
Wednesday, January 28, 2015

sitagustar
No comments
၁၉ ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး
(ဒုတိယနေ မနက်ပိုင့်း)
၂၈-၁-၂၀၁၅
နေ့ မနက်ပိုင်း အစည်းအဝေးကို နံနက် ၈း၀၀တိတိမှ စတင်သည်၊ ဒုဒ္ဒသမရွှေကျင်သာသနာပိုင်
ဝါဆိုဆဆရာတော်ကိုယ်တိုင် သဘာပတိအဖြစ်ထမ်းဆောင်သည်၊ တွဲဘက်အဖြစ်
ဒုတိယသာသနာပိုင်ဆရာတော်များ၊ သက်တော် သိက္ခာတော်ရ ဆရာတော်ကြီးများက
ထမ်းဆောင်ကြသည်။
ဓမ္မသေနာပတိဆရာတော်ကြီးနှင့် တွဲဘက်သာသနာပိုင်ဆရာတော်ကြီးများက
ရှေးဦးစွာ သြ၀ါဒကထာချီးမြင့်ကြသည်။
ထင်ရှားကျော်ကြားသော
ရွှေကျင်ဆရာတော်ကြီးများ၏ ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာများ ဖတ်ကြားခြင်း၊
ရွှေကျင်ဆရာတော်ကြီးများ အစဉ်အဆက်တို့၏ အဆုံးအများ ဖတ်ကြားပူဇော်သည်။
ဥရောပ
ဗုဒ္ဓဘာသာ စတင်ရောက်လာပုံတို့ကိုလည်း ဖတ်ကြားတင်သွင်းကြသည်။
အခမ်းအနားအပြီး
သီတဂူဆရာတော်ကြီးနှင့် ပြည်ပရွှေကျင်ဂိုဏ်းဝင်ဆရာတော်များ
မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး၊ သီတဂူဆရာတော်ကြီးနှင့် အစည်းအဝေးကြီး၏
အလုပ်အမှုဆောင် ဆရာတော်များက မှတ်တမ်းတင်
ဓာတ်ပုံရိုက်ကြသည်။

Tuesday, January 27, 2015

sitagustar
No comments
၁၉ ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး ပထမနေ့
၁၉
ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ အစည်းအဝေးကြီးကို မှော်ဘီမြို့၊
ဆေကိန္ဒာရာမတောရကျောင်းတိုက်တွင် ၂၀၁၅ခုနှစ် ဇန္န၀ါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ
ကျင်းပသည်။ ၂၆ ရက်နေ့ ညနေပိုင်းတွင် အကြိုအစည်းအဝေးကျင်းပသည်။ ဒီကနေ့ ၂၇ ရက်နေ့တွင်
မနက်ပိုင်းနှင့် နေ့လည်ပိုင်း ၂ ကြိမ်ကျင်းပသည်။ ညပိုင်း ယောဆရာတော်၏ တရားပွဲ
ကျင်းပည်သည်။
ထိုအစည်းအဝေးပွဲသို့ ရွှေကျင်သာသနာပိုင် သက်တော် ၉၅ နှစ်ရှိ
ဝါဆိုဆရာတော်ကြီး၊ ဒုတိယသာသနာပိုင် ဆရာတော်များ၊ ဂိုဏ်းလုံးဝန်ဆောင် ဆရာတော်များ၊
ထင်ရှားကျော်ကြားသော သီတဂူဆရာတော်၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၊
ယောတိပိဋကဆရာတော် စသော ဆရာတော်ကြီးများလည်း တက်ရောက်ကြသည်။ ချင်းပြည်နယ်မှ တပါး
တစ်နိုင်ငံလုံးရှိ ရွှေကျင်းကျောင်းပေါင်း ၃၅၀၀ ကျော်မှ ၅ သောင်းကျော်သော
ရွှေကျင်သံဃာတော်တို့ကိုယ်စား သံဃာ (၁၀၀၀) ကျော်တက်ရောက်ကြသည်။
အစည်းအဝေးတွင်
ရွှေကျင်ဂိုဏ်းသာသနာတော် ကြီးပွားရေး၊ ညီညွတ်ရေး၊ ပြန့်ပွားရေး အပြင်
ဂိုဏ်းတွင်းဖြစ်ပေါ်နေသော အခက်အခဲပြသနာများ အကြောင်း၊ ပြည်ပရှိ
ရွှေကျင်ဂိုဏ်းသာသနာအကြောင်း ဆွေးနွေးကြသည်။
နေ့လည်ပိုင်းတွင်
ရွှေကျင်းဂိုဏ်းနှင့်စပ် စာတမ်းဖတ်ပွဲများ ကျင်းပသည်၊ ထိုစာတမ်းဖတ်ပွဲကို
သီတဂူဆရာတော်ကြီးက သဘာပတိ (အခမ်းအနားမှူး)အဖြစ်
ဆောင်ရွက်သည်။
သီတဂူဆရာတော်နှင့်စပ်သော
အကြောင်းရာပါလာ
-----------------------------------
ဆွေးနွေးပွဲ
စာတမ်းဖတ်ပွဲများတွင် သီတဂူဆရာတော်ကြီးအကြောင်း ထည့်ပြောသွားသည်များကို
ကြားလိုက်ရသည်။
(က) သာသနာပိုင် ၀ါဆိုဆရာတော်ကြီး၏ သီတဂူဆရာတော်ကြီး၏
မဟာဒါနအကြောင်း
(ခ) ၀ိဇိတာရုံဆရာတော်ကြီးက သီတဂူဆရာတော်ကဲ့သို့ စံပြ သာသနာပြု
အကြောင်း
(ဂ) သီရိလင်္ကာ ရွှေကျင်သံဃာများက သာသနာတော်အတွက် စွမ်းစွမ်းတမံအားထုတ်သော
သီတဂူဆရာတော်ကို ကျေးဇူးတင်ကြောင်း
(ဃ) အမေရိကန်သာသနာပြု ရဟန်းတစ်ပါးက အမေရိကန်၊
တက္ကဆက်ပြည်နယ်ရှိ သီတဂူဆရာတော်ကြီး၏ စေတီ၊ ကျောင်း၊ ကန်တို့သည် မြန်မာမှု မြန်မာဟန်
ထုထည်ကြီးမားစွာ တည်ဆောက်ထားပုံအကြောင်း
(င) ဒေါက်တာ အရှင်စန္ဒနသာရ
(ကျောက်မဲဆရာတော်)၏ “ ရွှေကျင်ဂိုဏ်းရဲ့စာတမ်းအစ သီတဂူဆရာတော်က”ဟု သောအကြောင်း
(စာတမ်းဖတ်ပွဲထည့်သွင်းကျင်းပလာတာ ၁၆ ကြိမ်မြှောက် ညောင်ရွှေ
ရွှေကျင်းဂိုဏ်းလုံးကျွတ်အစည်းအဝေးတွင် သီတဂူဆရာတော်မှ
စတင်ခဲ့သည်)
သာသနာတော်အတွက် စည်းလုံးညီညွတ်မှုဖြင့် ကြိုးပမ်းကြကုန်သော
ဆရာတော်သံဃာတော်များကို
ဂါရ၀ပြုလျက်-------------
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁-၂၀၁၅

Monday, January 26, 2015

sitagustar
No comments
မော်ကျွန်း သီတဂူစက္ခုဒါနဆေးရုံ မျက်စိခွဲစိပ်ကုသမှု မှတ်တမ်း
၂၄-၁-၂၀၁၅ရက်နေ့က
စပြီး ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ သီတဂူ လှဆန်းယဉ်
စက္ခုဒါနဆေးရုံတွင် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ပြည်တွင်းပြည်ပ မျက်စိအထူးကု
ဆရာဝန်ကြီးများ၊ သွား အထူးကုဆရာဝန်ကြီးများက မျက်စိဝေဒနာရှင်များနှင့် သွား
ခံတွင်းဝေဒနာရှင်များအား လူမျိုးမခွဲ ဘာသာမခွဲခြားဘဲ မည်သည့်ဘာသာ
မည်သည့်လူမျိုးမဆို ကြည့်ရှု စမ်းသပ် ကုသပေးခဲ့သည်။
ယနေ့အထိ-- ၃ ရက်အတွင်း
မျက်စိခွဲစိပ်ကုသမှု
-----------------------------------------
ကြည့်ရှုစစ်ဆေး
( ၅၈၀ )ယောက်
ခွဲစိပ်ကုသ (၂၅၀)ယောက်တို့ကို အောင်မြင်စွာ ကုသနိုင်ခဲ့သည်။
ထိုအထဲတွင် အစ္စလာမ်ဘာသာဝင်များလည်း ပါဝင်သည်။
သွားနှင့်ခံတွင်း ( ၁၈၀) လူနာများကို ကုသပေးခဲ့သည်။
၂၉-၁-၂၀၁၅ နေ့အထိ ခွဲစိပ်ကုသပေးမည်
ဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြု
အဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

Sunday, January 25, 2015

sitagustar
No comments
မော်ကျွန်း သီတဂူလှဆန်းယဉ် မျက်စိအလှူတော်
ဧရာဝတီတိုင်းဒေသကြီး၊
မော်ကျွန်းမြို့၊ သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံတွင် ၂၄-၁-၂၀၁၅ နေ့ကစပြီး
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ပြည်တွင်း ပြည်ပ မျက်စိအထူးကု ဆရာဝန်ကြီးများက
စမ်းသပ် စစ်ဆေး ခွဲစိပ်ခြင်းများ
ပြုလုပ်ပါသည်။
ပထမဆုံးရက်တွင်-------
လူနာပေါင်း (၁၇၀၀)ကျော်
စာရင်းပေးသွားထားသည်။
စမ်းသပ် (၃၇၄) စစ်ဆေးပေးပြီး။
ခွဲစိပ်လူနာ ( ၇၀
)ယောက်ကို ခွဲစိပ်ကုသပေးပြီး။ ဒီကနေ့ (၄၃)ယောက်ခွဲစိပ်မည်။
ထိုအထဲတွင် အသက်
(၁၀၅)နှစ်ရှိ အဘိုး ဦးမြမောင်၊ မဘေ-ကွန်းသီးကျောင်းကျေးရွာ၊ မော်ကျွန်း၊ (သားသမိး
(၁၀)ယောက်ရှိ၊ ၃ယောက်သာကျန်ဟုဆို၊ လမ်းမလျှောက်နိုင်၊ ယခုတစ်ယောက်တည်းနေ၊)
လည်းပါသည်။ ယခုအခါ မျက်စိအလင်း ရသွားပြီ ဖြစ်သည်။
ဆက်လက်ပြီး ကျန်ရှိ
မျက်စိဝေဒနာရှင်များကို ကုသနေဆဲဖြစ်သည်။ ၂၉-၁-၂၀၁၅ နေ့အထိ ခွဲစိပ်ကုသပေးမည်
ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ
ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၁-၂၀၁၅

Sunday, January 25, 2015

sitagustar
No comments
သီတဂူစတား ရန်ကုန်ပြန်ရောက်
------------------------------
မလေးရှားနိုင်ငံ
ဓမ္မခရီးကြွသွားသော သီတဂူစတား ဆရာတော်သည် မြန်မာ့လေကြောင်းလိုင်းဖြင့် ၂၃-၁-၂၀၁၅ နေ့
နေ့လည် ၁-၁၅အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေစွာ ပြန်လည်
ရောက်ရှိသည်။
မလေးရှားနိုင်ငံ ဘတ္တာဝပ်မြို့ (Butterworth) နှင့် အိပို့မြို့
(Ipoh)တို့တွင် ဓမ္မသဘင်ကြီးများ ကျင်းပသည်။ ထိုတရားပွဲများကို မလေးရှားရောက်
လူမှုရေးအသင်းများစွာက ဦးစီးကျင်းပသည်။ မလေးရှားတရားပွဲ နှစ်ခုလုံး ခမ်းနား
အောင်မြင်သည်။
မလေးရှားရောက် မြန်မာအဖွဲ့များနှင့် တသီးပုဂ္ဂလများသည်
အလွန်တာဝန်ကျေပွန်ကြသည်။ နေစရာ စားစရာ သွားရေး လာရေး စသည်စသည်များကို
လိုလေးသေးမရှိအောင် ဆောင်ရွက်ပေးကြသည်။
မလေးရှားမှာရောက်ခိုက် အစ အလယ် အဆုံး
မော်တော်ယာဉ်အလှူ၊ ဆွမ်းအလှူ၊ ပစ္စည်းလေးပါးအတွက် န၀ကမ္မအလှူများ လှူဒါန်းကြသော
ကွာလာလမ်ပူမြို့ရှိ ဂန္တ၀င်မြန်မာ့စေားသောက်ဆိုင်ကဲ့သို့သော
မြန်မာ့ထမင်းဆိုင်ပိုင်ရှင်များ၊ လုပ်ငန်းရှင်များကဲ့သို့သော
မြန်မာမိသားစုများနှင့် မြန်မာအလုပ်သမားများ၊ အထူးသဖြင့် တရားပွဲဖြစ်မြှောက်အောင်
ဆောင်ရွက်ပေးကြသော လူကြီးမင်းများ အားလုံးကို
အထူးကျေးဇူးတင်ရှိပါသည်။

Saturday, January 24, 2015

sitagustar
No comments
သီတဂူစတား မလေးရှား တရားပွဲ (၂)
၁၇-၁-၂၀၁၅ နေ့ စနေနေ့ည၊ မလေးရှားနိုင်ငံ၊ ပီနန်၊
ဘတ်တာဝပ် (butterworth)မြို့ရှိ တရုပ်သူဋ္ဌေး ခန်းမဆောင်၌ သီတဂူစတား (ဒေါက်တာ
အရှင်ကောဝိဒသိရီ)သည် ထိုမြို့အနီးတ၀ိုက်ရှိ မြန်မာနိုင်ငံသူ-သားများအား တရားဓမ္မများ
ချီးမြင့်ခဲ့သည်။
ထိုတရားပွဲကို မလေးရှားနိုင်ငံရှိ လူမှုရေးပရဟိတအသင်း (၁၂)က
ပူးပေါင်း ကမကထပြုလုပ်သည်။ တရားနာပရိသတ် တစ်ထောင်ကျော်တက်ရောက် နားယူကြသည်၊
ကမ္ပဏီပိုင်ရှင် တရုပ်သူဋ္ဌေးများလည်း လာရောက်
တရားနာယူကြသည်။
မိဘကိုပြုစုလုပ်ကျွေးမယ်၊ ညီအစ်ကိုမောင်နှမတွေကို ထောက်ပံ့မယ်
မိဝေး ဖဝေး အဆင်းရဲဒဏ် ပင်းပန်းခံ၍ သူများနိုင်ငံမှာ အလုပ်လုပ်နေကြသည်။
ကိုယ့်နိုင်ငံ၏ လစာသည် တစ်ယောက်စာအတွက်တောင် အနိုင်နိုင် ဖြစ်ရသည့်အတွက်ကြောင့်လည်း
ရေကြည်ရာ မြက်နုရာသို့ ထွက်လာကြခြင်းဖြစ်သည်။
ထို့အတွက် မိဘကျေးဇူးအကြောင်း အမေ
အဖေအလွမ်းပြေ တရားတစ်ပုဒ်
ဟောပေးခဲ့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၁-၂၀၁၅
www.sitagustar2020.net

Sunday, January 18, 2015

sitagustar
No comments
မလေးရှား တရားပွဲ (၁)
--------------
မလေးရှားနိုင်ငံရောက် သီတဂူစတား
(ဒေါက်တာ အရှင်ကောဝိဒသိရီ)သည် ဒုတိယနေ့အဖြစ် (၁၈-၁-၂၀၁၅) တနင်္ဂနွေနေ့ နေ့လည် ၂
နာရီကစ၍ မလေးရှားနိုင်ငံ၊ အိပို Ipohမြို့၊ Tower Regency Hotel တွင်
မြန်မာမိသားစုများအား တရားချီးမြင့်ခဲ့သည်။
ထိုတရားပွဲကို အိပိုမြို့ရှိ
ကာယကံမေတ္တာရှင် လူမှုရေးအသင်းက ကမကထ
ပြုလုပ်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၁-၂၀၁၅
www.sitagustar2020.net

Thursday, January 15, 2015

sitagustar
No comments
သီပေါ သီတဂူစက္ခုဒါနဆေးရုံ မျက်စိအထူးကု
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်အရ သီပေါ
သီတဂူစက္ခုဒါနဆေးရုံတော်ကို ဇန္န၀ါရီလ ၁၈-ရက်နေ့တွင် ၃၀-ကြိမ်မြောက် အခမဲ့ကုသိုလ်ဖြစ်
ဖွင့်လှစ်ကုသပေးပါမည်။
US မှ GLOBAL COMMUNITY SERVICE FOUNDATION အဖွဲ့က
သီတဂူဆရာတော်ကြီး၏ မေတ္တာရပ်ခံချက်ဖြင့် မျက်စိအထူးကုသမားတော်ကြီး Professor Chandra
Suresh ခေါင်းဆောင်သော မျက်စိအထူးကု ကုဆရာဝန်ကြီးများ လာရောက်ကုသပေးပါမည်။
သီပေါ
သီတဂူစက္ခုဒါနဆေးရုံတော်မှ စေတနာ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်းခွဲစိတ်
ကုသပေးကြပါမည်။

Thursday, January 15, 2015

sitagustar
No comments
စစ်ကိုင်းတောင် သီတဂူအာယုဒါနဆေးရုံ
စစ်ကိုင်းတိုင်းဒေသကြီး
သီတဂူအာယုဒါနဆေးရုံတော်၌ 11-1-2015မှစတင်ကာ လေးရှားနိုင်ငံမှ
မျက်စိအထူးကုဆရာဝန်ကြီးများ လာရောက်ခွဲစိပ်ကုသ ပေးလျှက်ရှိရာ ယနေ့ဆိုလျှင်
(၃)ရက်မြောက်ဖြစ်သည်။ (၁၈-၁-၂၀၁၅)ရက်နေ့အထိ ကုသပေးမည်ဖြစ်သည်။
၁၃ရက်နေ့တွင်
ပြင်ပလူနာေုပါင်း ၂၃ယောက်။ ခွဲစိပ်ကုသပြီးလူနာပေါင်း ၄၁ယောက်တွင် နောက်ခန်းလူနာ
၉ယောက်။ ရှေ့ခန်းလူနာ ၃၂ယောက်ဖြစ်ပြီး ခွဲစိပ်ရန် အဆင်သင့်ဖြစ်နေသော လူနာ
ဆေးရုံပေါ်မှာ (၃၄)ယောက် ကျန်ရှိပါသေးသည်။ မနက်ဖန်ချိန်းထားသောလူနာများလည်း
ကျန်ပါသေးသည်။
ယခုဆိုလျှင် ခွဲစိပ်ပြီး လူနာပေါင်း
(၆၈)ယောက်ဖြစ်ပါသည်။
ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁-၂၀၁၅

Wednesday, January 14, 2015

sitagustar
No comments
ထားဝယ် သီတဂူအာရောဂျဒါန -
ဘယ်လ်ဂျီယမ်ဆရာဝန်အဖွဲ့
---------------------------------------
၂၀၁၅ခုနှစ်
ဇန္န၀ါရီလ ၁၂-၁၃- - နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှင့် အခြားအကြီးစားခွဲစိပ်မှုများ (၅၁)
ယောက်ကို ကုသပေးနိုင်ခဲ့သည်။

သီတဂူဆရာတော်ဘုရားကြီး၏
ကျန်းမာရေးစောင့်ရှောက်မှု အစီစဉ်များထဲမှ တစ်ခုဖြစ်သော နှုတ်ခမ်းကွဲ၊
အာခေါင်ကွဲကုသပေးရေး အစီစဉ်အရ ထားဝယ်မြို့၊ သီတဂူအာရောဂျဒါနဆေးရုံတွင်
ဘယ်လ်ဂျီယံနိုင်ငံမှ Dr. Patrict Tonnord ဦးဆောင်သော (ဘယ်လ်ဂျီယမ် အထူးကုအဖွဲ့)
သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများအပြင် အသားပို၊ အဆီပိုများ ခွဲထုပ်ပေးခြင်း၊
မတော်တဆ လွှ၊ဓားစသည်တို့ကြောင့် ဒဏ်ရာ ပြင်းထန်စွာရရှိသူများ၊
မီးလောင်ဒဏ်ရာရရှိသူများအားလည်း ခွဲစိတ်ကုသမှုပေးခဲ့သည်။
သတင်းဓာတ်ပုံ-
ထားဝယ်သား သီတဂူဦးကျော်မြဟန်
“သီတဂူစန်းလပမာ
ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.orgရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁-၂၀၁၅
www.sitagustar2020.net
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...