သီတဂူစတား

သီတဂူစတား
Showing posts with label လူမှုရေး. Show all posts
Showing posts with label လူမှုရေး. Show all posts

01 April 2015

ဒီကနေ့ လာဘ်ရွှင်

ဒီကနေ့ လာဘ်ရွှင်
------------
 

ဘုံဘေကနေ ရန်ကုန်ပြန်ရောက်ရောက်ခြင်းပဲ ကောင်းခြင်းများက ကြိုဆို။

ဆရာတော် ဦးကောဝိဒ (သီတဂူစတား) အတွက်ဆိုပြီး ဂျာမနီနိုင်ငံမှ ဦးလှဆိုး+ဒေါ်သိန်းမြင့် သားသမီးတစ်စုက မမိခင်ကြီး ဒေါ်အေးကြည်၏ အသက် (၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် ကျပ်တစ်သိန်း လှူဒါန်း။ စာရေးသူ ဂျာမနီရောက်ခဲ့စဉ်က လာရောက်ဖူးမျှော်ကြသော မိသားစုဖြစ်သည်။

သူတို့ကိုယ်စား ဦးမောင်ရွှေ၊ ဒေါ်မြင့်မြင့်အောင်၊ ဒေါ်တင်တင်မြင့်၊ ဒေါ်မြင့်မြင့်ထွေး မောင်နှမတစ်စုက (၁-၄-၂၀၁၅)နေ့ ညနေပိုင်း လာရောက်လှူဒါန်း။

အလားတူ ဒီနေ့ပဲ သီတဂူကျောင်းသူ (ဒုတိယနှစ်ပြီး) ဒေါ်ကလျာ ကလည်း ဘုံဘေ (အိန္ဒိယ) ခရီးစရိတ်အတွက် ငါးသောင်းကျပ် လာလှူသွား။

ကောင်းမှုပြုသူတို့၏ ကုသိုလ်သည် ဗောဓိဥာဏ်၏အထောက်အပံ့ ဖြစ်စေသတည်းးး။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၄-၂၀၁၅

12 November 2013

ဧရာဝတီတိုင်း သီတဂူမျက်စိအလှူတော်

ဧရာဝတီတိုင်း သီတဂူမျက်စိအလှူတော်
သီတဂူ မော်လမြိုင်ကျွန်း မျက်စိအထူးကု ခရီး
သီတဂူဆရာတော်နှင့် ပစ္ဆိမာရုံဆရာတော်တို့ တွဲဖက်ဦးဆောင်၍ တည်ဆောက်ထားသော မော်လမြိုင်ကျွန်းမြို့ရှိ သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံတော်၌ ဒုတိယအကြိမ် အခမဲ့ မျက်စိခွဲစိပ်ခြင်း စက္ခုဒါန အစီအစဉ်ကို (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ ဆောင်ရွက်ခဲ့သည်။
သီတဂူမိုဘိုင်လ် Eye Clinic အဖွဲ့တွင် ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်၊ ဒေါက်တာ ဒေါ်ခင်အုံးဟန်၊ ဒေါက်တာ စဂျေလွင်နှင့် သီတဂူအာယုဒါနဆေးရုံမှ ဒေါက်တာ မိမိခင် ဦးဆောင် သူနာပြုဝန်ထမ်းများ ပါဝင်ခဲ့သည်။

မော်လမြိုင်ကျွန်း ပြည်သူ့ဆေးရုံမှ ဆရာဝန်၊ ဆရာမများ လုပ်အားဒါနကုသိုလ် ပါဝင်ခဲ့ကြသည်။ (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ (၅)ရက်အတွက် လာရောက် စမ်းသပ်စစ်ဆေးကုသခြင်း ခံယူကြသော အပြင်ပလူနာပေါင်း (၆၉၄)ဦး၊ ခွဲစိပ်ကုသခြင်းခံယူပြီး မျက်စိအလင်းရသွားသူ လူနာပေါင်း (၂၄၅)ဦးတို့ ဖြစ်ကြသည်။
 ကဒုံကနိ၊ ပြင်စလူကျွန်း သီတဂူမျက်စိအလှူတော်
ပြင်စလူကျွန်း၊ မော်လမြိုင်ကျွန်းတို့မှ ဆက်၍ သီတဂူဆရာတော်နှင့် အဖွဲ့သည် ရွှေစင်ကြယ်သင်္ဘောဖြင့် ကဒုံကနိကျွန်းသို့ ဆက်လက်၍ ကြွရောက်တော်မူသည်။ ကဒုံကနိကျွန်းပေါ်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ တိုက်နယ်ဆေးရုံ၌ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီး၏ ကူညီစောင့်ရှောက်မှုဖြင့် ကုသိုလ်ဖြစ် အခမဲ့မျက်စိခွဲစိပ် ကုသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ခွဲစိပ်ကုသခြင်း စက္ခုဒါနအစီအစဉ်ကို (၂၈-၁၀-၂၀၁၃)မှ (၃၁-၁၀-၂၀၁၃)အထိ ဆောင်ရွက်ခဲ့သည်။
စမ်းသပ်စစ်ဆေး၍ အပြင်လူနာအဖြစ်ခံယူ ကုသမှုခံယူသွားကြသူပေါင်း (၆၂၀)၊ ခွဲစိပ်ကုသမှုခံယူပြီး မျက်စိအလင်းရရှိသွားကြသော လူနာပေါင်း (၁၆၅)ဦးတို့ ရှိခဲ့သည်။
အလှူရှင်များ
မော်လမြိုင်ကျွန်း ခွဲစိပ် စက္ခုဒါနအလှူတော်ကို သီတဂူ ဦးမြင့်စိန်+ဒေါ်လှလှအေး (လှဆန်းယဉ်)နှင့် သား သီတဂူဦးမြင့်အောင်+ဒေါ်စိုးမိုးကြည် မိသားစုမှလည်းကောင်း၊ ကဒုံကနိစက္ခုဒါန အလှူတော်ကို သီတဂူ ဦးမောင်သောင်း+ဒေါ်-------နှင့် သီတဂူဦးတင်အေး+ဒေါ်သန်းသန်းအေး မိသားစုတို့မှ အလှူဒါနပြုကြသည်။

မော်လမြိုင်ကျွန်းနှင့် ကဒုံကနိကျွန်းတို့ပေါ်၌ တညတာစီ တရားဓမ္မချီးမြှင့်၍ အမျှအတန်းပေးဝေခဲ့သည်။ မကြာခင်အချိန်၌ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းသို့ သီတဂူစက္ခုဒါနခရီးစဉ်ကို ကြွချီရန် စီစဉ်လျှက်ရှိသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၁-၂၀၁၃

www.thesitagu.org
www.sitagustar2020.ent

21 August 2011

ပဲခူးရေဘေးအလှူ

သီတဂူ မေတ္တာ ကရုဏာ အလှူတော်

စာမိတ်ဆက်

မေတ္တာအခါတော်နေ့ဆိုရင် အရင်နှစ်တွေက သီတဂူဆရာတော်ကြီး ဦးဆောင်ပြီး သီတဂူသာသနာပြုအဖွဲ့က ရန်ကုန် မန္တလေးရှိ ထောင်များတွင် ထောင်သားနှင့်ဝန်ထမ်းများအား အစားအစာများကို သွားရောက်ကြွေးမွေးလေ့ရှိသည်။ ဒီနှစ် ဒီနေ့(၁၄-၈-၂၀၁၁)မှာလဲ ၀ါခေါင်လပြည့် ဖြစ်သည့်အားလျော်စွာ ဗုဒ္ဓဘာသာဝင် လူမျိုးတို့အများစုသည် စေတီပုထိုး ဘုရားကျောင်းများနှင့် မိမိတို့၏နေအိမ်များတွင် တစ်နိုင်တစ်ပိုင် အလှုဒါနများကို ပြုလုပ်ကြသည်။ ထိုမေတ္တာအခါတော် နေ့ထူးနေ့မြတ်နေ့မှာပဲ သီတဂူသာသနာပြုအဖွဲ့၏ အဖွဲ့ဝင် အချို့ကလဲ မေတ္တာကရုဏာတော် အလှူတော်အဖြစ် တစ်ပိုင်တစ်နိုင် အလှူဒါန တစ်ခုပြုလုပ်ခဲ့ကြသည်။

သဘာဝဘေးဒဏ်ကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေနေကြသော ပြည်သူတွေအတွက် သီတဂူ သာသနာပြု အဖွဲ့ဝင်များက နေရာမရွေး သွားရောက် ကူညီလေ့ရှိသည်မှာ နှစ်များစွာရှိခဲ့ပြီ။ ယခုအခါမှာလဲ ပဲခူးရေဘေးအလှူကြောင်းကို သီတဂူသာသနာပြုအဖွဲ့၏ လူမှုကယ်ဆယ်ရေး သတင်းတစ်ခုအဖြစ် တင်ပြချင်ပါသည်။
ပဲခူးရေးဘေးနှင့်ကယ်ဆယ်ရေး
အခုရက်ပိုင်းမှာ မိုးတွေ ဆက်တိုက်ရွာ မြစ်ရေတွေ ဒီရေတွေကလဲ တက်ချိန် ဖြစ်သောကြောင့် မြန်မာပြည်နေရာ အတော်များများမှာ ရေကြီးမှု့တွေ ဖြစ်ပေါ်နေပါသည်။ ရေလွှမ်းမိုးခြင်းကြောင့် ပြည်သူတွေအတွက် နေရေး စားရေးတွေ အတော်လေးကို ခက်ခဲနေကြရပြီး နေစရာ နေအိမ်တွေမှာ ရေတွေနစ်မြှပ်ခံနေကြရသော လူတွေ အတွက် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပြီ ကယ်ဆယ်စောင့်ရှောက်နေကြပါသည်။ ထိုအထဲတွင် ပဲခူးမြို့ပတ်ဝန်ကျင်သည် အဆိုးဝါးဆုံးနှင့်အများဆုံး ရေဘေးခံနေသူများ ရှိသည်။ ထိုမြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများအကြောင်းကို ဦးဆောင်လုပ်နေသော ပဲခူးမြို့ ဥဿာ မြို့သစ်ရှိ ၀ိသိဇ္စကကျောင်း ဆရာတော်ကြီးဖြစ်သော ဦးသူရိယ ထံမှ သတင်းရရှိသောကြောင့် သီတဂူသာသနာပြု အဖွဲ့ဝင်မှ အချို့အလှူရှင်များက အလှုငွေများ စုဆောင်းပြီး မေတ္တာအခါတော်နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားရောက် လှူဒါန်းခဲ့ပါသည်။
နေ့လည် (၁၂)နာရီခန့်တွင် ရန်ကုန်မှ သီတဂူ သာသနာပြု အဖွဲဝင်မှ အလှူရှင်အချို့မိသားစုဝင်များ သည် ပဲခူးမြို့သို့ ထွက်ခွာကြပြီး ဦးဆောင် ဆရာတော်ရှိရာ ဥဿာမြို့သစ်ကျောင်းသို့ ဦးတည်သွားရောက်ကြ ပါသည်၊ ဆရာတော်မှ အလှု့ရှင် မိသားစုများအား ခရီးရောက် မဆိုက် ခဏနားပြီး နေ့လည်စာ ထမင်းနှင့် မုန့်များကို တည်ခင်း ဧည့်ခံကာ အလှုရှင်များအား ရေကြီး၍ ဒုက္ခ ရောက်နေကြသော ပြည်သူများ အကြောင်း ရှင်းလင်း မိန့်ကြားနေပါသည်။

ဆရာတော်မိန့်ကြားရာတွင် ပဲခူးမြို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ရေများ ၀င်ရောက်သောကြောင့် ထိုနေရာတွင် နေထိုင်ကြသော လူများသည် ရေဘေးလွတ်ရာသို့ ပြေးလာရကြောင်း၊ ထိုရေးဘေး ဒုက္ခသည်များအတွက် ရေဘေး ကယ်ဆယ်ရေးစခန်း(၃)ခု ဖွင့်လှစ်ကာ စောင့်ရှောက်ြကရကြောင်း၊ အခုလှူဒါန်းမည့် ကျိုက်ပွန်ဘုရား ကယ်ဆယ်ရေးစခန်းတွင် လူပေါင်း(၁၈၃၈)ယောက်ရှိကြောင်းကိုလဲ မိန့်ကြားသွားပါသည်။

အလှူငွေများ အသုံးပြုရေး
အလှူခံရရှိသော အလှူငွေ ပမာဏနှင့် မည်သို့ လှုဒါန်း မည်ကို သီတဂူမှ ဦးသန်းလွင်၊ ဦးမြင့်အောင်၊ ဦးအောင်မြင့်သိန်း တို့ နှင့်ညျိုနှိုင်း တိုင်ပင်ကြပြီး ရရှိသော အလှူငွေ သိန်း(၂၀) ဖြင့် သင့်တော်ရာကို စဉ်းစားတိုင်ပင်ကာ လှုဒါန်းရန် ဆုံးဖြတ်ကြပါသည်၊
ဆရာတော်မှ မိန့်ကြားသည်ဒီနေ့မှာပဲ ကယ်ဆယ်ရေး စခန်းတွင် တစ်နေ့တာ အဟာရ ထမင်းအလှု့ရှင် ရှိနေပါသည်၊ မနက်ဖန် (၁၅-၈-၂၀၁၁)အတွက် ထမင်းအလှု့ရှင် မရှိသေးသောကြောင့် ရရှိသော အလှုငွေထဲမှ တစ်နေ့တာ ထမင်းစရိတ် ခြောက်သိန်း (၆၀၀၀၀၀) ကျော်ကို အဟာရဒါနပြုရန် ဆုံးဖြတ်လိုက်ပါသည်။
ကျန်အလှုငွေများကို တကယ့်အသုံးပြုလိုသည့် နေရာတွေအတွက်သာ လှူဒါန်းလိုကြောင်း ဆရာတော်အား လျှောက်ထားသောအခါ ဆရာတော်မှ သူရဲ့ ဆန်ကုန်သည် ဒကာကြီးထံ ဖုန်းဖြင့် ဆန်အိတ်ပေါင်း(၇၇) အိတ်ကို ၀ယ်ယူပြီး လူတစ်ဦးလျှင် ဆန်တပြည်နုံး လှုဒါန်းနိုင်ရန် စီစဉ် လိုက်ပါသည်။ ဆန်ကုန်သည်ကြီးကလဲ သဒ္ဓါထက်သန်စွာ ကားခနှင့် ဆန်တပြည်ထဲ့ အိတ်များကိုပါ ပါဝင်လှူဒါန်းကာ ကုသိုလ်ယူခဲ့ပါသည်၊
ဆရာတော်နဲ့ ကျောင်းသံဃာများ အလှူရှင်များသည် ရေဘေးဒုက္ခသည် စခန်းဖွင့်ကို ကျိုက်ပွန် စေတီတော်မှာ ဖွင့်လှစ်ထားသည်။ ဆရာတော်ကြီးသည် ထိုစခန်းကို တာဝန်ယူစောင့်ရှောက်နေကြသော အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနဲ့ တိုင်ပင်ပြီး ဆန်များကို တပြည်တစ်အိတ်ထဲ့ကာ ကိုယ်တိုင်ကိုယ်ကျ ဝေငှ လှူဒါန်းခဲ့ ကြပါသည်။ နောက်တစ်နေ့စာ အဟာရကိုလဲ ကျောင်းမှဆရာတော် ကိုယ်တိုင် စီမံ ကွပ်ကဲကာ ကျောင်းမှချက်ပြုတ် လှူဒါန်းပေးပါသည်။ ဆန်တွေဝေငှ ကြသောအခါတွင်လဲ ဆရာတော်ကိုယ်တိုင် စီးမံပြီး ကျောင်းသံဃာတော်များနှင့် လုပ်အားပေး လူငယ်များ က၀ိုင်းဝန်းကူညီကာ မေတ္တာ ကရူဏာ အလှူတော်လေး ကို ဖြစ်မြှောက်အောင် ၀ိုင်းဝန်းကုသိုလ် အတူတူ ယူကြသည်မှာ ပီတိ သောမနဿ ဖြစ်ရပါသည်။

သီတဂူသာသနာပြုအဖွဲ့ဝင်များ၏ အလှူများ

(၁) သီတဂူ ဒေါက်တာမြတ်သူ (အာရှတော်ဝင် ) မိသားစု အလှူငွေ ၁၀၀၀၀၀၀ (ဆယ်သိန်း) ကျပ်
(၂) သီတဂူ ဦးသန်းလွင် မိသားစု အလှူငွေ ၃၀၀၀၀၀ (သုံးသိန်းကျပ်)
(၃) သီတဂူဒေါ်စန်းနွဲ့ မိသားစု အလှူငွေ ၁၅၀၀၀၀ (တစ်သိန်းငါးသောင်းကျပ်)
(၄) သီတဂူ ဦးမြင့်စိန် (လှဆန်းယဉ်) မိသားစု အလှူငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်)
(၅) သီတဂူ ဦးဝင်းအောင် မိသားစု အလှူငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်)
(၆) သီတဂူ ဦးတင်အေး မိသားစု အလှူငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်)
(၇) သီတဂူ ဦးအောင်မြင့်သိန်း မိသားစု အလှူငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်)
(၈) သီတဂူ ဦးမြင့်အောင်+ဒေါ်စိုးမိုးကြည် (သရုပ်ဆောင်) မိသားစု အလှူငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်)
(၉) သီတဂူ ဦးပီကေဆင်း မိသားစု အလှုငွေ ၅၀၀၀၀ (ငါးသောင်းကျပ်)။
အားလုံး စုစုပေါင်း သိန်း ၂၀ ရရှိပါသည်။

သီတဂူသာသနာပြု အဖွဲ့သည် သီတဂူ ဆရာတော်ကြီးရဲ့ လမ်းညွှန်ဦးဆောင်မှု့ဖြင့် သာသနာရေး ဘာသာရေးအတွက်သာမက လူမှုရေးနှင့် ကယ်ဆယ်ရေးတို့ကိုပါ လူမျိုး ဘာသာမရွေး အချိန် နေရာ ဒေသမရွေး သွားရောက် ပြုလုပ်အားထုတ်နေကြသည်မှာ ကြည်ညို သဒ္ဒါပွား သာဓုခေါ်ဆိုရပါသည်။

တို့ကဲ့သို့ သဒ္ဓါထက်သန်စွာ လှုဒါန်းကြသော အလှူရှင်များ၊ ပဲခူး ဥဿာမြို့သစ် ၀ိသိဇ္စကကျောင်းမှ လုပ်အားပါဝင်ကြသည့် ဆရာတော်ကြီးနှင့် တပည့်ရဟန်းများ၊ သီတဂူမေတ္တာ ကရုဏာ အလှူတော် ဖြစ်မြောက်အောင် ၀ိုင်းဝန်းကြသူ အားလုံးတို့အား အထူးကျေးဇူးတင်ရှိပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ပန်းစပယ်(လှဆန်းယဉ်)


သတင်းနှင့်ဓာတ်ပုံများ ပို့ပေးသော ကျောင်းအမအား အထူးကျေးဇူးတင်ပါသည်။ ပို့ပေးထားတာကြာပါပြီ ဖြစ်သော သတင်းကိုလဲ အကြောင်းအမျိုးအမျိုးကြောင့် အခုမှတင်ဖြစ်တာ ခွင့်လွတ်စေလိုပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၈-၂၀၁၁

08 May 2011

သီတဂူမေတ္တာကရုဏာ (ရန်ကုန်)




သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (D.Litt) (Ph.D)သည် နာရေးကူညီမှု၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများကို စဉ်ဆက်မပျက် ပေးဆပ်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ရုပ်ကလပ် (အလောင်း) အားပြင်ဆင်ထားရှိချိန်တွင် အသုံးပြုထားရှိရန်အတွက် လေအေး စနစ်သုံး လက်တွန်းလှည်း ၄ စီးကို လှူဒါန်းပေးခဲ့ပါသည်။



ယင်း လေအေးစနစ်သုံး လက်တွန်း လှည်းအား ဘဝနတ်ထံပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်များနှင့် ဘဝတပါးသို့ ကူးပြောင်းသွားသော လူပုဂ္ဂိုလ်များအတွက် ဘုန်းတော်ကြီးကျောင်းများ နှင့် နေအိမ်များ၌ ခေတ္တခဏထားရှိနိုင်ရန် ကူညီဖေးမပေးနိုင်တော့မည် ဖြစ်ပါသည်။

ယင်း လှူဒါန်းပွဲတွင် သီတဂူဆရာတော်ကြီးမှထပ်မံ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏  သုခ ကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)အတွက် ဆေးရုံသုံးပစ္စည်းကိရိယာများ၊ အရေးပေါ်ကယ်ဆယ်ရေးတွင် အသုံးပြုရသည့် အောက်ဆီဂျင်အိုးလွယ်သိုင်းများ၊ ကျောပိုးများ အပါအဝင် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) TOYOTA အမျိုးအစား ကားတစီးတို့ကို သဒ္ဓါတရား ကြည်လင်စွာ အများပြည်သူတို့အတွက် မေတ္တာ၊ ကရုဏာထားရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်)အား ၆.၅.၂၀၁၁ (သောကြာ) နေ့တွင် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။ လှူဒါန်းမှု အခမ်းအနား ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် ပြုလုပ်သည်ဟု သိရသည်။

 ဤနေရာမှ ကူးယူဖော်ပြသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၅-၂၀၁၁
 

12 April 2011

သီတဂူမေတ္တာကရုဏာ (တာလေ)



၁၂-၄-၂၀၁၁ နေ့က သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူတပည့်များသည် ရှမ်းပြည်တောင်ပိုင်း တာချီလိတ် တာလေဒေသဘက်သို့ သွားရောက်ခဲ့ကြသည်။ ထိုအရပ်ဒေသသည် ၂၀၁၁ နှစ် မတ်လ ၂၄ရက်က ပြင်းထန်သော မြေငလျင်ကြောင့် အသက် အိုးအိမ် များစွာ ပျက်စီးဆုံးရှူံးခဲ့သည်။ 
သီတဂူ၏ သာသနာပြုနည်းများတွင် Ministery မေတ္တာကရုဏာ အလှူတော်များ ပြုလုပ်ခဲ့သည်မှာ နှစ်များစွာရှိခဲ့သည်။ ယခုအခါ လောလောလတ်လတ် ဖြစ်ပျက်ခဲ့သော တာလေမြေငလျင်ခံ ဒေသသို့ သွားရောက်ပြီး မေတ္တာကရုဏာအလှူဒါနများ ပြုလုပ်ခဲ့သည်။

၁၂-၄-၂၀၁၁ နေ့သည် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း ၂၁ အား ပေးလှူသည့် မေတ္တာ ကရုဏာတော် အလှူပွဲဖြစ်သည်။ သီတဂူဆရာတော်ကြီးနှင့် တပည့်သီတဂူဒကာ ဒကာမများက သိန်းပေါင်း နှစ်ထောင့်တစ်ရာ (၂၁၀၀) ကျပ်တို့ကို ထိုကျောင်း ၂၁ အတွက် လှူဒါန်းသည်ဟု သိရသည်။


လှူဒါန်းရန် ကျောင်းစာရင်း

ပြည်မြန်မာသူတွေအတွက် ကျော်ခွ မ၀င်နိုင်ရင် ဓာတ်ပုံများ ကြည့်ခွင့်မရတာကို စိတ်မကောင်းဖြစ်သည်။


ဓာတ်ပုံနှင့် သတင်းများ ပေးပို့သော တာချီလိတ်သား မောင်စိုးနိုင်ထွန်းအား အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၂-၄-၂၀၁၁

24 January 2011

သီတဂူ အလင်းရောင်အလှူ

ကြမ်းတမ်းသော လမ်း ဆိုက်ကားဖြင့် ကြွပုံ

လူနာများအား အားပေးစကားပြောနေစဉ်
စမ်းသပ်မှုခံယူရန် စောင့်ဆိုင်းနေကြစဉ်

ဆရာတော်ကြီးက လူနာအား အားပေးစကားပြောနေစဉ်
မျက်စိဝေဒနာရှင်များ စမ်းသပ်မှုခံယူရန် စောင့်ဆိုင်းနေကြစဉ်
သီတဂူဒေါက်တာ ဒေါ်မိမိခင် မျက်စိစမ်းသပ်နေစဉ်
ဆရာတော်ကြီးက လူနာအား မေတ္တာပို့ပေးနေစဉ်

Missionary and Ministry ဟူသော သာသနာပြုနည်းကို မူထားလျက် သီတဂူဆရာတော်ကြီး ဦးဆောင်လျက် သီတဂူ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် သူနာပြု ဆရာ ဆရာမများ ၁၄ ယောက်အဖွဲ့တို့သည် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ ကဒုံကနိတိုက်နယ်ဆေးရုံတွင် သီတဂူစက္ခုဒါန အလှူတော်များ ပြုလုပ်ခဲ့သည်။ ကဒုံကနိကျေးရွာသို့ ဘိုကလေးမြို့မှ သင်္ဘောဖြင့် ၄ နာရီကျော် စီးရသည်။ လမ်းခရီးက ကြမ်းသည်။ ထော်လာဂျီ၊ ဆိုက်ကား၊ လှေ၊ မော်တော်ဘုတ်များဖြင့်သာ သွားနိုင်သည်။ သက်တော် ၇၄ နှစ်ရှိသော ဆရာတော်ကြီးသည် ထိုခရီးကြမ်းကို မမှုဘဲ ထိုဒေသရှိ မျက်စိဝေဒနာရှင်များအား အစဉ်သနားသော ကရုဏာ၏ အစွမ်းကြောင့်သာ ဆိုက်ကားတတန် ထော်လာဂျီတမျိုး လေသင်္ဘောတဖုံတို့ဖြင့် အဆင်ပြေချောမွေ့စွာ သွားနိုင်ခဲ့သည်။

၁၈-၁-၂၀၁၁ နေ့ကစပြီး တိုက်နယ်ဆရာဝန် ဒေါက်တာအေးနိုင်နှင့်အဖွဲ့၊ သီတဂူအာယုဒါနဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့် သီတဂူဒေါက်တာ ဒေါ်မိမိခင် တို့ဦးဆောင်သော သီတဂူဆရာ ဆရာမများက မျက်စိဝေဒနာရှင်များကို ကြိုတင် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ကြသည်။ ၁၉-၂၀-၂၁-၂၂-၂၃-၂၄ ရက်များတွင် မျက်စိအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာမြအောင်၊ ဒေါက်တာ စဂျေလွင်၊ ဒေါက်တာတင်ဇော်ဦးတို့က ခွဲစိတ်ကုသမှုများ ပြုလုပ်ကာ အလှူဒါနပြုခဲ့ကြပါသည်။
လူနာများ
စမ်းသပ်လူနာ- အယောက် ၁၀၀၀ ကျော်
ခွဲစိတ်လူနာ-၂၈၃ ယောက်
ဤသို့အားဖြင့် ၁၀၀၀ ကျော်သော မျက်စိဝေဒနာရှင်များကို ကုသမှုများပြုလုပ်ကာ ၂၈၃ ယောက်သော မျက်စိဝေဒနာရှင်များအား အလင်းရောင်ပေးလှူနိုင်ခဲ့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၅-၁-၂၀၁၁

23 October 2010

သီတဂူ မေတ္တာ ကရုဏာ အလှူတော်

သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြု အဖွဲ့၏ ပဉ္စမအကြိမ်မြောက် သီတဂူ မေတ္တာ ကရုဏာ အလှူတော်ကို မန္တလေးဗဟို အကျဉ်းထောင်နှင့် ထုံးဘို ကျောက်ထုစခန်းတို့တွင် ၂၀၁၀ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ထိုလှူဒါန်းပွဲတွင် မန္တလေးအကျဉ်းထောင်တွင် အကျဉ်းသူ/သား(၄၈၅၃)ဦးနှင့် ထုံးဘိုကျောက်ထု စခန်းတို့တွင် ၀န်ထမ်းနှင့် အကျဉ်းသူ/သား (၂၇၄၁)ဦးတို့ကို နေ့လည်စာ ကြက်သား ဒန်ပေါက်နှင့် ညနေစာ ကြက်သားကြော် ထမင်းတို့ကို ကျွေးမွေးလှူဒါန်း နိုင်ခဲ့သလို အကျဉ်းသူ/သားများ အတွက် အခြားလိုအပ်သော စားစရာများ နှင့်အသုံးအဆောင် အမျိုးပေါင်း (၂၁)မျိုး တို့ကို အလှူငွေ (၈၉၄)သိန်းခန့် လှူဒါန်းနိုင်ခဲ့ ပါသည်။

ဆရာတော်ကြီးသည် အကျဉ်းထောင်အတွင်း ၀င်ရောက်ကာ အကျဉ်းသူ/သားများအား ကိုယ်တိုင်ကိုယ်ကျ ဝေငှလှူဒါန်းကာ မေတ္တာပို့ ဆုတောင်းပေးခဲ့ပါသည်။ ထို့နောက် ဆရာတော်ကြီးသည် ထောင်အတွင်းရှိ ဆေးရုံ၊စာသင်ကျောင်း၊ တရားစခန်းနှင့် သေဒဏ်ကျခံနေကြရသော အကျဉ်းသားများအဆောင်နှင့် အကျဉ်းသူ/သားများ၏ အလုပ်ရုံ တို့ကို လှည့်လည် ကြည်ရှု့ ခဲ့ပါသည်။

ထောင်တွင်းတရား
အားလုံး ကျွေးမွေး လှူဒါန်းပြီး သီတဂူ ဆရာတော်ကြီးသည် နေ့လည်(၁)နာရီ ခန့်တွင် ထောင်အတွင်း အလုပ်ရုံခန်းမ၌ ထောင်ဝန်းထမ်းများ၊ အကျဉ်းသူ/သားများနှင့် လိုက်ပါလာသော အလှူရှင်များတို့ကို ချမ်းသာစွာ အိပ်စက်နိုင်ပါစေ တရာတော်းဖြင့် တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးခဲ့ကာ လှူဒါန်းမှု့ အခန်းအနားကို ညနေ(၃)နာရီခန့် တွင်အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့လေသည်။
ထိုအလှူတော်ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါခွင့်ရ၍ ပီတိဖြစ်ခံစား ရသကဲ့သို့ မလိုက်ပါနိုင်သော သူများလဲထပ်တူ ပီတိလေးတွေ ရရှိစေရန်အတွက် မျှဝေလိုက်ရပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

အလှူတော်အတွက် သာဓုခေါ်ရင်း မျှဝေပေးသော မပန်းစပယ်အား အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၀-၂၀၁၀

05 October 2010

မန္တလေးထောင်

မန္တလေးအကျဉ်းထောင်
သီတဂူဆရာတော်ကြီးဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့ကြီးသည် ၂၀၁၀ အောက်တိုဘာလ ၁၆ရက်နေ့တွင် မန္တလေးမြို့ရှိ အကျဉ်းဦးစီးဌာနတွင် အကျဉ်းသား ၆၀၀၀ (ခြောက်ထောင်)ကျော်တို့အား ဒံပေါက် ကြက်သားကြော် နှင့် အခြားစားဖွယ်များနှင့် ဆေးဝါးများ စသည်တို့ကို အင်းစိန်အကျဉ်းထောင်မှာကဲ့သို့ သွားရောက် ပေးကမ်းလှူဒါန်းကြမည် ဖြစ်သည်။
ဆရာတော်ကြီးနှင့် တပည့်ဒကာဒကာမတို့သည် လူမှူရေးလို့ခေါ်သည့် Ministry သာသနာပြုနည်းဖြင့် အင်တိုက်အားတိုက် နည်းမျိုးစုံဖြင့် ပြုလုပ်အားထုတ်နေကြသည်မှာ အလွန် အားရကျေနပ်စရာကောင်းလှပါသည်။ နောင်လာ နောက်သား မျိုးဆက်သစ်တို့အား အာသစ်လောင်းပေးခြင်းလည်း ဖြစ်ပါသည်။

သီတဂူသာသာပြုအဖွဲ့၏ အဓိက စီမံကိန်းကြီးများဖြစ်သော ရေအလှူတော်၊ ဆေးရုံးအလှူတော်နှင့် တက္ကသိုလ်အလှူတော်များ အနက် ရေအလှူတော်သည် ပထမဆုံးသော သီတဂူသာသနာပြုအဖွဲ့၏ စီမံကိန်းကြီး ဖြစ်ခဲ့သည်၊ ထိုမှ တိုးချဲ့ကာ ဆေးအလှူတော်နှင့် ပညာရေးအလှူတော်များ တဆင့်ပြီး တဆင့် တက်လှမ်းလာခဲ့သည်။ ထိုကဲ့သို့ တိုးချဲ့လာရာ---
စစ်ကိုင်းမြို့ရှိ ပင်မ သီတဂူအာယုဒါနဆေးရုံအပြင် မြန်မာနိုင်ငံရှိ တိုင်းကြီး (၇)တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ဒေသများတွင် သီတဂူဆေးရုံတော်များ တည်ဆောက်၍ လှူဒါန်းသည့်အပြင် မြို့နယ်ဆေးရုံများ ခရိုင်ဆေးရုံများတွင် ဆေးရုံသုံးပစ္စည်းများကိုလည်း လှူဒါန်းခဲ့သည်။

ပညာရေးအလှူတော်အနေနဲ့ စစ်ကိုင်း၊ မန္တလေးနှင့် ရန်ကုန်မြို့ကြီးများတွင် တက္ကသိုလ်ကြီးများတည်ထောင်ထားသည့်အပြင် မြို့နယ်များစွာရှိ အထက်တန်းကျောင်း အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင်လည်း ပညာရေးအထောက်ကူပြု ကွန်ပြူတာများ တယ်လီဗီးရှင်းများ တပ်ဆင်ကာ လှူဒါန်းခဲ့သည်။
နောက်ထက် သီတဂူသာသနပြုအဖွဲ့၏မဖြစ်မနေ တက်လှမ်းရမည့် ခြေလှမ်းကား တက်လှမ်းဆဲ တက်လှမ်းခဲ့ပြီး ခြေလှမ်းများကား မေတ္တာကရုဏာ အလှူတော်များပင် ဖြစ်ပါသည်။

ကရုဏာအလှူတော်များ
ဆရာတော်ကြီးသည် ပြည်တွင်းပြည်ပရှိ အလှူရှင်များ လှူအပ်သော ဒါတဗ္ဗ၀တ္ထုတို့ကို စနစ်တကျ အသုံးပြုသည်ဟု တကမ္ဘာလုံးက လက်ခံယုံကြည်ထားကြသည်။ ဆရာတော်ကြီးသည် ထိုယုံကြည်ချက်တို့ကို ကောင်းကောင်း အသုံးချကာ နာဂစ်အလှူတော်ကြီးတွင် ကိုယ်ပင်ပန်း စိတ်ပင်ပန်းမှုတို့ကို လျစ်လျှူရှုကာ အလုပ်လုပ်နေသည်မှာ တကမ္ဘာလုံးရှိ ပြည်သူတွေရဲ့ နှလုံးသားကို တုန်လှုပ်စေကာ ပို၍ ကြည်ညိုလာကြစေသည်။

(၆)ကြိမ်မြောက် ထောင်အလှူတော်များ
ယခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့တွင် ပြုလုပ်မည့် မန္တလေးကျဉ်းထောင်ရှိ အကျဉ်းသားများအတွက် ကရုဏာအလှူတော်သည် ဒုတိယ (၂) ကြိမ်မြောက် အလှူ ဖြစ်ပြီး စတုတ္ထ (၄) ကြိမ်မြောက် အင်းစိန်အကျဉ်းထောင်ရှိ အကျဉ်းသား ၉၀၀၀ (ကိုးထောင်)ကျော်တို့အား သိန်း ၆၀၀ (ခြောက်ရာ)ကျော် အကုန်ကျခံကာ ပြုလုပ် အားထုတ်ခဲ့သော မေတ္တာကရုဏာ အလှူတော်ကြီးသည်ကား တကမ္ဘာလုံးရှိ ပြည်သူများ၏ ရင်ဝယ် သဒ္ဓါ ပီတိတို့ကို တိုးပွားစေနိုင်ခဲ့သည်။ စိတ်တခုကို မထိမ်းနိုင်ခဲ့သဖြင့် အမှားတစ်ခု ကျူးလွန်မိခဲ့ကြသော အကျဉ်းသားများသည်လည်း ဆရာတော်ကြီး၏ တရားတော်ကို နားကြားခွင့်ရကြသဖြင့် အာယတိံ သံဝရာမိ နောင် မကျူးလွန်မိအောင် စိတ်ကို ထိမ်းပါမည်ဟု ခံယူထားကြသည်မှာ အမှန်ပင် ဖြစ်ပါသည်။

ထိရောက်သော သာသနာပြုနည်း
ပေး၍ သာသနာပြုခြင်း ကျွေး၍ သာသနာပြုခြင်းတို့သည် အလွန်ထိရောက်သော သာသနာပြုခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ အသိဥာဏ် ဗဟုသုတ ပေးခြင်း (mental food) နှင့် အစားအစာ ဆေးဝါး အ၀တ်ထည် စသည့် နေ့စဉ်သုံးပစ္စည်းများကို ပေးခြင်း (material food) ဖြစ်သည်။ တနည်းပြောရရင် Ministry (အာမိသာနုဂ္ဂဟ) နှင့် Missionary (ဓမ္မာနုဂ္ဂဟ) ဟုခေါ်သည့် သာသနာပြုနည်းပင် ဖြစ်ပါသည်။
ဆရာတော်ကြီး သက်တော်ရာကျော်ရှည်၍ ကျန်းမာစွာ သာသနာပြုနိုင်ပါစေလို့ ဆုတောင်းပေးရပါတော့သည်။ သီတဂူသာသနာပြုအဖွဲ့တွင် လူအင်အား ငွေအင်အားတို့ဖြင့် ပါဝင် ကုသိုလ်ပြုကြသော တကမ္ဘာလုံးရှိ သူတော်စင်အပေါင်းတို့သည်လည်း ဆရာတော်ကြီး၏ သာသနာပြုရာဝယ် ကိုယ်စိတ်နှစ်ပါး ကျန်းမာလျက် ဆက်လက် ပါဝင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါသည်။

မေတ္တာကရုဏားတရား ကိုယ်စီပွားနိုင်ကြပါစေ။

သီတဂူစတား
၃-၁၀-၂၀၁၀


ကွန် သိပ်မကောင်းတာနဲ့ အရေးပေါ် ပိုင်း (၂)ကို မတင်လိုက်ရပါ။ နောက်ရက် စောင့်မျှော်ဖတ်ရန်။ ကလေးတွေရဲ့ မိဘများထံ ပေးစာများကို စကန်ဖတ်ပြီး တင်ပြမည်။

25 August 2010

ဘုန်းကံရှိသူတို့၏ အလုပ်

မေတ္တာ ကရုဏာ အလှူတော်

အကြောင်းအမျိုးကြောင့် ဆင်းရဲဒုက္ခ ရောက်နေသူများကို မေတ္တာ ဖြင့် စောင့်ရှောက်ခြင်း ကရုဏာဖြင့် ယုယခြင်း။ ပြည့်စုံသူတို့အား မုဒိတာပွားခြင်းတို့ သည် မြင့်မြတ်သော သူတော်သူမြတ်များ၏ လမ်းစဉ် ကျင့်စဉ် ဖြစ်သည်။ အစားအစာ အ၀တ် အထည် ဆေးပစ္စည်းကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်းများဖြင့် ထောက်ပံ့ခြင်း Misnistry (အာမိသာနုဂ္ဂဟ) နှင့် မေတ္တာစကား အားပေးစကား ဓမ္မတို့ဖြင့် စိတ်ဓာတ်ခွန်အားပေးခြင်း (Missionary (ဓမ္မာနုဂ္ဂဟ) တို့ဖြင့် ချီးမြှောက်ခြင်းသည် ဘုန်းကံရှိသူတို့၏ အလုပ်ဖြစ်သည်။

သီတဂူဆရာတော်ကြီးသည် မေတ္တာအခါနေ့အဖြစ် မေတ္တာကရုဏာအလှူတော်ကြီး ပြုလုပ်မည်ဖြစ်ကြောင်း ဓမ္မစည်ကြီး ရိုက်တီးကာ ကိုယ်ကိုယ်တိုင် ပါဝင်ဦးဆောင်ကာ တပည့် ဒကာ ဒကာများကိုပါ ပါဝင်စေခဲ့သည်။ ၂၁-၈-၂၀၁၀၊ ၀ါခေါင်လဆန်း (၁၁)ရက် နေ့က သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူ တပည့်ဒကာ ဒကာမများက အင်းစိန်ထောင်ရှိ ထောင်ဝန်ထမ်းနှင့် အကျဉ်းသား ကိုးထောင် (၉၀၀၀) ကျော်တို့အား နေ့စာ ညစာတို့နှင့် အခြား အသုံးအဆောင်များကို ပေးကမ်းခြင်းဖြင့် မေတ္တာကရုဏာတော် အလှူကြီး ပြုလုပ်ခဲ့ပါသည်။

ထို အကျဉ်းသား ၉၀၀၀ ကျော်တို့အား-

၁။ ဒံပေါက် (နေ့လည်စာ)
၂။ ထမင်း (ညစာ)
၃။ ကြက်ကြော်
၎။ ပါလချောင်ကြော်
၅။ ငါးပိကြော်
၆။ ငါးပိထောင်း
၇။ ပန်းသစ်တော်၊ ငှက်ပျောသီး
၈။ ပဲကြော်၊ ပဲလှော် အမျိုးမျိုး
၉။ သရက်သီးသနပ်
၁၀။ ကော်ဖီမစ်
၁၁။ ဆပ်ပြာ
၁၂။ အချိုရည်
၁၃။ မြန်မာဆေးပစ္စည်း
၁၄။ အင်္ဂလိပ်ဆေးပစ္စည်း
၁၅။ ဘီစကစ်
၁၆။ မျက်သုပ်ပုဝါ

စသည်တို့ဖြင့် တစ်ယောက်တစ်ယောက်စီအတွက် ၁၆ မျိုးစီသော အထုပ်အပိုးများ ထုပ်ကာ ၂၀ ရက်နေ့က ကားကြီးကားငယ်များဖြင့် အင်စိန်ထောင်တွင်းသို့ ကြိုတင်ပို့ထားကြရပါသည်။ ၁၉၊ ၂၀ ရက်များတွင် တစ်ယောက်စီအား ဝေငှရန်အတွက် အထုပ်များထုပ်ရန် သီတဂူအထောက်အကူပြု အဖွဲ့များမှ စည်ကားသိုက်မြိုက်စွာ လုပ်အားဒါနပြုကြသည်မှာလည်း ကြည်နူးစရာပင်။

၂၁-၈-၂၀၁၀ နေ့ မနက် ၇ နာရီးကစပြီး အစာအာဟာရများ ဝေငှ လှူဒါန်းရန် သီတဂူသာသနာပြု အဖွဲ့များသည် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်မှ အင်းစိန်ဗဟိုထောင်ဆီသို့ ထွက်ခွါကြသည်။ အမျိုးသားဆောင် ၅၊ အမျိုးသမီးဆောင်-၄၊ အမျိုးသမီးချုပ်ဆောင် စသည်တို့ဖြင့် ထမင်းကျွေးရန်မှာ ဌာနပေါင်းများစွာတို့ဖြင့် ခွဲခြားထားသည်။

ထောင်တွင်းတရားပွဲ

နေ့လည် (၂) နာရီတွင် ထောင်တွင်းရှိ ရိပ်သာတွင် ဆရာတော်ကြီးက တရာရေးအေး တိုက်ကျွေးခဲ့ပါသည်။ ၅၀၀ ကျော်သော အကျဉ်းသားများ တရားနာကြားခွင့်ရကြသည်။ ထိုတရားနာခွင့်ရသော အမျိုးသား အကျဉ်းသားမျာသည် အပြာရောင် ၀တ်စုံများ ၀တ်ဆင်ရပြီး အမျိုးသမီးအကျဉ်းသားများကတော့ အပေါ်အဖြူရောင်နှင့် ထမီကိုတော့ သျှားအနှစ်အရောင် (ယောဂီအရောင်)များဝတ်ဆင်ရသည်။ ထောင်တွင်းရှိ အကျဉ်းသားနှင့် ထောင်ဝန်ထမ်းများကလည်း ဆရာတော်ကြီးအား သင်္ကန်း ထီး ဘိနပ်နှင့် အခြားပစ္စည်းများကို စုပေါင်းကာ အလှူဒါန ပြုခွင့်ရကြသည်။

ထိုထောင်တွင်းရိပ်သာဓမ္မာရုံတွင် ဆရာတော်ကြီးက အယောဃရဇာတ်တော်ကို ဟောကြားခဲ့သည်။ ထိုဇာတ်တော်တွင် မင်းသားလေးကို ဘီလူးဘေးအန္တရာယ်မှ ကာကွယ်ရန် သံလှောင်အိမ်ကြီးထဲတွင် ပိတ်ထားရသည်။ ဆရာတော်ကြီးက ထိုဇာတ်တော်ကို အခြေခံပြီး အကျဉ်းသားများအား အားပေးစကားပြောသည်မှာ‘‘ ထောင် ဆိုတာ အနိုင်ထက် စီးနှင်း ညှင်းပန်းနိပ်စက်ရာ ဌာနမဟုတ်၊ လူတစ်ယောက်ရဲ့ ဘ၀ သို့မဟုတ် စိတ်ဓာတ် ပြောင်းလဲပေးရာ (recreation center) ဖြစ်သည်’’ ‘‘မင်းတို့တတွေကိုလည်း ဒီဌာနကြီးက မင်းတို့ဘ၀အတွက် recreation ပြုလုပ်ပေးရာ ဌာနကြီးဖြစ်တယ်’’၊ ကိုယ့်ဘ၀ကို နုညံ့သိမ်မွေ့တဲ့ ဘ၀ဆီသို့ ပြောင်းလဲနိုင်ဘို့ မိန့်ကြားတော်မူခဲ့တယ်။

ဘုန်းကံရှိသူ

ဤအလှူပွဲကြီးကို ကြည့်ပြီး စိတ်ထဲမှာ အတွေးတစ်ခု ၀င်လာသည်။ ဤကဲ့သို့သော ထူးခြားပြီး ခက်ခဲတဲ့အလုပ်မျိုးကို ဘုန်းကံရှိသူတို့သာ ပြုနိုင်ပါတကား။ ဤမျှလောက် များပြားသော လူအင်အား (men power)၊ စိတ်ဓာတ် (mind power)၊ ပစ္စည်းအင်အား ( material power) နှင့် သိန်းပေါင်း ခြောက်ရာကျော် (၆၀,၀၀၀,၀၀၀) ကျပ် (money power) တို့ကို စုစည်းနိုင်ခြင်းသည်လည်း ဘုန်းကံရှိသူများပြုနိုင်တဲ့ အလုပ်ဖြစ်ပါသည်။

ဆရာတော်ကြီး အမြဲပြောသည့်စကားထဲမှာ ‘‘ ဘုန်းကံဆိုတာ အလုပ်ကွ၊ ဘုန်းကြီးက ဘုန်းကြီးတာမဟုတ်ဘူး သာသနာက ဘုန်းကြီးတာ၊ ဘုန်းကြီး သာသနာအတွက် အလုပ်ကျွေးပြုနေတာပါ၊ အလုပ်လုပ်ပေးနေတာပါ’’ ဟူ၍ပင်ဖြစ်ပါသည်။ ဆရာတော်ကြီး၏ အလုပ်တွေကြည့်ပြီးအားကျနေမိသည်၊ ဆရာတော်ကြီး ဘာလုပ်လုပ် နောက်က အုံနှင့်ကျင်းနဲ့ လိုက်လာတဲ့ ပရိသတ်ကြီးက ပါလာသည်၊ ပရိသတ်ကြီးကလည်း ဆရာတော်ကြီး အလုပ်မှန်သမျှတွေကို နောက်ကနေ ပံ့ပိုးပေးဖို့ လက်မနှေး ချက်ချင်းပါဝင်သည် အဆင်သင့်ဖြစ်နေသည်၊ ဤကား ဆရာတော်ကြီး၏ အလုပ် ဘုန်းကံပင်ဖြစ်သည်ထင်ပါသည်။

အဲဒီလောက် လူအုပ်ကြီးက ဆရာတော်ကြီး၏ အလုပ်တွေကို လိုလေသေးမရှိအောင် ပါဝင်လှူးဒါန်းနေခြင်းသည် ဆရာတော်ကြီး၏ မွန်မြတ်သော အလုပ်ကြောင့်သာ ဖြစ်သည်ဟူ၍ မှတ်ချက်ချလိုက်ပါသည်။ သာသနာပြုခွင့်ရခြင်းကိုက ဘုန်းကံရှိသော ကြောင့်ဖြစ်သည်။ဘုန်းကံရှိသော အလှူရှင်အားလုံး၏ မွန်မြတ်သော အလှူဒါနများကို သာဓု အကြိမ်ကြိမ် ခေါ်လိုက်ပါသည်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၂၁-၈-၂၀၁၀

20 May 2010

ရေအလှူတော်

သီတဂူ ဒေါက်တာ အရှင်ပညာသီဟာလင်္ကာရ ဦးစီးသော သီတဂူရေအလှူတော်နှင့် ဆေးအလှူတော်

ပုံမှန်အပူချိန်ထက်လွန်ကဲမှု့ကြောင့် သောက်သုံးရေပြတ်လပ်မှု့ အရေးပေါ်ဆေးကုသမှု့ ခံယူနေကြရသော
ပဲခူးတိုင်း သနပ်ပင်မြိုနယ်၊ က၀မြို့နယ်အတွင်းရှိ ကျေးရွာများနှင့်ဝေါမြို့သို့ သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းတို့၏ ဓန၊ ကာယ၊ ဥာဏစွမ်းအားတို့ဖြင့် သီတဂူရေအလှူတော်(ဥဒကဒါန)နှင့်သီတဂူဆေးအလှူတော်(ဘေသဇ္ဇဒါန)
သနပ်ပင်မြို့
၂၀၁၀-မေလ ၁၃ရက်နေ့မှစပြီး ယခု လေမ ၁၈ရက်နေ့ထိ ၆ရက်တိုင်တိုင် သနပ်ပင်မြို့ ကားလမ်းမှတဆင့်
ကျေးရွာများသို့ လှည်းလမ်းအတိုင်း ၂နာရီခွဲကျော်ကျော် မောင်းမှရောက်နိုင်သော ကုလားချောင်းကျေးရွာ၊
ညာဏ်ကျွန်း၊ အနီးကိုက်၊ ထပ်ခမိန် ၊ မင်းရွာ၊ပိုက်တန်းရွာ၊ ကမာဘာရွာ၊ လောင်မီးချောငးရွာစသော ရေနှင့် ဆေး
အရေးတကြီး လိုအပ်နေသော ကျေးရွာများသို့ သီတဂူရေအလှူတော်မှ သောက်ရေသန့် ပေးဝေမှု့စနစ်ကို ပဲခူးမြို့ပေါ်မှ လိုသလောက်မရသည့်အတွက် ရန်ကုန်မှတဆင့် နေ့စဉ် သောက်ရေသန့်များကို ပေးဝေလျက်ရှိရာ ယနေ့ထိဆိုလျှင်
သောက်ရေသန့် ဂါလံပေါင်း၉၀၀၀ ကျော် လှူဒါန်းနိုင် ခဲ့ပြီးဖြစ်သည်။ ထို့အပြင် သနပ်ပင်မြို့ ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊
ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများသို့လည်း သောက်ရေသန့်ကို အဆက်မပြတ်ရလေအောင် ပေးဝေလျက်ရှိပါသည်။

ထို့အပြင် ကျေးရွားများသို့ သောက်ရေ ရရှိရေးအတွက်ကိုလည်း နေ့စဉ် သနပ်ပင်မှ ထွန်စက်၊ ကားများ၊ ထော်လာဂျီများဖြင့် ၁၀ ဧကအကျယ်ရှိသော ခရမ်းရွာ သောက်ရေကန်မှ သောက်ရေများကို စက်ဖြင့်မောင်းတင်ပြီး ၅ဂါလံဆန့်သော လက်ဆွဲပုံးများ၊ ရေတိုင်ကီများထဲသို့ ဖြည့်ကာ သောက်ရေကို အလျင်မီအောင်ပေးဝေနေပါသည်၊ ယခုဆိုလျှင် သောက်ရေဂါလံပေါင်း ၁၇၂၅၀ကျော် ပေးဝေလှူဒါန်းခဲ့ပြီးဖြစ်သည်။ သနပ်ပင်မြို့နယ်မှ ကျေးရွာများသို့ သောက်ရေသန့်နှင့် သုံးရေလှူဒါန်းပြီး တန်ဖိုးမှာ စုစုပေါင်း၁၇၀၀၀၀၀ ကျပ်(ဆယ့်ခုနှစ်သိန်း)ခန့်မျှရှိပါပြီ။


က၀မြို့နယ်
က၀မြို့နယ်အတွင်းရှိ ညောင်တပင်ရွာ၊ ညောင်ပင်ကန်ရွာ၊ သမန်းကန်ရွာ၊ အောင်သပြေရွာ၊ ကျောင်းတိုက်ရွာ၊ ခနာရွာ၊သံဒင်းရွာ၊
ခလပ်ရွာ၊ တောင်တဲတိုက်ရွာ၊ အထုံရွာ၊များသို့လည်း သောက်ရေသန့်နှင့်သုံးရေများကို အချိန်မီ လှူဒါန်းနိုင်ခဲ့သည်။ က၀မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လှူဒါန်းခဲ့ပြီးသော သောက်ရေ သန့်နှင့်သုံးရေ ရေဂါလံပမာဏမှာ ၁၄၅၀၀ကျော်မျှရှိပြီး လှူဒါန်းပြီးတန်ဘိုးမှာ ၁၀၀၀၀၀၀(ဆယ်သိန်း)ကျော်မျှဖြစ်ပါသည်။

အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရသော ၀မ်းလျှော၊ ၀မ်းပျက်နှင့် အပူဒဏ်ကြောင့် ရေဓာတ်ခမ်းခြောက်နေသော လူနာများအတွက်ကိုလည်း သနပ်ပင်မြို့နယ် ပြည့်သူ့ဆေးရုံနှင့် ဝေါမြို့နယ်ပြည့်သူ့ဆေးရုံမှ ဆရာဝန်ကြီးများ ညွှန်ကြားပေးသည့်အတိုင်း ဆေးဝါးများကိုလည်း ပေးလှူခဲ့ပြီးဖြစ်သည်။ စုစုပေါင်း ဆေးတန်ဘိုးမှာ ၁၁၅၀၀၀၀ကျပ် (ဆယ့်တစ်သိန်းခွဲ) ခန့်မျှရှိပါသည်။



မှတ်ချက်။ ။ ဓာတ်ပုံပေါ် ကလစ်တစ်ချက်ပေးပြီးမှာ ပုံကြီးချဲ့ ကြည့်ပါက စာလုံးများ ရှင်းရှင်းလင်းမြင်ရပါသည်။
သာဓုပါ ကိုပညာရေ- ၀မ်းသာပီတိဖြစ်မိပါတယ်။
သီတဂူစတား
၂၀-၅-၂၀၁၀

22 April 2010

ဧရာဝတီဒိုင်ယာရီမှ မှတ်တမ်းတစ်ပုဒ်




နာဂစ်ကယ်ဆယ်ရေးမှ ဓာတ်ပုံအချို့ ကို နာဂစ်နှစ်ပတ်လည်အတွက် ပြန်လည် အောင့်မေ့နိုင်ဖွယ် တင်ပြခြင်းဖြစ်ပါသည်။

ဧရာဝတီဒိုင်ယာရီမှ မှတ်တမ်းတစ်ပုဒ်
သီတဂူဆရာတော်ကြီးဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဘာသာရေး လူမှုရေးလှုပ်ရှားမှုများကို လက်လှမ်းမီသလောက် စုဆောင်းပြီး တင်ပြထားခြင်းဖြစ်ပါသည်။ ပြည့်စုံသည်မဟုတ်ပါ။ ဓာတ်ပုံများကို facebook မှရပါသည်။ ထို့ကြောင့် သီတဂူသာသနာပြု အဖွဲ့ကြီး၏ ဧရာဝတီဒိုင်ယာရီထဲမှ မှတ်တမ်းတစ်ပုဒ်မျှသာဖြစ်ပါသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ပင်လုံလမ်း ၊မြောက်/ဒဂုံ၊ ရန်ကုန်
အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြု အဖွဲ့ကို ၁၉၇၈-ခုနှစ်ကထဲက စတင်တည်ထောင်ခဲ့ပါသည်။ သီတဂူသာသနာပြု ၏ သာသနာရေး လူမှုရေးဆောင်ရွက်ချက်များမှာ----

ရေအလှူ
၁။ စစ်ကိုင်းတောင်တန်းကြီးတစ်ခုလုံးရှိ ချောင်ပေါင်း (ကျောင်းပေါင်း) တစ်ထောင် (၁၀၀၀) ကျော်၊ ရဟန်း သာမဏေ သီလရှင် ယောဂီ တစ်သောင်း (၁၀၀၀၀) ကျော်တို့အား သောက်ရေ၊ သုံးရေများ ပေးဝေလှူဒါန်းခြင်းများကို အကောင်အထည်ဖော်လာခဲ့ရာ ၁၉၈၀ ခုနှစ်တွင် လုံးဝအောင်မြင်ခဲ့သည်။

ဆေးရုံအလှူများ
၂။ ကုတင် ၁၀၀-ဆန့် မျက်စိအထူးကုနှင့် အထွေထွေ ရောဂါကု သီတဂူအာယုဒါန ဆေးရုံတော်ကြီးကို တည်ဆောက်ကာ ရဟန်း သာမဏေ သီလရှင် ယောဂီတို့အား ဘေသဇ္ဇဒါန၊ အာရောဂျဒါန၊ စက္ခုဒါန များပြုလုပ်ဆောင်ရွက်ခဲ့ရာ ၁၉၈၅-ခုနှစ်တွင် ပြီးစီးအောင်မြင်မှုများရခဲ့ပါသည်။
တိုးချဲ့ ဆေးရုံတော်များ-
၁။ ပန်းတနော် မျက်စိကုဆေးရုံတစ်ရုံ
၂။ သီတဂူစက္ခုဒါနဆေးရုံတော်၊ သီပေါမြို့ (၂၀၀၈)ခုနှစ်ဖွင့်ပြီး
၃။ သီတဂူစက္ခုဒါနဆေးရုံတော်၊ ကလေးမြို့ (၂၀၀၉)ခုနှစ်ဖွင့်ပြီး
၎။ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံတော်၊ နတ်မောက်မြို့ (၂၀၁၀) ခုနှစ်ဖွင့်ပြီး
၅။ သီတဂူဗြဟ္မာယု အထွေထွေရောဂါကုဆေးရုံတော်ကြီး၊ ဆားတောင်ရွာ၊ စစ်ကိုင်းခရိုင်၊ (၂၀၁၀)ခုနှစ် ဖွင့်ပြီး
၆။ ချင်းပြည်နယ် မင်းတပ်တွင် မျက်စိဆေးရုံ ဖွင့်လှစ်နိုင်ရန် တည်ဆောက်ဆဲ
အခြားဆေးရုံများ--
ထို့အပြင် သီတဂူသာသနာပြု အဖွဲ့ကြီး၏ အခြားသော လူမှုရေးဆောင်ရွက်မှုများကို အကျဉ်းချုပ်ဖော်ပြရပါလျင် မြန်မာပြည်တ၀ှမ်းလုံးတွင် နိုင်ငံတော်အစိုးရ၏ (၄၀) ကျော်သော ဆေးရုံများသို့ ဆေးရုံသုံးပစ္စည်းများလှူဒါန်းခဲ့ပါသည်။
အထူးသဖြင့် ဧရာဝတီတိုင်းတွင် ဆေးရုံပေါင်း ၁၂ ခုသို့ ကျပ်သိန်းပေါင်း (၅၀၀) ကျော်ဘိုး ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။

စာသင်ကျောင်းများ
ဧရာဝတီတိုင်းတွင် နာဂစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော မူလတန်း၊ အလယ်တန်း အထက်တန်း (၂၇) ကျောင်းတို့ကိုလည်း သီတဂူသာသနာပြုအဖွဲ့ကြီးက အသစ်ဆောက်လုပ် လှူဒါန်းခဲ့သည်။


၇-၄-၂၀၀၉ နှစ်ကဖွင့်ပွဲ


၂၀-၄-၂၀၀၉ နေ့တွင် ဖွင့်ပွဲများပြုလုပ်ခဲ့သည်။





၂၂-၄-၂၀၀၉ နေ့တွင် ဖွင့်ပွဲများပြုလုပ်ခဲ့သည်။
ဓာတ်ပုံများကို http://www.facebook.com/profile.php?id=1528440601 နေရာမှ ကူးယူဖော်ပြပါသည်။

စေတီပုထိုများ
မုန်တိုင်းကြောင့် ပြိုကျပျက်စီးသွားသော စေတီတော်ပေါင်း ၁၇၁ ဆူတို့ကို ပြုပြင် မွန်းမံပြီး ရွှေထီးတော်များတင်လှူခဲ့ပါသည်။ ဘုန်းတော်ကြီးကျောင်းများအား သွပ်အမိုးများလှူဒါန်းသည့် အပြင် အသက်ရှင်ကျန်သူတို့အား အ၀တ်အစား စသည်များကိုလဲ ထောက်ပံ့နိုင်ခဲ့ကြသည်။

ဧရာဝတီ အလှူတော်မှာ
သီတဂူသာသနာပြု အဖွဲ့ကြီးက လှူဒါန်းခဲ့သော ဧရာဝတီအလှူမှာ ၈.၈ ဘီလျံ (ကျပ်သန်းပေါင်း ရှစ်ထောင်) ကျော်တို့ကို လှူဒါန်းနိုင်ခဲ့ကြောင်းမှတ်တမ်းအရ သိရပါသည်။ ယခုအခါ ဆရာတော်ကြီးကို ကမ္ဘာက မြန်မာနိုင်ငံတွင် သာသနာရေးနှင့် လူမှုရေးဆောင်ရွက်မှုများ စနစ်တကျဆောင်ရွက်သည့်ပုဂ္ဂိုလ်ထူး ဟူ၍ အသိအမှတ်ပြုလာကြသည်။
ဧရာဝတီဒိုင်ယာရီမှ အနှစ်ထုတ်၍ ဖော်ပြလိုက်ရသည်။

သူတောင်ကောင်းဓာတ် တရားမြတ် လွမ်းပတ်ကမ္ဘာ တည်စေသော်။

May the Sublime Dhamma prevail in its pristine purity
in every corner of the world!

သတင်းအချက်အလက်များကို စုစည်းပေးသော ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ (သင်ကြားစီမံ၊ ရန်ကုန်) အား အထူးကျေးဇူးတင်ပါသည်။

သီတဂူစတား
၂၂-၄-၂၀၁၀



ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes