သီတဂူစတား

သီတဂူစတား

31 May 2010

ကျောင်းသားစိန်ခေါ်ပွဲ (student's challenge)



ကြော်ငြာစာတမ်းများ

အငြင်းအခုံအထုံရှိသော အိန္ဒိယလူမျိုးများ
အိန္ဒိယကို မရောက်ခင်ကထဲက အိန္ဒိယလူမျိုးများသည် အငြင်းသန်သည်ဟု ကြားဖူးနားဝရှိခဲ့သည်။ ဖြစ်နိုင်ခြေရှိသသည်၊ ရှေးခေတ် အတွေးအခေါ်ပညာရပ် (ancient philosopher) များသည် အနောက်နိုင်ငံတွင် ဂရိနိုင်ငံမှ စတင်ထွန်းကားလာရာ ဂျာမန်၊ ပြင်သစ်၊ အမေရိကန် စသည့်နိုင်ငံကြီးများတွင် ကျယ်ပြန့်လာကာ ခေတ်သစ်အတွေးအခေါ်ပညာရှင် (modern philosopher) များလဲ ပေါ်ပေါက်ခဲ့သည်။ အရှေ့ပိုင်းနိုင်ငံများတွင်မှာတော့ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကထဲက အတွေးအခေါ် ပညာရှင်များပေါ်ပေါက်ခဲ့သလို ခေတ်သစ် အတွေးခေါ်ရှင်များလဲ ထွန်းကားလာခဲ့သည်၊ အထူသဖြင့် အရှေ့ပိုင်းနိုင်ငံများတွင် အိန္ဒိယနိုင်ငံသည် ရှေးဟောင်း အတွေးအခေါ်ပညာရပ်များရော ခေတ်သစ် အတွေးအခေါ် ပညာရပ်များပါ ထွန်းကားဆုံး နိုင်ငံဖြစ်သည်။ အိန္ဒိယ အတွေးအခေါ်ပညာရှင်များတွင့် Nyaya ဥာယျ အတွေးအခေါ်သည် တစ်ခု အပါအ၀င်ဖြစ်သည်။ ထိုအတွေးအခေါ်တွင် အသိအဥာဏ် တိုးတက် ထွန်းကားရာဝယ် debate သည် အရေးပါသော အချက်တစ်ခုဖြစ်သည်၊ နာဂဇုန ဖီလိုဆိုဖီကို လက်ခံထားသော တိဘက်တန်ပညာရေးစနစ်သည်လည်း debate ကို အလေးထားသည်။ ထို့ကြောင့် အိန္ဒိယစာပေပညာရှင်များသည် စာပေငြင်းရ ခုံရတာကို အလွန်အမင်း နှစ်သက်ကြသည်။



အတွေးခေါ်ပညာရပ်
အတွေးခေါ်ပညာရပ်နှင့်ပတ်သက်ပြီး အချို့က ပြောကြသေးသည်၊ ဒီပညာရပ်တွေသည် အန္တရာယ် သို့မဟုတ် ပြဿနာကို ဖန်တီးသည် ဟူ၍ ပြောကြသည်၊ သီတဂူစတားလဲ ဤကဲ့သို့ ထင်မိခဲ့ဘူးသည်၊ သို့သော် ကိုယ်တိုင်ကိုယ်ကျ အတွေးအခေါ်ပညာရပ်ထဲ ၀င်ရောက် လေ့လာကြည့်မှ ဒီပညာရပ်၏တံဖိုးကို နားလည်လာသည်။ သီတဂူစတား ထင်လိုက်သည်၊ အန္တရာယ်လို့ ထင်မြင်ကြသည်မှာ ဒီပညာရပ်တွေကို မလေ့လာဘူးလို့ ဖြစ်မည်။ အတွေးအခေါ် (philosophy) ပညာရပ်သည် အလွန်ကျယ်ပြန့်ပါသည်၊ စာပေထဲမှာ အကျယ်ပြန့်ဆုံးဟု ပြောလို့ရမည်ထင်ပါသည်၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ သိပ္ပံ၊ ဘာသာစကား၊ သမိုင်း၊ ဥပဒေ စသည်စသည် များပြားလှပါသည်။ ထိုထိုပညာရပ်များသည် philosophy ကို အခြေခံထားကြသည်ကို တွေ့ရသည်။ apply philosophy ဟူ၍ပင်ဆို၏။ ဟိုက်ဒရာဘက်တက္ကသိုလ် ဖီလိုဆိုဖီဌာန တွင် ပညာသင်နေသော သူငယ်ချင်းဖြစ်သူက ဤနေရာပတ်သက်ပြီး သူ၏ ဆရာပြောသော စကားကို ထောက်ပြလိုက်သေးသည်။ Philosophy is the mother of all subjects ဟူ၍ပင်ဖြစ်သည်။
ကျွန်ုပ်တို့ အများစု (ဤပညာ မသင်ဘူးသူ) သိထားသည်မှာ ဤပညာရပ်သည် စိတ်ကူးယဉ်၊ အချို့ကတော့ ပြစ်ပြစ်ခါခါ ပြောသလို အရှုးဟူ၍ပင်ဖြစ်သည်။ ဤကား အတွေးအခေါ်ပညာရပ်နှင့်စပ်လျင်း၍ မိတ်ဆက်မျှသာတည်း။



မျိုးဆက်သစ်တို့ စိန်ခေါ်ပွဲ
Philosophy Department (ဒဿနိကဗေဒဌာန)ရဲ့ Student seminar သို့မဟုတ် (ကျောင်းသားစိန်ခေါ်ပွဲ) အကြောင်း ဆက်ကြပါစို့။ ရှေးအစဉ်အလာရှိခဲ့သော စိန်ခေါ်ပွဲဖြစ်ပါတယ်၊ ဤကဲ့သို့သော စိန်ခေါ်ပွဲ student seminar တွေကို အိန္ဒိယ နာမည်ကြီးတက္ကသိုလ်များတွင် မကြာမကြ တွေ့နိုင်ပါသည်။ တခါတရံ တက္ကသိုလ်ပေါင်းစုံက စကော်လာ (scholar) တွေဖိတ်ခေါ်ပြီး ပြုလုပ်လေ့ရှိသည်။ သီတဂူစတားတို့ ဌာန (Department of Philosophy) မှာလည်း စီနီယာ ကျောင်းသားများက ဦးစီးကာ ဆရာများ၏ လမ်းညွှန်မှုကို ရယူပြီး student seminar ပွဲကို နှစ်စဉ် ကျင်းပလေ့ရှိသည်။ ပထမနှစ်တက်တုန်းက သီတဂူစတားတို့အသုတ်က ဂျူနီယာကျောင်းသားတွေ ဖြစ်ခဲ့စဉ်က စီနီယာကျောင်းသားများက ဦးစီးပြီး student seminar ပွဲကို ဦးစီးလုပ်ခဲ့တယ်၊ အဲဒီတုန်းက ခေါင်းစဉ်က The Freedom တဲ့၊ လွတ်မြောက်မှုပတ်သက်ပြီး ခေါင်းစဉ်အောက် ကိုယ်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် စာတမ်းများ တင်သွင်းပြီး ၀င်ရောက် ဆွေးနွေးနိုင်ပါသည်။ ယခုနှစ်တော့ သီတဂူစတားတို့ အုပ်စုက စီနီယာကျောင်းသား ဘ၀ရောက်နေကြပြီဆိုတော့ student seminar ကိုလဲ ဦးစီးကြရတယ်။ ခေါင်းစဉ်က The Concept of Man ဟုပေးထားပါသည်။ ထိုခေါင်းစဉ်အောက်မှာ ကိုယ်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် စာတမ်းများတင်သွင်းကာ ၀င်ရောက် ဆွေးနွေးနိုင်ပါသည်။ ဤသည်ပင် Department ဌာနက ကျောင်းသားတွေကို ပွဲထုတ်ပေးသည့် သဘောပင်ဖြစ်သည်။ သီတဂူစတားအဖို့ များစွာ အတွေ့အကြုံရလိုက်ပါသည်၊ ကျောင်းသားဘ၀ရဲ့ တံဖိုးဆိုတာ ဒါမျိုးပဲပေါ့၊ နောက် တစ်ခု သီတဂူစတား စိတ်ထဲမှာ ကြိတ်ပြီး ချီးကြူးမိသည်မှာ အိန္ဒိယကျောင်းသားတွေရဲ့ သတ္တိနှင့်ဗျတ္တိပင်ဖြစ်ပါသည်၊ သူတို့တတွေ ဘာ့ကြောင့် မကြောက်မ၀ံ့ဘဲ ရဲရဲကြီး ပရိသတ်အလည်မှာ ပြောရဲဆိုရဲရှိသနည်းဟူ၍လည်း အတွေးတွေ ၀င်လာပါသည်။




စီမီနာပုံစံ
ပေးထားတဲ့ခေါင်းစဉ်ကြီးအောက်မှာ ကိုယ်ကြိုက်နှစ်သက်ရာ ရှုဒေါင့်မျုးစုံကနေ တင်ပြနိုင်ပါတယ်။ စာတမ်းတင်သွင်းသူတွေ များနေသဖြင့် ၂ ရက်ခွဲလုပ်ရသည်။ တစ်နေ့ကို morning section နှင့် evening section ဟူ၍ ခွဲထားသည်၊ ထိုအချိန် ၂ ခုအကြား နေ့လည်စာ စားချိန်ပေးထားသည်။ မနက် ၁၁ နာရီမှ ညနေ ၆ နာရီထိဖြစ်သည်။ ကျောင်းသား စီမီနာ ဆိုပေမဲ့ chair man အတွက် အခြား တက္ကသိုလ်မှ ဆရာမတွေလည်း လာသည်။ ဌာနကနေ အကုန်အကျခံ ကျင်းပသည်ဆိုပေမဲ့ စားစရိတ်၊ လက်ဆောင် ပစ္စည်း ကုန်ကျစရိတ်အားလုံးကို ပညာရေးကော်မတီထံ တင်ပြရသည်။ အိန္ဒိယနိုင်ငံသည် ပညာရေးကို ဦးစားပေးစနစ်ဖြစ်ရကား ပညာရေးနှင့်ပတ်သက်တာ မှန်သမျှ အကုန်အကျ ခံနိုင်သည်။ နိုင်ငံအတွင်းမှာပင် ဆင်းရဲနွမ်းပါးသူတွေအတွက် အထူးထောက်ပံ့အဖွဲ့တွေ ရှိနေသည်ကိုလည်း တွေ့နိုင်ပါသည်။



စားကြမယ် ကောင်းကောင်း (နေ့လည်စာ)

လွတ်လပ်မှု၏ တံဖိုး
အိန္ဒိယပြည်ကြီးကိုက လွတ်လပ်မှုဖြင့် တည်ဆောက်ထားသည် ဖြစ်ခြင်းကြောင့် အိန္ဒိယကျောင်းသားတွေမှာ ဘယ်လို ပွဲပဲတိုးရတိုးရ ကြောက်ရွံ့မှုမရှိ ရဲရင့်စွာ ပြောရဲ ဆိုရဲရှိသည်၊ အကြောက်တရားအောက်မှာ နေလာခဲ့သည့် ကြီးပြင်းလာခဲ့ကြသည့် ကျောင်းသား ကျောင်းသူတွေမှာတော့ ပွဲမတိုးရဲ၊ အရာရာကို ကြောက်ရွံ့နေသည်၊ စိုးရိမ်နေသည်၊ လွတ်လွတ်လပ်လပ် မတွေးရဲ မပြောရဲဘဲ ခက်ကုတ်ကုတ် နေကြရသည်။ ထိုသို့သော လွတ်လပ်မှုအောက်မှာ ကြီးပြင်းခဲ့ကြသော အိန္ဒိယကျောင်းသူ ကျောင်းသားတွေသည် ကလေးဘ၀ကထဲက ပရိသတ်ရှေ့ထွက်ရဲသည်၊ ပြောရဲသည်၊ သူတို့တတွေသည် ပြောခွင့်ရဘို့ပဲ မျော်လင့်နေသည်၊ seminar တွေမှာဆိုရင် ကျောင်းသားတွေသည် ရဲဝံ့စွာ မေးခွန်းထုတ်သည်၊ ဆရာတွေကလဲ မေးခွန်းမေးလေ့ရှိသော ကျောင်းသား ကျောင်းသူကို သဘောကျသည်၊ အချို့ဆရာမတွေသည် group discussion အတန်းထဲမှာပဲ ဖြစ်ဖြစ် seminar မှာပဲ ဖြစ်ဖြေစ် မေးခွန်းထုတ်ခြင်း၊ ၀င်ရောက် ဆွေးနွေးခြင်းများကို ပြုလုပ်သော ကျောင်းသားများကို အမှတ်ပေးလေ့ရှိသည်။ ပညာရေးကို လွတ်လပ်စွာ ဖွင့်ပေးထားခြင်း သဘောပင်။ လွတ်လပ်စွာ ဆွေးနွေးခြင်း၊ အသိပညာ ဖလှယ်ခြင်း၊ အသိပညာ ယှဉ်ပြိုင်ခြင်း၊ (debate, discussion, counter-question) စသည်များသည် ကျောင်းသား ကျောင်းသူတွေရဲ့ အသိဥာဏ်များကို ဖွင့်ပေးလိုက်ရုံ မဟုတ်ဘဲ သူတို့လေးတွေရဲ့ အသိပညာကိုလဲ တိုးတက်စေသည်၊ မည်သည့်ပွဲမျိုးမဆို တိုးရဲသည့် သတ္တိ ခွန်အားတွေကိုလည်း ပံ့ပိုးပေးရာရောက်ပါသည်။
ဤကား စာမေးပွဲနှင့်မဆိုင်သော အလွတ်သလော ပညာဖလှယ်ပွဲ သို့မဟုတ် ကျောင်းသား စိန်ခေါ်ပွဲ ပင်ဖြစ်ပါသည်။




ပူနေးမြို့မှမထွက်ခွါမီ ပူနေးနှင့်ပတ်သက်သည့်အတွေ့အကြုံများ ဆက်လက်တင်သွားပါဦးမည်။

သီတဂူစတား
၃၁-၅-၂၀၁၀

28 May 2010

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ (အပိုင်း-၃)


လေ့လာရေးခရီးအမှတ်တရ ပုံလေးပါ

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ (အပိုင်း-၃)
ရောက်လာပါပြီ Second Semester၊ ဤအပိုင်းကိုတော့ အတိုဆုံးဖြစ်အောင် ခြုံ၍ တင်ပြပါတော့မည်။ ကျောင်းတွေ ပြန်ဖွင့်ပြန်ပါပြီ၊ second semester ကျောင်းစဖွင့်ချိန်သည် ရာသီဥတု အရမ်းကောင်းပါသည်၊ သို့သော် အပူပိုင်းဘက်သို့ တဖြေးဖြေး ရွေ့ရှားလာနေသည်။ ကျောင်းက တစ်လ ကျော်ကျော်လောက် ပိတ်ထားသည်။ ဒုတိယ semester (တစ်နှစ်သင်နှစ်) ပြီးလျှင်တော့ ၂ လကျော် ၃ လနီးပါးလောက် ပိတ်လေ့ရှိသည်။ သူငယ်ချင်းတွေနှင့် မတွေ့တာကြာတော့ တွေ့တွေ့ချင်း Hi! How are you? စသည်ဖြင့် နှုတ်ဆက်ကြသည်၊ တချို့က ဖက်လဲတကင်းလုပ်ရင်း နှုတ်ဆက်တက်သည်။ သီတဂူစတားတို့ အတန်းတွင် ကိုရီးယားကျောင်းသူ တစ်ယောက်ပါသည်၊ သူက နှုတ်ဆက်လျှင် ဖတ်ပြီးနုတ်ဆက်လေ့ရှိသည်။ သီတဂူစတားတော့ ကြက်သီးမွေးညင်းတွေတောင်ထလာသည်၊ အဲလို နှုတ်ဆက်မှာကို ကြောက်လို့ပါ။ တခါက သူက အခန်းထဲမှာ အရင်ရောက်နှင့်နေသည်၊ Option ဘာသာရပ်တစ်ခုမှာ ကျောင်းသားက ၃ ယောက်ထဲရယ်၊ သီတဂူစတား စာသင်အခန်းထဲ ၀င်လိုက်တော့ Hi! Kovida! How are you? ဆိုကာ လက်နှစ်ဖတ်ဖြင့် ဖတ်တော့မည့် ဟန်ပြင်နေသည်၊ ကိုယ်က သူလုပ်သလို ပြန်မလုပ်ပြန်ရင်လဲ လူမှုရေးအရ ရိုင်းရာကျမည်။ လိုက်လျောပြန်ရင်လဲ ကိုယ်က ရဟန်းဖြစ်နေပြန်၊ သူက ဟန်ပြင်နေတုန်း ကိုယ့်လက်ထဲမှာ ချိုချဉ်တစ်ထုပ်က အရန်သင့် ပါလာသည်အတွက် အဆင်ပြေသွားသည်၊ ချိုချဉ်ထုတ် ထိုးပေးလိုက်သည်၊ Please enjoy! သုံးဆောင်လိုက်ပါဦးပေါ့။ တော်သေးသည် ချိုချဉ်ထုပ်က ၀င် ကယ်ပေလို့၊ နို့မို့ဆို သီတဂူစတားတော့ ရေတိမ်နှစ်တော့မလို့-ဟားးးးးးး။ သမဏသညာ သည် အရေးကြီးပါသည်၊ သီတဂူစတားတို့လို ဘ၀ သမားတွေ အတွက် ကိုယ် ဘယ်နေရာ ရောက်ရောက် ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် သမဏသညာ မမေ့ဖို့ အလွန်အရေးကြီးပါသည်။

စာသင်နှစ် ပထမနှစ်ဝက်လောက်ရလာတော့ အနေသားကျလာသည်၊ အတန်းတက်ရတာလဲ ပျော်လာသည်။ lecture တွေလဲ ၅၅ ရာခိုင်နှုံးလောက်ထိ နားလည်လာသည်။ Second semester မှာလဲ ဆရာမ ချဉ်ချိုရီဘာသာရပ်နှင့် တိုးပြန်သည်။ ဆရာမက ပြောသေးတယ်၊ မင်း အင်္ဂလိပ်စာ ကောင်းရက်သားနဲ့ စကားပြောရမည်ဆိုပြီး ရှေ့တိုးထိုင်ခိုင်းသည်။ Second Semester မှာ သင်ရသည် ဘာသာရပ်များကတော့ (၁) Western Epistemology by Dr. Gokhle (၂) Indian Metaphysic by Dr. Bhelke (၃) Yoga Philosophy by Dr.Bhelke နှင့် (၄) Mahayana Buddhism by Dr.Migalar Chinchory. တို့ ဖြစ်ကြသည်။

Third Semester
နောက်နောက် Semester တွေမှာတော့ နားလည်မှုစွမ်းအား listening skill ပိုတိုးတက်လာသည်။ Third Semester မှာ (၁) Ethics and Meta-Ethics by Dr.Chahal (၂) Indian Philosophy of Life by Dr. Gokhale (၃) Buddhist logic by Dr. Gokhale နှင့် (၄) Ambedkar Thought by Dr. Latta Chatray. ဤ Semester များမှ ဘာသာရပ် အများစုသည် ရှေးက semester ၂ ခုက ဘာသာရပ်များထက် လွယ်ကူသည်ဟု ထင်မိသည်။ သက်တောင့်သက်သာ ရှိလှသည်။

သီတဂူစတား ဘလော့ဂ်
ဤ semesterတွင် ၂ လ လောက် စာသင်ပြီးချိန်မှစ၍ သီတဂူစတား ဘလော့ဂ် တစ်ခု တည်ထောင်ခဲ့သည်၊ ဘလော့ဂ် စရေးခါစဆိုတော့ ဘလော့ဂ်နှင့်ပတ်သက်တာတွေ လေ့လာ မှတ်သားရင်း ဘလော့ဂ် ပုံစံ အမျိုးပြောင်းလဲခြင်း၊ နေ့တိုင်းနီးပါး ပို့စ်တွေ တင်ခြင်းဖြင့် ကျောင်းစာ လုပ်အား သိသိသာသာ လျှော့ကျသွားသည်၊ နေ့စဉ် ကိုယ့်ဘလော့မှာ အားပေးလာတဲ့ ပရိသတ်တွေရဲ့စကားတွေနဲ့ပဲ စာလုပ်ချိန်ကိုပင် မေ့လျော့ကာ ဘလော့ဂ်ထဲမှာပဲ စိတ်က ရောက်နေသည်။ ဘလော့ဂ် ခရေဇီ (blog crazy) ဖြစ်ခဲ့သည်၊ မထင်မှတ်ဘဲ ၆ လအတွင်းမှာ ဘလော့ဂ် အကယ်ဒမီ ရသည့်အထိ ဖြစ်သွားသည်။ စာမေးပွဲ ဖြေဆို အချိန်တွင်းမှာတောင် ပို့စ် ရေးတင်လိုက်သေးသည်၊ ဒါပေမဲ့ စာမေးပွဲ ရမှတ်တော့ ပထမနှင့် ဒုတိယ semester တို့ထက် အမှတ်များစွာ တိုးလာသည်။ စာလုပ်အား နဲပေမဲ့ နားလည်မှုစွမ်းအား မြင့်လာသည်ဟု ဆိုရပေမည်၊ အိန္ဒိယမှာ ကျောင်းတက်ရတဲ့ အမြတ်အစွန်းသည် အတွေ့အကြုံ ဗဟုသုတ အပြင် အင်္ဂလိပ်စကား နားထောင်မှု စွမ်းရည် (listening skill) နှင့် စကားပြော (speaking skill) စွမ်းရည်များ တိုးတက်လာသည်ဟု ဆိုနိုင်ပါသည်၊ အလွန်စကားနဲသော သီတဂူစတား သည်ပင် မဖြစ်မနေ ပြောခွင့်ကြုံတော့ ပြောရသည့်အတွက် အနဲငယ် စကားပြောအားလဲ တိုးတက်လာသည် ဟု ဆိုရမည်။

Fourth Semester (နောက်ဆုံး စင်မီစတာ)

နောက်ဆုံး Semester သို့ ရောက်လာပါပြီ။ ဤ semester subjects တွေ အားလုံးနီးပါး သီတဂူစတားအတွက် အခက်တွေချည်းပဲ ဖြစ်သည်။ ထိုဘာသာရပ်များကား-- (၁) Philosophical Language (Indian and Western) (၂) Social and Political Philosophy (Western) (၃) Bio-Ethics နှင့် (၄)Nagarjuna Philosophy တို့ဖြစ်သည်။ ကိုယ်နဲ့ရင်းနှီးသည့် ဘာသာရပ်တစ်ခုမှ မပါ၊ နံပါတ် (၄) ဘာသာရပ်သည် အနဲငယ် ရင်းနှီးသည်ဟူ၍ ဆိုနိုင်ပါသေးသည်။ နောက်ဆုံး semester လဲဖြစ် subjects တွေကလဲ အခက် ဖြစ်နေတော့ မလိုက်နိုင်မှာ၊ မအောင်မှာ အလွန်စိုးရိမ်စိတ်များနေသည်၊ ဘာသာရပ် တစ်ခု ကျသွားရင် နောက်နှစ် semester တစ်ခု ထက်တက်ရမည်၊ အချိန်ကုန်သည့်အပြင် ပိုက်ဆံ များစွာ ကုန်ဦးမည်၊ ထိုအရေးတွေကို တွေးပြီး နောက်ဆုံး semester မှာ ကျောင်းတက်ရတာ ပင်ပန်းသည်ဟု ခံစားရသည်။

နောက်ဆုံး စာမေးပွဲ

နောက်ဆုံး စာမေးပွဲကြိး စပါပြိ၊ ရှေးရှေးက semester တွေထက် ပိုပြိး ရင်ခုန်နေမိသည်၊ စာဖြေခါနိးရောက်လေလေ ငယ်ငယ်တုန်းက သာမဏေသကျသိဟ စာမေးပွဲ ၀င်တုန်းက ရင်တုန်သလိုမျိုး ခံစားနေရပြန်သည်၊ ကိုယ့်ကိုယ်ကို ပြန်ငယ်သွားသလား အောင့်မေ့မိ၊ အကြောင်းကား ဘာသာရပ်များကလဲ ရှေးဘာသာရပ်တွေထက် ခက်သည်က တစ်ကြောင်း၊ အကယ်၍များ ခြေချော် လက်ချော်ဖြစ်ပြိး တစ်ဘာသာလောက် ကျသွားပါက နောက် semester ပြန်တက်ရမှာကို တွေးပြိး ကြောက်နေသည်ကား အကြောင်းတစ်ရပ်၊ သူများတွေ အိန္ဒိယမှာ ပျော်လွန်းလို့ နှစ်များစွာ နေနိုင်ပေမဲ့ သီတဂူစတားမှာတော့ အိန္ဒိယမှာ ငြိးငွေ့လာတာက တစ်ကြောင်း၊ ထိုထိုအကြောင်းများစွာကြောင့် စာမေးပွဲမှာ ရင်တုန်ရ။

မှတ်ဥာဏ်နဲသော သီတဂူစတား
သို့သော်လည်း စိုးရိမ်စိတ်များစွာနဲ့ ပိုကြိုးစားခဲ့သောကြောင့်ထင်ပါသည် ရှေးရှေးက semester တွေထက် အမှတ်ပိုရနေသည်ကို တွေ့ရသည်၊ အင်္ဂလိပ်စာ အရမ်းကောင်းသော အိန္ဒိယကျောင်းသူ ၃ ယောက်က လွဲရင် အိန္ဒိယကျောင်းသား အများစုထက် အမှတ်ပိုရသည်။ ဤကား ကျောင်းမှန်ခြင်း၊ ကျိုးစားခြင်း၏ ရလဒ်ပင်ဖြစ်သည်။ အတန်းထဲမှာ နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ ဆရာ ပြောသမျှ မှတ်စု လိုက်ရေးဘို့ အရေးကြီးသည်၊ ဆရာတွေကတော့ ပြောနေချိန်တွင် စာလိုက်ရေးတာ မကြိုက်၊ သူတို့ပြောတာကိုပဲ ဂရုတစိုက် နားထောင်စေလိုသည်။ သီတဂူစတားတော့ မှတ်ဥာဏ်မကောင်းသောကြောင့် ပြောသမျှ လိုက်ရေးနေရသည်၊ နို့မိုဆိုရင် အတန်းအပြင်ရောက်တာနဲ့ ဆရာသင်ပြသမျှတွေ အားလုံးပျောက်ကုန်တော့သည်၊ အသက်တွေကလဲ ကြီးလာပြီကိုးးးးး။ ဇရာ ဇရာ ဇရာ တဲ့ဗျာ။

Philosophy Department (ဒဿနိကဗေဒဌာန)ရဲ့ Student seminar သို့မဟုတ် student's challenge (ကျောင်းသားစိန်ခေါ်ပွဲ) အကြောင်း ဆက်လက် တင်ပြဘို့ ရှိပါသေးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၂၈-၅-၂၀၁၀

25 May 2010

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ (အပိုင်း-၂)


အတန်းဖော် ထိုင်းရဟန်းတော်၊ အခြားဌာနမှ ကညာနိုင်ငံမှ ကျောင်းသူနှင့် သီတဂူစတား

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ (အပိုင်း-၂)
Nyaya Philosophy

နောက် option subject တစ်ခုက Indian Philosophy ထဲက Nyaya ဖီလိုဆိုဖီဖြစ်သည်၊ ထိုဘာသာရပ် ယူသော ဆရာမနာမည်က ပရောဖက်ဆာ ဒေါက်တာ မင်္ဂလာချင်ချိုရီ အပျိုကြီးဖြစ်သည်၊ ဌာနမှာတော့ နာမည်ကြီးသည်၊ သူ့အတန်းဆိုလျှင် အိန္ဒိယကျောင်းသားတွေ ရှောင်ကြသည်။ အကြောင်းက စည်းကမ်းကြပ်လွန်းသည်၊ ကျောင်းမှန်မှန်မတက်လို့ကတော့ အဲဒီကျောင်းသား ကျောင်းသူကို တနည်းမဟုတ် တနည်းနည်းနဲ့ ခြိမ်းခြောက်သည်။ သီတဂူစတားတို့ စီနီယာ အိန္ဒိယကျောင်းသားတစ်ယောက် ကျောင်းမမှန်လို့ သူ့ဘာသာမှာ presentation , internal test, assignment များတင်ခွင့်မပြုသဖြင့် စာမေးပွဲဆုံးရှုံးခဲ့၊ သီတဂူစတား သူငယ်ချင်း အတန်းတူ ကိုရီးယားကျောင်းသူလည်း နောက်ဆုံး semester မှာ ကျောင်းတက်မမှန်တာနဲ့ နည်းမျိုးစုံနှင့် ကြိမ်းမောင်းသည်၊ ဒီကျောင်းသူလေးဆိုရင် ဆရာမနှင့် စကားများပြီး အမ်အေတန်းတစ်ခုလုံးကို cancel လုပ်ပြစ်လိုက်သည်။ သူလဲ စာတော်သူတစ်ယောက်ဖြစ်သည်။ ပထမ semester ဆိုတော့ သီတဂူစတားလဲ မယောင်မလည်နဲ့ ဆရာမချင်ချိုရီ ဘာသာရပ်တက်မိရဲ့သားဖြစ်သွားသည်။ ကျောင်းသား ၂ ယောက်ပဲ ရှိသည်၊ အစောပိုင်းက ၄ ယောက်လောက်ရှိသည်၊ နောက်တော့ သူ့စည်းကမ်းတွေကြောင့် ကျောင်းသားအချို့ နောက်ဆုတ်သွားသည်။ သီတဂူစတားနှင့် အိန္ဒိယကျောင်းသူ ရ်ရှမီ နှစ်ယောက်သာကျန်တော့သည်။ ကျောင်းသားများ ရှောင်ချင်လဲ ရှောင်ချင်စရာပင်။ အမှတ်ပေးလဲ ကြမ်းသည်အပြင် စည်းကမ်းကလဲ ကြီးလုက်တာ ပြောမနေပါနဲ့။ ဒါပေမဲ့ သီတဂူစတားက ဒီဆရာမကို ကြိုက်နေတယ်၊ ကြိုက်တယ်ဆိုတာ တမျိုးမထင်နဲ့နော်၊ ဟီးးးးးးးးး။ စာသင်တာ တော်တော်လေး စနစ်ကျတယ်၊ စာရေးနည်း၊ Presentation ရေးနည်းတွေ သူ့ဆီကနေရသည်၊ အခြားဆရာ ဆရာမတွေက အဲလောက်ထိ ပြောမပြ၊ စည်းကမ်းကြီးသလောက် စာသင်တဲ့နေရာမှာလဲ စိတ်ပါလက်ပါရှိလှသည့်အတွက် သီတဂူစတားက ကြိုက်သည်။

ခက်ခဲပေမဲ့
စာသင်ပြီးလို့ ၂ လကျော်တော့၊ သီတဂူစတားအတွက်တော့ တစ်လတာမျှသာရှိသေးသည့်အချိန် assignment များတင်ဘို့ ခေါင်းစဉ်တွေ ပေးပြီ၊ အဲဒါမှ ခက်တာပဲ၊ ကိုယ်က အခုထိ ဘာမှ နားမလည်သေး၊ နားမလည်ဘဲ ဘယ်လိုလုပ် ရေးမလဲ၊ စိတ်ဓာတ်ကျနေသည့်အချိန် ကံကောင်းချင်တော့ ကုလားသူငယ်ချင်း (တောသား)တစ်ယောက် သီတဂူစတားကို အတော်ခင်သည်၊ သူကို အကူအညီတောင်းရသည်၊ စာရေးပုံ၊ ဆရာမသင်ပြီးသား စာတွေ ပြန်ရှင်းပြခိုင်းသည်၊ ကျောင်းသားတစ်ယောက်က ရှင်းပြလိုက်တော့မှ အတော်အတန် နားလည်လာသည်။ သိတဲ့အတိုင်းပဲ ဖီလိုဆိုဖီသည် မြန်မာလိုရေးထားသည့် စာတွေသည်ပင် နားလည်ဘို့ ခက်ခဲပါသည်၊ ကိုယ့်အတွက် second media ဖြစ်တဲ့ အင်္ဂလိပ်ဘာသာဖြင့် နားလည်ဘို့ ပိုခက်ခဲသွားသည်။ ဒါပေမဲ့ ဖြစ်အောင် ကျိုးစားခဲ့သဖြင့် အတိုင်းတာတစ်ခု အောင်မြင်နိုင်ခဲ့သည်။

ကျွန်ုပ် နှင့် အင်္ဂလိပ်စာ
အိန္ဒိယကျောင်းသားတွေသည် အင်္ဂလိပ်စာ အရမ်းတော်ကြသည်၊ ကိုယ့်ဘာသာလိုပဲ ပြောနိုင်ကြသည်။ သီတဂူစတားခမျာ မျက်နှာငယ်ရသည်၊ မြန်မာပြည်မှာတုန်းက ၉ နှစ်လောက် အင်္ဂလိပ်စာသင်ခဲ့သည်၊ English Diploma နှင့် B.A ဘွဲ့တွေ ပြီးခဲ့ပေမဲ့ ဒီမှာတော့ အညံစားပဲ။ ဆရာမက ပြောသေးတယ်။ ကောဝိဒ- မင်း အင်္ဂလိပ်စာ သင်ဦးတဲ့။ သီတဂူစတားက စကားတစ်ခွန်းမှ မပြောတော့ အဲလောက်ညံ့သည်ဟု ထင်ပုံရသည်။ ဟုတ်ပါပြီ ငါ အင်္ဂလိပ်စာ သင်ပါ့မယ်လို့ ပြောလိုက်တယ်။ စာမေးပွဲတွေလဲ ပြီးရော။ နောက်နေ့ တွေ့တော့ သူအံ့သြသွားသည်။ မင်း အင်္ဂလိပ်စာတော်တော် ရေးနိုင်တာပဲ၊ အင်္ဂလိပ်စာတွေလဲ ကောင်းရဲ့သားနဲ့ ဘာလို့ စကားမပြောတာလဲတဲ့။ အဲဒါ မကောင်းဘူးတဲ့၊ M.A ကျောင်းသားတစ်ယောက်ဟာ စကားပြောရမယ်၊ ဆွေးနွေးရမယ်၊ မေးရမယ်တဲ့၊ ဒါမှ တိုးတက်တာ စသည်ပြောသည်၊ research ကျောင်းသားတစ်ယောက် ဆိုရင် မပြောလဲ ကိစ္စမရှိဘူးတဲ့၊ မှန်ပါသည်၊ ဆရာမပြောတာ လုံးဝကို မှန်သည်၊ ဆွေးနွေးမှ အဖြေရသည်၊ ကျောင်းသားတွေ မေးခွန်းထုတ်တဲ့ အခါ ဆရာက ပြန်လည်ရှင်းပြပါမှ တချို့ကိစ္စတွေ ပိုရှင်းသွားတာတွေ ရှိသည်။ ခက်တာက သီတဂူစတား ပင်ကိုယ်စရိတ်ကိုက စကားပြောနဲသည်၊ ဘယ်လိုမှ ပြင်လို့မရ၊ ထို့ကြောင့်လဲ စကားကောင်းကောင်း မပြောတတ်ဖြစ်နေသည်၊ တရားဟောဓမ္မကထိက တပါး ဖြစ်ဘို့ဆိုတာ ဝေးစွ။

နောက် Option Subject တစ်ခုကတော့ Samkhya (သင်္ခယျ) ဖီလိုဆိုဖီဖြစ်သည်။ သူသည်လည်း အိန္ဒိယ ဖီလိုဆိုဖီထဲက အရေးပါသည့် ဖီလိုဆိုဖီတစ်ခုဖြစ်သည်။ ထိုဘာသာရပ်ကို ကိုင်သော ဆရာသည် ပရောဖက်ဆာ ဒေါက်တာ Gokhale ဖြစ်သည်၊ အိန္ဒိယအတွေးခေါ်နှင့်ပတ်သက်ပြီး အတော်နိုင်သည်၊ ပါဠိစာပေများကိုလည်း အတော်အတန် နားလည်နေသည်၊ ကျောင်းသားအများစုရဲ့ မေတ္တာကို ရရှိသူဖြစ်သည်၊ ကျောင်းသားအားလုံးက သဘောကျကြသည်၊ အကြောင်းက စာသင်ကောင်းရုံမဟုတ်ဘဲ ကျောင်းသားတွေအပေါ် နားလည်မှုပေးနိုင်ခြင်းကြောင့်လဲ ဖြစ်သည်။ အခု ကျောင်းသားသည် စာပေအားနဲနေပေမဲ့ နောင်တချိန် သူလည်းပဲ ဖီလိုဆိုဖာ တစ်ယောက်ဖြစ်လိမ့်မည်ဟူ၍ လက်ခံထားသည်၊ ကျောင်းသားတွေ အပေါ် ဘယ်တော့မှ နှိမ်ချ ပြောလေ့မရှိ၊ အမြဲတမ်း အားပေးနေသည်။ နောက် Compulsory Subject နှစ်ခုထဲက တစ်ခုဖြစ်တဲ့ Indian Epistemology ဘာသာရပ်ကိုလည်း ဒီဆရာကြီးပဲ ကိုင်သည်။ Epistemology ဘာသာရပ်သည် Indian ပဲဖြစ်ဖြစ် Western ပဲ ဖြစ်ဖြစ် ခက်ခဲပါသည်၊ သူ့ကို Theory of Knowledge လို့ခေါ်ပါသည်။ subject က ခက်ခဲသည့်အပြင် English ကလဲ အားနဲနေတဲ့ သီတဂူစတားအတွက် အတော် လုပ်ခဲ့ရသည်။ သူများ ပျော်လို့မှ မောင့်မှာ မပျော်နိုင် ဆိုတာလို၊ အေးအေးဆေးဆေး နေနိုင်ခွင့် မရှိခဲ့၊ ကျောင်းက အပြန် ကိုယ့်အခန်းရောက်တာနဲ့ စာဖတ်ရသည်၊ သင်ခဲ့တဲ့ lesson တွေကိုလဲ စာအုပ်ထဲမှာ ပြန်ရှာရသည်၊ စာကြည့်တိုက်ကို အသုံးချရသည်။ အိန္ဒိယတက္ကသိုလ်များ၏ စာသင်နည်းသည် ကျောင်းသားတွေကို စာကြည့်တိုက်ထဲ ရောက်အောင် ပို့သည့် စနစ်ဖြစ်သည်။

နောက် Compulsory Subject တစ်ခုကတော့ Western Metaphysic ဖြစ်သည်၊ ဤဘာသာရပ်ကိုတော့ ပရောဖက်ဆာ ဒေါက်တာ Bhelke ကိုင်သည်၊ ယခုအချိန်မှာတော့ သူက Department Head ဖြစ်နေသည်။ သူသည် စကားပြောရှင်းသည်။ ရောက်ခါစက သူ၏ အင်္ဂလိပ်စကားတစ်ခုပဲ နဲနဲ နားလည်နိုင်ခဲ့သည်။ သူသည် သဘောထားကောင်းသလို စည်းကမ်းလဲ ကြီးသည်။

စာမေးပွဲနှင့် အမှတ်
Semester တိုင်းမှာ Internal Test နှင့် External Test ဟူ၍ နှစ်မျိုးခွဲထားသည်၊ နောက်ဆုံး စာမေးပွဲကို External Test ဟူခေါ်သည်၊ အမှတ်ကို ၅၀ စီပေးထားသည်၊ Internal test အမှတ် ၅၀ ကို ဘာသာရပ်တစ်ခုကို assignment နှစ်ခု တင်ရသည်၊ ထို assignment ၂ခုလုံးသည် viva or oral test ပါ ပါသည်၊ assignment တစ်ခု ၁၀ မှတ် ၂ခုဆိုတော့ ၂၀ မှတ် နုတ်ဖြေ Oral test နှစ်ခု တစ်ခုကို ၁၀ မှတ်၊ နှစ်ခုဆိုတော့ အမှတ် ၂၀၊ နောက် ၁၀ မှတ်စာကတော့ seminar သို့မဟုတ် presentation ဖြစ်သည်၊ ကိုယ်ရွေးချယ်ထားသည့် ခေါင်းစဉ်တစ်ခုကို ကျောင်းသားနှင့် ဆရာတွေရှေ့မှာ တင်ပြရသည်၊ ကျောင်းသားများထံမှ ကိုယ့် topic နှင့်ပတ်သက်ပြီး မေးခွန်းများ ထွက်လာပါသည်၊ ကျောင်းသားက မမေးလျှင် ဆရာက မေးသည်။ လူတောသူတော မတိုးတဲ့ သီတဂူစတားအတွက် presentation သည် အကြောက်ရဆုံးဖြစ်နေသည်။ ဆရာနှင့် ကျောင်းသားတွေရှေ့ ရောက်လာလျှင်ပဲ ဒူးတွေ တုန်နေတော့သည်၊ အသက်ရှုပင် မ၀ဖြစ်နေသည်၊ ရှေ့ရောက်ရောက်ခြင်း စာမဖတ်နိုင်သေးပဲ အသက်ကို ၀၀ရှုလိုက်ရသေးသည်၊ ခြေတွေ လက်တွေများ ချွေးတွေတောင် ထွက်နေသည်။ စဖတ်ခါစ တုန်တုန်ရီရီဖြစ်ပေမဲ့ အရှိန်ရလာတာနဲ့ သွက်လည်းသွက်လာသလို အသံလည်းမြည်လာသည်။

တခါက ဆရာမ မင်္ဂလာချင်ချိုရီရဲ့ ဘာသာရပ်မှာ presentation လုပ်တော့ လက်က ချွေးတွေ ထွက်လာတာကို သူမြင်သွားသည်၊ ဘာဖြစ်တာတုန်းတဲ့၊ ငါက မင်းရှေ့မှာမို့ ချွေးတွေထွက်တာလို့ ပြောတော့ ဆရာမက အားရပါးရကို ရယ်သည်။ သူကပြောသေးတယ် I am not going to eat you. ငါ မင်းကို ကိုက်မစားပါဘူး တဲ့။ assignment, presentation, oral test စသည် လုပ်ချိန်သည် နောက်ဆုံး External test Exam နှင့် ကပ်၍လုပ်သဖြင့် အဲဒီအချိန်ဟာ ပူနေးကျောင်းသားတိုင်းသည် စာရေးလိုက် စာဖတ်လိုက် စာကြည့်တိုက် ပြေးလိုက် စသည်ဖြင့် စာထဲပဲ စိတ်ကို လုံးဝနစ်ထားရသည်၊ စာနဲ့ပဲ အလုပ်ရှုပ်နေရတော့သည်။

ထို့ကြောင့် M.A ကျောင်းသားသည် Semester ၄ ခုရှိ၍ Semester တစ်ခုတွင် လေးဘာသာရှိရကား Presentation ပေါင်း ၁၆ ကြိမ်တွေ့ရမည်။ အဲဒီ Presentation တစ်ခု ပြီးတာနဲ့ စာမေးပွဲ တစ်ခု ပြီးသွားသည် ဟု ခံစားလိုက်ရသည်။ External test မှာတော့ အမှတ် ၅၀ သာပဲ ဖြေရတော့သည်။
ဤကား First Semester အချိန်ခါတုန်းက တွေ့ကြုံခဲ့ရသော ဘာသာရပ်များနှင့် ဆရာများဖြစ်ပါသည်။

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ (အပိုင်း-၃) ကို ဆက်လက် တင်ပြပါဦးည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

22 May 2010

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ (အပိုင်း-၁)



ဤပို့စ်လေးက
ဒီပို့စ်လေးက သီတဂူစတားရဲ့ ကျောင်းသားဘ၀ ပုံရိပ်ကလေးတွေကို ပြောပြနေသလို ပူနေးတက္ကသိုလ်ကို စိတ်ဝင်တစားရှိနေသူများနှင့် ကျောင်းတက်ဘို့ ရည်ရွယ်ထားသူများကိုလည်း သတင်းအင်ဖော်မေးရှင်း( information) အဖြစ် ပြောပြပါလိမ့်မည်ဟု ယုံကြည်ပါသည်။

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ
ကျောင်းမတက်ခင်မှာပဲ ကျောင်းသားတစ်ယောက် ဖြစ်ဖို့ ရုံးဝင်ရုံးထွက် ကိစ္စတွေ ၁၄ရက်လောက် ပြေးလွားလိုက်ရပါတယ်၊ အားလုံးကိစ္စတွေ ပြီးတော့ ကျောင်းတက်ဘို့ကိစ္စ စရပြန်သည်။ ကျောင်းမတက်ခင် ကျန်နေသေးသော အရေးပါသော အချက်လတ် တစ်ခု တင်ပြရပါဦးမယ်။

ကျောင်းဝင်ခွင့်စာမေးပွဲ
ကျောင်းသားတစ်ယောက် ဖြစ်ဘို့ ၀င်ခွင့် ၂ ခုကို ကျော်ဖြက်ရပါဦးမယ်။ (၁) တက္ကသိုလ်ကြီးတစ်ခုလုံးက ကျင်းပသော English test Exam ဖြစ်ပါတယ်။ အမေရိကန် အင်္ဂလန် စတဲ့ အင်္ဂလိပ်စကားပြော နိုင်ငံတွေက လွဲရင် အားလုံးဖြေရပါတယ်။ မေးခွန်းက Grammar, Essay, Letter writing, စတာတွေဖြစ်ပါတယ်။ အခက်အခဲ မရှိပါဘူး။ (၂) ကိုယ်တက်ရောက်မည့် Department ရဲ့ interview ပါပဲ။ သူကတော့ အင်္ဂလိပ်စကားကို ဘယ်လောက်ပြောနိုင်ပါသလဲ၊ Listening skill ဘယ်လောက်ရှိသလဲ၊ ဘာသာရပ်နှင့် ပတ်သက်ပြီး ဘယ်လောက် အခြေအခံပါသလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်၊ အဓိကကတော့ အင်္ဂလိပ်စကား အပြောနှင့် နားထောင်စွမ်းအားက အရေးပါပါသည်။ အဲဒီ test 2 ခုထဲမှာ Department က အင်တာဗျူးက ပိုအရေးပါနေပါတယ်၊ အင်တာဗျူး မအောင်ရင် လက်မခံပါဘူး၊ နောက်နှစ်ကျမှ တက်ပါဟူ၍ ပြောတက်ပါသည်။ ထိုင်းကျောင်းသားတစ်ယောက်တော့ မနှစ်က သီတဂူစတားတို့ ဒဿနိကဗေဒ ဌာနမှာ လာတက်ပါသည်၊ အင်တာဗျူးဝင်ဘို့ ဆရာတွေက ရက်ပေးလိုက်ပါသည်၊ အင်တာဗျူး မ၀င်ခင် ထိုင်းသူငယ်ချင်းတွေက အတွေ့အကြုံနဲနဲပါးပါးရှိသော သီတဂူစတားထံ အကူအညီတောင်းလာပါသည်။ အင်တာဗျူးမှာ မေးတက်သည့် မေးခွန်းမျိုးကို အရှင်ဘုရားက ဒီကျောင်းသားအသစ်အား ကြိုတင်မေးပေးပါဘုရား။

ပွဲကြီးမတိုးခင် သီတဂူစတားနှင့် အရင် အင်တာဗျုးစေပါသည်၊ ထိုင်းကျောင်းသား အများစုသည် အင်္ဂလိပ်စာ ညံ့ကြပါသည်၊ ၂ နှစ် အမ်အေတန်းတစ်တန်းကို ၄ နှစ်လောက်တက်ကြသည်။ အခုလဲ ကျောင်းသားအသစ်အား သီတဂူစတားတုန်းက မေးခဲ့သော မေးခွန်းများကိုသာ မေးတော့ နားမလည်။ ကိုယ်ကပဲ အင်္ဂလိပ်စကားပြောညံ့လို့လား မပြောတတ်။ ထိုင်းသူငယ်ချင်းတစ်ယောက်က သီတဂူစတားရဲ့ စကားပြော (မေးခွန်း) များကို interpreter အဖြစ် ကြားက လုပ်ပေးရသည်။ ဒါနဲ့ မဖြစ်လောက်ပါဘူးဆိုပြီး မေးနိုင်တဲ့ မေးခွန် ၁၇ ခု လောက် ရေးပေးလိုက်သည်။ သို့သော်လည်း ကံမကောင်းစွာနှင့်ပဲ ၀င်ခွင့်မှာ ရလာဒ်ကောင်း မရခဲ့ပါ။ သူဆိုရင် သဘောကောင်းသော ဆရာကြီးတစ်ယောက်ကသာ အင်တာဗျူးပါသည်၊ အခွင့်ရေးကောင်းတစ်ခုပါ။

သီတဂူစတားနှင့် အင်တာဗျူး
သီတဂူစတားတို့ အင်တာဗျူးဝင်တုန်းက ကျောင်းသားတွေဟာ ဆရာ ၆ ယောက်ရှေ့မှာထိုင်ရသည်၊ ဆရာတွေက တစ်ယောက်ပြီးတစ်ယောက် မေးခွန်းပုံစံ အမျိုးမျိုးမေးသည်၊ မေးတဲ့ မေးခွန်းတိုင်းက သိရင် သိသလောက် ပြန်ပြောသည်၊ မသိရင် ဘာ့ကြောင့် မသိသလဲ ဆိုသည့်အကြောင်းပြချက်ပါ ထည့်ပြီး ပြန်ဖြေရသည်၊ နောက်ဆုံး ကောက်ချက်ချလိုက်တော့ အင်္ဂလိပ်စကားပြောအားနှင့် နားစွမ်းရည်ကို စိစစ်သည်ထင်ပါသည်။ နာရီဝက်လောက် အင်တာဗျူးပြီးလဲ ပြီးရော Head က မင်းအင်္ဂလိပ်စာ သိပ်မညံ့ပါဘူးတဲ့။ အဲဒီစကားက သီတဂူစတားရဲ့ ပင်ပန်းသမျှတွေကို ပယ်ပျောက်စေပါသည်၊ သေချာတာက ငါ ဒီအင်တာဗျူး အောင်ပြီးလို့တွက်လိုက်သည်။ သီတဂူစတားနောက်မှ အင်တာဗျူးခံသော ကျောင်းသားနှစ်ယောက် ကိုတော့ နှစ်ယောက်ဗျူးအချိန်သည်ပင် သီတဂူစတား တစ်ပါးအင်တာဗျူးအချိန်လောက် မရှိ၊ ခဏလေးနဲ့ပြီးသွားသည်၊ အားလုံးလဲ ပြီးရော ချက်ချင်းပဲ Head က အပြင်မှာ စောင့်နေသော အင်တာဗျုးခံကျောင်းသားတွေကို ခေါ်ပြီး ဒို့ဌာနက ကောဝိဒ (သီတဂူစတား) တစ်ယောက်ကိုပဲ လက်ခံနိုင်မယ် ကျန်ကျောင်းသားတွေကတော့ ဒီနှစ်တော့ အင်္ဂလိပ်စာ သင်တန်းတက်ပါဦး၊ နောက်နှစ် ဒီအချိန်ဆို လက်ခံနိုင်ပါတယ်လို့ ပြောလိုက်ပြီး လက်မှတ်များ ထိုးပေးလိုက်သည်။ ဤကား တွေ့ကြုံရသည့် ဌာနက အင်တာဗျူးတည်း။

ကျောင်းတက်ပြီ
ကျောင်းစတက်ကြစို့၊ ကျောင်းမတက်ခင် procedure တွေ တင်ပြနေတာနဲ့ပဲ ကျောင်းတက်ရတဲ့ ဘ၀လေးအကြောင်းကို မရောက်နိုင်ဘူးဖြစ်နေတယ်။ ကျောင်းသားဖြစ်ဘို့ အစီအစဉ်တွေလုပ်ရတာက တစ်ကြောင်း၊ သီတဂူစတားတို့နှစ်က admission letter or eligible letter ခေါ် ကျောင်းဝင်ခွင့်ထုတ်ပေးတာ အရမ်းနောက်ကျတာက တစ်ကြောင်း ကျောင်းတက်ချိန် တစ်လကျော် နောက်ကျသွားသည်။ ကျောင်းသားအသစ် တစ်ယောက်ဟာ ကျောင်းစဖွင့်ချိန်က အလွန်အရေးကြီးပါသည်၊ ကိုယ့်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ ရွေးချယ်ခြင်း၊ ဘယ်ဆရာက စာသင်ကောင်းသလဲဆိုတဲ့ သတင်း information တွေ ရဘို့ လိုအပ်သလို စာစသင်ချိန်မှာပဲ ဘာစာအုပ်တွေ (material sources for lectures) အသုံးပြုမလဲဆိုတာတွေလဲ အရေးကြီးပါတယ်။

သူငယ်ချင်းကောင်း
သီတဂူစတားတော့ တစ်လကျော်လောက် ကျောင်းတက်နောက်ကျ သည့်အတွက် ကျောင်းရောက်တော့ ယောင်ချာချာဖြစ်နေသည်၊ ဘယ်အတန်းကို ဘယ်ချိန်တက်ရမလဲ ဘယ်ဘာသာကို ရွေးရမလဲဆိုတာလဲ မသိဖြစ်နေသည်။ first Semester course မှ Compulsory Subjects နှစ်ဘာသာက Indian Epistemology နှင့် Western Metaphysics ။ Option subjects နှစ်ခုမှာက Samkhaya နှင့် Nyaya ဖီလိုဆိုဖီဖြစ်သည်၊ ထို 0ption နှစ်ခုလုံး အိန္ဒိယဖီလိုဆိုဖီ ၇ ခုထဲမှ ၂ ခုဖြစ်သည်။
Compulsory subjects နှစ်ခုကတော့ ကျောင်းသားအားလုံးယူရသည့်ဖြစ်၍ ကိစ္စမရှိ၊ option subjects နှစ်ခုကိုတော့ ကိုယ်ကိုတိုင်ရွေးရမှာဆိုတော့ အခက်တွေ့နေသည်။ ဘာမှလဲ အတွေ့အကြုံ မရှိသော သီတဂူစတားအတွက် ဘယ်ဟာကို ရွေးရမှန်းမသိဖြစ်နေသည်၊ အားငယ်စိတ်တွေတောင် ၀င်လာသည်၊ မြန်မာပြည်ကို ပြန်ပြေးချင်စိတ်တောင် ပေါက်လာခဲ့သည်။ အဲဒီလို ယောင်ချာချာ ဖြစ်နေချိန် ကိုရီးယားကျောင်းသားတစ်ယောက်က ခေါ်ပြီး မင်း ဒီဘာသာတက်ပါ၊ ငါ ကူညီမယ်ဆိုပြီး သူခေါ်တာနှင့် option ထဲက သင်္ခယျ samkhya Philosophy ကို ယူဖြစ်သွားသည်။ အသုံးပြုရမည့် material instruments တွေကိုလဲ သူပဲ ရှာပေးသည်။ မိတ္တူဆွဲပေးသည်၊ ဒါတင်မက နားမလည်တာတွေလဲ ရှင်းပြလိုက်သေးသည်။ ကျောင်းစတက်ခါစကဆိုတော့ ဘာမှကို နားမလည်တာ၊ စာသင်ခန်းထဲ ၀င်ရမှာကို ကြောက်တောင် ကြောက်လာတယ်။ ဘာတွေ သင်နေမှန်းမသိတော့ အတန်းထဲရောက် ငိုက်ချင်စိတ်ကလဲ ပေါက်လာသည်၊ သူများတွေ မေးခွန်းတွေ ထမေး ကိုယ်က ငေးကြည့်နေရတဲ့ ဘ၀၊ ဆရာပြောသမျှ နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ အကုန် စာအုပ်ထဲ လိုက်ရေးထားပြီး အခန်းရောက်တာနှင့် စာပဲ ဖိဖတ်တော့သည်၊ စာဖြေခါနီးလောက် ရောက်ခါမှ တဖြေးဖြေး နားလည်လာသည်။ ကျောင်းတက်မှန်းခြင်းသည် အရေးကြီးသလို မှတ်စု လိုက်ရေးဘို့ကလဲ အလွန်အရေးကြီးပါသည်။ စာမေးပွဲ ဖြေခါနီး ပြင်ဆင်ချိန်ရောက်လာလျင် အဲဒီမှတ်စုကိုပဲ အားကိုးပြီး စာမေးပွဲအတွက် ပြင်ဆင်ရပါသည်။

၁-ကျောင်းတက်မှန်ခြင်း၊ ၂-မှတ်စုများမျာကျန်အောင် ဆရာပြောသမျှ မိမိ နားလည်သမျှ မပျင်းမရိ အကုန်လိုက်ရေးခြင်းသည်၊ များစွာ အကျိုးရှိပါကြောင်း မိမိ၏ အတွေ့အကြုံက သက်သေပြုပါသည်။

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ (အပိုင်း-၂) ကို ဆက်လက် တင်ပြပါဦးည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

20 May 2010

ရေအလှူတော်

သီတဂူ ဒေါက်တာ အရှင်ပညာသီဟာလင်္ကာရ ဦးစီးသော သီတဂူရေအလှူတော်နှင့် ဆေးအလှူတော်

ပုံမှန်အပူချိန်ထက်လွန်ကဲမှု့ကြောင့် သောက်သုံးရေပြတ်လပ်မှု့ အရေးပေါ်ဆေးကုသမှု့ ခံယူနေကြရသော
ပဲခူးတိုင်း သနပ်ပင်မြိုနယ်၊ က၀မြို့နယ်အတွင်းရှိ ကျေးရွာများနှင့်ဝေါမြို့သို့ သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းတို့၏ ဓန၊ ကာယ၊ ဥာဏစွမ်းအားတို့ဖြင့် သီတဂူရေအလှူတော်(ဥဒကဒါန)နှင့်သီတဂူဆေးအလှူတော်(ဘေသဇ္ဇဒါန)
သနပ်ပင်မြို့
၂၀၁၀-မေလ ၁၃ရက်နေ့မှစပြီး ယခု လေမ ၁၈ရက်နေ့ထိ ၆ရက်တိုင်တိုင် သနပ်ပင်မြို့ ကားလမ်းမှတဆင့်
ကျေးရွာများသို့ လှည်းလမ်းအတိုင်း ၂နာရီခွဲကျော်ကျော် မောင်းမှရောက်နိုင်သော ကုလားချောင်းကျေးရွာ၊
ညာဏ်ကျွန်း၊ အနီးကိုက်၊ ထပ်ခမိန် ၊ မင်းရွာ၊ပိုက်တန်းရွာ၊ ကမာဘာရွာ၊ လောင်မီးချောငးရွာစသော ရေနှင့် ဆေး
အရေးတကြီး လိုအပ်နေသော ကျေးရွာများသို့ သီတဂူရေအလှူတော်မှ သောက်ရေသန့် ပေးဝေမှု့စနစ်ကို ပဲခူးမြို့ပေါ်မှ လိုသလောက်မရသည့်အတွက် ရန်ကုန်မှတဆင့် နေ့စဉ် သောက်ရေသန့်များကို ပေးဝေလျက်ရှိရာ ယနေ့ထိဆိုလျှင်
သောက်ရေသန့် ဂါလံပေါင်း၉၀၀၀ ကျော် လှူဒါန်းနိုင် ခဲ့ပြီးဖြစ်သည်။ ထို့အပြင် သနပ်ပင်မြို့ ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊
ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများသို့လည်း သောက်ရေသန့်ကို အဆက်မပြတ်ရလေအောင် ပေးဝေလျက်ရှိပါသည်။

ထို့အပြင် ကျေးရွားများသို့ သောက်ရေ ရရှိရေးအတွက်ကိုလည်း နေ့စဉ် သနပ်ပင်မှ ထွန်စက်၊ ကားများ၊ ထော်လာဂျီများဖြင့် ၁၀ ဧကအကျယ်ရှိသော ခရမ်းရွာ သောက်ရေကန်မှ သောက်ရေများကို စက်ဖြင့်မောင်းတင်ပြီး ၅ဂါလံဆန့်သော လက်ဆွဲပုံးများ၊ ရေတိုင်ကီများထဲသို့ ဖြည့်ကာ သောက်ရေကို အလျင်မီအောင်ပေးဝေနေပါသည်၊ ယခုဆိုလျှင် သောက်ရေဂါလံပေါင်း ၁၇၂၅၀ကျော် ပေးဝေလှူဒါန်းခဲ့ပြီးဖြစ်သည်။ သနပ်ပင်မြို့နယ်မှ ကျေးရွာများသို့ သောက်ရေသန့်နှင့် သုံးရေလှူဒါန်းပြီး တန်ဖိုးမှာ စုစုပေါင်း၁၇၀၀၀၀၀ ကျပ်(ဆယ့်ခုနှစ်သိန်း)ခန့်မျှရှိပါပြီ။


က၀မြို့နယ်
က၀မြို့နယ်အတွင်းရှိ ညောင်တပင်ရွာ၊ ညောင်ပင်ကန်ရွာ၊ သမန်းကန်ရွာ၊ အောင်သပြေရွာ၊ ကျောင်းတိုက်ရွာ၊ ခနာရွာ၊သံဒင်းရွာ၊
ခလပ်ရွာ၊ တောင်တဲတိုက်ရွာ၊ အထုံရွာ၊များသို့လည်း သောက်ရေသန့်နှင့်သုံးရေများကို အချိန်မီ လှူဒါန်းနိုင်ခဲ့သည်။ က၀မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လှူဒါန်းခဲ့ပြီးသော သောက်ရေ သန့်နှင့်သုံးရေ ရေဂါလံပမာဏမှာ ၁၄၅၀၀ကျော်မျှရှိပြီး လှူဒါန်းပြီးတန်ဘိုးမှာ ၁၀၀၀၀၀၀(ဆယ်သိန်း)ကျော်မျှဖြစ်ပါသည်။

အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရသော ၀မ်းလျှော၊ ၀မ်းပျက်နှင့် အပူဒဏ်ကြောင့် ရေဓာတ်ခမ်းခြောက်နေသော လူနာများအတွက်ကိုလည်း သနပ်ပင်မြို့နယ် ပြည့်သူ့ဆေးရုံနှင့် ဝေါမြို့နယ်ပြည့်သူ့ဆေးရုံမှ ဆရာဝန်ကြီးများ ညွှန်ကြားပေးသည့်အတိုင်း ဆေးဝါးများကိုလည်း ပေးလှူခဲ့ပြီးဖြစ်သည်။ စုစုပေါင်း ဆေးတန်ဘိုးမှာ ၁၁၅၀၀၀၀ကျပ် (ဆယ့်တစ်သိန်းခွဲ) ခန့်မျှရှိပါသည်။



မှတ်ချက်။ ။ ဓာတ်ပုံပေါ် ကလစ်တစ်ချက်ပေးပြီးမှာ ပုံကြီးချဲ့ ကြည့်ပါက စာလုံးများ ရှင်းရှင်းလင်းမြင်ရပါသည်။
သာဓုပါ ကိုပညာရေ- ၀မ်းသာပီတိဖြစ်မိပါတယ်။
သီတဂူစတား
၂၀-၅-၂၀၁၀

18 May 2010

ပူနေးကျောင်းသားဘ၀ (အပိုင်း-၂)


ပူနေးတက္ကသိုလ် M.A တန်းအတွက် ပညာသင်လိုသူများအတွက် သိသင့်သိထိုက်သော အချက်အလက်များ ဖြစ်ပါသည်။

ယာယီလက်မှတ်
Admission Letter or Eligible Letter

သူငယ်ချင်းတစ်ယောက်က မေးတယ်၊ အရှင်ဘုရား- အရှင်ဘုရားတို့ ပူနေးတက္ကသိုလ်တက်ချင်ရင် Admission Letter or Eligible Letter ကို ဘယ်လို ရအောင်လုပ်မလဲ ဘုရားတဲ့ ဆိုတဲ့ မေးခွန်းသည်လည်း အရေးပါနေ၍ ကျွန်ုပ်နှင့်ဖီလိုဆိုဖီ ပို့စ်မတင်မီ ပူနေးတက္ကသိုလ်တက်ရန် စိတ်ဝင်စားသည့် ကျောင်းသားများအတွက် ရည်ရွယ်၍ ဤပို့စ်ကို တင်လိုက်ရပါသည်။
မှန်ပါသည်၊ မေးသင့်သည့် မေးခွန်းဖြစ်သည့်အပြင် အကျိုးများမည့် မေးခွန်းလဲဖြစ်ပါတယ်၊ ဒီအချက် တင်ပြဘို့ မေ့သွားခဲ့ပါတယ်၊ ပူနေးကျောင်းသားတစ်ယောက် ဖြစ်ဘို့ရန် အလွန်အရေးပါသည့် မေးခွန်းတစ်ခုဖြစ်ပါသည်၊ ဤ Letter မပါဘဲ student visa မရနိုင်ပါ၊ အိန္ဒိယသံရုံးက တက္ကသိုလ်တစ်ခုခုက ကျောင်းသားဖြစ်ကြောင်း လက်ခံလိုက်တဲ့ admission စာတစ်စောင်ပါမှ ကျောင်းသားဗီဇာ အတွက် ၂ နှစ်စာ ထုတ်ပေးသည် ထိုနှစ်နှစ်စာအတွက် အမေရိကန် ဒေါ်လာ ၇၅ ပေးဆောင်ရသည်။

ကိုယ့်နေရာကနေ Admission Letter or Eligible Letter ဘယ်လို ရအောင် လုပ်မလဲ?

အိန္ဒိယပြည်၊ ကိုယ်တက်ရောက်မည့် တက္ကသိုလ်သို့ ကိုယ်တိုင် သွားရလျင် သွားစရိတ် ပြန်စရိတ် အမေရိကန် ဒေါ်လာ ၇၀၀ လောက် ကုန်ကျဦးမည်။ ဒါမှမဟုတ် လူကြုံနှင့်ပို့ပြန်လျင်လဲ အပြန်အသွားဆိုတော့ အချိန်ကြာမည်၊ စိတ်လဲ မချရပေ။ မြန်မာပြည်မှာ အင်တာနတ်ခေတ်တွေ ခေတ်မစားခင်က အဲဒီလို လူကြုံနှင့်ပို့ကြရသည်၊ ဒါမှမဟုတ် ကိုယ်တိုင် သွားပြီး ဆောင်ရွက်ရသည်၊ လူပန်း ငွေကုန် အချိန်ကုန်ခေတ်ပေါ့။ ယခုအခါမှာ အင်တာနတ်တွေ အီမေးလ် တွေ အဆင်ပြေလာတော့ လူကိုယ်တိုင် သွားစရာမလိုတော့ပေ၊ google ကို အထူးကျေးဇူးတင်ရပေသည်။ အဲဒီတော့ အဲဒီ စာကို ကိုယ့် ပြည်တွင်းကနေဘယ်လို ရအောင် လုပ်မလဲ?

အိန္ဒိယမှာ ကိုယ့်သူငယ်ချင်း၊ ဒါမှ မဟုတ် ကိုယ့်အတွက် အကူအညီပေးနိုင်မည့် မိတ်ဆွေ လိုပါသည်၊ အကောင်းဆုံးက ကိုယ်တက်ရောက်မည့် တက္ကသိုလ်တွင် တက်ရောက် ပညာသင်ဆဲ ပုဂ္ဂိုလ်ဆိုလျင် ပိုအဆင်ပြေသည်၊ အကြောင်းကား သွားရ လာရတာမလွယ်ကူပါ၊ အိန္ဒိယပြည်ကြီးသည် အလွန်ကျယ်ဝန်းသည်ဖြစ်ရကား တနေရာနှင့် တနေရာ သွားဘို့ဆိုတာ ခက်ခဲပါသည်။ ရုံးကိစ္စများသည်လည်း တစ်ရက်တည်းနှင့် ပြီးသည်မဟုတ်၊ ခဏခဏ ရုံးကိုသွားရသည်၊ ကုလား tomorrow တို့ ဧ မိနစ် တို့ဆိုတာ အလွန်ကြောက်စရာပါ၊ tomorrow ဆို တစ်ပတ်လောက်တော့ အနဲဆုံး သွားရသည်။ ထို့ကြောင့် ကိုယ်တက်ရောက်မည့် တက္ကသိုလ်နှင့် ဘာသာရပ်ကို အတိအကျ ပြောဘို့ လိုသည်၊ ဟိုတက္ကသိုလ်တက်ချင်သလိုလို ဒီတက္ကသိုလ်လိုလို ဟိုဘာသာရပ်တက်ချင် သလိုလို ဒီဘာသာ ယူချင်သလိုလို ၀ါးတားတား လုပ်နေရင် လုပ်ပေးရသည့် ပုဂ္ဂိုလ်အတွက် အရမ်းကို ခက်ခဲပါသည်။ ဒါ့ကြောင့် အတိကျသာ ပြောလိုက်ပါ။

ဘာတွေ လိုအပ်သလဲ
ကိုယ်တက်ရောက်မည့် တက္ကသိုလ်နှင့် ဘာသာရပ်တို့ကို ဖြစ်နိုင်ခြေရှိသည့် (လုပ်ပေးနိုင်သူ) သူအား အတိအကျပြောပြီး၊ ကိုယ့်ရဲ့ ကိုယ်ရေးရာဇ၀င် စသည်တို့ကို ပို့ပေးရပါသည်။ အဲဒါတွေကတော့ (၁) ပတ်စပို့ (၂) ပတ်စ်ပို့ ဓာတ်ပုံဆိုဒ် ပုံများ (၂) အောင်လက်မှတ် certificate (၃) ထိုအောင်လက်မှတ်ရဲ့ အမှတ်စာရင်း Mark sheet (၄) မွေးစားရင်း Birth Certificate (၅) တက္ကသိုလ်တစ်ခုခုရဲ့ ထောက်ခံစာ (အောင်လက်မှတ်ရခဲ့သည့် နေရာ) No Objection (၆) ဖြစ်နိုင်ရင် ကိုယ့်အတွက် လုပ်ပေးမည့်သူထံ အမေရိကန် ဒေါ်လာ ၅၀ ကြိုပို့ပေးထားလျင် ပိုကောင်းသည်၊ အထက်ပါ အချက်အလက်များကို စကန် scan ဖတ်ပြီး အီးမေးလ်ကနေ ပို့နိုင်ပါသည်။ အကြောင်းကား (၁)လျှောက်လွာများ ၀ယ်ခြင်း၊ (၂) Notary ခေါ် ရှေ့နေ ထောက်ခံစာ ရအောင် ယူခြင်း၊ (၃) လျှောက်လွှာတင်ခြင်းနှင့် စရိတ်စကတွေ ရှိနေပါသည်။

အချိန်
ဘယ်အချိန် အဲဒီ Admission Letter ထွက်လာမလဲဆိုတော့ အတိအကျ ပြော၍ မရပါ။ သီတဂူစတားတုန်းက လုပ်ပေးနေတဲ့ သူငယ်ချင်းအား ခဏခဏ အပူတိုက်မိသည်၊ မရသေးဘူးလား မထွက်သေးဘူးလား ကြာလှပါလား စသည်ဖြင့် ပြောမိသည်၊ သူစိတ်ဆိုးသည်၊ ဟုတ်ပါသည် သီတဂူစတားလဲ အခြေအနေကို ကောင်းကောင်းမသိခဲ့၊ သူငယ်ချင်းနှစ်ယောက်အတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးလိုက်တော့မှ အတွေ့အကြုံရလိုက်သည်။ International Center ကို ခေါက်တုန့်ခေါက်ပြန်သွားနေရသည်၊ ကျောင်းသားအသစ် လက်ခံချိန်ဖြစ်တာကြောင့် ဒီထွက်လာမည့် စာလေးတစ်ဆောင်ရဘို့ သွားစောင့်ရတာမလွယ်၊ တန်းစီနေရသည်၊ ရောက်သွားပြန်တော့လဲ ကိုယ့်လူအတွက် စာက ထွက်မလာသေး၊ နောက်နေ့ ထက်သွား တန်းစီရပြန်၊ ကိုယ့်ရှေ့မှာက နိုင်ငံပေါင်းစုံက ကျောင်းသာတန်းရှိသည်၊ မြန်မာပြည်မှာတုန်းကလို ဘုန်းကြီးပဲ ဆိုပြီး ရှေ့မှာကျော်တက်လို့မရပါ။ အဲဒီအချိန်မှာတော့ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို သတိရမိသည်၊ လွမ်းမိသည်။

ပုံမှန်ကျောင်းသားလက်ခံချိန်
ကျောင်းသားလက်ခံချိန်သည် ယေဘုယျအားဖြင့် တက္ကသိုလ်ကြီးတွေမှာ တူညီကြပါသည်။ လုပ်ထုံးလုပ်နည်းလေး နဲနဲတော့ ကွာကြသည်၊ ပူနေးတက္ကသိုလ်ကျောင်းသား စတင်လက်ခံချိန်သည် June လမှာ ဖြစ်ပြီး admission ကတော့ လျှောက်လွာများတင်ပြီး ၂၀ ရက် သို့မဟုတ် တစ်လ ထိရှိနိုင်သည်။ admission ပိတ်ချိန်သည် July လက်ကုန်အထိဖြစ်နိုင်ပါသည်။ ၀င်ခွင့် စာမေးပွဲသည် August လ ပထမဆုံးတနင်္ဂနွေနေ့ ကျင်းပသည်။ ကျောင်းစဖွင့်ချိန်ကတော့ August လမှာပဲ စဖွင့်သည်။ Admission ထွက်လာလျင် အိန္ဒိယမှ ဆောင်ရွက်ပေးနေသူက ကိုယ့်ရဲ့ admission ကို စကန်ဖတ်ပြီး အီးမေးလ်နှင် ပြန်ပို့ပေးပါလိမ့်မည်၊ ရရခြင်းပဲ ထိုစာဖြင့် အိန္ဒိယသံရုံးကို သွားကာ ကျောင်းသား ဗီဇာ လျှောက်လေသတည်း။ ဤ admission သည် ဗီဇာလျှောက်ရန် ယာယီကျောင်းသားဖြစ်ကြောင်း လက်မှတ်ပဲဖြစ်ပါသည်၊ တကယ့်ကျောင်းသားဖြစ်ဘို့ကိုတော့ ကိုယ်တက်မည့် တက္ကသိုလ်ရောက်ခါမှသာ ရုံးကိစ္စတွေ ဆက်လက် လှုပ်ရှားရပါသည်။ သို့ဖြစ်ပါသောကြောင့် ပူနေးတက္ကသိုလ်တက်ရန် ပြင်စင်ထားသူများ ရှေးဦးစွာ သိထားရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ (အပိုင်း-၁) ပို့စ်ကို ဆက်လက်တင်ပါဦးမယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။

သီတဂူစတား
၁၉-၅-၂၀၁၀

16 May 2010

ပူနေးကျောင်းသား ဘဝ


ပူနေးကျောင်းသား ဘဝ
ပူနေးတက္ကသိုလ်တက္ကသိုလ် ကျောင်းသားဘ၀ရဲ့ အတွေ့အကြုံလေးပါ။ ဤဘလော့ဂ်တွင် လွန်ခဲ့သော ၃ လလောက်က ဖြစ်မည်ထင်သည်၊ ကိုကောင်းမွန်၏ သူ၏နေ့စဉ် ကျောင်းသားဘ၀အကြောင်းလေး တစ်ခုတင်ထားပါသည်၊ ကျောင်းတက် ကျောင်းဆင်း စာကျက်နေရတဲ့ ဘ၀လေးတစ်ခုဖြစ်ပါတယ် မဖတ်လိုက်သေးလျင်လဲ အရင်လတွေမှာ မြန်ရှာပြီးဖတ်နိုင်ပါတယ်။ ဤပို့စ်ကတော့ ယျေဘုယျ ကျောင်းတိုင်းအတွက် မဖြစ်မနေ တွေ့ကြုံရမည့် အခက်အခဲများပင်ဖြစ်ပါသည်။ ထို့ကြောင့် အိန္ဒိယပြည်ကြီးမှာ ကျောင်းသားတစ်ယောက် ဖြက်သန်းရတဲ့ဘ၀လေးကို စာဖတ်ပရိသတ်များအား ခံစားကြည့်စေချင်တဲ့ ဆန္ဒလေးတစ်ခုတည်းနဲ့ ဤပို့စ်လေးကို တင်ဖြစ်သွားခြင်းဖြစ်ပါသည်။

အိန္ဒိယကို ရောက်လာကြတဲ့ ပြည်ပကျောင်းသားတိုင်းမှာ အခက်အခဲများစွာရှိတယ်ဆိုတာ အိန္ဒိယပြည်မှာ ကျောင်းတက်ဖူးသူတိုင်း သိရှိပြီးဖြစ်ပါသည်။ ဒေသတစ်ခု စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ ပူနေးမြို့မှာတော့ ပြည်ပကျောင်းသား များလာတာကြောင့် အခြားမြို့များထက် စည်းမျဉ်းဥပဒေတွေ ပိုများနေသည်ဟူ၍ ဆိုပါတယ်။

ပူနေးရောက်လျင်
မြို့ကိုရောက်လာတာနှင့်တပြိုင်တည်း ပထမဆုံး ကျောင်းသားဖြစ်ဘို့ထက် stay-permit ရဘို့ ပိုအရေးကြီးနေသည်၊ မွတ်ဆလင်ဘာသာဝင်နိုင်ငံတွေက လွဲရင် အခြားနိုင်ငံခြားကျောင်းသားများသည် ၁၄ ရက်အတွင်း FRO (Foreign Register Office) သို့ အပြေးသွားရသည်။ မွတ်ဆလင်ဘာသာဝင် နိုင်ငံမှ ကျောင်းသားများသည် ၁၄ နာရီအတွင်း ဖော်ပြပါရုံးသို့ သွားရောက် သတင်းပို့ရပါသည်။

ထိုရုံးကို သွားတော့ ကျောင်းသားတစ်ယောက် ဖြစ်ကြောင်း ထောက်ခံစာများစွာ ပါရပါတယ်၊ တက္ကသိုလ်က ထုတ်ပေးသော (၁) Eligible Letter ခေါ် ကျောင်းသားဖြစ်ကြောင်း ယာယီထောက်ခံစာ ကော်ပီ။ (၂) ပတ်စပို့မိတ္တူ (၃) ရဲရုံးအတွက်တင်ရန် A Form C form စသည်များ ဖြည့်ရ (၄) မိမိနေသည့် အိမ် (သို့) အဆောင်၏ ထောက်ခံစာ (၅) မိမိတက်မည့် ဌာနက ထုတ်ပေးသော Bonafide ခေါ် ကျောင်းသား ဖြစ်ကြောင်း certificate (မူရင်း) (၆) ဓာတ်ပုံ ၂ ပုံ ယူဆောင်ကာ ဖော်ပြပါရုံးသို့ သွားကာ တန်းစီရပါသည်။ ကျောင်းသားလက်ခံချိန်ဖြစ်သဖြင့် ရုံးတိုင်းမှာ နိုင်ငံခြားသားကျောင်းသားများသဖြင့် တန်းစီရတဲ့ ဒုက္ခ မသေးလှပါ။

Department မှ Bonafide Certificate
ကိုယ်တက်ရောက် သင်ကြားမည့် ဌာန Department မှ ကျောင်းသားတစ်ယောက် တရားဝင်ဖြစ်ကြောင်း လုပ်ထုံးများကလဲ အများသား။ International Student Center ခေါ် ပြည်ပကျောင်းသားရေးရာဌာန၊ ကိုယ်တက်ရောက်မည့် ဌာနနှင့် ဘဏ် တို့ကို ပြေးလွားရပေသည်၊ ပြည်ပကျောင်းသားရေးရာဌာနမှ ကျောင်းသားဖြစ်ရန် အချက်အလက် certificate အားလုံးပြီးပြည့်စုံစွာ စစ်ဆေးပြီးမှသာ အမေရိကန် ဒေါ်လာ ၆၅၅ သွင်းဘို့ ချလန် (ငွေပြေစာ) ထုတ်ပေးသည်၊ ထိုငွေပြေစာကို ဘဏ်မှာ သွားသွင်းရသည်၊ ထိုငွေးသွင်းပြီး ပြေစာများဖြင့် ကိုယ်တက်ရောက်မည့် ဌာနသို့ သွားရောက်ရပြန်သည်၊ ထိုဌာနမှ Department fee ရူပီး ၁၂၀၀၀ (အမေရိကန်ဒေါ်လာ ၂၅၀ ၀န်းကျင်) တန် တနှစ်စာ ချလန်ဖြတ်ပိုင်းထုတ်ပေးသည်၊ ဘဏ်သို့ ပြေးရပြန်သည်၊ ဘဏ်မှာက ရာနှင့်ချီသော ကျောင်းသားများက တန်စီးနေကြသဖြင့် စောင့်ဆိုင်းရသည့် ဒုက္ခ မလွယ်ပါ။ ထိုအားလုံးပြီးကာမှ မိမိတက်ရောက်မည့် ဌာနရဲ့ Head လက်မှတ်ဖြင့် Bonafide Certificate ထုတ်ပေးရန် ခွင့်ပြုချက်ရယူကာ Department Office မှ တံဆိပ်ရယူပြန်သည်။ ထိုထောက်ခံစာ အားလုံး စုစည်းပြီးကာမှ အထက်ဖော်ပြပါ ရဲရုံး FRO သို့ သွားရသည်။ အချို့လဲ ဤ procedure များအားလုံး ၁၄ အတွင်းပြီးနိုင်သလို အချို့မှာတော့ မမီသဖြင့် ရှိတဲ့ လက်မှတ်လေးနှင့် အရင်တင်ထားရသည်၊ ကျန်တာ နောက်မှ ပြန်ပို့ရင်ရသည်။ ၁၄ ရက်အတွင်း မပို့ပါက ဒဏ်ရိုက်ခံရမည်။

နေစရာဘယ်လို ဖန်တီးမလဲ?
အခုဆိုရင် ကျောင်းသားတစ်ယောက် ဖြစ်သွားပါပြီ။ အဓိက အရေးကြီးသည့် ပြဿနာတစ်ခုရှိပါသေးသည်။ သူကတော့ နေစရာပင် ဖြစ်သည်။ International Hostel တွင် အခန်းရဘို့ မလွယ်၊ ကြိုတင်ပြီး တင်ထားသော ကျောင်းသားများသည်ပင် တစ်နှစ်စောင့်ရသည်၊ မနှစ်က ရောက်လာသော ပါဠိဌာနမှ သီတဂူစတား သူငယ်ချင်းတွေ အခုထိ အခန်းမရရှိသေးပါ၊ အပြင်မှာ အိမ်ခန်းငှါး နေရသည်။ ပူနေး အိမ်ငှါးစရိတ်သည် နှစ်စဉ် မြင့်မားလာသည့်အတွက် တစ်ယောက်တည်း အိမ်ခန်းငှါးပြီး နေဘို့ဆိုတာ သီတဂူစတားတို့လို ဘုန်းကံနဲသူတွေအတွက် မဖြစ်နိုင်၊ ကြွားလိုက်ဦးမယ်။ စုပေါင်းငှါးမှသာ လုံခြုံရေးရော ငွေရေးကြေးရေးရော သက်သာမည်။ မနှစ်က သီတဂူကျောင်းသားများ စုပေါင်းငှါးသည့် အိမ်သည် တစ်လလျင် ၁၂၀၀၀ (အမေရိကန် ဒေါ်လာ ၃၀၀ ၀န်းကျင်)။ တက္ကသိုလ်က အဆောင်ရလျင်တော့ ၆ လ ရူပီး ၉၀၀၀ (အမေရိကန် ဒေါ်လာ ၂၀၀) ပေးဆောင်ရသည်၊ သက်သာသည်ဟု ဆိုနိုင်သည်၊ လုံခြုမှုရှိသည်။ ယခုအခါ အခန်းရဘို့ စောင့်ဆိုင်းနေသူ waiting lists တွေ များစွာ တန်းစီနေသည်။ အချို့တော့ အဆောင်မှာ မနေချင်ကြ၊ ချစ်သူ ရီးစားရှိသူတွေ၊ ပိုက်ဆံတတ်နိုင်သူတွေကတော့ အပြင်မှာ အိမ်ခန်းငှါးနေကြသည်၊ ပိုလွတ်လပ်သည်၊ အဆောင်မှာက အမျိုးသားဆောင်သို့ အမျိုးသမီးမတက်ရသလို အမျိုးသမီးဆောင်မှာ လဲ အမျိုးသားမ၀င်ရ၊ ယခုအခါ လုံခြုံရေးအတွက် ပိုတင်းကျပ်လာသည်ဖြစ်ရကား အမျိုးသားဧည့်သည် သည်ပင် အမျိုးသားဆောင် တက်ခွင့်မရတော့ပါ၊ သူငယ်ချင်းတွေ လာတွေ့လျင် အောက်ထက်က ဧည့်ခန်းမှာ တွေ့ရန် လုံးခြုံရေးက လာပြောပေးသည်။

ဘယ်လိုစားမလဲ?

နောက်တစ်ခု အရေးကြီးသည့် အချက်တစ်ခု ရှိပါသေးသည်၊ စားရေးသောက်ရေးပင် ဖြစ်သည်။ စားရေးသောက်ရေးကို ဘယ်လို ဖြေရှင်းကြမလဲ? တက္ကသိုလ်အဆောင်မှာ စားစရိတ်ကို ကိုယ့်ဘာသာ ဖြေရှင်းရသည်။ အချို့တက္ကသိုလ်များက အဆောင်တွင် mass ပါသည်။ ပြည်ပကျောင်းသား အများစုသည် အသားဟင်းကို ကြိုက်ကြသည်။ အိန္ဒိယနိုင်ငံသား ၈၅ ရာခိုင်နှုံးက အသား မစား၊ ပြဿနာက သူတို့က အသားမစားတော့ အချို့တက္ကသိုလ်တွေရဲ့အဆောင်မှာ အသားမချက်ရ၊ ပူနေးတက္ကသိုလ်ကတော့ ပြည်ပကျောင်းသားတွေချည်း နေသဖြင့် ကျောင်းသား ၁၀ ယောက်အတွက် မီးဖိုခန်း တစ်ခန်းပေးသည်။ အပြင်မှာ အိမ်ငှါးလျင် အသားချက်ခွင့်ရှိသည့် အိမ်ကို ရှာဖွေ ငှါးရသည်၊ အချို့အိမ်ပိုင်ရှင်များက အသားဟင်း ချက်စားခွင့် မပြု။ သူငယ်ချင်းတွေ စုချက်စားလျင် အကုန်အကျ သက်သာသည်။ သီတဂူစတားတို့ သီးတင်းသုံးဖော်တွေ ဌာနမတူပေမဲ့ အဆောင်မှာ အတူနေ အတူုချက်စားသည့် မိသားစုစနစ်တစ်ခုဖြစ်သည်။ အလှည့်ကျ ချက်စားကြသည်။ အချို့လဲ အတူမချက်ပေမဲ့ ကိုယ့်ဘာသာချက်ပြီး စားချိန်ရောက် အတူဝိုင်းဖွဲ့စားကြသဖြင့် အခြားပြည်ပကျောင်းသားများသည်ပင် အံသြချီးမွမ်းကြသည်။ မြန်မာတွေက စည်းရုံးမှုရှိသည်၊ cooperation ရှိသည်။ အများစုနိုင်ငံတွေက ကိုယ့်ဘာသာ နေကြသည်၊ self-life style ကို သဘောကျသည်။

ပါတီပွဲလေးများ

အဆောင်မှာတော့ ပြည်ပကျောင်းသားများ စုဝေးရာဖြစ်သောကြောင့် ကိုယ့်နိုင်ငံရဲ့ နေ့ထူးနေ့မြတ်၊ ဥပမာ နှစ်သစ်ကူးလိုမျိုးရောက်လာလျင် အဆောင်မှူးထံ ခွင့်ယူကာ ပါတီပွဲ၊ အတီးအက အခုံ၊ အစားအစာတို့ဖြင့် ကျင်းပတတ်သည်။ အပြင်မှာ အိမ်ခန်းငှါးနေသော ကျောင်းသား ကျောင်းသူတွေက အဆောင်မှာ လာစုတက်ကြသည်။ အဆောင်သည် စုရပ်တစ်ခု ဖြစ်နေသည်။ အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်သည် ကပ်လျက်ရှိနေသည်အတွက် စုဝေးရတာ ပိုအဆင်ပြေနေသည်။

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ ပို့စ်ကို ဆက်လက်တင်ပါဦးမည်။
သီတဂူစတား
၁၆-၅-၂၀၁၀

14 May 2010

Ph.D ကျောင်းသား


ပူနေးတက္ကသိုလ် supervisor ရှာသွားစဉ်က တက္ကသိုလ်စာကြည့်တိုက်နှင့် အမှတ်တရ

ပထမခြေလှမ်း
Course တစ်ခု ပြီးပြန်တော့လဲ နောက်ထပ် Course တစ်ခုတက်ရန်ပြင်ရပြန်၊ မည်သည့် subject (ဘာသာရပ်)နှင့်မဆို M.A ပြီးကျောင်းသားတစ်ယောက်ဟာ Ph.D ဒေါက်တာဘွဲ့အတွက် ကျမ်းရေးရန် Supervisor or Guide ရှာရတဲ့ ဒုက္ခ နှင့် မလွဲမသွေ ရင်ဆိုင်ကြရမည်။ မထမဆုံး အခက်အခဲကတော့ ကိုယ့်ကျမ်းစာ အတွက် လမ်းညွှန်ပေးမဲ့ ဆရာရဘို့ပင်ဖြစ်သည်၊ ဆရာတစ်ယောက်ကို Ph.D ကျောင်းသား ၈ ယောက်သာ လက်ခံခွင့်ရှိသည်ဟု မှတ်သားရပါသည်။

ရာနှင့်ချီသော M.A ကျောင်းသားများ
အိန္ဒိယနှင့် သီရိလင်္ကာ နှစ်နိုင်ငံတွင်ပင် တစ်နှစ်ကို M.A ဘွဲ့ရ မြန်မာကျောင်းသား ရာဂဏန်းနှင့်ချီပြီး မွေးထုတ်ပေးနေသည်။ ပူနေးတက္ကသိုလ်တွင်ပင် ၂၀၁၀ ခုနှစ်တွင် ဒဿနိကဗေဒ တစ်ယောက် (သီတဂူစတား)၊ အင်္ဂလိပ်စာ ဌာန တစ်ယောက်နှင့် ပါဠိဌာန ၂ ယောက်၊ စုစုပေါင်း ၄ ယောက်သော မြန်မာကျောင်းသားများကို မွေးထုတ်ပေးလိုက်သည်။ အိန္ဒိယနိုင်ငံတွင် မဂဓတက္ကသိုလ်၊ ဆန်စခရစ်တက္ကသိုလ်နှင့် နာလန္ဒာတက္ကသိုလ်ကြီးများမှ ရာနှင့်ချီသော မြန်မာကျောင်းသားများ၊ အထူးအားဖြင့် ရဟန်းတော်များ မွေးထုတ်ပေးနိုင်သလို သီရိလင်္ကာတက္ကသိုလ်များမှလဲ မြန်မာကျောင်းသားများကို ရာနှင့်ချီပြီး မွေးထုတ်ပေးနေသည်ဟု သိရသည်။ ဤသို့အားဖြင့် ထိုတက္ကသိုလ်အသီးသီးမှ တစ်နှစ်ကို M.A ဘွဲ့ရ မြန်မာကျောင်းသား ၂၀၀ ၀န်းကျင် မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းရပါသည်။

ပြဿနာက
ထို M.A ပြီးကျောင်းသားအားလုံး ရှေ့ဆက်ပြီး Ph.D အတွက် ပြင်ဆင်နိုင်ကြမည်ဟူ၍ မဆိုနိုင်ပေမဲ့ (အကြောင်းအမျိုးမျိုကြောင့် ဆက်မတက်နိုင်ပေမဲ့) တစ်ဝက်လောက် (၁၀၀ နီးပါး)က ဆက်တက်နိုင်ကြမည်။ ပြဿနာက ထို ၁၀၀ နီးပါးသော ကျောင်းသားတွေ အတွက် Ph.D ကျမ်းပြုရန် Supervisor အဖြစ် ဆရာ အလုံလောက် မပေးနိုင်ခြင်းပင်ဖြစ်သည်။ သီရိလင်္ကာမှ ကျောင်းသား အများစုကလဲ အိန္ဒိယဘက်ကိုပဲ ရောက်လာကြသည်။

Ph.D ကျောင်းသားဖြစ်ရန်
Ph.D ကျောင်းသားဖြစ်ဘို့ရန် M.A တန်းမှာတုန်းက ရမှတ်သည် အနဲဆုံး ၅၅ % နှုန်းရှိရမည်ဟု သိရသည်။ အိန္ဒိယ တက္ကသိုလ်တွေမှာ ယေဘုယျအားဖြင့် တူညီတဲ့ စည်းမျဉ်းများရှိသလို မတူညီတဲ့ စည်းမျဉ်းများလဲ ရှိနေသည်။ ပူနေးတက္ကသိုလ်တွင်မှာလဲ ဌာနတစ်ခု စည်းကမ်းတစ်မျိုးရှိတက်သည်။ ယခုအခါ Ph.D ကျောင်းသားများသည် ပြည်တွင်းရော ပြည်ပကျောင်းပါ ၀င်ခွင့်ဖြေဆိုရမည်။ ၀င်ခွင့် ဖြေဆိုနိုင်သော ကျောင်းသားသည် ပြည်တွင်းကျောင်းသားဖြစ်ပါက အနဲဆုံး Grade Point 55 or Second class ဖြစ်ရမည်၊ ပြည်ပကျောင်းသားဖြစ်ပါက အနဲဆုံး grade point 50 ဆို ၀င်ခွင့်ဖြေဆိုခွင့်ရှိသည်။ တက္ကသိုလ် တစ်ခုနှင့် တစ်ခုလဲ Grade Point သက်မှတ်ပုံ ကွဲပြားပြန်သည်။

ပူနေးတက္ကသိုလ်၏ Grade Point
ပူနေးတက္ကသိုလ်မှာတော့ 40မှ 44 E grade? 45 မှ 49 အထိ D grade ၊ 50 မှ 54 point အထိ C grade ဟုသက်မှတ်သည်၊ 55 မှ 64 အထိ B၊ 65မှ 74 အထိ A grade နှင့် 75 မှ 100 အထိ O grade ဟုသက်မှတ်ထားသည်၊ ပူနေးတက္ကသိုလ်၏ ပုံစံသည် Semester နှင့် သွားသည်ဖြစ်ရကား M.A တန်းအတွက် Semester 4 ခု ရှိသည်၊ ထို semester အားလုံးမှ grade points တွေကို ပေါင်းပြီး နောက်ဆုံးရမှတ်ကို အတည်ပြုသည်။ သီတဂူစတားတို့ ဒဿနိကဗေဒဌာနတွင် ကျောင်းသားအများစုသည် B grade (55) နှင့် B grade အောက်မှာပဲ ရှိကြသည်၊ B grade- 55 ရဘို့ပင် အလွန်ခက်ခဲပါသည်၊ အင်္ဂလိပ်စာတော်လှပါသည်ဆိုသည့် အိန္ဒိယကျောင်းသားများသည်ပင် 55 အောက်မှာ အများစုရှိကြသည်၊ သို့သော် သူတို့အတွက် ကိစ္စမရှိ၊ M.Phil ဆက်တက်နိုင်ရန် အချိန်ပေးနိုင်သောကြောင့်။
သီတဂူစတားရရှိထားသည့် grade points မျာသည်-
First semester တွင် 56 point B grade
Second semester တွင် 56 point B grade
Third semester တွင် 64 point B grade မျှသာ ရရှိထားပြီးဖြစ်သည်။
Fourth semester တွင် မသိရေသေးပေမဲ့ အမှတ်နည်းမည်မှာ သေချာသည်။ ဒီsemester အတွက် စိုးရိမ်နေရသည်။

ဆိုလိုသည်မှာ ပူနေးတက္ကသိုလ်က ဒဿနိကဗေဒ ကျောင်းသားသည် အခြားတက္ကသိုလ်တွေမှာ Ph.D ကျောင်းသားဖြစ်ရန် အခက်ခဲရှိနိုင်သည်၊ အများစုတက္ကသိုလ်ကြီးတွေက 55 point ကို အနဲဆုံးထား သက်မှတ်ထားသည့်အတွက်ကြောင့်ပင်ဖြစ်သည်၊ ကိုယ့်ပူနေးတက္ကသိုလ်မှာပင် ပြန်တက်ဘို့စိတ်ကူးပြန်တော့လဲ ၀င်ခွင့် စာမေးပွဲကြောင့် ဗီဇာ မလောက်ဖြစ်၍ အခြားတက္ကသိုလ်တွေမှာတက်ဘို့ စိတ်ကူးရပြန်။ ထို့ကြောင့် ဆရာ (supervisor) ရပေမဲ့ 55 point မရပါက ရှေ့ဆက်ရန် စိတ်မချရပေ။ အဲဒီအတွက်လဲ စိတ်ပူရပြန်သည်။

စတင်လှုပ်ရှား
ယခုအချိန်အခါသည် supervisor အလုအရက် ရှာနေရသည့် ခေတ်ဖြစ်နေသည်။ ထို့ကြောင့် မနေ့က ဂေဇာတ် မထွက်သေးပေမဲ့ supervisor ရှာ ထွက်ခဲ့ရသည်၊ အစဉ်ပြေပါသည် ပူနေးတက္ကသိုလ်မှ အနားယူတော့မည့် ဆရာမကြီးသည် အခြားတက္ကသိုလ်တွင် ဆက်လက်လုပ်မည် ဟု သူငယ်ချင်းများထံမှ တဆင့်ကြားရသဖြင့် ချက်ခြင်း လှုပ်ရှားရတော့သည်၊ seat ပြည့်သွားရင် တက္ကသိုလ်များ တစ်ခုပြီးတစ်ခု လိုက်ရှာနေရရင် ပိုက်ဆံ၊ အချိန်ကုန်မည်၊ နေကလဲပူနဲ့ လူလဲ အရမ်းပင်ပန်းမည်။ သူငယ်ချင်းတစ်ယောက် အကူအညီဖြင့် ဆရာမကြီးဆီ သွားကြသည်။ တွေ့ပါပြီ ဆရာမ၊ ငါက ဒီတက္ကသိုလ်မှာ အနားယူလိုက်ပြီဆိုတော့ ကျောင်းသားလက်ခံဘို့ မဖြစ်နိုင်ဟုပြောရှာပေမဲ့ ကြိုတင်သတင်းရယူထားသော သီတဂူစတားက ချက်ချင်းပဲ နောက်ထက် တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်မည်ဟုကြားသိထားပါတယ်၊ ဆရာမ ဆက်လက် အလုပ်လုပ်မည့် တက္ကသိုလ်မှာ ဆရာမဆီမှာပဲ Ph.D ဆက်လုပ်ချင်ပါသည်ဆိုတော့။

ဆရာမက ကိုယ်ရေးမဲ့ ခေါင်းစဉ်ကို မေးသည်၊ မင်းရေးမည့်ခေါင်းစဉ်က သူများရေးထားတာ ရှိသလား? ဟုမေးသည်၊ မရှိပါဘူးဆရာမ၊ အေး အဲဒါဆို မနက်ဖန်ခါ ကိုယ်ရေးမဲ့ ကျမ်းစာ(thesis)ရဲ့ အကျဉ်းချုပ် SYNOPSIS ရေးခဲ့ဟု ညွှန်ကြားသည့်အတိုင်း အဲဒီနေ့ကပဲ ဆရာမဆီက အပြန် ချက်ချင်း ရေးရသည်၊ နဂိုကလဲ နဲနဲပြင်ဆင်ထားသဖြင့် ပို၍အဆင်ပြေသွားသည်။ ဒီကနေ့တော့ ဆရာမနှင့် သွားတွေ့ပြီး ကျမ်းစာအကျဉ်းချုပ် စာတမ်းကို အပ်ခဲ့သည်၊ သဘောကျဟန်ရှိပေမဲ့ နောက်နေ့ ထက်ချိန်ပြန်သည်၊ ငါဖတ်ကြည့်ဦးမယ် မနက်ဖန်ခါ ထက်လာခဲ့ဦးတဲ့၊ နေပူပူနဲ့ သွားရလိမ့်မည်။ ကိုယ်က မြန်မြန်နှင့် အဆင်ပြေချင်တော့ နေပူပူ မိုးရွာရွာ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် သည်းခံကာ သွားရမည်။ ကုလားပြည်မှာ သည်းမခံ၍မရ။ အချိန် ၊ ဗီဇာ ၊ ငွေကြေး စသည်တို့ကြောင့် မြန်မြန်ပြီးလေ ကောင်းလေပဲ။ ဤကား Ph.D ကျောင်းသားတစ်ယောက်၏ ပထမဆုံး တွေ့ကြုံရမည့် ဒုက္ခပင်ဖြစ်သည်။

သီတဂူစတားသည် လောလောဆယ် ဤ အစီအစဉ်ထိ အဆင်ပြေနေသေးသည်ဟူ၍ ဆိုနိုင်သည်၊ ဂေဇာတ် ကောင်းဘို့ရန်သာ လိုသည်။ အခုမှ ပထမ ခြေလှမ်းသာရှိပါသေးသည်။ နောက်ထက် အစီအစဉ်များကိုတော့ အစီအစဉ် အားလုံးပြီးမှ ဆက်ရေးပါဦးမည်။
အိန္ဒိယနိုင်ငံ၏ Ph.D ကျောင်းသားဘ၀ တစ်စိတ်တဒေသ အဖြစ် ဗဟုသုတရရန် ရည်ရွယ်ပါသည်။

သီတဂူစတား
၁၄-၅-၂၀၁၀

10 May 2010

ပူနေးပုံရိပ် (၂)


ဓမ္မာရုံအတွင်း ပူဇော်ထား

ပင့်ဆောင်လာသည့် ရုပ်ပွားဆင်းတုတော်

ပူနေးမြို့ရဲ့ ဗုဒ္ဓဘာသာများ လှုပ်ရှားမှုတစ်ရပ်
ပူနေးမြို့၏ အသွင်းအမျိုးအမျိုး၊ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့် အရေးများစွာတို့တွင် ဘာသာရေးနှင့် ပညာရေး နှစ်ရေးကိုတော့ အလျဉ်းသင့်သလို ဖော်ပြသွားပါမည်။

မနေ့ည (၁၀-၅-၂၀၁၀)က ပူနေးမြို့နယ်၊ ဗုဒ္ဓဘာသာရပ်ကွက်တစ်ခုမှာ ဓမ္မာရုံအသစ်ဖွင့်ပွဲနှင့် ရုပ်ပွားဆင်းတုတော် ပင့်ဆောင်ပူဇော်တဲ့ ပွဲ ပင့်၍ သွား အားပေးလိုက်သေးသည်။

ပွဲတော်က အတော်ကြီးကျယ်ပါသည်။ အိန္ဒိယပြည်ကြီးမှာ နေရာအနှံ့အပြား လူဦးရေ ထူထပ်လာသည့်အားလျော်စွာ လူဦးရေ ထူထပ်တဲ့ ရပ်ကွက်ဖြစ်တာလဲ တစ်ကြောင်း လမ်းကြောင်းများကလဲ လူဦးရေနှင့်မမျှအောင် ကျဉ်းမြောင်းတာက တစ်ကြောင်း ပြွတ်သိပ်နေအောင် စည်းကားသည်။


ရပ်ကွက်ထဲ လှည့်လည် ဘုရားပင့်ဆောင်လာသည့်ကားကြီးကလဲ မြင့်မားသဖြင့် လမ်းကြောင်းတစ်လျှောက် လျပ်စစ်ဓာတ်ကြိုးများဖြင့် ရှုပ်ထွေးနေသောကြောင့် ကိုက် ၁၅၀ လောက်မျှသာ ဝေးသည့်နေရာလေးကို တစ်နာရီကျော် လှည့်လည်ရသည်။ သီတဂူစတားတို့လည် ဘုရားပင့်ဆောင်သည့် ကားကြီးပေါ်တွင် နေရာယူလိုက်သည်၊ ပြဿနာက လမ်းဘေးဝဲယာရှိ အိမ်အပေါ်မှ ဗုဒ္ဓဘာသာကိုယုံကြည်သူများက ပန်းများဖြင့် ဘုရားကို ပေါက်ပူဇော်ကြသည်၊ သို့သော် ပန်းများက သီတဂူစတားတို့ ခေါင်း၊ နဖူးပေါ်လာမိတ်ဆက်သည်။


ဓမ္မာရုံလေးက ကျဉ်းပေမဲ့ အတော်လေး သပ်သပ်ရပ်ရပ် ရှိလှသည်၊ ထိုဓမ္မာရုံ၏ အလှူရှင်သည် တစ်ဦးတည်းသော ကုလားမိသားစုဖြစ်သည်၊ အလှူအတန်းမရှိသည့် ကုလားပြည်မှာ ဤကဲ့သို့ ရက်ရက်ရောရော အကုန်အကျခံ စွန့်လွတ်နိုင်တာဟာ အံ့သြစရာပင်။ မြန်မာ ရဟန်းတော် ၃ ပါးနှင့် ကုလားဘုန်းကြီး ၁၀ ပါးလောက်တက်ရောက်သည်၊ ကုလားဘုန်းကြီးတွေ ဘာတွေရွတ်ဖတ်လဲတော့ မသိ၊ တချို့ သမန္တာ စက္က၀ါဠေသု၊ မေတ္တာသုတ် စသည်များရွတ်သည့် အခါတော့ နားလည်၍ လိုက်ရွတ်နိုင်။


ထိုပွဲတော်ကို မာရတီဘာသာ သရုပ်ဆောင်နှင့် ဒါရိုက်တာတက်ရောက်၊ မင်းသမီးက ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဟု ဆိုလိုက်သော အခါ လက်ခုပ်တီး အားပေးကြသည်၊ မင်းသမီးက မာရတီလိုမိန့်ခွန်းပြောသည်၊ ဘာတွေပြောမှန်းတော့မသိ လူတွေကတော့ လပ်ခုပ်တဖျောင်းဖျောင်း တီးကြသည်။ ဘာသာရေးကို အကြောင်းပြုကာ နိုင်ငံရေးဟောပြောပွဲများလဲ ပါဝင်သည်။ လမ်းဘေး စင်မြင့်တစ်ခု ဆောက်ကာ ဟောပြောပွဲများကျင်းပသည်။

အိမ်ပေါ်က

ဒေါက်တာအမ်ဘေဒကာ၏ တပည့်များဖြစ်သည်အလျောက် ဘုရားကို ပူဇော်သလို ဘုရားလောင်းဟု ယူဆကာ ဒေါက်တာအမ်ဘေဒကာကိုလဲ ကိုးကွယ် ပူဇော်သည်၊ အမ်ဘေဒကာ ပြောသမျှကို အကုန်လက်ခံသည်၊ ဘုရားပြောတာထက် ပိုလက်ခံနေပုံရသည်၊ ဗုဒ္ဓစာပေအကြောင်း ဘာမှ လေ့လာဆည်းဖူးထားခြင်း မရှိသဖြင့် ဒေါက်တာအမ်ဘေဒကာ ပြောသမျှ ဟောသမျှသည်သာ အမှန်ဟု ယူဆထားသည်၊ အတိတ် အနာဂတ်ကို လက်မခံနိုင်သလို ကံကံ၏ အကျိုးကိုလည်း ဘာမှ မသိရှာ။ ပစ္စုပ္ပန္နကမ္မ၀ါဒဟူ၍ပင် ခေါ်လောက်သည်။

ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာ အိန္ဒိယပြည်ကြီးမှာ ပြန်လည် အသက်ဝင်လာတာကိုပဲ ကျေးဇူးတင်ရမှာဖြစ်ပါသည်၊ သူ့နေရာ သူ့လူနဲ့ကတော့ ဟုတ်နေတာပဲ။

သီတဂူစတား
၁၀-၅-၂၀၁၀

07 May 2010

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ


စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်

မနုသေးသောမြက် နုလာအောင်
သီတဂူဆရာတော်ကြီးသည် ရေအလှူတော်စီမံကိန်း၊ အာယုဒါန ဆေးရုံအလှူများ အရှိန်အဟုန်မြင့်စွာဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လာခဲ့ရာ အောင်မြင်မှုသရဖူဆောင်းနိုင်သည့် အထိ အောင်မြင်လာခဲ့သည်။ ဆရာတော်၏ Ground to Crown ဆောင်ပုဒ်အတိုင်း ရေကြည်ရာ မြက်နုရာ မဟုတ်ဘဲ ရေမကြည်သေးတဲ့ နေရာ ရေကြည်လာအောင် မနုသေးတဲ့မြက် နေရာ မြက်နုလာအောင် အရိုင်းပန်းမှ တော်ဝင်ပန်း (သရဖူပန်း)အထိ အောင်မြင်လာအောင် ဆောင်ရွက်လာခဲ့သည်။ ယခုတဖန် ပညာရေးနယ်ပယ်မှာလဲ စွမ်းစွမ်းတမံ ဆောင်ရွက်လာခဲ့ရာ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်ကြီးများ ညီလာခံကြီး ကို လက်ခံကျင်းပနိုင်ခဲ့သည့်အထိ တရှိန်ထိုး အောင်မြင်လာခဲ့သည်။ ပညာရေးနယ်ပယ်တွင် ဆောင်ရွက်ရာတွင်----

ဗဟိုတက္ကသိုလ်

စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟိုတက္ကသိုလ်ကြီးသည် ၁၉၉၆ခုနှစ်ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။ Diploma course များ, B.A course များနှင့် M.A coruse များ ဟန်ချက်ညီညီ ပုံမှန် သက်ဝင်လှုပ်ရှားလျက်ရှိနေသည်မှာ အထူးအောင်မြင်လျက်ရှိပါသည်။ Diploma course အောင်မြင်ပြီးကျောင်းသား ၅၅၀ ကျော်၊ B.A course အောင်မြင်ပြီးကျောင်းသား ၄၀ ကျော် နှင့် M.A course ဒုတိယနှစ်အတွက် စတင်နေပြီဖြစ်ပါသည်။

ဆရာများမွေးထုတ်
တက္ကသိုလ်၏ ပါမောက္ခ၊ ကထိက ဆရာများကို ဆရာတော်၏ ကိုယ်ပိုင်န၀ကမ္မများဖြင့် ထောက်ပံ့ကာ တပည့်များကို ပြည်ပသို့ပညာတော်သင် စေလွှတ်ခဲ့ပါသည်။ အမေရိက၊ အင်္ဂလန်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ တို့တွင် နိုင်ငံတကာ တက္ကသိုလ်များ၏ အတွေ့အကြုံ ဗဟုသုတများရစေလိုသည်။ အများစုသောဘာသာရပ်များမှာ ဗုဒ္ဓစာပေဆိုင်ရာ ဘာသာရပ်များနှင့် ဒဿနိကဗေဒဆိုင်ရာ ဘာသာရပ်များ၊ ယခုအခါ ရှေးဟောင်းသုတေသနဆိုင်ရာ ဘာသာရပ်နှင့် ဟိန္ဒီဘာသာ၊ ဝေဒစာပေများကို လေ့လာစေရန် ညွန်ကြားထားသည်။ တက္ကသိုလ်အသီးသီးမှ ဒေါက်တာဘွဲ့များ၊ အမ်အေဘွဲ့များ ရရှိအောင်မြင်ပြီးသော တပည့်များသည် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များတွင် စာပေများ သင်ကြားပို့ချလျက် တာဝန်များ ထမ်းဆောင်နေကြပြီဖြစ်သည်။

သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြု ဗိမာန်တော်


တက္ကသိုလ်ခွဲများ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများကို ရန်ကုန်မြို့နှင့် အောက်မြန်မာပြည်ရှိ ဗုဒ္ဓစာပေများကို စိတ်ဝင်စားသူတွေအတွက် အလွယ်တကူတက်ရောက် သင်ယူနိုင်ရန် ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို ၎င်း၊ မန္တလေးမြို့ဝန်းကျင်ရှိ ဗုဒ္ဓစာပေများကို လေ့လာသင်ကြားလိုသူများအတွက် အဆင်ပြေစေရန် ၂၀၀၉ ခုနှစ်က မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို၎င်း ဖွင့်လှစ်ခဲသည်။ Diploma course များ ဖွင့်လှစ်ပြီးသင်ကြား ပို့ချလျက်ရှိပါသည်။ B.A course များဆက်လက် ဖွင့်နိုင်ရန် ကြိုးပန်းလျက်ရှိသည်။

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြု အဖွဲ့ချုပ် စင်တာကြီးကို တည်ဆောက်ပြီး Diploma course များသင်ကြားလျက်ရှိရာ သုံးနှစ်ခရီးပင်ရောက်ခဲ့ပြီ။ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြု ဗိမာန်တော်ကြီး၏အောက်ထပ် ကားထားရာ နေရာ (car parking) မှာ စာသင်ဆောင်များ မရှိသေးသဖြင့် ယာယီ သင်ကြားလျက်ရှိရာ သုံးနှစ်ခရီးပင် ရောက်ခဲ့ပြီ။ ယခုအခါ အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြု ဗိမာန်တော်ကြီးနှင့် ကပ်လျက် သုံးထပ်စာသင်ကျောင်းဆောင်ကြီး (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)) တည်ဆောက်လျက်ရှိပါသည်။

အဆောက်အအုံ ပုံစံနှင့် အလှူရှင်များ



မြေညီထပ်တွင်
တစ်ဆောင်လျင် ကျပ်သိန်း (၁၀၀၀)
၁။ ဘောဇနသာလာ (Dining Hall)
၂။ လုမ္ဗိနီသင်တန်းခန်းမဆောင်ကြီး (Lecture Theater)

ဒုတိယထပ်တွင်
စာသင်ဆောင် (၆) ဆောင်၊ တစ်ဆောင်လျင် ကျပ်သိန်း (၅၀၀)
၁။ သာဝတ္ထိခန်းမဆောင် (အလှူရှင် ရပြီး)။ ၂။ ဇေတ၀န်ခန်းမဆောင် ၃။ ရာဇဂြိုဟ်ခန်းမဆောင်
၎။ ဝေဠုဝန်ခန်းမဆောင် ၅။ ဗာရာဏသီခန်းမဆောင် ၆။ မိဂဒါဝန်ခန်းမဆောင်။
ထို ဒုတိယထပ်မှာပဲ ပါမောက္ခဌာနမှူး ရုံးခန်း (၃)ခန်း၊ တစ်ခန်းလျင် ကျပ်သိန်း( ၂၅၀) စီဖြင့် လှူဒါန်းနိုင်ပါသည်။

တတိယထပ်တွင်
မဟာသမယ မဟာသန္နိပါတ ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး အတွက် ကျပ်သိန်း (၃၀၀၀) အလှူရှင်ရပြီး နှင့် ကျပ်သိန်း (၂၅၀) အခန်းများမှာ---
၁။ အဓိပတိဆရာတော် ရုံးခန်း (Chancellor's Office) အလှူရှင်ရပြီး။
၂။ ပါမောက္ခချုပ်ဆရာတော် ရုံးခန်း (Rector's Office)
၃။ မော်ကွန်းထိန်းဆရာတော် ရုံးခန်း (Registrar's Office)
သုံးထပ်စာသင်ကျောင်းဆောင် မ.တည်အလှူရှင်များ
၁။ ဒေါက်တာ ကျော်ခိုင်+ဒေါ်စိန်ဌေး မိုးကုတ်မြို့၊ ကျပ်သိန်း (၁၀၀၀)
၂။ ဦးတင်ဦး+ဒေါ်လှမြင့် (ရွှေစင်ရတနာရွှေဆိုင်) ရန်ကုန်၊ ကျပ်သိန်း (၁၀၀၀)
၃။ ဦးမြသန်း+ဒေါ်ယဉ်ထား (ရွှေကျီးမင်း ရွှေဆိုင်) ရန်ကုန်၊ ကျပ်သိန်း (၁၀၀၀)
၎။ ဦးခင်ဦးအောင်+ဒေါ်မြင့်မြင့်အုန်း (အောင်ပြည်တန်ကုမ္ပဏီ မိသားစု) ကျပ်သိန်း (၅၀၀)။

ဆောက်လုပ်ဆဲ ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

ဤသို့အားဖြင့် အခွင့်ကောင်းကို ရယူပြီးသွားကြသော အလှူရှင်များနှင့် လှူဒါန်းရန် အခွင့်ကောင်းကို ချောင်းနေသော အလှူရှင်အပေါင်းတို့အား မြန်မာ့သာသနာနှင့် ကမ္ဘာ့သာသနာမှာ လိုအပ်ချက်များကို ဖြည့်စွက်သော အားဖြင့် သမိုင်းသစ်၏ မှတ်တမ်းတစ်ခုကို အရယူရန် အောက်ပါ တာဝန်ရှိသူများနှင့်ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
၁။ သီတဂူသာသနာပြုအဖွဲ့ ရန်ကုန်
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဒေါက်တာအရှင်အဂ္ဂဓမ္မ (စီမံတာဝန်ခံ) ၀၉-၈၆၀၁၈၅၉
ဦးကျော်ရှိန် (ရုံးအဖွဲ့မှူး) ၀၁-၅၈၁၉၉၉။ ၀၉-၈၅၅၃၄၈၇
၂။ ဦးဟန် (အတွင်းရေးမှူး-၁) ၀၉-၅၁၉၉၉၉၀
၃။ ဦးခင်မောင်ဝင်း (အတွင်းရေးမှူး-၂) ၀၉-၅၀၀၇၅၆၀
၎။ ဦးဝင်းအောင် (အတွင်းရေးမှူး-၃) ၀၉-၅၀၁၇၄၉၃
၅။ ဦးမြင့်အောင် (အတွင်းရေးမှူး-၄) ၀၉-၅၁၄၉၄၆၄
၆။ ဦးတင်အေး (တည်ဆောက်ရေးတာဝန်ခံ) ၀၉-၅၁၃၉၄၆၄
သူတော်ကောင်းဓာတ် တရားမြတ် လွမ်းပတ်ကမ္ဘာ တည်စေသော်။
May the Sublime Dhamma prevail in its pristine purity
in every corner of the world!

တည်ဆောက်ဆဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာသင်ဆောင် ပုံစံငယ်

သတင်းအချက်အလက်များကို စုစည်းပေးသော ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ (သင်ကြားစီမံ၊ ရန်ကုန်) အား အထူးကျေးဇူးတင်ပါသည်။

သီတဂူစတား
၇-၅-၂၀၁၀


04 May 2010

နာလန္ဒာတက္ကသိုလ် ပုံရိပ်

နာလန္ဒာတက္ကသိုလ်ကြီး၏ လှုပ်ရှားမှုများကို ဖော်ပြလိုက်ပါသည်၊ ဓာတ်ပုံများကို http://www.facebook.com/profile.php?id=1528440601 မှ ကူးယူဖော်ပြပါသည်။

လေးထပ်ကွမ်း ဒေါက်တာဘွဲ့
သီတဂူဆရာတော်ကြီးကို အောက်ဖော်ပြပါ တက္ကသိုလ်ကြီး ၄ ခုမှ ဒေါက်တာဘွဲ့များ ဆက်ကပ်ထားသည်။
၁။ ရန်ကုန်တက္ကသိုလ် (မြန်မာ)
၂။ မဟာချူလာလောင်ကွန် တက္ကသိုလ် (ထိုင်း)
၃။ မဟာမကုဋ် တက္ကသိုလ် (ထိုင်း)
၎။ နာလန္ဒာတက္ကသိုလ် (အိန္ဒိယ)

H.E. Shri R.L. Bhatia က သီတဂူဆရာတော်ကြီးအား ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ (ဒေါက်တာဘွဲ့) ဆက်ကပ်စဉ်
Receiving the degree of Vidya Varidhi Honoris Quasa, which is nowadays equivalent to an honorary doctorate degree, from H.E. Shri R.L. Bhatia.

ဆရာတော်ကြီးအား ရုပ်ပွားဆင်းတုတော် အမှတ်တရ လက်ဆောင်ပေးစဉ်
Receiving a token statue from H.E. Shri R.L. Bhatia

ကျေးဇူးတင်စကား ပြောကြားစဉ်

ဘယ်ဘက်မှ ဒေါက်တာပန့် (နာလန္ဒာတက္ကသိုလ် အဓိပတိ)၊ ညာဘက် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ
From L to R: Dr. Ravidnra Panth, H.E. Shri R.L. Bhatia, Thich Nhat Hanh, Ven. Dr. Nyanissara

အိန္ဒိယနိုင်ငံ မဂဓတက္ကသိုလ်၊ နာလန္ဒတက္ကသိုလ် များတွင် ပညာသင်ကြားနေကြသော မြန်မာရဟန်းတော်များ တက်ရောက်
Sayadaw with Dr. Ravindra Panth and all of his students studying in India.

နာလန္ဒာတက္ကသိုလ်နှင့် နာဂဇုန (တက္ကသိုလ် တည်ထောင်သူ) အကြောင်းကို စာမေးပွဲအပြီး တင်ပြပါဦးမည်။
သီတဂူစတား
၎-၅-၂၀၁၀

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes