သီတဂူစတား

သီတဂူစတား

21 June 2016

မော်စကို ရဟန်းခံပွဲ

မော်စကို ရဟန်းခံပွဲ
********
သီတဂူ ၂၀၁၆ ဇွန် ၂၁


ဒီကနေ့ (၂၁-၆-၂၀၁၆) ရုရှားနိုင်ငံ မောစကိုရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာ ၈း၃၀ နာရီ အချိန်မှ စတင်ကာ သီတဂူဆရာတော်ကြီးကို ဥပဇ္ဈာယ်ရှပြု ရှင်ပြု-ရဟန်းခံ မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

၂၀၁၆ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်ကာလ၊ ဒုတိယအကြိမ် ဒုလ္လဘရဟန်းပြုခြင်းအစီစဉ်အဖြစ် ရဟန်းဒါယကာ၊ ဒါယိကာမများဖြစ်ကြသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ယုနှင့် ဇနီးဒေါ်ခင်မာမာလင်းတို့၏ ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းမှုဖြင့် စုစုပေါင်း ရဟန်းလောင်း (၁၁၄) ပါးတို့က မြန်မာထေရ၀ါဒဗုဒ္ဓစင်တာ (မော်စကို) တွင် ဒုလ္လဘရဟန်းပြုကြမည်ဖြစ်ပါသည်။

မြန်မာ အမျိုးသား ခြောက်ဦးတို့သည် သီတဂူဆရာတော်ကို ဥပဇ္ဈာယ်နံပြုလျက် နံနက် ၉း၀၀ နာရီအချိန်တွင် မြင့်မြတ်သော ရဟန်းဘဝသို့ ရောက်ရှိကြပါသည်။ 

ယခုအကြိမ် ဒုလ္လဘရဟန်းခံမင်္ဂလာပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ယု ကိုယ်တိုင် ဒုလ္လဘရဟန်းခံခြင်း၊ သံအမတ်ကြီးဇနီး ဒေါ်ခင်မာမာလင်းသည်လည်း သာသနာ့အနွယ်ဝင် သီလရှင်အဖြစ် သာသနာ့အမွေကိုခံယူကြပါသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

03 June 2016

သီတဂူဆရာတော် တက္ကသိုလ်များတွေ့ဆုံပွဲ မိန့်ခွန်း (၂)

သီတဂူဆရာတော် တက္ကသိုလ်များတွေ့ဆုံပွဲ မိန့်ခွန်း (၂)
***************

၁-၆-၂၀၁၆ နေ့ မနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များ တွေ့ဆုံပွဲတွင် သီတဂူဆရာတော်ကြီး မိန့်ကြားတော်မူသော သြ၀ါဒ အပိုင်း (၂) နောက်ဆုံးပိုင်းကို တင်လိုက်ပါပြီ။

သာသနာပြုရာဝယ် ကြည်ညိုခြင်းနဲ့ ချစ်ခြင်း
+++++++++++
 ကိုရင်နိဂြောဓ နန်းတော်ရဲ့ ရှေ့ရောက်လာတယ်၊ ဘုရင်ကြီးမြင်တာနဲ့ ဘာဖြစ်တာလဲ၊ သာမဏေရေ စိတ္တံ ပသီဒိ၊ ပေမံ သဏ္ဌဟိ၊ အရှင်ဘုရားများ နှစ်လုံး ပသီဒိနှင့် ပေမ၊ ကြည်ညိုခြင်းနဲ့ ချစ်ခြင်း၊ Missionary လုပ်ငန်းမှာ မင်းတို့ရဲ့ ချစ်ခြင်း ကြည်ညိုခြင်းကို ရအောင်လုပ်ဖို့ အရေးကြီးတယ်၊ တိုင်းသူပြည်သားတွေရဲ့ ချစ်ခြင်း ကြည်ညိုခြင်းကို ရအောင်လုပ်ဖို့ အရေးကြီးတယ်၊ မင်းနှင့် ပြည်သူတို့ရဲ့ ချစ်ခြင်း ကြည်ညိုခြင်း မရရင်၊ မင်းနှင့်ပြည်သူတို့ရဲ့ အဲဒါ ဆန့်ကျင်ဘက်ပြောရင်တော့ စကားလုံးက နဲနဲမြင့်သွားမှာစိုးလို့ လျှော့ထားတာ၊ ချစ်ခြင်း ကြည်ညိုခြင်းမရရင် ဘာရမလဲနော်၊ ရချင်တာရမယ်၊ အဲဒီနှစ်ခုသာ မရရင် ဘယ်လုပ်ငန်းမှ အောင်မြင်ဖို့ မလွယ်ဘူး။ အဲဒါကြောင့် အရှင်ဘုရားများ မင်းနှင့်ပြည်သူတို့ရဲ့ ချစ်ခြင်းနှင့် ကြည်ညိုခြင်းကိုလည်း ရအောင် မိမိတို့ကိုယ်တိုင်ကိုလည်းပဲ ဆုံးမတော်မူကြပါ၊ တပည့်များကိုလည်း ဆုံးမပေးတော်မူကြပါဆိုတာလည်း တပည့်တော် လျှောက်ထားပါတယ်။
နိဂြောဓသာမဏေ ၀တ္ထုမှာလာခဲ့တဲ့ Missionary Method. အဲတော့ တပည့်တော်တို့ ရှိနေတဲ့ စာတွေ ပိဋကတ်တွေ တပည့်တော် အသုံးချဖို့ လိုတယ်။ အဲဒါကြောင့် သင်ကြားပို့ချတဲ့အခါမှာ apply ဖြစ်အောင် သင်ပေးဖို့၊ လူနဲ့တစ်ထပ်တည်းကျအောင် သင်ပြပေးဖို့ တပည့်တော်တို့ လိုလိမ့်မယ်။
ဟဲ့-အမတ်တွေ ကိုရင် ပင့်ခဲ့၊ နန်းတော်ပေါက်ရောက်ပြီ၊ ကိုရင် တော်မည့်နေရာ ကြည့်ထိုင်၊ ဂျိန်းတွေကို ပင့်တဲ့အတိုင်း၊ ဘာသာရေးခံယူချက် ဘာမှ မရှိဘူး၊ ချစ်တာနဲ့ ကြည်ညိုတာ ဒါပဲရှိတာ၊ တော်မည့်နေရာ ကြည့်ထိုင်ဆိုတော့ ကိုရင်က ဘယ်တက်ထိုင်လဲ၊ သိတော်မူကြတယ်၊ ရာဇပလ္လင်ပေါ် တက်ထိုင်တယ်မဟုတ်လား၊ အဲဒါပဲ။ မတော်တဲ့နေရာ သွားနေကြရင် မတော်တဲ့နေရာ သွားထိုင်ရင် ဘာဖြစ်မလဲ အသောကလို ပုဂ္ဂိုလ်မျိုး ဘယ်တော့မှ မရဘူး။
ဒီကနေ့ တိုင်းပြည်မှာ အငယ်တွေ ခက်များများ တော်ရာမှာ မနေချင်ကြဘူး၊ မတော်တဲ့နေရာတွေမှာ ရောက်နေကြတာ တော်တော်များတယ်။ အားလုံး မင်းနှင့်ပြည်သူတို့၏ ချစ်ခြင်း ကြည်ညိုခြင်း ရအောင် ကိုယ်နဲ့တော်တဲ့ ကိုယ့်နေရာလေးမှာ သတင်းသုံးပြီးတော့ ဗုဒ္ဓရဲ့အဆုံးအမကို နှလုံးသွင်းတော်မူကြပါဆိုတာ ဒီကနေ့ ဒီနေရာကနေ ကြွရောက်လာကြတဲ့ ညီတော်များကိုရော၊ တပြည်လုံးရှိကြတဲ့ ညီတော် နောင်တော်များကိုရော၊ အားလုံး တပည့်တော် လေးလေးနက် နှလုံးသားထဲကနေ လျှောက်ထားပါတယ်။ မတော်တဲ့နေရာတွေမှာ ရောက်ရောက်နေတဲ့အတွက်ကြောင့် လုပ်ငန်းတွေမှာ အဖုအထစ်တွေ အများကြီးရှိတယ်။ တော်တဲ့ နေရာမှာ နေကြပါလို့။

နိဂြောဓလို စွမ်းရည် သာသနာမှာ လိုအပ်
++++++++++++
ရာဇပလ္လင်ပေါ်မှာထိုင်နေတဲ့ ကိုရင်ကို အသောက က Do you have anything learning in Buddha Dispensation? ဗုဒ္ဓသာသနာမှာ သင်ထားတာ ရှိသလား၊ ဘယ်နှယ်လုပ်မလဲ၊ တယ်လီဖုန်းချည်းပွတ်နေလို့ မဖြစ်ဘူး၊ ကွန်ပြူတာချည်း လက်ဆယ်ချောင်းနဲ့ နှိပ်နေလို့ မပြီးဘူးလေ၊ သင်ထားတာ ရှိလားတဲ့။ အဲဒီလို မင်းမျိုးက အဲဒီလိုမေးခဲ့ရင် ဘာဖြေမလဲ၊ တပည့်တော်တို့ တက္ကသိုလ်၊ အကယ်ဒမီ၊ ကောလိပ်က သံဃာတော်တွေကို အဲဒီလိုမင်းမျိုးနဲ့ တွေ့ရင် ဖြေနိုင်အောင် သင်ပေးဖို့လိုပါတယ်။
Yes I have learned a lot?  အကုန်သင်ပြီးပြီ၊ ဒါဆိုလို့ရှိရင် Do you practices in Buddha’s dispensation? ဗုဒ္ဓသာသနာမှာ ကျင့်ကော ကျင့်ရဲ့လား၊ ဒီ မေးခွန်းက ပိုခက်တယ်၊ သင်ပြီးတော့ ကျင့်ရဲ့လား၊ Yes I have practiced. အကုန်ကျင့်ပြီးပြီ၊ ဘုရင်ကြီးက ကိုရင်ငယ်ကို စာမေးပွဲစစ်နေတာ၊ အင်တာဗျူးလုပ်နေတာ၊ အင်တာဗျူးတွေက ရံခါမှာ အတော်ခက်တယ်၊ ရံခါကျတော့လည်း အင်တာဗျူးက အမြင်ကတ်ဖို့ကောင်းတယ်၊ ဒီဘုရင်အင်တာဗျူး မအောင်ရင် ဒီကနေ့ တပည့်တို့ ဒီသာသနာ မရဘူး၊ အသောကရဲ့ အင်တာဗျူး ကိုရင်လေး မအောင်ခဲ့ရင် တပည့်တော်တို့ နိုင်ငံ သာသနာ မရဘူး။ ကွင်းဆက်က အဲဒီလိုရှိတယ်၊ Do you know anything about Buddha’s teachings? Yes I know everything. အကုန်သိတယ်၊ သိရင် ဟောဘုရား၊ ဘာဟောလဲ၊ “အပ္ပမာဒေါ အမတံ ပဒံ ပမာဒေါ မစ္စုနော ပဒံ၊ အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ”။ အပ္ပမာဒေါ အမတံ ပဒံ- Mindfulness is way to deathless. မင်းကြီး သတိနဲ့နေ မသေဘူး။ ဟာ- သူလည်းပညာတတ်ပဲ နားလည်သွားတယ်၊ ဘ၀ဆိုတာ သတိနဲ့ထိန်းထားရတယ်၊ သတိ အထိန်းအကွတ်လွတ်ရင် ဘ၀ဟာ သေပြီ၊ Heedlessness is way to death. သတိကင်းရင်တော့ သေပြီ၊ ဒါပဲ၊ ဘုရင်ကြီးက ဘာပြောလဲ၊ ကိုတော် တော်ပြီ ဒီလောက်ပဲပေါ့၊ ဟ-ငါသင်တာထားတာ အများကြီးပဲ ဆက်ဟောအုံးမယ်၊ မနက်ဖန် ဟောဖို့ ချန်ထားပါအုံး။ ကိုင်း အရှင်ဘုရားများ အလားအလာတွေ ကောင်းသွားပြီမဟုတ်လား၊ အလားအလာကောင်းအောင် ဆောင်ရွက်တော်မူကြပါ။

 မနက်ဖန်အတွက် အလားအလာ ကောင်းအောင် ဒီကနေ့ ဆောင်ရွက်တော်မူကြပါ၊ မနက်ဖန်အတွက် ချန်ထားပါအုံးဆိုတော့ မနက်ဖန် နန်းတော်ထဲ ပြန်ကြွဖို့ သေချာသွားပြီ၊ အဲဒီတော့ ကိုရင်ကို ဘာလုပ်လဲ၊ ဆွမ်း ၈ အုပ်၊ ငါ မစားဘူး ငါ့ ဥပဇ္ဈာယ်ပေးလိုက်မယ်၊ နောက်ထက် ၈ အုပ်၊ ငါ့ရဲ့ စာချဆရာ ဓမ္မာစရိယတွေကို ပေးလိုက်မယ်၊ နောက်ထက် ၈ အုပ် လှူသေးတယ်၊ ငါ မစားဘူး သံဃာ လှူမယ်၊ ၈ အုပ် ၈ အုပ်ဆွမ်းအုပ် သုံးလီ ဆွမ်းတွေ ရတယ်၊ မထမ ၈ အုပ်က ဥပဇ္ဈာယ်လှူတယ်၊ ဒုတိယဆွမ်းအုပ်က ဓမ္မာစရိယ စာချဘုန်းကြီးတွေကို လှူတယ်၊ တတိယဆွမ်း ၈ အုပ်က သံဃာလှူတယ်၊ ဝေငှပြီး စားတာ၊ ဝေစားတာ၊ ကိုယ်ရတာလေး ကိုယ့်အိပ်ထဲချည်း ကြိတ်ပြီးထည့်မထားကြနဲ့၊ ဝေပေး၊ တပည့်တော်တို့ သံဃာ့လောကက ဝေနိုင်ဖို့ သိပ်အရေးကြီးတယ်၊ ဘိက္ခုဆရာတော်ကြီး နာရဒက ရေးတယ်လေ၊ Buddhism in a Nutshell ဆိုတဲ့ စာအုပ်ထဲမှာ ပါတယ်၊ အဲဒီစာအုပ်ကို ငယ်ငယ်ကထဲက ဖတ်တာ၊ အခုထိဖတ်တုန်းပဲ၊ တပည့်တော်ရဲ့ အကယ်ဒမီသုံးခုစလုံးမှာ မသင်မနေရ ကျမ်းစာအဖြစ်နဲ့ ဒီကနေ့အထိ ပြထာန်းထားတယ်၊ ဘယ်တော့မှလည်း ဖြုတ်မှာမဟုတ်ဘူး၊ Missionary အတွက် ကောင်းလွန်းလို့။

လွန်ခဲ့တဲ့ နှစ်ရက်က ချူလာလောင်ကွန်း၊ မဟာချူလာလောင်ကွန်း ရာဇ ၀ိဇ္ဇာလျ မဟုတ်ဘူး၊ ချူလာလောင်ကွန် လူ တက္ကသိုလ်က ပါမောက္ခတစ်ယောက်က တပည့်တော်ဆီလာ ဟိုမေး ဒီမေးနဲ့ အတော်များတယ်၊ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊  ဒါလေးနှစ်လုံး ပြောလိုက်တယ်၊ Buddhism is democratically constituted- ဗုဒ္ဓသာသနာဟာ ဒီမိုကရေစီနည်းကျကျ ဖွဲ့စည်းတည်ဆောက်ထားတာ၊ တပည့်တော်တို့ ရဟန်းငယ်တွေကို များများကြီး သင်ပေးပါ၊ Buddhism is communically contributed- ကွန်မြူနစ်တွေလိုပဲ ဘုံဆိုင်လေ၊ ပစ္စည်းတွေကို တစ်ကိုယ်ကောင်း တစ်ယောက်ကောင်း စုပုံပြီးတော့ ကျက်သရေခန်းထဲ လှောင်ထားတာ ဒီလိုမဟုတ်ဘူး၊ ဘာလုပ်လဲ၊ ဝေစားတာ၊ အဲဒါကြောင့် ကိုရင်နိဂြောဓက ဝေပေးလိုက်တာ။ အဲဒါကြောင့် တက္ကသိုလ် ကောလိပ်ထောင် သံဃာတော် အရှင်မြတ်များတို့ ရရင် တပည့်တွေကို များများကြီး ဝေပေးကြပါ။ စည်းရုံးရေးမှာ ဝေပေးခြင်းဟာ အလွန်အောင်မြင်တဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။

မနက်ဖန်ခါ ဆွမ်းအုပ်က နောက်ထက် သူ့ ၈ အုပ်လှူလိုက်တော့ ၈x၄=၃၂ အုပ်ဖြစ်သွားတာ၊ ကိုရင်နိဂြောဓ ခေါင်းဆောင် မနက်ဖန် ၃၂ ပါး ကြွ၊ သဘက်ခါ ၆၄ ပါးကြွ၊ တိုအောင်ချုံးလိုက်၊ နန်းတော်ထဲ သံဃာ ၆ သောင်းဝင်သွားပြီ၊ ဂျိန်း ၆ သောင်းစားနေတဲ့ ရွှေနန်းတော် ထေရ၀ါဒသံဃာတော် ၆ သောင်း ၀င်စားတာ၊ အော်--ဘယ်လောက် အံ့သြစရာကောင်းလဲ၊ အဲဒီလို ကိုရင်မျိုးကို ဘယ်သူမွေးလဲ၊ ဆွမ်းခံသွားရင်း ညောင်ပင်အောက် ကစားနေတဲ့ ကလေးတွေထဲက ကောက်မွေးတာနော် အရှင်ဝရုဏ။ အရှင်ဝရုဏထုံး နှလုံမူပြီးတော့ ဆောင်ရွက်တော်မူကြပါ။ သံဃာ ၆ သောင်းလဲ ပြည့်ရော ဂျိန်းဘုန်းကြီး ၆ သောင်းဘာဖြစ်သွားလဲ၊ တံခါးပိတ် နန်းတော်ထဲမလာနဲ့၊ အဲဒါကြောင့် အားလုံးသော ညီတော်များ၊ တက္ကသိုလ် ကောလိပ် အသီးအသီး တည်ထောင်တော်မူကြသော အရှင်ဘုရားများ တပည့်တော်တို့ရဲ့  Missionary training မှ ချစ်ခြင်းနှင့် ကြည်ညိုခြင်း၊ မင်းနှင့်ပြည်သူ နှစ်ဦးသားတို့ရဲ့ ချင်ခင်ကြည်ညိုမှုနဲ့ စိတ်ကြည်နူးမှုကို ရအောင် အဓိကထား ဆောင်ရွက်တော်မူကြပါဆိုတဲ့အကြောင်း ဒီ ၀တ္ထုဖြင့် တပည့်တော် တင်ပြလျှောက်ထားပါတယ်။

Harvard University ကို တည်ထောင်သူ
+++++++++++++
တက္ကသိုလ်နှင့် ကောလိပ်အသီးအသီး ထောင်ကြတဲ့နေရာမှာ တပည့်တော် ခက်ငယ်ငယ်ကထဲက စိတ်ဝင်စားတာ၊ ဒါပေမဲ့ စိတ်ဝင်စားတာတွေ မဖြစ်တာ အများကြီးပဲ၊ တက္ကသိုလ် ကောလိပ်တစ်ခုခု ငယ်ငယ်ကထဲက ကျောင်းတက်ချင်တာ၊ ဘယ်တက္ကသိုလ်မှ တပည့်တော် ကျောင်းသားအဖြစ်နဲ့ ကျောင်းမတက်ခဲ့ရဘူး၊ ကမ္ဘာအရပ်ရပ်ထင်ရှားတဲ့ တက္ကသိုလ်ကြီးတွေ အမေရိကတို့ အင်္ဂလန်တို့ရောက်သွားရင် သွားသွားကြည့်တယ်၊ သမိုင်းတွေကို လေ့လာတယ်၊ အမေရိကန်ပြည်ထောင်စု Massachusetts ပြည်နယ် Cambridge မြို့က Harvard University. Harvard Universityကို ၁၆၃၆ ဒီကနေ့ အဲဒီတက္ကသိုလ် သက်တမ်းဟာ ၃၈၀နှစ်ရှိသွားပြီ ကမ္ဘာမှာ အအိုဆုံးနဲ့ အသက်ကြီးဆုံးတက္ကသိုလ်၊ ဘယ်သူထောင်သွားလဲ ဘုန်းကြီးထောင်သွားတာ၊ ဗုဒ္ဓဘာသာဘုန်းကြီးတော့ မဟုတ်ဘူး၊ အဲဒီတက္ကသိုလ်ရဲ့နာမည်ကိုက တည်ထောင်တဲ့ ဘုန်းကြီးရဲနာမည်၊ Harvard, John Harvard, အင်္ဂလန် Cambridge တက္ကသိုလ်က ဘီအေ လောက်ပဲ အောင်ခဲ့တယ်၊ Puritan Minister- ၀ိနည်းစည်းကမ်း အလွန်လေ့လာပြီးတော့ အနေအထိုင် သိပ်ပြီးတော့ တင်းတင်းကျပ်ကျပ်နေတတ်တဲ့ ဘုန်းကြီး၊ မိဘနှစ်ပါးက နွားကုန်သည်မျိုး၊ နို့ထွက်ပစ္စည်းများနဲ့ အသက်မွေးတဲ့မျိုး၊ ကုန်အောင်ပြောရရင် အမဲသားတောင် ရောင်းတဲ့အမျိုးထဲက Puritan Clergy တစ်ယောက်ဖွားမြောက်တယ်နော်၊ အိုင်ထဲက ထွက်လာတဲ့ ကြာဟာ ရေမျက်နှာပြင်ပေါ် တက်ပြီးပြီဆိုတာနဲ့ ရွှံ့လဲမရှိဘူး ရေလဲမစိုဘူး၊ ဘုန်းကြီးတစ်ပါး၊ နွားသတ်ရောင်းတဲ့ အမျိုးထဲကနေမွေးတယ်၊ ၁၆၀၇ ခုနှစ်မှာ အမေရိကန် Massachusetts ကိုရောက်တယ်၊ သူ့မျာ ပေါင်စတာလင် ၃၇၀၊ စာအုပ် ၇၀၀ လောက်ပါတယ်၊ မြေကြီးလေး ၀ယ်ပြီးတော့ Divinity School ဆိုတာ ထောင်တယ်။ church သေးသေးလေးလုပ်ပြီးတော့ ကလေးတွေ စာပြတာ၊ သုံးနှစ်ပဲနေလိုက်ရတယ်၊ ကွယ်လွန်သွားတယ်၊ မကွယ်လွန်မီ သူ့ရှိတဲ့ ပေါင်စတာလင် ၃၇၀နှင့် စာအုပ် ၇၀၀ကို သူသေသွားတဲ့အခါ စာအုပ်တွေကို Library ထဲ ထည့် Harvard Library. အဲဒီပိုက်ဆံနဲ့ သူ့ခြံ တက္ကသိုလ်တည်ထောင်ဖို့ ပေးပါတယ်ဆိုပြီးတော့ လူကြီးတွေ ကော်မတီဖွဲ့အပ်ပြီးတော့ ကွယ်လွန်သွားရှာတယ်။

ငါ ဘာယူသွားမလဲ
+++++++++++
 သူတည်ထောင်သွားတဲ့ တက္ကသိုလ်၊ ခရစ်ယာန်ဘုန်းတော်ကြီးကြီး Puritan Clergy ဘုန်းတော်ကြီးတစ်ပါး တက္ကသိုလ်ထောင်သွားတာ။ အဲဒီလို ထုံးမျိုးကို နှလုံးမူ၍ မိမိတို့အိပ်ထဲက စိုက်ထုတ် အရင်းအနှီးလေးများလဲ ပြုပြီးတော့ ငါဘာယူသွားမလဲ၊ John Harvard သေသွားပြီလေ၊ သူ ဘာယူသွားလဲ၊ ဘာထားပစ်ခဲ့လဲ၊ ပေါင်စတာလင် ၃၇၀နှင့် စာအုပ် ၇၀၀ ဟာ မသင်သောပညာ ဘာမှမရှိတဲ့ တက္ကသိုလ်ကြီးအဖြစ်နဲ့ ဒီကနေ့ ကျန်ရစ်တယ်၊ အဲဒါကြောင့် အားလုံးသော ညီတော်များ ယူသွားနိုင်အောင်လဲ လုပ်ကြပါ၊ ထားပစ်ခဲ့နိုင်အောင်လဲ အားထုတ်တော်မူကြပါလို့ တပည့်တော် တိုက်တွန်းပါတယ်။ John Harvard ကဲ့သို့ Cambridge ထောင်သွားတဲ့ Harvard University၊ အဲဒီတက္ကသိုလ်က နှစ်ပေါင်း ၃၀၀ ကျော် ၃၅၀လောက်မှာ အမေရိကန်ကို အုပ်ချုပ်တဲ့ သမ္မတပေါင်း ၆ ယောက်ကို မွေးထုတ်ခဲ့တယ်၊ တပည့်တော်တို့ နိဂြောဓကဲ့သို့သော ရှင်တစ်ပါး ရဟန်းတစ်ပါးလောက် မွေးထုတ်နိုင်ရင် တပည့်တော်တို့ ၀မ်းမြောက်ပါပြီ။ သမ္မတလို ပုဂ္ဂိုလ်တွေ မွေးထုတ်နိုင်သည်ဖြစ်စေ၊ မမွေးထုတ်နိုင်သည် ဖြစ်စေ၊ နိဂြောဓသာမဏေလို ပုဂ္ဂိုလ်များ မွေးထုတ်နိုင်ရင် တပည့်တော်တို့ လုံလောက်ပါပြီ၊ ကျေနပ်ပါပြီ။

လူစွမ်းကောင်းတို့ အရည်အချင်း
+++++++++++
နိဂုံချုပ်အားဖြင့် သာသနာပြုပုဂ္ဂိုလ်များမှာ လိုအပ်တဲ့ အရည်အချင်း။ တပည့်တော်တို့ သင်ထားတဲ့ ပါးစပ်က အမြုပ်ထွက်လောက်အောင် နေ့ရောညရော ရွတ်နေတဲ့ စာတစ်ပုဒ်ကို တပည့်တော် ကြိုက်လို့ အသုံးချတယ်။ အဲဒါလေး ပြောပါ့မယ်။
“ကရဏီယမတ္ထကုသလေန”လို့ ပြောလိုက်ရင် ထိုင်း လာအို ကမ္ဗောဒီးယားက ဘာပြောလဲ ကရဏီယမတ္တသုတ်၊ တပည့်တော်တို့က ဘာပြောလဲ မေတ္တာသုတ်ပြောတယ်၊ အဲဒီမှာ If you want to become capable person- လူစွမ်းကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်။

၁။ Must be skillful in benefit or welfare အတ္ထကုသလလေ၊ အတ္ထကုသလ-ဆိုတာ skillfulness in welfare. အကျိုးရှိတဲ့ လုပ်ငန်းတွေမှာ ကျွမ်းကျင်ရမယ်။ ရံခါ ၀မ်းနဲစရာကောင်းတယ်၊ အကျိုးရှိတဲ့လုပ်ငန်းမကျွမ်းကျင်ဘူး အကျိုးမဲ့တွေမှာ ကျွမ်းကျင်နေကြတာ၊ အဲဒီလမ်းကြောင်း ပြောင်းပြန် အကျိုးရှိလုပ်ငန်းကို ကျွမ်းကျင်အောင် ဆောင်ရွက်တော်မူကြပါ။ ကရဏီယမတ္ထကုသလေန ယန္တသန္တံ ပဒံ အဘိသမေစ္စ၊ ဒါ ပရိတ်ရွတ်တာ မဟုတ်ဘူးနော်။

၂။ ဥဇူ-upright- ဖြောင့်ဖြောင်မက်မက် လုပ်ဖို့လိုတယ်၊

၃။ သုဟုဇူ-perferctly upright-ကိုယ်နှုတ်နှစ်ပါး ဖြောင့်ရုံတင်မကဘဲနဲ့ စိတ်ဓာတ်လည်း ဖြောင့်ဘို့လိုတယ်။

၎။ သုဝစော-easy to talk, easy to speak- ပြောလို့ဆိုလို့ ဘာဖြစ်ရမလဲ၊ လွယ်ရမယ်။ ဒါတွေဟာ Qualitifiaction  of Missionary တွေပါ။

၅။ မုဒု- gentle- နုညံ့သိမ်မွေ့ရမယ်။

၆။ အနတိမာနီ- humble- ရိုရိုကျိုးကျိုးရှိရမယ်။

၇။ သန္တုဿကော- contentment-  ရောင်ရဲတင်းတိမ်ရမယ်။

၈။ သုဘရော- easy to support or easy to serve-ပြုစုလုပ်ကျွေးဘို့ လွယ်ရမယ်၊ တပည့်တော် ရေတောင်းတယ်၊ ရေအေးအေးလေး ပေးပါ၊ မလွယ်တော့ ဘာပြောမလဲ၊ မင်းကလဲကွာ ရေခဲမှ မပါဘဲ၊ ရေခဲတွေ ထည့်လာ ပေးလိုက်တော့ အေးလိုက်တာကွာ ပါးကို ကိုက်နေတာပဲ၊ အဲဒီလို ချေးထူးတဲ့ဘုန်းကြီး မလွယ်ဘူး။ easy to support.

၉။ အပ္ပကိစ္စော- very few responsibility-သူ့အတွက် တာဝန်နဲရမယ်၊ ၀န်ထုပ်ဝန်ပိုးမကြီးရဘူး။

၁၀။ သလ္လဟုက၀ုတ္တိ-simple in livelihood-အသက်မွေးလုပ်ငန်း လွယ်ရမယ်။
၁၁။ သန္တိန္ဒြိယော-peace stability, serene in faculties-ကိုယ်မူရာ နှုတ်မူရာ ငြိမ်နေရမယ်။ တပည့်တော်တို့ သင်တန်းတွေမှာ ဒါတွေပါရမှာ၊ ကိုရင်လေး ငြိမ်နေလို့ ဘုရင်က နန်းတော်ထဲ ပင့်တာပေါ့၊ နန်းတော်တံခါးပေါက် ခဲနဲ့ပေါက်တဲ့ ကိုရင်ဆို ဘယ်ပင့်မလဲ။

၁၂။ နိပကော-prudent-ရင့်ကျက်တဲ့ ပညာရှိရမယ်။

၁၃။ အပ္ပဂဗ္ဘော- modest or polite- ယဉ်ကျေးရမယ်။

၁၄။ ကုလေသွ နနုဂိဒ္ဓေါ- not to be greedily attached to families- ဒါလည်းပဲ သတိထားရမည့် အချက်ပဲ၊ ဒကာ ဒကာမ အထူးသဖြင့် ပိုက်ဆံ ငွေကြေးပေါတဲ့ မျက်နာကြီးတဲ့ ဒကာ ဒကာမ ပလူးပလဲနဲ့ သံယောဇဉ်ကပ်တယ်ဆိုလို့ရှိရင် missionary လုပ်ငန်းမှာ အနှောက်အယှက် မအောင်မြင်ဘူး။ ဒကာဒကာမကို ဘာဖြစ်ရမလဲ၊ သံယောဇဉ် နဲရမယ်၊ အားလုံး ၁၄ပါး၊ မေတ္တာဘာဝနာပွားမည့် ပုဂ္ဂိုလ်တွေရဲ့ ပုဗ္ဗဘာဂပဋိပဒါ ၁၄ ပါးလို့ပြောပါတယ်၊ တပည့်တော်ကတော့ သာသနာပြုပုဂ္ဂိုလ်များအတွက် မရှိမဖြစ်တဲ့၊ မဖြစ်မနေ ရှိရမည့် သာသနာပြု ပုဂ္ဂိုလ်တို့၏ အရည်အချင်း ၁၄ ပါးလို့ တပည့်တော် လျှောက်ထားချင်ပါတယ်။

အဲဒါကြောင့် ဒီကနေ့ တက္ကသိုလ်၊ ကောလိပ်၊ အကယ်ဒမီများ အသင်းရဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာ တပည့်တော် အသက် ၈၀ ရှိပါပြီ အနားယူဘို့ကောင်းပါပြီ၊ တပည့်တော်ရဲ့ အတွေ့အကြုံ အယူအဆ ပေါင်းစပ်တဲ့ Idea တွေ၊ experiences တွေကို အားလုံးသော ညီတော်များအား ဤကဲ့သို့ ဖြန့်ချီခွင့်ရတဲ့အတွက်ကြောင့် တပည့်တော် အလွန်ကျေးဇူးတင် ၀မ်းမြောက်ကြောင်းပါ။ နိဂြောဓသာမဏေကဲ့သို့သော သာသနာ့ အာဇာနည်ပုဂ္ဂိုလ်များ မွေးထုတ်ပေးနိုင်တဲ့ တက္ကသိုလ်များဖြစ်အောင် ကျိုးစားအားထုတ်တော်မူကြပါလို့ လျှောက်ထားရင်း တပည့်တော်ရဲ့ ဟောပြောချက်ကို နိဂုဏ်းချုပ်ပါပြီ။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူဆရာတော်
ဒေါက်တာ အရှင်ဥာဏိဿရ
(Ph.D, D.Litt)
အဂ္ဂမဟာပဏ္ဍိတ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ
၁-၆-၂၀၁၆

မှတ်ချက်။ အသံဖိုင်မှ ကူးယူရသဖြင့် စာလုံးပေါင်းများ အမှားပါက ကူးယူသော မိမိ၏ တာဝန်သာ ဖြစ်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

02 June 2016

သီတဂူဆရာတော် တက္ကသိုလ်များညီလာခံ မိန့်ခွန်း (၁)

သီတဂူဆရာတော် တက္ကသိုလ်များညီလာခံ မိန့်ခွန်း (၁)
******************
၁-၆-၂၀၁၆နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ခန်းမဆောင်တွင် ဒုတိယအကြိမ်ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များ ညီလာခံတွင် သီတဂူဆရာတော်မိန့်ကြားသည့် သြ၀ါဒ အပိုင်း (၁)

သီတဂူဆရာတော် သြ၀ါဒ၏
++++++++++++

နှုတ်ခွန်းဆက်
__________
Sitagu International Buddhist Academy (Yangon)မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဗုဒ္ဓတက္ကသိုလ်များရဲ့ ဒုတိယအကြိမ်၊ ဗုဒ္ဓတက္ကသိုလ်၊ ဗုဒ္ဓအကယ်ဒမီနှင့် ဗုဒ္ဓကောလိပ်ကို တည်ထောင်ဖန်တီးတော်မူကြသော The founder of Buddhist University, the Founder of Buddhist Academy, The founder of Buddhist College, တည်ထောင်တော်မူကြသော ဆရာတော်သံဃာတော် အားလုံးကို တွေ့ခွင့် ဆုံခွင့်ရခိုက် တပည့်တော်ရဲ့ အတွေ့အကြုံ အတွေးအခေါ် အယူအဆများ၊ တပည့်တော်တို့ရဲ့ ဗုဒ္ဓတက္ကသိုလ်ကို ၁၉၉၂ခုနှစ်က စခဲ့တာဆိုတော့ နှစ်ပေါင်း ၂၅ လောက်ရှိသွားပြီ။ ဒါကြောင့် တပည်တော်ဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံ အယူအဆများကို ဝေငှခွင့်ရတဲ့အတွက် တပည့်တော် အထူးပဲ ၀မ်းမြောက်ပါတယ်။ တပည့်တော်ရဲ့ ပိဋကတ် အတွေ့ကြုံ အယူဆများကိုလည်း ကြွရောက်တော်မူလာကြတဲ့ ဆရာတော် သံဃာတော်များက လက်ခံကြလိမ့်မယ်လို့ မျှော်လင့် ယုံကြည်ပါတယ်။

ဘာ့ကြောင့် ဗုဒ္ဓတက္ကသိုလ်များ တည်ထောင်
+++++++++++++
Buddha College တွေ၊ Buddhist University တွေ တည်ထောင်တာ ဘာလုပ်ဖို့လဲ ဆိုလို့ရှိရင် တပည်တော် နှစ်လုံးလောက် တိုတိုလေး ပြောပါ့မယ်။
တစ်လုံးကတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗုဒ္ဓဘာသာပညာရေးစနစ်ဟာ Monastic Buddhist Education System အခုတော့ International ရဲ့ ဆင်မြင့်ပေါ်မှာ involve မဖြစ်တာကို involve ဖြစ်အောင် ၀င်ရောင်ရောက်ခွင့်မရတာကို ၀င်ရောက်ခွင့်ရအောင်။
 နောက်တစ်ခုကတော့ သာသနာပြု သာမဏေ ရဟန်း သီလရှင် လူ အစွမ်းကောင်းတဲ့ ပုဂ္ဂိုလ်တွေထွက်လာအောင် တပည့်တော်တို့ ဒီတက္ကသိုလ်၊ ဒီအကယ်ဒမီ ဒီကောလိပ်များကို တည်ထောင်ကြခြင်း ဖြစ်ပါတယ်ဆိုတာကို ရှေးဦးစွာ ပြောလိုပါတယ်။

ကြမ်ထမ်းသောသူကို နှုညံ့စေသူ
+++++++++++++
တပည့်တော်တို့ အရှေ့တောင်အာရှတခွင်မှာ ဗမာ၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဒီပင်လယ်ပြင်ကြီးတစ်ခုလုံးကို  မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ၁၃၆နှစ်မှာ ဗုဒ္ဓသာသနာရောက်ခဲ့တာ ဒီကနေ့ မြန်မာနိုင်ငံ ရထားတဲ့ ထေရ၀ါဒဗုဒ္ဓသာသနာဟာ တပည့်တော်တို့ ပြောရိုးပြောစဉ် ပြောနေတာကတော့ သီရိဓမ္မာသောက မဟာရာဇာရဲ့ ကျေးဇူးနဲ့ ရတယ်လို့ ဒီလိုပြောတယ်၊ တကယ်ပြောရမှာက အဲဒါမဟုတ်ဘူး၊ အသောကဟာ စဏ္ဍာသောကဖြစ်ကြောင်းကို သံဃာတော်အရှင်မြတ်တွေ အကုန်သိတယ်၊ Very cruel အလွန်တရာကြမ်းတမ်းတယ်၊ အဲဒီစဏ္ဍာသောကကို ဓမ္မာသောကဖြစ်အောင် ဘယ်သူလုပ်တာလဲ၊ အဲဒါကို တပည့်တော်တို့ ကြည့်ရမှာ။

ကမ္ဘာအရပ်ရပ် တိုင်းပြည်အသီးသီးဟာ ဒီလို ကြမ်းတမ်းရက်စက်မှုတွေ များလာပြီ အဲဒီစဏ္ဍာသောကကို ဓမ္မာသောကဖြစ်အောင် လုပ်ပေးတာ နိဂြောဓသာမဏေ။ အသောကမင်းတရား၊ နာမည်ကသာ အသောက တကယ်တော့ sorrow-less မဟုတ်ဘူး sorrowful.  သူအာဏာ ရဖို့ ညီအစ်ကို ၉၉ယောက်သတ်ပစ်တယ်၊ လက်အောက်ခံ မဟာရာဇာပေါင်း ၈သောင်း ၄ထောင်လောက် အကုန်လုံး သူ တိုက်ခိုက် သုတ်သင်ပစ်တယ်၊ Originally နော် သူသည် Buddhist မဟုတ်ဘူး၊ ဂျိန်း၊ အဲတော့ ဘာသာခြားဖြစ်နေတယ်၊ ကြမ်တမ်းရက်စက်တယ်၊ ဒီမင်းကို ဓမ္မာသောကမကဘူး သီရိဓမ္မာသောကတွေ ဘာတွေ တပည့်တော်တို့က ၀ိုင်းဂုဏ်ပြုထားတာ၊ ဒီလိုလေး ပြောရင်ကောင်းမယ်၊ အော်- ဗုဒ္ဓဘာသာတွေဟာ မကောင်းမှုအားလုံးကို မေ့ပျောက်တတ်တယ်၊ မေ့ပျောက်လွယ်တယ်၊ မေ့ပျောက်တာကောင်းတယ်၊ အဲဒါကြောင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ ဒီ Forgetfulness  ဆိုတဲ့ဟာ သိပ်အရေးပါတာ၊  ဒီကိစ္စတွေကို တပည့်တော်တို့ မေ့နိုင်မှ၊ အဲဒါတွေချည်း ထပ်တလဲလဲ တူးဖော်နေရင် Peace and Harmony မရနိုင်ဘူး၊ ဒါ သာသနာရေးမှာလည်း Peace and Harmony အရေးကြီးတယ်၊ ဒီတော့ အသောက သောက ပရိဒေ၀ ဒုက္ခဒေါမနဿတွေနဲ့ ပြွမ်းနေတဲ့ ဘုရင်၊ တပည့်တော် အကြမ်းစားပြောတာ။

 တပည့်တော်တို့ ပါရာဇိကဏ်အဋ္ဌကထာမှာ သင်ထားတဲ့ စာသင်သားဘ၀က လာခဲ့ကြတာ အကုန်လုံးသိတော့ လိုရင်းပြောရမယ်။   ဆင်ခြင် ပင်ပန်း အိပ်မပျော် စားမ၀င် ဒီဘုရင် ပြတင်းပေါက်ထိုင်ပြီးတော့ ဟိုငေး ဒီငေးတာ နန်းတော်ရင်ပြင်မှာ ကိုရင်လေး တစ်ပါး ဖြတ်လျှောက်တာကို လျပ်တပြတ် သူမြင်လိုက်တယ်၊ မိဘအမွေ ထီးမွေ နန်းမွေ ခံယူရုံတင်မကဘူး၊ ဘာသာရေးအမွေပါ ခံယူထားတဲ့ ဒီဘုရင်၊ နန်းတော်ထဲမှာ ဂျိန်းဘုန်းကြီး ၆ သောင်း နေ့တိုင်း ဆွမ်းကြွေးတာ၊ ဘာသာရေးမှာ ဂျိန်းဘုန်းကြီးသည် နန်းတော်ထဲကြွတဲ့နေတုန်းက  နန်းတော်ပေါက်ကနေ စောင့်နေတယ်၊ ကိုယ်တော်တို့ ကိုယ့်ဟာကို တော်မည့်နေရာ ကြည့်ထိုင်ကြ၊ ဒီလိုမဟုတ်လား၊ အ၀တ်မရှိတဲ့ ဂျိန်းဘုန်းကြီး၊ ရေမချိုးတဲ့ ဂျိန်းဘုန်းကြီး၊ အချင်းချင်း ခေါင်းချင်းရိုက်ပြီး ဒို့ ဘယ်နားထိုင်ရင် ကောင်းမလဲ၊ အခုလို stage ပေါ်သို့တက်ထိုင်လို့ ကောင်းပါ့မလား၊ ကုလားထိုင်ပေါ်ထိုင်ရင် ကောင်းပါ့မလား၊ သာလွန်တော်ထိုင်ရင် တော်ပါ့မလား၊ တစ်သက်လုံး ရေမချိုးတဲ့ ကိုတော်ကြီးက သာလွန်ပေါ်ထိုင်လို့လဲ မဖြစ်ဘူး၊ တကိုယ်လုံး ရှုပ်ထွေးပွေလိမ်နေတဲ့ အမွှေးတွေ၊ ပိုလေးတွေ သေကုန်မှာစိုးလို့ အမွှေးအမျှင်တွေ တကိုယ်လုံး မရှင်းဘူး၊ အဲဒီလောက် အရုပ်ဆိုးနေတဲ့ ကိုတော်ကြီးတွေ ကော်ဇောပေါ်လဲ ထိုင်လို့ မဖြစ်ဘူး၊ နောက်တော့ သူတို့ဘာသာသူတို့ ဆုံးဖြတ်ချက်ချပြီး ကော်ဇောတွေ ကုလားထိုင်တွေ သာလွန်တွေ ဒို့နဲ့ မတော်ဘူး၊ လှေခါးရင်းထိုင်ပြီး စားသွားကြတာ၊ အသောကဘုရင်ရဲ့ ဘာသာရေးခံယူချက်မှာ ဒီလိုလာတာ၊ ကိုယ်နဲ့ တော်မယ့်နေရာနော်၊
ဒီတော့ နိဂြောဓဘက် ပြန်ကြည့်တော့ နန်းတော်ရှေ့ ကိုရင်ဆွမ်းခံထွက်သွားတာ မြင်တော့ ဘုရင်က ခံစားချက်တွေဖြစ်တာ၊ ပါရာဇိကဏ်အဋ္ဌကထာမှာ ပြောထားတာ၊ ကိုရင်ကို မြင်တာနဲ့တပြိုင်တည်း ဘုရင်ကြီးရဲ့ခံစားချက်က “အယံ ပန ဒါရကော အ၀ိက္ခိတ္တစိတ္တော သန္တိန္ဒြိယော သန္တမာနသော”၊ ကိုရင်ကြည့်ပြီးတော့ အော်-ငြိမ်လိုက်တာ၊ ငြိမ်းလိုက်တာ၊ သူ့နှလုံးသားမှာခံစားနေရတာ၊ ဂျိန်းတွေ နန်းတော်ထဲ ကြွပုံနဲ့ မတူဘူး၊ သဗ္ဗော လောကော ၀ိက္ခိတ္တစိတ္တော ဘန္တမိဂသဒိသော- တလောကလုံးက ဘယ်အခြေအနေရှိလဲ၊ ၀ိက္ခိတ္တစိတ္တော-စိတ်ဓာတ်တွေ အကုန်လုံး ဖရိုဖရဲဖြစ်နေတာ၊ နောက်ပြောပုံ ဘယ်လောက်ကောင်းလဲ၊ ဘန္တမိဂသဒိသော-မုဆိုးအလိုက်ခံရတဲ့ သမင်လို ဖြစ်နေတာ၊ နိုင်ငံတော်ရဲ့ အခြေအနေ၊ ကမ္ဘာ့အခြေအနေကို ဆရာတော်သံဃာတော်တို့  သမိုင်းသုံးသပ်တော်မူကြပါ။

အသောကမင်းတရားကြီး မြင်ထားတဲ့ အမြင်စာနှစ်ပိုဒ်နဲ့ ဒီကနေ့ မျက်မှောက်ခေတ် နိုင်ငံအခြေအနေနဲ့ ကမ္ဘာ့အခြေအနေ တပည့်တော်တို့ မြင်ဘို့ ကောင်းတယ်။ စိတ်ဓာတ်တွေ တုန်လှုပ်ခြောက်ခြားပြီးတော့ ဘာဖြစ်ကုန်လဲ မုဆိုးအလိုက်ခံရတဲ့ သမင်လိုဖြစ်နေတယ်၊ အဲဒီအခြေအနေမှာ တပည့်တော်တို့ တက္ကသိုလ်တွေတည်ထောင်ပြီးတော့ သာသနာပြုပုဂ္ဂိုလ်တွေ ဘာလုပ်မလဲ ဗုဒ္ဓဘာသာမဟုတ်တဲ့ အင်္ဂလိပ် အမေရိကန်ကို ဗုဒ္ဓဘာသာအကြောင်း ဟောဖို့တစ်ခုတည်း စဉ်းစားမနေဘဲနဲ့ Peace လည်းမဖြစ် Stabilityလည်းမဖြစ်တဲ့ ဒီလူတွေကို  Peace and Stability ဖြစ်အောင်လုပ်ဖို့၊ အလွန်တရာကြမ်းတမ်း ရက်စက်တဲ့မင်းရဲ့ ချစ်ခြင်းကို ရအောင်လုပ်ဖို့၊ အဲဒီကိုရင်ကို ဘယ်ကနေ ဘယ်သူ train လုပ်ပေးလိုက်လဲ၊ ဗုဒ္ဓတက္ကသိုလ်က အဲဒီလို ကိုရင်မျိုး အခုထိ train မလုပ်နိုင်သေးဘူး၊ ထေရ၀ါဒတက္ကသိုလ်ကကော လုပ်နိုင်ပြီလား၊ သိပ်အရေးပါတာ၊ ပါရာဇိကဏ်အဋ္ဌကထာ ဖတ်ပြီးတော့ တပည့်တော် ခံစားကြည့်တယ်၊ အော်--train လုပ်တဲ့ဆရာ တော်လိုက်တာ၊ အဲဒါကြောင့် ဒီ တက္ကသိုလ်၊ ကောလိပ်တွေဟာ ဆရာကောင်းတွေလည်း မွေးထုတ်နိုင်ဖို့၊ တပည့်ကောင်းတွေလည်း မွေးထုတ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်ဆိုတဲ့အကြောင်းကို စစချင်း ပြောပါတယ်။

စစ်ဘေးစစ်ဒဏ် ဟူသည်
++++++++++++
သိတော်မူကြတဲ့ စဏ္ဍာသောက သတ်လိုက်တဲ့ ၉၉ယောက်သော မင်းသားထဲမှာ တစ်ယောက်သော မင်းသား၊ သုမနမင်းသား သူ့ဇနီး  မင်းသမီးကြီး ကိုယ်ဝန်နဲ့ ထွက်ပြေးတယ်။ စိတ်ဆိုတာနော် အလွန်စပ်ဆုတ်ဖို့ သပ်ကောင်းတာ၊ ဘာ့ကြောင့် စိတ်ပျက်လဲ၊ အဓိကကတော့ အာဏာပဲ၊ ဗိန္ဒုသာရ သေလည်းသေရော သား ၁၀၁ယောက်စလုံးဟာ အာဏာရ မင်းဖြစ်ချင်တာချည်းပဲ၊ အဲတော့ လက်ဦးတဲ့ကောင်ကာ ဖမ်းပြီး အကုန်သတ်ပစ်လိုက်တာ၊ အာဏာယူသွားတာ၊ ညီအစ်ကိုအရင်း တစ်ယောက်ပဲ အသတ်မခံရတာ ၉၉ ယောက်။ စစ်၊ power craving နော်၊ cause of battle . မုဆိုးမ ၉၉ယောက်က ထွက်ပြေးတော့ ဟိုရောက် ဒီရောက်နဲ့ ပြေးကြရတယ်၊ စစ်ဖြစ်ရင် ဒီလိုပဲပြေးနေကြရတာ၊ ဒီကနေ့ ဒီတိုင်းပြည်မှာ ဒီလိုပဲ ပြေးရလွှားရတုန်းပဲ၊ မင်းသမီးကြီး ကိုယ်ဝန်နဲ့ ထွက်ပြေး၊ မုဆိုး တံငါတွေ နေတဲ့ စဏ္ဍာလရွာသွား၊ သူတောင်းစားလေး ယောင်ဆောင် ရွာလည်ခေါင် ဇရပ်ပျက်ပေါ်မှာ နေနေရရှာတာ။ စစ်ဘေး ဘယ်တော့ ငြိမ်းမလဲ၊ အဲဒီဇရပ်ကို ညောင်ပင်းကြီးကမိုးထားတော့ နိဂြောဓ၊ တိုအောင်ချုံး၊ ဇရပ်ပေါ်မှာ မွေးတယ်၊ စဏ္ဍာလရွာမှာ မွေးရတဲ့ မင်းသား၊ မင်းမျိုးမင်းနွယ်တွေ ပြေးရင်းလွှားရင်းနဲ့ စဏ္ဍာလရွာက ဇရပ်ပေါ်မှာ မွေးရတယ်၊ အဲဒါဘာလဲ စစ်။
တပည့်တော်တို့ တက္ကသိုလ် ကောလိပ် အသီးအသီးထောင်ကြတဲ့ ဆရာတော် သံဃာတော်များ အားလုံး ငြိမ်းချမ်းရေးအတွက် အထောက်ကူဖြစ်အောင် ဆောင်ရွက်တော်မူကြပါ။ ဒါလည်းတပည့်တော် တိုက်တွန်းပါတယ်။

ဝရုဏမထေရ်သာသနာပြုနည်း
++++++++++++
ဇရပ်ပေါ်မှာမွေးတဲ့ ဒီကလေး၊ စဏ္ဍာလရွာအနီးနား နေ့စဉ် ဆွမ်းခံကြွနေတဲ့ ဆရာတော်ကြီး ၀ရုဏ၊ တိုအောင်ပဲပြောရင် ညောင်ပင်အောက် ဆော့ကစားနေတဲ့ ကလေးကို ကြည့်ပြီးတော့ သိတယ်၊ အကဲခက်တယ်၊ ဒါ ဆင်းရဲသား သူတောင်းစား မုဆိုး တံငါ မဟုတ်ဘူး၊ မင်းသား၊ ဒီကလေး မွေးနိုင်ရင်တော့ သာသနာအတွက် အကျိုးရှိလိမ့်မယ်၊ ဆွမ်းခံသွားတော့ မရပ်မနား ဒီညောင်ပင်အောက်ကချည်း ဖြတ်သွားတာ၊ ကလေးတွေ ကစားနေတာ၊ ဟယ်--သားသားတို့--ဘုန်းဘုန်းလာတယ်၊ ဦးတော်ပေါ့၊ ဒီကနေ့ခေတ်လို ပြောရင်၊ ၀ရုဏမထေရဲ့ Missionary. အဲတော့ ကလေးလေးက ဘုန်းကြီးမော့ကြည့် ရော့ မုန့်လေးပေးလိုက်တယ်၊ ရော့ ကျပါတီလေးပေးလိုက်တယ်။

 လောကီဆရာသည် ပညာရင်နို့ သောက်စို့နေတဲ့ ကလေးသူငယ်တွေထံက ပစ္စည်းယူ၍ ပညာသင်တယ်။ လောကုတ္တရာဆရာသည် ပစ္စည်းပေး၍ အစားကျွေး၍ အ၀တ်ပေး၍ ပညာသင်တယ်၊ လောကီကျောင်းနဲ့ လောကုတ္တရာကျောင်း ကွာတာ။ အဲဒါကြောင့် တက္ကသိုလ်အသီးသီး ထောင်တော်မူကြတဲ့ ဆရာတော် သံဃာတော်များ ပေးနိုင်အောင်လည်း ကျိုးစားကြပါ။

တပည့်တော် တက္ကသိုလ်တစ်ခု တည်ထောင်မလို့ စိတ်ကူးတော့၊ man powerဘယ်ကရမလဲ၊ Four M-Man, Material, Money and Mind. Project တစ်ခုမှာ အရေးကြီးတာ Four M-power၊ Man Powerအတွက် တပည့်တော်ရဲ့ န၀ကမ္မတွေနဲ့ ဝေငှပြီးတော့ တပည့်တော် တပည့်တွေ တပည့်တော်ကိုယ်တိုင် ကျောင်းထားတာ၊ တိုအောင်ပဲချုံးလိုက်မယ်၊ ဒီကနေ့ Ph.D ၂၅ ပါးလောက်နဲ့ M.A ၂၅ပါးလောက် ရတယ်၊ ၁၄ပါး လူထွက်တယ်၊ အားလုံး ကြိုထွက်ထားပါ၊ အလျှော့တွက်ကလေးတော့ ရှိပါတယ်။

ညောင်ပင်အောက် ကစားနေတဲ့ ကလေးတွေကို မုန့်ပေးတယ်လေ လောကုတ္တရာဆရာ၊ အဲဒါ ဆွမ်းခံရင်းနဲ့ ဒီကလေး ၇နှစ်အရွယ်ရောက်တာပဲ၊ ၇နှစ်ကြီး သင်ကြားပို့ချထားတဲ့ ဒီ Education နော်၊ ဘာသင်တာလဲ Buddhist Education ပဲ၊ ဒီကလေး ကောက်မွေး၊ ပိဋကတ်သုံးပုံ သင်ပေး၊ ပဋိပတ္တိပြပေး၊ သိပြီးသားတွေ ချုံးလိုက်၊ နိဂြောဓာ ဘာဖြစ်သွားလဲ ရဟန္တာဖြစ်သွားတယ်။ အသောကရဲ့ တူလေ၊ ညီအစ်ကိုဝမ်းကွဲက မွေးတာ၊ အဲတော့ တပည့်တော်တို့ ဘယ်လိုမွေးမလဲ၊ ဘယ်လိုကျွေးမလဲ၊ ဘယ်လိုသင်ပေးမလဲ၊ တပည့်တွေကို ဘယ်လို Organize လုပ်မလဲ၊ အားလုံး ကျောင်းထောင်ဆရာတော်များ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားဖို့ တပည့်တော်ရဲ့ experiences တွေကို ဒီကနေ့ Share လုပ်ပါတယ်။  သင်ကြားပြသနေတာ မဟုတ်ပါဘူး၊ Sharing my experience with knowledge with you in these great event.

အပိုင်း (၂) ဆက်လက် ဖော်ပြပါမည်။

မှတ်ချက်။ ။ အသံဖိုင်မှ တဆင့်ကူးယူရသဖြင့် စာလုံး၊ အသံထွက်များ၊ တစုံတရာ အမှားပါက စာကူးယူသူ မိမိ၏ တာဝန်ဖြစ်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes