သီတဂူစတား

သီတဂူစတား

29 August 2016

တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည်


တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည်
**********
အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မည်။

၁။ ဦးအောင်ခိုင်+ ဒေါ်ခင်နွဲ့ မိသားစု မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာ ၁၀,၀၀၀၀ ကျပ်

၂။ ဦးဘိုနီ+ဒေါ်ခင်စောငွေ မိသားစု မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာ ၁၀,၀၀၀၀ ကျပ်

၃။ ကိုဆွေထွန်းနောင်+မသန်းသန်းလှ သမီး အင်ကြင်းမွှေး မိသားစု အင်းစိန်၊ အောင်ဆန်း ၅,၀၀၀၀ ကျပ်

၎။ ဦးဆန်းမောင်+ဒေါ်တင်ရေ မိသားစု၊ ရေဦးမြို့နယ်၊ မင်းမောင်းကုန်းရွာ ၅,၀၀၀၀

၅။ မိဘနှစ်ပါးကို အမှူးထား၍ ဒေါ်စပယ် (လှဆန်းယဉ်) လှည်းတန်း၊ ကမာရွတ်မြို့၊ ရန်ကုန် ၅,၀၀၀၀ ကျပ်

ဓာတ်ပုံ စင်္ကာပူဓမ္မသဘင် (ဒုတိယအကြိမ်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

21 August 2016

ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး

ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး
**********
သီတဂူ ၂၀၁၆ သြဂုတ် ၂၁

မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ထိပ်တန်းအရာရှိကြီးများသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးကို ၂၁-၁-၂၀၁၆ ရက်နေ့၊ နံနက်ခင်း ၉း၃၀ နာရီအချိန် လာရောက်ဖူးမျှော်ကြည်ညိုကြပါသည်။

တပ်ချုပ်ကြီးနှင့်အဖွဲ့ကို သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ (စစ်ကိုင်း) တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ရွှေစည်းခုံစေတီတော်အတွင်းရှိ ဆင်းတုတော်များနှင့် ဓမ္မာရုံကြီးအတွင်းသို့ သီတဂူဆရာတော်ကြီး ကိုယ်တော်တိုင် လိုက်လံပြသပေးတော်မူပါသည်။

ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ရှိ သိမ်တော်ကြီးအတွင်း သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး သီတဂူဆရာတော်ကြီးက ရေစက်ချအနုမောဒနာတရား ချီးမြှင့်ပေးတော်မူခဲ့ပါသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

19 August 2016

MRTV4 အင်တာဗျူး

MRTV4 အင်တာဗျူး
******

ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမိန့်ရှိပေးပါဆိုလို့ မိန့်ကြားပေးလိုက်ပါတယ်။

အရဟတ္တဓဇဖြစ်ပုံ
နိဗဒ္ဓပုညဖြစ်၍ နိဗဒ္ဓဂတိဖြစ်ပုံ
ဝါဆိုသင်္ကန်းဖြစ်လာပုံတို့ကို ၅မိနစ်စာ ချုပ်၍ ပေးလိုက်ပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
19-8-2016

17 August 2016

တွေ့ဆုံးမေးမြန်း ဓမ္မလမ်း

တွေ့ဆုံးမေးမြန်း ဓမ္မလမ်း
*******
ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) နှင့် အပ္ပမာဒမဂ္ဂဇင်းတိုက် အတိုင်ပင်ခံ အယ်ဒီတာ စာရေးဆရာမ မိုးမိုးစောဝင်းတို့ တွေ့ဆုံ မေးမြန်း (ဓမ္မအင်တာဗျူး) ကို ၂၀၁၆ စက်တင်ဘာလထုတ် အပ္ပမာဒမဂ္ဂဇင်းမှာ ပါလာပါပြီ၊ တွေ့ဆုံးမေးမြန်းခန်းအပြင် “ပရဟိတစိတ်” အမည်ရှိ ပို့စ်တစ်ခုလဲ ထိုလထုတ် မဂ္ဂဇင်းမှာပဲ ပါလာပါပြီ။

 
အားပေးလိုက်ကြပါအုံး၊ ရနိုင်သည့် လိပ်စာပါ ထည့်ပေးထားပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား


14 August 2016

စာပေပညာရှင်များအား ဖိတ်ခေါ်ပါသည်
**********

သီတဂူ ၂၀၁၆ သြဂုတ် ၁၄
၁၃၇၈ ခုနှစ်၊ တပေါင်းလပြည့်နေ့ သီတဂူဆရာတော်ကြီး၏ သက်တော် ၈၀ ပြည့် မွေးနေ့ဖြစ်ပါသည်။ ယခုနှစ် သက်တော် (၈၀)ပြည့်ပူဇော်ပွဲကို အထူးအစီအစဉ်များစွာထဲက တစ်ရပ်အနေနဲ့ ၈၀ပြည့်အထူးထုတ်မဂ္ဂဇင်း တစ်စောင် ထုတ်ဝေ၍ တပည့်များက ပူဇော်လိုကြပါသည်။ သို့ဖြစ်ပါ၍ စာပေပညာရှင်များ အားလုံးကို အထူးဖိတ်ကြားပါသည်။

(က) တိုင်းကျိုးပြည်ကျိုး ဘာသာ သာသနာအကျိုးများကို ထွန်းချွန်စွာဆောင်ရွက်တော်မူသော ပုဂ္ဂိုလ်တို့သည် တစ်ခေတ်တစ်ခါ ပေါ်ပေါက်ခဲလှပါသည်။

(ခ) တစ်သက်မှာ တစ်ခါသာ ကြုံခွင့်ရသည့် အထူးအခွင့်ရေးကို လက်မလွတ်စေဘဲ ရသစာပေ၊ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းစသည်တို့ဖြင့် မိမိတို့ စွမ်းရာဘက်က ပူဇော်နိုင်ပါသည်။

(ဃ) Soft-copy များကို ၃၀-၁၁-၂၀၁၆ (၁၃၇၈၊ နတ်တော်လဆန်း ၁ ရက်)နေ့ နောက်ဆုံးထား၍ ပို့ပေးပါရန်၊ Hard-copy များကိုတော့ ၂၅-၁၁-၂၀၁၆ (၁၃၇၈၊ တန်ဆောင်မုန်းလဆုတ် ၁၁ရက်)နေ့ နောက်ဆုံးထား၍ ပို့ပေးပါရန်။

စာမူများကို ပို့ရန်
-----------------
အီးမေးလ် thesitagu@gmail.com/ သို့မဟုတ် အောက်ပါ နီးစပ်ရာတက္ကသိုလ်တို့သို့ ပို့နိုင်ပါသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ၀၉၂၅၆၂၀၁၅၄၁၊ ၀၉၂၁၁၁၂၄၂
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ၀၉၂၁၃၂၀၆၆
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၀၁-၅၈၁၈၈၈/ ၀၁ ၅၈၁၅၈၂

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
စီမံအုပ်ချုပ်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

08 August 2016

သီတဂူ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး အထောက်ကူပြု

သီတဂူ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး အထောက်ကူပြု
*************
သီတဂူ ၂၀၁၆ သြဂုတ် ၈

သီတဂူဆရာတော်ကြီး ဦးစီးသော သီတဂူသာသနာပြုအဖွဲ့ကြီးသည် မြန်မာနိုင်ငံ အနှံ့အပြား ကျန်းမာရေး စောင့်ရှောက်မှုများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး လုပ်ငန်းများကို အစဉ်တစိုက် ပြုလုပ်ခဲ့သည်မှာ နာဂစ်မုန်တိုင်းကထဲကစ၍ နှစ်များစွာ ပြုလုပ်ခဲ့သည်၊ ပြည်တွင်းသာမကဘဲ နီပေါလ် မြေငလျင်၊ ပါကစ္စတန် ရေဘေးကဲ့သို့ ပြည်ပနိုင်ငံတွေမှာလည်း အထောက်ကူပြုမှုများ ပါဝင်ခဲ့သည်။

ယခုနှစ် (၂၀၁၆)မှာလည်း မြန်မာနိုင်ငံအထက်ပိုင်း အောက်ပိုင်း ရေဘေးများဖြစ်လျက်ရှိသည်ကိုတွေ့ရပါသည်။ ထိုအတွက်များစွာ စိတ်မသက်မသာဖြစ်ကြရပါသည်။ ဒီနှစ်မှာတော့ အခြေခံစားသုံးကုန် ထောက်ပံ့ရေးအစား ပြန်လည် ထူထောင်ရေးအတွက် ပါဝင်မည်ဖြစ်ပါသည်။ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသော စာသင်ကျောင်းများ၊ ဆေးရုံများအတွက် ပါဝင် ကူညီသွားမည်ဖြစ်ပါသည်။

ယခုလောလောဆယ်မှာ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စာသင်ကျောင်း (၂) ကျောင်း၊ ရှမ်းပြည်နယ် အရှေ့တောင်ပိုင် ခိုလန်ဒေသမှာ အထက်တန်းကျောင်း၊ ချင်းပြည်နယ် တောင်ပေါ်ဒေသ မင်းတပ်မှာ စာသင်ကျောင်းများ ဆောက်လုပ် လှူဒါန်းလျက်ရှိပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes