
Tuesday, January 06, 2015

sitagustar
No comments
ဘာတွေ ထားပစ်ခဲ့မလဲ။ ဘာတွေ
ယူသွားမလဲ
၃-၁-၂၀၁၅ ရက်နေ့
မနက်စောစော အီရန်နိုင်ငံမှ ပြန်ကြွ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ
ပြည်သူများအား New Year Wish 2015 နှစ်သစ် နှုတ်ခွန်းဆက်စကား
ပြောကြားခဲ့သည်။
-----------------------------------
နှစ်သစ်ဆိုပေမဲ့ နှစ်က
သုံးရက်ဟောင်းသွားပြီ၊ New Year Wish က တစ်လုံးတည်းပါ။ တစ်နှစ်ကုန်သွားပြီ။
ငါ့ဘ၀အတွက်ရော၊ ငါ့တိုင်းပြည်၊ ငါ့သာသနာ၊ ငါ့လူမျိုးအတွက် ငါ ဘယ်လောက် အလုပ်လုပ်
ပေးနိုင်ခဲ့သလဲ။ လာမည့်နှစ်သစ်အတွက် ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့ဘာသာ၊
ငါကိုယ်တိုင်အတွက် ငါ ဘယ်လောက် အလုပ်လုပ်ဦးမလဲ။ အဲဒီမေးခွန်းကို နာနာမေးပြီးတော့
ဖြေနိုင်ဖို့ လုပ်ကြပါ။
နိဂုံးကတော့ ငါ ဘာထားပစ်ခဲ့မလဲ။ တစ်နှစ်ကုန်ရင်
တစ်နှစ်သေဖို့ နီးလာကြပြီ။ တစ်ရက်ကုန်တာနဲ့ သေမယ့်ဘက်ကို တစ်ရက်နီးသွားပြီ။
တစ်လကုန်တာနဲ့ သေမည့်ဘက်ကို တစ်လနီးလာပြီ။ တစ်နှစ်ကုန်ရင် လူ့ဘ၀နေဖို့အချိန်ဟာ
တစ်နှစ်လျှော့သွားပြီ။ အဲဒါကြောင့် ငါဘာထားပစ်ခဲ့မလဲ။ ငါဘာယူသွားမလဲ။
အဲဒီမေးခွန်းကို နာနာမေးပြီးတော့ တစ်တိုင်းလုံး တစ်ပြည်လုံးက ဘာသာရေး
ခေါင်းဆောင်တွေ၊ လူမှုရေး ခေါင်းဆောင်တွေ၊ တိုင်းသူပြည်သားတွေ ဒီမေးခွန်းနှစ်ခုကို
အဖြေကောင်းရအောင် လုပ်ကြပါလို့ နှစ်သစ်မှာ
နှုတ်ခွန်းဆက်သပါတယ်။
သီတဂူဆရာတော်
၃-၁-၂၀၁၅
မှတ်ချက်။ ။ အတွဲ (၅) အမှတ်
(၁၅) လျှပ်တစ်ပြက် ဂျာနယ်မှ
ကူးယူဖော်ပြပါသည်။
Posted in: သြ၀ါဒ
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသု...
-
အဘိဓမ္မာသင်တန်း အဘိဓမ္မာသင်တန်းကို ပူးနေးမြို့ ပူးနေးတက္ကသိုလ် ပါဠိဋ္ဌာနတွင် ၂၅ ရက် ဇန်န၀ါရီလ ၂၀၁၀ မှ ၂၅ ဖေဖော်ဝါရီ ၂၀၁၀ အထိ ဖွင့်လှစ်သင်ကြားခ...
-
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ဖိတ်ကြားအပ်ပါသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည်...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
မဟာစည်းခုံကြီးစေတီတော် ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား ပထမဘုံ ထီးတော်တင်လှူနေပုံ သံဃာတော်များ ထီးတော်တင်လှူနေစဉ် စေ...
-
ဘဂ်လားဒေရှ်သံဃာ့ရာဇာအား ဂါရ၀ပြု သီတဂူဆရာတော် အိန္ဒိယ ခရီးစဉ် ဆရာတော်ကြီးသည် နှစ်စဉ် ဘာသာ စာပေ ယဉ်ကျေးမှုများ ထွန်းကားရာ အိန္ဒိယနိုင်ငံသို့ ...
-
စိတ်ကူးပေါက် စိတ်ရူးပေါက်၍ ရေးချင်တာတွေ ရေးပြစ်လိုက်သည်။ ချဉ်ပေါင်ကြော် ဒီနေ့ ကျောင်းက စောစောပြန်လာခဲ့တယ်၊ ဌာနမှာ Ph.D ကျောင်းသားတစ်ယောက်...
0 comments:
Post a Comment