သီတဂူစတား

သီတဂူစတား

15 January 2015

သီပေါ သီတဂူစက္ခုဒါနဆေးရုံ မျက်စိအထူးကု

သီပေါ သီတဂူစက္ခုဒါနဆေးရုံ မျက်စိအထူးကု

သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်အရ သီပေါ သီတဂူစက္ခုဒါနဆေးရုံတော်ကို ဇန္န၀ါရီလ ၁၈-ရက်နေ့တွင် ၃၀-ကြိမ်မြောက် အခမဲ့ကုသိုလ်ဖြစ် ဖွင့်လှစ်ကုသပေးပါမည်။

US မှ GLOBAL COMMUNITY SERVICE FOUNDATION အဖွဲ့က သီတဂူဆရာတော်ကြီး၏ မေတ္တာရပ်ခံချက်ဖြင့် မျက်စိအထူးကုသမားတော်ကြီး Professor Chandra Suresh ခေါင်းဆောင်သော မျက်စိအထူးကု ကုဆရာဝန်ကြီးများ လာရောက်ကုသပေးပါမည်။

သီပေါ သီတဂူစက္ခုဒါနဆေးရုံတော်မှ စေတနာ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်းခွဲစိတ် ကုသပေးကြပါမည်။

သတင်းဓာတ်ပုံ-Sitagu hsipaw
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁-၂၀၁၅
www.sitagustar2020.net

စစ်ကိုင်းတောင်‬ သီတဂူအာယုဒါနဆေးရုံ

စစ်ကိုင်းတောင်‬ သီတဂူအာယုဒါနဆေးရုံ

စစ်ကိုင်းတိုင်းဒေသကြီး သီတဂူအာယုဒါနဆေးရုံတော်၌ 11-1-2015မှစတင်ကာ လေးရှားနိုင်ငံမှ မျက်စိအထူးကုဆရာဝန်ကြီးများ လာရောက်ခွဲစိပ်ကုသ ပေးလျှက်ရှိရာ ယနေ့ဆိုလျှင် (၃)ရက်မြောက်ဖြစ်သည်။ (၁၈-၁-၂၀၁၅)ရက်နေ့အထိ ကုသပေးမည်ဖြစ်သည်။

၁၃ရက်နေ့တွင် ပြင်ပလူနာေုပါင်း ၂၃ယောက်။ ခွဲစိပ်ကုသပြီးလူနာပေါင်း ၄၁ယောက်တွင် နောက်ခန်းလူနာ ၉ယောက်။ ရှေ့ခန်းလူနာ ၃၂ယောက်ဖြစ်ပြီး ခွဲစိပ်ရန် အဆင်သင့်ဖြစ်နေသော လူနာ ဆေးရုံပေါ်မှာ (၃၄)ယောက် ကျန်ရှိပါသေးသည်။ မနက်ဖန်ချိန်းထားသောလူနာများလည်း ကျန်ပါသေးသည်။ 

ယခုဆိုလျှင် ခွဲစိပ်ပြီး လူနာပေါင်း (၆၈)ယောက်ဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၁-၂၀၁၅

14 January 2015

ထားဝယ် သီတဂူအာရောဂျဒါန - ဘယ်လ်ဂျီယမ်ဆရာဝန်အဖွဲ့

ထားဝယ် သီတဂူအာရောဂျဒါန - ဘယ်လ်ဂျီယမ်ဆရာဝန်အဖွဲ့
---------------------------------------


၂၀၁၅ခုနှစ် ဇန္န၀ါရီလ ၁၂-၁၃- - နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှင့် အခြားအကြီးစားခွဲစိပ်မှုများ (၅၁) ယောက်ကို ကုသပေးနိုင်ခဲ့သည်။

သီတဂူဆရာတော်ဘုရားကြီး၏ ကျန်းမာရေးစောင့်ရှောက်မှု အစီစဉ်များထဲမှ တစ်ခုဖြစ်သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကုသပေးရေး အစီစဉ်အရ ထားဝယ်မြို့၊ သီတဂူအာရောဂျဒါနဆေးရုံတွင် ဘယ်လ်ဂျီယံနိုင်ငံမှ Dr. Patrict Tonnord ဦးဆောင်သော (ဘယ်လ်ဂျီယမ် အထူးကုအဖွဲ့) သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများအပြင် အသားပို၊ အဆီပိုများ ခွဲထုပ်ပေးခြင်း၊ မတော်တဆ လွှ၊ဓားစသည်တို့ကြောင့် ဒဏ်ရာ ပြင်းထန်စွာရရှိသူများ၊ မီးလောင်ဒဏ်ရာရရှိသူများအားလည်း ခွဲစိတ်ကုသမှုပေးခဲ့သည်။

သတင်းဓာတ်ပုံ- ထားဝယ်သား သီတဂူဦးကျော်မြဟန်

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၁-၂၀၁၅
www.sitagustar2020.net

13 January 2015

စီမံအုပ်ချုပ်ရေးအဖွဲ့၏ အထူးကြညာချက်

အထူးကြေညာချက်
၁၃-၁-၂၀၁၅
------------------------


သီတဂူဆရာတော်ကြီးသည် International Association Of Theravada Buddhist University (ATBU) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌအဖြစ်တာဝန် ထမ်းဆောင်လျှက်ရှိသည်။

သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့၏ အဓိပတိ၊ မန္တလေး မလွန်ဆန်လှူအသင်းကြီး၏ သြ၀ါဒါစရိယ၊ ရန်ကုန် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ သြ၀ါဒါစရိယမှတပါး မြန်မာနိုင်ငံအတွင်း အခြားသော မည်သည့်ဘာသာရေးအသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့တွေမှာ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖြစ် စသည် တာဝန်ထမ်းဆောင်ခြင်းမရှိကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ကြေညာလိုက်သည်။

စီမံအုပ်ချုပ်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ဒဂုံမြို့မြောက်ပိုင်း၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်းမကြီး
ရန်ကုန်၊
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၁-၂၀၁၅
www.sitagustar2020.net

သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်) ကျန်းမာရေးစောင့်ရှောက်မှု

သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်) ကျန်းမာရေးစောင့်ရှောက်မှု

၁၂-၁-၂၀၁၅ နေ့က ထားဝယ်မြို့၊ သီတဂူအာရောဂျဒါနဆေးရုံတွင် ဘယ်လ်ဂျီယံနိုင်ငံမှ Patrict Tonnord တို့အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များကို ကုသပေးခဲ့ပါသည်။

ကလေးငယ် အယောက် (၇၀)ကျော်ကို စမ်းစစ်ဆေးခြင်း။

(၂၈) ယောက်ကို ခွဲစိပ်ကုသ ပြုပြင်ပေးပြီးဖြစ်သည်။ ယောက်ျားလေး-၁၅ ယောက်နှင့် မိန်းကလေး (၁၃)ယောက်တို့ဖြစ်သည်။

သူတို့လေးတွေ သိတတ်လာသည့်အချိန်ဝယ် မိမိတို့ရဲ့ အလှပျက်နေသော နှုတ်ခမ်းများအတွက် မပူပန်ရတော့ပေ။

၁၃-၁-၂၀၁၅ ရက်နေ့တွေင် (၁၆) ယောက်ခွဲစိပ် ပြုပြင်ပေးမည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၁-၂၀၁၅

12 January 2015

သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း) မျက်စိကုသ

သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း) မျက်စိကုသ

စစ်ကိုင်းတောင်၊ သီတဂူဆရာတော်ကြီး၏ ဆေးရုံပေါင်းများစွာတွင် ပထမဦးဆုံး တည်ထောင်ထားသော သီတဂူအာယုဒါနဆေးရုံတော်၌ မျက်စိဝေဒနာရှင်များကို ခွဲစိပ်ကုသမှုများကို စတင်နေပါပြီ။

ကုသမည့်ရက်-၁၁-၁-၂၀၁၅ မှစတင် ၁၈-၁-၂၀၁၅
ဆရာဝန်များ= မလေးရှားနိုင်ငံမှ မျက်စိအထူးကု ဒေါက်တာဝိုင်ဝိုင်ချွန်ဦးဆောင်သော အဖွဲ့နှင့် သီတဂူအာယုဒါနဆေးရုံမှ ဆရာဝန်၊ သူနာပြုများ။

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ဆက်သွယ်ရန်- သီတဂူအာယုဒါနဆေးရုံတော်၊ စစ်ကိုင်း၊ ဖုန်း ၀၇၂-၂၁၃၁၀

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁-၂၀၁၅

11 January 2015

သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်မြို့) နှုတ်ခမ်း၊ အာခေါင်ကွဲများကုသ

သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်မြို့) နှုတ်ခမ်း၊ အာခေါင်ကွဲများကုသ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ သီတဂူအာရောဂျဒါနဆေးရုံတွင် (၁၁-၁-၂၀၁၅)နေ့ကစပြီး ဘယ်လ်ဂျီယံနိုင်ငံမှ Pactrict Tonnordတို့အဖွဲ့က နူတ်ခမ်းကွဲ၊ အာခေါင်ကွဲများကို ကုသမူများ ပေးနေပါပြီ။

သီတဂူဆရာတော်ကြီး၏လမ်းညွှန်မှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံ ဆရာဝန်များသည် မြန်မာလေကြောင်းဖြင့် ထားဝယ်မြို့သို့ ယနေ့(၁၁.၁.၂၀၁၅)(၁၄း၄၀)နာရီ တွင်ရောက်ရှိလာကြပါသည်။

ဓာတ်ပုံများကို ထားဝယ်မြို့တော် သတင်းဆိုက်မှကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၁-၂၀၁၅
www.thesitagu.org

10 January 2015

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲရက် ထုတ်ပြန်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာမေးပွဲရက် ထုတ်ပြန်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၄-၂၀၁၅ ပညာသင်နှစ် နောက်ဆုံး (ဒုတိယနှစ်ဝက်) စာမေးပွဲ ရက်များကို အချိန်နှင့်တကွ အောက်ပါအတိုင်း ဒီကနေ့ (၁၀-၁-၂၀၁၅) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

၁။ Fundamental Buddhism ပထမနှစ်၊ ဒုတိယနှစ်
-------------------------------------
၁၃၇၆ ခုနှစ် တပိုတွဲလဆန်း (၁၃)ရက် (၁-၂-၂၀၁၅) နံနက် (၈း၀၀ မှာ ၁၀း ၀၀ အထိ)

၂။ ဘီအေတန်းနှင့် ဒီပလိုမာတန်း
----------------------------------
၁၃၇၆ ခုနှစ် တပိုတွဲလပြည့်ကျော် (၁၀ရက်မှ ၁၄)ရက်အထိ၊ ( ၂၀၁၅ ဖေဖော်ဝါရီလ ၁၃-၁၄-၁၅-၁၆-၁၇) ရက်များ နေ့လည် ၂း၀၀ မှ ၄း၀၀ အထိ။

စာမေးပွဲဖြေဆိုရမည့် အတန်းအလိုက် စာသင်ခန်းများကို တက္ကသိုလ်၏ ကြော်ငြာဘုတ်တွင် ကြေညာထားပြီးဖြစ်သည်။

ဘီအေတန်းနှင့် ဒီပလိုမာတန်း ရက်နှင့် အချိန်တို့သည် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုံးခုလုံး၏ တစ်ချိန်တည်း တစ်ရက်တည်းပင် ဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၁-၂၀၁၅

08 January 2015

သီတဂူစတား မလေးရှား သွားမည်


အို----သူတော်စင်အပေါင်းတို့---
သီတဂူစတား ၁၆-၁-၂၀၁၅ နေ့တွင် အဲယား အေးရှား လေကြောင်းလိုင်းဖြင့် မလေးရှားနိုင်ငံသို့ ကြွရောက်မည် ဖြစ်သည်။

“ရတနတ္တယဂုဏ အာနုဘာဝေန ဂမနံ မေ သမိဇ္ဈတု”- ရတနာသုံးပါး၏ ဂုဏ်တော် အာနုဘော်တော်တို့ကြောင့် ဓမ္မခရီးအောင်မြင်ပါစေ---

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၁-၂၀၁၅

06 January 2015

ဘာတွေ ထားပစ်ခဲ့မလဲ။ ဘာတွေ ယူသွားမလဲ

ဘာတွေ ထားပစ်ခဲ့မလဲ။ ဘာတွေ ယူသွားမလဲ
 
၃-၁-၂၀၁၅ ရက်နေ့ မနက်စောစော အီရန်နိုင်ငံမှ ပြန်ကြွ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြည်သူများအား New Year Wish 2015 နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
-----------------------------------
နှစ်သစ်ဆိုပေမဲ့ နှစ်က သုံးရက်ဟောင်းသွားပြီ၊ New Year Wish က တစ်လုံးတည်းပါ။ တစ်နှစ်ကုန်သွားပြီ။ ငါ့ဘ၀အတွက်ရော၊ ငါ့တိုင်းပြည်၊ ငါ့သာသနာ၊ ငါ့လူမျိုးအတွက် ငါ ဘယ်လောက် အလုပ်လုပ် ပေးနိုင်ခဲ့သလဲ။ လာမည့်နှစ်သစ်အတွက် ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါကိုယ်တိုင်အတွက် ငါ ဘယ်လောက် အလုပ်လုပ်ဦးမလဲ။ အဲဒီမေးခွန်းကို နာနာမေးပြီးတော့ ဖြေနိုင်ဖို့ လုပ်ကြပါ။

နိဂုံးကတော့ ငါ ဘာထားပစ်ခဲ့မလဲ။ တစ်နှစ်ကုန်ရင် တစ်နှစ်သေဖို့ နီးလာကြပြီ။ တစ်ရက်ကုန်တာနဲ့ သေမယ့်ဘက်ကို တစ်ရက်နီးသွားပြီ။ တစ်လကုန်တာနဲ့ သေမည့်ဘက်ကို တစ်လနီးလာပြီ။ တစ်နှစ်ကုန်ရင် လူ့ဘ၀နေဖို့အချိန်ဟာ တစ်နှစ်လျှော့သွားပြီ။ အဲဒါကြောင့် ငါဘာထားပစ်ခဲ့မလဲ။ ငါဘာယူသွားမလဲ။ အဲဒီမေးခွန်းကို နာနာမေးပြီးတော့ တစ်တိုင်းလုံး တစ်ပြည်လုံးက ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေး ခေါင်းဆောင်တွေ၊ တိုင်းသူပြည်သားတွေ ဒီမေးခွန်းနှစ်ခုကို အဖြေကောင်းရအောင် လုပ်ကြပါလို့ နှစ်သစ်မှာ နှုတ်ခွန်းဆက်သပါတယ်။

သီတဂူဆရာတော်
၃-၁-၂၀၁၅

မှတ်ချက်။ ။ အတွဲ (၅) အမှတ် (၁၅) လျှပ်တစ်ပြက် ဂျာနယ်မှ ကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၆-၁-၂၀၁၅
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes