သီတဂူစတား

သီတဂူစတား

29 September 2014

သီတဂူ စင်္ကာပူဓမ္မခရီး သီတဂူစတား လိုက်မည်

သီတဂူ စင်္ကာပူဓမ္မခရီး
သီတဂူစတား လိုက်မည်
ဓာတ်ပုံ= ရုရှားနိုင်ငံ၊ မော်စကို၊ တက္ကသိုလ် အမှတ်တရ

စင်္ကာပူရောက် မြန်မာမိသားစုများ၏ပင့်ဖိတ်ချက်အရ ၂၀၁၄-အောက်တိုဘာလ (၃)ရက်နေ့ ညနေ စင်္ကာပူလေကြောင်းလိုင်းဖြင့် စင်္ကာပူသို့ထွက်ခွါမည်။

(၄-၅ရက်၊ စနေ-တနင်္ဂနွေ) ရက်များတွင် သီတဂူဆရာတော်ကြီးသည် စင်္ကာပူရောက် မြန်မာမိသားစုများနှင့် ဗုဒ္ဓတရားကို စိတ်ဝင်စားသူများအား တရားတော်များ ဟောကြားမည် ဖြစ်သည်။

ဆရာတော်ကြီးနောက်တော်ပါးကနေ ဆင်ဖြူတော်အမှီပြုလျှက် မြင်းမြီးဆွဲ မောင်ဆန်လို ပစ္ဆာသမဏအဖြစ် သီတဂူစတားလည်း လိုက်ပါမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၉-၂၀၁၄

28 September 2014

သီတဂူ-ဂျာမဏီ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အထူးကုအစီအစဉ်

သီတဂူ-ဂျာမဏီ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အထူးကုအစီအစဉ်
သီတဂူဆရာတော်ကြီးသည် စစ်ကိုင်းတောင်ရိုး၊ သီတဂူအာယုဒါနဆေးရုံ၌
၂၈-၉-၂၀၁၄ ရက်၊ နံက် (၁၁)နာရီတွင် ဂျာမဏီနိုင်ငံမှ ရောက်ရှိလာသော သီတဂူ-ဂျာမဏီနှုတ်ခမ်းကွဲ-အာခေါင်ကွဲ အဖွဲ့ကို ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။
စစ်ကိုင်းတောင်ရိုး၊ သီတဂူအာယုဒါနဆေးရုံတွင် နှုတ်ခမ်းကွဲ-အာခေါင်ကွဲ လူနာများကို (၂၈-၉-၂၀၁၄)မှ (၃-၁၀-၂၀၁၄)ရက်နေ့အထိ ခွဲစိပ်ကုသပေးနေပါသည်။

အနယ်နယ် အရပ်ရပ်မှ နှုတ်ခမ်းကွဲ-အာခေါင်ကွဲ ဝေဒနာရှင်များ လာရောက်စာရင်းသွင်း ကုသနိုင်စေရန် သတင်းကောင်းပါးအပ်ပါသည်။ 

ဆက်သွယ်ရန်-
ဒေါက်တာခင်မောင်ဇော် ဖုန်း-072-22099
စီမံအုပ်ချုပ်ရေးအဖွဲ့
သီတဂူအာယုဒါနဆေးရုံ
စစ်ကိုင်း
09259147446
www.thesitagu.org 

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၉-၂၀၁၄
www.sitagustar2020.net

27 September 2014

သီတဂူ မျက်စိအထူးကုအစီအစဉ် (သီပေါမြို့)

သီတဂူ မျက်စိအထူးကုအစီအစဉ် (သီပေါမြို့)
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့် သီပေါဆရာတော် ဦးပညာသိရီ ဦးဆောင်သော မျက်စိအထူးကုအစီအစဉ်ကို ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် (၂၅-၉ -၂၀၁၄)မှ (၂၈-၉-၀၁၄)ရက်အထိ ဆောင်ရွက်နေပါသည်။

နှစ်ရက်တာကာလအတွင်း မျက်စိဝေဒနာရှင်(၅၀၂)ယောက်ကို စမ်းသပ်စစ်ဆေးပေးပြီး၊ မျက်စိဝေဒနာရှင် (၆၂)ဦး ခွဲစိပ်ကုသပြီး ဖြစ်ပါသည်။ စမ်းသပ်စစ်ဆေးခွဲစိပ်ကုသ ပေးနေဆဲဖြစ်ပါသည်။

သီပေါဆရာတော် ဦးပညာသိရီ ဦးဆောင်သော သီတဂူသီပေါစက္ခုဒါနအစီအစဉ်သည် (၃)လ (၁)ကြိမ် စီစဉ်ဆောင်ရွက်ခဲ့ရာ (၂၉)ကြိမ်မြောက်အထိ ရောက်လာပြီဖြစ်သည်။ ယနေ့အထိ မျက်စိဝေဒနာရှင်(၁၄၂၄၇)ယောက်ကို စမ်းသပ်စစ်ဆေးပေးခဲ့သည်၊ (၂၉၀၆)ဦးကိုတော့ ခွဲစိပ်ကုသပြီး လောကအလင်းများ ရရှိသွားကြပြီ ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ကျောက်မဲ၊ လားရှိုးနှင့် ပြင်ဦးလွင်မြို့မှ မျက်စိအထူးကု ဆရာဝန်ကြီးများကလည်း လာရောက်ကူညီ ပညာဒါန၊ လုပ်အားဒါနများ ပြုပေးကြပါသည်။
ထို့အပြင် အမေရိကနိုင်ငံ၊ အင်္ဂလန်နိုင်ငံများမှ မျက်စိအထူးကု ဆရာဝန်ကြီးများကလည်း လာရောက် ပညာဒါန၊ လုပ်အားဒါနပြုကြပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ..
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org 

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၉-၂၀၁၄
www.sitagustar2020.net

25 September 2014

သီတဂူ မျက်စိအထူးကုအဖွဲ့ ( မြင်းခြံမြို့)

သီတဂူ မျက်စိအထူးကုအဖွဲ့ ( မြင်းခြံမြို့)
သီတဂူဆရာတော်ဦးဆောင်သော သီတဂူမျက်စိအထူးကုအဖွဲ့သည် မြင်းခြံမြို့၊ သီတဂူအာယုပါလ မျက်စိအထူးကုဆေးရုံတွင် (၁၄.၉-၂၀၁၄)မှ (၂၅-၉-၂၀၁၄)ရက်နေ့အထိ မျက်စိဝေဒနာရှင် (၄၅၀၀)ယောက်တို့ကို စမ်းသပ်စစ်ဆေးပြီးသည်။ စမ်းသပ်ပြီး မျက်စိဝေဒနာရှင် (၄၅၀)ယောက်ကို ခွဲစိပ်ကုသနိုင်ခဲ့ပြီးဖြစ်သည်။
သီတဂူမျက်စိအထူးကုအဖွဲ့တွင်
မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးမြအောင်(ငြိမ်း)၊
မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်မြင့်ခိုင်(ငြိမ်း)၊
မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဒေါ်ရီရီအောင်၊
မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဦးလှမောင်တင်၊
မန္တလေးမျက်စိအထူးကုဆေးရုံမှ
မျက်စိအထူးကု ဆရာဝန်ဒေါက်တာယဉ်ကြည်ဦး၊
မျက်စိအထူးကု ဆရာဝန်ဒေါက်တာအိကေသွယ်ဟန်၊
မျက်စိအထူးကုဆရာဝန် ဒေါက်တာဒေါ်သန္တာအောင်၊
မျက်စိအထူးကု ဆရာဝန်ဒေါက်တာမောင်မောင်မျိုးဝင်း၊
မျက်စိအထူးကုဆရာဝန် ဒေါက်တာဒေါ်သန္တာထွန်း၊
မျက်စိအထူးကုဆရာဝန်ဒေါက်တာ ဒေါ်အေးသီတာမြင့်၊
သီတဂူအာယုဒါနဆေးရုံတော်မှ
ဒေါက်တာဒေါ်မိမိခင်ဦးဆောင်သော သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)မှ သူနာပြု(၁၀)ဦး၊ မြင်းခြံမြို့ မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေးအဖွဲ့၊ ရိုးမဘဏ်၊ ကမ္ဘောဇဘာဏ်၊ ဆန္ဒတော်ပြည့်မှ ၀န်ထမ်းများ၊ မြင်းခြံမြို့မှ ရပ်မိရပ်ဖများက ၀ိုင်းဝန်း လုပ်အားဒါနပြုခဲ့ပါသည်။ 

သီတဂူစန်းလပမာချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၉-၂၀၁၄

19 September 2014

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲကြေညာ (ရန်ကုန်)

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲကြေညာ (ရန်ကုန်)
19-9-2014

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ ကျင်းပမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊ ပထမနှစ်ဝက် (First Semester Exam) စာမေးပွဲများကို အောက်ပါအတိုင်း ကျင်းပမည်ဖြစ်သည်။

၁။ Fundamental Buddhism အတန်း
လူဝတ်ကြောင်များအတွက် Fundamental Buddhism အတန်း ပထမနှစ်၊ ဒုတိယနှစ်များကို (၂၁-၉-၂၀၁၄) ၁၃၇၆ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၃)ရက်နေ့၊ နံနက် (၈း၀၀)နာရီမှ စဖြေဆိုရမည်။

၂။ B.A & Diploma တန်းများဘီအေတန်းနှင့် ဒီပလိုမာတန်းများကိုတော့ (၃-၁၀-၂၀၁၄ မှ ၇-၁၀-၂၀၁၄) နေ့များအထိ (၅) ရက်တိုင်တိုင် နေ့လည် (၂း၀၀)နာရီမှ စတင်ကျင်းပသွားမည်ဖြစ်သည်။

စာမေးပွဲအချိန်ဇယားများ၊ ခုံနံပါတ်များ၊ စာဖြေဌာနများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကြေညာဘုတ်တွင် ကြည့်ရှုနိုင်ပါသည်။

သင်ကြားစီမံအဖွဲ့

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

ရန်ကုန်

www.thesitagu.org


ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

19-92014

18 September 2014

ဆိုးလ် World Alliance Religions Peace Summit ဒုတိယနေ့

ဆိုးလ် World Alliance Religions Peace Summit ဒုတိယနေ့
ဒီကနေ့ (၁၈-၉-၂၀၁၄) World Alliance Religions Peace Summit ဒုတိယနေ့အဖြစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ နိုင်ငံတကာ အားကစားကွင်းမှာ ဆက်လက်ကျင်းပသည်။

ထိုအစည်းဝေးကြီးသို့ နိုင်ငပေါင်း (၂၀၀)မှ Participants ကိုယ်စားလှယ်ပေါင်း (၆၀၀၀) တက်ရောက်သည်။ သမ္မတဟောင်း၊ ဝန်းကြီးဟောင်း ၁၅ ယောက်လည်း တက်ရောက်ကြသည်။ 
မြန်မာပြည်မှ သီတဂူဆရာတော်ကြီးက အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာများကိုယ်စား Achieving Peace through Buddhist Teaching (မြတ်ဗုဒ္ဓ၏ဓမ္မဖြင့် ငြိမ်းချမ်းရေးသို့) ခေါင်းစဉ်ဖြင့် ၁၅ မိနစ်ခန့် မိန့်ခွန်းပြောကြားခဲ့သည်။
အစည်းအဝေးကြီး၏ အဓိကရည်ရွယ်ချက်က

၁။။ စစ်ပွဲတွေ ရပ်ပြီး ငြိမ်းချမ်းရေးရဖို့နှင့်
၂။ ဘာသာတရားတွေ ညီညွတ်ရေး တိုဖြစ်သည်။
ဓာတ်ပုံများကို အရှင်ဝိသုတ ပေးပို့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၉-၂၀၁၄
www.thesitagu.org
www.sitagustar2020.net

16 September 2014

သီတဂူဆရာတော် ပါကစ္စတန်ရေဘေးတွက် ဒေါ်လာ တစ်သောင်းအလှူ (Sitagu Donation to Pakistan)

သီတဂူဆရာတော် ပါကစ္စတန်ရေဘေးတွက် ဒေါ်လာ တစ်သောင်းအလှူ
(Sitagu Donation to Pakistan)
Sitagu Missionary Association has been established by Most. Ven. Dr. Ashin Nyanissara with the aim of giving a hand to the needy who are really in need, regardless of religion, race, color and caste. So far, much assistance has been reached out to those who are in need far and near and to those whatever religion they belong to.

Today is a remarkable day which we learn with great pleasure that Sitagu Sayadaw, Most. Ven. Dr. Ashin Nyanissara has donated 10000 USD through Pakistani Embassy to some areas of Pakistan which are badly and severely affected by the heavy flood.

It is a good example that it is a must for everyone whatever religion they profess in to help those who are in need.
English version by Ashin Visuta
သီတဂူဆရာတော်ကြီးသည် ပါကစ္စတန်နိုင်ငံ၊ ရေးဘေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းကို မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံး၊ ပါကစ္စတန်သံအမတ်ကြီးထံသို့ ၁၆-၉-၂၀၁၄ နေ့၊ နေ့လည်ပိုင်းက သွားရောက်လှူဒါန်းသည်။

ဆရာတော်ကြီးက ထိုလှူဒါန်းပွဲမှာ လှူဒါန်းရခြင်း၏အကြောင်းကို ပါကစ္စတန်သံအမတ်ကြီးနှင့် သံရုံဝန်ထမ်းများ၊ သတင်းထောက်များအား အောက်ပါအတိုင်း မိန့်ကြားသည်။

ချစ်ခြင်းအပေါ်မှာ လက်တွဲခြင်း
ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာတို့ဆိုပြီး နိုင်ငံတွေနဲ့ လူမျိုးတွေ၊ ကိုးကွယ်သည့်ဘာသာတွေ မတူကြသော်လည်းဘဲ Problem ပြဿနာဆိုတာ ဖြစ်ရင်၊ ဥပမာ ရေနစ်နေရင်၊ မြန်မာပြည်မှာလည်း ရေကြီးတာတွေ၊ ရေနစ်တာတွေ အများကြီးပဲ၊ မြန်မာဗုဒ္ဓဘာသာမှာ ဖြစ်သလို ခရစ်ယာန်၊ အစ္စလာန်၊ ပါကစ္စတန်မှာလည်း ဖြစ်တာပဲ။

အစ္စလာန်နှင့်ဗုဒ္ဓဘာသာ၊ ပါကစ္စတန်နှင့် မြန်မာဆိုတဲ့ အပေါ်က နာမည်လေးတွေကို ခဏဖယ်ထားလိုက်၊ ရေနစ်ခံရတဲ့ဒုက္ခ၊ ရေမြုတ်ခံရတဲ့ဒုက္ခဟာ ဘုံဆိုင်ပြဿနာ (Common Problem)ပဲ၊ အားလုံးနဲ့ဆိုင်နေတယ်။ အဲဒီတော့ အများနှင့်ဆိုင်နေတဲ့ ဒီပြဿနာကို ၀ိုင်းဝန်းပြီးတော့ ဖြေရှင်းပေးရမည်။ ဒါဟာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ရှိသည့် တာဝန်ပဲ။

မတူတာလေးတွေကို ကြည့်ပြီးတော့ တူညီတဲ့အပေါ်မှာ လက်မတွဲနိုင်ကြရင် ကမ္ဘာကြီးက ပြဿနာတွေဟာ ရှင်းလို့ရမှာ မဟုတ်တော့ဘူး။ အဲဒီရဲ့ အမှတ်လက္ခဏာကို ပြဖို့ ဒီကနေ့ ဒို့လာလှူခြင်းဖြစ်သည်။

တူညီသည့်ပြဿနာနှင့် တူညီတဲ့ စိတ်ထား
ရေမြုပ်ခြင်း၊ မီးလောင်ခြင်း၊ မိုးခေါင်းခြင်းဆိုတဲ့ ပြဿနာတွေဟာ တိုင်းပြည်နှင့်လူမျိုး၊ ကိုးကွယ်သည့်ဘာသာ မတူပေမဲ့ ဒီပြဿနာတွေ အားလုံးက တူနေတယ်။ ပြဿနာတွေ တူနေတယ်ဆိုရင် Common Problem လို့ ခေါ်တယ်။ အဲဒီတူညီတဲ့ ပြဿနာကို တူညီတဲ့ စိတ်ဓာတ်တစ်ခုရှာပြီးတော့ အားလုံး ၀ိုင်းဖြေရှင်းရမည်။ ဒါဟာ ဘုန်းကြီးစိတ်ထဲမှာ အမြဲတမ်းရှိတယ်။ အဲဒီတော့ ပရဟိတအသင်းအဖွဲ့အားလုံးကို ဘုန်းကြီး ဒီအတိုင်းပဲပြောတယ်။

အဲဒီတော့ တူညီသော ပြဿနာအားလုံးကို တူညီသော စိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းဖြေရှင်းဖို့ဆိုရာမှာ အခုလို ရေမြုပ်ခြင်းတို့၊ မီးလောင်ခြင်းတို့၊ တောင်ပြိုခြင်းတို့၊ မိုးခေါင်းခြင်းတို့၊ ငတ်မွတ်ခြင်းတို့ ဒုက္ခတွေကို ဖယ်ရှားတဲ့နေရာမှာ ကရုဏာတရားအပေါ်မှာ အားလုံးလက်တွဲရမည့် Common Platformပဲ။ ဒီနေ့ ဘုန်းကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ အဲဒီ တူညီတဲ့ လမ်းပေါ်မှာ လက်တွဲပြီးတော့ ပါကစ္စတန်ရေဘေးအတွက် လှူတာပဲ။

ကရုဏာဆိုတာ သူတပါးဒုက္ခရောက်တဲ့အပေါ်မှာ ခံစားတဲ့ စိတ်။ ခံစားနေရုံနဲ့မပြီးသေးဘဲ သူတပါးရဲ့ ဒုက္ခကို ဖယ်ရှားပေးလိုတဲ့ စိတ်ဟာ ကရုဏာပဲ။ အဲဒီကရုဏာစိတ်ထားမျိုးဟာ လူမျိုးတိုင်း၊ ဘယ်ဘာသာကိုးကွယ်တဲ့ ဘာသာဝင်တိုင်းမှာမဆို ရှိအပ်တဲ့ နှစ်လုံးသားရဲ့ အရည်အချင်းပါပဲဆိုတာ အဲဒါလေးနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။


ပါကစ္စတန်ရေဘေးမှာ အသက်ဆုံးရှူံးသွားသူ ၃၀၀ ကျော်
အိုးမဲ့အိမ်မဲ့ဖြစ်သူ နှစ်သိန်းကျော် ရှိသူဟု ပါကစ္စတန်သံအမတ်ကြီးက ဆရာတော်ကြီးအား လျှောက်ထားပါသည်။

ဆရာတော်ကြီးမိန့်ကြားခဲ့သည့် ဗီဒီယိုဖိုင်မှ အသံများကို စာအဖြစ်ဖန်တီးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၉-၂၀၁၄
www.thesitagu.org
www.sitagustar2020.net

15 September 2014

သီတဂူစက္ခုဒါနဆေးရုံ (ကလေးမြို့)

သီတဂူစက္ခုဒါနဆေးရုံ (ကလေးမြို့)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ၊ သီတဂူစက္ခုဒါနဆေးရုံတော်ကို ရဟန်းရှင်-လူများ၏ ကောင်းမှုဖြင့် သီတဂူဆရာတော်၊ စကားလှဓမ္မာရုံဆရာတော်၊ နေသာပညာဒါနဆရာတော်၊ မဟာသန္တာရုံဆရာတော်တို့၏ သြ၀ါးကို ခံယူလျှက် မြန်မာနှစ် ၁၃၇၁ခုနှစ်၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

ဖွင့်လှစ်ပြီးပြီးချင်းပဲ မျက်စိဝေဒနာရှင်များကို ကုသပေးခဲ့ရာမှာ--
ပထမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၁၁၅၄။ ခွဲစိပ်လူနာ-၂၄၈
ဒုတိယအကြိမ် ကုသမှု
စမ်းသပ်လူနာ-၇၃၅။ ခွဲစိပ်လူနာ-၁၇၅
တတိယအကြိမ် ကုသမှု
စမ်းသပ်လူနာ-၆၀၅။ ခွဲစိပ်လူနာ-၁၉၆
စတုတ္ထအကြိမ် ကုသမှု
စမ်းသပ်လူနာ-၅၆၂။ ခွဲစိပ်လူနာ-၁၇၁
ပဉ္စမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၆၂၃။ ခွဲစိပ်လူနာ-၁၄၃
ဆဋ္ဌမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၄၈၁။ ခွဲစိပ်လူနာ-၁၃၈
သတ္တမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၈၀၁။ ခွဲစိပ်လူနာ-၁၉၂
အဋ္ဌမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၁၈၅၀။ ခွဲစိပ်လူနာ-၃၀၃
န၀မအကြိမ် ကုသမှု
စမ်းသပ်လူနာ-၁၁၀၁။ ခွဲစိပ်လူနာ-၂၁၄

(၉)ကြိမ်တိုင်တိုင်အထိ စမ်းသပ်လူနာ- (၇၉၁၂)တို့ကို စမ်းသပ် စစ်ဆေးပြီး၊ (၁၇၈၀)ဦးကိုတော့ ခွဲစိပ်ကုသပြီး မျက်စိအလင်းများ ပေးနိုင်ခဲ့သည်။

တစ်မိသားစုတည်းမှာ မွေရာပါ မျက်မမြင် လေးယောက်လည်းပါသည်၊ မျက်လုံးနှစ်ခုလုံး အမြင်ရသွားကြသည်အတွက် ထိုမိသားစုတို့သည် အတိုင်းမသိ ၀မ်းသာသွားကြသည်။

အလှူငွေ၊ သုံးငွေများ----
သီတဂူစက္ခုဒါနဆေးရုံ (ကလေးမြို့)ကို အနယ်နယ်အရပ်ရပ်မှ လာရောက် ကုသမှုခံယူကြသည်၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များက လာရောက်လှူဒါန်းကြသည်။

ယနေ့အထိ အလှူငွေ--ကျပ်ငွေ (၃၉,၇၁၃၉၀၀တို့ကို ရရှိသည်။ အသုံးပြုငွေမှာ--ကျပ်ငွေ ၄၀,၉၀၆၆၆၂ ရှိသည်။ ကုန်ကျစိရိတ် အသုံးပြုရာမှာ- ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမှ ဆရာဝန်များ၏ သွားလာစရိတ်၊ စားစရိတ်၊ လူနာများအတွက် ဆေးဝါးစရိတ်၊ မျက်မှန်စသည့် လိုအိပ်သည်များကို လှူပေးပါသည်။

ယခုအခါ သီတဂူစက္ခုဒါနဆေးရုံတော်ကို တိုးချဲ့ဆောက်လုပ်နေပြီ ဖြစ်ပါသည်။ စိတ်ပါဝင်စားသူတိုင်း ဆက်သွယ်နိုင်ပါသည်။ လှူဒါန်းနိုင်ပါသည်။

သီတဂူစက္ခုဒါနဆေးရုံတော်
စောင့်ရှောက်ရေးအဖွဲ့
ကလေးမြို့
ဖုန်း-၄၇၀၇ ၂၂၂၀၅
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၉-၂၀၁၄

11 September 2014

သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ အလုပ်မှုဆောင်များ (EC) အစည်းအဝေး

သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ အလုပ်မှုဆောင်များ (EC) အစည်းအဝေး
 သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ အလုပ်မှုဆောင်များ (EC) အစည်းအဝေးကို (၈-၉-၂၀၁၄) ညနေ (၃း၀၀)နာရီအချိန်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

ထိုအစည်းအဝေးသို့ သီတဂူဆရာတော်ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စီမံအုပ်ချုပ်ရေးနှင့် သင်ကြားစီမံအဖွဲ့ ပါမောက္ခ၊ ကထိကများ၊ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ဝင် ကပ္ပိယကာရကအဖွဲ့ဝင်လူကြီးမင်းများ စုံညီစွာ တက်ရောက်ကြသည်။

ဆရာတော်ကြီးက အောက်ပါ အစီအစဉ်များကို ကြေညာသည်---
၁။ ၂၀၁၅ခုနှစ် နှစ်ဦး ဇန္န၀ါရီလ (၅)မှ စ၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ကနေ ရှမ်းပြည်တောင်ပိုင်း၊ ခိုလန်မြို့သို့ သီတဂူကျန်းမာရေး စောင့်ရှောက်အဖွဲ့ (စစ်ကိုင်း)တို့ ချီတက်ကြမည်။ ဇန္န၀ါရီ (၁၀)ရက်နေ့မှာတော့ သီတဂူကျန်းမာရေး စောင့်ရှောက်အဖွဲ့ (ရန်ကုန်)သည် ရန်ကုန်ကနေ ကျိုင်းတုံမြို့သို့ ထွက်ခွါကြမည်။ ထိုအဖွဲ့အားလုံးသည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ သီတဂူစက္ခုဒါန ဆေးရုံသို့ ဆက်လက် ထွက်ခွါကြမည်။

ရှမ်းတောင်၊ ခိုလန်၊ မိုင်းကန်းဘက်မှာ စာသင်ကျောင်းနှစ်ကျောင်းအတွက် ဒေသခံများက အလှူခံရာ ဆရာတော်ကြီးနှင့် သီတဂူကပ္ပိယအဖွဲ့တို့က သိန်း (၄၀၀)လောက် လှူဒါန်းဖို့ ရာထားသည်။

၂။ သီတဂူစက္ခုဒါန ဆေးရုံ (အုပ်ဖို) ပဲခူးတိုင်းဒေသကြီး ဖွင့်ပွဲကို ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၂၁-၂၂-၂၃-၂၄) ရက်များတွင် ကျင်းပမည်။ ထိုရက်များတွင် ဒေသခံမျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးမည်။ ထိုရက်များတွင် ဆရာတော်ကြီးနှင့်အတူ သီတဂူဓမ္မကထိကများက ညစဉ် တရားဓမ္မများ ဟောကြားပေးမည်။ ထိုပွဲအပြီးမှာပဲ သဲကုန်း သီတဂူစက္ခုဒါနဆေးရုံတွင် (၃)ရက်တိုင်တိုင် ဒေသခံမျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးမည် ဖြစ်သည်။

၃။ သီတဂူကျန်းမာရေး စောင့်ရှောက်အဖွဲ့တို့သည် ဖေဖော်ဝါရီလလောက်တွင် အောက်မြန်မာပြည် ဧရာဝတီတိုင်းဒေသ၊ မော်ကျွန်း၊ ဟိုင်းကြီးကျွန်း သီတဂူစက္ခုဒါနဆေးရုံများသို့ ကျိုင်းတုံဒေသအပြီးမှာ ဆက်လက် ထွက်ခွါကြမည်။

၎။ နီပေါလ်နိုင်ငံ “မြတ်ဗုဒ္ဓဖွားမြင်ရာ လုမ္ဗိနီဒေသ ဗုဒ္ဓဘာသာအမွေအနှစ် ထိမ်းသိမ်းစောင့်ရှောက်ရေး” နိုင်ငံတကာ အစည်းအဝေးကို ၂၀၁၄ နိုဝင်ဘာ ၁၅-၁၆-၁၇-၁၈ ရက်များတွင် ကျင်းပမည်ဖြစ်သည်။ ထိုအစည်းအဝေးကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် နီပေါလ်နိုင်ငံ ထေရ၀ါဒ တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည်။ မြန်မာပြည်မှ သီတဂူသာသနာပြုအဖွဲ့ ဒကာဒကာမများက ထောက်ပံ့ကြသည်။ ထိုခရီးစဉ်ကို လိုက်ပါမည့် အစီအစဉ်များကိုလည်း ထည့်သွင်းပြောကြားသည်။

၅။ စစ်ကိုင်းမြို့ ထူပါရုံစေတီတော်ကြီး ထီးတော်၊ ငှက်မျက်နားတော်၊ စိန်ဖူးတော်တင်လှူပွဲနှင့် သံဃာတစ်ထောင် ဘုရားအနေကဇာတင်ပွဲနှင့် စစ်ကိုင်းမြို့တည် နှစ် (၇၀၀)ပြည့်ပွဲကို ၂၀၁၅ နိုဝင်ဘာလလောက်မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ ထိုအထွက် သီတဂူသာသနာပြုအဖွဲ့က ပင်မ အလှူဖြစ် တာဝန်ယူထားသည်။

အစီအစဉ် (၅)ရက် ပင်မထားပြီး သီတဂူအပြည်ပြည်ဆိုင်ရာ သာနာပြုအဖွဲ့၏ လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး သီတဂူအဓိဋ္ဌာန်ဖြင့် အခမ်းအနားကို ရုတ်သိမ်းသည်။

အစီအစဉ်များအပြီး သီတဂူသာသနာပြုအဖွဲ့ဝင် အလုပ်မှုဆောင်အဖြစ် မျက်စိဆရာဝန် ဒေါက်တာစဂျေလွင်ကို ခန့်အပ်ပြီး ဆရာတော်ကြီးကိုယ်တိုင် သီတဂူသာသနာပြုအဖွဲ့တံဆိပ်ကို ပေးအပ်သည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၉-၂၀၁၄


ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes