သီတဂူစတား

သီတဂူစတား

31 October 2009

အနှစ်ကိုးပါး(အပိုင်း-၂၄)



နောင်ခါးဆရာတော်

အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဘုန်းကြီး တို့ သာဝတ္ထိနဲ့ ကုဿိန္နာရုံအသွား ကြားထဲမှာ ''နောင်ခါး'' ဆိုတဲ့မြို့ ရှိပါတယ်။ အဲဒီမြို့ကလေးမှာ မြန်မာပြည်က ဆရာတော်ကြီးဦးနန္ဒဝံသ နေပါတယ်။ သက်တော် ၈၄-နှစ်ရှိပါပြီ။
ပဲခူးနယ်က ကျိုက်ပဒိုင်ရွာသား၊ ညောင်တုန်း ရွှေ ဟင်္သာတောရတိုက်ထွက်။ ဆရာတော်ကြီး အိန္ဒိယ ရောက် နေတာ နှစ်ပေါင်း ၄၅-နှစ်လောက်ရှိပြီ။
အဲဒီနောင်ခါးရောက်နေတာလဲ ကြာပြီ။ ဆရာ တော်ကြီး စ,နေတုန်းက ဗာရာဏသီမှာ နေတာ။ ဗာရာ ဏသီကျောင်းတွေဟာ ဆရာတော်ကြီး လက်ထက်က ဖြစ်တဲ့ ကျောင်းတွေချည်းပဲ။ သိပ်ပြီးတော့ ကောင်းတယ်။
ဗာရာဏသီမှာ မနေပဲနဲ့ ဆရာတော်ကြီးက နောင်ခါးမှာ သွားနေတယ်။ ရှေးရှေးက မြန်မာဘုရားဖူးတွေ သာဝတ္ထိကနေ ကုဿိန္ဒာရုံကို သွားလို့ရှိရင် ရထားစီးသွား တော့ လမ်းမှာ တစ်ညအိပ်ရတယ်၊ အဲဒီနောင်ခါးဘူတာမှာ အိပ်ရတာ။
ရှေးက ခေတ်မမီသေးတဲ့အချိန်၊ ရန်ကုန်ကနေ မန္တလေးရထားစီးသွားရင် ပျဉ်းမနား တစ်ညအိပ်ရတာ မျိုးပေါ့။ နောင်ခါးမှာ တညအိပ်ရတော့ မြန်မာဘုရားဖူး တွေဟာ တည်းခိုစရာ အိပ်စရာ မရှိ၊ အလွန်ဆင်းရဲကြ တယ်။
ဘုန်းကြီးက ဆရာတော်ကြီးကို လျှောက်တယ်။''ဆရာတော် ဘယ့်နှယ်ကြောင့် နောင်ခါးမှာ လာနေပါ သလဲဘုရား''။
''မြန်မာဘုရားဖူးတွေ အဆင်ပြေအောင်ဆိုပြီး နောင်ခါးမှာ ငါ ကျောင်းလာတည်တာ၊ ငါ့ကို ကြည်ညိုတဲ့ ကုလားတစ်ယောက်က မြေကွက် ပေးတာနဲ့ အဲဒီမြေကွက် ကလေးမှာ ကျောင်းဆောက်ပြီးတော့ အဲဒီမှာ ဘုရားဖူး တွေကို ငဲ့ပြီးနေရတာ''တဲ့။
ဆရာတော်ကြီး တော်တော်ကြိုးစားထားတယ်။ နောင်ခါးဘူတာမှာ မြန်မာစာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ် ရှိတယ်။ ဘူတာရဲ့အမည်ကို ''နောင်ခါးဘူတာ''လို့ မြန်မာလို ရေးထားတယ်။ ရှေးရှေးတုန်းက ဆရာတော်ကြီး သြဇာ တော်တော် ရောက်တယ်။ သာသနာ့အာဇာနည်ဆိုတာ ဒီလို ဆရာတော်မျိုးကို ပြောတာပဲ။
အဲဒီဘူတာဆင်ဝင်မုခ်ရဲ့ အထက်မှာ ကျောင်း ဆောင်လေး တစ်ခုလုပ်ပြီး ဘုရားဆင်းတုတော် တစ်ဆူလဲ တင်ထားတယ်။ အဲဒါ ဆရာတော်ကြီးရဲ့ စွမ်းဆောင်ချက် တွေပေါ့။ ဘူတာရောက်တာနဲ့ ချက်ချင်း ဘုရားဖူးရတယ်။

ချမ်းသာတဲ့နေရာမှာနေယင် ဇွဲလုံ့လမတက်ဘူး
ဆရာတော်ကြီးရဲ့ကျောင်းက မဝေးပါဘူး။ ဘူတာ ရဲ့ နောက်နားမှာပဲ။ ကျောင်းလေးက ခပ်ကုပ်ကုပ်ပဲ။ စည် စည် ကားကားတော့ မရှိလှပါဘူး။
''ဆရာတော့် ဆွမ်းကွမ်း ဝေယျာဝစ္စ ဘယ်သူပြု တုန်း'' ဆိုတော့ ''မြို့မှာ ဗုဒ္ဓဘာသာ ကုလားကပ္ပိယ နှစ် ယောက်ပဲ ရှိတယ်၊ သူတို့ကပဲ ချက်ကျွေးကြတာ''လို့ မိန့် တယ်။
ဒီကလေး နှစ်ယောက်ရဲ့ အဖေ, အမေတွေ, ဆွေ တွေ မျိုးတွေ, အစ်ကိုအစ်မတွေက ကျောင်းမှာ လာနေကြ တော့ မိသားစုကြီး တစ်ခုလိုပဲ ဖြစ်နေတယ်။ အဲဒီလို ဆင်းဆင်းရဲရဲနှင့် ဆရာတော်ကြီး နေနေရတယ်။
ဘုန်းကြီးက မေးလိုက်တယ်။ ''ဆရာတော် ဒါ လောက် ဆင်းရဲတဲ့နေရာကြီးမှာ ဘယ်နှယ်ကြောင့် ဆရာ တော် နေရသလဲဘုရား''။
''အေးကွ၊ ဆင်းရဲလွန်းလို့လဲ ငါက တမင်နေနေ တာ၊ ဆင်းရဲလို့ရှောင်သွားရင် အဲ့ဒါ လူညံ့ပေါ့ကွ၊ ဆင်းရဲတဲ့ နေရာမှာ နေဖြစ်အောင် နေရမယ်၊ ဗာရာဏသီမြို့က ကျောင်းကောင်းတယ်၊ ပစ္စည်းပေါတယ်၊ ဘုရားဖူးတွေက လည်း ခဏခဏ ရောက်တော့ ငါးပိကြော်တောင် နေ့တိုင်း စားနေရတယ်၊ အဲဒီလို ချမ်းသာတဲ့နေရာမှာ နေရင် ကိုယ့် ဇွဲလုံ့လဟာ မတက်ဘူး၊ သတ္တိနဲ့ဇွဲ တက်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ဆင်းရဲတဲ့နေရာမှာ နေရတယ်၊ ဒါ့ကြောင့် ငါ နောင်ခါးက မခွာတော့ဘူး၊ သေရင်လဲ နောင်ခါးမှာပဲ သေတော့မယ် ကွာ''တဲ့။
အဲသလောက်ထိ ကြည်ညိုစရာကောင်းတဲ့ ဆရာ တော်ကြီး။ ဇွဲကောင်းတဲ့လူများဟာ ဘယ်တော့မှ နောက် ပြန်မဆုတ်ဘူး။
''မြန်မာပြည် ပြန်ကြွပါဦးဘုရား''။
''မပြန် တော့ဘူးကွာ၊ ငါ ဒီမှာပဲ နေတော့မယ်''တဲ့၊ ဆရာတော်ကြီးက ဒီလိုပဲပြောတယ်။
''ဆရာတော် ဆင်းရဲတဲ့အကြောင်းတွေ ပြောပါဦး ဘုရား''။
''ဟောဒီ ငါနေတဲ့ ကျောင်းရော မြေရော ငါ့ကို ကြည် ညိုတယ်ဆိုပြီး ကုလားကျောင်းဆရာတစ်ယောက်က လာကပ်တယ်။ လာကပ်တဲ့ အဲဒီကုလားက တိတ်တဆိတ် ကွာ သူက မြေကြီးကို ဂရံအတု လုပ်ပြီးတော့ ငါ့ကျောင်းကို လာ လုတယ်၊ အဲဒါ အမှုဖြစ်နေတာ ရုံးမှာ ခြောက်နှစ်၊ ခုနှစ်နှစ်ရှိပြီ။ အဲဒီကုလား ငါ့ကျောင်းလုတဲ့အမှုဟာ ခုထိ မပြီးသေးဘူးကွ၊ ငါကလဲ တစ်ပါးတည်းပေမဲ့ မခံဘူးကွ၊ ငါကလဲ ပြန်တွယ်တာပဲ''လို့ ဆရာတော်က ပြောတယ်။
အခုတော့ အမှုက ပြီးတော့မလို ဖြစ်နေတယ်။ ဆရာတော်ကြီးကို တရားစွဲတဲ့ ကုလားက မယားသေလိုက်၊ သားသေလိုက်၊ သမီးသေလိုက်နဲ့ ဒီလိုဖြစ်နေတော့ ကုလား က တဖြည်းဖြည်း ကြောက်လာတယ်။ ဆရာတော်ကြီးကို ပညာ တက်တယ်ထင်ပြီးတော့ ကြောက်လာတော့ အမှုကို သူ့ဟာသူ ရုပ်သိမ်းမလို လုပ်နေတယ်။ ဆရာတော်ကြီးက ဆက်ပြောတယ်။
''နောက်ဆုံးတော့ ငါနိုင်မှာပါပဲကွာ၊ ဟေ့ ဦးဥာဏိဿရ တိုတိုပြောလိုက်မယ်၊ မနေစေချင်တဲ့ နေရာမှာ နေဖြစ် အောင်ကို ငါကနေပြလိုက်မယ်ဆိုပြီးတော့ နေနေတာပဲကွ၊ ငါလဲ အသက်အရွယ် ကြီးပါပြီ၊ ဒီတော့ ငါ့ကျောင်းဆက် ခံမယ့် ပုဂ္ဂိုလ်ကလဲ ခုထိတော့ မရှာသေးဘူးကွ၊ မင်းတို့ မြန်မာပြည်က ကြွလာမယ့်ကိုယ်တော်များရှိရင် လက်ခံပါ တယ်ကွာ၊ စွမ်းတဲ့ကိုယ်တော်များ တစ်ပါးလောက် ပို့လိုက် စမ်းပါ''တဲ့။
ဒီတော့ ဘုန်းကြီးက တကယ်တော့ မဟုတ်ဘူး၊ ဆရာတော်ကို လျှောက်လိုက်တယ်။ ''ဆရာတော် ဆရာ တော်ကို အခုကုလားတစ်ယောက်က တရားစွဲတယ်၊ တပည့် တော်တို့ ရောက်လာရင် ကုလားတစ်ရာလောက်က ဝိုင်းပြီး တရားစွဲ လိမ့်မယ်ထင်တယ်၊ အဲဒီတော့ တပည့်တော် မနေရဲ ဘူး ဘုရား''။
''ဟာ မနေရဲဘူးဆိုတာ မရှိရဘူးကွ၊ ကိုယ့်ကို မနေဖြစ်အောင် နှောက်ယှက်တဲ့နေရာမှာ ဖြစ်အောင်ကို နေရမယ်ကွ၊ တို့ဘုရား ဒီလိုနေတာကွ၊ တို့ဘုရားကို အတင်း နှောက်ယှက်တဲ့နေရာမှာ ဖြစ်အောင်ကို နေသွားတာ'' ဆိုပြီး တော့ ဆရာတော်ကြီးက စာတပိုဒ်ရွတ်ပါတယ်။

ဖိုးစိန်ကြီး ဇာတ်ထဲက စာတစ်ပုဒ်
''ကောသမ္ဗီပြည် ဘုရားရှင်ကြွစဉ်က၊ ရှင်အာနန္ဒာ လျှောက်ပါတဲ့ ဒေသနက္ကမ အကျုယ်''။
''မာဂဏ္ဍီ အယုတ်တမာ သူ့အသွင်အပြင် ဘုရား က မကြိုက်တာနဲ့၊ သာမာဝတီက လုပ်တာတွေကိုကွယ်၊ ဂရုတမင် များစွာစိုက်တယ်လို့၊ သူ့လင်ကိုသွားကာ တိုက် တိုက်ပြီး၊ ပတ္တမြားမကိုဋ် ကိုယ်တော်မြတ်ကြီးကိုကွယ် ဆဲဆို ရေရွတ်တယ်''တဲ့။
ဖိုးစိန်ကြီး ဇာတ်ထဲက အဟဲကို အသက် ၈၄-နှစ်ရှိပြီး သွားမရှိတော့တဲ့ ဆရာတော်ကြီးက ည ၁၁-နာရီ လောက် ချမ်းချမ်းစီးစီး မီးလှုံရင်းနဲ့ ဆိုပြတော့ ဘုန်းကြီးလဲ သိပ်ကြိုက်သွားတာကိုး။
အဲဒါနဲ့ ချက်ချင်းပဲ ''ဆရာတော် ခဏနေပါဦး'' ဆိုပြီးတော့ ဘုန်းကြီးက ကိုယ်တည်းတဲ့ အခန်းထဲမှာ ထားခဲ့ တဲ့ ဒိုင်ယာယီစာအုပ် ပြန်ယူပြီးတော့ အဲဒီ အမှိုက်မီးရှို့ပြီး မီးလှုံနေတဲ့နေရာက မီးရောင်မှာ အားယူပြီးတော့ ဘုန်းကြီး က ရေးလာခဲ့တာ။
ရေးယူထားပြီးတော့ အိန္ဒိယမှာ သွားရင်းလာရင်း အဲဒါလေးရွတ်ဆိုလာ၊ သြော် ဟုတ်တယ်၊ သာသနာဟာ ဘုရားကို မယုံတဲ့ ဘာသာခြားတွေကြောင့် ကွယ်ရတာ။
ဘုရားရှင် ကိုယ်တော်မြတ် ကောသမ္ဗီမှာ မနေနိုင် အောင် မာဂဏ္ဍီတို့ ဥတေနတို့ အနှောင့်အယှက် ပေးလိုက် တာ မနည်းဘူး။ ဘုရားရှင် ကိုယ်တော်မြတ် သည်းခံခြင်း ခန္တီ ကြီးမားလို့ အောင်မြင်တော်မူတာ။
ဒီတော့ ဆရာတော်ကြီးကို နောင်ခါးမှာ မနေနိုင် အောင် ကျောင်းလုပြီးတော့ ဘယ်လိုပဲ နှောင့်ယှက် နှောင့် ယှက် သည်းခံပြီးတော့ ဆရာတော်ကြီး နေရှာတော်မူတယ် လို့ သဘောကျပြီး ဒီစာလေးကို ဘုန်းကြီးက ကြိုးစားပမ်း စားနဲ့ ဆောင်ထားတာ။
ဆရာတော်ကလဲ ''မြန်မာပြည် ပြန်ရောက်ရင် မင်း အဲဒါလေးကို တရားလုပ်ဟောဦး''တဲ့ မှာလိုက်တယ်။ မှာတဲ့အတိုင်းလဲ ဟောပါတယ်။ ဘုန်းကြီးတို့ သာသနာ့ ဝန်ထမ်း ရှင်ရဟန်းတွေ အရေးကြီးပါတယ်။ ဒါကို အတုယူ ရမယ်။ ချမ်းသာတဲ့နေရာမှာပဲ နေနေကြမယ်ဆိုရင် သာသနာဟာ မပြန့်ပွားနိုင်ဘူး။

(အပိုင်း-၂၄)မျှော်

29 October 2009

လူမျိုမှ လူမျိုးပျောက်မည်


အနှစ်ကိုးပါး (အပိုင်း-၂၃)


ဓမ္မနှင့် ပူဇော်ခဲ့သေးတယ်

အဲဒီရွှံ့ညွန်ထဲက ရေထဲက ထိုးထွက်လာတဲ့ ကြာဖူးကြီးဟာ ရေပေါ်တက်ပြီးတော့ နေနှင့် တွေ့လို့ ကားကား စွင့်စွင့် ပွင့်နေတဲ့အခါ ကြည့်လိုက်စမ်းပါ။
ရွံ့များ ပေသေးသလားဆိုတော့ မပေတော့ဘူး။ ရေလဲ မစိုတော့ဘူး။ ရေနဲ့ ရွှံ့ထဲက ထိုးထွက်လာတဲ့ ကြာပွင့် ဟာပွင့်လို့ရေပေါ်လဲ ရောက်လာရော ရေလဲမစို၊ ရွှံ့ညွန် အိုင်ကြီးထဲမှာ အောင်းနေခဲ့ရတဲ့ ဒီစိတ်ဟာ လွတ်ထွက်သွားတယ်။ ဘာမှ မကပ်တော့ဘူး။
ဘုန်းကြီး မိဂဒါဝုန် ရောက်တုန်းက အခုလို တစ်ယောက်တည်း အားပါးတရ ရွတ်ဘတ်ခဲ့သေးတယ်။
''တေသံ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ၊ ထိုငါးပါးသော ရဟန်းတော်တို့၏။ စိတ္တာနိ၊ စိတ်တို့သည်ကား။ အနုပါဒါယ၊ တစုံတခုသော ဥပါဒါန်ဖြင့် ငြိကပ်ခြင်းမရှိပဲ။ အာသဝေဟိ၊ အာသဝေါတရား လေးပါးတို့မှ။ ဝိမုစ္စိံသု၊ ကောင်းစွာမသွေ လွတ်မြောက်တော်မူခဲ့ကြလေကုန်၏''။ အဲဒီလို ''ဓမ္မ''နှင့် ပူဇော်ခဲ့သေးတယ်။
ဘုန်းကြီးတို့နဲ့ ဗာရာဏသီဆရာတော်ကြီး(ပြည် မြို့)ပစ္စည်းလေးပါးဒကာကြီးဦးဘရီ၊ ဗန်ကောက်က လိုက်လာတဲ့ ကပ္ပိယဒကာလေး ဝမ်ချိုင့်၊ နီပေါက လိုက်လာပြီးတော့ ဆွမ်းချက်ကပ်တဲ့ သီလရှင် ဒေါ်ဂုဏဝတီ၊ နီပေါ သံအမတ်ကြီးကတော်၊ နီပေါက ဘီအေစီ မန်နေဂျာ ကတော်၊ နီပေါဘုန်းကြီးလေး အရှင်စုဆောဗန်းတို့ အားလုံး မိဂဒါဝုန်မှာရှိတဲ့ မြန်မာကျောင်းကို သွားကြတယ်။
ဘုန်းကြီးက အဲဒီမြန်မာကျောင်းကို လိုက်ကို မလိုက်နိုင်တော့ဘူး။ မြတ်စွာဘုရား ဓမ္မစကြာ ဟောတယ်ဆိုတဲ့ နေရာမှာ အထိမ်းအမှတ် ပလ္လင် လုပ်ထားတယ်။ အဲဒီ မိဂဒါဝုန်တောကြီးထဲမှာ စေတီတော်ကြီး တစ်ဆူလဲ တည်ထားပါတယ်။
မိဂဒါဝုန်ဥယျာဉ်က ယခုသပ်သပ်ရပ်ရပ် လှလှပပ တော်တော်ကို ပြင်ထားတော့ ကြည်နူးစရာ တော်တော် ကောင်းတယ်။ ကျောင်းတိုက်အဟောင်းကြီးတွေ အုတ်တံတိုင်းကြီးတွေ အုတ်ခုံကြီးတွေကိုလဲ ပြန်ဖော်ထားတယ်။
မြတ်စွာဘုရား ဓမ္မစကြာ ဟောတာ၊ ပဉ္စဝဂ္ဂီတို့ တရားနာတာ ဒီနေရာပဲဆိုပြီးတော့ ဓမ္မစကြာနဲ့ အနတ္တ လက္ခဏာသုတ်ကို ရောက်တဲ့ အချိန်ကစပြီး အဲဒီနေရာက မထတမ်း ရွတ်ပြီးပူဇော်ခဲ့ပါတယ်။
အိန္ဒိယပြည်ကြီး တပြည်လုံးရှိတဲ့ လူထုကြီး အကုန်လုံးဟာ''အတ္တ''ချည်း ဖြစ်နေတယ်။ အဲဒီကစပြီးတော့ ကြွေး ကြော်လာခဲ့တဲ့ ''အနတ္တ''ဟာ ဘယ်လောက်များ ကြွေးကြော်ခွင့် ရသလဲဆိုရင် ၄၅-နှစ်ပဲ။
''အတ္တဝါဒ''က အမြစ်ပြုတ်အောင် မကွယ်တော့ ဗုဒ္ဓရှင်တော် ကွယ်ပြီးတဲ့နောက် ''အနတ္တဝါဒ''ပေါ်မှာ ''အတ္တဝါဒ''က ပြန်ပြီးတော့ လွှမ်းလာခဲ့တယ်။
ဗုဒ္ဓကိုတော်တိုင် တိုက်ဖျက်ခဲ့တဲ့ ဇာတ်စနစ်ဟာ မြတ်ဗုဒ္ဓကွယ်ပြီးတဲ့နောက် ပြန်ပြီးတော့ လွှမ်းမိုးလာတယ်။ ဒါကြောင့် အိန္ဒိယမှာ သာသနာကွယ်ခဲ့တာပါ။

သဒ္ဓါတရား နည်းပါးခြင်း
နောက်တစ်ခု သာသနာကွယ်ခြင်းရဲ့ အကြောင်းက ဘာလဲဆိုရင် လူတွေရဲ့ နှလုံသားထဲမှာ ခုနကပြောခဲ့တဲ့ ''သဒ္ဓါတရား''တဖြည်းဖြည်း ခေါင်းပါးလာမှုပါပဲ။
ဘာသာခြားတွေက သဒ္ဓါတရားက ခေါင်းပါးတော့ လုပ်ချင်ရာ လုပ်တော့တာပဲ။ အရာရာမှာ ကိုယ့်ဘာသာက ရှေ့တန်းက နေရာရဖို့, အသာစီးရဖို့, ခေါင်းတစ်လုံး သာဖို့, ဆိုတဲ့ မကောင်းတဲ့စိတ်တွေ ဖြစ်လာတယ်။ သူများ ဘာသာက ကိုယ့်ဘာသာထက် သာသွားမှာကို မလိုလာဘူး။
ဗုဒ္ဓသာသနာ အရှိန်အဝါ ကောင်းမှာကို မလိုလားဘူး။ ဒီတော့ မနာလိုစိတ်တွေ ပြင်းထန်လာတယ်။ ဒါကြောင့် ဘာသာခြားများက ဗုဒ္ဓသာသနိက အဆောက်အဦးတွေကို ဖျက်ဆီးတယ်။

သတိမူရင် မြူကို မြင်တယ်
နာလန္ဒာဗုဒ္ဓတက္ကသိုလ်ကြီးဆိုရင် တချိန်တုန်းက သိပ်အောင်မြင်ခဲ့တာပဲ။ ဒီလိုအောင်မြင်တာကို မလိုလားတဲ့ ဘာသာခြားတွေက တက္ကသိုလ်ကြီးကို မီးရှို့ပြီး ဖျက်ဆီးတယ်။ သံဃာတွေကို ညှင်းပန်းနှိပ်စက်တယ်။
သတိမူရင် မြူကို မြင်တယ်။ သတိမမူရင်တော့ ဂူကိုတောင် မြင်မှာမဟုတ်ဘူး။ ဒီလို မမြင်ခဲ့ကြလို့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဘာသာခြား အဆောက်အဦးတွေ မင်းမူနေတာကို တွေ့ရတယ်။
ပြီးတော့ ရှိသေးတယ်။ ဗောဓိပင်ကြီးနဲ့ မဟာဗောဓိစေတီတော်ကြီးကို ''မဟန့်''ဆိုတဲ့ ဟိန္ဒူဘုန်းကြီးက အင်မတန်ကြီးမားတဲ့ အဆောက်အအုံတွေကို မကြည့်နိုင်တဲ့ အတွက်ကြောင့် ''ဒါတွေပျောက်ပျက်အောင်တော့ ငါလုပ် လေမှပဲ''ဆိုပြီး လုပ်လိုက်တာ ပျောက်လုမတတ် ဖြစ်သွားတယ်။
မင်းတုန်းမင်းကြီးရဲ့ ဇရပ်ကိုဖျက်ပြီးတော့ သူ့ ကျောင်း ဆောက်ထားတာကို ကြည့်ပါ။ ဗောဓိစေတီကြီး ထဲမှာ သူတို့ရဲ့ရုပ်ပုံတွေကို သွင်းထားတာကိုလည်း ကြည့်ပါဦး။ ဘယ်လောက်ထိ ရက်စက်သလဲဆိုတာ ထင်ရှားလှပါတယ်။
အဲဒါ အချိန်မီ ထိန်းသိမ်းထားနိုင်လို့သာ။ မထိန်းသိမ်းနိုင်ရင် ဒီနေရာ ဗုဒ္ဓစေတီ လို့မပြောပဲနဲ့ ဟိန္ဒူတို့ရဲ့ ဘုရားကျောင်းကြီးဖြစ်မှာ။ ဘာသာခြားတို့ရဲ့ ဖျက်ဆီးခြင်းဟာလည်း သာသနာကွယ်ခြင်းရဲ့ အကြောင်းတစ်ခု။ အဲဒါ သဒ္ဓါတရား ခေါင်းပါးလာလို့ပါပဲ။

ညောင်သီးလည်းစား, လေးသံလည်း နားထောင်
ဒါကြောင့် သာသနာကို ချစ်မြတ်နိုးကြတဲ့သူများဟာ ကိုယ့်ဘာသာကို နှောက်ယှက်တဲ့သူများကို ခုခံကာ ကွယ်ဖို့ လိုပါတယ်။ အလျှော့ပေးလို့ မဖြစ်ဘူး။ အလျှော့ပေးရင် ကန်းတက်ပြီး ပိုပြီးတော့ စော်ကားလာလိမ့်မယ်။ ရခိုင်ပြည်နယ်က ဘင်္ဂလားနယ်စပ်ဒေသမှာဆိုရင် ဘာသာခြားအဆောက်အဦးတွေကို မြောက်မြားစွာ တွေ့ရတယ်။ မြန်မာလူမျိုးဆိုတာ အတော်ကို ရှာကြည့်ရတယ်။
မြန်မာနိုင်ငံဖြစ်ပြီးတော့ မြန်မာလူမျိုးပျောက်နေတာဟာ နိုင်ငံနှင့် သာသနာအတွက် အန္တရာယ် သိပ်များတယ်။ ''မြေမျိုလို့ လူမျိုး မပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်''တဲ့။ သတိ, ဝီရိယရှိဖို့ လိုပါတယ်။
ကိုယ့်အမျိုး ဘာသာ သာသနာကို ကာကွယ်ပိုင်ခွင့်ရှိတယ်။ အခြားသော ဘာသာများကို သတိထားရမယ်။ ''သူတို့ ဘာလုပ်နေကြသလဲ''ဆိုတာကို မျက်ခြေမပြတ် ကြည့်ဖို့ လိုပါတယ်။ ''ညောင်သီးလည်းစား၊ လေးသံလည်း နားထောင်'' တဲ့။

(အပိုင်း-၂၄)မျှော်

မေတ္တာမြေအဖွဲ့၏ ပဉ္စမအကြိမ်လှူဒါန်းမှု

(မန္တလေး၊ အောက်တ်တိုဘိဘာ ၁၅-ရက်)
ပရဟိတလူမှုရေးလုပ်ငန်းများနှင့် ဘာသာရေးလုပ်ငန်းများကို ဆောင်ရွက်
နေသော မန္တလေးမြို့ရှိ မေတ္တာမြေအဖွဲ့၏ ပဉ္စမအကြိမ်လှူဒါန်းမှုကို အောက်တိုဘာလ
၁၁ ရက်နေ့က စစ်ကိုင်းမြို့နယ် ဆားတောင်ကျေးရွာ သီတဂူ ဗြဟ္မာယုဆေးရုံ၌
ပြုလုပ်ခဲ့ကြောင်း မေတ္တာမြေအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမောင်မောင်သင်းက The Voice
Weekly သို့ ပြောကြားသည်။

မေတ္တာမြေအဖွဲ့သည် စစ်ကိုင်းခရိုင် ဆားတောင်မြို့ သီတဂူ ဗြဟ္မာယုဆေးရုံသို့ ငွေနှင့်ဆေးပစ္စည်း တန်ဖိုး၃၄ သိန်း ၆- သောင်းကျော် လှူဒါန်းခဲ့ကြောင်းနှင့် ယခု ငါးကြိမ်မြောက်အထိ၉,၅၅၁,၂၇၃- ကျပ် ကုသိုလ်ပြုခဲ့ပြီးဖြစ်ကြောင်း မေတ္တာမြေမှ ထုတ်ဝေသော မှတ်တမ်းများအရ သိရှိရသည်။

ယင်းအဖွဲ့ကို ၂ဝဝ၅ ခုနှစ်မှစ၍ မန္တလေးမြို့၌ ဖွဲ့စည်းခဲ့ပြီး မိဘမဲ့ကလေးများ
ဆွံ့အနားမကြားသူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများနှင့် သဘာဝဘေးဒုက္ခ
ရောက်နေသူများကို စာနာကူညီရန်တို့အတွက်ရည်ရွယ်ကာ လူမှုရေး၊ ကျန်းမာရေး
လုပ်ငန်းများသို့ အလှူငွေစိုက်ထည့်ခြင်းလုပ်ငန်းများကို နှစ်လတစ်ကြိမ်ဆောင်ရွက် လျက်ရှိကြောင်း မေတ္တာမြေအဖွဲ့ဝင် ဦးမောင်မောင်သင်းက ပြောကြားသည်။

27 October 2009

သီတဂူဆရာတော်၏အိန္ဒိယခရီးစဉ်


သို့/
သက်ဆိုင်ရာ ဦးဇင်းများသို့
အိန္ဒိယနိုင်ငံ ရက်စွဲ၊ 27/10/2009


အကြောင်းအရာ၊ ၊ သီတဂူဆရာတော်၏အိန္ဒိယခရီးစဉ်

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ သီတဂူအဓိပတိဆရာတော်သည် အောက်ပါ ခရီးစဉ် အတိုင်း ကြွရောက်မည်ဖြစ်ကြောင်း အကြောင်းကြားပါသည်။

ဒီဇင်ဘာ ၄ ရက်၊
Thai TG 8820 ဖြင့် နေ့လည် (၂း၀၀) နာရီတွင် ဂယာမြို့သို့ ဆိုက်ရောက် မည်ဖြစ်ပြီး၊ ညနေပိုင်း (၆) နာရီတွင် ဆရာတော်၏ တရားပွဲ အစီစဉ်ရှိပါသည်။
ဗုဒ္ဓဂယာရှိ Lotus Nikko (သို့မဟုတ်) Royal Residential Hotel ၌ တည်းခိုပါမည်။


ဒီဇင်ဘာ ၅ ရက်၊

ဗုဒ္ဓဂယာတွင် ဆရာတော် ရှိနေပါမည်။
ညနေပိုင်းတွင် ပညာသင်မြန်မာရဟန်းတော်များ၏ သြ၀ါဒခံယူပွဲကို ကြွ ရောက်၍ သြ၀ါဒကထာ မြွက်ကြားပါမည်။ ယင်းဟိုတယ်၌ တည်းခိုပါမည်။

ဒီဇင်ဘာ ၆ ရက်၊
နံနက်ပိုင်း Indian Airlines - 410 ဖြင့် လေယာဉ်ဖြင့် ပတ္တနားမှ ဒေလီသို့ ကြွရောက်မည်ဖြစ်ရာ နံနက် ၁၀း၃၀ နာရီတွင် ဒေလီ (IGI) လေဆိပ်သို့ ဆိုက်ရောက်ပါမည်။ ထိုလေဆိပ်မှတဆင့် Indigo-105 ဖြင့် 14:20 တွင် ပုနေးသို့ ဆက်လက်ကြွရောက်မည်ဖြစ်ပါသည်။

Patna to Delhi, Indian Airlines -410, Dep 09:05 – Arr 10:35
Delhi to Pune, Indigo-105, Dep:14:20 – Arr 16:30

မှတ်ချက်။ ပတ္တနားလေယာဉ် နောက်ကျလျှင် စိုးရိမ်ကြောင့်ကြမှု ကင်းဝေးရန်၊ ဒေလီ လေဆိပ်တွင် နေ့ဆွမ်း အေးအေးဆေးဆေး ဘုဉ်းပေးချိန် ရရန်၊ ပုနေးသို့ Business class ဖြင့် ဆရာတော် သက်တောင့်သက်သာ စီးနိုင်ရန်၊ Transit ဖြစ်၍ သေချာပေါက် နောက်ဆက်စီး လေယာဉ်မီရန် တို့ကို ရည်ရွယ်၍ 14:20 အချိန်ကို ရွေးလိုက်ပါသည်။ 12:40 အချိန် လေယာဉ်ရှိသော်လည်း Business class မပါ၍ မရွေးချယ်ပါ။
Seasons An Apartment Hotel ၌ တည်းခိုပါမည်။

ဒီဇင်ဘာ ၇ ရက်
နံနက်ပိုင်းတွင် ပုနေးမြို့ အနီးရှိ ရှေးဟောင်းဗုဒ္ဓဘာသာ လိုဏ်ဂူများသို့ ကြွရောက်လေ့လာပြီး ညနေပိုင်းတွင် ပုနေးတက္ကသိုလ်တွင် ဆရာတော် သင်တန်းတစ်ခု သင်ကြားပြသပေးမည်။ ညနေပိုင်း (၇) နာရီ တွင် Jet Airways-364 ဖြင့် ဒေလီသို့ ပြန်လည် ကြွရောက်မည်ဖြစ်ပါသည်။
Pune to Delhi, Jet Airways-364, Dep: 19:00 Arr 21:10
Ashok Hotel တွင် တည်းခိုပါမည်။

ဒီဇင်ဘာ ၈ ရက်၊
ညသန်းခေါင် Thai TG 316 (00:05/ 09-12-09) ဖြင့် ဒေလီ မှ ဘန်ကောက်သို့ ပြန်လည် ကြွရောက်မည် ဖြစ်ပါသည်။


မေတ္တာဖြင့် -
အရှင်ကုမာရ
ဒေလီတက္ကသိုလ်၊
ဖုန်း ၉၈၁၁၉၂၃၂၈၈

တောင်ကြီး မီးပုံပျံပွဲတော်



တောင်ကြီး မီးပုံပျံပွဲတော် အတွက် ခရီးသွား လုပ်ငန်းများ အပြိုင် အဆိုင် ပြင်ဆင်
ရှမ်းပြည်နယ် ၏နာမည်ကျော် တန် ဆောင်တိုင်ပွဲတော် နှင့် မီးပုံးပျံပွဲတော်ခရီး စဉ်အတွက် ရန်ကုန်မြို့တော် အခြေစိုက် ခရီးသွား လုပ်ငန်းအသီးသီးသည် ယမန်နှစ် ထက် သက်သာ သောပုံစံအမျိုးမျိုးဖြင့် အပြိုင်အဆိုင် ပြင်ဆင်လာကြကြောင်း ခရီး သွားလုပ်ငန်း နယ်ပယ်အတွင်းမှ သိရသည်။

ထိုကဲ့သို့ ပြင်ဆင်ရာတွင်တောင်ကြီး မီးပုံးပျံပွဲအတွက် သီးသန့်အစီအစဉ်၊ ယင်း မှတစ်ဆင့် အင်းလေး၊ ကလော၊ ညောင်ရွှေ၊ ပင်းတယစသည့်ရှမ်းပြည်နယ်ဒေသ အစုံ အတွက် အစီအစဉ်များကို အထူးဝန် ဆောင်မှုဖြင့် စီစဉ်ကြခြင်းဖြစ်ကြောင်း၊ ယခု နှစ်တွင် လူတစ်ဦးလျှင်အနိမ့်ဆုံးကျပ် ငါးသောင်းခွဲမှ ကျပ်တစ်သိန်းကျော်အထိ သတ်မှတ်ထားပြီး ယခင်နှစ်ထက် ၁၀ရာခိုင် နှုန်းမျှသက်သာကြောင်း ခရီးသွားလုပ်ငန်း ရှင်တစ်ဦးကဆိုသည်။

“တောင်ကြီးသီးသန့်အတွက် လူတစ်ဦး ကို ကျပ်ငါးသောင်းခွဲသတ်မှတ်ထားပါတယ်။ အင်းလေးဘက်ဆက်သွားမယ်ဆိုရင်တော့ စက်လှေခအပါအ၀င်ကျပ်ခြောက်သောင်းသတ် မှတ်ထားတယ်။ ထမင်းကျွေးတဲ့အစီအစဉ် ပါမယ်။ တည်းတာကတော့ဘုန်းကြီးကျောင်း ဓမ္မာရုံတွေမှာပါ” ဟု ဇမ္ဗူကျော်ခရီးသွားလုပ် ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ထို့အပြင် ကားစီးလုံးငှားလိုသူများ အတွက်လည်း သီးသန့်အစီအစဉ်ထားရှိ ကြောင်း၊ ၂၅ဦးပါကား တစ်စီးလျှင်ကျပ် ၁၅ သိန်းသတ်မှတ်ထားကြောင်း အထက်ပါတာ ၀န်ရှိသူကဆိုသည်။ unique ခရီးသွားလုပ် ငန်းမှ တာဝန်ရှိသူတစ်ဦးကလည်း ယခုနှစ် တွင် ပရိုမိုးရှင်းအဖြစ် တောင်ကြီးအပါ အ၀င် ဒေသအစုံအတွက် ခရီးစဉ်များကို ရေးဆွဲထားကြောင်း၊ တောင်ကြီးမီးပုံးပျံပွဲ အတွက် သီးသန့်အစီအစဉ်အရ လူတစ်ဦး လျှင် ကျပ်တစ်သိန်းသုံးသောင်းကျသင့်မည် ဖြစ်ကြောင်း၊ ထိုငွေကြေးထဲတွင် ဟိုတယ်၊ စားစရိတ်အားလုံး ထည့်သွင်းထားခြင်းဖြစ် ကြောင်း၊ တောင်ကြီးမီးပုံးပျံခရီးစဉ်အတွက် နိုင်ငံခြားသားတစ်ဦးလျှင် FEC ၁၅၀သတ် မှတ်ထားကြောင်း ပြောကြားသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်ကို အောက် တိုဘာ၂၅ရက်မှ နိုဝင်ဘာ ၂ရက်အထိ တောင်ကြီးမြို့၊အဝေရာကုန်းသာယာ မီးပုံးပျံ ကွင်း၌ကျင်းပမည်ဖြစ်ကြောင်း၊ မီးပုံးပျံပြိုင် ပွဲများနှင့်အတူလောကချမ်းသာစူဠာမုနိ စေတီတော်ကြီး၌ မသိုးသင်္ကန်း ရက်လုပ် ယှဉ်ပြိုင်ပွဲ၊ မီးပဒေသာလှည့်လည်ပူဇော်ပွဲနှင့် မြို့လယ်ဓမ္မာရုံတွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲများလည်း ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

“ခရီးသွားရာသီရဲ့အစပွဲတော်ဖြစ်တဲ့ အတွက် နှစ်တိုင်းသွားတဲ့သူများတယ်။ နိုင်ငံ ခြားသားတွေကလည်း တောင်ကြီးမီးပုံးပျံ ပွဲတော်ကိုသိပ်စိတ်ဝင်စားကြတယ်။ ရန်ကုန် က အဆိုတော်တွေပါ သွားရောက်ဖျော် တော့ပိုစည်တာပေါ့။ နောက်ပြီး မီးပုံးပျံ ပြိုင်ပွဲဝင်တဲ့အဖွဲ့တွေလည်း တစ်နှစ်တစ် ခြားတိုးလာတာတွေ့ရတယ်”ဟု အဆိုပါ ပွဲတော်အတွက် နှစ်စဉ်ဝန်ဆောင်ပေးနေ သော ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။

26 October 2009

သီတဂူစတား ဓမ္မဒူတမှတ်တမ်း အပိုင်း (၃)



စာဖက်ပရိသတ် (ဓမ္မမိတ်ဆွေ) တို့ ---သီတဂူစတားရဲ့ဓမ္မဒူတ မှတ်တမ်းနှင့် အလှမ်းဝေးကွာသည်မှာ ၃ ပါတ်ပင်ရှိပြီထင်ပါသည်၊ ကြားထဲမှာ ဆရားတော်ကြီး၏ ဟောစဉ်များနှင့် သီတဂူစတား၏လေ့လာရေးမှတ်တမ်းများက နေရာယူထားသည်မှာ ၃ပါတ်လောက်ရှိသွားသောကြာင့်ပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အပိုင်း (၁)နှင့် အပိုင်း (၂)တို့ကို ပြန်ဆက်မိအောင် ဖက်စေလိုပါသည်။

လွတ်မြောက်ရေးနည်းလမ်း
ထိုသို့သောဖိအားများသည် သူ့အတွက် လွတ်မြောက်ရေးနည်းလမ်းကို ရှာဖွေဘို့ ခွန်အားများဖြစ်လာခဲ့သည်။ သူသည် ဇာတ်နိမ့်ဘဝမှ လွတ်မြောက်အောင် အဘယ်ကဲ့သို့ ကြိုးပမ်း ဆောင်ရွက်ရမည်ကို အမြဲတမ်းတွေးဆနေခဲ့သည်။ ဇာတ်မြင့်များကို တော်လှန်နိုင်ဘို့နှင့် ဇာတ်နိမ့်ဘဝမှ လွတ်မြောက်ရေးအတွက် အကောင်းဆုံး လက်နက်မှာ အတတ်ပညာသာဖြစ်သည်ဟု သိမြင်လာသည်။ ထို့ကြောင့် ပညာကိုထူးချွန်ပြောင်မြောက်အောင် အထူးကြိုးစား သင်ယူခဲ့သည်၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ဥပဒေဘွဲ့များစွာကို အင်္ဂလန်၊ အမေရိကနိုင်ငံ တို့မှ ရယူခဲ့သည်။

စာဖတ်ဝါသနာ
သူသည် စာဖတ်ဝါသနာပါသည့် အားလျော်စွာ စာပေများစွာကို စုဆောင်းဖတ်ရှုလေ့လာခဲ့သည်၊ သူ့အတွက် ပညာရေး စကောလရှ် ထောက်ပံ့သည့် ငွေများဖြင့် အစားအသောက်ကို ချွေတာစားသောက်ပြီး စာအုပ်များစွာကို ဝယ်ယူဖတ်ရှုခဲ့သည်။ အင်္ဂလန်တွင် ကျောင်းတက်စဉ်က စားအုပ်ပေါင်း သုံးထောင် (၃ဝဝဝ) ဝယ်ယူနိုင်ခဲ့ပြီး အမေရိကမှာ ကျောင်းတက်စဉ်က စာအုပ်သေတ္တာကြီး အလုံး သုံးဆယ် (၃ဝ) ကို သင်္ဘောဖြင့် တင်ပို့နိုင်ခဲ့သည်။

စာပေမှအဖြေရ
ကျောင်းသားဘဝက ဇာတ်မြင့် ဆရာများက သူ့အား ဆန်စကရစ်ဘာသာ မသင်ရဟု တားမြစ်ခဲ့သည်၊ အကြောင်းကား ဗြဟ္မဏဝါဒ(ဝေဒ)ကျမ်းများသည် ထိုဘာသာဖြင့်သာ တည်ရှိနေသောကြောင့်ဖြစ်သည်။ သို့သော် နောက်ပိုင်းကာလတွင် ဆန်စကရစ်ဘာသာရပ်ကို ဆရာတစ်ဆူဖြစ်သည်အထိ သင်ယူတတ်မြောက်ခဲ့သည်၊ ဆန်စကရစ်ဘာသာဖြင့် ရေးသားထားသော ဗြဟ္မဏဝါဒနှင့် ဗုဒ္ဓစာပေများကို လေ့လာစဉ် အဖြေတစ်ခုကို ရခဲ့သည်။ ထိုအဖြေမှာ ဇာတ်မြင့်တွေကို တော်လှန်ရန် အကောင်းဆုံး နည်းလမ်းသည် ဗုဒ္ဓဝါဒဖြစ်သည်၊ ဇာတ်နိမ့်များကို ကယ်တင်ဘို့ လမ်းသည်လည်း ဗုဒ္ဓဝါဒပင်ဖြစ်သည်ဟူ၍ ဖြစ်သည်။ ဤနည်းအားဖြင့် သူသည် ဗုဒ္ဓဘာသာသို့ ချဉ်းကပ်တိုးဝင်ခဲ့သည်။ ဗုဒ္ဓစာပေများကို လူအဖွဲ့အစည်းနှင့် လူမှုရေးဘက်တွင် တွင်တွင်ကြီးအသုံးချ၍ ဇာတ်နိမ့်များစွာကို လွတ်မြောက်ရေးလမ်းဆီသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

စည်းရုံးရေးဆင်း
သူသည် နယ်အသီးသီးသို့ သွား၍ ဗုဒ္ဓဝါဒကို ဟောပြောကာ စည်းရုံးခဲ့သည်၊ အထူးသဖြင့် အိန္ဒိယနိုင်ငံ၏ ချမ်းသာကြွယ်ဝဆုံးဒေသဖြစ်သော မဟာရဋ္ဌပြည်နယ်တစ်ဝိုက်ကို လှည့်လည် ဟောပြောခဲ့ သည်။ ထိုတွင် ဘုံဘေ၊ ပူနေး၊ နာဂပူရ၊ စောဠပူရ စသည့် မြို့ကြီးများသည် အဓိက ပါဝင်သည်။ ဘုံဘေမြို့တွင် သူသည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။ ထိုတွင် အစ်စလမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဆစ်ခ်ဘာသာရေး ခေါင်းဆောင်များက သူအား လာရောက်စည်းရုံးကြသည်။ အကယ်၍ သူတို့ဘာသာဘက်သို့ပြောင်းမည်ဆိုလျှင် နောက်ပါတပည့်များနှင့်တကွ လိုအပ်သည့် စည်းစိမ်များကို ပေးမည်ဟု မြူဆွယ်ကြသည်။ သို့သော် အမ်ဘေဒကာသည် ထိုစည်းစိမ်ဘက်သို့ အနည်းငယ်မျှ ယိမ်းယိုင်ခြင်းမရှိခဲ့ပေ။ သူ၏ ကိုယ်ပိုင် ပစ္စည်းများစွာကိုပင် သူ၏ဗုဒ္ဓဘာသာအဖွဲ့အတွက် စွန့်နိုင်ခဲ့သည့်အတွက် ယနေ့ အမ်ဘေဒကာ အဖွဲ့သည် စာသင်ကျောင်း၊ ဘာသာရေးကျောင်း၊ ပညာရေး Fund ငွေတွေ များစွာ ကျန်ရှိနေခဲ့သည်၊ နောင်လာနောက်သားတို့ ကြိုးပမ်းမှုကြောင့် ပိုပြီးတောင့်တင်းခိုင်မာလာသည်။

ဗုဒ္ဓဘာသာသို့ ကူးပြောင်း
သူ၏ ဟောပြော စည်းရုံးမှုကြောင့် မြောက်မြားစွာသော ပြည်သူများ ဗုဒ္ဓဘာသာဘက်သို့ ဝင်ရောက်ခဲ့ကြသည်၊ မဟာရဋ္ဌပြည်နယ်၏ တတိယမြို့တော်ဖြစ်သည့် နာဂပူရ မြို့တွင် ငါးသိန်းကျော်သော ပြည်သူများသည် တစ်နေ့တစ်ရက်တည်းမှာပင် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းလာခဲ့ကြသည်၊ ယခုအခါ ထိုမြို့၏ ၈၅ ရာခိုင်းနှုန်းသော လူဦးရေသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အားအကောင်းဆုံးသော ဗုဒ္ဓဘာသာမြို့တော်အဖြစ် လူသိများသည်။ သီတဂူစတားတို့အဖွဲ့ သွားရောက်ခဲ့သော စောဠပူရမြို့သည် ဗုဒ္ဓဘာသာဝင်ဦးရေ ၄၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာရှိပြီး ပူးနေးမြို့သည် ၁၆ ရာခိုင်နှုန်းဖြင့် တတိယနေရာလိုက်သည်။

ကယ်တင်ရှင် ဘုရားအလောင်း
အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များသည် ဒေါက်တာ အမ်ဘေဒကာကို သူတို့ဘဝ၏ ကယ်တင်ရှင်၊ ကျေးဇူးရှင်၊ လူစွမ်းကောင်းဟု အမွှမ်းတင် ဂုဏ်ပြုကြသည်။ ဘုရားအလောင်းဟူ၍ အသိအမှတ် ပြုကြသည်။ သူတို့အတွေးအခေါ်အရ ဘုရားလောင်းတို့သည် လူလောက ရဲ့အဆင်းအရဲဆုံးနေရာမှာ နေခဲ့ပြီးမှ လူသားတွေရဲ့ ဆင်းရဲခြင်းကိုသိမြင်နိုင်မည်၊ အမ်ဘေဒကာသည်လည်း အဆင်းရဲဆုံး ဇာတ်နိမ့်ဘဝမှာ ဖြစ်ရသည်အတွက် ဘုရားလောင်းဟု အသိအမှတ်ပြုကြသည်၊ သူ၏ဇွဲလုလ္လ၊ ရည်မှန်းချက်၊ အဓိဋ္ဌာန်ချက်တွေကို ထောက်ဆပြီး ဘုရားလောင်းဟု သက်မှတ်ကြသည်။
အမ်ဘေဒကာ၏ အထိမ်းအမှတ်ပွဲတော်များကို နှစ်စဉ်ကျင်းပ၍ ဂုဏ်ပြုကြသည်။ တိုင်းပြည်ကောင်းကျိုးကို များစွာဆောင်ရွက်ခဲ့သော ဒေါက်တာ အမ်ဘေဒကာကို ဗုဒ္ဓဘာသာဝင်များသာမက တစ်နိုင်ငံလုံးရှိ ပြည်သူများကပါ လေးစားဂုဏ်ပြုကြသည်။

ဘာသာတရားနှင့် အမျိုးသမီးများအခွင့်အရေး
ဗုဒ္ဓဘာသာတွင် လူတန်းစားခွဲခြားမှုစနစ်မရှိ၊ အားလုံးတန်းတူ ညီမျှအခွင့်အရေးရှိသည်။ အမျိုးသမီးများသည် စိတ်ဓာတ်(spiritual) ပိုင်းဆိုင်ရာ တိုးတက်မြင့်မားမှုနှင့် အသိပညာပိုင်းဆိုင်ရာ အခွင့်အရေးများတွင် အမျိုးသားများနှင့် တန်းတူညီမျှ အခွင့်အရေးရှိသည်၊ သို့သော် ကိုယ်ပိုင်း (physical) ဆိုင်ရာတွင် ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူရကား ယဉ်ကျေးမှုအရ အမျိုးသားများနှင့်တန်းတူအခွင့်အရေးမရှိနိုင်ပါ၊ ဥပမာ- မြတ်ဗုဒ္ဓသည် ဘိက္ခုနီမများ သာသနာ့ဘောင် အတွင်း ဝင်ခွင့်တားမြစ်ခြင်းနှင့် ခွင့်ပြုခဲ့သော်လည်း အမျိုးသားများထက် ထူးခြားသည့် စည်းကမ်းများ ချမှတ်တော်မူခဲ့သည်။ ဗြဟ္မဏ ယဉ်ကျေးမှုတွင် ဇာတ်နိမ့်အမျိုးသား နှင့်အမျိုးသမီးများသာမက ဇာတ်မြင့်အမျိုးသမီးများပင် ပညာသင်ယူခွင့်မရှိပေ။ အိမ်အတွင်း ပုန်းနေရသော အိမ်တွင်းပုန်းအဆင့်တွင်သာနေရသည်။ ဒေါက်တာအမ်ဘေဒကာလက်ထက်တွင် အမျိုးသမီးများအားလုံး ပညာသင်ခွင့်ရအောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း၊ အမျိုးသမီးအခွင့်အရေးအတွက် ကြိုးပမ်းနိုင်ခဲ့ပေမဲ့ သူကွယ်လွန်ပြီးနောက်ပိုင်းတွင် ရှေးဟောင်း ဗြဟ္မဏ ဥပဒေ ပြန်လည်ဦးမော့လာခဲ့ပြီး အမျိုးသမီးပညာသင်ကြားမှု အခွင့်အရေးများ လျော့နည်းလာခဲ့ရပြန်သည်။

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ
ဒေါက်တာအမ်ဘေဒကာ၏ ကောင်းမှုကြောင့် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ပညာရေးတွင် အရှိန်အဟုန်မပျက် ဆက်လက်ချီတက်နိုင်ခဲ့သည်။ ယခုအခါ ခေတ်ပညာတတ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးအရေအတွက်သည် ဗြဟ္မဏ (ဟိန္ဒူ) အမျိုးသမီးများထက်ပင် ပိုမိုများပြားလာသည်ဟုဆိုသည်။ ယခင်က လုပ်ကိုင်ခွင့် မရခဲ့သော အဆင့်မြင့် ရာထူး လုပ်ငန်းဌာနများတွင် ဗုဒ္ဓဘာသာဝင် အများအပြားဝင်ရောက် နေရာယူလာနိုင်သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ပူနေးတက္ကသိုလ်၏ vice chancellor သည် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သည်ကို တွေ့နိုင်သည်။


သီတဂူစန်းလပမာ ချမ်းမြ သာယာရှိကြပါစေ။
သီတဂူစတား
၂-၁ဝ-၂ဝဝ၉

25 October 2009

အနှစ်ကိုးပါး(အပိုင်း-၂၂)



ဝိပဿနာလုပ်ငန်းပြည့်စုံဖို့ဆိုတာ
ဒါကြောင့် ဒီအတ္တကို မပယ်ဘူးဆိုရင် ဝိပဿနာက ဖြစ်ကိုမဖြစ်ဘူးဆိုတာ မှတ်သာထား။ ''အတ္တဒိဋ္ဌိ''နဲ့ ''သက္ကာယ ဒိဋ္ဌိ''သည် အတူတူပဲ။ အတ္တဒိဋ္ဌိကို အခြေခံရင် ဒိဋ္ဌိ(၆၂)ပါး အကုန်ဖြစ်တယ်
ဒါ့ကြောင့် အနိစ္စလို့၊ ဒုက္ခလို့ ဘယ်လိုပဲ ရှုနေရှု့နေ၊ ''အနတ္တ''ကို မရှုကြသမျှတော့ အတ္တဝါဒကို မစွန့်နိုင်၊ မပယ် နိုင်ဘူး။ ဒီလို မပယ်နိုင်ရင် ''ဝိပဿနာပညာ''ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဝိပဿနာ လုပ်ငန်းဆိုတဲ့ ပညာသည် အဲဒီ အတ္တကိုမှ မပယ်ရင် ပြည့်ကို မပြည့်စုံဘူးဆိုတာကို ကောင်းကောင်းကြီး မှတ်သားကြစေလိုပါတယ်။

အဝိဇ္ဇာ, တဏှာ, ကံကြောင့် ဖြစ်လာတာ
ဘဝဟောင်းနဲ့ ဘဝသစ်ပြောင်းတာဟာ အဝိဇ္ဇာ၊ တဏှာ၊ ကံတို့နှင့် ပတ်သက်နေတယ်။ အတ္တ (ဝိညာဉ်)နှင့် လုံးဝ ပတ်သက်မှု မရှိဘူး။
ဒီဘက်ဘဝဆိုတာက အကြောင်း၊ ဟိုဘက် တမလွန်ဘဝဆိုတာက အကျိုး။ အဲဒီလို အကြောင်းအကျိုး ဆက်စပ်နေတယ်။
မျိုးစေ့ဟာ မြေ, ရေတို့နဲ့တွေ့ရင် အပင်သစ် ပေါက်တယ်။ အဲဒီအပင်သစ်ထဲမှာ မျိုးစေ့သည် မရှိတော့ဘူး။ မျိုးစေ့ ရှာမရတော့ဘူး။ အပင်ပဲ ထင်ထင်ရှားရှား ကျန်ရစ်တယ်။
အဝိဇ္ဇာ(မသိမှု)သည် မြေနှင့်တူပါတယ်။ တဏှာ (လိုချင်မှု)သည် ရေနှင့်တူပါတယ်။ ကံ (ကုသိုလ်ကံ အကုသိုလ်ကံ)သည် မျိုးစေ့နှင့် တူပါတယ်။
ဘဝဟောင်းက မြေဓာတ် ရေဓာတ်နဲ့ မျိုးစေ့ဓာတ် တို့ကြောင့် ''ဘဝခန္ဓာသစ်'' ဆိုတဲ့ အပင်သစ်ကလေးပေါက် တာ။
ဘဝ ခန္ဓာသစ်ဆိုတဲ့ အပင်သစ်ထဲမှာ ဒီဘက်က ကံဆိုတဲ့မျိုးစေ့ကတော့ ပါမသွားဘူး။ ကံဆိုတဲ့မျိုးစေ့သည် ဟိုဘက်ကိုလိုက်တော့မသွားဘူး။ ဒီကံဆိုတဲ့မျိုးစေ့ရှိလို့လဲ ပဲ ဟိုဘက်မှာ ခန္ဓာသစ်ဆိုတဲ့ အပင်သစ်ပေါက်တာ။
ဥပမာ၊ ကိုယ်လုံးပေါ် မှန်ကြီးတစ်ချပ်ကို ရှေ့မှာ ထောင်ထားရင် မှန်ထဲမှာ လူအရိပ်ထင်တယ်။
မှန်ထဲက အရိပ်သည် ဒီလူပဲလား။ မဟုတ်ဘူး။ ဒါဖြင့် တခြားစီလား၊ မဟုတ်ဘူး။ မှန်ထဲက အရိပ်နဲ့ ဒီလူက တသားတည်းပဲ။
ဟိုဘက်က မှန်ဆိုတဲ့ ဘဝသစ်လဲ ရှိနေတယ်။ ဒီဘက်က ကိုယ်ပြုလုပ်ထားတဲ့ အဝိဇ္ဇာ၊ တဏှာ၊ ကံဆိုတဲ့ လူကြီးကလဲ ရှိနေတယ်။
ဘဝဟောင်းနဲ့ ဘဝသစ်ကူးတယ်ဆိုတာ မှန်ထဲမှာ အရိပ်ထင်သလိုပါပဲ။

ဝိပဿနာတစ်ခြမ်းပဲ့
အဲဒါကို နားမလည်တော့ အတ္တကို လက်ခံပြီး အတ္တက တစ်ဘဝမှ တစ်ဘဝကူးတာဆိုတော့ အကုန်လုံး မှားကုန်တယ်။
အဲဒီလိုမှားတော့ ဝိပဿနာ ရှုတဲ့အခါ အနိစ္စ၊ ဒုက္ခပဲ ရှုတယ်၊ အနတ္တကို မရှုဘူး။ ဒီလိုဆိုရင် ''ဝိပဿနာ တစ်ခြမ်းပဲ့'' ဖြစ်နေမှာပေါ့။ သတိထားရမည့် အချက်တွေ။ နားမလည်တော့ နည်းမမှန်တော့ဘူး။ နည်းမမှန်ရင် ပန်းတိုင်ကို ဘယ်လိုနည်းနှင့်မှ မရောက်နိုင်တော့ဘူး။

အတ္တစွဲ ပညာတတ်နှစ်ယောက်
ပိဋကတ်သုံးပုံကို လန်ဒန်ပါဠိအသင်းကြီး P. T.S (London Pali Text Societ) ကနေ အကုန်လုံး အင်္ဂလိပ်လို ဘာသာပြန်ပြီးသားရှိတယ်။
အဲဒီပိဋကတ်သုံးပုံကို ဘာသာပြန်တဲ့နေရာမှာ ဦးဆောင်ကြတာက ရစ်စ်ဒေးဗစ်လို့ခေါ်တဲ့ ဇနီးခင်ပွန်း နှစ် ယောက်။
သူတို့ဟာ ပိဋကတ်သုံးပုံကို ကြေကြေညက်ညက် တခါတည်း ဖက်လိုက်တဲ့ဖြစ်ခြင်း၊ ဘာသာလဲပြန်တယ်။ ကောက်နုတ်ချက်တွေလဲ ရေးကြတယ်။
ပိဋကတ်ကို အင်္ဂလိပ်လို ဘာသာပြန်ပြီး ကမ္ဘာကို ဖြန့်ထားတဲ့ အဲဒီ ပညာတတ် ဇနီးခင်ပွန်းနှစ်ယောက်ဟာ အနတ္တဆိုတာကို လက်မခံကြဘူး။ သူတို့လဲ အတ္တသမားတွေပဲ။
ဒီအကြောင်းကို ဆရာတော်ကြီး ဦးသေဋ္ဌိလ အမိန့်ရှိလို့ ဘုန်းကြီးတို့ သိရတာ။ ဆရာတော်ကြီးက ပြောတယ်၊ ''ပညာတတ် ဒီအဘိုးကြီးနဲ့ အဘွားကြီးကို ငါ အနတ္တ ကို ဟောတယ်၊ သူတို့ လက်ကို မခံကြဘူး''။
''ဘဝကူးတာဟာ အတ္တ (ဝိညာဉ်)က ကူးတာပါ။ 'အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တ သရဏာ- အတ္တ ကို ကိုးကွယ်ရမယ်'လို့ ဘုရားက ဟောထားတာပဲ ဆိုပြီးတော့ သူတို့ အတ္တကို စွဲလမ်းနေကြတယ်''တဲ့။
တချို့တချို့နေရာတွေမှာ ဘုရားရှိပေမဲ့ တရားမရှိပြန်ဘူး။ တရားရှိပေမယ့် သံဃာမရှိပြန်ဘူး၊ ဒီလိုမဟုတ်လား။ ဘုရားနဲ့ တရားရှိတယ်။ သံဃာမရှိဘူး။ သံဃာရှိတယ်။ တရားမရှိဘူး။ ဒီလိုတွေဖြစ်နေကြတယ်။
နောက်ပြီးတော့ အနိစ္စ၊ ဒုက္ခ ရှိတယ်၊ အနတ္တ မရှိဘူး။ အနတ္တရှိတယ်၊ အနိစ္စမရှိဘူး။
သမာဓိရှိလျက်နဲ့ သီလမပါဘူး။ သီလ၊ သမာဓိရှိ လျက်နဲ့ ပညာမပါဘူး။ သူတို့ခမျာ အပြည့်အစုံ မသိကြဘူး။ဒါ ဘာ့ကြောင့်လဲ၊ ထေရဝါဒသာသနာ မထွန်းကားလို့ ဒီလို ဖြစ်နေတာ။

အိန္ဒိယပြည်မှာ ဗုဒ္ဓဘာသာ ဘာ့ကြောင့်ကွယ်သလဲ
ဒီတော့ သာသနာကွယ်ခြင်းရဲ့ အကြောင်းနဲ့ပတ် သက်လို့ ဘုန်းကြီးတို့ကို မေးလိုက်တဲ့ မေးခွန်းတစ်ခုကို ပြောပါမယ်။ နယူးဒေလီမှာ အသံလွှင့်ဌာနက မေးပါတယ်။
''အရှင်ဘုရား အိန္ဒိယပြည်မှာ ဗုဒ္ဓသာသနာ ဘာကြောင့် ကွယ်သွားရသလဲ''လို့ မေးပါတယ်။ ဒီတော့ ဘုန်းကြီးက ဖြေလိုက်ပါတယ်။
''ဗုဒ္ဓသာသနာ ကွယ်သွားရတာဟာ ဘုန်းကြီးတို့ လေ့လာလို့ရသလောက် ပြောရရင် အခြေခံ အကြောင်း ၃-ခုကို တွေ့ရပါတယ်။
၁။ ဇာတ်ဝါဒ အလွန်ပြင်းထန်ခြင်း၊ (လူတန်းစား ခွဲခြားမှု)
၂။ အတ္တဝါဒ အလွန်ပြင်းထန်ခြင်း၊ (အစွဲကြီးမှု)
၃။ သဒ္ဓါတရား နည်းပါးခြင်းတို့ကြောင့် အိန္ဒိယမှာ ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပါတယ်''။ အဲဒီလို ဘုန်းကြီး ဖြေခဲ့ ပါတယ်။
(အဲဒီ အမေးနဲ့ အဖြေတွေကို အသံလွှင့် ဌာနမှာ အသံသွင်းခဲ့တာ အချိန်အားဖြင်မိနစ် ၄ဝ-ရှိပါတယ်။)
''ဇာတ်နိမ့်တယ်၊ ဇာတ်မြင့်တယ်၊ အမျိုးယုတ်တယ်၊ အမျိုးမြတ်တယ်''ဆိုပြီးတော့ လူတန်းစား ခွဲခြားတဲ့စနစ်ဟာ အိန္ဒိယမှာ အလွန်ပြင်းထန်တယ်။
ဇာတ်နိမ့်တဲ့ ပုဂ္ဂိုလ်က ရေတစ်အိုးမှာ သောက်သွား လို့ရှိရင် ဇာတ်မြင့်တဲ့ ပုဂ္ဂိုလ်က အဲဒီရေအိုးကို ခွဲပစ်တယ်။ အဲဒီရေအိုးမှာ သူ မသောက်တော့ဘူး။
ဇာတ်မြင့်ပုဂ္ဂိုလ်တို့ရဲ့ နေရာကို ဇာတ်နိမ့်ပုဂ္ဂိုလ် တစ်ယောက် တက်လာရင် အဲဒီနေရာ ရေဆေးပစ်တယ်။ ဝိဋဋူပတို့ရဲ့ အတ္ထုပ္ပတ္တိနဲ့ သိနိုင်ပါတယ်။
အဲဒီလို အတန်းအစားတွေက သိပ်ခွဲခြားလွန်းတဲ့ အခါကျတော့ အနှိမ်ခံရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဇာတ်မြင့်ဆိုတဲ့ အဆင့်အတန်းမြင့်တဲ့ လူတန်းစားတွေဟာ ပဋိပက္ခ အမြဲတမ်း ဖြစ်နေကြတယ်။
''အနတ္တ''ဖြင့် ဇာတ်ဝါဒကို တိုက်ဖျက်တော်မူခဲ့
အဲဒီပဋိပက္ခတွေရဲ့အကြားမှာ မြတ်စွာဘုရားက ပွင့်ပေါ်လာပြီးတော့ ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောမှာ ''အနတ္တဒေသနာ'' ကို ကြွေးကြော်ပြီး ဇာတ်ဝါဒကို တိုက် ဖျက်တော်မူခဲ့တယ်။
ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ သာသနာတော်ဆိုတာ ပင်လယ်ကြီးနဲ့ တူတယ်။ မြစ်ကြီးငါးသွယ် မြစ်ငယ် ငါးရာက ရေတွေ ပင်လယ်ကြီးထဲ ရောက်ရင် အဲဒီမြစ်ပေါင်း များစွာက စီးဆင်းသောရေ အားလုံးတို့သည် ''ငန်တယ်'' ဆိုတဲ့ အရသာထဲမှာ တစုတည်း ပေါင်းသွားကြတယ်။
ဂင်္ဂါ၊ ယမုံနာ၊ အစီရဝတီ၊ ဘယ်မြစ်က ဘယ်ရေ ရယ်လို့ ပင်လယ်ထဲမှာ ခွဲခြားလျက် မရှိတော့ဘူး။ တစ်မျိုးတည်း ပေါင်းခဲ့ပါတယ်။
ဘုရား သာသနာတော်ထဲကို ဆင်းရဲတဲ့လူ ဝင်လာလဲ သူကျင့်ရမဲ့ အကျင့်တရားဟာ သိက္ခာသုံးပါးပဲ။ စကြ ဝတေးမင်းကြီး ရဟန်းပြုရင်လဲ ကျင့်ရမဲ့ တရားဟာ ဒီ သိက္ခာသုံးပါးပဲ။ နူနာစွဲနေတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဘုရားသာသနာမှာ ဝင်လာရင်လဲ ကျင့်ရမဲ့ တရားဟာ ဒီသိက္ခာသုံးပါးပဲ။
ကျင့်စရာ ကွဲကွဲပြားပြား ခြားနားမှုဆိုတာ မရှိဘူး။ ဘယ်လူမျိုးပဲဖြစ်ဖြစ် ဘုရားသာသနာ ဝင်လာလို့ရှိရင် ကျင့် စရာဟာ တစ်မျိုးတည်းသာလျှင် ရှိတယ်။ အဲဒါဟာ ဘုရားသာသနာတော်ရဲ့ ထူးခြားတဲ့ အခွင့်အရေးကြီးတစ်ခုပဲ။
တချို့ နေရာတွေကျတော့ အမျိုးမျိုးခွဲတယ်။ ဘယ်သူက ဘယ်အကျင့်ကျင့်၊ ဘယ်ပုဂ္ဂိုလ် ဘယ်အကျင့် မကျင့်ရ၊ ဘယ်ပုဂ္ဂိုလ် ဘယ်နေရာ မတက်ရဆိုပြီးတော့ မျိုးကိုစုံလို့။
ဘုရားသာသနာကျတော့ ကျင့်ရမည့် သိက္ခာတွေ ဟာ ဘယ်လိုလူမျိုး လာခဲ့လာခဲ့ ဒါပဲ၊ တခြားမရှိဘူး။
ကောင်းပြီ အဲဒီသိက္ခာသုံးပါးကို ကျင့်ပြီးတဲ့ အခါ ကျပြန်တော့ အရဟတ္တဖိုလ်ပေါက်လို့ နိဗ္ဗာန်မြင်ရပြီ ဆိုလို့ ရှိရင် ဘယ်လူမျိုးမြင်တဲ့ နိဗ္ဗာန်ဖြစ်ဖြစ် တစ်မျိုးတည်းပဲ။
ပြည့်တန်ဆာ အမျိုးသမီး ရဟန်းပြု၊ နိဗ္ဗာန်မြင် တော့လဲပဲ ရှင်ဘုရင်ကြီးများနဲ့ သာကီဝင်မင်းသမီးကြီးများ မြင်သွားတဲ့ နိဗ္ဗာန်ပါပဲ။ ဘာမှ မထူးခြားဘူး။
အမ္ဗပါလီပြည့်တန်ဆာမကြီး ရဟန်းပြု၊ ရဟန္တာ ဖြစ်ပြီးတော့ မြင်သွားတဲ့ နိဗ္ဗာန်ရယ်၊ မိထွေးတော် ဂေါတမီ တို့ မြင်သွားတဲ့ နိဗ္ဗာန်ရယ်၊ တခြားစီမဟုတ်ဘူး။ အတူတူပဲ။ ဘုရားသာသနာက အဲဒီလောက် ကောင်းတာ။
ဘုရားသာသနာက လွဲရင် တခြားမှာ ဒီလောက် အခွင့်အရေးကို ဘယ်မှာမှ မပေးပါဘူး၊ ဘုရားသာသနာက ဇာတ်စနစ်ကို အကုန်လုံး ပြောင်းပြန်လှန် ပစ်လိုက်တယ်။ အတန်းအစား ခွဲခြားတဲ့စနစ်ကို ဘုရားသာသနာက ပြောင်းပြန် လှန်ပြီးတော့ အကုန်လုံး ပစ်ပယ်လိုက်တယ်။
ကမ္ဘာဦး လူ စပေါ်ကတည်းက စွဲလာတဲ့ ''အတ္တ'' ဝါဒကြီးကိုလဲ အမြစ်ကနေ ဖြိုပြီးတော့ ''အနတ္တ (ဝိညာဉ် ဆိုတာမရှိ)''ဆိုပြီးတော့ ကြွေးကြော်ခဲ့တယ်။
''အနတ္တ''လို့ဆိုပြီးတော့ မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ်၊ ဝါဆိုလပြည်ကျော် ၅-ရက်နေ့က ကြွေးကြော်ခဲ့ တယ်။
ဝါဆိုလပြည်နေ့က စပြီး လပြည့်ကျော် ၄-ရက် နေ့ထိ ဓမ္မစကြာတရားကို ဟောပါတယ်။ ဓမ္မစကြာတရားပွဲ ဟာ ၅- ရက် ဖြစ်သွားတယ်။ အဲဒီမှာ ပဉ္စဝဂ္ဂီငါးဦးဟာ သောတာပန်ဖြစ်ကြတယ်။
ဝါဆိုလပြည့်ကျော် ၅-ရက်နေ့လဲရောက်ရော အဲဒီ သောတာပန် ငါးပါးကိုပေါင်းပြီတော့ ''အနတ္တ''လို့တစ်လုံး တည်းဟောလိုက်ပါတယ်။
''အနတ္တဒေသနာ'' ဆုံးတဲ့အခါ ထိုငါးပါးသော ရဟန်းတော်တို့ ရဟန္တာဖြစ်ကြပါတယ်။ ထိုမထေရ်သူမြတ် တို့ရဲ့ စိတ်တွေဟာ ဘာအစွဲမှ မရှိတော့ဘူး။
၁။ ကာမပေါ်မှာ၊၂။ ဘဝပေါ်မှာ၊ ၃။ အယူမှားတွေပေါ်မှာ၊ ၄။ အတ္တပေါ်မှာ ငြိကပ်ခြင်းမရှိပဲ ရဟန္တာဖြစ်ကြပါတယ်။
အိုင်ကြီး တခုမှာ ရွှံ့တွေရှိတယ်, ညွန်တွေရှိတယ်, ရေတွေရှိတယ်, ရွှံ့ညွန်နဲ့ ရေအပြည့်ရှိတဲ့ အိုင်ထဲမှာ ကြာ တွေ စိုက်ထားတယ်။

အနှစ်ကိုးပါး(အပိုင်း-၂၃)ဆက်ရန်

23 October 2009

အနှစ်ကိုးပါး (အပိုင်း-၂၁)



အဖိုးထိုက်ရတနာများကို အလွဲသုံးစားမပြုထိုက်

ဒါကြောင့် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ပုံတော်ကို မြင့်မြတ်သောစိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်များကျတော့ အဲဒီလို တန်ဖိုးထားပြီးတော့ သုံးစွဲသွားတယ်။
ဒါကြောင့် ရတနာဆိုတာ ရတနာစိတ်ရှိမှ သုံးဆောင် ထိုက်တယ်။ ဘုန်းကြီးတို့ ပရိသတ်ရဲ့ လက်ထဲမှာ ရတနာ အပြည့်ရှိတယ်။ ဒီလောက်တန်ဖိုးရှိတဲ့ ရတနာတွေကို အလွဲမှားသွားပြီး မသုံးလိုက်ပါနဲ့။
တစ်ဘဝစာ တစ်နပ်စာအတွက် ရောင်းပစ်လိုက် တယ်ဆိုတာ ဘယ်ကောင်းမလဲ။ လုံချည်လေး၊ အင်္ကျီလေး၊ ရဖို့ရန်အတွက် ဘုရားဆင်းတုတော်တွေကို ဟိုမှာ ပို့ပစ်တယ်ဆိုတော့ ဘယ်ကောင်းမလဲ။ တန်ဖိုးရှိတဲ့အရာကို တန်ဖိုးရှိမှန်း သိဖို့ လိုပါတယ်။

သိက္ခာ(၃)ပါး
သိက္ခာသုံးပါးဆိုတာ-
၁။ သီလသိက္ခာ၊ ၂။ သမာဓိသိက္ခာ၊ ၃။ ပညာသိက္ခာ၊
ဗုဒ္ဓပေးထားတဲ့ သီလသိက္ခာကို ပြည့်စုံစွာ ကျင့်နိုင် ကြရင်တော့ ကိုယ်နှုတ်နှစ်ပါးရဲ့ ချမ်းသာမှု၊ ကိုယ်နှုတ် နှစ်ပါးရဲ့ ငြိမ်းချမ်းမှုကို တကယ်ရတယ်။
သီလအပြည့်အစုံ ကျင့်လိုက်ရင် ကိုယ်ကလဲ မလွန် ကျူးဘူး၊ နှုတ်ကလဲ မလွန်ကျူးဘူး။ ဒီသီလရဲ့ သတ္တိကြောင့် ဝီတိက္ကမကိလေသာ (ကိုယ်ထိလက်ရောက် လွန်ကျူးတဲ့ စိတ်)ဟာ ကိုယ်နဲ့နှုတ်အပေါ်မှာ ရပ်သွားတယ်။
သမာဓိရဲ့သတ္တိက စိတ်ရဲ့ သောင်းကျန်းမှုတွေ အကုန်ရပ်သွားတယ်။ စိတ်သောင်းကျန်းမှုတွေဟာ သမာဓိ ဖြစ်တဲ့အချိန်မှာ ရပ်သွားတာပဲ။
သမာဓိမဖြစ်ရင် စိတ်တွေဟာ အမြဲတမ်း သောင်းကျန်းတာပဲ။ ဒါကြောင့် သမာဓိသိက္ခာကျင့်ရင် ပရိယုဋ္ဌာန ကိလေသာ (ထကြွသောင်းကျန်းတဲ့စိတ်) တွေဟာ ရပ်ဆိုင်းသွားတယ်။
ကိုယ် နှုတ်ရဲ့ လွန်ကျူးမှု၊ စိတ်ရဲ့ သောင်းကျန်းမှု တွေ ရပ်ဆိုင်းသွားတာတော့ ဟုတ်ပါပြီ။ အဲဒီ ရပ်ဆိုင်းသွား တာဟာ တကယ်အပြီးတိုင် ရပ်ဆိုင်းသွားသလားလို့ ဆိုတော့ အပြီးတိုင် ရပ်ဆိုင်းသွားတာတော့ မဟုတ်သေးဘူး။
အပြီးတိုင် ရပ်ဆိုင်းသွားဖို့ရာဆိုတာက ''ပညာ သိက္ခာ''ကို တဆင့်တက်ရတယ်။
ပညာသိက္ခာဆိုတာ ပရမတ္တ ဓမ္မတို့ရဲ့ လက္ခဏာကို ရှုတာ။ ပရမတ္တတရားရဲ့ လက္ခဏာကို သိမြင်အောင် ကျင့်ရတဲ့ အကျင့်သည် ''ပညာ''။
အခိုးထသလို စိတ်ရဲ့ သောင်းကျန်းမှုတွေ တထောင်း ထောင်းထနေတာကို အနည်ထိုင်သွားအောင် လုပ်တာက ''သမာဓိ။''
ကိုယ်နှုတ်နှစ်ပါးရဲ့ လွန်ကျူးမှုတွေကို ရပ်တန့်သွား အောင်လုပ်တာက ''သီလ''။
ဗုဒ္ဓပေးထားတဲ့ သိက္ခာကြီး သုံးခုဟာ တကယ့်ကိုပဲ ငြိမ်းချမ်းတဲ့တရားကြီး သုံးမျိုးပဲ။
၁။ သီလသိက္ခာကျင့်ရင် ကိုယ်နှုတ်နှစ်ပါး ငြိမ်း ချမ်းမှုရတယ်။
၂။ သမာဓိသိက္ခာကျင့်ရင် စိတ်ရဲ့သောင်းကျန်း မှုတွေ ချုပ်ငြိမ်းစေပါတယ်။
၃။ ပညာသိက္ခာကိုကျင့်ရင် ပရမတ္တတရားတို့ရဲ့ လက္ခဏာကို သိပြီးတော့ ကိုယ်နှုတ် စိတ်သုံးပါးစလုံးတို့ရဲ့ ငြိမ်းချမ်းမှုကို အပြီးတိုင်ရတယ်။
ဘုန်းကြီးပြောခဲ့တဲ့ အတွေ့အကြုံလေးဟာ နည်းနည်းလေးပါ။ အများကြီးမဟုတ်ပါဘူး။ အနည်းငယ်မျှသော ထိုအတွေ့အကြုံလေးထဲက ကောက်နှုတ် ကောက်နှုတ်ပြီးတော့ ပြောခဲ့တာတွေကို စီစဉ်ကြည့်ရင် မပြည့်စုံတဲ့ သိက္ခာတွေကို တွေ့ကြရမယ်။
ပြည့်စုံတဲ့ သိက္ခာတွေ မဟုတ်ကြဘူး။ မပြည့်စုံတဲ့ သိက္ခာတွေကို တွေ့ကြရလိမ့်မယ်။ မပြည့်စုံတဲ့ သိက္ခာတွေ ဖြစ်ကြောင်း ထင်ရှားတဲ့ သာဓကတစ်ခု ပြောချင်သေးတယ်။
ဗုဒ္ဓဂယာမှာ ဘုန်းကြီးတို့ တွေ့ဆုံခဲ့ရတဲ့ လူတွေထဲက နှစ်ယောက်သောပုဂ္ဂိုလ်ဟာ အီတလီနိုင်ငံက လာကြတာ။ သူတို့ကလဲ ဘုန်းကြီးတို့ တည်းခိုတဲ့ မြန်မာကျောင်းမှာပဲ တည်းခိုကြတယ်။
မြန်မာကျောင်းမှာ နိုင်ငံခြားသား အားလုံးက ဥရောပတိုက်သားတွေ များတယ်။ နိုင်ငံခြားသား ၁၈ဝ-လောက် တည်းခိုနေကြတဲ့ အထဲမှာ အီတလီက လူနှစ်ယောက်။ သူတို့ကတော့ လူဝတ်ကြောင်နဲ့ပဲ၊ အဲဒီလူနှစ်ယောက်နဲ့ ဘုန်းကြီးဟာ ဗောဓိပင်ရဲ့ အနောက်ဘက်နားမှာ မကြာမကြာ ဆုံလေ့ရှိတယ်။
သူတို့ တရားထိုင်ကြတယ်။ သူတို့ တရားထိုင်တဲ့ အနားဘုန်းကြီးက မသွားပါဘူး။ တနေရာတည်းမှာ တည်းကြခိုကြတာဆိုတော့ ညမှာလဲ စကားပြောခွင့် ရတယ်ဆိုပြီး မသွားတော့ဘူး။ တညမှာတော့ တည်းခိုတဲ့ ကျောင်းထဲက သစ်ပင်ရိပ်ကလေးမှာ ထိုင်ရင်းနဲ့ ''မင်းတို့ ဘယ်လို တရား အားထုတ်ကြသလဲ၊ ပြောစမ်းပါ''လို့ မေးကြည့်တယ်။

အနတ္တကို ကျုပ်မယုံဘူးတဲ့
အဲဒီလိုမေးတော့ သူတို့က ပြောတယ်။ ''ကျုပ်တို့ ဝိပဿနာရှုတာပါပဲ၊ သမထ မဟုတ်ပါဘူး''။
''ဒကာကြီး ဝိပဿနာ ဘယ်လိုရှုသလဲ၊ ဘာတွေကို ရှုသလဲ''။
''စတင်ကာစမှာ အာနာပါနနဲ့ သမာဓိယူလိုက်ပါတယ်၊ သမာဓိ တော်တော်ရပြီ ဆိုတော့မှ ဟောဒီခန္ဓာထဲမှာ ရှိတဲ့ သဘောတွေကို ရှုပါတယ်ဘုရား''။
''ခန္ဓာထဲမှာ ဘာသဘောတွေ ရှိသလဲ ဒကာကြီး''။
''အနိစ္စတွေရှိတယ်၊ ဒုက္ခတွေ ရှိတယ်''။
''ဒကာကြီး အနတ္တကော မရှိဘူးလား''။
''ှိုသညဒအ ဘနူငနလန ဗညအေအေ. အနတ္တ (အတ္တမရှိ) ဆိုတာကို ကျုပ် မယုံဘူး''။
တော်တော်ခက်တဲ့ ဒကာကြီးပဲ။ အနိစ္စနဲ့ ဒုက္ခကို တော့ ယုံတယ်၊ အနတ္တကိုတော့ မယုံဘူးတဲ့။
''ဒကာကြီး ဘာ့ကြောင့် အနတ္တကို မယုံသလဲ''။
''အရှင်ဘုရား စဉ်းစားကြည့်၊ အတ္တမရှိဘူးဆိုရင် လူတစ်ယောက် သေသွားပြီးရင် နောက်ဘဝတစ်ခုကို ဘယ်သူ ပြောင်းသွားသလဲ၊ ဘယ်လိုလုပ်ပြောင်းမှာလဲ၊ ဘဝ တစ်ခုမှ တစ်ခုသို့ ပြောင်းပြောင်း ပြောင်းပြောင်းပြီးတော့ သွားနေတယ်ဆိုတာက Soul လို့ခေါ်တဲ့ အတ္တလေးက ပြောင်းနေတာ''။ အဲဒါ သူတို့ရဲ့ အယူအဆ။
အဝိဇ္ဇာ, တဏှာ, ကံ ဆိုတာကို သူတို့ လက်မခံကြဘူး။ မစဉ်းစားကြဘူး။ စဉ်းစားရင်လဲပဲ အဲဒါကို သူတို့ ဥာဏ်မမီဘူး။
ဘဝဟောင်းမှ ဘဝသစ်သို့ လူတစ်ယောက် ပြောင်းသွားတယ်ဆိုတာကိုတော့ သူတို့ယုံကြည်ကြတယ်။ နောက်ဘဝရှိတာကိုလဲ ယုံကြည်ကြတယ်။ နတ်ပြည်၊ ဗြဟ္မာ ပြည်ရှိတယ်ဆိုတာကိုလည်း ယုံကြည်တယ်။
လူသေပြီးရင် လူပြန်ဖြစ်နိုင်သေးတယ်။ နတ်လဲ ဖြစ်နိုင်တယ်။ ပြိတ္တာ၊ အသူရကာယ်၊ တိရစ္ဆာန်တို့ ဖြစ်နိုင်သေးတယ်။ အဲဒါကိုလဲ သူတို့ယုံကြည်ကြပါတယ်။
သူက ဆက်ပြောသေးတယ်။ ''အဲဒီ တမလွန်ဘဝ ကို ပြောင်းတာကတော့ အတ္တ (ဝိညာဉ်)က ပြောင်းသွား တာပဲ၊ အဝိဇ္ဇာ၊ တဏှာ၊ ကံကိုတော့ ကျုပ်တို့ မသိဘူး''တဲ့။
ဒီလို ဖြစ်နေတယ်။ ဒီခန္ဓာအိမ်ကြီး ပျက်သွားပေ မဲ့ ခန္ဓာအိမ်ထဲမှာ ကိန်းနေတဲ့ အတ္တကလေး(ဝိညာဉ်)ဟာ မပျက်ပဲနဲ့ နောက်ခန္ဓာတစ်ခုထဲ ဝင်သွားတာ။ နောက်ခန္ဓာ တစ်ခုက ပျက်ပြန်ရင်လဲ အဲဒီခန္ဓာက ထွက်ပြီးတော့ နောက် ခန္ဓာတစ်ခုထဲကို ဝင်သွားတာ။ ဒီအတ္တလေး (ဝိညာဉ်)ဟာ မပျက်ပဲနဲ့ တစ်ခန္ဓာမှ တစ်ခန္ဓာသို့ ပြောင်းပြောင်း ပြောင်းပြောင်းပြီးတော့ သူရွေ့နေတယ်တဲ့။ ဘဝပြောင်းတဲ့နည်း။

အတ္တကိုကိုးကွယ်ရမယ်တဲ့
ဘုန်းကြီးက ကြိုးစားပြီးတော့ ရှင်းပြတယ်။ မျိုးစေ့လေး တစ်ခုမှာ အပင်ပေါက်တဲ့ သတ္တိကလေးရှိတယ်။ ထို အပင်ပေါက်စေတတ်တဲ့ သတ္တိကလေးဟာ မြေကြီး ရေတို့ နဲ့တွေ့တဲ့အခါမှာ အပင်ပေါက်လာတယ်။
မြေ၊ ရေသာ မရှိရင် ဒီမျိုးစေ့ဟာ အပင်မပေါက်ဘူး။ မျိုးစေ့ကို မြေနဲ့ပေါင်း ရေနဲ့ပေါင်းရင် အောက်၌ အမြစ်တွယ်ခြင်း၊ အထက်၌ အညွန့်အညှောက် တက်ခြင်းဆိုတာ ဖြစ်သလိုပါပဲ။
ကံဆိုတဲ့မျိုးစေ့ဟာ အဝိဇ္ဇာ၊ တဏှာဆိုတဲ့ မြေနဲ့ ရေနဲ့ ပေါင်းမိတဲ့အခါကျတော့ ဇာတိဆိုတဲ့အညွန့်ကလေး တက်လာတယ်။ ခန္ဓာဆိုတဲ့ အပင်ကလေး ပေါက်လာတယ်။
နောက်တခါ အပင်ပေါက်တဲ့ ဘဝသစ် ခန္ဓာသစ် မှာ ''ဘဝကိုသာယာတယ် မက်မောတယ်''ဆိုတဲ့ တဏှာက အမြစ်တွယ်တာ။
အဲဒီသဘောတရားလေးကို သူတို့ နားမလည်ကြဘူး။ ဒါက အဘိဓမ္မာသဘောတရား။ အဘိဓမ္မာဆိုတာက သိမ်မွေ့တယ်။ နက်နဲတယ်။ သူတို့က နားမလည်ကြဘူး။
ပြီးတော့ သူတို့က ပြောသေးတယ်။ ''အတ္တ (ဝိညာဉ်)သာ မရှိယင် လူတွေလို နေလို့လဲ မဖြစ်ဘူး။ သေ လို့လဲ မဖြစ်ဘူး။ အတ္တရှိလို့ နေဖြစ်နေတာ။ အတ္တကို မှီနေရတာ။ နောက်ဘဝပြောင်းတာ အတ္တ(ဝိညာဉ်)လို့ခေါ်တဲ့ အရာဝတ္တုက ပြောင်းတာပဲ၊ ဒါကြောင့် ဝိပဿနာရှုတဲ့အခါ အနိစ္စကို ရှုပါတယ်၊ ဒုက္ခကိုရှုပါတယ်၊ အနတ္တကတော့ ကျုပ်တို့ မရှုပါဘူး''တဲ့။
''ဒကာကြီး ဗုဒ္ဓက အနတ္တကို ဟောတယ်မဟုတ် လား''။
''အရှင်ဘုရား ဗုဒ္ဓက အတ္တကို ဟောတာပါ''။
''အဲသလိုဆိုရင် ဒကာကြီး အထောက်အထားပြ ပါ''။
''အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရောသိယာ၊ အတ္တသမံ ပေမံ နတ္ထိ (ဓမ္မပဒ)လို့ ဘုရား ဟောထားပါတယ်''။
သူတို့လဲ ရတာပဲ။ အထင်မသေးနဲ့။ ဒါပေမဲ့ စာရဲ့ သဘောတရားကို နားမလည်ဘူး။ စာရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း မသိဘူး။
ပိဋကတ်သုံးပုံရှိတိုင်း တရားရှိတာ မဟုတ်။ အမှန် တိုင်း နားလည်ဖို့ လိုသေးတယ်။ တရားနာတိုင်းလဲ တရား သံကို ကြားရတာမဟုတ်။ သဘောပေါက်ဖို့ လိုသေးတယ်။
မျက်စိရှိတိုင်းလဲ ဘုရားကို မြင်တာမဟုတ်။ ကြည့် တတ်ဖို့ လိုသေးတယ်။ ဘုရားမမြင်လို့ လှေကားရင်း ထား တာ။
ဒါကြောင့် သူတို့က အခုလို ပြောကြတာ။ ''အရှင် ဘုရား ဘုရားက ဟောထားပါတယ်၊ အတ္တာ ဟိ အတ္တနော နာထော- အတ္တကို အားကိုးရမယ်''။
''အတ္တသမံ ပေမံ နတ္တိ- အတ္တဟာ ချစ်စရာ အကောင်းဆုံးပဲ''။
''အတ္တသရဏာ အနည သရဏာ- အတ္တကို ကိုး ကွယ်ရမယ်ဆိုပြီး ဟောထားပါတယ်''တဲ့။
သူတို့က ဆက်ပြောပုံလေးကို နားထောင်ကြည့်၊ ဘယ်လောက်ထိ နားလည်မှု လွဲနေသလဲဆိုတာ ပေါ်လွင် လိုက်တာ။
''အရှင်ဘုရား ဒီစကားတွေကို ထောက်ဆလိုက်ရင် အားကိုးရမယ့်တရား၊ ကိုးကွယ်ရမယ့်တရား၊ ချစ်ခင်ရမယ့် တရားတွေဟာ အတ္တ(ဝိညာဉ်)ပဲ။ အဲဒီအတ္တကို ဝိပဿနာ ရှုပစ်လို့ ဘယ်ဖြစ်မှာလဲ၊ ဒါလေးကို ကိုးကွယ်ထားရမှာ''တဲ့။အဓိပ္ပါယ်အယူအဆက တော်တော် မှားနေတယ်။

(အပိုင်း-၂၂) မျှော်

22 October 2009

ဗုဒ္ဓဘာသာသာသနာပြန့်ပွားရေးအသင်းကြီး

(မန္တလေး၊ အောက်တိုဘာ ၉-ရက်)
ဗုဒ္ခသာသနာပြန့်ပွားထွန်းကားလာအောင် ဆောင်ရွက်နေသည့် မန္တလေးမြို့တွင် အခြေစိုက်ထားသော ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးအသင်းကြီးသည် နယ်စပ် ဒေသနှင့် တောင်တန်းဒေသများတွင် သာသနာပြုလုပ်ငန်းများနှင့် လူမှုရေး အကျိုးပြု လုပ်ငန်းများ တွဲဖက်ဆောင်ရွက်နေလျက်ရှိပါသည်။ ယင်းအသင်းကြီးသည် အသင်း ထောက် ၁၉၈-သင်းတို့၏ ပူးပေါင်းလှူဒါန်းမှုဖြင့် ပြည်နယ်နှင့် တိုင်းမြို့နယ်များရှိ ကျောင်းပေါင်း ၉၁၉ ကျောင်းတွင် အောက်တိုဘာလ ၇-ရက်နေ့ မှာ ကထိန်ခင်းခဲ့ပါသည်။
ကျောင်းပေါင်း ကိုးရာကျော်တွင် ကထိန်သင်္ကန်း၊ ဂွမ်းစောင်အပါအဝင် အခြားလှူဖွယ်ပစ္စည်းများကို လှူဒါန်းသွားမည်ဖြစ်ပြီး ပဒေသာပင်တစ်ခုလျှင် ပစ္စည်းဝတ္ထုကျပ် ငါးသောင်းဖိုးခန့်ရှိကြောင်း၊ ကထိန်အောင်ပွဲကို ၂ဝ၁ဝခုနှစ် မတ်လ ၄ ရက်မှ၁ဝ ရက်နေ့အတွင်း ဆရာတော်ကြီး၏ သာသနာပြုခရီးစဉ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ¤င်းကဆိုသည်။ ကထိန်သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများကို သီတင်းကျွတ်လပြည့်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ အလှူခံမည်ဖြစ်ကြောင်း ယင်းအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဗုဒ္ဓဘာသာသာသနာပြုအသင်းကြီးသည် ၂ဝဝ၈-ခုနှစ် ပထမအကြိမ် ကထိန်ခင်းစဉ်က ကျောင်းတိုက် ၆ဝဝ -ကျော်ကို ကထိန်နှင့် ဆက်စပ်သည့် ပစ္စည်း တန်ဖိုးကျပ်သိန်း ၁ဝဝ- နီးပါးဖိုး လှူဒါန်းနိုင်ခဲ့သည်။ ယင်းအသင်းကြီးကို ဗြဟ္မစိုရ် လူမှုရေးအသင်း ထူထောင်ခဲ့သည့် ဆရာတော် ဘဒ္ဒန္တတိက္ခ (အဂ္ဂမဟာပဏ္ဏိတ)က ဦးဆောင်၍ ရှင်ပြုရဟန်းခံပွဲများ၊ ဗုဒ္ဓဘာသာအဆုံးအမခံယူပွဲများကို နှစ်စဉ် ပြုလုပ်လျက်ရှိသည်။


(The voice journal)

ဘူးသီးတောင်မြို့နယ် ဗုဒ္ဓဘာသာခံယူပွဲကျင်းပမည်

(မန္တ္တေလေး၊ အောက်တိုဘာလ ၂-ရက်)
ဗုဒ္ဓ သာသနာပြန့်ပွားထွန်းကားလာ အောင်ဆောင်ရွက်နေသည့် မန္တလေးမြို့ အခြေစိုက် ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေး အသင်း၏ ရခိုင်ပြည်နယ်တွင် ပထမဆုံး ဗုဒ္ဓဘာသာဝင် အဖြစ် ကူးပြောင်းခံ ယူပွဲကို ဘူးသီးတောင်မြို့နယ်တွင် ဒီဇင်ဘာလ၌ ကျင်းပသွားရန်ရှိသည်ဟု ယင်း အသင်းထံမှ စုံစမ်းသိရှိရသည်။
ယင်းပွဲကို ဒီဇင်ဘာလ ၂-ရက်နေ့မှ ၁၃ -ရက်နေ့အထိ ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာတွင် ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။ ဘူးသီးတောင်မြို့နယ်သည် အစ္စလာမ်ဘာသာကို ကိုးကွယ်သူအများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်သည့် မြို့ဖြစ်သည်။

(The voice journal)


ကမ္ဘာပေါ်တွင် မွတ်ဆလင် ဦးရေ တဖြည်းဖြည်းချင်းတိုးပွား
----------------
(ဝါရှင်တန် ၊ အမေရိကန်၊ အောက်တိုဘာ ၁၂-ရက်)
ကမ္ဘာပေါ်တွင် မွတ်ဆလင်လူဦးရေ တဖြည်းဖြည်းချင်းတိုးပွားလာပြီး ယခု ၂ဝဝ၉-ခုနှစ် လယ်ပိုင်းတွင် ၁-ဒသမ ၅၇ - ဘီလီယံအထိရောက်ရှိလာပြီ ဖြစ်ကြောင်း မကြာသေးခင် အောက်တိုဘာလဆန်းပိုင်းက ထုတ်ပြန်ကြေညာသောကမ္ဘာ့ဘာသာရေးဆိုင်ရာအစီရင်ခံစာတစ်ရပ်ကို ကိုးကား၍ အေပီသတင်းဌာနက လရေးသားဖော်ပြသည်။
မွတ်ဆလင်လူဦးရေ တိုးပွားလာသည်ဟူသောသဘောမှာ အစ္စလာမ်ဘာသာကိုးကွယ်သူဦးရေ များပြားလာခြင်းဖြစ်ကြောင်း ကမ္ဘာပေါ်တွင်လူလေးဦးတွင် တစ်ဦးမှာ အစ္စလာမ်ဘာသာကို ယုံကြည် ကိုးကွယ်ကြကြောင်းအစီရင်ခံစာက ဆိုသည်။
အစီရင်ခံစာအရ အစ္စလာမ်ဘာသာသည် ကမ္ဘာပေါ်တွင် နားလည်သဘောပေါက်ရန် အလွယ်ကူဆုံးဘာသာအဖြစ် သတ်မှတ်ခံရသည်။ အဆိုပါအစီရင်ခံစာက The Pew Forum သမကာ ဘာသာရေးဆိုင်ရာသုတေသနအဖွဲ့က ဘာသာတရားနှင့် အများပြည်သူတို့၏ဘဝဟူသော ခေါင်းစဉ်ဖြင့်သုတေသနပြုလုပ်ပြီးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သုတေသနကို မွတ်ဆလင်ကမ္ဘာအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများ၌ သုံးနှစ်ကြာပြုလုပ်ခဲ့သည်။ The Pew Forum သမကာ မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးအဆိုအရ ဂျာမနီနိုင်ငံသည် လက်ဘနွန်နိုင်ငံထက် မွတ်ဆလင် ဦးရေများပြားပြီး တရုတ်ပြည်တွင် ဆီးရီးယားနိုင်ငံထက် မွတ်ဆလင်ဦးရေ များပြားလာသည်ကိုတွေ့ရကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု ပရင်စတန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ အေမီဂျမားလ်က ''ဒီအစီရင်ခံစာအရ ပြောရမယ်ဆိုရင် တစ်ချိန်တုန်းက ယူဆခဲ့တဲ့ အိုင်ဒီယာတစ်ခုဖြစ်တဲ့ မွတ်ဆလင်တွေဟာ အာရပ်လူမျိုးတွေဖြစ်ပြီး အာရပ်လူမျိုးတွေဟာမွတ်ဆလင်ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ လုံးလုံးလျားလျား ပြောင်းလဲသွားပြီဖြစ်ပါတယ်'' ဟုမှတ်ချက်ပြုပြောကြားသည်။ The Pew Forum သမကာ ၏ သုံးသပ်ချက်အရ ကမ္ဘာ့မွတ်ဆလင်လူဦးရေ၏၆ဝ- ရာခိုင်နှုန်းမှာ အာရှဒေသတွင် နေထိုင်လျက်ရှိသည်။
လူအများစုက လက်ခံယူဆကြသည်မှာ အစ္စလာမ်ဘာသာကိုးကွယ်သူ မွတ်ဆလင်များသည် အရှေ့အလယ်ပိုင်းဒေသတွင် အများဆုံး နေထိုင်ကြသည်ဟူသော အယူအဆမျိုးဖြစ်သော်လည်း အမှန် တကယ်တွင် အာရှဒေသ၌ အများဆုံးဖြစ်နေသည်ကိုတွေ့ရသည်။ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာသည် ဒုတိယမြောက်အကြီးဆုံး ဘာသာကြီးတစ်ခုဖြစ်ပြီး ခရစ်ယာန်ဘာသာ၏ နောက်မှလိုက်လျက်ရှိသည်။ ခရစ်ယာန်ဘာသာ ယုံကြည်သူ ဦးရေမှာ ၂ -ဒသမ ၂-သန်းထိရှိမည်ဟု ခန့်မှန်းရသည်။


The voice journal

21 October 2009

သီတဂူ အထူးသတင်း


စစ်ကိုင်းတောင်ရိုး သီတဂူဆရာတော်ဘုရားကြီး၏ သီတဂူ အာယုဒါနဆေးရုံတော်တွင် အောက်တိုဘာလ နောက်ဆုံးပတ်မှ နိုဝင်ဘာလအတွင်း ခွဲစိတ်အထူးကု အစီအစဉ်များ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းယင်းဆေးရုံ၏ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းဆေးရုံတွင်---------
(က)အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့တို့တွင် အမေရိကန်ပြည်ထောင်စုမှ Aloha Medical Mission အဖွဲ့၊
(ခ)နိုဝင်ဘာလ ၁ ရက်နေ့မှ ၆ရက်နေ့တွင် ဂျာမနီနိုင်ငံမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲအထူးကုပါရဂူအဖွဲ့၊
(ဂ)နိုဝင်ဘာလ ၉ ရက်မှ ၁၆ ရက်နေ့တွင် ဘယ်လ်ဂျီယံမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲအထူးကုပါရဂူအဖွဲ့၊ နှင့်
(ဃ)၄င်း ၉ ရက်နေ့မှ ၁၆ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံမှ မျက်စိပါရဂူအဖွဲ့၊
(င)နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့တွင် အင်္ဂလန်နိုင်ငံမှ မျက်စိအထူးကု ဆရာဝန်များအဖွဲ့တို့က လာရောက်ကုသပေးမည်ဖြစ်ကြောင်း သိရှိရသည်။

သီတဂူစတားလေ့လာရေးမှတ်တမ်း (၈)




ဆိုကြမယ်ပျော်ကြမယ် အစီအစဉ်

နေ့လည်စာပြီး သည့်အခါ ဖျော်ဖြေရေးအစီအစဉ်စပါတော့သည်၊ ကျောင်းသားခေါင်းဆောင်က နိုင်ငံအလိုက် ကိုယ့်နိုင်ငံသီချင်းကို ထဆိုရသည်၊ ပရိသတ်တွေလဲ တ၀ါးဝါးနှင့် ပွဲကစည်ကားနေသည်။ လေးနိုင်ငံလောက်ဆိုအပြီးမှာ မြန်မာနှင့်သီရိလင်္ကာနိုင်ငံတို့ကို ခေါ်ပါတော့သည်၊ အဲဒီမှာ သီတဂူစတားတို့ ဒုက္ခရောက်တော့တာပဲ၊ ဆိုလို့ကလဲမသင့်တော်၊ မဆိုပြန်ရင်လဲ ညီညွတ်ရေးကိုဖြက်ရာကျမည်၊ ရိုင်းရာလဲကျသည်၊ သီတဂူစတားအကြံအိုက်နေချိန် ကျောင်းသားတစ်ယောက်ကို သတိရလိုက်သည်၊ သူဟာ English မေဂျာနှင့် M.A မထမနှစ် ကျောင်းတက်နေသူဖြစ်သည်၊ မောင်ကျောင်းသားရေ မောင်ရင့်ကိုပဲ အားကိုးရတော့မယ်၊ မောင်ရင်မလုပ်ရင် မဖြစ်တော့ဘူး၊ မဖြစ်မနေ မောင်ရင်ရတာ ဆိုကွာလို့ အကူအညီတောင်းလိုက်ရသည်၊ တော်သေးသည် အဆင်ပြေသွားသည်၊ သူကလဲ အင်္ဂလိပ်စကား ကောင်းကောင်းပြောနိုင်သည် သတ္တိကလဲ အာဂလူဖြစ်သည့်အတွက် ပွဲက စည်သွားပြန်ပါသည်၊ သူဆိုသည့်သီချင်းက စတောဘယ်ရီ သီချင်းဖြစ်ပါတယ်၊ ပရိသတ်များလိုက်ဆိုနိုင်အောင် လမ်းကြောင်းပေးထားသဖြင့် ပွဲက ဆိုပြေပါသည်။ သီတဂူစတားတို့ အခုမှ ရင်ထဲက အလုံးကြီးကျသွားတော့သည်၊ သူသာမကယ်ရင် သီတဂူစတား ထပြီးဟဲရလိမ့်ထင်သည်၊ မောင်မင်းကြီးသား အစဉ်ပြေပါစေဟူ၍သာ အကြိမ်း၂ ဆုတောင်းနေရတော့သည်။
အဆိုပျော်ပြီးတာနဲ့ နှင်းဆီကုန်းပန်းခြံ၏ မန်နေဂျာ၊ ဒါရိုက်တာ၊ မူလတန်းကျောင်းဆရာများက ၀မ်းသာစကားပြောကြသည်။ ထိုအစီအစဉ်ပြီးတာ နာရီဝက်လောက်အနားယူပြီး အပြန်ခရီးစတင်တော့သည်။ အားလုံးကိုနုတ်ဆက်ခဲ့ပါတယ်၊ ဟတ်ပီးဒေ၀ါလီဟု ကြွေးကြော် ပြန်ခဲ့ကြသည်။ အဆောင်ကို ညနေ (၄)နာရီပြန်ရောက်ပါသည်။

ဤတွင် ဟတ်ပီးဒေ၀ါလီ လေ့လာရေးမှတ်တမ်းပြီး၏။

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

သီတဂူစတား
၂၀-၁၀-၂၀၀၉

သီတဂူစတားလေ့လာရေးမှတ်တမ်း (၇)





နေ့လည်ပိုင်းအစီအစဉ်
နေ့လည်စာစားကြ
လေ့လာရေးခရီးစဉ်ပြီးသောအခါ ခန်းမဆောင်ရှေ့ (မူလတန်းကျောင်း)၏ မျက်နှာစာမှာ နေ့လည်စာဖြင့် ဧည့်ခံကြွေးမွေးသည်၊ ဒေ၀ါလီနေ့ အထူးနေ့ဖြစ်၍ သက်သက်လွတ်နှင့် ရိုးရာမုန့်တို့ဖြင့်ကြွေးမွေးပါသည်။ တပျော်တပါးကြီးစားကြောက်သောက်ကြသည်။

20 October 2009

သီတဂူစတားလေ့လာရေးမှတ်တမ်း (၆)





ဆယ်ကြီးနား
ပန်းခြံနှင့်စက်ရုံတို့ကိုလေ့လာပြီး မြင်းဇောင်းဆီသို့သွားကြရသည်၊ ပြိုင်ပွဲမြင်းများဖြစ်သည်၊ အလွန်လှပါသည့်မြင်းတွေဖြစ်သည်၊ သြစတေးလျစသည့်ပြည်ပမှ မှားယူးထားသည်ဟုသိရပါသည်။ ထိုနှင်းဆီကုန်းပိုင်ရှင်သည်၊ ကိုယ်ပိုင်ဆယ်ကြီးပါ ပိုင်ဆိုင်သည်၊ သုံးရေနှင့် သစ်ပင်များအတွက် ရေကို ထိုဆယ်ကန်ကြီးမှ မော်တာဖြင့်စုပ်ယူပါသည်။

ဓာတ်ပုံရိုက်ကြ
အစုလိုက်အစုလိုက် ဓာတ်ပုံရိုက်ကြည်သည်၊ ကိုယ်ခင်ရာ မင်ရာခေါ်ကြပြီးဓာတ်ပုံရိုက်ကြသည်၊ အဲဒီအထဲမှာ သီရိလင်္ကာသူလေးတစ်ယောက်ပါသည်၊ သူလဲ တော်တော် ရေးပန်းစားသည်၊ အသားရေက သီတဂူစတားလောက်တော့ မဲသည်၊ ဒါပေမဲ့ မျက်နှာပန်းလှတော့ လူချစ်လူခင်ပေါသည်၊ သူနှင့်ဓာတ်ပုံရိုက်ချင်သူတွေပေါမှပေါပဲ၊ ထိုင်းဘန္တေကြီးကတော့ အမိအရ တွဲရိုက်လိုက်သေးသည်၊ သီတဂူစတားတော့ ရှက်တာနဲ့ ဟန်လုပ်လိုက်ရသည်။ နိုင်ငံပေါင်းစုံက သူငယ်ချင်းတွေ အခုလို တွဲပြီးဓာတ်ပုံရိုက်ကြခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် ပိုမိုရင်းနှီးစေသည်။ နေကလဲအရမ်းပူနေပါသည် သို့သော် အားလုံးရဲ့မျက်နှာမှာ ပျော်နေကြသည်။ သီတဂူစတားနှင့် အခန်းခြင်းကပ် အခန်းနံပါတ် ၉၀ က အီရန်က သီတဂူစတားကို ဓာတ်ပုံရိုက်ဖို့လာခေါ်သဖြင့် ရိုက်ဖြစ်သွားသည်၊ အဲနောက် အခြားနိုင်ငံက ကျောင်းသားတွေလဲ ရိုက်ချင်ပါတယ်ဆိုပြီး ပြေးလာကြသည်၊ ပြီးတော့ အီရန်ကျောင်းသားက သီတဂူစတားကို အာဖရိက ၊ကညာ၊ မွန်ဂိုနှင့် အာဖကန်နစ္စတန် ကျောင်းသားတွေနှင့်မိတ်ဆက်ပေးသည်၊ သူပြောပုံက- he is my good friend who live in room number 95 and he is a good monk. သူဟာ ငါ့ရဲ့ သူငယ်ချင်းကောင်းပါ၊ အခန်းနံပါတ် ၉၅ ကပါ၊ သဘောကောင်းတဲ့ ရဟန်းတစ်ပါးပါ၊ ဟု သီတဂူစတားအကြောင်းကို ပြောပြကာ မိတ်ဆက်ပေးသည်၊ သီတဂူစတားက သူ့အတွက် ကောင်းမှာပေါ့၊ သီတဂူစတားထံမှ ဆီလိုလျင် ဆီယူလို့ရသည်၊ ဆားလိုလျင် ဆားယူလို့ရသည်၊ ပရင့်ထုတ်ချင်ရင် ပရင့်ထုတ်လို့ရသည်။ သီတဂူစတားတို့ရဲ့ ထူးဆန်းသော အ၀တ်သည် သူတို့အတွက် ပိုပြီး ထူးဆန်းသစ်လွင်ပြီး အမှတ်ရစေပါသည်။

သီတဂူစတားလေ့လာရေးမှတ်တမ်း (၇)လာပါဦးမည်

သီတဂူစတားလေ့လာရေးမှတ်တမ်း (၅)




ကညာနိုင်ငံအမျိုးသမီးနှင့် ဆွေးနွေးစ စကားလေးဖြက်ပြီး နှင်းဆီကုန်းပန်းခြံလေ့လာရေးစပါ တော့သည်။ ၂၅ ဧက ကျယ်ဝန်းသည့် ပန်းခြံကြီးတစ်ခုလုံးကို ပလက်စတစ်အမိုး အကာတို့ဖြင့်ပြုလုပ်ထားသည်၊ အလင်းရောင်နှင့် လေ၀င်လေပေါက်တို့လဲပါသည်၊ အတွင်မှာလဲ လျပ်စစ်မီးများဖြင့်တံဆာဆင်ထားသည်၊ မြန်မာပြည်သားတစ်ယောက်အနေနှင့်အံသြမိသည်မှာ လျပ်စစ်မီးကို အလျှံအပယ်သုံးထားခြင်ပင်၊ မီးကလဲ ၂ရက် ၄ နာရီမဟုတ်ဘဲ တစ်ရက် ၂၄ နာရီ လာသည်၊ အပင်ကိုဖျက်သော မိုးမွားများမလာနိုင်အောင် ဓာတုဗေဒနည်းပညာသုံးထားသည်မှာလဲ အံ့သြစရာပင်၊ ပန်းခြံ၏ ဘေးချင်းကပ်မှာကား နှင်းဆီပန်းထုတ်ပိုးစက်ရုံကြီးဖြစ်သည်၊ အလွန်ခေတ်မီသော နည်းပညာများဖြင့်စနစ်တကျ တည်ဆောက်ထားသည်၊ ထိုစက်ရုံ၏အနားမှာ ဆေးလိပ်စက်ရုံကြီးတစ်ကိုလဲတွေ့ရသည်၊ ထိုစက်ရုံကိုတော့ သီတဂူစတားတို့လေ့လာခွင့်မရပါ၊ အိန္ဒိပြည်သည် ဆေးလိပ်သောက်ခြင်းကို အထူးပိတ်ပင်ထားသည်၊ အိန္ဒိယလူမျိုးတွေ ဆေးလိပ်သောက်တာ အတော်ကိုရှားပါသည်၊ မတွေ့ရသလောက်ပင်၊ ဆေးလိပ်သောက်ခြင်းသည် အပြစ်ကြီးတစ်ခု ကျူးလွန်နေသလိုဖြစ်နေသည်။ ထိုဆေးလိပ်စက်ရုံကို လေ့လာခွင့် မပြုတာ ဒါကြောင့်ထင်ပါသည်။ စက်ရုံနှင့်ပန်းခြံတို့ကို လုံးဝဓာတ်ပုံရိုက်ခွင့်မပြုသည့်ကြားက သူငယ်ချင်းတစ်ယောက်က သီတဂူစတားကင်မရာ လမ်းယူပြီး ပန်းခြံကို ရိုက်လိုက်သေးသည်။

သီတဂူစတားလေ့လာရေးမှတ်တမ်း (၆)ဆက်ရန်

19 October 2009

သီတဂူစတားလေ့လာရေးမှတ်တမ်း (၄)



ကျောင်းသားအားလုံး နံနက်စာ စားအပြီး ဒေ၀ါလီပါတီ မစမီ ဟိုနားဒီနားလျှောက်ကြည့်ကြသည်၊ တချို့လဲစကားတွေပြောကြသည်၊ တစ်ဆောင်တည်းမှာ အတူနေကြတယ်ဆိုပေမဲ့ သိပ်မရင်းနှီးကြ၊ မေးထူးခေါ်ပြောရုံလောက်သာရှိသည်။ ယခုအခါ တစ်ခရီးတည်းအတူသွားလာရသောအခါ ပိုပြီးရင်းနှီးလာသည်၊ စကားတွေလဲများများပြောဖြစ်သည်၊ အထူးသဖြင့်မတူတဲ့နိုင်ငံ ၊လူမျိုး၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေနှင့်လာပြီး ပေါင်ဖက်မိသောအခါ အထူးအဆန်းလေးတွေ ဖြစ်လာသည်၊ အာဖရိကတိုက ကညာနိုင်ငံ ကညာအမျိုးသမီးနှစ်ယောက် သီတဂူစတားနှင့် ထိုင်းဘုန်းတော်ကြီးကို လာမိတ်ဆက်သည်၊ အထူးသဖြင့်ဓာတ်ပုံတွဲရိုက်ချင်သည်၊ သီတဂူစတားအား မေးခွန်းများစမေးပါတော့သည်၊ ဘယ်နိုင်ငံကလဲ------ မေးတော့ သီတဂူစတားက I am from Myanmar လို့ပြောတော့ နားမလည်၊ နောက်တစ်ခါ ပြောင်းပြီး ဖြေရသည်၊ I am from Burma ဟု ဖြေလိုက်မှ နားလည်သွားသည်၊ သီတဂူစတားတို့ အဲဒီအတွေ့အကြုံတော့ ကောင်းကောင်းရ နေပြီးဖြစ်သည်။ နောက်တစ်ခုမေးပြန်သည်၊ In your country do all of the people usually wear this dress? မင်းတို့နိုင်ငံကလူတွေအားလုံ ဒီလိုအ၀တ်ကို ၀တ်ကြတာလားဟု သင်္ကန်းကို လက်နှင့်ကိုင်ပြီးမေးပါသည်၊ No, this dress is for only monks. All lay people usually use dress as you wear. မဟုတ်ပါဘူး၊ လူတိုင်းမ၀တ်ပါဘူး၊ ဒီအ၀တ်ဟာ ရဟန်းတော်တွေ အတွက်သာဖြစ်ပါတယ်၊ သာမန်လူဝတ်ကြောင်တွေက မင်းတို့လို ၀တ်ကြပါတယ်။ Because I am a Buddhist monk, I usually wear this dress. ငါက ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးဖြစ်လို့ ဒီအ၀တ်ကိုဝတ်ရတာပါ။ သီတဂူစတားက ကျွန်ုပ်က ရဟန်းတစ်ပါးဟုပြောလိုက်သောအခါ ပိုစိတ်ဝင်းစားဟန်တူသည်၊ If so, what do monks do? အဲလိုဆိုရင် ရဟန်းတွေက ဘာလုပ်သလဲတဲ့၊ All of Monk have two duties namely, learning and teaching. I not only learn but also teach other people. တို့ရဟန်းတွေဆိုတာ အဓိကအားဖြင့် တာဝန် နှစ်ရက်ရှိတယ်၊ ၁-ကိုယ်ကိုတိုင်သင်ယူခြင်းနှင့် ၂-သူတပါးတွေအား ပြန်လည် သင်ပေးခြင်း ဟောပြောခြင်းပဲဖြစ်တယ်။ Oh!—Good! ဟုပြောကာ ခေါင်းငြိမ့်နေပါသည်။

God အကြောင်းမေး
နောက်မေးခွန်း= On diwali (dipawali), we are praying under God. He knows what we need. ငါတို့က God ထာဝရဘုရားဆီမှာ ဆုတောင်းတယ်၊အသနားခံတယ်၊ သူက ဒို့ဆုတောင်းတာကို နားလည်တယ်၊ သနားတယ်၊ ဒါကြောင့် လောကကြီးကိုဖန်တီးပေးတယ်။ What do you pray under God? သူဆိုလိုတာက မင်းတို့ ထာဝရဘုရားထံကနေ ဘာဆုတွေတောင်းသလဲပေါ့။ But Buddhism does not accept the existence of God. ဒါပေမဲ့ တို့ဗုဒ္ဓဘာသာက ထာဝရဘုရားရှိတယ်ဆိုတာကို လက်မခံဘူး။ ဘာလို့ဆိုတော့ ငါဥပမာပြောမယ်၊ Ok! I will explain you why Buddhism rejects the existence of God. I am going to ask you a question, now you have collected a lot of knowledge before you come here. Why have you got this much knowledge? မင်းကို မေးခွန်းတစ်ခုပြန်မေးမယ် ဥပမာကွာ မင်းအခု ဒီမလာခင်ကနှင့်စာရင် ဗဟုသုတတွေ အများကြီးရနေပြီ၊ အဲဒီဗဟုသုတတွေ ဘယ်လိုရလဲ။ Yes, I have hard study to get this knowledge. ငါကြိုးစားလို့ရတာပေါ့။ အဲလိုဆိုတော့ သီတဂူစတားရဲ့ လမ်းကြောင်းထဲဝင်လာပြီး၊ if so, is your knowledge not given by God? ဒါဆိုရင် မင်းရဲ့အသိဥာဏ်တွေက ထာဝရဘုရားကပေးတာမဟုတ်ဘူးပေါ့ဟု ပြန်မေးလိုက်သောအခါ တွေဝေသွားသည်။ မင်းရဲ့အသိဥာဏ်တွေဟာ ထာဝရဘုရားကပေးတာမဟုတ်ပါဘူး မင်းကိုယ်တိုင်ကြိုးစားလို့ရတာပါ၊ မင်းမလုပ်ဘဲနေရင် ဘာမှရလာမှာမဟုတ်ပါဘူး။ နောက်ဆက်ပြီး သီတဂူစတားက နမူနာတစ်ခုနှင့်ရှင်းပြလိုက်စဉ် ပန်းခြံလေ့လာဘို့ ခေါင်းဆောင်ကခေါ်သောအခါ၊ ကျေးဇူးတင်ပါတယ်၊ မင်းနဲ့စကားပြောလို့ကောင်းတယ်၊ နောက်အချိန်ရရင် မင်းနဲ့ထက်ဆွေးနွေးချင် ပါသေးတယ်ဟုပြောသွားကာ စကားဆက်ပြတ်သွားပါသည်။ သီတဂူစတားလဲ နောက်တစ်ကြိမ် သူနဲ့ဆွေးနွေးဘို့ မျော်လင့်ပါသည်၊ ကိုယ်ကိုတိုင်လဲ အင်္ဂလိပ်စကားပြောဖြစ်သည်၊ ဒီမလာခင်က ဒီလိုမေးခွန်းမျိုးကို ကိုယ်ကိုတိုင်အမေးခံပြီး ကိုယ်ကိုတိုင် တစ်ခါမှ မဖြေကြားခဲ့ဘူးပါ။ ဆွေးနွေးခြင်းသည် အသိဥာဏ်ကို ကျယ်ပြန့်စေသည်၊ အတွေးအခေါ် ပိုမိုရင့်လာစေပါသည်။ သီတဂူစတားသည် အိန္ဒိယရောက်မှ နိုင်ငံခြားသားများ အမေးခံရဖူးတာ (၄)ကြိမ်လောက်ရှိပြီ။ အိန္ဒယလူမျိုး၊ အီရန်အမျိုသမီး ၂ယောက်၊ အာဖရိကတိုက် ကညာကနိုင်ငံ အမျိုးသမီး၂ ယောက်နှင့် ကိုရီးယားက ကျောင်းသားတစ်ယောက်တို့ ဖြစ်သည်။ ကိုရီးယားဘုန်းတော်ကြီးနှင့် ထိုင်းနိုင်ငံက ဘုန်းတော်ကြီးတို့နှင့်တော့ မကြာမကြာ ဘာသာရေးအကြောင်းနှင့်ကိုယ့်ယဉ်ကျေးမှု သူ့ယဉ်ကျေးမှု အကြောင်းတို့ကို ဆွေးနွေးဖူးပါသည်။ တကယ်တော့ သီတဂူစတားသည် အလွန်စကားနဲသူ တစ်ယောက်ပါ၊ အဟောအပြောကလဲ မကောင်းတော့ စင်ပေါ်မတက်နိုင်ခဲ့ဘူးသေး၊ သို့သော် မေးလာလျင်တော့ အနဲအကျဉ်းတော့ ထွက်လာပါတယ်။ အနည်းငယ်သော သီတဂူစတားရဲ့ အတွေ့အကြုံလေးတွေပါ။

သီတဂူစတားလေ့လာရေးမှတ်တမ်း အပိုင်း(၅)မျှော်

18 October 2009

သီးတဂူစတားလေ့လာရေးမှတ်တမ်း (၃)




သီတဂူစတားတို့အဖွဲ့ နှင်းဆီးကုန်းခြံသို့ရောက်သောအခါ အိန္ဒိယထုံးစံအတိုင်း ဟတ်ပီးဒေ၀ါလီအထိမ်းအမှတ်အဖြစ် ကျောင်းသား၊သူအားလုံးကို နဖူးပေါ် အနီးရောင်ဆေးတို့ပြီး မီထားခေါ် အချိုမုံ့ခဲကို ပါစပ်ထဲထည့်ပေးသည်။ အဆောင်ထဲမှာ နံနက်စာဖြင့်ဧည့်ခံသည်။

နေ့လည်ပိုင်း အစီအစဉ်မျှော်

သီတဂူဆရာတော် အစ္စရေးခရီး



စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဖြစ်တော်မူသော ကျေးဇူးရှင် သီတဂူဆရာတော်ဘုရားသည် အစ္စရေးနိုင်ငံ ဘာသာရေးဆိုင်ရာ ကွန်ဖရင့်တစ်ခုက ပင့်ဖိတ်သဖြင့် ၁၇-၁၀-၀၉- နေ့က အစ္စရေးနိုင်ငံသို့ ကြွချီတော်မူသွားပါသည်။ အစ္စရေးနိုင်ငံ၌ တစ်ပတ်ခန့်ကြာမြင့်မည်ဟုသိရသည်။

ဆရာတော်သည် အသက် ရ၀-ကျော်ပြီ ဖြစ်သော်လည်း ယင်းကဲ့သို့ နိုင်ငံတကာအစည်းအဝေးပွဲများကို တက်တက်ကြွကြွ တက်ရောက်ပြီး ဓမ္မရေးရာ မိန့်ခွန်းတော်များကို မြိုင်မြိုင်ဆိုင်ဆိုင် မိန့်ကြားတော်မူလျက်ရှိပါသည်။ ဆရာတော်၏ ဇွဲလုံ့လကား အံမခန်းပါပေ။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ် ပါမောက္ခဆရာတော်တစ်ပါးက “ သီတဂူဆရာတော်ဟာ အလုပ်လုပ်လို့ အနယ်နယ်အရပ်ရပ်မှာ ဟိုးလေးတကျော် နာမည်ကြီးခြင်း ဖြစ်ပေသည်” ဟု ကောက်ချက်ချဖူးပါသည်။ ဆရာတော်ကလည်း “ငါတို့ကို တိုင်းပြည်နှင့်သာသနာက လေးစားတယ်ဆိုတာ အများအကျိုးပြုလုပ်ငန်းတွေကြောင့်ပဲ၊ ငါကတော့ သာသနာ့ကျေးကျွန်အဖြစ်ခံယူပါရစေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့်တွေကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာအတွက် အနစ်နာခံတဲ့စိတ် စွန့်လွှတ်တဲ့စိတ်နှင့် အလုပ်လုပ်စေချင်တယ်” ဟု တပည့်များကို မိန့်မြွက်တော်မူလေ့ရှိပါသည်။

သီးတဂူစတားလေ့လာရေးမှတ်တမ်း (၂)



သီတဂူစတားနှင့်အဖွဲ့သည် နှင်းဆီးကုန်းပန်းခြံမှာ ၁၀-၃၀ မီနစ်ရောက်သည်။ ထိုပန်းခြံမှာပဲ ဒီပါဝလီနေ့အခန်းအနားကျင့်ပသည်။
ထိုနှင်းဆီကုန်းပန်ခြံသည် ဧက ၂၅ ရှိပြီး၊ နှင်းဆီပန်းများ ထုတ်ပိုးစက်ရုံးကြီးပါ ထွက်ဘက်တည်ထောင်သည်။ လွန်ခဲ့သည့် ၁၀နှစ်က ဘုံဘေမြို့ သူဌေးတည်ထောင်သည်ဟုသိရသည်၊ စက်ရုံကြီးသည်လည်း အံ့သြစရာကောင်းလောက်အောင် ကြီးကျယ်ပါသည်။ ပန်းများကို ၂၅ရက်ခံနိုင်အောင်ထားနိုင်သည့် အအေးခန်းပါရှိသည်၊ ထုတ်ပိုးသည့်စနစ်သည်လည်း အလွန်သေသပ်ပါသည်၊ နယ်သာလန်၊ ဂျပန်၊ အင်္ဂလန် စသောနိုင်ငံများဆီသို့တင်ပို့သည်။ ထိုစက်ရုံ၏အရင်းအနှီးမှား ရူပီး ၂၅ ကုဋေ (ဒေါ်လာ ၅သန်း) မြုတ်နှံထားသည်သည်ဟု သိရသည်၊ ထူခြားသည်မှာ လွန်ခဲ့တဲ့ ၅ နှစ်က စပြီး မိဘမဲ့ကလေးဂေဟာပါတွဲဘက်တည်ထောင်ခဲ့သည်၊ လောလောဆယ်မူလတန်းကျောင်းသာဖွင့်နိုင်သေးသည်၊ ထိုကျောင်းကလေးများကိုပဲ့ နှင်းဆီးပန်းစက်ရုံမှာ အလုပ်လုပ်စေသည်၊ ယခုအခါ အလုပ်သမား ၁၅၀ ရှိပါသည်။

မှတ်ချက်။ ။ စက်ရုံကိုဓာတ်ပုံရိုက်ခွင့်မရှိသဖြင့် ဓာတ်ပုံဖြင့်မတင်ပြနိုင်ပါ။

အပိုင်း (၃) မျှော်

သီးတဂူစတားလေ့လာရေးမှတ်တမ်း (၁)




၁၈-၁၀၂၀၀၉ တနင်္ဂနွေနေ့ ပူနေးတက္ကသိုလ်ဌာနပေါင်းစုံမှ နိုင်ငံတကာကျောင်းသားများသည် နံနက် ၈နာရီ-၃၀ မှစတင်၍ နှင်းဆီကုန်းပန်ခြံသို့လေ့လာရေးထွက်သည်၊ နံနက် ၁၀-၃၀ မီနစ်လောက်မှာ နှင်းဆီးကုန်းပန်းခြံသို့ ရောက်သည်။ လမ်းခရီး ဒေ၀ါလီ ဟတ်ပီးဒေးဟု ခေါင်းဆောင်လုပ်သူကအော်တဲ့အခါ ကျောင်းသားအားလုံးလိုက်အော်ကြသည်။ ကိုယ့်နိုင်ငံအသီးသီးက ကိုယ့်နိုင်ငံရဲ့ slogan (ကြွေးကြော်သံ)ကိုတိုင်ပေးရသည် နောက်က ကျောင်းသားအားလုံးလိုက်ပါဆိုကြသည်။ မြန်မာအလှည့်ရောက်တော့ မောင်တိက မင်္ဂလာပါ ဟုတိုင်ပေးသည်။ နောက်ပိုင်းအစီးအစဉ်မှာတော့ သိချင်းဆိုကြခြင်းဖြစ်သည်။ သီတဂူစတားတို့အတွက်တော့ ကျောင်းသားဘ၀ဆိုတာ ဒါပဲလားဆိုတော့ အတွေးသစ်တစ်ခုဝင်လာပြန်သည်။ ကားပေါ်မှာဆူညံနေအောင် ဆိုကြပျော်ကြသည်။

17 October 2009

အနှစ်ကိုးပါး(အပိုင်း-၂၀)



အမြတ်ဆုံးပုဂ္ဂိုလ်ဟာ အမြတ်ဆုံးနေရာမှာရှိရမယ်

လမ်းလျှောက်ပြီးသွားတော့ အဲဒီဆင်ဝင်နားကို ရောက်လာကြတယ်။ ရောက်တာနဲ့ တပြိုင်နက် မေးလိုက် တယ်။ ''ဒကာကြီး ဟောဒီလှေကားတက် ဖိနပ်ချွတ်မှာ စီပြီးတော့ချထားတဲ့ အရုပ်တွေဟာ ဘာအရုပ်တွေတုန်း ပြောစမ်းပါ''လို့။ ဘုရားဆင်းတုတော်တွေမှန်းတော့ သိပါတယ်။ စကားဖြစ်အောင်လို့ တမင်မေးလိုက်တာ။
မေးတော့ ''အဲဒါတွေဟာ ဗုဒ္ဓရဲ့ရုပ်တုတော်တွေ ပဲ''တဲ့။ ဗုဒ္ဓဆင်းတုတော်တွေလို့ အဲဒီ အဘိုးကြီးက ဖြေ တယ်။
''ဟုတ်လား ဒီအရုပ်တွေက ဗုဒ္ဓဆင်းတုတော်တွေ လား''။
''မှန်ပါတယ် ဘုရား''
''ဒကာကြီး လောကမှာ မြတ်ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်ဟာ သတ္တဝါအားလုံးတို့ထက် အမြတ်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ဆိုတာကို ဒကာကြီး လက်ခံရဲ့လား''။
''မှန်ပါ အမြတ်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ဆိုတာကို လက်ခံပါတယ်ဘုရား''။
''ဗုဒ္ဓဟာ တကယ့်အမြတ်ဆုံးနေရာမှာ ရှိထိုက် တယ်ဆိုတာကိုကော လက်ခံရဲ့လား''။
''လက်ခံပါတယ်ဘုရား''။
''ဒကာကြီး ဗုဒ္ဓဘာသာ ဟုတ်တယ်နော်''။
''မှန်ပါ၊ တပည့်တော် ဗုဒ္ဓဘာသာပါဘုရား''။
''ဒါဆိုရင် ဒကာကြီးရဲ့ စိတ်ဓာတ်ဟာ အလွန် မွန်မြတ်တဲ့ စိတ်ဓာတ်ပဲဆိုတာကို ဘုန်းကြီး ယုံကြည်တယ်''။
အဲဒီလိုလေး ပြောထားတော့ စကားအကုန်လုံး တုပ်မိသွားပြီ။ ဘုန်းကြီးက ဆက်ပြောလိုက်တယ်။
''ဗုဒ္ဓဟာလဲ အမြတ်ဆုံးပုဂ္ဂိုလ်မို့လို့ အမြတ်ဆုံး နေရာမှာ ရှိထိုက်တယ်၊ ထားထိုက်တယ်။ ဗုဒ္ဓဘာသာဖြစ်တဲ့ ဒကာကြီးကိုယ်တိုင်လဲ အမြတ်ဆုံး စိတ်ဓာတ်ရှိတယ်။ အဲဒီလို ဖြစ်ပါလျက်နဲ့ မွန်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ဘယ့်နှယ် ကြောင့် ဖိနပ်ချွတ်တဲ့နေရာမှာ ထားရသလဲ'' ဆိုတော့ သူ ဘာမှ ပြန်မပြောနိုင်တော့ဘူး၊ ငေးနေတယ်။
ပြီးတော့မှ သူက ပြောတယ်။ ''အမြတ်ဆုံး ပုဂ္ဂိုလ် တစ်ယောက်ကို ဘာပြုလို့ ဖိနပ်ချွတ်တဲ့ နေရာမှာ ထားရ တုန်းဆိုရင်ဘုရား ကမ္ဘာအရပ်ရပ် ကလာကြတဲ့ ကမ္ဘာလှည့် ခရီးသည်တွေဟာ ဒီလို ရှေးကျတဲ့ (ရှေးဟောင်းဆင်းတု တော်များ) ဗုဒ္ဓဆင်းတုတော်တွေကို အလွန်စိတ်ဝင်စားကြ တယ်''တဲ့။

သံဝေဂဖြစ်သွားတဲ့ ဟိုတယ်ပိုင်ရှင်
''အဲဒီလို စိတ်ဝင်စားကြတဲ့ အတွက်ကြောင့် ဟို တယ်ထဲ ရောက်တာနဲ့ တပြိုင်နက်တည်း သူတို့စိတ်ဝင်စား ကြတဲ့ ဗုဒ္ဓရဲ့ဆင်းတုတော်တွေကို ဖူးတွေ့ပါရစေဆိုတဲ့ ရည် ရွယ်ချက်နဲ့ ဟောဒီလှေကားမုခ်မှာ ထားလိုက်တာပါ''တဲ့။
ဒီတော့ ဘုန်းကြီးက ပြောလိုက်တယ်။ ''ကောင်းပြီ ဒကာကြီး သူတို့စိတ်ဝင်စားဖို့အတွက် လှေကားတက်မှာ ထားတယ်။ အဲဒီစိတ်ဝင်စားပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တွေ ဘယ်လောက်များသလဲ''။
''ဗုဒ္ဓဘာသာဝင်က နည်းပါတယ်ဘုရား၊ ဗုဒ္ဓ ဘာသာကို စိတ်ဝင်စားလို့လေ့လာတဲ့ ပုဂ္ဂိုလ်တွေက ပိုများ ပါတယ်''။
''ဒကာကြီး ကောင်းပြီ ဗုဒ္ဓဘာသာကို မကြည်ညို တဲ့ ပုဂ္ဂိုလ်တွေလဲ အများကြီး လာကြမှာပေါ့''။
''လာကြပါတယ်ဘုရား''။
''ဒီတော့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ဟိုတယ်ပိုင်ရှင် ဒကာကြီးကိုယ်တိုင်က ဗုဒ္ဓရဲ့ဆင်းတုတော်ကို အဲဒီလှေကား တက်မှာ ထားတယ်ဆိုရင် ဗုဒ္ဓဘာသာမဟုတ်တဲ့ ပုဂ္ဂိုလ်တွေ၊ ဗုဒ္ဓဘာသာကို မကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက အဲဒီဆင်းတု တော်တွေကို ခြေနဲ့နင်းသွားကြလိမ့်မယ် ဒကာကြီး''။
အဲဒီတော့မှ သူတော်တော်သံဝေဂဖြစ်သွားတယ်။ ဘာမှပြန်မပြောတော့ပဲနဲ့ ဘုရားဆင်းတုတော်တွေကို စိုက် ကြည့်ပြီးတော့ သူရပ်နေတယ်။
အဲဒီနောက် ဘုန်းကြီးက ပြောလိုက်တယ်။ ''ဗုဒ္ဓ ဘာသာ သူတော်စင်တို့က ကိုယ့်ဘုရား ကိုယ့်ဟာကိုယ် လှေ ကားရင်း ထားတယ်ဆိုရင် ဗုဒ္ဓဘာသာ မဟုတ်တဲ့သူတွေက တက်နင်းတော့မှာပဲ။ ဒီတော့ သူများ တက်မနင်းသေးခင် အမြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓရဲ့ ဆင်းတုတော်တွေကို မွန်မြတ်တဲ့ နေရာမှာ ဒကာကြီး ထားလိုက်စမ်းပါ။ အဲဒါက ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်''။
''မှန်လှပါ၊ အရှင်ဘုရားတို့ နောက်တစ်ခေါက်လာ ရင် အဲဒီလှေကားတက်နားမှာ ဘုရားဆင်းတုတော်တွေကို မတွေ့ စေရပါဘူး၊ နေရာပြောင်းလိုက်ပါ့မယ်ဘုရား''တဲ့။ လှေကားတက်နားမှာ ဘုရားဆင်းတုတော်တွေ ရှိ၊ မရှိ နောက်တစ်ခေါက် သွားရင် ကြည့်ရဦးမယ်။
ဘုန်းကြီးတို့ မြန်မာပြည်သူ ပြည်သားတွေကျတော့ ဘုရားဆင်းတုတော်ကို လှေကားတက်ထားဖို့အရေး ဝေး ရော။
ဘုရားအရိပ်တောင်မှ ကောင်းကောင်း မနင်းရဲကြ ဘူး။ ဟိုမှာကတော့ ဗုဒ္ဓဘာသာဆိုတဲ့ ပုဂ္ဂိုလ်တချို့ဟာ အဲဒီလို လှေကားအတက်မှာ ထားတယ်ဆိုတာ ရှိနေပါ တယ်။

အိန္ဒိယဝန်ကြီးချုပ် နေရူးရဲ့ သမာဓိဆင်းတုတော်
ကမ္ဘာမှာရှိကြတဲ့ ပန်းချီရုပ်ပေါင်းများစွာ၊ ပန်းပု ရုပ်ပေါင်းများစွာ ဆင်းတုတော်ပေါင်းများစွာတို့တွင် အံ့သြ စရာ အကောင်းဆုံးနဲ့ ကြည်ညိုစရာ အကောင်းဆုံး ရုပ်ဟာ ဗုဒ္ဓရဲ့ ဆင်းတု တစ်ခုပဲရှိတယ်။
အိန္ဒိယဝန်ကြီးချုပ်နေရူးဟာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခါစ ထောင်ထဲမှာရောက်နေတော့ အလွန်စိတ်ညစ်ပြီး တော့ ပင်ပန်းတဲ့အခါများမှာ သူ့စားပွဲမှာ ဗုဒ္ဓဆင်းတုတော် တစ်ခုကို တင်ထားပြီးတာ့ နာရီပေါင်းများစွာ ထိုင်ပြီးတော့ ဖူးမျှော်ပြီးတော့ ကြည်ညိုတယ်။
အဲဒီလိုကြည်ညိုနေရင် နေရူးဟာ စိတ်ချမ်းသာ တယ်လို့ဆိုတယ်။ အဲဒီဆင်းတုက ''သမာဓိဆင်းတု''။
သီဟိုဠ်ကျွန်း မဟာစေတီတော်ကြီးရဲ့ အနီးအနား က ကျောင်းတိုက်ဟောင်းကြီးတွေ ရှိပါတယ်။ မဟာဝိဟာရ ကျောင်းတိုက်တို့၊ ဇေတဝန်ကျောင်းတိုက်တို့ အဘယဂီရိ ကျောင်းတိုက်တို့ ဆိုပြီးတော့ မဟာစေတီကြီးအနီးမှာ ကျောင်းတိုက်ကြီးတွေရှိတယ်။
အဲဒီ ဇေတဝန်ကျောင်းတိုက်ကြီးထဲမှာ ''သမာဓိ ဆင်းတု''ဆိုတာ ရှိတယ်။ ဒီကနေ့လဲပဲ ရှိပါတယ်။ သမာ ပတ်ဝင်စားပြီးတော့နေတဲ့ ဆင်းတုတော် တစ်ခုဟာ အလွန် အံ့သြဖွယ် ကောင်းတဲ့ လက်ရာနဲ့ ထုထားတာ တည်တည် ငြိမ်ငြိမ်နဲ့ တယ်ပြီးတော့ ကျက်သရေရှိတယ်။
ဘုရားဆင်းတုတော်ဟာ တင်ပျဉ်ခွေထိုင်ပြီး လက် ဝါးနှစ်ဘက် ထပ်ပြီးတော့ ဈာန်ဝင်စားနေတဲ့ပုံမျိုး။ သမာ ပတ် ဝင်စားနေတဲ့ ပုံမျိုးကို သရက်ဥယျာဉ်ကြီးထဲမှာ သေ သေချာချာ ထုထားတာ ''သမာဓိဆင်းတု''တဲ့။
အဲဒီဆင်းတုဓာတ်ပုံကို နေရူးဟာ သူ့ရဲ့စားပွဲပေါ် မှာ တင်ထားပြီးတော့ ကြိမ်ဖန်များစွာ ဖူးတယ်။အဲဒီလို ဖူးမျှော်ကြည်ညိုရင်းနဲ့ စိတ်ရဲ့ကြည်လင်ချမ်းသာမှုကို ရခဲ့ တယ်ဆိုတဲ့အကြောင်းကို နေရူးကိုယ်တိုင် ရေးခဲ့ဖူးပါတယ်။
ဒါကြောင့် ကမ္ဘာမှာ ရုပ်တုပေါင်းများစွာ ရှိတဲ့ အထဲက ဗုဒ္ဓရုပ်ပုံဟာ အလှဆုံး၊ ဗုဒ္ဓရုပ်ပုံမှတပါး အခြား အခြား လူပုဂ္ဂိုလ်တွေ နိုင်ငံရေး ခေါင်းဆောင်တွေ ဘာသာ ရေးခေါင်းဆောင်တွေ မျိုးစုံနေတဲ့ ရုပ်ပုံပေါင်း များစွာထဲမှာ ဗုဒ္ဓပုံတော်ဟာ အံ့သြစရာ အကောင်းဆုံးပုံတစ်ခုဆိုတာကို အိန္ဒိယဝန်ကြီးချုပ် နေရူးက ပြောခဲ့ပါတယ်။

အနှစ်ကိုးပါး(အပိုင်း-၂၁)ဖော်ပြပါဦးမည်။

16 October 2009

ဆုတောင်း ၆မျိုး (အပိုင်း-၃)



အရှင်အာနန္ဒာလျှောက်ထားပြီ
''ဘဂဝါ-ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ သိတကာရဏံ-ပြုံးရွှင်တော်မူခြင်းရဲ့ အကြောင်းကို၊ ပါတုကရောတု-ထင်ရှားအောင်ပြုတော်မူပါဘုရား''လို့ အရှင်အာနန္ဒာမထေရ်က ဘုန်းခြောက်ပါးသခင် ကိုယ်တော်မြတ်ကို လျှောက်ထားခဲ့တယ်။
အဲဒီလိုလျှောက်တော့ မြတ်စွာဘုရား ကိုယ်တော်မြတ်ကမြေကွက်ကြီးကြည့်ပြီး ရုတ်တရက်မဖြေသေးဘူး။ ပြုံးနေတယ်၊ ဖြူတဲ့ရောင်ခြည်တော်တွေကလည်း ထွက်ဆဲဘဲ။ အဲဒါ အရှင်အာနန္ဒာက ဘာကြောင့်ပြုံးသလဲ လျှောက်တော့...
ငါဘုရားရဲ့ ထံတော်ပါး၌ ခစားလိမ္မာ ညီဘွားအာနန္ဒာ... ဟောဒီမှာ မည်းနက်နေတဲ့မြေကွက်ကြီးကို ရှုလော့။ ချစ်သားအာနန္ဒာ... မည်းနေတဲ့မြေကွက်ကြီးကို ကြည့်စမ်း။ မည်းနေတဲ့မြေကွက်ကြီးဒီမှာရှိတယ်။ အဲဒါ ကြည့်စမ်းဆိုတော့ အရှင်အာနန္ဒာက ကြည့်လိုက်တယ်။ အပေါ်မှာ အဖြူတွေ လွှမ်းထားတယ်။


အတိတ်အကြောင်း တစေ့တစောင်း

ဟောဒီနက်နေတဲ့ မြေကွက်ပေါ်မှာ အတိတ်ဝေးစွာ ဟိုးရှေးခါတုန်းက ငါဘုရားရှင်ကိုယ်တော်မြတ်သည် ဘုရားလောင်းဖြစ်တဲ့ကာလ ဒီနေရာမှာ ကဏှရသေ့ဖြစ်ခဲ့ ဘူးပြီလို့ ဘုရားရှင်ကိုယ်တော်မြတ်သည် အရှင်အာနန္ဒာ မထေရ်ကို မိန့်ကြားတော်မူခဲ့ပါတယ်။
အတိတ်ဝေးစွာ ဟိုရှေးအခါတုန်းက ဒီနေရာမှာ ငါဘုရားရှင်ကိုယ်တော်မြတ်သည် ကဏှရသေ့ဖြစ်ဘူးပြီ၊ အဲဒီမည်းတဲ့မြေကွက်ပေါ်မှာ ဘုရားလောင်းဘာဖြစ်ဘူး သလဲ? ရသေ့မည်းကြီးဖြစ်ဘူးတယ်။
အဲဒီတုန်းက ဒီနေရာဟာ ဟိမဝန္တာလို့ခေါ်တဲ့ င်္ဆီးနှင်းခဲတဲ့အရပ် ဖြစ်တယ်၊ အခုအဲဒီ ကဏှရသေ့နေသွားတဲ့ နိဂြောဓာရုံကျောင်း ဆိုတဲ့နေရာဟာ ဆီးနှင်းခဲဘို့မဆိုထား နဲ့ နွေရာသီ တန်ခူးကဆုန်ဆိုလျှင် အရမ်းပူပြင်းလှတယ်။ ဘာဖြစ်လို့လဲဆိုတော့ သစ်တောတွေ အကုန်ပြုန်းတီးသွားပြီ၊ အဲဒီနိဂြောဓာရုံကနေမြောက်ဘက်ကို (၁၅)မိုင် မိုင်(၂ဝ) လောက်သွားမှ သစ်တောအစလေး နည်းနည်းတွေ့တယ်၊ ရှေးတုန်းကနှင်းခဲတဲ့နေရာဖြစ်တယ်။
အဲဒီတော့လွန်ခဲ့တဲ့နှစ်(၂၅ဝဝ)က အဖြစ်အပျက်ဟာ ဒီကနေ့မှာ ဒီလောက်ပြောင်းလဲသွားရင် နောင်အနာဂတ်နှစ်(၂၅ဝဝ)ကို ကြိုကြည့်လိုက်စမ်းပါ၊ ကမ္ဘာကြီးဘယ် လောက် ခြောက်သွေ့သွားမလဲဆိုတာ သစ်တောတွေ သစ်ပင်တွေ အကုန်ခုတ်ပြစ်တော့ မိုးတွေကလည်း မရွာတော့ဘူး၊ နှင်းတွေလည်း မကျတော့ဘူးဆိုရင် ဟောဒီမြေ ကြီးမှာ မီးဟုန်းဟုန်းတောက်လောက်အောင် ပူပြီးတော့ ကြောက်စရာကောင်းတဲ့ အနေအထားဖြစ်လာဖို့ သေချာ သလောက်ရှိတယ်။

အသက်လေးရယ်တဲ့ရှည်စေလို
ဒါကြောင့် အသက်ရှည် အနာကင်း ကျန်းမာခြင်း နှင့် ပြည့်စုံဖို့ဆိုပြီး ရှေးလူကြီးတွေက သစ်ပင်စိုက်တာကို အထူးအားပေးတယ်၊ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က လည်း သစ်ပင်စိုက်တာကို အထူးအားပေးတယ်၊ သစ်ပင် စိုက်ပျိုးခြင်းနှင့်ပတ်သက်တဲ့ တရားတွေကိုလည်းပဲ ဘုရား ဟောပြတော်မူတယ်။ အသက်ရှည်ချင်ရင်, အနာကင်းချင်ရင် ဘာလုပ်ကြမလဲ သစ်ပင်စိုက်ကြ။
''အာရာမရောပါ ဝနရောပါ ယေ ဇနာ သေတုကာရကာ၊ တေသံ ဒိဝါစ ရတ္တောစ သဒါ ပုညံ ပဝဍ္ဎတိ''။
သစ်ပင်စိုက်ခြင်း, ဥယျာဉ်ပြုပြင်ခြင်း တံတား ဖောက်ခြင်း, လမ်းခင်းခြင်းဆိုတဲ့ ဒီကောင်းမှုတွေဟာ နေ့ရောညရော ကုသိုလ်တွေထာဝရတိုးပြီးတော့ အသက်ရှည်ခြင်း ကျန်းမာခြင်း ဖြစ်နိုင်တယ်။ 'ဝနရောပ' သုတ္တန်မှာ သစ်ပင်စိုက်ခြင်းကို ဟောထားတာရှိတယ်။

ဘက်စုံထူးချွန်သူ
အဲဒီတော့ ဘုန်းကြီးတို့ဘုရားက သိပ်အံ့သြဖို့ ကောင်းတယ်နော်။ တခါတလေကျတော့လည်း ဆေး အကြောင်း ဟောတော်မူတယ်။ တခါတလေကျတော့လည်း ရေအကြောင်း ဟောတော်မူတယ်။ တခါတလေကျတော့လည်း သစ်ပင်စိုက်ခြင်း အကြောင်း ဟောတော်မူတယ်။
ခုဒီမှာကြည့်၊ သစ်ပင်စိုက်ခြင်းအကြောင်းကို ဟောတယ်၊ ဘုန်းကြီးတို့ဘုရားက တကယ့်ဘက်စုံတတ်ကျွမ်းတဲ့ဘုရား။ ခုလူတွေက ဘက်စုံတာဆိုတာပြောနေ ကြတယ်၊ မစုံတာက များနေတယ်၊ ရေအကြောင်းပြော တတ်တဲ့လူတွေက ဆေးအကြောင်းမပြောတတ်ဘူး။ ဆေး အကြောင်းပြောတတ်တဲ့ သူတွေက ရေအကြောင်း မပြောတတ်ဘူး။
ဘုရားက ဆေးလည်းသိ၊ ရေလည်းသိ၊ သစ်ပင် လည်းသိ၊ ဘာမဆိုအကုန်သိ၊ ဘုရားက တကယ်စုံတာ၊ အားလုံးဘက်စုံချင်ရင်လေ ဘုရားနည်းကို လေ့လာကြ။
အခုနိဂြောဓာရုံ ကျောင်းတော်ကြီးနေရာဟာ ရှင်းသွားပြီ။ ဘာသစ်ပင်မှမရှိတော့ဘူး၊ ပူလိုက်တာ၊ ဟိုတုန်းက ဆီးနှင်းခဲတဲ့အရပ်၊ နိဂြောဓာရုံဆိုတာ အုတ်ခုံအုတ်ရိုးလေးတွေနဲ့ လွမ်းစရာဆွေးစရာ ဖြစ်နေတယ်။ သစ်ပင်တွေ ပြောင်လို့၊ ကုလားတွေ နွားကျောင်းနေတဲ့နေရာကြီး ဖြစ်နေပြီ။ အဲဒီနေရာမှာ မြတ်စွာဘုရားက ''ဟေ့.. ငါရသေ့ လုပ်ပြီး တရားကျင့်ဘူးတယ်''လို့ မိန့်တော်မူတယ်။

အကျယ်ချဲ့ကာ ဟောကြားပါ
အဲဒီလိုပြောတော့ ရှင်အာနန္ဒာက ''ဒီလောက်နဲ့ တော့မပြည့်စုံသေးဘူး မြတ်စွာဘုရား၊ အပြည့်အစုံဟောပြပါ၊ တပည့်တော်တို့ နားထောင်ပါရစေ''လို့ လျှောက်တယ်။လမ်းလျှောက်ရင်း ညနေစောင်းလေးမှာ ''ချစ်သားအာနန္ဒာ နေရာခင်းလော့''လို့ မိန့်တော်မူတယ်။
ရှင်အာနန္ဒာမထေရ်က မြတ်စွာဘုရားရှင်ကိုယ် တော်မြတ်ရဲ့ နှစ်ထပ်သင်္ကန်းကြီးကို လေးခေါက်ခေါက်ပြီးတော့ ခင်းပေးတော်မူတယ်။ ချုပ်ထားတဲ့ နှစ်ထပ်သင်္ကန်း ကို လေးခေါက်ခေါက်လိုက်ရင် (၈)ထပ်ရမယ်၊ ထိုင်တဲ့နေရာမှာ ထူထူထဲထဲလေး ဖြစ်ချင်တဲ့သဘော။
ဘုန်းကြီးတွေ အိမ်ပေါ်ကြွလာရင် ''ကြွပါဘုရား၊ ထိုင်ပါဘုရား''လို့လျှောက်ထားရင် ထိုင်လဲထိုင်လိုက်ရော ''စောင်လေးမှ မခင်းလိုက်ရသေးဘူး၊ ထပါဦးဘုရား''တဲ့၊ သူတို့ထိုင်ဆို ထိုင်ရ၊ ထဆိုထရတယ်၊ တောမှာဆိုရင်တော့ စောင်လေးဘာလေး ခင်းပေးတယ်။
မြို့ပေါ်မှာကျတော့ ကုလားထိုင်က အဆင့်သင့်ရှိတယ်၊ ခုတော့ ဘုရားရှင်ဟာ ကျွန်းပင်အောက်က မြေမည်း ကြီးပေါ်မှာထိုင်ရတာ၊ နှစ်ထပ်သင်္ကန်းကြီးကို လေးခေါက် ခင်းပြီးတော့ ထိုင်တယ်၊ အပန်းဖြေနားနေတော်မူပြီးမှ တရားကိုဟောတော်မူတယ်။

အပိုင်း-(၄) မျှော်

14 October 2009

သီတဂူစတား ဓမ္မဒူတမှတ်တမ်း(အပိုင်း-၂)



ဇာတ်နိမ့်တို့၏ဘဝများ
ဇာတ်နိမ့်အနွယ်မှ မွေးဖွားလာသူမှန်သမျှသည် မည်မျှပင် ပညာတတ်၊ စည်းစိမ်ဥစ္စာကြွယ်ဝစေကာမူ ဇာတ်နိမ့်ပင်ဖြစ်ရသည်၊ ဇာတ်နိမ့် မှတ်ပုံတင်ကိုင်ဆောင်ရသည်၊ဇာတ်နိမ့်မှ မွေးဖွားလာသူများသည် ပြည်သူပိုင် စာသင်ကျောင်းများတွင် တက်ရောက်ပညာ သင်ကြားခွင့်မရှိ၊ အများသုံး ရေတွင်း ရေကန်များကို အသုံးပြုခွင့်မရှိ၊ ဟိန္ဒူဘုရားကျောင်းများသို့ ဝင်ထွက်သွားလာခွင့်မရှိ။ ရွှေ၊ ငွေ တန်ဆာဆင်ယင်ခွင့်၊ အဝတ်အစား တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ခွင့်၊ ကျွဲ နွားများစွာ ပိုင်ဆိုင်ခွင့်မရှိပေ။ ထို့ပြင် မြို့တွင်း မြို့လယ်နေထိုင်ခွင့်နှင့် လုပ်ငန်းလုပ်ပိုင်ခွင့်များလည်း မရှိပေ။ အောက်ထစ်ဆုံး ဆတ္တာသည်(ဆံပင်ညှပ်) အလုပ်ကိုပင် ပြုလုပ်ခွင့် မရှိပေ။ ထို့ကြောင့် ဇာတ်နိမ့်များသည် မြို့စွန်မြို့ဖျားနှင့် ကျေးလက်ဒေသများတွင်သာ အခြေချနေထိုင်ကြရပြီး လယ်ယာ ကိုင်းကျွန်းလုပ်ငန်းများ၊ အစေခံလုပ်ငန်း၊ အမှိုက်ကျူံး၊ တံမျက်လှည်း၊ မစင်စွန့် အောက်ခြေလုပ်ငန်းများကိုသာ လုပ်ကိုင် အသက်မွေးကြရသည်။

ဘဝပျောက်နေသော ဘဝများ
ဇာတ်နိမ့်များသည် ဇာတ်မြင့်ဆိုသူများ၏ လက်နက်သဖွယ် အမျိုးမျိုး အသုံးချမှုကို ခံရသည်။ ဇာတ်မြင့်များသည် ဇာတ်နိမ့်များကို တိရစ္ဆာန်ကဲ့သို့ သဘောထားဆက်ဆံသည်။ ထိုကဲ့သို့သော ဖိအားများကြောင့် ဇာတ်နိမ့်အများစု၏ ဘဝသည် မှေးမှိန် ပျောက်ကွယ်နေတော့သည်၊ အနှိမ်ခံဘဝဖြင့် အနေကြာလာသောအခါ စိတ်ဓာတ်ခွန်အားများ နိမ့်ဆင်းကျလာကြသည်။ အမြဲတစေ အသာစီးရနေသော ဇာတ်မြင့်များကို ဘဝ၏ အရှင်သခင် ကျေးဇူးရှင်များအဖြစ်ထင်မှတ် လာကြသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့ပြီး ဘဝကို ဘယ်လိုမြှင့်တင်ရမည်ဆိုတာကို မသိသကဲ့သို့ မြင့်မားအောင်ပြုလိုစိတ်များလည်း မရှိဖြစ်လာကြသည်။ သူတို့ဘဝကို သူတို့မပိုင် ဆိုင်ကြဟု စွဲမြဲထားရကား ကြိုးစားချင်စိတ်ပင်မရှိတော့ပေ။ ဒေါက်တာအမ်ဘေဒကာလက်ထက်တွင် နိမ့်ကျနေသော ဇာတ်နိမ့်များ၏ စိတ်ဓာတ်ကို မြှင့်တင် ပြောင်းလဲပေးနိုင်ခဲ့သည်။

ဒေါက်တာအမ်ဘေဒကာငယ်စဉ်ဘဝ
ဒေါက်တာ အမ်ဘေဒကာ အထက်တန်းကျောင်းသားဘဝက ဖြစ်သည်။ အတန်းထဲတွင် စာသင်နေခိုက် ဆရာက ကျောင်းသား အမ်ဘေဒကာကို black board ( စာသင်ဘော) တွင် သင်္ချာတွက်ပြရန် လှမ်းခေါ်လိုက်သည်။ ကျောင်းသား အမ်ဘေဒကာ စာသင်ဘောနားအရောက် (ဇာတ်မြင့်) ကျောင်းသားများ၏ တပြိုင်တည်း ဝိုင်းဝန်း အော်ဟစ်ခြင်းကို ခံရသည်။ အကြောင်းကား စာသင်ဘောနောက်ဘေးမှာ သူတို့ရဲ့ထမင်းဘူးများရှိနေသောကြောင့်ဖြစ်သည်၊ ဇာတ်မြင့်ဆိုသူများသည် ဇာတ်နိမ့်များ မိမိတို့၏ အစားအသောက်အနား ရောက်လာခြင်းကို များစွာရွံရှာကြသည်။

နွားလှည်းခရီး
တစ်နေ့သောအခါ အမ်ဘေဒကာနှင့် အစ်ကိုဖြစ်သူတို့ ဖခင်ရှိရာသို့ နွားလှည်းငှါး၍ သွားကြသည်။ လမ်းခုလတ်တွင် သူတို့၏ အင်္ဂရုပ်ကို ဖတ်မိသွားပြီး ဇာတ်နိမ့်တွေဟု ဆဲဆိုကာ နွားလှည်းသမား၏ လှည်းပေါ်မှ ကန်ချခြင်းကို ခံရသည်။ နောက်ထပ် လှည်းတစ်စီးကို နှစ်ဆပေးပြီး ငှါးပြန်သည်။ သို့သော် လှည်းသမားက သူတို့ ညီအစ်ကို နှစ်ယောက်ကို ရွံသည်ဟုဆိုကာ လှည်းနောက်မှ ခြေလျင်လိုက်လာခဲ့သည်၊ လမ်းတစ်လျှောက်တွင် သူတို့ညီအစ်ကို နှစ်ယောက် ရေမသောက်ရ၊ အများပိုင် ရေတွင်း ရေကန်များကို တွေ့သော်လည်း ထိုရေတွင်းရေကန်တို့သည် သူတို့လို ဇာတ်နိမ့်တွေနှင့် မသက်ဆိုင်ပေ။

တက္ကသိုလ်ကျောင်းဆရာဘဝ
အမ်ဘေဒကာသည် အဆင့်မြင့် ဘွဲ့များစွာကို ရပြီးသော်လည်း အလုပ်ရဘို့ရန်အတွက် အခက်အခဲများစွာနှင့် ကြုံတွေ့ရပြန်သည်။ အလုပ်ဌာနများသည် ဇာတ်နိမ့်များကို အလုပ်မပေးချင်ကြ။ မှတ်ပုံတင်တွင် ဇာတ်နိမ့်ဟု မြင်သည်နှင့် တပြိုင်နက် နေရာမှ အမြန်ဆုံး မောင်းထုတ်ကြတော့သည်။ တခါက ဘုံဘေမြို့ရှိ တက္ကသိုလ်တစ်ခုတွင် ဆရာအဖြစ်ဝင်လုပ်သည်၊ တက္ကသိုလ်က နေစရာ အဆောင်ပေးသော်လည်း ဇာတ်မြင့်ကျောင်းသားများ၏ ဝိုင်းဝန်း ကန့်ကွက်မှု့ကြောင့် အဆောင်မရဖြစ်ခဲ့ရသည်၊ တက္ကသိုလ်အနီးနားက အိမ်ခန်းတစ်ခုကို ငှါးနေပြန်သော်လည်း အနှောက်အယှက် အမျိုးမျိုးပေးလာကြပြန်သည်ဖြစ်၍ မဖြစ်သာသည့်အဆုံး တက္ကသိုလ်ကျောင်းဆရာ အလုပ်မှ နှုတ်ထွက်ခဲ့ရသည်။

(အပိုင်း-၃) မျှော်

12 October 2009

စာမေးပွဲဖြေဆိုစဉ် (အပိုင်း-၂)




B.A (ဘီအေ) တန်း
စစ်ကိုင်းမြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်အတွက် ရဟန်းတော်များ၊ သီလရှင်ဆရာလေးများနှင့် ကျောင်းသား၊ ကျောင်းသူများသည် ဘီအေ B.A တန်း ပထမ semester စာမေးပွဲများကို ဖြေဆိုနေကြသည်။

မှတ်ချက်။ ။ ဘီအေ (B.A) တန်းတွင် မထမနှစ်မှ စတုတ္ထနှစ်အထိ အတန်း ၄ တန်းရှိပါသည်။

စာမေးပွဲဖြေဆိုစဉ် အပိုင်း(၁)



ဒီပလိုမာ (Diploma) တန်း

စစ်ကိုင်းမြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်အတွက် ရဟန်းတော်များ၊ သီလရှင်ဆရာလေးများနှင့် ကျောင်းသား၊ ကျောင်းသူများသည် အင်္ဂလိပ်စာ ဒီပလိုမာနှင့် ဗုဒ္ဓဓမ္မဒီပလိုမာတန်း ပထမ semester စာမေးပွဲများကို ဖြေဆိုနေကြသည်။

မှတ်ချက်။ ။ ဒီပလိုမာတန်းတွင် Elementary(အခြေခံ)တန်း၊ Intermediate (အလယ်)တန်းနှင့် Advanced level (အထက်) တန်းဟူ၍ အတန်း ၃ တန်းသတ်မှတ်ထားပါသည်။

အနှစ်ကိုးပါး (အပိုင်း-၁၉)



အင်းဝခေတ်လက်ရာ ရှေးဟောင်းဆင်းတုတစ်ဆူ


ဗုဒ္ဓဟာ ရတနာ။ မြတ်သောသူတို့မှ ဖူးထိုက်တယ်။ ညံ့တဲ့ပုဂ္ဂိုလ်တွေ ဗုဒ္ဓရတနာကို မဖူးထိုက်ဘူး။ ဘုန်းကြီးတို့ ပရိသတ်များဟာ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ရှိလို့ အမြတ်ဆုံး ဖြစ်တဲ့ ဗုဒ္ဓရတနာကို ဒီကနေ့ ဖူးမျှော်ခွင့် ရနေကြတာ။ ညံ့တဲ့ပုဂ္ဂိုလ်တွေ ဗုဒ္ဓရတနာကို ဖူးမျှော်ခွင့် မရကြပါဘူး။
မြန်မာပြည်က ဘုရားဆင်းတုတော်ပေါင်း မြောက် မြားစွာဟာ ယိုးဒယားပြည် ဗန်ကောက်မြို့က ဆိုင်ကြီးတွေမှာ အများကြီး တွေ့ရတယ်။
ဘာလုပ်ဖို့ထားသလဲဆိုတော့ ရောင်းဖို့ ထည့်ထားတာ။ မြန်မာပြည်က ဘုရားဆင်းတုတော်တွေ အများကြီးပဲ။ ဘယ်သူတွေက ပို့လိုက်တယ်တော့ မသိဘူး။ ဟိုမှာတော့ ရောက်နေကြတယ်။
အဲဒီဘုရားဆင်းတုတွေ ရောင်းတဲ့ဆိုင်ကြီး တစ်ဆိုင်ကို ဘုန်းကြီးတို့ရောက်ခဲ့တယ်။ မိန်းကလေး ခပ်ငယ် ငယ်ရွယ်ရွယ်တွေက ဘုရားရောင်းနေကြတယ်။
ဘုရားဆင်းတုတစ်ဆူကို ဘုန်းကြီးက တော်တော်လေး ကြိုက်တယ်။ အဲဒီဘုရား ဆင်းတုတော်ဟာ ပလ္လင်ပေါ်က နေပြီးတော့ ခြေထောက်နှစ်ချောင်း လွှဲချပြီးတော့ ထိုင်နေတယ်။ ပလ္လင်ထက်ကနေပြီး လက်ယာဘက်လက် ကနေ လက်ဝဲဘက်လက်ရဲ့ လက်ခလယ်လေးကို ကိုင်ပြီးတော့ တရားဟောနေတဲ့ပုံပဲ။
ဒီပုံမျိုးဟာ မြန်မာပြည်မှာ အလွန်ရှားတယ်။ သစ်သား ဆင်းတုတော်ဘုရား ဟိုရောက်နေတယ်။ အဲဒါ ရောင်းဖို့ ဆိုပြီးတော့ ဆိုင်ပေါ်တင်ထားတယ်။
မုဒြာအနေနဲ့ဆိုရင် နှစ်ခု ပေါင်းထားတယ်။
၁။ ခြေထောက်ထိုင်ဟန်ကိုကြည့်လျှင် ''အာစန မုဒြာ''၊
၂။ လက်ရဲ့ဟန်ကိုကြည့်လျှင် ''ဓမ္မစက္ကမုဒြာ'' ဖြစ်နေတယ်။
မုဒြာနှစ်မျိုး ပေါင်းထားတဲ့ဘုရား။ ဘယ်လောက် မြင့်သလဲဆိုလို့ရှိရင် သုံးပေခွဲလောက်မြင့်ပါတယ်။ ထိုင် ကိုယ်တော်ကလေး အလွန်သပ္ပါယ်တယ်။ အဲဒီဘုရားကို ရောင်းဖို့တဲ့။ လက်ရာကိုကြည့်လိုက်လို့ရှိရင် အင်းဝခေတ် စောစောပိုင်းက လက်ရာမျိုးဆိုတာ မှန်းကြည့်ပြီး သိနိုင်တယ်။

ဈေးသည်မလေး နှစ်ယောက်ကြားက ဗုဒ္ဓဆင်းတုတော်
အဲဒီဘုရားဆင်းတုတော်ကို ဘယ်လောက်နဲ့ ရောင်းမှာလဲလို့ မေးကြည့်တော့ ယိုးဒယားဘတ်ငွေ ရှစ်ထောင်နဲ့ ရောင်းမယ်တဲ့။ ဘုရားရောင်းပြီးတော့ ချမ်းသာနေလိုက်ကြတာ။
ဒီကပုဂ္ဂိုလ်တွေက အဲဒီဘုရားပို့လိုက်တာ ဘယ်လောက်ရတယ်တော့ မသိဘူး။ ဟိုမှာတော့ ယိုးဒယားငွေ ရှစ်ထောင်နဲ့ရောင်းမယ်တဲ့။
ဘုန်းကြီးက ယိုးဒယားဘတ်ငွေ နှစ်ထောင် လောက်နဲ့ မရဘူးလားလို့ ဈေးဆစ်ကြည့်တယ်။ ယိုးဒယား မှာ ဈေးဝယ်ရင် အဲဒီလောက်ဆစ်နိုင်မှ တော်ရုံကျတာ။ အလွန်ဈေးဆိုကြတယ်။ ဘတ်ငွေနှစ်ထောင်လောက်နဲ့ မရဘူးလားလို့ ဈေးဆစ်တယ်။
အဲဒီဘုရားလေးကို ဖြစ်များ ဖြစ်နိုင်ရင် ဝယ်ပြီးတော့ မြန်မာပြည် ပြန်သယ်လာချင်တယ်။
အဲဒီမိန်းကလေး နှစ်ယောက် ဘုန်းကြီးတို့ ဘေးနား တစ်ဘက်တစ်ယောက် လာရပ်ပြီးတော့ အဲဒီဘုရားကို သူတို့က ရှေ့နား ဆွဲပို့ပြီးတော့ တစ်ယောက်က လက်လေး ကိုင်လို့။ တယောက်သော မိန်းကလေးက ဘုရားရဲ့ခေါင်းက သျှောင်ကလေးကို ကိုင်လို့။ အဲဒါ ဟိုဘက်လှည့်လိုက်၊ ဒီဘက် လှည့်လိုက်၊ ဟိုဘက်ပွတ်လိုက်၊ ဒီဘက်ပွတ်လိုက်နဲ့ မတ်တတ်ရပ်ပြီးတော့ ဘုန်းကြီးတို့နဲ့စကားပြောတယ်။

ဒီတော့ဘုန်းကြီးက ''နင်တို့တွေ ဗုဒ္ဓဘာသာတွေ မဟုတ်ဘူးလား''လို့ မေးလိုက်တော့ တစ်ယောက်က ဗုဒ္ဓဘာ သာ။ တစ်ယောက်က ခရစ်ယာန်တဲ့။ ဒီတော့ ဘုန်းကြီးတို့ ဘုရားကတော့ အဲဒီလိုအဖြစ်မျိုး ရောက်နေတယ်။
တကယ်ကျတော့ ဥရောပတို့ အမေရိက တို့က အဲဒီဘုရားဆင်းတုတွေကို ဝယ်သွားမယ်ဆိုရင် ဟိုမှာ သူတို့ က တကယ်ကို ရှိခိုးပူဇော်ဖို့ ဝယ်သွားလိမ့်မယ်လို့လဲ ကျိန်း သေကြီး မတွက်ကြပါနဲ့။

တောထဲတောင်ထဲမှ တိုင်းပြည်တစ်ခု
ထပ်မံပြီးတော့ ပြောပါဦးမယ်။ နီပေါ တိုင်းပြည်မှာ ခတ္တမန္ဒူမြို့ကနေပြီးတော့ အနောက် ကီလိုမီတာ ၂၄ဝ- လောက် ကွာဝေးတဲ့ ပေါက္ခရဆိုတဲ့မြို့ကို ဘုန်းကြီးတို့ရောက် ခဲ့တယ်။ တောင်တန်းကြီးတွေရဲ့အကြားမှာ ရေကန်ကြီးတွေ ရှိတယ်။ ရေကန်ကို ''ပေါက္ခရ''လို့ခေါ်တယ်။
အဲဒီမြို့မှာ ခရစ္စတင်းလို့ခေါ်တဲ့ ဟိုတယ်ကြီးတခု ရှိပါတယ်။ ဟိုတယ်ပိုင်ရှင်ဒကာကြီးက ဗုဒ္ဓဘာသာပါပဲ။ ခတ္တမန္ဒူမှာ ဘုန်းကြီးတို့တရားဟောတော့ တရားနာပြီး အဲဒီ ဒကာကြီးက ကြည်ညိုတယ်။ ''တပည့်တော်ရဲ့ ဟိုတယ်ကို တစ်ညလောက်ြ<ွကရောက်ပြီးတော့ ချီးမြှောက် ကုသိုလ်ပြုချင်လို့ပါ''ဆိုတော့ ဘုန်းကြီးတို့ လိုက်သွားတယ်။ ခတ္တမန္ဒူကနေ ကီလိုမီတာ ၂၄ဝ-လောက်သွားရတယ်။ တောတွေတောင်တွေထဲမှာချည်း တစ်လျှောက်လုံး သွားရတယ်။ နီပေါနိုင်ငံဟာ တောထဲတောင်ထဲမှာ တည်ရှိတဲ့ တိုင်းပြည်ပါ။ ဟိမဝန္တာတောင်တန်းထဲမှာလို့ ဆိုနိုင်ပါတယ်။ ရောက်သွားတော့ ဟိုတယ်ပိုင်ရှင် ဒကာကြီးက ''သူ့ ဟိုတယ်မှာ တစ်ညတာ တည်းခိုပါ။ သူ ဆွမ်းကပ်မယ်၊ ပြုစုမယ်၊ ဟိုတယ်မှာ ပရိတ်ရွတ်ပေးပါ''လို့ သူက လျှောက်တယ်။ ထိုတောင်တန်းကြီးတို့တွင် ဟိုတယ်ရဲ့ မြောက်ဘက် ပေါက္ခရမြို့(တောင်တန်းကြီးတွေရဲ့ အကြားမှာ ရေကန်ကြီးတွေရှိတဲ့မြို့)ရဲ့ မြောက်ဘက် ၁၂-မိုင်လောက် ကွာဝေးတဲ့အရပ်မှာ ကောင်းကင်ကို ထိုးပြီးတော့ ချွန်ချွန်ကြီး ထွက်နေတဲ့ မြန်မာပြည်က ဇင်းကျိုက် တောင်နဲ့ ခပ် ဆင်ဆင်တူတဲ့ တောင်ချွန်ကြီး တစ်ခုရှိတယ်။ အဲဒီတောင်ကြီးတစ်ခုလုံး အခြားတောင်တွေရဲ့ အပေါ်မှာ ထိုးထွက်နေတဲ့ အပိုင်းကြီး တစ်ပိုင်းလုံးဟာ ဖြူဖွေးပြီးတော့ နေပါတယ်။ ဆီးနှင်းတွေဟာ အကုန်လုံး ခဲပြီးတော့ နေတယ်။ အဲဒီတောင်ကြီးကို ခရစ္စတင်းတောင် လို့ သူတို့ခေါ်ကြတယ်။ ဒီတောင်ကြီးရဲ့အမည်ကို အစွဲပြုပြီး သူ့ဟိုတယ်ကို နာမည်ပေးထားတယ်။ ဘုန်းကြီးတို့ ရောက်သွားတော့ ညနေစောင်း ၃-နာရီ လောက်ပေါ့။ ချမ်းလိုက်တာလဲ လွန်ရော။ အဲဒါနဲ့ ခြေအိတ်ရော လက်အိတ်ရော ခေါင်းစွပ်ရော အကုန်လုံး စွပ်ထားရတယ်။ နှစ်ထပ်သင်္ကန်းလဲ ပါသေးတယ်။ အအေးဓာတ်လွန်ကဲတော့လဲ ဆွယ်တာဝယ်
နီပေါတိုင်းပြည်က ဘုန်းကြီးတွေ အကုန်လုံးပဲ ဆွယ်တာအင်္ကျီလက်ရှည်ကြီးတွေကို ဝတ်ရတယ်။ ဧကသီသာ ချွတ်ပြီးတော့ ချထားမယ်ဆိုလို့ရှိရင် အဲဒီကိုယ်တော် ကြီးတွေကို ဘယ်သူကမှ ဘုန်းကြီးလို့ထင်မှာ မဟုတ်ဘူး။ ဆွယ်တာ အင်္ကျီတွေနဲ့ချည်းပဲ။
အဲဒီတော့လဲ ဘုန်းကြီးတို့လဲ ရောက်သွားရော နီပေါက ဆွယ်တာအင်္ကျီတွေ ဝိုင်းလှူကြတာ၊ ဆွယ်တာအင်္ကျီ ၄-ထည်လောက် ဘုန်းကြီး ရလိုက်တယ်။ ညချမ်းကာလကျရင် ချမ်းလွန်းလို့ တစ်မိုက်လောက်ရှိတဲ့ ဂွမ်းကပ်ကြီးတွေ အပေါ်ကနေထပ်ခြုံတာတောင်မှ အရုဏ်တက် ၄-နာရီလောက်ဆိုရင် ဖောက်ပြီးတော့ စိမ့်ပြီးတော့ အအေးဓာတ်က ဝင်လာတယ်။
အအေးဓာတ်ဝင်လာတော့ အဲဒီဆွယ်တာကြီး တွေကို ဝတ်ပြီးတော့ အိပ်မလို့ ကြိုးစားကြည့်လိုက်တယ်။ ပြည်မြို့ဗာရာဏသီဆရာတော်ကို လှမ်းကြည့်လိုက်တော့ ဆရာတော်က အကုန်လုံးဘေးမှာ ပုံထားတယ်။ တစ်ထည်မှ မဝတ်ဘူး။
''ဆရာတော်မဝတ်ဘူး။ ငါက အဲဒါသွားဝတ်လို့ ရှိရင် ဆရာတော်ကတော့ ပြောတော့မှာပဲ၊ လူ့အသုံး အဆောင် ပစ္စည်းတွေကို သုံးရကောင်းလား''လို့ ပြောတော့ မှာပဲ။ ဒီလိုတွေးလိုက်မိတယ်။ အဲဒါကြောင့် အသာ ဘေး နား ချထားလိုက်ရတယ်။
နောက်တော့ မနေနိုင်တော့ဘူး။ ဒီအတိုင်းနေလို့ ကတော့ မဖြစ်ဘူးဆိုပြီး ဘယ့်နှယ်လုပ်ရတုန်းဆိုတော့ ဆွယ် တာ အင်္ကျီကြီးတွေကို လက်တွေ အကုန်ဖြတ်ပြီးတော့ တစ်ခြမ်းကိုဖဲ့။ ဖဲ့လိုက်တော့ မြန်မာပြည်က ဘုန်းကြီးတွေ ဝတ်တဲ့ အံသကိုဋ်ပုံဖြစ်သွားတာပေါ့။
ဆွယ်တာအင်္ကျီ တစ်ခြမ်းဖဲ့ပြီး ဝတ်လိုက်တော့ ဟို ဘက် တစ်ခြမ်းက ဆွယ်တာလွတ်နေပြန်ရော။ ဘယ်ဘက် ခြမ်းမှာ ပခုံးတင်လေး ပါလာပေမယ့် ညာဘက်ခြမ်းက ပခုံးချိတ်တဲ့ ဟာလေးမပါတော့ အေးနေပြန်တယ်။
အဲဒီတော့ မဖြစ်ချေဘူးဆိုပြီး နောက်တစ်ထည် ဖြတ်ပြီးတော့ အဲဒီလိုပဲ တခြမ်းပဲ့လေးဖဲ့။
ဖဲ့ပြီးတော့ ညာဘက်ပခုံးပေါ် တင်ပြီး တစ်ခြမ်း စွပ်လိုက်တော့ အံသကိုဋ်ကို စလွယ်သိုင်းပြီး တစ်ဘက် တစ် ခုစီ အဲဒီလို ဝတ်လိုက်တယ်။ အဲဒီတော့ မှ တော်တော်လေး နေသာထိုင်သာ ဖြစ်သွားတယ်။ အင်္ကျီတွေလဲ အကုန် ပျက် စီးသွားတယ်။
အံသကိုဋ်နှစ်ခု စလွယ်သိုင်းပြီး ဝတ်တော့မှ သင်းပိုင် တစ်ထည်နဲ့ တင်းနေအောင်ပတ်၊ အပေါ်က ဧကသီ ထူထူတင် ပြီးတော့မှ သက္ကလတ်သင်္ကန်းကို အပေါ် က နေခြုံ၊ ခေါင်းစွပ် ထူထူ စွပ်ပြီးတော့ အဲဒီလို ဘုန်းကြီးတို့ သွားကြရတယ်။

လှေကားရင်းမှာ တွေ့ရလို့ စိတ်မချမ်းသာပါ
ဒါကြောင့် တိဘက်တွေက ဘုန်းကြီးတို့ကို နောက်က ကြည့်ကြည့်ပြီးတော့ တိဘက် ကိုယ်တော်တွေလို့ ထင်ကြတာ။
ဟိုတယ်ရောက်တော့ ဆင်ဝင်အောက်မှာ မော်တော်ကား ထိုးဆိုက်လိုက်တယ်။ မော်တော်ကားပေါ်က ဆင်းလျှင် ဆင်းချင်း ဘုန်းကြီးတို့ တွေ့ရပါပြီ။ ဘုရား ဆင်းတုတော်တွေ။
ဟိုတယ်ရဲ့အောက်ထပ်ဟာ နိမ့်နိမ့် ကလေးပါပဲ။ မြေကြီးအထက် တစ်ပေလောက်ပဲ မြင့်တယ်။ လှေကားက ၂-ထစ်ရှိတယ်။
အဲဒီလှေကားထစ်ပေါ် တက်လိုက်တာနဲ့ တပြိုင် နက်တည်း လှေကားမုခ်ရဲ့ ဝဲဘက်ယာဘက်က အုတ်တိုင် များရဲ့ တိုင်ခြေရင်းမှာ မြန်မာအခေါ်ဆိုရင်တော့ ဖိနပ် ချွတ်လို့ခေါ်တဲ့ နေရာတွေမှာ ဘုရားဆင်းတုတော်တွေစီလို့။
အဲဒီမှာ ချထားတာ တွေ့ရတယ်။ ဂျိန်းစ်ဘုရား တွေရဲ့ ရုပ်ထုတွေကိုလဲ တွေ့ရတယ်။
ဟိုတယ်လှေကားတက်နားမှာ အဲဒီလို ချထားတာ တွေ့ရတော့ ဖိနပ်ကြီးနဲ့ အဲဒီနေရာလျှောက်ရတာ ခြေထောက်က အောက်က သမံတလင်းပေါ်ကို မချနိုင်ဘူး။ အောက်က စိမ့်ပြီးတော့ အေးနေတယ်။
ဒါနဲ့ပဲ ''စိတ်တော့ မချမ်းသာဘူးဘုရား၊ ဆင်းတု တော်တွေကို ဖိနပ်ချွတ်မှာ တွေ့နေရပြီ၊ ဒီဟိုတယ်ပိုင်ရှင် အဘိုးကြီးကိုတော့ ငါပြောဦးမှပဲ''လို့ ဘုန်းကြီး စိတ်ကူးထားတယ်။ ရုတ်တရက် ပြောလို့ကလဲ မဖြစ်သေးတော့ ပစ္စည်း တွေအကုန်ချ။ ချပြီးတော့ တည်းခိုရာအခန်းတွေ အကုန် လုံးပို့။
ပို့ပြီးတော့ ရေနွေးလေးသောက်။ သောက်ပြီးတော့ ဟိုတယ်ဝင်းထဲလမ်းလျှောက် ဟိုလှည့် ဒီလှည့်သွား၊ ခုနက ခရစ္စတင်းတောင်လို့ခေါ်တဲ့ ရေခဲတွေ ဖွေးနေတဲ့ တောင် ကြီးကို ဓာတ်ပုံရိုက်ပြီး မြက်ခင်းပြင်မှာ လမ်းလျှောက်တော့ အဘိုးကြီး ရောက်လာတယ်။
ရောက်လာပြီးတော့ ''ဆရာတော် မိုးလဲချုပ်ပြီ၊ အခန်း ထဲကြွပါတော့''တဲ့။ သူက လာလျှောက်တယ်။ အခန်း ထဲမှာ ဟိတာ (ံနအေနမ)(Heater) လွှတ်ထားတယ်။ အပူဓာတ်တွေ ပေးထားတယ်။
''ကောင်းပြီ ဒကာကြီး။ ဒါပေမယ့် နည်းနည်းတော့ လမ်းလျှောက်ချင်သေးတယ်''လို့ သူ့ကို စကားပြောချင်တာနဲ့ ဘုန်းကြီးက ပြောလိုက်တယ်။

(အပိုင်း-၂၀)မျှော်

11 October 2009

ဆုတောင်း ၆ မျိုး (အပိုင်း-၂)



သိကြားမင်းရဲ့လျှောက်ထားချက်
အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။
ဒီတော့ သိကြားမင်းက ''အရှင်ဘုရားလို အသားမည်းတဲ့ ရသေ့ကို မကြည်ညိုနိုင်ဘူး''လို့ ကဏှရသေ့ကို လျှောက်လိုက်တယ်။

ဟောတော်မူရာဌာန
ဘုရားရှင်သည် ဟောဒီကဏှဇာတ် အတ္ထုပ္ပတ် ဒေသနာတော်ကို သက္ကတိုင်း ကပိလဝတ်ရွှေမြို့တော်မှာ နေနေတုန်းက ဟောကြားတော်မူခဲ့ပါတယ်။
ကဏှရှင်ရသေ့ဆိုတာ မြတ်စွာဘုရားအလောင်းတော်ဘဲ။ မြတ်စွာဘုရားကိုယ်တော်မြတ် သက္ကတိုင်းရဲ့ မြို့တော် ကပိလဝတ် နိဂြောဓာရုံကျောင်းမှာ နေနေတုန်းက ဟောတော်မူခဲ့တယ်။
ဘုရားရှင်ရဲ့ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက နိဂြောဓဆိုတဲ့ ဥယျာဉ်ကြီးကို ကျောင်းတိုက်ကြီးတည်ပြီး ဘုရားကို လှူထားတာ။ အဲဒီနိဂြောဓာရုံကျောင်းဟာ ဟောတော်မူတဲ့ နေရာပါဘဲ။
နိဂြောဓာရုံကျောင်းမှာ ညနေစောင်းအချိန် အရှင်အာနန္ဒာ အရှင်အနုရုဒ္ဓါတို့ကိုခေါ်ပြီးမှ ကျောင်းမှာ အညောင်းပြေ မြတ်စွာဘုရားလမ်းလျှောက်တယ်။ ကျောင်းတိုက်ကို ကျွန်းတောကြီး ရှင်းပြီးတော့ တည်ထားတာ၊ အဲဒီကျွန်းတောထဲ လှည့်လည်လမ်းလျှောက်ရင်း ကျွန်းပင်ကြီးတစ်ပင်ရဲ့အောက်မှာ ဖျာလေးတစ်ချပ်စာလောက်ရှိတဲ့ မြေကွက်တစ်ကွက်ဟာ မည်းနေတာ။ လမ်းလျှောက်ရင်း မြတ်စွာဘုရားသွားတွေ့တာ။

ယနေ့နိဂြောဓာရုံ
ဒီကနေ့ ကပိလဝတ်မှာရှိတဲ့ နိဂြောဓာရုံကျောင်းကို ဘုန်းကြီးတို့ ရောက်သွားတော့ သွားသွားကြည့် တဲ့အခါ ကြတော့ကျွန်းပင်ဆိုလို့ မရှိတော့ဘူး။ အကုန်လုံးအမြစ်ပါ တူးပြီးတော့ ဘာတွေလုပ်ကြလဲ မသိတော့ဘူး၊ ဒီမှာလဲသစ်တောတွေ ပြုန်းပြုန်းကုန်တယ်ဆိုတာ အဲဒါဘဲ။
ဟိုမှာလဲအငုတ်ပါမကျန်ဘူး ကျွန်းပင်တွေပြောင် ပြုန်းပြီး ကွင်းကြီးတွေ ဖြစ်ကုန်တာ၊ ရှေးကတော့ကျားဆင် တွေအောင်းနေတာ။ ဘုရားလောင်းတရား ကျင့်တဲ့အခါ တုန်းကတောကြီးတွေဖြစ်တယ်။ အဲဒီတော့ ကျွန်းပင်ကိုလဲ မှတ်ဦး။ ပါဠိလိုခေါ်တာက''သာက''လို့ ခေါ်တယ်။ အဲဒီ ကျွန်းပင်တွေကို ရှင်းခုတ်ပြီးတော့မှ မြို့တည်တယ်။
အဲဒီမြို့တည်တဲ့နေရာကို ရှေးတုန်းက မြို့မတည် ခင်က ကပိလဆိုတဲ့ရသေ့က ကမ္မဋ္ဌာန်းကျောင်းလေး ဆောက်ပြီးတော့ တရားအားထုတ်သွားတယ်။ ကပိလရှင်ရသေ့၏ ကျောင်းနေရာမှာ တည်ဆောက်တာကြောင့် ''ကပိလဝတ္ထု''လို့ခေါ်တယ်။

သာကီဝင်ဆိုတာ
ကျွန်းတောကြီးရှင်းပြီးတော့ မြို့ကိုတည်ထောင်တယ်။ အဲဒီကျွန်းတောထဲမှာနေတဲ့ လူမျိုးတွေကို ''သာကိယ''လို့ခေါ်တယ်။ ကျွန်းပင်ကိုခေါ်တာက ''သာက'' ကျွန်းတောထဲနေတော့ ဒီလူမျိုးကို''သာကိယ''လို့ ခေါ်တယ်။ အေး...သာကိယမျိုး,သာကီဝင်မျိုးဆိုတာ ဘာမှမခက်ဘူး နော်။ ကျွန်းတောထဲနေတဲ့လူတွေကို ''သာကီဝင်''လို့ ခေါ်တာ။
မတောင်းတကလူတွေ သာကီဝင်ဖြစ်ချင်သလား လွယ်လွယ်လေး။ ကျွန်းပင်ကြီးတွေ ဝိုင်းနေအောင်စိုက်ထား လိုက်၊ အားလုံးသာကီဝင်ဖြစ်ဖို့ ကျွန်းပင်စိုက်ကြ၊ ခုတ်တော့မပစ်နဲ့၊ စိုက်ထား၊ အဲဒီတော့ ကျွန်းတောထဲနေရင် ''သာကီဝင်''ပဲ။ ကျွန်းတောထဲမှာ နေဖြစ်အောင်နေကြ။

ကောလိယမင်းမျိုး
ကလောတောထဲမှာနေတဲ့ လူမျိုးကြတော့ ''ကော လိယမင်းမျိုး''။ ဒါကြားဘူးတယ် မဟုတ်လား? ဒါဘုရား မျိုးတွေနော် ဘုရားရဲ့အဖေမျိုးက ကျွန်းတောထဲနေလို့ ''သာကိယ''။
အမေမျိုးက ကလောတောထဲနေလို့ ''ကောလိယ''၊ သာကိယနဲ့ကောလိယ အလယ်ခေါင်မြစ်ကလေး ပဲခြား တယ်။ ရေလုတဲ့စစ်ပွဲကြီးဖြစ်တယ်။

ဘုရားရှင်ပြုံးတော်မူ
အဲဒီတော့ ကျွန်းပင်တစ်ပင်အောက်မှာ မည်းနေ တဲ့ မြေကွက်ကြီး ဘုရားသွားတွေ့တော့ အဲဒီမြေကွက်ကြီးကို ဘုရားကြည့်ပြီးတော့ ဘုရားပြုံးတော်မူတယ်။ ဘုရားပြုံး တော်မူတော့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ သွားလေးတွေက ပေါ်လာတယ်၊ သွားပေါ်အောင်ပြုံးတယ်။ သွားလေးတွေက ပေါ်လာတော့ ဘုရားကမပြုံးလို့ရှိရင် တခါတလေ သွားမ ပေါ်ဘူး၊ ဘုရားပြုံးတော်မူပုံက အမျိုးမျိုး၊ တခါတရံ သွားပေါ်အောင်ပြုံးတာ၊ အသံထွက်အောင်ရယ်တာမျိုးတော့ ဘုရားမှာ တစ်သက်လုံးမရှိဘူး။
အဲဒါကိုကြိုက်ရင် လိုက်နာကျင့်သုံးကြ၊ အလွန့် အလွန် ရယ်ချင်တယ်ဆိုရင် မြတ်စွာဘုရားက သွားပေါ် အောင်ပဲပြုံးတာ၊ ဒါ အကောင်းဆုံး၊ တချို့ကျတော့ အမြဲတမ်းပြုံး နေကြသလိုဘဲ။
သူတို့သွားတွေက အမြဲတမ်းဘာဖြစ်လဲဆိုရင်တော့ ဘုန်းကြီးက အော်..သူတို့ဟန်ကြတော့ သူတို့များ အမြဲတမ်း ပြုံးနေကြတာပဲ။ ဒါ ပြုံးရွှင်တဲ့မျက်နှာဆိုတာ သွားလေးတွေ ပေါ်နေတာ။

ရောင်ခြည်တော်ခြောက်သွယ်
မြတ်စွာဘုရား ပြုံးတော်မူတော့ သွားတော်တွေ ပေါ်လာတဲ့အခါမှာ ဖြူတဲ့ရောင်ခြည် ထွက်တယ်။ မျက်လုံးမှာ ဖြူတဲ့အပိုင်းက ဖြူတဲ့ရောင်ခြည် ထွက်တယ်။ အရိုးကလည်း ဖြူသောရောင်ခြည် ထွက်တယ်။
ဝါသောရောင်ခြည်တော်ဆို အဆီပြင်ကြီးတွေ ကထွက်မှာ၊ အဆီက ဝါတာ၊ နီသောရောင်ခြည်တော်ဆို သွေးတို့, လျှာတို့, အာခေါင်တို့, နှုတ်ခမ်းတို့က ထွက်တယ်။
မည်းတဲ့ရောင်ခြည်တော်ဆို ဆံပင်မွှေးက ထွက်တယ်။ သူ့အရောင်နဲ့ သူ့နေရာနဲ့ ဒီလိုထွက်နေတာ၊ ပေါင်းလိုက်တော့ ရောင်ခြည်တော်က ခြောက်မျိုးဖြစ်သွားတယ်၊ အခုပြုံးတော်မူတော့ သွားတွေက ဖြူသောရောင်ခြည် တော်ထွက်တယ်။ မည်းနေတဲ့မြေကွက်ကြီးပေါ်မှာ နွားနို့ အိုးကြီး မှောက်သွန်လိုက်သလိုဘဲ ဖြူသွားတယ်။
အဲဒါ ဘုရားနားက လိုက်လာတဲ့ အရှင်အာနန္ဒာ က ကြည့်ပြီးတော့ ဒီမှာမည်းနေတဲ့ မြေကွက်ကြီးပေါ်မှာ နွားနို့အိုးကြီးများ လောင်းသွန်းသလို ဖြူသွားတာဘဲ။ ဧကန္တ ဒီဖြူသောရောင်ခြည်တော်ဟာ မြတ်စွာဘုရားရဲ့ သွားတော် များကထွက်တာ။ ဘုရားကိုယ်တော်မြတ် ပြုံးတော်မူလို့ သွား ပေါ်တာ၊ သွားတော်ပေါ်လို့ ဖြူတဲ့ရောင်ခြည်ထွက်တာ။

(အပိုင်း-၃)မျှော်

10 October 2009

ဝါကျွတ်ပွဲတော်ကို မူဆလင်များ တိုက်ခိုက်သဖြင့် ဗုဒ္ဓဘာသာဝင်နှစ်ဦးဆေးရုံရောက်

ဝါကျွတ်ပွဲတော်ကို မူဆလင်များ တိုက်ခိုက်သဖြင့် ဗုဒ္ဓဘာသာဝင်နှစ်ဦးဆေးရုံရောက်

10/5/2009

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇားခရိုင် သော်ဒီဂျာ ကျောင်းနားရွာတွင် ကျင်းပသော ၀ါကျွတ်ပွဲတော်အား မူဆလင် ဘင်္ဂလီများ ၀င်ရောက်တိုက်ခိုက်သဖြင့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပြီး ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ဆေးရုံတင်ပို့လိုက်ရသော ရခိုင်အမျိုးသား နှစ်ဦးမှာ ဦးချီးလူး (အသက် ၃၆ နှစ်)နှင့် ဦးသိန်းရီ (၂၆ နှစ်) တို့ ဖြစ်သည်။ တခြား အမျိုးသမီး တဦးဖြစ်သူ ဒေါ်မထွီးတွင်လည်း ဒဏ်ရာ ရရှိသွားခဲ့သည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ကျောင်းထိုင်ဆရာတော်က ယခုကဲ့သို့ နိရဉ္စရာသို့ မိန့်ကြားသည်။

“ ဦးဇင်းတို့က ၀ါကျွတ်လပြည့်နေ့မှာ ဘုန်းတော်ကြီး ကျောင်းထဲက မီးပုံးပျံ လွှတ်တင် ပါတယ်။ အချိန်က ၉ နာရီခန့်မှာပါ။ ဒါကို အနီးအနားက မူဆလင်တွေက လာပြီး ကျောက်ခဲတွေနဲ့ ပစ်ပါတယ်။ အဲသလို ပစ်တဲ့အတွက် ရွာသားတွေနဲ့ မူဆလင်တွေ အကြား စကားတွေ အကြီးအကျယ်များခဲ့ရပါတယ်။ အေးဒီနေ့က ပြဿနာ ပီးသွားခဲ့ပါတယ်။ နောက်တနေ့မှာ ဦးဇင်းတို့ ကျောင်းပေါ်မှာ ရွာသားတွေနဲ့ အစည်းအဝေးလုပ်နေတုန်း မူဆလင် ၃၀ ခန့်က ဘုန်းကြီးကျောင်းနားကို လာပီး တုတ်တွေ ကျောက်ခဲတွေနဲ့ တိုက်ခိုက်ပါတယ်။ အဲသလိုက် တိုက်ခိုက်တဲ့အတွက် ဦးချီးလူးနဲ့ ဦးသိန်းရီမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပြီး ဒေါ်မထွီးမှာတော့ အနည်းအကျဉ်း ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။”

အခင်းဖြစ်ပွားသော သော်ဒီဂျာ အလယ်ရွာမှာ ကော့ဘဇားခရိုင်အတွင်း တည်ရှိသော ရခိုင် ကျေးရွာကြီး တရွာဖြစ်ပြီး ၀ါကျွတ်လပြည့်တိုင်း မီးပုံးပျံ လွှတ်တင်ခြင်းကို ဘိုးစဉ် ဘောင်ဆက် ပြုလုပ်လာခဲ့ကြပြီး မီးပုံးပျံ လွှတ်တင်ခြင်းဖြင့် မည်သူကိုမှလည်း ထိခိုက်မူ မရှိဟုလည်း သိရသည်။

“ ဒက္ကားတို့ ကော့ဘဇားတို့လို မြို့တွေမှာတောင် ၀ါကျွတ် လပြည့်တိုင်း မီးပုံးပျံကို လွှတ်တင်နေကြတာပါဘဲ။ ဦးဇင်းတို့လို မြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ကျေးရွာတွေမှာ မီးပုံးပျံတင်တာ ဘာမှ ပြဿနာမရှိပါဘူး။ သူတို့က ဘာသာရေး အမြင်အရ တိုက်ခိုက်တာ ဖြစ်ပါတယ်။ ပီးတော့ ဗုဒ္ဓဘာသာရွာတွေကို သူတို့က ဒီအနီးအနား ပတ်ဝန်းကျင်တွင် ရှိမနေစေချင်ဘူး။ ဒါကြောင့် သူတို့ တမင်ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာ ဖြစ်ပါတယ်” ဟု ဆရာတော်မှ ဆက်မိန့်ကြားသည်။

မူဆလင်များ၏ တိုက်ခိုက်မူ ဖြစ်ပွားပြီးနောက် ဘင်္ဂလာရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းလိုက်ကာ ရခိုင်ကျေးရွာများကို ရဲအဖွဲ့ဝင်များက ယမန်နေ့က တနေ့လုံး စောင့်ကြပ်နေသည်ဟုလည်း သိရသည်။

အဆိုပါ ကျေးရွာ၏ ၀ါကျွတ်ပွဲတော်အား ဦးဆောင်တိုက်ခိုက်သူမှာ နာဇေလိုက်ဆိုသူ ဖြစ်ပြီး သူ့မှာ ဒေသအတွင်း ကျေးရွာ လူကြီး (မန်ဘာ) ဦးမော်နေရာမောက်၏ သားဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ တိုက်ခိုက်သူ ဘင်္ဂလီ (၂) ဦးကို ရဲအဖွဲ့မှ ဖမ်းဆီးလိုက်ပြီ ဖြစ်သော်လည်း ရဲအဖွဲ့ဝင်များ ပြန်သွားလျှင် မူဆလင်များ ဆက်လက် တိုက်ခိုက်လာနိုင်သဖြင့် ဗုဒ္ဓဘာသာ ရခိုင်များ အနေဖြင့် စိုးရိမ်နေကြရသည်။

၁၉၆၂ ခုနှစ်ပတ်ဝန်းကျင် ကော့ဘဇားခေါ် ဖလောင်းချိတ် မြို့ပေါ်တွင် ရခိုင်လူမျိုး နှစ်သိန်းနီးပါးခန့်ရှိခဲ့ပြီး ဒေသအတွင်းက မူဆလင် များ၏ အနိုင်ကျင့်မူကြောင့် အများစုမှာ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့သွားကြသဖြင့် လက်ရှိ အခြေအနေတွင် ရခိုင်လူမျိုးမှာ ထောင်ဂဏန်း အဆင့်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes