သီတဂူစတား

သီတဂူစတား

09 October 2014

သီတဂူရေအလှူတော် ဖိတ်မန်ခြင်း

သီတဂူရေအလှူတော် ဖိတ်မန်ခြင်း

သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့ကြီးက စီမံကိန်းများဖြစ်သော ရေအလှူတော်စီမံကိန်း၊ ဆေးရုံစီမံကိန်း၊ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ စီမံကိန်းနှင့် ပြည်တွင်းပြည်ပ သာသနာပြု ကျောင်းများစီမံကိန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ--

သီတဂူရေအလှူတော် စီမံကိန်းကြီးကို မြန်မာသက္ကရာဇ် (၁၃၄၂) ခုနှစ်မှ စတင် တည်ထောင်ခဲ့သည်။

စတင်သော စက်ရုံများ

-----------------------------------

(က) ထုံးဘိုစက်ရုံနှင့် သဒ္ဓမ္မသီတဂူစက်ရုံ ၂ ရုံဖြင့်စတင်ခဲ့သည်။

(ခ)မြင်းအကောင်ရေ ၂၅ မော်တာ တပ်ဆင်သော ရေစက်နှင့် မြင်းကောင်ရေ ၁၅ တပ်ဆင်သော ရေစက် ၅ လုံးတို့ဖြင့် စတင်ခဲ့သည်။

စတင်သော ရေကန်ကြီးများ

-------------------------

(၁) ရှင်ပင်နန်ကိုင်းတောင်ထိပ်ရှိ ဂါလံ (၃သိန်းဆန့်) လသာရေကန်ကြီး

(၂) ကိန္နရာတောင်ထိပ်ရှိ ဂါလံ (၁ သိန်းဆန့်) ပန်ပဲတန်း ရေကန်ကြီး

(၃) ဥမင် ကိုးဆယ် တောင်ထိပ်ရှိ ဂါလံ (၅ သောင်းဆန့်) ဝေနေယျသုခ ရေချမ်းစင် ရေကန်ကြီး

(၄) သဒ္ဓမ္မသီတဂူချောင်ရှိ ဒေါ်မြမြ ရေကန်တော်

(၅) အောင်မြေသာစည်ချောင်ရှိ ငွေဆယ် ရေကန်တော် ဟူ၍ ထိုရေကန်ကြီး ၅ လုံးတို့ဖြင့် စတင်ခဲ့သည်။




စတင်သော ချောင်ပေါင်း၊ သူတော်စင်ပေါင်း

---------------------------

သီတဂူရေအလှူတော်စတင်စဉ်က စစ်ကိုင်းတောင်ရိုး၌ ချောင်ပေါင်း ကျောင်းပေါင်း ၄၀၀ (လေးရာ)ရှိခဲ့သည်။

ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ သီလရှင်၊ သူတော်စင်ပေါင်း ၄၀၀၀ (လေးထောင်) သာရှိခဲ့သည်။

ယနေ့ သီတဂူ ရေအလှူတော်

----------------------------------

ယနေ့ စစ်ကိုင်းတောင်တော်၌ ချောင်ပေါင်း ကျောင်းပေါင်း ၁၁၇၀ ရှိနေသည်။

ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ သီလရှင်၊ သူတော်စင်ပေါင်း ၁၇၀၀၀ (တစ်သောင်း ခုနှစ်ထောင်) ထိ ရောက်လာသည်။

တိုးချဲ့စက်ရုံများ------------
သို့ဖြစ်ခြင်းကြောင့် ယနေ့ သီတဂူရေအလှူတော်ကို အပြင်းအထန် တိုးချဲ့ဆောက်လုပ်လျက်ရှိရာ------

(၁) စက်ရုံသုံးရုံ (၄၀)မြင်ကောင်ရေအားရှိ မော်တာနှင့်တွဲဖက် ရေစက်ပေါင်း (၁၅)လုံးတို့ဖြင့် အလှည့်ကျ မောင်းနှင်လျက်ရှိသည်။

(၂) ရေပိုက်လိုင်းပေး (၄)သိန်းကျော် သွယ်တန်းပြီး ဖြစ်ပါသည်။

(၃) ဂါလံ ၅ သောင်းနှင့် ဂါလံ ၁ သိန်း၊ ဂါလံ ၃ သိန်း သိုလောင်နိုင်သည့် ရေကန်ကြီး (၂၅)လုံး တည်ဆောက်ပြီး ဖြစ်သည်။

(၄) ယနေ့ ဂါလံ ၅ သိန်းမှ ၇ သိန်းအထိ ကုသိုလ်ပြု ပေးလှူလျက်ရှိပါသည်။

(၅) သူတော်စင်ပေါင်း ၁ သောင်း (တစ်သောင်း)ကျော်တို့အား ဂါလံ ၅ သိန်းခန့် ရေအလှူတော်၊ လျှပ်စစ်ဓာတ်အားခ တစ်လ ကျပ်သိန်း (၁၀၀မှ ၁၅၀) အထိ ကုန်ကျပါသည်။

မှတ်ချက်။ ။ ဓာတ်အားပြတ်လျှင် ဒီဇယ်ဆီဖြင့်မောင်းရပါသည်။

နှိုးဆော်ခြင်း

------------------------

သို့ဖြစ်ခြင်းကြောင့်-----

တစ်နှစ်စာ (၁၂-လ) အတွက် ကျပ်သိန်းပေါင်း ၁၀၀ အလှူရှင် ၁၂ ဦးခန့် အလိုရှိပါသည်။


“တောင်စစ်ကိုင်း ချောင်တိုင်းဝေမည်

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

သီတဂူသာသနာပြုအဖွဲ့

www.thesitagu.org

www.sitagustar2020.net 
ဆက်သွယ်ရန် ဖုန်းများ

---------------------------


ပြည်ပ--

အမေရိကန်နိုင်ငံ- ဒေါက်တာ အရှင်အရိယဓမ္မ ဖုန်း--- 512 301 3968

စင်္ကာပူနိုင်ငံ--- ဦးတင်မောင်ဝင်းး ဖုန်း---+၆၅-၉၃၈ ၆၆၈၄၀

အင်္ဂလန်နိုင်ငံ-ဒေါက်တာ ဦးကိုကို ဖုန်း---

ပြင်တွင်း--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဖုန်း ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ဖုန်း ၀၂-၇၅၂၇၈

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖုန်း ၀၁-၅၈၁ ၇၇၇၊ ၀၁-၅၈၁ ၈၈၈



ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၉-၁၀-၂၀၁၄

05 October 2014

သီတဂူစတား စင်္ကာပူတရားပွဲ

သီတဂူစတား စင်္ကာပူတရားပွဲ 

၆-၁၀-၂၀၁၄ တနင်္လာနေ့တွင် သီတဂူစတားသည်  စင်္ကာပူရောက် မြန်မာမိသားစုများအား တရားတော်များ ဟောကြားမည် ဖြစ်သည်။

နေရာ။ ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၁၀-၂၀၁၄

04 October 2014

သီတဂူဆရာတော် စင်္ကာပူတရားပွဲ ပထမည

သီတဂူဆရာတော် စင်္ကာပူတရားပွဲ ပထမည
၎-၁၀-၂၀၁၄ ည ၇နာရီမှာ သီတဂူဆရာတော်ကြီးသည် စင်္ကာပူရောက်မြန်မာမိသားစုများနှင့် ဗုဒ္ဓတရားတော်များကို စိတ်ဝင်စားကြသော သူတော်ကောင်းအပေါင်းတို့အား အပ္ပမာဒတရာတော်ကို ဟောကြားတော်မူသည်။

ပရိသတ်အပေါင်း အံ့သြလောက်အောင် များပြားသည်၊ ကြီးကျယ်သော ဓမ္မသာလာကြီးတစ်ခုလုံး ပြည့်လျှံသွားသည်။

ထူးခြားသည်မှာ တရားနာပရိသတ် ၉၀ ရာခိုင်းနှုန်းသည် လူငယ်များသာ ဖြစ်ကြသည်။
မနက်ဖန် ညနေ (၆)နာရီမှ စတင်ဟောကြားမည်ဖြစ်သည်။

နေရာ။ ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၁၀-၂၀၁၄

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် နှစ်ဝက်စာမေးပွဲကျင်းပ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် နှစ်ဝက်စာမေးပွဲကျင်းပ

၃-၁၀-၂၀၁၄မှ ၇-၁၀-၂၀၁၄ နေ့အထိ ၅ ရက်တိုင်တိုင် စစ်ကိုင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် နှစ်ဝက်စာမေးပွဲကို မန္တလေး၊ ရန်ကုန်မြို့ကြီးများရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အသီးအသီး၌ တပြိုင်းတည်း ကျင်းပသည်။

ထိုစာမေးပွဲများတွင် ဘီအေးတန်း၊ ဒီပလိုမာတန်း ကျောင်းသား ကျောင်းသူ ၉၀၀နီးပါး ၀င်ရောက် ဖြေဆိုကြသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၁၀-၂၀၁၄
www.thesitagu.org
www.sitagustar2020.net

29 September 2014

သီတဂူ စင်္ကာပူဓမ္မခရီး သီတဂူစတား လိုက်မည်

သီတဂူ စင်္ကာပူဓမ္မခရီး
သီတဂူစတား လိုက်မည်
ဓာတ်ပုံ= ရုရှားနိုင်ငံ၊ မော်စကို၊ တက္ကသိုလ် အမှတ်တရ

စင်္ကာပူရောက် မြန်မာမိသားစုများ၏ပင့်ဖိတ်ချက်အရ ၂၀၁၄-အောက်တိုဘာလ (၃)ရက်နေ့ ညနေ စင်္ကာပူလေကြောင်းလိုင်းဖြင့် စင်္ကာပူသို့ထွက်ခွါမည်။

(၄-၅ရက်၊ စနေ-တနင်္ဂနွေ) ရက်များတွင် သီတဂူဆရာတော်ကြီးသည် စင်္ကာပူရောက် မြန်မာမိသားစုများနှင့် ဗုဒ္ဓတရားကို စိတ်ဝင်စားသူများအား တရားတော်များ ဟောကြားမည် ဖြစ်သည်။

ဆရာတော်ကြီးနောက်တော်ပါးကနေ ဆင်ဖြူတော်အမှီပြုလျှက် မြင်းမြီးဆွဲ မောင်ဆန်လို ပစ္ဆာသမဏအဖြစ် သီတဂူစတားလည်း လိုက်ပါမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၉-၂၀၁၄

28 September 2014

သီတဂူ-ဂျာမဏီ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အထူးကုအစီအစဉ်

သီတဂူ-ဂျာမဏီ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အထူးကုအစီအစဉ်
သီတဂူဆရာတော်ကြီးသည် စစ်ကိုင်းတောင်ရိုး၊ သီတဂူအာယုဒါနဆေးရုံ၌
၂၈-၉-၂၀၁၄ ရက်၊ နံက် (၁၁)နာရီတွင် ဂျာမဏီနိုင်ငံမှ ရောက်ရှိလာသော သီတဂူ-ဂျာမဏီနှုတ်ခမ်းကွဲ-အာခေါင်ကွဲ အဖွဲ့ကို ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။
စစ်ကိုင်းတောင်ရိုး၊ သီတဂူအာယုဒါနဆေးရုံတွင် နှုတ်ခမ်းကွဲ-အာခေါင်ကွဲ လူနာများကို (၂၈-၉-၂၀၁၄)မှ (၃-၁၀-၂၀၁၄)ရက်နေ့အထိ ခွဲစိပ်ကုသပေးနေပါသည်။

အနယ်နယ် အရပ်ရပ်မှ နှုတ်ခမ်းကွဲ-အာခေါင်ကွဲ ဝေဒနာရှင်များ လာရောက်စာရင်းသွင်း ကုသနိုင်စေရန် သတင်းကောင်းပါးအပ်ပါသည်။ 

ဆက်သွယ်ရန်-
ဒေါက်တာခင်မောင်ဇော် ဖုန်း-072-22099
စီမံအုပ်ချုပ်ရေးအဖွဲ့
သီတဂူအာယုဒါနဆေးရုံ
စစ်ကိုင်း
09259147446
www.thesitagu.org 

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၉-၂၀၁၄
www.sitagustar2020.net

27 September 2014

သီတဂူ မျက်စိအထူးကုအစီအစဉ် (သီပေါမြို့)

သီတဂူ မျက်စိအထူးကုအစီအစဉ် (သီပေါမြို့)
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့် သီပေါဆရာတော် ဦးပညာသိရီ ဦးဆောင်သော မျက်စိအထူးကုအစီအစဉ်ကို ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် (၂၅-၉ -၂၀၁၄)မှ (၂၈-၉-၀၁၄)ရက်အထိ ဆောင်ရွက်နေပါသည်။

နှစ်ရက်တာကာလအတွင်း မျက်စိဝေဒနာရှင်(၅၀၂)ယောက်ကို စမ်းသပ်စစ်ဆေးပေးပြီး၊ မျက်စိဝေဒနာရှင် (၆၂)ဦး ခွဲစိပ်ကုသပြီး ဖြစ်ပါသည်။ စမ်းသပ်စစ်ဆေးခွဲစိပ်ကုသ ပေးနေဆဲဖြစ်ပါသည်။

သီပေါဆရာတော် ဦးပညာသိရီ ဦးဆောင်သော သီတဂူသီပေါစက္ခုဒါနအစီအစဉ်သည် (၃)လ (၁)ကြိမ် စီစဉ်ဆောင်ရွက်ခဲ့ရာ (၂၉)ကြိမ်မြောက်အထိ ရောက်လာပြီဖြစ်သည်။ ယနေ့အထိ မျက်စိဝေဒနာရှင်(၁၄၂၄၇)ယောက်ကို စမ်းသပ်စစ်ဆေးပေးခဲ့သည်၊ (၂၉၀၆)ဦးကိုတော့ ခွဲစိပ်ကုသပြီး လောကအလင်းများ ရရှိသွားကြပြီ ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ကျောက်မဲ၊ လားရှိုးနှင့် ပြင်ဦးလွင်မြို့မှ မျက်စိအထူးကု ဆရာဝန်ကြီးများကလည်း လာရောက်ကူညီ ပညာဒါန၊ လုပ်အားဒါနများ ပြုပေးကြပါသည်။
ထို့အပြင် အမေရိကနိုင်ငံ၊ အင်္ဂလန်နိုင်ငံများမှ မျက်စိအထူးကု ဆရာဝန်ကြီးများကလည်း လာရောက် ပညာဒါန၊ လုပ်အားဒါနပြုကြပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ..
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org 

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၉-၂၀၁၄
www.sitagustar2020.net

25 September 2014

သီတဂူ မျက်စိအထူးကုအဖွဲ့ ( မြင်းခြံမြို့)

သီတဂူ မျက်စိအထူးကုအဖွဲ့ ( မြင်းခြံမြို့)
သီတဂူဆရာတော်ဦးဆောင်သော သီတဂူမျက်စိအထူးကုအဖွဲ့သည် မြင်းခြံမြို့၊ သီတဂူအာယုပါလ မျက်စိအထူးကုဆေးရုံတွင် (၁၄.၉-၂၀၁၄)မှ (၂၅-၉-၂၀၁၄)ရက်နေ့အထိ မျက်စိဝေဒနာရှင် (၄၅၀၀)ယောက်တို့ကို စမ်းသပ်စစ်ဆေးပြီးသည်။ စမ်းသပ်ပြီး မျက်စိဝေဒနာရှင် (၄၅၀)ယောက်ကို ခွဲစိပ်ကုသနိုင်ခဲ့ပြီးဖြစ်သည်။
သီတဂူမျက်စိအထူးကုအဖွဲ့တွင်
မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးမြအောင်(ငြိမ်း)၊
မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်မြင့်ခိုင်(ငြိမ်း)၊
မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဒေါ်ရီရီအောင်၊
မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဦးလှမောင်တင်၊
မန္တလေးမျက်စိအထူးကုဆေးရုံမှ
မျက်စိအထူးကု ဆရာဝန်ဒေါက်တာယဉ်ကြည်ဦး၊
မျက်စိအထူးကု ဆရာဝန်ဒေါက်တာအိကေသွယ်ဟန်၊
မျက်စိအထူးကုဆရာဝန် ဒေါက်တာဒေါ်သန္တာအောင်၊
မျက်စိအထူးကု ဆရာဝန်ဒေါက်တာမောင်မောင်မျိုးဝင်း၊
မျက်စိအထူးကုဆရာဝန် ဒေါက်တာဒေါ်သန္တာထွန်း၊
မျက်စိအထူးကုဆရာဝန်ဒေါက်တာ ဒေါ်အေးသီတာမြင့်၊
သီတဂူအာယုဒါနဆေးရုံတော်မှ
ဒေါက်တာဒေါ်မိမိခင်ဦးဆောင်သော သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)မှ သူနာပြု(၁၀)ဦး၊ မြင်းခြံမြို့ မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေးအဖွဲ့၊ ရိုးမဘဏ်၊ ကမ္ဘောဇဘာဏ်၊ ဆန္ဒတော်ပြည့်မှ ၀န်ထမ်းများ၊ မြင်းခြံမြို့မှ ရပ်မိရပ်ဖများက ၀ိုင်းဝန်း လုပ်အားဒါနပြုခဲ့ပါသည်။ 

သီတဂူစန်းလပမာချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၉-၂၀၁၄

19 September 2014

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲကြေညာ (ရန်ကုန်)

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲကြေညာ (ရန်ကုန်)
19-9-2014

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ ကျင်းပမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊ ပထမနှစ်ဝက် (First Semester Exam) စာမေးပွဲများကို အောက်ပါအတိုင်း ကျင်းပမည်ဖြစ်သည်။

၁။ Fundamental Buddhism အတန်း
လူဝတ်ကြောင်များအတွက် Fundamental Buddhism အတန်း ပထမနှစ်၊ ဒုတိယနှစ်များကို (၂၁-၉-၂၀၁၄) ၁၃၇၆ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၃)ရက်နေ့၊ နံနက် (၈း၀၀)နာရီမှ စဖြေဆိုရမည်။

၂။ B.A & Diploma တန်းများဘီအေတန်းနှင့် ဒီပလိုမာတန်းများကိုတော့ (၃-၁၀-၂၀၁၄ မှ ၇-၁၀-၂၀၁၄) နေ့များအထိ (၅) ရက်တိုင်တိုင် နေ့လည် (၂း၀၀)နာရီမှ စတင်ကျင်းပသွားမည်ဖြစ်သည်။

စာမေးပွဲအချိန်ဇယားများ၊ ခုံနံပါတ်များ၊ စာဖြေဌာနများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကြေညာဘုတ်တွင် ကြည့်ရှုနိုင်ပါသည်။

သင်ကြားစီမံအဖွဲ့

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

ရန်ကုန်

www.thesitagu.org


ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

19-92014

18 September 2014

ဆိုးလ် World Alliance Religions Peace Summit ဒုတိယနေ့

ဆိုးလ် World Alliance Religions Peace Summit ဒုတိယနေ့
ဒီကနေ့ (၁၈-၉-၂၀၁၄) World Alliance Religions Peace Summit ဒုတိယနေ့အဖြစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ နိုင်ငံတကာ အားကစားကွင်းမှာ ဆက်လက်ကျင်းပသည်။

ထိုအစည်းဝေးကြီးသို့ နိုင်ငပေါင်း (၂၀၀)မှ Participants ကိုယ်စားလှယ်ပေါင်း (၆၀၀၀) တက်ရောက်သည်။ သမ္မတဟောင်း၊ ဝန်းကြီးဟောင်း ၁၅ ယောက်လည်း တက်ရောက်ကြသည်။ 
မြန်မာပြည်မှ သီတဂူဆရာတော်ကြီးက အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာများကိုယ်စား Achieving Peace through Buddhist Teaching (မြတ်ဗုဒ္ဓ၏ဓမ္မဖြင့် ငြိမ်းချမ်းရေးသို့) ခေါင်းစဉ်ဖြင့် ၁၅ မိနစ်ခန့် မိန့်ခွန်းပြောကြားခဲ့သည်။
အစည်းအဝေးကြီး၏ အဓိကရည်ရွယ်ချက်က

၁။။ စစ်ပွဲတွေ ရပ်ပြီး ငြိမ်းချမ်းရေးရဖို့နှင့်
၂။ ဘာသာတရားတွေ ညီညွတ်ရေး တိုဖြစ်သည်။
ဓာတ်ပုံများကို အရှင်ဝိသုတ ပေးပို့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၉-၂၀၁၄
www.thesitagu.org
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes