ရန်ကုန်မြို့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရဟန်း သီလရှင်များအတွက် ဘီအေတန်း၊ ဒီပလိုမာတန်းများ အပြင်
လူဝတ်ကြောင်များအတွက် ဗုဒ္ဓဓမ္မဒီပလိုမာအတန်းများကိုလည်း
သင်ကြားပေးလျက်ရှိသည်။
လူဝတ်ကြောင်များအတွက် ကိုယ်နှုတ် နှစ်ပါးကို ထိန်းသည့်
နည်းဥပဒေများဖြစ်သည့် ၀ိနည်း၊ ကိုယ်နှုတ်စိတ် သုံးပါးလုံးကို ထိန်းသည့် သုတ္တန်၊ လောက
သဘာဝဓမ္မပါဝင်သည့် အဘိဓမ္မာ၊ သံသရာလွတ်လမ်းကို ပေးသည့် ၀ိသုဒ္ဓိမဂ် အစရှိသည့်
ဗုဒ္ဓစာပေများကို သဒ္ဓါတရား၊ အသိပညာ ဗဟုသုတများ တိုးပွားရေးကို ရည်စိတ်သန်လျက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားပေးလျက်ရှိသည်။
ယခုအခါ ၆
လလုံးသင်ကြားထားသည့် ဗုဒ္ဓစာပေများကို ပထမ ၆ လပတ် (နှစ်သက်) စာမေးပွဲအဖြစ်
ဖြေဆိုကြရသည်။ ကျောင်းသား ကျောင်းသူ ၃၀၀ (သုံးရာ) ကျော် ၀င်ရောက်
ဖြေဆိုကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁၁-၂၀၁၃
www.thesitagu.org
www.sitagustar2020.net
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁၁-၂၀၁၃
www.thesitagu.org
www.sitagustar2020.net


Friday, November 15, 2013
sitagustar
Posted in:
1 comments:
I want to sit this exam and really want to get this diploma, but, i'm studying abroad. Please could you suggest me how can I get this.
Post a Comment