သီတဂူစတား

သီတဂူစတား

28 January 2015

ဒုတိယနေ့ မနက်ပိုင်း (၁၉) ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး

၁၉ ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး 
(ဒုတိယနေ မနက်ပိုင့်း)

၂၈-၁-၂၀၁၅ နေ့ မနက်ပိုင်း အစည်းအဝေးကို နံနက် ၈း၀၀တိတိမှ စတင်သည်၊ ဒုဒ္ဒသမရွှေကျင်သာသနာပိုင် ၀ါဆိုဆဆရာတော်ကိုယ်တိုင် သဘာပတိအဖြစ်ထမ်းဆောင်သည်၊ တွဲဘက်အဖြစ် ဒုတိယသာသနာပိုင်ဆရာတော်များ၊ သက်တော် သိက္ခာတော်ရ ဆရာတော်ကြီးများက ထမ်းဆောင်ကြသည်။

ဓမ္မသေနာပတိဆရာတော်ကြီးနှင့် တွဲဘက်သာသနာပိုင်ဆရာတော်ကြီးများက ရှေးဦးစွာ သြ၀ါဒကထာချီးမြင့်ကြသည်။

ထင်ရှားကျော်ကြားသော ရွှေကျင်ဆရာတော်ကြီးများ၏ ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာများ ဖတ်ကြားခြင်း၊ ရွှေကျင်ဆရာတော်ကြီးများ အစဉ်အဆက်တို့၏ အဆုံးအများ ဖတ်ကြားပူဇော်သည်။
ဥရောပ ဗုဒ္ဓဘာသာ စတင်ရောက်လာပုံတို့ကိုလည်း ဖတ်ကြားတင်သွင်းကြသည်။

အခမ်းအနားအပြီး သီတဂူဆရာတော်ကြီးနှင့် ပြည်ပရွှေကျင်ဂိုဏ်းဝင်ဆရာတော်များ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး၊ သီတဂူဆရာတော်ကြီးနှင့် အစည်းအဝေးကြီး၏ အလုပ်အမှုဆောင် ဆရာတော်များက မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၁-၂၀၁၅
www.sitagustar2020.net

27 January 2015

၁၉ ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး ပထမနေ့

၁၉ ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး ပထမနေ့

၁၉ ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ အစည်းအဝေးကြီးကို မှော်ဘီမြို့၊ ဆေကိန္ဒာရာမတောရကျောင်းတိုက်တွင် ၂၀၁၅ခုနှစ် ဇန္န၀ါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသည်။ ၂၆ ရက်နေ့ ညနေပိုင်းတွင် အကြိုအစည်းအဝေးကျင်းပသည်။ ဒီကနေ့ ၂၇ ရက်နေ့တွင် မနက်ပိုင်းနှင့် နေ့လည်ပိုင်း ၂ ကြိမ်ကျင်းပသည်။ ညပိုင်း ယောဆရာတော်၏ တရားပွဲ ကျင်းပည်သည်။

ထိုအစည်းအဝေးပွဲသို့ ရွှေကျင်သာသနာပိုင် သက်တော် ၉၅ နှစ်ရှိ ၀ါဆိုဆရာတော်ကြီး၊ ဒုတိယသာသနာပိုင် ဆရာတော်များ၊ ဂိုဏ်းလုံးဝန်ဆောင် ဆရာတော်များ၊ ထင်ရှားကျော်ကြားသော သီတဂူဆရာတော်၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၊ ယောတိပိဋကဆရာတော် စသော ဆရာတော်ကြီးများလည်း တက်ရောက်ကြသည်။ ချင်းပြည်နယ်မှ တပါး တစ်နိုင်ငံလုံးရှိ ရွှေကျင်းကျောင်းပေါင်း ၃၅၀၀ ကျော်မှ ၅ သောင်းကျော်သော ရွှေကျင်သံဃာတော်တို့ကိုယ်စား သံဃာ (၁၀၀၀) ကျော်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရွှေကျင်ဂိုဏ်းသာသနာတော် ကြီးပွားရေး၊ ညီညွတ်ရေး၊ ပြန့်ပွားရေး အပြင် ဂိုဏ်းတွင်းဖြစ်ပေါ်နေသော အခက်အခဲပြသနာများ အကြောင်း၊ ပြည်ပရှိ ရွှေကျင်ဂိုဏ်းသာသနာအကြောင်း ဆွေးနွေးကြသည်။

နေ့လည်ပိုင်းတွင် ရွှေကျင်းဂိုဏ်းနှင့်စပ် စာတမ်းဖတ်ပွဲများ ကျင်းပသည်၊ ထိုစာတမ်းဖတ်ပွဲကို သီတဂူဆရာတော်ကြီးက သဘာပတိ (အခမ်းအနားမှူး)အဖြစ် ဆောင်ရွက်သည်။

သီတဂူဆရာတော်နှင့်စပ်သော အကြောင်းရာပါလာ
-----------------------------------
ဆွေးနွေးပွဲ စာတမ်းဖတ်ပွဲများတွင် သီတဂူဆရာတော်ကြီးအကြောင်း ထည့်ပြောသွားသည်များကို ကြားလိုက်ရသည်။

(က) သာသနာပိုင် ၀ါဆိုဆရာတော်ကြီး၏ သီတဂူဆရာတော်ကြီး၏ မဟာဒါနအကြောင်း

(ခ) ၀ိဇိတာရုံဆရာတော်ကြီးက သီတဂူဆရာတော်ကဲ့သို့ စံပြ သာသနာပြု အကြောင်း

(ဂ) သီရိလင်္ကာ ရွှေကျင်သံဃာများက သာသနာတော်အတွက် စွမ်းစွမ်းတမံအားထုတ်သော သီတဂူဆရာတော်ကို ကျေးဇူးတင်ကြောင်း

(ဃ) အမေရိကန်သာသနာပြု ရဟန်းတစ်ပါးက အမေရိကန်၊ တက္ကဆက်ပြည်နယ်ရှိ သီတဂူဆရာတော်ကြီး၏ စေတီ၊ ကျောင်း၊ ကန်တို့သည် မြန်မာမှု မြန်မာဟန် ထုထည်ကြီးမားစွာ တည်ဆောက်ထားပုံအကြောင်း

(င) ဒေါက်တာ အရှင်စန္ဒနသာရ (ကျောက်မဲဆရာတော်)၏ “ ရွှေကျင်ဂိုဏ်းရဲ့စာတမ်းအစ သီတဂူဆရာတော်က”ဟု သောအကြောင်း (စာတမ်းဖတ်ပွဲထည့်သွင်းကျင်းပလာတာ ၁၆ ကြိမ်မြှောက် ညောင်ရွှေ ရွှေကျင်းဂိုဏ်းလုံးကျွတ်အစည်းအဝေးတွင် သီတဂူဆရာတော်မှ စတင်ခဲ့သည်)

သာသနာတော်အတွက် စည်းလုံးညီညွတ်မှုဖြင့် ကြိုးပမ်းကြကုန်သော ဆရာတော်သံဃာတော်များကို ဂါရ၀ပြုလျက်-------------

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁-၂၀၁၅

26 January 2015

မော်ကျွန်း သီတဂူစက္ခုဒါနဆေးရုံ မျက်စိခွဲစိပ်ကုသမှု မှတ်တမ်း

မော်ကျွန်း သီတဂူစက္ခုဒါနဆေးရုံ မျက်စိခွဲစိပ်ကုသမှု မှတ်တမ်း

၂၄-၁-၂၀၁၅ရက်နေ့က စပြီး ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ သီတဂူ လှဆန်းယဉ် စက္ခုဒါနဆေးရုံတွင် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ပြည်တွင်းပြည်ပ မျက်စိအထူးကု ဆရာဝန်ကြီးများ၊ သွား အထူးကုဆရာဝန်ကြီးများက မျက်စိဝေဒနာရှင်များနှင့် သွား ခံတွင်းဝေဒနာရှင်များအား လူမျိုးမခွဲ ဘာသာမခွဲခြားဘဲ မည်သည့်ဘာသာ မည်သည့်လူမျိုးမဆို ကြည့်ရှု စမ်းသပ် ကုသပေးခဲ့သည်။


ယနေ့အထိ-- ၃ ရက်အတွင်း မျက်စိခွဲစိပ်ကုသမှု
-----------------------------------------
ကြည့်ရှုစစ်ဆေး ( ၅၈၀ )ယောက်
ခွဲစိပ်ကုသ (၂၅၀)ယောက်တို့ကို အောင်မြင်စွာ ကုသနိုင်ခဲ့သည်။ ထိုအထဲတွင် အစ္စလာမ်ဘာသာဝင်များလည်း ပါဝင်သည်။
သွားနှင့်ခံတွင်း ( ၁၈၀) လူနာများကို ကုသပေးခဲ့သည်။
၂၉-၁-၂၀၁၅ နေ့အထိ ခွဲစိပ်ကုသပေးမည် ဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြု အဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

25 January 2015

မော်ကျွန်း သီတဂူလှဆန်းယဉ် မျက်စိအလှူတော်

မော်ကျွန်း သီတဂူလှဆန်းယဉ် မျက်စိအလှူတော်

ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့၊ သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံတွင် ၂၄-၁-၂၀၁၅ နေ့ကစပြီး သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ပြည်တွင်း ပြည်ပ မျက်စိအထူးကု ဆရာဝန်ကြီးများက စမ်းသပ် စစ်ဆေး ခွဲစိပ်ခြင်းများ ပြုလုပ်ပါသည်။

ပထမဆုံးရက်တွင်-------
လူနာပေါင်း (၁၇၀၀)ကျော် စာရင်းပေးသွားထားသည်။
စမ်းသပ် (၃၇၄) စစ်ဆေးပေးပြီး။
ခွဲစိပ်လူနာ ( ၇၀ )ယောက်ကို ခွဲစိပ်ကုသပေးပြီး။ ဒီကနေ့ (၄၃)ယောက်ခွဲစိပ်မည်။

ထိုအထဲတွင် အသက် (၁၀၅)နှစ်ရှိ အဘိုး ဦးမြမောင်၊ မဘေ-ကွန်းသီးကျောင်းကျေးရွာ၊ မော်ကျွန်း၊ (သားသမိး (၁၀)ယောက်ရှိ၊ ၃ယောက်သာကျန်ဟုဆို၊ လမ်းမလျှောက်နိုင်၊ ယခုတစ်ယောက်တည်းနေ၊) လည်းပါသည်။ ယခုအခါ မျက်စိအလင်း ရသွားပြီ ဖြစ်သည်။

ဆက်လက်ပြီး ကျန်ရှိ မျက်စိဝေဒနာရှင်များကို ကုသနေဆဲဖြစ်သည်။ ၂၉-၁-၂၀၁၅ နေ့အထိ ခွဲစိပ်ကုသပေးမည် ဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၁-၂၀၁၅

သီတဂူစတား ရန်ကုန်ပြန်ရောက်

သီတဂူစတား ရန်ကုန်ပြန်ရောက်
------------------------------


မလေးရှားနိုင်ငံ ဓမ္မခရီးကြွသွားသော သီတဂူစတား ဆရာတော်သည် မြန်မာ့လေကြောင်းလိုင်းဖြင့် ၂၃-၁-၂၀၁၅ နေ့ နေ့လည် ၁-၁၅အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေစွာ ပြန်လည် ရောက်ရှိသည်။

မလေးရှားနိုင်ငံ ဘတ္တာဝပ်မြို့ (Butterworth) နှင့် အိပို့မြို့ (Ipoh)တို့တွင် ဓမ္မသဘင်ကြီးများ ကျင်းပသည်။ ထိုတရားပွဲများကို မလေးရှားရောက် လူမှုရေးအသင်းများစွာက ဦးစီးကျင်းပသည်။ မလေးရှားတရားပွဲ နှစ်ခုလုံး ခမ်းနား အောင်မြင်သည်။

မလေးရှားရောက် မြန်မာအဖွဲ့များနှင့် တသီးပုဂ္ဂလများသည် အလွန်တာဝန်ကျေပွန်ကြသည်။ နေစရာ စားစရာ သွားရေး လာရေး စသည်စသည်များကို လိုလေးသေးမရှိအောင် ဆောင်ရွက်ပေးကြသည်။

မလေးရှားမှာရောက်ခိုက် အစ အလယ် အဆုံး မော်တော်ယာဉ်အလှူ၊ ဆွမ်းအလှူ၊ ပစ္စည်းလေးပါးအတွက် န၀ကမ္မအလှူများ လှူဒါန်းကြသော ကွာလာလမ်ပူမြို့ရှိ ဂန္တ၀င်မြန်မာ့စေားသောက်ဆိုင်ကဲ့သို့သော မြန်မာ့ထမင်းဆိုင်ပိုင်ရှင်များ၊ လုပ်ငန်းရှင်များကဲ့သို့သော မြန်မာမိသားစုများနှင့် မြန်မာအလုပ်သမားများ၊ အထူးသဖြင့် တရားပွဲဖြစ်မြှောက်အောင် ဆောင်ရွက်ပေးကြသော လူကြီးမင်းများ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၁-၂၀၁၅
www.sitagustar2020.net

24 January 2015

သီတဂူစတား မလေးရှား တရားပွဲ (၂)

သီတဂူစတား မလေးရှား တရားပွဲ (၂)

၁၇-၁-၂၀၁၅ နေ့ စနေနေ့ည၊ မလေးရှားနိုင်ငံ၊ ပီနန်၊ ဘတ်တာဝပ် (butterworth)မြို့ရှိ တရုပ်သူဋ္ဌေး ခန်းမဆောင်၌ သီတဂူစတား (ဒေါက်တာ အရှင်ကောဝိဒသိရီ)သည် ထိုမြို့အနီးတ၀ိုက်ရှိ မြန်မာနိုင်ငံသူ-သားများအား တရားဓမ္မများ ချီးမြင့်ခဲ့သည်။

ထိုတရားပွဲကို မလေးရှားနိုင်ငံရှိ လူမှုရေးပရဟိတအသင်း (၁၂)က ပူးပေါင်း ကမကထပြုလုပ်သည်။ တရားနာပရိသတ် တစ်ထောင်ကျော်တက်ရောက် နားယူကြသည်၊ ကမ္ပဏီပိုင်ရှင် တရုပ်သူဋ္ဌေးများလည်း လာရောက် တရားနာယူကြသည်။

မိဘကိုပြုစုလုပ်ကျွေးမယ်၊ ညီအစ်ကိုမောင်နှမတွေကို ထောက်ပံ့မယ် မိဝေး ဖဝေး အဆင်းရဲဒဏ် ပင်းပန်းခံ၍ သူများနိုင်ငံမှာ အလုပ်လုပ်နေကြသည်။ ကိုယ့်နိုင်ငံ၏ လစာသည် တစ်ယောက်စာအတွက်တောင် အနိုင်နိုင် ဖြစ်ရသည့်အတွက်ကြောင့်လည်း ရေကြည်ရာ မြက်နုရာသို့ ထွက်လာကြခြင်းဖြစ်သည်။

ထို့အတွက် မိဘကျေးဇူးအကြောင်း အမေ အဖေအလွမ်းပြေ တရားတစ်ပုဒ် ဟောပေးခဲ့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၁-၂၀၁၅
www.sitagustar2020.net

18 January 2015

သီတဂူစတား မလေးရှားတရားပွဲ (၁)

မလေးရှား တရားပွဲ (၁)
--------------


မလေးရှားနိုင်ငံရောက် သီတဂူစတား (ဒေါက်တာ အရှင်ကောဝိဒသိရီ)သည် ဒုတိယနေ့အဖြစ် (၁၈-၁-၂၀၁၅) တနင်္ဂနွေနေ့ နေ့လည် ၂ နာရီကစ၍ မလေးရှားနိုင်ငံ၊ အိပို Ipohမြို့၊ Tower Regency Hotel တွင် မြန်မာမိသားစုများအား တရားချီးမြင့်ခဲ့သည်။

ထိုတရားပွဲကို အိပိုမြို့ရှိ ကာယကံမေတ္တာရှင် လူမှုရေးအသင်းက ကမကထ ပြုလုပ်သည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၁-၂၀၁၅
www.sitagustar2020.net

15 January 2015

သီပေါ သီတဂူစက္ခုဒါနဆေးရုံ မျက်စိအထူးကု

သီပေါ သီတဂူစက္ခုဒါနဆေးရုံ မျက်စိအထူးကု

သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်အရ သီပေါ သီတဂူစက္ခုဒါနဆေးရုံတော်ကို ဇန္န၀ါရီလ ၁၈-ရက်နေ့တွင် ၃၀-ကြိမ်မြောက် အခမဲ့ကုသိုလ်ဖြစ် ဖွင့်လှစ်ကုသပေးပါမည်။

US မှ GLOBAL COMMUNITY SERVICE FOUNDATION အဖွဲ့က သီတဂူဆရာတော်ကြီး၏ မေတ္တာရပ်ခံချက်ဖြင့် မျက်စိအထူးကုသမားတော်ကြီး Professor Chandra Suresh ခေါင်းဆောင်သော မျက်စိအထူးကု ကုဆရာဝန်ကြီးများ လာရောက်ကုသပေးပါမည်။

သီပေါ သီတဂူစက္ခုဒါနဆေးရုံတော်မှ စေတနာ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်းခွဲစိတ် ကုသပေးကြပါမည်။

သတင်းဓာတ်ပုံ-Sitagu hsipaw
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁-၂၀၁၅
www.sitagustar2020.net

စစ်ကိုင်းတောင်‬ သီတဂူအာယုဒါနဆေးရုံ

စစ်ကိုင်းတောင်‬ သီတဂူအာယုဒါနဆေးရုံ

စစ်ကိုင်းတိုင်းဒေသကြီး သီတဂူအာယုဒါနဆေးရုံတော်၌ 11-1-2015မှစတင်ကာ လေးရှားနိုင်ငံမှ မျက်စိအထူးကုဆရာဝန်ကြီးများ လာရောက်ခွဲစိပ်ကုသ ပေးလျှက်ရှိရာ ယနေ့ဆိုလျှင် (၃)ရက်မြောက်ဖြစ်သည်။ (၁၈-၁-၂၀၁၅)ရက်နေ့အထိ ကုသပေးမည်ဖြစ်သည်။

၁၃ရက်နေ့တွင် ပြင်ပလူနာေုပါင်း ၂၃ယောက်။ ခွဲစိပ်ကုသပြီးလူနာပေါင်း ၄၁ယောက်တွင် နောက်ခန်းလူနာ ၉ယောက်။ ရှေ့ခန်းလူနာ ၃၂ယောက်ဖြစ်ပြီး ခွဲစိပ်ရန် အဆင်သင့်ဖြစ်နေသော လူနာ ဆေးရုံပေါ်မှာ (၃၄)ယောက် ကျန်ရှိပါသေးသည်။ မနက်ဖန်ချိန်းထားသောလူနာများလည်း ကျန်ပါသေးသည်။ 

ယခုဆိုလျှင် ခွဲစိပ်ပြီး လူနာပေါင်း (၆၈)ယောက်ဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁-၂၀၁၅

14 January 2015

ထားဝယ် သီတဂူအာရောဂျဒါန - ဘယ်လ်ဂျီယမ်ဆရာဝန်အဖွဲ့

ထားဝယ် သီတဂူအာရောဂျဒါန - ဘယ်လ်ဂျီယမ်ဆရာဝန်အဖွဲ့
---------------------------------------


၂၀၁၅ခုနှစ် ဇန္န၀ါရီလ ၁၂-၁၃- - နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှင့် အခြားအကြီးစားခွဲစိပ်မှုများ (၅၁) ယောက်ကို ကုသပေးနိုင်ခဲ့သည်။

သီတဂူဆရာတော်ဘုရားကြီး၏ ကျန်းမာရေးစောင့်ရှောက်မှု အစီစဉ်များထဲမှ တစ်ခုဖြစ်သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကုသပေးရေး အစီစဉ်အရ ထားဝယ်မြို့၊ သီတဂူအာရောဂျဒါနဆေးရုံတွင် ဘယ်လ်ဂျီယံနိုင်ငံမှ Dr. Patrict Tonnord ဦးဆောင်သော (ဘယ်လ်ဂျီယမ် အထူးကုအဖွဲ့) သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများအပြင် အသားပို၊ အဆီပိုများ ခွဲထုပ်ပေးခြင်း၊ မတော်တဆ လွှ၊ဓားစသည်တို့ကြောင့် ဒဏ်ရာ ပြင်းထန်စွာရရှိသူများ၊ မီးလောင်ဒဏ်ရာရရှိသူများအားလည်း ခွဲစိတ်ကုသမှုပေးခဲ့သည်။

သတင်းဓာတ်ပုံ- ထားဝယ်သား သီတဂူဦးကျော်မြဟန်

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁-၂၀၁၅
www.sitagustar2020.net

13 January 2015

စီမံအုပ်ချုပ်ရေးအဖွဲ့၏ အထူးကြညာချက်

အထူးကြေညာချက်
၁၃-၁-၂၀၁၅
------------------------


သီတဂူဆရာတော်ကြီးသည် International Association Of Theravada Buddhist University (ATBU) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌအဖြစ်တာဝန် ထမ်းဆောင်လျှက်ရှိသည်။

သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့၏ အဓိပတိ၊ မန္တလေး မလွန်ဆန်လှူအသင်းကြီး၏ သြ၀ါဒါစရိယ၊ ရန်ကုန် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ သြ၀ါဒါစရိယမှတပါး မြန်မာနိုင်ငံအတွင်း အခြားသော မည်သည့်ဘာသာရေးအသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့တွေမှာ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖြစ် စသည် တာဝန်ထမ်းဆောင်ခြင်းမရှိကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ကြေညာလိုက်သည်။

စီမံအုပ်ချုပ်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ဒဂုံမြို့မြောက်ပိုင်း၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်းမကြီး
ရန်ကုန်၊
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၁-၂၀၁၅
www.sitagustar2020.net

သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်) ကျန်းမာရေးစောင့်ရှောက်မှု

သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်) ကျန်းမာရေးစောင့်ရှောက်မှု

၁၂-၁-၂၀၁၅ နေ့က ထားဝယ်မြို့၊ သီတဂူအာရောဂျဒါနဆေးရုံတွင် ဘယ်လ်ဂျီယံနိုင်ငံမှ Patrict Tonnord တို့အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များကို ကုသပေးခဲ့ပါသည်။

ကလေးငယ် အယောက် (၇၀)ကျော်ကို စမ်းစစ်ဆေးခြင်း။

(၂၈) ယောက်ကို ခွဲစိပ်ကုသ ပြုပြင်ပေးပြီးဖြစ်သည်။ ယောက်ျားလေး-၁၅ ယောက်နှင့် မိန်းကလေး (၁၃)ယောက်တို့ဖြစ်သည်။

သူတို့လေးတွေ သိတတ်လာသည့်အချိန်ဝယ် မိမိတို့ရဲ့ အလှပျက်နေသော နှုတ်ခမ်းများအတွက် မပူပန်ရတော့ပေ။

၁၃-၁-၂၀၁၅ ရက်နေ့တွေင် (၁၆) ယောက်ခွဲစိပ် ပြုပြင်ပေးမည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၁-၂၀၁၅

12 January 2015

သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း) မျက်စိကုသ

သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း) မျက်စိကုသ

စစ်ကိုင်းတောင်၊ သီတဂူဆရာတော်ကြီး၏ ဆေးရုံပေါင်းများစွာတွင် ပထမဦးဆုံး တည်ထောင်ထားသော သီတဂူအာယုဒါနဆေးရုံတော်၌ မျက်စိဝေဒနာရှင်များကို ခွဲစိပ်ကုသမှုများကို စတင်နေပါပြီ။

ကုသမည့်ရက်-၁၁-၁-၂၀၁၅ မှစတင် ၁၈-၁-၂၀၁၅
ဆရာဝန်များ= မလေးရှားနိုင်ငံမှ မျက်စိအထူးကု ဒေါက်တာဝိုင်ဝိုင်ချွန်ဦးဆောင်သော အဖွဲ့နှင့် သီတဂူအာယုဒါနဆေးရုံမှ ဆရာဝန်၊ သူနာပြုများ။

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ဆက်သွယ်ရန်- သီတဂူအာယုဒါနဆေးရုံတော်၊ စစ်ကိုင်း၊ ဖုန်း ၀၇၂-၂၁၃၁၀

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁-၂၀၁၅

11 January 2015

သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်မြို့) နှုတ်ခမ်း၊ အာခေါင်ကွဲများကုသ

သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်မြို့) နှုတ်ခမ်း၊ အာခေါင်ကွဲများကုသ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ သီတဂူအာရောဂျဒါနဆေးရုံတွင် (၁၁-၁-၂၀၁၅)နေ့ကစပြီး ဘယ်လ်ဂျီယံနိုင်ငံမှ Pactrict Tonnordတို့အဖွဲ့က နူတ်ခမ်းကွဲ၊ အာခေါင်ကွဲများကို ကုသမူများ ပေးနေပါပြီ။

သီတဂူဆရာတော်ကြီး၏လမ်းညွှန်မှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံ ဆရာဝန်များသည် မြန်မာလေကြောင်းဖြင့် ထားဝယ်မြို့သို့ ယနေ့(၁၁.၁.၂၀၁၅)(၁၄း၄၀)နာရီ တွင်ရောက်ရှိလာကြပါသည်။

ဓာတ်ပုံများကို ထားဝယ်မြို့တော် သတင်းဆိုက်မှကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁-၂၀၁၅
www.thesitagu.org

10 January 2015

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲရက် ထုတ်ပြန်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲရက် ထုတ်ပြန်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၄-၂၀၁၅ ပညာသင်နှစ် နောက်ဆုံး (ဒုတိယနှစ်ဝက်) စာမေးပွဲ ရက်များကို အချိန်နှင့်တကွ အောက်ပါအတိုင်း ဒီကနေ့ (၁၀-၁-၂၀၁၅) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

၁။ Fundamental Buddhism ပထမနှစ်၊ ဒုတိယနှစ်
-------------------------------------
၁၃၇၆ ခုနှစ် တပိုတွဲလဆန်း (၁၃)ရက် (၁-၂-၂၀၁၅) နံနက် (၈း၀၀ မှာ ၁၀း ၀၀ အထိ)

၂။ ဘီအေတန်းနှင့် ဒီပလိုမာတန်း
----------------------------------
၁၃၇၆ ခုနှစ် တပိုတွဲလပြည့်ကျော် (၁၀ရက်မှ ၁၄)ရက်အထိ၊ ( ၂၀၁၅ ဖေဖော်ဝါရီလ ၁၃-၁၄-၁၅-၁၆-၁၇) ရက်များ နေ့လည် ၂း၀၀ မှ ၄း၀၀ အထိ။

စာမေးပွဲဖြေဆိုရမည့် အတန်းအလိုက် စာသင်ခန်းများကို တက္ကသိုလ်၏ ကြော်ငြာဘုတ်တွင် ကြေညာထားပြီးဖြစ်သည်။

ဘီအေတန်းနှင့် ဒီပလိုမာတန်း ရက်နှင့် အချိန်တို့သည် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုံးခုလုံး၏ တစ်ချိန်တည်း တစ်ရက်တည်းပင် ဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၁-၂၀၁၅

08 January 2015

သီတဂူစတား မလေးရှား သွားမည်


အို----သူတော်စင်အပေါင်းတို့---
သီတဂူစတား ၁၆-၁-၂၀၁၅ နေ့တွင် အဲယား အေးရှား လေကြောင်းလိုင်းဖြင့် မလေးရှားနိုင်ငံသို့ ကြွရောက်မည် ဖြစ်သည်။

“ရတနတ္တယဂုဏ အာနုဘာဝေန ဂမနံ မေ သမိဇ္ဈတု”- ရတနာသုံးပါး၏ ဂုဏ်တော် အာနုဘော်တော်တို့ကြောင့် ဓမ္မခရီးအောင်မြင်ပါစေ---

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၁-၂၀၁၅

06 January 2015

ဘာတွေ ထားပစ်ခဲ့မလဲ။ ဘာတွေ ယူသွားမလဲ

ဘာတွေ ထားပစ်ခဲ့မလဲ။ ဘာတွေ ယူသွားမလဲ
 
၃-၁-၂၀၁၅ ရက်နေ့ မနက်စောစော အီရန်နိုင်ငံမှ ပြန်ကြွ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြည်သူများအား New Year Wish 2015 နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
-----------------------------------
နှစ်သစ်ဆိုပေမဲ့ နှစ်က သုံးရက်ဟောင်းသွားပြီ၊ New Year Wish က တစ်လုံးတည်းပါ။ တစ်နှစ်ကုန်သွားပြီ။ ငါ့ဘ၀အတွက်ရော၊ ငါ့တိုင်းပြည်၊ ငါ့သာသနာ၊ ငါ့လူမျိုးအတွက် ငါ ဘယ်လောက် အလုပ်လုပ် ပေးနိုင်ခဲ့သလဲ။ လာမည့်နှစ်သစ်အတွက် ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါကိုယ်တိုင်အတွက် ငါ ဘယ်လောက် အလုပ်လုပ်ဦးမလဲ။ အဲဒီမေးခွန်းကို နာနာမေးပြီးတော့ ဖြေနိုင်ဖို့ လုပ်ကြပါ။

နိဂုံးကတော့ ငါ ဘာထားပစ်ခဲ့မလဲ။ တစ်နှစ်ကုန်ရင် တစ်နှစ်သေဖို့ နီးလာကြပြီ။ တစ်ရက်ကုန်တာနဲ့ သေမယ့်ဘက်ကို တစ်ရက်နီးသွားပြီ။ တစ်လကုန်တာနဲ့ သေမည့်ဘက်ကို တစ်လနီးလာပြီ။ တစ်နှစ်ကုန်ရင် လူ့ဘ၀နေဖို့အချိန်ဟာ တစ်နှစ်လျှော့သွားပြီ။ အဲဒါကြောင့် ငါဘာထားပစ်ခဲ့မလဲ။ ငါဘာယူသွားမလဲ။ အဲဒီမေးခွန်းကို နာနာမေးပြီးတော့ တစ်တိုင်းလုံး တစ်ပြည်လုံးက ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေး ခေါင်းဆောင်တွေ၊ တိုင်းသူပြည်သားတွေ ဒီမေးခွန်းနှစ်ခုကို အဖြေကောင်းရအောင် လုပ်ကြပါလို့ နှစ်သစ်မှာ နှုတ်ခွန်းဆက်သပါတယ်။

သီတဂူဆရာတော်
၃-၁-၂၀၁၅

မှတ်ချက်။ ။ အတွဲ (၅) အမှတ် (၁၅) လျှပ်တစ်ပြက် ဂျာနယ်မှ ကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၆-၁-၂၀၁၅
www.sitagustar2020.net

05 January 2015

သီတဂူဆရာတော် RFA ကနေ မိန့်သော သမ္မတအမြင်၊ နိုင်ငံရေးအမြင်

သီတဂူဆရာတော် RFA ကနေ မိန့်သော သမ္မတအမြင်၊ နိုင်ငံရေးအမြင်
--------------------------------------------------------

၁။ RFA အမေး= အင်တာနက်ပေါ်မှာ ဆရာတော်ကြီးနှင့်ပက်သက်ပြီး မန္တလေး သံဃာ့ညီလာခံမှာ “ဆရာတော်ကြီးက သမ္မတကြီး ဦးသိန်းစိန်ကိုပဲ မဲပေးကြဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးကြဖို့ မိန့်ခဲ့တယ်”ဆိုပြီး ကောလာဟလတွေ ပျံ့နှံ့နေတယ်ဘုရား၊ အဲဒါဆရာတော်ကြီးအနေနဲ့ ဘယ်လိုမိန့်ကြားချင်ပါလဲဘုရား သိချင်ပါတယ်ဘုရား။

သီတဂူဆရာတော် အဖြေ= သံဃာ ၃သောင်းတက်သည့် အစည်းအဝေးကြီးမှာ ရခိုင်ဆရာတော်တစ်ပါးက တက်ပြီးတော့ ပြောသွားတာ။ “သီတဂူဆရာတော်က သမ္မတကြီး ဦးသိန်းစိန်ကို ဆက်လက်၍ မဲပေးကြပါစို့လို့” ပြောတယ်ဆိုပြီးတော့ အဲဒီဘုန်းကြီးတစ်ပါးက ပြောသွားတာ။ အဲဒီကနေ ပျံ့ထွက်သွားတဲ့ အဓိပ္ပါယ်ပဲ။ အလွတ်သဘော ၀ိုင်းပြီး ထိုင်းပြီးတော့ ဟိုပြော ဒီပြော တစ်ယောက် တစ်ယာက် စကားပြောတဲ့ နေရာတွေမှာတော့ “ဟေ့-ကြံ့ခိုင်ဖွံ့ဖြိုးရေးက အခြေခံဥပဒေကို မပြင်ဘူး၊ ဒီအတိုင်းပဲ သွားမယ်ဆိုရင်တော့ ဒီသမ္မတကြီးနဲ့ပဲ ဒို့သွားရမှာပဲ။ အခြေခံဥပဒေ ပြင်နိုင်ရင်တော့ ဒို့ သမ္မတ အသစ်ရမှာပဲ။ မပြင်ဘူးဆိုရင်တော့ ဒို့က သမ္မတကြီး ဦးသိန်းစိန်ကို အားပေးသွားရမှာကောင်းတယ်။ ပြင်လိုက်နိုင်ရင်တော့ သမ္မတ အသစ်နဲ့ သွားရမှာပေါ့။ သမ္မတအသစ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ဖို့ အလားအလာရှိတယ် စသည်ဖြင့် အလွတ်သဘောတွေ ၀ိုင်းပြီးတော့ပြောကြတာ၊ အဲဒီအထဲက စကားလုံးလေး တစ်လုံးကို ကောက်ပြီးတော့ ရခိုင်ဆရာတော်တစ်ပါးက သူရှိတဲ့၊ သူ့မှာခံစားချက်ရှိမှာပေါ့၊ သူကတော့ ဘုန်းကြီးကို အသုံးချပြီးတော့ ပြောသွားတာ (ရယ်လျက်)။ အဲဒီဟာ ပျံ့ကျယ်သွားတာပါ။ ဘုန်းကြီးအတွက်တော့ ဘာမှ အရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး။

၂။ RFA အမေး=တင်ပါးဘုရား။ ဆရာတော်ကြီးအနေနဲ့ပေါ့ဘုရား၊ လက်ရှိ သမ္မတကြီး ဦးသိန်းစိန်နဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုများခွဲခြားပြီးတော့ သဘောထားရှိတယ်ဆိုတာ သိပါရစေဘုရား။

သီတဂူဆရာတော် အဖြေ=ဒို့က ရဟန်းတော်တစ်ပါးအနေနဲ့ ဒီအချိန်မှာ ဒါတွေ ပြောဖို့ မသင့်တော်ဘူးထင်ပါတယ်။ မေတ္တာတရားအနေနဲ့က အကုန်လုံး ချစ်စရာကောင်းတဲ့သူတွေ တညီတည်း သက်မှတ်ထားပါတယ်။ Political stand point ကတော့ ဒို့ ဘာမှ မပြောလိုပါဘူး။

၃။ RFA အမေး=တင်ပါးဘုရား။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်လွတ်လာပြီးတဲ့ နောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲရဲ့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရဲ့ကောင်းရာ ကောင်းကျိုးတွေကို တူတာတွေ တွဲလုပ်မယ်လို့ သမ္မတကြီး ဦးသိန်းစိန်နဲ့ အကြိမ်ကြိမ်တွေ့စုံပြီးတော့ လုပ်လာတဲ့နောက်ပိုင်းမှာ တိုးတက်မှုတွေနဲ့ ပက်သက်ပြီးတော့ ဆရာတော်ကြီးအနေနဲ့ အားရ ကျေနပ်မိသလား၊ ဘယ်လိုများ ခြုံငုံသုံးသပ်လို့ ရပါသလဲဘုရား။

သီတဂူဆရာတော် အဖြေ= အလွန်တိုတောင်းတဲ့ အချိန်အခါ ကာလလေးအတွင်းမှာ အကြပ်အတည်းပေါင်းမြောက်များစွာရှိနေတဲ့ နိုင်ငံတစ်ခု၊ ဒီ အတိုက်ခံလို့ ခေါ်ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လက်ရှိ အစိုးရအဖွဲ့ တင်မြှောက်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့တို့ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် သမ္မကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နိုင်ငံတော်အတွက် ပူးပေါင်းဆောင်ရွက်မှုတွေဟာ ရက်ကလေးတိုတိုအတွင်းမှာ ဒီလောက် အကြပ်အတည်းတွေတွေ့နေတဲ့ နိုင်ငံတော်အတွက် ရလာတဲ့ ရလာဒ်တွေဟာ အလွန်အံ့သြစရာကောင်းတဲ့ ရလာဒ်တွေ ဖြစ်တယ်။ အဲဒီအလွန် အံ့သြစရာကောင်းတဲ့ အားရစရာကောင်းတဲ့ ရလာဒ်တွေ ဆုံးရှုံးမသွားအောင် ဆက်လက်ပြီးတော့ ဒို့ပြောနေကြအတိုင်းပဲ ညောင်ပင်မှာ မျောက်ရယ်၊ ဆင်ရယ် ခါလေးရယ် နေကြတဲ့ ဇာတ်လိုမျိုး အချင်းချင်း အပြန်အလှန် နားလည်ပြီး၊ (Mutual Understanding, Mutual respect) အပြန်အလှန် နားလည်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစား ချစ်ချစ်ခင်ခင် ဆက်လုပ်သွားမယ်ဆိုလျှင် အဲဒီထက် အားရစရာကောင်းတဲ့ အနေအထားကိုရောက်သွားနိုင်တယ်လို့ ငါကတော့ ပြောပါတယ်။

၎။ RFA အမေး=တင်ပါးဘုရား။ ဆရာတော်ကြီးဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော သမ္မတကြီးဦးသိန်းစိန်နဲ့ပါ ရံဖန်ရံခါ တွေ့ဆုံမှုရှိတယ်ဆိုတာလည်း တပည့်တော်တို့ သိရပါတယ်ဘုရား။ ဒီလိုတွေ့ဆုံတဲ့အခါ ဆရာတော်ကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖြစ်စေ၊ သမ္မတကြီး ဦးသိန်းစိန်ကို ဖြစ်စေ ဘယ်လိုတွေများ သြ၀ါဒတွေ ပေးခဲ့တာ ရှိပါသလဲဘုရား။

သီတဂူဆရာတော် အဖြေ= အကုန်လုံးကိုပဲ နိုင်ငံတော်ရဲ့ အကျိုးကျေးဇူး၊ နိုင်ငံတော်ကြီးပွားရေး လုပ်ကိုင်ဆောင်ရွက်ကြတဲ့ နေရာမှာ သဘောမတူညီနိုင်တဲ့အရာတွေ ရှိလင့်ကစား သဘောတူညီနိုင်တဲ့ အချက်တွေ အများကြီးရှိလိမ့်မယ်။ မတူညီတဲ့ အပေါ်မှာ ငြင်းခုံမနေကြဘဲ တူညီတဲ့အပေါ်မှာ လက်တွဲလမ်းလျှောက်ဖို့ Common Platform အဲဒီအပေါ်မှာ လက်တွဲလမ်းလျှောက်။ ဥပမာ- မြစ်တစ်ခုကို တံတားတစ်ခုမဆောက်ဘူးဆိုရင် ဖြတ်ကူးစရာ တစ်ဖက်ကမ်းမှာနေတဲ့သူတွေနဲ့ ဒီဖက်ကမ်းမှာနေတဲ့ သူတွေ စုံတွေ့စရာ အကြောင်းမရှိဘူး၊ဆောက်လိုက်နိုင်တာနဲ့ပဲ ကမ်းနှစ်ဖက်ကလူတွေ မဝေးတော့ဘူး တစ်ပေါင်းတည်းဖြစ်သွားတာ။ ဟိုဘက်ကမ်းက ဒီဘက်ကမ်းကို လျှောက်လာတဲ့ လူသည် ဒီဖက်ကမ်းက ဟိုဘက်ကမ်းကို လျှောက်သွားတဲ့လူနဲ့ ဒီတံတားပေါ်မှာ မဆုံဘဲ ဖြစ်လို့ကို မရဘူး၊ မဆုံဘဲ လျှောင်လို့ကို မရဘူး၊ တွေ့ကို တွေ့ရမယ်၊ Meeting Point ဟာ တံတားရဲ့ အလယ်ခေါင် တံတားပေါ်တစ်နေရာမှာ ရှိတယ်။ အဲဒီတော့ မတူညီသော ပါတီနှစ်ခုပဲဖြစ်ဖြစ်၊ သုံးခုပဲဖြစ်ဖြစ် အားလုံး Bridge တစ်ခုပေါ့လေ၊ common bridge ဆောက်လိုက်နိုင်ကြမယ်ဆိုရင် အကုန်လုံးက တံတားပေါ်မှာ ဆုံသွားကြမှာပါလို့ ငါကတော့ အဲဒီပေါ်လစီ အဲဒီမူဝါဒ၊ အတွေးအခေါ်တွေကိုတော့ လူသားတိုင်းကို ဖြန့်ချီလျက်ရှိတယ်။ နိုင်ငံ့ခေါင်းဆောင် အားလုံးကိုလည်း အမြဲတမ်း ဒါပဲ တိုက်တွန်းပါတယ်။

၅။ RFA အမေး= ဆရာတော်ကြီး မိန့်ရှိသွားသလို ၂၀၁၅ ရွေးကောက်ပွဲအတွက်ပေါ့၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာဘူးပေါ့ဘုရား။ ဖြစ်မလာတဲ့အခါ နိုင်ငံရဲ့ ရှေ့ဆက်သွားမည့် အနာဂတ်က ဖွံ့ဖြိုးမှုတွေ တိုးတက်မှုတွေ ပိုပြီးတော့ နှေးကွေးသွားမယ်လို့ ထင်လားဘုရား။ တစ်ဖက်မှာလည်း သမ္မတကြီး ဦးသိန်းစိန် ဆက်ပြီး အုပ်ချုပ်သွားလို့ရှိရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်သွားမလဲ၊ ဆရာတော်ကြီးတို့ အခုဆောင်ရွက်နေတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအပိုင်းနဲ့ ပက်သက်ပြီးတော့ ဘယ်သူသမ္မတဖြစ်လျှင် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဆရာတော်ကြိး မျှော်မှန်းမိပါသလဲဘုရား။

သီတဂူဆရာတော် အဖြေ=ငါကတော့ ဘယ်သူက ပိုပြီးတော့ စွမ်းဆောင်နိုင်လိမ့်မယ်လို့ဆိုတဲ့ စကား ငါကတော့ မပြောချင်ဘူး။ ဒီသမ္မတကြီး ဦးသိန်းစိန်က အခြေခံဥပဒေတွေကို မပြင်နိုင်ရင်တော့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သွားမှာပဲ၊ ဦးဆောင်သွားလို့ရှိရင် တစ်ကမ္ဘာလုံးက သူ့ကို အလေးအနက် respect ပေးထားတဲ့ အနေအထားက ဒီကနေ့ ဒို့နိုင်ငံက အများကြီး ရထားတယ်။ အဲဒီတော့ အခြေခံဥပဒေကို မပြင်နိုင်ရင်၊ ပြင်လို့ မရဘူးဆိုရင် သမ္မတကြီး ဦးသိန်းစိန်ဟာ လက်ရှိအနေအထားအရ နိုင်ငံတော်အတွက် အကျိုးကျေးဇူးအများကြီးပြုတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ဒို့က ဒီတိုင်းမြင်ထားတယ်။ အခြေခံဥပဒေကို မြင်နိုင်လို့ရှိရင် သမ္မတကြီးဦးသိန်းစိန် နေရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်လာဖို့ အလားလာကတော့ ရာခိုင်နှုန်းအပြည့်လောက် ရှိနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ၀င်လာရင်လည်းပဲ သမ္မတကြီး ဦးသိန်းစိန် ဆောင်ရွက်သလို နိုင်ငံတော်အကျိုးစီးပွားတွေကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့၊ အဲဒါတော့ မြင်ထားတယ်။ International respect, International relationship မှာ ဒေါ်အောင်ဆန်းစုကြည်က အများကြီးရထားတဲ့ ပုဂ္ဂိုလ်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတဖြစ်ဖို့ရာ အရည်အချင်းရော စွမ်းရည်သတ္တိရော ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ဒို့ကရွေးထားပါတယ်။

၆။ RFA အမေး=
တင်ပါးဘုရား၊ များမကြာမီ လာမည့် ၂၀၁၅ခုနှစ်ဆိုရင် ပြည်သူတွေ မဲပေးရတော့မယ်၊ ဒီနိုင်ငံရဲ့ အနာဂတ်နဲ့ပက်သက်ပြီးတော့ မဲပေးကြမဲ့ မြန်မာနိုင်ငံ ပြည်သူလူထုကို ဆရာတော်ကြီးအနေနဲ့ သြ၀ါဒပေးမယ်ဆိုရင် ဘယ်လိုသြ၀ါဒမျိုး ပေးချင်ပါလဲဘုရား။

သီတဂူဆရာတော် အဖြေ= မြန်မာပြည်သူလူထု တစ်ရပ်လုံးကို လူမျိုးစုပေါင်း တစ်ရာကျော် စုဝေးနေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ မြန်မာပြည်သူလူထု တစ်ရပ်လုံးကို ဒို့ အလေးအနက် ပြောချင်တာတစ်ခုကတော့ လက်နက်ကိုင်လမ်းစဉ် အကုန်လုံး စွန့်လွတ်ကြပြီးတော့ သည်းခံခြင်းပေါင်းများစွာနဲ့ ခွင့်လွတ်ခြင်းပေါင်းများစွာနဲ့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မေ့ပျောက်ခြင်းပေါင်းများစွာနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကို အလေးအနက် တည်ဆောက်နိုင်မှ ဘယ်သမ္မတတက်တက် ဘယ်ခေါင်းဆောင်တက်တက် နိုင်ငံတော်အတွက် ဖွံ့ဖြိုးမှု လုပ်နိုင်မှာဖြစ်တယ်၊ ငြိမ်းချးမ်းရေးကို မတည်ဆောက်နိုင်ဘူးဆိုရင် ညီညွတ်ရေးကို မတည်ဆောက်နိုင်ဘူးဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ပဲ တက်တက် ဦးသိန်းစိန်ပဲလာလာ ဦးရွှေမန်းပဲလာလာ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်မည့် ပိုက်ဆံတွေဟာ သေနက် ကျည်ဆန်တွေအတွက်နဲ့ပဲ အချိန်ကုန်မှာပဲ၊ နိုင်ငံတော်အတွက် အလုပ်လုပ်မဲ့သူတွေက တိုက်ပွဲမှာ သေဆုံးပြီးတော့ အများကြီးဝမ်းနဲစရာတွေ ဖြစ်ကုန်မယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးကို ဦးစားပေ၍ ရှေးတုန်းကးတည်ဆောက်ဖို့ ဆိုတာကိုတော့ ဒို့များ အလေးအနက် တမျိုးသားလုံးကို တိုက်တွန်းချင်ပါတယ်။

မှတ်ချက်။ ။ RFAက သီတဂူဆရာတော်ကြီးအား မေးလျှောက်ထားခြင်းနှင့် ဆရာတော်ကြီးက မိန့်ကြားသော အသံဖိုင်ကို စာအဖြစ်ဖန်တီးပါသည်။ စာကျန်၊ စားလုံးအမှားပါကောင်းပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၁-၂၀၁၅
www.sitagustar2020.net

သီတဂူဆရာတော် အီရန်မိန့်ခွန်း အပြည့်စုံ

ဗုဒ္ဓဘာသာတရားတော်အရ လူ့ဘဝပြဿနာဖြစ်ပေါ်ခြင်း၏ အကြောင်းရင်းများနှင့် ထိုပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများ
-----------------------------------------

ဘာသာရေးနှင့်လူမှုရေးဆိုင်ရာ ငြိမ်းချမ်းရေး အစည်းအဝေးပွဲကြီးသို့ တက်ရောက်လာကြကုန်သော အီရန်အစိုးရအဖွဲ့၊ ယဉ်ကျေးမှုဝန်ကြီး၊ အစ္စလာမ်ဘာသာရေးခေါင်ဆောင်များ၊ ဘာသာရေးတက္ကသိုလ်အဓိပတိ၊ ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ထိုင်း၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော်များ၊ တက်ရောက်လာကြကုန်သော ဧည့်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေလို့ ရှေးဦးစွာ နှုတ်ခွန်းဆက်အပ်ပါတယ်။

မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ သုံးနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်အချို့တို့အကြား ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို ဆွေးနွေးညှိနှိုင်းရန် အီရန်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဌာနခွဲက ဤအစည်းအဝေး ဖြစ်မြောက်အောင် ထောက်ပံ့စည်းရုံးခဲ့သည်အတွက် အထူးပင်ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါတယ်။

ဤအစည်းဝေးကြီးမှာ အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်တို့ အကြား အထင်အမြင်လွဲမှားမှုများကို ပယ်ဖျောက်ရန် အမြင်ချင်း ဖလှယ်ခွင့် ရရှိသည့်အတွက် အထူးဝမ်းမြောက်ကြောင်း ပြောပါရစေ။

မြတ်ဗုဒ္ဓ၏ ဒေသနာတော်မှာ မိန့်ဆိုတော်မူချက်တစ်ခု ရှိပါတယ်။ မပြတ်မပြတ် စည်းဝေးတိုင်ပင်ခြင်းသည် ချစ်ခင်ရင်းနှီးခြင်းကို ဖြစ်ပွားစေတယ်၊ အချင်းချင်း မိတ်ဆွေဖွဲ့ခွင့်ကို ရစေတယ်၊ အသိဥာဏ်ကိုလည်း တိုးပွားစေတယ်၊ မပြတ်မပြတ် တွေ့ဆုံဆွေးနွေးခြင်းသည် အကျိုးစီးပွားတိုးပွားဖို့သာ ဖြစ်နိုင်တယ် ဆုတ်ယုတ်ဖို့ မဖြစ်နိုင်ဘူးလို့ မိန့်ကြားတော်မူလေ့ရှိပါတယ်။

မြန်မာနိုင်ငံတွင်းက သတင်းများကို အီရန်ခေါင်းဆောင်တွေက မီဒီယာတို့မှတဆင့် ကြားပြီး အထင်လွဲမှားမှုတွေ ရှိနေပါလိမ့်မယ်။ အီရန်နိုင်ငံ၏ အကြောင်းကို မြန်မာတို့ကလည်း မီဒိယာတို့မှတဆင့် အဝေးကနေ စိုးရိမ်ပူပန်နေကြပါတယ်။ ဒီကနေ့ ဘုန်းကြီးတို့တတွေ ရောက်လာတော့ ချစ်ကြည်ရင်းနှီးခွင့်၊ တွေ့ဆုံဆွေးနွေးခွင့်၊ တိုက်ရိုက်မေးမြန်းဆွေးနွေးခွင့်၊ အမြင်ဖလှယ်ခွင့်များ ရကြပြီဖြစ်တဲ့အတွက်ကြောင့် တဆင့်ကြား အမြင်မှားတွေဟာ ကွယ်ပျောက်သွားကြလိမ့်မယ်လို ယုံကြည်ပါတယ်။

ဤယုံကြည်ချက်ဖြင့် ဘာသာကြီး နှစ်ခုတို့၏အကြား ညီညွတ်ရေး၊ ငြိမ်ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

လူကြီးမင်းအပေါင်းတို့-
ဒီကနေ့ကမ္ဘာကြီး၏ နေရာတိုင်းလိုလိုမှာ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ အဖြစ်အပျက်များ ဆူပူလှုပ်ရှားမှုများ၊ ပဋိပက္ခများနှင့် ရင်ဆိုင်နေရတယ်ဆိုတာကို အားလုံးသတိပြုမိပါလိမ့်မယ်။

ဤမျှ စိတ်မချမ်းမြေ့ဖွယ်ရာကောင်းတဲ့ ကမ္ဘာကြီးမှာ ကျန်ုပ်တို့ဘာသာရေးခေါင်းဆောင်တွေ ထိုပြဿနာအားလုံး၏ အဖြေကို ရှာဖွေဖို့ လိုပါတယ်။ ပြဿနာတို့၏အကြောင်းအရင်းကို ရှာဖွေနိုင်မှ အဖြေမှန်ကို ရကြမှာဖြစ်ပါတယ်။ အဲဒါ သစ္စာတရားပါပဲ။ ဒါကြောင့် အရေးတကြီးလိုအပ်တာက လူသားထုတစ်ရပ်လုံး၏ ငြိမ်းချမ်းရေး လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို အရေးတကြီး ဝိုင်းဝန်းတည်ဆောက်ကြဖို့ ဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာ့မျက်မှောက် အခြေအနေမှာ ဘာသာရေး လူမှုရေး နိုင်ငံရေး ခေါင်းဆောင်အားလုံးတို့ဟာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပါတယ်။ ဤအခြေအနေမှာ ကျန်ုပ်တို့ဘာသာရေး ခေါင်းဆောင်များအပိုင်းက သက်ဆိုင်ရာဘာသာတရားအသီးသီး၏ မွန်မြတ်တဲ့ အဆုံးအမတွေကို လူသားများအား သင်ကြားပို့ချပေးခြင်းဖြင့် လူသားတို့၏ စိုးရိမ်ပူပန်ခြင်း၊ တင်းမာခြင်းနှင့် ပဋိပက္ခများကို လျော့ချပေးဖို့ရာ တာဝန်ရှိပါတယ်။

ဘာသာတရားတိုင်းသည် သက်ဆိုင်ရာဘာသာတရားအသီးသီးကို လိုက်နာကိုးကွယ်ကြသူတိုင်းအား ကိုယ်ကျင့်သီလကောင်းဖို့၊ စိတ်ရိုင်းများကို ထိန်းချုပ်ဖို့၊ စိတ်ကောင်းများကို ပြုစုပျိုးထောင်ဖို့၊ စိတ်ဓာတ်ကို ဖြူစင်အောင် အားထုတ်ဖို့ တစ်ညီတညွတ်တည်း သင်ကြားဆုံးမကြတယ်လို့ ကျန်ုပ်ယုံကြည်ပါတယ်။

ခရစ်ယာန်သမ္မာကျမ်းစာကပဲဖြစ်ဖြစ်၊ အစ္စလာမ်ကိုရမ်ကျမ်းကပဲဖြစ်ဖြစ်၊ ဟိန္ဒူဝေဒကျမ်းကပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပိဋကကျမ်းကပဲဖြစ်ဖြစ် အားလုံးသော ဘာသာရေးကျမ်းစာများဟာ ရန်ငြိုးဖြေဖို့၊ ဒေါသကိုထိန်းချုပ်ဖို့၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို တည်ဆောက်ဖို့ချည်း ဟောပြောတောင်းဆိုနေတာ ဖြစ်ပါတယ်။

မဟာဝီရဇိန၊ ဂျေးဆပ်ခရိုက်၊ တမန်တော်မိုဟာမက်၊ သိဒ္ဓတ္ထဂေါတမဗုဒ္ဓ၊ ကွန်ဖြူးရှပ်ဆိုတဲ့ ဘာသာရေးတည်ထောင်သူ ပုဂ္ဂိုလ်ကြီးများအားလုံး တညီတညွတ်တည်း ဟောတော်မူကြတာက ခန္တီ၊ မေတ္တာ၊ ကရုဏာ၊ ဝိဇ္ဇာနှင့်စရဏ ဆိုတဲ့ တရားတွေ ဖြစ်ပါတယ်။

ဒါပေမယ် ကျွနု်ပ်တို့ နေထိုင်ရာ ဤကမ္ဘာမှာ မကြာခဏဆိုသလို အမျိုးဇာတ် ခွဲခြားမှု ပဋိပက္ခ၊ အသားရောင်ခွဲခြားမှု၊ ဘာသာရေး အစွန်းရောက်မှု ပဋိပက္ခ၊ နိုင်ငံရေးအစွန်းရောက်မှု ပဋိပက္ခတွေရဲ့ အောက်မှာ ကျနု်ပ်တို့တတွေဟာ ရိုက်ပုတ်မောင်းနှင်ခြင်းကို ခံရပါတယ်။

ရံခါမှာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးတစ်ခုခုကို အကြောင်းပြု၍ ရက်စက်ကြမ်းကြုပ်သော စစ်ပွဲကြီးးများတောင် တိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဒီဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တွဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို စိစစ်ကြည့်တော့ ကျနု်ပ်အမြင်ကို ပြောရမည်ဆိုလျှင် လူသားအများစုဟာ သူတို့ကိုးကွယ်သော ဘာသာတရားအသီးသီး၏ အနစ်သာရရောက်အောင် ထိတွေ့ နားလည်ခွင့် မရခဲ့ပါဘူး။ ထိုထိုဘာသာတရားတို့၏ အပေါ်ယံ အကာအခေါက်များပေါ်သာ ရပ်ပြီးတော့ ငြင်းခုံမိကြလို့ ဖြစ်ပါတယ်။

ဥပမာ ရေပြည့်နေသော ရေမျက်နာပြင်ပေါ်၌ အပေါ်ယံ ဖုံးလွမ်းနေသော ရေညှိရေမှော်များကိုသာ ရှုမြင်သောသူသည် ရေကြည်ရေအေးကို မသောက်ရသကဲ့သို့ ဖြစ်ပါသည်။

ဘာသာရေး အကာကိုသာ ကြည့်တတ်တဲ့ အပေါ်ယံသမား superficial viewers တို့မှာ ဘာသာတရားတိုင်းက ဆုံးမသော သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ သနားကြင်နာခြင်း၊ မိမိကိုယ်ကို စိစစ်ခြင်း၊ နားလည်ခြင်း အစရှိတဲ့ Inner core အတွင်းပိုင်း အနှစ်သာရတွေ ကင်းမဲ့နေကြပြီ ဖြစ်ပါတယ်။

ပုဂ္ဂိုလ်တစ်ယောက်ချင်း၏ နှလုံးသားမှာ ငြိမ်ချမ်းမှု မရှိလျှင် သူသည် အပြင်လောကကြီးကို ငြိမ်းချမ်းရေး ဝေငှပေးနိုင်မှာ မဟုတ်ပါဘူး။ ဆူပူသောင်းကျန်းခြင်းနှင့် ငြိမ်းခြမ်းခြင်းတို့မှာလည်း အတူယှဉ်တွဲ ရှိနိုင်ကြတာမဟုတ်ဘူး။

ကိုယ်တွင်းငြိမ်းချမ်းရေးရဖို့ရန် တစ်ခုတည်းသော နည်းလမ်းကတော့ ဝိပဿနာ ကမ္မဌာန်း Insight meditation ပဲဖြစ်ပါတယ်။ ဝိပဿနာကမ္မဌာန်းတရားဟာ အမျိုးဇာတ်နှင့်ဆိုင်သော ကျင့်စဉ်မျိုးမဟုတ်။ လူမျိုးစွဲ၊ ဇာတ်စွဲ၊ ဘာသာစွဲအားလုံးမှ လွတ်သော သိပ်ပံ္ပနည်းကျကျ အဘိဓမ္မာနည်းကျကျ မိမိကိုယ်ကို လေ့လာသုံးသပ်သောနည်းစနစ် the technique of self-observation၊ ထို့ပြင် မိမိ၏အတွင်းသန္တာန်မှာ ရှိသော သစ္စာတရားကို မျက်မှောက်ပြုခြင်း self-realization ဖြစ်ပါတယ်။

ဒါကြောင့် အားလုံးသော အစ္စလာမ်တေ၊ွ အားလုံးသော ခရစ်ယာန်ဘာသာဝင်တွေ၊ အားလုံး ဟိန္ဒူဘာသာဝင်တွေ၊ အားလုံးသော ဗုဒ္ဓဘာသာဝင်တွေ မည်သည့်ဘာသာကို ကိုးကွယ်သော မည်သည့်ဘာသာဝင်မဆို self-observation ဆိုတဲ့ Insight meditation ကို အားထုတ်ကြည့်ကြပါ။ Inner core သို့မဟုတ် Inner peace ဆိုတဲ့ ကိုယ်တွင်း သန္တာန်မှာရှိသော သစ္စာတရားနှင့် ငြိမ်းချမ်းရေးကို ဤဘဝမှာပင် လက်တွေ့ ရရှိခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

Insight meditation ကို အားထုတ်ကြည့်လျှင် Mind နှင့် Body စိတ်နှင့်ကိုယ် နာမ်နှင့်ရုပ်တို့ အပြန်အလှန်မှီတွယ် အလုပ်လုပ်နေတာကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာနဆိုတဲ့ ယုတ်မာတဲ့ စိတ်တွေ အရှိန်အဟုန်မြင့် တက်လာတဲ့အခါမှာ ထိုစိတ်ညံ့တွေရဲ့ သောင်းကျန်းမှုများက ဆင်းရဲပင်ပန်းသော ခံစားမှုမျိုးစုံတို့ကို ကိုယ်တွင်းမှာ ဖြစ်စေလိမ့်မယ်။

အကယ်၍ ခန္တီ၊ ကရုဏာ၊ မုဒိတာ၊ ပညာဆိုတဲ့ positive state ယည်ကျေးသော စိတ်စေတသိက်တွေ အရှိန်အဟုန်မြင့်တက်လာတဲ့ အခါမှာတော့ နှစ်သက်မြတ်နိုးဖွယ်ကောင်းတဲ့ ငြိမ်းချမ်းတဲ့အရာတွေ ကိုယ်တွင်း စိမ့်ဝင်ပျံ့နှံ့နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

လူ့စိတ်ဟာ ဆန်းကြယ်ပါတယ်။ ခဏတိုင်း ခဏတိုင်း ချစ်ခြင်း မုန်းခြင်း သနားကြင်နာခြင်း သို့မဟုတ် ရက်စက်ကြမ်းတမ်းခြင်း၊ ဝမ်းမြောက်ခြင်း သို့မဟုတ် မနာလိုခြင်း၊ လိုက်လျောညီထွေရှိခြင်း သို့မဟုတ် ဆန့်ကျင်ဘက်ပြုခြင်း၊ နှစ်သက်ဖွယ်ကောင်းခြင်း သို့မဟုတ် စိတ်ပျက်ဖွယ်ကောင်းခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း သို့မဟုတ် သူတစ်ပါးအများ အကျိုးစီးပွားလိုလားခြင်း အစရှိသည်တို့ကို ထုတ်လုပ်ဖန်တီးနေပါတယ်။

ဒါ့ကြောင့် စိတ်စေတသိက်အားလုံးတို့၏ အပေါ်မှာ နှစ်မြို့ ဖွယ်ကောင်းသော ခံစားမှုများ နှစ်မြို့ဖွယ် မကောင်းသော ခံစားမှုများဆိုတဲ့ ရေစီးကြောင်းနှစ်ခုဟာ အစဉ်သဖြင့် စီးဆင်းနေပြီးတော့ မြစ်တွေမှာ ရေလျံသလို ဖြစ်နေပါတယ်။

ဝိပဿနာကမ္မဌာန်းသည် မြစ်ရေစီးသလို စီးနေတဲ့ ရုပ်တို့၏လှုပ်ရှားမှု အစဉ်အတန်းကြီး (ကာယကံ)၊ နှုတ်တို့၏ လှုပ်ရှားမှု အစဉ်အတန်းကြီး (ဝစီကံ)၊ စိတ်တို့၏ လှုပ်ရှားမှု အစဉ်အတန်းကြီး (မနောကံ)တို့ဟာ အကောင်းတွေလား၊ အဆိုးတွေလား၊ နစ်သက်ဖွယ်လား၊ စက်ဆုပ်ဖွယ်လားဆိုတာ သဘောတရားများကို ရှာဖွေဖော်ထုတ်တဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျနု်ပ်တို့တတွေဟာ သန့်ရှင်းသော ငြိမ်းချမ်းသော စိတ်ဓာတ်ကို ဖန်တီးဖို့ ဒီဝိဿနာတရားကို ကျင့်ကြံ အားထုတ်ဖို့သင့်ပါတယ်။

ဝိပဿနာတရားကို ကျင့်ကြံ အားထုတ်ခြင်းကြောင့် ကျန်ုပ်တို့တတွေဟာ အစွန်းရောက်နေသော စိတ်ဓာတ်တွေကို ဟန်ချက်ညီအောင် ထိန်းနိုင်ကြမှာဖြစ်ပါတယ်။ ပြင်ပအာရုံတွေကြောင့် ယိန်းယိုင်နေသော စိတ်ကို ထိန်းနိုင်မှာဖြစ်ပါတယ်။ ကိလေသာတွေကြောင့် ကျန်းမာရေးချို့တဲ့နေတဲ့စိတ်ကို ကျန်းမာအောင် ပြုပြင်နိုင်မှာဖြစ်ပါတယ်။ ကိလေသာရောဂါတွေကို ဖယ်ရှားတဲ့နေရာမှာ ဝိပဿနာဆေးဟာ အကောင်းဆုံးပါပဲ။ အစွန်းရောက်စိတ်ဓာတ်တွေကို ဟန်ချက်ညီအောင် ထိန်းတဲ့နေရာမှာ ဝိပဿနာဟာ အစွမ်းထက်ပါတယ်။ ဟန်ချက်ညီသောစိတ်သည် ဟန်ချက်မညီသော ကမ္ဘာကြီးကို ညှိပေးပါတယ်။ တည်ငြိမ်သောစိတ်ဓာတ်သည် မတည်ငြိမ်သော ကမ္ဘာကို တည်ငြိမ်စေပါလိမ့်မယ်။ ငြိမ်းချမ်းသောစိတ်ဓာတ်သည် ဆူပူသောကမ္ဘာကြီးကို ငြိမ်းချမ်းစေပါလိမ့်မယ်။

ကိုးကွယ်သည့်ဘာသာ အသားအရောင် အမျိုးဇာတ် မခွဲခြားဘဲ ဘယ်တိုင်းပြည် ဘယ်ဘာသာကိုးကွယ်တဲ့ ဘယ်ဘာသာဝင်မဆို ဝိပဿနာတရားကို ကျင့်သုံးနိုင်ပါတယ်။ ဝိပဿနာတရားကို အားထုတ်ရင်း သက်ဆိုင်ရာ မိမိတို့ဘာသာတရားကိုလည်း ကိုးကွယ်ပိုင်ခွင့် ရှိပါတယ်။ စိတ်ဓာတ်အစွန်းရောက်မှုတွေ စိတ်ပင်ပန်းမှုတွေ အစွဲသန်မှုတွေ တစ်ယူသန်မှုတွေဟာ ပဋိပက္ခမှုတွေကို ဖြစ်ပေါ်စေတဲ့ အတွင်းမာရ်နတ်တွေပါပဲ။

တကယ်တော့ ဘာသာပြောင်းခြင်း မပြောင်းခြင်း၊ ပါတီပြောင်းခြင်း မပြောင်းခြင်း၊ နိုင်ငံသားပြောင်းခြင်း မပြောင်းခြင်းတို့ဟာ အရေးမကြီးပါဘူး။ conversion ပြောင်းလဲခြင်း ဆိုတာဟာ negative mind စိတ်ညံ့တွေကို positive mind စိတ်ကောင်းအဖြစ်သို့ ပြောင်းဖို့ပဲ အရေးကြီးပါတယ်။ Violence ဆူပူသောင်းကျန်းခြင်းကို peace ငြိမ်းချမ်းခြင်းသို့ ပြောင်းရမှာဖြစ်ပါတယ်။ မသိနားမလည်ခြင်း အဝိဇ္ဖာကို သိနားလည်ခြင်း ဝိဇ္ဖာသို့ ပြောင်းရမှာ ဖြစ်ပါတယ်။ ဝိပဿနာတရားမှာ ဤကဲ့သို ပြုပြင်ပြောင်းလဲနိုင်တဲ့ အစွမ်းသတ္တိ အပြည့်ရှိပါတယ်။

ယနေ့ ကျွနု်ပ်တို့ နေထိုင်ရာ ကမ္ဘာကြီးရဲ့ လူသားတွေမှာ အဆင့်အတိုင်းအတာ အမျိုးမျိုးရှိတဲ့ စိတ်အညစ်အကျေး စိတ်မသန့်ရှင်းမှု spiritual pollution တွေ ဖုံးလွမ်းနေတာ တွေ့ရပါတယ်။
စက်ရုံအလုပ်ရုံနင့် မော်တော်ကားထူထပ်တဲ့ မြို့ကြီးတွေဟာ air pollution လွှမ်းမိုးနေသလိုပါပဲ။

အဲဒီ spiritual pollution ဆိုတဲ့ စိတ်စေတသိက်တို့ရဲ့ ညစ်ညမ်းမှုတွေကတော့ မကျေနပ်မှုတွေ၊ မရောင့်ရဲနိုင်မှုတွေ၊ သဘောမတူနိုင်မှုတွေ၊ ငြင်းခုံမှုတွေ၊ အပြစ်တင်မှုတွေ၊ ခွင့်မလွတ်နိုင်မှုတွေ၊ တစ်ဖက်သတ်ကျမှုတွေ၊ အစွဲလမ်းကြီးမှုတွေ၊ တယူသန်မှုတွေ၊ စိတ်ပူပန်မှုတွေ၊ ဆူပူခြင်းတွေ၊ ဆန္ဒပြခြင်းတွေ စသည်တို့ပဲ ဖြစ်ပါတယ်။

အဲဒီစိတ် ညစ်ညမ်းမှု spiritual pollution တွေဟာ လူအဖွဲ့အစည်းနှင့် လူ့ပတ်ဝန်းကျင်ကို မကောင်းသော အကျိးဆက်များစွာကို ဖြစ်စေနိုင်ပါတယ်။ အဲဒီစိတ်ဓာတ် ညစ်ညမ်းမှုတွေဟာလည်း သင်ကြားဆုံးမခြင်းမရှိသော ဟန်ချက်မည်ီသော စိတ်ဓာတ်၏ အကျိုးဆက်များ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်ုပ်တို့ နားလည်သင့်ပါတယ် - ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းနှင့် ကျန်ုပ်တို့ လူ့ပတ်ဝန်းကျင်ကို ဒီစိတ်ညစ်ညမ်းမှုတွေ spiritual pollution တွေ မလွမ်းမိုးအောင် ကာကွယ်ကြရမှာပါ။ ဒီ spiritual pollution တွေ ရပ်သွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာပေါ်ရှိလူသားတွေဟာ spiritual pollution ကင်းတဲ့ ငြိမ်းချမ်းသာယာတဲ့ နေရာများကို ရှာဖွေနေရပါတယ်။ သို့သော် ဤရုပ်လောကကြီးထဲ့မှာ ကောင်းကင်ဘုံတမျှ နိဗ္ဗာန်နန်းတမျှ ချမ်းမြသာသာယာတဲ့ နေရာကို ဤကမ္ဘာမှာ ရှာမတွေ့ပါဘူး။

ကျွန်ုပ်တို့တတွေ ကျွန်ုပ်တို့ negative mind ကို positive mind သို့ ပြုပြင်ပြောင်းလဲဖို့ လိုပါလိမ့်မယ်။ မလိုလားအပ်တဲ့ စိတ်ညစ်ညမ်းမှု negative spiritual pollution တွေကို ဖယ်ရှားခြင်းသည်သာလျှင် ကျွန်ုပ်တို့ လူအဖွဲ့စည်းနှင့် လူ့ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းခြင်းနင့် ညီညွတ်ခြင်းကို တည်ဆောက်နိုင်မာဖြစ်ပါတယ်။ ထို့ပြင် စိတ်ဓာတ် ဟန်ချက်ညီမှ စိတ်ဓာတ်တည်ငြိမ်မှ လူနှင့် လူ့ပတ်ဝန်းကျင်တို့၏ ငြိမ်ချမ်းစွာ ဆက်သွယ်မှုတို့ကိုလည်း ဖွဲ့စည်းတည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။ ဤသည်ကား ဗုဒ္ဓတရားတော်က လူနှင့် လူ့ပတ်ဝန်းကျင်ကို မည်မျှ ကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။

Islamic Culture and Relations Organization ၏ Shahid Rahimi Conference Hall ကြီးမှာ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာနှင့် အီရန် လေးနိုင်ငံ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ စည်းဝေးနေကြတာဟာ လူနှင့် လူ့ပတ်ဝန်းကျင်ကို မည်သို့ ကာကွယ်စောင့်ရှောက်ရမည်ကို ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ လေးနိုင်ငံဘာသာရေး ခေါင်းဆောင်တွေဟာ လူအဖွဲအစည်းငြိမ်းချမ်းရေးနှင့် ညီညွတ်မှုဟာ ဘာသာတရားထဲမှာ ဘယ်လို အမြစ်တွယ်တယ်ဆိုတာ ရှာဖွေကြဖို့ပဲ ဖြစ်ပါတယ်။

ထို့ပြင်ရုပ်ဝတ္ထု ရုပ်တရားများ၏ တိုးတက်မှုကိုသာ ဦးစာပေးတဲ့ ဤလူ့အဖွဲ့အစည်းမှာသာမက စီးပွားရေး၊ ပညာရေး ဆင်းရဲမွဲတေသော အောက်ခြေအဆင့်အထိ ဘာသာရေး အဆုံးအမတွေ နံ့စပ်စိမ့်ဝင်အောင် ဘယ်လိုများ စဉ်းစားဆောင်ရွက်ကြမလဲဆိုတဲ့ အကြောင်းအရာကို ဤနေ့ ဤနေရာမှာ ဆွေးနွေးနေကြခြင်းဖြစ်ပါတယ်။

ကျွန်ုပ်ထင်တယ်--စီးပွားရေး ဆင်းရဲမွဲတေသော economical poverty ပညာရေးဆင်းရဲမွဲတေသော educational poverty အောက်ခြေအဆင့် လူသားတွေရဲ့ လောကသို့ ကိုးကွယ်ရာဘာသာသာတရားတိုင်းရဲ့ အနစ်သာရများ ရောက်ရှိသွားအောင် ကျွန်ုပ်တို့ စဉ်းစားကြရလိမ့်မည်ဟု ယူဆရပါတယ်။ ဘာကြောင့်လဲဆိုရင် ပဋိပက္ခတွေဟာ အောက်ခြေအဆင့် gras rootျ level မှာ စတင် ဖြစ်ပေါ်တယ်လို့ ကျွနု်ပ်သုံးသပ်မိပါတယ်။

နောက်တစ်ခု ကျနု်ပ်သုံးသပ်မိတာက အောက်ခြေအဆင့် လူသားတွေဟာ မိမိတို့ကိုးကွယ်ရာ ဘာသာတရားတိုင်းရဲ့ အဓိပ္ဗါယ်မှန်နင့် အနှစ်သာရကို မသိရှိကြဘူး။အဲဒီ အဝိဇ္ဇာ တရားဟာလည်း ဒုက္ခ၊ ဒေါမနဿတရားအားလုံးတို့ရဲ့ အကြောင်းရင်းပါပဲ။ ဒါကြောင့် ယခုအချိန်မှာ ကျန်ုပ်တို့တတွေ လက်ချင်းဆက်၍ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ပဋိပက္ခများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ အထူးလိုအပ်တယ်လို့ ယုံကြည်ပါတယ်။

• မည်သည့် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ ပဋိပက္ခများနှင့် ဆူပူမှုများကိုမဆို အပြင်းအထန် ကန့်ကွက်ကြောင်း ရုံ့ချကြောင်း ကျနု်ပ် ဤနေရာက ကြေညာပါသည်။ ဤကြေညာချက်ကို နိုင်ငံရေး၊ ဘာသာရေး၊ အမျိုးသားရေး ခေါင်းဆောင်အားလုံးတို့ လာရောက်လက်တွဲကြပါလို့ ကျနု်ပ်တောင်းဆိုပါတယ်။

• ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများ၊ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲများ၊ ဆူပူလှုပ်ရှားမှုများအားလုံးတို့ကို လုံးဝ ရှုံ့ချကန့်ကွက်ကြောင်း ကျွနု်ပ် ဤနေရာက ကြေညာပါတယ်။

ဤကမ္ဘာကြီးမှာ လူသားတို့အားလုံး ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲ နေထိုင်ရေး၊ လုံခြံရေး၊ တည်ငြိမ်ရေး၊ ညီညွတ်ရေးနင့် ငြိမ်းချမ်းရေးတို့ကို တည်ဆောက်ရေးအတွက် ကျွန်ပ်တို့တစ်တွေသည် သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဝန်ခံခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်း၊ အစွန်းမရောက်ခြင်း၊ သဘောထားကြီးခြင်း အစရှိတဲ့ positive mind များကို ကြိုးစား ရှာဖွေ စုဆောင်းကြပါစို့ ဟု တိုက်တွန်းလိုပါတယ်။

ကြွရောက်လာတဲ့ သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ လူကြီးမင်းများ- religion ဆိုတဲ့ ပုဒ်ရဲ့ အနက်အဓိပ္ဗါယ်ကို နည်းနည်း စဉ်းစားဖော်ထုတ်လိုပါတယ်။ Religion ရဲ့ အဓိပ္ဗါယ် အနှစ်သာရ အမှန်ကို မသိနားမလည်ကြရာက ပဋိပက္ခတွေ ဖြစ်ကြတယ်လို့ ထင်ပါတယ်။

အကယ်၍သာ လူသားတွေဟာ မိမိကိုးကွယ်ရာ ဘာသာတရားတိုင်း၏ ဆိုလိုသော အဓိပ္ဗါယ်မှန်နှင့် အနစ်သာရကို သိလည်းသိကြမယ် သိသည့်အားလျော်စွ လိုက်နာကျင့်သုံး ကြမယ်ဆိုရင် ကျန်ုပ်တို့ လူလောကကြီးမှာ ဘာသာရေး ပဋိပက္ခဆိုတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေ ရှိတော့မှာ မဟုတ်ဘူး။

ကျွနု်ပ်ကတော့ ဤနေရာမှာ religion for peace, religion for harmony, religion for security, religion for stability- ဘာသာတရားတိုင်းသည် လူသားတိုင်းဘဝ ငြိမ်းချမ်းရေး သာယာရေး တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက်ဟု ဘာသာပြန်လိုပါသည်။

ဘာသာတရားတိုင်းမှာ outer shell and inner core အပြင်အကာနှင့် အတွင်း အနစ်ဟု နှစ်မျိုးရှိပါတယ်။ ရှိခိုးခြင်း၊ ကိုးကွယ်ခြင်း၊ ယုံကြည်ခြင်း၊ ဆုဆောင်းခြင်း၊ ပူဇော်ခြင်း၊ အခန်းအနားကျင်းပခြင်း၊ ရွတ်ဖတ်ခြင်းဆိုတာတွေဟာ ဘာသာတရားအားလုံးရဲ့ အပေါ်ယံအကာတွေသာ ဖြစ်ပါတယ်။ အဲဒီ အပေါ်ယံအကာတွေက ဘာသာတရားတစ်ခုနှင့်တစ်ခု ကိုးကွယ်သူတစ်စုနှင့် တစ်စု အကြီးအကျယ် ခြားနားသွားစေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာတရားတိုင်းမှာ inner core ဆိုတဲ့ အတွင်းအနှစ်သာရတွေ ရှိပါတယ်။

ဘာသာတရားတိုင်းက လူသားတိုင်းအတွက် သင်ကြားပေးတဲ့ သင်ကြားချက်တွေ ရှိပါတယ်။
အဲဒါကတော့-
§ ဒါနသံဝိဘာဂ-ပေးကမ်းဝေငှခြင်း၊
§ သီလ- ကိုယ်နုတ်နစ်ပါး စောင့်ထိန်းခြင်း၊
§ သမာဓိ- စိတ်ကို စောင့်ထိန်းခြင်း၊
§ ပညာ ကြောင်းကျိုးအမှားအမှနိကို သိနားလည်ခြင်း၊
§ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ခန္တီ၊ သစ္စာ ဤတရားတွေဟာ ဘယ်ဘာသာကိုးကွယ်တဲ့ ဘယ်လူမျိုးမဆို ကျင့်ရမည့် ကျင့်စဉ်တွေပါ။
တကယ်တော့ ဤတရားများဟာ လူသားတိုင်း ကျင့်ရတဲ့ ကျင့်နိုင်တဲ့ humanism ဖြစ်ပါတယ်။

ဘယ်အသားအရောင်ရှိတဲ့ ဘယ်သူမဆို (ဤသီလ သမာဓိ ပညာတို့ကို ကျင့်ရင်) သူတော် သူမြတ်ဖြစ်ပါတယ်။

လူမျိုးနှင့် ဘာသာမခွဲခြားဘဲ တစ်သားတည်း ကျင့်နိုင်အောင် ကျင့်စဉ်ကို ဘာသာရေး ခေါင်းဆောင်အားလုံးတို့က အောက်ခြေအဆင့် ရောက်သည့်အထိ ထိထိရောက်ရောက် သင်ကြားပေးဖို့ လိုပါတယ်။

ဤဘာသာရေး အနစ်သာရများကို လူသားတွေ နားလည်လာကြလျှင်၊ နားလည်ကြရုံမျှမက အပေါ်မျက်နာပြင်ရောက်အောင် ကျင့်သုံးလာနိုင်ကြမည်ဆိုလျင် ပဋိပက္ခများနှင့် ဆူပူသောင်းကျန်းမှုများသည် ဖြေးဖြေးချင်း လျော့ပါးသွားနိုင်သည်ဟု ကျွနု်ပ်ယုံကြည်ပါတယ်။

ဥပမာတစ်ခု နှင့် ရှင်းပြလိုပါတယ်။ ဥပမာ ရေဆိုပါစို့။ ရေမှာ ပြောင်းလဲလို့မရဘဲ အမြဲမှန်နေတဲ့သဘော လက္ခဏာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ လူသားတိုင်းကို အေးချမ်းစေတယ် ဆိုတာပါပဲ။ ရေကို ချိုးလျှင် သို့မဟုတ် သောက်လျှင် လူမျိုးမရွေး၊ ဘာသာမရွေး အေးချမ်းပါတယ်။ သန့်ရှင်းပါတယ်၊ အငတ်အဆာလည်း ပြေပါတယ်၊ ဆန်ကျင်ဘက် ဥပမာ တစ်ခု ပြောရရင် မီးမှာလည်း ပြောင်းလဲလို့ မရတဲ့ လက္ခဏာ တစ်ရပ်ရှိပါတယ်။ အဲဒါဟာ ထိသူကို ပူလောင်စေပါတယ်။ positive mind ဟာ ရေနှင့်တူပြီး negative mind ကတော့ မီးနှင့်တူပါတယ်။

ကျွန်ုပ်တို့တစ်တွေဟာ ရေတွေကို ပုလင်းတွေထဲထည့် တံဆိပ်တွေ အမျိုးမျိုးကပ်ပြီးတော့ ထုတ်ရောင်းနေကြတယ်။ အဲဒီပုလင်းပေါ် ကပ်ထားတဲ့ Label တွေကြောင့် အကွဲကွဲ အပြားပြား ခြားနားကုန်ကြပါတယ်။ အေးချမ်းတယ်ဆိုတဲ့ အပေါ်မှာ Label မရှိပါဘူး။

မီးခြစ်မှာလည်း ဒီအတိုင်းပဲ။ ကုန်အမှန်တံဆိပ်တွေ အမျိုးမျိုး ကပ်လိုက် နာမည်တွေကွဲပြီး မကောင်းတာတွေ ကောင်းတာတွေ ဖြစ်ကုန်တယ်။ တကယ်တော့ ပူလောင်ခြင်းရဲ့ အပေါ်မှာ Label တံဆိပ်မရှိပါဘူး။

ရေနှင့်မီးတို့မှာ အမျိုးမျိုး Label ပြောင်းကပ်သော်လည်းပဲ့ သူတို့ရဲ့ အေးခြင်းနင့် ပူခြင်းတို့အပေါ်မှာ Label တံဆိပ်ခပ်နိုပ်လို့ မရဘူး။ ဒါကြောင့် ကျွနု်ပ်ဒီနေရာမှာ ပြောချင်တာက ဘယ်ဘာသာဝင် ဘယ်လူမျိုးတို့ရဲ့ negative mind မဆို မီးလိုပူလိမ့်မယ်။ ဘယ်ဘာသာဝင် ဘယ်လူမျိုးတို့ရဲ့ positive mind မဆို ရေလို အေးလိမ့်မယ်။ အဲဒါ သစ္စာတရားပဲ။ အဲဒါကြောင့် သစ္စာတရားကို ဖောက်ထွင်းသိမြင်ဖို့ ဘာသာတရားတိုင်းရဲ့ အတွင်းကို ဖောက်ထွင်း ကြည့်ကြရမှာ ဖြစ်ပါတယ်။ အပေါ်ယံ မျက်နှာပြင်မှာ ရပ်မနေကြပါနဲ့။

ကြွရောက်လာကြတဲ့ သံဃာတော်များနှင့် လူကြီးမင်းအပေါင်းတို့-
အားလုံးသော လူသားတွေဟာ ငါ၏အယူအဆ၊ ငါ၏ဝါဒသည်သာလျှင် ဟုတ်သည်မှန်သည်ဟု တစ်ယူသန် တစ်ဖက်သတ် အစွန်းရောက် အယူဝါဒလွတ်အောင် ရှောင်ကြဖို့ လိုအပ်ပါတယ်။ မိမိတို့ သက်ဆိုင်ရာ ဘာသာတရားတိုင်း၏ အနစ်သာရကို ထိထိရောက်ရောက် ကျင့်သုံးခြင်းကိုတော့ လက်မလွတ်သင့်ပါဘူး။ မိမိ ဘာသာအယူဝါဒမှန်သည်ဟု ယူဆပြီး အခြားအယူဝါဒကို မရှုံ့ချမပုတ်ခတ်သင့်ပါဘူး။

မြတ်ဗုဒ္ဓလက်ထက်က ဘာသာအယူဝါဒ ကွဲပြားနေသော လူတစ်စု တစ်မျိုးစီ ဖြစ်နေသော ကိုယ်ပိုင်အယူအဆများကို လျှောက်ထားပါတယ်။ မိမိတို့ အယူအဆမှန်ကန်ကြောင်း သူတစ်ပါးအယူအဆ မှားကြောင်း တင်ပြကြပါတယ်။ ထိုအခါ မြတ်ဗုဒ္ဓက သင်တိုရဲ့ ကွဲပြားမှုတွေကို လာငြင်းခုံမနေကြနဲ့။ ကွဲပြားမှုတွေထဲမှာ တူညီမှုကို ရှာကြ။ တူညီသော အနစ်သာရတွေ့ရင် အဲဒီ တူညီသော အနစ်သာရအပေါ်မှာ လက်တွဲလမ်းလျှောက်ကြဟု မိန့်တော်မူတယ်။

ဤကဲ့သို့သော မြတ်ဗုဒ္ဓ၏ လမ်းညွန်ချက်များဟာ ဒီကနေ့တိုင် တည်ရှိနေဆဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားက ထိုအမျိုးမျိုးကွဲပြားသော လူစုကို အောက်ပါအတိုင်း ဆုံးမတော်မူတယ်။
§ အမျက်ဒေါသထွက်ခြင်းကို ပြန်၍ အမျက်ဒေါသထွက်ခြင်းဖြင့် ငြိမ်းချမ်းရေး မရနိုင်။ အမျက်ဒေါသထွက်ခြင်းကို ချစ်ခြင်း သည်းခံခြင်း ခွင့်လွတ်ခြင်းတို့ဖြင့်သာ ငြိမ်းချမ်းစေနိုင်။
§ ဆူပူသောင်းကျန်းသူတိုကို ပြန်ရွေ့ ဆူပူသောင်းကျန်းခြင်းဖြင့် ငြိမ်းချမ်းရေး မရနိုင်။
§ သူပူသောင်းကျေန်းသူတို့ကို ခန္တီ၊ မေတ္တာ၊ သစ္စာတရားတိုဖြင့်သာ ငြိမ်းချမ်းစေနိုင်။
§ ဆဲရေးသူကို ပြန်၍ ဆဲရေးခြင်းဖြင့် မငြိမ်းချမ်းနိုင်။
§ ဆဲရေးသူကို ပြန်မဆဲမှ ငြိမ်းချမ်းရေး ရနိုင်။
§ မုန်းတီးသူကို ပြန်၍ မုန်းတီးခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်။
§ မုန်းတီးသူကို မေတ္တာဖြင့် တုန့်ပြန်မှ ငြိမ်းချမ်းရနိုင်။
ဤသည်ကား ကမ္ဘာဦးမှ ယနေ့ထိ စဉ်ဆက်မပြတ် လူသားတိုင်း ကျင့်သုံးလာသော ကျင့်သုံးအပ်သော သနန္တနဓမ္မ ဖြစ်သည်။

ဓမ္မသည် သစ္စာတရား ဖြစ်ပါတယ်။ Religion နှင့် Ism တို့သည် အရေးမကြီး။ သစ္စာတရားသည်သာလျှင် မွန်မြတ်၏။ ဤကမ္ဘာမှာ သင်ကြားစရာ သစ္စာတရားမှတပါး အခြားမရှိ။ သစ္စာတရားကို သိခြင်းသည် ကျွနု်ပ်တို့ အားလုံးနင့်ဆိုင်သော အနစ်သာရ အားလုံးဦးတည်ရမည့် ပန်းတိုင်။ သစ္စာတရားကို သိခြင်းသည် ကျွန်ုပ်တို့ ဘဝပြဿနာနှင့် ဆိုင်သော အဖြေ။ အစွန်းလွတ်အောင် ရှောင်ခြင်း၊ အလယ်အလတ်လမ်းကို လျှောက်ခြင်းသည် ကျွနု်ုပ်တို့ လူသားအားလုံးတို့ လျှောက်လမ်းရမည့် လမ်းကြောင်း။

ကြွေ၇ာက်လာကြတဲ့ သံဃာတော်များနှင့် လူကြီးမင်းများ အားလုံး၊ ဤအစည်းအဝေးကြီး ဖြစ်မြောက်အောင် အားပေးထောက်ပံ့သော အီရန် အစ္စလာမစ် နိုင်ငံ၏ ယဉ်ကျေးမှုဝန်ကြီးနှင့် ဌာနဝန်ထမ်းအားလုံး၊ ဘာသာပေါင်းဆုံတက္ကသိုလ် အဓိပတိ၊ ပါမောက္ခများအားလုံးကို လေးလေးစားစား ကျေးဇူးတင်ပါသည်။ ထို့ပြင် အီရန်နိုင်ငံ အစ္စလာမ်ဘာသာရေးခေါင်းဆောင်ကြီးများအားလုံးနှင့် Academic ပညာရှင်များ အားလုံးကို ကျေးဇူးတင်ပါတယ်။

အထူးအားဖြင့် သုံးနိုင်ငံဗုဒ္ဓဘာသာ ခေါင်းဆောင်များနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များနှင့် ချစ်ကြည်ရင်းနီးခွင်၊့ အမြင်ဖလှယ်ခွင့်ရသည့်အတွက် အီရန်နိုင်ငံရှိ ဘာသာရေးခေါင်းဆောင်များ အားလုံးကို ဝမ်းမြောက်စွာ ကျေးဇူးတင်ပါသည်။

ဗုဒ္ဓဘာသာခေါင်းဆောင်များ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ငြိမ်းချမ်းစွာ အတူလက်တွဲ၍ အနာဂတ်ကမ္ဘာ၏ ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ လုံခြုံခြင်းတို့ကို ဦးဆောင်မှုပေးသွားနိုင်မည်ဟု မျော်လင့်ယုံကြည်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

သတ္တဝါအားလုံး ရန်ငြိုးဖွဲ့ခြင်းမှ ကင်းဝေးပါစေ။
သတ္တဝါအားလုံး ငြိမ်းချမ်းသာယာကြပါစေ။
ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် တည်ငြိမ်ရေး ကမ္ဘာတစ်ဝန်း လွှမ်းမိုးပါစေ။

(ဤမိန့်ခွန်းစာတမ်းကို မြန်မာနိုင်ငံတွင် ရေးသားပြီး Tehran, Parsian Azadi Hotel တွင် မြန်မာဘာသာ ပြန်ဆိုသည်။)

သီတဂူဆရာတော် အရှင်ဥာဏိဿရ
Shihid Rahimi Conference Hall, Islamic Culture and Relations Organization
Tehran
Islamic Republic of Iran
30 December, 2014

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁-၂၀၁၄
www.sitagustar2020.net

အင်္ဂလိပ်မူ ဆက်လက် ဖော်ပြပါမည်။

03 January 2015

သီတဂူဆရာတော် အီရန်နိုင်ငံမှ ပြန်ရောက်

သီတဂူဆရာတော် အီရန်နိုင်ငံမှ ပြန်ရောက်

သီတဂူဆရာတော်ကြီးသည် အီရန်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဌာနခွဲက ကြီးမှူးကျင်းပသော “မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ သုံးနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်အချို့တို့အကြား ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို ဆွေးနွေးညှိနှိုင်းခြင်း” အစည်းအဝေးကြီးကနေ ယနေ့ (၃-၁-၂၀၁၅) နံနက်စောစော ၄း၄၅ မိနစ်ချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပါသည်။
သီတဂူဆရာတော်ကြီးကို သီတဂူကပ္ပိယကာရကအဖွဲ့နှင့် အီရန်သံတမန်များ၊ သတင်းထောက်များ သွားရောက်ကြိုဆို တွေ့ဆုံကြသည်။

ထိုအစည်းအဝေးတွင် မိန့်ကြားခဲ့သော မိန့်ခွန်းကို မကြာမီ ဖော်ပြပါမည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁-၂၀၁၅
www.sitagustar2020.net

အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက်

အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် 

သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသုတ၊ သီတဂူ ကိုကျော်မိုးနိုင်တို့ကို ဦးဆောင်လျှက် အီရန်နိုင်ငံ ယဉ်ကျေးမှုနှင့် ဆက်ဆံရေးဝန်ကြီးဌာန၏ ဖိတ်ကြားမှုဖြင့် အီရန်နိုင်ငံသို့ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာနှစ်ခုအကြောင်း အချင်းချင်း ဘာသာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Multilateral Dialogue bettwen Islam and Buddhism) ဆွေးနွေးပွဲ တက်ရောက်ရန် ဒီဇင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ကာတာလေကြောင်းဖြင့် မြန်မာနိုင်ငံမှ အီရန်နိုင်ငံသို့ ထွက်ခွါခဲ့ပါသည်။

မြန်မာနိုင်ငံတွင် နေထိုင်သော ရှီးယား မူစလင် အီမန်နှစ်ဦးနှင့်အတူ ၎င်းတို့၏ ဘာသာဝင်များ၊ သီတဂူကပ္ဗိယ ကာရက အဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ကြသည်။ အီရန်နိုင်ငံ အီမန်ခိုမေနီလေဆိပ်သို့ ည အချိန်တွင် ဆိုက်ရောက်ခဲ့သည်။ အီရန်နိုင်ငံ ယဉ်ကျေးမှု ဌာနမှ တာဝန်ရှိသူများက လာရောက်ကြိုဆိုကြပြီး ပါရှန်း အဇာဒိ ဟိုတယ်သို့ ပို့ဆောင်ပေးခဲ့သည်။ လေဆိပ်မှ ဟိုတယ်တည်ရှိရာ တီဟီရန်မြို့သို့ ၁ နာရီကျော်ကြာ ခရီးဆက်ရသည်။ ဟိုတယ်သို့ ည ၁၁ နာရီ အချိန်တွင် ရောက်ရှိသည်၊

နောက်တစ်နေ့ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဟိုတယ်မှာ မနက်စာ သုံးဆောင်ပြီး ပထမရက် ဆွေးနွေးပွဲကျင်းပရာဖြစ်သော Islamic Culture and Relation Organization ရုံးချုပ်ရှိရာသို့ ထွက်ခွါခဲ့ကြသည်၊ ရှေ့ဦးစွာ Islamic Culture and Relation Organizationမှ ဥက္ကဌ Dr. Abuzar Ibrahimiက မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ ဗုဒ္ဓဘာသာ အဖွဲု့များကို လှိုက်လှဲစွာ ခရီးဦးကြိုဆိုပြီး နားနေဆောင်၌ အပြန်အလှန် နှုတ်ခွန်းဆက် စကားပြောကြားကြသည်။ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် အဓိက အစည်းဝေးကျင်းပရာ ခန်းမ အတွင်းသို့ ကြွရောက်ကြပြီး ဆွေးနွေးပွဲကို စတင်ခဲ့သည်။

ဆွေးနွေးပွဲ၏ အဓိကခေါင်းစဉ်မှာ အစွန်းရောက်မှု၊ အကြမ်းဖက်မှုများကို မူစလင်းဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင် နှစ်ခုတို့က ပူးပေါင်း၍ မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်း အဖြေရှာကြမလဲ ခေါင်းစဉ်ဖြစ်ပါတယ်၊ (Cooperation between Muslims and Buddhists in confronting violence and extreme)၊ ဆွေးနွေးပွဲကို ဗုဒ္ဓဘာသာအဖွဲ့မှ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကိုယ်စားပြုအဖြစ် သီတဂူဆရာတော်ကြီး ထိုင်းနိုင်ငံဗုဒ္ဓဘာသာကိုယ်စားပြုအဖွဲ့ဖြစ် Phra Khru Wibulphatthanakit, သီရိလင်္ကာ နိုင်ငံဗုဒ္ဓဘာသာကိုယ်စားပြုအဖြစ် နိုင်ငံတကာ ဗုဒ္ဓဘာသာလေ့လာရေးဌာနမှ ဒါရိုက်တာ ပရော်ဖက်ဆာ ဒေါက်တာဣန္ဒာစာရနှင့် သိရီလင်္ကာနိုင်ငံ သမ္မတ၏အကြံး ဆရာတော် ဓမ္မသာမိတို့ တက်ရောက်ကြသည်။ အစ္စလာမ်ဘာသာဝင်ကိုယ်စားပြုအဖြစ် အစ္စလမ်စ် ယဉ်ကျေးမှုနှင့် ဆက်ဆံရေး အဖွဲ့မှ ဥက္ကဌ Dr. Abuzar Ibrahimi, Inter-Religious Dialouge Center မှ ညွှန်ကြားရေးမှု Dr. Ali Mohammd Helmi၊ တီဟီရန်တက္ကသိုလ် ဝိဇ္ဖာနမှ ဥက္ကဌ Dr. Hassan Bolkhari၊ Academy of Sciences မှ အစ္စလာမ်းမစ် လေ့လာရေးဌာနမှ ဥက္ကဌ Ayatollah Professor Seyed Mostafa Mohaqeq Dmad၊ University of Religions and Religious Denominaitons မှ ဥက္ကဌ Hojjatoleslam Dr. Abulhassan Navab နှင့် အခြားသော အစ္စလာမ်ဘာသာခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်၊၊

အစည်းဝေးတွင် သီတဂူဆရာတော်ကြီးက မြတ်ဗုဒ္ဓ၏ ဒေသနာတော်၌ လာသော လူမှုရေး ပဋိပက္ခ၏ အကြောင်းအရင်းများကို ဖြေရှင်းရန် နည်းလမ်းများ ဟူသော ခေါင်စဉ်ဖြင့် စာတမ်းဖတ်ကြား ဆွေးနွေးပြီး၊ ထိုင်းဆရာတော်၊ သီဟိုလ်ဆရာတော်များကလည်း အသီးသီးစာတမ်းများ ဖတ်ကြားဆွေးနွေးကြသည်၊၊ အစ္စလာမ်းမစ် တက္ကသိုလ်အသီးသီးမှ ပရောက်ဖက်ဆာများ။ ဥက္ကဌများကလည်း စာတမ်းများ အသီးသီး ဖတ်ကြားဆွေးခဲ့ကြသည်၊၊ အစည်းဝေးကို မွန်းတည့် ၁၂ နာရီတွင် ရပ်နားခဲ့သည်၊၊

မနက်ပိုင်းအစည်းဝေးပြီးစီးချိန်မှစ၍ ထိုင်းနိုင်ငံဆရတော်၊ သီဟိုလ်ဆရာတော်တို့က နောင်တွေဆုံးပွဲများ၌ သီတဂူဆရာတော်ကြီးကို ဗုဒ္ဓဘာသာခေါင်းဆောင်အဖြစ် ဆွေးနွေးစေခဲ့သည်၊ သီတဂူဆရာတော်ကြီးတစ်ပါးတည်းကပဲ မည်သူနှင့်တွေ့တွေ့ အဓိက ဦးဆောင်ဆွေးနွေးခဲ့သည်။

ညနေ သုံးနာရီတွင် အီရန် သမ္မတ ဒေါက်တာ ရူဟနီ၏ အထူးအကြံပေး H.I Younesi နှင့် သီတဂူဆရာတော်ကြီး ဦးဆောင်သော ဗုဒ္ဓဘာသာအဖွဲ့တို့ ဘာသာရေး၊ လူမှုရေး ဆိုင်ရာများ အမြင်များကို ဆွေးနွေးတိုင်ပင်ကြသည်၊။ တစ်နေ့တာ နောက်ဆုံး အစီစဉ်ဖြင့် သီတဂူဆရာကြီးဦးဆောင်သော ဗုဒ္ဓဘာသာအဖွဲ့နှင့် အီမန် ခိုမေနီ Relief Foundation ခေါင်းဆောင်နှင့် တွေ့ဆုံပြီး ဗုဒ္ဓဘာသာနှင့် အစ္စလာမ်တူညီမှုများကို ချစ်ခင်ရင်းနှီးစွာ အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဒုတိယနေ့ ဆွေးနွေးပွဲကို ရှေ့ဟောင်းကွမ်းမြို့ရှိ ဘာသာရေးတက္ကသိုလ်တွင် (University of Religions and Denominations) ဆက်လက်ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ဗုဒ္ဓဘာသာအဖွဲ့မှ သံဃာတော်တို့နှင့် တက္ကသိုလ် ပါမောက္ခများ စာတမ်းများ ဖတ်ကြား ဆွေးနွေးကြသည်။ သီတဂူဆရာတော်က ဤဆွေးနွေးပွဲမှာ အစ္စလာမ်ဘာသာဝင် ပါမောက္ခတို့၏ ဆွေးနွေးချက်များကို နားထောင်ရသည့်အတွက် အလွန်ကျေးဇူးတင်ကြောင်း၊ လူသားတို့အတွက် အမြဲမှန်ကန်သော သစ္စာတရားရှိသော်လည်း မသိနားမလည်သည့် အောက်ခြေလူထု အများအပြားပင်ရှိသေးသဖြင့် ယခု မိမိတို့ ရောက်ရှိနေသော ဘာသာရေးတက္ကသိုလ်ကဲ့သို့ တစ်နေရာတည်း၌ ဘာသာပေါင်းစုံးကို သင်ကြားသော ဘာသာရေးတက္ကသိုလ်များ များများတည်ထောင်ဖို့ အထူးပင်လိုအပ်ကြောင်း၊ အခြေခံကျောင်းမှာ ဘာသာရေးဆိုင်ရာ အသိပညာများ သင်ကြားပေးသင့်ကြောင့် တိုက်တွန်းပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာမှာ သီလ၊ သမာဓိ၊ ပညာတို့သည် လူတိုင်းကျင့်ရမည့် ကျင့်စဉ်ဖြစ်ကြောင်း၊ ဤတရားများ လူသားတို့၏သန္တာန်မှာ ကင်းမဲ့ပါက မဖြစ်သင့်သည် အရာများ ဖြစ်ပွားနိုင်ကြောင်း၊ အထူးအားဖြင့် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ အကြား ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်တို့သည် အောက်ခြေအဆင့် လူထုတို့မှာ ဘာသာရေးသင်ကြားချက်များ ကင်းမဲ့၍ ဖြစ်ကြောင်း၊ မီဒီယာတို့၏ ကျင့်ဝတ်နှင့် မညီသော ရေးသားဖော်ပြချက်ကလည်း ပဋိပက္ခကို မီးလောင်ရာလေပင့်သကဲ့သို့ ဖြစ်ခဲ့ကြောင်း ရှင်လင်းပြောကြားခဲ့သည်။

ဘာသာဝင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမို ရရှိစေရန်နှင့် တည်မြဲရန် မိမိတို့ တက္ကသိုလ်အနေဖြင့် ဆရာ၊ ကျောင်းသား အပြန်အလှန် ဖလှယ်ခြင်းကို ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ အစ္စလာမ်ဘာသာရေးတက္ကသိုလ်ဘက်ကလည်း မိမိတို့မှာ ပါဠိဘာသာနှင့် ဗုဒ္ဓဘဘာသာသင်ကြားပေးမည့်သူ လိုအပ်ကြောင်း မေတ္တာရပ်ခံရာ သီတဂူဆရာတော်က မိမိတက္ကသိုလ်မှ ပါဠိဆရာ စေလွတ်ပေးနိုင်သည်ဟု ပြန်ကြားခဲ့သည်၊ သီတဂူဆရာတော်ကြီးက ဤကဲ့သို့သော ဆွေးနွေးပွဲသည် နှစ်ဖက်ဘာသာဝင်တို့အကြား နားလည်မှု ပိုမိုရရှိစေရန် အရေးပါလှသဖြင့် နောက်နောင်တွင်လည်း မိမိတို့ဘက်မှ ကျင်းပပါဦးမည်။ ထိုအခါ လာရောက်နိုင်ပါရန် ဖိတ်ကြားပါမည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအပြီး၌ သီတဂူဆရာတော်ကြီးကို အစ္စလမ်ဘာသာရေးခေါင်းဆောင်များ၊ တက္ကသိုလ်ဆရာများက သူတို့ရေးသားသော စာအုပ်များကို လက်ဆောင်များပေးကြ၊ ဆရာတော်ကြီး ချစ်ခင်လေးစားကြောင်းပြသကြသည်ကို မြင်ရ၊ တွေ့ရသည်မှာ အတော်ကြည်နူးစရာကောင်းသည်၊ အစ္စလာမ်တက္ကသိုလ် ပါမောက္ခဆရာကြီး တစ်ယောက်က သူဘိက္ခုဝတ်ချင်ကြောင်း ရဟန်းဖြစ်လိုကြောင်း သီတဂူဆရာတော်ြုကီးထံ ကပ်ပြောကြားသံကိုလည်း ကြားလိုက်ရသေးသည်။

အံ့သြစရာကောင်းသည်မှာ ထိုဘာသာရေးတက္ကသိုလ်မှာ အစ္စလာမ်ပါမောက္ခဆရာကြီးတစ်ယောက်က မြတ်ဗုဒ္ဓ၏ ဣတိဝုတ္တက ပါဠိတော်ကြီးကို အီရန် ပါရှန်းဘာသာလို ပြန်ထားသည်၊ နောက်ဆရာကြီးတစ်ယောက်က အရိမေတ္တေယျ နောင်ပွင့်တော်မူမည့် ဘုရားအကြောင်း စာအုပ်ရေးသားထားသည်၊၊ ဆွေးနွေးပြီးသော်လည်း ထိုအစ္စလာမ် ပါမောက္ခဆရာကြီးများက သီတဂူဆရာတော်ကြီးကို ဗုဒ္ဓဘာသာအကြောင်း အကျဉ်းချုပ်ဟောပြောပို့ချပေးပါရန် တောင်းဆိုလာသဖြင့် သီတဂူဆရာတော်ကြီးက မြတ်ဗုဒ္ဓဒေသနာတော်၏ အနှစ်ဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာအကြောင်းကို အကျဉ်းချုပ်ဟောပြောခဲ့သည်။

ဆွေးနွေးပွဲကို ညနေ သုံးနာရီအချိန်တွင် အချက် ဆယ်ချက်ပါဝင်သော ပူးပေါင်းထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးခြင်းဖြင့် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

သဘောတူကြေငြာစာတမ်း ၁၂ ချက်မှာ----

၁။ ကမ္ဘာ၌ ဖြစ်ပေါ်နေသော ဆူပူသောင်းကြမ်းခြင်းနှင့် အစွန်းရောက်ခြင်းတို့ကို ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့ လက်တွဲကာကွယ်ရန်နှင့် ဘာသာတရား၂ခုတို့ ငြိမ်းချမ်းစွာ အတူတကွ လက်တွဲနေထိုင်ရန်။

၂။ ဘာသာရေးဂိုဏ်းဂဏအားလုံး ဘာသာတရားအားလုံးတို့၏ အဆုံးမများနှင့် ယုံကြည်မှုများကို အပြန်အလှန် ရိုသေလေးစားကြရန်။

၃။ ဘာသာရေးအဖွဲ့အစည်းတစ်ခုခု၏ အမည်၊ သို့မဟုတ် ဘာသာတရားတစ်ခုခု၏ အမည်ကိုအသုံးပြု၍ လွန်ကြူးသော မည်သည့်အစွန်းရောက်ခြင်း၊ ဆူပူသောင်းကြမ်းခြင်းမျိုးကိုမဆို ရှုတ်ချကန့်ကွက်ရန်။

၎။ မည်သည့်ဘာသာတရားနှင့် ဘာသာရေးအဖွဲ့အစည်း လူသားတို့၏ဘဝကို ခြိမ်းခြောက်လာသော မည်သည့်ခြိမ်းခြောက်ခြင်းမျိုးကိုမဆို စုပေါင်းကာကွယ် ဖြေရှင်းပေးရန်။

၅။ ဘာသာတရား နှစ်ခု၏ ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်ကိုးကွယ်သူ အချင်းချင်း ချစ်ခင်ရင်းနှီမှု၊ ဘာသာရေးအဖွဲ့အစည်းတို့၏ ချစ်ခင်ရင်းနှီမှုများကို နှောက်ယှက်လာသော မည်သည့်ပြသနာမျိုးကိုမဆို ဘာသာနှစ်ခု ပူးပေါင်းဖြေရှင်းရန်

၆။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ အထူးသဖြင့် ဘာသာဝင်လူငယ်များကို ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက ပညာရေးနှင့် လူမှုရေးများ လက်တွဲဆောက်ရွက်ပေးဖို့ ပြင်ဆင်ထားရန်။

၇။ ဗုဒ္ဓဘာသာ အစ္စလာမ်ဘာသာနှင့် ထိုဘာသာဝင်များကို ခြိမ်းခြောက်နေသည့်ပြဿနာများအတွက် ဘာသာတရား နှစ်ခုတို့က လက်တွဲ အဖြေရှာကြရန်။

၈။ ဘာသာရေးနှင့် လူသားတို့၏ ဘဝတန်ဖိုးနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသော အပြုမူများကို လက်တွဲကာကွယ်စောင့်ရှောက်ရန်။

၉။ လူငယ်များနှင့် အနာဂါတ်မျိုးဆက်သစ်များအတွက် ဘာသာရေးနှင့် ယဉ်ကျေးမှု ပညာရေး စီမံချက်များကို လက်တွဲပြင်ဆင်ပေးရန်။

၁၀။ ဘာသာတရားအားလုံးတို့နှင့် ပဋိပက္ခမရှိ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားကြရန်။

၁၁။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့ အပြန်အလှန်ချစ်ကြည် ရင်းနှီးမှုနှင့် နားလည်မှု ပိုမိုကောင်းမွန်ရေးအတွက် ပညာရေး ဖလှယ်မှုများ ပြုလုပ်ရန်။

၁၂။ ဘာသာတရားနှစ်ခု အပြန်အလှန် ဆက်သွယ်ရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများ ပူတွဲဆောင်ရွက်ရေးတို့ ပိုမိုရင်းနှီး နီးစပ်လာအောင် ဆောင်ရွက်ကြရန်။

မှတ်ချက်၊ မူရင်း Statement ထုတ်ပြန်ချက်မှာ အချက်အလက် ၁၀ ခုသာ ပါရှိသည်၊ သို့သော် ရှည်လျားသော အပိုင်းများကို လွယ်ကူစွားနာလည်စေရန် သီးခြားခွဲထုတ် ဘာသာပြန်လိုက်သဖြင့်၁၂ ဖြစ်သွားသည်။။ သီတဂူဆရာတော်ကြီး၏ မိန့်ခွန်းကို သီတဂူဆရာတော်ကြီးကိုယ်တိုင် ဘာသာပြန်ထားသည်၊ သီးခြားဖော်ပြပါမည်။

အစည်းဝေးမှတ်တမ်းသူ
သီတဂူအရှင်ဥက္ကံသ၊ သီတဂူအရှင်ဝိသုတ

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁-၂၀၁၄

01 January 2015

Iran-အီရန်ရောက် သီတဂူဆရာတော် (၃)

အီရန်ရောက် သီတဂူဆရာတော် (၃)

၃၁-၁၂-၂၀၁၄ နေ့က အီရန်နိုင်ငံသို့ရောက်နေသော သီတဂူဆရာတော်ကြီးသည် အီရန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တစ်မြိုဖြစ်တဲ့ Qom ၏ ဘာသာရေးတက္ကသိုလ်တစ်ခုသို့ သွားရောက်လေ့လာသည်။ ထိုတက္ကသိုလ်သည် ဘာသာရေးတက္ကသိုလ်ဖြစ်သည့်အားလျှော်စွာ ဗုဒ္ဓစာပေများလည်းသင်ပေးသည်။

 သီတဂူဆရာတော်ကြီးသည် ထိုတက္ကသိုလ်ရောက်ခိုက် ကျောင်းဆရာများနှင့် ကျောင်းသားများကို ယနေ့ခေတ်သစ်လူ့ဘောင်အဖွဲ့မှာ ဘာသာရေးသည် အလွန်အရေးပါ အရာရောက်ကြောင်း မိန့်သည်။

ထို့နောက် အီရန်နိုင်ငံ၏ဘာသာရေးတက္ကသိုလ် ပါမောက္ခများက ဆရာတော်ကြီးကို မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာနှင့်ပက်သက်ပြီး အနှစ်ချုပ် မိန့်ကြားရန် လျှောက်ထားကြသည်။


On Dec 31, Sitagu Sayadawgyi visited University of Religions and denominations at the ancient city of Qom, Iran. It is the only university in Iran that teaches all major religions including Buddhism. Sayadawgyi give a lecture to teachers and students of that university on the importance of religion in modern society. Furthermore upon the request of a Buddhist Professor religious University of Iran to give a brief account of Buddhist teaching and Buddhism in Myanmar, Sayadaw briefly elaborated the essence of Buddhist teachings which he emphasized Sila, Samadhi and Panna, finally he went on Buddhism in Myanmar.

ထိုနေ့ ညနေပိုင်းမှာတော့ ထိုတက္ကသိုလ်၏ ဌာနမှူးများ၊ ပါမောက္ခများနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ သီတဂူဆရာတော်ကြီးတို့သည် တက္ကသိုလ်နှစ်ခု၏ ဆရာ၊ ကျောင်းသားများ အပြန်အလှန် အလဲအလှယ် အစီအစဉ်ကို ဆွေးနွေးကြသည်။ ပါဠိစာပေ ပါမောက္ခများကို အီရန် Ph.D ပါရဂူကျောင်းသားများအား သင်တန်းပေးရန်အတွက် လွတ်ပေးဖို့လည်း လျှောက်ထားကြသည်။ အီရန်ပါမောက္ခဆရာကြီး၏ ပါရှားဘာသာဖြင့် ပြန်ဆိုထားသော ဗုဒ္ဓစာပေစာအုပ်များဖြစ်သော ဣတိဝုတ်စကျမ်းစာနှင့် နောင်ပွင့်တော်မူမည့် အရိမေတ္တေယျအကြောင်း စာအုပ်တို့ကို သီတဂူဆရာတော်ကြီးအား လက်ဆောင်ပေးကြသည်။

ထို့နောက် သီတဂူဆရာတော်ကြီးနှင့် အခြားသော ဘာသာရေးခေါင်းဆောင်အဖွဲ့တို့သည် သဘောတူလက်မှတ်ရေးထိုးကြသည်။

At afternoon secession, Professors, Heads of University of religions and denominations at Qom, Iran, discussed with Sitagu Sayadawgyi the possibilities of Students and Teachers exchange program between Sitagu International Buddhist Academy and University of Religions of Iran. They requested Sayadawgyi to send Pali Professors to train Iranian Ph.D students. After discussing many Books on Buddhism in Persian language are gifted to Sayadawgyi. Among them two books are interesting, one Book is Itivuttaka and the other is about Arimetteya, the future Buddha. They are written in Persian Language by Iranian Professors.

Finally Sitagu Sayadawgyi, other members of the conference, signed statement.
Note/ a detailed statement will be issued soon.

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၁-၂၀၁၅
www.thesitagu.org

ကမ္ဘာသူ ကမ္ဘာသားအားလုံးအတွက် ၂၀၁၅ နှစ်သစ်ကူး ဆုတောင်း

ကမ္ဘာသူ ကမ္ဘာသားအားလုံးအတွက် ၂၀၁၅ နှစ်သစ်ကူး ဆုတောင်း

နှစ်ဟောင်းကုန်ကြူး နှစ်သစ်ကူးသည့် ၂၀၁၅ မှ စ၍ ကမ္ဘာသူ ကမ္ဘာသားတို့သည်--
ရန်ငြိုးမှန်သမျှကို မေတ္တာ-ခန္တီတို့ဖြင့် ဖြေဖျောက်နိုင်ကြပါစေ--

ဆူပူသောင်းကျန်းခြင်းကို မေတ္တာဖြင့် ချုပ်ငြိမ်းနိုင်ကြပါစေ--

ဒေါသကို မေတ္တာဖြင့် ငြိမ်းချုပ်နိုင်ကြပါစေ--

ကြမ်းတမ်းခြင်းကို ယဉ်ကျေးသိမ်မွေ့ခြင်းဖြင့် ပြောင်းလှဲနိုင်ကြပါစေ--

ဆူပူခြင်း၊ ကြမ်းတမ်းခြင်း၊ ရက်စက်ခြင်း၊ ဖျက်ဆီးခြင်းတို့ကို မေတ္တာ-ခန္တီ- အဟိံသ-သစ္စာတရားတို့ဖြင့် ငြိမ်းချမ်းနိုင်ပါစေ---

ဤအကျင့်မြတ်တို့သည် ဘာသာတရားများမပေါ်မီ ကမ္ဘာဦးလူတို့ ကျင့်သုံးခဲ့သော တရားများဖြစ်သည်။ ဘယ်တော့မှ မဟောင်းနိုင်သော အမှန်တရားဖြစ်သည်။

“သန္တိ၊ သစ္စာ ဤနှစ်ဖြာ၊ ဤကမ္ဘာမှာ ထွန်းတောက်ပါစေသား”

သီတဂူဆရာတော်
ဒေါက်တာ အရှင်ဥာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊ Ph.D, D.Litt

သြစတြီးယား၊ ဗီယင်နာမြို့မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးတွင် မိန့်ခဲ့သော စကားများကို 2015 Happy New Year အတွက် ကောက်နှုတ် ဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၁၂-၂၀၁၄
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes