
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ
ဖိတ်ကြားလွှာ
ဖိတ်ကြားအပ်ပါသည်
ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏
သက်တော်(၇၃)နှစ်ပြည့် ၀ိဇာယနအခါတော် ကုသိုလ်ကောင်းမှုမင်္ဂလာပွဲကို
ယခု ၁၃၇၁ခုနှစ် တပေါင်းလပြည့် (၂၇-၂-၂၀၁၀)နေ့တွင် ဆင်ယင်ကျင်းပမည် ဖြစ်ပါသောကြောင့်
အောက်ဖေါ်ပြပါ အစီအစဉ်အတိုင်း
ကောင်းမှုကုသိုလ်တော်ပွဲအားလုံးတွင် ပါဝင်တက်ရောက်ကြည်ညို ကုသိုလ်ယူကြပါရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်၊
အစီအစဉ်
တပေါင်းလဆန်း(၁၂)ရက်နေ့ (၂၄-၂-၂၀၁၀)နေ့
နံနက်(၈)နာရီအချိန်တွင် သီတဂူအရှင်ဒေ၀ိန္ဒာလင်္ကရာဘိဝံသ(M.A)ကို
ယခင်ကိန္နရာချောင် ယခု သဒ္ဓမ္မဝေဒဂူချောင်၏ ကျောင်းထိုင်တာဝန်ခံအဖြစ် တင်မြှောက် အပ်နှင်းခြင်း။
တပေါင်းလဆန်း(၁၃)ရက်နေ့ (၂၅-၂-၂၀၁၀)နေ့
နံနက်(၈)နာရီအချိန်တွင်
စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးရွာ၌ သီတဂူဗြဟ္ဓာယု ဆေးရုံတော်ကြီးကို ဖွင့်လှစ်ခြင်း။
တပေါင်းလဆန်း(၁၄)ရက်နေ့ (၂၆-၂-၂၀၁၀) နေ့
နံနက်(၈)နာရီအချိန်တွင်
မက္ခရာ ရွှေစည်းခုံ စေတီတော်ကြီး၌ စေတီလေးပါး ဌာပနာသွင်း ပူဇော်ခြင်း။
တပေါင်းလပြည့် (၂၇-၂-၂၀၁၀)နေ့
နံနက်(၅)နာရီ အချိန်တွင် ပင့်သံဃာတော်အပါး(၁၀၀၀)တို့အား
သပိတ်၊သင်္ကန်း၊ဆွမ်း၊ခဲဖွယ် ဘောဇဉ် စုံလင်စွာဖြင့် လောင်းလှူပူဇော်ခြင်း၊
နံနက်(၆)နာရီအချိန်တွင်သံဃာတော်အရှင်မြတ်တို့အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊
နံနက်(၇)နာရီ အချိန်တွင် သီတဂူဆရာတော်ကို ပုနောပသမ္ပဒ သိက္ခာထပ် မင်္ဂလာ ပြုလုပ်ခြင်း၊
တပေါင်းလပြည့်ကျော်(၁)ရက်နေ့ (၂၈-၂-၂၀၁၀)နေ့
နံနက်(၅)နာရီအချိန်တွင် သီလရှင်အပါး(၁၀၀၀)တို့အား
အရုဏ်ဆွမ်းလှူဒါန်းခြင်း။ သီလရှင်ဝတ်စုံနှင့် အခြားလှူဖွယ် ပစ္စည်းများလောင်းလှူခြင်း စသည့်
ကုသိုလ်တော်ပွဲ အရပ်ရပ်ကို ပါဝင်ကြပြီး ဝေယျာဝစ္စကောင်းမှူ့ ကုသိုလ်ဒါနဝေစု
ရယူကြပါရန် ဖိတ်ကြားအပ်ပါသည်။
စီမံအုပ်ချူပ်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း
===============================================================
ပေးပို့သူ၏ လျှောက်ထားလွာ
သီတဂူဆရာတော်ကြီး၏ မွေးနေ့ပူဇော်ပွဲများကို နှစ်စဉ် တပေါင်းလပြည့်နေ့မှာ ပြုလုပ်လေ့ရှိပါသည်။ မွေးနေ့ပူဇာသည် မောင်ပဇင်းများ သိတဲ့အတိုင်း ရိုးရိုးရှင်းရှင်းလေးပင်ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ သီတဂူဆရာတော်ကြီး၏ တပည့်ဒကာဒကာမများသည် နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့တွင် ကား ရထား လေယာဉ်စသည်တို့ဖြင့် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရောက်လာကာ အတူတကွ အလှူဒါနပြုရသည်မှာလဲ အလွန်ပျော်စရာကောင်းပါသည်ဘုရား။ ယခုလို ဆရာတော်ကြီး၏ တပည့်ဒကာဒကာမများ တက်ညီလက်ညီ စည်းလုံးညီညွတ်ကာ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းတွေမှာ ပါဝင်ခွင့်ရသည်မှာလည်း တပည့်တော်မတို့အတွက် တကယ့်ကို ကံထူး ဘုန်းထူးကြပါသည်ဘုရား၊ ဘုန်းထူးကံထူးလို့ပဲ ဘုရားတပည့်တော်များ ပါဝင်ခွင့်ရသည်ဟု ယုံကြည်ထားကြပါသည်ဘုရား။
မွေးနေ့ပွဲမှာဆိုရင် မနက်စောစော (၄)နာရီထိုးတာနှင့် ဆရာတော်ကြီး၏ ကြည်လင်ပြတ်သားသော တရားတော်များကို နားကြားခွင့်ရကြပါသည်ဘုရား၊ ထိုမှ မိုးလင်းတာနှင့် သံဃာတော်များ ဆွမ်းကပ်ခြင်း ဆွမ်းလောင်းခြင်း အလှူပစ္စည်းများ စာရေးတံ မဲဖောက်ကာ လှူဒါန်းခြင်း၊ သံဃာ (၁၀၀၀) နှင့် သီလရှင် (၁၀၀၀)အတန်းပေါက်လောင်းလှူကြခြင်းနှင့် ကြွရောက်လာသော ဧည့်သည်တော်များအား ဧည့်ခံကြွေးမွေးရသည်မှာ အရမ်းကို ကြည်နူးမိပါတယ်ဘုရား။
ဆရာတော်ကြီး၏ (၇၃)နှစ်မြောက်မွေးနေ့ အစီအစဉ်တွေပါဘုရား၊ အဝေးရောက် မောင်ပဇင်းများ သတိရအောင် ပို့ပေးလိုက်ပါတယ်၊ အဝေးတနေရာက ဆရာတော်၏ ကြီးရဲ့မွေးနေ့ကို ဂါရ၀ပြုရအောင် ပို့ပေးခြင်းဖြစ်ပါတယ်ဘုရား၊၊ ဆရာတော်၏ အနားမှာေ၇ာက်ပြီး မွေးနေ့ပွဲကို ကိုယ်တိုင်ပါဝင် ခံစားနေရသလို စိတ်မှာအာရုံပြုနေကြပြီး ဆရာတော်၏ မွေးနေ့ကို ဆင်နွှဲနိုင်ကြပါစေဘုရား။
တပည့်တော်မတို့လဲ(၂၃)ရက်နေ့ည ကားနဲ့ စစ်ကိုင်းကို သွားကြပါမယ်ဘုရား။ ပြန်လာတော့မှ ဓါတ်ပုံတွေ ပို့ပေးလိုက်မယ်နော်ဘုရား။ မတ်လ(၁)ရက်နေ့တော့ ရန်ကုန်ပြန်ေ၇ာက်မှာပါဘုရား။
တပည်တော်မ--မမပန်း
ယခုလို တဖတ်တလမ်းကနေ သတင်းစကားများ ပို့ပေးနေတဲ့ သီတဂူကျောင်းအမအား အထူးကျေးဇူးတင်ပါသည်။
သီတဂူစတား
၁၀-၂-၂၀၁၀
0 comments:
Post a Comment