Friday, May 16, 2014
sitagustar
No comments
သီတဂူဆရာတော် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီး တက်ရောက်
မိန့်ခွန်းပြော
သာသနာနှစ် ၂၅၅၈နှစ်ပြည့်နှစ်၊ ပဉ္စမအကြိမ်
ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကို ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ
ဆဋ္ဌသံဂါယနာလှိုင်ဂူတော်အတွင်း၌ ဂိုဏ်းပေါင်းစုံက ဆရာတော် ၂၅၅၈ပါးတို့က တက်ရောက်ပြီး
သုံးရက်တိုင်တိုင် ကျင်းပခဲ့သည်။ ဒုတိယနေ့ မေလ (၁၂)ရက်နေ့ မနက်ပိုင်းမှာတော့
သီတဂူဆရာတော်ကြီး တက်ရောက် မိန့်ခွန်းပြောခဲ့သည်။
ဆရာတော်ကြီး
မိန့်ခဲ့သည့်မိန့်ခွန်း အကျဉ်းချုပ်
၁။ ယခုကဲ့သို့ သံဃာ့ဂိုဏ်းကြီး (၉)ဂိုဏ်းရဲ့
စုစည်း၊ ညီညွတ်သည့် အစည်းအဝေးကြီးမျိုး ဘယ်တိုင်းပြည်မှ မရှိခြင်း၊
မြန်မာနိုင်ငံမှာသာ ရှိခြင်း။
၂။ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ကို
၁၉၈၀ပြည့်နှစ်က စတင်ဖွဲ့ခဲ့သည်။ ၁၉၈၀ခုနှစ်ရှေ့ပိုင်းတွင် ဆိုရှယ်လစ်ပါတီ
တစ်ပါတီစနစ်ဖြင့် သွားနေသည့် အချိန်ဖြစ်သည်အတွက် အငွေ့အသက်တွေ ဤအဖွဲအစည်းတွင်
ပါနေခြင်း။
အခြေခံ စည်းမျဉ်းထဲမှာ ပါရှိနေသော သံဃာ့မဟာနာယကအဖွဲ့မှ တစ်ပါး၊
တစ်ခြားအဖွဲ့အစည်းများကို ဖွဲ့ပိုင်ခွင့် မရှိသော အချက်ကို တက်ရောက်လာကြသော ဆရာတော်
သံဃာတော်များက ပြင်ဆင်ပေးကြလိမ့်မည်ဟု မျှော်လင့်ခြင်း။
၃။ ရာထူးဌာန၊
တာဝန်ပေးအပ်သည့်အခါ စွမ်းနိုင်သည့် ပုဂ္ဂိုလ်များကို စွမ်းနိုင်သလိုပေးဖို့
လိုအပ်ကြောင်း လျှောက်ထားခြင်း။ သံဃာ့မဟာနာယက ဖွဲ့စည်းသည့်အခါမှာလည်း
ဂိုဏ်းပေါင်းစုံ သံဃာ့မဟာနာယကအဖွဲ့က ညီညွတ်စွာ ဒီအချက်ကို ထည့်သွင်း စဉ်းစားရန်၊
ဖွဲ့စည်းရန် လိုအပ်ကြောင်း လျှောက်ထားခြင်း။
၎။ သံဃာ့မဟာနာယကအဖွဲ့အစည်းမှာ
ထိုင်း၊ လာအို၊ ကမ္ဗောဒီးယားတို့ကဲ့သို့ နိုင်ငံခြားရေးရာဌာန၊ ပညာရေးဌာန ထည့်သွင်း၊
ပြင်ဆင် ဖွဲ့စည်းဖို့ လိုအပ်ကြောင်း။
၅။ “သံဃာ့မဟာနာယကအဖွဲ့ရဲ့အချက်က
သာသနာသန့်ရှင်းရေး၊ တည်တံ့ရေး၊ ပြန့်ပွားရေးအတွက် အလွန်အရေးကြီးကြောင်း၊ သာသနာကို
ထိန်းဖို့ အလွန်အရေးကြီးကြောင်း။
ဒီကနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က
ပါလီမန်ဒီမိုကရေစီ စနစ်ဖြင့် ချီတက်နေသည့်အခါ ပါဠိတက္ကသိုလ် အက်ဥပဒေ၊
ဓမ္မာစရိယအက်ဥပဒေ၊ ပါဠိပထမပြန်အက်ဥပဒေ၊ ဗုဒ္ဓသာသနာအဖွဲ့အစည်း အက်ဥပဒေ၊
တောင်တန်းသာသနာပြု အက်ဥပဒေတွေကို စနစ်တကျ ခေတ်နဲ့လျှော်ညီစွာ ပြင်ဆင်ရေးဆွဲပြီး
အနာဂတ်သာသနာတော်အတွက် ခိုင်ခိုင်မာမာ ဖြစ်အောင် ဆောင်ရွက်တော်မူကြပါ”ဟု
လျှောက်ထားခြင်း။
NEWSWEEK (၁၅-၅-၂၀၁၄) နေ့ထုတ် သတင်းစာမှ
ကောက်နုတ်ဖော်ပြပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၅-၂၀၁၄
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဒီကနေ့ လာဘ်ရွှင် ------------ ဘုံဘေကနေ ရန်ကုန်ပြန်ရောက်ရောက်ခြင်းပဲ ကောင်းခြင်းများက ကြိုဆို။ ဆရာတော် ဦးကောဝိဒ (သီတဂူစတား) အတွက်ဆု...
-
သီတဂူမျက်စိအလှူတော်များ ---------------- ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၇ ရက် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ၄-၉-၂၀၁၅ နေ့ကစပြီး ကယားပြည်နယ်၊ ...
-
သီတဂူဆရာတော်ကြီး စင်္ကာပူကြွမည် --------- --------- သီတဂူဆရာတော်ကြီးသည် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀ရက်၊ (စနေ၊ တနင်္ဂနေ့)များတွင...
-
ရခိုင်ရောက် သီတဂူဆရာတော် ၂၆-၈-၂၀၁၅ pm ---------------- ရခိုင်ပြည်နယ်ရောက် သီတဂူဆရာတော်ကြီးသည် ရေဘေးသင့်ဒေသများဖြစ်သော စစ်တွေ၊ မောင်ေ...
-
ဖူး၍မကုန်သော ဂုဏ်ရည် By ညခင်း (၂၀၀၃ခုနှစ်က ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူ (D.Litt) ဖြင့် ပူဇော်စဉ်) သဗ္ဗညုမြတ်စွာဘုရား...
-
သီတဂူရေဘေးအလှူတော် ၂၁-၈-၂၀၁၅ am -------------------- “သီတဂူ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့” ၏ (၁၈)ရက်မြောက် အလှူ...
-
သီတဂူရေဘေးကူညီရေး အလှူတော်သို့ ------------------------- မနေ့က (၃-၈-၂၀၁၄) ---------------- အလှူတော်ငွေ ကျပ်သိန်း (၁၁၅၀)၊ ဆန်အိတ...
-
ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနား ဖိတ်ကြား --------------------------------- ဗုဒ္ဓသာသနာနှစ် ၂၅၅၈-၂၅၅၉ မြန်မာနှစ် ၁၃၇၇ ကဆုန်လပြည့်နေ့ (၂-၅-၂...
-
စာနာစိတ်နဲ့ လက်ပံတန်းသို့ ------------------- မနေ့က (၉-၁၀-၂၀၁၅) က ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) ဦးဆောင်၍ သီတဂူရေးဘေးသင့်ပြည...
0 comments:
Post a Comment