
Wednesday, April 08, 2015

sitagustar
1 comment
သီတဂူဆရာတော်ကြီး စင်္ကာပူကြွသီတဂူဆရာတော်ကြီးသည် ၇-၄-၂၀၁၅ နေ့ ညနေပိုင်းက စင်္ကာပူနိုင်ငံသို့ ကြွသွားပြီ ဖြစ်ပါသည်။
ဆရာတော်ကြီးသည် စင်္ကာပူတွင် ဧပြီလ ၁၁-၁၂ ရက်များတွင် တရားတော်များ ဟောကြားမည်ဖြစ်ပါသည်။ ၁၀ ရက်နေ့တွင် အရှင်တိက္ခသာရက ဦးစွာ ဟောကြားမည် ဖြစ်သည်။
နေရာ=The Arena Country Club, Singapore
အချိန်= ညစဉ် ၇း၃၀ မှ ၉း၀၀နာရီအထိ
ဆရာတော်ကြီးနှင့်အတူ ပစ္ဆာသမဏအဖြစ် အရှင်ဓမ္မိကနှင့် အရှင်တိက္ခသာရတို့လိုက်ပါသည်။
ဆရာတော်ကြီးသည် စင်္ကာပူရောက်ခိုက် ကျန်းမာရေး စစ်ဆေးမှုများပါ ပြုလုပ်မည် ဖြစ်သဖြင့် ဒေါက်တာခင်မောင်ဆွေ (အာရှတော်ဝင်)၊ သီတဂူ ဒေါက်တာမြတ်သူ (အာရှတော်ဝင်)နှင့် ဒေါက်တာသန်းထိုက်အောင်တို့ လိုက်ပါသွားပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၄-၂၀၁၅
www.sitagustar2020.net

Monday, April 06, 2015

sitagustar
No comments
သီတဂူဆရာတော်ကြီး နာဂတောင်တန်းမှ ပြန်ကြွလာ
သီတဂူဆရာတော်ဘုရားကြီးသည် နာဂတောင်တန်းဒေသ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးရေးကိစ္စများကို ဆောင်ရွက်သည်။
စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ကထိက နှစ်ပါးကို နွေရာသီ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ဗုဒ္ဓဓမ္မသင်တန်းများ ပို့ချပေးရန် နာဂတောင်တန်းသို့ စေလွတ်သည်။
ထို့ပြင် ဆရာတော်ကြီးနှင့်အတူ သီတဂူသာသနာပြုအဖွဲ့ဝင်လူကြီးများ၊ ကိုးရီးယားဆရာတော် (ဆင်ဖြူတော်ဖေါင်ဒေးရှင်း) အဖွဲ့၊ မျက်စိဆရာဝန်ကြီး ဒေါက်တာဦးမြအောင်၊ ဒေါက်တာဦးစံအေးနှင့် သီတဂူအာယုဒါနဆေးရုံမှ သူနာပြုတို့သည် မျက်စိစမ်းသပ်လူနာ ၂၇၃ ဦးနှင့် ခွဲစိပ်လူနာ ၃၇ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။
ယခုအခါ ဆရာတော်ကြီးသည် (၅-၄-၂၀၁၅) တွင် နာဂတောင်တန်းဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မှုများ ပြီးဆုံးပြီးသဖြင့် စစ်ကိုင်းသို့ပြန်ရောက်ပြီ ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၆-၄-၂၀၁၅

Friday, April 03, 2015

sitagustar
No comments
သီတဂူစတား ဖန်တီးထားသည်
----------------------
(၁) ဘလော့ဂ် အမျိုးစား https://www.sitagustar2020.net သီတဂူစတား
(၂) ဖေ့စ်ဘုတ် https://www.facebook.com/sitagustar.myanmar သီတဂူစတား ရန်ကုန်
(၃) Like Page ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/thitagustar သီတဂူစတား
(၄) Group Page အဖွဲ့ဝင်စာမျက်နှာhttps://www.facebook.com/groups/Thesitagu သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(က)အထက်ပါ စာမျက်နှာများသည် သီတဂူစတား ကိုယ်ပိုင်ဖန်တီးထားသဖြင့် ကိုယ်ပိုင်ခံစားချက်ဖြင့် တင်ထားသော ပို့စ်များလည်း ပါရှိသည်။ တခါတရံ အမှားရှိကောင်းရှိမည်။ အမှားရှိက သီတဂူစတား၏ တာဝန်သာ ဖြစ်ပါသည်။
(ခ) များသောအားဖြင့် သီတဂူသာသနာပြုအဖွဲ့၏ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်သည့် သတင်းများကို ဦးစားပေးတင်သည်။
ဘလောဂ့် (သီတဂူစတား)ကို ဖန်တီးခြင်း
--------------
https://www.sitagustar2020.net သီတဂူစတား ဘလော့ဂ် အမျိုးစားကိုတော့ ၂၀၀၉၊ အိန္ဒိယနိုင်ငံ၊ ပူနေးတက္ကသိုလ် အမ်အေတန်း (ဒဿနိကဗေဒ)ဖြင့် ပညာသင်စဉ်က ဖန်တီးထားသော ဘလော့ဂ်ဖြစ်သည်။
ထိုဘလော့ဂ်တွင် တက္ကသိုလ်တက်စဉ်က အတွေ့ကြုံများ၊ တက္ကသိုလ်ဘ၀၏ ပုံရိပ်များ၊ အွန်လိုင်းပေါ်က မေးလာသည့် ဘာသာရေးပျဿနာများ၊ ဆောင်းပါး ပို့စ်များနှင့် သတင်းများကို တင်လေ့ရှိသဖြင့် “သီတဂူစတား”ဟု လူသိများကာ ပြင်သစ်အခြေစိုက် အဖွဲ့တစ်ဖွဲ့မှ ပေးသော “သာသနာနှင့်ဆိုင်သော စာပေဆု” ဘလောဂါဆုကို ရရှိခဲ့ဖူးသည်။
ထိုဘလော့ဂ်တွင် တင်သမျှသော ပို့စ်တို့ကို မပျောက်ပျက်အောင် စာအုပ်အဖြစ် ဖန်တီးနေပါသည်၊ စာအုပ်နှစ်အုပ် ထွက်ပြီးဖြစ်ပါသည်။
သီတဂူဆရာတော်ကြီး ကိုယ်တိုင်ကပင် မိမိအား “သီတဂူစတား”ဟူ၍ပင် အသိအမှတ်ပြု ခေါ်ဝေါ်သဖြင့် အထူးအားရ ၀မ်းသာမိသည်။
ဖေ့စ်ဘုတ်ကို ဖန်တီးခြင်း
---------------------------
၂၀၁၁ခုနှစ်မှာတော့ ဖေ့ဘုတ်စာမျက်နှာတွေ ခေတ်စားလာသည်နှင့်အမျှ ဘလော့ဂ်တွေကို စိတ်ဝင်စားမှု နဲလာကြသည်ကို တွေ့ရသည်။ ထိုကြောင့် လူမှုကွန်ယတ်တွင် အသုံးပြုများသည့် ဖေ့ဘုတ်ကို ၂၀၁၁ခုနှစ်က ဖန်တီးလိုက်သည်။ ဖေ့စ်ဘုတ် နာမည်ကတော့ “//www.facebook.com/sitagustar.myanmar သီတဂူစတား ရန်ကုန်” ပဲဖြစ်သည်။
Like Page (လိုက်ခ်ပေ့ဂ်ျ)ကို ဖန်တီးခြင်း
----------------------
၂၀၁၃ ခုနှစ်မှာတော့ မိမိ၏ “သီတဂူစတား ရန်ကုန်”အမည်ရှိ ဖေ့ဘုတ်မှာ လူပေါင်း ၅၀၀၀ ပြည့်သွားသဖြင့် လိုက်ခ်ပေ့ဂ်ျ Like page ကို ဖန်တီးလိုက်ရသည်။ ထိုပေ့ဂ်ျတွင် သီတဂူသာသနာပြုအဖွဲ့ သတင်းများကိုသာ ဦးစားပေးတင်သဖြင့် လူအများ စိတ်ဝင်စားကြသည်၊ Like လုပ်ပြီး ကုသိုလ်ယူသူပေါင်း ၂၄၀၀၀ ကျော်သွားပြီဖြစ်သည်။ ထိုအတွက် များစွာ ကျေးဇူးတင်ပါသည်။
Group Page (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) ကို ဖန်တီးခြင်း
-----------------
https://www.facebook.com/groups/Thesitagu သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် Group Page ကိုတော့ ၂၀၁၄ခုနှစ်ကမှ စတင်ထားသည်။ သီတဂူကျောင်းတော်သူ ကျောင်းတော်သားများ စုံစည်းရာနေရာတစ်နေရာအတွက် ဖန်ထီးထားခြင်းသာ ဖြစ်သည်။ ကျောင်းတော်သူ ကျောင်းတော်သားများ မိမိတို့ အသိ၊ ပညာ၊ အတွေ့ကြုံ၊ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်ခြင်းတို့ကို ဖလှယ်နိုင်ရန် ဖန်တီးထားသည်။
မည်သူမဆို အဖွဲ့ဝင်နိုင်ပါသည်။ (၃-၄-၂၀၁၅)နေ့ထိ ၂၈၁၄၁ ယောက် အဖွဲ့ဝင်လာကြသည်အတွက် အထူးကျေးဇူးတင်ပါသည်။
ထိုအဖွဲ့ဝင် အားလုံးတို့၏ ဘာသာရေး ပဋိပက္ခ၊ နိုင်ငံရေးပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခတို့ ရှေ့ရှုသော ပို့စ်များ၊ ဓာတ်ပုံများနှင့် ကိလေသာကို ပွားစေသော လိင်ပိုင်းဆိုင်ရာများမှ လွဲ၍ အမျိုးဘာသာ သာသနာ၊ အသိပညာအတွက် ပေးသော ဗဟုသုတများကိုတော့ လက်ခံ Approve ပေးသည်။
အထူးကျေးဇူးတင်ခြင်း
--------------
သီတဂူစတား ၏ စာဖိတ်ပရိသတ်၊ အဖွဲ့ဝင်အားလုံး၊ သီတဂူစတား စာမျက်နှာကို လိုက်ခ်လုပ်ပေးသူ၊ ရှယ်ပေးသူ၊ မှတ်ချက်ရေးပေးကြသူ အားလုံးတို့ကို အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၄-၂၀၁၅

Wednesday, April 01, 2015

sitagustar
No comments
ဒီကနေ့ လာဘ်ရွှင်
------------
ဘုံဘေကနေ ရန်ကုန်ပြန်ရောက်ရောက်ခြင်းပဲ ကောင်းခြင်းများက ကြိုဆို။
ဆရာတော် ဦးကောဝိဒ (သီတဂူစတား) အတွက်ဆိုပြီး ဂျာမနီနိုင်ငံမှ ဦးလှဆိုး+ဒေါ်သိန်းမြင့် သားသမီးတစ်စုက မမိခင်ကြီး ဒေါ်အေးကြည်၏ အသက် (၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် ကျပ်တစ်သိန်း လှူဒါန်း။ စာရေးသူ ဂျာမနီရောက်ခဲ့စဉ်က လာရောက်ဖူးမျှော်ကြသော မိသားစုဖြစ်သည်။
သူတို့ကိုယ်စား ဦးမောင်ရွှေ၊ ဒေါ်မြင့်မြင့်အောင်၊ ဒေါ်တင်တင်မြင့်၊ ဒေါ်မြင့်မြင့်ထွေး မောင်နှမတစ်စုက (၁-၄-၂၀၁၅)နေ့ ညနေပိုင်း လာရောက်လှူဒါန်း။
အလားတူ ဒီနေ့ပဲ သီတဂူကျောင်းသူ (ဒုတိယနှစ်ပြီး) ဒေါ်ကလျာ ကလည်း ဘုံဘေ (အိန္ဒိယ) ခရီးစရိတ်အတွက် ငါးသောင်းကျပ် လာလှူသွား။
ကောင်းမှုပြုသူတို့၏ ကုသိုလ်သည် ဗောဓိဥာဏ်၏အထောက်အပံ့ ဖြစ်စေသတည်းးး။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၄-၂၀၁၅

Monday, March 30, 2015

sitagustar
No comments
ဘုန်းတော်ကြီး သီတဂူစတား ပြန်လာ
------------------
ဒီကနေ (၃၀-၃-၂၀၁၅) ဘုံဘေမြို့(အိန္ဒိယ)မှ ဘန်ကောက် (ထိုင်း)သို့ ပြန်၊ (၃၁-၃-၂၀၁၅) ဘန်ကောက်လေဆိပ်မှ ရန်ကုန်သို့ ပြန်လာမည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၃-၂၀၁၅

Saturday, March 28, 2015

sitagustar
No comments
သီတဂူဆရာတော်၏ တပ်မတော်နေ့ အလှူတော်
၂၇.၃.၂၀၁၅ (တပ်မတော်နေ့) တွင် သီတဂူဆရာတော်ကြီးက သုခကုသိုလ်ဖြစ် မျက်စိဆေးရုံအတွက် အမေရိကန်ဒေါ်လာ (၃၀၀၀၀) သုံးသောင်း ( ကျပ်ငွေ သိန်းသုံးရာကျော်) တန်ဖိုးရှိ မျက်စိခွဲစိပ်ရာ အသုံးပြုသော Operation Microscope တစ်စုံကို လှူဒါန်းသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ကျင်းပသော ထိုအလှူတော်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ဖေ၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ လှမောင်ဒင်နှင့် အလုပ်အမှုဆောင်အဖွဲ့များက လာရောက် လက်ခံကြသည်။
ဓာတ်ပုံသတင်း = Kyaw thu ဖေ့ဘုတ်မှ
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၃-၂၀၁၅
www.sitagustar2020.net

Friday, March 27, 2015

sitagustar
No comments
သီတဂူ စက္ခုဒါနဆေးရုံတော် (ဥတိုမြို့သစ်)
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဥတိုမြို့သစ်ရှိ သီတဂူစက္ခုဒါနဆေးရုံတော်တွင် ဒုတိယအကြိမ် အဖြစ် (၂၇-၃-၂၀၁၅)နေ့ကစပြီး မျက်စိ စမ်းသပ် ခွဲစိပ် ကုသခြင်း လုပ်ငန်းများကို စတင် ဆောင်ရွက်နေပါသည်။
မျက်စိအထူးကုဆရာဝန်ကြီး သီတဂူကပ္ပိယ ဒုတိယ ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာ ဦးမြအောင်၊ သီတဂူကပ္ပိယ မျက်စိဆရာဝန်ကြီး ဒေါက်တာ စဂျေလွင်တို့ ဦးစီးသော ဆရာဝန်များအဖွဲ့ ပါဝင်သည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၃-၂၀၁၅

Thursday, March 19, 2015

sitagustar
No comments
သီတဂူ စာသင်ကျောင်းအလှူတော်
ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဖားကန့်ဒေသတွင် ဓမ္မခရီးရောက်ရှိနေသော သီတဂူဆရာတော်ကြီးသည် ၁၉-၃-၂၀၁၅ နေ့က ဖားကန့်မြို့နယ်၊ လုံးခင်အုပ်စု ကန်ဆီးဟော် (ဒူးဝါး)ရွာတွင် စာသင်ကျောင်း ဆောက်လုပ်ရာဝယ် ကျပ်သိန်းပေါင်း (၁၀၀) တစ်ရာကို လှူဒါန်းခဲ့သည်။
ထိုဒေသရှိ ပြည်သူများအား ရပ်ပေါင်းများစွာ နေ့ရော ညပါ တရားဓမ္မများ ဟောကြားလျက်ရှိပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၃-၂၀၁၅

Thursday, March 19, 2015

sitagustar
No comments
အောင်မြင်သော Viva-voce
---------------------
ဒီနေ့ (၁၈-၃-၂၀၁၅) နေ့ လည် ၁၂ နာရီက ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား) Ph.D Viva-voce နှုတ်ဖြေကို ဘုံဘေမြို့၊ စောမယကောလိပ်၊ ဆန်စခရစ်ဌာနမှာ ပြုလုပ်ပေးသည်။
ထိုနှုတ်ဖြေစမ်းသပ်ပွဲကို ပြင်ပဆရာအဖြစ် အခြားတက္ကသိုလ်မှ ပါမောက္ခနှစ်ယောက်၊ စောမယကောလိပ် ဆန်စရစ်ဌာနမှ ဒါရိုက်တာနှင့် ဌာနမှူး၊ စာရေးသူ၏ Supervisor ပူနေးတက္ကသိုလ် ဆန်စခရစ်ဌာနမှ ပါမောက္ခ တို့တက်ရောက်ကြသည်။
Power-point ဖြင့် Presentation လုပ်ရသည်။ ၁၅ မိနစ်လောက် အခန်းနှစ်ခန်းမျှကို တင်ပြပြီးရုံမျှဖြင့် ကိုယ့် ငါးပိအသံ အင်္ဂလိပ်ကိုပဲ နားပူလို့ပဲလား မပြောတတ် ဒီလောက်ဆို လုံလောက်ပြီ၊ သိပ်ကောင်း အလွန်ကောင်း၊ အလွန်ပြီးပြည့်စုံကြောင်း ပြောပြီး Congratulation ပြုလုပ်ပေးသည်။
သုတေသနကျောင်းသားတာဝန်
--------------------------
တက္ကသိုလ်ကို မိမိ၏ သုတေသနစာအုပ် ကော်ပီ၊ စီဒီနှစ်ချပ်ပါ ရိုက်ပေးရသည်။ ပါဝါပွိုင့်ဖြင့် တင်ပြရန် ကြိုတင်ပြင်ဆင်ရသည်။ ပြင်ပ စာစစ်ဆရာနှစ်ယောက်အတွက် အသွားအပြန် လေယာဉ်လက်မှတ်ကို ကျောင်းသားကပဲ ပေးရသည်။ စာရေးသူမှာ အမေရိကန် ဒေါ်လာ ၄၀၀ ခန့် ပေးလိုက်ရသည်။ မိမိ၏ ရန်ကုန် ဘုံဘေ လေယာဉ်စရိတ်က ၉၀၀ ကျော်ဆိုတော့ တော်တော်လေး အီသွာသည်။
တကယ်တော့
------------------------
Ph.D Viva-voce ဆိုတာ ကြောက်စရာမဟုတ်၊ မိမိ၏ကျမ်းစာကို အောင်မြင်ပြီးဆုံးကြောင်း ဆရာများစုပြီး လက်မှတ် ထိုးပေးရသည့် ပွဲသာဖြစ်သည်။ အပြင်ပစာစစ်ဆရာလဲ ကိုယ့်ကျမ်းစာကို အချိန်ကုန် အပင်ပန်းခံပြီး ဖတ်ထားမည် မထင်။ လာခါနီးရောက်မှ မေးချင်တဲ့ မေးခွန်းအတွက် ဟိုလှန် ဒီလှန်နေပုံရသည်။
ဘာပဲပြောပြော လုံးဝပြီးသွားသည့်အတွက် ကျေးဇူးတင်ရမည်၊ စိတ်အေးရမည်၊ တချို့ ကျမ်းတင်ပြီး ၂ နှစ်တောင် ကျော်နေပြီ Ph.D Viva-voce မခေါ်သေးသူတွေလည်း ရှိနေသေးသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၃-၂၀၁၁၅

Sunday, March 08, 2015

sitagustar
No comments
ဘုံဘေ (အိန္ဒိယ) သွားမည် -------------------
သီတဂူစတားသည် Ph.D
Viva-voce အတွက် အိန္ဒိယ၊ Mumbai (Bombay) သို့ ၁၂-၃-၂၀၁၅ နေ့တွင် TG
လေကြောင်းဖြင့် သွားရမည် ဖြစ်ပါသည်။ ၃၁-၃-၂၀၁၅ နေ့ ရန်ကုန် ပြန်ရောက်ပါမည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၃-၂၀၁၅
www.sitagustar2020.net
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...