သီတဂူစတား

သီတဂူစတား

13 August 2015

သီတဂူရေဘေးအလှူတော် ၁၃-၈-၂၀၁၅ am

သီတဂူရေဘေးအလှူတော်
၁၃-၈-၂၀၁၅ am

------------------

သီတဂူရဲ့ ရေဘေးကယ်ဆယ်ရေးလှုပ်ရှားမှုတို့သည် ရေဘေးသင့်ဒေသများဆီ သို့ အလုံးစုံ ရောက်ပြီး ဖြစ်ပါသည်။ သီတဂူအဖွဲ့ မရောက်သည့်နေရာ မရှိသလောက်ပင်ဖြစ်ပါသည်။ နေ့စဉ်နဲ့အမျှ ကုန်ကားကြီး ၃ စီးတို့ဖြင့် အဆက်မပြတ် ရေဘေးသင့်ဒေသတွေဆီသို့ အရောက်သွားနေပါသည်။

တချို့နေရာတွေ ၂ ခေါက်၊ တချို့နေရာတွေ ၃ ခေါက်အထိတောင် ရှိနေပါပြီ။

ဒီနေ့ (၁၃-၈-၂၀၁၅)နေ့ မနက်စောစောက ဒေါက်တာအရှင်သီဟညာဏာဘိဝံသနှင့် ဒေါက်တာခေမာစာရာလင်္ကာရတို့ ဦးဆောင်၍ ဆန်အိတ် (၁၄၀)နှင့် အ၀တ်အထည်၊ စားစရာအမျိုးမျိုး၊ အိမ်သုံးပစ္စည်းအမျိုးမျိုးတို့ကို  ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းအပိုင်း ပန်းတနော်မြို့အနီးက အိမ်ထောင်စု (၈၀၀)ကျော်ရှိသော ရွာ ၅ခုဆီသို့ ကုန်တင်ကားကြီး ၂ စီးဖြင့် သယ်ဆောင်သွားပြီ ဖြစ်ပါသည်။

ဒီကနေ့အထိ သီတဂူရေဘေးအလှူတော်မှာ မြို့နယ်ပေါင်း (၄၀)ကျော်၊ ရွာပေါင်း (၁၄၉)၊ တို့ဆီသို့ ဆန်အိတ်ပေါင်း (၅၃၃၃)တို့ကို ကုန်တင်ကားကြီး (၇၃)တို့ဖြင့် သယ်ယူပို့ဆောင် လှူဒါန်းပြီး ဖြစ်ပါသည်။

၂၃-၈-၂၀၁၅ နေ့ သီတဂူဆရာတော်ကြီးကိုယ်တိုင်သွားမည့် ရခိုင်ပြည်နယ်သို့ ဆန်အိတ် (၂၀၀၀) သင်္ဘောဖြင့် တင်ပို့လျက်ရှိသည်။

အလှူရှင်များသို့ ပန်ကြားခြင်း
---------------------
ယနေ့အထိ အထည်အမျိုးမျိုး၊ စာစရာအမျိုး၊ ဆေးဝါအမျိုးတို့ကို ရေဘေးသင့်ပြည်သူအား လှူဒါန်းကြ၍လည်း အထူး ကျေးဇူးတင်လှပါသည်၊ ၀မ်းလည်းသာရပါသည်။ ယခုအခါ အထည်အဟောင်းများ ပြည့်လျှံနေသည်ဖြစ်၍ ထိုအစား ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆန် စတဲ့ စားစရာများ တိုး၍လှူဒါန်းစေလိုပါသည်။ အထည်အသစ်တွေကိုတော့ လှူဒါန်းနိုင်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ၇၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အ၀တ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။

လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၈-၂၀၁၅
www.sitagustar2020.net

12 August 2015

နေ့စဉ်အဆက်မပြတ်သွားနေတဲ့ သီတဂူရေဘေးအလှူတော် ၁၂-၈-၂၀၁၅ am

နေ့စဉ်အဆက်မပြတ်သွားနေတဲ့ သီတဂူရေဘေးအလှူတော်
၁၂-၈-၂၀၁၅ am

---------------------

သီတဂူရေဘေးသင့်ပြည်သူ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့သည် တစ်ရက်ကလေးမှ မနားဘဲ နေ့စဉ် တစ်နေ့ ကုန်ကားကြိး (၄)စီးလောက်ဖြင့် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ခေါက်ဆွဲ၊ ပဲ၊ အ၀တ်အထည် စသော အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို သယ်ဆောင်လျှက် ရေဘေးသင့်ပြည်သူများဆီသို့ အရောက်သွားလျက်ရှိပါသည်။ ရေဘေးသင့်ဒေသများဆီသို့ မရောက်မရှိလေအောင် နေ့စဉ်သွားနေကြခြင်းဖြစ်သည်။

ဒီနေ့ (၁၂-၈-၂၀၁၅) ဒေါက်တာအရှင်ကိတ္တိဗလ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နှင့် အသုတ်မြို့တို့ဆီသို့ ကုန်တင်ကားကြီး ၂စီးဖြင့် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အ၀တ်အထည် စသည်တို့ကို သယ်ဆောင်သွားပြီ ဖြစ်ပါသည်။

မနေ့က (၁၁-၈-၂၀၁၅)မှာတော့ ဧရာဝတီတိုင်းဒေသ၊ မြန်အောင်၊ ကနောင်၊ သာပေါင်းနှင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး၊ ပဲခူးတိုင်းဒေသကြီး တသာယာဝတီတို့ဆီသို့ သီတဂူရေဘေးအလှူအဖွဲ့ အရောက်သွားခဲ့ပြီးဖြစ်ပါသည်။

ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းစတဲ့ ရေဘေးသင့်ဒေသ မြို့နယ် (၄၆) ရွာပေါင်း (၁၈၈)များဆီသို့ ကုန်တင်ကားကြီး (၄၇)စီးဖြင့် ဆန်အိတ်ပေါင်း (၃၄၀၀)နှင့် အ၀တ်အထည်၊ အစားအစာ၊ သောက်ရေသန့်၊ ဆေးဝါးပစ္စည်းတို့ကို ပို့ဆောင်ပေးဝေပြီးဖြစ်ပါသည်။

ထိုတိုင်းပြည်နယ်ဒေသရှိ ရေဘေးသင့်ဒေသအနှံ့သွားရောက်လှူနိုင်ခဲ့သည်။
၂၃-၈-၂၀၁၅ နေ့ သီတဂူဆရာတော်ကြီးကိုယ်တိုင်သွားမည့် ရခိုင်ပြည်နယ်သို့ ဆန်အိတ် (၂၀၀၀) သင်္ဘောဖြင့် တင်ပို့လျက်ရှိသည်။

အလှူရှင်များသို့ ပန်ကြားခြင်း
---------------------
ယနေ့အထိ အထည်အမျိုးမျိုး၊ စာစရာအမျိုး၊ ဆေးဝါအမျိုးတို့ကို ရေဘေးသင့်ပြည်သူအား လှူဒါန်းကြ၍လည်း အထူး ကျေးဇူးတင်လှပါသည်၊ ၀မ်းလည်းသာရပါသည်။ ယခုအခါ အထည်အဟောင်းများ ပြည့်လျှံနေသည်ဖြစ်၍ ထိုအစား ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆန် စတဲ့ စားစရာများ တိုး၍လှူဒါန်းစေလိုပါသည်။ အထည်အသစ်တွေကိုတော့ လှူဒါန်းနိုင်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ၇၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အ၀တ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။

လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၈-၂၀၁၅
www.sitagustar2020.net

11 August 2015

သီတဂူရေဘေးအလှူတော် ၁၁-၈-၂၀၁၅ AM

သီတဂူရေဘေးအလှူတော်
၁၁-၈-၂၀၁၅ AM

-------------------
သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့ (အထက်-အောက်မြန်မာ)တို့သည် နေ့စဉ် အနဲဆုံး ကုန်တင်ကားကြီး ၃စီး၊ ၄စီးတို့ဖြင့် ရေဘေးသင့်နေရာများသို့ အဆက်မပြတ် ပို့ဆောင်လျက်ရှိသည်။
ဒီနေ့ (၁၁-၈-၂၀၁၅ AM)မှာတော့ ရန်ကုန်တိုင်းဒေသ၊ တိုက်ကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီနှင့်  ဧရာဝတီတိုင်းဒေသ မြန်အောင်၊ ကနောင်မြို့များဆီသို့ ကုန်တင်ကားကြီး (၄)စီးဖြင့် ဒေါက်တာသုတာစာရာလင်္ကာရ၊ ဒေါက်တာအရှင်သီဟဥာဏာလင်္ကာရ၊ သီတဂူကျောင်းသား ရဟန်းတော်များတို့ ဦးစီးပြီး ဆန်၊ ဆီ၊ ပဲ၊ ဆေးဝါး၊ စားစရာအမျိုးမျိုး၊ သောက်ရေသန့်၊ အ၀တ်အထည်အမျိုးမျိုးတို့ကို သယ်ဆောင်သွားကြပြီ ဖြစ်သည်။
အထက်မြန်မာပြည် သီတဂူအဖွဲ့ကလည်း ကလေးမြို့အတွက် ဆန်၊ အ၀တ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါစသည်တို့ကို မုံရွာဆိပ်ကမ်းကနေ ကလေးဝဆိပ်ကမ်းသို့ သင်္ဘောဖြင့် သယ်ဆောင်ရန် ကုန်တင်ကားကြီးများဖြင့် ထွက်သွားကြပြီ ဖြစ်ပါသည်။

လှူဒါန်းပြီး
--------------
(၃-၈-၂၀၁၅)နေ့မှ (၁၁-၈-၂၀၁၅)နေ့အထိ မြို့နယ် (၄၇)၊ ကျေးရွာ (၁၁၀)တို့ဆီသို့ ကျပ်ငွေ သိန်း (၁၅၃၀)၊ ဆန်အိတ်ပေါင်း (၃၃၀၀)နှင့် အ၀တ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါးပစ္စည်း၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်စသည် ပါသော ကုန်ကားကြီး (၄၅)စီးတို့ဖြင့် ရေဘေးသင့်ပြည်သူများဆီသို့ အရောက်ပို့ခဲ့သည်။

(ပြန်လည်ထူထောင်ရေးနှင့် ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)
သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လှူဒါန်းလိုသော အလှူရှင်များသည် အ၀တ်အထည် အဟောင်းများအစား စားစရာများ ပိုမိုလှူလျှင် ပိုမိုသင့်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ၇၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အ၀တ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။

လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၈-၂၀၁၅
www.sitagustar2020.net

စာနာစိတ်နဲ့ လက်ပံတန်းသို့

စာနာစိတ်နဲ့ လက်ပံတန်းသို့
-------------------

မနေ့က (၉-၁၀-၂၀၁၅) က ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) ဦးဆောင်၍ သီတဂူရေးဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်က ရေဘေးသင့်ရွာတွေဆီသို့ သွားရောက်လှူခဲ့တယ်။

ချောင်းသုံးခွရွာ၊ သရက်ချောင်းရွာ၊ အလယ်စုရွာ၊ ရှမ်းစုရွာတို့ရှိ အိမ်ထောင်စုပေါင်း ၂၅၅နှင့် ဘီးရွာ၊ ညောင်ပင်စု၊ ချောင်းသာယာ၊ ကုလားမာန်ကုန်း၊ ကျောက်အိုင်၊ မြိုင်သာယာ၊ မြင်းက၀ (၇)ရှိ အိမ်ထောင်စု (၁၄၈)တို့အား ဆန် (၄)ပြည်၊ ပဲတစ်ပြည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးများ၊ စားစရာများ၊ တဘက်၊ စသည်များကို အိမ်ထောင်စုလိုက် ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့သည်။

စာရေးသူနှင့်အတူ တပည့် ၆ ပါးလည်း ပါလာသဖြင့် ပိုအဆင်ပြေသည်။ လက်ပံတန်းက ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးအဖွဲ့ ဒေါ်ညိုညိုတို့ကလည် အကူညီပေးသဖြင့် ပိုအဆင်ပြေခဲ့သည်။ တခါဖူးမှ ဒီလောက်များတဲ့ ရေမရှိသဖြင့် လှေ၊ စက်လှေများလဲ အဆင်သင့် ရှိမထားကြ၊ ရေကြီးလာမှ စက်လှေ အလောတကြီးတတ်ဆင်၊ မောင်းကြသဖြင့်လည်း စက်မောင်း သိပ်ကျွမ်းကျင်ပုံမရ၊ လှေများကလည်း ၂ ယောက်စာ စီးလောက်ပဲ လှေများဖြစ်သဖြင့် အန္တရာယ်များလှသည်၊ မဖြစ်မနေ သက်ကယ်ဘောများ ၀တ်ဆင်ပြီး သွားသင့်သည့် နေရာဖြစ်ပါသည်။ 

ယခုအခါ ကျရေဖြစ်နေသဖြင့် သက်သောင့်သက်သာ ရှိပေမည့် ရေကျပြီး အချိန်ထိ အနဲဆုံး (၂)ပတ်လောက်စောင့်ရမည်။ ပြန်လည်ထူထောင်ရေးအတွက်လည်း များစွာလိုအပ်ပါလိမ့်မည်။ စာရေးသူတို့အဖွဲ့ကို ဒေသခံတွေက သူတို့ရွာအထိ ရောက်စေချင်ကြသည်၊ သူတို့ရွာကို အလှူရှင်တွေက ရေပြင်ကြီးကို ကြည့်ပြီး မလာရဲကြ၊ လှေကလည်း အလွန်သေးသဖြင့် လူးနေသည်။ စာရေးသူပင် လမ်းခုလက်မှာပဲ “ဒို့ ရွာအထိမလိုက်တော့ပါဘူး၊ ဒကာတို့ရွာကို အပြည့်အစုံ အပြီးပိုင် လှူပြီးပြီပဲ၊ ဒီပစ္စည်းတွေကို သယ်သွာကြတော့”လို့ ပြောပေမဲ့ မရ၊ အတင်းလိုက်စေချင်ကြသည်။ ဒီလိုနဲ့ သူတို့တတွေတောင် ဒီအထဲမှာ မိသားစုလိုက် နေနိုင်ကြသေးတာပဲ ငါတို့လည်းလိုက်နိုင်ရမှာပေါ့လို့ တွေးပြီး အကြောက်တရားကို စာနာစိတ်နဲ့ဖုံးဖိပြီး လိုက်ဖြစ်ကြသည်။

ဒီကနေ့ အမှတ်ရဆုံးကတော့ လက်ပံတန်းမြို့ ပြည်ကားလမ်းဘေးက စားသောက်ဆိုင်တစ်ဆိုင် ၀င်ထိုင်မိသည်၊ အမှန်က အပေါ့အပါးသွားမလို့ ကားဆရာ ကားဦးထိုးလိုက်သည့် ဆိုင်းကိုပဲ ၀င်လိုက်ခြင်းပင် ဖြစ်သည်။ ဆိုင်ကအထွက် နာရီကြည့်လိုက်ရာ နံနက် ၁၀ နာရီကျော်နေပြီ၊ ရေဘေးထောက်ကူပြုပစ္စည်းတွေ ရွာတွေဆင်းပြီးလှူလျှင် အချိန်က မမှီဖြစ်တော့မည်၊ တခါတည်း နေ့ဆွမ်းကိစ္စကိုရှင်းလိုက်သည်၊ ဆိုင်ကလည်း ထမင်းဆိုင်မဟုတ် ဆီထမင်းဆိုင်ဖြစ်နေသည်၊ ထမင်းသုပ်နဲ့ ငါးကြော်ချပေးပါဆိုတော့ ငါးကြော်သုံးမျိုး ၀ိုင်းစားလိုက်ကြသည်၊ ငါးအကောင်းကြီးကျန်နေသဖြင့် ဦးဇင်းငယ်တပါးက အမှီးပိုင်းကနေ ဖဲ့ပေးပြီးထည့်ပေးသည်၊ ငါးခေါင်းကျန်သဖြင့် နှမျှောတာ ကိုက်စားလိုက်သည် ကျန်တာ ပန်ကန်ထဲပြန်ထည့်လိုက်စဉ် မကြားမှီ ပိုးလောက်ကောင်တွေ ဖွားဖွားနဲ့ စားပွဲပေါ်ရောက်နေသည်၊ ခေါင်မိုးပေါ်က ကျလာသည်ထင်နေသည်၊ ဘယ်ဟုတ်မလဲ လျှောက်ရှာလိုက်တော့ ကိုယ်ကိုက်လိုက်တဲ့ ငါးခေါင်းထဲက လောက်ကောင်တွေပင် ဖြစ်နေသည်။ 

လည်ချောင်းထဲ လက်ညိုးထိုးပြီး အန်ချရတော့မလို နေမသိထိုင်မသာ ဖြစ်နေသည်။ ပျို့အန်ချင်သလို ဖြစ်နေသည်။ ငါးကြော်စားချင်စိတ် လုံးဝပျောက်သွားတော့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၈-၂၀၁၅
www.sitagustar2020.net

10 August 2015

သီတဂူရေဘေး အလှူတော် ၁၀-၈-၂၀၁၅

သီတဂူရေဘေး အလှူတော်
၁၀-၈-၂၀၁၅

-------------------

ဒီကနေ့ (၁၀-၈-၂၀၁၅) သီတဂူ ရေးဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီး၊ ငါးသိုင်းချောင်၊ လေးမျက်နှာ  သို့ ကုန်တင်ကားကြီး (၃)စီးဖြင့် ဆန်အိတ် (၃၀၀) သောက်ရေသန့်ကဒ် (၃၂၀) ပဲအိတ်၊ ငါးသေတ္တာ၊ အ၀တ်အထည် စသော လူသုံးကုန်ပစ္စည်းများကို ဒေါက်သီဟဥာဏာလင်္ကာရ၊ ကပ္ပိယ ဦးတင်အေး၊ ဦးရွှေနီ စသော ကပ္ပိယ တို့ဦးဆောင်ပြီး သယ်ဆောင်သွားပြီ ဖြစ်ပါသည်။

(၃-၈-၂၀၁၅)နေ့မှ (၁၀-၈-၂၀၁၅)နေ့အထိ မြို့နယ် (၄၅)၊ ကျေးရွာ (၁၀၀)တို့ဆီသို့ ကျပ်ငွေ သိန်း (၁၅၃၀)၊ ဆန်အိတ်ပေါင်း (၃၁၅၀)နှင့် အ၀တ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါးပစ္စည်း၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်စသည် ပါသော ကုန်ကားကြီး (၄၃)စီးတို့ဖြင့် ရေဘေးသင့်ပြည်သူများဆီသို့ အရောက်ပို့ခဲ့သည်။

(ပြန်လည်ထူထောင်ရေးနှင့် ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)

သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လှူဒါန်းလိုသော အလှူရှင်များသည် အ၀တ်အထည် အဟောင်းများအစား စားစရာများ ပိုမိုလှူလျှင် ပိုမိုသင့်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ၇၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အ၀တ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။

လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၈-၂၀၁၅
www.sitagustar2020.net

09 August 2015

သီတဂူရေဘေးကယ်ဆယ်ရေးအဖွဲ့ ၉-၈-၂၀၁၅

သီတဂူရေဘေးကယ်ဆယ်ရေးအဖွဲ့
၉-၈-၂၀၁၅

------------------

သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့ ကုန်တင်ကားကြီး (၈)စီးတို့ဖြင့် အင်္ဂပူ (ဒုတိယခေါက်-ကား ၄ စီး)၊ ဟင်္သာတ (ကား ၃ စီး)နှင့် လက်ပန်တန်း (ကား ၁ စီး) တို့ဆီသို့ ထွက်မည်ဖြစ်သည်။

အင်္ဂပူသို့ ဒေါက်တာ အရှင်ကိတ္တိဗလ၊ ဟင်္သာတသို့ ဒေါက်အရှင်သေဋ္ဌိလနှင့် လက်ပံတန်းသို့ ဒေါက်တာ အရှင်ကောဝိဒသိရီတို့ ဦးဆောင်သွားကြသည်။

(၃-၈-၂၀၁၅)နေ့မှ (၉-၈-၂၀၁၅)နေ့အထိ မြို့နယ် (၄၂)၊ ကျေးရွ (၈၇)တို့ဆီသို့  ကျပ်ငွေ သိန်း (၁၅၃၀)၊ ဆန်အိတ်ပေါင်း (၂၆၀၀)နှင့် အ၀တ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါးပစ္စည်း၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်စသည် ပါသော ကုန်ကားကြီး (၄၀)စီးတို့ဖြင့် ရေဘေးသင့်ပြည်သူများဆီသို့ အရောက်ပို့ခဲ့သည်။

(ပြန်လည်ထူထောင်ရေးနှင့် ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)

သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လှူဒါန်းလိုသော အလှူရှင်များသည် အ၀တ်အထည် အဟောင်းများအစား စားစရာများ ပိုမိုလှူလျှင် ပိုမိုသင့်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ၇၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944
ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အ၀တ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။

လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၈-၂၀၁၅
www.sitagustar2020.net

08 August 2015

သီတဂူရေဘေးကယ်ဆယ်ရေးအဖွဲ့ ဇလွန်ခရီး

သီတဂူရေဘေးကယ်ဆယ်ရေးအဖွဲ့ ဇလွန်ခရီး
----------------

၇-၈-၂၀၁၅ နေ့က ဒေါက်တာသုတာစာရာလင်္ကာရ ဦးဆောင်သော သီတဂူရေဘေးကယ်ဆယ်ရေးအဖွဲ့သည် ဇလွန်မြို့သို့ ရောက်ခဲ့သည်။ ဖြစ်တဖက်ခြမ်းရှိ ရေမြုပ်နေသော မြစ်ဝရွာ၊ ချောင်းကြီးရွာ၊ ထုံးတဖိုရွာ၊ ရေလဲရွာ ကျွန်းပုလုရွာ၊ ရေလယ်သောင် (အိမ်ထောင်စု-၁၀၀၀)တို့ဆီ ဆန်အိတ် (၁၁၀)နှင့် အ၀တ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါစသည်တို့ကို ကုန်ကားကြီး ၂ စီးဖြင့် သွားရောက်လှူခဲ့သည်။

(၃-၈-၂၀၁၅)နေ့မှ (၇-၈-၂၀၁၅)နေ့အထိ မြို့နယ် (၃၉)၊ ကျေးရွ (၇၀)တို့ဆီသို့  ကျပ်ငွေ သိန်း (၁၅၂၀)၊ ဆန်အိတ်ပေါင်း (၂၁၈၀)နှင့် အ၀တ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါးပစ္စည်း၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်စသည် ပါသော ကုန်ကားကြီး (၃၂)စီးတို့ဖြင့် ရေဘေးသင့်ပြည်သူများဆီသို့ အရောက်ပို့ခဲ့သည်။

ထိုရွာအများစုသည် အိမ်၏တံစက်မြိတ်အိ ရေများလွမ်းနေသေးသည်။ အလှူရှင်များလည်း ရောက်လာနေသည်ဟုလည်း ဆိုသည်။

(ပြန်လည်ထူထောင်ရေးနှင့် ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)
သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လှူဒါန်းလိုသော အလှူရှင်များသည် အ၀တ်အထည် အဟောင်းများအစား စားစရာများ ပိုမိုလှူလျှင် ပိုမိုသင့်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ၇၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944
ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အ၀တ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။

လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၈-၂၀၁၅
www.sitagustar2020.net

07 August 2015

ဒီကနေ့ သီတဂူရေဘေးအလှူတော် (၇-၈-၂၀၁၅) ညနေပိုင်းသတင်း

ဒီကနေ့ သီတဂူရေဘေးအလှူတော်
(၇-၈-၂၀၁၅) ညနေပိုင်းသတင်း

----------------------

(7-8-2015)  နေ့ အထက်-အောက် မြန်မာပြည်ရှိ သီတဂူ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့တို့၏ လှုပ်ရှားမှုသည် တစ်နေ့တည်း တစ်ချိန်တည်း နေရာအနှံ့အပြားဆီသို့ အရောက်ပို့သည်။

စစ်ကိုင်း သီတဂူအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်၊ ဇီးကျွန်းရွာ၊ ငါးပယ်ရွာများနှင့် ကနီမြို့တို့သို့ သွားရောက်၍ တစ်နေရာလျှင် ဆန်အိတ် (၅၀)စီနှင့် အခြား စားစရာအမျိုးမျိုး၊ ဆေးဝါး၊ သောက်ရေသန့်၊ အ၀တ်အထည်များကို သွားရောက်လှူဒါန်းကြသည်။

ရန်ကုန်သီတဂူအဖွဲ့က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူ၊ ဇလွန်မြို့နယ်၊ ကျောင်းကုန်း (ဒုတိခေါက်)နှင့် ပဲခူးတိုင်းဒေသကြီး မင်းလှ၊ ရွှေတောင်နှင့် တိုက်ကြီးမြိုများသို့ တချို့နေရာ ဆန်အိတ် (၁၀၀)စီ၊ တချို့နေရာ (၇၅)၊ တချိုနေ့ ဆန်အိတ် (၅၀)စီ (ယာဉ်ဆန့်မှုအခြေအနေအရ)နှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အ၀တ်အထည် အမျိးမျိုးတို့ကို ကုန်တင်ကားကြီး (၆)စီးတိုက် သယ်ဆောင်သွားကြသည်။

တိုက်ကြီးမြိုနယ်အတွက် အိမ်ခြေ (၃၀၀)၊ လူဦးရေ (၁၀၀၀)အတွက် ဆန်၊ဆီ၊ ဆေး၊ ခေါက်ဆွဲခြောက်၊ စားစရာ၊ စောင်၊ ဓာတ်မီး၊ သောက်ရေသန့်ပါ အိတ် (၁၀၀၀)ကျော်ကို ဦးတိက္ခသာရဦးဆောင်သော ကျောင်းသား ရဟန်းတော်၊ သီလရှင် (၁၂)ပါးတို့က ကုန်တင်ကားကြီးတစ်စီ၊ လူစီးကားများဖြင့် သယ်ဆောင်၍ ညနေ ၄း၀၀ နာရီက ထွက်သွားကြပြီ ဖြစ်သည်။

နေနရာ (၂၀) လှူဒါန်းပြီး
-------------
(မြန်မာပြည် အထက်ပိုင်း) ကလေးမြို့၊ ကောလင်းမြို့၊ ကျွန်းလှမြို့၊ ၀န်းသို၊ မုံရွာမြို့၊ မြောင်၊ ကနီ၊ (၇နေရာ)

(မြန်မာပြည် အောက်ပိုင်း) ဘားအံ့မြို့၊ ဟင်္သာတမြို့၊ ထိန်တော၊ မိုးညို၊ ပွင့်ဖြူမြို့၊ စေတုတ္တရာမြို့၊ အင်္ဂပူ၊ ဇလွန် ကျောင်းကုန်း (နှစ်ခေါက်)၊ မင်းလှ၊ ရွှေတောင်မြို့နယ်၊ တိုက်ကြီး နှင့် မဘသ ရေဘေးကယ်ဆယ်ရေးအဖွဲ့ (၁၃)နေရာ (စုစုပေါင်း (၂၀)နေရာသို့  ဆန်အိတ် (၁၉၀၀)ကျော်၊ ကျပ် သိန်း (၁၀၀၀)၊ အ၀တ်အထည်၊ စားစရာအမျိုး၊ ဆေးဝါး၊ သောက်ရေသန့် စသည်တို့ကို လှူဒါန်းပြီး ဖြစ်ပါသည်။

(ပြန်လည်ထူထောင်ရေးနှင့် ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)

သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လှူဒါန်းလိုသော အလှူရှင်များသည် အ၀တ်အထည် အဟောင်းများအစား စားစရာများ ပိုမိုလှူလျှင် ပိုမိုသင့်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ၇၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အ၀တ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၈-၂၀၁၅
www.sitagustar2020.net

သီတဂူရေဘေးအလှူတော် ဇလွန်၊ အင်္ဂပူ၊ ကျွန်းလှသို့

သီတဂူရေဘေးအလှူတော် ဇလွန်၊ အင်္ဂပူ၊ ကျွန်းလှသို့
---------------------

ဒီနေ့ (၇-၈-၂၀၁၅) “သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့” နံနက် ၆း၂၀မှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်နှင့် အင်္ဂပူမြို့နယ်များသို့ ကုန်တင်ကားကြီး ၄စီး၊ ကားအသေး ၂ စီတို့ဖြင့် ထွက်ခွါသွားပြီ ဖြစ်ပါသည်။

အင်္ဂပူမြို့နယ်သို့ ဒေါက်တာကိတ္တိဗလ ဦးဆောင်သော ရဟန်းတော် ၈ပါး၊ ဇလွန်မြို့နယ်သို့ ဒေါက်တာသုတာစာရာလင်္ကာရ ဦးဆောင်သော ရဟန်းတော် ၈ပါးတို့သည် ဆန် (၁၇၅)အိတ်၊ ခေါက်ဆွဲခြောက်၊ အ၀တ်အထည်၊ သောက်ရေသန့်၊ ဆေးဝါးမျိုးစုံ၊ ငါးသေတ္တာဗူးများနှင့် တခြားစားဖွယ်များ၊ လူသုံးကုန်ပစ္စည်းများကို ကုန်ကားကြီး ၄ စီးဖြင့် သယ်ဆောင်သွားပြီ ဖြစ်သည်။

နေ့လည်ပိုင်းတွင် ပဲခူးတိုင်းဒေသ၊ မင်းလှမြို့နယ်ဘက်သို့ ဒေါက်တာအရှင်သေဋ္ဌိလ ဦးဆောင်၍ သွားရောက်လှူဒါန်းမည် ဖြစ်ပါသည်။

ပြန်လည်ထူထောင်ရေးအတွက်လည်း လိုအပ်သည့်နေရာများသို့ သွားရောက်လှူဒါန်းပါဦးမည်။

လှူဒါန်းပြီး
-------------
ကလေးမြို့၊ ကောလင်းမြို့၊ ကျွန်းလှမြို့၊ ၀န်းသို၊ မုံရွာမြို့၊ ဘားအံ့မြို့၊ ဟင်္သာတမြို့၊ ထိန်တော၊ မိုးညို၊ ပွင့်ဖြူမြို့၊ စေတုတ္တရာမြို့၊ အင်္ဂပူ၊ ဇလွန် (၁၃)နေရာသို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့သို့ ဆန်အိတ် (၂၀၀) သောက်ရေသန့်ကဒ် (၃၀၀)အပါအ၀င် ဆန်အိတ် (၁၅၀၀)ကျော်၊ ကျပ် သိန်း (၁၀၀၀)တို့ကို လှူဒါန်းပြီး ဖြစ်ပါသည်။

(ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)

သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ၇၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အ၀တ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၈-၂၀၁၅
www.sitagustar2020.net

06 August 2015

ယနေ့ သီတဂူအလှူတော်

ယနေ့ သီတဂူအလှူတော်
---------------
၆-၈-၂၀၁၅ နေ့နံနက်စောစော ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ ထိန်တော၊ မိုးညိုသို့ သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဘုန်းကြီးဦးကောဝိဒ၊ ဦးသေဋ္ဌိလဦးစီးပြီး ကုန်ကား နှစ်စီးဖြင့် ဆန်အိတ် (၁၇၅)အိတ်၊ သောက်ရေသန့် (၂၀၀)ကဒ်၊ ကျပ်ငွေ သိန်း (၁၀၀)နှင့်အတူ အ၀တ်အထည် စားစရာများစွာတို့ သယ်ဆောင်သွားကြပြီဖြစ်သည်။

စစ်ကိုင်းသီတဂူအဖွဲ့အလှူ
----------------------
သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ ဒေါက်တာအရှင်ကုမာရ၊ ဒေါက်တာအရှင်သဇ္ဇနတို့ ဦးစီးပြီ မကွေးတိုင်းဒေသကြီး၊ စေတုတ္တဘက်ဆီသို့ ကုန်ကားကြီးတစ်စီးဖြင့် ဆန်အိတ် (၁၀၀)၊ အလှူငွေကျပ် သိန်း (၁၀၀)နှင့်အတူ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို သယ်ဆောင်သွားပြီဖြစ်သည်။

ညနေပိုင်းတွင်ကျောင်းကုန်းသို့
-------------
သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ ဒေါက်တာသုန္ဒရနှင့်ေါးက်တာခေမာစာရာလင်္ကာရတို့ ဦးစီး၍ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့သို့ ကျပ်ငွေ သိန်း (၁၀၀)နှင့်အတူ ကုန်ကားကြီးတစ်စီးဖြင့် ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ အ၀တ်အထည်စသော လူသုံးကုန်ပစ္စည်းကို ကားကြီးတစ်စီးအပြည့်ဖြင့် သယ်ဆောင်သွားမည် ဖြစ်ပါသည်။

သီတဂူဆရာတော်ကြီးက အမေရိကမှ တယ်လီဖုန်းဖြင့် လမ်းညွှန်ကြားသည်မှာ “မိမိတို့အဖွဲ့ ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန်နဲ့ အလုပ်လုပ်ကြဖို့၊ အတန်းကြီးသင်တန်းများကို ခေတ္တပိတ်ပြီး ကျောင်းသားရဟန်းတော်များကို လုပ်အားပေးခေါ်ထားဖို့၊ မိန့်သည်၊ ဆရာတော်ကြီးကိုယ်တိုင် ၂၃-၈-၂၀၁၅ နေ့မှာ ဆန်အိတ် (၂၀၀၀)ကိုသယ်ဆောင်၍ လေယာဉ်နှစ်စီးဖြင့် ရခိုင်ပြည်နယ်သို့ သွားမည်ဖြစ်ကြောင်း” မိန့်သည်။

မနက်ဖန် (၈-၈-၂၀၁၅)နေ့ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်သို့သွားကြမည်ဖြစ်ပါသည်။

လှူဒါန်းပြီး
-------------
ကလေးမြို့၊ ကောလင်းမြို့၊ ကျွန်းလှမြို့၊ ၀န်းသို၊ မုံရွာမြို့၊ ဘားအံ့မြို့၊ ဟင်္သာတမြို့၊ ထိန်တော၊ မိုးညို၊ ပွင့်ဖြူမြို့၊ စေတုတ္တရာမြို့ (၁၁)နေရာသို့ ဆန်အိတ် (၁၀၀၀)ကျော်၊ ကျပ် သိန်း (၁၀၀၀)နှင့် မဘသ ရေဘေးကယ်ဆယ်ရေးအဖွဲ့ ဆန်အိတ် (၂၀၀) သောက်ရေသန့်ကဒ် (၃၀၀)တို့ကို လှူဒါန်းပြီး ဖြစ်ပါသည်။

 (ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)

သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ၇၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အ၀တ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။

လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၈-၂၀၁၅
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ

“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

Lasantha - Premium Blogger Themes | Best WordPress Themes