သီတဂူစတား

သီတဂူစတား

31 May 2016

သီတဂူဆရာတော်အား ချူလာလောင်ကွန်း တက္ကသိုလ်ပါမောက္ခ ဂါရဝပြု

သီတဂူဆရာတော်အား
ချူလာလောင်ကွန်း တက္ကသိုလ်ပါမောက္ခ
ဂါရဝပြု

*********
သီတဂူ ၂၀၁၆ မေ ၃၀

သီတဂူရာတော်ကြီးသည် ၃၀-၅-၂၀၁၆ ရက်နေ့ နံနက် ၈:၁၅ နာရီအချိန်မှ စတင်၍ ထိုင်းနိုင်ငံ Chulalongkorn University Professor, Dr. Lowell Dean SKAR ကို လက်ခံတွေ့ဆုံပြီး၊ သိလိုသည့် မေးခွန်းများကို ဖြေကြားပေးခဲ့သည်။

ဆရာတော်ကြီးနှင့် တွေ့ဆုံစဉ် ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်များ၊ လူမှုရေးအကျိုးပြုလုပ်ငန်းများကို ဖတ်ရသောကြောင့် လာရောက် ကိုယ်တိုင် ကိုယ်ကျ လာရောက် သိလိုသောကြောင့် မေးမြန်းရခြင်းဖြစ်ကြောင်း ပရောဖက်ဆာက ပြောကြားခဲ့သည်။ ဆရာတော်ကြီးက ဓမ္မတည်းဟူသော လက်နက်ကို ဆုပ်ကိုင်ကာ နှစ်ပေါင်း ၃၀ ကျော် သာသနာပြု လုပ်ငန်း၊ လူမှုရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ကြောင်း၊ လုပ်တဲ့နေရာမှာ Missionary and Ministry ၂ ရပ်ကို လုပ်ဆောင်ပါကြောင်း MIssionary သာသနာပြုလုပ်ငန်းနေရာမှာ ဘာသာဝင်အသီးသီးဟာ မိမိသက်ဆိုင်သည့် ဘာသာနှင့် တရားဒေသနာတော်များကို Protect, preserve and promote လုပ်ရပါကြောင်း၊ ဘုန်းကြီးအနေနဲ့ကတော့ ဘာသာအားလုံးဟာ ကိုယ့်ဘာသာအသီးသီး၏ အနှစ်သာရကို သိပြီး ငြိမ်းချမ်းစွာ အတူနေထိုင်ရေးကိုလည်း အားပေးလျှက်ရှိပါကြောင်း၊ အထောက်အပံ့ဖြစ်စေသည့် အစည်းဝေးများ၊ ဆီမီနာများ အခါအားလျှော်စွာ လုပ်ပေးလျှက်ရှိပါကြောင်း၊ သို့သော်လည်း ပညာမတတ်သည့်၊ ဆင်းရဲ နိမ့်ပါသည့် အောက်ခြေလူတန်းစားများ များစွာရှိပါကြောင်း၊ အထူးသဖြင့် တဖက်နိုင်ငံမှ အခြေအနေအရပ်ရပ်ကြောင့် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လျှက်ရှိပါကြောင်း၊ ထိုသူများကြောင့် မလိုလားအပ်တဲ့ ပြဿနာများ ဘုန်းကြီးတို့နိုင်ငံမှာ တက်လျှက်ရှိပါကြောင်း ဆရာတော်ကြီးကရှင်းပြသည်။

ဆရာတော်ကြီးက နိုင်ငံတစ်ခုဟာ စီးပွားရေး၊ လူမှုရေး ဖွင့်လွန်းအားကြီးလျှင်လည်း မကောင်း၊ ပိတ်လွန်းအားကြီးလျှင်လည်း မကောင်းဟု မြင်ပါကြောင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနှင့် ကိုက်ညီသည့် ပေါ်လစီ၊ မူဝါဒများသာ ချမှတ်ကာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သင့်သည်ဟု ထင်မြင်မိပါကြောင်း ဆရာတော်ကြီးက ရှင်းပြဆွေးနွေးသည်။

ပညာနှင့် ပတ်သက်၍ ပြောကြားလိုသည်မှာ ဗုဒ္ဓသာသနာတော်အတွက် ခေတ်မီနည်းပညာများ ထွန်းကားလာခြင်း၊ လူမှုရေးတွေ ပြောင်းလဲလာခြင်းသည် ဗုဒ္ဓဘာသာကို ရေရှည်ထိန်းသိမ်းဖို့ အခက်အခဲ တစ်ခုဖြစ်လာနိုင်ပါကြောင်း၊ ဆရာတော်ကြီးက ရဟန်းသံဃာတော်တွေ၊ ခေတ်လူငယ်တွေ မိမိတို့ဘဝ ပန်းတိုင် မပျောက်အောင်၊ ပန်းတိုင်ရောက်အောင် ခေတ်မီ နည်းပညာ၊ ဆိုရှယ်မီဒီယာတွေနဲ့ဘဲ မိမိတို့ ဘဝအသီးသီးကို အဆုံးမသတ်သင့်ကြောင့်ဟု မြင်မိကြောင်း၊ ခေတ်မီ နည်းပညာ၊ စက်ပစ္စည်းများကို ကောင်းကောင်းအသုံးချပါက ကောင်းစွာအသုံးဝင်ကြောင်းကို အသိမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။

ဗုဒ္ဓဘာသာနှင့် ဒီမိုကရေစီအကြောင်းအရာကို မေးရာမှာတော့ ဒီနေရာမှာတော့ ဆရာတော်ကြီးက နာမည်ကြီး သီဟိုလ်ဆရာတော်ကြီး စကားကို ကိုးကားလိုပါကြောင်း ထိုဆရာတော်ကြီးက ပြောကြားသည်မှာ Buddhism is democratically constitued and communally contribute ဗုဒ္ဓဘာသာဟာ ဒီမိုကရေစီနည်းနည်းကျကျ ဖွဲ့စီးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ဘုန်းကံအသီးသီးကြောင့် ဖြစ်ပေါ်လာသော ဒကာ၊ ဒကာမတွေ လှူဒါန်းသည့် ပစ္စည်းများကို အချင်းချင်း ပြန်လည်ဝေငှသုံစွဲကြောင်း ဆရာတော်ကြီး ရှင်းပြသည်။

ဆရာတော်ကြီးက ဘာသာအသီးသီးမှာ လူငယ်၊ လူရွယ်များသည် ဘာသာရေးနဲ့ ဝေးလိုရာကို သွားနေကြောင်း၊ အရှေ့အလယ်ပိုင်းဆို ဘာသာရေးအစွန်းရောက်တွေ အလွန်များနေကြောင်း၊ လူတွေဟာ မိမိတို့ ကိုးကွယ်သည့် ဘာသာရေးတွေ ကွယ်ပျောက်လျှင် အဖွဲ့အစည်း၊ နိုင်ငံအတွက် အသီးသီးအတွက် အန္တရာဖြစ်ပါကြောင်း၊ မိမိအတွေ့အကြုံကို ပြောရလျှင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ဝန်ကျင်းက အင်္ဂလန်မှာ အင်္ဂလိပ်စာ သင်ဖို့သွားခဲ့ပါကြောင်း Church ကျောင်းကြီးတွေမှာ လူငယ်တွေ မလာရောက်ပုံ၊ ခရစ်ယာန်ဘုန်းကြီးနဲ့ ဆွေးနွေးစဉ် လူငယ်တွေ ဘာသာရေးနဲ့ ဝေးရာသို့ သွားနေပုံကို ဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်လည်း ထိုနည်းတူစွာဖြစ်နေကြောင်း ဘာသာရေးကျောင်းများကို လူမှုရေးလုပ်ငန်းလုပ်နေသည့်နေရာ၊ သီချင်းများဆို၊ အကများ တီးခုံရာ နေရာဟု ထင်မှတ်နေပါကြောင်း၊ ထိုအယူအဆတွေဟာ အရှေ့နိုင်ငံများသို့လည်း ဝင်ရောက်လာပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဘာသာကို မဖြစ်နေ ကာကွယ်၊ ထိန်းသိမ်း၊ စောင့်ရှောက်ရမည်ဖြစ်ပါကြောင်း၊ ထိုအယူအဆနဲ့ဘဲ မိမိသည် တက္ကသိုလ် သုံးခု၊ ဆေးရုံ ၃၂ ရုံ၊ ကျောင်းခွဲများကို တည်ထောင်ကာ နိုင်ငံနှင့် လူမျိုးအတွက် Missionary and ministry သာသနာပြုခြင်း၊ တိုင်းပြည်နဲ့ လူမျိုးအတွက် တတ်နိုင်သည့်ဘက်မှ အကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိပါကြောင်း မိန့်ကြား။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ဓါတ်ပုံ - သီတဂူအောင်သန်းဝင်း၊ သီတဂူအရှင်ဝိသုတ

ရွှင်လန်းချမ်းမြေပါစေ
သီတဂူစတား

ဗုဒ္ဓတက္ကသိုလ်များ တွေ့ဆုံပွဲ

ဗုဒ္ဓတက္ကသိုလ်များ တွေ့ဆုံပွဲ
**********
သီတဂူ ၂၀၁၆ မေလ ၃၁

မနက်ဖန် (၁-၆-၂၀၁၆) နေ့ နံနက်ပိုင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များနှင့် ဗုဒ္ဓကောလိပ်များ အသင်း Association of Myanmar Buddhist University & Colleges (AMBUC) ဒုတိယအကြိမ် တွေ့ဆုံပွဲကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ ကျင်းပမည်။

ထိုပွဲကို အသင်းကြီး၏ သြ၀ါဒါစရိယဆရာတော်ကြီးများ၊ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ တက်ရောက်ကြမည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓတက္ကသိုလ်၊ ဗုဒ္ဓကောလိပ်အမည်များ စာရင်းများအရ ၂၁ ခု ရှိနေသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ
သီတဂူစတား
www.sitagustar2020.net

25 May 2016

သီတဂူဆရာတော် ဗုဒ္ဓနေ့အခမ်းအနားတက် (ဘန်ကောက်)

သီတဂူဆရာတော် ဗုဒ္ဓနေ့အခမ်းအနားတက် (ဘန်ကောက်)
***********
သီတဂူ ၂၀၁၆ မေ ၂၃


ဒီကနေ့ (၂၃-၅-၂၀၁၆) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကုလသမဂ္ဂအဆောက်ဦးမှာ ကျင်းပသည့် ဗုဒ္ဓနေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောသည်။
ထိုပွဲသို့ နိုင်ကာတကာမှ ဗုဒ္ဓဘာသာအသိုင်းဝိုင်းတို့ တက်ရောက်ကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

24 May 2016

သီတဂူ ဝင်ခွင့် (အရည်အချင်းစစ်) စာမေးပွဲ

သီတဂူ ဝင်ခွင့် (အရည်အချင်းစစ်) စာမေးပွဲ
*******************
သီတဂူ ၂၀၁၆ မေ ၂၄

စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ယူလိုကြသော ကျောင်းသား/ကျောင်းသူ အသစ်များသည် အောက်ပါ အတိုင်း ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြရမည် ဖြစ်ပါသည်။

အဆောင်နေဝင်ခွင့်
++++++++++
အဆောင်နေ၀င်ခွင့်စာမေးပွဲ (ရေးဖြေ) ကို ၁၃၇၈-ခုနှစ် ကဆုန်လပြည့်ကျော် ၁၄ (၀၄/၀၆/၂၀၁၆) ရက်နေ့ နေ့လည် ၂ နာရီအချိန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၏ ဒေဝဒဟဆောင်၌ ဖြေဆိုရန် ဖြစ်သည်။

B.A ပထမနှစ် ၀င်ခွင့်
+++++++++++
B.A ပထမနှစ် ၀င်ခွင့် စာမေးပွဲကို ၁၃၇၈-ခုနှစ် ကဆုန်လပြည့်ကျော် ၁၅ (၀၅/၀၆/၂၀၁၆) ရက်နေ့ နေ့လည် ၂ နာရီအချိန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၏ ဒေဝဒဟဆောင် ကဝိလဝတ္ထုဆောင် လုမ္ဗိနီဆောင်တို့၌ ဖြေဆိုရန် ဖြစ်သည်။

Diploma ၀င်ခွင့်
+++++++++++
Diploma အတန်း ၀င်ခွင့် စာမေးပွဲကို ၁၃၇၈-ခုနှစ် နယုန်လဆန်း ၁ (၀၆/၀၆/၂၀၁၆) ရက်နေ့ နေ့လည် ၂ နာရီအချိန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၏ ဒေဝဒဟဆောင်၊ ကဝိလဝတ္ထုဆောင် လုမ္ဗိနီဆောင်တို့၌ ဖြေဆိုရန် ဖြစ်သည်။

အဆောင်နေ ဝင်ခွင့် လူတွေ့
+++++++++++
အဆောင်နေ၀င်ခွင့် လူတွေ့ စစ်ဆေးမှု ကို ၁၃၇၈-ခုနှစ် နယုန်လဆန်း ၂ (၀၇/၀၆/၂၀၁၆) ရက်နေ့ နံနက် ၇ နာရီမှ စတင်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်း၏ ဂယာဆောင်၌ သီတဂူအဓိပတိဆရာတော်ကိုယ်တိုင် စစ်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ နံနက် ၆ နာရီ မိနစ် ၃၀ အချိန်မီ အရောက်လာကြပါရန် အသိပေးပါသည်။

ဒေါက်တာအရှင်ကုမာရ
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

20 May 2016

သီတဂူဗုဒ္ဓနေ့ပူဇာ ဖိတ်ကြားခြင်း

သီတဂူဗုဒ္ဓနေ့ပူဇာ ဖိတ်ကြားခြင်း
***********
မနက်ဖန် သာသနာနှစ် ၂၆၀၀ မြန်မာနှစ် ၁၃၇၈ ကဆုန်လပြည့်နေ့ (၂၁-၅-၂၀၁၆)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၌ ဗုဒ္ဓနေ့ပူဇာ အခမ်းအနားကို နံနက် ၈:၀၀နာရီမှ စတင်မည်ဖြစ်ပါသည်။
အခမ်းအနားကို သီတဂူဆရာတော်ကြီး ကိုယ်တိုင် ဦးစီးမည်ဖြစ်ပါသည်။ အခမ်းအနားအပြီး ဗောဓိပင်အား ရေသွန်းလောင်း၍ပူဇော်ကြမည်။ အစာအာဟာရဖြင့် ကျွေးမွေးသည့်အစီအစဉ်လည်းပါသည်။

ညပိုင်း
~~~~~~~
ည ၇:၀၀နာရီအချိန်မှာ သီတဂူဆရာတော်ကြီးက တရားတော်များ ဟောကြားမည်ဖြစ်ပါကြောင်း အကျိုးမျှော်၍ အသိပေးအပ်ပါသည်။
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

သီတဂူဆရာတော်ထံ မြေကွက်လှူဒါန်းခြင်း

သီတဂူဆရာတော်ထံ မြေကွက်လှူဒါန်းခြင်း
************
သီတဂူ ၂၀၁၆ မေလ ၁၉

၁၉-၅-၂၀၁၆ ရက်နေ့၊ ညနေပိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၌ သာသနာ့မြေလှူဒါန်းပွဲကျင်းပသည်။
ထိုပွဲသို့ သီတဂူဆရာတော်နှင့် သီတဂူကပ္ပိယကာရကများ အလှူရှင်များ တက်ရောက်ကြသည်။
အလှူရှင် ရကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နေ ဦးစိန်ထွန်းရီ မိသားစုက သီတဂူဆရာတော်ကြီး ဆောင်ရွက်နေသော လုပ်ငန်းကြီးလေးရပ်အတွက် လိုအပ်သလို အသုံးပြုနိုင်ရန် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းနှင့် သုနန္ဒာလမ်းထောင့်ရှိ မြေအကျယ်- ၁ ဧကရှိသော မြေကွက်နှင့် အကျိုးခံစားခွင့်အဝဝကို စွန့်လွှတ်လှူဒါန်းသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

14 May 2016

ဒီည လမ်းမတော် ဓမ္မသဘင်

ဒီည လမ်းမတော် ဓမ္မသဘင်
***********

ဒီကနေ့(၁၄-၅-၂၀၁၆) စနေနေ့ည ရန်ကုန် လမ်းမတော်မြို့နယ် (၅)လမ်း မိသားစုတို့၏ ဓမ္မသဘင်၌ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) မဟာဂန္ထဝါစကပဏ္ဍိတ အရှင်မြတ်က တရားချီးမြင့်မည်ဖြစ်ပါသည်။

၁၆-၅-၂၀၁၆ ညမှာ သီတဂူဆရာတော်ကြီးက တရားချီးမြင့်မည်ဖြစ်ပါသည်။

တရားချစ်ခင် သူတော်စင်တို့အား ဖိတ်မန္တကပြုပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၀၉ ၂၅၀ ၇၉၀ ၄၈၃

04 May 2016

သီတဂူဆရာတော် ချင်းပြည်နယ်ရောက်



သီတဂူဆရာတော် ချင်းပြည်နယ်ရောက်
************
သီတဂူ ၂၀၁၆ မေလ (၄)ရက်
မနေ့ (၃-၅-၂၀၁၆)နေ့ မနက်ပိုင်းက သီတဂူဆရာတော်ကြီးဦးဆောင်၍ သီတဂူနယ်လှည့်ကျန်းမာရေးအဖွဲ့သည် ချင်းပြည်နယ် မင်းတပ်မြို့ သီတဂူစက္ခုဒါနဆေးရုံသို့ ရောက်ရှိသည်။

သီတဂူစက္ခုဒါနဆေးရုံတွင် ချင်းပြည်နယ်က မျက်စိဝေဒနာရှင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပြုလုပ်သည်။ သီတဂူဆရာတော်ကြီးနှင့်အတူ သီတဂူ မျက်စိအထူးကု ဒေါက်တာမြအောင်နှင့် သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့တို့လည်း လိုက်ပါသွားကြသည်။


“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

သီတဂူပညာရေး အပြောင်းအလဲ

သီတဂူပညာရေး အပြောင်းအလဲ
*********
သီတဂူ စစ်ကိုင်း ၂၀၁၆ မေလ ၎

၂၀၁၆/၂၀၁၇ ပညာသင်နှစ်အတွက် ၂၀၁၆ ဧပြီလ ၂၅-၂၆-၂၇ စစ်ကိုင်း ပညာရေးစုံညီအစည်းဝေးဆုံးဖြတ်ချက်အရ -----

၁။ ဒီပလိုမာတန်း 4 semesters (2 years)
အသက် ၃၀ထက်မကြီသူ တက္ကသိုလ်ဝင်တန်း သို့မဟုတ် ပထမကြီတန်း အောင်ပြီးသူ

၂။ ဘီတေန်း 6 semensters (3years) အသက် ၃၅ထက် မကြီးသူ တက္ကသိုလ်က ဘွဲ့တစ်ခု သို့မဟုတ် ဓမ္မာစရိယဘွဲ့တစ်ခု ရရှိထားသူ နှင့် အောက်ပါ ကြေညာချက်အတိုင်း ပြောင်းလဲသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

02 May 2016

သီတဂူဆရာတော် ရာပြည့်အခမ်းအနားတက်ရောက်

သီတဂူဆရာတော် ရာပြည့်အခမ်းအနားတက်ရောက်
*************
သီတဂူ ၂၀၁၆ မေလ (၂)ရက်

ဒီကနေ့ (၂-၅-၂၀၁၆) မနက်ပိုင်းက သီတဂူဆရာတော်သည် မန္တလေးမြို့ မဟာဝိသူဒ္ဓါရုံရွှေကျင်တိုက်တွင် ကျင်းပသော ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး၏ သက်တော် ရာပြည့်ပူဇော်ပွဲ အခမ်းအနားကို တက်ရောက်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes