သီတဂူစတား

သီတဂူစတား

29 September 2015

သီတဂူအာရောဂျဒါန မျက်စိအလှူတော် (ထားဝယ်မြို့)

သီတဂူအာရောဂျဒါန မျက်စိအလှူတော် (ထားဝယ်မြို့)
(၈)ကြိမ်မြောက် အခမဲ့ အလှူတော်

------------------------
၂၀၁၅ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ သီတဂူအာရောဂျဒါနဆေးရုံတော်ကြီးတွင် မျက်စိအထူးကု သမားတော်ကြီး ပါမောက္ခ သီတဂူ DR ဦးမြအောင် ဦဆောင်သော ခွဲစိတ်အဖွဲ့ဝင်များသည် သီတဂူဆရာတော်ဘုရား၏ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် အကြိမ် ၁၀၀ မြောက်အဖြစ် ၄-၁၀-၂၀၁၅ မှ ၉-၁၀-၂၀၁၅ အထိ မျက်စိဝေဒနာရှင်များအား
အခမဲ့ လာရောက် စမ်းသပ် ခွဲစိတ်ကုသပေးမည်။

၂-၁၀-၂၀၁၅ နေ့မှ စ၍  မျက်လုံး ပါဝါ စမ်သပ်ခြင်း၊ ပါဝါမျက်မှန် အခမဲ့ လှူဒါန်းခြင်းအား PTC ကုမ္ပဏီက ထားဝယ်မြို့ သီတဂူအာရောဂျဒါနဆေးရုံတော်တွင် လှူဒါန်းပေးမည်ဖြစ်ပါသည်။

“သီတဂူ စန်း လပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၉-၂၀၁၅
www.sitagustar2020.net

28 September 2015

မရမာကြီး တိုင်းရင်းသားများ ၀ါဆိုသင်္ကန်းကပ်

မရမာကြီး တိုင်းရင်းသားများ ၀ါဆိုသင်္ကန်းကပ်
--------------
၂၀၁၅ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်၊ ရန်ကုန်

ဒီကနေ့ (၂၈-၉-၂၀၁၅) တော်သလင်းလပြည့်နေ့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)ရှိ သင်ကြားစီမံဆရာများနှင့် ကျောင်းသားရဟန်းနှင့် သီလရှင်ဆရာလေးများ (၃၀၀)နီးပါးအား မရမာကြီး ရခိုင်တိုင်းသားများက ၀ါဆိုသင်္ကန်းကပ်သည်။

သီတဂူဆရာတော်ကြီးက မရမာကြီး၊ မြန်မာကြီး၊ ဗြဟ္မာကြီးစသည် စကားလုံး အဆင့်ဆင့်တိုးတက် ပြောင်းလဲလာပုံတို့ကို ရှင်းလင်းပြသည်၊ မရမာကြီး၊ ဗြဟ္မာကြီးများသည် ဗြဟ္မာအကျင့် ကျင့်ရမှာ ဖြစ်ကြောင်း မေတ္တာတရားနှင့်စပ်သော သိမှတ်ဖွယ်ရာများကို ဟောပြောသဖြင့် များစွာ ဗဟုသုတရသည့်အပြင် စိတ်နှလုံးအေးချမ်းမှုကိုလည်း ရကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၉-၂၀၁၅
www.sitagustar2020.net

23 September 2015

သီတဂူဆရာတော်ကြီး စစ်ကိုင်းပြန်ရောက်

သီတဂူဆရာတော်ကြီး စစ်ကိုင်းပြန်ရောက်
-------------
၂၀၁၅ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်

၂၂၊ ၂၃ ရက်များတွင် ချင်းပြည်နယ်ရောက်ရှိ၍ ချင်းပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်းပေါင်း ၅၃၀၀ (ငါးထောင်သုံးရာ)နှင့် ဆန်၊ ဆီ၊ အ၀တ်အထည်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့သော သီတဂူဆရာတော်ကြီး ဒီကနေ့ (၂၃-၉-၂၀၁၅) စစ်ကိုင်းသို့ ပြန်ရောက်သည်။

ဆက်ရန် ဓမ္မခရီးများ

----------------
SEP - 24 လဆန်း ၁၁ ရက် မလွန်ဆန်လှူအသင်း မန္တလေး
SEP - 25 လဆန်း ၁၂ ရက် ရန်ကုန်ကြွ
SEP - 28 (တော်သလင်းလပြည့်) - အင်းစိန်ရွာမ
SEP - 29 လဆုတ် ၁ ရက် ကျောက်ဆည်
SEP - 30 လဆုတ် ၂ ရက် မိုးတားတိုက် မန္တလေး
OCT - 01 လဆုတ် ၃ ရက် မုံရွာ
OCT - 02 လဆုတ် ၄ ရက် ဂျူပ္ပင်ရွာ မြင်းခြံ
OCT - 03 လဆုတ် ၅ ရက် ပုသိမ်ကြီး
OCT - 04 လဆုတ် ၆ ရက် မေမြို့
OCT - 05 လဆုတ် ၇ ရက် ကျောက်မဲ
OCT - 07 လဆုတ် ၉ ရက် မြစ်သား
OCT - 08 လဆုတ် ၁၀ ရက် ရွာသစ်ကြီး
OCT - 09 လဆုတ် ၁၁ ရက် ကူမဲ
OCT - 10 လဆုတ် ၁၂ ရက် ပခုက္ကူ
OCT - 11 လဆုတ် ၁၃ ရက် ပုဂံ
OCT - 12 လဆုတ် ၁၄ ရန်ကုန်ကြွ
OCT - 13 (တော်သလင်းလကွယ်) - အိန္ဒိယကြွမည်

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၉-၂၀၁၅
www.sitagustar2020.net

22 September 2015

သီတဂူဆရာတော်ကြီး ချင်းပြည်နယ်ရောက်

သီတဂူဆရာတော်ကြီး ချင်းပြည်နယ်ရောက်
-----------------
၂၀၁၅ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်

ဒီကနေ့ (၂၂-၉-၂၀၁၅) မနက်ပိုင်းက သီတဂူဆရာတော်ကြီးသည် ကလေးမြို့သို့ ရောက်သည်၊ ကလေးမြို့မှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် ချင်းပြည်နယ် - ဟားခါးမြို့သို့ ကြွရောက်သည်။

ချင်းပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် ကျပ်ငွေ သိန်းပေါင်း ( ၅၃၀၀) ငါးထောင်သုံးရာနှင့် ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထု အစုစုလှူဒါန်းပွဲ အခမ်းအနားကို ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ကျင်းပသည်။

ထိုအခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ သီတဂူသာသနာပြုအဖွဲ့ဝင်များ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ ဒေသခံများ တက်ရောက်ကြသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ“
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၉-၂၀၁၅
www.sitagustar2020.net


သီတဂူစက္ခုဒါန အလှူတော်များ

သီတဂူစက္ခုဒါန အလှူတော်များ
----------------------

၂၀၁၅ခုနှစ်။ စက်တင်ဘာလ (၂၂)ရက်
သီတဂူဆရာတော်ကြီးအား အမှူးထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နှင့် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့ ဥတိုမြို့သစ်ရှိ သီတဂူစက္ခုဒါနဆေးရုံများ မျက်စိခွဲစိပ်ကုသမှုများပြုလုပ်ပေးသည်။

သီတဂူစက္ခုဒါနဆေးရုံ (သီပေါ)
-----------------
သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံ၏ (၃၃) ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို
ဖွင့်လှစ်ကုသလျက်ရှိရာ ၂၁-၉-၂၀၁၅ ရက်နေ့ထိ မျက်စိဝေဒနာရှင်ပေါင်း (၄၈၄) ဦးကို စမ်းသပ်ပေးပြီး လူနာပေါင်း (၆၁) ဦးကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

သီတဂူစက္ခုဒါန ဆေးရုံ (ဥတိုမြို့သစ်)
-------------------

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဥတိုမြို့သစ်ရှိ သီတဂူစက္ခုဒါန ဆေးရုံတွင် ၂၁-၉-၂၀၁၅ နေ့မှ စတင်ကာ မျက်စိဝေဒနာရှင်များအား စပ်သပ်စစ်ဆေးပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းများ စတင်ဆောင်ရွက်ပေးခဲ့ရာ ပြင်ပလူနာ စုစုပေါင်း - ၁၄၀၊ ခွဲစိပ်ကုသပေးပြီး အလင်းရရှိသွားသော လူနာ - ၅၂ဦးတို့ဖြစ်ပါသည်။

သီတဂူစက္ခုဒါနဆေးရုံ (ဥတိုမြို့သစ်) တွင် အမေရိကန်နိုင်ငံမှ အလှူရှင်များ ဖြစ်ကြသော Dr. Jackson နှင့် ဇနီးတို့မှ အမေရိကန်ဒေါ်လာ - ၇သောင်းတန်ဖိုးရှိသော Operating Microscope နှင့် Slit Lamp (Portable) - တို့ကို ဆေးရုံတွင် အသုံးပြုရန် ကိုယ်တိုင်ကိုယ်ကျ လာရောက် လှူဒါန်းပေးခဲ့ကြပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၉-၂၀၁၅
www.sitagustar2020.net

18 September 2015

ဒီနေ့ အလှူသေးတစ်ခု

ဒီနေ့ အလှူသေးတစ်ခု
----------

၂၀၁၅ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်

မလေးရှားနိုင်ငံမှ အလှူရှင်များက မြန်မာနိုင်ငံရေဘေးကယ်ဆယ်ရေးအတွက် အထည်၊ အခင်း၊ ဆန်နှင့် အလှူငွေများ လာလှူသည်။

ထိုမလေးရှားမှာ တရုတ်မျိုးနွယ်အလှူရှင်များသည် ရေဘေးသင့်နေရာများသို့ သွားရောက်ကြည့်ချင်ပါသည်၊ အနီးဆုံးနေရာတစ်ခုကို ပို့ပေးပါဟု ဆိုလာသဖြင့် တိုက်ကြီးမြို့နယ်၊ သရက်ချောင်းဘက်သို့ ပို့ပေးလိုက်သည်။

အမှန်တကယ်က သွားကြည့်ရုံသက်သက်သာ ဖြစ်ပေမည့် တစ်အိမ်ထောင်စု ဆန် တစ်ပြည်၊ အခင်းနှစ်ခု၊ အိမ်ရှိ လူဦးရေအတိုင်း အင်္ကျီတစ်ထည်စီ လှူဒါန်းခဲ့သေးသည်။ ထိုနေရာများသည် ရေပြန်လည် တက်လာသဖြင့် ယခုအချိန်အထိ ရေမြုပ်နေဆဲပင်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၉-၂၀၁၅
www.sitagustar2020.net

16 September 2015

သီတဂူဆရာတော်ကြီး စင်္ကာပူကြွမည်

သီတဂူဆရာတော်ကြီး စင်္ကာပူကြွမည်
--------- ---------


သီတဂူဆရာတော်ကြီးသည် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀ရက်၊ (စနေ၊ တနင်္ဂနေ့)များတွင် စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစုများ၏ ချင်းပြည်နယ် ရေဘေး ပြန်လည်ထူထောင်ရေး အလှူတော် အတွက် တရားဓမ္မများ ချီးမြှင့်မည် ဖြစ်သည်။
နေရာ
-------------
The Arena Country Club, 511 Upper Jurong Road, Singapore 638366, near Joo Koom MRT
အချိန်
---------------
စက်တင်ဘာလ (၁၉-၂၀) စနေ၊ တနင်္ဂနွေနေ့များ၊ ညစဉ် (၇း၀၀မှာ ၉း၀၀)
ဆက်သွယ်ရန်
---------------
သီတဂူအထောက်ကူပြုအဖွဲ့ (စင်ကာပူနိုင်ငံ)
၁။ ဦးတင်မောင်ဝင်း ( 93866840 )
၂။ ကိုမင်းနိုင် ( 94551146 )
၃။ မသန္တာဝင်း ( 86831123 )
၎။ ကိုသျှမ်းထွန်း ( 85185141 )
၅။ ကိုဖြိုးကိုကို ( 91543847 )
၆။ မတင်နီလာ ( 94519030 )

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ“
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၉-၂၀၁၅
www.sitagustar2020.net

15 September 2015

ဒီပလိုမာ ၀င်ခွင့်စာမေးပွဲ ကြေညာ

ဒီပလိုမာ ၀င်ခွင့်စာမေးပွဲ ကြေညာ
----------------------

၂၀၁၅-ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဒုတိယ အကြိမ် Buddha-Dhamma Diploma Level ၀င်ခွင့် (Entrance Test) စာမေးပွဲကို အောက်ပါအတိုင်း ကျင်းပမည် ဖြစ်ကြောင်း ၂၀၁၅ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့ ရက်စွဲဖြင့် ကြောညာထားသည်။
နေ့ရက်။ ၁၃၇၇-ခုနှစ်၊ သီတင်းကျွတ်လ္ဆန်း ၁၃-ရက် (၂၆-၁၀-၂၀၁၅)
အချိန်။ နေ့ ၂း၀၀မှ ညနေ ၄း၀၀နာရီအထိ
နေရာ။ ၀ိနယစာသင်ခန်း
မှတ်ချက်။ ဒီပလိုမာဝင်ခွင့်မေးခွန်းသည် အင်္ဂလိပ်စာနှင့် ပိဋကတ်ဆိုင်ရာ အထွေထွေ ဗဟုဿုတ မေးခွန်းဖြစ်သည်။

ဒီပလိုမာဝင်ခွင့်လျောက်လွှာများယူရန်
------------------------
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ပညာရေး ရုံးခန်းနှင့် စာကြည့်တိုက်ရုံးခန်းတို့တွင် ရုံးချိန်အတွင်း လာရောက် ထုတ်ယူနိုင်ပါသည်။
လျှောက်လွှာစတင်ခေါ်ယူမည့်ရက် ၁၃၇၇-ခုနှစ်၊ ၀ါခေါင်လဆန်း(၁၀) ရက် (၂၅-၀၈-၂၀၀၁၅)
လျှောက်လွှာပိတ်မည့်ရက်။
၁၃၇၇-ခုနှစ်၊ တော်သလင်းကွယ် (၁၃-၁၀-၂၀၀၁၅)
ရုံးချိန်။ နံနက် ၈း၀၀ မှ ၁၁း၀၀
နေ့လည် ၂း၀၀မှ ညနေ ၅း၀၀

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်Diploma ၀င်ခွင့်စည်းမျဉ်း
----------------------
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ဒီပလိုမာတန်း လျှောက်လွှာတင်ကြမည့် ကျောင်းသားများသည် အောက်ဖေါ် ပြပါ စဉ်းမျဉ်းသတ်မှတ်ချက်များနှင့် ပြည့်စုံရမည်။
၁။ တက္ကသိုလ်ဝင်တန်းအဆင့်အောင်မြင်ပြီးသူဖြစ်ရမည်။
(သို့မဟုတ်)
အစိုးရပထမကြီးတန်းအောင်မြင်ပြီးသူဖြစ်ရမည်။
၂။ အသက်(၃၀)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
၃။ လျှောက်လွှာနှင့်အတူ ၂လက္မပတ်လည် ရောင်စုံဓါတ်ပုံ(၂)ပုံ။
၎။ သာသနာဝင်ကဒ်မိတ္တူ(သို့)နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ
၅။ ဘွဲ့/အောင်လက်မှတ်မိတ္တူ
၆။ သက်ဆိုင်ရာမိဘ/ ဆရာများ၏ထောက်ခံစာ

သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org

13 September 2015

B ပိုးကာကွယ်ဆေး ဒုတိယအကြိမ်အလှူ

B ပိုးကာကွယ်ဆေး ဒုတိယအကြိမ်အလှူ
---- ----
၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၃ရက်

ဒီကနေ့ (၁၃-၉-၂၀၁၅)နေ့ နေ့လည် ၁း၀၀ နာရီအချိန်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)ကျောင်းသား ရဟန်း၊ သီလရှင်ဆရာလေးတို့အား “ရွှေပြည်စုံ ဘီပိုကာကွယ်ရေး ပရဟိတအဖွဲ့”က ဒုတိယအကြိမ် ဘီပိုးကာကွယ်ဆေးလှူဒါန်းသည်။

ကာကွယ်ဆေးထိုးပြီး ရဟန်း သီလရှင်ဆရာလေးတို့အား ခြင်ထောင်များကိုလည်း လှူဒါန်းသည်။

“ရွှေပြည်စုံ ဘီပိုကာကွယ်ရေး ပရဟိတအဖွဲ့”ကြီး ဒီထက်မက ပရဟိတအကျိုးတွေကို သက်ရှည် ကျန်းမာ စိတ်ချမ်းသာစွာဖြင့် ဆောင်ရွက်နိုင်ကြပါစေ

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၉-၂၀၁၅

10 September 2015

ဖားအောက်တောရ ဆရာတော်ကြီး သီတဂူသို့ ကြွလာ

ဖားအောက်တောရ ဆရာတော်ကြီး သီတဂူသို့ ကြွလာ
-------------------
၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၁၀ရက်

ဒီကနေ့ (၁၀-၉-၂၀၁၅)နေ့လည်ပိုင်းက ဖားအောက်တောရ ဆရာတော်ကြီးသည် သီတဂူဆရာတော်ကြီးထံသို့ ကြွရောက်လာသည်။

ဖားအောက်တောရဆရာတော်ကြီးသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)၊ သီတဂူအာယုဒါနဆေးရုံနှင့် သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာ အကယ်ဒမီသို့ ကြွရောက်ချီးမြှောက်သည်။

သီတဂူသို့ ကြွရောက်လာသော ဖားအောက်တောရဆရာတော်ကြီးကို သီတဂူဆရာတော်ကြီးက ၉၀ ရာခိုင်းနှုန်းပြီးစီးပြီဖြစ်သော သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာ အကယ်ဒမီကြီးကို လိုက်လံပြသသည်။
ဖားအောက်တောရဆရာတော်ကြီးသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ရှိ သင်ကြားစီမံဆရာများအားလည်း ဆုံးမ သြ၀ါဒများ ချီးမြှောက်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၉-၂၀၁၅
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes