
Friday, February 26, 2016

sitagustar
No comments
အင်းမတရားအပြီး လမ်းအတွက် ကျပ်ငါးသိန်းအလှူ
မနေ့က အင်းမမြို့၊ ဘုရားငါးဆူးဝင်း တရားပွဲ၊ ပလ္လင်ပေါ် ည ၈း၁၅တက်၊ ၈း၃၀မှ တရားပွဲစတင်၊ ည ၁၀ နာရီအတိမှာ တရားပွဲပြီး၊ ချက်ချင်းပြန်လာ။
ရန်ကုန်ကို မနက်စောစော ၃း၀၀ နာရီရောက်၊ ရောက်ရောက်ချင်း အိပ်ယာဝင်။
တရားပွဲမှ ဓမ္မပူဇာ ငါးသိန်း လမ်းအလှူ
တရားပွဲအသွား သဲကုန်းမြို့နားက ရွာလေးတွေ လိုက်သွား၊ သဲကုန်းမြို့ လမ်းမကြီးမှ ရွာငါးရွာကို ကူးထားတဲ့ သုံးမိုင်ခန့်လောက် မြေလမ်းမှာ လမ်းကျဉ်း၊ ယခုအခါ တံတားလေးတွေဆောက်၊ ကျောက်သဲမြေတွေ ဖို့၊ မိုးရာသီမှာ သဲကုန်းမြို့ပေါ် ကျောင်းတက်နေသည့် ကလေးတွေအတွက် အဆင်ပြေသလို၊ ရွာငါးရွာမှ ရွာသားများအတွက် အဆင်ပြေရန် လမ်းခင်းအလှူအဖြစ် တရားပွဲ ဓမ္မပူဇာမှ ငါးသိန်းကျပ် လှူဒါန်းခဲ့။
ယခုအကြိမ်အထိ လမ်းအလှူမှာ ကျပ်သိန်း (၂၀)ခန့်ရှိ။

Tuesday, February 23, 2016

sitagustar
No comments
သီတဂူစတား ဓမ္မသဘင် (အင်းမ)
*************
ပဲခူးတိုင်း
အင်းမမြို့ ဘုရားငါးဆူဂေါပကအဖွဲ့က ကျင်းပသော ဓမ္မသဘင်တွင်
တပိုတွဲလပြည့်ကျော် ၂ရက် (25-2-2016)နေ့ည မဟာဂန္ထ၀ါစကပဏ္ဍိတ
ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)က တရားတော်များ ဟောကြားမည်ဖြစ်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Tuesday, February 23, 2016

sitagustar
No comments
သီတဂူနယ်လှည့်ကျန်းမာရေးအဖွဲ့
(ကရင်ပြည်နယ်)
---------------
သီတဂူဆရာတော်ကြီးလမ်းညွှန်မှုဖြင့်
မျက်စိပါရဂူဆရာဝန်ကြီး ဒေါက်တာမြအောင်၊ ဒေါက်တာသိန်းမြင့် (အမေရိကန်)တို့ဦးဆောင်သော
သီတဂူနယ်လှည့်ကျန်းမာရေးစောင့်ရှောက်အဖွဲ့သည်။ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တွင် ၂၀၁၆ခုနှစ်
ဖေဖော်ဝါရီလ (၂၁ရက်နေ့မှ ၂၄ရက်နေ့အထိ) မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးလျက်ရှိသည်။
(၂၂-၂-၂၀၁၆)နေ့ စမ်းသပ်စစ်ဆေးမှုခံယူကြသူပေါင်း (၃၆၆)
ယောက်။ ခွဲစိတ်ကုသမှုခံယူကြမည့်သူပေါင်း
(၂၁၂) ယောက်။ (၂၂-၂-၂၀၁၆)နေ့ နေ့ ခွဲစိတ်ကုသ အလင်းရသူပေါင်း
(၃၃) ယောက်ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Monday, February 22, 2016

sitagustar
No comments
စာမေးပွဲဖြေဆိုရက် ထုတ်ပြန် (သီတဂူ)
သီတဂူ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမြို့များရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားနေကြသော ရဟန်း သီလရှင် လူ (၁၀၀၀)ကျော်တို့သည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဒုတိယနှစ်ဝက် စာမေးပွဲဖြေဆိုရက်များကို တချိန်တည်း တပြိုင်တည်း ဖြေဆိုရန် တက္ကသိုလ်အသီးသီးတို့တွင် သင်ကြားစီမံအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)အတွက် အောက်ပါဇယားအတိုင်းဖြစ်သည်။
ဘီအေတန်းနှင့် ဒီပလိုမာတန်းများ
(၄-၃-၂၀၁၆) မှ (၇-၃-၂၀၁၆)နေ့အထိ နေ့စဉ် နေ့လည် (၂း၀၀နာရီမှ ၅း၀၀)အထိ ဖြစ်သည်။
ဗုဒ္ဓဓမ္မပါဒက အတန်း (လူပုဂ္ဂိုလ်များအတွက် သီးသန့်)
(၅-၃-၂၀၁၆) နံနက် ၈း၀၀နာရီမှ ၁၀း၀၀နာရီ အထိ ဖြစ်သည်။

Saturday, February 20, 2016

sitagustar
No comments
သီတဂူဆရာတော် သီတဂူအာယုဒါနဆေးရုံ ကြည့်ရှု
စစ်ကိုင်း ၂၀၁၆ခုနှစ် ဖေဖော်ရီလ (၂၀)
ဒီကနေ့ (၂၀-၂-၂၀၁၆)့ နံနက်ပိုင်းတွင် သီတဂူဆရာတော်သည် စစ်ကိုင်းတောင်ရှိ သီတဂူအာယုဒါနဆေးရုံတွင် မျက်စိကုသပေးနေသော အင်္ဂလန်နိုင်ငံမှ မျက်စိအထူးကုအဖွဲ့ကို တွေ့ဆုံနှုတ်ဆက်သည်။
နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကုသမှုအစီအစဉ်
စစ်ကိုင်းတောင်ရိုး သီတဂူအာယုဒါနဆေးရုံတွင် (၂၁-၂-၂၀၁၆) ရက်နေ့မှ စတင်ပြီး ဘယ်လ်ဂျီယံနိုင်ငံမှ နှုတ်ခမ်းခမ်းကွဲ-အာခေါင်ကွဲ အထူးကု ဆရာဝန်အဖွဲ့တို့ လာရောက်ကုသပေးမည်ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

Thursday, February 18, 2016

sitagustar
No comments
မင်းဗန္ဓုစေတီ ထီတင်ပူဇော်ပွဲ (တော်ဝင်မိသားစု) **************
၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်
ဒီကနေ့ (၁၈-၂-၂၀၁၆) နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး
ရွှေပြည်သာစက်မှုဇုန်၊ ၀ါးတရာကျေးရွာတွင် တည်ထားကိုးကွယ်ထားသော
မင်းဗန္ဓုစေတီတော်ကို အသစ်တဖန်မွန်းမံ ပြင်ဆင် ထီးတော်၊
စိန်ဖူးတော်တင်လှူပူဇော် အောင်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ
ကျင်းပပြုလုပ်သည်။
ထိုစေတီတော်ဝင်းတွင် ကြီးကျယ်ခမ်းနားသော ဓမ္မာရုံကြီးကိုလည်း လှူဒါန်းထားသည်ကို တွေ့ရသည်။
ထိုထီးတော်တင်လှူပူဇော်ပွဲသို့ သီတဂူဆရာတော်ကြီးအမှူးပြုသော သံဃာတော်များ၊
ဒေသခံသံဃာတော်များ သံဃာတော် (၁၀၀)ကျော်နှင့် အလှူရှင်
တော်ဝင်မိသားစုကုမ္ပဏီ ဦးကိုကိုထွေး (ဥက္ကဋ္ဌ)+သီရိသုဓမ္မသိင်္ဂီ ဒေါ်အေးအေးသန်း၊
သမီး-မ၀တ်ရည်ထွေး၊ မသီရိထွေး၊ သား-ကိုမျိုး၊ မြေးဝမကေခိုင်မျိုး၊
မစုသက်မျိုး မိသားစုများနှင့် ဒေသခံပြည်သူများ စည်ကားစွာတက်ရောက်
ပူဇော်ကြသည်။
ထိုပွဲတွင်
ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များဖြစ်ကြသော ဦးရဲအောင်၊ မခိုင်သင်းကြည်၊
မခင်လေးနွယ် စသော အနုပညာရှင်များလည်း တွေ့ရသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Thursday, February 11, 2016

sitagustar
No comments
သီတဂူစက္ခုဒါနဆေးရုံ (ကျိုက်ထို)ရောက် သီတဂူဆရာတော်
၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဓမ္မခရီး ကြွတော်မူသော သီတဂူဆရာတော်သည် ဒီကနေ့ မနက် (၁၁-၂-၂၀၁၆)က ကျိုက်ထိုမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် သီတဂူကျန်းမာရေး စောင့်ရှောက်ရေး နယ်လှည့်အဖွဲ့၏ မျက်စိကုသမှုများကို သွားရောက်အားပေးသည်။
ထိုနေ့ နေ့လည်ပိုင်းတွင် ဘီးလင်းမြို့နယ် မုသင်ကျေးရွာတွင် ရန်ကုန်မြို့ လှည်းတန်း လှဆန်းယဉ်မိသားစု၏ ဓမ္မသဘင် ချီးမြှင့်တော်မူသသည်။

Saturday, February 06, 2016

sitagustar
No comments
သီတဂူဆရာတော်
ဗုဒ္ဓတက္ကသိုလ်များ အစည်းဝေး တက်ရောက်
***************
၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလ (၅)ရက်
ဒီကနေ့ (၅.၂.၂၀၁၆)ည
၈း၀၀နာရီက မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များ (Myanmar Buddhist
University Association) အစည်အရုံးကို တောင်ကြီးမြု့ Royal Taung Gyi Hotel တွင်
ကျင်းပသည်။
ထိုပွဲသို့
သီတဂူဆရာတော်ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခများ, နိုင်ငံတော်
ပရိယတ္တိသာသနတက္ကသိုလ် ပါချုပ်ဆရာတော်၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဆရာတော်,
အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်မှ ပါမောက္ခများ, တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ, ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့်
စိတ်ဝင်စားသူများ တက်ရောက်ကြသည်။
သီတဂူဆရာတော်ကြီးက
သဘာပတိအဖြစ်ဆောင်ရွက်၍ ကမ္ဘောဇဗုဒ္ဓတက္ကသိုလ် ဆရာတော် ဒေါက်တာဓမ္မသာမိက
အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Sunday, January 31, 2016

sitagustar
No comments
သုံးရက်တိုင်တိုင်ကျင်းပခဲ့သော ငြိမ်းချမ်းရေးညီလာခံပွဲကြီးအလွန်
----------------
စစ်ကိုင်းမြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးထဲမှာ ၂၀၁၆ခုနှစ် ဇန္န၀ါရီလ ၂၂ ၂၃ ၂၄ရက်နေ့တွေမှာ သုံးရက်တိုင်တိုင်ကျင်းပသွားတဲ့ The World Buddhist Peace Conference ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံပွဲကြီးကတော့ အံ့မခန်း ကြီးကျယ်ခမ်းနားခဲ့ပါတယ်။
ထိုပွဲကြီးသို့ တကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၅၁နိုင်ငံမှ ကိုယ်စားလှယ်၊ လေ့လာသူပေါင်း ၂၀၀ ကျော်နှင့် ပြည်တွင်းရှိ ပညာရှင်ပေါင်း ၂၀၀ ကျော်၊ စုစုပေါင်း ၅၀၀ ခန့်တက်ရောက်ကြပါတယ်။ သုံးရက်တိုင်တိုင် စာတမ်းများတင်သွင်းကြခြင်း၊ ဆွေးနွေးကြခြင်းများကို မနက်ပိုင်း ၈ နာရီကနေ ညနေ ၇နာရီအထိ ကျင်းပသွားတာဖြစ်ပါတယ်။
ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံလို့ ဆိုပေမဲ့ ထိုညီလာခံကြီးမှာ ခရစ်ယာန်အဖွဲ့၊ အစ္စလာမ်အဖွဲ့၊ ဟိန္ဒူအဖွဲ့၊ ဂျူးစသော ဘာသာရေးခေါင်းဆောင်များလည်း တက်ရောက် စာတမ်းဖတ်ကြားခြင်း၊ ဆွေးနွေးခြင်းများပြုလုပ်ကြသဖြင့် ကမ္ဘာ့ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးညီလာခံပွဲကြီး ဖြစ်ခဲ့ပါတယ်။
ဆွေးနွေးပွဲအပြီး (၂၄)ရက်နေ့ ညနေပိုင်း ၇နာရီလောက်မှာ တက်ရောက်လာသူအပေါင်းတို့က တညီတညွတ်ထဲ လက်မှတ်ထိုးပြီး ၁၄ ချက်ပါ သီတဂူငြိမ်းချမ်းရေး ကြေညာစာတမ်းကို ထုတ်ပြန်ပါတယ်။ နောက်ဆုံး မေတ္တာတရားများ ပွားများကြပြီး ည ၇ နာရီမှာ အခမ်းအနားပြီးဆုံးသွားပါတယ်။
ညီလာခံကြီး၏ ပထမနေ့ ဖွင့်ပွဲမှာ မြန်မာ့သံဃာ့ရာဇာ (နိုင်ငံတော်သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဗန်မော်ဆရာတော်)၊ သီတဂူအဓိပတိ (ညီလာခံကြီးကို ဦးဆောင်)ဆရာတော်၊ ပါမောက္ခချုပ်ဆရာတော်နှင့် ပြည်တွင်းပြည်ပသံဃာတော်များ၊ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကတော်၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်း၊ မန္တလေး တိုင်းဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ကြပါတယ်။
ညီလာခံအလွန်
----------------
ညီလာခံကြီး အောင်မြင်စွာပြီးမြောက်သွားတော့ အားလုံးက ပျော်နေကြပါတယ်၊ နိုင်ငံပေါင်းစုံက မတူညီကြတဲ့ လူမျိုး ဘာသာ အသားအရောင်တွေ တူညီသော ညီအကိုမောင်နှစ်မစိတ်ဓာတွေ ပိုမိုတိုးပွားလာအောင် မြန်မာပြည်ရဲ့အလှပဆုံး၊ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ ပုဂံခရီးသို့ တပျော်တပါးသွားနိုင်အောင် သီတဂူဆရာတော်၏ ညွှန်ကြားမှုဖြင့် Organizing Committee စီမံပေးပါတယ်။ တချို့က ပုဂံခရီးအပြီး မန္တလေးလေဆိပ်ကနေ အမိမြေကို ပြန်ကြပါတယ်၊ ရန်ကုန်ကနေ ပြန်ကြမည့် နိုင်ငံပေါင်းစုံက ၈၆ ယောက်ကို တော်ဝင်ဂါးဒင်းဟိုတယ် မိသားစုက ၂၉ ရက်နေ့အထိ ပြုစုဧည့်ခံပါတယ်၊ ဟိုတယ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရောက်ပို့ပေးကြရပါတယ်။ တော်ဝင်ဂါးဒင်းဟိုတယ် မိသားစု လူပေါင်း ၈၀ ကျော်ကို အခန်း၊ မနက်၊ နေ့၊ ညစာနှင့် ပို့ဆောင်ရေးတို့အပါဝင် လှူဒါန်းခဲ့ပါတယ်၊ အမေရိကန်ဒေါ်လာ ၉၉၃၂ ကျော် မြန်မာကျပ်ငွေ သိန်းတစ်ရာကျော်ဖိုး လှူဒါန်းခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံ ဟိမ၀န္တာတောင်တန်းမှ လာဒတ်ရဟန်းတော်များ ပင့်ဆောင်လာတဲ့ မြတ်ဗုဒ္ဓဓာတ်တော် ပူဇော်ပွဲနှင့် ရွှေတိဂုံစေတီမှာ သီတဂူဆရာတော်ကြီး ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆုတောင်းပွဲတွေပါ ဆက်တိုက် ပြုလုပ်သွားတာ ဖြစ်ပါတယ်။
အလားတူပဲ စစ်ကိုင်း မန္တလေးအဖွဲ့ဝင်တို့လည်း ပွဲပြီးပေမဲ့ မီးမသေသေးဘဲ နေရာတကျ ပြန်လည်ဖြစ်အောင် ၃ ရက်လောက် ဆောင်ရွက်နေကြရပါတယ်။
ကိုယ်စီတာဝန်ထမ်းဆောင်ခဲ့ကြ
------------------------
ထို့ကြောင့် ညီလာခံကြီး၏ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ညီလာခံကြီးကို အဆင်ပြေချောမွှေ့အောင် ဆောင်ရွက်ပေးကြသော ကား အကြိုအပို့၊ ဟိုတယ်နေရာချထားရေး၊ ပြည်ပဧည့်သည်ကြိုဆိုရေး ရန်ကုန် မန္တလေး၊ နေ့စဉ် လူတစ်ထောင်ခန့်ကို အကျွေးအမွေးတာဝန်ယူကြသောအဖွဲ့၊ သန့်ရှင်းရေးတာဝန်ယူကြသော အဖွဲ့၊ ပြန်ကြားရေးတာဝန်ယူကြသော အဖွဲ့၊ လုံခြုံရေးတာဝန်ယူကြသော အဖွဲ့နှင့် အလှူရှင်များ၊ တော်ဝင်ဂါးဒင်းဟိုတယ်မိသားစုကဲ့သို့သော ဟိုတယ်အလှူရှင်များ အားလုံးတို့က ကိုယ်စီ ကျရာတာဝန်ကို ထမ်းဆောင်ကြသဖြင့် ညီလာခံကြီးပြီးမြောက်အောင်မြင်ခဲ့လေပြီ။
သီတဂူအဓိပတိဆရာတော်ကြီး၏ လမ်းညွှန်မှု၊ စီမံမှုအောက်မှာ Organizing Committee အဖွဲ့ဝင်တွေရဲ့ ညီညီညွှတ်ညွှတ် ကျရာတာဝန်ကို မခိုမကပ် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားမှုတွေကလည်း ချီးကျူးဂုဏ်ပြုရမှာဖြစ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Friday, January 29, 2016

sitagustar
No comments
မြတ်ဗုဒ္ဓဓာတ်တော် အပူဇော်ခံ အလှူငွေ မှတ်တမ်း
----------------------
သီတဂူအဓိပတိဆရာတော်ကြီး၏ စီစဉ်မှုဖြင့် ဇန်န၀ါရီလ ၂၁ ရက်မှ ၂၉ ရက်နေ့အထိ (၈)ရက်တိတိ အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ် လဒတ်ခရိုင် လေးမြို့မှ ဒေသစာရီ ကြွချီတော်မူလာသော မြတ်ဗုဒ္ဓ၏ သရီရဓာတ်တော်များ
ပြည်ထောင်စု မြန်မာနိုင်ငံတော်သို့ လှည့်လည်အပူဇော်ခံစဉ်အတွင်း ဒေသ အသီးသီးမှ လှူဒါန်းပူဇော်သော နဝကမ္မအလှူတော်ငွေများအားလုံးကို ဒေသအသီးသီးသို့ ပြန်လည်လှူဒါန်းခြင်း မှတ်တမ်း
----------------------
၁။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် တစ်ညတာ အပူဇော်ခံစဉ်အတွင်း အလှူငွေ လက်မခံခဲ့ပါ ။
၂။ စစ်ကိုင်းတိုင်း ကောင်းမှုတော်စေတီတော်တွင် အပူဇော်ခံစဉ် လှူဒါန်းသည့် အလှူတော်ငွေ ကျပ်(၅၂) သိန်းတိတိကို ကောင်းမှုတော်စေတီတော်သို့ အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
၃။ မန္တလေးတိုင်း မန္တလေးမြို့ မဟာမြတ်မုနိဘုရားတွင် အပူဇော်ခံစဉ် လှူဒါန်းသည့် အလှူတော်ငွေ ကျပ်(၁၀၉ ) သိန်းကို မဟာမြတ်မုနိဘုရားအား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
၎။ မန္တလေးတိုင်း မန္တလေးမြို့ သုဓမ္မာရွှေကျောင်းတော်တွင် အပူဇော်ခံစဉ် လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း (၁၄၀) ကို သုဓမ္မာရွှေကျောင်းတော်အား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
၅။ နေပြည်တော် ဥပ္ဗါတသန္တိစေတီတော်တွင် အပူဇော်ခံစဉ်အတွင်း လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း(၁၄၀)နှင့် အမေရိကန်ဒေါ်လာ သုံးထောင်ကျော်ကို ဥပ္ဗါတသန္တိစေတီတော်အား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
၆။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ရွှေဆံတော် စေတီတော်တွင် အပူဇော်ခံစဉ်အတွင်း လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း (၄၀) ကို ရွှေဆံတော်စေတော်အား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
၇။ ပဲခူးတိုင်းဒေသကြီးး အုတ်ဖို ဥတိုမြို့ အောင်ချမ်းသာစေတီတော်တွင် အပူဇော်ခံစဉ်အတွင်း လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း (၁၀၀)ကို အောင်ချမ်းသာစေတီသို့ အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
၈။ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံစဉ်အတွင်း လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်းပေါင်း (၉ ၆၁)သိန်းကို ရွှေတိဂုံစေတီတော်အား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
အပူဇော်ခံရာ ဒေသအသီးသီးမှ ရရှိလာသည့် အလှူတော်ငွေများ အားလုံးကို အပူဇော်ခံရာဒေသများအား အားလုံး ပြည်လည်လှူဒါန်းခဲ့ပါသည်။
ကြွချီတော်မူလာသော မြတ်ဗုဒ္ဓ၏ သရီရဓာတ်တော်သည် ဇန်န၀ါရီလ (၂၉ ) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် အထူးလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံသို့ ပြန်လည် ကြွချီသွားပြီ ဖြစ်ပါသည်။
“သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...