
Saturday, September 27, 2014

sitagustar
No comments
သီတဂူ မျက်စိအထူးကုအစီအစဉ် (သီပေါမြို့)
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့်
သီပေါဆရာတော် ဦးပညာသိရီ ဦးဆောင်သော မျက်စိအထူးကုအစီအစဉ်ကို
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် (၂၅-၉ -၂၀၁၄)မှ
(၂၈-၉-၀၁၄)ရက်အထိ ဆောင်ရွက်နေပါသည်။
နှစ်ရက်တာကာလအတွင်း
မျက်စိဝေဒနာရှင်(၅၀၂)ယောက်ကို စမ်းသပ်စစ်ဆေးပေးပြီး၊ မျက်စိဝေဒနာရှင် (၆၂)ဦး
ခွဲစိပ်ကုသပြီး ဖြစ်ပါသည်။ စမ်းသပ်စစ်ဆေးခွဲစိပ်ကုသ
ပေးနေဆဲဖြစ်ပါသည်။
သီပေါဆရာတော် ဦးပညာသိရီ ဦးဆောင်သော
သီတဂူသီပေါစက္ခုဒါနအစီအစဉ်သည် (၃)လ (၁)ကြိမ် စီစဉ်ဆောင်ရွက်ခဲ့ရာ (၂၉)ကြိမ်မြောက်အထိ
ရောက်လာပြီဖြစ်သည်။ ယနေ့အထိ မျက်စိဝေဒနာရှင်(၁၄၂၄၇)ယောက်ကို
စမ်းသပ်စစ်ဆေးပေးခဲ့သည်၊ (၂၉၀၆)ဦးကိုတော့ ခွဲစိပ်ကုသပြီး လောကအလင်းများ
ရရှိသွားကြပြီ ဖြစ်သည်။
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ကျောက်မဲ၊ လားရှိုးနှင့်
ပြင်ဦးလွင်မြို့မှ မျက်စိအထူးကု ဆရာဝန်ကြီးများကလည်း လာရောက်ကူညီ ပညာဒါန၊
လုပ်အားဒါနများ ပြုပေးကြပါသည်။
ထို့အပြင် အမေရိကနိုင်ငံ၊ အင်္ဂလန်နိုင်ငံများမှ
မျက်စိအထူးကု ဆရာဝန်ကြီးများကလည်း လာရောက် ပညာဒါန၊
လုပ်အားဒါနပြုကြပါသည်။
သီတဂူစန်းလပမာ
ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရား နေရာတိုင်းမှာ
ထွန်းတောက်ပါစေ..
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Thursday, September 25, 2014

sitagustar
No comments
သီတဂူ မျက်စိအထူးကုအဖွဲ့ ( မြင်းခြံမြို့)
သီတဂူဆရာတော်ဦးဆောင်သော
သီတဂူမျက်စိအထူးကုအဖွဲ့သည် မြင်းခြံမြို့၊ သီတဂူအာယုပါလ မျက်စိအထူးကုဆေးရုံတွင်
(၁၄.၉-၂၀၁၄)မှ (၂၅-၉-၂၀၁၄)ရက်နေ့အထိ မျက်စိဝေဒနာရှင် (၄၅၀၀)ယောက်တို့ကို
စမ်းသပ်စစ်ဆေးပြီးသည်။ စမ်းသပ်ပြီး မျက်စိဝေဒနာရှင် (၄၅၀)ယောက်ကို
ခွဲစိပ်ကုသနိုင်ခဲ့ပြီးဖြစ်သည်။
သီတဂူမျက်စိအထူးကုအဖွဲ့တွင်
မျက်စိအထူးကုဆရာဝန်ကြီး
ပါမောက္ခဒေါက်တာဦးမြအောင်(ငြိမ်း)၊
မျက်စိအထူးကုဆရာဝန်ကြီး
ပါမောက္ခဒေါ်မြင့်ခိုင်(ငြိမ်း)၊
မျက်စိအထူးကုဆရာဝန်ကြီး
ပါမောက္ခဒေါက်တာဒေါ်ရီရီအောင်၊
မျက်စိအထူးကုဆရာဝန်ကြီး
ဒေါက်တာဦးလှမောင်တင်၊
မန္တလေးမျက်စိအထူးကုဆေးရုံမှ
မျက်စိအထူးကု
ဆရာဝန်ဒေါက်တာယဉ်ကြည်ဦး၊
မျက်စိအထူးကု
ဆရာဝန်ဒေါက်တာအိကေသွယ်ဟန်၊
မျက်စိအထူးကုဆရာဝန်
ဒေါက်တာဒေါ်သန္တာအောင်၊
မျက်စိအထူးကု
ဆရာဝန်ဒေါက်တာမောင်မောင်မျိုးဝင်း၊
မျက်စိအထူးကုဆရာဝန်
ဒေါက်တာဒေါ်သန္တာထွန်း၊
မျက်စိအထူးကုဆရာဝန်ဒေါက်တာ
ဒေါ်အေးသီတာမြင့်၊
သီတဂူအာယုဒါနဆေးရုံတော်မှ
ဒေါက်တာဒေါ်မိမိခင်ဦးဆောင်သော
သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)မှ သူနာပြု(၁၀)ဦး၊ မြင်းခြံမြို့
မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေးအဖွဲ့၊ ရိုးမဘဏ်၊ ကမ္ဘောဇဘာဏ်၊ ဆန္ဒတော်ပြည့်မှ
ဝန်ထမ်းများ၊ မြင်းခြံမြို့မှ ရပ်မိရပ်ဖများက ၀ိုင်းဝန်း
လုပ်အားဒါနပြုခဲ့ပါသည်။
သီတဂူစန်းလပမာချမ်းမြသာယာ
ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၉-၂၀၁၄

Friday, September 19, 2014

sitagustar
No comments
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စာမေးပွဲကြေညာ (ရန်ကုန်)
19-9-2014
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(ရန်ကုန်)မှာ ကျင်းပမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊ ပထမနှစ်ဝက် (First Semester Exam)
စာမေးပွဲများကို အောက်ပါအတိုင်း ကျင်းပမည်ဖြစ်သည်။
၁။ Fundamental
Buddhism အတန်း
လူဝတ်ကြောင်များအတွက် Fundamental Buddhism အတန်း ပထမနှစ်၊
ဒုတိယနှစ်များကို (၂၁-၉-၂၀၁၄) ၁၃၇၆ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၃)ရက်နေ့၊ နံနက်
(၈း၀၀)နာရီမှ စဖြေဆိုရမည်။
၂။ B.A & Diploma
တန်းများဘီအေတန်းနှင့် ဒီပလိုမာတန်းများကိုတော့ (၃-၁၀-၂၀၁၄ မှ ၇-၁၀-၂၀၁၄)
နေ့များအထိ (၅) ရက်တိုင်တိုင် နေ့လည် (၂း၀၀)နာရီမှ
စတင်ကျင်းပသွားမည်ဖြစ်သည်။
စာမေးပွဲအချိန်ဇယားများ၊ ခုံနံပါတ်များ၊
စာဖြေဌာနများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကြေညာဘုတ်တွင်
ကြည့်ရှုနိုင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
19-92014

Thursday, September 18, 2014

sitagustar
No comments
ဆိုးလ် World Alliance Religions Peace Summit ဒုတိယနေ့
ဒီကနေ့ (၁၈-၉-၂၀၁၄)
World Alliance Religions Peace Summit ဒုတိယနေ့အဖြစ် ကိုရီးယားနိုင်ငံ
ဆိုးလ်မြို့၊ နိုင်ငံတကာ အားကစားကွင်းမှာ ဆက်လက်ကျင်းပသည်။
ထိုအစည်းဝေးကြီးသို့
နိုင်ငပေါင်း (၂၀၀)မှ Participants ကိုယ်စားလှယ်ပေါင်း (၆၀၀၀) တက်ရောက်သည်။
သမ္မတဟောင်း၊ ဝန်းကြီးဟောင်း ၁၅ ယောက်လည်း တက်ရောက်ကြသည်။
မြန်မာပြည်မှ
သီတဂူဆရာတော်ကြီးက အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာများကိုယ်စား Achieving Peace
through Buddhist Teaching (မြတ်ဗုဒ္ဓ၏ဓမ္မဖြင့် ငြိမ်းချမ်းရေးသို့) ခေါင်းစဉ်ဖြင့်
၁၅ မိနစ်ခန့် မိန့်ခွန်းပြောကြားခဲ့သည်။
အစည်းအဝေးကြီး၏ အဓိကရည်ရွယ်ချက်က
၁။။
စစ်ပွဲတွေ ရပ်ပြီး ငြိမ်းချမ်းရေးရဖို့နှင့်
၂။ ဘာသာတရားတွေ ညီညွတ်ရေး
တိုဖြစ်သည်။
ဓာတ်ပုံများကို အရှင်ဝိသုတ
ပေးပို့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၉-၂၀၁၄
www.thesitagu.org
www.sitagustar2020.net

Tuesday, September 16, 2014

sitagustar
No comments
သီတဂူဆရာတော် ပါကစ္စတန်ရေဘေးတွက် ဒေါ်လာ တစ်သောင်းအလှူ
(Sitagu Donation to
Pakistan)
Sitagu Missionary Association has been established by Most. Ven.
Dr. Ashin Nyanissara with the aim of giving a hand to the needy who are really
in need, regardless of religion, race, color and caste. So far, much assistance
has been reached out to those who are in need far and near and to those whatever
religion they belong to.
Today is a remarkable day which we learn with great
pleasure that Sitagu Sayadaw, Most. Ven. Dr. Ashin Nyanissara has donated 10000
USD through Pakistani Embassy to some areas of Pakistan which are badly and
severely affected by the heavy flood.
It is a good example that it is a must
for everyone whatever religion they profess in to help those who are in
need.
English version by Ashin Visuta
သီတဂူဆရာတော်ကြီးသည် ပါကစ္စတန်နိုင်ငံ၊
ရေးဘေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းကို မြန်မာနိုင်ငံဆိုင်ရာ
ပါကစ္စတန်သံရုံး၊ ပါကစ္စတန်သံအမတ်ကြီးထံသို့ ၁၆-၉-၂၀၁၄ နေ့၊ နေ့လည်ပိုင်းက
သွားရောက်လှူဒါန်းသည်။
ဆရာတော်ကြီးက ထိုလှူဒါန်းပွဲမှာ
လှူဒါန်းရခြင်း၏အကြောင်းကို ပါကစ္စတန်သံအမတ်ကြီးနှင့် သံရုံဝန်ထမ်းများ၊
သတင်းထောက်များအား အောက်ပါအတိုင်း မိန့်ကြားသည်။
ချစ်ခြင်းအပေါ်မှာ
လက်တွဲခြင်း
ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာတို့ဆိုပြီး နိုင်ငံတွေနဲ့ လူမျိုးတွေ၊
ကိုးကွယ်သည့်ဘာသာတွေ မတူကြသော်လည်းဘဲ Problem ပြဿနာဆိုတာ ဖြစ်ရင်၊ ဥပမာ ရေနစ်နေရင်၊
မြန်မာပြည်မှာလည်း ရေကြီးတာတွေ၊ ရေနစ်တာတွေ အများကြီးပဲ၊ မြန်မာဗုဒ္ဓဘာသာမှာ
ဖြစ်သလို ခရစ်ယာန်၊ အစ္စလာန်၊ ပါကစ္စတန်မှာလည်း ဖြစ်တာပဲ။
အစ္စလာန်နှင့်ဗုဒ္ဓဘာသာ၊
ပါကစ္စတန်နှင့် မြန်မာဆိုတဲ့ အပေါ်က နာမည်လေးတွေကို ခဏဖယ်ထားလိုက်၊ ရေနစ်ခံရတဲ့ဒုက္ခ၊
ရေမြုတ်ခံရတဲ့ဒုက္ခဟာ ဘုံဆိုင်ပြဿနာ (Common Problem)ပဲ၊ အားလုံးနဲ့ဆိုင်နေတယ်။
အဲဒီတော့ အများနှင့်ဆိုင်နေတဲ့ ဒီပြဿနာကို ၀ိုင်းဝန်းပြီးတော့ ဖြေရှင်းပေးရမည်။
ဒါဟာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ရှိသည့် တာဝန်ပဲ။
မတူတာလေးတွေကို
ကြည့်ပြီးတော့ တူညီတဲ့အပေါ်မှာ လက်မတွဲနိုင်ကြရင် ကမ္ဘာကြီးက ပြဿနာတွေဟာ
ရှင်းလို့ရမှာ မဟုတ်တော့ဘူး။ အဲဒီရဲ့ အမှတ်လက္ခဏာကို ပြဖို့ ဒီကနေ့
ဒို့လာလှူခြင်းဖြစ်သည်။
တူညီသည့်ပြဿနာနှင့် တူညီတဲ့ စိတ်ထား
ရေမြုပ်ခြင်း၊
မီးလောင်ခြင်း၊ မိုးခေါင်းခြင်းဆိုတဲ့ ပြဿနာတွေဟာ တိုင်းပြည်နှင့်လူမျိုး၊
ကိုးကွယ်သည့်ဘာသာ မတူပေမဲ့ ဒီပြဿနာတွေ အားလုံးက တူနေတယ်။ ပြဿနာတွေ တူနေတယ်ဆိုရင်
Common Problem လို့ ခေါ်တယ်။ အဲဒီတူညီတဲ့ ပြဿနာကို တူညီတဲ့
စိတ်ဓာတ်တစ်ခုရှာပြီးတော့ အားလုံး ၀ိုင်းဖြေရှင်းရမည်။ ဒါဟာ ဘုန်းကြီးစိတ်ထဲမှာ
အမြဲတမ်းရှိတယ်။ အဲဒီတော့ ပရဟိတအသင်းအဖွဲ့အားလုံးကို ဘုန်းကြီး
ဒီအတိုင်းပဲပြောတယ်။
အဲဒီတော့ တူညီသော ပြဿနာအားလုံးကို တူညီသော စိတ်ဓာတ်ဖြင့်
ဝိုင်းဝန်းဖြေရှင်းဖို့ဆိုရာမှာ အခုလို ရေမြုပ်ခြင်းတို့၊ မီးလောင်ခြင်းတို့၊
တောင်ပြိုခြင်းတို့၊ မိုးခေါင်းခြင်းတို့၊ ငတ်မွတ်ခြင်းတို့ ဒုက္ခတွေကို
ဖယ်ရှားတဲ့နေရာမှာ ကရုဏာတရားအပေါ်မှာ အားလုံးလက်တွဲရမည့် Common Platformပဲ။ ဒီနေ့
ဘုန်းကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ အဲဒီ တူညီတဲ့ လမ်းပေါ်မှာ လက်တွဲပြီးတော့
ပါကစ္စတန်ရေဘေးအတွက် လှူတာပဲ။
ကရုဏာဆိုတာ သူတပါးဒုက္ခရောက်တဲ့အပေါ်မှာ ခံစားတဲ့
စိတ်။ ခံစားနေရုံနဲ့မပြီးသေးဘဲ သူတပါးရဲ့ ဒုက္ခကို ဖယ်ရှားပေးလိုတဲ့ စိတ်ဟာ ကရုဏာပဲ။
အဲဒီကရုဏာစိတ်ထားမျိုးဟာ လူမျိုးတိုင်း၊ ဘယ်ဘာသာကိုးကွယ်တဲ့ ဘာသာဝင်တိုင်းမှာမဆို
ရှိအပ်တဲ့ နှစ်လုံးသားရဲ့ အရည်အချင်းပါပဲဆိုတာ အဲဒါလေးနဲ့ နိဂုံးချုပ်ပါတယ်။
အားလုံးကျေးဇူးတင်ပါတယ်။
ပါကစ္စတန်ရေဘေးမှာ အသက်ဆုံးရှူံးသွားသူ ၃၀၀
ကျော်
အိုးမဲ့အိမ်မဲ့ဖြစ်သူ နှစ်သိန်းကျော် ရှိသူဟု ပါကစ္စတန်သံအမတ်ကြီးက
ဆရာတော်ကြီးအား လျှောက်ထားပါသည်။

Monday, September 15, 2014

sitagustar
No comments
သီတဂူစက္ခုဒါနဆေးရုံ (ကလေးမြို့)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ၊
သီတဂူစက္ခုဒါနဆေးရုံတော်ကို ရဟန်းရှင်-လူများ၏ ကောင်းမှုဖြင့် သီတဂူဆရာတော်၊
စကားလှဓမ္မာရုံဆရာတော်၊ နေသာပညာဒါနဆရာတော်၊ မဟာသန္တာရုံဆရာတော်တို့၏ သြ၀ါးကို
ခံယူလျှက် မြန်မာနှစ် ၁၃၇၁ခုနှစ်၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်တွင်
ဖွင့်လှစ်ခဲ့သည်။
ဖွင့်လှစ်ပြီးပြီးချင်းပဲ မျက်စိဝေဒနာရှင်များကို
ကုသပေးခဲ့ရာမှာ--
ပထမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၁၁၅၄။
ခွဲစိပ်လူနာ-၂၄၈
ဒုတိယအကြိမ် ကုသမှု
စမ်းသပ်လူနာ-၇၃၅။
ခွဲစိပ်လူနာ-၁၇၅
တတိယအကြိမ် ကုသမှု
စမ်းသပ်လူနာ-၆၀၅။
ခွဲစိပ်လူနာ-၁၉၆
စတုတ္ထအကြိမ် ကုသမှု
စမ်းသပ်လူနာ-၅၆၂။
ခွဲစိပ်လူနာ-၁၇၁
ပဉ္စမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၆၂၃။
ခွဲစိပ်လူနာ-၁၄၃
ဆဋ္ဌမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၄၈၁။
ခွဲစိပ်လူနာ-၁၃၈
သတ္တမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၈၀၁။
ခွဲစိပ်လူနာ-၁၉၂
အဋ္ဌမအကြိမ် ကုသမှု
စမ်းသပ်လူနာ-၁၈၅၀။
ခွဲစိပ်လူနာ-၃၀၃
န၀မအကြိမ် ကုသမှု
စမ်းသပ်လူနာ-၁၁၀၁။
ခွဲစိပ်လူနာ-၂၁၄
(၉)ကြိမ်တိုင်တိုင်အထိ စမ်းသပ်လူနာ- (၇၉၁၂)တို့ကို စမ်းသပ်
စစ်ဆေးပြီး၊ (၁၇၈၀)ဦးကိုတော့ ခွဲစိပ်ကုသပြီး မျက်စိအလင်းများ
ပေးနိုင်ခဲ့သည်။
တစ်မိသားစုတည်းမှာ မွေရာပါ မျက်မမြင် လေးယောက်လည်းပါသည်၊
မျက်လုံးနှစ်ခုလုံး အမြင်ရသွားကြသည်အတွက် ထိုမိသားစုတို့သည် အတိုင်းမသိ
ဝမ်းသာသွားကြသည်။
အလှူငွေ၊ သုံးငွေများ----
သီတဂူစက္ခုဒါနဆေးရုံ
(ကလေးမြို့)ကို အနယ်နယ်အရပ်ရပ်မှ လာရောက် ကုသမှုခံယူကြသည်၊ ရပ်ဝေးရပ်နီးမှ
အလှူရှင်များက လာရောက်လှူဒါန်းကြသည်။
ယနေ့အထိ အလှူငွေ--ကျပ်ငွေ
(၃၉,၇၁၃၉၀၀တို့ကို ရရှိသည်။ အသုံးပြုငွေမှာ--ကျပ်ငွေ ၄၀,၉၀၆၆၆၂ ရှိသည်။
ကုန်ကျစိရိတ် အသုံးပြုရာမှာ- ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမှ ဆရာဝန်များ၏
သွားလာစရိတ်၊ စားစရိတ်၊ လူနာများအတွက် ဆေးဝါးစရိတ်၊ မျက်မှန်စသည့်
လိုအိပ်သည်များကို လှူပေးပါသည်။
ယခုအခါ သီတဂူစက္ခုဒါနဆေးရုံတော်ကို
တိုးချဲ့ဆောက်လုပ်နေပြီ ဖြစ်ပါသည်။ စိတ်ပါဝင်စားသူတိုင်း ဆက်သွယ်နိုင်ပါသည်။
လှူဒါန်းနိုင်ပါသည်။
သီတဂူစက္ခုဒါနဆေးရုံတော်
စောင့်ရှောက်ရေးအဖွဲ့
ကလေးမြို့
ဖုန်း-၄၇၀၇
၂၂၂၀၅
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၉-၂၀၁၄

Thursday, September 11, 2014

sitagustar
No comments
သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ အလုပ်မှုဆောင်များ (EC)
အစည်းအဝေး
သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ အလုပ်မှုဆောင်များ (EC)
အစည်းအဝေးကို (၈-၉-၂၀၁၄) ညနေ (၃း၀၀)နာရီအချိန်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။
ထိုအစည်းအဝေးသို့ သီတဂူဆရာတော်ကြီးနှင့်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စီမံအုပ်ချုပ်ရေးနှင့် သင်ကြားစီမံအဖွဲ့ ပါမောက္ခ၊
ကထိကများ၊ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ဝင် ကပ္ပိယကာရကအဖွဲ့ဝင်လူကြီးမင်းများ
စုံညီစွာ တက်ရောက်ကြသည်။
ဆရာတော်ကြီးက အောက်ပါ အစီအစဉ်များကို ကြေညာသည်---
၁။
၂၀၁၅ခုနှစ် နှစ်ဦး ဇန္န၀ါရီလ (၅)မှ စ၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ကနေ
ရှမ်းပြည်တောင်ပိုင်း၊ ခိုလန်မြို့သို့ သီတဂူကျန်းမာရေး စောင့်ရှောက်အဖွဲ့
(စစ်ကိုင်း)တို့ ချီတက်ကြမည်။ ဇန္န၀ါရီ (၁၀)ရက်နေ့မှာတော့ သီတဂူကျန်းမာရေး
စောင့်ရှောက်အဖွဲ့ (ရန်ကုန်)သည် ရန်ကုန်ကနေ ကျိုင်းတုံမြို့သို့ ထွက်ခွါကြမည်။
ထိုအဖွဲ့အားလုံးသည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ သီတဂူစက္ခုဒါန
ဆေးရုံသို့ ဆက်လက် ထွက်ခွါကြမည်။
ရှမ်းတောင်၊ ခိုလန်၊ မိုင်းကန်းဘက်မှာ
စာသင်ကျောင်းနှစ်ကျောင်းအတွက် ဒေသခံများက အလှူခံရာ ဆရာတော်ကြီးနှင့်
သီတဂူကပ္ပိယအဖွဲ့တို့က သိန်း (၄၀၀)လောက် လှူဒါန်းဖို့ ရာထားသည်။
၂။ သီတဂူစက္ခုဒါန
ဆေးရုံ (အုပ်ဖို) ပဲခူးတိုင်းဒေသကြီး ဖွင့်ပွဲကို ၂၀၁၄ခုနှစ် နိုဝင်ဘာလ
(၂၁-၂၂-၂၃-၂၄) ရက်များတွင် ကျင်းပမည်။ ထိုရက်များတွင် ဒေသခံမျက်စိဝေဒနာရှင်များအား
အခမဲ့ကုသပေးမည်။ ထိုရက်များတွင် ဆရာတော်ကြီးနှင့်အတူ သီတဂူဓမ္မကထိကများက ညစဉ်
တရားဓမ္မများ ဟောကြားပေးမည်။ ထိုပွဲအပြီးမှာပဲ သဲကုန်း သီတဂူစက္ခုဒါနဆေးရုံတွင်
(၃)ရက်တိုင်တိုင် ဒေသခံမျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးမည် ဖြစ်သည်။
၃။
သီတဂူကျန်းမာရေး စောင့်ရှောက်အဖွဲ့တို့သည် ဖေဖော်ဝါရီလလောက်တွင် အောက်မြန်မာပြည်
ဧရာဝတီတိုင်းဒေသ၊ မော်ကျွန်း၊ ဟိုင်းကြီးကျွန်း သီတဂူစက္ခုဒါနဆေးရုံများသို့
ကျိုင်းတုံဒေသအပြီးမှာ ဆက်လက် ထွက်ခွါကြမည်။
၎။ နီပေါလ်နိုင်ငံ
“မြတ်ဗုဒ္ဓဖွားမြင်ရာ လုမ္ဗိနီဒေသ ဗုဒ္ဓဘာသာအမွေအနှစ် ထိမ်းသိမ်းစောင့်ရှောက်ရေး”
နိုင်ငံတကာ အစည်းအဝေးကို ၂၀၁၄ နိုဝင်ဘာ ၁၅-၁၆-၁၇-၁၈ ရက်များတွင် ကျင်းပမည်ဖြစ်သည်။
ထိုအစည်းအဝေးကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် နီပေါလ်နိုင်ငံ ထေရ၀ါဒ တက္ကသိုလ်တို့
ပူးပေါင်းကျင်းပသည်။ မြန်မာပြည်မှ သီတဂူသာသနာပြုအဖွဲ့ ဒကာဒကာမများက ထောက်ပံ့ကြသည်။
ထိုခရီးစဉ်ကို လိုက်ပါမည့် အစီအစဉ်များကိုလည်း ထည့်သွင်းပြောကြားသည်။
၅။
စစ်ကိုင်းမြို့ ထူပါရုံစေတီတော်ကြီး ထီးတော်၊ ငှက်မျက်နားတော်၊
စိန်ဖူးတော်တင်လှူပွဲနှင့် သံဃာတစ်ထောင် ဘုရားအနေကဇာတင်ပွဲနှင့် စစ်ကိုင်းမြို့တည်
နှစ် (၇၀၀)ပြည့်ပွဲကို ၂၀၁၅ နိုဝင်ဘာလလောက်မှာ စည်းကားသိုက်မြိုက်စွာ
ကျင်းပမည်ဖြစ်သည်။ ထိုအထွက် သီတဂူသာသနာပြုအဖွဲ့က ပင်မ အလှူဖြစ်
တာဝန်ယူထားသည်။
အစီအစဉ် (၅)ရက် ပင်မထားပြီး သီတဂူအပြည်ပြည်ဆိုင်ရာ သာနာပြုအဖွဲ့၏
လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး သီတဂူအဓိဋ္ဌာန်ဖြင့် အခမ်းအနားကို
ရုတ်သိမ်းသည်။
အစီအစဉ်များအပြီး သီတဂူသာသနာပြုအဖွဲ့ဝင် အလုပ်မှုဆောင်အဖြစ်
မျက်စိဆရာဝန် ဒေါက်တာစဂျေလွင်ကို ခန့်အပ်ပြီး ဆရာတော်ကြီးကိုယ်တိုင်
သီတဂူသာသနာပြုအဖွဲ့တံဆိပ်ကို ပေးအပ်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၉-၂၀၁၄

Saturday, August 30, 2014

sitagustar
1 comment
သီတဂူ စီမီနာ (ရန်ကုန်)
ဒီနေ့ (၃၀-၈-၂၀၁၄) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) က
အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်ဗုဒ္ဓတက္ကသိုလ်
(Ph.D, M.A Tour) (၅၉)ယောက်ပါ ပါရဂူကျောင်းသားများ၊ မဟာတန်းကျောင်းသားများ
လေ့လာရေးအဖွဲ့နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တို့၏ စီမီနာပွဲကြီးကို
ခန်းနားထည်ဝါစွာ အောင်မြင်စွာ စည်းကားသိုက်မြိုက်စွာ
ကျင်းပသည်။
အထူးဖိတ်ကြားထားသည့် သီတဂူဒေါက်တာအရှင်ဣန္ဒက၊ ဒေါက်တာခင်မောင်ညွှန့်၊
ဦးအောင်သိန်းညွှန့်နှင့် ထိုင်းနိုင်ငံမှ စာပေပညာရှင်များက စားတမ်း (၅)စောင်
ဖတ်ကြားကြသည်။ ပြင်ပလေ့လာသူများ၊ ထိုင်း-မြန်မာကျောင်းသား ၁၂၀ တက်ရောက်ကြသည်။
နေ့လည် (၁)နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
သင်ကြားစီမံအဖွဲ့က ကမကထပြုလုပ်ပေးသည်။ တော်ဝင်ဂါးဒင်းဟိုတယ်နှင့် တော်ဝင်စင်တာ
“တော်ဝင်မိသားစု ကုမ္ပဏီ”က ဧည့်ခံကျွေးမွေးသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

Wednesday, August 27, 2014

sitagustar
No comments
သီတဂူစက္ခုဒါနဆေးရုံ (သီပေါမြို့)
မျက်စိအလှူတော်အစီအစဉ်
သီတဂူဆရာတော်ကြီးဦးဆောင်သော
သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့၊ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင်ရှိသော
သီတဂူစက္ခုဒါနဆေးရုံတော်တွင် ၂၀၁၄-စက်တင်ဘာလ (၂၅)ရက်နေ့မှ (၂၈)ရက်နေ့အထိ အခမဲ့
ကြည့်ရှုပေးခြင်း၊ စမ်းသပ်ပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းများ ပြုလုပ်ပေးမည်
ဖြစ်ပါသည်။
မျက်စိဝေဒနာရှင်များအနေဖြင့် သီတဂူစက္ခုဒါနဆေးရုံတော်
(သီးပေါမြို့)သို့ ကြိုတင်ဆက်သွယ် စာရင်းပေးနိုင်ကြပြီဖြစ်ပါကြောင်း
သိရှိစေအပ်ပါသည်။
ယခု သီပေါဆေးရုံတော်၏ စက္ခုဒါနအစီစဉ်သည် ၂၉ကြိမ်မြောက်ဖြစ်ပြီး
သီတဂူဆရာတော်ဘုရားကြီး ကိုယ်တိုင် ကြွရောက်ချီးမြှင့်ပေးမည်
ဖြစ်ပါသည်။
သီတဂူဆရာတော်ဘုရားကြီးသည် စက်တင်ဘာ ၂၄-ရက်နေ့တွင် သီပေါမြို့၊
၂၅-ရက်နေ့တွင် နမ္မတူမြို့နှင့် ၂၆-ရက်နေ့တွင် လားရှိုးမြို့များတွင်
တရားရေအေးတိုက်ကြွေးပါမည် ဖြစ်ပါသည်။

Monday, August 25, 2014

sitagustar
No comments
သီတဂူဟုမ္မလင်းဆေးရုံ - လည်ပင်းကြီးအထူးကုသမှု အစီစဉ်
သီတဂူဆရာတော်ဘုရားကြီး၏
ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အစီစဉ်များအရ စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်း၊ ဟုမ္မလင်းမြို့ သီတဂူဆေးရုံတော်တွင် လည်ပင်းကြီးရောဂါ အထူးကုသရေး အစီစဉ်
စတင်တော့မည် ဖြစ်ပါသည်။
သီတဂူဆရာတော်ကြီး၏ (ကိုယ်စား) ဆရာတော်အရှင်ကောဝိဒ
(သီတဂူသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ)၊ ဒေါက်တာ အရှင်သေဋ္ဌိလ (သီတဂူအာယုဒါနဆေးရုံ
အုပ်ချုပ်ရေးမှူး)တို့မှ ဦးဆောင်တာဝန်ယူကာ နိုင်ငံခြား ဆရာဝန်များ၊
မြန်မာဆရာဝန်များ၊ သီတဂူအာယုဒါနမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်ဇော်၊
လက်ထောက်ဆေးရုံအုပ် ဒေါက်တာမိမိခင်တို့မှ သူနာပြုများနှင့်အတူ လက်တွဲ
ဆောင်ရွက်ကြမည်ဖြစ်ပါသည်။
၂၃-၀၈-၂၀၁၄ (စနေနေ့) မနက်ပိုင်းတွင် အမေရိကန်နိုင်ငံ၊
ဟာဝိုင်အီမှ အေလိုဟာ ဆရာဝန်အဖွဲ့သည် ရန်ကုန်မြို့မှ ဟုမ္မလင်းမြို့သို့ သွားရောက်ခဲ့
ကြပါသည်။ ရန်ကုန်မြို့ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်
နိုင်ငံခြားဆရာဝန်များအား ကြိုဆိုခြင်း၊ လိုက်လံ ပို့ဆောင်ခြင်းများကို
သီတဂူဦးကျော်မိုးနိုင်နှင့်အဖွဲ့မှ ဆောင်ရွက်ပေးခဲ့ပြီး ဆရာဝန်များ
ရောက်ရှိလာသည့်အခါ ဟုမ္မလင်း မြို့သူမြို့သားများမှ ရှမ်းရိုးရာအကများဖြင့်
သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။
ထိုနေ့မှစပြီး
အမေရိကန်ဆရာဝန်အဖွဲ့၊ ရွှေဘိုမှဆရာဝန်များနှင့်သူနာပြုများ၊ သီတဂူဆရာဝန်အဖွဲ့နှင့်
သူနာပြုများ ပူးပေါင်းလျက် လည်ပင်းကြီးလူနာများကို ခွဲစိပ်ကုသပေးမည်ဖြစ်ပါကြောင်း
သိရှိစေအပ်ပါသည်။
၁။ သီတဂူဦးကျော်မိုးနိုင်မှ
လိုက်လံပို့ဆောင် (ရန်ကုန်လေဆိပ်)
၂။ ဟုမ္မလင်းမှ သီတဂူဆရာဝန်၊
သူနာပြုများအဖွဲ့
၃။ စောင့်ဆိုင်းနေသာ လူနာများ
၎။ ဒေါက်တာဝေဠုရိယာလင်္ကာရ
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ မန္တလေးကျောင်းအုပ်)နှင့် တိုင်းရင်းသူများ
၅။
ဟုမ္မလင်းလေဆိပ်ဆရာဝန်များကြိုဆို (ရှမ်းရိုးရာအက)
၆-၁၂။
လူနာများ၏အခြေနေကြည့်ရှုစစ်ဆေးစဉ်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း
ဟုမ္မလင်းမြို့၏ ဆက်သွယ်ရေး အခြေနေ အရ (ဖုန်း၊ အင်တာနက်) ဓါတ်ပုံများ ထပ်မံ
ရောက်ရှိလာပါက ဆက်လက်တင်ပြပေးသွားမည် ဖြစ်ပါသည်။
၂၂၊ ၀၈၊ ၁၄မှ ၂၄၊ ၀၈၊ ၁၄အထိ
ဟုမ္မလင်း သီတဂူဆေးရုံတွင် လည်ပင်းကြီးလူနာများကို ခွဲစိပ်ကုသခဲ့ရာ
ခွဲစိပ်ကုသပြီးလူနာပေါင်း ၃၉ယောက်တို့ကို ကုသပေးနိုင်ခဲ့ပါကြောင်း ရပ်ဝေးရပ်နီးနေ
မိတ်ဆွေ အပေါင်းကို သတင်းစကား ပါးအပ်ပါသည်။
“သီတဂူစန်းလပမာ
ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၈-၂၀၁၄
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...