သီတဂူစတား

သီတဂူစတား

02 July 2015

အမေရိကန်လွတ်လပ်ရေးနေ့ပွဲတက်

အမေရိကန်လွတ်လပ်ရေးနေ့ပွဲတက်
--------------------

ဒီကနေ့ (၂-၇-၂၀၁၅) ညနေ ၆း၃၀နာရီ က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအိမ်တွင် (၂၃၉)နှစ်မြောက် အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ခဲ့သည်။

ထိုအခမ်းအနားသို့ မိမိတို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ကထိက ဆရာများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဒုသမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး၊ သမ္မတအကြံပေး ၀န်ကြီး ဦးစိုးသိန်း၊ NLD မှ နာယကကြီး ဦးတင်ဦးနှင့် နိုင်ငံတကာ သံတမန်များ၊ အထူးဧည့်သည်တော်များ တက်ရောက်ကြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၇-၂၀၁၅
www.sitagustar2020.net

01 July 2015

ရုရှား မြန်မာထေရ၀ါဒဗုဒ္ဓစင်တာ ကျောင်းတော်ဖွင့်ပွဲ

ရုရှား မြန်မာထေရ၀ါဒဗုဒ္ဓစင်တာ ကျောင်းတော်ဖွင့်ပွဲ
------------------------

ဒီကနေ့ (၁-၇-၂၀၁၅) ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ စွမ်းအင်တက္ကသိုလ်မှာ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ဖွင့်လှစ်ပွဲ၊ ကျောင်းလွတ်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပနိုင်ခဲ့ပါသည်။

ထိုဖွင့်ပွဲ အခမ်းအနားသို့ သီတဂူဆရာတော်ကြီးဦဆောင်သော ဒေါက်တာ အရှင်ဆေကိန္ဒ၊ တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရနှင့်  မြန်မာ၊ ကိုရီးယား၊ အမေရိကန်၊ အင်္ဂလန်မှ ဆရာတော်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူုးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှမိသားစု၊ စစ်ရေးချုပ်ဗိုလ်ချုပ်ဆန်းဦးနှင့်ဇနီး၊ ရုရှားဖက်ဒရေးရှင်းနိင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော် သံအမတ်ကြီးဦးတင်ယုနှင့် ဇနီး အပါအဝင် ရုရှားနိင်ငံရောက် ပညာတော်သင် သင်တန်းသားများ အားလုံးက ညီညာဖြဖြ တက်ရောက်ကြသည်။

ထိုကျောင်းတော်ကြီးဖြစ်မြောက်အောင် သီတဂူဆရာတော်ကြီး၊ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ၊ ပြည်ထောင်စုမြန်မာနိုင်ငံမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မိသားစု၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နေပြည်တော် တပ်မတော်ကာကွယ်ရေးမှ မိသားစုများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှ အလှူရှင်များ၊ ပြည်ပမှ အလှူရှင်များ၊ ရုရှားနိုင်ငံရှိ မြန်မာကျောင်းသားများတို့က စုပေါင်းလှူဒါန်းကြပါသည်။

ဓာတ်ပုံ-TarYar
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၇-၂၀၁၅
www.sitagustar2020.net

မော်စကို မြန်မာကျောင်း ဖွင့်ပွဲ ပြင်ဆင်မှု

မော်စကို မြန်မာကျောင်း ဖွင့်ပွဲ ပြင်ဆင်မှု
------------------

၃၀-၆-၂၀၁၅ နေ့က သီတဂူဆရာတော် ဦးဆောင်သော မြန်မာဆရာတော်များ၊ ရုရှားနိုင်ဆိုင်ရာ မြန်မာသံရုံး မိသားစုများ၊ ရုရှားရောက် မြန်မာကျောင်းသားများက ၁-၇-၂၀၁၅ နေ့ ကျောင်းတော်ကြီး ဖွင့်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ ဘုရားအနေကဇာတင်ခြင်းများ ပြုလုပ်ခြင်းတို့ကို တပျော်တပါးကြီး ဆောင်ရွက်ကြပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၇-၂၀၁၅
www.sitagustar2020.net


25 June 2015

သီတဂူဆရာတော် အမေရိကန်ဒေါ်လာ သုံးသာင်း လှူ (နီပေါလ်မြေငလျင်)

သီတဂူဆရာတော် အမေရိကန်ဒေါ်လာ သုံးသာင်း လှူ (နီပေါလ်မြေငလျင်)
---------------------------------------

ဒီကနေ့ (၂၅-၆-၂၀၁၅) နေ့လည်ပိုင်းက သီတဂူဆရာတော်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်သံရုံးသို့ ကြွတော်မူသည်။ ပြီးခဲ့တဲ့ ( ၂၅-၄-၂၀၁၅)က လှုပ်ခက်သွားသော နီးပေါလ်နိုင်ငံ မြေငလျင်ကြောင့် လူပေါင်း ၈၈၀၀ ကျော် အသက်ဆုံးရှုံးရပြီး၊ သိန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ရပါသည်။

သီတဂူဆရာတော်ကြီးက လူသားချင်းစာနာထောက်ထားသောအားဖြင့် ထိုမြေလျင်ဒဏ်ခံများ ပြန်လည်ထူထောင်ရေးအတွက် အထောက်ကူဖြစ်စေရန် အမေရိကန်ဒေါ်လာ သုံးသောင်း (၃၀၀၀၀)တို့ကို မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်သံအမတ်ကြီးအား ပေးလှူခဲ့သည်။ 

သီတဂူဆရာတော်ကြီးက အလှူပမာဏဟာ သေးငယ်ပေမဲ့ နှလုံးသားမှ လာသော မေတ္တာ ကရုဏာတွေဖြစ်ကြောင်း မိန့်သည်။

သီတဂူဆရာတော်ကြီးကို သံရုံးမိသားစုများက ၀မ်းပန်းတသာ ကြိုဆိုကြသည်
(အလားတူ ပြီးခဲ့တဲ့နှစ်က ပါကစ္စတန်ရေဘေးအတွက် ပါကစ္စတန်သံရုံးသို့သွား၍ အမေရိကန်ဒေါ်လာ တစ်သောင်း လှူခဲ့ဖူးသည်)

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၅

သီတဂူ စကာၤပူ အထူးတရားပြဲ

သီတဂူ စကာၤပူ အထူးတရားပြဲ
-----------------

သီတဂူဆရာတော်ကြီးသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ မြန်မာထေရ၀ဒါဗုဒ္ဓဘာသာ ကျောင်းတော်ကြီးဖွင့်ပွဲသို့ မကြွမီ စင်္ကာပူသို့ ခေတ္တ၀င်မည် ဖြစ်ပါသည်။

စင်္ကာပူရောက်ခိုက် (၂၇-၆-၂၀၁၅) စနေနေ့ စင်္ကာပူစံတော်ချိန် ညနေ (၆း၃၀) စင်္ကာပူရောက် မြန်မာပြည်သူများအား တရားတော်များ ချီးမြင့်မည် ဖြစ်ပါသည်။

နေရာ= The Arena Country Club, 511 Upper Jurong Road, Singapore 638366, Neare Joo Koon MRT

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၅
www.sitagustar2020.net

23 June 2015

ကျောင်းသားသစ်ကြိုဆိုပွဲကျင်းပ (မန္တလေး)

ကျောင်းသားသစ်ကြိုဆိုပွဲကျင်းပ (မန္တလေး)
-------------------------------

ဒီကနေ့ (၂၃-၆-၂၀၁၅) နံနက်ပိုင်း၊ မန္တလေးတောင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းသားအသစ် ကြိုဆိုပွဲကျင်းပသည်။

ထိုပွဲသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ သင်ကြားစီမံဆရာများ၊ ကျောင်းသား ကျောင်းသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

(၂၀-၆-၂၀၁၅ ရက်နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
(၂၂-၆-၂၀၁၅)နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တို့မှာ ကျောင်းသားအသစ်ကြိုဆိုပွဲများ ကျင်းပပြီးခဲ့ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၆-၂၀၁၅
www.sitagustar2020.net

22 June 2015

သီတဂူကျောင်းသားသစ်ကြိုဆိုပွဲ (စစ်ကိုင်း)

သီတဂူကျောင်းသားသစ်ကြိုဆိုပွဲ (စစ်ကိုင်း)
-----------------------

ဒီကနေ့ (၂၂-၆-၂၀၁၅) နံနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်မးဆောင်ကြီးတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းသားသစ်ကြိုဆိုပွဲ ကို ကျင်းပပြုလုပ်သည်။

ထိုအခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ ဝေဇယန္တာဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မော်ကွန်းထိန်းဆရာတော်၊ သင်ကြားစီမံဆရာတော်များ၊ ကျောင်းသား ကျောင်းသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဝေဇယန္တာဆရာတော်က သြ၀ါဒပေးသည်။ အဓိပတိဆရာတော်က ကျောင်းသားသစ်ကြိုဆိုသောအားဖြင့် သြ၀ါဒစကား ပြောကြားသည်။ ဒေါက်တာ သဇ္ဇနက ကျောင်းသားစာရင်းများ ပြောသည်။ ဒေါက်တာ ကုမာရမှ ကျောင်းသားစည်းကမ်းများ ပြောသည်။

၎င်းနောက် ကျောင်းသားကဒ်အသီးသီးကို မော်ကွန်းထိန်းဆရာတော် ဒေါက်တာပဏ္ဍိတ၀ရာဘိဝံသက ပေးအပ်သည်။
အလှူရှင်များက ကျောင်းသားသစ်များကို လှူဖွယ်များ လောင်းလှူပြီး နေဆွမ်းကပ်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၆-၂၀၁၅
www.sitagustar2020.net
ဓာတ်ပုံ-သီတဂူကထိက အရှင်သူရိယ (စစ်ကိုင်း)

20 June 2015

သီတဂူ အောင်လက်မှတ်ပေးပွဲ (ရန်ကုန်)

သီတဂူ အောင်လက်မှတ်ပေးပွဲ (ရန်ကုန်)
-------------------

ဒီကနေ့ (၂၀-၆-၂၀၁၅)နေ့ နံနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ သန္နိပါတခန်းမဆောင်ကြီးအတွင်းမှာ ဗုဒ္ဓဓမ္မဒီပလိုမာနှင့် ဗုဒ္ဓဓမ္မပါဒက အောင်လက်မှတ် ပေးပွဲ၊ ကျောင်းသားအသစ် ကြိုဆိုပွဲ အခမ်းတို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီး၊ ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌ (ရွှေကျင်)၊ ကထိကဆရာများ၊ ဘွဲ့ခံကျောင်းသား (၃၀၀)ကျော်၊ ကျောင်းသားအသစ်များ၊ အလှူရှင်များ၊ သီတဂူကပ္ပိယကာရကအဖွဲ့များ တက်ရောက်ကြသည်။

စာအောင်ကျောင်းသားအားလုံးအား အဓိပတိ ဆရာတော်ကြီးကိုယ်တိုင် အောင်လက်မှတ်များ ချီးမြှင့်ပေးသည်။

လူ (၁၂၀၀)ကျော်အတွက် အကျွေးအမွေးနှင့် ကြွရောက်လာသော သံဃာတော်များ လှူဒါန်းမှုတို့ကို ရွှေသံလွှင်မိသားစုက ပြုလုပ်သည်၊ စာအုပ်စာတမ်းကို စိန်မြှားမိသားစု၊ ပိုင်ကုမ္ပဏီမိသားစုတို့က အသီးအသီးလှူဒါန်းကြသည်။

“သီတစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၆-၂၀၁၅
www.sitagustar2020.net

18 June 2015

ဘွဲ့ခံအစမ်းလေ့ကျင့် (Rehearsal) ပြုလုပ်

ဘွဲ့ခံအစမ်းလေ့ကျင့် (Rehearsal) ပြုလုပ်
------------------
၂၀-၆-၂၀၁၅ ရက်နေ့ ဘွဲ့လက်မှတ် ခံယူကြမည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းတော်သူ ကျောင်းတော်သားများ (၂၀၁၃-၄ ပညာသင်နှစ်နှင့် ၂၀၁၄-၅ ပညာသင်နှစ်) သည် ဒီကနေ့ (၁၈-၆-၂၀၁၅) နေ့လည် ၁း၀၀ နာရီက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတခန်းမဆောင်၌ ဘွဲ့ယူပုံ အကြိုလေ့ကျင့်မှု ပြုလုပ်သည်။

ကျောင်းသား (၃၀၀)ကျော်လောက်ကို ဘွဲ့လက်မှတ်များ ချီးမြင့်မည် ဖြစ်သည်။ ထို့ပြင် ကျောင်းသားအသစ် (၄၀၀)၀န်းကျင်တို့ကို ကြိုဆိုသည့်ပွဲလည်း ဖြစ်သဖြင့် အချိန်နှင့် နေရာ အဆင်ပြေစေရန် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်။

နေရာချပုံများ
--------------------
(က) ဘုရားခန်း သံဃာစင်မြင့်ပေါ်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီးနှင့် ရန်ကုန်တိုင်းဥက္ကဋ္ဌ (ရွှေကျင်) ဆရာတော်ကြီး နှစ်ပါးနေရာ၊ စင်မြင့်မှာပဲ တက္ကသိုလ် အဓိပတိဆရာတော်ကြီးက ဘွဲ့လက်မှတ်များများ ချီးမြင့်မည်။

(ခ) သံဃာစင်မြင့်အောက်
----------------------------

၁။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ

၂။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ

၃။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာ ကျောင်းသား အသစ်များ

၎။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဗုဒ္ဓဓမ္မပါဒက ဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ

၅။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဗုဒ္ဓဓမ္မပါဒက ဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ

၆။ အလှူရှင်များ၊ ကပ္ပိယကာရကအဖွဲ့များ

၇။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဗုဒ္ဓဓမ္မပါဒက ကျောင်းသား အသစ်များ
တက်ရောက်မည့် ဘွဲ့ခံပုဂ္ဂိုလ်များ

မှတ်ချက်။ ဘွဲ့ခံယူမည့် ရဟန်းတော်များသည် တူညီသော အုဋ္ဌ်ခဲရောင် သင်္ကန်းအ၀ါကို ၀တ်ရုံပြီး ကြွရန်

ဗုဒ္ဓဓမ္မပါဒကဘွဲ့ယူမည့် ကျောင်းတော်သူ ကျောင်းတော်သားများကလည်း တူညီသော ယူနီဖောင်းဝတ်စုံနှင့် စလွယ်တို့ကို သေသပ်စွာ ၀တ်ဆင်ကြရန်

သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၆-၂၀၁၅
www.sitagustar2020.net

17 June 2015

ဘွဲ့ခံကျောင်းသားများသို့ အသိပေးခြင်း

ဘွဲ့ခံကျောင်းသားများသို့ အသိပေးခြင်း
------------------
၂၀-၆-၂၀၁၅ နေ့တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတ ခန်းမဆောင်၌ ကျင်းပမည့် အောင်လက်မှတ် ပေးပွဲတွင် ဘွဲ့ယူကြမည့်---
(က) ဗုဒ္ဓဓမ္မဒီပလိုမာတန်း Diploma in Buddha dhamma ဘွဲ့ရ (၈၀)ဦး (၂၀၁၃-၂၀၁၄၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်)
(ခ) ဗုဒ္ဓဓမ္မပါဒက ဘွဲ့ရ (၂၉၁) ဦး၊ (၂၀၁၃-၄၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်) တို့သည်
၁၈-၆-၂၀၁၅ နေ့ နေ့လည် (၁း၀၀) နာရီတွင် ဘွဲ့ယူပုံ အစမ်းလေ့ကျင့်(Rehearsal) ရန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတ ခန်းမဆောင်သို့ မပျက်မကွက် ကြွရောက်ကြပါရန် အသိပေးအပ်ပါသည်။
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၆-၂၀၁၅
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes