ ထားဝယ်မြို့ သီတဂူအာရောဂျဒါန ဆေးရုံတော်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၍ အလှပျက်နေသူများကို ဘယ်(လ)ဂျီယံနိုင်ငံမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ခွဲစိတ်အထူးကု ဆရာဝန်ကြီး Professor. DR Tonnard Patrick ဦးဆောင်သော ၁၅ ဦးပါ ဘယ်(လ်)ဂျီယံ ခွဲစိတ်အဖွဲ့က အခမဲ့ကုပေးမည် ဖြစ်ပါသည်။

နေ့ရက်။ ။ (11-1-2015) မှ (15-1-2015) နေ့အထိ

ဆက်သွယ်ရန်။ ။ ထားဝယ် သီတဂူဆေးရုံ ဖုန်းများ---
---------------------------------------------------
09-8750179
09-8741115
09-33626977 သို့ စာရင်းပေးသွင်းနိုင်ပါပြီ...

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၂-၂၀၁၄
www.thesitagu.org
www.sitagustar2020.net


30 November 2014

ပဲခူးတိုင်းဒေသကြီးက သီတဂူဆေးရုံ နှစ်ခု

ပဲခူးတိုင်းဒေသကြီးက သီတဂူဆေးရုံ နှစ်ခု
ယခုနှစ် ၂၀၁၄ နောက်ဆုံးဖွင့်လှစ်ခဲ့သော ပဲခူးတိုင်းဒေသကြီး အုပ်ဖိုမြို့၊ ဥတို သီတဂူစက္ခုဒါနဆေးရုံတွင် (၇)ရက်တိုင်တိုင် သီတဂူကျန်းမာရေးအဖွဲ့က ကုသခဲ့ရာ စမ်းသပ်လူနာ ( ၃၆၉၀)တို့ကို စမ်းသပ်ပြီး (၆၂၃)ယောက်တို့ကို ခွဲစိပ်ကုသ အလင်းရောင်များ ပေးနိုင်ခဲ့သည်။

သီတဂူ ရာစုသစ် ရွှေဥ စက္ခုဒါနဆေးရုံ (သဲကုန်း)
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့၊ သီတဂူ ရာစုသစ်ရွှေဥ စက္ခုဒါနဆေးရုံ (သဲကုန်း)တွင် ( ၂၈-၁၁-၂၀၁၄)ရက်နေ့က စပြီး သီတဂူမျက်စိအထူးကု အစဉ်အစဉ်များကို စတင်ခဲ့ပါသည်။

၂၉-၁၁-၂၀၁၄နေ့အထိ နှစ်ရက်စာ ကုသမှုများကား---
စမ်းသပ်လူနာ (438) ယောက်နှင့် ခွဲစိပ်လူနာ (127) ယောက်တို့ကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပြိးဖြစ်သည်။

ဆရာဝန်ကြီးများအဖွဲ့ များကား--
Dr. ဦစံအေ (USA)
Dr.J. S.Smith (UK)
Dr.ဦးမြ အောင်
Dr.စ ဂျေ လွင်
Dr. ဝေနွယ်ဝင်း
Dr. ငုဝါ
Dr.ကျော်နိုင် ထွန်း
Dr.ခိုင် စုစုလွင်
Dr.သီရိဝေတို့ ဖြစ်ကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu .org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၁၁-၂၀၁၄
www.sitagustar2020.net

26 November 2014

၅ ရက်အတွင်း သီတဂူစက္ခုဒါနဆေးရုံ (အုတ်ဖို) အောင်မြင်မှု

၅ ရက်အတွင်း သီတဂူစက္ခုဒါနဆေးရုံ (အုတ်ဖို) အောင်မြင်မှု

ကျပ်သိန်းပေါင်း တစ်သောင်းကျော် အကုန်ကျခံ ဆောက်လုပ် လှူဒါန်းသော ဆေးရုံ၊ စာသင်ကျောင်း၊ လမ်းများ၏ အလှူရှင် သီတဂူ ဦးမောင်သောင်း (ထရန်စဖော်မာ)+ ဒေါ်ကြည်ဝင်မိသားစုတို့၏ သီတဂူစက္ခုဒါနဆေးရုံ (အုတ်ဖို)တွင် ငါးရက်အတွင်း အောင်မြင်မှုကား--
(က) စမ်းသပ် စစ်ဆေး လူနာ- ၂၀၄၃
(ခ) ခွဲစိပ်ကုသ အလင်းရ လူနာ-၄၀၇ တို့ဖြစ်ကြောင်း ၀မ်းမြောက်နုမော် သာဓုခေါ်ပါသည်။

 
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၁၁-၂၀၁၄

25 November 2014

သီတဂူစက္ခုဒါနဆေးရုံ၊ စာသင်ကျောင်းများ အလှူတော် ပုံရိပ်များ

သီတဂူစက္ခုဒါနဆေးရုံ၊ စာသင်ကျောင်းများ အလှူတော် ပုံရိပ်များ
-----------------------------------

အလှူရှင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့၊ ဥတိုမြို့သစ် သီတဂူစက္ခုဒါနဆေးရုံ၊ စာသင်ကျောင်းများကို ၂၅-၁၁-၂၀၁၄ နေ့က ဖွင့်လှစ်လှူဒါန်း။ အလှူရှင် ထရန်စဖော်မာ ဦးမောင်သောင်း+ဒေါ်ကြည်ဝင်း မိသားစုတို့ ဖြစ်ကြသည်။
၂၀-၁၁-၂၀၁၄ ရက်နေ့ကစပြီး စမ်းသပ်မှုများ စတင် ပြုလုပ်ခဲ့သည်။
မျက်စိဝေဒနာရှင်များရော၊ လူနာစောင့်များပါမကျန် အားလုံးကို မနက်စာ၊ နေ့လည်စာ၊ ညစာတို့ဖြင့် အလှူရှင်များက ကျွေးမွေးပြုစုကြသည်။

လုပ်အားအလှူရှင် မျက်စိအထူးကု ဆရာဝန်ကြီးများ
----------------------------------
၁။ ဆရာကြီး ဦးမြ အောင်
၂။ Dr. ဒေါ်မြင့်ခိုင်
၃။ Dr. ဒေါ်ခင် အုံးဟန်
၎။ Dr. J.S.Smith (UK)
၅။ Dr. စဂျေလွင်
၆။ Dr. လှမောင် ဒင်
၇။ Dr. မိမိခင်
၈။ Dr. တင်ဇော်ဦး
၉။ Dr.ကျော်နိုင် ထွန်း
၁၀။ Dr. ဝါဝါ
၁၁။ Dr. ဆုပြည့်ဖြိုး နှင့် သီတဂူသူနာပြုအဖွဲ့၊ ဥတိုမြို့ လုပ်အားပေးအဖွဲ့။


(24-11-14) နေ့အထိ
------------------

ပြင်ပလူနာပေါင်း (1571) ဦး ခွဲစိပ်ပြီးလူနာပေါင်း
(307) ဦးတို့ ကို အလင်းအလှူ ပေးလှူခဲ့
ပါသည်။

၅ ရက်မြောက်နေ့၊ (25-11-2014) နေ့  အစီအစဉ်
-------------------------

ပြင်ပလူနာ သံဃာ ၇ ပါး၊ သီလရှင် ၂ ပါး၊ ကျား ၁၆၂ ၊ မ ၃၀၃။ ပေါင်း ၄၇၄ ယောက်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၁၁-၂၀၁၄
www.thesitagu.org
www.sitagustar2020.net

23 November 2014

ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာ အခမ်းအနားတွင် သီတဂူဆရာတော် ၀မ်းမြောက်စကား ပြောခြင်း

ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာ မြန်မာပြည်သို့ ရောက်ခြင်း နှစ် (၅၀၀) ပြည့်ပွဲအခမ်းအနားတွင် သီတဂူဆရာတော် ၀မ်းမြောက်စကား ပြောခြင်း
--------------------------------------------


ဝမ်းမြောက်ဂုဏ်ပြုသဝဏ်လွှာ
ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာ မြန်မာပြည်သို့ရောက်ခြင်း
နှစ် (၅၀၀) ပြည့်ပွဲအခမ်းအနား
သုဝဏ္ဏကွင်း၊ ရန်ကုန်
၂၀၁၄ နိုဝင်ဘာလ ၂၃ ရက်
--------------------------------

ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင် ညီအစ်ကိုမောင်နှမများ၏ မြန်မာပြည်ရောက်ခြင်း နှစ်(၅၀၀) ပြည့်ပွဲ အခမ်းအနားကြီးမှာ ခရစ်ယာန်ဘာသာဝင် များကိုသာမက အခြားသောဘာသာဝင်များနှင့်ပါ တွေ့ဆုံခွင့်၊ ရင်းနှီးခွင့်၊ စကားပြောခွင့်ရတဲ့အတွက်ကြောင့် အလွန်ဝမ်းမြောက်ဂုဏ်ယူပါတယ်။

မြတ်ဗုဒ္ဓကဟောတော်မူထားသော စာတစ်ပိုဒ်ရှိပါတယ်- အဘိဏှံ သန္နိပါတာ သန္နိပါတဗဟုလာ ဝုဍ္ဎိယေဝ ဘဝိဿန္တိ၊ နောပရိဟာနိ - (“As long as the monks hold regular and frequent assemblies, they may be expected to prosper and not decline.”) မြတ်ဗုဒ္ဓရဲ့မိန့်တော်မူချက်အရ ဘာသာရေးခေါင်းဆောင်များအချင်းချင်း၊ နိုင်ငံရေးခေါင်းဆောင်များ အချင်းချင်း၊ လူမှုရေးခေါင်းဆောင်များအချင်းချင်း၊ ပညာရေးခေါင်းဆောင်များအချင်းချင်း၊ စိတ်ဓာတ်ရေးခေါင်းဆောင်းများ အချင်းချင်း မပြတ်မပြတ် တွေ့ဆုံခြင်းဟာ အကျိုးများစွာရှိပါတယ်။ အချင်းချင်း ချစ်ခင်ရင်းနှီး ခွင့်ရပါတယ်။ (mutual friendship) တစ်ယောက်နှင့်တစ်ယောက် နားလည်ခွင့် ရတယ်။

ဘာသာတရားတခု၏အကြောင်းကို အခြားဘာသာ ဝင်များက နားလည်ခွင့် ရပါတယ်။ (mutual understanding) ချစ်ခင်ရင်းနှီးခြင်း အပြန်အလှန် နားလည်ခြင်း ဆိုတဲ့ အကျိုးတရားတွေက အချင်းချင်းအပြန်အလှန် ရိုသေလေးစားခြင်းဆိုတဲ့ (Mutual respect) ကိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီကနေ့ ဒီနှစ် (၅၀၀) ပြည့်ပွဲအခမ်း အနားကြီးဟာ အထက်ပါအကျိုးတရားတွေကို များစွာဖြစ်စေနိုင်လိမ့်မယ်လို့- ယုံကြည်မျှော်လင့်ပါတယ်။

အဲဒါကြောင့် Inter-faith dialogue တွေ Multi-faith seminar-တွေ Inter-religious conference-တွေဟာ မြတ်ဗုဒ္ဓမိန့်ကြားတော်မူတဲ့ အဘိဏှသန္နိပါတ-အစချီသောဒေသနာတော်များနှင့် ထပ်တူညီမျှဖြစ်နေသည်-ဟု ကျွန်ုပ်ယုံကြည် ပါသည်။ ထို့အပြင် မြတ်ဗုဒ္ဓသည် သူ၏ဗုဒ္ဓသာသာနာတော်ကို စတင်တည်ထောင် ခါစ B.C 588 မဂဓတိုင်း၊ ရာဇဂြိုဟ်မှာပထမအကြိမ်ကျင်းပတဲ့ သံဃာ-၁၂၅၀-တို့၏ အစည်းအဝေးကြီးမှာ ပထမဆုံးပြောတဲ့ မိန့်ခွန်း၏ ပထမဆုံးသောစကားလုံးမှာ ခန္တီ ပရမံ တပေါ တိတိက္ခာ (Tolerance is the highest austerity) လို့စတင် မိန့်မြွက် တော်မူပါတယ်။

ဂျိန်းဘာသာကိုတည်ထောင်တဲ့ မဟာဝီရဆရာကြီးကတော့ အဟိံသဝါဒ (Non-violence)ကို အမြင့်ဆုံးထားဟောပါတယ်။ Jesus Christ - ရဲ့ ဟောပြော ချက်တွေ ထဲမှာလည်းကရုဏာကို ဦးစားပေးဟောပြောချက်တွေကိုလည်း တွေ့ရ ပါတယ်။
တမာန်တော်မိုဟာမက်ရဲ့မူဝါဒတွေထဲမှာ ထူးထူးခြားခြား ကျွန်ုပ်သဘောကျ မိတာနှစ်ချက်တွေ့ရပါတယ်။ အဲဒါဟာဘာလဲဆိုတော့ အမြတ်ကြီးစား ဝိသမ လောဘကို ဖယ်ရှားဖို့နဲ့ ကြွယ်ဝချမ်းသာသူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဆင်းရဲသားများအားဝေငှဖို့ဆိုတဲ့ အဆုံးအမတွေ တွေ့ရတယ်။ အဲဒါဟာ မြတ်နိုးစရာ ကောင်းတဲ့ အချက်တွေပါပဲ။

တရုတ်ပညာရှိ အတွေးအခေါ်ဆရာကြီးကွန်ဖြူးရှပ်ရဲ့ အဆုံးအမတွေထဲမှာ နိုင်ငံရေးသမားတွေဟာ ပညာတတ်ရမယ်၊ အကျင့်ကောင်းရမယ်-ဆိုတာ တွေ့ရပါ တယ်။

အဲဒီတော့ ဒီဘာသာရေးခေါင်းဆောင်များ၊ ပညာရှိများရဲ့ အဆိုအမိန့်တွေ အားလုံးကိုပေါင်းလိုက်ရင် ငြိမ်းချမ်းသော, လုံခြုံသော, တည်ငြိမ်သော, စည်းလုံးသော လူ့အဖွဲ့အစည်းတစ်ခု, နိုင်ငံတစ်ခု တည်ဆောက်ရာမှာ ဘာသာရေးကပေးတဲ့ ခန္တီ, မေတ္တာ, ကရုဏာ, ပညာ, သီလဆိုတဲ့ ၀ိဇ္ဇာစရဏ တရားများဟာ များစွာအထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
နောက်ပြီးတော့ လောဘအစွန်းရောက်တဲ့ကမ္ဘာမှာ ငတ်မွတ်ခေါင်းပါးမှုတွေ၊ ဒေါသအစွန်းရောက်တဲ့ကမ္ဘာမှာ စစ်ပွဲတွေနှင့် ပဋိပက္ခတွေ၊ မောဟအစွန်း ရောက်တဲ့ ကမ္ဘာမှာ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ မိုက်မဲမှုတွေ ထွန်းကားလာတတ်တယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့သစ္စာစကားထဲမှာ ဘာသာရေးခေါင်းဆောင် အားလုံးတို့ရဲ့ အဆုံးအမများ အားလုံးစုပေါင်းဝင်သွားကြပါတယ်။ နောက်တစ်ခုပြောချင်တာက ဒီလောဘ, ဒေါသ, မောဟ အစွန်းရောက်နေကြတဲ့ လူသားအချို့ရဲ့ စိတ်ဓါတ်တွေကို ဟန်ချက် ညီအောင် - Balance of Mind - ဖြစ်အောင် ဘာသာတရားအားလုံးက ၀ိုင်းဝန်း ညှိပေးနိုင်လျှင် ပဋိပက္ခတွေဟာ လျော့ပါးနိုင်တယ်လို့ ထင်မြင်မိကြောင်း ပြောပါရစေ။

ဘာသာတိုင်းဟာ Outer shell-ဆိုတဲ့ပြင်ပအကာအခေါက်တွေ ရှိတတ်တယ်။ အဲဒါတွေဟာ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ဆုတောင်းခြင်း၊ အခမ်းအနားကျင်းပခြင်းများနှင့် ဓလေ့ထုံးစံများဖြစ်ပါတယ်။ အဲဒီ Outer shell-ဆိုတဲ့ ပြင်ပအကာတွေက ကျွန်ုပ်တို့ ဘာသာတရားတွေကို ကွဲပြားခြားနားစေတာဖြစ်ပါတယ်။ ဒါပေမဲ့ မည်သို့ပင် ကွဲပြားခြားနားစေကာမူ ကျွန်ုပ်တို့ဘာသာတရားအားလုံးမှာ တူညီသောအတွင်းပိုင်း အနှစ်သာရ Inner Core-ဆိုတာ ရှိပါတယ်။ အဲဒါတွေက ဒါန-Charity- သီလ-Morality -သမာဓိ-The balance of the mind - ပညာ - Insight - ဆိုတာတွေပဲ ဖြစ်ပါတယ်။ အဲဒီ ဒါန, သီလ, သမာဓိ, ပညာတွေဟာ ဘာသာတရားတိုင်းရဲ့ အနှစ်သာရတွေဖြစ်ပါတယ်။ Charity-Morality -The balance of the mind – insight ဆိုတဲ့ဘာသာရေး အနှစ်သာရ Inner Core of Religion - ဟာ ကျွန်ုပ်တို့ရဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ညီညီညွတ်ညွတ် လုံလုံခြုံခြုံ လက်တွဲနေထိုင်ကြရမဲ့ - Common Ground-ဖြစ်ပါတယ်။

အဲဒီသစ္စာတရားလမ်းကြောင်းပေါ်မှာ လက်တွဲလမ်းလျှောက်ကြမယ်ဆိုရင် ကျွန်ုပ်တို့ဘာသာဝင်အားလုံး မည်သည့်ဘာသာကိုးကွယ်သည့် မည်သည့် ဘာသာဝင်မဆို Universal Brotherhood Spirit-ကို တည်ဆောက် နိုင်ကြလိမ့်မည်-ဟုယုံကြည်မျှော်လင့်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာ မြန်မာပြည်ရောက် နှစ် ( ၅၀၀) ပြည့်ပွဲသို့ တက်ရောက်လာကြကုန်သော ညီအစ်ကိုမောင်နှစ်မအားလုံး Inner Core of Religion ဆိုတဲ့- Common Ground - မှာ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် လုံလုံခြုံခြုံ လက်တွဲနေထိုင်သွားကြပါစို့။ မတူညီသည့် ဘာသာရေး အကာ Outer Shell တွေပေါ်မှာ ငြင်းခုံမနေကြဘဲ တူညီသည့် ဘာသာရေး အတွင်း အနှစ်သာရ Inner Core ပေါ်မှာအားလုံး လက်တွဲ Universal Brotherhood Spirit ကိုတည်ဆောက်ကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အားလုံး လက်တွဲဝိုင်းဝန်း စောင့်ရှောက်၊ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ကြပါစေ-ဟု ဆုတောင်းမေတ္တာပို့သ လိုက်ရပါသည်။

ဝိဇ္ဇာစရဏတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။

“သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ”

သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ (Ph.D, D.Litt)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၁-၂၀၁၄
www.thesitagu.org
www.sitagustar2020.net
Sent at 8:23 PM on Sunday

သီတဂူစက္ခုဒါနဆေးရုံ (အုပ်ဖို) ပထမအကြိမ်

သီတဂူစက္ခုဒါနဆေးရုံ (အုပ်ဖို) ပထမအကြိမ်

ပဲခူးတိုင်းဒေသကြီး၊ အုပ်ဖိုမြို့နယ်၊ ဥတိုမြို့သစ်တွင် တည်ဆောက် လှူဒါန်းထားသော သီတဂူစက္ခုဒါနဆေးရုံတွင် ၂၀-၁၁-၂၀၁၄ နေ့ကစပြီး မျက်စိဝေဒနာရှင်များကို ပထမဆုံးအကြိမ် လက်ခံစစ်ဆေးသည်။

၂၂-၁၁-၂၀၁၄ နေ့တွင် ပြင်ပစမ်းသပ်လူနာ ၃၂၆ ယောက်ရှိပြီး၊ ခွဲစိပ်လူနာ ၇၇ ယောက်တို့ကို အောင်မြင်စွာ ကုသနိုင်ခဲ့သည်။ သီတဂူဆရာတော်ကြီးလည်း သွားရောက် အားပေးသည်။

သီတဂူ ဒေါက်မြအောင် (မျက်စိအထူးကု) ဦးဆောင်သော မျက်စိအထူးကုဆရာဝန်များ၊ သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)မှ မျက်စိဆရာဝန်များ၊ သူနာပြုများ ပါဝင်ကြသည်။
၂၅-၁၁-၂၀၁၄ နေ့တွင် ထိုဆေးရုံဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်မှာ ဖြစ်ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၁-၂၀၁၄

22 November 2014

သီတဂူစက္ခုဒါနဆေးရုံဖွင့်ပွဲ (အုပ်ဖို)


သီတဂူစက္ခုဒါနဆေးရုံဖွင့်ပွဲ (အုပ်ဖို)

ပဲခူးတိုင်း၊ အုပ်ဖိုမြို့နယ်၊ ဥတိုမြို့သစ်၊ သီတဂူစက္ခုဒါနဆေးရုံကို ၂၅-၁၁-၂၀၁၄ ရက်နေ့မှာ ဖွင့်လှစ် လှူဒါန်းမှာဖြစ်သည်။

အလှူရှင်-အုပ်ဖိုမြို့၊ “ အောင်သောင်း လျပ်စစ် ထရမ်စမော်ဖာ ကုမ္ပဏီ” ပိုင်ရှင် ဦးမောင်သောင်း+ဒေါ်ကြည်ဝင်း မိသားစုတို့က ကျပ်သိန်းပေါင်းများစွာ အကုန်ကျခံ ဆောက်လုပ် လှူဒါန်းထားသည်။

၂၀-၁၁-၂၀၁၄ ရက်နေ့ကစပြီး ရပ်ဝေး ရပ်နီးမှ မျက်စိဝေဒနာရှင်များကို သီတဂူကျန်းမာရေး စောင့်ရှောက်ရေးအဖွဲ့က သွားရောက် ကုသမှုများကို ကုသပေးနေသည် ဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၁၁-၂၀၁၄

18 November 2014

ဗုဒ္ဓဘာသာအစည်းဝေးကြီး အောင်ပွဲ အခမ်းအနားသိမ်း

ဗုဒ္ဓဘာသာအစည်းဝေးကြီး အောင်ပွဲ အခမ်းအနားသိမ်း

၁၇-၁၁-၂၀၁၄ နေ့က သီတဂူဆရာတော်ကြီးနှင့် နီပေါလ်ဆရာတော် အရှင်ဥာဏပုဏ္ဏိကတို့ ပူးပေါင်းကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာ အစည်းအဝေးကြီးကို ၃ ရက်တိုင်တိုင်ကျင်းပခဲ့ရာ ဒီကနေ့ တတိယနေ့ ပိတ်ပွဲအဖြစ် လုမ္ဗိနီမြန်မာရွှေကျောင်းတွင် မနက်ပိုင်း၊ နေ့ပိုင်း နှစ်ပိုင်းခွဲ ကျင်းပသည်။

မနက်ပိုင်း
မနက်ပိုင်း ၉နာရီမှ နေ့လည် ၁၁ နာရီအထိ ကျင်းပသည် အခမ်းအနားမှာ ၃ နေရာ ၅ ဌာနက ကျင်းပခဲ့သည့် အစည်းအဝေး၏ ရလာဒ်များကို Moderators အသီးသီးက အနှစ်ချုပ်တင်ပြကြသည်။ တင်သွင်းသည့် စာတမ်းပေါင်း ၁၀၀ ခန့်ရှိသည်။ တက်ရောက်သည့် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၆၀ ကျော်နှင့် ဒေသခံများပါ စုစုပေါင်း ၃၀၀ ၀န်းကျင်ရှိမည်။

မနက်ပိုင်း စာတမ်းအားလုံး၏ အနှစ်ချုပ်နှင့် စပ်လျှင်းပြီး မေးခွန်းများ မေးစေရာမှာ--
၁။ လူတစ်ယောက်က “ ဒီအစည်းအဝေးကြီးသည် ဘာသာရေးအတွက် မဖြစ်စေရ၊ လူသားအားလုံးကို အသိဥာဏ်ပေးသည့် ကရုဏာ မေတ္တာများ၊ လူသားတန်းတူများ ပေးနိုင်ရမည်”ဟု ဆိုသည်။

၂။ အိန္ဒိယနိုင်ငံ လာဒတ်မှ ဆရာ ဘိက္ခုသံဃသေနက “ လုမ္ဗိနီသည် ဗုဒ္ဓဘာသာဝင်တွေအတွက် အလွန်ရေးကြီးသည်၊ ဒီနေရာ ဒီအစည်းအဝေးကြီးကို ဖြစ်မြှောက်အောင် ဆောင်ရွက်ပေးသော သီတဂူဆရာတော်ကို အထူးကျေးဇူးတင်ပါသည်။ များစွာ အကျိုးများလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။ ပတ်ဝန်းကျင် သန့်ရှင်းဖို့နှင့် ၂၄ နာရီ လျှပ်စစ်မီးရဖို့လဲ အလွန်အရေးကြီးပါသည်”ဟု ဆိုသည်။

၃။ “ဗုဒ္ဓမွေးဖွာရာ ဤဒေသ လေထုညစ်နွမ်းလို့ မဖြစ်ပါ၊ ဘာသာသာသနာ အဆောက်အုံများ ရှိသဖြင့် အာနပါန ထွက်လေ ၀င်လေ တရားရှုမှတ်သူတို့အတွက် စိုးရိမ်ရပါသည်။ ပတ်ဝန်းကျင်လေထုညစ်နွမ်းမှု၊ အနားက ဘိလပ်မြေစက်ရုံ၊ ကျောက်ခွဲစက်ရုံ၊ ဆောက်လုပ်ရေးတို့မှ ထွက်လာသော လေထု၊ ပတ်ဝန်းကျင်း ညစ်ပတ်မှုကြောင့် အနံ့ဆိုးများသည် များစွာ ထိခိုက်စေပါသည်”ဟု ပူနေးတက္ကသိုလ် ပါမောက္ခ တစ်ယောက်က ဆိုသည်။

၎။ အကောင်းတွေ ပြောနေတဲ့ကြားထဲက ကိုးလို့ကန့်လန့် အဆိုးမြင်ဝါဒီတစ်ယောက်လည်း ပါလာသည်။ သူသည် ဒေါသအသံ ဒေါသဟန်ဖြင့် “ လုမ္ဗိနီဆိုတဲ့ နာမည် ဘယ်ကရသလဲ၊ တကယ်ရှိသလား၊ ဗုဒ္ဓဆိုတာကကော၊ ဗုဒ္ဓမွေးဖွားရာလို့ ဘယ်လိုအထောက်အထားနဲ့ ပြောသလဲ၊ အသောကကျောက်တိုင်တစ်ခုတည်းနဲ့ သတ်မှတ်သလား၊ အသောကကော တကယ် ဒီနေရာရောက်ခဲ့သလား၊” ဟု စသဖြင့် ကန့်လန့်တိုက် ပြောသည်။

၅။ နီပေါလ် ရဟန်းတော်တစ်ပါးက “ဒီအစည်းအဝေးကြီးက အဆိုပြုချက်တွေကို နီပေါလ် အစိုးရဆီ၊ ကမ္ဘာ့ကုလသမဂ္ဂဆီသို့ ရောက်အောင် တကယ်ပို့နိုင်မလားဆိုတာ သိချင်ပါသည်”ဟု ဆိုသည်။

၆။ အိန္ဒိယ ပရောဖက်ဆာ တစ်ယောက်ကတော့ “ဗုဒ္ဓဘာသာ အမွေအနှစ်များသည် နီပေါလ် ရဟန်းသီလရှင်၊ မြန်မာ၊ ထိုင်း၊ စတဲ့ ကမ္ဘာတစ်ဝှမ်းက ရဟန်း သီလရှင်တွေမှာ အဓိက တာဝန်ရှိပါသည်”ဟု ဆိုသည်။

နေ့လည်ပိုင်း--
၁။ နေ့လည်ပိုင်း အခမ်းအနားကို နေ့လည် ၁ နာရီက စသည်၊ ၃-၂၀ မိနစ်တွင် ပြီးဆုံးသည်။ ထိုအခမ်းအနားတွင် ပညာရှင်များ၊ စာတမ်းရှင်များက လုဗ္ဗိနီ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးကြီးနှင့် စပ်ပြီး ထင်မြင်ချက်များကို ပြောဆိုကြသည်။

၂။ ဒီအစည်းအဝေးကြီး၏ အထူးလုပ်ဆောင်နေသည့် နီပေါလ်ဘုန်းတော်ကြီး အရှင်နိဂြောဓက အစည်းအဝေးကြီးဖြစ်မြောက်အောင် အဓိကဆောင်ရွက်ပေးသော သီတဂူဆရာတော်၊ မြန်မာသာသနာရေးဝန်ကြီး၊ မြန်မာအလှူရှင်များ၊ မြန်မာရွှေကျောင်း၊ အလုပ်မှုဆောင်များ၊ နီပေါလ်ဆရာတော် အရှင်ဥာဏပုဏ္ဏိကနှင့် နီပေါလ် အစိုးရ၊ ဒကာဒကာမများ၊ တက်ရောက်လာသူ ပရိသတ်အပေါင်းအား ကျေးဇူးတင်ကြောင်း ပြောသွားသည်။
စာတမ်းတင်သူ၊ စီမံသူဆောင်ရွက်သူတို့ အားလုံးက သဘောတူ လက်မှတ် ရေးထိုးကြသည်။

၃။ သီတဂူဆရာတော်
အောင်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် သီတဂူဆရာတော်ကြီးက သော့ချက်မိန့်ခွန်းပြောသည်။ ဆရာတော်ကြီးက “ဒီအစည်းအဝေးကြီးဟာ ဘုန်းကြီးကို အသိဥာဏ်တွေ ပွင့်လင်းလာစေပါသည်၊ ရဟန်းငယ် စာသင်သား ဘ၀ကို ပြန်ရောက်သွားသလို ဖြစ်ရပါသည်၊ ဒီအစည်းအဝေးကြီးက ပေးသော ပညာရှင်ပေါင်းများစွာရဲ့ ဘာသာရေးရှုထောင့်၊ ယဉ်ကျေးမှုရှုထောင့်၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်၊ စည်းပွားရေး ရှုထောင့်၊ ပညာရေး ရှုထောင့်၊ နိုင်ငံရေး ရှုထောင့်စသဖြင့် ရှုထောင့်ပေါင်းစုံက တင်ပြသည့် သင်ခန်းစာများကို လေ့လာခွင့်ရပါသည်။

ဘုန်းကြီးတို့အားလုံးသည် ဗုဒ္ဓရဲ့ သားတော် သမီးတော်များဖြစ်ကြသဖြင့်လည်း ဗုဒ္ဓယဉ်ကျေးမှုအကြောင်းကို ပြောကြဆိုကြ ဆွေးနွေးကြသည်။

နေရူက “ဗုဒ္ဓဟာ Great son of India-အိန္ဒိယ၏ ကြီးကျယ် မြင့်မြတ်သော သူဖြစ်သည်”ဟု ဆိုသည်၊ နီပေါလ်ကလည်း “ Great son of Nepal- နီပေါလ်နိုင်ငံ၏ ကြီးကျယ် မြင့်မြတ်သော သူဖြစ်သည်”ဟုဆိုသည်။ ဘုန်းကြီးကလည်း “Great son of Myanmar- မြန်မာနိုင်ငံရဲ့ ကြီင်္းကျယ် မြင့်မြတ်သော သူဖြစ်သည်”ဟု ဆိုချင်ပါသည် ဆိုလိုက်တော့ ရယ်သံများ ထွက်လာသည်။
တကယ်တော့ ဗုဒ္ဓဟာ ဗုဒ္ဓဘာသာကလည်းမပိုင်၊ ခရစ်ယာန်ကလည်း မပိုင်၊ အစ္စလာန်ကလည်း မပိုင်၊ ဟိန္ဒူကလည်း မပိုင်၊ တကမ္ဘာလုံးက ပိုင်သည်။ ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂ ရှေးဟောင်းအမွေးအနှစ်အဖြစ် သတ်မှတ်ထားသည်။

ဘာသာရေးတိုင်းမှာ အပြင်ပန်းအကာ Outer Shell နှင့် အတွင်းပိုင်းအနှစ်သာရ Inner Core ဆိုတာ ရှိကြသည်၊ ယဇ်ပူဇော်ပသမှုတွေ၊ ကိုးကွယ်မှုတွေ၊ ရှိခိုးမှုတွေ စသည်များကို အပြင်ပန်းဟုဆိုသည်၊ အတွင်းပိုင်း အနှစ်သာရကတော့ သီလ သမာဓိ ပညာပင်ဖြစ်သည်။

မဟတ္တမဂန္ဓီက “ လောကမှာ သစ္စာကလွဲ ဘာမျှမရှိ”ဟု ဆိုသည်၊ ဘာသာတိုင်းဟာ သစ္စာ-အမှန်တရားတစ်ခုပဲ ရှိသည်။ ထိုအမှန်တရားသည် သီလ၊ သမာဓိ၊ ပညာပင်ဖြစ်သည်၊ ထိုအမှန်တရားသည် ဘုံဆိုင်လမ်းဖြစ်ရကား အတူလက်တွဲလျှောက်ရမည့် ဘုံဆိုင် လမ်းတံတားပင်ဖြစ်သည်။

ထို့နောက် ဆရာတော်ကြီးက အစည်းအဝေးကြီးအတွက် ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောသွားသည်။ အားလုံးနောက်တစ်ကြိမ် မြန်မာနိုင်ငံတော် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီးမှာ စုံကြပါစို့ဟု နှုတ်ဆက်ကာ အခမ်းအနားကို ရုတ်သိမ်းသည်။

အခမ်းအနားသိမ်းကို သီတဂူဆရာတော် ဦးဆောင်ကာ “ဇယန္တော ဗောဓိယာမူလေ”ဂါထာ သံပြိုင် သုံးခေါက်ဆိုက အောင်ပွဲခံကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၁၁-၂၀၁၄

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes