
Wednesday, May 07, 2014

sitagustar
No comments
ကိုရီးယားရောက် ဒုတိယနေ့
ဒုတိယနေ့ (၂၅-၄-၂၀၁၄)မှာတော့ မနက်ပိုင်းမှာ Lotus
Lantern Festival ပွဲတော်သို့ ပင့်ဖိတ်ထားသော နိုင်ငံ ၉နိုင်ငံမှ
ကိုယ်စားလှယ်များကို Imjingak လိုက်ပို့ပေးသည်။ ဆိုးလိုမြို့ပြင်
တောင်ကိုးရီးယားနှင့် မြောက်ကိုရီးယား နယ်စပ်၊ ဆိုးလ်မြို့တော်မှ ကားဖြင့်
တစ်နာရီလောက် သွားရသည့် Imjingak သို့ သွားကြသည်။
ထိုနေရာ တောင်ကိုရီးယား
မြောက်ကိုရီးယားတို့ စစ်ဖြစ်ပွားခဲ့နေရာဖြစ်သလို တောင်မြောက်ကွဲကွာခဲ့ရာမှ
ဆွေတော်မျိုးတော်များ တကွဲတပြား ဖြစ်သွားရာနေရာလည်းဖြစ်၊ တောင်-မြောက် ကိုရီးယား
ဆွေတော်မျိုးတော်များ အချင်းချင်း စုံတွေ့ရာ နေရာလည်း ဖြစ်သည်။ စစ်ဖြစ်ပွားချိန်က
မြောက်ကိုရီးယားတပ်မှ ပစ်ခက်လိုက် သော ရထားအပျက်အစီး၊ သေကြေသွားကြသော
တောင်ကိုရီးယားတပ်များကို ဆုတောင်းပေးရာ နေရာလည်းဖြစ်သည်။
ထို့ပြင်
ဆွေတော်မျိုးတော်များ ပြန်လည်စုံစည်းရာ၊ ခေါင်းလောင်းကြီးကို ထုကာ ဆုတောင်းပေးရာ
ငြိမ်းချမ်းရေးနယ်မြေလည်းဖြစ်သည်။ ယခုအခါ နိုင်ငံတကာမှ စိတ်ဝင်စားရာ နေရာတစ်ခု
ဖြစ်သည့်အတွက် လည်ပက်စရာတစ်ခုဖြစ်နေသည်။ နေ့လည်စာကို ကိုရီးယား
ရိုးရာအစားအစာများဖြင့် Imjingakက ဆိုင်မှာပဲ ဧည့်ခံသည်။
ညနေပိုင်းတွင်
ကိုရီးယားနိုင်ငံ မဟာယာနဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို သွားရောက်လေ့လာကြသည်။
ကျောင်းထိုင်ဆရာတော်ကြီးများနှင့် အပြန်အလှန် မိတ်ဆက်ကြခြင်း၊ လက်ဆောင်များ
ပေးကြခြင်းဖြင့် ချစ်ချင်ရင်းနှီးမှုများကို ဖန်တီးကြသည်။ ဂိုဏ်းဂဏမတူသော်လည်း
မြတ်ဗုဒ္ဓ၏ တစ်ခုတည်းသော ဓမ္မထီးအရိပ်ဝယ် အတူလက်တွဲလျှောက်ကြသည်။
အပိုင်း (၃)
မျှော်
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၅-၂၀၁၄
Posted in: ခရီးသွားမှတ်တမ်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗုဒ္ဓဘာသာသည် religion မဟုတ် ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂ...
-
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ဖိတ်ကြားအပ်ပါသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည်...
-
အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသု...
-
မဟာစည်းခုံကြီးစေတီတော် ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား ပထမဘုံ ထီးတော်တင်လှူနေပုံ သံဃာတော်များ ထီးတော်တင်လှူနေစဉ် စေ...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
0 comments:
Post a Comment