
Friday, May 20, 2016

sitagustar
No comments
သီတဂူဗုဒ္ဓနေ့ပူဇာ ဖိတ်ကြားခြင်း ***********
မနက်ဖန် သာသနာနှစ် ၂၆၀၀ မြန်မာနှစ် ၁၃၇၈ ကဆုန်လပြည့်နေ့ (၂၁-၅-၂၀၁၆)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၌ ဗုဒ္ဓနေ့ပူဇာ အခမ်းအနားကို နံနက် ၈:၀၀နာရီမှ စတင်မည်ဖြစ်ပါသည်။
အခမ်းအနားကို သီတဂူဆရာတော်ကြီး ကိုယ်တိုင် ဦးစီးမည်ဖြစ်ပါသည်။
အခမ်းအနားအပြီး ဗောဓိပင်အား ရေသွန်းလောင်း၍ပူဇော်ကြမည်။ အစာအာဟာရဖြင့်
ကျွေးမွေးသည့်အစီအစဉ်လည်းပါသည်။
ညပိုင်း ~~~~~~~
ည ၇:၀၀နာရီအချိန်မှာ သီတဂူဆရာတော်ကြီးက တရားတော်များ ဟောကြားမည်ဖြစ်ပါကြောင်း အကျိုးမျှော်၍ အသိပေးအပ်ပါသည်။
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

Friday, May 20, 2016

sitagustar
No comments
သီတဂူဆရာတော်ထံ မြေကွက်လှူဒါန်းခြင်း ************
သီတဂူ ၂၀၁၆ မေလ ၁၉
၁၉-၅-၂၀၁၆ ရက်နေ့၊ ညနေပိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၌ သာသနာ့မြေလှူဒါန်းပွဲကျင်းပသည်။
ထိုပွဲသို့ သီတဂူဆရာတော်နှင့် သီတဂူကပ္ပိယကာရကများ အလှူရှင်များ တက်ရောက်ကြသည်။
အလှူရှင် ရကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နေ ဦးစိန်ထွန်းရီ
မိသားစုက သီတဂူဆရာတော်ကြီး ဆောင်ရွက်နေသော လုပ်ငန်းကြီးလေးရပ်အတွက်
လိုအပ်သလို အသုံးပြုနိုင်ရန် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းနှင့်
သုနန္ဒာလမ်းထောင့်ရှိ မြေအကျယ်- ၁ ဧကရှိသော မြေကွက်နှင့်
အကျိုးခံစားခွင့်အဝဝကို စွန့်လွှတ်လှူဒါန်းသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

Saturday, May 14, 2016

sitagustar
No comments
ဒီည လမ်းမတော် ဓမ္မသဘင် ***********
ဒီကနေ့(၁၄-၅-၂၀၁၆) စနေနေ့ည
ရန်ကုန် လမ်းမတော်မြို့နယ် (၅)လမ်း မိသားစုတို့၏ ဓမ္မသဘင်၌ ဒေါက်တာ
အရှင်ကောဝိဒသိရီ (သီတဂူစတား) မဟာဂန္ထဝါစကပဏ္ဍိတ အရှင်မြတ်က
တရားချီးမြင့်မည်ဖြစ်ပါသည်။
၁၆-၅-၂၀၁၆ ညမှာ သီတဂူဆရာတော်ကြီးက တရားချီးမြင့်မည်ဖြစ်ပါသည်။
တရားချစ်ခင် သူတော်စင်တို့အား ဖိတ်မန္တကပြုပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၀၉ ၂၅၀ ၇၉၀ ၄၈၃

Wednesday, May 04, 2016

sitagustar
No comments
သီတဂူဆရာတော် ချင်းပြည်နယ်ရောက်
************
သီတဂူ ၂၀၁၆ မေလ (၄)ရက်
မနေ့ (၃-၅-၂၀၁၆)နေ့ မနက်ပိုင်းက
သီတဂူဆရာတော်ကြီးဦးဆောင်၍ သီတဂူနယ်လှည့်ကျန်းမာရေးအဖွဲ့သည် ချင်းပြည်နယ်
မင်းတပ်မြို့ သီတဂူစက္ခုဒါနဆေးရုံသို့ ရောက်ရှိသည်။
သီတဂူစက္ခုဒါနဆေးရုံတွင် ချင်းပြည်နယ်က
မျက်စိဝေဒနာရှင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပြုလုပ်သည်။
သီတဂူဆရာတော်ကြီးနှင့်အတူ သီတဂူ မျက်စိအထူးကု ဒေါက်တာမြအောင်နှင့်
သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့တို့လည်း လိုက်ပါသွားကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Wednesday, May 04, 2016

sitagustar
No comments
သီတဂူပညာရေး အပြောင်းအလဲ *********
သီတဂူ စစ်ကိုင်း ၂၀၁၆ မေလ ၎
၂၀၁၆/၂၀၁၇ ပညာသင်နှစ်အတွက် ၂၀၁၆ ဧပြီလ ၂၅-၂၆-၂၇ စစ်ကိုင်း ပညာရေးစုံညီအစည်းဝေးဆုံးဖြတ်ချက်အရ -----
၁။ ဒီပလိုမာတန်း 4 semesters (2 years)
အသက် ၃၀ထက်မကြီသူ တက္ကသိုလ်ဝင်တန်း သို့မဟုတ် ပထမကြီတန်း အောင်ပြီးသူ
၂။ ဘီတေန်း 6 semensters (3years) အသက် ၃၅ထက် မကြီးသူ တက္ကသိုလ်က ဘွဲ့တစ်ခု
သို့မဟုတ် ဓမ္မာစရိယဘွဲ့တစ်ခု ရရှိထားသူ နှင့် အောက်ပါ ကြေညာချက်အတိုင်း
ပြောင်းလဲသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Monday, May 02, 2016

sitagustar
No comments
သီတဂူဆရာတော် ရာပြည့်အခမ်းအနားတက်ရောက်*************
သီတဂူ ၂၀၁၆ မေလ (၂)ရက်
ဒီကနေ့ (၂-၅-၂၀၁၆) မနက်ပိုင်းက သီတဂူဆရာတော်သည် မန္တလေးမြို့ မဟာဝိသူဒ္ဓါရုံရွှေကျင်တိုက်တွင် ကျင်းပသော ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး၏ သက်တော် ရာပြည့်ပူဇော်ပွဲ အခမ်းအနားကို တက်ရောက်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Monday, April 11, 2016

sitagustar
No comments
သီတဂူ သင်္ကြန် အထူးတရားပွဲ (ရန်ကုန်)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) (၂၀၁၆ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှ ၁၇ရက်နေ့အထိ ညစဉ် (၇း၃၀နာရီမှာ) သီတဂူကထိကများကတရားဓမ္မများ ဟောကြားမည်ဖြစ်ပါသည်။
၁။ ဒေါက်တာအရှင်သုတာစာရာလင်္ကာရ ၁၃၇၇ခုနှစ် တန်ခူးလဆန်း (၅)၊
(၁၂-၄-၂၀၁၆) သင်္ကြန်အကြိုနေ့
၂။ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) ၁၃၇၇ခုနှစ် တန်ခူးလဆန်း (၆)၊ (၁၃-၄-၂၀၁၆) သင်္ကြန်အကျနေ့
၃။ ဒေါက်တာ အရှင်ကိတ္တိဗလ ၁၃၇၇ခုနှစ် တန်ခူးလဆန်း (၇)၊
(၁၄-၄-၂၀၁၆) သင်္ကြန်အကြတ်နေ့
၎။ ဒေါက်တာ အရှင်ဣန္ဒာစရိယ ၁၃၇၇ခုနှစ် တန်ခူးလဆန်း (၈)၊ (၁၅-၄-၂၀၁၆) သင်္ကြန်အကြတ်နေ့
၅။ အရှင်ဒေ၀ိန္ဒာဘိဝံသ ၁၃၇၇ခုနှစ် တန်ခူးလဆန်း (၉)၊
(၁၆-၄-၂၀၁၆) သင်္ကြန်အတက်နေ့
၆။ အရှင်ခေမာသိရီလင်္ကာရ (ရွှေပြည်ဟိန်းဆရာတော်) ၁၃၇၇ခုနှစ် တန်ခူးလဆန်း (၁၀)၊(၁၇-၄-၂၀၁၆) နှစ်ဆန်း (၁)ရက်နေ့

Wednesday, March 16, 2016

sitagustar
No comments
ထူပါရုံစေတီကြီး စိန်ဖူးတော်ပူဇော်ပွဲ အောင်မြင်စွာပြီးစီး ***********
သီတဂူ ၂၀၁၆ခု၊ မတ်လ (၁၆)
ဒီနေ့ ၁၆ ၃ ၂၀၁၆ နံနက် ၈း၀၀နာရိမှာ စစ်ကိုင်း ထူပါရုံစေတီတော်ကြီး
စိန်ဖူးတော်အထွဋ်တင်လှူပွဲ အခမ်းအနား၏ အစအဆုံးကို စကိုင်းနက် ဗုဒ္ဓလိုင်းမှ
တိုက်ရုက်လွှင့်သွားပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးယိုယွင်း၍ ရှေးမြန်မာ မင်းနှင့်ပြည်သူအဆက်ဆက်တို့ ပြုပြင်ကောင်းမှုဖြစ်သော ထူပါရုံစေတီကြီးဖြစ်ပါသည်။
၁၃၇၃ခုနှစ် မြေငလျင်ကြောင့် စေတီကိုယ်လုံးတော် အက်ကွဲသွားခြင်းကြောင့်
သီတဂူဆရာတော်ကြီးဦးစီးပြီး မင်းနှင့်ပြည်သူတို့ ကျက်သိန်းပေါင်း တစ်သောင်း
ငါးထောင်ကျော် အကုန်ကျခံပြန်လည်ပြုပြင်ထားပါသည်။
၃နှစ်တိုင်တိုင်
ပြုပြင်ပြုလုပ်ခဲ့သော ယခုအခါအားလုံး ပြီးဆုံးသည်ဖြစ်၍
ထိုထူပါရုံစေတီတော်ကြီးကို စိန်ဖူးတော်အထွဋ်တင် ပူဇော်ပွဲ အခမ်းအနားကို
ခမ်းနားစွာ ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့်
သံဃာတော်များ၊ သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီးများ,
တိုင်းဒေသ၀န်ကြီးများ၊ အလှူရှင်များ၊ သီတဂူကပ္ပိယကာရအဖွဲ့များ
တက်ရောက်ကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitgau.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Wednesday, March 09, 2016

sitagustar
No comments
သီတဂူစတား စင်္ကာပူဓမ္မသဘင်
*********
၆-၃-၂၀၁၆ တနင်္ဂနွေနေ့ည စင်္ကာပူ တရားပွဲ ည ၉နာရီတွင် ပြီးဆုံး။
စင်္ကာပူရောက် ဓမ္မမောင်နှမအဖွဲ၏ ဓမ္မဒါနအပြီး ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန် အဆင်ပြေစွာ ရောက်ရှိ။
ဓမ္မမောင်နှမအဖွဲ့နှင့် မော်တော်ယာဉ်အကြိုအပို့ ယာနဒါနအလှူရှင်, နံနက်ဆွမ်း, နေ့ဆွမ်းအလှူရှင်များအား အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Wednesday, March 09, 2016

sitagustar
No comments
သီတဂူဆရာတော် စေတီတော်ထီတင်ပွဲ (နာဂဒေသ)
မနေ့ (၈-၃-၂၀၁၆) နံနက်ပိုင်း ၁၀:၀၀ နာရီအချိန်တွင် သီတဂူဆရာတော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်ရှိ ရွှေတိဂုံ ပုံတူ သန္တိကရ စေတီတော်ထီးတင်၊ စိန်ဖူးတော်၊ ငှက်မြတ်နား၊ စိန်ဖူးတော်တင်ခြင်းနှင့် ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်း အခမ်းအနားသို့ ကြွရောက်တော်မူသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...