သီတဂူစတား

သီတဂူစတား

01 March 2013

ဖူး၍မကုန်သော ဂုဏ်ရည် (ညခင်း)

ဖူး၍မကုန်သော ဂုဏ်ရည်
By ညခင်း
(၂၀၀၃ခုနှစ်က ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူ (D.Litt) ဖြင့် ပူဇော်စဉ်)
  
သဗ္ဗညုမြတ်စွာဘုရား၏ အတုမဲ့ သာသနာတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော် ကြာညောင်းလာပါသော်လည်း မြတ်စွာဘုရား၏ အဆုံးအမများကို မြေ၀ယ်မကျ မြတ်နိုးယုယကြသည့် သာသနာ အာဇာနည် သားကောင်း သမီးကောင်း ရဟန်းရှင်လူအပေါင်းတို့၏ ထိန်းသိမ်းစောင့်ရှောက် ပျိုးထောင် ဖြန့်ဝေမှုကြောင့် ယနေ့တိုင်အောင် ကမ္ဘာတ၀န်းတွင် ဖူးပွင့်ဝေဆာ တင်မောလှပလျက်ပင် ရှိပါသေးသည်။

ထိုကဲ့သို့ သာသနာ့တော်၏ ဂုဏ်ကျက်သရေ တက်နေ၀န်းပမာ တင့်ဖြိုးဝေဆာအောင် စွမ်းဆောင်ခဲ့ကြသော သာသနာ့အာဇာနည်များသည် ခေတ်အဆက်ဆက် အစဉ်မပြတ် ပေါ်ထွန်းလာခဲ့ကြရာ ယနေ့ခေတ်တွင့် ကျမတို့ ဖူးမြော်ကြည်ညိုခွင့်ရကြပါသည်။ ထိုအာဇာနည်များစွာထဲမှာ ယနေ့ခေတ် သာသနာပြုလုပ်ငန်းလုပ်ဆောင်မှုများ အံ့သြလောက်အောင် စွမ်းဆောင်သည့် သာသနာ့အာဇာနည်တစ်ပါးမှာ ဒေါက်တာ အရှင်ဥာဏိဿရ သီတဂူဆရာတော်ပင် ဘုရားဖြစ်ပါသည်။

သီတဂူဆရာတော်ဘုရားသည် သူလိုရဟန်း၊ သူလိုအာဇာနည်၊ သူလို ဥာဏ်ကြီးရှင်၊ သူလိုပညာတတ်အကျော်၊ သူလို သြ၀ါဒါစရိယ၊ သူလိုစွမ်းနိုင်သူ၊ သူလိုစံပြ ပုဂ္ဂိုလ် စသည့် ရှုထောင့်မျိုးစုံမှ အမျိုးမျိုးအဖုံဖုံ ချီးကျူးဂုဏ်ပြုထိုက်သော အထူးလေးစားကြည်ညိုဖွယ်ကောင်းသည့် ဆရာတော်တစ်ပါးဖြစ်ပါသည်။

ဆရာတော်ဘုရားသည် မိမိ၏ ကျန်းမာမှု ကိုယ်ပင်ပန်းမှု တို့ကို မငဲ့ကွက်ပဲ ပရိယတ်- ပဋိပတ်အလုပ်တို့နှင့်သာ တချိန်လုံး ဘ၀ကိုမြှုပ်နှံထားတော်မူသည်။ သတ္တ၀ါအားလုံးတို့အပေါ်တွင် မေတ္တာ၊ ကရုဏာထား၍ ကိုယ်ကျိုးကိုစွန့်လျှက် သူတစ်ပါးတို့၏အကျိုး သာသနာတော်၏ အကျိုးကို သယ်ပိုးထမ်းရွက်တော်မူသည်။ ဆရာတော်ဘုရားသည် တရားဓမ္မများဟောကြားရာတွင်လည်း ကျမ်းဂန်အဖုံဖုံ မှ အနှစ်သာရအစုံစုံ၊ ခေတ်နှင့်အညီ ခေတ်ပညာနှင့်အညီ တိတိကျကျပြတ်ပြတ်သားသား ဟောကြားတော်မူသဖြင့် ဆရာတော်၏ တရားတော်များမှာ လိုက်နာကျင့်သုံးရန် ဗဟုသုတစုံလင်လှသည်။ ထို့ကြောင့် နာကြားရသူများကလည်း အားမရ နိုင် အောင်ဖြစ်ရသလို ဓမ္မစာစောင်များ ၊ အွန်လိုင်း ဓမ္မဖြန်ဖြူးရေး ၀က်ဆိုဒ်များ မှလည်း ဆရာတော်၏ ဟောတရားများကို အလုအယက်ဖော်ပြကြသည်။

ရဟန်းတော် ယောကျားပရိသတ်၊ ရဟန်း မိန်းမပရိတ်သတ်၊ ဥပါသကာ ပရိသတ်၊ ဥပါသိကာ ပရိသတ်ဟူသော ပရိသတ်လေးပါးလုံးပင် အရှင်အာနန္ဒာ မထေရ်ကို ဖူးမြင်ရလျှင် ပျော်ရွှင်ကြ၊ အရှင်အာနန္ဒာ၏ တရားတော်ကို နာကြားရပြန်လျှင် ရွှင်လန်းနှစ်သက်ကြသည်။ တရားနိဂုံးအဆုံးသတ်သည့် အခါတွင် ပရိသတ်သည် အားရကျေနပ်မှု မဖြစ်သေးပဲ ဆက်လက်ကာ နာကြားလိုကြ၏။ ဤသည်မှာ အရှင်အာနန္ဒာ၏ အံ့သြဖွယ်အချက်ဟု ဘုရားရှင် ဟောတော်မူခဲ့သည်။

သီတဂူဆရာတော်ဘုရားသည်လည်း အရှင်အာနန္ဒာမထေရ်ကဲ့သို့ပင် အံ့ဖွယ်ရာများရှိ၏။ ရဟန်းရှင်လူတို့သည် ဆရာတော်ကို ဖူးမြင်ရသောအခါ ကြည်ရွင်အားရ၊ တရားတော်ကိုနာကြားရသောအခါ ၀မ်းသာရွှင်လန်းကြ၊ တရားတော်ပြီးဆုံးသောအခါတွင်လည်း အားမရကြပဲ ဆက်လက်နာကြားလိုကြသည်။ ဆရာတော်၏ မေတ္တာဓာတ်၊ သည်ကြီးမားလှသည်။ ဆရာတော်သည် လက်တွေ့ ကျင့်ကြံနေထိုင်အားထုတ်မှုဖြင့် ရဟန်းရှင်လူအပေါင်းတို့အား အကောင်းဆုံး ကျင့်ကြံနေထိုင်နည်း တရားလမ်းစဉ်ကို မိမိကို စံနမူနာပြု၍ ညွန်ကြား ဆုံးမတော်မူသည်။

ဆရာတော်၏ ထူးခြားပြောင်မြောက်သည် ဂုဏ်ရည်များကြောင့် နိုင်ငံတော်အစိုးရက အောက်ပါ ဘွဲ့ထူးများကို ချီမြင့်ပူဇော်ထားသည်ကို ကြည်ညိုရသည်။
၁။ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ
၂။ အဂ္ဂမဟာပဏ္ဍိတ
၃။ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ
၎။ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့များ ချီးမြှင့်ခဲ့သလို…..
နိုင်ငံတကာတက္ကသိုလ်များကလည်း အောက်ပါက် ပါရဂူဘွဲ့ (Ph.D)များကို ပူဇော်ထားသည်။
၁။ ရန်ကုန်တက္ကသိုလ် (မြန်မာ)
၂။ မဟာချူလာလောင်ကွန်တက္ကသိုလ် (ထိုင်း)
၃။ မဟာမကုဋ် တက္ကသိုလ် (ထိုင်း)
၎။ နာလန္ဒတက္ကသိုလ် (အိန္ဒိယ)
တက္ကသိုလ် ၄ ခုက ချီးမြှင့်ပေးခဲ့ပါတယ်။

ထိုကဲ့သို့ အမျိုးဘာသာ သာသနာ အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသော ဒေါက်တာ သီတဂူဆရာတော်ဘုရား၏ (၇၆)နှစ်မြောက် မွေးနေ့ မင်္ဂလာ ပူဇော်ရေးသားမှု၌ ဆရာတော်၏ ဂုဏ်ရည်များကို ချီးကျူးပူဇော်ခွင့်ရသည့်အတွက် ၀မ်းမြောက် ဂုဏ်ယူမဆုံးပါ။

ဘုရားရှင်၏ဂုဏ်ကို ဘုရားတစ်ဆူက ပြော၍မကုန်သလို ဆရာတော်ကြီးကို ကြီးညိုလေးစားသော သာမန်တပည့်တစ်ယောက်အနေနဲ့ ဆရာတော်ကြီး၏ဂုဏ်ရည်တို့ကား ဖော်၍မကုန် ပြော၍မကုန်နိုင်လောက်ပင် ကြီးကျယ်မြင့်မြတ်သည် ဖြစ်ပေမဲ့ ဆရာတော်ကြီး၏ မွေးနေ့ကို ပူဇော်လိုသော ကြီးမားသောဆန္ဒဖြင့် ကိုယ်တတ်သမျှလေးဖြင့်ပင် ပူဇော်လိုက်ရပါသည်ဘုရားးး။ ဆရာတော်ကြီးကို အသက် ခန္ဓာ ကျန်းမာလျှက် လူမျိုး ဘာသာ သာသနာအတွက် ဆထက် တန်ဖိုးတိုး၍ ဆောင်ရွက်နိုင်ပါစေကြောင်း မေတ္တာပို့၊ ရှိခိုးဦးတင်လျှက်ပါ ဘုရားးးးး။
တပည့်
ညခင်း 

(သီတဂူဆရာတော်ကြီး၏ (၇၆)နှစ်မွေးနေ့ပူဇာအတွက် ပူဇော်ထားသော ကျန်ရှိနေသေးသော ဆောင်းပါး ပို့စ်များကို ဆက်လက်ပြီး တင်ပေးပါမည်။)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၀၁-၀၃-၂၀၁၃

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes