
Monday, August 25, 2014

sitagustar
No comments
သီတဂူဟုမ္မလင်းဆေးရုံ - လည်ပင်းကြီးအထူးကုသမှု အစီစဉ်
သီတဂူဆရာတော်ဘုရားကြီး၏
ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အစီစဉ်များအရ စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်း၊ ဟုမ္မလင်းမြို့ သီတဂူဆေးရုံတော်တွင် လည်ပင်းကြီးရောဂါ အထူးကုသရေး အစီစဉ်
စတင်တော့မည် ဖြစ်ပါသည်။
သီတဂူဆရာတော်ကြီး၏ (ကိုယ်စား) ဆရာတော်အရှင်ကောဝိဒ
(သီတဂူသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ)၊ ဒေါက်တာ အရှင်သေဋ္ဌိလ (သီတဂူအာယုဒါနဆေးရုံ
အုပ်ချုပ်ရေးမှူး)တို့မှ ဦးဆောင်တာဝန်ယူကာ နိုင်ငံခြား ဆရာဝန်များ၊
မြန်မာဆရာဝန်များ၊ သီတဂူအာယုဒါနမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်ဇော်၊
လက်ထောက်ဆေးရုံအုပ် ဒေါက်တာမိမိခင်တို့မှ သူနာပြုများနှင့်အတူ လက်တွဲ
ဆောင်ရွက်ကြမည်ဖြစ်ပါသည်။
၂၃-၀၈-၂၀၁၄ (စနေနေ့) မနက်ပိုင်းတွင် အမေရိကန်နိုင်ငံ၊
ဟာဝိုင်အီမှ အေလိုဟာ ဆရာဝန်အဖွဲ့သည် ရန်ကုန်မြို့မှ ဟုမ္မလင်းမြို့သို့ သွားရောက်ခဲ့
ကြပါသည်။ ရန်ကုန်မြို့ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်
နိုင်ငံခြားဆရာဝန်များအား ကြိုဆိုခြင်း၊ လိုက်လံ ပို့ဆောင်ခြင်းများကို
သီတဂူဦးကျော်မိုးနိုင်နှင့်အဖွဲ့မှ ဆောင်ရွက်ပေးခဲ့ပြီး ဆရာဝန်များ
ရောက်ရှိလာသည့်အခါ ဟုမ္မလင်း မြို့သူမြို့သားများမှ ရှမ်းရိုးရာအကများဖြင့်
သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။
ထိုနေ့မှစပြီး
အမေရိကန်ဆရာဝန်အဖွဲ့၊ ရွှေဘိုမှဆရာဝန်များနှင့်သူနာပြုများ၊ သီတဂူဆရာဝန်အဖွဲ့နှင့်
သူနာပြုများ ပူးပေါင်းလျက် လည်ပင်းကြီးလူနာများကို ခွဲစိပ်ကုသပေးမည်ဖြစ်ပါကြောင်း
သိရှိစေအပ်ပါသည်။
၁။ သီတဂူဦးကျော်မိုးနိုင်မှ
လိုက်လံပို့ဆောင် (ရန်ကုန်လေဆိပ်)
၂။ ဟုမ္မလင်းမှ သီတဂူဆရာဝန်၊
သူနာပြုများအဖွဲ့
၃။ စောင့်ဆိုင်းနေသာ လူနာများ
၎။ ဒေါက်တာဝေဠုရိယာလင်္ကာရ
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ မန္တလေးကျောင်းအုပ်)နှင့် တိုင်းရင်းသူများ
၅။
ဟုမ္မလင်းလေဆိပ်ဆရာဝန်များကြိုဆို (ရှမ်းရိုးရာအက)
၆-၁၂။
လူနာများ၏အခြေနေကြည့်ရှုစစ်ဆေးစဉ်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း
ဟုမ္မလင်းမြို့၏ ဆက်သွယ်ရေး အခြေနေ အရ (ဖုန်း၊ အင်တာနက်) ဓါတ်ပုံများ ထပ်မံ
ရောက်ရှိလာပါက ဆက်လက်တင်ပြပေးသွားမည် ဖြစ်ပါသည်။
၂၂၊ ၀၈၊ ၁၄မှ ၂၄၊ ၀၈၊ ၁၄အထိ
ဟုမ္မလင်း သီတဂူဆေးရုံတွင် လည်ပင်းကြီးလူနာများကို ခွဲစိပ်ကုသခဲ့ရာ
ခွဲစိပ်ကုသပြီးလူနာပေါင်း ၃၉ယောက်တို့ကို ကုသပေးနိုင်ခဲ့ပါကြောင်း ရပ်ဝေးရပ်နီးနေ
မိတ်ဆွေ အပေါင်းကို သတင်းစကား ပါးအပ်ပါသည်။
“သီတဂူစန်းလပမာ
ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၈-၂၀၁၄
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗုဒ္ဓဘာသာသည် religion မဟုတ် ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂ...
-
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ဖိတ်ကြားအပ်ပါသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည်...
-
အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသု...
-
မဟာစည်းခုံကြီးစေတီတော် ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား ပထမဘုံ ထီးတော်တင်လှူနေပုံ သံဃာတော်များ ထီးတော်တင်လှူနေစဉ် စေ...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
0 comments:
Post a Comment